မေးခွန်း (၇) သူတို့က တော်လှန်ရေးသမားတွေ။ သူတို့ယုံကြည်တာ အကြမ်းဖက်မယ်၊ မုသားသုံးမယ်၊ အာဏာကို အကြမ်းနည်းနဲ့ရယူမယ်။ “မုသားတစ်ခွန်းကို အကြိမ်တစ်သောင်း လောက် ထပ်တလဲလဲဆိုလိုက်ရင် အမှန်ဖြစ်လာတယ်” လို့ ယူဆထားကြတာ။ လူတွေက သူတို့စကားတွေကို ဘယ်လိုပဲ မယုံမယုံ၊ ငြင်းပဲ ငြင်းငြင်း ပါတီက ဂရုမစိုက်ဘူး။ ဆက်ပြီးလိမ်မြဲ လိမ်နေမှာပဲ။ လက်ငင်းမှာ ထိရောက်မှုတွေ ရှိနေသရွေ့ သူတို့ ဂရုမစိုက်ဘူး။ လူတွေ ဆန့်ကျင်ဆန္ဒပြပြီဆိုရင်၊ တင့်ကားတွေ စက်သေနတ်တွေ သုံးပြီး ဖြေရှင်းလိုက်မှာပဲ။ သူတို့ လိုအပ်တာတွေ ရဖို့ လိုအပ်ရင် အဏုမြူဗုံးတောင် သုံးကြမယ့်သူတွေ၊ အာဏာ တည်မြဲဖို့ ပါတီကတော့ ဘာမဆိုလုပ်မှာပဲ။ အဲဒီအမှုကို ထုတ်ပြန် လိုက်ပြီးတာနဲ့ ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ခရစ်ယာန်တွေကို ဖမ်းဆီး၊ နှိပ်ကွပ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ အများကြီးတပ်ဖြန့် လိုက်ကြတယ်လေ။ သူတို့ကို ဘယ်သူက တားနိုင်ခဲ့လို့လဲ။ ဘယ်သူ အာခံရဲခဲ့လဲ။ ပါတီကလိမ်ကကျစ်လုပ်တာတွေကို နိုင်ငံခြားသားတွေ မြင်တော့ သူတို့ဘာလုပ်နိုင်ခဲ့လဲ။ အနောက်တိုင်း ဒီမိုကရေစီ အင်အားစုတွေကို တန်ပြန်တဲ့နည်းတွေ ပါတီမှာ အများကြီးပဲ။ အားလုံးကို ပိုက်ဆံသုံးပြီး ဖြေရှင်းလိုက်တာပဲ။ လူဟာ လက်ဆောင် ပဏ္ဏာကို လွတ်လပ်မှုနဲ့ လဲကြတာပဲ။ ဒီနေ့ခေတ်မှာ တရုတ် ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့နိုင်ငံ ပိုနည်းသွားပြီ။ အင်အားစုတွေ ကလည်း ခုဆို သူတို့ကို ရန်လိုရမှာတောင် ကြောက်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် စီစီပီက အာဏာကို ထိန်းထားနိုင်တုန်းပဲလေ။ အာဏာရှိနေသရွေ့ မင်းတို့လို ဘုရားသခင် ယုံကြည်တဲ့သူတွေ လွတ်လပ်မှာမဟုတ်ဘူး။ တရုတ်ပြည်ထဲက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို စီစီပီက မုန်းတီးပြီး ပိတ်ပင်နေဦး မှာပဲ။ ဘုရားမဲ့ အုပ်စိုးမှုတစ်ခုကို ဖန်တီးဖို့ဆိုတဲ့ သူတို့ရဲ့ ပန်းတိုင်ကို သူတို့မရရင်တောင်၊ မင်းတို့ကိုဖမ်းဆီးနှိပ်ကွပ်တာတွေ လုံးဝ ရပ်မှာ မဟုတ်ဘူး။ ငါ ဒါတွေကို မြင်တွေ့နေတာကြာခဲ့ပြီ။ အဲဒါကြောင့် လည်း မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်မှုကို ငါ ဆန့်ကျင်နေရတာပေါ့။ အားလုံးက မင်းတို့ရဲ့ လုံခြံမှုအတွက်ပါ နားမလည်ဘူးလား။

အဖြေ- သူတို့က အရမ်းယုတ်မာပေမဲ့ ရှင်သန်နေတုန်းပဲ၊ ဘယ်သူမှလည်း သူတို့ကို မတားရဲကြဘူး။ ဒီတော့ သူတို့ အာဏာက ဆက်ပြီးမြဲနေနိုင်တယ်ဆိုတဲ့ သဘောလား။ သခင် ယေရှု အမှုပြုဖို့ ပေါ်ထွန်းလာတော့၊ ရောမအစိုးရက သူ့ကို ဆန့်ကျင်ရှုတ်ချဖို့ ကြိုးစားခဲ့တာပဲလေ။ ဒီလောက် အားကောင်းတဲ့ အစိုးရလည်း ဘုရားသခင်ရဲ့ကပ်ဆိုးကြောင့် ပျက်စီးရတာပဲ မဟုတ်လား။ အပြင်မှာ ဘယ်လိုအင်အားစုတွေပဲ ရှိရှိပါ၊ ဘုရားသခင်ကို အာခံပြီး ဆန့်ကျင်ပြုမူရင်၊ ဘုရားသခင်အားဖြင့် သူတို့တွေ ပျက်စီးရမှာပဲ။ ဒီလို ယုတ်ညံ့တဲ့အာဏာကို ထားဦး ဘယ်လိုအဆင့်အတန်းနဲ့ အာဏာကိုမှ ကျွန်တော်တို့ အားမပေး နိုင်ဘူး။ ဘုရားသခင်က အရာရာတိုင်းကို အုပ်စိုးတာပါ။ သူ့ကို အာခံသူတိုင်း ပျက်စီးရမှာပဲ။ စီစီပီကို မကောင်းမှန်း သိနေပေမဲ့၊ သူတို့ရဲ့ယုတ်ညံ့တဲ့ သဘာဝကို သေချာပေါက် မမြင်နိုင်ဘူး။ သူတို့က ဘာလို့ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချပြီး ဘုရားက ရွေးချယ်ထားသူတွေကို အန္တရာယ်ပေးနေတာလဲ။ သမ္မာကျမ်းစာ ထဲမှာ သခင်ယေရှုက ပြောထားတယ်- “ဤလူမျိုးသည် ဆိုးညစ် သောအမျိုး ဖြစ်၏။(ရှင်လုကာ ၁၁:၂၉)အပြစ်စီရင်ခြင်းကို ခံရကြောင်းကား အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ “မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ် ကြ။(ရှင်ယောဟန်ခရစ်ဝင် ၃:၁၉-၂၀) ကျမ်းစာမှာ ပြောထား သေးတယ်- “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း။(၁ ယော ၅:၁၉) အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို စီစီပီက ဘာလို့ဆန့်ကျင်ရှုတ်ချတာလဲ။ တရုတ် ပြည်သူတွေ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံယုံကြည်သွား မှာကြောက်လို့ပဲလေ။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုကို လူတွေ လက်ခံသွားမှာ သူတို့အကြောက်ဆုံး ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေ အားလုံး ကမ္ဘာအနှံ့ ထုတ်ဖော်ခံရမှာကို ကြောက်ကြတယ်၊ ကမ္ဘာမြေပေါ် ဘုရားသခင်ရဲ့အလိုတော် ပြည့်စုံမှာကို သူတို့ ကြောက်နေကြတယ်။ စီစီပီဟာ သမ္မာတရားအပြင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကိုပါ ကြောက်မှန်း ဒါက သက်သေပြ ပါတယ်၊ အမှောင်ဖုံးနေတဲ့ လူသားတွေကို အလင်းပြပေးတဲ့ အလင်းရောင်စစ်ကို ကြောက်နေကြတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ထုတ်ဖော်လိုက်ပြီဆိုတာနဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော် ကို လူအများကြီးက လက်ခံမယ်ဆိုတာ စီစီပီက သိနေလို့ပဲ။ အဲဒါကြောင့်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်လိုက် အားလုံးကို သူတို့ နှိပ်ကွပ်နေတာပေါ့။ သူတို့လုပ်ရပ်တွေက ကောင်းကင်ဘုံနဲ့ လုံးဝဆန့်ကျင်နေပြီ၊ သူတို့တွေက ဘုရားသခင်ရဲ့ ရန်သူ၊ သမ္မာတရားရဲ့ရန်သူ၊ တရားမျှတမှုရဲ့ရန်သူပဲ။ သူတို့ဘက်က ကာကွယ်နေတယ်ဆိုတာ ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ သူ ရွေးချယ်ထားသူတွေကို ဖိနှိပ်နေတာမျိုးပဲ။ အဲဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတဲ့ အပြစ်ပဲ။ အပြစ်ဒဏ်ပေး ခံရလိမ့်မယ်။ ဘုရားသခင်ကို အာခံပြီး ဆန့်ကျင်ပြုမူသူတိုင်း ဖျက်ဆီးခံရပြီး ငရဲကျမှာပဲ။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၆) မေ ၂၈ ရက် ရှန်တုန်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းယွမ်အမှုကို ရှင်းစမ်းပါဦး။ ဘာပဲဖြစ်ဖြစ် ရုံးတံခါးဖွင့် စစ်ဆေးခဲ့တာပဲလေ။ ကျောင်းယွမ်အမှုပြီးတော့ အိမ်တွင်း အသင်းတော်တွေကို အစိုးရက ဝင်စီးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖြိုခွင်းဖို့ ရဲအင်အားကို သုံးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းသားတွေကို သဲသဲမဲမဲ ရှာဖွေဖမ်းဆီးတယ်။ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုကို လူတွေက မှားတယ်လို့ ယုံကြည်ကြပြီး၊ သံသယဖြစ်ကြတယ်ဆိုပေမဲ့ လူထုထောက်ခံမှုရအောင် လုပ်ဇာတ်ခင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ဖြိုခွဲခဲ့ကြတယ်။ အချက်အလက်တွေက မှားမှားမှန်မှန် တရုတ်မီဒီယာတွေက ဝိုင်းတင်ကြတယ်။ အဲဒါက ကမ္ဘာပေါ်က တခြားနိုင်ငံတွေအပေါ် သက်ရောက်မှုရှိသွားတယ်။ ကျောင်းယွမ်အမှုကို မင်းတို့ ဘယ်လိုပဲ လက်မခံသည်ဖြစ်စေ၊ လူတွေအများကြီးက ကွန်မြူနစ်ပါတီကို ယုံနေကြတုန်းပဲ။ ဒီတော့ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ။

နောက်တစ်ခုသို့- မေးခွန်း (၈) မင်းပြောတဲ့ ဘုရားသခင်ကိုဆန့်ကျင်ရင် ငရဲကျမယ်ဆိုတာတော့ ငါ မယုံဘူး။ ငရဲဘယ်မှာရှိလဲ၊ ဘယ်လိုမျိုး လဲဆိုတာ ဘယ်သူက မြင်ဖူးလို့လဲ။ ဘုရားသခင်ရှိမရှိ ငါလည်း မသိဘူး။ ရှိတယ်လို့လည်း မသေချာဘူး။ ဘုရားသခင်ဆိုတာ ဘယ်မှာလဲ။ ဘယ်သူတွေ့ဖူးလို့လဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် သာ စစ်မှန်တဲ့ဘုရားသခင်ဆိုရင်၊ စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချ တိုက်ခိုက်မှုတွေ လုပ်နေချိန်မှာ၊ ဘုရားသခင်က ဘာလို့မတားရတာလဲ။ ဘုရားသခင် ဆင်းသက် လာပြီး တရုတ်ကွန်မြူနစ်ပါတီကို ဖျက်ဆီးတယ်ဆိုရင်တော့၊ စစ်မှန်တယ်လို့ ပြောရမှာပဲ။ ဒါဆိုရင် လူသားတွေလည်း အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်တဲ့ဘုရားသခင်ဆိုတာကို သိမှတ်သွားကြမယ်၊ စီစီပီကတောင် စစ်မှန်တဲ့ ဘုရားကို ဝပ်စင်း ကိုးကွယ်မှာပဲ။ ဘယ်သူမှ ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ တကယ် ဘာဖြစ်ခဲ့လဲ။ စီစီပီရဲ့ရဲတွေက ဘုရားသခင် ယုံကြည်သူ တွေကို နေရာအနှံ့အပြားမှာ ဖမ်းတာကို မြင်ခဲ့ရတယ်လေ။ ယုံကြည်သူတွေက ထောင်ထဲရောက်လို့ရောက်၊ အနှိပ်စက်ခံရ လို့ခံရနဲ့၊ တော်တော် များများလည်း အသတ်ခံရတယ်။ ဒါပေမဲ့ မင်းတို့ဘုရားသခင်က ကယ်ခဲ့လို့လား။ မင်းတို့ယုံကြည်တဲ့ ဘုရားသခင်က စစ်မှန်ပါတယ်ဆိုတာကို လူတွေ ယုံအောင် ဘယ်လိုသွားပြောမလဲ။ ငါတော့ နားမလည်ဘူး။ မင်းတို့ယုံကြည် နေတဲ့ ဘုရားသခင်က မှန်လား၊ မှားလား။ မင်းတို့တောင် မသိကြဘူးထင်တယ်နော်။ ဒါဆိုရင် မင်းတို့က မိုက်မဲနေတာ မဟုတ်ဘူးလား။ မင်းတို့ဘုရားသခင်က စစ်မှန်ပါတယ်ဆိုတာ ဘာကို အခြေခံပြီးပြောတာလဲ။ ရှင်းပြပေးနိုင်မလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။