တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်
တရုတ်နိုင်ငံသည် အဆင်းနီသော နဂါးကြီး နေထိုင်ရာ တိုင်းပြည်ဖြစ်ကာ သမိုင်းတစ်လျှောက် ဘုရားသခင်အပေါ် အပြင်းထန်ဆုံး ခုခံ၍ ရှုတ်ချသည့်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျေးဇူးတော်ကာလတွင် သခင်ယေရှုသည် ကိုယ်တော်ရှင်၏ နောက်သို့ လိုက်သူများကို “ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၃) ဟု ကတိပေး၏။ “လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဟုလည်း ဗျာဒိတ်တော်ပေး၏။ နောက်ဆုံးသောကာလတွင် ကိုယ်တော်ရှင်ကိုယ်တိုင် ကတိပေး၍ ကြိုတင် ပြောထားသည့်အတိုင်း ဘုရားသခင်သည် သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော်ကို အခြေခံလျှက် စီရင်ခြင်း၊ ဆုံးမခြင်း၊ သိမ်းပိုက်အုပ်စိုးခြင်းနှင့် နှုတ်ကပတ်တော်ကို သုံး၍ ကယ်တင်ခြင်းအမှုတို့ကို ဆောင်ရွက်ရန် တဖန်ပြန်၍ ဇာတိပကတိခံယူကာ ကမ္ဘာ့အရှေ့အရပ် တရုတ်ပြည်သို့ ဆင်းသက်လာခဲ့၏။ ဤတွင် သမ္မာကျမ်းစာ၏ ဗျာဒိတ်တော်များဖြစ်သည့် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) နှင့် “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇) တို့သည်လည်း ပြည့်စုံသွား၏။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် ကျေးဇူးတော်ကာလကို အဆုံးသတ်ကာ နိုင်ငံတော်ကာလကို စတင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဧဝံဂေလိတရားသည် တရုတ်ပြည်မတွင် လျင်မြန်စွာ ပျံ့နှံ့သည်နှင့်အမျှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော် ပေါ်ပေါက်လာခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် အချက်အလက်များနှင့် သက်သေပြထားသည့် အတိုင်း နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်အားဖြင့် လုံးဝ ပေါ်ပေါက်လာကာ မည်သည့်လူသားတစ်ဦး၏ တည်ထောင်မှုဖြင့်မျှ ပေါ်ပေါက် လာခြင်း မဟုတ်ပါ။ ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ရှိ ရွေးချယ်ခံရသူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမဖြင့် ဆုတောင်းပဌနာပြုခြင်း၊ ကိုယ်တော်ရှင်၏ အမှုတော်ကို နာခံခြင်း၊ ကိုယ်တော်ရှင် ထုတ်ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤရွေးချယ်ခံရသူများသည် နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူသူ ခရစ်တော်၊ လူ့ဇာတိပကတိတွင် ဖြစ်မြောက်သည့် ဝိညာဉ်တော်ဖြစ်သည့် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်မှာ ထင်ရှား ပါသည်။ ပြင်ပသဏ္ဍာန်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားတစ်ဦး၏ သာမန်သားတော် တစ်ဦးသာ ဖြစ်သော်လည်း အနှစ်သာရအားဖြင့် ကိုယ်တော်ရှင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်၏။ ကိုယ်တော်ရှင်၏ အမှုတော်နှင့် နှုတ်ကပတ်တော် တို့သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ တိုက်ရိုက် ထုတ်ဖော်ပြောချက် ဖြစ်ကာ လူတစ်ဦးအဖြစ် ဘုရားသခင် ပေါ်ထွက်လာခြင်း ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်ရှင်သည် လူ့ဇာတိခံယူထားသည့် လက်တွေ့ ကျသော ဘုရားသခင်ဖြစ်၏။
၁၉၉၁ ခုနှစ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် ကိုယ်တော်ရှင်၏ သာသနာပြုလုပ်ငန်းကို တရုတ်ပြည်တွင် တရားဝင် စတင်ဆောင်ရွက်၏။ ထို့နောက် ကိုယ်တော်ရှင်သည် သန်းပေါင်းများစွာသော နှုတ်ကပတ်တော်တို့ကို ထုတ်ဖော်ပြောဆို၍ နောက်ဆုံးသော ကာလတွင် ဖြုသောပလ္လင်ကြီး၏ စီရင်ခြင်းအမှုကို စတင်၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသလိုပေါ့ “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) “ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏အမှုကို လုပ်ဆောင်ပြီး၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိဖြစ်လာနိုင်သည့်အတွက် ထိုသို့သော နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်။ ထို့ကြောင့်၊ အတိတ်ကာလက ပြောဆိုခဲ့သည့်အတိုင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များသည် ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်၏။...အမှုကို ဆောင်ရွက်ဖို့ ဘုရားသခင် မိန့်မြွက်ချက်များ ပြောဆိုရန်မှာ၊ သူသည် လူ့ဇာတိ ခံယူရမည် ဖြစ်သည်။ သို့မဟုတ်ပါက၊ သူ၏အမှုသည် ယင်း၏ရည်မှန်းချက်ကို ပြီးမြောက်နိုင်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသောသူများသည် သူ၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း) နောက်ဆုံးသော ကာလ၏ ခရစ်တော်၏ ပေါ်ထွက်လာမှုနှင့် မြွက်ဆိုမှုများကြောင့် အစဉ်အဆက်ထက်ပိုသော သမ္မာတရားကို ဆာငတ် မွတ်၍ ရှာဖွေသူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်အုပ်စိုးခြင်းနှင့် သန့်စင်ခြင်းကို ခံခဲ့ကြကာ ဘုရားသခင်၏ စီရင်ချက်နှင့် ဆုံးမချက်များတွင် ဘုရားသခင် ပေါ်ထွက်လာမှုနှင့် ရွေးနှုတ်သည့်အရှင် တဖန်ကြွလာတော်မူခြင်းကို တွေ့ခဲ့ကြ၏။
နောက်ဆုံးသောကာလ၏ ခရစ်တော်၊ ပြန်၍ကြွလာသော သခင်ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွက်လာခြင်းနှင့် အမှုတော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော် ပေါ်ပေါက်လာကာ ကိုယ်တော်ရှင်၏ ဖြောင့်မတ်သော စီရင်ခြင်းနှင့် ဆုံးမခြင်းအရ ပေါ်ပေါက်လာခြင်းလည်း ဖြစ်၏။ အသင်းတော်ကို နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို စစ်မှန်စွာ လက်ခံသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်း ခံရသူများဖြင့် ဖွဲ့စည်းထား၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင် လုံးဝ တည်ထောင်ထားခြင်းဖြစ်ကာ ကိုယ်တော်ရှင်ကိုယ်တိုင် ဦးဆောင်၍ လမ်းပြခဲ့ခြင်းဖြစ်သည်။ မည်သည့်လူသား တစ်ဦးမျှ တည်ထောင် ခဲ့ခြင်း မဟုတ်ပေ။ ဤအချက်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ရှိ ရွေးချယ်ခံရသူ ခပ်သိမ်းမှ အသိအမှတ်ပြုပြီး ဖြစ်၏။ လူ့ဇာတိခံယူသော ဘုရားသခင်မှ အသုံးပြုသူ မည်သူမဆိုသည် ဘုရားသခင်၏ ရှေးမဆွမှ ခွဲခန့်မှတ်သားခြင်း ခံထားရသူဖြစ်ကာ ယေရှုကိုယ်တိုင် တမန်တော် ဆယ့်နှစ်ပါးကို ရွေးချယ် ခန့်အပ်သည့်အတိုင်း ဘုရားသခင်ကိုယ်တိုင် ခန့်အပ်၍ သက်သေခံထားသူ ဖြစ်၏။ ဘုရားသခင် အသုံးပြုသော သူများသည် ကိုယ်တော်ရှင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသာ ပြုလုပ်၍ ကိုယ်တော်ရှင်၏ ကိုယ်စား ဘုရားသခင်၏ အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ ဘုရားသခင် အသုံးပြုသူများ နှင့် အသင်းတော်ကို တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။ ဘုရားသခင်မှ ရွေးကောက်ထားသူများ သည်လည်း ၎င်းတို့ကို ယုံကြည်ခြင်း သို့မဟုတ် လိုက်နာခြင်း မရှိပါ။ ကျေးဇူးတော်ကာလ၏ အသင်းတော်များကို ရှင်ပေါလုနှင့် အခြားသော တမန်တော်များမှ တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။ သို့သော် ၎င်းတို့သည် သခင်ယေရှု၏ အမှုတော်မှ ဖြစ်ပေါ်လာပြီး သခင်ယေရှုကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်၏။ အလားတူပင် နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ကိုလည်း ဘုရားသခင် အသုံးပြုသည့် လူသားမှတည်ထောင်ခြင်း မဟုတ်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဘုရားသခင် အသုံးပြုသော လူသားသည် အသင်းတော်များကို ရေလောင်းခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် ဦးဆောင်ခြင်းများ ပြုလျှက် လူသား၏တာဝန်ကို ထမ်းဆောင်၏။ ဘုရားသခင် ရွေးကောက်သော သူများကို ဘုရားသခင် အသုံးပြုသောလူသားမှ ဦးဆောင်ခြင်း၊ ရေလောင်းခြင်း၊ ထောက်ပံ့ခြင်းများ ပြုသော်လည်း ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်မှလွဲ၍ မည်သူ့ကိုမျှ ယုံကြည်၍ လိုက်နာခြင်းမရှိဘဲ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကို လက်ခံ၍နာခံ၏။ ဤသည်မှာ မည်သူမျှ ငြင်းဆိုနိုင်ခြင်းမရှိသည့် အချက်ဖြစ်၏။ လူ့ဇာတိခံယူထားသော ဘုရားသခင် ပေါ်ထွက် လာခြင်းနှင့် အမှုတော်တို့ကြောင့် ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံး စစ်မှန်သော ယုံကြည်သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏အသံကို ကြား၍ သခင်ယေရှု ကြွလာခဲ့ပြီး နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း တွေ့ရှိကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန် ပြန်ကြွလာသော သခင်ယေရှုဖြစ်ကြောင်း ၎င်းတို့အားလုံး အတည်ပြုခဲ့ကြ၏။ ထို့ကြောင့် ထိုသူတို့သည် နောက်ဆုံးသောကာလ ကိုယ်တော်ရှင်၏ အမှုတော်ကို လက်ခံခဲ့ကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိမ်းပိုက်သူ ခပ်သိမ်းသည် ကိုယ်တော်၏ နာမတော်ကို ခံယူကြ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ရွေးကောက်ခံရသူ အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆုတောင်းကြလျှက် လိုက်နာ၊ နာခံကာ ကိုယ်တော်ရှင်ကို ဝတ်ပြုကြ၏။ ဘုရားသခင်၏ စီရင်ခြင်း၊ ဆုံးမခြင်းအမှုတော်တို့နှင့် ကြုံတွေ့ပြီးနောက် တရုတ်ပြည်ရှိ ရွေးချယ်ခံရသူများသည် ကိုယ်တော်ရှင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်လာကြပြီး ကိုယ်တော်ရှင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကို တွေ့ခဲ့ပြီဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ထိုသူတို့ကို လုံးဝသိမ်းပိုက်ကာ အနန္တတန်ခိုးရှင် ဘုရားသခင် ရှေ့မှောက် လဲကျကာ ဘုရားသခင်၏ စီရင်ချက်နှင့် ဆုံးမတော်မူချက်တို့ကို နာခံ၍လက်ခံလိုကြ၏။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခဲ့ပြီဖြစ်သည်။
အတိအကျအားဖြင့်ဆိုရလျှင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်တို့သည် လူသားတို့ကို ကယ်တင်ရန် ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲသောအရာများကို ထုတ်ဖော် ပြသဖြင့် ဘုရားသခင် ရွေးချယ်ထားသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထုတ်ဖော် ပြောဆိုရာတွင် ဘုရားသခင်သည် ခေတ်တစ်ခေတ်စီတွင် နာမတော် အသစ်ရှိကြောင်း နားလည်သွားကြပြီး ကိုယ်တော်ရှင်၏ နာမတော်အသစ်သည် ကိုယ်တော်ရှင်မှ အမှုတော်အသစ်ကို ဆောင်ရွက်လျှက်ရှိကြောင်း သင်္ကေတဖြစ်၏။ ထို့အပြင် ကိုယ်တော်ရှင်သည် ခေတ်ဟောင်းကို အဆုံးသတ်၍ ခေတ်သစ်ကို စတင်နေ သည့်အကြောင်း သင်္ကေတလည်းဖြစ်၏။ ဘုရားသခင် နာမတော်၏ အဓိပ္ပါယ်သည် ကြီးမား၍ လေးနက်လှ ၏။ ထိုအနက်အဓိပ္ပါယ်တွင် ဘုရားသခင် အမှုတော်၏ အရေးပါပုံ ပါရှိ၏။ ခေတ်ပြောင်းရန်နှင့် ၎င်းခေတ်ရှိ ကိုယ်တော်ရှင်၏ အမှုတော်ကို ကိုယ်စားပြုရန် ဘုရားသခင်သည် အမည်နာမများကို အသုံးပြု၏။ ပညတ်တော်ခေတ်တွင် ကိုယ်တော်ရှင်သည် ဥပဒေများနှင့် ပညတ်တော်များကို ထုတ်ပြန်ရန်နှင့် ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်ဘ၀ကို ဦးဆောင်ရန် ယေဟောဝါ၏ အမည်ကို အသုံးပြု၏။ ကျေးဇူးတော် ကာလတွင် ကိုယ်တော်ရှင်သည် လူသားအား ရွေးနုတ်သည့်အမှုတော်ကို ဆောင်ရွက်ရန် ယေရှုနာမကို အသုံးပြု၏။ နိုင်ငံတော်ကာလ ရောက်သည့်အခါ လူသားကို သန့်စင်ရေး၊ ပြောင်းလဲရေးနှင့် ကယ်တင်ရေးအတွက် ဘုရားသခင်၏အိမ်တော်နှင့် စတင်ပြီး စီရင်ခြင်းအမှုတော်ကို ဆောင်ရွက်ရန် ကိုယ်တော်ရှင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်ကို အသုံးပြုခဲ့၏။ ဘုရားသခင်၏ နာမတော်သစ်သည် လူသားမှ ကိုယ်တော်ရှင်ကို စိတ်ကူးပေါက်သလို ခေါ်သည့်အရာမဟုတ်ဘဲ၊ ကိုယ်တော်ရှင်၏ အမှုတော်ကြောင့် ဘုရားသခင် ကိုယ်တော်တိုင် ခံယူသည့်အရာဖြစ်၏။ အမှုတော်၏ အဆင့်တိုင်းတွင် ဘုရားသခင်ခံယူသည့် နာမတော်၏ဇစ်မြစ်သည် ကျမ်းစာတော်တွင်ရှိကာ သခင်ယေရှု နောက်ဆုံးသောကာလ၌ တဖန်ပြန်လာသည့်အခါ ကိုယ်တော်ရှင် ခံယူမည့်နာမကို ဗျာဒိတ်ကျမ်းတွင် ကာလကြာမြင့်စွာကပင် ကြိုတင် ဟောကြားခဲ့သည်- “အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန် သူသည် ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင့်အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကိုလည်းကောင်း၊ ငါ၏နာမသစ်ကိုလည်းကောင်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။” (ဗျာဒိတ်ကျမ်း ၃:၁၂) “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ်ကျမ်း ၁:၈) “တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏ဟု စည်းဝေးသောသူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသောမိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။” (ဗျာဒိတ်ကျမ်း ၁၉:၆-၇) နိုင်ငံတော်ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်သည် ဗျာဒိတ်ကျမ်း၏ အနာဂတ် ဟောကြားချက်များကို အတိအကျ ပြည့်စုံစေ၏။ ဘုရားသခင်သည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်ရှင်သည် အရာခပ်သိမ်းကို ဖန်ဆင်း၍ အုပ်စိုးတော်မူ၏။ ထို့အပြင် ကိုယ်တော်ရှင်သည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။ ကျွန်ုပ်တို့အနေဖြင့် ကိုယ်တော်ရှင်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ဟုခေါ်လျှင် အသင့်တော်ဆုံးဖြစ်၏။ ထိုအချိန်မှစ၍ လူတို့သည် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် လူ့ဇာတိခံယူသော ခရစ်တော်၊ လက်တွေ့ကျသော ဘုရားဟုလည်း ခေါ်ခဲ့ကြသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော် အမည်နာမမှာ ဤသို့ဖြစ်၏။
