အမှုတော် အဆင့်သုံးဆင့်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁)
အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏ သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များ အားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှု အောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင် လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့ အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သော အရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီး စေသည်မှာ ငါမဟုတ်ကြောင်းကို လည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစား နိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါ တို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။ ထို့ကြောင့် ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အစောပိုင်းအမှု၌ ငါသည် ပညတ်တော်အမှုကို ဆောင်ရွက်ခဲ့ကာ၊ ယင်းသည် ယေဟောဝါက လူတို့ကို လမ်းပြခဲ့သော အမှုဖြစ်ခဲ့၏။ ဒုတိယအဆင့် သည်ကား ကျေးဇူးတော်ခေတ်၏ အမှုကို ယုဒပြည်၏ ကျေးရွာတို့တွင် စတင်ခဲ့၏။ ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနှုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနှုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက် အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တရားများနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်း နှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြု လေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်ဆည်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနှုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်း အားဖြင့် ရွေးနှုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ဤအချိန်မှစ၍ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ ကျေးဇူးတော်ခေတ် စတင်ခဲ့လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂)
ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှုကို အဆင့်သုံးဆင့် ခွဲခြားထား၏- ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်အားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်၏၊ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်အနေဖြင့် စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အလို့ငှာလည်း ဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်း အမှုသည် အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ပင်၊ စာတန်နှင့် တိုက်ပွဲသည်လည်း အဆင့်သုံးဆင့် ခွဲခြားထားသောကြောင့် ဘုရားသခင်၏အမှုနှင့်သက်ဆိုင်သည့် ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက် ဆောင်ရွက်လေသည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် ဖြစ်ကာ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာ ပြီးဆုံး နိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲသည်လည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထားပြီး၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်း အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲရလေသည်။ လူသား၏ စိတ်ကူးတွင် စစ်တပ်နှစ်တပ် အချင်းချင်းတိုက်ကြသကဲ့သို့၊ ဤတိုက်ပွဲတွင် ဘုရားသခင်က စာတန်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်လိမ့်မည်ဟု ယုံကြည်ကောင်း ယုံကြည်လိမ့်မည်။ ဤသည်မှာ လူသား၏အသိဉာဏ်က စိတ်ကူးနိုင်စွမ်း ရှိသည့် အရာမျှသာဖြစ်၏။ ယင်းသည် အလွန့်အလွန် မရေရာသကဲ့သို့၊ လက်တွေ့မကျသော အတွေးအခေါ်တစ်ရပ် ဖြစ်သော်လည်း၊ ယင်းမှာ လူသား ယုံကြည်သည့်အရာဖြစ်၏။ ပြီးလျှင် လူသား၏ ကယ်တင်ခြင်း နည်းလမ်းသည် စာတန်နှင့် တိုက်ပွဲဝင်ခြင်းမှတစ်ဆင့်ဖြစ်သည်ဟု ဤနေရာတွင် ငါပြောသောကြောင့်၊ ဤသည်မှာ တိုက်ပွဲဆင်နွှဲသည့်ပုံဖြစ်သည်ဟု လူသားက စိတ်ကူးမိလေသည်။ လူသား၏ကယ်တင်ခြင်းအမှုအဖို့ အဆင့်သုံးဆင့်ရှိ၏၊ ဆိုလိုသည်မှာ စာတန်ကို တစ်ကြိမ်တည်းနှင့် လုံးဝရှုံးနိမ့်စေဖို့အလို့ငှာ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲထားပေသည်။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ခုလုံး၏ အတွင်းသမ္မာတရားမှာ အမှု၏ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်း၊ လူသား၏ အပြစ်ဖြေရာယဇ် ဖြစ်လာခြင်း၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်း ဟူသော အချို့သောအဆင့်တို့မှတစ်ဆင့် ၎င်း၏ အကျိုးတရားများကို ရရှိပေသည်။ အမှန်စင်စစ်ဆိုရလျှင်၊ စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်အဖို့ သက်သေခံနိုင်ရန်အလို့ငှာ လူသားကို ကယ်တင်ခြင်း၊ လူသား၏အသက်တာအပေါ် အမှုပြုခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းတို့ ဖြစ်၏။ ဤသည်မှာ စာတန် ရှုံးနိမ့်သည့်ပုံဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမှတစ်ဆင့် စာတန်သည် ရှုံးနိမ့်လေ၏။ စာတန် ရှုံးနိမ့်ပြီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ လူသည် လုံးဝ ကယ်တင်ခံရပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားသည် လုံးဝ ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်စစ်ပွဲဖြစ်ပြီး၊ ဤစစ်ပွဲသည် အဓိကအားဖြင့် လူသား၏ကယ်တင်ခြင်းတွင် ထင်ဟပ်လေသည်။ လူသားကို သိမ်းပိုက်ရမည့် နောက်ဆုံးသောကာလ အဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့် ဖြစ်ပြီး၊ ယင်းသည် စာတန်၏ အုပ်စိုးမှုမှ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်း အမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်မှာ စာတန်၏ပြယုဂ်ဖြစ်သည့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူသားကို ၎င်း၏ သိမ်းပိုက်ခံရခြင်းနောက်တွင် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏၊ ဤမှတစ်ဆင့် သူသည် စာတန်ကိုစွန့်လွှတ်ပြီး ဘုရားသခင်ထံ လုံးဝ ပြန်သွားလိမ့်မည်ဖြစ်၏။ ဤနည်းဖြင့်၊ လူသားသည် လုံးဝကယ်တင်ခံရပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် နောက်ဆုံးအမှု ဖြစ်ပြီး၊ စာတန်၏ရှုံးနိမ့်မှုအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှု နောက်ဆုံးအဆင့်ဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏ ပြည့်ဝသော ကယ်တင်ခြင်းသည် နောက်ဆုံးတွင် ဖြစ်နိုင်မည် မဟုတ်ပေ၊ စာတန်၏ လုံးဝရှုံးနိမ့်ခြင်းသည်လည်း ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ၊ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအလို့ငှာ ဖြစ်သည့်အတွက်၊ စာတန်နှင့် တိုက်ပွဲ အဆုံးမသတ်မီတွင် လူသားကို ကယ်တင်ခြင်းအမှုသည် အဆုံးသတ်၍ မရနိုင်ပေ။ အစောဆုံးလူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်း ခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတွင် စာတန်သည် အနိုင်ယူရမည့်သူတစ်ဦး ဖြစ်လာခဲ့၏။ စာတန်သည် လူသားကို ပိုင်ဆိုင်ထားသောကြောင့်၊ ပြီးလျှင် လူသားသည် စီမံခန့်ခွဲမှုအားလုံးကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုသည့် အရင်းအနှီးဖြစ်သောကြောင့်၊ လူသားအနေဖြင့် ကယ်တင်ခံရဖို့ဆိုပါက၊ သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများ၊ လူသား၏ မူလ ဆင်ခြင်တုံတရား အသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများမှတစ်ဆင့်၊ စာတန်ကို အနိုင်ယူရမည်ဖြစ်သည်။ ဤနည်းဖြင့် ဖမ်းဆီးခံထားရသော လူသားသည် စာတန်၏လက်ထဲမှ ပြန်လည်လုယူခံရနိုင်ပေသည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် ကျေးကျွန်ဘဝတို့မှ လွတ်မြောက်ပါက၊ စာတန်သည် အရှက်ရလိမ့်မည်၊ လူသားသည် နောက်ဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ပြီး၊ စာတန်သည် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် လူသားသည် စာတန်၏ အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်သောကြောင့်၊ လူသားသည် ဤတိုက်ပွဲ တစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည့်သူ ဖြစ်ပေလိမ့်မည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု တစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃)
ဘုရားသခင်သည် ဖန်ဆင်းခြင်း သတ္တဝါများအပေါ် မည်သည့် အငြိုးမျှ မထားပေ။ စာတန်ကိုသာ အနိုင်ယူရန် ဆန္ဒရှိ၏။ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ သူ၏အမှုအားလုံးသည် စာတန်ကို ရည်ရွယ်ထားခြင်း ဖြစ်၏။ ယင်းကို လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်၊ အားလုံးသည် စာတန် အနိုင်ယူရန်အလို့ငှာဖြစ်ပြီး၊ တကယ့်အဆုံးထိ စာတန်နှင့်တိုက်ပွဲဆင်နွှဲရန်ဟူသော ရည်မှန်းချက် တစ်ခုရှိ၏။ ဘုရားသခင်သည် စာတန်အပေါ် မအောင်နိုင်သရွေ့ လုံးဝ နားမည်မဟုတ်ပေ။ စာတန်ကို အနိုင်ယူပြီးသည့်အခါမှသာ သူ အနားယူမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အမှု အားလုံးသည် စာတန်ကို ရည်ရွယ်ထားသောကြောင့်၊ ပြီးလျှင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသူများသည် စာတန်၏ပိုင်နက် ထိန်းချုပ်မှုအောက်တွင် အားလုံးရှိပြီး၊ စာတန်၏ပိုင်နက်အောက်တွင် အသက်ရှင်ကြသောကြောင့်၊ စာတန်နှင့် ဆန့်ကျင်တိုက်ပွဲဆင်နွှဲခြင်းနှင့် ၎င်းကို ချိုးဖျက်ခြင်း မပြုဘဲနှင့်၊ စာတန်သည် ဤလူတို့အပေါ် ၎င်း၏ချုပ်ကိုင်မှုကို လျှော့ပေးမည်မဟုတ်သကဲ့သို့၊ ၎င်းတို့သည် ရယူခြင်းခံရနိုင်မည် မဟုတ်ပေ။ ၎င်းတို့ ရယူခြင်းမခံရပါက၊ ယင်းမှာ စာတန်သည် ရှုံးနိမ့်ခြင်းမရှိသေး၊ ၎င်းသည် နှိမ်နင်းခြင်း မခံရသေးသည်ကို သက်သေပြပေမည်။ ထို့ကြောင့် ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအစီအစဉ်၌ ပထမအဆင့်အတွင်းတွင် သူသည် ပညတ်တရားအမှုကို လုပ်ဆောင်ခဲ့သည်၊ ဒုတိယအဆင့်အတွင်းတွင် သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့သည်၊ ယင်းမှာ ကားစင်တင်ခံရခြင်း အမှုဖြစ်ပြီး၊ တတိယအဆင့်အတွင်းတွင် သူသည် လူသားမျိုးနွယ်အား သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခဲ့၏။ ဤအမှုအားလုံးသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့သည့် အတိုင်းအတာကို ရည်ရွယ်ထားပေသည်၊ အားလုံးမှာ စာတန်ကို အနိုင်ယူရန်အလို့ငှာ ဖြစ်ပြီး အဆင့်များနှင့်သက်ဆိုင်သည့် အယောက်တိုင်းသည် စာတန်ကို အနိုင်ယူခြင်း အတွက် ဖြစ်ပေသည်။ ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအမှု၏ အနှစ်သာရသည် အဆင်းနီသော နဂါးကြီးကို ဆန့်ကျင်သည့်တိုက်ပွဲဖြစ်ပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုသည်လည်း စာတန်ကို အနိုင်ယူခြင်းအမှု၊ စာတန်နှင့် တိုက်ပွဲဆင်နွှဲခြင်းအမှုဖြစ်၏။ ဘုရားသခင်သည် အနှစ် ၆၀၀၀ ကြာ တိုက်ပွဲဆင်နွှဲပြီးဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးတွင် လူကို နယ်ပယ်သစ်ထဲသို့ ခေါ်ဆောင်ဖို့အလို့ငှာ အနှစ် ၆၀၀၀ ကြာ သူ အမှုပြုပြီး ဖြစ်ပေသည်။ စာတန်ကို အနိုင်ယူသည့်အခါတွင်၊ လူသားသည် လုံးဝလွတ်မြောက်လိမ့်မည် ဖြစ်၏။ ဤသည်မှာ ယနေ့ ဘုရားသခင်၏အမှု ဦးတည်ချက် ဖြစ်သည် မဟုတ်သလော။ ဤသည်မှာ ယနေ့ အမှု၏ ဦးတည်ချက် အတိအကျ ဖြစ်ပေသည်- လူသားသည် မည်သည့် စည်းမျဉ်းများ၏ အောက်တွင်မျှမရှိသကဲ့သို့၊ မည်သည့် အချုပ်အနှောင်များ သို့မဟုတ် မည်သည့် ကန့်သတ်ချက်များဖြင့် ကန့်သတ်မရဖို့အလို့ငှာ လူသား၏ လုံးဝလွတ်မြောက်ခြင်းနှင့် လွတ်လပ်ခြင်း ဖြစ်သည်။ ဤအမှုအားလုံးကို သင်တို့၏ဝိညာဉ်ရင့်ကျက်မှုနှင့် သင်တို့၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေသည်၊ ဆိုလိုသည်မှာ သင်တို့ ဖြစ်မြောက်နိုင်သည့် အရာဟူသမျှဖြင့် သင်တို့ကို ထောက်ပံ့ပေးထားပေသည်။ ယင်းသည် “ဘဲတစ်ကောင်ကို အိပ်တန်းသို့ မောင်းနှင်ခြင်း”၊ သင်တို့အပေါ် တစ်စုံတစ်ခုမျှ သတ်မှတ်ပြဋ္ဌာန်းခြင်းနှင့်သက်ဆိုင်သည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ ထို့ထက် ဤအမှုအားလုံးကို သင်တို့၏ စစ်မှန်သော လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်ထားပေသည်။ အမှု၏ အဆင့်အသီးသီးကို လူသား၏ တကယ့်လိုအပ်ချက်များနှင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ဖြစ်သည်။ အမှု၏ အဆင့်အသီးသီးသည် စာတန်ကို ရှုံးနိမ့်စေရန်အတွက် ဖြစ်၏။ အမှန်တွင်၊ အစအဦး၌ ဖန်ဆင်းရှင်နှင့် သူ၏ အဖန်ဆင်းခံများအကြားတွင် အတားအဆီးများ မရှိပေ။ ဤအတားအဆီးများအားလုံးကို စာတန်က ဖြစ်စေခဲ့ခြင်းဖြစ်၏။ သူ့ကို စာတန် နှောင့်ယှက်ကာ ဖောက်ပြန်ပျက်စီးစေခဲ့ပုံကြောင့် လူသားသည် မည်သည့်အရာကိုမျှ မမြင်နိုင် သို့မဟုတ် မထိနိုင် ဖြစ်လာပြီးဖြစ်သည်။ လူသားသည် ဒုက္ခခံရသူ၊ လှည့်ဖြားခံရသူ ဖြစ်၏။ စာတန်ကို အနိုင်ယူပြီးသည်နှင့်တစ်ပြိုင်နက်၊ အဖန်ဆင်းခံ သတ္တဝါများသည် ဖန်ဆင်းရှင်ကို ရှုမြင်လိမ့်မည်ဖြစ်ပြီး၊ ဖန်ဆင်းရှင်သည် အဖန်ဆင်းခံ သတ္တဝါများအပေါ် ကြည့်ရှုလိမ့်မည်ဖြစ်ကာ ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ လမ်းပြနိုင်ပေလိမ့်မည်။ ဤသည်သာလျှင် လူသားအနေဖြင့် ကမ္ဘာမြေပေါ်တွင် ရှိသင့်သည့် အသက်တာ ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ အမှုသည် အဓိကအားဖြင့် စာတန်ကို အနိုင်ယူရန်အလို့ငှာ ဖြစ်ပြီး၊ စာတန်ကို ရှုံးနိမ့်ခံရပြီးသည်နှင့် တစ်ပြိုင်နက်၊ အရာရာသည် ပြေလည်သွားပေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄)
ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးနှင့်ဆိုင်သည့် အမှုကို ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားပေသည်။ ပထမဆုံးအဆင့်- ကမ္ဘာလောကကို ဖန်ဆင်းခြင်း- သည် ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်းဖြစ်ကာ၊ ထိုသို့ မဟုတ်ခဲ့ပါက၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းငှာ မည်သူမျှ တတ်စွမ်းနိုင်မည် မဟုတ်ချေ။ ဒုတိယအဆင့်သည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းဖြစ်ခဲ့ပြီး ယင်းကိုလည်း ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ ပေသည်။ တတိယအဆင့်မှာ ပြောရန်မလိုပေ။ အမှုအားလုံး၏ နိဂုံးကို ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ဖို့ သာ၍ပင် လိုအပ်ပေသည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှုအားလုံးကို ဘုရားသခင် ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ထားပေသည်။ သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်ပါက၊ သူ၏ ပင်ကိုလက္ခဏာကို လူသားက ကိုယ်စားပြုနိုင်မည် မဟုတ်သကဲ့သို့၊ သူ၏အမှုကို လူသားက လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ စာတန်ကို အနိုင်ယူရန်အလို့ငှာ၊ လူသားမျိုးနွယ်ကို ရယူရန်အလို့ငှာနှင့် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်အသက်တာတစ်ခု ပေးရန်အလို့ငှာ၊ သူသည် ကိုယ်တိုင်ကိုယ်ကျ လူသားကို ဦးဆောင်ပြီး လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုလေသည်။ သူ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်၊ ပြီးလျှင် သူ၏အမှုအားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်၏။ သူ့ကို လူသားက မြင်တွေ့နိုင်ဖို့အလို့ငှာ၊ လူသားကို ပျော်ရွှင်စေခြင်းအတွက် ဘုရားသခင် ကြွလာခဲ့သည်ဟုသာ လူသားကယုံကြည်ပါက၊ ထိုသို့သော ယုံကြည်မှုများသည် တန်ဖိုး မရှိ၊ အရေးပါမှုမရှိပေ။ လူသား၏သိနားလည်မှုသည် အလွန်အပေါ်ယံ ဖြစ်လွန်း၏။ ဤအမှုကို သူကိုယ်တိုင် ဆောင်ရွက်ခြင်း အားဖြင့်သာ ဘုရားသခင်သည် ဤအမှုကို စေ့စေ့စပ်စပ်နှင့် လုံးဝ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူသားသည် ယင်းကို ဘုရားသခင်ကိုယ်စား လုပ်ဆောင်ခြင်းငှာ မတတ်စွမ်းနိုင်ပေ။ သူသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ သို့မဟုတ် သူ၏အနှစ်သာရ မရှိသဖြင့်၊ ဘုရားသခင်၏အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိသကဲ့သို့၊ လူသားသည် ဤအမှုကို လုပ်ဆောင်ခဲ့လျှင်ပင်၊ မည်သည့် အကျိုးတရားမျှ ရှိမည် မဟုတ်ပေ။ ပထမအကြိမ် ဘုရားသခင် လူ့ဇာတိခံခဲ့သည်မှာ ရွေးနုတ်ခြင်းအတွက်ဖြစ်၏၊ လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ရန်၊ လူသားကို သန့်စင်ခံရပြီး သူ၏အပြစ်များအတွက် ခွင့်လွှတ်ခံရနိုင်စွမ်း ရှိစေဖို့ ဖြစ်သည်။ သိမ်းပိုက်ခြင်းအမှုကိုလည်း လူသားအလယ်တွင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေသည်။ အကယ်၍ ဤအဆင့်အတွင်းတွင် ဘုရားသခင်သည် ပရောဖက်ပြုချက်ကို ပြောဆိုရန်သာဖြစ်ပါက၊ သူ၏ နေရာယူရန် ပရောဖက်တစ်ဦး သို့မဟုတ် ပင်ကိုစွမ်းရည်ရှိသူတစ်ဦးဦးကို ရှာတွေ့နိုင်ပေသည်။ ပရောဖက်ပြုချက်ကိုသာ ပြောဆိုထားခဲ့မည်ဆိုပါက၊ ဘုရားသခင်အတွက် လူသားက အစားဝင်ပေးနိုင်၏။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုယ်တိုင်၏အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် ကြိုးစားခဲ့ပြီး၊ လူသား၏အသက်တာ၌ အမှုပြုဖို့ကြိုးစားခဲ့ပါက၊ ဤအမှုကို လုပ်ဆောင်ရန် သူ့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းကို