ဘုရားသခင်ကို ကားစင်တဖန်တင်၍ ကွပ်မျက်သူတို့ အမင်္ဂလာရှိစေသတည်း

12.11.2018

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အမှုဆောင်ရန် တရုတ်ပြည်တွင် လူ့ဇာတိကိုခံယူခဲ့၍ နှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြခဲ့ကာ ကိုယ်တော်၏နှုတ်ကပတ်တော်ဖြင့် လူတစ်စုကို သိမ်းပိုက်ကယ်တင်၍ တရားစီရင်ခြင်း ခေတ်သစ်ကို ဘုရားသခင်၏အိမ်တော်နှင့် အစပြုကာ စတင်၏။ ယနေ့ နောက်ဆုံးသောကာလအတွင်း တရုတ်ပြည်မ၌ ဘုရားသခင်၏အမှု ပြန့်ပွားစေခြင်းသည် အထွတ်အထိပ်သို့ ရောက်ရှိပြီ ဖြစ်သည်။ ဘုရင်ဂျီအသင်းတော်နှင့် ခပ်သိမ်းသော ခရစ်ယာန်ဂိုဏ်းဂဏများနှင့် ဂိုဏ်းကွဲများရှိ သမ္မာတရားကို မီအောင်လိုက်သောသူ အများစုသည် ဘုရားသခင်ပလ္လင်တော်ရှေ့သို့ ပြန်လာကြပြီ ဖြစ်သည်။ လူ့ဇာတိခံတော်မူသော ဘုရားသခင်သည် ကျမ်းစာတွင် ပရောဖက်ပြုထားသည့်အတိုင်း “လူသား၏သားတော်၏ လျှို့ဝှက်စွာ လာရောက်ခြင်း” အမှုကို အထမြောက်ခဲ့ပြီဖြစ်ကာ မကြာမီ ကမ္ဘာပေါ်ရှိ ခပ်သိမ်းသောတိုင်းနိုင်ငံနှင့် နေရာတို့တွင် လူသိရှင်ကြား ပေါ်ထွန်းလာမည်ဖြစ်၏။ ဘုရားသခင်ပေါ်ထွန်းလာရန် ဆာငတ်မွတ်သော တိုင်းနိုင်ငံတိုင်း၊ နေရာတိုင်းရှိ ခပ်သိမ်းသောသူတို့သည် ဘုရားသခင် လူသိရှင်ကြားပေါ်ထွန်းလာမှုကို ကြည့်ကြလိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော်ကို မည်သည့်အင်အားမျှ ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းတို့ မပြုနိုင်ပါ။ ထို့အပြင် ဘုရားသခင်ကို ခုခံသူ မည်သူမဆိုသည် ဘုရားသခင်၏နှုတ်ကပတ်တော်တွင် ပြောထားသည့်အတိုင်း ဘုရားသခင်၏ အမျက်ဒေါသဖြင့် အပြစ်ပေးခြင်းခံရလိမ့်မည်- “ငါ၏နိုင်ငံတော်သည် စကြဝဠာတစ်ခွင် အထက်တွင် ပုံသဏ္ဌာန်ပေါ်လာနေပြီ ဖြစ်ပြီး ငါ၏ ပလ္လင်သည် သန်းပေါင်းရာပေါင်းများစွာသော လူတို့၏ နှလုံးသားများထဲ၌ သြဇာ လွှမ်းမိုး၏။ ငါ၏ ကြီးမြတ်သော ပြီးမြောက်အောင်မြင်ခြင်းသည် ကောင်းကင်တမန်များ၏ အကူအညီနှင့် မကြာမီတွင် အသီးသီးလိမ့်မည် ဖြစ်သည်။ ငါ၏ သားများနှင့် ငါ၏ လူများအားလုံးတို့သည် ငါ၏ ပြန်လာခြင်း ကို အသက်ပင် ရဲရဲမရှုရဲဘဲ စောင့်မျှော်နေကြသည်၊ ၎င်းတို့နှင့် ပြန်လည်ပေါင်းစည်းရန်၊ မည်သည့်အခါမျှ နောက်တစ်ဖန် ထပ်၍ မခွဲခွာတော့ရန် ငါ့ကို တောင့်တနေကြသည်။ ငါသည် ၎င်းတို့နှင့် အတူရှိခြင်းကြောင့် ငါ့နိုင်ငံတော်၏ အသင်္ချေ များလှသော လူထုသည် ရွှင်လန်းဝမ်းမြောက်သော အောင်ပွဲခံခြင်းဖြင့် အချင်းချင်းဆီသို့ အဘယ်သို့လျှင် မပြေးကြဘဲ နေနိုင်လိမ့်မည်နည်း။ ဤပေါင်းစည်းခြင်းမှာ မည်သည့် အဖိုးအခမှ ပေးရန်မလိုအပ်သော ပြန်လည်ပေါင်းစည်းခြင်းမျိုး ဖြစ်နိုင်သလော။ လူသားအားလုံးတို့၏ မျက်လုံးများထဲတွင် ငါသည် ဂုဏ်သိက္ခာ ရှိသည်၊ အားလုံးတို့၏ စကားများတွင် ငါသည် ကြွေးကြော်ခြင်း ခံရသည်။ ငါပြန်လာသည့်အခါ ရန်သူ၏ အင်အားစု အားလုံးတို့ကို သာ၍များစွာပင် သိမ်းပိုက်မည်။ အချိန်ရောက်လာလေပြီ။ ငါ၏အလုပ်ကို ငါသည် စတင် လည်ပတ်စေမည်၊ လူသားတို့အလယ်တွင် ငါသည် ရှင်ဘုရင်အဖြစ် စိုးစံမည်။ ငါသည် ပြန်လာမည့်ဆဲဆဲ ရှိပြီး၊ ငါသည် ထွက်ခွာသွားလုဆဲဆဲ ရှိသည်။ ဤသည်မှာ လူတိုင်း မျှော်လင့်နေသော အရာဖြစ်ပြီး ဤသည်မှာ ၎င်းတို့ လိုလားသော အရာဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ငါ့နေ့ရက်၏ ဆိုက်ရောက်ခြင်းကို ငါမြင်စေမည်ဖြစ်ပြီး ၎င်းတို့အား ငါ၏နေ့ရက် ရောက်လာခြင်းကို ဝမ်းမြောက်ခြင်းနှင့် ကြိုဆိုစေမည်။” (“နှစ်ဆယ့်ခုနစ်ကြိမ်မြောက် မိန့်မြွက်ချက်” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ရှိ စကြာဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ ဖွင့်ဆိုချက်များ မှ)။ “ငါချစ်သော ထိုသူ အားလုံးသည် ထာဝရကာလတိုင် ဧကန်အမှန် ရှင်သန်ကြလိမ့်မည် ဖြစ်ပြီး၊ ငါ့တဘက်၌ ထကြသော ထိုသူ အားလုံးတို့သည်ကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝရကာလတိုင် ခံကြရပေလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သတိနှင့် စောင့်ရှောက် ကာကွယ်လျက်ရှိသော ဘုရားသခင်ဖြစ်၏၊ ငါသည် လူများ အားလုံးကို သူတို့ပြုခဲ့သော အရာများကြောင့် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီး တစ်ခုလုံး အပေါ်သို့ စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါအား ထုတ်ဖော်ပြမည်။” (“နှစ်ဆယ့်ခြောက်ခုမြောက် မိန့်မြွက်ချက်” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ရှိ စကြာဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ ဖွင့်ဆိုချက်များ မှ)။

ဘုရားသခင်၏ ထူးခြားသောအမှုသည် အန္တိခရစ်များ၊ မိစ္ဆာပရောဖက်များနှင့် လှည့်ဖြားသူခပ်သိမ်းကို ဖော်ထုတ်ခဲ့ပြီဖြစ်သည်။ မုန့်ကိုစား၍ဝရန်သာ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ရှာဖွေသည့် မှားယွင်းသော ယုံကြည်သူများကို ဖော်ထုတ်ခဲ့၏။ ဘုရားသခင်၏ တရားစီရင်ခြင်းနှုတ်ကပတ်တော်သည် ဆုံးမခံရခြင်းကို မုန်းတီးသူတို့၊ ဖြူစင်သော နှုတ်ကပတ်တော်ကို ရွံရှာမုန်းတီးသူများနှင့် သမ္မာတရားကို စုံမက်ခြင်းမရှိသူတို့၏ စစ်မှန်သော သဘောများကို ပြသစေသည့် လူသား၏စိတ်ဝိညာဉ်ကို ထိုးဖောက်သော အသွားနှစ်ဘက်ရှိ ချွန်ထက်သောဓားကဲ့သို့ ဖြစ်သည်။

အမှုဆောင်ရန် ကိုယ်တော်၏ လျှို့ဝှက်စွာကြွလာချိန်၌ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်တွင် ဘုရားသခင်အပေါ် လူသား၏ခုခံမှုနှင့် ဘုရားသခင်အပေါ်ပုန်ကန်မှု အစစ်အမှန်တို့ကို ကျွန်ုပ်တို့တွေ့ရ၏။ ထိုပုန်ကန်မှုအတွက် ရှုထောင့်သုံးရပ်ဖြင့် အဓိကဖော်ပြထား၏ -

၁။ လူသားတို့သည် စာတန်၏လူတို့အပေါ် ဖျက်ဆီးမှုနောက်လိုက်ရင်း မိမိတို့၏သဘောသဘာဝကို စာတန်၏အဆိပ်အမျိုးမျိုးမှ ဝင်စီး၍ ဘုရားသခင်အပေါ် ခုခံပုန်ကန်သူ ဖြစ်သွားသောကြောင့်သာ လူသားသည် မကြာခဏ အပြစ်ပြုလုပ်ကာ ဘုရားသခင်ကို ခုခံပုန်ကန်ခြင်းသာ လုံးဝဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် နေ့စဉ်အပြစ်ပြု၍ ၎င်းတို့၏အပြစ်များကို မကြာခဏ ဝန်ခံကြသော်လည်း ၎င်းတို့၏ စာတန်ဆန်သောသဘာဝ၏ စည်းနှောင်မှုနှင့် အချုပ်အနှောင်မှ လွတ်မြောက်အောင်လုပ်နိုင်စွမ်း မရှိသေးပါ။ ဘုရားသခင်အပေါ်ပုန်ကန်သော လူ့သဘာဝသည် ၎င်း၏အပြစ်၏ အရင်းခံဖြစ်သည်။

၂။ လူသားသည် စာတန်၏ လွန်စွာဖျက်ဆီးမှုကို ခံခဲ့ရ၏။ လူတို့၏နှလုံးသားများသည် စာတန်၏ဒဿနိကများ၊ စာတန်၏ဘဝစည်းကမ်းများ၊ စာတန်၏တွေးခေါ်ပုံများနှင့်သာ ပြည့်နှက်ကာ ထိုသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်း နားလည်နိုင်စွမ်း သို့မဟုတ် သိနိုင်စွမ်းကင်းမဲ့သွားကြ၏။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းမရှိဘဲ လူသားသည် သမ္မာတရားကို လက်ခံနိုင်စွမ်း မရှိပေ။ ဖောက်ပြန်ပျက်စီးနေသော လူသားသည် ဘုရားသခင်ကို ယုံကြည်သော်လည်း လူတို့သည် ဘုရားသခင်ရှိကြောင်းကိုသာ ဝန်ခံ၏။ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကိုမူ ထိုသူတို့ ဝန်ခံခြင်းမရှိ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားသည် ဘုရားသခင်အပေါ် အကဲဖြတ်ခြင်း၊ တိုက်ခိုက်ခြင်း၊ ခုခံခြင်းနှင့် ပုန်ကန်ခြင်းတို့ ပြုလေ့ရှိ၏။

၃။ လူသားသည် စာတန်၏ နက်ရှိုင်းစွာဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သောသူများပင် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သို့မဟုတ် လူ့ဇာတိပကတိအားဖြင့် ကယ်တင်ခြင်းအမှုမရှိဘဲ ဘုရားသခင်ကို မည်သည့်အခါမျှ သိမည်မဟုတ်ပေ။ ထိုသူတို့၏ယုံကြည်ခြင်းတွင် ထိုသူတို့သည် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုသာ ခံစားနိုင်ကြလျက် ဘုရားသခင်အမှန်စင်စစ် ရှိကြောင်းကိုသာ ဝန်ခံနိုင်ကြ၏။ ထိုသူတို့သည် ဘုရားသခင်ကို အမှန်စင်စစ် မသိနိုင်ကြပါ။ ၎င်းတို့သည် ဘာသာရေးအယူဝါဒများ၊ ဘာသာရေးအတွေးအခေါ်များနှင့်သာ ပြည့်နိုင်လျက် ပိုမို၍ဝင့်ဝါလာကာ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ပို၍ထင်လာလျက် ဘုရားသခင်ကိုပင် အကဲဖြတ်ရဲ၊ လူသိရှင်ကြား ရှုတ်ချရဲ၊ ဘုရားသခင်၏အမှုကို ပုတ်ခတ်ပြောဆိုရဲလာကြသည်။ ဤအရာတို့သည် အသစ်အဆန်းမဟုတ်ဘဲ ဘာသာရေးလောကတွင် မကြာခဏဖြစ်သဖြင့် လူသားတို့လေးနက်စွာ စဉ်းစားရန်လိုသည့်အပြင် ယေရှု၏နှုတ်ကပတ်တော် ဖြစ်သည့် “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတည့်အလင်းငါပြောမည်။(မဿဲ ၇:၂၁-၂၃) ကို လုံးဝဖြည့်ဆည်း၏။ ဘာသာရေးလောကတွင် သခင်၏နာမ၌ အမှုဆောင်သော်လည်း နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုကို ခုခံကာပြစ်တင်ရှုတ်ချသူ များလွန်းကြောင်းကို ကျွန်ုပ်တို့အားလုံး ထင်ရှားစွာမြင်ခဲ့ပြီဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ရှိကြောင်းကိုသာ ဝန်ခံ၍ ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကို မသိသူအပေါင်းတို့သည် ဘုရားသခင်ကိုခုခံခြင်း၊ တိုက်ခိုက်ခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းတို့ ပြုရန် အလားအလာရှိ၏။ သမ္မာကျမ်းစာနှင့် ဘာသာရေးအယူဝါဒအကြောင်း အနည်းအကျဉ်းသိသဖြင့် ထိုသူတို့သည် မိမိကိုယ်ကို သမ္မာတရားရှိ၍ ဘုရားသခင်ကိုသိသည်ဟု ယူဆကြ၏။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကိုပင် ပုတ်ခတ်ပြောဆို၍ လူ့ဇာတိခံယူသော ခရစ်တော်ကိုပင် စိန်ခေါ်ရဲကြ၏။ ဘုရားသခင်၏ဖြောင့်မတ်ကာ ဘုန်းအာနုဘော်နှင့် ပြည့်ဝ၍ အမျက်ဒေါသထွက်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သာလျှင် ၎င်းတို့ကို စောင့်နေလျက်ရှိ၏။ ဘုရားသခင်လူသိရှင်ကြား ကြွရောက်လာသောနေ့တွင် အားလုံးကို ထုတ်ဖော်မည်ဖြစ်၏။

အနန္တတန်ခိုးရှင်ဘုရားသခင်၏အမှုကို တစ်ချိန်ကခုခံခဲ့သူ သို့မဟုတ် အနန္တတန်ခိုးရှင်ဘုရားသခင်အား လူတို့လက်ခံမှုကို နှောင့်ယှက်တားဆီးခဲ့သူ အများအပြားသည် အတိုင်းအတာအမျိုးမျိုးဖြင့် အပြစ်ဒဏ်ပေးခံရ၍ ကျိန်ဆဲခံရကြောင်း နေရာအမျိုးမျိုးတွင် ဧဝံဂေလိတရား ဟောကြားနေသူများထံမှ ကျွန်ုပ်တို့ မကြာခဏ ကြားခဲ့ရ၏။ ဤသည်မှာ ကျွန်ုပ်တို့၏ ဧဝံဂေလိအမှုတွင် အတိုင်းအတာအချို့အထိ အကျိုးပြုသော အားပေးမှုအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဆိုနိုင်၏။ ထိုသတင်းအချက်အလက်များကို ကြားသည့်အခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မချီးကျူးဘဲမနေနိုင်ပါ။ ထို့ထက်ပို၍ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ကြားသည့်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ထို့အပြင် ကျွန်ုပ်တို့၏နှလုံးသားများတွင် ဘုရားသခင်အပေါ် ရိုသေလေးမြတ်မှုနှင့် လေးစားမှု ရုတ်တရက်ပေါ်ထွက်လာ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်သက်ဆိုင်သော သိုးတို့ကို စွန့်လွှတ်မည်မဟုတ်ပါ။ မကောင်းမှု ကျူးလွန်၍ ကိုယ်တော်ကို ခုခံသူမည်သူမဆိုကို အပြစ်မပေးဘဲ ခွင့်ပြုရန်မှာ သာ၍ပင်မဖြစ်နိုင်ပါ။ ဘုရားသခင်သည် နေရာတိုင်းတွင်ရှိ၍ အနန္တတန်ခိုးရှင်ဖြစ်ကာ ရန်လိုသောမည်သည့်အင်အားကမျှ ဘုရားသခင်၏အမှုကို နှောင့်နှေးစေနိုင်မည် မဟုတ်ပါ။ မကောင်းမှုများ အပြစ်ပေးခံရသည့် အခြင်းအရာများစွာကို ကျွန်ုပ်တို့အား ဘုရားသခင် ပြသခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့တစ်ဦးစီအား အသံတိတ်သတိပေးခြင်း ဖြစ်သည်ဟုလည်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် လူတို့အပြစ်ပေးခံရသည့် အခြင်းအရာများစွာကို ကျွန်ုပ်တို့ စုဆောင်းခဲ့ပြီးဖြစ်သည်။ ဘုရင်ဂျီအသင်းတော်နှင့် ခရစ်ယာန်ဂိုဏ်းဂဏနှင့် ဂိုဏ်းကွဲအမျိုးမျိုး၏ အခြင်းအရာများ ဖြစ်၏။ ၁၉၉၃ ခုနှစ်မှ ၂၀ဝ၂ အထိသာဖြစ်ကာ နယ်ပယ်နှင့် မြူနီစပယ်မြို့ ၂၄ ခုပါဝင်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ခုခံသဖြင့် အပြစ်ဒဏ်ပေးခံနေခဲ့ရသောအမှု စုစုပေါင်း တစ်သောင်းကျော် ကျွန်ုပ်တို့စုဆောင်းခဲ့ပြီး ၎င်းတို့အထဲမှ ဖြစ်လေ့ရှိသည့်အမှု ရှစ်ရာခုနစ်ဆယ်ကျော်ကို ကျွန်ုပ်တို့ ရွေးချယ်ခဲ့ပါသည်။ သို့သော် ဤအမှုများသည် လူခပ်သိမ်းသင်ခန်းစာယူရန် လုံလောက်ပါသည် (နှိုင်းယှဉ်ရန် - အနန္တတန်ခိုးရှင်ဘုရားသခင်ကို ခုခံသဖြင့် အပြစ်ပေးခံရသည့် ဖြစ်လေ့ရှိသောအမှုများ)။

ဘုရားသခင်ကိုခုခံသဖြင့် အပြစ်ဒဏ်ပေးခံရသူတို့၏ ထိတ်လန့်ဖွယ် ဤအမှုများမှ ဘုရားသခင်ကိုခုခံရာတွင် အတော်အတန်ပြင်းထန်သည့် အဓိကလူလေးမျိုးကို ကျွန်ုပ်တို့ ဖော်ထုတ်တွေ့ရှိခဲ့ပါသည် -