တရုတ်ပြည်မတွင် နိုင်ငံတော်၏ ဧဝံဂေလိတရား ပျံ့နှံ့သွားသောအခါ ဝိညာဉ်တော်၏ စကြာဝဠာ တစ်လျှောက်လုံးရှိ အမှုတော်ကို ဘုရားသခင်မှ ပြန်လည်ရယူ၍ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့သူများဖြစ်ကာ၊ ဘုရားသခင်မှ ရှေးမဆွက ခွဲခန့်မှတ်သားထားသူများ၊ ရွေးချယ်ထား သူများနှင့် စစ်မှန်သည့် လမ်းခရီးကို ရှာဖွေသူ လူအုပ်စုအပေါ် အမှုတော်ကို အလေးထားခဲ့၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို လွှဲပြောင်းလိုက်သည့်အတွက် ခပ်သိမ်းသော ဂိုဏ်းဂဏများအားလုံး သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ဆုံးရှုံးသွားကာ ဖုန်းဆိုးမြေဖြစ်သွား၍ လူသားတို့မှာ အခြားဘာမျှ မတတ်နိုင်ဘဲ စစ်မှန်သည့်လမ်းခရီးကို ရှာရတော့သည်။ ဤသည်မှာ သမ္မာကျမ်းစာပါ အနာဂတ်ဟောကြားချက်ကို တိကျစွာ ဖြည့်ဆည်းလိုက်ခြင်း ဖြစ်သည်- “ကြည့်ရှုလော့၊ မြေပေါ်သို့ ငတ်မွတ်ခြင်းဘေးကြီး ငါစေလွှတ်မည့်ကာလ ရောက်လာပြီ၊ အစာငတ်မွတ်ခြင်းဘေး မဟုတ်သကဲ့သို့ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ သို့သော် ယေဟောဝါ၏ နှုတ်ကပတ်တော်များ ကြားရခြင်းကို ငတ်မွတ်သော ဘေးဖြစ်လိမ့်မည်။” (အာမုတ်အနာဂတ္တိကျမ်း ၈:၁၁) သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုဖြင့် သမ္မာတရားနောက်လိုက်၍ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူ ဂိုဏ်းဂဏများအားလုံး ၌ရှိသူများသည် အန္တိခရစ်နှင့် စဉ်းလဲသောကျွန်တို့၏ ကန့်သတ်ချက် များနှင့် အတားအဆီးများကို ကျော်ဖြတ်၍ အဆုံးတွင် ဘုရားသခင်၏ အသံတော်ကို ကြားသိခဲ့ကြပြီး ပို၍ပို၍များပြားသော လူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက် တဖန်ပြန်လာကြ၏။ နေရာ ခပ်သိမ်းတွင် ဘာသာတရားများ တစ်ခုတည်းလာဖြစ်၍ နိုင်ငံအားလုံး ဤတောင်သို့ စီးဆင်းကြသည့် မြင်ကွင်းများနှင့် သာယာနေပုံရှိ၏။ ဂိုဏ်းဂဏများအားလုံး ဘုရားသခင်ကို စစ်မှန်စွာယုံကြည်သူ မြောက်များစွာ တဖန် ပြန်လာကြသည့်အခါ ဂိုဏ်းဂဏအများစု ပြိုကွဲသွားကြကာ၊ ကာလ ကြာမြင့်စွာကပင် ၎င်းတို့၏အမည်နာမသာ ရှိကြတော့သည်။ ဘုရားသခင် အမှုတော်၏ ခြေလှမ်းများကို အဘယ်သူ ရပ်တန့်နိုင်မည်နည်း။ ဘုရားသခင် ရွေးချယ်ထားသူများ ဘုရားသခင်ထံ ပြန်လာရာတွင် မည်သူ နှောင့်နှေးစေနိုင်မည်နည်း။ ဘာသာရေးအသိုင်းအဝိုင်း တစ်ရပ်လုံး နားလည် သဘောပေါက်သွားသကဲ့သို့ ဖြစ်၏။ မရပ်မစဲ ပြန်လာနေသူများမှာ အင်အားကြီးစွာ တက်လာနေသော လှိုင်းများကဲ့သို့ ဖြစ်၏။ ဘုရားသခင်၏ အမှုတော်ကို မည်သည့်အင်အားကမျှ မတားဆီးနိုင်ပါ။ အနန္တတန်ခိုးရှင် ထွက်ပေါ်လာ၍ ကိုယ်တော်ရှင်၏ အမှုတော်စတင်သည့် အချိန်မှစ၍ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ကို မရပ်မစဲ ဖိစီးနှိပ်စက်လျှက်ရှိ၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်နှင့် ဘုရားသခင် နောက်လိုက်သူများ၊ ဘုရားသခင်အတွက် သက်သေခံသူများကို အင်တိုက်အားတိုက် ရှာဖွေနေလျှက် ဘုရားသခင် ရွေးချယ်ထားသူများကို ရက်စက်စွာဖိစီးနှိပ်စက်ကာ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို ဖျက်သိမ်းရန် ကြိုးစား၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ကို ဖျက်သိမ်းရေးအတွက် ကြံစည် အားထုတ်ရန် အရေးပေါ်အစည်းအဝေးများစွာ ခေါ်ဆိုခဲ့၏။ လျှို့ဝှက် စာရွက် စာတမ်းများစွာ ရေးဆွဲထုတ်ပြန်ခဲ့၍ အောက်တန်းကျကာ အလွန်ဆိုးယုတ်သော နည်းလမ်းများ အကောင် အထည် ဖော်ခဲ့ကြသည်။ နေရာခပ်သိမ်း ကြော်ငြာများ ကပ်ခြင်း၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ အင်တာနက်နှင့် အခြားမီဒီယာများ အသုံးပြု၍ ကောလာဟလများ အကြောင်းမဲ့ လီဆယ်ခြင်း၊ အသရေဖျက်ခြင်း၊ အမှုဆင်ခြင်းများကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်အပေါ် ပြုလုပ် ခဲ့ကြသည်။ ဆိုးယုတ်သည့် သင်ကြားမှုများနှင့် မှားယွင်းသည့် အတွေးအခေါ်များဖြင့် အဓမ္မအယူဝါဒ သွတ်သွင်းခဲ့ကာ အယူဝါဒဟောင်းများ ဖယ်ရှား၍ ဝါဒသစ်သွင်းခြင်း၊ အယူဝါဒ လက်ခံစေခြင်းများကို အကောင်အထည် ဖော်ခဲ့သည်။ ကြီးကြပ်၍ ချုပ်ကိုင်ရန် ကိုယ်ပိုင်သုံးရပ် မျိုးချစ်ဝတ်ပြုကျောင်းကို အသုံးပြုခြင်း၊ ပွင့်လင်းစွာ စုံစမ်းစစ်ဆေးရန်နှင့် လျှို့ဝှက်စွာ စုံစမ်းမေးမြန်းရန် သူလျှိုများစေလွှတ်ခြင်း၊ အောက်ခြေ လူတန်းစားများ၏ ထိန်းချုပ်မှုကို အသုံးပြုခြင်း၊ အိမ်နီးချင်းများအား စောင့်ကြပ်ကြည့်ရှုရန် အမိန့်ပေးခြင်းနှင့် ကြီးမားသည့် ဆုလာဘ်ပေးမည်ဟု ကတိပေး၍ လူတို့အား တိုင်ကြားမှုများ ပြုလုပ်ရန် အားပေး တိုက်တွန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ပြည်သူတို့၏ အိမ်များကို မတရားရှာဖွေခြင်း၊ မွေနှောက် ရှာဖွေခြင်း၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း၊ ဒဏ်ငွေများချမှတ်ကာ ငွေညှစ်ခြင်းများ အကောင်အထည်ဖော်ကာ အဓမ္မနည်းများဖြင့် ကြွယ်ဝချမ်းသာအောင် ပြုလုပ်ခဲ့ပါသည်။ ဘုရားသခင် ရွေးချယ်ထားသူများကို လျှို့ဝှက်ဖမ်းဆီးမှုများ၊ ဆန္ဒရှိသည်အတိုင်း ဖမ်းဆီးကာ အလုပ်စခန်းများတွင် အကျဉ်းချခြင်းများ၊ ညှဉ်းပန်းနှိပ်စက်၍ ဝန်ခံချက်များရယူခြင်း၊ ခန္ဓာကိုယ်နှင့် စိတ်တို့ကို ဖျက်ဆီးခြင်း၊ ပြစ်ဒဏ်မှကင်းလွတ်ကာ လူတို့ကို ရိုက်သတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ကို ဖိနှိပ်ရန် ရဲနှင့် စစ်သားများကိုပင် အသုံးပြုခြင်းများ စသည်ဖြင့် ပြုလုပ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ခရစ်ယာန်များ၊ ဘုရားသခင်မှ ရွေးချယ်ထားသူများကို လူမဆန်စွာ ဖမ်းဆီးအရေးယူခဲ့၏။ ၎င်းတို့၏ပိုင်ဆိုင်မှုများ မသမာသောနည်းဖြင့် လုယက်ခံရခြင်း၊ ကိုယ်ခန္ဓာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဝေဒနာများခံစားခဲ့ရပြီး များစွာတို့ သေဆုံးခြင်းပင် ဖြစ်ခဲ့ပါသည်။ အစိုးရ၏ လုပ်ရပ်များသည် အလွန်ပင် ဆိုးရွားခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ အနည်းဆုံး ခရစ်ယာန်အယောက် ခုနစ်ဆယ်မှာ သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါသည်။ ဥပမာ အန်းဟွီပြည်နယ်၊ စွိရှိခရိုင်၊ ဝုဂိုမြို့ရှိ ခရစ်ယာန် တစ်ဦးဖြစ်သည့် (၄၃ နှစ်အရွယ် အမျိုးသား) ရှိအဲ့ယွန်းကျန်အား ဒေသခံရဲများက ၁၉၉၇ ခုနှစ်၊ ဧပြီလ ၃၀ ရက် အစောပိုင်း အချိန်များတွင် ဖမ်းဆီးခဲ့ပြီး နှိပ်စက်သတ်ဖြတ်ခဲ့ပါသည်။ မေလ ၁၀ ရက်နေ့တွင် ရှိအဲ့၏ မိဘများက ၎င်း၏ ကိုယ်ခန္ဓာကို မီးသင်္ဂြိုဟ်စက်တွင် တွေ့သည့်အခါ ၎င်းသည် တစ်ကိုယ်လုံးမည်း၍ ခရမ်းရောင်ဖြစ်နေပြီး သွေးများစွန်းနေကာ ခေါင်းတွင် သေစေသည့် ဒဏ်ရာအချို့ ခံစားရခဲ့ကြောင်း တွေ့ရသည်။ ကျန်းစုပြည်နယ်၊ ရှုရန်ဒေသမှ ခရစ်ယာန်တစ်ဦးဖြစ်သူ (၄၂ နှစ်အရွယ် အမျိုးသား) ရယ်အိုက်ဂျော်အား အသင်းတော်အတွက် ပစ္စည်းများ ဝယ်နေစဉ် တရုတ်ကော်မြူနစ်ပါတီမှ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် ဖမ်းဆီးခဲ့ပါသည်။ တတိယမြောက်နေ့တွင် ၎င်းကိုရိုက်နှက် သတ်ဖြတ်ခဲ့ပါသည်။ ဟီနန်ပြည်နယ်၊ ပင်းယူဒေသ၊ ချင်းခေါ်ခရိုင်ရှိ ခရစ်ယာန်တစ်ဦးဖြစ်သူ (ထိုအချိန်က အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ အဆင့်မြင့်ခေါင်းဆောင်၊ ၄၆ နှစ်အရွယ် အမျိုးသမီး) ကျန်ဂွေ့ယိုင်အား ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ဟီနန်တိုင်း၊ ရှင်းမီမြို့တွင် တရုတ်ကွန်မြူနစ်ပါတီရဲမှ လျှို့ဝှက်စွာ ဖမ်းဆီး ထောင်ချခဲ့ပါသည်။ ရဲအရာရှိများက ဥပဒေနှင့်မညီသည့် တရားရုံးတစ်ခု ဖွဲ့စည်းကာ ညှဉ်းပန်းနှိပ်စက်၍ ဝန်ခံချက်တစ်ရပ် ရယူခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်စောစောပိုင်းတွင် ရဲများ၏ ကိုယ်ခန္ဓာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျန် သေဆုံးခဲ့ပါသည်။ ၎င်းအပြင် သောင်းပေါင်းများစွာသော အခြား ခရစ်ယာန်များသည် တရုတ်ကွန်မြူနစ်ပါတီရဲ၏ ဖမ်းဆီးထောင်ချမှုကို ခံခဲ့ရပါသည်။ အချို့ကို မူးယစ် ဆေးများ ထိုးခဲ့သဖြင့် စိတ်ကစဉ့်ကလျားဖြစ်သည့် ဝေဒနာများ ဖြစ်ခဲ့ပါသည်။ အချို့မှာ ညှဉ်းပန်းနှိပ်စက်မှု ကြောင့် ကိုယ်လက်အင်္ဂါ ဆိုးရွားစွာ ချို့တဲ့သွားသဖြင့် မိမိကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်း မရှိတော့ပေ။ အချို့ကို အလုပ်စခန်းများတွင် အကျဉ်းချခဲ့ပြီး ၎င်းတို့ကို လွှတ်ပေးပြီးနောက် တရုတ်ကွန်မြူနစ်အစိုးရမှ စောင့်ကြပ်ကြည့်ရှုခဲ့သဖြင့် ကိုယ်ပိုင်လွတ်လပ်မှု မရှိခဲ့ပါ။ အကြမ်းဖျင်း ကိန်းဂဏန်းများအရ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်၊ တိုတောင်းသည့် နှစ်နှစ်တာ ကာလအတွင်း တရုတ်ပြည်မတွင် တရုတ်ကွန်မြူနစ်ပါတီမှ ဘုရားသခင် ရွေးကောက်ထားသည့် လူပေါင်း သုံးသိန်းရှစ်သောင်း သုံးရာရှစ်ဆယ် ဖမ်းဆီးထိန်းသိမ်း ခဲ့ပါသည်။ ၎င်းတို့ အကြားတွင် လူပေါင်းလေးသောင်းသုံးထောင် ခြောက်ရာလေးဆယ်မှာ တရားမဝင် စစ်ဆေးမေးမြန်းမှု ပြုလုပ်စဉ် ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုး ခံခဲ့ရပါသည်။ တစ်သိန်းတစ်သောင်း ခုနစ်ရာလေးဆယ်မှာ စွဲချက်အမျိုးမျိုး အတင်ခံရပြီး အရှက်မရှိ ရင်မင်ဘီ နှစ်ရာလေးဆယ်သုံးသန်း ခြောက်သိန်းတစ်သောင်း သုံးထောင်ကျော် ဒဏ်ငွေတပ်ခြင်း သို့မဟုတ် ငွေညှစ်ခြင်းများ ပြုလုပ်ခံခဲ့ရပါသည်။ သုံးသောင်းငါးထောင် သုံးရာသုံးဆယ်မှာ အိမ်များ မွေနှောက် ရှာဖွေခံရပြီး ပြည်သူ့လုံခြုံရေးဌာနများနှင့် ၎င်းတို့၏ လက်အောက် ခံများက (အသင်းတော်သို့ အလှူငွေများနှင့် ကိုယ်ပိုင်ပစ္စည်းများ အပါအဝင်) အနည်းဆုံး ရင်မင်ဘီ တစ်ဘီလီယန် အကြောင်းမဲ့ အဓမ္မသိမ်းယူခဲ့ပါသည်။ သို့မဟုတ် ရဲအရာရှိများက တရားမဝင် ယူလိုက်ကြပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ခရစ်ယာန်များကို တရုပ်ကွန်မြူနစ်ပါတီအစိုးရမှ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်၍ ဤသည် တို့မှာ အကြမ်းဖျင်း ကိန်းဂဏန်းများသာဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ခရစ်ယာန် အားလုံးနှင့် ပတ်သက်၍ ဤသည်တို့မှာ အကင်းမျှသာရှိသေးသည်။ တကယ်တမ်းမူ အနန္တတန်ခိုးရှင် ဘုရားသခင် အမှုတော်စတင်ချိန်မှစ၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ မရေမတွက်နိုင်သော ခရစ်ယာန်များသည် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ နောက်ယောင်ခံ လိုက်ခြင်း သို့မဟုတ် စောင့်ကြပ် ကြည့်ရှုခြင်းများ ခံခဲ့ရပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ကို သွေးထွက်သံယို ဖိနှိပ်ရန် ရက်စက်သည့် နည်းလမ်းအားလုံး အသုံးပြုခဲ့၍ တရုတ်ပြည်မကို ကြောက်မက်ဖွယ် ကမ္ဘာအဖြစ် ပြောင်းလဲခဲ့သည်။ ထို့အပြင် အသင်းတော်အား ဂိုဏ်းဂဏများအားလုံးမှ အသရေဖျက်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ကောလာဟလများ အနှံ့အပြား ပေါ်ပေါက်ကာ အသရေဖျက်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ကြိမ်ဆဲခြင်းများကို ရှိသမျှနည်းများဖြင့် မုန်တိုင်းထန်ခဲ့ပါသည်။ လူမှုအသိုင်းအဝိုင်း တစ်ရပ်လုံးနှင့် ဘာသာရေး အသိုင်းအဝိုင်း တစ်ရပ်လုံး ထိခိုက်သည့် ကျော်ကြားမှုအမျိုးမျိုးနှင့် ပြည့်နှက် ခဲ့ပါသည်။ ပျက်စီးသည့် လူသားများ၏ စစ်မှန်သော ဘုရားသခင်အပေါ် တွန်းလှန်မှုနှင့် စစ်မှန်သော လမ်းခရီးအပေါ် ညှဉ်းပန်းနှိပ်စက်မှုတို့ အထွတ်အထိပ်သို့ ရောက်ခဲ့၏။
လူသားမျိုးနွယ်ကို စာတန်ဖျက်ဆီးသဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ကိုယ်တော်ရှင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မည်သည့်အခါမျှ ရပ်စဲခဲ့ခြင်း မရှိပါ။ သို့ရာတွင် လူသား မျိုးနွယ်သည် သမ္မာတရားကို မသိပါ။ ဘုရားသခင်ကို သာ၍ပင်မသိပါ။ ထို့ကြောင့် ဘုရားသခင်သည် အမှုတော်အသစ်စတင်ရန် လူ့ဇာတိခံယူတော်မူတိုင်း ကိုယ်တော်ရှင်သည် သြဇာ အာဏာရှိသူများနှင့် ဘာသာရေးအုပ်စုများ၏ ငြင်းပယ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ခံရပါသည်။ လွန်ခဲ့သော အနှစ် နှစ်ထောင်က ယေရှုလူ့ဇာတိကို ခံယူစဉ်က ကိုယ်တော်ရှင်သည် ရောမအစိုးရနှင့် ယုဒလူမျိုးတို့၏ ဘာသာရေး ယုံကြည်သူတို့၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး အဆုံးတွင် ကားစင်တင်၍ ကွပ်မျက်ခံခဲ့ရပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် စီရင်ခြင်းအမှု ဆောင်ရွက်ရန် လူ့ဇာတိခံယူ၍ တရုတ်ပြည်သို့ တဖန်ပြန်ရောက်လာသဖြင့် တရုတ်ကွန်မြူနစ်အစိုးရ၏ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိုက်လံရှာဖွေမှုကို ခံခဲ့ရကာ ခရစ်ယာန် ဂိုဏ်းဂဏများအားလုံး၏ ကျိန်ဆဲခြင်း၊ အမှုဆင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ ခံခဲ့ရပါသည်။ ဤသည်မှာ လူသား၏ ပျက်စီးမှုနှင့် ဆိုးယုတ်မှုတို့ကို ထင်ရှားစွာ ညွှန်ပြနေပါသည်။ တိမ်မည်းတို့ လေးလံစွာဖိစီး၍ မာရ်နတ်များ သြဇာအာဏာပြသည့် နတ်ဆိုးတို့၏ ခံတပ်တွင် ဘုရားသခင်သည် အမှုတော်ဆောင်ရန် မည်မျှ ခက်ခဲ လှမည်ကို ကျွန်ုပ်တို့ စိတ်ကူး ကြည့်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်၍ ကိုယ်တော်ရှင်တွင် အမြင့်ဆုံးသော လုပ်ပိုင်ခွင့်နှင့် အာဏာတို့ ရှိပါသည်။ စာတန်၏ တပ်များ မည်မျှပင် ထိန်းမနိုင်၊ သိမ်းမရ ဖြစ်စေကာမူ၊ မည်မျှပင် ခုခံတိုက်ခိုက်စေကာမူ ၎င်းတို့ခပ်သိမ်းသည် အချည်းနှီးသာဖြစ်၏။ အနှစ် ၂၀ လောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏နိုင်ငံတော်၏ ဧဝံဂေလိ တရားသည် ပြင်းထန်သည့် ဖိနှိပ်မှုအောက် တရုတ်ပြည်မအနှံ့ ပျံ့နှံ့သွားခဲ့၏။ ထောင်ပေါင်းများစွာသော အသင်းတော်တို့ နိုင်ငံတဝန်း ပေါ်ထွက်လာပြီး လူသန်းပေါင်းများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်ကို နာခံကြ၏။ ချက်ချင်းဆိုသလိုပင် ဂိုဏ်းဂဏများအားလုံး ပျက်စီးကြကုန်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ သိုးတို့သည် ဘုရားသခင်၏ အသံကိုကြား၍ အသံနောက် လိုက်လျှက် ပြန်လာခဲ့ကြပြီး ဘုရားသခင်၏ ရှေ့တွင် လဲကျကာ ဘုရားသခင်မှ တစ်ဦးချင်းအား ရေလောင်း၍ လမ်းပြထိန်းကျောင်းခဲ့၏။ ဤသည်မှာ “ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။” (ဟေရှာယအနာဂတ္တိကျမ်း ၂:၂) ဟူသည့် သမ္မာကျမ်းစာလာ ဗျာဒိတ်တော်နှင့် ပြည့်စုံစေခဲ့သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူခပ်သိမ်းသည် အဆုံးတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ လှည့်ကြမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မှ ဤသည်ကို ရှေးမဆွက စီစဉ်ခဲ့ကာ ခွဲခန့် မှတ်သားထားခဲ့၍ ဖြစ်သည်။ ဤသည်ကို မည်သူမျှ ပြောင်းလဲနိုင်ခြင်းမရှိပါ။ မုန့်ကိုစား၍ဝရန်သာ ဘုရားသခင်အပေါ် ယုံကြည်ကြသော မိစ္ဆာယုံကြည်သူများနှင့် မကောင်းသော အမှုအရာများကို ကျူးလွန်သည့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ခုခံကာ ပြစ်တင်ရှုတ်ချသော ရန်သူ အမျိုးမျိုးတို့ ခပ်သိမ်းကို ဘုရားသခင်၏ အမှုတော်အားဖြင့် ဖယ်ရှားပစ်လိုက်ပြီဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်း တစ်ရပ်လုံးကို ဘုရားသခင်၏ အမှုတော်အားဖြင့် သေချာစွာ ဖျက်ဆီး ဖြိုခွဲလိုက်ပြီ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် အဆုံးတွင် ဘုန်းတန်ခိုးဖြင့် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ဤကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ စိုးရိမ်ကြီးစွာခုခံမှုနှင့် သွေးထွက်သံယို ဖိနှိပ်မှုများကြားမှ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားတော်သည် လျှပ်စီး၏ အမြန်နှုန်းဖြင့် ပျံ့နှံ့နေဆဲဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို ဖယ်ရှားရန်နှင့် ဖျက်သိမ်းရန် တရုတ်ကွန်မြူနစ်ပါတီ၏ ကြံစည်မှုသည် ဆုံးရှုံးမှုဖြင့် အဆုံးသတ်သွား၏။ ဘုရားသခင်အား ခုခံသည့် ဆိုးယုတ်သော တပ်ဖွဲ့ ခပ်သိမ်းသည် ဘုရားသခင်၏ ခန့်ညားထည်ဝါကာ အမျက် ဒေါသထွက်သည့် စီရင်ချက်အကြား လုံးဝ ပျက်စီး ပြိုလဲသွား၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင် “ငါချစ်သောသူ အားလုံးသည် ဧကန်အမှန် ထာဝစဉ် တည်ရှိကြလိမ့်မည် ဖြစ်ပြီး၊ ငါ့အား အတိုက်အခံလုပ်သောသူ အားလုံးတို့မူကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝရ ခံကြရပေလိမ့်မည်။ အကြောင်းမူကား ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်ပြီး ငါသည် လူအားလုံးကို သူတို့ပြုခဲ့သော အရာများအတွက် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည် ဖြစ်ပြီး လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော်၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက် လူအမြောက်အမြားအပေါ် ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)) “ငါ၏နိုင်ငံတော်သည် စကြဝဠာတစ်ခွင်လုံး အထက်တွင် ရုပ်လုံးပေါ်လာနေပြီး ငါ၏ ပလ္လင်သည် သန်းရာပေါင်းများစွာသော လူတို့၏ နှလုံးသားများထဲ၌ နေရာယူ၏။ ကောင်းကင်တမန်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ငါ၏ ကြီးမြတ်သော ပြီးမြောက်အောင်မြင်ခြင်းသည် မကြာမီတွင် အကျိုးဖြစ်ထွန်းခြင်းသို့ ရောက်လိမ့်မည်။ ငါ၏ သားများနှင့် ငါ၏ လူများအားလုံးတို့သည် ငါ့အား ၎င်းတို့နှင့်အတူ ပြန်ပေါင်းစည်းဖို့၊ မည်သည့်အခါတွင်မျှ တစ်ဖန် မကွဲကွားတော့ဖို့ရန် တောင့်တရင်း၊ ငါ၏ ပြန်လာခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော် ကြလေသည်။ ငါ၏ ၎င်းတို့နှင့် အတူရှိခြင်းကြောင့် ငါ့နိုင်ငံတော်၏ များစွာသော လူထုသည် အချင်းချင်းဆီသို့ ပြေးပြီး ဝမ်းမြောက်မပြုဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ဤသည်မှာ မည်သည့် အဖိုးအခမှ ပေးရန် မလိုအပ်သော ပြန်လည်ပေါင်းစည်းခြင်းတစ်ခု ဖြစ်နိုင်သလော။ လူသားအားလုံးတို့၏ မျက်လုံးများထဲတွင် ငါသည် ဂုဏ်အသရေ ရှိသည်၊ အားလုံးတို့၏ စကားများတွင် ငါသည် ကြွေးကြော်ခြင်း ခံရသည်။ ထို့အပြင် ငါပြန်လာသည့်အခါ၊ ရန်သူ၏ အင်အားစု အားလုံးကို ငါသိမ်းပိုက်မည်။ အချိန်ကျရောက်လာလေပြီ။ ငါ၏အမှုတော်ကို ငါသည် စတင်ဆောင်ရွက်စေမည်၊ ငါသည် လူသားတို့အလယ် ရှင်ဘုရင်အဖြစ် စိုးစံမည်။ ငါသည် ပြန်လာမည့်ဆဲဆဲ ရှိ၏။ ပြီးလျှင် ငါသည် ထွက်ခွာတော့မတတ် ဖြစ်သည်။ ဤသည်မှာ အယောက်တိုင်း မျှော်လင့်နေသော အရာဖြစ်သည်၊ ၎င်းတို့ လိုလားသော အရာဖြစ်သည်။ ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံးအား ငါ၏ နေ့ရက် ဆိုက်ရောက်ခြင်းကို ရှုမြင်စေမည်ဖြစ်ပြီး၊ ၎င်းတို့အားလုံးသည် ငါ၏နေ့ရက် ရောက်လာခြင်းကို ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၇)) နိုင်ငံတော်၏ ဧဝံဂေလိတရား ပျံ့နှံ့သည်နှင့်အမျှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် ပို၍ ကြီးထွားလာကာ ယုံကြည်သူဦးရေသည် ရပ်စဲခြင်းမရှိဘဲ တိုးပွားနေသည်။ ယနေ့တွင် ယခင်တစ်ခါမျှ မဖြစ်ဖူးသည့်အတိုင်း အောင်မြင်နေ၏။ နောက်ဆုံးသော ကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်မှ ဖော်ပြခဲ့သော နှုတ်ကပတ်တော်သည် ထိုစဉ်အချိန်မှစ၍ ထောင်ပေါင်းများစွာသော အိမ်ထောင်စုများထံ ပျံ့နှံ့သွား၍ ပို၍ပို၍ များစွာသောသူတို့မှ လက်ခံနေကြသည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ၎င်း၏အမြင့်ဆုံး လုပ်ပိုင်ခွင့်နှင့် အာဏာတို့ကို ပြသခဲ့သည်။ ဤငြင်းဆို၍မရသော အချက်မှ သက်သေပြသည်မှာ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ဖြစ်မြောက်အောင်မြင်သည်။”
