၂၉။ အရာရှိတစ်ဦး၏ နောင်တ
အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောပါသည်၊ “ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ယခုအချိန်ထိ၊ သူ၏အမှု၌ ဘုရားသခင် လုပ်ဆောင်ပြီးသမျှအားလုံးသည် လူသားအတွက် မည်သည့်မုန်းတီးခြင်းမျှ မရှိဘဲ၊ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သင်တွေ့မြင်ပြီးဖြစ်သည့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပင် သာ၍မှန်ကန်ပြီး သာ၍စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ လူ့ဘဝ၏ မှန်သောလမ်းကြောင်းပေါ်သို့ လူတို့ကို ဦးဆောင်လမ်းပြသော ချစ်ခြင်းမေတ္တာ ဖြစ်ပေသည်။...လူတို့သည် မည်သို့ အသက်ရှင်ရမည်ကို မသိကြသည့်အပြင် လမ်းပြမှုမရှိဘဲ သင်သည် အနှစ်မဲ့သော အသက်တာများကိုသာ အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး သင်၏ အသက်တာသည် တန်ဖိုး သို့မဟုတ် အဓိပ္ပာယ် ကင်းမဲ့လိမ့်မည်ဖြစ်ကာ၊ ပုံမှန်လူတစ်ဦးဖြစ်ခြင်းငှာ သင် လုံးဝ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သည့်အတွက်၊ လူတို့အနေဖြင့် သာမန်လူများအဖြစ် အသက်ရှင်နိုင်ကြဖို့အလို့ငှာ၊ သူလုပ်ဆောင်ပြီးသမျှ အမှုအားလုံးသည် လူတို့ကို လူ့အသက်တာ၏ မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ ဤသည်မှာ လူသားကို သိမ်းပိုက်ခြင်း၏ အနက်ရှိုင်းဆုံးသော အရေးပါမှုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)) ဘုရားသခင်၏ဤနှုတ်ကပတ်တော်များသည် ကျွန်တော့်အတွက် အလွန် တို့ထိခြင်းခံရပြီး ကျွန်တော့်အတွက် သူ၏ကယ်တင်ခြင်းနှင့် ပတ်သက်၍ ကျွန်တော် မတွေးဘဲ မနေနိုင်ခဲ့ပါ။
ကျွန်တော်က ကျေးလက်ဒေသမှာ မွေးပါသည်။ မိဘများက ရိုးသားပြီး အလုပ်ကြိုးစားသည့် လယ်သမားများဖြစ်ကြသည်။ ကျွန်တော်တို့က ဆင်းရဲသောကြောင့်၊ အခြားရွာသားများက ကျွန်တော်တို့ကို အမြဲတမ်း အထင်သေးပြီး အနိုင်ကျင့်ကြသည်။ “တစ်နေ့ကျရင် ငါ့ အကြောင်းပြမယ်။ တစ်နေ့ကျရင် ငါ့အပေါ် သူတို့အမြင်တွေ ပြောင်းလာကြရမယ်။” ဟု ကျွန်တော် တွေးခဲ့သည်။ ဆယ်ကျော်သက်အရွယ်မှာ ကျွန်တော် စစ်တပ်ထဲ ဝင်ခဲ့သည်။ မည်မျှ ဆိုးဝါးသည့်တာဝန်ဖြစ်စေ၊ မည်မျှ ပင်ပန်းပါစေ၊ ရာထူးတိုးဖို့ မျှော်လင့်ချက်နှင့်ကျွန်တော် လုပ်သည်။ သို့ရာတွင် နှစ်ချီကြာသည့်အထိ တပ်သားသာ ဖြစ်နေခဲ့သည်။ နောက်တော့ ကျွန်တော် သဘောပေါက်လာသည်။ ဝင်ငွေကောင်းပြီး ရာထူးတိုးဖို့ဆိုသည်မှာ အလုပ်ကြိုးစား၍ မဟုတ်ဘဲ၊ လာဘ်ထိုးမှ ရခြင်း ဖြစ်ပါသည်။ ယင်းကို ကျွန်တော် မကြိုက်သော်လည်း၊ ရာထူးတိုးချင်သောကြောင့်၊ မိမိကိုယ်ကိုယ် စိတ်တင်းပြီး၊ အထက်လူကြီးကို ကျွန်တော် စုထားသည့်အရာများ အားလုံးနှင့် လာဘ်ထိုးလိုက်သည်။ ထင်သည့်အတိုင်းပင်၊ မကြာမီတွင် ကျွန်တော် စစ်တက္ကသိုလ်တက်ဖို့ “အရည်အချင်းမီ” သွားသည်။ ကျွန်တော် ကျောင်းပြီးပြီးချင်း ရောက်ခဲ့သည့် ဌာနက၊ လာဘ်ထိုးဖို့ ပိုက်ဆံမရှိသည့်အတွက်၊ ထမင်းချက်တာဝန် ယူခိုင်းခဲ့သည်။ “လက်ဆောင်ယူလာသူများကို အရာရှိများ ဒုက္ခမပေး၊” “မျက်နှာရအောင်လုပ်ခြင်းနှင့် မြှောက်ပင့်ခြင်းတို့ မပါဘဲ လုံးဝ ပြီးမြောက်အောင်မြင်ခြင်း မရှိ။” ဟူသည်ကို ကျွန်တော် ကောင်းကောင်းသိသည်။ နေရာတစ်ခုခု ရချင်ပါက၊ လာဘ်ထိုးဖို့အတွက် ငွေရှာဖို့ကို မည်သို့ဖြစ်စေ ကျွန်တော် လုပ်ရမည်၊ မဟုတ်ပါက မည်မျှ အရည်အချင်းရှိပါစေ ကျွန်တော် မည်သည့်နေရာမျှ ရောက်မည်မဟုတ်ပါ။ ကျွန်တော် ရှေ့ရောက်ချင်ခဲ့သောကြောင့်၊ ပိုက်ဆံရဖို့အတွက် တတ်နိုင်သမျှ လုပ်ခဲ့သည်၊ အထက်လူကြီးများကို ဖားပြီး၊ သူတို့ ကြိုက်တတ်မှန်း သိသည့်အရာများကို ကျွန်တော် ပေးသည်။ ကျွန်တော် လုပ်နေသည့်အရာက တရားမဝင်သည်ကို သိခဲ့ပါသည်၊ မိသွားပြီး ထောင်ချခံရမည်ကို ကြောက်ခဲ့သည်။ တစ်ချိန်လုံး ရင်တမမ ဖြစ်နေခဲ့ရသည်၊ သို့ရာတွင် အရာရှိတစ်ယောက် ဖြစ်လာမည်ဟူသည့် အတွေးနှင့် ကျွန်တော် ရှေ့ဆက်ဖြစ်ခဲ့သည်။ အချိန်ခဏကြာပြီး နောက်ဆုံးမှာတော့ ကျွန်တော် တပ်ရင်းမှူး ဖြစ်လာခဲ့သည်။ ကျွန်တော် အိမ်ပြန်ရောက်တိုင်း၊ ရွာသားများက ကျွန်တော့်ကို ဝိုင်းပြီး မြှောက်ကြသည်၊ ပြီးလျှင် ဖားကြသည်။ ထို့ကြောင့် ကျွန်တော် အလွန် ဘဝင်မြင့်လာသည့်အပြင်၊ ရည်မှန်းချက်များ၊ ဆန္ဒများလည်း ပိုကြီးလာသည်။ လူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ “အရာရှိတစ်ဦး ဖြစ်လာခြင်းမှာ အစားကောင်းများနှင့် ဝတ်ကောင်းစားလှများအတွက် ဖြစ်သည်၊” ပြီးလျှင် “အာဏာကို ရှိတုန်းသုံးပါ၊ အာဏာမရှိတော့သည့်အခါ သင်သုံးနိုင်မည် မဟုတ်သောကြောင့်တည်း။” တစ်ပြားမှ မကုန်ဘဲ လိုချင်တာမှန်သမျှ ရနေသည့်အခါ၊ အရာရှိဘဝ၏ အခွင့်ထူးများကို ကျွန်တော် စပြီး အကြိုက်တွေ့လာသည်။ ကျွန်တော့်ထံမှ တစ်ခုခု လိုချင်သူ မှန်သမျှ၊ ကျွန်တော့်ကို ကျွေးမွေးရသည်၊ လာဘ်ထိုး ရသည်။ တပ်ရင်းမှူးနှင့် ထောက်ပံ့ရေးအရာရှိတို့ အနှစ်သက်ဆုံး ဖြစ်သည့် ကျွန်တော့်ရာထူးကို အသုံးချပြီး လက်အောက် ငယ်သားများကို ဟိုဟာ သည်ဟာခိုင်းဖို့ လုပ်ခဲ့သည်။ ကျွန်တော်က ရိုးသားသည့် လယ်သမားတစ်ယောက်၏သား ဘဝမှ လိုအင် မပြည့်နိုင်သည့်၊ မရိုးဖြောင့်သည့်၊ လှည့်စားတတ်သည့်လူ အဖြစ်ရောက်သွားခဲ့သည်။