ပထမ- ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကိုမသိခြင်းနှင့် သိနိုင်စွမ်းမရှိခြင်းတို့ကြောင့် တစ်ပါးသူတို့၏လှည့်ဖြားခြင်း ခံခဲ့ရ၏၊ သို့မဟုတ် ဆိုးယုတ်သည့်ကျွန်တို့၏ ကျွန်ပြုခြင်းခံရ၏။ ထို့ကြောင့် ထိုသူတို့သည် မကောင်းမှုကျူးလွန်ရန် ထိုသူတို့နောက်လိုက်၍ ထိုသူတို့ပြောသည့်စကားများကို ပြောကာ ဘုရားသခင်ကို ခုခံသည့်စကားများစွာပြော၍ ဘုရားသခင်၏ အမှုကို လူတို့လက်ခံခြင်းမှတားဆီးရန် မကောင်းမှုများကျူးလွန်ကြ၏။ ဘုရားသခင်သည် ထိုသူတို့အပေါ် မပြင်းထန်သည့် အပြစ်ဒဏ်များသာပေးလျက် ၎င်းတို့ကို မသတ်ပေ။ ၎င်းတို့အချို့သည် ထူးဆန်းသည့်ရောဂါများရ၍ အချို့မှာ မတော်တဆဖြစ်မှုများနှင့် ကြုံခြင်း သို့မဟုတ် ၎င်းတို့၏မိသားစုဝင်များမှာ ကပ်ဘေးဒုက္ခများ ခံစားရခြင်းများ ဖြစ်ကြ၏။ ဘုရားသခင်သည် ဤကဲ့သို့သော လူအမျိုးအစားကို နောင်တရရန် အခွင့်အရေး ပေး၏။ အချို့သောသူများမှာလည်း အထူးခေါင်းမာလျက်၊ အပြစ်ဒဏ်ပေးပြီးနောက်တွင် နိုးထခြင်းမရှိသည်မှာ အမှန်ပင်ဖြစ်၏။ ထိုသူတို့သည် မကောင်းမှုများကို ဆက်လက်လုပ်ဆောင်သဖြင့် ၎င်းတို့ကို အဆက်ဖြတ်လိုက်၏။

ဒုတိယ- ထိုသူတို့အများစုမှာ ဂိုဏ်းဂဏနှင့် ဂိုဏ်းကွဲအမျိုးမျိုး၏ ခေါင်းဆောင်များ ဖြစ်ကြ၏။ ထိုသူတို့သည် ၎င်းတို့၏ရာထူးဂုဏ်သိမ်နှင့် ဘုရားသခင်အကြား ရွေးချယ်ရမှုနှင့် ရင်ဆိုင်ခဲ့သည်။ ၎င်းတို့၏ ရာထူးဂုဏ်သိမ်အတွက် ၎င်းတို့သည် စစ်မှန်သော လမ်းခရီးကို စွန့်လွှတ်ကာ ဘုရားသခင်၏အမှုကို တမင်ခုခံ၍ လူတို့ကို ၎င်းတို့၏လက်ထဲတွင် ချုပ်ကိုင်၏။ ၎င်းတို့၏ ရာထူးဂုဏ်သိမ်ကြောင့်ရရှိသည့် အကျိုးခံစားခွင့်များကို ထာဝရခံစားနိုင်ရန် ထိုသူတို့သည် လူတို့အားလှည့်ဖြား၍ ထောင်ဖမ်းကြ၏။ ထိုသူတို့သည် ၎င်းတို့၏လူတို့ကို ဆုံးရှုံးပါက ၎င်းတို့၏ရာထူးဂုဏ်သိမ် ဆုံးရှုံးမည့်ပုံပေါက်ကာ ၎င်းတို့သည် ၎င်းတို့၏ရာထူးဂုဏ်သိမ်မရှိဘဲ မနေနိုင်ကြပါ။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်ရွေးချယ်ထားသူများအတွက် ကိုယ်တော်နှင့် ယှဉ်ပြိုင်ရန် ၎င်းတို့တတ်နိုင်သမျှခပ်သိမ်း လုပ်ဆောင်လျက် ဘုရားသခင်၏သိုးတို့ကို ၎င်းတို့၏သိုးများဟုခေါ်၏။ ထိုသူတို့သည် အန္တိခရစ်ပီသကြပေ၏။ ၎င်းတို့အလုပ်အကျွေးပြုသည်မှာ ၎င်းတို့၏ရာထူးဂုဏ်သိမ်နှင့် အသက်မွေးဝမ်းကျောင်းမှုတို့ ဖြစ်၏။ ၎င်းတို့၏စိတ်နှလုံးတို့သည် သာ၍မာကြောလာကြ၏။ ထိုသူတို့သည် ဘုရားသခင်၏ဂုဏ်ကျေးဇူးကို ခံစားကြသော်လည်း ဘုရားသခင် ရွေးချယ်သောသူတို့ကို ထိုက်တန်သည့် လွတ်လပ်စွာရွေးချယ်ခွင့်မပေးဘဲ ချုပ်ကိုင်လိုကြ၏။ ထိုသူတို့သည် သခင်ယေရှု ပရောဖက်ပြုတော်မူသည့်အတိုင်း အလွန်ဆိုးယုတ်သော အစေခံများဖြစ်၏။ ဘုရားသခင်သည် ထိုသူတို့ကို ၎င်းတို့၏အပြုအမူအလိုက် အတိုင်းအတာအမျိုးမျိုး အပြစ်ဒဏ်ပေး၍ နောင်တရရန် အခွင့်အလမ်းလည်း ပေးခဲ့ပါသည်။ သို့ရာတွင် အချို့သူများက ထို့ထက်ကျော်လွန်၍ နောင်တရမည့်အစား သေလိုခဲ့ကြပါသည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို အဆုံးစီရင်ခဲ့ပါသည်။ မိမိကိုယ်ကို ထိန်းချုပ်ခဲ့သူများ သို့မဟုတ် အပြစ်ဒဏ်ပေးခံရပြီးနောက် မကောင်းမှုကျူးလွန်ခြင်းမှ ရပ်စဲသူများကို ဘုရားသခင်သည် အသက်ချမ်းသာခွင့်ပေးကာ ၎င်းတို့နောင်တရရန် စောင့်နေဆဲဖြစ်သည်။