“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁) အစအဦး၌ ဘုရားသခင်သည် ကောင်းကင်များ၊ မြေကြီးနှင့် ၎င်းတို့တွင်ရှိသော အရာခပ်သိမ်းကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့ပြီး လူသားကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့၏။ နောက်ဆုံးသောကာလတွင်လည်း ဘုရားသခင်သည် အရာခပ်သိမ်းကို နှုတ်ကပတ်တော်အားဖြင့် အောင်မြင်၏။ ဘုရားသခင် ရွေးချယ်သောသူတို့အား စုံလင် စေခြင်းနှင့် ခရစ်တော်၏နိုင်ငံတော် ဖြစ်ပေါ်စေခြင်းတို့ နှစ်ရပ်လုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော် အားဖြင့် အောင်မြင်မည် ဖြစ်သည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှာ နှုတ်ကပတ်တော်အပေါ် ဘုရားသခင်၏အမှုတော်မှ ပေါ်ပေါက်လာပုံ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လမ်းညွှန်မှုမှ ပေါ်ပေါက်လာပုံနှင့် ၎င်းအပြင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်စွာ ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု၊ ဘာသာရေးအုပ်စုများရှိ အန္တိခရစ်တပ်များ၏ စိုးရိမ်ကြီးစွာ ပြစ်တင်ရှုတ်ချမှုနှင့် ဆန့်ကျင်မှု ပိုမိုကြီးထွားလာနေသည့်ကြားမှ အသင်းတော် ကြီးထွားနေသည်မှာ မည်သို့မျှ သူတမူ ထူးကဲနေခြင်း မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင် နှုတ်ကပတ်တော်၏ လုပ်ပိုင်ခွင့်နှင့် အာဏာကို အပြည့်အဝ ပြသခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော် ပေါ်လာခြင်း မရှိပါက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည်လည်း ရှိမည်မဟုတ်သည့်အပြင် ဘုရားသခင်မှ ဖော်ပြသည့် နှုတ်ကပတ်တော်များမရှိပါက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည်လည်း တည်ရှိမည် မဟုတ်ဟု ဆိုနိုင်ပါသည်။ ယနေ့တွင် ကိုယ်တော်ရှင်သည် ကိုယ်တော်ရှင် ဖော်ပြသည့် သန်းပေါင်းများစွာသော နှုတ်ကပတ်တော်များဖြင့် ကိုယ်တော်ရှင် ရွေးချယ်သူများကို ရေလောင်းခြင်း၊ အစာကျွေးခြင်းများ ပြုလုပ်နေကာ ကိုယ်တော်ရှင်၏ အမှုတော်ကို လက်ခံသူ ခပ်သိမ်းသည် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုကို ခံယူနေလျှက် လူသားတို့ကို ကယ်တင်သည့် ကိုယ်တော်ရှင်၏ အမှုတော်နှင့် တွေ့ကြုံခံစား နေကြပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက် အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသားအားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏မိန့်မြွက်ချက်များ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရုပ်သိမ်းခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ မိန့်မြွက်ချက်များအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက်တွင် ကျိုးကျိုးနွံနွံ နာခံစေသည်။ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိတ်ထက်သန်စွာနှင့် ဆာငတ်စွာ မစောင့်နေသနည်း။ အဘယ်သူသည် ငါ၏ နောက်တစ်ဖန်ပေါ်ထွန်းခြင်းကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို တောင့်တခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမြင်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ ကြီးစွာသော တန်ခိုး ပိုင်ဆိုင်သည့်သူ့ကို မကြည်ညိုသူ အဘယ်သူနည်း။ ငါ၏ မိန့်မြွက်ချက်များကို ကမ္ဘာအနှံ့ ဖြန့်ချိမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ ငါ ရွေးချယ်ထားသော လူများအား နှုတ်ကပတ်တော်များကို ပိုမို မိန့်မြွက်ပြီး ပို၍ ပြောကြားမည်။ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ်အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် လူသားအနေဖြင့် ခွဲခွာရရန် ရွံမုန်းသည်အထိ ဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် လူသားအဖို့ မတွေးတတ်အောင် နက်နဲခြင်းလည်း ရှိသည့်အပြင် လူသားတို့အား ဝမ်းမြောက်ခြင်းကို ခံစားရစေသည်။ လူသားအားလုံးသည် မွေးကင်းစကလေးငယ်များ ကဲ့သို့ ဝမ်းမြောက်ကာ ပျော်ရွှင်ပြီး ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုကြလေသည်။ ငါ၏ မိန့်မြွက်ချက်များအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်ဖြစ်ပြီး လူသားတို့သည် ငါ့ကိုလာရောက် ဂါရဝပြုပူဇော်အောင် လုပ်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကိုလည်းကောင်း၊ ငါသည် အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့လည်း ဆင်းသက်ပြီး ဖြစ်သည်ကိုလည်းကောင်း၊ ငါသည် ကမ္ဘာမြေပေါ်သို့ ကြွလာခဲ့သည်မှာ ကြာပြီဖြစ်သည်ကိုလည်းကောင်း၊ ငါသည် ယုဒလူမျိုးတို့၏ သားမဟုတ်တော့ဘဲ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ဖြစ်သည်ကိုလည်းကောင်း ဖြစ်စေမည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက် ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့သောကြောင့်ဖြစ်သည်။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ထိုထက်ပို၍ပင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေပြီး ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမြော်စေလော့၊ ငါ၏ မိန့်မြွက်ချက်များကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ တိုင်းနိုင်ငံအမြောက်အမြား ငါ့ထံလာ၍ ဂါရဝပြုရန်၊ နှုတ်ခမ်းအမြောက်အမြား ငါ့ကို အသိအမှတ်ပြုရန်၊ လူအမြောက်အမြားက ငါ့အပေါ် ယုံကြည်ကိုးစားမှု ထားရှိကြရန်နှင့် ငါရွေးချယ်ထားသော လူအမြောက်အမြားသည် ငါ့ကို အရှုံးပေးအပ်နှံရန်တို့ဖြစ်သည့် ဤအရာမှာ ငါ၏ရည်ရွယ်ချက် တစ်ခုလုံးဖြစ်သည်။ ယင်းမှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်သည့်အပြင် ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းခြင်း) ဘုရားသခင်မှ ရွေးချယ်သူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ကြီးစွာသော ကယ်တင်ခြင်းကို လက်ခံရရှိခဲ့ပြီ ဖြစ်သည်။ တရုတ်ပြည်မရှိ ဘုရားသခင်၏ အမှုတော်သည် အဆုံးတွင် ဘုန်းတန်ခိုးတော်ဖြင့် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ယခု ဘုရားသခင် ရွေးချယ်သူများသည် နိုင်ငံခပ်သိမ်းနှင့် နေရာခပ်သိမ်းတွင် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော် ကို ဖြန့်ဖြူးလျှက် ကိုယ်တော်ရှင်၏ အမှုတော်များအကြောင်း သက်သေခံလျှက်ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်ဖြစ်ပြီး ကိုယ်တော်ရှင်သည် မကြာမီ နိုင်ငံခပ်သိမ်းနှင့် လူမျိုးခပ်သိမ်းအတွက် လူသိရှင်ကြား ပေါ်ထွက်လာမည် ဖြစ်သည်။ လူသိရှင်ကြားပေါ်ထွက်ရန် ၎င်းတို့ တမ်းတနေသည့် ဘုရားသခင်သည် တရုတ်ပြည်သို့ လျှို့ဝှက်စွာ ဆင်းသက်ခဲ့ပြီး သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်းအမှုတော် အဆင့်တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီ ဖြစ်ကြောင်းကို ဘုရားသခင်ပေါ်ထွက်ရန် တမ်းတသူ နိုင်ငံခပ်သိမ်းနှင့် နေရာခပ်သိမ်း၏ ပြည်သူများ စိတ်ကူးပင်ယဉ်မိမည် မဟုတ်ပါ။