ကျွန်တော်က အလုပ်တွင်သာ အာဏာရှင်ဆန်ဆန် ပြုမူခြင်း မဟုတ်ဘဲ၊ အိမ်မှာလည်း ဇနီးကို ကောင်းကောင်းမဆက်ဆံခဲ့ပါ။ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ၊ သူမကို ဖောက်ပြန်သည်ဟု စွပ်စွဲပြီး၊ ကျွန်တော်တို့ကြားက စိတ်ဝမ်းကွဲမှုက ပိုကြီးလာခဲ့သည်။ နောက်ဆုံးတွင် သူမက မခံနိုင်တော့ဘဲ ကွာရှင်းချင်သည်ဟု ကျွန်တော့်ကို ပြောသည်။ ကျွန်တော့်၏ ပျော်ရွှင်သည့်မိသားစုက ပြိုကွဲရလုနီး ဖြစ်ခဲ့ပြီး၊ ကျွန်တော့်သားလည်း ဒုက္ခခံရတော့မည်။ ကျွန်တာ် စိတ်မကောင်းဖြစ်ပြီး ကျွန်တော့်ဘဝကို ပြန်တွေးနေမိသည်။ ကျွန်တော်က ထူးချွန်အောင် လုပ်ဖို့၊ သူများ ထက်သာဖို့ကို ငယ်ငယ်ကတည်းက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ကျွန်တော့်ဇနီးရော ကျွန်တော်ပါ အလုပ်ကောင်းများ ရထားသည်၊ ပြီးလျှင် အဆင်ပြေသည့်ဘဝတစ်ခုမှာ နေကြသည်။ လူတိုင်းက ကျွန်တော်တို့ကို အားကျကြသောကြောင့်၊ ကျွန်တော် ပျော်ပြီး ကျေနပ်ခဲ့သင့်သည်။ အဘယ့်ကြောင့် ကျွန်တော့်ရင်ထဲမှာ အဓိပ္ပာယ်မဲ့သကဲ့သို့ ဖြစ်ပြီး၊ ဤနာကျင်မှုမျိုးနှင့် ရှင်သန်နေရသေးသနည်း။ ဤသည်မှာ ကျွန်တော်လိုချင်ခဲ့သည့် ဘဝဖြစ်ပါသလား။ ကျွန်တော်တို့ တကယ်တမ်းမှာ မည်သို့ အသက်ရှင်သင့်သနည်း။ ကျွန်တော် စိတ်ရှုပ်ထွေးပြီး လမ်းပျောက်သကဲ့သို့ ခံစားရသည်၊ သို့ရာတွင် အဖြေရှာမရခဲ့ပါ။ နောက်ပိုင်းမှာတော့ ကျွန်တော့်ဇနီးသည်က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားကို လက်ခံခဲ့ပြီး၊ ညီအစ်ကိုမောင်နှမများနှင့် တစ်ချိန်လုံး စုရုံးပြီး မိတ်သဟာယပြုသည်။ မကြာမီတွင် သူမက တကယ်ကို အပြုသဘောဆောင်သည့် သူတစ်ယောက်ဖြစ်လာခဲ့သည်။ သူမက ကျွန်တော်နှင့် ထပ်ပြီး မငြင်းခုံတော့ဘဲ၊ ကွာရှင်းဖို့ကိစ္စကိုလည်း မပြောတော့ပါ။ ကျွန်တော့်ဇနီး ပြောင်းလဲလာသည်ကို မြင်သည့်အခါ၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အလွန် ကောင်းရမည်ဟု စဉ်းစားမိသည်။ ကျွန်တော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုဖတ်ပြီး သူ့အပေါ် ယုံကြည်မှုရှိလာသည်။
အသင်းတော်အသက်တာကို ကျွန်တော်စပြီး အသက်ရှင် လာသည်၊ ပြီးလျှင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ဤလောကနှင့် လုံးဝ ကွဲပြားသည်ကို ကျွန်တော် တွေ့ခဲ့ရသည်။ ညီအစ်ကိုမောင်နှမများက ဘုရားသခင့်နှုတ်ကပတ်တော်များကို ဖတ်ပြီး သမ္မာတရားကို မိတ်သဟာယပြုကြသည်။ ဘုရားသခင့် နှုတ်ကပတ်တော်နှင့် သမ္မာတရားအားဖြင့် ပြုမူနေထိုင်ဖို့၊ ရိုးသားပွင့်လင်းဖို့၊ စစ်မှန်မှုရှိဖို့ သူတို့ အားထုတ်ကြသည်။ သန့်စင်သည့်နေရာတစ်ခုကို ရောက်လာသကဲ့သို့ ကျွန်တော် ခံစားခဲ့ရသည်၊ ပြီးလျှင် ကျွန်တော်တစ်ခါမျှ မခံစားခဲ့ဖူးသည့် လွတ်မြောက်မှုကို ခံစားရသည်။ ဝတ်ပြုအစည်းအဝေး တက်ခြင်းများနှင့် ဘုရားသခင့် နှုတ်ကပတ်တော်ဖတ်ခြင်းမှ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်သည်၊ သူ အမုန်းတီးဆုံးက လူသား၏ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးမှု ဖြစ်သည်ကို ကျွန်တော် သိခဲ့ရသည်။ စစ်တပ်ထဲမှာ ကျွန်တော် မကောင်းသည့်အကျင့်များ များစွာ ရခဲ့ပြီး၊ ကျွန်တော် နောင်တမရပါက၊ ဘုရားသခင်က ကျွန်တော့်ကို စက်ဆုပ်ရွံရှာပြီး ဖယ်ရှင်းပစ်မည်ကို ကျွန်တော်သိခဲ့ပါသည်။ ထို့နောက် ကျွန်တော် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ခဲ့ပါသည်။ “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစား တွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) ဤသည်ကိုဖတ်ပြီး ကျွန်တော်က အဘယ့်ကြောင့် အရမ်း ဖောက်ပြန်ပျက်စီးနေသည်ကို သိရပါသည်။ စစ်တပ်မှာ ကျွန်တော် နေလာခဲ့သည့် နှစ်များကို ပြန်တွေးကြည့်သည်။ ရှေ့ကိုရောက်ဖို့အတွက် နားလည်မှုနှင့် ဖြစ်လာသည့် စည်းမျဉ်းများကို လိုက်နာပြီး မကောင်းသည့်အရာများ များစွာလုပ်ပြီး မတရားသည့် နည်းလမ်းနှင့် ရထားသည့် အကျိုးအမြတ်များကို ယူသည်။ အပြစ်ထဲမှာ အရှက်မရှိ အသက်ရှင်ရင်းနှင့် ကျွန်တော်က သိပ်ကို အကျင့်ပျက်ပြီး ဆိုးယုတ်လာခဲ့သည်။ ဘုရားသခင့် နှုတ်ကပတ်တော်များက ကောင်းမှုနှင့် မကောင်းမှုကြားက ကွာခြားချက်ကို ပြပြီး ကျွန်တော့်မှာ ရှိသည့် အကျင့်ပျက်ခြင်းနှင့် ဆိုးယုတ်ခြင်း၏ ဇာစ်မြစ်ကို မြင်ခွင့်ပေးခဲ့ပါသည်။ တကယ်တော့ စာတန်က အားလုံး၏ အရင်းအမြစ်ဖြစ်နေပါသည်၊ နတ်ဆိုးများ၏ ဘုရင် စာတန်က ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဆူပွက်နေသည့် အပြစ်လှောင်ကန်ကြီးထဲကျသွားစေဖို့ ဖျက်ဆီးဖို့အတွက် ပညာရေးနှင့် လွှမ်းမိုးမှုမျိုးစုံကို အသုံးပြုခဲ့ပါသည်။ အာဏာ ရှိသည့်လူများက သောင်းကျန်းကြသည်၊ သာမန်လူများအပေါ် အနိုင်ကျင့်သည်၊ သို့ရာတွင် ရိုးသားသူများကတော့ ဖိနှိပ်ခံရပြီး ဘဝမှာ တိုးတက်မှုမရှိပါ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “အသိဉာဏ်ကို သုံးသူတို့သည် တစ်ပါးသူကို အုပ်စိုးရ၍ ကာယခွန်အားကို သုံးသူတို့သည် တစ်ပါးသူ၏ အုပ်စိုးခြင်းကို ခံရ၏၊” “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်၊” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။” “လက်ဆောင်ယူလာသူများကို အရာရှိများ ဒုက္ခမပေး၊ မျက်နှာရအောင်လုပ်ခြင်းနှင့် မြှောက်ပင့်ခြင်းတို့ မပါဘဲ လုံးဝ ပြီးမြောက်အောင်မြင်ခြင်း မရှိ။” “အရာရှိတစ်ဦး ဖြစ်လာခြင်းမှာ အစားကောင်းများနှင့် ဝတ်ကောင်းစားလှများအတွက် ဖြစ်သည်၊” ပြီးလျှင် “အာဏာကို ရှိတုန်းသုံးပါ၊ အာဏာမရှိတော့သည့်အခါ သင်သုံးနိုင်မည် မဟုတ်သောကြောင့်တည်း။” တို့ကဲ့သို့ အတွေးမှားများ၊ တလွဲအယူများနှင့် ပြည့်နေပါသည်။ ယင်းတို့နှင့် ကျွန်တော့်ပတ်ဝန်းကျင်က ဖိအားများ၏ လှည့်စားမှုကို ခံလိုက်ရသည့်အခါ၊ ကျွန်တော်ကိုယ်တိုင် သတိမထားလိုက်မိဘဲ လမ်းပျောက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့်အာဏာကို မိမိအကျိုးအမြတ်အတွက် အလွဲသုံးစားလုပ်ရင်း၊ အရာရှိ တစ်ယောက် ဖြစ်ဖို့ ကျွန်တော် မည်သည့်အရာကိုမဆို လုပ်မည်ဖြစ်သည်။ ကျွန်တော်က လုံးဝ အကျင့်ပျက်သူ ဖြစ်လာသည့်အပြင်၊ ခေါင်းပုံဖြတ် အမြတ်စားဖို့သာ အာရုံစိုက်ခဲ့သည်။ ကျွန်တော့်၏ မကောင်းမှုများအပေါ် တကယ်ကို နောင်တရခဲ့ပါသည်။ ဘုရားသခင်က ကျွန်တော့်ကို နောက်တစ်ခါ ပြန်စဖို့ အခွင့်အရေးပေးပြီး ကယ်တင်ခဲ့သည့်အတွက် သူ့ကို ကျေးဇူးတင်ပါသည်။ ထိုသို့မဟုတ်ပါက ကျွန်တော်၏ အပြုအမူအတွက် ကျိန်ဆဲခံရပြီး အပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။ ဘုရားသခင်ကို ကျွန်တော် အလွန် ကျေးဇူးတင်ခဲ့မိသည်။ ကျွန်တော်၏ အကျင့်ကို ပြောင်းဖို့၊ စစ်တပ်မှ ထွက်ဖို့နှင့် အလုပ်သစ်တစ်ခုရှာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ကျွန်တော့်အထက်လူကြီးက ဒုတပ်မမှူးရာထူး တိုးပေးမည်ဟုပြောပြီး၊ ကျွန်တော် ဆက်နေအောင် ကြိုးစားပါသည်။ ကျွန်တော်လည်း ချီတုံချတုံ ဖြစ်သွားသည်၊ “ဒုတပ်မမှူးတဲ့လား။ အဲဒါဆို အိပ်မက်က တကယ် ဖြစ်လာတော့မှာပဲ” ဟု စဉ်းစားသည်။ ထိုရာထူးကို စွန့်လွှတ်ဖို့ ကျွန်တော် ခဏတာ ကြိုးစားခဲ့ရပြီး မည်သည့်အရာ လုပ်ရမည်ဆိုတာ မသိသောကြောင့်၊ ဆုတောင်းပြီး ရှာဖွေဖို့အတွက် ဘုရားသခင်၏ရှေ့ကို လာခဲ့ပါသည်။ ထို့နောက် ကျွန်တော် ဘုရားသခင်၏ဤနှုတ်ကပတ်တော်များကို ဖတ်သည်။ “အကယ်၍ သင်သည် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိပါက၊ ဂုဏ်ယူစရာ နာမည်ဂုဏ်သတင်း ရှိပါက၊ အလျှံပယ်သော အသိပညာ ပိုင်ဆိုင်ပါက၊ ပေါများသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ ဖြစ်ပြီး၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသော်လည်း၊ ဤအရာများက ဘုရားသခင်၏ ခေါ်ခြင်းနှင့် သူ၏တာဝန်ပေး စေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို မတားဆီးပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ အဖြောင့်မတ်ဆုံး တာဝန် ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) “လူတို့သည် ကမ္ဘာမြေသို့ ရောက်လာကြပြီး ငါ့ကို တွေ့ဆုံရန်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သကဲ့သို့၊ သမ္မာတရားကို ရှာဖွေရန်နှင့် ရရှိရန်အလို့ငှာ အခွင့်အရေးလည်း ရခဲလှပေသည်။ သင်တို့သည် ဤနှစ်လိုဖွယ်အချိန်ကို ယခုဘဝတွင် လိုက်စားရမည် မှန်ကန်သည့်လမ်းကြောင်းအဖြစ် အဘယ်ကြောင့် တန်ဖိုးမထားကြသနည်း။ ပြီးလျှင် အဘယ်ကြောင့် သင်တို့သည် အစဉ်သဖြင့် သမ္မာတရားနှင့် တရားမျှတခြင်းအပေါ် အလွန်အထင်အမြင်သေးကြသနည်း။ လူတို့ကို ကစားသည့် မဖြောင့်မတ်မှုနှင့် ညစ်ညူးခြင်းတို့ အတွက် သင်တို့သည် အဘယ်ကြောင့် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် နင်းချေပြီး