တတိယ- ထိုသူတို့ကို ယခင်က နတ်ဆိုးတို့ဝင်စီးခဲ့၏။ သို့မဟုတ် အချို့သော ကိစ္စများတွင် သဘာဝလွန်တန်ခိုးများ ပြသရန် ထိုသူတို့သည် နတ်ဆိုးတို့အပေါ် အားထားခဲ့ကြ၏။ ထိုသူတို့သည် ၎င်းတို့အတွင်း၌ နတ်ဆိုးတို့၏ ဆောင်ရွက်ပုံကို ယုံကြည်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကိုကား အနည်းငယ်မျှပင် မသိခဲ့ကြ။ ထို့ကြောင့် ဘုရားသခင်၏အမှုသစ်ကို ၎င်းတို့အား ဟောကြားသည့်အခါ ၎င်းတို့တွင် ပြင်းစွာသော ဆန့်ကျင်လိုစိတ် ပေါ်လာခဲ့၏။ ထိုသို့သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို အထူးသဖြင့် ရန်လိုကာ ဘုရားသခင် ဖော်ပြသောသမ္မာတရားကို မုန်းတီးမှုအများဆုံးဖြစ်သည်။ ဂိုဏ်းဂဏနှင့် ဂိုဏ်းကွဲအားလုံးတွင် ဘုရားသခင်ကို ခုခံသည့် ၎င်းတို့၏အသံသည် အကျယ်ဆုံးဖြစ်၏။ ၎င်းတို့၏လုပ်ရပ်များသည် အန္တရာယ်အရှိဆုံးဖြစ်ကာ ဘုရားသခင်အပေါ် ၎င်းတို့၏ဆန့်ကျင်သည့်လုပ်ရပ်သည် ရန်လိုမှုနှင့် ပြင်းပြမှု အရှိဆုံးဖြစ်၏။ ထိုသူတို့သည် နတ်ဆိုးတို့အသုံးပြုသော ကိရိယာများ၊ ဘုရားသခင်၏ ရန်သူများ၊ စာတန်၏ကြံရာပါများဖြစ်သောကြောင့် ၎င်းတို့အားလုံး ကျိန်ဆဲခံရ၍ ထာဝရအပြစ်ပေးခံရခြင်းနှင့် ပျက်စီးခြင်းသို့ရောက်ရ၏။

စတုတ္ထ- အပြစ်ဒဏ်ပေးခံရသူများသည် ကိုယ်ပိုင်သုံးရပ်အသင်းတော်မှ သင်ကြားခဲ့သော နောက်ခံကျောရိုးများ ဖြစ်ကြ၏။ ထိုသူတို့သည် ကွန်မြူနစ်ပါတီအတွက် အမှုထမ်းကာ အသက်ပေးခဲ့၍ ဘုရားသခင်ကို စစ်မှန်စွာယုံကြည်သူ ခပ်သိမ်းအပေါ် ရန်လိုခဲ့ကြ၏။ နိုင်ငံတော်အာဏာ၏ပံ့ပိုးမှုဖြင့် ထိုသူတို့သည် အစိုးရ၏အသုံးတော်ခံများအဖြစ် ဘုရားသခင်နောက်သို့ စစ်မှန်စွာလိုက်၍ ဘုရားသခင်အတွက် သက်သေခံသူများကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ ထိုသူတို့သည် ကွန်မြူနစ်ပါတီမှပေးသည့် “ထမင်းအိုး”ကို ကိုင်လျက် ကွန်မြူနစ်ပါတီအတွက်ပြောဆိုပေးကာ အသက်ပေးခဲ့၍ ဘာသာရေးလောကတွင် ကွန်မြူနစ်ပါတီအတွက် ပြောရေးဆိုခွင့်ရှိသူများ ဖြစ်သွားကြ၏။ အကယ်စင်စစ် ကွန်မြူနစ်ပါတီသည် ထိုသူတို့၏သခင်ဖြစ်၏။ ထိုသူတို့သည် နေရာအများစု၏အသင်းတော်များတွင် အုပ်ချုပ်ရေးပိုင်းရာထူးများ ရှိကြကာ ၎င်းတို့လက်ထဲရှိ အသိဉာဏ်မဲ့သော ယုံကြည်သူ အများအပြားကို ချုပ်ကိုင်ခဲ့ကြသည်။ ထိုသူတို့သည် ဘုရားသခင်ကိုခုခံသော နတ်ဆိုးတို့သာဖြစ်ကြ၏။ ၎င်းတို့သည် ခရစ်ယာန်ဘာသာကို အမှန်စင်စစ်ပင် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် အချိန်အတိုင်းအတာတစ်ခုအထိ ရမ်းကားခဲ့သော်လည်း မုချသေချာ ကျိန်ဆဲခြင်းနှင့် ဖျက်ဆီးခြင်းခံခဲ့ရ၏။

