၄၅။ ချောက်ကမ်းပါးစွန်းမှ ပြန်လာသည်

ကျောက်ဂွမ်မင်း၊ တရုတ်ပြည်

၁၉၈၀ခုနှစ်များ အစပိုင်းတွင် ကျွန်တော်က အသက် ၃၀အရွယ်ရှိပြီး၊ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်နေခဲ့သည်။ ကျွန်တော်က မိမိကိုယ်ကို ငယ်ရွယ်ပြီး၊ ကျန်းမာသည်ဟု ယူဆထားသည်၊ လူများကို သစ္စာရှိခြင်းနှင့် လေးစားမှုတို့ဖြင့် ဆက်ဆံပြီး၊ မိမိအလုပ်ကို တာဝန်ယူခြင်းဖြင့် လုပ်ဆောင်ခဲ့သည်။ ကျွန်တော့် ဆောက်လုပ်ရေး ကျွမ်းကျင်မှု များကလည်း ပထမတန်းစားဖြစ်ပြီး၊ ကျွန်တော်က ကုမ္ပဏီ တွင် အောင်မြင်ဖို့ အလားအလာ ရှိကြောင်းနှင့် ကျွန်တော့် သက်မွေးမှု လုပ်ငန်း အမှန်တကယ် အောင်မြင်သည်နှင့် တပြိုင်နက်၊ ကျွန်တော်က အိမ်ရှေ့မင်းသား တစ်ယောက်ကဲ့သို့ အသက်ရှင်နေ မည်ဖြစ်ကြောင်း တို့ကို သေချာခဲ့သည်။ ဤသည်မှာ ကျွန်တော့် ရည်မှန်းချက်ဖြစ်သောကြောင့် ကျွန်တော်က ကုမ္ပဏီနှင့် ဆက် အလုပ်လုပ်ပြီး၊ နှစ်ပေါင်း များစွာ အလုပ်ကြိုးစားခဲ့သည်။ သို့သော် ကျွန်တော့် စင်းလုံးချောစရိုက်နှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ ရှိသော်လည်း၊ ကျွန်တော် အားထုတ်ကြိုးပမ်းမှု များသည် ကုမ္ပဏီ၏ သတိပြုမိခြင်းကို မည်သည့်အခါမျှ ခံရပုံမရသည်မှာ ကျွန်တော် လုံးဝ နားမလည်နိုင်သည့် အရာတစ်ခု ဖြစ်လေ သည်။ ကျွန်တော့် ကုမ္ပဏီတွင် ထိပ်တန်း လစာပေးနှုန်းမှာ အဆင့်၆ ဖြစ်သော်လည်း၊ ကျွန်တော့် လစာက အဆင့်၃ အထက် မည်သည့်အခါမျှ မရောက်ခဲ့ပါ။ ကျွမ်းကျင်မှု လည်း မရှိ၊ ကျွန်တော့်ကဲ့သို့ ကုမ္ပဏီတွင် အချိန်ကြာကြာ အလုပ်မလုပ်ခဲ့သော လုပ်ဆောင်ကိုင်ဖက်များစွာတို့က လစာတိုး သည် ကို ကျွန်တော် ကြည့်ခဲ့ရသော်လည်း၊ ထိုအရာက ကျွန်တော့် ကို တစ်ခါမျှ မဖြစ်ပျက်ခဲ့ပါ။ သူတို့ လစာတိုးပြီး၊ ကျွန်တော် မတိုးရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ကျွန်တော်က ပဟေဠိဖြစ်ပြီး၊ မကျေမချမ်းဖြစ်ရသည်။ နောက်ဆုံးတွင် လုပ်ဖော် ကိုင်ဖက်များထဲမှ ကျွန်တော်နှင့် အတော်အတန် သင့်မြတ်သည့် တစ်ယောက်က ကျွန်တော့်ကို အကြံပြုချက် တစ်ခု ပေးခဲ့သည်။ “ဒီကုမ္ပဏီမှာ အရေးအကြီးဆုံးအရာက မန်နေဂျာကို မြှောက်ပေး ဖို့ပဲ၊ ပြီးတော့ အနည်းဆုံးအဆင့် သူ့ကို ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူး ဖြစ်ပါစေလို့ ဆုတောင်း ပေး၊ ပြီးတော့ တခြား ပွဲတော်တွေမှာလည်း အဲဒီအတိုင်းလုပ်။” ဤအရာကို ကြားရာ တွင်၊ ကျွန်တော်က ကုမ္ပဏီ၏ လျစ်လျူရှုခြင်း ခံခဲ့ရသည့် အကြောင်းအရင်း အစစ်အမှန်ကို နောက်ဆုံးတွင် ကျွန်တော် နားလည်သဘောပေါက်ခဲ့ပြီး၊ ၎င်းနှင့် ပတ်သက်သည့် တရားမမျှတခြင်းက ကျွန်တော့်ကို ဒေါသအမျက်ခြောင်းခြောင်း ထွက်စေသည်။ သို့သော် ကုမ္ပဏီရှိ ထိုမျက်နှာလိုမျက်နှာရ လုပ်သော သူများကို ကျွန်တော် မုန်းတီး ပြီး၊ အလုပ်နည်းနည်း လုပ်သော်လည်း လက်သီး ပုန်းထိုးသော နည်းစနစ်များကို အသုံးပြုခြင်းအားဖြင့် လစာ တိုးကာ၊ ရာထူးတိုးဆဲဖြစ်သော ထိုသူများအတွက် အချိန်ပို၍ပင် နည်းပါးသော်လည်း၊ ကုမ္ပဏီတွင် နာမည်ကို ခိုင်မာအောင် လုပ်ဖို့ လိုသောကြောင့် ရေးမထားသည့် စည်းမျဉ်းများအတိုင်း လိုက်လျောညီထွေဖြစ်အောင် နေဖို့လိုအပ် ခဲ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ် တရုတ်နှစ်သစ်ကူး ရောက်လာသည့် အချိန်တွင် မန်နေဂျာကို ကျွန်တော်က “ကျွန်တော့် အူလှိုက်သည်းလှိုက် ဆုတောင်းမေတ္တာကောင်းများ ဖော်ပြခဲ့ သည်”၊ ပြီးလျှင် အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်တော် ချက်ချင်း ရာထူးတိုးသွားခဲ့သည်။

အဖွဲ့ခေါင်းဆောင် အနေဖြင့် ကျွန်တော်က ပို၍ပင် တာဝန် သိလာပြီး၊ ကျွန်တော့်အလုပ်၌ တာဝန်ယူလုပ်ဆောင် ခဲ့သည်။ တင်းကျပ်စွာ ကြီးကြပ်ကွပ်ကဲဖို့နှင့် အလုပ်များက စံချိန်စံနှုန်းမီ ပြီးမြောက်ဖို့ ညွှန်ကြားဖို့နှင့် စီမံကိန်း ပစ်မှတ်များ ပြည့်ဝစေဖို့ တို့အတွက် ကျွန်တော်က ဆောက်လုပ်ရေးဆိုဒ်များသို့ သွားရောက်ခဲ့သည်။ အလုပ်သမားများ၏ လုံခြုံရေးကိုလည်း ကျွန်တော့် စိတ်ထဲ တစ်ချိန်လုံး ထားရှိကာ၊ ကျွန်တော့် အလုပ် စိတ်နေ သဘောထားနှင့် ပညာရှင်ဆိုင်ရာ လမ်းပြမှုတို့က ကျွန်တော့် အဖွဲ့ထဲတွင် အလုပ်သမားများ၏ နေရာမရွေး ချီးမွမ်းမှုကို ခံခဲ့ရသည်။ သို့သော် အဖွဲ့ခေါင်းဆောင်များကို ဆက်ခန့်ထားခြင်း သို့မဟုတ် အလုပ်ဖြုတ်ခြင်းအချိန်သို့ ရောက်လာပါက၊ ဤအရာများ တစ်ခုမျှ အရေးမကြီးတော့ပါ- အရေးအကြီးဆုံး အရာမှာ မန်နေဂျာကို အဖွဲ့ခေါင်းဆောင် တစ်ယောက်ချင်း စီက ပေးသည့် လက်ဆောင်များ၏ တန်ဖိုးသာ ဖြစ်သည်။ ကုမ္ပဏီတွင် ကျွန်တော့် အလုပ်မြဲနေစေရန်၊ ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိဘဲ၊ ဤရှင်သန်မှု ဥပဒေသ အတိုင်း လိုက်ရသည်မှာ “ဝက်ဖြစ်မှတော့ မစင်မကြောက်နှင့်” ဆိုသည့် ဆိုရိုးအားဖြင့် သရုပ်ထင်စေသည့် ရက်စက်မှုနှင့် ခိုကိုးရာမဲ့ခြင်း တို့ကို အလွန်အမင်း တွေ့ကြုံခံစားခွင့်ပြုခဲ့သည်။