ဘုရားသခင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည် ဖြစ်၏။ ဤအမှုကို လုပ်ဆောင်ရန် ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူရမည်ဖြစ်၏။ နှုတ်ကပတ်တော်ခေတ်တွင် ပရောဖက်ပြုချက်ကိုသာ ပြောဆိုထားခဲ့မည်ဆိုပါက၊ ဟေရှာယ သို့မဟုတ် ပရောဖက် ဧလိယတို့ကို ဤအမှုလုပ်ဆောင်ရန် ရှာတွေ့နိုင်ခဲ့မည်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင် ထိုအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ပေ။ ဤအဆင့်တွင် လုပ်ဆောင်သည့်အမှုသည် ပရောဖက်ပြုချက်ကို ပြောရုံမျှ မဟုတ်သောကြောင့်၊ ပြီးလျှင် လူသားကို သိမ်းပိုက်ရန်နှင့် စာတန်ကို အနိုင်ယူရန် နှုတ်ကပတ်တော်၏အမှုကို အသုံးပြုသည်မှာ သာ၍ အရေးကြီးသောကြောင့်၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ဘဲ၊ ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်၏။ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါသည် သူ၏အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခဲ့၏၊ ယင်းနောက်တွင် သူသည် နှုတ်ကပတ်တော်အချို့ကို ပြောဆိုခဲ့ပြီး၊ ပရောဖက်များမှတစ်ဆင့် အမှုတစ်ချို့ကို လုပ်ဆောင်ခဲ့၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် ယေဟောဝါကို သူ၏အမှု၌ အစားဝင်ပေးနိုင်ခဲ့သကဲ့သို့၊ ပရောဖက်တို့သည် အမှုအရာများကို ကြိုတင်ဟောပြောနိုင်ကြပြီး သူ၏ကိုယ်စား အိပ်မက်အချို့ကို အနက်ပြန်နိုင်ခဲ့ကြသောကြောင့် ဖြစ်၏။ အစအဦး၌ လုပ်ဆောင်ခဲ့သည့် အမှုသည် လူသား၏ စိတ်သဘောထားကို တိုက်ရိုက်ပြောင်းလဲခြင်းအမှု မဟုတ်ခဲ့သကဲ့သို့၊ လူသား၏အပြစ်နှင့် ဆက်နွှယ်မှု မရှိပေ၊ ပြီးလျှင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ လိုအပ်ခဲ့၏။ ထို့ကြောင့် ယေဟောဝါသည် လူ့ဇာတိမခံယူခဲ့သကဲ့သို့၊ လူသားထံ မိမိကိုယ်ကိုယ် ထုတ်ဖော်မပြခဲ့ပေ။ ထိုအစား သူသည် မောရှေနှင့် အခြားသူများကို တိုက်ရိုက် စကားပြောဆိုခဲ့ပြီး၊ ၎င်းတို့အား သူ့ကိုယ်စား စကားပြောကာ အမှုပြုစေပြီး၊ လူသားမျိုးနွယ်ကြားတွင် သူ့ကိုယ်စား တိုက်ရိုက် အမှုပြုစေခဲ့သည်။ ဘုရားသခင်၏အမှု၏ ပထမအဆင့်သည် လူသားကို ဦးဆောင်လမ်းပြမှု ဖြစ်ခဲ့၏။ ယင်းသည် စာတန်နှင့် တိုက်ပွဲအစဖြစ်သော်လည်း၊ ဤတိုက်ပွဲသည် တရားဝင် မစတင်ရသေးပေ။ စာတန်နှင့်တရားဝင်စစ်ပွဲမှာ ဘုရားသခင်၏ ပထမ လူ့ဇာတိခံယူခြင်းနှင့်အတူ စတင်ခဲ့ပြီး၊ ယင်းသည် ယနေ့အထိ ဆက်လက်ဖြစ်၏။ ဤစစ်ပွဲ၏ ပထမတိုက်ပွဲသည် ကားတိုင်တွင် လူ့ဇာတိခံဘုရားသခင် သံမှိုရိုက်နှက်ခံရချိန်တွင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ကားစင်တင်ခံရခြင်းက စာတန်ကို အနိုင်ယူခဲ့ပြီး၊ ယင်းသည် စစ်ပွဲ၌ ပထမဦးဆုံး အောင်မြင်သော အဆင့်ဖြစ်၏။ လူ့ဇာတိခံ ဘုရားသခင်က လူသား၏ အသက်တာ၌ တိုက်ရိုက်အမှုပြုဖို့ စတင်ချိန်တွင်၊ ဤသည်မှာ လူသားကို ပြန်လည်ရယူခြင်း အမှု၏ တရားဝင်အစဖြစ်ခဲ့ပြီး၊ ဤသည်မှာ လူသား၏ စိတ်သဘောထားအဟောင်းကို ပြောင်းလဲခြင်းအမှု ဖြစ်ခဲ့သောကြောင့်၊ ယင်းသည် စာတန်နှင့် တိုက်ပွဲဆင်နွှဲခြင်း အမှု ဖြစ်ခဲ့ပေသည်။ အစအဦး၌ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုအဆင့်သည် ကမ္ဘာမြေပေါ်တွင် လူသား၏ဘဝကို ဦးဆောင်လမ်းပြခြင်းမျှ ဖြစ်၏။ ယင်းသည် ဘုရားသခင်၏အမှု အစဖြစ်ပြီး၊ မည်သည့်တိုက်ပွဲမျှ သို့မဟုတ် မည်သည့်အဓိကအမှုမျှ မပါဝင်သေး သော်လည်း၊ လာမည့်တိုက်ပွဲနှင့်သက်ဆိုင်သည့် အမှုအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့၏။ နောက်ပိုင်းတွင်၊ ကျေးဇူးတော်ခေတ်အတွင်းရှိ အမှု၏ဒုတိယ အဆင့်သည် လူသား၏စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း ပါဝင်လေသည်၊ ယင်းမှာ ဘုရားသခင် ကိုယ်တိုင်သည် လူသား၏အသက်ကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုလိုပေသည်။ ဤအရာကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ဖို့ဖြစ်ခဲ့သည်- ယင်းသည် ဘုရားသခင်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူရန် လိုအပ်ခဲ့သည်။ သူ့အနေဖြင့် လူ့ဇာတိ မခံယူခဲ့ပါက၊ အမှု၏ဤအဆင့်သည် စာတန်နှင့် တိုက်ရိုက်တိုက်ခိုက်ခြင်း အမှုကို ကိုယ်စားပြုခဲ့သည့်အတွက်၊ အခြားမည်သူမျှ သူ့ကို အမှု၏ဤအဆင့်တွင် အစားထိုးနိုင်ခဲ့မည် မဟုတ်ပေ။ အကယ်၍ ဤအမှုကို လူသားက ဘုရားသခင်၏ကိုယ်စား လုပ်ဆောင်ခဲ့ပါက၊ စာတန် ရှေ့မှောက်တွင် လူသား ရပ်တည်သည့်အခါတွင်၊ စာတန်သည် ကျိုးနွံနာခံခဲ့မည် မဟုတ်သကဲ့သို့၊ ၎င်းကို အနိုင်ယူရန်မှာ ဖြစ်နိုင်ခဲ့မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင် ဖြစ်ဆဲဖြစ်ပြီး၊ သူသည် လူသား၏အသက် ဖြစ်နေဆဲဖြစ်ကာ ဖန်ဆင်းရှင်ဖြစ်ဆဲဖြစ်သည့်အတွက်၊ ၎င်းကို အနိုင်ယူဖို့ လာခဲ့သူမှာ လူ့ဇာတိခံဘုရားသခင် ဖြစ်ဖို့လိုခဲ့ပေသည်။ မည်သည့်အရာ ဖြစ်ပါစေ၊ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည် မဟုတ်ပေ။ ထို့ကြောင့် စာတန် လုံးဝကျိုးနွံနာခံစေဖို့ သူသည် လူ့ဇာတိကို ဆောင်ယူခဲ့ပြီး အမှုကို လုပ်ဆောင်ခဲ့၏။ နောက်ဆုံးသောကာလ အမှု၏ အဆင့်အတွင်းတွင်၊ လူသားသည် ဤအမှုကို လုပ်ဆောင်ပြီး နှုတ်ကပတ်တော်များကို တိုက်ရိုက် ပြောဆိုစေခြင်း ခံခဲ့ရသည်ဆိုပါက၊ သူသည် ယင်းတို့ကို ပြောဆိုနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ ပရောဖက်ပြုချက်ကို ပြောဆိုခဲ့မည်ဆိုပါက၊ ဤပရောဖက်ပြုချက်သည် လူသားကို သိမ်းပိုက်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းဖြင့်၊ ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် ကြွလာပြီး၊ ၎င်းကို လုံးဝ အညံ့ခံစေ၏။ သူသည် စာတန်ကို လုံးဝ အနိုင်ယူချိန်တွင်၊ လူသားကို အပြည့်အဝ သိမ်းပိုက်ပြီး လုံးဝ ရယူချိန်တွင်၊ အမှု၏ဤအဆင့် ပြီးဆုံးလိမ့်မည်ဖြစ်ပြီး အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းတွင်၊ လူသားသည် ဘုရားသခင်အတွက် မရပ်တည်ပေးနိုင်ပေ။ အထူးသဖြင့်၊ ခေတ်ကို ဦးဆောင်လမ်းပြခြင်းနှင့် အမှုသစ်စတင်ခြင်း အမှုသည် ဘုရားသခင် ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းကို သာ၍ပင် လိုအပ်၏။ လူသားကို ထုတ်ဖော်ခြင်းပေးခြင်းနှင့် ပရောဖက်ပြုချက်ဖြင့် ထောက်ပံ့ပေးခြင်းတို့ကို လူသားက လုပ်ဆောင်နိုင်သော်လည်း၊ ယင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည့်အမှု၊ ဘုရားသခင်ကိုယ်တိုင်နှင့် စာတန်ကြားက တိုက်ပွဲနှင့် သက်ဆိုင်သည့်အမှု ဖြစ်ပါက၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ပေ။ အမှု၏ပထမအဆင့်အတွင်းတွင်၊ စာတန်နှင့် တိုက်ပွဲမရှိခဲ့သည့်အခါ၊ ယေဟောဝါသည် ပရောဖက်များပြောဆိုခဲ့သည့် ပရောဖက်ပြုချက်ကို အသုံးပြုရင်း ဣသရေလအမျိုးတို့ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့၏။ ထို့နောက်တွင်၊ အမှု၏ ဒုတိယအဆင့်မှာ စာတန်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး၊ ဤအမှုကို လုပ်ဆောင်ရန် ဘုရားသခင်ကိုယ်တိုင်သည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိ ခံယူခဲ့ပြီး၊ လူ့ဇာတိအဖြစ်သို့ ရောက်လာခဲ့၏။ စာတန်ကို တိုက်သည့်တိုက်ပွဲနှင့် ပတ်သက်သည့်အရာတိုင်းသည်လည်း ဘုရားသခင်၏လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၏၊ ယင်းမှာ ဤတိုက်ပွဲကို လူသားက ဆင်နွှဲ၍မနိုင်ဟု ဆိုလိုပေသည်။ လူသားသည် တိုက်ပွဲဝင်ရမည်ဆိုပါက၊ သူသည် စာတန်ကို အနိုင်ယူခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ပေ။ ၎င်း၏အုပ်စိုးမှုအောက်တွင် ရှိနေသေးစဉ်တွင် သူသည် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ရန် ခွန်အား မည်သို့ရှိနိုင်မည်နည်း။ လူသားသည် အလယ်တွင်ရှိနေ၏- သင်သည် စာတန်ဘက်သို့ တိမ်းပါက၊ သင်သည် စာတန်နှင့်သက်ဆိုင်၏၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေပါက၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်၏။ ဤတိုက်ပွဲနှင့်သက်ဆိုင်သည့် အမှုတွင် လူသားသည် ဘုရားသခင်အတွက် ကြိုးစားကာ အစားဝင်ပေးရမည်ဆိုပါက၊ လုပ်ဆောင်နိုင်ပါမည်လော။ အစားဝင်ပေးခဲ့ပါက၊ သူသည် ကာလကြာမြင့်စွာကပင် ပျက်စီးဆုံးရှုံးပြီးဖြစ်မည် မဟုတ်လော။ ကာလကြာမြင့်စွာကပင် သူသည် အောက်အရပ်လောကထဲသို့ ဝင်ရောက်ပြီးဖြစ်မည် မဟုတ်သလော။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ အမှု၌ ဘုရားသခင်ကို အစားမထိုးနိုင်ပေ၊ ဆိုလိုသည်မှာ လူသားသည် ဘုရားသခင်၏အနှစ်သာရ မရှိသကဲ့သို့၊ သင်သည် စာတန်နှင့် တိုက်ပွဲဝင်ခဲ့ပါက၊ သူ့ကို အနိုင်ယူခြင်းငှာ သင် တတ်စွမ်းနိုင်မဟုတ်ပေ။ လူသားသည် အချို့သောအမှုကိုသာ လုပ်ဆောင်နိုင်၏။ သူသည် လူအချို့ကို သိမ်းသွင်းနိုင်၏၊ သို့ရာတွင် ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် သူသည် ဘုရားသခင်အတွက် အစားမဝင်ပေးနိုင်ပေ။ လူသားသည် စာတန်နှင့် မည်သို့ တိုက်ပွဲဝင်နိုင်မည်နည်း။ သင် မစမီကပင် စာတန်သည် သင့်ကို ဖမ်းဆီးမိမည် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် စာတန်နှင့် တိုက်ပွဲဝင်ပြီး ဤအခြေခံအရ လူသားသည် ဘုရားသခင်နောက် လိုက်ပြီး သူ့ကို နာခံသောအခါမှသာ၊ လူသားသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး စာတန်၏ အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ပေသည်။ လူသားက မိမိ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် အစွမ်းအစတို့ဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အရာများမှာ နည်းပါးလွန်းလှပေသည်။ သူသည် လူသားကို ပြည့်စုံစေခြင်း၊ သူ့ကို ဦးဆောင်လမ်းပြခြင်းအပြင် စာတန်ကို အနိုင်ယူခြင်းတို့ကို မတတ်စွမ်းနိုင်ပေ။ လူသား၏ အသိဉာဏ်နှင့် အမြော်အမြင်တို့သည် စာတန်၏အကြံအစည်များကို ကဖျက်ယဖျက် မလုပ်နိုင်ပေ၊ ထို့ကြောင့် လူသားသည် ၎င်းနှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅)
လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှု မပါဝင်ဘဲ၊ ယင်းထက် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ ဖြစ်ကြ၏။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဖြစ်ပေါ်စေခြင်းအမှု ဖြစ်၏။ ယင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့ချိန်၌ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံခဲ့ရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးသည့်အချိန်တွင်သာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးသည့်အခါတွင်သာ စတင်ခဲ့ပေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးသည့် စိတ်နေသဘောထားကို ရရှိခဲ့သည့်နောက်မှသာ စီမံခန့်ခွဲခြင်းအမှု ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်ထက် အပိုင်းသုံးပိုင်း ပါရှိပေသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုကို ရည်ညွှန်းသည့် မှန်ကန်သော နည်းလမ်း ဖြစ်သည်။ နောက်ဆုံးသော ခေတ်ပြီးဆုံးချိန်တွင်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုသည် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုသို့ ရောက်လာပြီးဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ် အားလုံးကို ကယ်တင်ခြင်းအမှု လုံးဝ ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ထိုအချိန်မှစ၍ လူသားမျိုးနွယ်အတွက် ဤအဆင့်သည် အဆုံးသတ်ပြီးဖြစ်လိမ့်မည်ဟု ဆိုလို၏။ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်သည့်အမှု မရှိဘဲနှင့်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှု ရှိမည် မဟုတ်သကဲ့သို့၊ အမှု၏ အဆင့် သုံးဆင့်လည်း ရှိမည် မဟုတ်ပေ။ ယေဟောဝါက ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့သည်မှာ အတိအကျအားဖြင့် လူသားမျိုးနွယ်၏ အကျင့်ပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အင်မတန် အရေးတကြီး လိုအပ်သောကြောင့် ဖြစ်သည်။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏၊ ယင်းမှာ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်ဟု ဆိုလိုပေသည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီး မခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပေ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏၊ ယင်းမှာ ဖောက်ပြန်ပျက်ဆီးသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန် ဖြစ်သည်ဟု ဆိုရပေမည်။ ဤသည်မှာ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာလောကကို ဖန်ဆင်းခြင်း အမှု မပါဝင်ပေ၊ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုတွင်လည်း ကမ္ဘာလောကကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ၊ ယင်းထက် ကမ္ဘာလောကကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန်၊ အမှု၏အဆင့် သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်- ဤသည်မှာ ကယ်တင်ခံရရန်အလို့ငှာ အယောက်တိုင်း သိရမည့်အရာ ဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် လူသားကို ဘုရားသခင်က ဖန်ဆင်းထားသည်ကို သင်တို့ အသိအမှတ်ပြုသင့်ပြီး၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို သင်တို့ အသိအမှတ်ပြုသင့်ကာ၊ ထို့အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သတိပြုသင့်သည်။ ဘုရားသခင်၏ မျက်နှာသာ ရရှိရန် ကြိုးစားအားထုတ်ရာတွင် အယူဝါဒအတိုင်း မည်သို့ပြုမူရမည်ကိုသာ သင်တို့ သိရှိသော်လည်း၊ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ ကယ်တင်သည်ကို သို့မဟုတ် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို အရိပ်အမြွက်မျှ မသိပါက၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါအနေဖြင့် သင်တို့ ချို့တဲ့သည့်အရာ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော နယ်ပယ်အကြောင်းကို မသိနားမလည်ဘဲနေလျက်၊ လက်တွေ့လုပ်ဆောင်၍ ရနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့်သာ မကျေနပ်သင့်ပေ- ဤသို့ဖြစ်ပါက သင်သည် တစ်ယူသန်ဆန်လွန်း၏။ အမှု၏ အဆင့် သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သော အတွင်းဇာတ်လမ်း၊ တစ်ကမ္ဘာလုံး၏ ဧဝံဂေလိတရား ပေါ်ထွန်းခြင်း၊ လူသားမျိုးနွယ် အားလုံးအလယ် အကြီးမားဆုံးသော နက်နဲမှု ဖြစ်ပြီး၊ ယင်းတို့သည် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံအုတ်မြစ်လည်း ဖြစ်၏။ သင်သည် သင့်အသက်တာနှင့် ဆက်နွှယ်သည့် ရိုးရှင်းသော သမ္မာတရားများကို သိနားလည်ခြင်းအပေါ်သာ အာရုံစိုက်ပြီး နက်နဲမှုများနှင့် ရူပါရုံများ အနက် အကြီးမြတ်ဆုံးဖြစ်သည့် ဤအရာနှင့်သက်ဆိုင်၍ မည်သည့်အရာမျှ မသိရှိပါက၊ သင်၏ အသက်သည် ကြည့်ဖို့မှလွဲ၍ မည်သည့်အရာအတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ပစ္စည်းတစ်ခုနှင့် တူသည် မဟုတ်ပါလော။
