မေးခွန်း (၈) မင်းပြောတဲ့ ဘုရားသခင်ကိုဆန့်ကျင်ရင် ငရဲကျမယ်ဆိုတာတော့ ငါ မယုံဘူး။ ငရဲဘယ်မှာရှိလဲ၊ ဘယ်လိုမျိုး လဲဆိုတာ ဘယ်သူက မြင်ဖူးလို့လဲ။ ဘုရားသခင်ရှိမရှိ ငါလည်း မသိဘူး။ ရှိတယ်လို့လည်း မသေချာဘူး။ ဘုရားသခင်ဆိုတာ ဘယ်မှာလဲ။ ဘယ်သူတွေ့ဖူးလို့လဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် သာ စစ်မှန်တဲ့ဘုရားသခင်ဆိုရင်၊ စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချ တိုက်ခိုက်မှုတွေ လုပ်နေချိန်မှာ၊ ဘုရားသခင်က ဘာလို့မတားရတာလဲ။ ဘုရားသခင် ဆင်းသက် လာပြီး တရုတ်ကွန်မြူနစ်ပါတီကို ဖျက်ဆီးတယ်ဆိုရင်တော့၊ စစ်မှန်တယ်လို့ ပြောရမှာပဲ။ ဒါဆိုရင် လူသားတွေလည်း အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်တဲ့ဘုရားသခင်ဆိုတာကို သိမှတ်သွားကြမယ်၊ စီစီပီကတောင် စစ်မှန်တဲ့ ဘုရားကို ဝပ်စင်း ကိုးကွယ်မှာပဲ။ ဘယ်သူမှ ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ တကယ် ဘာဖြစ်ခဲ့လဲ။ စီစီပီရဲ့ရဲတွေက ဘုရားသခင် ယုံကြည်သူ တွေကို နေရာအနှံ့အပြားမှာ ဖမ်းတာကို မြင်ခဲ့ရတယ်လေ။ ယုံကြည်သူတွေက ထောင်ထဲရောက်လို့ရောက်၊ အနှိပ်စက်ခံရ လို့ခံရနဲ့၊ တော်တော် များများလည်း အသတ်ခံရတယ်။ ဒါပေမဲ့ မင်းတို့ဘုရားသခင်က ကယ်ခဲ့လို့လား။ မင်းတို့ယုံကြည်တဲ့ ဘုရားသခင်က စစ်မှန်ပါတယ်ဆိုတာကို လူတွေ ယုံအောင် ဘယ်လိုသွားပြောမလဲ။ ငါတော့ နားမလည်ဘူး။ မင်းတို့ယုံကြည် နေတဲ့ ဘုရားသခင်က မှန်လား၊ မှားလား။ မင်းတို့တောင် မသိကြဘူးထင်တယ်နော်။ ဒါဆိုရင် မင်းတို့က မိုက်မဲနေတာ မဟုတ်ဘူးလား။ မင်းတို့ဘုရားသခင်က စစ်မှန်ပါတယ်ဆိုတာ ဘာကို အခြေခံပြီးပြောတာလဲ။ ရှင်းပြပေးနိုင်မလား။

အဖြေ- အတွေ့အကြုံရှိတာပဲလေ။ ဘုရားသခင်ရဲ့ တည်ရှိမှုနဲ့ အုပ်စိုးမှုအကြောင်းကို အဖေ ဘာမှမသိတာလား။ ဖန်ဆင်းခြင်းပြီးကတည်းက၊ စာတန်ရဲ့ ဖောက်ပြန်ဖျက်စီးခံခဲ့ရတဲ့ လူသားတွေကို ကယ်တင်ဖို့အတွက် ဘုရားသခင်က အမှုတော် အဆင့်သုံးဆင့်ကို ဆောင်ရွက်ထားတယ်။ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်မှာ သူ့အမှုကို ဣသရေလနဲ့ ယုဒပြည်မှာ စခဲ့တယ်။ ဘုရားသခင် အမှုတော်ရဲ့ အဲဒီအဆင့်နှစ်ဆင့်မှာ၊ နှုတ်ကပတ်တော်တွေကို ပရောဖက်တွေကတစ်ဆင့် ဖော်ပြခဲ့ တယ်၊ သမ္မာကျမ်းမှာလည်း မှတ်တမ်းတင်ခဲ့တယ်လေ။ လူသား မျိုးနွယ် ကို သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းတို့အတွက် နောက်ဆုံးသောကာလမှာ ဘုရားသခင် ဖော်ပြထားတဲ့ သမ္မာတရားတွေကတော့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲမှာရှိပါတယ်။ ဒီအဆင့်သုံးဆင့်ထဲမှာ ကယ်တင်ခြင်း အမှုပြုဖို့ ဘုရားသခင်က နှစ်ကြိမ်တိတိ လူ့ဇာတိခံခဲ့တယ်။ ပထမအကြိမ်မှာ သခင်ယေရှုအဖြစ် လူ့ဇာတိခံပြီးတော့ ရွေးနှုတ်ခြင်းအမှုအတွက် ကားစင်တင်ခံခဲ့ရတယ်။ အဲဒါက တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့တယ်။ သခင်ယေရှုရဲ့ ဧဝံဂေလိတရားဟာလည်း နေရာတိုင်း အိမ်တိုင်းကို ပျံ့နှံ့သွား ခဲ့ပြီး၊ လူသိများလာတယ်။ ခရစ်ယာန်အသင်းတော်တွေကို နိုင်ငံတိုင်း နဲ့ ဒေသတိုင်းမှာ တည်ထောင်ထားတယ်။ ခရစ်ယာန် ဘာသာကို လူတွေအများကြီးက ယုံကြည်တယ်။ နောက်ဆုံးသောကာလမှာလည်း ဘုရားသခင်က အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် လူ့ဇာတိခံယူထားသလို၊ တရားစီရင်ခြင်းအမှု ကို ပြုထားပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆီက လာတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဟာ လူသားတွေ အတွက် သက်သေပါပဲ။ သမ္မာတရားကို ချစ်မြတ်နိုးပြီး ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ရှာဖွေသူ အားလုံးဟာ သမ္မာကျမ်းစာနဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တို့ကို ဖတ်ရင်းနဲ့ ဘုရားသခင်ရဲ့အသံကို ကြားခဲ့ကြ တယ်။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့အမှုတော်ကို မြင်ရ တာကြောင့်၊ ဘုရားရဲ့တည်ရှိမှုကို ယုံကြည်ခဲ့ကြတယ်။ ဘုရားသခင် ရှိမရှိ မသိဘူးဆိုတော့၊ ဘုရားသခင်ရဲ့အမှုကို ဘာလို့ မရှာဖွေ၊ မလေ့လာတာလဲ။ မယုံကြည်သူတော်တော်များများက လက်ခံကြတာတွေ ရှိတယ်လေ၊ ‘လူရဲ့ကံကြမ္မာကို ကောင်းကင်ဘုံက ဆုံးဖြတ်တယ်’၊ ‘လူသားတွေ ပြုမူတဲ့အခါ ကောင်းကင်ဘုံက ဆန်းစစ်တယ်’၊ ‘လူသားက ကြံရွယ်တယ်၊ ဘုရားသခင်က ဖြေရှင်းပေးတယ်’ ဆိုတာမျိုးတွေပေါ့။ သိစိတ်ရှိတဲ့ဘယ်သူမဆို ဒဏ်ခတ်ခံရတယ်ဆိုတာကို လက်ခံကြ တယ်။ လူသားက ဘုရားသခင်ကို မမြင်နိုင်ခဲ့ပေမဲ့၊ ဒီလို အသိစကားတွေကို ရခဲ့ကြတယ်လေ။ ဒီလိုနဲ့ ဘုရားသခင်ရဲ့ တည်ရှိမှုနဲ့ အုပ်စိုးမှုကို လုံးဝအတည်ပြုခဲ့တယ်။ ငွေပဲ ရှာနေ သူတွေကတော့ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော် ကို လေ့လာဖို့ မကြိုးစားကြဘူး။ သူတို့မျက်လုံးထဲမှာ ပိုက်ဆံ ကျော်ကြားမှုနဲ့ အမြတ်အစွန်းပဲ မြင်တော့တယ်။ အဆင့်အတန်းနဲ့ အာဏာက အားလုံးအထက်မှာ ရှိတယ်လို့ပဲ မြင်ကြတယ်။ ဘုရားသခင်မရှိဘူးလို့ ပြောကြသူတွေက မိုက်မဲသူတွေပဲလို့ သမ္မာကျမ်းစာမှာ ပြောထားတယ်။