နောက်နှစ်များတွင် အစိုးရ၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ နှင့် ကန့်သတ်ချက်များ လျော့ရဲခြင်းတို့က ကြီးမားသော အတိုင်းအတာဖြင့် တရုတ်ပြည်တစ်ခုလုံးတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆောက်လုပ်ရေး စီမံကိန်းများ ဆောင်ရွက်ခြင်းတို့ကို ဦးတည်ခဲ့ သည်။ ဤသို့ဖြင့် ကျွန်တော့် ကုမ္ပဏီက သီးခြားပုဂ္ဂိုလ် တစ်ဦးချင်းစီကို စီမံကိန်းများ စတင် သတ်မှတ်နေရာချ ပေးသည်မှာ အဖွဲ့ခေါင်းဆောင်များသည် စာချုပ်ရဖို့ ယှဉ်ပြိုင်ကြရ ခြင်းကို ဆိုလိုပါသည်။ ဤအရာက အဖွဲ့ခေါင်းဆောင် တစ်ယောက်ချင်းစီတို့က အခြားလူများကို သူများထက်သာ အောင် ကြိုးစားလျက်၊ အစားအသောက် များဖြင့် ကျွေးမွေးဧည့်ခံ ခြင်း နှင့် လက်ဆောင်များပေးခြင်း တို့ကို ပို၍ပင် ဦးတည်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်များဖြစ်သည့် ကျွန်တော်တို့က အလုပ်ဌာန တစ်ခုက တင်ဒါပေးဖို့ စီမံကိန်း တစ်ခုရှိသည်ဟု ကြားတိုင်း၊ ကျွန်တော်တို့က ထိုဌာနအတွက် သက်ဆိုင်ရာ လူများကို ကျွန်တော်တို့ လက်ဆောင်များ ပေးခြင်းအားဖြင့် အခြေအနေများ ပိုမိုလွယ်ကူချောမွေ့အောင် လုပ်ဆောင်ဖို့ အလုအယက်တိုးဝှေ့ ကြိုးစားကြသည်။ ဤဌာန ဆိုင်ရာ ခေါင်းဆောင်များ၏ အကြိုက်များကို ထိခိုက်ခြင်းမှ ရှောင်ကြဉ်ဖို့ အကောင်းဆုံး လက်ဆောင်များနှင့် သူတို့ကို ပေးဖို့ အကောင်းဆုံး နည်းလမ်းတို့ကို တွေးတောရန် ကျွန်တော်တို့က ဦးနှောက် ခြောက်ခံ စဉ်းစားခဲ့ကြသည်။ အချို့လူများက ငါး သို့မဟုတ် ကြက်သား ဝမ်းဗိုက်များထဲတွင် ရွှေများကိုထည့်ကြသည်။ အချို့က ငွေသားများ ပေးကြသည်။ အချို့က ရွှေကျောက်မျက် ရတနာ သို့မဟုတ် စိန်လက်စွပ်များ ကို ပေးကြသည်။ ကျွန်တော်လည်း ဤလာဘ်ပေးသည့် ဓလေ့ထုံးစံတွင် ပါဝင်လာပြီး၊ ဤလူများကို ဖားဖို့ မည်သည့် လက်ဆောင်များ ပေးရမည်ကို နာရီပေါင်းများစွာ အကုန်ခံပြီး တွေးတောခဲ့သည်။ နောက်ဆုံးတွင် ကျွန်တော်က စာချုပ်ကို များစွာသော ခက်ခဲမှုဖြင့် အနိုင်ရခဲ့သော်လည်း၊ ကျွန်တော်တို့ အလုပ်စပြီး မကြာမီမှာပင် အစိုးရဆောက်လုပ်ရေးဌာန၊ ဆောက်လုပ်ရေးဒီဇိုင်း အဖွဲ့အစည်း နှင့် အရည်အသွေးနှင့် နည်းပညာပိုင်းဆိုရာ ကြီးကြပ်ကွပ်ကဲရေး အစိုးရဌာန- ထို့အပြင် နယ်ခံ အမာခံအဖွဲ့များ- အားလုံးတို့က “အလုပ်ကို ကြီးကြပ်ကွပ်ကဲရန် နှင့် ညွှန်ကြားရန်” ရောက်ရှိလာ ကြသည်။ ဆိုဒ်မှာ ဤပြဿနာ သို့မဟုတ် ထိုပြဿနာရှိကြောင်း၊ ထိုအရာနှင့် ဤအရာက စံနှုန်းမမီကြောင်း သူတို့က ပြောကြပြီး၊ တစ်မနက်လုံး စစ်ဆေးခြင်းများ ပြီးနောက်တွင် ကျွန်တော်တို့ အလုပ်မစနိုင်သေးပါ။ ကျွန်တော့်ကို ယွမ်ထောင်နှင့်ချီပြီး ကုန်ကျစေသည့် အစားအစာဖြင့် ခေတ်မီ ထည်ဝါသော စားသောက်ဆိုင်တစ်ခုတွင် အဖျော်ယမကာနှင့် နေ့လည်စာ တစ်ခုအတွက် သူတို့အားလုံးကို ချက်ချင်း ဖိတ်ခေါ် ခဲ့သည်။ ပြီးလျှင် အစားစားအပြီးတွင်၊ သူတို့တစ်ယောက်ချင်း စီကို ယွမ် ၂၀၀၀ မှ ယွမ် ၁၀၀၀၀ အထိ လာဘ်ထိုးရသေး သည်။ ၎င်းမှာ အလုပ်စတင်ဖို့အတွက် သူတို့၏ အတည်ပြု လက်မှတ်ထိုးခြင်းနှင့် ခွင့်ပြုချက်တို့ကို ရရှိရန် တစ်ခုတည်း သော နည်းလမ်းဖြစ်သည်။ အလုပ်စပြီးနောက်တွင်ပင် ဤကြီးကြပ်ရေး အဖွဲ့အစည်းများက စီမံကိန်းကို စစ်ဆေးရန် စစ်ဆေးသူများကို ပုံမှန်စေလွှတ်ဆဲ ဖြစ်သည်။ သူတို့က ဤအရာများကို စစ်ဆေးခြင်း “လုပ်ရိုး လုပ်စဉ်များ” ဟု ခေါ်သော်လည်း၊ အမှန်မှာမူ ၎င်းတို့က ပိုမို များပြားသော ငွေများကို ကျွန်တော်တို့ထံမှ ညှစ်ထုတ်ရန် နောက်ထပ် ဆင်ခြင်တစ်ခုသာ ဖြစ်လေသည်။ သူတို့က အလုပ်နေရာတွင် သူတို့ ရှိနေခြင်းဖြင့် ကျွန်တော်တို့ကို ဂုဏ်ပြုတိုင်း၊ ကျွန်တော်တို့က သူတို့ကို ဖျော်ဖြေဖို့ အစား အသောက်များ စီစဉ်ခြင်းဖြင့် အလုပ်ရှုပ်စွာ ပြေးလွှားကြရသည်၊ ပြီးလျှင် ဤကြီးကြပ်ရေး အဖွဲ့အစည်း ညွှန်ကြားရေးမှုးများက သူတို့က ဒီဇိုင်နာ အဝတ်အစားများကို ဝယ်ယူသည့် နေရာဖြစ် သည့် စျေးရုံကြီးများသို့ ကျွန်တော့်ကို သူတို့နှင့် အတူလိုက်ခိုင်းရန် အကြောင်းပြချက်များကိုပင် ရှာတွေ့ကာ၊ ကျွန်တော်ကို ပိုက်ဆံ ပေးချေဖို့ မျှော်လင့် ကြသည်။ တစ်ခါတစ်ရံတွင် သူတို့က ငွေကျပ်တည်းနေပြီး၊ သုံးဖို့ငွေကို ကျွန်တော့်ထံမှ တိုက်ရိုက် တောင်းရဲသည်အထိပင် အတင့်ရဲလာကြသည်။ စီမံကိန်းကို ဆက်လက်တိုးတက်နေစေဖို့ရာ ကျွန်တော့်မှာ အံကို ကြိတ်ပြီး၊ ဒေါသကို မြိုချကာ၊ သူတို့ကို ကောင်းကောင်း မွန်မွန် ဆက်ဆံပြီး၊ ဒဏ်ခံရုံသာ တတ်နိုင်ခဲ့သည်။ ပို၍ပင် ဆိုးသည်မှာ ဤအဖွဲ့ အစည်း ညွှန်ကြားရေးမှုများကို မြို့ပြင်သို့ပင် အချိန်အကြာကြီး အဖော်လိုက်ခဲ့ရခြင်း ဖြစ်သည်။ အချိန်ကာလ ကြာမြင့်စွာ အရက်အလွန်အကျူးသောက်ခြင်း နှင့် ပုံမှန်မဟုတ်သော ပုံစံဖြင့် အိပ်စက်ခြင်းတို့ကြောင့် ကျွန်တော့် အစာအိမ် ပြဿနာနှင့် သွေးတိုးရောဂါတို့ဖြင် အဆုံးသတ်ခဲ့ပြီး၊ ကျွန်တော် လုံးလုံး ခြေကုန်လက်ပန်းကျခဲ့ရသည်။ ထို့ကြောင့် စီမံကိန်း နောက်ဆုံး တွင် ပြီးဆုံးသွားပြီး၊ ကျွန်တော် လုပ်အားခရသည့် အချိန်တွင်၊ ကျွန်တော့်မှာ ပိုက်ဆံလုံးဝ မရခဲ့လုနီးပါး ဖြစ်သည်ကို တွေ့ရှိခဲ့ သည်။ ကျွန်တော် တကယ့်ကို ငိုလို့ရခဲ့သည်။ ဘဝ၏ ခက်ခဲသော နည်းလမ်း တစ်ခုဖြင့် ရင်ဆိုင်ရခြင်းဖြင့် ကျွန်တော်က “ငါ့ကျွမ်းကျင်မှုနဲ့ အလုပ်ကြိုးစားခြင်းတို့ပေါ် မှီခိုပြီး ပိုက်ဆံရှာ ရတာဟာ ဘာဖြစ်လို့များ အရမ်း ခက်ခဲတာလဲ။ ပြည်တွင်း စနစ်မှာ ဌာနတစ်ခုချင်းစီတိုင်းက ခေါင်းဆောင်တွေက ဘယ်လို လုပ်ပြီး အရမ်း အကျင့်ပျက်ကြတာလဲ။” ဟု မိမိဘာသာတွေး မိသည်။ ကျွန်တော်က အလွန်ခိုးကိုးရာမဲ့သော်လည်း ကျွန်တော့် ငွေရှာဖို့ မျှော်လင့်ချက်အားလုံးကို ဤအစိုးရအရာရှိများပေါ်သို့ ပုံ၍အားထားခဲ့ရန်မှလွဲပြီး ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိခဲ့ပါ။ သူတို့နှင့် ကောင်းမွန်သည့် ပေါင်းသင်းဆက်ဆံရေး များ တည်ဆောက်ခြင်းက ကျွန်တော့် သက်မွေးမှုလုပ်ငန်း အတွက် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းလည်း ဖြစ်သည် ဟု နဂိုမူလက ယူဆထားခဲ့သည်၊ ပြီးလျှင် ကျွန်တော် လုပ်နေ သမျှက အပြစ်၏ ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲ ပို၍နက်ရှိုင်းစွာ နစ်မြုပ်နေခြင်းဖြစ်ပြီး၊ မျှော်လင့်ချက်မရှိသော အခြေအနေတစ်ခု ကို ခက်ခက်ခဲခဲ ကူးဖြတ်လျှောက်နေရ ခြင်းသာ ဖြစ်သည်ကို ကျွန်တော့်ထံ တစ်ခါမျှ အတွေး မရောက်ခဲ့ပါ။