ဘုရင်ဂျီအသင်းတော်နှင့် ခရစ်ယာန်ဂိုဏ်းဂဏနှင့် ဂိုဏ်းကွဲအမျိုးမျိုးရှိ ကျော်ကြားသော ထိုပုဂ္ဂိုလ်အားလုံးကို ဘုရားသခင်မှ အပြစ်ဒဏ်ပေးခဲ့ကာ၊ ထိုသူတို့သည် ဘုရားသခင်၏အမှုကို ပြစ်တင်ရှုတ်ချလျက် ဘုရားသခင်၏အလိုတော်ကို အကောင်အထည်ဖော်ရာတွင် တားဆီးခဲ့သဖြင့် ကျိန်ဆိုခြင်းပင် ခံခဲ့ရကာ သေကုန်ကြ၏။ ဤသည်ကို လူတို့ စဉ်းစားချင့်ချိန်မထိုက်ပေဘူးလော။ ထိုသူတို့ခုခံသူမှာ ဘုရားသခင်မဟုတ်ပါက မည်သူသည် ထိုသူတို့ကို အပြစ်ဒဏ်ပေး၍ ၎င်းတို့ကို သတ်နိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်နှင့် အမှန်တကယ်သက်ဆိုင်ပါက ဘုရားသခင်လက်ထဲမှ ၎င်းတို့၏အသက်များကို ယူသွားနိုင်သည့် သြဇာအာဏာ မည်သူ့ထံတွင် ရှိမည်နည်း။ ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်ဝန်မခံပြီလော။

ဤသို့သောလူလေးမျိုး၏ သဘာဝတွင် သမ္မာတရားကို နှစ်သက်ခြင်း မရှိကြောင်းကို ကျွန်ုပ်တို့သည် ၎င်းတို့၏အခြေအနေများနှင့် လုပ်ဆောင်မှုများမှ အထင်အရှားမြင်နိုင်ပါသည်။ ထိုသူတို့သည် ဘုရားသခင်က လူသားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ကယ်တင်ကာ ပြောင်းလဲသည့် အမှုအပေါ် ရန်လိုသည့် သဘောထားရှိကာ၊ လူသား၏သဘာဝကို ထုတ်ဖော်ပြ၍ လူသား၏နှလုံးသားကို ထိုးဖောက်သော ဘုရားသခင်နှုတ်ကပတ်တော်ကို လွန်ကဲစွာ ရွံမုန်းကာ ဘုရားသခင်ကြွလာတော်မူခြင်းသည် ၎င်းတို့၏ပျော်ရွှင်ဖွယ်အိပ်မက်ကို နှောင့်ယှက်လိုက်သကဲ့သို့ပင် ဒေါသပေါက်ကွဲခဲ့ကြ၏။ ထို့ကြောင့် ဘုရားသခင်အပေါ် မကျေနပ်သည့် ၎င်းတို့၏စိတ်နှလုံးနှင့် ဘုရားသခင်ကိုပုန်ကန်သည့် ၎င်းတို့၏သဘာဝတို့ လုံးဝမြင်သာသွားတော့၏။ ထိုသူတို့သည် အကျင့်မဲ့စွာနှင့် မာနထောင်လွှားဝင့်ဝါခြင်း အပြည့်ဖြင့် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ခြင်းနှင့် ခုခံခြင်းမျာပင် ပြုလုပ်ခဲ့ကြ၏။ ၎င်းတို့သည် လွန်ခဲ့သော အနှစ်နှစ်ထောင်က သခင်ယေရှုကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ဖာရိရှဲတို့ထက်ပင် သာ၍ဆိုးယုတ်ခဲ့ကြ၏။ အဆုံးတွင် ၎င်းတို့၏ဆိုးယုတ်သော လုပ်ရပ်များကြောင့် ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ ခံခဲ့ကြရ၏။ သေခြင်းတရား ရောက်သည့်အခါမှ ဘုရားသခင်၏ စိတ်သဘောထားကို မကျေမနပ်ဖြစ်အောင် အမှန်ပင် မပြုရဟူသည်ကို ၎င်းတို့အများအပြား သဘောပေါက်သွားကြ၏။ သို့ရာတွင် ထိုသူတို့သည် အမှောင်ထဲတွင် ငိုကာ အံသွားကြိတ်ခဲရန်သာ ရှိတော့သည်။ ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် တဖန်သတ်သောသူတို့သည် ပျက်စီးခြင်းသို့ ရောက်မည်ဟူသည်ကို အချက်အလက်များက သက်သေပြခဲ့ပြီဖြစ်သည်။

အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည်မှာ- “နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် ကျယ်ပြန့်လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖြစ်တည်လာလျက် ရှိနေပြီး၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်အား ဖျက်ဆီးနိုင်မည့် မည်သည့် အင်အားစုမျှ မရှိပါ။ ယနေ့ကာလ၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် သက်ရှိလူသားများကြား၌ သက်ရှိလူသားများ မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ အပြင်တွင် တည်နေသနည်း။ ငါ၏ အသစ်သော အစပြုသည့် နေရာကို လူထုအား ကြေညာလိုက်သည့်အခါတွင် လူသားမျိုးနွယ်သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူသားမျိုးနွယ်၏ အနေအထားကို သင်တို့၏ ကိုယ်ပိုင်မျက်စိများဖြင့် တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကကြီးထဲတွင် အစဉ်ထာဝရ ကြံ့ကြံ့ခံမည့် မျှော်လင့်ချက်များကို သင်သည် ဆက်၍ မသိုထားသည်မှာ သေချာသည် မဟုတ်လော။ ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် ကျယ်ပြန့်စွာ လျှောက်သွားလျက် ရှိသည်၊ ငါ့လူများ၏ အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အား စစ်မှန်သည့် ချစ်ခင်ခြင်းရှိသော ထိုသူများသည် မင်္ဂလာရှိကြ၏။ ငါ့ထံ ဆက်ကပ်အပ်နှံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းခြင်းရှိသော သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးကို ပျော်မွေ့ ခံစားကြလိမ့်မည်။ မိမိကိုယ်ကိုမိမိ ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ အရာ အားလုံးထဲသို့ ဧကန်ဝင်ကြရ လိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ဆုကျေးဇူးများကို အမွေခံကြရလိမ့်မည်။ ငါ့အတွက်ကြောင့်နှင့် ဟိုဟိုဒီဒီ အလုပ်ရှုပ်ကြသော ထိုသူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက်ကြောင့်နှင့် အသုံးခံဖို့ရန် သွားသော ထိုသူတို့အား ရွှင်လန်းစွာ ငါထွေးပွေ့မည်၊ ငါ့အား ပေးလှူခြင်း ပြုကြသော ထိုသူ တို့အား ငါသည် ရွှင်လန်းခြင်းများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်များထဲတွင် ဝမ်းမြောက်ခြင်းအား ရှာတွေ့သော ထိုသူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားဖို့ရန် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ဆုကျေးဇူးကို ရကြလိမ့်မည်၊ မည်သူတစ်ဦး တစ်ယောက်ကမျှ သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပေးသနားသော ကောင်းချီးများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အား ပြုထားသော ကတိများကို သင်တို့ ရှာကြဖူး သလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှု အောက်တွင် သင်တို့သည် အမှောင်ထု စွမ်းအားများ၏ ချည်နှောင် ညှစ်ချည်ထားမှုကို ဧကန် ချိုးဖျက်နိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့သည် အမှန်ပင် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ သခင် အမှန်ပင် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်နိုင်သူတစ်ယောက် အမှန်ပင် ဖြစ်လိမ့်မည်။ အဆင်းနီသော မဟာနဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်ခြင်းအား သက်သေခံရန် မြောက်မြား လှစွာသော လူအုပ်ကြီး၏ အလယ်တွင် မတ်မတ်ရပ်နေလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ပဲ ဧကန်ရှိကြလိမ့်မည်။ သင်တို့ ကျော်ဖြတ်ရသော ဝေဒနာများမှတစ်ဆင့်၊ ငါ့ထံမှ လာသော ကောင်းချီးများကို သင်တို့ အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ ငါ၏ ဘုန်းနှင့် သင်တို့သည် စကြာဝဋ္ဌာ တစ်ဝှမ်းလုံး အထဲတွင် အမှန်ပင် ထွန်းဖြာကြလိမ့်မည်။” (“ဆယ့်ကိုးခုမြောက် မိန့်မြွက်ချက်” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ရှိ စကြာဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ ဖွင့်ဆိုချက်များ မှ)။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တရုတ်နိုင်ငံတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေခြင်း

၁၉၉၅ ခုနှစ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားတော်ကို သက်သေခံခြင်းအမှုသည် တရုတ်ပြည်မတွင် စနစ်တကျစတင်ခဲ့၏။ ဘုရားသခင်အပေါ်...

တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်

တရုတ်နိုင်ငံသည် အဆင်းနီသော နဂါးကြီး နေထိုင်ရာ တိုင်းပြည်ဖြစ်ကာ သမိုင်းတစ်လျှောက် ဘုရားသခင်အပေါ် အပြင်းထန်ဆုံး ခုခံ၍ ရှုတ်ချသည့်...

ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

သခင်ယေရှုခရစ်တော်နောက်သို့ လိုက်သည့် သန်းရာပေါင်းများစွာသော အခြားသူများကဲ့သို့ပင် ငါတို့သည် ကျမ်းစာ၏ ပညတ်တရားများနှင့် ပညတ်တော်များကို...

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ မူလအစနှင့် ဖွံ့ဖြိုးတိုးတက်ပုံ

နောက်ဆုံးသောကာလ၏ ခရစ်တော်၊ ပြန်၍ကြွလာသော သခင်ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွက်လာခြင်းနှင့် အမှုတော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော် ပေါ်ပေါက်လာကာ ကိုယ်တော်ရှင်၏ ဖြောင့်မတ်သော စီရင်ခြင်းနှင့် ဆုံးမခြင်းအရ ပေါ်ပေါက်လာခြင်းလည်း ဖြစ်၏။ အသင်းတော်ကို နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို စစ်မှန်စွာ လက်ခံသူများ၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းခံရသူများဖြင့် ဖွဲ့စည်းထား၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင် လုံးဝတည်ထောင်ထားခြင်းဖြစ်ကာ ကိုယ်တော်ရှင်ကိုယ်တိုင် ဦးဆောင်၍ လမ်းပြခဲ့ခြင်းဖြစ်သည်။ မည်သည့်လူသား တစ်ဦးမျှ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။