မေးခွန်း (၆) မေ ၂၈ ရက် ရှန်တုန်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းယွမ်အမှုကို ရှင်းစမ်းပါဦး။ ဘာပဲဖြစ်ဖြစ် ရုံးတံခါးဖွင့် စစ်ဆေးခဲ့တာပဲလေ။ ကျောင်းယွမ်အမှုပြီးတော့ အိမ်တွင်း အသင်းတော်တွေကို အစိုးရက ဝင်စီးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖြိုခွင်းဖို့ ရဲအင်အားကို သုံးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းသားတွေကို သဲသဲမဲမဲ ရှာဖွေဖမ်းဆီးတယ်။ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုကို လူတွေက မှားတယ်လို့ ယုံကြည်ကြပြီး၊ သံသယဖြစ်ကြတယ်ဆိုပေမဲ့ လူထုထောက်ခံမှုရအောင် လုပ်ဇာတ်ခင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ဖြိုခွဲခဲ့ကြတယ်။ အချက်အလက်တွေက မှားမှားမှန်မှန် တရုတ်မီဒီယာတွေက ဝိုင်းတင်ကြတယ်။ အဲဒါက ကမ္ဘာပေါ်က တခြားနိုင်ငံတွေအပေါ် သက်ရောက်မှုရှိသွားတယ်။ ကျောင်းယွမ်အမှုကို မင်းတို့ ဘယ်လိုပဲ လက်မခံသည်ဖြစ်စေ၊ လူတွေအများကြီးက ကွန်မြူနစ်ပါတီကို ယုံနေကြတုန်းပဲ။ ဒီတော့ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ။

အဖြေ- စစ်ယီ (ခရစ်ယာန်တစ်ယောက်)- အဖေ၊ ပါတီက ဒီအမှုကို ဘယ်လောက်ကြာကြာလိမ်နိုင်မှာလဲ။ လုပ်ကြံထားတဲ့အမှုပဲလေ။ သူတို့ ကျဆုံးတော့မှာကို အဲဒါလေးနဲ့ ကယ်နိုင်မှာတဲ့လား။ ကျောင်းယွမ်အမှုက တစ်ကမ္ဘာလုံးကို တော်တော် သက်ရောက်ခဲ့တာပါ။ မသိတဲ့သူတွေကို လှည့်စားခဲ့တယ်။ ဒါပေမဲ့ တိမ်တွေဆိုတာ နေကို အမြဲဖုံးထားနိုင်လို့လား။ ကျီးတစ်ကောင်က ကောင်းကင်ကို အမြဲတမ်း မှောင်ရိပ်ဖုံး နိုင်လို့လား။ လှည့်စားတာတွေက ကြာရှည်မရပ်တည် နိုင်ပါဘူး။ မုသားက မုသားပဲဖြစ်နေမှာပဲ၊ ဘယ်တော့မှ အမှန်ဖြစ်မလာဘူး။ တရုတ်ကွန်မြူနစ်ပါတီက ပိုပြီးတော့ ဆိုးယုတ်နေပြီ။ ဒီလိုကလိမ်ကကျစ်လုပ်တာတွေကြောင့် နာမည်ပျက်ပြီး ပျက်စီးနေပြီ၊ နာမည်ဆိုးနဲ့ ကျော်ကြားနေပြီ။ ဒီမှာတင်မဟုတ်ဘူး၊ နေရာတိုင်းမှာ ဒီလို ကလိမ်ကကျစ်လုပ်တာတွေက ပါတီကို ကယ်နိုင်မှာတဲ့လား။ စီစီပီရဲ့သရုပ်မှန်ကို လူတွေပိုပိုပြီး မြင်လာကြပြီ။ သူတို့ကို ဘယ်သူမှ မယုံကြည်တော့ဘူး။ တရုတ်ကွန်မြူနစ်ပါတီက ကမ္ဘာမှာ နာမည်အဆိုးဆုံး ဘုရားမဲ့ပါတီ၊ ဆိုးယုတ်တဲ့အဖွဲ့၊ ဘုရားသခင်ကို အဆန့်ကျင်ဆုံးပါတီပဲ၊ ပါတီရဲ့တရားရုံးတွေဆိုတာ စာတန်ရဲ့တရားရုံးတွေပဲ။ ဒီလို တရားရုံးတွေမှာ စစ်ဆေးတာ တရားမျှတမှု ရှိနိုင်မှာလား။ တရုတ်ကွန်မြူနစ်ပါတီက နိုင်လိုမင်းထက်ပြုတတ်တဲ့ အာဏာရှင်ပါတီပဲ။ ဘယ်လိုမှ လွတ်လပ်တဲ့တရားစီရင်မှု မဖြစ်နိုင်ဘူး။ တရားသူကြီးတွေမှာ ကိုယ်ပိုင်စီရင်ခွင့် မရှိဘူး။ သူတို့အကုန်လုံး အစိုးရဆီက အမိန့်ကို နာခံရတယ်။ သူတို့ကို ပြောထားတဲ့အတိုင်း အမှုတွေကို ကိုင်တွယ်ကြရတယ်။ ဒါအမှန်တရားပဲ။ သူတို့တရားရုံးတွေ မှာ စစ်တဲ့ အမှုတွေက မမှန်မကန်လိုရာဆွဲပြီး အဓိပ္ပာယ်မရှိတာတွေပဲ ဖြစ်မှာပါ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့တဲ့ကာလတစ်လျှောက်လုံး ပါတီက အကွက်ဆင်တာကိုပဲ အားကိုးခဲ့တာလေ။ သူတို့က ကျွမ်းကျင်နေပြီ။ ရှန်တုန်းရဲ့ကျောင်းယွမ်အမှု တရားခွင်မှာတုန်းက တရားခံတွေက စီစီပီတရားရုံးမှာ ခပ်ရှင်းရှင်း ထွက်ဆိုခဲ့တာလေ။ "ကျွန်တော် ဘယ်တုန်းကမှ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ အဆက်အသွယ် မရှိခဲ့ပါဘူး" တဲ့။ "ကျောင်းဝေရှန် ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကိုပဲ အစိုးရက ဖြိုခွဲတာပါ၊ ကျွန်တော်တို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မဟုတ်ဘူး" တဲ့။ သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ဆိုင်ပါတယ် လို့ လုံး၀ မပြောခဲ့ဘူး။ အသင်းတော်ကလည်း သူတို့ဘယ်သူတွေမှန်းမသိဘူး။ ဒါဆိုရင် ဘာလို့အချက်အလက်အရ တရားမစီရင်ခဲ့တာလဲ။ တကယ့် သက်သေအထောက်အထား တစ်ခုမှ မရှိဘဲနဲ့ သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားတွေလို့ ဘာလို့အခိုင်အမာပြောရတာလဲ။ ဒါက တမင်ကြံစည်တာ မဟုတ်ဘူးလား။ ဒါတွေအားလုံး လှည့်စားတာပဲ မဟုတ်ဘူးလား။ စီစီပီရဲ့သတင်းတွေ ဒါမှမဟုတ် သူတို့မီဒီယာတွေရဲ့ အလိမ်အညာတွေကို ဘယ်သူမှမယုံတော့ဘူး။ ကွန်မြူနစ်စနစ်အောက်မှာ အကြာကြီး အလုပ်လုပ်ခဲ့တာပါ၊ သားထက်ပိုပြီး သိသင့်တာပေါ့။ ဘာသာရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားတာတွေ၊ ဆန္ဒပြတာမျိုးတွေကို မနှိမ်နင်းခင်တိုင်းမှာ ပါတီက အမှုဆင်ပြီး၊ လူထု အမြင်မှားအောင် ကြိုးစားလေ့ရှိတယ်။ ပြီးတာနဲ့ ဖြိုခွဲတော့တာပဲ ဇွန်လ ၄ ရက် ကျောင်းသားလှုပ်ရှားမှုကိုပဲကြည့်လေ။ အစကတော့ ကျောင်းသားတွေဘက်က ဂုဏ်သိက္ခာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို လိုချင်ခဲ့ကြတယ်။ ဒါပေမဲ့ ပါတီက ကျောင်းသားထုထဲမှာ သူ့လူကိုယ့်ဘက်သား ထည့်ပြီးတော့ လှုပ်ရှားမှုကို ဖျက်လိုဖျက်ဆီးလုပ်တယ်။ မီးရှို့တာတို့ ကားတွေ ဖျက်ဆီးပစ်တာတို့ ကမောက်ကမတွေ ဖန်တီးလိုက်တယ်။ ကျောင်းသားတွေကို နှိမ်နင်းဖို့ ဆင်ခြေအနေနဲ့ ဆူပူအုံကြွမှုတွေ ဖြစ်စေတဲ့ "တန်ပြန်တော်လှန်ရေး"ဆိုပြီး၊ သူတို့ဘက်က နာမည်တပ်လိုက်တယ်။ အဲဒီနောက်မှာမှ ကျောင်းသားတွေကို ရက်ရက်စက်စက် နှိမ်နင်းတာလေ။ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ တင့်ကားတွေနဲ့ အကြိတ်ခံရတယ်။ တရုတ်ပြည်သူတွေ ကြောက်လန့်ပြီး တစ်ကမ္ဘာလုံး တုန်လှုပ်သွားရတဲ့ တီအန်မင်အရေးအခင်းကို စီစီပီက ဘယ်လိုအကွက်ချခဲ့လဲဆိုတာ အဲဒါပဲ။ တိဘက်က ဆန္ဒပြမှုတွေကိုလည်း ဒီလိုနည်းနဲ့ ဖိနှိပ်ခဲ့တာပဲလေ။ ဆန္ဒပြလူထုထဲမှာ အစိုးရက သူတို့လူတွေထည့်တယ်။ လူသတ်တာတို့ ပစ္စည်းလုတာတို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခိုင်းလိုက်တယ်။ ပြီးရင် ဆူပူအုံကြွမှုကို နှိမ်နင်းတဲ့အသွင်နဲ့ ဆန္ဒပြသူတွေကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီက သူတို့နဲ့ အယူအဆမတူသူတွေကို အမြစ်ဖြတ်ဖို့အတွက် ဖိနှိပ်တာတွေ၊ အချက်အလက်တွေနဲ့ လိမ်ညာတာတွေကို လုပ်ပြီးတော့မှ အကြမ်းဖက်လေ့ရှိတယ်ဆိုတာ ဒီအချက်တွေက သက်သေပြတယ်။ ရှန်တုန်းမှာ ဖြစ်ခဲ့တဲ့ ဇောင်ယွမ်အမှုမှာလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဖိနှိပ်လို့ရအောင် ပါတီက လူထုအမြင်ကို ပြောင်းခဲ့တယ်။ ဒီလိုဘာသာရေးဖိနှိပ်မှုမျိုးက ပြစ်မှုကြီးပဲလေ။ အဖေလည်း စီစီပီ အရာရှိတစ်ယောက်ပဲ၊ သူတို့ တကယ် ဘယ်လိုလုပ်တယ်ဆိုတာ သမီးတို့ထက် ပိုသိမှာပါ။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၅) သမ္မာကျမ်းစာမှာပြောထားတယ်။ “အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။ ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။” (ရောမသြဝါဒစာ ၁၃:၁-၂) နှစ်ပေါင်းများစွာယုံကြည်ပြီးတဲ့အတွက် ဒါ ဘာကိုဆိုလိုတယ်ဆိုတာ မင်း သိသင့်ပါတယ်။ တကယ်တော့လည်း သမ္မာကျမ်းစာကို ဘုရားသခင်က မှုတ်သွင်းခဲ့တာလေ ကျုပ်တို့ ယုံကြည်သူတွေက အာဏာရှိသူတွေကို နာခံသင့်တယ်လို့ ကျုပ်ယုံကြည်တယ်။ ဒါ ကျုပ်မြင်တဲ့ ပုံစံပဲ။ မင်းက အာဏာပိုင်တွေကို အာခံရင် ဒါ တရုတ်ပြည်မှာ အလုပ်မဖြစ်ဘူး။ ကွန်မြူနစ်ပါတီက တော်လှန်ရေးပါတီတစ်ခုပါ။ မင်း မနာခံရင် မင်းရဲ့ဘဝကို အဆုံးသတ်ပစ်လိုက်လိမ့်မယ်။ ဒီ တရုတ်ပြည်မှာ မင်းက ဘုရားသခင်ကို ယုံကြည်ဖို့အတွက် ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်မှာ ပါဝင်ဖို့ ဆန္ဒရှိရမယ်။ တခြားနည်းလမ်း ရှိကိုမရှိတာပါ။ ကျုပ်တို့ယုံကြည်မှုမှာ ရှာဖွေတဲ့အရာနဲ့ပတ်သက်တဲ့အခါမှာ ကျုပ်တို့အားလုံးက ငြိမ်းချမ်းပြီးကောင်းမွန်တဲ့ဘဝကို လိုချင်ကြတယ်မဟုတ်လား။ ကျုပ်တို့ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်က ချင့်ချိန်စဉ်းစားတတ်တယ်။ ကျုပ်တို့ဟာ ဘုရားသခင်ကို ချီးမြှောက်ပြီး နိုင်ငံချစ်စိတ်ရှိသူတွေဖြစ်ပါတယ်။ အာဏာပိုင်တွေကို မစော်ကားဘူး ဒါမှမဟုတ် သမ္မာကျမ်းစာကို သစ္စာမဖောက်ဘူး။ ကျုပ်တို့က အသင်းတော်မှာ သခင့်ကို ပွင့်ပွင့်လင်းလင်း ကိုးကွယ်တယ်။ တစ်ခါမှ ပုန်းစရာမလိုဘူး ဒါမှမဟုတ် ကြောက်ရွံ့ပြီး မနေရဘူး။ ဒါ နှစ်ဘက်စလုံးအတွက် အကောင်းဆုံးပဲလေ ဟုတ်တယ်မို့လား။