၁၉၉၂ ခုနှစ်တွင်၊ ရှုပ်ထွေးပြီးခက်ခဲသော လုပ်ငန်းတစ်ခု ပြီးနောက်၊ ကျွန်တော်က မြို့ထဲတွင် ဆောက်လုပ်ရေး စီမံကိန်း တစ်ခုအတွက် စာချုပ်ကို အနိုင်ရခဲ့ပြီး၊ ထိုစီမံကိန်းက ကျွန်တော့် အတွက် ငွေအချို့ရစေမည်ဟု ကျွန်တော် ခန့်မှန်း ခဲ့သည်။ ကျွန်တော်က အလုပ်စတင်ဖို့ ပြင်ဆင်ခြင်းတွင် ကျွန်တော် တတ်နိုင်သမျှ အားလုံးကို စိတ်အားထက်သန်စွာ စိုက်ထုတ်နေ သည့် အချိန်တွင်ပင်၊ မြို့လေးမြို့မှ အစိုးရအရာရှိ တစ်ယောက် ချင်းစီ အတွက် သီးသန့်အိမ်ကြီးရခိုင်တစ်လုံးစီ ပထမဦးစွာ ဆောက်ပေးရမည်ဟု ကျွန်တော့် မန်နေဂျာက ကျွန်တော့်ကို ပြောလာခဲ့သည်။ ကျွန်တော့် သက်မွေးမှုလုပ်ငန်း တိုးတက်မှုနှင့် ပတ်သက်ပြီး ဤသည်မှာ အခွင့်အလမ်းကောင်း တစ်ခု ဖြစ်ကြောင်း နှင့် မြို့အရာရှိများအတွက် အခွင့်အရေး တစ်ခုပေး ခြင်းက ကျွန်တော့်အတွက် အနာဂတ်တွင် ငွေနှင့် ပတ်သက်ပြီး လုံးဝ စိုးရိမ်စရာ မလိုတော့ဘဲ၊ မကြာမီတွင် ကောင်းမွန်သော ဘဝဖြင့် အသက်ရှင် နေထိုင်ရမည်ဟု အာခံပေးမည် ဖြစ်သည်ဟု သူက ကျွန်တော့်ကို ပြောခဲ့သည်။ မျှော်လင့်ချက်ဖြင့် ပြည့်နေ သည့် နှလုံးသားတစ်ခုဖြင့်၊ ခြံကြီးဝင်းကြီးဖြင့် အိမ်ကြီး လေးလုံးကို တည်ဆောက်ဖို့ လုံလောက်သည့် ရင်းနှီးမြုပ်နှံငွေကို ကောက်ခံရန် ငွေကို ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် အတူတကွ ရယူလျက်၊ ကျွန်တော်က ဘဏ်မှ ချေးငွေထုတ်ယူပြီး၊ သူငယ်ချင်းများနှင့် ဆွေမျိုးများထံမှလည်း ငွေများချေးခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင် ကျွန်တော့် အားထုတ် ကြိုးပမ်းမှုများ အားလုံး က အာဏာပိုင်များ၏ လက်လှမ်းမီသော သြဇာအာဏာနှင့် ၎င်းတို့ကိုဝေးရာမှာထားရန် မတတ်နိုင်ခဲ့ပါ။ အကြောင်းမှာ အစိုးရအရာရှိလေးဦးတို့က လာဘ်လာဘယူခြင်း၊ အကျင့်ပျက် ခြင်းတွင် ပါဝင်ခြင်းတို့နှင့် ပတ်သက်ပြီး၊ သံသယဖြစ်ခံရကာ၊ စစ်ဆေးခြင်း အာဏာပိုင်များ၏ ကိုင်တွယ် ဖြေရှင်းခြင်း ကိုခံရသည်။ ကျွန်တော့် အပတ်တကုပ်ကြိုးစား အားထုတ်ပြီး ချမှတ်ထားသည့် အစီအစဉ်ကောင်းများအားလုံးက မီးခိုးထဲ လွင့်ပါသွားပြီး၊ မပြီးစီးသေးသည့် အိမ်ကြီးရခိုင်လေးခုကို အာဏာပိုင်များက သိမ်းဆည်းသွားခဲ့သည်။ ကျွန်တော်က ယွမ် ရာအချို့ကို ထောင်နှင့်ချီသည့် များစွာသော ပမာဏဖြင့် အကြွေးတင်ကာ၊ ပြန်ပေးဖို့ လုံးဝ မဖြစ်နိုင်ဘဲ၊ ကျွန်တော့် ဗိုက်ထဲ တွင် မဖော်ပြနိုင်လောက်သည့် ခါးသီးမှုက လေးလံသော ကျောက်တုံး တစ်ခုကဲ့သို့ တည်ရှိနေလေသည်။

ကျွန်တော့်၏ ခိုကိုးရာမဲ့သော အခြေအနေတွင် ကျွန်တော်က နောက်ထပ် ဆောက်လုပ်ရေး စီမံကိန်းတစ်ခု ပေါ်သို့ ကျွန်တော် မျှော်လင့်ချက်များ ပုံ၍အားထားနိုင်ရုံသာ ရှိလေသည်။ ကျွန်တော့် အကြွေးများဆပ်ဖို့ ကျွန်တော် သက်မွေးမှုလုပ်ငန်းတွင် ယခင်က တစ်ခါမျှ မလုပ်ဖူးသော၊ ကျွန်တော် မလုပ်ချင်ဆုံးသော အရာတစ်ခုကို ကျွန်တော် စတင်လုပ်ဆောင်ခဲ့သည်။- အချိန်ကို ငွေကုန် သက်သာစေရန် အလုပ်ကို ဝတ်ကျေတန်းကျေ လုပ်ခြင်းနှင့် နိမ့်ကျသော ကုန်ကြမ်းပစ္စည်းများ အသုံးပြုခြင်းတို့ ဖြစ်သည်။ ပြည်တွင်း စံချိန်မီ စတီးလ်များကို အသုံးပြုမည့်အစား ကျွန်တော့်က အဆင့်၂ရှိသော အရာများကိုသာ အသုံးပြုခဲ့သည်၊ ပြီးလျှင် ကွန်ကရစ်တွင် သံချောင်း ၆ စည်းကို အသုံးပြုရမည့် အစား ကျွန်တော်က ၄ စည်းကို စတင် အသုံးပြုခဲ့သည်၊ ဤသို့ဖြင့် ကျွန်တော့် စတီးလ်ကုန်ကျစရိတ်က သုံးပုံတစ်ပုံ လျှော့ကျသွား ခဲ့သည်။ ကျွန်တော့် စုစုပေါင်းကုန်ကျစရိတ်များကို ပို၍လျှော့ချ ရန် အရည်အသွေးနိမ့်သော ဘိလပ်မြေကိုလည်း ရောနှောခဲ့ သည်။ အမှန်အတိုင်းဆိုရလျှင်၊ ကျွန်တော် ဤအရာကို လုပ်တိုင်း အပြီးသတ် အဆောက်အအုံ၏ အရည်အသွေးက ကြီးမားစွာ ထိခိုက်မည်ကို စိုးကြောက်သောကြောင့် ကျွန်တော့် လည်ချောင်း ထဲမှာ စို့နင့်နေသည်။ တရုတ်ပြည်အနှံ့အပြားတွင် ခပ်ချာချာ တည်ဆောက်ထားသည့် အဆောက်အအုံများ ပြိုကျပြီး၊ သာမာန်နိုင်ငံသားများစွာတို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရပြီး မွဲပြာကျသည့် သတင်းများကို ကျွန်တော် ကြားသည့် အချိန်တွင်၊ ကျွန်တော် အထူးသဖြင့် ထိတ်လန့်ပြီး၊ အိပ်မက်ဆိုးများ မကြာခဏ မက်လေသည်။ ထိုသို့ အိပ်မက်ဆိုးများမက်ခြင်းက မိုးခြိမ်းသံက မိုးကြိုး သို့မဟုတ် တစ်စုံတစ်ခု ပစ်ချခံရခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည့် ကျွန်တော့် ဖြစ်အံ့သောဂြိုဟ်ဆိုး၏ ကြေညာချက် တစ်ခု ဖြစ်သည်အထိပင် ဖြစ်လာခဲ့သည်။ အကြောက်တရားက ကျွန်တော့်ကို နေ့စဉ်နေ့တိုင်း ချောင်းမြောင်းနေသည်။ ဤအခြေအနေက ကျွန်တော့်ကို နောက်ဆုံးတွင် နာမကျန်း ဖြစ်စေခဲ့ပြီး၊ ကျွန်တော့် သွေးတိုး ရောဂါကြောင့် ဖြစ်ပေါ်လာ သည့် အရာအားလုံးဖြစ်သော မကြာခဏ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်နိုင်ခြင်း တို့ဖြင့် ပတ်ချာဝိုင်း ခံရလေသည်။ ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာ နှင့် ဝိညာဉ်ရေးရာ နှစ်မျိုးလုံးတွင် ချုံးချုံးကျသူတစ်ယောက် ဖြစ်လာပြီး၊ ဘဝက ကျွန်တော့်အတွက် သက်ရှိငရဲတစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ လောကီဆိုင်ရာ ရေပန်းစားမှုများ တွင် မိမိကိုယ်ကို မည်သို့ ဆုံးရှုံးသွားပြီး၊ ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲသို့ ပို၍ နက်ရှိုင်းသထက် နက်ရှိုင်းစွာ နစ်မြုပ်လာသည့်ပုံဖြစ်သည်။ ကျွန်တော် အံ့အားသင့်စွာပင်၊ စီမံကိန်းက တစ်ဝက်ပြီး သွားချိန်တွင်၊ ကျွန်တော် တည်ဆောက် ပေးနေသည့် ဌာနက စာချုပ်ထဲတွင် သဘောတူထားခဲ့သကဲ့သို့ ကျွန်တော့်ကို ပေးချေရန် ငြင်းဆန်ခဲ့လေသည်။ ဘဏ်မှ ကျွန်တော်ရသည့် ချေးငွေက အလုပ်သမားခပေးချေဖို့ မလုံလောက်သောကြောင့် ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘဲ၊ ငွေတိုးချေးစားသူများထံမှ အတိုးကြီးကြီးဖြင့် ချေးငွေ ယူခဲ့ရ သည်။ နောက်ထပ် အဟန့်အတားများစွာ ပြီးနောက်၊ စာချုပ်ချုပ် ထားသည့် ဌာနက အကြွေးများတင်ရှိနေပြီး၊ ဆောက်လုပ်ရေး စီမံကိန်းကို ငွေကြေးမတည်ပေးဖို့ မဖြစ်နိုင်ကြောင်းကို ကျွန်တော် နောက်ဆုံးတွင် စုံစမ်းသိရှိခဲ့သည်။ ကျွန်တော့် စီမံကိန်းများ ထဲမှ နောက်တစ်ခု ရှုံးနိမ့်ခဲ့ပြီး၊ ၎င်းကို ကောင်းကျိုးတစ်ချို့ ရရှိအောင်လုပ်ဖို့ ကျွန်တော် ဦးနှောက်ခြောက်ခံ စဉ်းစားခဲ့ သည်။ ကျွန်တော် လုံးလုံး ခြေကုန်လက်ပန်းကျနေပြီး၊ မျှော်လင့်ချက် ပျက်သုဉ်းခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်နေခဲ့သည်။ ထို့နောက် နောက်ထပ် ကုမ္ပဏီတစ်ခုမှ ဆောက်လုပ်ရေး စီမံကိန်းတစ်ခု ရရှိထားသည့် အဖွဲ့ ခေါင်းဆောင်တစ်ယောက်က ချေးငွေများစွာ ထုတ်ယူခဲ့ပြီး၊ ပြန်မပေးနိုင်သောကြောင့်၊ သူ့ကိုယ်သူ ဆွဲကြိုးချခြင်းဖြင့် အဆုံးသတ်သွားကြောင်း ကြားခဲ့ရသည်။ ကျွန်တော်လည်း ငရဲ၏ ဂိတ်ဝတွင် မတ်တပ်ရပ် နေသကဲ့သို့ လည်းကောင်း၊ မျှော်လင့်ချက်ပျက် သုဉ်းခြင်းထဲသို့ နစ်မြုပ်နေသည်ဟု လည်းကောင်း ခံစားခဲ့ရသည်။ ထို့နောက်တွင် ကြွေးရှင်များက သူတို့ပိုက်ဆံပြန်ယူဖို့ ကျွန်တော်အိမ်သို့ စတင် လာရောက်ခဲ့ ကြသည်။ အချို့က ကျွန်တော့် အိပ်ရာပေါ်တွင် အိပ်ကာ ထွက်သွားဖို့ ငြင်းဆန်နေစဉ်၊ တခြားလူများက လူပုံအလယ် တွင် ဆူပူသောင်းကျန်းကာ၊ ကျွန်တော့်ကို ခြိမ်းခြောက်ကြ သည်။ ကျွန်တော့်က သူတို့ကို ဆက်ဆံရာတွင် တတ်နိုင် သလောက် ယဉ်ကျေးပြီး၊ မိမိကိုယ်ကိုနှိမ့်ချခဲ့သည်၊ ပြီးလျှင် ကျွန်တော် လုံးလုံး အရှက်ကွဲခဲ့ပါသည်။ ကျွန်တော် အခင်ဆုံး သူငယ်ချင်းများနှင့် ဆွေမျိုးများကပင်၊ ကျွန်တော် သူတို့ကို ငွေပြန်မပေးနိုင်ဟု တွေးကာ၊ ကျွန်တော့်ကို စတင်ဆန့်ကျင် လာကြသည်။ ထိုရက်များတွင် လူ့ပေါင်းသင်း ဆက်ဆံရေး သည် မည်မျှ ပြောင်းလဲလွယ်နိုင်သည်ကို ကျွန်တော် အမှန်တကယ် အသိအမှတ်ပြုလာရသည်။ ကျွန်တော့်ကို ချူးတစ်ပြားမှ မကျန်ရစ်ခဲ့စေရုံမကဘဲ၊ ကျွန်တော့်ကို ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလည်း ခြေကုန်လက်ပန်းကျ စေသည့် အပြင်၊ ယွမ်ရာပေါင်းထောင်နှင့်ချီသည့် အကြွေးကိုပါ ကျန်ရစ်စေ သည့် ထိုအပူတပြင်း ရုန်းကန်လှုပ်ရှားခဲ့သည့် နှစ်များကို ကျွန်တော် ပြန်လည် အမှတ်ရမိသည်။ ကျွန်တော် ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းတစ်ခု ချကာ၊ “ကောင်းကင်ဘုံ၊ ဒါက အရမ်းခက်ခဲပါတယ်။ ကျွန်တော် တကယ့်ကို နောက်ထပ် အသက်ရှင်ချင်တော့ပါဘူး။” ဟု ပြောလိုက်သည်။

ကျွန်တော်က ငရဲဂိတ်ဝတွင် ချီတုံချတုံ ဖြစ်နေစဉ်ပင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိက ကျွန်တော့် နားထဲကို ရောက်လာခဲ့သည်။ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို တွေ့ရသည်။ “ယနေ့ ငါသည် သင်တို့အား ဤအဆင့်အထိ လမ်းပြခဲ့ပြီးဖြစ်သဖြင့် ငါသည် သင့်လျော်သော အစီအမံများကို ပြုလုပ်ထားပြီး ငါ၏ ကိုယ်ပိုင် ရည်မှန်းချက်များ ရှိ၏။ ငါသည် သင်တို့အား ၎င်းတို့အကြောင်း ယနေ့ပြောပြရမည်ဆိုလျှင် သင်တို့သည် ၎င်းတို့ကို အမှန်တကယ် သိနိုင်ပါမည်လော။ ငါသည် လူ့စိတ်၏ အတွေးများနှင့် လူ့စိတ်နှလုံး၏ ဆန္ဒများကို ကောင်းစွာ သိကျွမ်းသည်- မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်ကို တစ်ခါမျှမရှာဖူးသူ မည်သူရှိသနည်း။ မိမိတို့ကိုယ်တိုင်၏ အလားအလာများအကြောင်း မစဉ်းစားခဲ့ဖူးသူ မည်သူရှိသနည်း။ သို့ရာတွင် လူသားသည် ကြွယ်ဝ၍ ထူးချွန်သော အသိဉာဏ်နှင့်ဆိုင်သည့် လက္ခဏာ ရှိသော်လည်း၊ ခေတ်ကာလများ၏နောက် ပစ္စုပ္ပန်သည် ဤသို့ ဖြစ်လာလိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်ခဲ့သနည်း။ ဤသည်မှာ သင်ကိုယ်တိုင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ကြိုးပမ်းမှုများ၏ အသီးအပွင့် အမှန်ပင်ဖြစ်သလော။ ဤသည်မှာ သင်၏ မမောမပန်းနိုင်သော လုံ့လဝီရိယအတွက် အဖိုးအခပင်လော။ ဤသည်မှာ သင့်စိတ်ကူးဖြင့် မှန်းဆကြည့်သော လှပသည့် ပြကွက်ပေလော။ ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လမ်းမပြခဲ့ပါက၊ ငါ၏အစီအမံများမှ မိမိတို့ကိုယ်ကိုယ် ခွဲထွက်ကာ အခြားထွက်ပေါက်ရှာနိုင်မည့်သူ မည်သူရှိသနည်း။ လူသားကို ယနေ့မျက်မှောက်သို့ ခေါ်လာသည့်အရာမှာ လူသား၏ စိတ်ကူးစိတ်သန်းများနှင့် စိတ်ဆန္ဒများပေလော။ များစွာသော လူတို့သည် ၎င်းတို့၏လိုအင်ဆန္ဒများ ပြည့်ဝခြင်းမရှိဘဲ၊ သူတို့ဘဝ တစ်လျှောက်လုံး အသက်ရှင်ကြ၏။ ဤသည်မှာ အမှန်တကယ်ပင် ၎င်းတို့၏ အတွေးအခေါ်ထဲရှိ အမှားတစ်ခုကြောင့်ပေလော။ များစွာသော လူတို့၏ ဘဝများသည် မျှော်လင့်မထားသော ပျော်ရွှင်ကျေနပ်မှုတို့နှင့် ပြည့်နှက်လျက် ရှိသည်။ ဤသည်မှာ အမှန်တကယ်ပင် သူတို့က အလွန်နည်းပါးစွာ မျှော်လင့်ထားကြ၍လော။ လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထား သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁)) ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်သည့်အချိန်တွင် ကျွန်တော် လုံးလုံး လက်ခံယုံကြည်ခဲ့သည်။ ကျွန်တော်တို့၏ ကံကြမ္မာများသည် ကျွန်တော်တို့လက်ထဲတွင် မရှိဟု ကျွန်တော် အမှန်တကယ်ခံစားရသည်။ ကျွန်တော့် ကိုယ်ပိုင် အနာဂတ်အတွက် ကျွန်တော် မည်သို့ပြင်ဆင်ပြီး တွက်ချက်ခဲ့ သော်လည်း၊ မည်သည့်အရာမှ ကျွန်တော့်အတွက် အလုပ်မဖြစ် ခဲ့သည့် ယခင်နှစ်များကို ကျွန်တော် ပြန်ပြောင်း တွေးကြည့် သည်။ ငွေများစွာရှာဖို့ ကျွန်တော့် စည်းစိမ်အားလုံးကို ပုံအောလိုက်ပြီး၊ ဟန်ကြီးပန်ကြီးလုပ်သော ဘဝနေထိုင်မှုပုံစံ တစ်ခုတွင် အသက်ရှင်နေထိုင်ခဲ့သော်လည်း၊ ကျွန်တော် ပိုက်ဆံ တစ်ပြားမှ မရှာနိုင်ခဲ့ရုံမျှမက၊ ငွေအပုံလိုက်ကိုလည်း ဖြုန်းတီးခဲ့ သည်။ တစ်ခါက လူသိများခဲ့သည့်- ကျွန်တော်က ထိုကဲ့သို့ သနားဖွယ် ဆင်းရဲခြင်း အခြေအနေတစ်ခုတွင် အဆုံးသတ်နိုင် သည်ဟု ကျွန်တော် တစ်ခါမျှ စိတ်မကူးခဲ့ပါ။ ကျွန်တော်က ကျွန်တော့် အနာဂတ်အတွက် အလုပ်ကြိုးစားခဲ့ သော်လည်း၊ ရှုံးနိမ့်ခြင်း တစ်ခုပြီး တစ်ခု ကြုံတွေ့ခဲ့ရသည်မှာ အဘယ့်ကြောင့် နည်း။ ၎င်းမှာ လူတိုင်း၏ ကံကြမ္မာသည် သူတို့ကိုယ်ပိုင် လက်ထဲတွင် မရှိဘဲ၊ ဘုရားသခင်၏ လက်ထဲတွင် ရှိသောကြောင့် ဖြစ်သည်။ အရာအားလုံးကို ဘုရားသခင်က အုပ်စိုးပြီး၊ ကြိုတင်ပြဌာန်းထားသည်။ အခွင့်အလမ်းကောင်း သို့မဟုတ် ကံအကြောင်းမလှခြင်းတို့ အားလုံးသည် ဘုရားသခင်၏ စီမံ ခန့်ခွဲခြင်း ခံရသည်။ ဤအရာများသည် ဘုရား နှုတ်ကပတ်တော် များ ဖြစ်သည်ဟု ကျွန်တော် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ခံစားရပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ ကျွန်တော် မငိုကြွေးဘဲ ခဲ့သည်။ “အိုဘုရားသခင်။ အတိတ်မှာ ကိုယ်တော့်ကို ကျွန်တော် မသိကျွမ်းခဲ့ပါဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်နဲ့ လူ့စွမ်းအားပေါ်ကိုသာ မှီခိုဖို့ ကြိုးစားခဲ့ပေမဲ့ ခိုကိုးရာမဲ့တဲ့ အခြေအနေတစ်ခုမှာ အဆုံးသတ်ခဲ့ရတယ်။ ဒီနေ့မှာ လူတစ်ယောက်ချင်းစီတိုင်းရဲ့ ကံကြမ္မာ၊ သေရေးနဲ့ ရှင်ရေးတို့ ဟာ ကိုယ်တော့် လက်ထဲမှာ ရှိတာကို ကျွန်တော် နောက်ဆုံးမှာ နားလည်ခဲ့ရပါပြီ။ ဒီအခြေအနေကသာ ကျွန်တော့် အပေါ်ကို မကျရောက်ခဲ့ရင်၊ ကျွန်တော့် ကိုယ်တော့် ရှေ့ကို လာမှာ မဟုတ်ပါဘူး။ အိုဘုရားသခင် ကျွန်တော့်ကို သေမင်းတံခါးဝက ကယ်တင်ခြင်း၊ ဘဝကို အသစ်ရင်ဆိုင်ဖို့ သတ္တိပေးခြင်း တို့အတွက် ကိုယ်တော့်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ အခုအချိန်ကစပြီး၊ ဘဝမှာ ကျွန်တော် လိုက်လျှောက်သင့်တဲ့ လမ်းကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်တော့် စီစဉ်မှုတွေကို ကျိုးနွံနာခံပါမယ်။”

ထို့နောက်တွင် ကျွန်တော်က အသင်းတော် အသက်တာတွင် စတင် အသက်ရှင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ပတ်ဝန်းကျင်က ပြင်ပလောကနှင့် လုံးလုံး ကွဲပြားလေသည်။ ညီအစ်ကိုမောင်နှမများတွင် အချင်းချင်း ရိုးရှင်းပြီး ပွင့်လင်းသော ပေါင်းသင်းဆက်ဆံရေး ရှိသည်၊ ပြီးလျှင် အချင်းချင်း ဟန်ဆောင်မှု၊ ခွက်စောင်းခုတ်ခြင်း သို့မဟုတ် ကျိတ်ကြံခြင်း အရိပ်အယောင် တစ်ခုမျှ မရှိကြပါ။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်များဖတ်ရှုပြီး၊ ဘုရားသခင် ကို ချီးမွမ်းခြင်း ဓမ္မသီချင်းများ သီဆိုခြင်းတို့ကို အတူတကွ ဆောင်ရွက်ကြသည်။ ဝတ်ပြုအစည်းအဝေးပွဲများတွင် ညီအစ်ကို မောင်နှမများက အချင်းချင်း ရိုးသားပွင့်လင်းကာ၊ သူတို့ကိုယ်ပိုင် အတွေ့အကြုံများ၊ ချို့တဲ့မှုများနှင့် အခက်အခဲများအပြင်၊ ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် သူတို့၏ နားလည်သဘောပေါက်မှုနှင့် ဗဟုသုတတို့ကို မိတ်သဟာယပြု ကြသည်။ ကျွန်တော် တက်ရောက်သည့် ဝတ်ပြုအစည်းအဝေး တိုင်းက လန်းဆန်း၊ သစ်လွင်ပြီး တက်ကြွမှုပြည့်ဝသည်ဟု ခံစားခဲ့ရသည်။ ညီအစ်ကိုမောင်နှမများအကြားတွင် ခပ်တန်းတန်း ဖြစ်ခြင်း သို့မဟုတ် သံသယဖြစ်ခြင်းတို့ မရှိကြပါ။ လူတိုင်းက အချင်းချင်း နားလည်သဘောပေါက်ကြပြီး၊ အချင်းချင်း ကောင်းစွာ သိကျွမ်းကြသည်။ ကျွန်တော် မကြုံစဖူး စိတ်အေးခြင်း နှင့် လွတ်မြောက်ခြင်း အသိစိတ်တစ်ခုကို ခံစားရပြီး၊ ယခင်က ခံစားခဲ့ဖူးသည်ထက် ပို၍ စိတ်အေး လက်အေးရှိပြီး ပို၍ ပျော်ရွှင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျွန်တော်က လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ထိုကဲ့သို့ ဆင်းရဲဒုက္ခတွင် အသက်ရှင် နေထိုင်ခဲ့ရသည့် အကြောင်းအရင်း ကို နားလည်ဖို့ ဘုရားသခင်က ကျွန်တော့်ကို လမ်းပြခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရှုခဲ့သည်။ “သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသော လျှို့ဝှက်ချက် တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌ အသက်ရှင် နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိ ခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည် ဆိုးယုတ်သောသူ၏ ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်း မြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာ လိမ်လည်လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏ မြည်ဟည်းသော အသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသောရေတို့၏အသံကိုလည်း