အကယ်၍ လူသားသည် လက်တွေ့လုပ်ဆောင်မှုကိုသာ အာရုံစိုက်ပြီး၊ ဘုရားသခင်၏အမှုနှင့် လူသားတို့ သိသင့်သည့်အရာတို့ကို သာမညအဖြစ် မြင်ပါက၊ ဤသည်မှာ သာ၍အရေးကြီးသည့် အရာများကို အလေးမထားဘဲလျက်၊ အရေးမပါသော အသေးအဖွဲလေးများကို စွဲလမ်းနေခြင်းဖြစ်သည် မဟုတ်လော။ သင်သိရမည့်အရာကို သင်သိရမည်။ သင်လက်တွေ့လုပ်ဆောင်ရမည့်အရာကို သင်လက်တွေ့ လုပ်ဆောင်ရမည်။ ထိုအခါမှသာ သင်သည် သမ္မာတရားအား မည်ကဲ့သို့ လေ့လာလိုက်စားရမည်ကို သိသောသူတစ်ဦး ဖြစ်လိမ့်မည်။ ဧဝံဂေလိ တရားကို သင်ဖြန့်ဝေရမည့်နေ့ ရောက်လာသည့်အခါတွင်၊ ဘုရားသခင်သည် ကြီးမြတ်ကာ ဖြောင့်မတ်သည့် ဘုရားသခင် ဖြစ်ကြောင်း၊ သူသည် အမြင့်ဆုံးသော ဘုရားသခင်၊ ကြီးမြတ်သော မည်သည့်လူသားမျှ နှိုင်းယှဉ်၍ မရသော ဘုရားသခင် ဖြစ်ကြောင်းနှင့် မည်သူမျှ သာ၍ မြင့်မားခြင်း မရှိသော ဘုရားသခင် ဟုသာ သင်ပြောနိုင်ပါက...၊ မဆီလျော်သကဲ့သို့ အပေါ်ယံ ဖြစ်သော ဤစကားများကိုသာ သင် ပြောနိုင်သော်လည်း၊ အရေးပါလှသော စကားများနှင့် အနှစ်သာရရှိသော စကားများကို သင် လုံးဝ ပြောနိုင်စွမ်း မရှိပါက၊ သင်သည် ဘုရားသခင်ကို သိကြောင်း သို့မဟုတ် ဘုရားသခင်၏ အမှုအကြောင်း မည်သည့်အရာမျှ ပြောစရာ မရှိသကဲ့သို့၊ ထို့အပြင် သမ္မာတရားကို ရှင်းပြနိုင်ခြင်းမရှိပါက၊ သို့မဟုတ် လူသား၌ ချို့တဲ့နေသည့်အရာကို မထောက်ပံ့ပေးနိုင်ပါက၊ သင်ကဲ့သို့သော သူတစ်ဦးသည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်အဖို့ သက်သေခံခြင်းနှင့် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် ရိုးရှင်းသည့် ကိစ္စရပ် မဟုတ်ပေ။ ပထမဦးစွာ သင်သည် သမ္မာတရားနှင့် နားလည်ရမည့် ရူပါရုံများဖြင့် ပြင်ဆင်ထားရမည်။ သင်သည် ဘုရားသခင်၏ အမှု၏ ကွဲပြားသော ရှုထောင့်များနှင့်ဆိုင်သော ရူပါရုံများနှင့် သမ္မာတရား အကြောင်းကို ရှင်းလင်းစွာသိသည့်အခါတွင်၊ သင်၏ စိတ်နှလုံး၌ သင်သည် ဘုရားသခင်၏အမှုကို သိရှိလာပြီး၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ- ယင်းသည် ဖြောင့်မတ်သည့် တရားစီရင်ခြင်းဖြစ်စေ၊ လူသားကို စစ်ဆေးခြင်းဖြစ်စေ- သင်သည် သင်၏အခြေခံအုတ်မြစ်အဖြစ် အကြီးမားဆုံးသော ရူပါရုံကို ပိုင်ဆိုင်ပြီး လက်တွေ့လုပ်ဆောင်ရမည့် မှန်ကန်သော သမ္မာတရားကို ပိုင်ဆိုင်ပါက၊ သင်သည် အဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်နိုင်လိမ့်မည် ဖြစ်သည်။ သူမည်သည့်အမှုကို ပြုသည်ဖြစ်စေ ဘုရားသခင့်အမှု၏ ရည်မှန်းချက် ပြောင်းလဲခြင်း မရှိ၊ သူ၏ အမှု၏ အချက်အချာသည် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ လူသားအပေါ် သူ၏အလို ပြောင်းလဲခြင်း မရှိသည်ကို သင်သိရမည်။ သူ၏နှုတ်ကပတ်တော်များ မည်မျှ ပြင်းထန်သည်ဖြစ်စေ၊ ပတ်ဝန်းကျင်က မည်မျှဆိုးရွားသည်ဖြစ်စေ၊ သူ့အမှု၏ အခြေခံသဘောတရားများ ပြောင်းလဲမည်မဟုတ်သကဲ့သို့၊ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် သူ၏ရည်ရွယ်ချက် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ယင်းသည် လူသား၏ အဆုံးသတ် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ထုတ်ဖော်ပြသည့် အမှုမဟုတ်လျှင်၊ ပြီးလျှင် နောက်ဆုံးအဆင့်၏ အမှုလည်း မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်း အမှု မဟုတ်လျှင်၊ ပြီးလျှင် ယင်းသည် လူသားကို သူ အမှုပြုသည့် အချိန်အတောအတွင်း မဟုတ်လျှင်၊ သူ့အမှု၏ အချက်အချာသည် ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ယင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အစဉ်အမြဲ ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၌ သင်တို့၏ ယုံကြည်ခြင်း အခြေခံ အုတ်မြစ် ဖြစ်သင့်သည်။ အမှု၏ အဆင့်သုံးဆင့်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်း ဖြစ်သည်- ဤသည်မှာ စာတန်၏အုပ်စိုးမှုအောက်မှ လူသားကို လုံးဝ ကယ်တင်ခြင်းဟု ဆိုလိုပေသည်။ အမှု၏ အဆင့်သုံးဆင့် အသီးသီးသည် မတူကွဲပြားသည့် ရည်မှန်းချက်နှင့် အရေးပါမှု တစ်ခု ရှိသော်လည်း၊ အသီးသီးသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ အစိတ်အပိုင်း ဖြစ်ပြီး၊ အသီးသီးသည် လူသားမျိုးနွယ်နှင့်ဆိုင်သော သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သည့် မတူကွဲပြားသော ကယ်တင်ခြင်းအမှု ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်ကို သင်သိသည်နှင့် တစ်ပြိုင်နက်၊ သင်သည် အမှု၏ အဆင့်အသီးသီးနှင့်ဆိုင်သော အရေးပါမှုကို မည်သို့ နားလည်ရမည်ကို သိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ငှာ မည်သို့လုပ်ဆောင်ရမည်ကို သင် သတိပြုမိလိမ့်မည်။ ဤအဆင့်ကို သင်ရောက်ရှိနိုင်ပါက၊ ရူပါရုံ အားလုံးအနက် အကြီးမားဆုံး ဖြစ်သော ဤအရာသည် ဘုရားသခင်၌ သင်၏ ယုံကြည်မှု၏ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။ လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားများနှင့် ရူပါရုံများအပေါ် အခြေခံထားသည့် အသိပညာ နှစ်ခုလုံး ရှိဖို့အလို့ငှာ၊ သင်သည် လွယ်ကူသော လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများ သို့မဟုတ် နက်ရှိုင်းသော သမ္မာတရားများကိုသာ မရှာဖွေသင့်ဘဲ၊ ရူပါရုံများကို လက်တွေ့လုပ်ဆောင်မှုဖြင့် ပေါင်းစပ်သင့်ပေသည်။ ထိုအခါမှသာ သင်သည် သမ္မာတရားကို လုံးလုံးလျားလျား လိုက်စားသူတစ်ဦး ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆)
အမှု၏ အဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ အချက်အချာတွင် ရှိပြီး၊ ယင်းတို့ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းတို့ကို ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်က သူ၏ စိတ်သဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်း မရှိကြသကဲ့သို့၊ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပေ။ ၎င်းတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းလမ်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ အလိုကိုလည်း မသိနားမလည်မြဲ ရှိနေကြ၏။ အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်း အမှုနှင့်ဆိုင်သည့် အပြည့်အဝ ဖော်ပြချက် ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းစနစ်များနှင့် အခြေခံသဘောတရား မျိုးစုံတို့ကို မသိနားမလည်ဘဲ ရှိလိမ့်မည် ဖြစ်ပြီး၊ အမှု၏ အဆင့်တစ်ခုခုမှ ကျန်ရှိသော အယူဝါဒကိုသာ တင်းကျပ်စွာ စွဲမြဲထားသူများသည် ဘုရားသခင်ကို အယူဝါဒဖြင့် ကန့်သတ်ထားသူများ ဖြစ်ကြပြီး၊ ၎င်း၏ ဘုရားသခင်၌ ယုံကြည်မှုသည် မရေမရာနှင့် မသေမချာ ဖြစ်လေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်သာ ဘုရားသခင်၏ စိတ်နေသဘောထား အလုံးစုံကို အပြည့်အဝ ဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်၏ကယ်တင်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို လုံးဝ ဖော်ပြနိုင်ပေသည်။ ဤသည်မှာ သူသည် စာတန်ကို အောင်နိုင်ပြီးဖြစ်ကာ လူသားမျိုးနွယ်ကို ရယူပြီးဖြစ်သည့် သက်သေ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အောင်မြင်ခြင်း သက်သေဖြစ်ပြီး၊ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ခုလုံးနှင့်ဆိုင်သည့် ဖော်ပြချက် ဖြစ်သည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကိုသာ နားလည်သူတို့သည် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသကိုသာ သိကြ၏။ လူသား၏ အယူအဆများတွင်၊ ဤအဆင့်တစ်ဆင့်တည်းက အယူဝါဒဖြစ်လာရန် လွယ်ကူပြီး၊ လူသားအနေနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် သတ်မှတ်ထားသော စည်းမျဉ်းများ ထူထောင်ဖို့နှင့် ဘုရားသခင်၏ စိတ်သဘောထား၏ ဤအစိတ်အပိုင်းတစ်ရပ်ကိုသာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံး၏ ကိုယ်စားပြုမှု တစ်ခုအဖြစ် အသုံးပြုရန် အလားအလာ ရှိလာလေသည်။ ထို့အပြင် လူသား၏ စိတ်ကူးစိတ်သန်းအများစုသည် အတွင်းတွင် ရောယှက်နေသည်မှာ လူသားက ဘုရားသခင်မှာ တစ်ချိန်တစ်ခါက ဤသို့ဖြစ်ခဲ့ပါလျှင်၊ သူသည် တစ်ချိန်လုံး အလားတူ ဖြစ်မြဲဖြစ်နေမည် ဖြစ်ပြီး၊ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု ယုံကြည်လျက်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဖြစ်ခြင်းနှင့် ဉာဏ်ပညာတို့အပြင် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကို ကန့်သတ်ထားသည့် သတ်မှတ်ချက်ဘောင်အတွင်းတွင် တင်းကျပ်စွာ ဘောင်ခတ်လေသည်။ အမှု၏ အဆင့်သုံးဆင့်ကို သိပြီး၊ နားလည်သူများသာ ဘုရားသခင်ကို အပြည့်အဝနှင့် တိကျမှန်ကန်စွာ သိနိုင်ပေသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဣသရေလအမျိုးတို့၏ ဘုရားသခင်အဖြစ် သို့မဟုတ် ယုဒလူတို့၏ ဘုရားသခင်အဖြစ် သတ်မှတ်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ကို လူသားအတွက် လက်ဝါးကပ်တိုင်တွင် အစဉ်အမြဲ သံမှိုရိုက်နှက် ခံထားရမည့် ဘုရားအဖြစ် မြင်လိမ့်မည် မဟုတ်ပေ။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သူ၏အမှု၏ အဆင့်တစ်ဆင့်မှသာ သိလာပါက၊ ၎င်းတို့၏ အသိပညာသည် အလွန့် အလွန်သေးနုပ်ပြီး၊ သမုဒ္ဒရာထဲက ရေတစ်စက်နှင့်သာ ညီမျှပေသည်။ ထိုသို့မဟုတ်ပါက ရှေးဘာသာရေး အစောင့်များစွာက အဘယ်ကြောင့် ဘုရားသခင်ကို လက်ဝါးကားတိုင်တွင် အရှင်လတ်လတ် သံနှင့်ရိုက်ခဲ့မည်နည်း။ ယင်းမှာ လူသားသည် ဘုရားသခင်ကို ကန့်သတ်ချက် ဘောင်အချို့အတွင်း ကန့်သတ်ထားသောကြောင့် မဟုတ်လော။ များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို “အတည်ပြုရန်” ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ပယ်ထုတ်လိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူဆိုးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိပညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို သောင်းကျန်းမွှေ့ယမ်းရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်- သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ခု အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများ ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ နဂိုစိတ်ရင်းကို ဇက်ကုန်လွှတ်ထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့- ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို သည်းခံလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက၊ ဘုရားသခင်ကိုယ်တော်တိုင်ကိုပင် ဆန့်ကျင် ပြစ်မှားစော်ကားကြလေသည်။ ထိုကဲ့သို့ ထင်ရာစိုင်းသောသူများသည် ဤခေတ်၌သော်လည်းကောင်း၊ နောက်လာမည့် ခေတ်၌ သော်လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ငရဲတွင် ထာဝရပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇)
အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ အမှုတစ်ရပ်လုံး၏ မှတ်တမ်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း မှတ်တမ်းဖြစ်ပြီး၊ ၎င်းတို့သည် စိတ်ကူးသက်သက်မဟုတ်ပေ။ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးနှင့်ဆိုင်သည့် အသိပညာတစ်ခုကို ရှာဖွေရန် အမှန်တကယ် သင် ဆန္ဒရှိပါက၊ ဘုရားသခင် လုပ်ဆောင်သည့် အမှုအဆင့်သုံးဆင့်ကို သင်တို့သိရမည် ဖြစ်သည့်အပြင် သင်တို့သည် မည်သည့်အဆင့်ကိုမျှ မချန်ထားရ။ ဤသည်မှာ ဘုရားသခင်ကို သိရန်ကြိုးစားသူတို့ စွမ်းဆောင်ရရှိရမည့် အနည်းဆုံးအရာ ဖြစ်သည်။ လူသားကိုယ်တိုင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို လုပ်ကြံဖန်တီး၍ မရနိုင်ပေ။ ဤသည်မှာ လူသားကိုယ်တိုင် စိတ်ကူး၍ ရသောအရာ မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လူတစ်ဦးကို အထူး မျက်နှာပေးခြင်း၏ အကျိုးဆက်လည်း မဟုတ်ပေ။ ထို့ထက် ယင်းမှာ လူသားအနေဖြင့် ဘုရားသခင်၏အမှုကို ကြုံတွေ့ပြီးနောက် ဖြစ်လာသည့် အသိပညာတစ်ခု ဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အမှန်တရားများကို ကြုံတွေ့ခြင်းနောက်မှသာ ဖြစ်လာသည့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာတစ်ခု ဖြစ်သည်။ ထိုသို့သော အသိပညာတစ်ခုကို လွယ်လင့်တကူ မရရှိနိုင်သကဲ့သို့၊ ယင်းသည် သင်ကြားပေး၍ရသည့် အရာတစ်ခုလည်း မဟုတ်ပေ။ ထိုအရာမှာ ကိုယ်ပိုင်အတွေ့အကြုံနှင့် လုံးလုံးလျားလျား သက်ဆိုင်ပေသည်။ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ဤအမှုအဆင့်သုံးဆင့်၏ ဗဟိုအချက်အချာတွင် ရှိသော်လည်း၊ ကယ်တင်ခြင်း အမှုအတွင်းတွင် အမှုပြုသည့်နည်းစနစ် အချို့နှင့် ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြသော နည်းလမ်းအချို့ ပါဝင်လေသည်။ ဤသည်မှာ လူသားအတွက် ပိုင်းခြားသိမြင်ရန် အခက်ခဲဆုံးသောအရာ ဖြစ်ပြီး လူသားအတွက် နားလည်ရန်လည်း ခက်ခဲသောအရာ ဖြစ်သည်။ ခေတ်ကာလများ ပိုင်းခြားခြင်း၊ ဘုရားသခင်၏အမှုထဲက ပြောင်းလဲခြင်းများ၊ အမှု၏ တည်နေရာ ပြောင်းလဲခြင်းများ၊ ဤအမှုကို လက်ခံရရှိသူတို့၌ ပြောင်းလဲခြင်းများ စသည်ဖြင့်- ဤအရာအားလုံးသည် အမှု၏ အဆင့်သုံးဆင့်တွင် ပါဝင်သည်။ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်း နည်းလမ်းရှိ ကွဲပြားခြားနားချက်အပြင်၊ ဘုရားသခင်၏ စိတ်သဘောထား၊ ပုံရိပ်၊ အမည်နာမ၊ ပင်ကိုလက္ခဏာထဲက ပြောင်းလဲခြင်းများ၊ သို့မဟုတ် အခြားပြောင်းလဲခြင်းများ အားလုံးတို့သည် အမှုအဆင့်သုံးဆင့်၏ တစ်စိတ်တစ်ဒေသ ဖြစ်၏။ အမှု၏ အဆင့်တစ်ဆင့်သည် အစိတ်အပိုင်း တစ်ရပ်ကိုသာ ကိုယ်စားပြုနိုင်ပြီး၊ နယ်ပယ်တစ်ခုခုအတွင်း ကန့်သတ်ထား၏။ ယင်းသည် အခြားကဏ္ဍများကို မဆိုထားနှင့်၊ ကာလများ ပိုင်းခြားထားခြင်း၊ သို့မဟုတ် ဘုရားသခင်၏အမှု၌ အပြောင်းအလဲများပင် မပါဝင်ပေ။ ဤသည်မှာ သိသာထင်ရှားစွာ မြင်သာသည့် အချက်တစ်ချက်ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ဘုရားသခင်၏ အမှု တစ်ရပ်လုံး ဖြစ်၏။ လူသားသည် ဘုရားသခင်၏အမှုနှင့် ကယ်တင်ခြင်းအမှုထဲက ဘုရားသခင်၏ စိတ်သဘောထားကို သိရမည် ဖြစ်သည်။ ဤအချက်မရှိဘဲနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ အသိပညာသည် အနှစ်သာရကင်းမဲ့သော စကားများသာ ပါရှိပြီး၊ ထိုင်ရာမှမထဘဲ လူတတ်လုပ်နေခြင်းထက် ဘာမျှမပိုပေ။ ထိုသို့သော အသိပညာသည် လူသားကို သိမ်းသွင်းနိုင်ခြင်း မရှိသကဲ့သို့ သိမ်းပိုက်နိုင်ခြင်းလည်း မရှိပေ။ ယင်းသည် အမှန်တရားနှင့် ဆန့်ကျင်ကွဲလွဲပြီး၊ သမ္မာတရား မဟုတ်ပေ။ ယင်းသည် အလွန်ပေါများပြီး နားဝင်ချိုနိုင်သော်လည်း၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားနှင့် သဘောကွဲလွဲပါက၊ ဘုရားသခင်သည် သင့်ကို ချမ်းသာပေးမည် မဟုတ်ပေ။ သူသည် သင်၏အသိပညာကို ချီးကျူးလိမ့်မည် မဟုတ်သည်သာမက၊ သူ့ကို ပြစ်မှားစော်ကားသည့် အပြစ်သားတစ်ဦး ဖြစ်ခြင်းအတွက် သင့်အပေါ် ဒဏ်ခတ်ခြင်းလည်း ပြုလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းနှင့်ဆိုင်သည့် စကားများကို ပေါ့ပေါ့တန်တန် ပြောဆိုထားခြင်း မဟုတ်ပေ။ သင်သည် စကားကို ရွှန်းရွှန်းဝေအောင်ပြောတတ်ပြီး စကားကြွယ်ကာ၊ သင်၏စကားလုံးများသည် အမည်းကို အဖြူအဖြစ် နှင့် အဖြူကို အမည်းအဖြစ်သို့ ငြင်းခုံနိုင်လောက်အောင် အလွန် လိမ္မာပါးနပ်သော်လည်း၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအကြောင်း ပြောခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် ဉာဏ်မမီဆဲ ဖြစ်ပေသည်။ ဘုရားသခင်သည် သင် မဆင်မခြင် ဝေဖန်၍ရသူတစ်ဦး သို့မဟုတ် သာမန်ကာလျှံကာ ချီးမွမ်း၍ရသူတစ်ဦး သို့မဟုတ် ခပ်တည်တည်နှင့် သိက္ခာချ၍ရသူတစ်ဦး မဟုတ်ပေ။ သင်သည် မည်သူ့ကိုမဆိုနှင့် အယောက်တိုင်းကို ချီးမွမ်းသော်လည်း၊ ဘုရားသခင်၏ အထွတ်အထိပ် ကျေးဇူးတော်ကို ဖော်ပြရန် သင့်တော်သည့် စကားလုံးများကို ရှာတွေ့ဖို့ သင် အပြင်းအထန် ကြိုးပမ်းရ၏- ဤသည်မှာ အရှုံးသမားတိုင်း သဘောပေါက် လာရသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို ဖော်ပြနိုင်စွမ်း ရှိသည့် ဘာသာစကား ကျွမ်းကျင်သူများစွာ ရှိသော်လည်း၊ ၎င်းတို့ ဖော်ပြသည့်အရာ၏ တိကျမှန်ကန်မှုမှာ ဘုရားသခင်နှင့်သက်ဆိုင်၍ ဝေါဟာရ အနည်းအကျဉ်းသာ ပိုင်ဆိုင်သော်လည်း၊ ဆွဲထုတ်ဖို့ ကြွယ်ဝသော အတွေ့အကြုံရှိသူတို့ ပြောဆိုသော သမ္မာတရား၏ တစ်ရာပုံတစ်ပုံသာရှိ၏။ ထို့ကြောင့် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာသည် တိကျမှန်ကန်မှုနှင့် အဖြစ်မှန်တို့တွင် ရှိကြောင်း၊ စကားလုံးများကို ပါးနပ်စွာ အသုံးပြုခြင်း၊ သို့မဟုတ် ကြွယ်ဝသည့် ဝေါဟာရများတွင် မရှိကြောင်းနှင့်၊ လူသား၏ အသိပညာနှင့် ဘုရားသခင်၏ အသိပညာတို့သည် လုံးဝ တခြားစီ ဖြစ်ကြောင်းကို တွေ့နိုင်သည်။ ဘုရားသခင်ကို သိခြင်းသင်ခန်းစာသည် လူသားမျိုးနွယ်၏ မည်သည့် သဘာဝသိပ္ပံပညာရပ်မဆိုထက် ပို၍ မြင့်မား၏။ ယင်းမှာ ဘုရားသခင်ကို သိရန်ကြိုးစားသည့် အလွန့်အလွန် နည်းပါးသော လူဦးရေသာ စွမ်းဆောင်ရရှိနိုင်သည့် သင်ခန်းစာ တစ်ရပ်ဖြစ်ပြီး ပါရမီရှိသည့် မည်သူမဆိုကမျှ စွမ်းဆောင်ရရှိနိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို သိခြင်းနှင့် သမ္မာတရားအား အားထုတ်ခြင်းတို့ကို သာမန်ကလေး တစ်ဦးက ရယူနိုင်သော အရာများကဲ့သို့ မမြင်ရ။ သင်သည် သင်၏မိသားစုဘဝ၊ သို့မဟုတ် သင်၏အသက်မွေးအလုပ်၊ သို့မဟုတ် သင်၏အိမ်ထောင်ရေးတို့တွင် လုံးဝ အောင်မြင်ပြီးသူတစ်ဦး ဖြစ်ချင်ဖြစ်မည်၊ သို့ရာတွင် သမ္မာတရားနှင့် ဘုရားသခင်ကို သိခြင်း သင်ခန်းစာနှင့်ပတ်သက်လာသည့်အခါ သင်သည် မိမိကိုယ်ကိုယ်အတွက် ပြစရာဘာမျှမရှိသကဲ့သို့၊ မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိလေပြီ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင်တို့အတွက် ကြီးမားသော အခက်အခဲရှိသည်ဟု ဆိုနိုင်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် သာ၍ ကြီးမားသော ပြဿနာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ သင်တို့၏အခက်အခဲဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး ရင်ဆိုင်ရသည့် အခက်အခဲလည်း ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းအမှုတွင် အောင်မြင်မှုအချို့ ရရှိပြီးသူ အချို့အလယ်တွင် အဆင့်အတန်းမီသူ လုံးဝ မရှိလုနီးပါး ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းမှာ မည်သည်ကို ဆိုလိုကြောင်း သို့မဟုတ် ဘုရားသခင်ကိုသိရန် အဘယ်ကြောင့် လိုအပ်ကြောင်း သို့မဟုတ် ဘုရားသခင်ကို သိရှိရန် မည်သည့် အတိုင်းအတာထိ ကြိုးပမ်းရရှိရမည်ကို လူသားသည် မသိပေ။ ဤသည်မှာ လူသားမျိုးနွယ်အဖို့ အလွန် ဝေခွဲမရဖြစ်ရသည့်အရာ ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ် ရင်ဆိုင်ရသည့် အကြီးမားဆုံးသော ပဟေဠိဖြစ်သည်မှာ အတော်အတန် ရိုးရှင်းလှ၏- မည်သူမျှ ဤမေးခွန်းကို ဖြေနိုင်စွမ်း မရှိသကဲ့သို့၊ မည်သူမျှလည်း ဤမေးခွန်းကို ဖြေရန် လိုလားခြင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ယနေ့အထိ ဤအမှုကို လေ့လာရာတွင် လူသားမျိုးနွယ်အလယ် မည်သူမျှ အောင်မြင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ပဟေဠိကို လူသားမျိုးနွယ်ထံ အသိပေးသည့်အခါ၊ ဘုရားသခင်ကို သိရှိသည့် ပါရမီရှင်အုပ်စု တစ်စုပြီးတစ်စု ပေါ်ကောင်း ပေါ်လာပေမည်။ ဟုတ်ပေ၏၊ ထိုသို့ဖြစ်သည်ကို ငါမျှော်လင့်မိပြီး၊ ထို့အပြင် ငါသည် ဤအမှုအား ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တွင် ရှိပြီး၊ မကြာတော့သည့် အနာဂတ်တွင် ပိုမိုများပြားသည့် ထိုသို့သော ပါရမီရှင်များ ပေါ်ထွက်ခြင်းကိုတွေ့ရန် ငါမျှော်လင့်သည်။ ၎င်းတို့သည် ဤအမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်များကို သက်သေခံသူများ ဖြစ်လာကြလိမ့်မည် ဖြစ်ပြီး၊ ဤအမှု၏ အဆင့်သုံးဆင့်အတွက် ပထမဆုံး သက်သေခံသူများလည်း ဖြစ်မည်မှာ အမှန်ဖြစ်သည်။ ဘုရားသခင်၏အမှု အဆုံးသတ်သည့်နေ့တွင် ထိုသို့သော ပါရမီရှင်များ မပေါ်ထွက်ပါက၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံပြီးသူ ထိုသို့သောလူ တစ်ဦး နှစ်ဦးသာ ရှိပါက၊ သာ၍ စိတ်သောကရောက်စရာနှင့် သာ၍နောင်တရစရာ မည်သည့်အရာမျှ ရှိမည်မဟုတ်ပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး ဖြစ်နိုင်ခြေသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ အမှန်တကယ် လိုက်စားသူများသည် ဤကောင်းချီးမင်္ဂလာကို ရရှိနိုင်မည်ဟု ငါမျှော်လင့်ဆဲဖြစ်၏။ အချိန်၏ အစကတည်းက၊ ဤကဲ့သို့သောအမှု တစ်ခါမျှ မရှိဖူးပေ။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ထိုသို့သော တာဝန်တစ်ခုသည် မည်သည့်အခါမျှ မဖြစ်ပေါ်ဖူးပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို အဦးဆုံးသိသူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ပါက၊ ဤသည်မှာ သတ္တဝါများအားလုံးအလယ်တွင် အမြင့်ဆုံးသော ဂုဏ်သိက္ခာတစ်ရပ် ဖြစ်မည်မဟုတ်လော။ လူသားမျိုးနွယ်ထဲမှ အဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်လေသည် ဘုရားသခင်၏ ချီးကျူးခြင်းကို သာ၍ ခံရမည်လော။ ထိုသို့သောအမှုကို စွမ်းဆောင်ရရှိရန် မလွယ်သော်လည်း၊ နောက်ဆုံးတွင် ဆုလာဘ်များ ရိတ်သိမ်းရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့ အမျိုးသား အမျိုးသမီးဖြစ်မှု၊ သို့မဟုတ် နိုင်ငံသားဖြစ်ခြင်းတို့ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏အလိုတော်နှင့်ဆိုင်သည့် အသိပညာ ရရှိနိုင်စွမ်း ရှိသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အကြီးမားဆုံးသော ဂုဏ်ပြုခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်သည့် တစ်ဦးတည်းသောသူများသာ ဖြစ်ကြလိမ့်မည်။ ဤသည်မှာ ယနေ့၏အမှုဖြစ်ပြီး အနာဂတ်၏အမှုလည်း ဖြစ်၏။ ဤသည်မှာ အနှစ်ခြောက်ထောင် အမှုတွင် ပြီးမြောက်မည့် နောက်ဆုံးနှင့် အမြင့်မားဆုံးသော အမှုဖြစ်ကာ လူသား၏ အတန်းအစားအသီးသီးကို ထုတ်ဖော်ပြသည့် အမှုပြုခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားအား ဘုရားသခင်ကို သိစေခြင်း အမှုမှတစ်ဆင့် လူသား၏ မတူကွဲပြားသည့် အဆင့်များကို ဖော်ထုတ်ပြသည်- ဘုရားသခင်ကို သိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်းမီကြသော်လည်း၊ ဘုရားသခင်ကို မသိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်း မမီကြပေ။ ဘုရားသခင်ကို သိသူများသည် ဘုရားသခင်နှင့် ရင်းနှီးသူများ ဖြစ်ပြီး၊ ဘုရားသခင်ကို မသိသူများအား ဘုရားသခင်နှင့် ရင်းနှီးသူများဟု ခေါ်၍မရပေ။ ဘုရားသခင်၏ ရင်းနှီးသူများသည် ဘုရားသခင်၏ မည်သည့် ကောင်းချီးမင်္ဂလာကိုမဆို လက်ခံရရှိနိုင်သော်လည်း၊ သူနှင့် မရင်းနှီးသူများသည် သူ၏မည်သည့် အမှုနှင့်မျှ မထိုက်တန်ပေ။ ဆင်းရဲဒုက္ခများဖြစ်စေ၊ စစ်ဆေးခြင်း ဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ ဤအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအား လူသားကို ရရှိခွင့်ပေးခြင်းအတွက်နှင့် ဘုရားသခင်ကို လူသားက ကျိုးနွံနာခံနိုင်ရန်အလို့ငှာ ဖြစ်၏။ ဤသည်မှာ အဆုံးတွင်ရရှိမည့် တစ်ခုတည်းသော အကျိုးတရား ဖြစ်လိမ့်မည်။ အမှု၏ အဆင့်သုံးဆင့်ထဲမှ မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်း မရှိသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ အသိပညာအတွက် အကျိုးရှိပြီး၊ ဘုရားသခင်နှင့်ဆိုင်သည့် ပိုမိုပြည့်စုံပြီး စေ့စပ်သေချာသော အသိပညာကို ရရှိရန် လူသားအား အထောက်အကူပြုပေသည်။ ဤအမှုအားလုံးသည် လူသားအဖို့ အကျိုးရှိ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈)
ဘုရားသခင်၏အမှုကို လူသားက မစွမ်းဆောင်မရရှိနိုင်သကဲ့သို့၊ လူသားက ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုသည် လူသားသိရမည့် ရူပါရုံ ဖြစ်၏။ အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း တစ်ရပ်လုံး ဖြစ်ပြီး၊ လူသားမှ သိသင့်သည့် သာ၍ ကြီးမြတ်သော ရူပါရုံ မရှိပေ။ လူသားသည် ဤတန်ခိုးကြီးမားသော ရူပါရုံကို မသိပါက၊ ဘုရားသခင်ကို သိရန်မလွယ်ပေ၊ ဘုရားသခင်၏ အလိုကို နားလည်ရန် မလွယ်ကူသကဲ့သို့၊ ထို့အပြင် လူသား လျှောက်လှမ်းသည့် လမ်းကြောင်းသည် တိုး၍တိုး၍ ခက်ခဲကြမ်းတမ်း လာလိမ့်မည်။ ရူပါရုံများ မရှိဘဲ၊ လူသားသည် ဤမျှအထိ ရောက်လာနိုင်ခဲ့မည် မဟုတ်ပေ။ လူသားကို ယနေ့တိုင် ကာကွယ်ထားခဲ့ပြီး အကြီးမားဆုံးသော အကာအကွယ်ကို ပေးခဲ့သည်မှာ ဤရူပါရုံများ ဖြစ်၏။ အနာဂတ်တွင်၊ သင်တို့၏ အသိပညာသည် ပိုမိုနက်နဲလာရမည် ဖြစ်ကာ သင်တို့သည် သူ၏အလို အလုံးစုံနှင့် အမှု၏အဆင့်သုံးဆင့် အတွင်းရှိ သူ၏ဉာဏ်ပညာရှိသော အမှု၏ အနှစ်သာရကို သိလာရမည် ဖြစ်သည်။ ဤသည်သာလျှင် သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ဖြစ်၏။ အမှု၏ နောက်ဆုံးအဆင့်သည် သီးခြားရပ်တည်နေခြင်း မဟုတ်ဘဲ၊ ယခင်အဆင့်နှစ်ဆင့်နှင့်အတူတကွ ဖွဲ့စည်းထားသည့် တစ်ရပ်လုံး၏ အစိတ်အပိုင်း ဖြစ်သည်၊ ယင်းမှာ အမှု၏ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကိုသာ လုပ်ဆောင်ခြင်းဖြင့် ကယ်တင်ခြင်း အမှုတစ်ခုလုံးကို ပြီးစီးစေရန် မဖြစ်နိုင်ဟု ဆိုရပေမည်။ အမှု၏ နောက်ဆုံးအဆင့်သည် လူသားကို အပြည့်အဝ ကယ်တင်နိုင်သော်လည်း ဤအဆင့် တစ်ရပ်တည်းကိုသာ ဆောင်ရွက်ရန်သာ လိုအပ်ပြီး၊ စာတန်၏ စွမ်းအားမှ လူသားကို ကယ်တင်ရန် ယခင်အမှုအဆင့် နှစ်ဆင့်ကို မလိုအပ်ဟု မဆိုလိုပေ။ ကယ်တင်ခြင်း အမှု အလုံးစုံသည် အမှု၏ အဆင့်သုံးဆင့် ဖြစ်ပြီး၊ ၎င်းတို့အနက် အဆင့်တစ်ဆင့်တည်း မဟုတ်သည့်အတွက်၊ ဤအဆင့်သုံးဆင့်မှ မည်သည့် အဆင့်တစ်ဆင့်တည်းကိုမျှ လူသားမျိုးနွယ် အားလုံးသိရမည့် တစ်ခုတည်းသော ရူပါရုံဟု စွဲကိုင်ထား၍မရပေ။ ကယ်တင်ခြင်းအမှု မပြီးမြောက်သေးသရွေ့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ပြီးပြည့်စုံသည့် အဆုံးသတ်တစ်ခုသို့ ရောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ ဖြစ်ခြင်း၊ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ကို ကယ်တင်ခြင်းအမှု အလုံးစုံတွင် ဖော်ပြထား၏။ ယင်းတို့ကို တကယ့်အစတွင် လူသားထံ ဖော်ပြမထားဘဲ၊ ကယ်တင်ခြင်းအမှုတွင် တဖြည်းဖြည်း ဖော်ပြထားပြီးဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်အသီးသီးသည် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသနှင့် သူ၏ဖြစ်ခြင်း တစ်စိတ်တစ်ဒေသကို ဖော်ပြ၏။ အမှု၏ မည်သည့်အဆင့်မျှ ဘုရားသခင်၏ဖြစ်ခြင်း အလုံးစုံကို တိုက်ရိုက်နှင့် ပြီးပြည့်စုံစွာ ဖော်ပြနိုင်သည် မဟုတ်ပေ။ ထိုသို့ဖြင့် ကယ်တင်ခြင်းအမှုကို အမှု၏ အဆင့်သုံးဆင့် ပြီးစီးသည်နှင့်တစ်ပြိုင်နက်တွင်သာ အပြည့်အဝ အဆုံးသတ်နိုင်ပေသည်၊ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံနှင့်ဆိုင်သည့် လူသား၏အသိပညာကို ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်မှ သီးခြားခွဲ၍မရပေ။ အမှု၏ အဆင့်တစ်ရပ်မှ လူသားရရှိသည့် အရာသည် သူ၏အမှု အစိတ်အပိုင်းတစ်ရပ်တွင် ဖော်ပြထားသော ဘုရားသခင်၏ စိတ်သဘောထားမျှသာ ဖြစ်၏။ ယင်းသည် ယခင် သို့မဟုတ် နောက်ပိုင်း အဆင့်များတွင် ဖော်ပြထားသော စိတ်သဘောထားနှင့် ဖြစ်ခြင်းတို့ကို ကိုယ်စားမပြုနိုင်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ကာလတစ်ခုအတွင်း၊ သို့မဟုတ် တည်နေရာတစ်ခုတွင် ချက်ချင်း ပြီးဆုံးနိုင်ခြင်း မရှိဘဲ၊ မတူညီသော အချိန်ကာလများနှင့် မတူညီသော နေရာများတွင် လူသား၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်နှင့်အညီ တဖြည်းဖြည်း နက်ရှိုင်းလာသောကြောင့် ဖြစ်၏။ ယင်းမှာ အဆင့်များဖြင့် ဆောင်ရွက်သည့် အမှုဖြစ်ပြီး အဆင့်တစ်ဆင့်တည်းဖြင့် မပြီးစီးပေ။ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံသော ဉာဏ်ပညာကို အဆင့်တစ်ဆင့်ချင်းထက် အဆင့်သုံးဆင့်တွင် ပုံဖော်ထား၏။ သူ၏ အလုံးစုံသော ဖြစ်ခြင်းနှင့် အလုံးစုံသော ဉာဏ်ပညာကို ဤအဆင့်သုံးဆင့်တွင် ချခင်းထားပြီး အဆင့်အသီးသီးသည် သူ၏ဖြစ်ခြင်းပါရှိကာ အဆင့်အသီးသီးသည် သူ့အမှု၏ ဉာဏ်ပညာနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်၏။ လူသားသည် ဤအဆင့်သုံးဆင့်တွင် ဖော်ပြထားသော ဘုရားသခင်၏ အလုံးစုံသော စိတ်သဘောထားကို သိသင့်သည်။ ဘုရားသခင်၏ ဖြစ်ခြင်းနှင့်ဆိုင်သည့် ဤအရာအားလုံးသည် လူသားမျိုးနွယ်အားလုံးအဖို့ အရေးကြီးဆုံး ဖြစ်ပြီး၊ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်သည့်အခါတွင် ဤအသိပညာမရှိပါက၊ ၎င်းတို့သည် ဗုဒ္ဓကို ကိုးကွယ်သူများနှင့် မခြားဖြစ်သည်။ လူသားအလယ် ဘုရားသခင်၏ အမှုကို လူသားထံမှ ကွယ်ဝှက်မထားသကဲ့သို့၊ ဘုရားသခင်ကို ကိုးကွယ်သူ အားလုံးက သိသင့်ပေသည်။ ဘုရားသခင်သည် လူသားအလယ်တွင် ကယ်တင်ခြင်းအမှု အဆင့်သုံးဆင့်ကို ဆောင်ရွက်ပြီး ဖြစ်သည့်အတွက်၊ လူသားသည် ဤအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ဖော်ပြချက်ကို သိသင့်သည်။ ဤသည်မှာ လူသားလုပ်ဆောင်ရမည့် အရာဖြစ်သည်။ လူသားထံမှ ဘုရားသခင် ကွယ်ဝှက်ထားသောအရာမှာ လူသားက စွမ်းဆောင်ရရှိနိုင်စွမ်း မရှိသော အရာဖြစ်ပြီး၊ လူသား မသိသင့်သော အရာဖြစ်ကာ၊ ဘုရားသခင်က လူသားကို ပြသည့်အရာမှာမူ လူသားက သိသင့်သည့် အရာဖြစ်ပြီး လူသား ပိုင်ဆိုင်သင့်သည့် အရာဖြစ်၏။ အမှု၏ ဤအဆင့်သုံးဆင့် အသီးသီးကို ယခင်အဆင့်၏ အခြေခံအုတ်မြစ် အပေါ်တွင် ဆောင်ရွက်ထားလေသည်။ ယင်းကို ကယ်တင်ခြင်းအမှုမှ သီးခြားခွဲလျက် အမှီအခိုကင်းစွာ လုပ်ဆောင်ထားခြင်း မဟုတ်ပေ။ ဆောင်ရွက်သည့်ခေတ်နှင့် အမှုတို့တွင် ကြီးမားသော ကွာခြားမှုများ ရှိသော်လည်း၊ ယင်း၏ ဗဟိုအချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းဖြစ်ဆဲ ဖြစ်ပြီး၊ ကယ်တင်ခြင်းအမှု၏ အဆင့်အသီးသီးသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်းလေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉)
လူသားအလယ် ဘုရားသခင်၏ အမှုကို လူသားထံမှ ကွယ်ဝှက်မထားသကဲ့သို့၊ ဘုရားသခင်ကို ကိုးကွယ်သူ အားလုံးက သိသင့်ပေသည်။ ဘုရားသခင်သည် လူသားအလယ်တွင် ကယ်တင်ခြင်းအမှု အဆင့်သုံးဆင့်ကို ဆောင်ရွက်ပြီး ဖြစ်သည့်အတွက်၊ လူသားသည် ဤအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ဖော်ပြချက်ကို သိသင့်သည်။ ဤသည်မှာ လူသားလုပ်ဆောင်ရမည့် အရာဖြစ်သည်။ လူသားထံမှ ဘုရားသခင် ကွယ်ဝှက်ထားသောအရာမှာ လူသားက စွမ်းဆောင်ရရှိနိုင်စွမ်း မရှိသော အရာဖြစ်ပြီး၊ လူသား မသိသင့်သော အရာဖြစ်ကာ၊ ဘုရားသခင်က လူသားကို ပြသည့်အရာမှာမူ လူသားက သိသင့်သည့် အရာဖြစ်ပြီး လူသား ပိုင်ဆိုင်သင့်သည့် အရာဖြစ်၏။ အမှု၏ ဤအဆင့်သုံးဆင့် အသီးသီးကို ယခင်အဆင့်၏ အခြေခံအုတ်မြစ် အပေါ်တွင် ဆောင်ရွက်ထားလေသည်။ ယင်းကို ကယ်တင်ခြင်းအမှုမှ သီးခြားခွဲလျက် အမှီအခိုကင်းစွာ လုပ်ဆောင်ထားခြင်း မဟုတ်ပေ။ ဆောင်ရွက်သည့်ခေတ်နှင့် အမှုတို့တွင် ကြီးမားသော ကွာခြားမှုများ ရှိသော်လည်း၊ ယင်း၏ ဗဟိုအချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းဖြစ်ဆဲ ဖြစ်ပြီး၊ ကယ်တင်ခြင်းအမှု၏ အဆင့်အသီးသီးသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်းလေသည်။ အမှု၏အဆင့်အသီးသီးသည် ဖျက်သိမ်းခြင်း မခံရသည့် ပြီးခဲ့သည့်အဆင့်၏ အခြေခံအုတ်မြစ်မှ ဆက်လက် လုပ်ဆောင်ခြင်းဖြစ်၏။ ဤနည်းဖြင့် အစဉ်သစ်လွင်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသော သူ၏အမှုတွင် ဘုရားသခင်သည် လူသားထံ ယခင်က လုံးဝ မဖော်ပြဖူးသည့် သူ့စိတ်သဘောထားနှင့် ပတ်သက်သည့် ရှုထောင့်များကို စဉ်ဆက်မပြတ် ထုတ်ဖော်ပြနေကာ လူသားထံ သူ၏အမှုသစ်နှင့် သူ၏ဖြစ်ခြင်းအသစ်တို့ကို အမြဲ ထုတ်ဖော်ပြသနေပြီး၊ ရှေးဘာသာရေး အစောင့်က ဤအရာကို ခုခံရန် အစွမ်းကုန်ကြိုးစားကာ ထင်ထင်ပေါ်ပေါ် ဆန့်ကျင်သော်လည်း၊ ဘုရားသခင်သည် သူလုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုအသစ်ကို အမြဲ လုပ်ဆောင်လေသည်။ သူ၏အမှုသည် အစဉ်ပြောင်းလဲနေပြီး၊ ဤအရာကြောင့် လူသား၏ ဆန့်ကျင်မှုကို အမြဲ ကြုံရလေသည်။ သူ၏ စိတ်သဘောထားသည်လည်း အမြဲ ပြောင်းလဲနေကာ၊ သူ့အမှု၏ခေတ်နှင့် လက်ခံရရှိသူတို့သည်လည်း အမြဲ ပြောင်းလဲနေ၏။ ထို့အပြင် သူသည် ယင်းနှင့်ဆန့်ကျင်ရန် လူသား၏အမြင်တွင် ယခင်က လုပ်ထားသည့်အမှုနှင့် ဆန့်ကျင်ပုံပေါက်သည့် အမှုကိုပင် လုပ်ဆောင်လျက်၊ ယခင်က ပြုလုပ်ဖူးခြင်း မရှိသောအမှုကို အမြဲ ဆောင်ရွက်လျက်ရှိလေသည်။ လူသားသည် အမှုတစ်မျိုးကိုသာ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းတစ်ခုကိုသာ လက်ခံနိုင်ပြီး၊ ၎င်းတို့နှင့် သဘောကွဲလွဲသည့်၊ ၎င်းတို့ထက် မြင့်သော အမှု သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကို လက်ခံရန် လူသားအတွက် ခက်ခဲသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုအသစ်ကို အမြဲ လုပ်ဆောင်နေသောကြောင့် ဘုရားသခင်၏ အမှုအသစ်ကို ဆန့်ကျင်သည့် ဘာသာရေး ကျွမ်းကျင်သူများအုပ်စု တစ်စုပြီးတစ်စု ပေါ်ပေါက်၏။ ဤလူတို့ ကျွမ်းကျင်သူများ ဖြစ်လာရပြီးဖြစ်သည်မှာ အတိအကျအားဖြင့် ဘုရားသခင်သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိပုံနှင့်ဆိုင်သည့် အသိပညာကို လူသားက မရှိသကဲ့သို့၊ ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများ နှင့်ဆိုင်သည့် အသိပညာ မရှိသည့်အပြင်၊ ဘုရားသခင်က လူသားကို ကယ်တင်သည့် နည်းလမ်းများစွာနှင့်ဆိုင်သည့် အသိပညာလည်း မရှိသောကြောင့် အတိအကျ ဖြစ်ပေသည်။ ထိုသို့ဖြင့်၊ လူသားသည် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်မှလာသည့် အမှုဖြစ်သည် မဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်သည် မဖြစ်သည်ကို လုံးဝ မပြောနိုင်ပေ။ တစ်စုံတစ်ရာသည် ယခင်က နှုတ်ကပတ်တော်များနှင့် ကိုက်ညီပါက ၎င်းတို့ လက်ခံပြီး၊ ယခင်က အမှုနှင့် ကွဲပြားချက်များရှိပါက ဆန့်ကျင်ကာ ငြင်းပယ်ကြသည့် သဘောထားကို လူများစွာက ဖက်တွယ်ကြ၏။ ယနေ့ခေတ်တွင် သင်တို့အားလုံးသည် ထိုသို့သော အခြေခံသဘောတရားများကို စောင့်ထိန်းလိုက်နာကြသည် မဟုတ်လော။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်သည် သင်တို့ အပေါ်တွင် မည်သည့် ကြီးမားသည့် အကျိုးတရားမျှ မရှိသေးသကဲ့သို့၊ ယခင်အမှု အဆင့်နှစ်ဆင့်သည် ၎င်းတို့ တကယ်ကို သိရန်မလိုသော ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်သည်ဟု ယုံကြည်သူများရှိ၏။ ၎င်းတို့က အမှု၏ အဆင့်သုံးဆင့်ထဲက ယခင်အဆင့်နှစ်ဆင့်အားဖြင့် လူတို့ စိတ်မထိခိုက်ဖို့အလို့ငှာ ဤအဆင့်များကို လူစုလူဝေးများထံ မကြေညာသင့်သကဲ့သို့၊ ဖြစ်နိုင်သမျှ မြန်မြန် ပြန်ရုပ်သိမ်းသင့်သည်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ အမှု၏ ယခင်အဆင့်နှစ်ဆင့်ကို အသိပေးခြင်းသည် အလွန် ကွာလှမ်းလှသည့် အဆင့်တစ်ခု ဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းတွင် အထောက်အကူ မဖြစ်ဟု အများစုက ယုံကြည်ကြ၏- ယင်းသည် သင်တို့ တွေးထင်သည့်အရာ ဖြစ်သည်။ ယနေ့ခေတ်တွင် ဤသို့ပြုမူခြင်းသည် မှန်သည်ဟု သင်တို့အားလုံး ယုံကြည်ကြသော်လည်း၊ ငါ့အမှု၏ အရေးပါမှုကို သင်တို့ သဘောပေါက်သည့် နေ့ရက် ရောက်လာလိမ့်မည်။ ငါသည် အရေးပါမှု မရှိသည့် မည်သည့်အမှုကိုမျှ မလုပ်သည်ကို သိလော့။ ငါသည် အမှု၏အဆင့်သုံးဆင့်ကို သင်တို့ထံ ကြေညာနေသည့်အတွက်၊ ယင်းတို့သည် သင်တို့အဖို့ အကျိုးရှိရပေမည်။ အမှု၏ ဤအဆင့်သုံးဆင့်သည် ဘုရားသခင်၏ အလုံးစုံသော စီမံခန့်ခွဲမှု၏ ဗဟိုအချက်အချာတွင် ရှိသည့်အတွက်၊ ယင်းတို့သည် စကြဝဠာအနှံ့ရှိ အယောက်တိုင်း၏ အာရုံစိုက်ရာ ဖြစ်လာရမည်။ တစ်နေ့တွင် သင်တို့အားလုံးသည် ဤအမှု၏ အရေးပါမှုကို သဘောပေါက်ကြလိမ့်မည်။ သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ မဆင်မခြင် သဘောထားမှုကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ငြင်းပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်၏ကိုယ်ကျင့်တရားသည် သာ၍ ဖောက်ပြန်ပျက်စီးကာ၊ သင်၏အရည်အသွေးများက စက်ဆုပ်ဖွယ်ဖြစ်ပြီး သင်၏လူ့သဘာဝက နိမ့်ကျလာလေလေ၊ ဘုရားသခင်၏ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀)