နောက်ဆုံးသောကာလတွင် ခေတ်ကာလကုန်ဆုံးခါနီး၌ ဘုရားသခင်သည် လူ့ဇာတိကိုခံယူကာ အဆင်းနီသော နဂါးကြီး နေထိုင်ရာနေရာနှင့် အုပ်စိုးသူ အာဏာရှင်များ စုရုံးရာ ခမ်းနားသည့် နေရာဖြစ်သော ဘုရားမဲ့ဝါဒကို အခိုင်အမာ ယုံကြည်သည့်ခံတပ်ကြီး တရုတ်နိုင်ငံသို့ လျှို့ဝှက်စွာဆင်းသက်၏။ ကိုယ်တော်ရှင်၏ မြောက်များစွာသော ဉာဏ်အမြော်အမြင်နှင့် တန်ခိုးအားဖြင့် ဘုရားသခင်သည် စာတန်ကို တိုက်ခိုက်၍ စာတန်ကို လုံးဝအောင်နိုင်ရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ကိုယ်တော်ရှင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဓိကအမှုတော်ကို ဆောင်ရွက်၏။ သို့ရာတွင် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အကြောင်းရင်း မခိုင်လုံသော စွပ်စွဲချက်များ၊ ပြစ်တင်ရှုတ်ချခြင်း၊ လီဆယ်ခြင်းနှင့် အသရေဖျက်ခြင်း တို့ကြောင့် အချက်အလက်မသိသူ အများအပြားသည် တရုတ်ကွန်မြူနစ်ပါတီ၏ ကောလာဟလများကို ယုံကြည်ကြ၏။ အထူးသဖြင့် ဘာသာရေးအုပ်စုများသည် ယနေ့တိုင်အောင် ဆက်လက်၍ ဘုရားသခင် ကြွလာတော်မူခြင်း အကြောင်းကို ပြစ်တင်ရှုတ်ချကာ စော်ကားပြောဆို၍ ဘုရားသခင်၏ အမှုတော်ကို ခုခံရန် ဘုရားမဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရဘက်မှ လုံးဝရပ်တည်၏။ မည်မျှဝမ်းနည်းစရာ ကောင်းလိုက် သနည်း။ ၎င်းတို့ခုခံသည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန်ပြန်ကြွလာသည့် သခင်ယေရှုပင် အတိအကျ ဖြစ်မည်ဟု ထိုသူတို့ မည်သည့်အခါမျှ မျှော်လင့်ထားခြင်း မရှိပါ။ ဘုရားသခင်သည် လူသိရှင်ကြား ပေါ်ထွက်လာသည့်အခါ ထိုသူတို့သည် အံသွားကြိတ်ခဲလျှက် ရင်ဘတ်ထုကာ ငိုကြွေး ကြမည်သာဖြစ်သည်။ ဤသည်မှာ ဗျာဒိတ်ကျမ်း၏ နှုတ်ကပတ်တော်များကို အပြည့်အဝ ဖြည့်ဆည်းပေး၏- “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။” (ဗျာဒိတ်ကျမ်း ၁:၇) အဆုံးတွင် ဖြူသောပလ္လင်ကြီး၏ စီရင်ချက်ကား စတင်ပြီဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “နိုင်ငံတော်တွင် ဖန်ဆင်းခြင်းနှင့်သက်ဆိုင်သည့် အသင်္ချေများလှသော အရာများသည် စတင်နိုးထလာကြပြီး၊ ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည်လည်း စတင် ရွေ့လျားလာကြသည်။ ကုန်းမြေသည် ကုန်းမြေမှ ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် နိုင်ငံတစ်နိုင်ငံချင်းစီကို တစ်စစီဖြစ်အောင် ချေမှုန်းပစ်မည့် အချိန်လည်းဖြစ်သည်ဟု ယခင်က ငါသည် ပရောဖက်ပြုခဲ့ဖူးသည်။ ဤအချိန်တွင် ငါသည် ဖန်ဆင်းခံ လောကတစ်ခုလုံးကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည် ပိုင်းကန့်မည် ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို အစီအစဉ်တကျ ဖြစ်စေမည် ဖြစ်ပြီး၊ ဟောင်းသောအရာကို ပြောင်းလဲကာ အသစ် ဖြစ်စေမည်။ ဤသည်မှာ ငါ၏အစီအစဉ် ဖြစ်ပြီး ဤအရာများမှာ ငါ၏အမှုများပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံချင်းစီနှင့် ငါ ရွေးချယ်ထားသော လူတစ်ဦးချင်းစီသည် ငါ၏ ပလ္လင်တော်ရှေ့မှောက်သို့ ပြန်လာသောအခါတွင် လူ့လောကထံ ကောင်းကင်ဘုံ၏ ရက်ရောမှုအားလုံးကို ယင်းနှင့်အတူ ပေးအပ်မည်ဖြစ်သည်၊ ဤသို့ဖြင့် ထိုလောကသည် ငါ့ကြောင့် အတုမရှိသော ရက်ရောမှုဖြင့် ပြည့်လျှံမည်။ ကမ္ဘာလောကဟောင်း တည်ရှိစဉ်တွင် နိုင်ငံတစ်နိုင်ငံချင်းစီအပေါ် ငါ၏အမျက်ဒေါသကို လွှတ်ထုတ်ကာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်ခုလုံးထံ လူသိရှင်ကြား ထုတ်ပြန်ကြေညာမည်ဖြစ်သည့်အပြင် ယင်းတို့ကို ဖောက်ဖျက်သည့်သူ မည်သူမဆိုသည် ပြစ်တင်ဆုံးမခြင်းခံရလိမ့်မည်။
စကြဝဠာတစ်ခုလုံးကို ငါစကားပြောသည့်အခါတွင် လူအားလုံးသည် ငါ၏ အသံတော်ကို ကြားကြသည်၊ ဆိုလိုသည်မှာ လူအားလုံးသည် စကြဝဠာတစ်ခုလုံးတွင် ငါဆောင်ရွက်ပြီးဖြစ်သည့် လုပ်ဆောင်ချက်များအားလုံးကို မြင်ကြလေသည်။ ငါ၏ ရည်ရွယ်ချက်များကို ဆန့်ကျင်သည့်သူများ၊ တစ်နည်းအားဖြင့် ဆိုသော် ငါ့အား လူ၏ လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည် ငါ၏ ပြစ်တင်ဆုံးမခြင်းအလယ်တွင် ပြိုလဲလိမ့်မည်။ ကောင်းကင်ဘုံတွင် မြောက်မြားလှစွာသော ကြယ်များကို ငါ အသစ်လဲမည်။ ငါ့ကြောင့် နေနှင့် လတို့သည် အသစ်လဲခြင်း ခံရလိမ့်မည်၊ ကောင်းကင်သည် ယခင်ကဲ့သို့ ဖြစ်တော့မည် မဟုတ်။ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည် အသစ်လဲခြင်း ခံရလိမ့်မည်။ ဤအရာအားလုံးသည် ငါ၏နှုတ်ကပတ်တော်များကြောင့် ဖြစ်မြောက်လိမ့်မည်။ စကြဝဠာအတွင်းရှိ နိုင်ငံအားလုံးသည် အသစ်တစ်ဖန် ပိုင်းခြားကန့်သတ်ခြင်းခံရမည် ဖြစ်ပြီး ငါ့နိုင်ငံတော်၏ အစားထိုးခြင်းကို ခံရလိမ့်မည်၊ ဤသို့ဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများသည် ထာဝရ ကွယ်ပျောက်သွားမည်ဖြစ်ပြီး ငါ့ကို ကိုးကွယ်သည့် နိုင်ငံတော်တစ်ခုတည်းသာ ရှိလိမ့်မည်။ ကမ္ဘာ၏ နိုင်ငံများအားလုံးသည် ဖျက်ဆီးခြင်း ခံရမည်ဖြစ်ကာ တည်ရှိတော့မည်မဟုတ်ပေ။ စကြဝဠာအတွင်းရှိ လူသားများတွင် နတ်ဆိုးများနှင့်ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ စာတန်ကို ကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးအလယ်တွင် ပြိုလဲကြလိမ့်မည်။ ဆိုလိုသည်မှာ ယခု ရေစီးကြောင်း အတွင်း၌ရှိသော သူများမှလွဲ၍ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူတစ်ဦးချင်းစီကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးအသိုင်းအဝိုင်း၌ ရှိသော သူတို့သည် အတိုင်းအတာ အမျိုးမျိုးဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ၏ လုပ်ဆောင်ချက်များအားဖြင့် သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ‘ဖြူသောမိုးတိမ်ကိုစီးလျက်ရှိသော သန့်ရှင်းသောသူ’ သည် ရောက်ရှိလာပြီးဖြစ်ကြောင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်းခံရမည် ဖြစ်ပြီး သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းအမျိုးမျိုးကို ခံကြရမည်။ ငါ့ကို အတိုက်အခံလုပ်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ ပြုမူခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် တိုင်းနိုင်ငံအသင်္ချေနှင့် လူအသင်္ချေတို့ထံသို့ ငါ ပေါ်ထွန်းမည် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူတို့အားလုံး ဤအရာကို သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြဖို့ ခွင့်ပြုရန်အလို့ငှာ ငါကိုယ်တော်တိုင်၏ အသံတော်ကို ဖော်ပြမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)) လူသားမျိုးနွယ်၏ ရာဇဝင်တွင် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကာ စိုးရိမ်ကြီးစွာ ခုခံသူတို့ကို ဘုရားသခင်မှ ဖျက်ဆီးကြောင်း ကျွန်ုပ်တို့တွေ့ရ၏။ လွန်ခဲ့သည့် နှစ်ပေါင်းလေးထောင်က ၎င်းတို့၏ ဝမ်းနည်းဖွယ်ကောင်းသည့် အပြစ်များကြောင့် သောဒုံနှင့် ဂေါမောရမြို့များတွင် ဘုရားသခင်ကောင်းကင်မှ စေလွှတ်လိုက်သည့် ကန့်နှင့်မီး၏ လောင်ကျွမ်းခြင်း ခံခဲ့ရသည်။ အလားတူစွာပင် ရောမအင်ပါယာသည်လည်း သခင်ယေရှုအပေါ် ၎င်း၏ခုခံမှုနှင့် ပြစ်တင် ရှုတ်ချမှု၊ ခရစ်ယာန်များအပေါ် ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် ဘုရားသခင်ထံမှ ကပ်ဘေးတို့နှင့် ဖျက်ဆီး ခံခဲ့ရသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ၍ ခုခံသည့် မည်သည့် ဆိုးယုတ်သော အင်အားစုမဆိုသည် ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် ဖျက်ဆီးခြင်း ခံရမည်မှာ သေချာသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား အတိအကျပင်ဖြစ်၏။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။...