မကြားရချေ။ သင်သည် တရားသဖြင့်ပိုင်ဆိုင်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကို ဆုံးရှုံးခဲ့လေပြီ။ ကယ်မရန် တန်ခိုးမရှိ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင်ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့် အလောတကြီးလုပ်ဆောင်ခြင်းသာ ဖြစ်၏။ ယင်းအခိုက်အတန့်မှအစပြု၍ သင်သည် ဆိုးယုတ်သောသူ၏ ဖိစီးနှိပ်စက်ခြင်းကိုခံရန်၊ အနန္တတန်ခိုးရှင်၏ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစေရန်၊ အနန္တတန်ခိုးရှင်၏ထောက်ပံ့မှုများနှင့် အလှမ်းဝေး စေရန်၊ ပြန်လမ်းမရှိသောလမ်းမတစ်ခု၌ လျှောက်လှမ်းစေရန် ပျက်စီးကိန်းသို့ရောက်ခဲ့၏။ အကြိမ်တစ်သန်း ခေါ်တော်မူခြင်းမှာ သင်၏စိတ်နှလုံးနှင့်ဝိညာဉ်ကို အနည်းငယ်မျှနှိုးဆွနိုင်ခြင်းမရှိပေ။ သင်သည် လမ်းညွှန် သို့မဟုတ် လမ်းပြအမှတ်အသားများမရှိသော အကန့်အသတ်မဲ့နယ်ပယ်တစ်ခုထဲသို့ သင့်အား သွေးဆောင်ခဲ့သည့် ဆိုးယုတ်သောသူ၏လက်ထဲ၌ နှစ်ခြိုက်စွာအိပ်စက်လေ၏။ ထိုအချိန် မှစ၍နောင်တွင် သင်သည် သင်၏မူလအပြစ်ကင်းစင်ခြင်းနှင့် သန့်ရှင်းခြင်းကို ဆုံးရှုံးခဲ့ရပြီး အနန္တတန်ခိုးရှင်၏စောင့်ရှောက်ခြင်းကို စတင်ရှောင်ရှားခဲ့၏။ သင်၏စိတ်နှလုံးအတွင်း၌ ဆိုးယုတ်သော သူသည် ကိစ္စအားလုံး၌ သင့်ကို ပဲ့ကိုင်ပြီး သင်၏အသက် ဖြစ်လာခဲ့သည်။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ ရှောင်တိမ်းခြင်း သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့ဘဲ သင်၏စိတ်နှလုံးထဲ၌ သူ့ကို ဘုရားသခင်အဖြစ် သဘောထားသည်။ သင်သည် သူ့ကို စတင်ကာ ရိုသေကိုင်းရှိုင်းခြင်း၊ ကိုးကွယ်ခြင်းပြု၍ သင်တို့နှစ်ဦးသည် သေခြင်းတရား၌ စိတ်နှစ်မြှုပ်သကဲ့သို့ အသက်ရှင်ခြင်း၌လည်း စိတ်နှစ်မြှုပ်ကာ ခန္ဓာကိုယ်နှင့် အရိပ်ကဲ့သို့ တစ်ပူးတွဲတွဲ ဖြစ်လာလေ၏။ သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်း သို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း)စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ထို့ကြောင့် ကျွန်တော် လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း ဤကမ္ဘာတွင် မိမိကိုယ်ကို ခြေကုန်လက်ပန်းကျစေခြင်းနှင့် အလွန်စိတ် မချမ်းမြေ့ဖွယ် အပူတပြင်း ရုန်းကန်လှုပ်ရှားစေခြင်း အကြောင်း အရင်းမှာ ကျွန်တော့်က “လူတစ်ဦး၏ ကံကြမ္မာ သည် ထိုသူ၏ လက်ထဲတွင် ရှိ၏” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” “မျက်နှာလိုမျက်နှာရလုပ်ခြင်း နှင့် မြှောက်ပင့်ခြင်းတို့ မပါဘဲ လူတစ်ဦးသည် မည်သည့်အရာမျှ ပြီးမြောက်အောင်မြင်ခြင်း မရှိ” စသည်တို့ကဲ့သို့သော စာတန်၏ ဘဝ စည်းမျဉ်းများဖြင့် သက်ရှင်သန်ခဲ့ခြင်းကြောင့် ဖြစ်လေသည်။ ဤဆိုးယုတ်သော ဒဿနာများဖြင့် အသက်ရှင်နေထိုင်ခြင်း အားဖြင့် ဘုရားသခင် ၏ တည်ရှိမှုနှင့် ပတ်သက်ပြီး၊ ကျွန်တော် လုံးဝ မသိရှိခဲ့သလို၊ လူတိုင်း၏ ကံကြမ္မာအပေါ် ဘုရားသခင် အုပ်စိုးပြီး စီစဉ်သည်ကိုလည်း ကျွန်တော် မသိခဲ့ပါ။ ကျွန်တော့်ဘဝ သို့မဟုတ် အပြုအမူတွင် မည်သည့် ညွှန်ကြားချက်မျှ မရှိဘဲ ဤမှောင်မိုက်သော ကမ္ဘာ၏ ခေတ်ရေစီးကြောင်းဖြင့် ကျွန်တော် မျောပါနေခဲ့သည်။ ဤမှောင်မိုက်သည့် ကမ္ဘာသည် စာတန်၏ အုပ်စိုးခံရပြီး၊ လူ့အဖွဲ့အစည်းသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများ၊ ကျော့ကွင်းများနှင့် လှည့်စားမှုများ ပြည့်နေသည်ကို ကျွန်တော် သေချာပေါက် မမြင်နိုင်ခဲ့ပါ။ ဤမှောင်မိုက်ပြီး ဆိုးယုတ်သည့် လောကတွင် ငွေရှာဖို့ရာ ကျွန်တော်က တာဝန်ခံများအား မြှောက်ပင့်၊ ကပ်ဖားရပ်ဖား လုပ်ဖို့နည်းလမ်းကို သင်ယူခဲ့ပြီး၊ ကျွန်တော် ဆောက်လုပ်ရေး စီမံကိန်းများတွင် အနုပ်စုတ် ကုပ်စုတ် ကုန်ကြမ်းများကိုပင် တိတ်တဆိတ် အသုံးပြုခဲ့သည်။ ကျွန်တော့် အသိစိတ်က နည်းနည်းချင်း ပျောက်သွားပြီး၊ ကျွန်တော်က တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ တစက်မျှ မရှိဘဲ ကျန်ရစ်ခဲ့သည်။ အပြစ်ထဲသို့ ကျွန်တော် ပို၍နစ်မြုပ်လေ၊ ကျွန်တော်က လူသားတစ်ယောက်ကဲ့သို့ ခံစားရခြင်း ပိုနည်းလေ ဖြစ်သည်။ အဆုံးသတ်တွင် ကျွန်တော်က ငွေတစ်ပြားမှ မရဘဲ၊ အကြွေး တစ်ပုံကြီးဖြင့်သာ ကျန်ရစ်ခဲ့ကာ၊ အလွန် မျှော်လင့်ချက် ပျက်သုဉ်းသည်မှာ မိမိကိုယ်ကို သတ်သေလုနီးပါး ဖြစ်ခဲ့သည်။ များစွာသော အကြွေးများကြောင့် မိမိကိုယ်ကို သတ်သေသွား ခဲ့သည့် ထိုအဖွဲ့ခေါင်းဆောင်အကြောင်း ကျွန်တော် တွေးမိသည်- သူက စာတန်ဆီသို့ ယဇ်ပူဇော်ရာ တစ်ခု မဖြစ်ခဲ့ပါလား။ ပြီးလျှင် နှစ်စဉ် နေ့ရက်တိုင်း အခြားဆင်တူ ရိုးမှား အဖြစ်ဆိုးများ မည်မျှ ဖြစ်ပျက်နေသည်ကို မည်သူသိနိုင်မည်နည်း။ ထိုအချိန်တွင် လူများက ထိုကဲ့သို့ အခြေအနေတစ်ခုတွင် ဆိုက်ရောက်ရခြင်း အကြောင်းအရင်း မှာ စာတန်၏ အဆိပ်များကြောင့် ဖြစ်သည့် ထိခိုက်မှုကြောင့် ဖြစ်ပြီး၊ စာတန်၏ အုပ်စိုးမှုအားဖြင့် စီမံညွှန်ကြားသည့် လောကီဆိုင်ရာ ရေပန်းစားမှုများကြောင့် ဖြစ်သည်။ ဤအရာ အားလုံးကို ကျွန်တော် တွေးသည့်အချိန်တွင် ဘုရားသခင် အတွက် ကျေးဇူးတင်ရှိမှုတလိပ်လိပ်တက်ခြင်းက ကျွန်တော့် စိတ်နှလုံးထဲတွင် ပြည့်သွားပြီး၊ ဘုရားသခင်၏ သနားကရုဏာ နှင့် ကယ်တင်ခြင်းအတို့အတွက် ကျွန်တော် အလွန် ကျေးဇူးတင်ရှိခဲ့သည်။ ဘုရားသခင်က ကျွန်တော့်ကို မှောင်မိုက်သော ကမ္ဘာမှ ကယ်တင်ကာ၊ သူ့ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုတို့ကို ကျွန်တော် ပျော်မွေ့နိုင်သည့် နေရာဖြစ်သော ဘုရားအိမ်တော်ဆီသို့ ပြန်လည် ဆောင်ကြဉ်းခဲ့သည်။