စီစီပီအဖွဲ့ဝင် ဘုရားမဲ့ဝါဒီ တစ်ယောက် ဆိုပေမဲ့၊ ကောင်းကင်ဘုံရဲ့အလိုတော်ကို မယုံဘူးလား။ လူတစ်ဦးရဲ့ ကံကြမ္မာက သူ့ဘဝကို စီရင်တယ်ဆိုတာကို လက်ခံလား။ ‘ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်’ ဆိုတာကို လက်မခံဘူးလား။ လောကကြီးနဲ့ လူသားတွေကို ဘုရားသခင်က အုပ်စိုးတယ်ဆိုတာ သက်သေပြဖို့ ဒါက လုံလောက်ပါတယ်။ ရှေးခေတ်ကတည်းက လက်ရှိအချိန်အထိ ဘုရားသခင်ကို ဆန့်ကျင်ခဲ့တဲ့ ဘယ်သူမဆို နောက်ဆုံးမှာ ပျက်စီးခြင်းဆိုက် ခဲ့တာပဲ။ တိုင်းနိုင်ငံတစ်ခုကို ဖျက်ဆီးဖို့ဆိုတာ ဘုရားသခင် အတွက် အရမ်းလွယ်ပါတယ်။ သခင်ယေရှု အမှုပြုတုန်းက ဂျူးဘာသာရဲ့ခေါင်းဆောင်တွေ ရောမအစိုးရနဲ့ပေါင်းပြီး သခင့်ကို ကားစင်တင်ခဲ့ကြတယ်။ အဲဒါအပြီး အနှစ် ၇၀ အကြာမှာ ဣသရေလပြည်ကို ဘုရားသခင်က အပြစ်ပေးခဲ့တယ်။ ဣသရေလပြည် သူတစ်ပါးလက်အောက်ခံဘ၀ ရောက်ပြီး၊ ဂျူး တော်တော်များများ အသတ်ခံရတယ်လေ။ ရောမအင်ပါယာ လည်း ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်ယာန်တွေကို နှစ်ပေါင်းသုံးရာကြာ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့တယ်။ သူတို့ဒဏ်ခတ်ခံ လိုက်ရတယ်။ ဘုရားသခင်က ဖျက်ဆီးပစ် လိုက်တယ်လေ။ ဒီသမိုင်းအချက်အလက်တွေကို ကြည့်ရင်၊ ဘုရားသခင်ကို ဆန့်ကျင်ခဲ့သူတွေဟာ ပျက်စီးခြင်းဆိုက်ခဲ့တာ ချည်းပဲ။ ဘုရားသခင်ရဲ့အပြစ်ဒဏ်ပေး ဖျက်ဆီးမှုကို ခံကို ခံခဲ့ရတယ်။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရကတည်းက ခရစ်ယာန်တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။ တရုတ်ပြည်မှာ ပေါ်ထွန်းနေတဲ့ နောက်ဆုံးသောကာလရဲ့ခရစ်တော် ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ဆန့်ကျင်မှုကို ပိုပြီးတော့ ကြုံရတာပါ။ စီစီပီက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် ကို အစွမ်းကုန်ဖိနှိပ်ရင်း၊ ခရစ်တော်ကို ရှာဖွေသလို ဘုရားသခင်ရဲ့ လူတွေကိုလည်း ညှဉ်းပန်းတယ်။ ဘုရားသခင်ကို ငြင်းပယ်လာ အောင် လုပ်တဲ့အနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အပုပ်ချဖို့ ကောလာဟလတွေကို လုပ်ကြံပြော ဆိုတယ်၊ လူတွေ ကယ်တင်ခံရမယ့် အခွင့်အရေးကို ဖျက်ဆီးပြီး ငရဲကို ဆွဲခေါ်ခဲ့တာလေ။ စီစီပီရဲ့ မရေမတွက်နိုင်တဲ့ မကောင်းမှု တွေ ဆန့်ကျင်မှုတွေကြောင့် ဘုရားသခင်က အမျက်ထွက် နေပါပြီ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှု ပြီးတဲ့နောက်မှာ စာတန်ရဲ့ဆိုးယုတ်တဲ့ အင်အားစုတွေကို ဖျက်ဆီးဖို့ ဘုရားသခင်က ဘေးဒဏ်တွေကို စေလွှတ်လိမ့်မယ်၊ ဘုရားသခင်ကို ဆန့်ကျင်လွန်းတဲ့ စီစီပီကိုလည်း ဖျက်ဆီးလိမ့် မယ်၊ ဘုရားရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ထင်ရှားစေ ဖို့ပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်- “လူ့ဇာတိခံ ယူခြင်း ပေါ်လာသည့် နေရာတိုင်းတွင် ရန်သူသည် ယင်းနေရာမှ ဖျက်ဆီးခံရသည်။ တရုတ်ပြည်သည် ဦးစွာ သုတ်သင်ချေမှုန်းခြင်း ခံရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ လက်တော်အားဖြင့် မွှေနှောက်ဖျက်ဆီးခြင်းကို ခံရမည်။ ဘုရားသခင်သည် တရုတ် ပြည်အား လုံးဝပင် သက်ညှာပေးမည်မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၀)) "ဘုရားသခင် ၏ အမှုတော်ကို အာခံဖီဆန်သူသည် ငရဲသို့ချခြင်းခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သော မည်သည့်နိုင်ငံ မဆိုသည် ဖျက်ဆီးခြင်းကိုခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန် ပုန်ကန်သော မည်သည့်လူမျိုးမဆိုသည် ဤကမ္ဘာ ပေါ်မှ ဖယ်ရှားခံရမည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွား လိမ့်မည်။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ခုစီတိုင်းက ပြည့်စုံပါလိမ့်မယ်။ စီစီပီက ယုံကြည်သူများစွာကို အန္တရာယ်ပေးပြီး၊ မကောင်းမှုလုပ်နေတော့ တရုတ်ပြည်လည်း ကပ်ဘေးကြီးဆိုက်မှာပဲ။ ဘုရားသခင်ရဲ့ အမြစ်ဖြတ်သုတ်သင် တာကို မခံရဘဲ နေပါ့မလား။ ကပ်ဘေးကြီးတွေ ဘယ်လောက် တောင် ဖြစ်နေလဲဆိုတာ ကြည့်လေ။ ဒါတွေက ဘုရားသခင်ကို ဆန့်ကျင်လို့ ပြစ်ဒဏ်ခတ်ခံရတာ။ ပါတီလုပ်ရပ်အတိုင်း ဘုရားကို မဆန့်ကျင်ပါနဲ့။ ‘မတရားမှုရဲ့နောက်ဆုံးရလဒ်က ထာဝရ ပျက်သုဉ်းခြင်း’ ဆိုတဲ့ ဆိုရိုးအတိုင်းပဲ ကပ်ဘေး ဆိုက်ပြီး၊ စီစီပီ ပျက်စီးချိန်ရောက်မှဆိုရင်တော့ အရမ်းနောက်ကျသွားလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က မိန့်တော်မူတာက- "ငါ့ကိုချစ်၍ မိမိကိုယ်ကို ငြင်းပယ်သောသူတို့အပေါ် ငါ၏သနားကြင်နာမှုကို ထုတ်ဖော်ပြ၏။ ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်နေသဘောထား၏ သက်သေအတိအကျဖြစ်ပြီး၊ သာ၍ပင် ငါ့အမျက်ဒေါသ၏ သက်သေခံချက်ဖြစ်သည်။ ဘေးဒုက္ခကျရောက်သည့်အခါ ငါ့ကို ဆန့်ကျင်သူအားလုံးအပေါ် ငတ်မွတ်ခေါင်းပါးမှုနှင့် ကပ်ဆိုးကျ ရောက်၍ ထိုသူတို့ ငိုကြွေးကြလိမ့်မည်" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့)။ "အကယ်၍ လူသားတို့က ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ တိုင်းနိုင်ငံတစ်ခုက ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ လူသား သည် ဘုရားသခင်ရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် နောင်တရ၍ အပြစ်များကို ဝန်ချတောင်းပန်ရမည်၊ သို့မဟုတ်ပါက လူသားများ ၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်မှာ ကပ်ဘေးထဲ၌ မလွှဲမရှောင်သာ လမ်းဆုံးလိမ့်မည် ဖြစ်ပေသည်။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သိပ်ကို ရှင်းလင်းတယ် ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ခြင်း အားဖြင့်သာ သူ့ရဲ့ကာကွယ်မှုနဲ့ စောင့်ရှောက်မှုကို ရနိုင်မှာပါ ကပ်ဘေးကြီးကိုလည်း လွတ်မြောက်နိုင်မယ်။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၇) သူတို့က တော်လှန်ရေးသမားတွေ။ သူတို့ယုံကြည်တာ အကြမ်းဖက်မယ်၊ မုသားသုံးမယ်၊ အာဏာကို အကြမ်းနည်းနဲ့ရယူမယ်။ “မုသားတစ်ခွန်းကို အကြိမ်တစ်သောင်း လောက် ထပ်တလဲလဲဆိုလိုက်ရင် အမှန်ဖြစ်လာတယ်” လို့ ယူဆထားကြတာ။ လူတွေက သူတို့စကားတွေကို ဘယ်လိုပဲ မယုံမယုံ၊ ငြင်းပဲ ငြင်းငြင်း ပါတီက ဂရုမစိုက်ဘူး။ ဆက်ပြီးလိမ်မြဲ လိမ်နေမှာပဲ။ လက်ငင်းမှာ ထိရောက်မှုတွေ ရှိနေသရွေ့ သူတို့ ဂရုမစိုက်ဘူး။ လူတွေ ဆန့်ကျင်ဆန္ဒပြပြီဆိုရင်၊ တင့်ကားတွေ စက်သေနတ်တွေ သုံးပြီး ဖြေရှင်းလိုက်မှာပဲ။ သူတို့ လိုအပ်တာတွေ ရဖို့ လိုအပ်ရင် အဏုမြူဗုံးတောင် သုံးကြမယ့်သူတွေ၊ အာဏာ တည်မြဲဖို့ ပါတီကတော့ ဘာမဆိုလုပ်မှာပဲ။ အဲဒီအမှုကို ထုတ်ပြန် လိုက်ပြီးတာနဲ့ ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ခရစ်ယာန်တွေကို ဖမ်းဆီး၊ နှိပ်ကွပ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ အများကြီးတပ်ဖြန့် လိုက်ကြတယ်လေ။ သူတို့ကို ဘယ်သူက တားနိုင်ခဲ့လို့လဲ။ ဘယ်သူ အာခံရဲခဲ့လဲ။ ပါတီကလိမ်ကကျစ်လုပ်တာတွေကို နိုင်ငံခြားသားတွေ မြင်တော့ သူတို့ဘာလုပ်နိုင်ခဲ့လဲ။ အနောက်တိုင်း ဒီမိုကရေစီ အင်အားစုတွေကို တန်ပြန်တဲ့နည်းတွေ ပါတီမှာ အများကြီးပဲ။ အားလုံးကို ပိုက်ဆံသုံးပြီး