ငါ့အလင်း၏ လမ်းပြမှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လက်ခုပ်တွင်းမှ ထိုးဖောက်ကျော်လွှားလိမ့်မည်။ အမှောင်ထု၏ အလယ်တွင် အလင်း၏ လမ်းပြမှုကို သင်တို့ သေချာပေါက် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အရာခပ်သိမ်း၏ အရှင်သခင်များ သေချာပေါက် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ ကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်မှု၏ သက်သေအဖြစ် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် သေချာပေါက် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် သေချာပေါက် ခိုင်မာစွာ ရပ်တည်ပြီး မယိမ်းယိုင်ဘဲ ရှိကြလိမ့်မည်။ သင်တို့ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခများကြောင့် သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး စကြဝဠာ တစ်ခွင်လုံးတွင် ငါ၏ ဘုန်းအသရေ အလင်းကို သေချာပေါက် တောက်ပစေကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) “အမှု၏ အဆင့်သုံးဆင့် အဆုံးသတ်သို့ ရောက်လာသည့်အခါ၊ ဘုရားသခင်အဖို့ သက်သေခံသူများ အုပ်စု၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤလူအားလုံးသည် ဘုရားသခင်ကို သိလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ပိုင်ဆိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း အမှု၏ အဆင့်သုံးဆင့်ကို ၎င်းတို့အားလုံး သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင် ပြီးမြောက်မည့် အမှုဖြစ်ပြီး၊ ဤလူတို့သည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု၏ ပုံဖော်ချက် ဖြစ်ကြသကဲ့သို့၊ စာတန်၏ အဆုံးစွန် ရှုံးနိမ့်မှုအဖို့ အားအကောင်းဆုံးသော သက်သေခံချက် ဖြစ်၏။ ဘုရားသခင်အဖို့ သက်သေခံနိုင်သူများသည် ဘုရားသခင်၏ကတိတော်နှင့် ကောင်းချီးမင်္ဂလာ တို့ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ တကယ့် အဆုံးတွင် ကျန်ရှိသည့်အုပ်စု၊ ဘုရားသခင်၏ ဩဇာအာဏာကို ပိုင်ဆိုင်ပြီး ဘုရားသခင်အဖို့ သက်သေခံသည့် အုပ်စု ဖြစ်လိမ့်မည်။ သင်တို့အလယ် ရှိသူတို့အားလုံး သို့မဟုတ် တစ်ဝက်သည်သာ သို့မဟုတ် အနည်းငယ်သာလျှင် ဤအုပ်စု၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်ကောင်း ဖြစ်လာနိုင်ပေမည်။ ယင်းမှာ သင်တို့၏အလိုနှင့် သင်တို့၏ လိုက်စားခြင်းအပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အောင်မြင်ပြီး ထိုအောင်မြင်သောအရာသည် အစဉ်တည်လိမ့်မည်။ နိုင်ငံတော်၏ အနာဂတ်သည် တောက်ပ၍ ရှုမောဖွယ်ကောင်း၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရုတ်ပြည်မတွင် အောင်နိုင် ခဲ့သူများ အုပ်စုတစ်စု ဖွဲ့ပြီးဖြစ်သည်။ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်သည် အောင်မြင် ခဲ့ပြီဖြစ်၏။ တရုတ်ပြည်တွင် လျှို့ဝှက်ကြွရောက်သည့် ကာလအတွင်း ဘုရားသခင်မှ အစမ်းဆောင်ရွက်ခဲ့ သည့် အမှုတော်သည် ဘုန်းအသရေဖြင့် ပြီးဆုံးခဲ့ပြီး၊ ကိုယ်တော်ရှင်သည် မကြာမီတွင် နိုင်ငံခပ်သိမ်းနှင့် နေရာခပ်သိမ်းတွင် လူသိရှင်ကြား ပေါ်ထွက်လာမည်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ရွေးချယ်ခံရသူများသည် ဘုရားသခင်မှ တရုတ်ပြည်တွင် ဖွဲ့စည်းခဲ့သော အောင်နိုင်သူများ အုပ်စု ဖြစ်သည်။ သန့်ရှင်းသော သာသနာ့ တာဝန်ယူလျှက် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို သက်သေခံနေကာ နိုင်ငံခပ်သိမ်းနှင့် နေရာခပ်သိမ်းတွင် ဘုရားသခင်၏ သန့်ရှင်းသောနာမကို ကြွေးကြော် နေကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် ကမ္ဘာအနှံ့ အလျင်အမြန် ပြန့်ပွားနေ၏။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ သည် နိုင်ငံခပ်သိမ်းနှင့် နေရာခပ်သိမ်းမှ ရှာဖွေစုံစမ်းနိုင်ရန် အင်တာနက်တွင် လွယ်ကူလွတ်လပ်စွာ ရရှိနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ကြောင်းကို မည်သူမျှ မငြင်းဆန်ရဲပါ။ ထို့အပြင် ၎င်းတို့သည် သမ္မာတရား ဖြစ်ကြောင်း ကိုလည်း မည်သူမျှ မငြင်းဆန်ရဲပါ။ သမ္မာတရားကို ဆာငတ်မွတ်၍ အလင်းကို တမ်းတသော သာ၍ သာ၍ များသောသူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေ စုံစမ်း လျှက်ရှိကြ၏။ သာ၍ သာ၍များသော သူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ထံ ပြန်လာသည်နှင့်အမျှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ကို ကမ္ဘာတစ်ဝန်း အဓိကနိုင်ငံကြီးများနှင့် ဒေသ ဒါဇင်ပေါင်း များစွာတွင် တည်ထောင်ခဲ့ပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အကြား တဖြည်းဖြည်း နိုးထလာ၍ သမ္မာတရားကို စတင်လက်ခံ၍ သိလာကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် သည် လူသားမျိုးနွယ် ခပ်သိမ်းကို ဦးဆောင်၍ အရာခပ်သိမ်းကို အောင်မြင်မည်ဖြစ်သည်။ ဘုရားသခင်ကို အမှန်စင်စစ် ယုံကြည်ကာ စစ်မှန်သော လမ်းခရီးကို ရှာဖွေသူတို့သည် ဘုရားသခင်ထံ ပြန်လာကာ ကိုယ်တော်ရှင်၏ ပလ္လင်တော်ရှေ့တွင် နာခံမည်မှာ သေချာပြီး လူသားတစ်ရပ်လုံးသည် ဘုရားသခင် ကြွလာကာ ပေါ်ထွက်လာခဲ့ကြောင်းကို သိကာ ကိုယ်တော်ရှင်၏ နာမသည် လူသားမျိုးနွယ်အားလုံးအကြား ဧကန်အမှန်ပင် ကြီးမြတ်လိမ့်မည်ကို သိကြမည် ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
တရုတ်နိုင်ငံသည် အဆင်းနီသော နဂါးကြီး နေထိုင်ရာ တိုင်းပြည်ဖြစ်ကာ သမိုင်းတစ်လျှောက် ဘုရားသခင်အပေါ် အပြင်းထန်ဆုံး ခုခံ၍ ရှုတ်ချသည့်...
၁၉၉၅ ခုနှစ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားတော်ကို သက်သေခံခြင်းအမှုသည် တရုတ်ပြည်မတွင် စနစ်တကျစတင်ခဲ့၏။ ဘုရားသခင်အပေါ်...
သခင်ယေရှုခရစ်တော်နောက်သို့ လိုက်သည့် သန်းရာပေါင်းများစွာသော အခြားသူများကဲ့သို့ပင် ငါတို့သည် ကျမ်းစာ၏ ပညတ်တရားများနှင့် ပညတ်တော်များကို...
နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အမှုဆောင်ရန် တရုတ်ပြည်တွင် လူ့ဇာတိကိုခံယူခဲ့၍ နှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြခဲ့ကာ...