အချိန်ကာလ တစ်ခုကြာပြီးနောက် ကျွန်တော့် အကြွေးရှင် များကို နောက်တစ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး၊ ကျွန်တော့် စိတ်နှလုံးက ခလောက်ဆန်ခဲ့သည်။ ကျွန်တော် ပေးရန်ရှိ သေးသည့်အကြွေး များအားလုံးအကြောင်း တွေးသည့် အချိန် တွင်၊ ဆောက်လုပ်ရေး စီမံကိန်းများကို နောက်တစ်ကြိမ် ထပ်ဆောင်ရွက်ချင်သည်။ သို့သော်လည်း ကျွန်တော့် စွမ်းရည် များက ကျွန်တော့် ရည်မှန်းချက်များနှင့် မကိုက်ညီခဲ့ပါ။ ကျွန်တော့် သွေးတိုးရောဂါ ပြဿနာက ရုတ်တရက်ထဖြစ် ပြန်သည်၊ ပြီးလျှင် ကျွန်တော် မည်သည့်အရာကို လုပ်ရမှန်း လည်း မသိခဲ့ပါ။ ဝတ်ပြုအစည်း အဝေးတစ်ခုတွင် ညီအစ်ကို များထဲမှ တစ်ယောက်က ကျွန်တော့် အတွက် ဘုရား နှုတ်ကပတ်တော် တစ်ချို့ကို ဖတ်ပြခဲ့သည်။ “ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ထို့နောက် ထိုအစ်ကိုက ကျွန်တော့်ကို “ကျွန်တော်တို့က ဘုရားသခင်ကို ယုံကြည်တဲ့ အတွက်၊ ဘုရား သခင်မှာ ကျွန်တော်တို့ စစ်မှန်တဲ့ ယုံကြည်မှု ရှိရမယ်။ ကျွန်တော်တို့ စိတ်နှလုံးတွေကနေ ကျွန်တော်တို့က အရာအားလုံးကို အချုပ်အခြာအာဏာပိုင်ဖို့ ဘုရားသခင်ရဲ့ သြဇာ အာဏာ နဲ့ တန်ခိုးတို့ကို ယုံကြည်ရမယ်၊ ပြီးတော့ ကျွန်တော်တို့ ဘဝတွေမှာ အရာအားလုံးကို ဘုရားသခင်ကို လွှဲပြောင်းပေး သင့်တယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့က ဘုရားသခင်ကို မှီခိုဖို့၊ အားကိုးဖို့၊ ဘုရားသခင် ရဲ့ အမှုတော်ကို တွေ့ကြုံခံစားဖို့၊ ဘုရားသခင်ရဲ့ ခေါင်းဆောင်မှုကို ရှာဖွေဖို့ နဲ့ ကျွန်တော်တို့က အရာအားလုံးကို ကိုယ့်ဘာသာ လုပ်နိုင်တယ်လို့ တွေးရင်း နောက်ထပ် အလုပ်ရှုပ်ပြေးလွှားမနေဖို့ သင်ယူသင့် တယ်။ အကြွေးဆပ်တာက လက်တွေ့ကျပြီး တာဝန်သိတဲ့ လူတွေ အားလုံး လုပ်တဲ့ အရာတစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့က သတ္တိရှိပြီး၊ ကျွန်တော်တို့ အကြွေးတွေကို ရင်ဆိုင်ရမယ်။ ဘုရားလက်ထဲမှာ အရာအားလုံး ရှိတယ်ဆိုတာ၊ ပြီးတော့ ကျွန်တော်တို့ မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာမရှိဘူးဆိုတာ ကို ကျွန်တော်တို့ ယုံကြည်ရမယ်။ အစ်ကို့အကြွေးတွေနဲ့ ပတ်သက် ပြီး၊ ကျွန်တော်တို့က ဘုရားသခင်ကို ပိုဆုတောင်းပြီး၊ သူ့အလိုတော်ကို ပိုရှာဖွေသင့်တယ်။” ဟု ပြောလျက် မိတ်သဟာယ ပြုခဲ့သည်။

ထိုအစ်ကို၏ ထောက်ပံ့မှုမှတစ်ဆင့်၊ ယခုအခါတွင် လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းတစ်ခု ကျွန်တော့်မှာ ရှိလာသည်။ ကျွန်တော်က အနီးအနားက ဆောက်လုပ်ရေး ဆိုဒ်တစ်ခုတွင် ကျွန်တော့် ဝတ်ပြုအစည်းအဝေးများ တက်ရောက်ခြင်း သို့မဟုတ် ကျွန်တော့် တာဝန်များ ထမ်းဆောင်ခြင်းတို့ကို အနှောင့်အယှက်မဖြစ်စေသည့် အလုပ် တစ်ခုရခဲ့ပြီး၊ ကျွန်တော့် အကြွေးများ ပြန်ဆပ်ဖို့ ငွေတစ်ချို့ စတင်ရရှိခဲ့သည်။ ကျွန်တော်က ရှေ့ဆက်သွားဖို့ မိမိကိုယ်ကိုသာ နောက်ထပ် မှီခိုခြင်း မရှိတော့ပါ။ ကျွန်တော့် အကြွေးရှင်များက ပိုက်ဆံအတွက် ကျွန်တော့်ထံ လာရောက် သည့် အချိန်တွင်၊ သူတို့နှင့် ကျွန်တော် ရိုးသားစွာ ဆက်ဆံခြင်းကို လက်တွေ့ လုပ်ဆောင်ခဲ့ပြီး၊ ကျွန်တော့်မှာ ရှိသမျှ အရာကို သူတို့ကို ပေးခဲ့သည်။ ကျွန်တော် လယ်မြေမှ ကျွန်တော် ရိတ်သိမ်းရသည့် ကောက်ပဲသီးနှံများကို ရောင်းချ ခြင်းမှ ကျွန်တော် ရရှိသည့် ငွေများမှ ငွေတစ်ချို့ကိုလည်း ပြန်ဆပ်နိုင်ခဲ့သည်။ ကျွန်တော့် အကြွေးများအားလုံးကို ပြန်ဆပ်မည့်အကြောင်း ကျွန်တော့် အကြွေးရှင်များအားလုံးကို တည်ကြည်လေးနက်သော ကတိ တစ်ခုပြုခဲ့ပြီး၊ ထို့နောက်တွင် သူတို့က ကျွန်တော့်ကို စိတ်ဆင်းရဲအောင် နောက်ထပ် မလုပ်တော့ပါ။ ဘဏ်က ချေးငွေ ပြန်ပေးဖို့ ကျွန်တော့်အား တွန်းရန် လူများကို စေလွှတ်သည့် အချိန်တွင် ကျွန်တော်က ဘုရားသခင်ထံ ဆုတောင်းပြီး၊ ၎င်းတို့အားလုံးကို ဘုရားသခင် အား အပ်နှံခဲ့သည်။ “ကျွန်တော် ချေးငွေတွေ အများကြီး ပြန်မပေးနိုင်လို့၊ ထောင်ကျရမယ်ဆိုရင်” ဟု ကျွန်တော် တွေးမိသည်၊ “ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်း တွေနဲ့ စီစဉ်ခြင်းတွေအားလုံးကို ကျွန်တော် နာခံပါ့မယ်။” ၎င်းမှာ ကျွန်တော်က သူ့အမှုတော်ကို တွေ့ကြုံခံစားနေခိုက် ဘုရားသခင် ကို ကျိုးနွံနာခံသည့်အချိန်တွင်၊ ကျွန်တော့်အတွက် သူထွက်ပေါက် တစ်ခု ဖွင့်ပေးသည်ကို မြင်ရင်း သူ့လုပ်ဆောင်ချက်များသည် မည်မျှ အံ့သြဖွယ်ကောင်း နိုင်သည်ကို ကျွန်တော် မြင်တွေ့ခဲ့ ရသည့် အချိန်ဖြစ်သည်။ ချေးငွေများထဲက တစ်ခုမှ ဘဏ်ကွန်ပြူတာစနစ်များထဲသို့ မထည့်သွင်းရသေးဘဲ၊ မပြည့်စုံသည့် သတင်းအချက်အလက် များက အချို့ချေးငွေများ ကို မည်သို့မျှ ပြန်ဆပ်၍မရနိုင်ဟု ဆိုလိုခြင်း ဖြစ်သောကြောင့်၊ ၁၉၉၃ ခုနှစ် မတိုင်မီ ယူထားသည့် ဘဏ်ချေးငွေများအားလုံးကို ပြန်ပေးစရာ မလိုကြောင်း အစိုးရက ကြေညာခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်တော့် ချေးငွေများ အားလုံးက ၁၉၉၃ ခုနှစ် မတိုင်မီ ယူထားခြင်း ဖြစ်သောကြောင့် ကျွန်တော့် အကြွေး ရာထောင်နှင့်ချီသောယွမ်များက ပယ်ဖျက်ခြင်း ခံရသည်။ စိတ်လှုပ်ရှားကာ၊ ကျွန်တော်က ဘုရားသခင်ထံ ကျွန်တော့် ကျေးဇူးနှင့် ချီးမွမ်းခြင်းတို့ကို ပူဇော်ခဲ့သည်။ ကျွန်တော်က “အဲဒီပမာဏကိုသာ ငါရှာရရင်၊ အဲဒါတွေအားလုံး မရှာနိုင်ခင် ငါဟာ ခြေကုန်လက်ပန်းကျတာနဲ့ပဲ သေလောက်တယ်။” ဟု တွေးမိသည်။ ဤဘုရား နှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့်အတိုင်း