၈၁၄ သင့်သာသနာလုပ်ငန်းကို သင်သတိပြုမိလား

သင့်ပခုံးပေါ်က ဝန်ထုပ်၊ တာဝန်နဲ့

စေခိုင်းချက်တွေကို အို...သတိပြုမိရဲ့လား

ဘယ်မှာလဲ သမိုင်းတွင်မယ့် ခံယူချက်တွေနဲ့

သာသနာတော်စေခိုင်းမှုတွေပေါ့

နောင်ကာလ မှာကောင်းသောသခင်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲ

အကြီးအကဲ ကောင်းတွင်ရှိသော စိတ်ဓာတ်မျိုး သင် ၌ ရှိ ရဲ့လား

ခပ်သိမ်းတို့ ၏ အရှင်ဖြစ်သည်ကို သင်သည်ဘယ်လိုရှင်းပြမယ်

ခပ်သိမ်းသောသက်ရှိများ

ရုပ်ဝတ္ထုလောကတစ်ခုလုံးရဲ့ အစစ်အမှန် ကယ်တင်ရှင်လား

အိုး...အမှုတော် နောက်တစ်ဆင့်အတွက် သင့်အစီအမံတွေဘာဖြစ်မလဲ

လူဘယ်လောက်များ သင့်ကို ဦးဆောင်လမ်းပြပေးဖို့ရန် စောင့်နေမလဲ

သင့်ရဲ့တာဝန်သည် အလွန်ပင် ကြီးလေးသောတာဝန် မဟုတ် ပေ လော


ထိုဝိညာဉ်များ သနားဖွယ်ရာ၊ ကန်း၍နေကာ၊

အို...လမ်းပျောက်လို့နေကြ

မှောင်မိုက်ထဲ ငိုကြွေး၊ လွတ်မြောက်ရာလမ်း မျှော်နေ

နှစ်တွေ ကြာ နှိပ်စက်ခဲ့တဲ့ အမှောင်ထုကို

ဖြိုခွင်းဖို့လာမယ့် ကြယ်တံခွန်လို အလင်းတန်းကြီး တမ်းတလို့မျှော်နေ

နေ့ညမပြတ် သူတို့တမ်းတခြင်းကို ဘယ်သူသိသလဲ

အလင်းတစ်ပြက်လင်းခိုက် ထိုစက်ဆုပ်ဖွယ် ရာ ဒုက္ခရောက်သူများသည်

မှောင်မိုက်ထဲ၌ အကျဉ်းကျ၊ လွတ်မြောက်ရန်အတွက် မျှော်လင့်ချက်တွေမဲ့

ထိုသူတွေ ငိုကြွေးသံ ဘယ်ချိန် မှာ အဆုံးသတ်မလဲ

ထိုချည့်နဲ့နေသောဝိညာဉ်များစွာ ကံဆိုးခြင်းမိုးမှောင်ကျ

အကြင်နာမဲ့နှောင်ကြိုးတွေ၊ အေးစက်သောအတိတ်သမိုင်းတစ်လျှောက်

အချိန်တွေ ကြာမြင့်စွာ လှောင်ပိတ်ထားခဲ့ပြီ

သူတို့ရဲ့ငိုကြွေးသံ ဘယ်သူ တွေ ကြားလဲ၊

သူတို့ရဲ့ဒုက္ခကို ဘယ်သူတွေ မြင်သလဲ


ဘုရားရဲ့အကြောင်းတွေကို သင်သည်တွေးတောမိရဲ့လား

သူဘယ်လောက်များ စိုးရိမ်သောက ရှိနေမလဲ

လက်တော်နဲ့ ဖန်ဆင်းခံသော လူသားများဒုက္ခခံတာ

ကိုယ်တော်ဘုရား ဘယ်လိုကြည့်ဝံ့မှာလဲ

လူသည် အဆိပ်သင့်နေသော ကံဆိုးသောသူများသာ

ယနေ့တိုင် အသက်ရှင်နေလည်း

အတန်ကြာ နတ်ဆိုးရဲ့အဆိပ်သင့်နေခဲ့တယ်

သင့်ကိုယ်သင် သားကောင်ဖြစ်မှန်း မသိအောင်

မေ့ပျောက်လို့သွားပြီလား မေ့ပျောက်လို့သွားပြီလား

ဘုရားရဲ့ချစ်မေတ္တာကြောင့် ကျန်ရစ်သူတို့ကို ကယ်တင်လိုသလား

အစွမ်းရှိသမျှနဲ့ ဘုရားကို ကျေးဇူးဆပ်ရန်အတွက်

လူသားတို့ကို သူ့အသွေးသားနည်းတူ ချစ်သောသူ

ထူးခြားသောအသက်တာ ရှင်သန်ဖို့ကို

ဘုရားရဲ့အသုံးပြုခံရခြင်းအား သင်မည်သို့နားလည်သလဲ

အဓိပ္ပာယ်ရှိသော၊ စင်ကြယ်သော အသက်တာ၌

ရှင်သန်ဖို့၊ ဘုရားကို အစေခံဖို့အသက်ရှင်ရန်

သင့် ၌ စစ်မှန်သော စိတ်ဆန္ဒနှင့်ယုံကြည်မှု ရှိပြီလား။


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၁၃ ပေတရု၏ ယေရှုကို နားလည်မှုကျူး

နောက်တစ်ခုသို့- ၈၁၅ ဘုရား၏အလိုတော်ကို သင်နားလည်သင့်၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။