ဖျက်ဆီးနေကြသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ) စကားလုံးတိုင်းက ကျွန်တော့်အသိစိတ်ကို ထိုးနှက်ပါသည်။ ကျွန်တော် နိုးကြားလာသည်။ “ဟုတ်တာပဲ” ဟု တွေးမိသည်၊ “သမ္မာတရားကို ဖော်ပြဖို့နဲ့ လူသားကို ကယ်တင်ဖို့အတွက် ကမ္ဘာမြေကို ကြွလာတဲ့ လူ့ဇာတိခံ ဘုရားသခင်ကို တွေ့ရတာ၊ သမ္မာတရားကို အားထုတ်ဖို့နဲ့ ဘုရားအတွက် အသုံးခံခွင့်ရတာ၊ ဒီလိုတွေ ငါ ကံကောင်းတယ်ဆိုတာ ဘုရားသခင်ရဲ့ ကြီးမားတဲ့ ချီးမြှောက်မှုနဲ့ ကျေးဇူးတော်ပဲပေါ့။” ဖန်ဆင်းရှင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံခြင်းထက် မည်သည့်အရာက ပိုပြီး အဓိပ္ပာယ် ရှိနိုင်မည်နည်း။ ရာထူးအဆင့်များမှာ မည်မျှအမြင့် တက်တက် ကျွန်တော် ပျော်နိုင်ပါ့မလား။ အာဏာကြီးသည့်လူများ တော်တော်များများက သူတို့ ကျေနပ်သကဲ့သို့ လုပ်ကြပြီး မကောင်းမှု မျိုးစုံလုပ်ကြသည်၊ သို့ရာတွင် နောက်ဆုံးတော့ သူတို့အားလုံး ကိုယ်နှင့်တန်သည့်အရာကိုသာ ရကြသည်။ ပြီးလျှင် အထက်ပိုင်းအရာရှိတော်တော်များများက တစ်ချိန်မှာ ချမ်းသာပြီး ကျော်ကြားခဲ့ကြသည်၊ သို့ရာတွင် အာဏာအတွက် အလုအယက် ယှဉ်ပြိုင်ရင်း၊ ရှုံးပြီဆိုသည်နှင့်၊ အချို့က ထောင်ထဲမှာ လက်ဗလာနှင့် အဆုံးသတ်ကြသည်၊ အချို့ကမူ မိမိကိုယ်ကိုယ် သတ်သေကြသည်။…ဤကဲ့သို့အရာမျိုးက အမြဲတမ်း ဖြစ်နေကျ ဖြစ်ပါသည်။ ကျွန်တော်ကမူ အထက်ကို ကုတ်ကပ်တက် နေခဲ့ခြင်း ဖြစ်ပါသည်၊ သို့ရာတွင် ပို၍ မာနကြီးလာကာ၊ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်လာသည်။ ယခု ဘုရားသခင်က ကျွန်တော့်အပေါ် သမ္မာတရားများစွာကို ပေးအပ်ခဲ့ပြီး အသက်တာမှာ မှန်ကန်သည့်လမ်းကြောင်းကို ပြခဲ့သည်။ ကျွန်တော် ယခင်ကကဲ့သို့ မည်သို့ ဆက်သွားနိုင်မည်နည်း။ ကျွန်တော့်ဘဝ၏အချိန်အများစုမှာ စာတန်၏ အန္တရာယ်ပေးမှုနှင့် လှည့်စားမှုကို ခံနေခဲ့ရခြင်း ဖြစ်သည်။ လူသားနှင့်မတူသကဲ့သို့ နီးနီးဖြစ်သည့်အထိ ဖြစ်ပါသည်။ ထိုအချိန်မှစ၍ ကျွန်တော် အခြားနည်းလမ်းနှင့်သာ အသက်ရှင်ချင်ခဲ့သည်၊ ဘုရားသခင်နောက် လိုက်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်သည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူနေထိုင်ချင်ခဲ့သည်။ ထို့ကြောင့် အလုပ်ပြောင်းပြီး စစ်တပ်က အဆက်အသွယ်အားလုံး ဖြတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် စာတန်က ကျွန်တော့်ကို တော်တော်ကို ဖျက်ဆီးခဲ့သည့်အတွက်၊ ၎င်း၏အဆိပ်ဖြစ်သည့် “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” က ကျွန်တော့်အတွက် တကယ့်ဘဝ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အသင်းတော်တွင် ကျွန်တော်က နေရာကောင်း ရဖို့ အမြဲတမ်း ပြိုင်နေခဲ့ခြင်း ဖြစ်ပြီး ဘုရားသခင်၏ ထုတ်ဖော်ပြခြင်းနှင့် တရားစီရင်ခြင်းကသာ ကျွန်တော်၏ အားထုတ်ပုံကို ပြုပြင်ပေးခဲ့ခြင်း ဖြစ်ပါသည်။
အချိန်ခဏအထိ အသင်းတော်မှာ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ပြီးနောက်မှာ ယခင်က ကျွန်တော်နှင့် သိခဲ့ဖူးသည့် လူနှစ်ယောက်ကို တွေ့မိသည်၊ တစ်ယောက်က အတော်အတန် ငယ်သည့် အသင်းတော်ခေါင်းဆောင် ဖြစ်လေသည်။ “မင်းတို့နှစ်ယောက်က အပြင်လောကမှာ ငါ့အောက်မှာရှိခဲ့တာ၊ ဒါပေမဲ့ ဒီ အသင်းတော်မှာ မင်းတို့က ငါ့အထက်လူကြီးတွေ ဖြစ်နေတယ်။ ငါသာဆို မင်းတို့ထက် ပိုတော်တဲ့ခေါင်းဆောင် ဖြစ်မှာကွ။” ဟု တွေးပြီး စိတ်မသက်မသာဖြစ်မိသည်။ ထိုနေရာကို ရဖို့ ကျွန်တော့်အစွမ်းရှိသမျှ စပြီး ကြိုးစားခဲ့သည်။ စစချင်း ကျွန်တော် အစီအစဉ်တစ်ခုဆွဲသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ဖို့အတွက် နေ့တိုင်း မနက် ၅ နာရီမှာ ထသည်၊ ထို့နောက် တရားဒေသနာများကို နှစ်နာရီတိတိ နားထောင်သည်၊ ပြီးလျှင် တစ်ပတ်ကို နှုတ်ကပတ်တော်ဓမ္မသီချင်း သုံးပုဒ် ရအောင်ကျက်သည်။ ကျွန်တော့်တာဝန်မှာ ပို၍ တက်ကြွလာပြီး မည်မျှပဲ ခက်ခဲခက်ခဲ၊ ပင်ပန်းပင်ပန်း၊ အသင်းတော်မှာ ကျွန်တော် လုပ်နိုင်သမျှကို ဦးဆောင်သည်။ ဝတ်ပြုအစည်းအဝေးများမှာ စစ်တပ်တွင်ရှိစဉ်က ကျွန်တော့်အတွေ့အကြုံများကို ပြောသည်၊ ကျွန်တော့် အရည်အချင်းများကို ကြွားသည်၊ အသင်းတော်ခေါင်းဆောင်များ မိတ်သဟာယပြုခြင်းကို လက်မခံခဲ့ပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်က ပိုကောင်းအောင်လုပ်နိုင်သည့်ပုံစံနှင့် သူတို့၏ အတွေးအခေါ်နှင့် အပြုအမူများကို အနုနည်းနှင့် ချိုးနှိမ်သည်။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ မျှော်လင့်နေရင်း၊ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းအတွက် ကျွန်တော် ရုန်းကန်အားထုတ်သည့် ပုံစံဖြစ်ပါသည်။ တစ်ခါတွင် ခေါင်းဆောင်တစ်ယောက်က ကိစ္စတစ်ခုကို ကောင်းကောင်း မကိုင်တွယ်ခဲ့သည်ကို ကျွန်တော် သတိပြုမိသည်။ ထိုအတွက် ကျွန်တော် သူ့ကို ပြစ်တင်ရှုတ်ချလိုက်ပြီး နုတ်ထွက်သင့်သည်ဆိုပြီး သွယ်ဝိုက်ပြောခဲ့သည်။ နောက် ရွေးကောက်ပွဲမှာ ခေါင်းဆောင် တစ်ယောက်အဖြစ် အရွေးခံရဖို့ ကျွန်တော် မျှော်လင့်ခဲ့သည်။ ညီအစ်ကိုမောင်နှမများက ယင်းကို သိသွားသည့်အခါ၊ ကျွန်တော့်အပြုအမူကို စိစစ်ကြသည်၊ ကျွန်တော်သည် လှည့်စားတတ်ကာ၊ ရည်ရွယ်ချက်ကြီးပြီး အသင်းတော်ကို ချုပ်ကိုင်ချင်သည်ဟု ပြောကြသည်။ အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်တော့်တာဝန်မှ ကျွန်တော် ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ကျွန်တော် တကယ်ကို စိတ်ညစ်သွားခဲ့ပြီး “ငါက ဂုဏ်သိက္ခာရှိတဲ့ တပ်ရင်းမှူးတစ်ယောက် ဖြစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ယခုတော့ အသင်းတော်မှာ အဖွဲ့ခေါင်းဆောင်တောင် မဖြစ်နိုင်ဘူး။” ဟု စဉ်းစားမိသည်။ ထိုသို့နှင့် သုံးလေးလကြာပြီးနောက်မှာ ကျွန်တော် သည်းမခံနိုင်တော့ဘဲ၊ ညီအစ်ကိုမောင်နှမများကိုလည်း မမြင်ချင်တော့ပါ။ ဝတ်ပြုအစည်းအဝေးများမှာ ကျွန်တော် စကားမပြောတော့ပါ။ ကျွန်တော့် စိတ်ဝိညာဉ်သည် မှောင်မိုက်လာပြီး ဘုရားသခင်ကို ကျွန်တော် မခံစားမိတော့ပါ။ ထိုအချိန်ကျမှ ကျွန်တော် စ၍ ကြောက်လာသောကြောင့်၊ ဤအမှောင်ကနေ ကျွန်တော့်ကို ခေါ်ဆောင်ဖို့ ဘုရားသခင်ထံ အပြေးအလွှား တောင်းလျှောက်မိပါသည်။
နောက်ပိုင်းမှာ ကျွန်တော် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ခဲ့သည်- “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။...ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်တော့်စိတ်နှလုံးထဲ ထိုးဖောက်ဝင်သွားပြီး ကျွန်တော် တော်တော် ရှက်ခဲ့ပါသည်။ ရာထူးအတွက် ကျွန်တော် ယှဉ်ပြိုင်ခဲ့သည်၊ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများ၏ ဖော်ထုတ်ပြီး ဆူပူခြင်းကို ခံရသည်၊ ပြီးလျှင် တာဝန်မှ ထုတ်ပယ်ခြင်းခံရသည်။ ဤသည်မှာ ကျွန်တော် လိုချင်ခဲ့သည့်အရာ မဟုတ်သော်လည်း၊ တစ်ယောက်ယောက်က ကျွန်တော့်ကို ထိခိုက်စေချင်သောကြောင့် မဟုတ်ပါ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် တရားစီရင်ခြင်းနှင့် အချိန်မီ ကယ်တင်ခြင်းကြောင့် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်သည် ကျွန်တော်တို့၏ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်းများကို ပြောင်းလဲဖို့၊ စာတန်၏လွှမ်းမိုးမှုကနေ ကယ်တင်ဖို့ ဖြစ်ပါသည်၊ သို့မှသာ ကျွန်တော်တို့က ဘုရားသခင်ထံမှ သမ္မာတရားနှင့် အသက်ကို ရရှိပြီး အလင်းထဲမှာ နေထိုင်နိုင်မည် ဖြစ်သည်။ ကျွန်တော်က မှန်သည့်လမ်းကြောင်းကို လျှောက်နေခြင်း မဟုတ်သကဲ့သို့ သမ္မာတရားကို အားထုတ်ခြင်းမှာ အာရုံစူးစိုက်မှုလည်း မပြုခဲ့ဘဲ၊ ရာထူးနှင့် နာမည်ကောင်းရဖို့ အားထုတ်နေခြင်း ဖြစ်ပါသည်။ ရာထူးရဖို့အတွက် လှည့်ကွက်များ လုပ်ပြီး မရိုးသားသည့်နည်းများ သုံးခဲ့သည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ အလိုတော်နှင့် လုံးလုံး ဆန့်ကျင်မနေပါလား။ ထိုကဲ့သို့ ဆက်သွားနေပါက ကျွန်တော် သမ္မာတရားကို မည်သည့်အခါမျှ မရဘဲ၊ သုတ်သင်ဖယ်ရှင်းခံရမည် ဖြစ်သည်။ ကျွန်တော် လမ်းလွဲခြင်းကို တားဆီးဖို့၊ လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးဖို့အတွက် ဘုရားသခင်က ညီအစ်ကိုမောင်နှမများမှတစ်ဆင့် ကျွန်တော့်ကို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခဲ့သည်၊ ကျွန်တော့် ရည်ရွယ်ချက်နှင့် ဆန္ဒများကို ဖော်ထုတ်ခဲ့သည်၊ ပြီးလျှင် ကျွန်တော့်ရာထူးကို ယူဆောင်သွားခဲ့သည်၊ ဤသည်မှာ ကျွန်တော် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး အကျင့်များ ပြောင်းဖို့အတွက် ဖြစ်ပါသည်။ ဘုရားသခင်က ကျွန်တော်တို့စိတ်နှလုံးများထဲသို့ အမှန်တကယ် မြင်သည်ဆိုတာ ကျွန်တော် သိခဲ့ရပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာတို့အပေါ်လည်း အမှန်တကယ် နားလည်မှု အချို့ရခဲ့သည်။ ကျွန်တော့်ရာထူးဆုံးရှုံးခြင်းနှင့်ပတ်သက်ပြီး အဖျက်သဘောဆောင်ခြင်း၊ စိတ်ဖိစီးခြင်းများမဖြစ်တော့ဘဲ၊ ထိုအစား သမ္မာတရားကို အားထုတ်ချင်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံချင်ခဲ့သည်။