လူတိုင်း၏ ကံကြမ္မာက ဘုရားသခင်၏ လက်ထဲတွင် အမှန်တကယ် ရှိကြောင်း ဤအရာက ကျွန်တော့်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစား ခွင့်ပြုခဲ့သည်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် မည်သို့ အမှုပြုသည်ကို ပဓာနမထားဘဲ၊ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့်၊ လူသားကို အလုပ်အကျွေးပြုရန် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်လော့။ လူသားအတွက် သူဖန်ဆင်းခဲ့သည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသဖြင့်- အားလုံးသည် လူသား၏ဖြစ်တည်မှုအတွက် ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့်၊ ဘုရားသခင်သည် လူကို မည်သို့ ပြစ်တင်ဆုံးမကာ တရားစီရင်သည်ဖြစ်စေ၊ အားလုံးသည် လူ၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ၎င်း၏ ဇာတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ယင်းသည် လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်ပြီး လူ ရှင်သန်နိုင်ဖို့အလို့ငှာ လူကိုသန့်စင်ခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ လူ၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကိုယ် မည်သို့ ထိန်းချုပ်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း)

ကျွန်တော့် အတွေ့အကြုံများ အတွင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်အကြောင်း ကျွန်တော် ပို၍ပင်သေချာ လာပြီး၊ ကျွန်တော့် ယုံကြည်မှုက အားကောင်းလာခဲ့သည်။ နောက်နှစ်များတွင်၊ ကျွန်တော်က ဝတ်ပြုအစည်းအဝေးများသို့ ဆက်သွားပြီး၊ ကျွန်တော့် တာဝန်များ ထမ်းဆောင်နေစဉ်၊ ကျွန်တော့် ကျန်ရှိနေသည့် အကြွေးများကို ပြန်ဆပ်ဖို့ နယ်ခံ ဆောက်လုပ်ရေး အဖွဲ့နှင့် အတူတကွ အလုပ်လုပ်ခဲ့သည်။ ကျွန်တော်က ဧဝံဂေလိ ဟောကြားဖို့ စရိုက်ကောင်းရှိသည့် သင့်တော်သောသူ တစ်ယောက်ကို တွေ့ဆုံရတိုင်း၊ ကျွန်တော်က သူတို့အား တရားဟောကြားသည်၊ ပြီးလျှင် ကျွန်တော်နှင့် ပေါင်းသင်း ဆက်ဆံရေးကောင်း ရှိသည့် လူတစ်ချို့ကို ဘုရား သခင် ရှေ့တော်မှောက်သို့ ခေါ်ဆောင်ခဲ့သည်။ ကျွန်တော်က နေ့စဉ် အလုပ်ရှုပ်နေဆဲ ဖြစ်သော်လည်း၊ ကျွန်တော်က စာတန်၏ ဒဿနများနှင့် စည်းမျဉ်းများတို့ဖြင့် နောက်ထပ် အသက်မရှင် တော့ဘဲ၊ လောက၏ ဆိုးယုတ်သော ရေပန်းစားမှုများ နောက်ကို နောက်ထပ် မလိုက်တော့သည့်အပြင်၊ ချမ်းသာ ကြွယ်ဝအောင် လုပ်ဖို့ နှင့် ဟန်ကြီးပန်ကြီးဖြစ်သော ဘဝနေထိုင်မှု ပုံစံတစ်ခုတွင် အသက်ရှင်ဖို့ တို့အတွက် မကြိုးစားတော့သောကြောင့် ဘဝက ထူးခြားလာသည်။ ထိုအစား ကျွန်တော်က သမ္မာတရားအတိုင်း ပြုမူကျင့်ကြံပြီး၊ ရိုးသားပြီး လူဆန်ကာ၊ ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်လျက် ဘုရားသခင်၏ အုပ်စိုးမှုနှင့် သူ့သတ်မှတ်ချက်များအတိုင်း ကျိုးနွံနာခံခြင်းဖြင့် အသက်ရှင် နေထိုင်ခဲ့သည်။ ဤနည်းဖြင့် ပြုမူခြင်းက ပွင့်လင်းပြီး၊ ဖြောင့်မတ်ရိုးသားသည်ဟု ခံစားရပြီး၊ ကျွန်တော့်ထဲတွင် စိတ်အေးလက်အေးရှိပြီး၊ အလင်းဖြင့် ပြည့်နှက်နေသည်ဟု စတင်ခံစားခဲ့ရသည်။ တဖြည်းဖြည်းချင်း ကျွန်တော့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို စတင်ပြန်လည်ရရှိ လာပြီး၊ ကျွန်တော် ခံစားခဲ့ရသည့် နာမကျန်းဖြစ်ခြင်း မျိုးစုံတို့က ပျောက်ကွယ်သွားခဲ့သည်။ ယခုနှစ်တွင် ကျွန်တော့် အသက် ၇၅နှစ်ပြည်ခဲ့သော်လည်း၊ ကျွန်တော် ကျန်းမာလေ သည်၊ ကျွန်တော့်မှာ နားမျက်စိရှင်ရှင်ထားရသည်၊ ပြီးလျှင် ကျွန်တော့် အကြွေးများအားလုံး ပြန်ဆပ်ခဲ့သည်။ ကျွန်တော့်ကို ကောင်းစွာ သိသူများက သူတို့ကျွန်တော့်ကို လေးစားကြကြောင်းနှင့် ကျွန်တော်က ကံကောင်းကြောင်း ပြောကြသည်။ သို့သော်လည်း ဤအရာများအားလုံးမှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်း နှင့် ကြင်နာမှုတို့၏ရလဒ်ဖြစ်သည်ကို ကျွန်တော် သံသယမရှိဘဲ သိလေသည်။ ကျွန်တော့်ကို သေမင်းတံခါးဝမှာ ကယ်တင်ခဲ့သူ၊ ကျွန်တော့် လိုအပ်နေသော အချိန်များတွင် ကျွန်တော့် ဘဝကို ကျွန်တော့်အား ပြန်ပေးခဲ့သူ၊ ပြီးလျှင် ကျွန်တော့် ဘဝအတွက် မှန်ကန်သည့် ဦးတည်ချက်ပြခဲ့သူမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်လေသည်။ ဤအတွေ့ အကြုံများ အတွင်း တွင်၊ ဘုရားသခင်၏ ဦးဆောင်မှု မရှိပါက ကျွန်တော်တို့ လူသားများသည် စာတန်၏ ထိခိုက်ခြင်းနှင့် ဝါးမြိုခြင်း တို့ကို မလွဲမရှောင်သာ ခံရလိမ့်မည်ဟု ကျွန်တော် အမှန်တကယ် ခံစားခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် သည်သာလျှင် လူများကို ကယ်တင်နိုင်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသာလျှင် လူများကို အပြစ်၏ ချည်နှောင်မှုမှ အဝေးသို့ ဦးဆောင်လမ်းပြ နိုင်ပြီး၊ ကျွန်တော်တို့ကို စစ်မှန်သည့် လူသားအဖြစ် အသက်ရှင် နေထိုင်ပုံကို ပြနိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သည့် သမ္မာတရားများကို လက်ခံခြင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ကိုးကွယ်ခြင်းတို့အားဖြင့် သာလျှင် လူသားမျိုးနွယ်သည် စစ်မှန်သည့် ပျော်ရွှင်မှုတွင် အသက်ရှင်နေထိုင်နိုင်ပြီး၊ အနာဂတ်ကောင်းနှင့် ကောင်းမွန်သော ခရီးဆုံးပန်းတိုင်ကို ရရှိနိုင်မည် ဖြစ်လေသည်။

အရှေ့သို့- ၄၄။ ကျွန်တော် အိမ်ပြန်ခဲ့ပြီ

နောက်တစ်ခုသို့- ၄၆။ သေမင်းတံခါးဝမှ အသက်ပြန်ရှင်လာခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။