နောက်တစ်ခုသို့- မေးခွန်း (၇) သူတို့က တော်လှန်ရေးသမားတွေ။ သူတို့ယုံကြည်တာ အကြမ်းဖက်မယ်၊ မုသားသုံးမယ်၊ အာဏာကို အကြမ်းနည်းနဲ့ရယူမယ်။ “မုသားတစ်ခွန်းကို အကြိမ်တစ်သောင်း လောက် ထပ်တလဲလဲဆိုလိုက်ရင် အမှန်ဖြစ်လာတယ်” လို့ ယူဆထားကြတာ။ လူတွေက သူတို့စကားတွေကို ဘယ်လိုပဲ မယုံမယုံ၊ ငြင်းပဲ ငြင်းငြင်း ပါတီက ဂရုမစိုက်ဘူး။ ဆက်ပြီးလိမ်မြဲ လိမ်နေမှာပဲ။ လက်ငင်းမှာ ထိရောက်မှုတွေ ရှိနေသရွေ့ သူတို့ ဂရုမစိုက်ဘူး။ လူတွေ ဆန့်ကျင်ဆန္ဒပြပြီဆိုရင်၊ တင့်ကားတွေ စက်သေနတ်တွေ သုံးပြီး ဖြေရှင်းလိုက်မှာပဲ။ သူတို့ လိုအပ်တာတွေ ရဖို့ လိုအပ်ရင် အဏုမြူဗုံးတောင် သုံးကြမယ့်သူတွေ၊ အာဏာ တည်မြဲဖို့ ပါတီကတော့ ဘာမဆိုလုပ်မှာပဲ။ အဲဒီအမှုကို ထုတ်ပြန် လိုက်ပြီးတာနဲ့ ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ခရစ်ယာန်တွေကို ဖမ်းဆီး၊ နှိပ်ကွပ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ အများကြီးတပ်ဖြန့် လိုက်ကြတယ်လေ။ သူတို့ကို ဘယ်သူက တားနိုင်ခဲ့လို့လဲ။ ဘယ်သူ အာခံရဲခဲ့လဲ။ ပါတီကလိမ်ကကျစ်လုပ်တာတွေကို နိုင်ငံခြားသားတွေ မြင်တော့ သူတို့ဘာလုပ်နိုင်ခဲ့လဲ။ အနောက်တိုင်း ဒီမိုကရေစီ အင်အားစုတွေကို တန်ပြန်တဲ့နည်းတွေ ပါတီမှာ အများကြီးပဲ။ အားလုံးကို ပိုက်ဆံသုံးပြီး ဖြေရှင်းလိုက်တာပဲ။ လူဟာ လက်ဆောင် ပဏ္ဏာကို လွတ်လပ်မှုနဲ့ လဲကြတာပဲ။ ဒီနေ့ခေတ်မှာ တရုတ် ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့နိုင်ငံ ပိုနည်းသွားပြီ။ အင်အားစုတွေ ကလည်း ခုဆို သူတို့ကို ရန်လိုရမှာတောင် ကြောက်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် စီစီပီက အာဏာကို ထိန်းထားနိုင်တုန်းပဲလေ။ အာဏာရှိနေသရွေ့ မင်းတို့လို ဘုရားသခင် ယုံကြည်တဲ့သူတွေ လွတ်လပ်မှာမဟုတ်ဘူး။ တရုတ်ပြည်ထဲက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို စီစီပီက မုန်းတီးပြီး ပိတ်ပင်နေဦး မှာပဲ။ ဘုရားမဲ့ အုပ်စိုးမှုတစ်ခုကို ဖန်တီးဖို့ဆိုတဲ့ သူတို့ရဲ့ ပန်းတိုင်ကို သူတို့မရရင်တောင်၊ မင်းတို့ကိုဖမ်းဆီးနှိပ်ကွပ်တာတွေ လုံးဝ ရပ်မှာ မဟုတ်ဘူး။ ငါ ဒါတွေကို မြင်တွေ့နေတာကြာခဲ့ပြီ။ အဲဒါကြောင့် လည်း မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်မှုကို ငါ ဆန့်ကျင်နေရတာပေါ့။ အားလုံးက မင်းတို့ရဲ့ လုံခြံမှုအတွက်ပါ နားမလည်ဘူးလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။