ဖြေရှင်းလိုက်တာပဲ။ လူဟာ လက်ဆောင် ပဏ္ဏာကို လွတ်လပ်မှုနဲ့ လဲကြတာပဲ။ ဒီနေ့ခေတ်မှာ တရုတ် ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့နိုင်ငံ ပိုနည်းသွားပြီ။ အင်အားစုတွေ ကလည်း ခုဆို သူတို့ကို ရန်လိုရမှာတောင် ကြောက်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် စီစီပီက အာဏာကို ထိန်းထားနိုင်တုန်းပဲလေ။ အာဏာရှိနေသရွေ့ မင်းတို့လို ဘုရားသခင် ယုံကြည်တဲ့သူတွေ လွတ်လပ်မှာမဟုတ်ဘူး။ တရုတ်ပြည်ထဲက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို စီစီပီက မုန်းတီးပြီး ပိတ်ပင်နေဦး မှာပဲ။ ဘုရားမဲ့ အုပ်စိုးမှုတစ်ခုကို ဖန်တီးဖို့ဆိုတဲ့ သူတို့ရဲ့ ပန်းတိုင်ကို သူတို့မရရင်တောင်၊ မင်းတို့ကိုဖမ်းဆီးနှိပ်ကွပ်တာတွေ လုံးဝ ရပ်မှာ မဟုတ်ဘူး။ ငါ ဒါတွေကို မြင်တွေ့နေတာကြာခဲ့ပြီ။ အဲဒါကြောင့် လည်း မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်မှုကို ငါ ဆန့်ကျင်နေရတာပေါ့။ အားလုံးက မင်းတို့ရဲ့ လုံခြံမှုအတွက်ပါ နားမလည်ဘူးလား။

နောက်တစ်ခုသို့- မေးခွန်း (၉) ဒါပေမဲ့ အစိုးရမှတ်တမ်းတွေကို ဖတ်ကြည့်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတချို့ဟာ ဧဝံဂေလိတရားဟောဖို့ သူတို့မိသားစုကို စွန့်လွှတ်ကြလိမ့်မယ်တဲ့။ တချို့ဆို အိမ်ထောင်မပြုဘဲ တစ်သက်လုံးနေသွားကြတယ် ပြောတယ်။ ထပ်ပြီးပြောထားတာက အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်တဲ့တစ်ဖွဲ့ကို ဖမ်းပြီးရင်၊ နောက်တစ်ဖွဲ့ကို သတ်ဖြတ်ဖို့ ကြိုးစားတယ်တဲ့။ ပြီးတော့ "ပိတ်ပင်မှု မအောင်မြင်သရွေ့ တပ်ဖွဲ့တွေကို မရုပ်သိမ်းဘူး" ဆိုလားပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတော်တော်များများ အဖမ်းခံရ၊ ထောင်ချခံရ၊ ဒဏ်ရာရကြပြီး၊ ဒုက္ခိတတောင် ဖြစ်ကြရတယ်။ တချို့ဆိုရင် သူတို့အလုပ်ပါဆုံးရှုံးပြီး၊ မိသားစုတွေ ပြိုကွဲကုန်တယ်ပြောတယ်။ အဲဒီလိုဖြစ်ရတာ ယုံကြည်သူတွေက သူတို့မိသားစုကို ဂရုမစိုက်ကြလို့ပဲတဲ့။ မင်းတို့ ဒါတွေကို တကယ်လို့ထင်လား။ အိမ်ထောင်မပြုဘဲနေတာတို့၊ မိသားစုကို စွန့်လွှတ်တာတို့ မလုပ်ရဘူးနော်။ မင်းတို့ယုံကြည်ခြင်းက ဒီလိုမျိုးဆိုရင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံဖို့ အမေ တောင်းပန်ချင်တယ်။ ဒီဆန္ဒကိုတော့ ကျေးဇူးပြုပြီး အရေးစိုက်ပေးကြပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။