ခြောက်လကြာပြီးနောက်မှာ အခြားအသင်းတော်တစ်ခုမှာ အသင်းတော်အသက်တာကို ရှင်သန်ဖို့ ကျွန်တော် သွားခဲ့သည်၊ ထိုနေရာမှာ သူတို့က ခေါင်းဆောင်များ ရွေးချယ်ဖို့ လုပ်တော့မည် ဖြစ်သည်။ ထိုနေရာမှာ ရှိသည့်သူအားလုံးက ဘုရားသခင်အပေါ် ယုံကြည်ခဲ့သည့်အချိန် ကျွန်တော့်လောက် မကြာသေးသည်ကို သိရသည့်အခါ၊ ကျွန်တော် ပျော်သွားခဲ့သည်၊ ထိုသို့နှင့် ကျွန်တော် ရနိုင်ခြေရှိလိမ့်မည်ဟု တွေးခဲ့သည်။ အသက်တာအတွေ့အကြုံနှင့် ယုံကြည်မှုနှစ်ကာလမှာ ကျွန်တော်က သူတို့ထက် သာသည်။ ကျွန်တော့်ကိုသာ အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးသင့်သည်ဟု ထင်မိသည်။ ကျွန်တော့်အစွမ်းအစကို ကောင်းစွာ ပြလိုက်မည်ဟု ပြင်နေစဉ်တွင်ပင်၊ ကျွန်တော်၏ ယခင်က အသင်းတော်က အစ်မတစ်ယောက်သည် တရုတ်ကွန်မြူနစ်ပါတီက လိုက်ဖမ်းနေ၍ ဤအသင်းတော်ကို ထွက်ပြေးလာသည်။ ကျွန်တော်က “အရင်အသင်းတော်တုန်းက ရာထူးအတွက် ငါ မည်သို့ယှဉ်ပြိုင်ခဲ့တယ်ဆိုတာ သူသိတယ်။ အသင်းတော်ခေါင်းဆောင်ထပ်ဖြစ်ဖို့ ငါ ယှဉ်ပြိုင်နေတာကို သူမြင်ရင်၊ ငါ့ရဲ့ အရင်က ကြားလို့မကောင်းတဲ့အပြုအမူတွေကို သူ ဖော်ထုတ်ပြမှာလား။ သူ အဲဒီလိုသာလုပ်ရင်၊ ငါ့နာမည် တော်တော် ထိခိုက်သွားလိမ့်မယ်။” ဟု စဉ်းစားလိုက်သည်။ ရွေးချယ်စရာ မရှိသောကြောင့်၊ ကျွန်တော့်အစီအစဉ်များကို စွန့်လွှတ်ပြီး၊ “အရင်ဆုံး ငါ အဖွဲ့ခေါင်းဆောင် ဖြစ်အောင်လုပ်ပြီး အဲဒီကနေ ဆက်တက်မယ်။” ဟု အခြေအနေကို ချိန်ဆကြည့်သည်။ သို့ရာတွင် အံ့သြစွာနှင့်ပဲ ကျွန်တော် အဖွဲ့ခေါင်းဆောင်အဖြစ်ပင် အရွေးမခံခဲ့ရပါ။ အသင်းတော်မှာ အချို့ အလှည့်ကျ တာဝန်များအတွက် လူမလုံလောက်သောကြောင့်၊ အသင်းတော် ခေါင်းဆောင်များက ကျွန်တော် တာဝန်များကို ထမ်းဆောင်လိုခြင်း ရှိမရှိဆိုပြီး မေးလာသည်။ မနာခံပါဟု မြင်မည်ကိုစိုးပြီး ကျွန်တော် စိတ်မပါဘဲ လက်ခံခဲ့သည်။ ကျွန်တော်က ဂုဏ်ရှိသည့် တပ်ရင်းမှူးဖြစ်ခဲ့သော်လည်း၊ ဤကဲ့သို့ နိမ့်ကျသည့်တာဝန်ကို လုပ်နေရသည်။ ဤအရာများအားလုံးက ကျွန်တော့်အတွက် လွဲမှားနေသကဲ့သို့ ဖြစ်သည်။ သိပ်မကြာမီ ရဲများက ကျွန်တော်တို့ စုရုံးသည့်နေရာကို စပြီး စောင့်ကြည့်လာသောကြောင့်၊ ထိုနေရာတွင် စုရုံးလို့ မရတော့ပါ။ အသင်းတော်ခေါင်းဆောင်က ကျွန်တော့်ကို ဧည့်ခံသည့်တာဝန်များ လုပ်ရင်း၊ ညီအစ်ကိုမောင်နှမများနှင့် စည်းဝေးဖို့ အခြားအဖွဲ့တစ်ခုဆီ တာဝန်ချလိုက်သည်။ ဤသည်မှာ ကျွန်တော့်အတွက် အတော် များသွားပြီဖြစ်သည်။ နိမ့်ကျသည့် တာဝန်ကို လုပ်နေရရုံမကဘဲ၊ ယခု ဧည့်ခံသည့်တာဝန်လုပ်ပြီး ညီအစ်ကိုမောင်နှမများနှင့် စုဝေးရဦးမည်။ ဤသည်မှာ အလွန် သိမ်ငယ်ချင်စရာ ကောင်းသည်ဟု ကျွန်တော် ခံစားမိသည်။ အဘယ့်ကြောင့်များ ကျွန်တော် ထိုအထိ ကျသွားရသနည်း။ ဤအတိုင်း ဆက်ဖြစ်နေပါက၊ ကျွန်တော့်အတွက် မည်သို့ အလားအလာများ ဖြစ်လာမည်နည်း။ ကျွန်တော် ပို၍ပို၍ စိတ်ညစ်လာပြီး၊ ကျွန်တော် တတ်နိုင်သည့်အရာမှာ ဘုရားသခင်ထံ အလောတကြီး ဆုတောင်းခြင်းသာ ဖြစ်သည်၊ ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပေးဖို့၊ လမ်းပြဖို့ တောင်းလျှောက်မိသည်။
ထိုနောက် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့သည်။ “လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ ‘ငါသည် ဘုရားသခင်ကို ယုံကြည်သည့် အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်း ပေးသင့်ပြီး ငါ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်မှာ သေချာစေသင့်သည်။’ ဟူ၍ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်မျိုးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်တို့အထဲ၌ သိုထားကြလေပြီ။ သင်တို့၏ အလဲအလှယ် သဘောတွေးခေါ်ပုံသည် အလွန်အကျွံ တိုးတက်လျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) “ယနေ့လမ်းကြောင်းကို သင်တို့လျှောက်လှမ်းကြသည်နှင့်အမျှ အသင့်တော်ဆုံးသော လိုက်စားမှုမျိုးမှာ အဘယ်နည်း။ သင်၏လိုက်စားမှု၌ သင့်ကိုယ်သင် မည်သို့သောလူစားမျိုးအဖြစ် မြင်သင့်သနည်း။ စမ်းသပ်မှုများ ဖြစ်စေ၊ အခက်အခဲများဖြစ်စေ၊ သို့မဟုတ် ရက်စက်သော ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ဖြစ်စေ သင့်အပေါ် ယနေ့ကျရောက်သည့် အရာအားလုံးအပေါ် ချဉ်းကပ်ပုံချဉ်းကပ်နည်းကို သင်သိသင့်၏။ ထိုအရာအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ ကိစ္စရပ်တိုင်း၌ ၎င်းတို့ကို သေချာသုံးသပ်သင့်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားပြီး “ကြိုးစားအားထုတ်တဲ့အခါမှာ ငါက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးအနေနဲ့ မြင်သင့်လဲ။” ဟု မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့သည်။ ကျွန်တော် မိမိကိုယ်ကိုယ် တပ်ရင်းမှူး တစ်ယောက်အဖြစ် အမြဲတမ်း မြင်သည်၊ အဆင့်အတန်း ရှိသည့်သူ တစ်ယောက်ဖြစ်သည်။ အဆင့်ရှိသည့် တာဝန်တစ်ခုကသာ ကျွန်တော့်အတွက် သင့်တော်ပြီး၊ အဆင့်ရှိသည့် လူများသာ ကျွန်တော်နှင့် စုဝေးဖို့ တန်သည်။ ဧည့်ခံရေးတာဝန်များ လုပ်သည့် ညီအစ်ကိုမောင်နှမများကို ကျွန်တော်က အထင်သေးသည်၊ သူတို့နှင့် အတူရှိနေရခြင်းက ကျွန်တော့်ကို အရေးမပါသကဲ့သို့ ဖြစ်စေသည်ဟု ထင်မိခဲ့သည်။ ကျွန်တော့်မှာ အဆင့်အတန်း မရှိပါက၊ ကျွန်တော်က အဖျက်သဘောဆောင်ပြီး အတိုက်အခံ လုပ်လာသည်၊ ပြီးလျှင် ဘဝက အဓိပ္ပာယ်မရှိပါဟုပင် ခံစားရသည်။ အဆင့်အတန်း၊ နာမည်ကောင်းနှင့် အကျိုးအမြတ်ဟူသည့် အရာများကြောင့် ကျွန်တော့်ဦးနှောက်က ခပ်ချောင်ချောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လူ့သဘာဝလည်း ပျောက်ခဲ့သည်။ ကျွန်တော်က ရွံစရာကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပါသည်။ ကျွန်တော့်ကဲ့သို့ လူတစ်ယောက်က အသင်းတော် ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ မည်သို့ ထိုက်တန်နိုင်မည်နည်း။ အသင်းတော်က လူ့အဖွဲ့အစည်းကဲ့သို့ မဟုတ်ပါ။ အသင်းတော်မှာ သမ္မာတရားက လွှမ်းမိုးပါသည်။ ခေါင်းဆောင်တစ်ယောက်သည် ကောင်းမွန်သည့် လူ့သဘာဝရှိပြီး သမ္မာတရားကို အားထုတ်ရမည်။ သို့ရာတွင် ကျွန်တော်လုပ်သည့်အရာမှန်သမျှက အဆင့်အတန်း နောက်လိုက်ပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့သာ ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ကျွန်တော် မည်သို့များ ဆင်ခြင်တုံတရားမဲ့ရကာ အရှက်မရှိဖြစ်ရသနည်း။
နောက်ပိုင်းမှာ ကျွန်တော် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ခဲ့သည်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်က ကျွန်တော်တို့ အဆင့်အတန်း၊ မည်မျှအလုပ်လုပ်သည်တို့အပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ ပန်းတိုင်ကို ဆုံးဖြတ်ခြင်းမဟုတ်သည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ကျွန်တော် နားလည်ခဲ့သည်။ အဓိကမှာ ကျွန်တော်တို့ သမ္မာတရားကို ရခြင်းရှိမရှိ၊ ဘုရားသခင်ကို နာခံခြင်း ရှိမရှိဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားက အားလုံးအပေါ် ဖြောင့်မတ်သည်၊ မည်သည့်တာဝန်ကို ကျွန်တော်တို့ လုပ်ရလုပ်ရ သမ္မာတရားကို ကျွန်တော်တို့ အမြဲတမ်း ကြိုးစားအားထုတ်ရမည်ဖြစ်သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ သမ္မာတရား ရှိပါက၊ လူတစ်ယောက်က မည်သည့်အဆင့်အတန်းမျှ မရှိလျှင်ပင်၊ ကယ်တင်ခြင်း ခံရနိုင်ပါသေးသည်။ သို့ရာတွင် သမ္မာတရားကို အားမထုတ်လျှင်မူ၊ ဂုဏ်အဆင့်အတန်း မည်မျှမြင့်ပါစေ မည်သူမျှ ကယ်တင်ခြင်း မခံရနိုင်ပါ။ အဆင့်အတန်းနောက်ကို အရူးအမူး လိုက်ခဲ့ခြင်းက ကျွန်တော် အလွန် မိုက်သည်ဟု တွေးမိသည်။ ထိုအကျင့်ပျက်သည့် စစ်တပ်အရာရှိများကို ကျွန်တော် မုန်းခဲ့ဖူးသည်၊ သို့ရာတွင် ကျွန်တော် ရာထူးအဆင့်များ တက်လာသည့်အခါ၊ ကိုယ်တိုင်က ဆိုးလာသည်၊ အဆုံးမှာ သူတို့ကဲ့သို့ အကျင့်ပျက်သည့် အရာရှိ တစ်ယောက်ဖြစ်လာသည်။ အာဏာကြီးသူအချို့က သူတို့ ဂုဏ်အဆင့်အတန်းမရှိမီ သူတို့တာဝန်ကို ရိုးသားစွာ လုပ်ကိုင်နိုင်ကြသည်၊ သို့ရာတွင် သူတို့ အာဏာရသည်နှင့် တစ်ပြိုင်နက် စ၍ အလွဲသုံးစား လုပ်သောကြောင့်၊ သူတို့ အပြစ်များက စုပုံလာသည်။ အသင်းတော်က ထုတ်ခံရသည့် အန္တိခရစ်များအကြောင်း ကျွန်တော် တွေးမိသည်။ သူတို့က ဂုဏ်အဆင့်အတန်း မရှိသည့်အချိန်မှာ မကောင်းသည့်အရာ တစ်ခုမျှမလုပ်သည့်ပုံစံရှိသော်လည်း၊ ထိုအခြေအနေ ပြောင်းသွားသည်နှင့် အခြားသူများအပေါ် အထက်စီးမှ ဖိအားပေးပြီး ရန်မူတော့သည်၊ သူတို့ရာထူးများကို ထိန်းထားဖို့ ပြောဆို ပြုမူကြကာ မကောင်းမှုလုပ်ကြပြီး ဘုရားသခင်၏ အိမ်တော်ကို နှောင့်ယှက်ကြသည်။ သမ္မာတရားမရှိပါက၊ ကျွန်တော်တို့က မိမိတို့၏ အကျင့်ပျက်သည့် စိတ်သဘောထားနှင့် အမြဲတမ်း အသက်ရှင်နေကြသည်ကို ဤသည်က ပြနေပါသည်။ အာဏာနှင့် ဂုဏ်အဆင့်အတန်းကို ရသည်နှင့်တစ်ပြိုင်နက် မမှန်မကန်ဖြစ်လာပြီး၊ မကောင်းမှု လုပ်ကြသည်၊ နောက်ဆုံးတော့ အပြစ်ဒဏ်ပေးခြင်း ခံကြရသည်။ စစ်တပ်ထဲမှာ နေခဲ့သည့် ထိုနှစ်များတစ်လျှောက်လုံး အပေါ်ကို ရောက်ဖို့ ကြိုးစားရုန်းကန်ရင်း၊ ကျွန်တော့်မှာ ဆိုးယုတ်သည့် စိတ်သဘောထား ပြည့်နေခဲ့သည်။ မာနထောင်လွှားပြီး လှည့်စားတတ်သည်၊ ဆိုးယုတ်ပြီး ကြမ်းတမ်းသည်။ မိမိက ရာထူးမြင့်သည့်နေရာမှာ ရှိသည်ကို သိသည်နှင့်၊ ရည်မှန်းချက်များက မြန်မြန်ဆန်ဆန် ကြီးလာခဲ့သည်၊ တပ်ထဲမှာ အရာရှိဘဝတုန်းက ကျွန်တော် အာဏာကို အလွဲသုံးစား လုပ်ခဲ့သကဲ့သို့ ဖြစ်သည်။ မကောင်းမှု လုပ်ရင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရင်း၊ အပြစ်ဒဏ်ပေးခံရရင်း ကျွန်တော် ဇာတ်သိမ်းသွားနိုင်သည်။ ဤသည်တို့ကို စဉ်းစားမိသည့်အခါ၊ ကျွန်တော် ကြောက်လည်းကြောက်သကဲ့သို့၊ ကျေးဇူးလည်းတင်လာသည်။ ဘုရားသခင်က အခက်အခဲများ၊ ကျရှုံးမှုများကို ထပ်ခါထပ်ခါ သယ်ဆောင်လာပြီး၊ ကျွန်တော့် ရည်ရွယ်ချက်များ၊ ဆန္ဒများ ပြည့်မလာအောင် တားဆီးခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ကျွန်တော့်အတွက် သူ့၏ ကယ်တင်ခြင်းနှင့် ကာကွယ်ခြင်းဖြစ်လေသည်။ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်း၏ အနှစ်သာရနှင့် အကျိုးဆက်များကို မြင်ခွင့်ပေးသည့် ဉာဏ်အလင်းဖွင့်ပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ထို့နောက်တွင် သမ္မာတရားကို ကြိုးစားအားထုတ်ခြင်းက မည်မျှ အရေးကြီးသည်ကို ကျွန်တော် နောက်ဆုံးမှာ မြင်လာခဲ့သည်။
ထိုအချိန်ကတည်းကစ၍ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ သမ္မာတရားကို အားထုတ်ခြင်းအပေါ် ကျွန်တော် အာရုံစူးစိုက်ခဲ့သည်။ အသင်းတော်က မည်သည့်တာဝန် ကျွန်တော့်ကို ခွဲပေးသည်ဖြစ်စေ၊ ရာထူးအဆင့်ကို ကျွန်တော် အာရုံမစိုက်တော့ပါ။ ထိုအစား သမ္မာတရား၏ အခြေခံစည်းမျဉ်းများကို ရှာဖွေဖို့နှင့် တာဝန်ကို ကောင်းစွာလုပ်ဖို့ အာရုံစိုက်ခဲ့ပါသည်။ ဤနည်းနှင့် ကျွန်တော် စပြီး လက်တွေ့လုပ်ဆောင်သည့်အခါ ဘုရားသခင်၏ တည်ရှိမှုနှင့် လမ်းညွှန်မှုကို ခံစားရသည်၊ ပြီးလျှင် ပြောမပြတတ်သည့် ငြိမ်သက်မှုနှင့် ဝမ်းမြောက်မှုကို ခံစားခဲ့ရသည်။ အချိန်အနည်းငယ် ကြာပြီးနောက်မှာ အခြားလူများရှေ့မှာ ကျွန်တော်က ပို၍ နှိမ့်ချလာသည်ကို တွေ့ရသည်၊ ပြီးလျှင် စစ်တပ်အရာရှိ ဖြစ်ခဲ့သည်ကိုလည်း မကြွားဝါတော့ပါ။ ညီအစ်ကိုမောင်နှမများက ကျွန်တော့်အမှားများကို ထောက်ပြပါက၊ ကျွန်တော် သတိရှိရှိနှင့် ဘုရားသခင်ကို ဆုတောင်းပြီး နာခံသည်၊ ပြီးလျှင် ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကိုယ် သိဖို့ ကြိုးစားခဲ့သည်။ တူညီသည့်အဆင့်အတန်းမှာ အခြားသူများနှင့် အဆင်ပြေပြေ နေနိုင်လာပြီး မိမိက သူများထက် သာသည်ဟု မတွေးတော့ပါ။ ကျွန်တော် သတိမထားလိုက်မီတွင် ကျွန်တော့်၏ ကြိုးစားအားထုတ်မှု အမြင်က ပြောင်းသွားခဲ့သည်။ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့က ကျွန်တော့်ကို များစွာ မှေးမှိန်စေခဲ့သည်။ ယင်းတို့က ကျွန်တော့်ကို ဆက်ပြီး ချုပ်ကိုင်၍ မရတော့ပါ။ ကျွန်တော့်ထက် ယုံကြည်ခြင်း အချိန်ကာလ နည်းသည့်သူများက အသင်းတော်ခေါင်းဆောင်ဖြစ်ရသည်ကို မြင်ပါက၊ ကျွန်တော် အနည်းငယ် မနာလိုဖြစ်သေးသော်လည်း၊ သို့ရာတွင် ဆုတောင်းရင်း၊ သမ္မာတရားကို အားထုတ်ရင်းနှင့်၊ ထိုစိတ်ကို အမြန် စွန့်ပစ်နိုင်ခဲ့ပါသည်။ ယခု အိမ်မှာ ကျွန်တော့်တာဝန်ကို ကျွန်တော့်ဇနီးနှင့်အတူ လုပ်ဆောင်ပါသည်။ လူသိသူသိ အလုပ်မျိုး မဟုတ်သော်လည်း၊ ကျွန်တော် တကယ်ကို ကျေနပ်ပါသည်။ ကျွန်တော်တို့ အသက်တာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လွှမ်းမိုးခွင့်ပြုဖို့ ကျွန်တော်တို့ ကျင့်ကြံကြသည်၊ ပြီးလျှင် မှန်မှန်ကန်ကန် ပြောဆိုပြီး သမ္မာတရားနှင့်ကိုက်ညီသည့် မည်သူကိုမဆို ကျွန်တော်တို့ နားထောင်ကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော့်ကို ပြောင်းလဲခဲ့သည်ကို ကျွန်တော် တကယ် တွေ့ကြုံခံစားခဲ့ရပါသည်။ ကျွန်တော့်၏ အိမ်ထောင်၊ ကျွန်တော့်မိသားစုကို သူ ကယ်တင်ခဲ့သည်၊ ပြီးလျှင် အတော် ဆိုးယုတ်သည့် လူတစ်ယောက်ဖြစ်သည့် ကျွန်တော့်ကို သူ ကယ်တင်ခဲ့သည်။ ကျွန်တော်က အလွန် မာနထောင်လွှားခဲ့ကာ၊ စိတ်ကြီးဝင်ခဲ့ပြီး အဆင့်အတန်းနှင့် အကျိုးအမြတ်ကို စွဲလမ်းသည်၊ ကောက်ကျစ်ပြီး လောဘကြီးခဲ့သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းမပါဘဲ၊ အသက်တာမှာ မှန်ကန်သည့်လမ်းကြောင်းကို ကျွန်တော် လုံးဝ လျှောက်နိုင်မည် မဟုတ်ပါ။ ပို၍ ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်ခြင်း ဖြစ်လာမည် ဖြစ်ကာ၊ နောက်ဆုံးမှာ ဘုရားသခင်က ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးသည့်အထိ မကောင်းမှုများကို အများကြီး လုပ်မိမည် ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ချစ်ခြင်းကို ဤအတွေ့အကြုံများမှတစ်ဆင့် ကျွန်တော် တကယ်ကို ခံစားခဲ့ရပါသည်။ သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ လူသားပုံဏ္ဌာန်တစ်ခုနှင့် အနည်းငယ် အသက်ရှင်နေထိုင်နိုင်ခြင်းတို့က ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကြောင့် ဖြစ်ပါသည်။ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။