အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော် မည်သို့ပေါ်ပေါက်လာသနည်း။

29.08.2018

ခရစ်ယာန် အသင်းတော်များကဲ့သို့ပင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှာ ဘုရားသခင်၏အမှုသည် ဇာတိပကတိခံယူသည့်အတွက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။ သခင်ယေရှု ရုပ်သွင်နှင့် အမှုတို့ ဇာတိပကတိ ခံယူသည့်အတွက်ကြောင့် ခရစ်ယာန် အသင်းတော်များ ပေါ်ပေါက်လာ၏။ ထို့အပြင် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ရုပ်သွင်နှင့် အမှုတို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ပေါ်ပေါက်လာခြင်းဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ ရုပ်သွင်နှင့် အမှုတို့ ဇာတိပကတိ ခံယူသဖြင့် ခေတ်ကာလအဆက်ဆက်ရှိ အသင်းတော်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှုပြုဖို့လူ့ဇာတိခံယူသည့် အကြိမ်တိုင်းတွင် သမ္မာတရားများစွာကို ဖော်ပြကာ၊ ဘုရားသခင်ဖော်ပြသော သမ္မာတရားများကြောင့် များစွာသော လူတို့သည် ဘုရားသခင်ကို လက်ခံ၍ ဘုရားသခင်နောက် လိုက်လာကြရာမှ အသင်းတော်များ ပေါ်ပေါက်လာ၏။ ဘုရားသခင်၏အမှုကို လက်ခံ၍ ဘုရားသခင်နောက်သို့ လိုက်သော သူများကြောင့် အသင်းတော်များ ဖွဲ့စည်းခဲ့သည်ကို ဤသည်မှ တွေ့နိုင်၏။ ဘုရားသခင် ရွေးချယ်သူတို့ ဤသို့အတူတကွ စုရုံးခြင်းကို အသင်းတော်ဟု ခေါ်၏။ လွန်ခဲ့သော အနှစ်နှစ်ထောင်က လူ့ဇာတိခံယူသော သခင်ယေရှု၏ ရုပ်သွင်နှင့် အမှုတို့ကြောင့် ခရစ်ယာန် အသင်းတော်များ ပေါ်ထွက်လာ၏။ သခင်ယေရှု ဟောကြားသည်မှာ “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(မဿဲ ၄:၁၇) ထို့နောက် သူသည် ရွေးနုတ်ခြင်းအမှု ဆောင်ရွက်၍ ကျေးဇူးတော်ကာလရှိ လူတို့ လက်တွေ့ကျင့်သုံးကာ ဆောင်ရွက်ရမည့် သမ္မာတရားများကို ထုတ်ဖော်ပြောဆို၏။ ထိုအခါ များစွာသောလူတို့ သခင်ဘုရားကို စတင်ယုံကြည်ကာ နောက်သို့ လိုက်ကြသဖြင့် ထိုအချိန်က အသင်းတော်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၎င်းနောက်တွင် နိုင်ငံခပ်သိမ်း၊ နယ်မြေခပ်သိမ်းသို့ သခင်ယေရှု၏ ဧဝံဂေလိတရား ပျံ့နှံ့သွား၍၊ နောက်ဆုံးသောကာလအထိ ကမ္ဘာဆုံးတိုင်အောင် ပျံ့နှံသွားကာ ခရစ်ယာန်အသင်းတော်များ နိုင်ငံတိုင်းတွင် ပေါ်ထွက်လာခဲ့၏။ ၎င်းတို့မှာ ကျေးဇူးတော်ကာလ၏ အသင်းတော်များဖြစ်၏။ နောက်ဆုံးသောကာလ၏ နောက်ဆုံးအဆင့်များတွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရုတ်ပြည်မတွင် ပေါ်ထွက်လာကာ အမှုထမ်းဆောင်၏။ ကျေးဇူးတော် ကာလ သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို အခြေခံ၍ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျမ်းစာတွင် ကြိုတင်ဟောထားသည့် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်(၁ပေ ၄:၁၇) အမှုကို ထမ်းဆောင်၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အား လူသားမျိုးနွယ် ခပ်သိမ်းကို ထုတ်ဖော်ပြကာ လူသားမျိုးနွယ်ကို သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းအတွက် ခပ်သိမ်းသော သမ္မာတရားကို ထုတ်ဖော်ပြောဆို၏။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင် ရုပ်သွင်နှင့် သူ၏အမှုတို့ကြောင့် ဘာသာရေးလောက၏ ဂိုဏ်းဂဏတိုင်းမှ များစွာသောလူတို့၊ နှစ်ပေါင်းများစွာ သခင်ဘုရားကို ယုံကြည်ခဲ့သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ အသံကိုကြား၍ ယေရှုခရစ် ကြွလာကာ နောက်ဆုံးသောကာလ၏ စီရင်ခြင်းအမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း တွေ့ခဲ့ကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန် ပြန်လာသော သခင်ယေရှု ဖြစ်ကြောင်းကို ၎င်းတို့အတည်ပြုခဲ့ပြီး၊ ထိုသို့ အတည်ပြု ခြင်းကြောင့် ၎င်းတို့သည် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုကို လက်ခံခဲ့ကြ၏။ တရုတ်ပြည်မတွင် အနည်းဆုံး လူသန်းပေါင်းအချို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကာ ယခုနောက်သို့ လိုက်ကြ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် အနန္တတန်ခိုးရှင် ဘုရားသခင် ရုပ်သွင်နှင့် သူ၏အမှုတို့၏ ရလဒ်လုံးဝဖြစ်၏။ ထိုအသင်းတော်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တိုင် တည်ထောင်ကာ မည်သည့်လူသားမျှ တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်၊ တဖန်ကြွလာသော သခင်ယေရှုနှင့် ဘုရားသခင်၏ရုပ်သွင် ဖြစ်ကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ရှိ ခရစ်ယာန်တိုင်း အပြည့်အဝသိကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ခရစ်ယာန်များသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏နာမကို ဆုတောင်းကြ၏။ ထိုသူတို့ ဖတ်ရှု၊ နားထောင်ကာ ဆွေးနွေးသည့် အရာများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်၍ ၎င်းတို့ကိုင်စွဲထားသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်မှ ထုတ်ဖော်ပြောကြားသည့် သမ္မာတရားများ ဖြစ်ပါသည်။ ဤသမ္မာတရားများသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်မှ ယူဆောင်လာသည့် ထာဝရအသက်၏ လမ်းခရီး ဖြစ်၏။ သခင်ယေရှု အမှုဆောင်စဉ်က တမန်တော်ဆယ့်နှစ်ပါးကို ကိုယ်တိုင်ရွေးချယ် ခန့်အပ်သကဲ့သို့- ဘုရားသခင်၏ အမှုတွင်ကူညီရန် ဘုရားသခင်၏ အမှုတွင် အသုံးပြုခဲ့သော လူသားကို နောက်ဆုံးသောကာလ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကိုယ်တိုင်ခန့်အပ်ကာ သက်သေခံခြင်းလည်း ပြုခဲ့သည်။ သို့ရာတွင် ဘုရားသခင် အသုံးပြုသော ထိုသူတို့သည် ဘုရားသခင်၏အမှုတွင် ကူညီရုံသာကူညီ၍ ဘုရားသခင်၏ကိုယ်စား အမှုဆောင်နိုင်စွမ်း မရှိကြပါ။ အသင်းတော်များမှာ ထိုသူတို့ တည်ထောင်ထားခြင်း မဟုတ်ပါ။ ထို့အပြင် ဘုရားသခင် ရွေးချယ်သူများမှ ယုံကြည်ကာ နောက်သို့လိုက်သူမှာ ဘုရားသခင်မှ အသုံးပြုသောသူများ မဟုတ်ပါ။ ကျေးဇူးတော်ကာလ၏ အသင်းတော်များသည် ရှင်ပေါလုနှင့် အခြားတမန်တော်များ တည်ထောင်ခဲ့ခြင်း မဟုတ်ဘဲ သခင်ယေရှု၏အမှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့ကို သခင်ယေရှုကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အလားတူပင် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည်လည်း ဘုရားသခင်မှ အသုံးပြုသောလူမှ တည်ထောင်ခဲ့ခြင်း မဟုတ်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တိုင် တည်ထောင်ခဲ့ခြင်း၊ ကိုယ်တိုင် လမ်းပြခဲ့ခြင်းဖြစ်၏။ ဘုရားသခင် အသုံးပြုသောလူသည် ၎င်း၏တာဝန်ကို ဆောင်ရွက်လျှက် အသင်းတော်များကို ရေလောင်းရုံ၊ ကျွေးမွေးရုံနှင့် လမ်းပြရုံသာ ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသူများသည် ဘုရားသခင် အသုံးပြုသူ၏ လမ်းပြပို့ဆောင်ခြင်း၊ ရေလောင်းခြင်းနှင့် ကျွေးမွေးခြင်းကို ခံရသော်လည်း ဘုရားသခင်မှ ရွေးချယ်ထားသူများ ယုံကြည်ကာ နောက်သို့လိုက်သူမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်၏။ ဤအချက်ကို မည်သူမျှ မငြင်းနိုင်ကြ။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်ရှိ အများစုသည် ကွဲပြားသော ဂိုဏ်းဂဏများမှ ဖြစ်ကြပြီး သခင်ဘုရားကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ထိုသူတို့အားလုံး ကျမ်းစာကို နားလည်၍ ၄င်းဂိုဏ်းဂဏများတွင် ထိုသူတို့သည် သခင်ယေရှု ကြွလာခဲ့ပြီး ဖြစ်ကြောင်း၊ သူသည် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ကြောင်းနှင့် နောက်ဆုံးသောကာလ စီရင်ခြင်းအမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သက်သေခံကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အသံဖြစ်ကြောင်းကို တွေ့ခြင်း၏ ရလဒ်အဖြစ် များစွာသောလူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံလာကြသည်။ ထိုသူတို့သည် ဘုရားသခင်ရှေ့မှောက် ပထမဆုံး ချီဆောင်ခြင်းခံရသူများ အုပ်စုဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏နာမကို လက်ခံသော ခရစ်ယာန်များ၊ ဘရင်ဂျီများနှင့် အခြားသော ဂိုဏ်းဂဏမှ လူတို့မှ မွေးဖွားလာခြင်း ဖြစ်သည်။ ယနေ့ ဂိုဏ်းဂဏအမျိုးမျိုးမှ လူအများစုသည် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုကို စတင်စုံစမ်းကြပြီဖြစ်ကာ “ပြီးလျှင် ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။(ဟေရှာယ ၂:၂) ဟူသည့် ကျမ်းစာတွင် ရှေးမဆွက ကြိုတင်ဟောကြားချက်ကို ဖြည့်ဆည်းနေပြီ ဖြစ်သည်။ အဆုံးတွင် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူ ခပ်သိမ်းသည် အနန္တတန်ခိုးရှင် ဘုရားသခင်ထံ တဖန် ပြန်သွားကြမည် ဖြစ်သည်။ ဤသည်ကို ရှောင်လွှဲ၍မရပါ။ အကြောင်းမူကား ဤသည်ကို ဘုရားသခင်စီစဉ်ထားသည်မှာ ကြာပြီဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမိန့်ဖြစ်၍ မည်သူမျှ ပြောင်းလဲ၍မရပါ။ “ငါ၏ လူတို့သည် ငါ၏ အသံကို သေချာစွာ နားထောင်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်ကြသူများထဲမှ အယောက်တိုင်းသည် ငါ၏ ပလ္လင်ရှေ့သို့ အသေအချာ ပြန်လာကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁))

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟူသည့် အမည်နာမခံယူသနည်း။

အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တဖန်ကြွလာသော သခင်ယေရှုဖြစ်သဖြင့်၊ နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကိုဆောင်ရွက်ရန်...

အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ဆူတည်းသော ဘုရားသခင်ေလာ။

လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့်အခါ ဘုရားသခင်သည် လူသား မျိုးနွယ်ကို ကယ်တင်ရန် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို စတင်ခဲ့၏။...

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့အကြား ကွာခြားချက်မှာ မည်သည့်အရာနည်း။

ခရစ်ယာန်ဘာသာနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်တို့ ယုံကြည်သည့် ဘုရားသခင်မှာ အတူတူပင်ဖြစ်၏။ ဣသရေလလူမျိုးတို့၏ ဂျူးဘာသာတရားသည်...

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ အခြေခံယုံကြည်ချက်များ

(၁) အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်၏ သက်ဝင်ယုံကြည်မှုဝါဒများ ခရစ်ယာန်ဘာသာ၏ သက်ဝင်ယုံကြည်မှုဝါဒများ၏ အရင်းခံမှာ သမ္မာကျမ်းစာဖြစ်၍...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။