အမှု၏ အဆင့်သုံးဆင့်ကို ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ရူပါရုံဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းဆီသို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်ကို ဘုရားသခင် ကိုယ်တော်တိုင်သာ လုပ်ဆောင်နိုင်ပြီးဖြစ်ကာ မည်သည့်လူသားမျှ သူ၏ ကိုယ်စား ထိုသို့သော အမှုကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သူ၏ ကိုယ်ပိုင်အမှုကို အစမှ ယနေ့ထိတိုင် ဆောင်ရွက်နိုင်ပြီးဖြစ်သည်ဟု ဆိုရပေမည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို မတူကွဲပြားသည့် ခေတ်များနှင့် တည်နေရာများတွင် ဆောင်ရွက်ပြီးဖြစ်သော်လည်း၊ အသီးသီး၏ အမှုသည် မတူကွဲပြားသော်လည်း၊ ယင်းမှာ တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်ခဲ့သည့် အမှုသာ ဖြစ်သည်။ ရူပါရုံများ အားလုံးထဲတွင်၊ ဤသည်မှာ လူသား သိသင့်သည့် အကြီးမားဆုံးသော ရူပါရုံ ဖြစ်ပြီး၊ ယင်းကို လူသားက လုံးဝ နားလည်နိုင်ပါက၊ သူသည် ခိုင်မြဲစွာ ရပ်တည်နိုင်လိမ့်မည် ဖြစ်၏။ ယနေ့ခေတ်တွင် အမျိုးမျိုးသော ဘာသာတရားများနှင့် အမျိုးမျိုးသောဂိုဏ်းဂဏတို့ ရင်ဆိုင်နေရသည့် အကြီးဆုံးပြဿနာမှာ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိကြသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မဟုတ်သည့် အလုပ်တို့အကြား မခွဲခြားနိုင်ကြခြင်းဖြစ်၏- ဤအရာကြောင့်၊ ၎င်းတို့သည် ပြီးခဲ့သည့် အမှု၏ အဆင့်နှစ်ဆင့်ကဲ့သို့ အမှု၏ ဤအဆင့်ကိုလည်း ယေဟောဝါ ဘုရားသခင်က လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်ကို မပြောနိုင်ကြပေ။ လူတို့သည် ဘုရားသခင်နောက် လိုက်ကြသော်လည်း၊ ယင်းက လမ်းခရီး အမှန်ဟုတ် မဟုတ်ဆိုသည်ကို အများစုက မပြောနိုင်ဘဲ ရှိကြသေးသည်။ ဤလမ်းခရီးသည် ဘုရားသခင်ကိုယ်တော်တိုင် ဦးဆောင်သည့်လမ်းခရီး ဟုတ်၊ မဟုတ်ဆိုသည်နှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ဖြစ်ရပ်မှန် ဟုတ်၊ မဟုတ်ဆိုသည်ကို လူသားက စိုးရိမ်ပြီး၊ လူအများစုသည် ထိုသို့သော အရာများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ဆိုသည်နှင့်ပတ်သက်၍ ဘာမျှ မသိကြသေးပေ။ ဘုရားသခင်၏ နောက်လိုက်ကြသူတို့သည် လမ်းခရီးကို မဆုံးဖြတ်နိုင်ကြသောကြောင့်၊ ပြောဆိုထားသည့် သတင်းစကားများသည် ဤလူတို့အလယ်တွင် တစ်ပိုင်းတစ်စ သက်ရောက်မှု တစ်ခုသာရှိကာ၊ အပြည့်အဝ သက်ရောက်နိုင်စွမ်း မရှိပေ၊ ထို့ကြောင့် ဤသည်မှာ ထိုသို့သောလူတို့၏ အသက်ဝင်ရောက်ခြင်းကို သက်ရောက်လေသည်။ အမှု၏ အဆင့်သုံးဆင့်တွင် ယင်းတို့ကို ဘုရားသခင်ကိုယ်တော်တိုင်က မတူကွဲပြားသော အချိန်ကာလများ၊ ကွဲပြားသော နေရာများနှင့် ကွဲပြားသော လူများတွင် ဆောင်ရွက်ခဲ့သည်ကို လူသားက မြင်နိုင်ပါက၊ အမှုသည် ကွဲပြားသော်လည်း ယင်းအားလုံးကို တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်ပြီး၊ ယင်းသည် တစ်ဆူတည်းသော ဘုရားသခင်က လုပ်ဆောင်သည့်အမှု ဖြစ်သည့်အတွက် မှန်ကန်ရမည် ဖြစ်ပြီး အမှားရှိရမည် မဟုတ်သကဲ့သို့၊ ယင်းသည် လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသော်လည်း၊ တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်ကြောင်း ငြင်းပယ်စရာ မရှိသည်ကို လူသားအနေဖြင့် မြင်နိုင်ပါက- ယင်းသည် တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဖြစ်သည်ကို လူသားက အသေအချာ ပြောနိုင်ပါက၊ လူသား၏ အယူအဆများသည် အသေးအဖွဲများ၊ ပြောဆိုရန် ထိုက်သင့်ခြင်း မရှိသော အရာများမျှအဖြစ်သို့သာ လျော့သွားလိမ့်မည် ဖြစ်သည်။ လူသား၏ ရူပါရုံများ မရှင်းသောကြောင့်နှင့် လူသားသည် ယေဟောဝါကို ဘုရားအဖြစ်၊ ယေရှုကို သခင်အဖြစ်သာသိပြီး၊ ယနေ့၏ လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ စိတ်နှစ်ခွတွင်ရှိသောကြောင့်၊ များစွာသော လူတို့သည် ယေဟောဝါနှင့် ယေရှုတို့၏အမှုကို ဆက်လက် ဆက်ကပ်လျက် ရှိကြပြီး၊ ယနေ့ခေတ်၏ အမှု နှင့်ပတ်သက်သည့် အယူအဆများ၏ ဝန်းရံဖိစီးခံရကာ၊ လူအများစုသည် အမြဲသံသယ ရှိပြီး၊ ယနေ့၏အမှုကို အလေးအနက် သဘောမထားကြချေ။ လူသားသည် မြင်၍မရနိုင်သည့် ပြီးခဲ့သော အဆင့်နှစ်ဆင့်အပေါ် အယူအဆများ မရှိပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် အမှု၏ ပြီးခဲ့သည့် အဆင့် နှစ်ဆင့်နှင့်ဆိုင်သော လက်တွေ့အရှိတရားကို နားမလည်သကဲ့သို့၊ ယင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ကြုံခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ လူသားသည် သူ နှစ်သက်သည်အတိုင်း စိတ်ကူးသည်မှာ အမှု၏ ဤအဆင့်များကို မြင်၍မရနိုင်သောကြောင့် ဖြစ်သည်။ သူသည် မည်သည့်အရာကို စိတ်ကူးပေါက်သည်ဖြစ်စေ၊ ထိုသို့သော စိတ်ကူးစိတ်သန်းများကို သက်သေပြရန် အချက်အလက်များ မရှိသကဲ့သို့၊ ယင်းတို့ကို အမှန်ပြင်ရန် မည်သူမျှ မရှိပေ။ သူ၏ စိတ်ကူးစိတ်သန်းများကို မှန်ကြောင်းစစ်ဆေးအတည်ပြုရန် အချက်အလက်များမရှိသောကြောင့်၊ လူသား၏ စိတ်ကူးစိတ်သန်းများသည် “အမှန်တရား” ဖြစ်လာကြသည့်အတွက်၊ ယင်းတို့အဖို့ သက်သေတစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ လူသားသည် မည်သည့်အရာကိုမျှ သတိမထားတော့ဘဲနှင့် စိတ်ကူးချင်တိုင်း စိတ်ကူးလျက်၊ သူ၏နဂိုစိတ်ရင်းကို ဇက်ကုန်လွှတ်ထားလိုက်လေသည်။ ထို့ကြောင့် လူသားသည် သူ၏စိတ်ထဲတွင် သူကိုယ်တိုင်စိတ်ကူးထားသော ဘုရားသခင်ကို ယုံကြည်ပြီး လက်တွေ့အရှိတရား၏ ဘုရားသခင်ကို မရှာဖွေပေ။ လူတစ်ဦးသည် ယုံကြည်ခြင်း တစ်မျိုး ရှိပါက၊ လူတစ်ရာအလယ်တွင် ယုံကြည်ခြင်း အမျိုးတစ်ရာ ရှိ၏။ လူသားသည် ဘုရားသခင်၏ အမှု၏ လက်တွေ့အရှိတရားကို မမြင်ရသေးသောကြောင့်၊ သူသည် ယင်းကို သူ၏ နားများဖြင့်သာ ကြားဖူးပြီး သူ၏ မျက်လုံးများဖြင့် မရှုမြင်ရသေးကြောင့်၊ ထိုသို့သော ယုံကြည်မှုများ ရှိခြင်း ဖြစ်သည်။ လူသားသည် ဒဏ္ဍာရီများနှင့် ပုံပြင်များကို ကြားရပြီးဖြစ်သည်- သို့သော် သူသည် ဘုရားသခင့်အမှု၏ အချက်အလက်များနှင့်ဆိုင်သည့် အသိပညာကို ကြားရခဲ၏။ ထို့ကြောင့် ယုံကြည်သူများ ဖြစ်လာသည်မှာ တစ်နှစ်သာ ရှိသေးသော လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများမှ တစ်ဆင့် ဘုရားသခင်ကို ယုံကြည်လာကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ဘဝတစ်ခုလုံး ဘုရားသခင်ကို ယုံကြည်ခဲ့သူများအတွက်လည်း အလားတူ မှန်ကန်ပေသည်။ အချက်အလက်များကို မမြင်နိုင်သူများသည် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများရှိသည့် ယုံကြည်ခြင်းမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ လူသားသည် သူ၏ အယူအဆအဟောင်းများ၏ အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်ကာ နယ်မြေသစ်ထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ယုံကြည်သည်။ ဘုရားသခင်၏ စစ်မှန်သောမျက်နှာကို မမြင်နိုင်သူများ၏ အသိပညာသည် အယူအဆများနှင့် ကောလာဟလများသာ ဖြစ်သည်ကို လူသားမသိသလော။ လူသားက သူ၏အယူအဆများမှာ မှန်ကန်ပြီး အမှားမရှိဟု ထင်ကာ ဤအယူအဆများသည် ဘုရားသခင်ထံမှ လာသည်ဟု တွေးထင်၏။ ယနေ့ခေတ်တွင် လူသားသည် ဘုရားသခင်၏အမှုကို မျက်မြင်တွေ့သည့်အခါတွင်၊ နှစ်ပေါင်းများစွာ တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ပြီးဖြစ်သည့် အယူအဆများကို လွှတ်ပေးလိုက်လေသည်။ အတိတ်မှ စိတ်ကူးများနှင့် အကြံများသည် ဤအဆင့်၏အမှုအဖို့ အတားအဆီးတစ်ခု ဖြစ်လာပြီးဖြစ်ကာ လူသားအတွက် ထိုသို့သော အယူအဆများကို လက်လွှတ်ရန်နှင့် ထိုသို့သော စိတ်ကူးများကို ချေပရန် ခက်ခဲလာပြီးဖြစ်သည်။ ယနေ့အထိ ဘုရားသခင်နောက်သို့ လိုက်ခဲ့ကြသူများစွာ၏ ဤတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သည့် အမှုအပေါ် အယူအဆများသည် ယခင်ထက် ပို၍ ဆိုးရွားလာပြီးဖြစ်ကာ ဤလူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါင်းမာသော ရန်လိုမှုတစ်ခုကို တစ်ဖြည်းဖြည်း ဖြစ်ပေါ်စေကြပြီ ဖြစ်သည်။ ဤမုန်းတီးမှု၏ အရင်းအမြစ်သည် လူသား၏ အယူအဆများနှင့် စိတ်ကူးများတွင် တည်လေသည်။ လူသား၏ အယူအဆများနှင့် စိတ်ကူးများသည် ယနေ့ခေတ်အမှု၊ လူသား၏ အယူအဆများနှင့် သဘောကွဲလွဲသည့် အမှု၏ ရန်သူ ဖြစ်လာပြီး ဖြစ်သည်။ ဤသည်မှာ အတိအကျအားဖြင့် အမှန်တရားသည် လူသားကို သူ၏ စိတ်ကူးများအား ဇက်ပုံပေးခွင့်မပြုသကဲ့သို့၊ ထို့အပြင် လူသားအနေနှင့် ယင်းကို အလွယ်တကူ ချေပနိုင်ခြင်း မရှိဘဲ၊ လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသည် အမှန်တရား၏ တည်ရှိခြင်းကို ခွင့်မပြုသည်သာမက၊ လူသားသည် အချက်အလက်များ၏ အမှားထောက်ပြခြင်းနှင့် မှန်ကန်မှုအပေါ် စဉ်းစားခြင်း မရှိဘဲ၊ သူ၏ အယူအဆများကို စွဲစွဲမြဲမြဲ လွှတ်ပေးရုံမျှ လွှတ်ပေးပြီး သူ၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကို အသုံးပြုသောကြောင့် ဖြစ်ပေသည်။ ဤအရာကို လူသား အယူအဆများ၏ အပြစ်ဟုသာပြောနိုင်ပြီး ဘုရားသခင့်အမှု၏ အပြစ်ဟု ပြော၍ မရပေ။ လူသားသည် သူဆန္ဒရှိသည့် မည်သည့်အရာကိုမဆို စိတ်ကူးကောင်း စိတ်ကူးနိုင်သော်လည်း၊ ဘုရားသခင်၏ အမှု၏ မည်သည့်အဆင့်ကိုမျှ၊ သို့မဟုတ် မည်သည့်အစိတ်အပိုင်းကိုမျှ လွတ်လပ်စွာ အငြင်းပွားနိုင်ခြင်း မရှိပေ။ ဘုရားသခင့်အမှု၏ အမှန်တရားကို လူသားက ချိုးဖောက်၍ မရပေ။ သင်သည် သင်၏စိတ်ကူးစိတ်သန်းကို ဇက်ပုံပေး၍ရနိုင်ပြီး၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုနှင့်ပတ်သက်သည့် ကောင်းမွန်သော အဖြစ်အပျက်များကို စုဆောင်းချင် စုဆောင်းနိုင်သော်လည်း၊ ယေဟောဝါနှင့် ယေရှုတို့၏အမှု အဆင့်အသီးသီး၏ အမှန်တရားကိုမူ သင် ချေပ၍ မရနိုင်ပေ။ ဤသည်မှာ အခြေခံသဘောတရား တစ်ရပ်ဖြစ်ပြီး၊ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်တစ်ရပ်လည်း ဖြစ်ကာ သင်တို့သည် ဤကိစ္စရပ်များ၏ အရေးပါမှုကို နားလည်သင့်သည်။ အမှု၏ ဤအဆင့်သည် လူသား၏အယူအဆများနှင့် သဟဇာတမဖြစ်သကဲ့သို့၊ ဤသည်မှာ အမှု၏ယခင်အဆင့် နှစ်ဆင့်အတွက် မဟုတ်ဟု ယုံကြည်သည်။ သူ၏စိတ်ကူးစိတ်သန်းတွင်၊ လူသားက ယခင်အဆင့်နှစ်ဆင့်၏ အမှုသည် ယနေ့ခေတ်အမှုနှင့် ဧကန်မုချ တူညီခြင်း မရှိဟု ယုံကြည်သည်- သို့သော် ဘုရားသခင်၏ အမှု၏ အခြေခံ သဘောတရားများသည် အားလုံး အတူတူပင် ဖြစ်သည်၊ သူ၏အမှုသည် အမြဲလက်တွေ့ကျပြီး၊ ခေတ်ကို ပဓာနမထားဘဲ သူ့အမှု၏ အမှန်တရားကို ခုခံကာ ဆန့်ကျင်သူ မြောက်မြားစွာ အမြဲရှိမည်ကို သင် စဉ်းစားဖူးသလော။ အမှု၏ ဤအဆင့်ကို ယနေ့ ခုခံကာ ဆန့်ကျင်သူ အားလုံးတို့သည် အတိတ်ကာလများကလည်း ဘုရားသခင်ကို ဆန့်ကျင်ခဲ့မည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ထိုသို့သောသူများသည် ဘုရားသခင်၏ ရန်သူများ အစဉ်ဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင့်အမှု၏ အမှန်တရားကို သိသောလူများသည် အမှု၏အဆင့် သုံးဆင့်ကို တစ်ဆူတည်းသော ဘုရားသခင်၏ အမှုဟု မြင်လိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့၏ အယူအဆများကို လက်လွှတ်ကြလိမ့်မည်။ ဤလူတို့သည် ဘုရားသခင်ကို သိကြသူများဖြစ်ပြီး ထိုသို့သော လူများသည် ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်သူများ ဖြစ်ကြ၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးခါနီးအချိန်တွင်၊ ဘုရားသခင်သည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလိမ့်မည်။ လူသားကို ဖန်ဆင်းရှင်၏ လက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆုံးတွင် သူသည် လူသားကို သူ၏ အုပ်စိုးမှုအောက် လုံးဝ ပြန်ပို့ရမည် ဖြစ်သည်။ ဤသည်မှာ အမှု၏ အဆင့်သုံးဆင့် အဆုံးသတ် ဖြစ်သည်။ နောက်ဆုံးသောကာလ အမှု၏ အဆင့်နှင့် ဣသရေလနှင့် ယုဒပြည်တို့ရှိ ယခင်အမှု၏ အဆင့် နှစ်ဆင့်တို့သည် စကြဝဠာ တစ်ခုလုံးရှိ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ဖြစ်သည်။ ဤအရာကို မည်သူမျှ မငြင်းနိုင်သကဲ့သို့ ယင်းသည် ဘုရားသခင့် အမှု၏ အမှန်တရား ဖြစ်သည်။ လူတို့သည် ဤအမှုကို များစွာ တွေ့ကြုံခြင်း၊ သို့မဟုတ် မျက်မြင်တွေ့ခြင်း မရှိသော်လည်း၊ အမှန်တရားများသည် အမှန်တရားများသာ ဖြစ်ဆဲဖြစ်ပြီး၊ ဤသည်ကို မည်သည့်လူသားကမျှ ငြင်းဆို၍မရနိုင်ပေ။ စကြဝဠာ၏ တိုင်းပြည်တိုင်း၌ ရှိကြကုန်သော ဘုရားသခင်ကို ယုံကြည်သူ အားလုံးတို့သည် အမှု၏အဆင့်သုံးဆင့်ကို လက်ခံကြလိမ့်မည်။ သင်သည် အမှု၏ သီးသန့်အဆင့် တစ်ဆင့်ကိုသာသိပြီး အမှု၏အခြားအဆင့် နှစ်ဆင့်ကို နားမလည်ပါက၊ အတိတ်အချိန်ကာလများရှိ ဘုရားသခင်၏အမှုကို နားမလည်ပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် သင်သည် သူ့ကို မသိ သို့မဟုတ် နားမလည်သောကြောင့်၊ သင်သည် ဘုရားသခင်ကို သက်သေခံဖို့ မသင့်တော်သည့်အတွက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်တစ်ရပ်လုံး၏ သမ္မာတရား တစ်ရပ်လုံးကို ပြောနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်နှင့်ဆိုင်သည့် သင်၏ အသိပညာသည် တစ်ဖက်သတ် ဖြစ်လေသည်။ ဤအရာများနှင့်ဆိုင်သည့် သင်၏ လတ်တလော အသိပညာသည် နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဖြစ်စေ၊ အဆုံးတွင် သင်တို့သည် အသိပညာရှိရမည် ဖြစ်ပြီး၊ သင်တို့အနေဖြင့် လုံးလုံးလျားလျား လက်ခံယုံကြည်ရမည် ဖြစ်ကာ၊ လူအားလုံးသည် ဘုရားသခင်၏ အမှု အလုံးစုံကို မြင်တွေ့ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဤအမှု၏ အဆုံးတွင် ဘာသာတရား အားလုံးသည် တစ်ခုတည်းဖြစ်လာလိမ့်မည် ဖြစ်ပြီး၊ သတ္တဝါ အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်။ သတ္တဝါအားလုံးသည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး၊ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် မည်သည့်အခါမျှ တစ်ဖန် ပေါ်မလာဘဲ အချည်းနှီး ဖြစ်လာလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁)
အမှု၏ အဆင့်သုံးဆင့်ကို အဘယ်ကြောင့် အဆက်မပြတ် ဤသို့ ရည်ညွှန်းရသနည်း။ ခေတ်များကုန်လွန်ခြင်း၊ လူမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ၏ သွင်ပြင်အပြောင်းအလဲ အားလုံးတို့သည် အမှု၏ အဆင့်သုံးဆင့်ရှိ အပြောင်းအလဲများနောက် လိုက်ကြသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏အမှုနှင့် အချိန်ကိုက် ပြောင်းလဲပြီး မိမိဘာသာ ဖွံ့ဖြိုးတိုးတက်သည် မဟုတ်ပေ။ သတ္တဝါအားလုံး၊ ဘာသာတရားတိုင်းနှင့် ဂိုဏ်းဂဏတိုင်းမှ လူအားလုံးတို့ကို တစ်ဆူတည်းသော ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ခေါ်ဆောင်လာရန် အလို့ငှာ ဘုရားသခင်၏ အမှု အဆင့်သုံးဆင့်ကို ရည်ညွှန်းထားပေသည်။ သင်သည် မည်သည့်ဘာသာတရားနှင့် သက်ဆိုင်သည်ဖြစ်စေ၊ နောက်ဆုံးတွင် သင်တို့ အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် ဤအမှုကို ဆောင်ရွက်နိုင်သည်။ ယင်းကို မည်သည့်ဘာသာရေး ဦးသျှောင်ကမျှ မလုပ်ဆောင်နိုင်ပေ။ ကမ္ဘာတွင် အဓိကဘာသာတရား အချို့ရှိပြီး အသီးသီးသည် ၎င်း၏ကိုယ်ပိုင်ဦးသျှောင် သို့မဟုတ် ခေါင်းဆောင် ရှိပြီး၊ နောက်လိုက်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကွဲပြားသည့် နိုင်ငံများနှင့် ဒေသများသို့ ပျံ့နှံ့နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နိုင်ငံတိုင်းနီးပါးသည် ၎င်း၏ အတွင်း၌ မတူကွဲပြားသည့် ဘာသာတရားများရှိ၏။ သို့ရာတွင် ကမ္ဘာ့အနှံ့တွင် ဘာသာတရား မည်မျှပင်ရှိသည်ဖြစ်စေ၊ စကြဝဠာအတွင်းရှိ လူအားလုံးသည် နောက်ဆုံးတွင် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းပြမှုအောက်၌ တည်ရှိကြပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုကို ဘာသာရေးဦးသျှောင်များ၊ သို့မဟုတ် ခေါင်းဆောင်များက လမ်းပြနေသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို သီးသန့် ဘာသာရေးဦးသျှောင် သို့မဟုတ် ခေါင်းဆောင်က လမ်းပြနေခြင်း မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်က ဦးဆောင်လမ်းပြနေခြင်း ဖြစ်၏- ဤသည်မှာ အမှန်တရား ဖြစ်၏။ ကမ္ဘာလောကတွင် အဓိက ဘာသာတရားအချို့ ရှိသော်လည်း၊ ၎င်းတို့ မည်မျှကြီးမြတ်စေကာမူ ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် တည်ရှိပြီး၊ ၎င်းတို့ထဲမှ မည်သည့်ဘာသာကမျှ ဤအုပ်စိုးမှုနယ်ပယ်ကို မကျော်လွန်နိုင်ပေ။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အဖွဲ့အစည်း၏ အစားဝင်နေရာယူခြင်း၊ သဘာဝသိပ္ပံများ၏ တိုးတက်မှု- အသီးသီးသည် ဖန်ဆင်းရှင်၏ အစီအစဉ်များမှ ကင်းကွာ၍မရသကဲ့သို့၊ ဤအမှုသည် သတ်မှတ်ထားသည့် မည်သည့်ဘာသာရေး ဦးသျှောင်တစ်ဦးကမျှ လုပ်ဆောင်၍ရနိုင်သော အရာတစ်ခု မဟုတ်ပေ။ ဘာသာရေး ဦးသျှောင်တစ်ဦးသည် သီးသန့်ဘာသာတရား တစ်ခု၏ ခေါင်းဆောင်များမျှသာ ဖြစ်ပြီး၊ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသူအား ကိုယ်စားမပြုနိုင်ပေ။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ဘာသာတရား တစ်ရပ်လုံးအတွင်း ရှိသူအားလုံးကို ဦးဆောင်နိုင်သော်လည်း၊ ကောင်းကင်အောက်ရှိ သတ္တဝါအားလုံးကို ကွပ်ကဲအုပ်ချုပ်နိုင်ခြင်း မရှိပေ- ဤသည်မှာ လူတကာအသိအမှတ်ပြုထားသည့် အချက်ဖြစ်၏။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ခေါင်းဆောင်တစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင် (ဖန်ဆင်းရှင်) နှင့် တန်းတူ မရပ်တည်နိုင်ပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိကြပြီး၊ အဆုံးတွင် ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲသို့ ပြန်လာကြလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ပြုလုပ်ခဲ့ပြီး၊ မည်သည့်ဘာသာဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်- ဤသည်ကို ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအလယ် အမြင့်မားဆုံး ဖြစ်ပြီး၊ သတ္တဝါ အားလုံးအလယ် အမြင့်မားဆုံးသော အုပ်စိုးသူသည်လည်း သူ၏အုပ်စိုးမှုအောက်သို့ ပြန်လာရလိမ့်မည်။ လူသား၏ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ၊ လူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသကဲ့သို့၊ မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားနိုင်ခြင်း မရှိပေ။ ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရပြီး၊ နောက်ဆုံးအချိန် ရောက်သည့်အခါ၊ သူသည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစား ခွဲခြားလျက် သူ၏ကိုယ်ပိုင်အမှုကို သူကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်- ဤအမှုကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ အစအဦးမှသည် ယနေ့ထိတိုင် ဆောင်ရွက်ခဲ့သည့် အမှု၏အဆင့်သုံးဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က အားလုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်၏ အမှန်တရားသည် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အမှန်တရား၊ မည်သူမျှ မငြင်းနိုင်သော အမှန်တရား ဖြစ်၏။ စကြဝဠာ တစ်ခုလုံးတွင် ဤတစ်ဆူတည်းသော ဘုရားသခင်သာ တည်ရှိပြီး၊ အခြားဘာသာတရားများ မရှိသည့်အတွက်၊ အမှု၏ အဆင့်သုံးဆင့် အဆုံးတွင် အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။ ကမ္ဘာလောကကို ဖန်ဆင်းနိုင်စွမ်း မရှိသူသည် ယင်းကို အဆုံးသတ်နိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်၊ ကမ္ဘာလောကကို ဖန်ဆင်းသူမှာမူ ကမ္ဘာလောကကို ဧကန်မုချ အဆုံးသတ်နိုင်စွမ်း ရှိပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်ခြင်း မရှိသကဲ့သို့၊ လူသားကို သူ၏စိတ်အား ပျိုးထောင်ဖို့ အထောက်အကူပြုရုံသာ ပြုနိုင်ပါက၊ သူသည် ဧကန်မုချ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏သခင် ဧကန်မုချ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ထိုသို့သော ကြီးမားသည့်အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုသို့သောအမှုကို ဆောင်ရွက်နိုင်သူ တစ်ဦးတည်းသာ ရှိပြီး၊ ဤအမှုကို မလုပ်ဆောင်နိုင်သူ အားလုံးသည် ဧကန်မုချ ရန်သူများဖြစ်ပြီး ဘုရားသခင် မဟုတ်ပေ။ ဆိုးယုတ်သော ဘာသာတရားအားလုံးသည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သကဲ့သို့၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်အတွက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြ၏။ အမှုအားလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ပြီး စကြဝဠာ တစ်ခုလုံးကို ဤဘုရားသခင်တစ်ဆူတည်းက ကွပ်ကဲ၏။ ယင်းမှာ ဣသရေလနိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ တရုတ်နိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ အမှုကို ဝိညာဉ်တော် သို့မဟုတ် လူ့ဇာတိဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး၊ အခြားမည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ မည်သည့် သတ်မှတ်ချက်များ၏ ဘောင်ခတ်ခံရခြင်း မရှိဘဲ၊ လွတ်လပ်စွာ သူ အမှုပြုသည်မှာ အတိအကျအားဖြင့် သူသည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်- ဤသည်မှာ ရူပါရုံများ အားလုံးအနက် အကြီးမားဆုံး ဖြစ်၏။ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါ တစ်ဦးတာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏အလိုကို နားလည်လိုပါက၊ ဘုရားသခင်၏အမှုကို သင်နားလည်ရမည်၊ အဖန်ဆင်းခံ သတ္တဝါများအတွက် ဘုရားသခင်၏အလိုကို နားလည်ရမည်၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို နားလည်ရမည်ဖြစ်ပြီး၊ သူ လုပ်ဆောင်သည့်အမှု၏ အရေးပါမှုအားလုံးကို နားလည်ရမည်။ ဤအရာကို နားမလည်သူများသည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါများဖြစ်ရန် အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေဖြင့် သင်သည် မည်သည့်နေရာမှ လာသည်ကို နားမလည်ပါက၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို နားမလည်ပါက၊ ထို့အပြင် လူသားမျိုးနွယ်သည် ယနေ့ထိတိုင် မည်သို့ တိုးတက်ဖွံ့ဖြိုးလာပြီး ဖြစ်သည်ကို နားမလည်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို မည်သူက ကွပ်ကဲသည်ကို နားမလည်ပါက၊ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ယနေ့အထိ ဦးဆောင်လမ်းပြပြီးဖြစ်ကာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားကို ဖန်ဆင်းချိန်ကတည်းက လူသားကို ချန်ရစ်ဖူးခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုပြုခြင်းကို မည်သည့်အခါမျှ မရပ်တန့်ပေ၊ လူသားမျိုးနွယ်အား ဦးဆောင်ခြင်းကို မည်သည့်အခါမျှ မရပ်တန့်ဖူးသကဲ့သို့၊ လူသားမျိုးနွယ်ကို မည်သည့်အခါမျှ ချန်ရစ်ထားဖူးခြင်း မရှိပေ။ သို့သော် လူသားမျိုးနွယ်သည် ဘုရားသခင်ကို သိရှိရန် မဆိုထားနှင့်၊ ဘုရားသခင် တစ်ပါးရှိကြောင်းကိုပင် မသိပေ။ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါအားလုံးအတွက် ဤအရာထက်သာ၍ အရှက်ရစရာ တစ်ခုတစ်လေ ရှိသလော။ ဘုရားသခင်သည် လူသားကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြသော်လည်း၊ လူသားသည် ဘုရားသခင်၏အမှုကို နားမလည်ပေ။ သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သော်လည်း၊ သင်၏ ကိုယ်ပိုင်သမိုင်းကို သင် နားမလည်သကဲ့သို့၊ သင်၏လမ်းခရီးတွင် မည်သူက သင့်ကို ဦးဆောင်လမ်းပြခဲ့သည်ကို သင်မသိပေ၊ သင်သည် ဘုရားသခင် လုပ်ဆောင်သည့်အမှုကို မသိသောကြောင့်၊ ဘုရားသခင်ကို မသိနိုင်ပေ။ သင် ယခုမသိပါက၊ သင့်အနေဖြင့် ဘုရားသခင်အဖို့ သက်သေခံရန် မည်သည့်အခါမျှ အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ယနေ့ခေတ်တွင်၊ ဖန်ဆင်းရှင်သည် လူအားလုံးကို နောက်တစ်ဖန် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး၊ လူအားလုံးကို သူ၏ဉာဏ်ပညာ၊ အနန္တတန်ခိုး၊ ကယ်တင်ခြင်းနှင့် အံ့သြဖွယ်ကောင်းခြင်းတို့ကို ရှုမြင်စေ၏။ သို့ရာတွင် သင်သည် သဘောမပေါက်သေး သို့မဟုတ် နားလည်းမလည်သေးပေ- ထို့ကြောင့် သင်သည် ကယ်တင်ခြင်း မရရှိမည့် လူတစ်ဦး မဟုတ်လော။ စာတန်နှင့် သက်ဆိုင်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သော်လည်း၊ ဘုရားသခင်နှင့် သက်ဆိုင်သူများသည် ဘုရားသခင်၏ အသံကို ကြားနိုင်ကြ၏။ ငါပြောဆိုသည့် နှုတ်ကပတ်တော်ကို သဘောပေါက်သူ အားလုံးသည် ကယ်တင်ခံရမည့်သူများနှင့် ဘုရားသခင်အဖို့ သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အဖို့ သက်သေမခံနိုင်ကြသကဲ့သို့ ပယ်ထုတ်ခံရမည့် သူများဖြစ်ကြ၏။ ဘုရားသခင်၏ အလိုကို နားမလည်သကဲ့သို့၊ ဘုရားသခင်၏အမှုကို သဘောမပေါက်သူများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို ရရှိနိုင်စွမ်း မရှိသူများ ဖြစ်ပြီး ထိုသို့သောသူများသည် ဘုရားသခင်အဖို့ သက်သေမခံနိုင်ပေ။ သင်သည် ဘုရားသခင်အဖို့ သက်သေခံလိုပါက၊ ဘုရားသခင်ကို သိရမည်- ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာသည် ဘုရားသခင်၏အမှုမှတစ်ဆင့် ပြီးမြောက်ပေသည်။ အားလုံးကို ခြုံငုံကြည့်ပါက၊ သင်သည် ဘုရားသခင်ကို သိလိုပါက၊ ဘုရားသခင်၏အမှုကို သိရမည်- ဘုရားသခင်၏ အမှုကိုသိခြင်းသည် အရေးကြီးဆုံး ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့် အဆုံးသတ်သို့ ရောက်လာသည့်အခါ၊ ဘုရားသခင်အဖို့ သက်သေခံသူများ အုပ်စု၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤလူအားလုံးသည် ဘုရားသခင်ကို သိလိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြပေလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝနှင့် အသိစိတ်တို့ ပိုင်ဆိုင်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်း အမှု၏ အဆင့်သုံးဆင့်ကို အားလုံး သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင် ပြီးမြောက်မည့် အမှုဖြစ်ပြီး၊ ဤလူတို့သည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု၏ ပုံဖော်ချက် ဖြစ်ကြသကဲ့သို့၊ စာတန်၏ အဆုံးစွန် ရှုံးနိမ့်မှုအဖို့ အားအကောင်းဆုံးသော သက်သေခံချက် ဖြစ်၏။ ဘုရားသခင်အဖို့ သက်သေခံနိုင်သူများသည် ဘုရားသခင်၏ကတိတော်နှင့် ကောင်းချီးမင်္ဂလာ တို့ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ တကယ့် အဆုံးတွင် ကျန်ရှိသည့်အုပ်စု၊ ဘုရားသခင်၏ ဩဇာအာဏာကို ပိုင်ဆိုင်ပြီး ဘုရားသခင်အဖို့ သက်သေခံသည့် အုပ်စု ဖြစ်လိမ့်မည်။ သင်တို့အလယ် ရှိသူတို့အားလုံး သို့မဟုတ် တစ်ဝက်သည်သာ သို့မဟုတ် အနည်းငယ်သာလျှင် ဤအုပ်စု၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်ကောင်း ဖြစ်လာနိုင်ပေမည်- ယင်းမှာ သင်တို့၏အလိုနှင့် သင်တို့၏ လိုက်စားခြင်းအပေါ် မူတည်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂)
အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အမှု၏အဆင့် သုံးဆင့်အဖြစ်သို့ ခွဲခြားထားသည်။ မည်သည့်တစ်ခုတည်းကမျှ ခေတ်သုံးခေတ်၏အမှုကို ကိုယ်စားမပြုနိုင်ဘဲ၊ တစ်ခုလုံး၏ အစိတ်အပိုင်း တစ်ခုကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပေ။ ပညတ်တော်ခေတ်တွင် သူ့အလုပ်ကို သူ ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်က ဘုရားသခင်သည် ပညတ်တော် အောက်၌သာ ဘုရားသခင် ဖြစ်နိုင်သည်ဟု သက်သေမပြပေ။ ယေဟောဝါသည် လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်ဖို့ စေခိုင်းလျက်၊ လူသားအတွက် ပညတ်တရားများကို ပြဌာန်းပြီး ပညတ်ချက်များကို ထုတ်ပြန် ကြေညာခဲ့သည်။ သူလုပ်ဆောင်ခဲ့သော အမှုသည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော ဤအမှုသည် ဘုရားသခင်မှာ လူသားအား ပညတ်တော်ကို စောင့်ရှောက်ရန်သာ စေခိုင်းသော ဘုရားသခင်၊ သို့မဟုတ် ဗိမာန်တော်ထဲ၌ ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ ရှိသော ဘုရားသခင်သာ ဖြစ်သည်ဟု သက်သေမပြပေ။ ဤသို့ပြောရန်မှာ မမှန်ကန်ပေ။ ပညတ်တော်အောက် လုပ်ဆောင်သော အမှုသည် ခေတ်တစ်ခေတ်ကိုသာ ကိုယ်စားပြုနိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင်သာ အမှုကို လုပ်ဆောင်ခဲ့ပါက၊ လူသည် “ဘုရားသခင်သည် ဗိမာန်တော်ထဲက ဘုရားသခင် ဖြစ်ပြီး၊ ဘုရားသခင်ကို အစေခံရန်အလို့ငှာ ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ် ဝတ်ရုံဝတ်ပြီး ဗိမာန်တော်ထဲသို့ ဝင်ကြရမည်။” ဟု ပြောလျက်၊ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ပေလိမ့်မည်။ ကျေးဇူးတော်ခေတ်ထဲက အမှုကို မည်သည့်အခါကမျှ မဆောင်ရွက်ခဲ့ဖူးသကဲ့သို့၊ ပညတ်တော်ခေတ်သည် လက်ရှိအချိန်ထိ ဆက်လက် တည်ရှိနေခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် သနားကြင်နာတတ်ပြီး ချစ်ခင်တတ်သည်ကိုလည်း လူက သိလိမ့်မည် မဟုတ်ပေ။ ပညတ်တော်ခေတ်ထဲက အမှုသည် မလုပ်ဆောင်ပြီးခဲ့ဘဲ၊ ယင်းအစား ကျေးဇူးတော်ခေတ်ထဲက အမှုကိုသာ လုပ်ဆောင်ပြီးခဲ့ပါက၊ လူအားလုံး သိကြမည်မှာ ဘုရားသခင်သည် လူသားကို ရွေးနုတ်ရုံသာ ရွေးနုတ်နိုင်ပြီး၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ပေးရုံသာ ခွင့်လွှတ်ပေးနိုင်သော ဘုရားသခင် ဖြစ်သည် ဟူ၍ ဖြစ်သည်။ လူသားက ဘုရားသခင်သည် သန့်ရှင်းပြီး အပြစ်ကင်းသည်၊ ပြီးလျှင် သူသည် လူသားအတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ပြီး ကားစင်တင်ခြင်းခံနိုင်သည်ဟုသာ သိပေမည်။ လူသည် ဤအရာများကိုသာ သိမည်ဖြစ်သော်လည်း၊ အခြားမည်သည့်အရာကိုမျှ နားလည်ခြင်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ ခေတ်အသီးသီးသည် ဘုရားသခင်၏ စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည်။ ပညတ်တော်ခေတ်၌ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်ရှုထောင့်အား ကိုယ်စားပြုသည်၊ ကျေးဇူးတော်ခေတ်၌ မည်သည့်ရှုထောင့်များကို ကိုယ်စားပြုသည်၊ ယခုခေတ်၌ မည်သည့်ရှုထောင့်များကို ကိုယ်စားပြုသည်တို့အတွက်မူ- အဆင့်သုံးဆင့်အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်သည့်အခါတွင်သာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားအလုံးစုံကို ထုတ်ဖော်ပြနိုင်ပေသည်။ လူသည် အဆင့်သုံးဆင့်လုံးကို သိရှိလာသည့်အခါတွင်သာ၊ ယင်းကို အပြည့်အဝ နားလည်နိုင်ပေသည်။ အဆင့်သုံးဆင့်အနက် မည်သည့် အဆင့်ကိုမျှ ချန်လှပ်၍ မရပေ။ သင်သည် ဤအမှု၏ အဆင့် သုံးဆင့်ကို သိရှိလာသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို မြင်ရလိမ့်မည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်က သူ၏အမှုကို ပြီးစီးခဲ့သည်ဆိုသည့်အချက်က သူသည် ပညတ်တော်အောက်က ဘုရားသခင်သာလျှင် ဖြစ်သည်ကို သက်သေမပြသကဲ့သို့၊ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးခဲ့သည် ဆိုသည့်အချက်က ဘုရားသခင်သည် လူသားမျိုးနွယ်ကို အစဉ်ထာဝရ ရွေးနုတ်မည်ဟု မဆိုလိုပေ။ ဤအရာအားလုံးသည် လူက ကောက်ချက်ချသည့် ကောက်ချက်များသာ ဖြစ်ပေသည်။ ကျေးဇူးတော်ခေတ် အဆုံးသို့ရောက်လာလျက်ဖြင့်၊ ဘုရားသခင်သည် ကားတိုင်နှင့်သာ သက်ဆိုင်ပြီး၊ ကားတိုင်တစ်ခုတည်းက ဘုရားသခင်၏ ကယ်တင်ခြင်းကို ကိုယ်စားပြုသည်ဟု သင် ပြော၍မရပေ။ ထိုသို့ပြုရန်မှာ ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း ဖြစ်လိမ့်မည်။ လက်ရှိအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အမှုကို အဓိက လုပ်ဆောင်နေသော်လည်း၊ ဘုရားသခင်သည် လူသားကို သနားကရုဏာ လုံးဝ မရှိသကဲ့သို့၊ သူ ဆောင်ကြဉ်းပြီးသမျှမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သာ ဖြစ်သည်ဟု သင် ပြော၍မရပေ။ နောက်ဆုံးကာလထဲက အမှုသည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်နှင့် အဆုံးသတ်၊ ပြီးလျှင် လူသားမျိုးနွယ်အလယ် ကယ်တင်ခြင်း အမှုအားလုံး၏ အဆုံးသတ်ကို ထုတ်ဖော်ပြရန်အလို့ငှာ၊ ယေဟောဝါနှင့် ယေရှုတို့၏အမှုနှင့် လူတို့ နားမလည်သော နက်နဲမှုအားလုံးကို ဖွင့်ချလေသည်။ နောက်ဆုံးသောကာလထဲက အမှု၏ ဤအဆင့်သည် အရာရာကို အဆုံးတစ်ခုသို့ ဆောင်ကြဉ်းသည်။ ယင်းတို့၏ နက်နဲမှုများအထိ လူသားအား လေ့လာစူးစမ်းခွင့်ပေးပြီး သူ၏ စိတ်နှလုံးထဲတွင် လုံးဝ ရှင်းလင်းသော သိနားလည်မှု တစ်ခု ရှိခွင့်ပေးရန် လူသား နားမလည်သည့် နက်နဲသောအရာ အားလုံးကို ဖြေရှင်းရန် လိုအပ်ပေသည်။ ထိုအခါတွင်သာ လူသားမျိုးနွယ်သည် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ထို့နောက်တွင် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်မည် ဖြစ်သည့်အတွက်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလုံးစုံ နားလည်လာလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃)
အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်လျှောက်လုံးတွင် လုပ်ဆောင်ခဲ့သော အမှုအားလုံးသည် ယခုမှသာ အဆုံးတစ်ခုသို့ ရောက်လာပြီဖြစ်သည်။ ဤအမှုများအားလုံးကို လူသားထံ ထုတ်ဖော်ပြပြီး လူသားမျိုးနွယ်အလယ် ဆောင်ရွက်ပြီးသည့် နောက်တွင်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း အားလုံးတို့ကို သိလိမ့်မည် ဖြစ်သည်။ ဤအဆင့်၏ အမှု အပြည့်အဝ ပြီးစီးသည့်အခါတွင်၊ လူသား နားမလည်သည့် နက်နဲမှုအားလုံး ထုတ်ဖော်ပြပြီး ဖြစ်လိမ့်မည်၊ ယခင်က နားမလည်ခဲ့သော သမ္မာတရား အားလုံးသည် ရှင်းလင်းပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်အား ၎င်းတို့၏ အနာဂတ် လမ်းကြောင်းနှင့် ခရီးဆုံး ပန်းတိုင်တို့ကို ပြောပြပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ လက်ရှိခေတ်တွင် လုပ်ဆောင်ရမည့် အမှုတစ်ခုလုံး ဖြစ်သည်။ ယနေ့ လူသား လျှောက်လှမ်းသော လမ်းကြောင်းသည် ကားတိုင် လမ်းကြောင်းဖြစ်ပြီး ဆင်းရဲဒုက္ခနှင့်ဆိုင်သော လမ်းကြောင်း ဖြစ်သော်လည်း၊ ယနေ့ လူသား လက်တွေ့လုပ်ဆောင်သည့်အရာနှင့် သူစားသောက်ပြီး မွေ့လျော် ခံစားသည့်အရာတို့သည် ပညတ်တော်အောက်နှင့် ကျေးဇူးတော်ခေတ်ထဲတွင် လူသားကို ဖြစ်ပျက်ခဲ့သည့်အရာနှင့် အလွန် ကွာခြားပေသည်။ ဤနေ့တွင် လူသားအပေါ် တောင်းဆိုသည့် အရာသည် အတိတ်ကာလကနှင့် မတူသကဲ့သို့ ပညတ်တော်ခေတ်တွင် လူသားအပေါ် တောင်းဆိုသည့်အရာနှင့် ပို၍ပင် မတူညီပေ။ ဣသရေလ၌ ဘုရားသခင်က သူ၏အမှု လုပ်ဆောင်နေခဲ့ချိန် ပညတ်တော် အောက်တွင် လူသားအပေါ် အဘယ်အရာ တောင်းဆိုခဲ့ပါသနည်း။ ယင်းမှာ လူသားက ဥပုသ်နေ့နှင့် ယေဟောဝါ၏ ပညတ်တော်များကို ထိန်းသိမ်းသင့်သည်ဆိုသည်ထက် မပိုခဲ့ပေ။ မည်သူမျှ ဥပုသ်နေ့တွင် အလုပ်လုပ်ခြင်း သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို ဖောက်ဖျက်ခြင်း မလုပ်ခဲ့ကြပေ။ သို့ရာတွင် ယခု ထိုသို့ မဟုတ်ပေ။ ဥပုသ်နေ့တွင် လူသည် အလုပ်လုပ်သည်၊ စုဝေးပြီး ပုံမှန်အတိုင်း ဆုတောင်းသည်၊ ပြီးလျှင် မည်သည့် ကန့်သတ်မှုမှ သူ့အပေါ် ချမှတ်မထားပေ။ ကျေးဇူးတော်ခေတ်ထဲက လူများသည် ဗတ္တိဇံခံခဲ့ကြရပြီး၊ ၎င်းတို့ကို သူတို့ကို အစာရှောင်ရန်၊ မုန့်ချိုးဖဲ့ရန်၊ စပျစ်ရည် သောက်ရန်၊ ၎င်းတို့၏ ဦးခေါင်းများကို ဖုံးအုပ်ရန်နှင့် အခြားသူများ၏ ခြေများကို ဆေးကြောပေးရန် နောက်ထပ် စေခိုင်းခံခဲ့ရသည်။ ယခုတွင် ဘုရားသခင်၏ အမှုသည် ယခင်ထက် တိုး၍ နက်ရှိုင်းလာပြီး လူသား၏ ဝင်ရောက်မှုသည် ပိုမို မြင့်မားလာခဲ့သည့်အတွက်၊ ဤစည်းမျဉ်းများကို ပယ်ဖျက်ထားပြီးဖြစ်သော်လည်း၊ လူသားနှင့်ပတ်သက်၍ သာ၍ ကြီးမားသော တောင်းဆိုမှုများ ပြုထားပေသည်။ အတိတ်တွင် ယေရှုသည် လူသား အပေါ် သူ၏ လက်ကိုတင်၍ ဆုတောင်းခဲ့သော်လည်း၊ ယခုအခါ အရာရာကို ပြောထားပြီးဖြစ်ရာ၊ လက်များတင်ခြင်းသည် အဘယ်အသုံးဝင်ပါသနည်း။ နှုတ်ကပတ်တော်များ တစ်ခုတည်းဖြင့် ရလဒ်များကို ရရှိနိုင်သည်။ အတိတ်က သူသည် လူသားအပေါ် လက်တင်ခဲ့ချိန်တွင်၊ လူသားကို ကောင်းချီးပေးရန်နှင့် သူ၏ အနာရောဂါများကို ငြိမ်းစေရန်လည်း ဖြစ်ခဲ့သည်။ ဤသည်မှာ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခဲ့ပုံ ဖြစ်ခဲ့သော်လည်း၊ ယခုအခါ ထိုသို့ မဟုတ်ချေ။ ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ရန်နှင့် ရလဒ်များ စွမ်းဆောင်ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူ၏ နှုတ်ကပတ်တော်များကို သင်တို့အဖို့ ရှင်းလင်းစေပြီးဖြစ်သကဲ့သို့၊ သင်တို့သည် သင်တို့ကို ပြေားထားပြီးသည့်အတိုင်းပင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်ပေသည်။ သူ၏ နှုတ်ကပတ်တော်များသည် သူ၏ အလိုဖြစ်သည်။ ယင်းတို့သည် သူလုပ်ဆောင်လိုသည့် အလုပ်ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သင်သည် သူ၏ အလိုနှင့် ကြိုးပမ်းရရှိဖို့ သူက သင့်ကို စေခိုင်းသည့်အရာကို သင် နားလည်လိမ့်မည်ဖြစ်ပြီး၊ လက်တင်ရန် လိုအပ်မှုတစ်ခုတစ်လေ မရှိဘဲ၊ သူ၏ နှုတ်ကပတ်တော်များကို သင်သည် တိုက်ရိုက်သာ လက်တွေ့လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပေသည်။ အချို့က “ကိုယ်တော်၏ လက်ကို ကျွန်ုပ်အပေါ်သို့ တင်ပါ။ ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် ရရှိနိုင်ဖို့နှင့် ကိုယ်တော့်ကို ကျွန်ုပ်အပေါ်သို့ တင်တော်မူပါ။”ဟု ပြောကောင်းပြောနိုင်သည်။ ဤအရာအားလုံးမှာ အတိတ်က ခေတ်မမီတော့သော အလေ့အထများ ဖြစ်ပြီး ခေတ်ပြောင်းလာပြီး ဖြစ်သည့်အတွက် ယခုအခါ အသုံးမဝင်တော့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကြုံရာကျပန်း အလုပ် မလုပ်သကဲ့သို့၊ ချမှတ်ထားသော စည်းမျဉ်းများအရလည်း အလုပ်မလုပ်ဘဲ၊ ခေတ်နှင့်အညီ အလုပ်လုပ်သည်။ ခေတ်က ပြောင်းလဲပြီးဖြစ်သကဲ့သို့၊ ခေတ်သစ်သည် ယင်းနှင့်အတူ အမှုသစ်ကို သေချာပေါက် ယူဆောင်လာပေသည်။ ဤသည်မှာ အမှု၏ အဆင့်တိုင်းနှင့်သက်ဆိုင်၍ မှန်ကန်သောကြောင့် သူ၏ အမှုကို မည်သည့်အခါမျှ ထပ်မကျော့ပေ။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် နာမကျန်းမှုကို အနာငြိမ်းစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ လူအတွက် ဆုတောင်းပေးရန်နှင့် လူကို ကောင်းချီးပေးရန် သူ့အပေါ် လက်ကို တင်ခြင်းတို့ကဲ့သို့သော အလုပ်မျိုးကို ပမာဏအတော်အတန် လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် မျက်မှောက်ခေတ်တွင် ထိုသို့ တစ်ဖန်လုပ်ဆောင်ရန်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ချေ။ ယင်းသည် ကျေးဇူးတော်ခေတ် ဖြစ်ခဲ့ပြီး လူသားအတွက် မွေ့လျော်ရန် လုံလောက်သော ကျေးဇူးတော်ရှိခဲ့သည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအချိန်က ထိုနည်းလမ်းဖြင့် အလုပ်လုပ်ခဲ့သည်။ လူသားထံမှ မည်သည့် ပေးဆပ်မှုမျိုးကိုမျှ မတောင်းဆိုခဲ့သကဲ့သို့၊ သူ့တွင် ယုံကြည်ခြင်း ရှိခဲ့သရွေ့ ကျေးဇူးတော် ရရှိမည် ဖြစ်သည်။ အားလုံးသည် အလွန် ကျေးဇူးပြုခြင်းဖြင့် ဆက်ဆံ ခံခဲ့ကြရသည်။ ယခုတွင် ခေတ်ပြောင်းသွားပြီဖြစ်ပြီး ဘုရားသခင်၏ အမှုသည် နောက်ထပ် ရှေ့ဆက်တိုးတက်ပြီးဖြစ်သည်။ လူသား၏ ပုန်ကန်မှုနှင့် ၎င်း၏ အတွင်းရှိ မသန့်ရှင်းသည့်အရာများကို သန့်စင်ပစ်စေသည်မှာ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖြစ်သည်။ ယင်းအဆင့်သည် ရွေးနုတ်ခြင်း၏ အဆင့်ဖြစ်လျက်၊ လူသည် အပြစ်မှ ရွေးနုတ်ခံရကာ ကျေးဇူးတော်အားဖြင့် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားအတွက် မွေ့လျော်ခံစားဖို့ လုံလောက်သော ကျေးဇူးတော်ကို ပြသရင်း ထိုနည်းလမ်းဖြင့် အမှုပြုအပ်ခဲ့သည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်သည် ကယ်တင်ခံရဖို့အလို့ငှာ၊ ဤလက်ရှိအဆင့်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ နှုတ်ကပတ်တော်များ၏ ပြင်းစွာရိုက်နှက်ခြင်းအပြင် နှုတ်ကပတ်တော်များ၏ ပဲ့ပြင် ဆုံးမခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့အားဖြင့် လူသားအတွင်းရှိ မဖြောင့်မတ်မှုများကို ဖော်ထုတ်ပေသည်။ ဤသည်မှာ ရွေးနုတ်ခြင်းထက် သာ၍ ခြေခြေမြစ်မြစ်ရှိသော အမှု ဖြစ်သည်။ ကျေးဇူးတော်ခေတ်ထဲက ကျေးဇူးတော်သည် လူသား၏ မွေ့လျော်ခံစားခြင်းအတွက် လုံလောက်ခဲ့သည်။ ယခုတွင် လူသားသည် ဤကျေးဇူးတော်ကို မွေ့လျော်ခံစားနှင့်ပြီးဖြစ်ရာ၊ သူသည် ယင်းကို မွေ့လျော်ခံစားရဖို့ မရှိတော့ပေ။ ဤအမှုသည် ယင်း၏ အချိန်ကာလကို လွန်သွားပြီဖြစ်သကဲ့သို့ လုပ်ဆောင်ရန် မဟုတ်တော့ပေ။ ယခုတွင် လူသည် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းခံရဖို့ ဖြစ်သည်။ လူသည် တရားစီရင်ခံရပြီးနောက်၊ ပြစ်တင်ဆုံးမခံရကာ စစ်ဆေးခံရပြီးသည့်နောက်တွင်၊ သူ၏ စိတ်သဘောထားသည် ထိုသို့ဖြင့် ပြောင်းလဲသွားပေသည်။ ဤသည်မှာ ငါပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များကြောင့် ဖြစ်သည် မဟုတ်လော။ အမှု၏ အဆင့်အသီးသီးသည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ တိုးတက်မှုနှင့် ခေတ်တို့နှင့် အညီ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အမှုသည် လုံးလုံး အရေးပါပြီး၊ လူသားမျိုးနွယ်အနေဖြင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု အနာဂတ်တွင် ရှိနိုင်ဖို့ရန်နှင့် လူသားမျိုးနွယ်သည် အဆုံးတွင် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်ဖို့အလို့ငှာ နောက်ဆုံးသော ကယ်တင်ခြင်းအတွက် အားလုံးကို လုပ်ဆောင်ခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄)
သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် အဆင့်အသီးသီးတွင်၊ လူသား၏ သက်သေခံချက်လည်း လိုအပ်ပေသည်။ လုပ်ဆောင်ချက် အဆင့်အသီးသီးသည် ဘုရားသခင်နှင့် စာတန်အကြား တိုက်ပွဲတစ်ခုဖြစ်ပြီး၊ တိုက်ပွဲ၏ ပစ်မှတ်မှာ စာတန် ဖြစ်သော်လည်း၊ ဤအမှုအားဖြင့် စုံလင်စေခြင်းခံရမည်မှာ လူသား ဖြစ်သည်။ ဘုရားသခင်၏ အမှုက အကျိုးဖြစ်ထွန်းသည်၊ မဖြစ်ထွန်းသည်မှာ ဘုရားသခင်အဖို့ လူ၏ သက်သေခံချက် နည်းဟန်အပေါ် မူတည်သည်။ ဤသက်သေခံချက်သည် သူ့နောက်လိုက်သူများနှင့်သက်ဆိုင်သည့် ဘုရားသခင် တောင်းဆိုသော အရာဖြစ်သည်။ ယင်းသည် စာတန်ရှေ့မှောက်တွင် ပြုလုပ်သည့် သက်သေခံချက ဖြစ်ပြီး၊ သူ၏ အမှု အကျိုးတရားနှင့်ဆိုင်သည့် သက်သေလည်း ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားပြီး၊ အဆင့်အသီးသီးတွင်၊ သင့်တော်သည့် သတ်မှတ်ချက်များကို လူသားအပေါ် ပြုလုပ်ထားလေသည်။ ထို့အပြင် ခေတ်များကုန်လွန်ပြီး တိုးတက်သည်နှင့်အမျှ၊ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ယခင်ထက် သာ၍ မြင့်မားလာသည်။ ထို့ကြောင့် တစ်ဆင့်ပြီးတစ်ဆင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲခြင်း အမှုသည် လူသားက “လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်း” နှင့်ဆိုင်သည့် အမှန်တရားကို ရှုမြင်သည်အထိ၊ ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ဤနည်းဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များသည် လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကဲ့သို့၊ သာ၍ပင် မြင့်မားလာလေသည်။ လူသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိလေ၊ ဘုရားသခင်ကို သာ၍ ဘုန်းထင်ရှားစေလေ ဖြစ်သည်။ လူသား၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် သူ သက်သေခံရန်လိုအပ်သည့် သက်သေခံချက်ဖြစ်ပြီး၊ သူ သက်သေခံသည့် သက်သေခံချက်သည် လူ၏ လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုက ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိသည်၊ မရှိသည်၊ ပြီးလျှင် စစ်မှန်သည့် သက်သေခံချက် ရှိနိုင်သည်၊ မရှိနိုင်သည်မှာ လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်သေခံချက်တို့နှင့် ခွဲခြားမရဘဲ ဆက်နွှယ်ပေသည်။ အမှု ပြီးစီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ယင်း၏ အဆုံးသတ်သို့ ရောက်ရှိသည့် အချိန်တွင်၊ လူသားသည် ပိုမိုမြင့်မားသည့် သက်သေခံချက်ကို ပြုလုပ်ရန် သက်သေခံရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့သည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။ ယခင်က လူသားသည် ပညတ်တော်များ၊ ပညတ်ချက်များကို လိုက်နာရန် လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံကာ စိတ်နှိမ့်ချရန် လိုအပ်ခဲ့သည်။ ယနေ့တွင် လူသားအနေဖြင့် ဘုရားသခင်၏ စီစဉ်မှုအားလုံးကို လိုက်နာရန် လိုအပ်ပြီး၊ ဘုရားသခင်အပေါ် အမြင့်ဆုံး ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရန် လိုအပ်သကဲ့သို့၊ နောက်ဆုံးတွင် ဆင်းရဲဒုက္ခအလယ်တွင် ဘုရားသခင်ကို ချစ်နေဆဲဖြစ်ဖို့ လိုအပ်လေသည်။ ဤအဆင့်သုံးဆင့်သည် သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံး တစ်လျှောက် ဘုရားသခင်က လူသားအပေါ် တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်သော သတ်မှတ်ချက်များ ဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်ထက် ပိုနက်ရှိုင်းသွားပြီး၊ အဆင့်အသီးသီးတွင် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ပြီးခဲ့သည့်အဆင့်ကထက်ပို၍ နက်နဲလာကာ၊ ဤသို့ဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။ ယင်းမှာ အတိအကျအားဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ယခင်ထက် သာ၍ မြင့်မားလာသည်မှာ လူသား၏ စိတ်သဘောထားသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာသောကြောင့် ဖြစ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏ အမှုက စုံလင်သည့် အဆုံးသတ်တစ်ခုသို့ ရောက်လာချိန် လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်အထိ၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ တဖြည်းဖြည်း စတင် ထွက်ခွာလေသည်။ ထိုအချိန် ရောက်ရှိလာသည့်အခါ၊ ဘုရားသခင်၏ အမှုသည် အဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားက သူ၏စိတ်သဘောထား၌ ပြောင်းလဲမှုများ ရရှိရန်အလို့ငှာ ဘုရားသခင်နှင့် လူသား၏ ပူးပေါင်းဆောင်ရွက်မှုသည် နောက်ထပ်ရှိတော့မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ကာ၊ ထိုအချိန်မှစ၍ ဘုရားသခင်ကို ပုန်ကန်ခြင်းများ သို့မဟုတ် ဆန့်ကျင်ခြင်းများ ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည်လည်း လူသားနှင့်သက်ဆိုင်သည့် တောင်းဆိုမှုများ ပြုလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုက လုံးဝ ပြီးဆုံးပြီးနောက်နှင့် လူသားသည် စာတန်၏ လက်ခုပ်တွင်းမှ ဘုရားသခင်၏ ကယ်တင်ခြင်းခံရပြီးသည့်နောက် ဖြစ်လာမည့် အသက်တာဖြစ်သော၊ လူသားနှင့် ဘုရားသခင်တို့ အတူတကွ သက်ဆိုင်သည့် အသက်တာဖြစ်မည့်၊ လူနှင့် ဘုရားသခင်ကြားက သာ၍ သဟဇာတဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခု ရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ မလိုက်လျှောက်နိုင်သူများသည် ထိုသို့သော အသက်တာတစ်ခုကို ရရှိနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ငိုကြွေးကာ အံသွားခဲကြိတ်နေရမည့် အမှောင်ထဲသို့ မိမိတို့ကိုယ်တိုင် ဆင်းကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့နောက်မလိုက်သူများ၊ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏ အမှုအားလုံးကို မနာခံသူများ ဖြစ်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၅)
စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး တစ်လျှောက်တွင်၊ အရေး အကြီးဆုံးအမှုမှာ စာတန်၏စွမ်းအားမှ လူသားကို ကယ်တင်ရန် ဖြစ်သည်။ အဓိကအမှုမှာ ဖောက်ပြန်ပျက်စီးနေသော လူသားကို လုံးဝ သိမ်းပိုက်ခြင်း ဖြစ်သည်၊ ထိုသို့ဖြင့် သိမ်းပိုက်ခြင်းခံရသော လူသား၏နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မူလရိုသေလေးမြတ်မှုကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းနှင့် လူသားကို သူ၏ပုံမှန်အသက်တာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ ပုံမှန်အသက်တာကို ရရှိခွင့်ပေးခြင်း ဖြစ်သည်။ ဤအမှုသည် အရေးပါလှပြီး၊ စီမံခန့်ခွဲခြင်း အမှု၏ ဗဟိုချက်ဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်တွင် ပညတ်တော်ခေတ်၏ အမှုနှင့် သက်ဆိုင်သော ပထမအဆင့်သည် စီမံခန့်ခွဲခြင်း အမှု၏ဗဟိုချက်နှင့် အလှမ်းကွာဝေး၏။ ယင်းသည် ကယ်တင်ခြင်းအမှု၏ အသွင်သဏ္ဌာန် အနည်းငယ်သာ ရှိပြီး စာတန်၏အုပ်စိုးမှုမှ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှု အစမဟုတ်ပေ။ ပညတ်တော်အောက်တွင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ သိရှိကြပြီး သာ၍ များသော သမ္မာတရား မရှိခဲ့ကြသောကြောင့်၊ ပြီးလျှင် ပညတ်တော်ခေတ်ထဲက အမှုသည် စာတန်၏အုပ်စိုးမှုမှ လူသားကို ကယ်တင်ပုံနှင့် သက်ဆိုင်သည့် အမှုနှင့်ပတ်သက်ရန် မဆိုထားနှင့်၊ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်းများ ပါဝင်မှု မရှိသလောက် ဖြစ်သောကြောင့်၊ အမှု၏ ပထမအဆင့်ကို ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခဲ့သည်။ ထိုသို့ဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်မပတ်သက်သော အလွန့်အလွန် ရိုးရှင်းသည့် ဤအမှုအဆင့်ကို လုပ်ဆောင်ပြီးစီးခဲ့သည်။ ဤအမှုအဆင့်သည် စီမံခန့်ခွဲခြင်း ဗဟိုချက်နှင့် ပတ်သက်မှု နည်းပါးပြီး၊ လူသား၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် တရားဝင်အမှုနှင့် ကြီးမားသော ဆက်စပ်မှု မရှိပေ၊ ထို့ကြောင့် ဘုရားသခင်အနေဖြင့် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လူ့ဇာတိခံယူဖို့ မလိုအပ်ခဲ့ပေ။ ဝိညာဉ်တော်က လုပ်ဆောင်သော အမှုသည် သွယ်ဝိုက်ပြီး၊ နားလည်၍ မရနိုင်သကဲ့သို့၊ ယင်းသည် လူသားအဖို့ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းပြီး ချဉ်းကပ်၍ မရနိုင်ပေ။ ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမှုကို တိုက်ရိုက် လုပ်ဆောင်ခြင်းနှင့် မသင့်တော်သကဲ့သို့၊ လူသားထံ အသက်ကို တိုက်ရိုက် ထောက်ပံ့ပေးရန် မသင့်တော်ပေ။ လူသားအတွက် အသင့်တော်ဆုံးမှာ ဝိညာဉ်တော်၏အမှုကို လူသားနှင့် နီးစပ်သည့် ချဉ်းကပ်နည်း တစ်ခုအဖြစ်သို့ အသွင်ပြောင်းရန် ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် အသင့်လျော်ဆုံးအရာမှာ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် ရိုးရိုး ပုံမှန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ပေတည်း။ ဤအရာက သူ၏ အမှုတွင် ဝိညာဉ်တော်၏နေရာကို ယူရန် ဘုရားသခင်သည် လူ့ဇာတိခံဖို့ လိုအပ်ပြီး၊ လူသားအတွက် ဘုရားသခင်အနေဖြင့် အမှုပြုရန် ထိုထက်ပို၍ သင့်တော်သော နည်းလမ်း မရှိတော့ပေ။ အမှု၏ ဤအဆင့်သုံးဆင့်ထဲတွင် အဆင့်နှစ်ဆင့်ကို လူ့ဇာတိက လုပ်ဆောင်ပြီး၊ ဤအဆင့်နှစ်ဆင့်သည် စီမံခန့်ခွဲခြင်း အမှု၏ အဓိကသော့ချက်အဆင့်များ ဖြစ်သည်။ လူ့ဇာတိခံယူခြင်း နှစ်ခုသည် နှစ်ဦးနှစ်ဖက် လိုက်ဖက်ညီကာ နှစ်ဦးနှစ်ဖက် လုံးဝ ပြည့်စုံစေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ပထမအဆင့်သည် ဒုတိယ အဆင့်အတွက် အခြေခံအုတ်မြစ်ကို ခင်းပေးပြီး၊ ယင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ခုသည် တစ်လုံးတစ်ဝတည်း ဖြစ်ကာ၊ အချင်းချင်း သဟဇာတမဖြစ်ခြင်းမရှိဟု ဆိုနိုင်သည်။ ဘုရားသခင့် အမှု၏ ဤအဆင့် နှစ်ဆင့်သည် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးအတွက် အလွန် အရေးကြီးသောကြောင့်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ဆောင်ရွက်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ခုနှင့်ဆိုင်သည့် အမှုမရှိဘဲနှင့်၊ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးသည် ရပ်တန့်သွားမည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် အနှစ်မဲ့သည့် စကားသာ ဖြစ်သွားမည်ဟု ပြော၍ရလုနီးနီး ဖြစ်သည်။ ဤအမှု အရေးကြီးသည် မကြီးသည်ဆိုသည်မှာ လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ်၊ လူသားမျိုးနွယ်၏ အကျင့်ပျက်ပြားခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားနှင့် စာတန်၏ မနာခံမှုနှင့် အမှုကို ၎င်း၏ နှောင့်ယှက်မှု ပြင်းထန်ခြင်းတို့အပေါ် အခြေခံသည်။ ဤအမှုကို လုပ်ဆောင်ဖို့လိုလားသည့် သင့်တော်သောသူကို အလုပ်လုပ်သူအားဖြင့် ထမ်းဆောင်သည့် အမှု၏သဘာဝနှင့် အမှု၏ အရေးပါမှုတို့အပေါ်တွင် ကြိုတင်ခန့်မှန်းရပေသည်။ ဤအမှု၏ အရေးကြီးမှုနှင့် ပတ်သက်လာသည့်အခါ- ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူသားမှတစ်ဆင့် လုပ်ဆောင်သောအမှု- အမှုနှင့်ဆိုင်သည့် ခံယူရမည့် နည်းစနစ်အရ၊ ပထမဆုံး ဖယ်ရှားရမည်မှာ လူသားမှတစ်ဆင့် လုပ်ဆောင်သော အမှုဖြစ်ပြီး၊ အမှု၏သဘာဝ၊ ဝိညာဉ်တော်အမှုနှင့် လူ့ဇာတိ၏ အမှု၏ သဘာဝတို့အပေါ် အခြေခံ၍၊ လူသားအတွက် လူ့ဇာတိဖြင့် လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်သော အမှုထက် ပို၍ အကျိုးရှိပြီး၊ သာ၍ အကျိုးကျေးဇူးများ ပေးသည်ကို နောက်ဆုံးတွင် ဆုံးဖြတ်လေသည်။ ဤသည်မှာ အမှုကို ဝိညာဉ်တော်ဖြင့် လုပ်ဆောင်မည်၊ သို့မဟုတ် လူ့ဇာတိဖြင့် လုပ်ဆောင်မည်ကို ဆုံးဖြတ်ချိန် ထိုအချိန်က ဘုရားသခင်၏အကြံအစည် ဖြစ်သည်။ အမှု၏အဆင့် အသီးသီးအဖို့ အရေးပါမှုနှင့် အခြေခံတို့ရှိသည်။ ယင်းတို့သည် အခြေအမြစ် မရှိသော စိတ်ကူးစိတ်သန်းများ မဟုတ်သကဲ့သို့၊ ထင်ရာမြင်ရာ ဆောင်ရွက်ခြင်း မဟုတ်ပေ။ ယင်းတို့အဖို့ တိကျသေချာသော ဉာဏ်ပညာတစ်ခု ရှိပေသည်။ ယင်းသည် ဘုရားသခင်၏ အမှုအားလုံး နောက်ကွယ်မှ အမှန်တရား ဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံ ဘုရားသခင်က လူသားအလယ် ကိုယ်တိုင်ကိုယ်ကျ အမှုပြုခြင်းကဲ့သို့သော ကြီးမားသည့် အမှုတစ်ခုတွင် ဘုရားသခင်၏ အစီအစဉ် သာ၍ပင် ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ဖြစ်ခြင်း အလုံးစုံတို့သည် သူ၏ အမှုထဲက လုပ်ရပ်တိုင်း၊ အကြံအစည်တိုင်းနှင့် စိတ်ကူးတိုင်းတို့တွင် ထင်ဟပ်သည်။ ဤသည်မှာ သာ၍ ခိုင်လုံပြီး စနစ်ကျသော ဘုရားသခင်၏ ဖြစ်တည်ခြင်း ဖြစ်သည်။ ဤသိမ်မွေ့သော အကြံအစည်များနှင့် စိတ်ကူးများသည် လူသားအတွက် စိတ်ကူးရန် ခက်ခဲပြီး၊ ယုံကြည်ရန် ခက်ခဲကာ၊ ထို့အပြင် လူသားအတွက် သိရှိရန် ခက်ခဲပေသည်။ လူသားက လုပ်ဆောင်သောအမှုသည် လူသားအတွက် အလွန် စိတ်ကျေနပ်ဖွယ် ဖြစ်သော ယေဘုယျ အခြေခံသဘောတရားအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်ပါက၊ အလွန် ကြီးမားသော ကွာဟချက်တစ်ခု တကယ်ကို ရှိပေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ကြီးမြတ်ပြီး၊ ဘုရားသခင်၏အမှုသည် ခမ်းနားကြီးကျယ်သော အတိုင်းအတာတစ်ခု ရှိသော်လည်း၊ ယင်းတို့နောက်ကွယ်တွင် လူသားအဖို့ မတွေးတတ်သည့် သေးငယ်ပြီး တိကျသော စီမံချက်များနှင့် အစီအစဉ်များစွာ ရှိလေသည်။ သူ၏အမှု အဆင့်တိုင်းကို အခြေခံသဘောတရားအတိုင်း ဆောင်ရွက်ထားခြင်း ဖြစ်သည်သာမက၊ အဆင့်အသီးသီးသည် လူ့ဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်း ပြောဆို၍ မရနိုင်သည့်အရာများစွာ ပါဝင်ကာ၊ ဤသည်တို့မှာ လူသားဖို့ မြင်၍မရနိုင်သည့် အရာများဖြစ်သည်။ ဝိညာဉ်တော်၏အမှု ဖြစ်စေ၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏အမှု ဖြစ်စေ အသီးသီးသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အစီအစဉ်များ ပါရှိသည်။ ဘုရားသခင်သည် အခြေအမြစ် မရှိဘဲ အမှုမပြုသကဲ့သို့၊ အရေးမပါသော အမှုကို မလုပ်ဆောင်ပေ။ ဝိညာဉ်တော်သည် တိုက်ရိုက် အလုပ်လုပ်သောအခါတွင်၊ ယင်းသည် သူ၏ပန်းတိုင်များဖြင့် ဖြစ်ပြီး၊ အမှုပြုရန် သူလူ့ဇာတိခံယူချိန်တွင် (ဆိုလိုသည်မှာ သူ၏ပြင်ပအကာကို အသွင်ပြောင်းချိန်တွင်)၊ ယင်းသည် သာ၍ပင် သူ၏ ရည်ရွယ်ချက်များဖြင့် ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် သူ၏ ပင်ကိုလက္ခဏာကို အဘယ်ကြောင့်များ လိုလိုလားလား ပြောင်းလဲမည်နည်း။ သို့မဟုတ်ပါက အဘယ်ကြောင့်များ သူသည် နိမ့်ကျသကဲ့သို့ မှတ်ယူခံရပြီး နှိပ်စက်ညှဉ်းပန်းခံရသည့် လူတစ်ယောက် ဖြစ်လာမည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆)
ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်း တစ်ခု ဖြစ်ပျက်ရန် လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။ ယခုအဆင့်၏ အမှုကို ကျေးဇူးတော်ခေတ်အမှု၏ အုတ်မြစ်ပေါ်တွင် အခြေခံလုပ်ဆောင်ထားခြင်း ဖြစ်သည်။ အကယ်၍ အမှု၏ ဤအဆင့်နှစ်ခုသည် ဆက်စပ်မှုမရှိလျှင် ကားတိုင်ပေါ်၌ အသေခံခြင်းသည် ယခုအဆင့်တွင် အဘယ်ကြောင့် ပြန်လည်၍ မဖြစ်လာသနည်း။ ငါသည် လူသား၏အပြစ်များကို သယ်ဆောင်ခြင်းမပြုဘဲ၊ ထိုအစား လူသားကို တိုက်ရိုက်တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် ငါကြွလာသည်မှာ အဘယ်ကြောင့်နည်း။ အကယ်၍ ယခု ငါ၏ ကြွလာခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်း မဟုတ်သည့်အတွက်၊ လူသားများကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်ဖြစ်သည့် ငါ၏အမှုသည် ကားတိုင်ပေါ်တွင် အသေခံခြင်းကို ခြေရာခံမလိုက်ပါက၊ ငါသည် လူသားကို ပြစ်တင်ဆုံးမရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ငါသည် ယေရှုနှင့် တစ်ကိုယ်တည်းဖြစ်သောကြောင့်သာလျှင် လူသားများကို ပြစ်တင်ဆုံးမဖို့ရန်နှင့် တရားစီရင်ရန်အလို့ငှာ ငါသည် တိုက်ရိုက်ကြွလာခြင်းဖြစ်သည်။ ဤအဆင့်၏အမှုကို ယခင်အဆင့်၏ အမှုအပေါ်တွင် လုံးလုံးလျားလျားတည်ဆောက်ထားသည်။ ထို့အတွက်ကြောင့် ဤအမှုမျိုးကသာလျှင် လူသားများကို ကယ်တင်ခြင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ပို့ဆောင်နိုင်ခြင်းဖြစ်သည်။ ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့လုပ်ဆောင်သည့် အကြောင်းအရာနှင့် ငါတို့လုပ်ဆောင်သော အမှုသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ ဇာတိခန္ဓာတို့သည် ခြားနားသော ပုံသဏ္ဌာန်များကို ဆောင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ အပြောင်းအလဲနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့ မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ အမှုတော်များသည် တူညီမှုမရှိပေ၊ ထို့ကြောင့် ငါတို့ဖော်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထုတ်ဖော်ပြသသော စိတ်သဘောထားသည်လည်း ခြားနားလေသည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများမြင်သောအရာနှင့် နားလည်သောအရာသည် အတိတ်ကကဲ့သို့ မဟုတ်တော့ချေ၊ ယင်းသို့ဖြစ်ရခြင်းမှာ ခေတ်ကာလ အပြောင်းအလဲကြောင့်ဖြစ်သည်။ သူတို့၏ လိင်အမျိုးအစားနှင့် သူတို့ဇာတိခန္ဓာများ၏ ပုံသဏ္ဌာန်သည် ကွဲပြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် သာမက၊ အချိန်ကာလတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်လင့်ကစား သူတို့၏ဝိညာဉ်များသည် တစ်ပါးတည်းပင်ဖြစ်သည်။ သူတို့၏ဇာတိခန္ဓာများသည် မျိုးရိုး၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်သွေးသားတော်စပ်မှုမျိုးမျှ မရှိလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်ခံယူထားသော ဇာတိခန္ဓာများ ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောသွေးသားမျိုးရိုးမှ မဟုတ်သည့်အပြင် လူတို့၏ဘုံဘာသာစကား တစ်ခုတည်းကို အတူမပြောသော်လည်း (တစ်ဦးသည် ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည့် အမျိုးသားဖြစ်ပြီး၊ နောက်တစ်ဦးသည် တရုတ်ဘာသာစကားကိုသာ ပြောသည့် အမျိုးသမီးဖြစ်သည်) သူတို့သည် ဘုရားသခင် ခံယူထားသည့် ဇာတိခန္ဓာများဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် အမှန်တရားပင်ဖြစ်သည်။ ဤအကြောင်းရင်းများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံများတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် အမှုကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်သည် အတူတူပင်ဖြစ်ပြီး၊ သူတို့သည် တူညီသော အနှစ်သာရတို့ကို ပိုင်ဆိုင်ကြသော်ငြားလည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ပန်းသဏ္ဌာန်တို့အကြားတွင် တူညီမှုများဟူ၍ ဘာဆိုဘာမျှ မရှိပေ။ သူတို့၌ တူညီသော လူ့သဘာဝသာ ရှိကြသည်၊ သို့သော်လည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ရုပ်သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာအမှု၊ သို့မဟုတ် သူတို့အပေါ်ထားရှိသော လူသား၏သိခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ နောက်ဆုံးပိတ်ခြုံငုံဆန်းစစ်သော် သူတို့သည် တူညီသော ဝိညာဉ်တော်ပင်ဖြစ်ပြီး မည်သည့်အရာကမျှ သူတို့ကို ခွဲခြား၍မရနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် သွေးသားအရ ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ဝိညာဉ်တော်များ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသောအချိန်ကာလများတွင် မတူညီသောအမှုကို ခွဲခန့်ပေးပြီး၊ သူတို့၏ ဇာတိခန္ဓာများသည် မတူညီသော မျိုးရိုးများမှ ဖြစ်သည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသောဝိညာဉ်တော်ပင် ဖြစ်သည်။ ထိုနည်းတူစွာပင် ယနေ့ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုသည် သွေးသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်သကဲ့သို့ လူသားတို့အပေါ် ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကိုလည်း လုပ်ဆောင်နိုင်ပြီးလျှင်၊ လူသားများအပေါ် ကျိန်ဆဲသောအမှုကိုလည်း ပြုနိုင်သည်၊ အဆုံးတွင် သူသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးခြင်းနှင့် ဆိုးယုတ်သောသူများကို အပြစ်ဒဏ်ခတ်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာများအားလုံးကို သူကိုယ်တိုင်လုပ်ဆောင်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အတိုင်းအဆမဲ့တန်ခိုးပင် မဟုတ်သလော။ သူသည် လူသားအတွက် ဥပဒေသများကို ပြဋ္ဌာန်းခြင်းနှင့် လူသားအတွက် ပညတ်တော်များ ထုတ်ပြန်ခြင်း နှစ်ခုစလုံးကို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် သူသည် အစောပိုင်း ဣသရေလလူမျိုးများကို ကမ္ဘာကြီးပေါ်တွင် အသက်ရှင်နေထိုင်ရာ၌ ဦးဆောင်ပေးနိုင်ခဲ့ပြီး၊ သူ၏အုပ်စိုးမှုအောက်တွင် ဣသရေလလူမျိုးများကို ထိန်းသိမ်းထားပြီး ဗိမာန်တော်နှင့် ယဇ်ပလ္လင်များ တည်ဆောက်ဖို့ရန်အတွက် လမ်းပြပေးနိုင်ခဲ့သည်။ သူ၏အာဏာကြောင့် သူသည် ဣသရေလလူမျိုးများနှင့် ကမ္ဘာပေါ်တွင် နှစ်ပေါင်းနှစ်ထောင်တိုင်တိုင် နေထိုင်ခဲ့သည်။ ဣသရေလလူမျိုးများသည် သူ့ကို မပုန်ကန်ရဲခဲ့ပေ၊ ထိုသူအားလုံးတို့သည် ယေဟောဝါကို ကြောက်ရွံ့ပြီး သူ၏ပညတ်တော်များကို စောင့်ထိန်းခဲ့ကြသည်။ ထိုအရာမှာ သူ၏အာဏာနှင့် အနန္တတန်ခိုးကို အရင်းခံ၍ လုပ်ဆောင်ခဲ့သော အမှုဖြစ်သည်။ ထို့နောက် ကျေးဇူးတော်ခေတ်တွင် ယေရှုသည် ကျဆုံးသွားပြီးသော လူသားမျိုးနွယ်တစ်ရပ်လုံးကို (ဣသရေလလူမျိုးများသာမဟုတ်) ရွေးနုတ်ရန်အလို့ငှာ ကြွဆင်းလာခဲ့သည်။ သူသည် လူသားများကို သနားခြင်းနှင့် ချစ်ခြင်းကရုဏာကို ပြသခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူသားများ မြင်တွေ့ခဲ့ရသည့် ယေရှုသည် ချစ်ခြင်းကရုဏာနှင့် ပြည့်နှက်နေခဲ့ပြီး လူသားများကို အစဉ်အမြဲ ချစ်သောသူဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် လူသားမျိုးနွယ်ကို အပြစ်မှ ကယ်တင်ရန်အလို့ငှာ ကြွလာသောကြောင့်ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်အသေခံခြင်းသည် လူသားမျိုးနွယ်ကို အပြစ်မှ လုံးလုံးလျားလျား ရွေးနုတ်ခဲ့သည်အထိ လူသားများ၏ အပြစ်များကို သူခွင့်လွှတ်နိုင်ခဲ့သည်။ ထိုအချိန်ကာလတွင် ဘုရားသခင်သည် လူသားတို့၏ရှေ့တွင် သနားခြင်းနှင့် ချစ်ခြင်းကရုဏာတို့နှင့် ပေါ်ထွန်းလာခဲ့သည်၊ ဆိုလိုသည်မှာ သူသည် လူသားတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်ခဲ့ပြီး လူသားတို့ ထာဝရခွင့်လွှတ်ခြင်းကို ရရှိနိုင်ရန်အလို့ငှာ သူတို့၏ အပြစ်များအတွက် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ သူသည် သနားခြင်း၊ ကရုဏာ၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့် ပြည့်ဝခဲ့သည်။ ထို့ပြင် ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏နောက်သို့ လိုက်ခဲ့သောသူများသည်လည်း ထိုနည်းတူစွာ အရာရာ၌ သည်းခံနိုင်ပြီး ချစ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့၌ စိတ်ရှည်ခြင်းရှိပြီး၊ ရိုက်နှက်ခြင်း၊ ကျိန်ဆဲခြင်း၊ သို့မဟုတ် ခဲနှင့်ပေါက်ခြင်း ခံရသည့်အခါတွင်ပင် သူတို့သည် ဘယ်သောအခါမျှ ပြန်လည်မတိုက်ခိုက်ခဲ့ပေ။ သို့သော် နောက်ဆုံးသောအဆင့်တွင် ဤကဲ့သို့ မဟုတ်နိုင်တော့ပေ။ ယေရှုနှင့် ယေဟောဝါသည် ဝိညာဉ်တော်တစ်ပါးတည်းနှင့် ဆိုင်သော်လည်း သူတို့နှစ်ဦး၏ အလုပ်သည် အလုံးစုံ မတူညီပေ။ ယေဟောဝါ၏အမှုမှာ ခေတ်ကာလကို အဆုံးမသတ်ပေးခဲ့ပေ၊ ထိုအစား ကမ္ဘာပေါ်တွင်ရှိသည့် လူသားမျိုးနွယ်၏ အသက်တာကို စတင်လမ်းဖွင့်ပေးလျက် ခေတ်ကာလကို လမ်းပြခဲ့သည်။ ယနေ့ကာလ၏ အမှုမှာမူ အကြီးအကျယ် ဖောက်ပြန်ပျက်စီးနေသည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများတွင်ရှိနေသော သူများကို သိမ်းပိုက်ရန်အတွက်ဖြစ်ပြီး၊ တရုတ်ပြည်ရှိ ဘုရားသခင် ရွေးချယ်ထားသောသူများကိုသာမဟုတ်ဘဲ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်လမ်းပြဖို့ရန်အတွက်ပင်ဖြစ်သည်။ ဤအမှုကို တရုတ်တစ်နိုင်ငံထဲတွင်သာ လုပ်ဆောင်နေသည်ဟု သင့်အတွက် ထင်ကောင်းထင်ရပေမည်၊ သို့သော်လည်း အမှန်တကယ်တွင်မူ ထိုအမှုသည် တိုင်းတစ်ပါးသို့ စတင်ပျံ့နှံ့လျက် ရှိနေပြီးဖြစ်သည်။ တရုတ်နိုင်ငံပြင်ပမှ လူများသည် စစ်မှန်သော လမ်းခရီးကို အဘယ့်ကြောင့် အထပ်ထပ်အခါခါ ဖွေရှာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်သည် အားထုတ်ဆောင်ရွက်နေပြီးသားဖြစ်ပြီး၊ ယနေ့ပြောသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးရှိ လူသားများအတွက် ရည်ညွှန်းထားသောကြောင့်ဖြစ်သည်။ ဤသို့အားဖြင့် အမှု၏တစ်ဝက်ကို လုပ်ဆောင်နေပြီဖြစ်သည်။ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည့်အချိန်မှစပြီး လက်ရှိကာလအထိ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအမှုကြီးကို စတင်လှုပ်ရှားစေခဲ့ပြီ ဖြစ်သည်၊ ထို့ပြင် ခြားနားသော ခေတ်ကာလများအတွင်းနှင့် ကွဲပြားသော တိုင်းနိုင်ငံများအကြားတွင် ကွဲပြားခြားနားသော အမှုကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ခေတ်ကာလအသီးသီး၏ လူသားများသည် ဘုရားသခင်၏ ကွဲပြားခြားနားသော စိတ်သဘောထားတစ်ခုကို မြင်တွေ့ခဲ့ကြရပြီး၊ ယင်းကို သူလုပ်ဆောင်သော ကွဲပြားခြားနားသည့် အမှုမှတစ်ဆင့် အလိုအလျောက် ထုတ်ဖော်ထားခြင်းဖြစ်သည်။ သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာ ပြည့်ဝနေသည့် ဘုရားသခင်ဖြစ်သည်။ သူသည် လူသားအတွက် အပြစ်ဖြေရာယဇ်ဖြစ်ပြီး လူသား၏ သိုးထိန်းလည်းဖြစ်သည်။ သို့သော်လည်း သူသည် လူသားများ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းလည်း ဖြစ်သည်။ သူသည် လူသားများ ကမ္ဘာကြီးပေါ်တွင် နှစ်ပေါင်းနှစ်ထောင် အသက်ရှင်နေထိုင်ရန် ဦးဆောင်လမ်းပြပေးနိုင်ခဲ့ပြီး ဖောက်ပြန်ပျက်စီးနေသည့် လူသားမျိုးနွယ်ကိုလည်း အပြစ်မှ ရွေးနုတ်ပေးနိုင်ခဲ့သည်။ ယနေ့ သူသည် သူ့ကိုမသိသည့် လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ပြီး၊ အားလုံးက သူ့ကို အပြည့်အဝ ကျိုးနွံနာခံရန်အလို့ငှာ သူတို့ကို သူ၏ အုပ်စိုးခြင်းအောက်သို့ ပျပ်ဝပ်စေနိုင်သည်။ အဆုံးတွင် ဘုရားသခင်သည် လူတို့ကို သူသည် သနားခြင်းနှင့် ချစ်ခြင်းကရုဏာနှင့်ပြည့်သော ဘုရားသခင်သာ မဟုတ်သည်ကိုလည်းကောင်း၊ ဉာဏ်ပညာနှင့် အံ့သြဖွယ်ရာများပြည့်သော ဘုရားသခင်သာမဟုတ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသော ဘုရားသခင်သာ မဟုတ်သည်သာမက လူသားကို တရားစီရင်သော ဘုရားသခင်လည်းဖြစ်ကြောင်းကိုလည်းကောင်း ပြသရန်အတွက် စကြဝဠာတစ်ခုလုံးရှိ လူသားတို့အထဲတွင် ရှိနေသည့် မစင်ကြယ်သည့်အရာများနှင့် မဖြောင့်မတ်သည့်အရာအားလုံးတို့ကို မီးရှို့ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်အကြားတွင်ရှိသည့် ဆိုးယုတ်သည့် သူများအတွက် သူသည် မီးရှို့ဖျက်ဆီးခြင်း၊ တရားစီရင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းပင်ဖြစ်ပြီး၊ စုံလင်စေခြင်း ခံရမည့်သူများအတွက်မူ သူသည် ဆင်းရဲဒုက္ခ၊ စစ်ဆေးပြုပြင်ခြင်းနှင့် စမ်းသပ်ခြင်းတို့ ဖြစ်သည်သာမက နှစ်သိမ့်ခြင်း၊ အစာအာဟာရ၊ နှုတ်ကပတ်တော်အားဖြင့် ထောက်ပံ့ခြင်း၊ ကိုင်တွယ်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းလည်းဖြစ်ပေသည်။ ထို့ပြင် ပယ်ထုတ်ခြင်းခံရသောသူများအတွက် သူသည် အပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇)
သူ၏ အနှစ်ခြောက်ထောင် အမှုကို လက်ရှိအချိန်အထိ ဆောင်ရွက်ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူ၏ ဆောင်ရွက်ချက် များစွာကို ထုတ်ဖော်ပြနှင့်ပြီးဖြစ်သည်၊ ယင်း၏ အဓိက ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူဖို့နှင့် လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ ဖြစ်လေပြီးဖြစ်သည်။ သူသည် ကောင်းကင်ဘုံရှိ အရာရာတိုင်း၊ မြေကြီးပေါ်ရှိ အရာရာတိုင်း၊ ပင်လယ်များထဲက အရာရာတိုင်းနှင့် မြေကြီးပေါ်ရှိ ဘုရားသခင်၏ ဖန်ဆင်းခြင်းထဲက နောက်ဆုံး အရာဝတ္ထုတိုင်းအား သူ၏ အနန္တတန်ခိုးကို တွေ့မြင်ခွင့်ပေးဖို့နှင့် သူ၏ ဆောင်ရွက်ချက်များအားလုံးကို မျက်မြင်တွေ့ခွင့်ပေးဖို့ ဤအခွင့်အရေးကို အသုံးပြုလေသည်။ သူသည် သူ၏ လုပ်ဆောင်ချက်များအားလုံးကို လူသားများထံ ထုတ်ဖော်ပြဖို့နှင့် သူ့ကို ချီးမွမ်းနိုင်ကြစေကာ စာတန်ကို အနိုင်ယူရာတွင် သူ၏ ဉာဏ်ပညာကို ချီးမြှောက်နိုင်ကြစေဖို့ သူ၏ စာတန်ကို အနိုင်ယူခြင်းက ပေးသည့် အခွင့်အရေးကို သူ မလွှတ်တမ်း အသုံးချနေသည်။ ကမ္ဘာမြေပေါ်၊ ကောင်းကင်ဘုံနှင့် ပင်လယ်များအတွင်းရှိ အရာအားလုံးသည် ဘုရားသခင်ထံ ဘုန်းအသရေ ဆောင်ကြဉ်းကြသည်၊ သူ၏အနန္တတန်ခိုးကို ချီးမွမ်းကြပြီး၊ သူ၏လုပ်ဆောင်ချက်တစ်ခုစီတိုင်းကို ချီးမွမ်းကာ သူ၏သန့်ရှင်းသည့် အမည်နာမကို ဟစ်ကြွေးကြလေသည်။ ဤအရာသည် စာတန်ကို သူ၏ အနိုင်ယူခြင်း သက်သေဖြစ်သည်။ ယင်းမှာ စာတန်ကို သူ၏ ချေမှုန်းခြင်း သက်သေဖြစ်သည်။ ပိုပြီးအရေးကြီးသည်မှာ၊ ယင်းသည် လူသားမျိုးနွယ်နှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း သက်သေ ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းတစ်ရပ်လုံးသည် သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်း၏၊ သူ၏ရန်သူကို အနိုင်ယူခြင်းနှင့် အောင်နိုင်လျက် ပြန်လာခြင်းအတွက် သူ့ကို ချီးမွမ်းကြပြီး၊ ကြီးမြတ်သည့် အောင်နိုင်သော ရှင်ဘုရင်အဖြစ် သူ့ကို ချီးကျူးထောမနာပြုကြလေသည်။ သူ၏ ရည်ရွယ်ချက်သည် စာတန်ကို ချေမှုန်းရုံမျှ မဟုတ်၊ ယင်းမှာ အနှစ်ခြောက်ထောင်ကြာ သူ၏ အမှု ဆက်လက် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ စာတန်၏ ရှုံးနိမ့်မှုကို အသုံးပြုသည်။ သူသည် သူ၏ဆောင်ရွက်မှုများ အားလုံးနှင့် သူ၏ဘုန်းအသရေ အားလုံးတို့ကို ထုတ်ဖော်ပြဖို့ စာတန်၏ ရှုံးနိမ့်မှုကို အသုံးပြုသည်။ သူသည် ဘုန်းအသရေကို ရရှိလိမ့်မည်ဖြစ်ပြီး၊ ကောင်းကင်တမန် အသင်္ချေအားလုံးသည် သူ၏ဘုန်းအသရေအားလုံးကို မြင်ကြရလိမ့်မည် ဖြစ်သည်။ ကောင်းကင်ဘုံရှိ စေတမန်များ၊ ကမ္ဘာမြေပေါ်ရှိ လူသားများနှင့် ကမ္ဘာပေါ်ရှိ ဖန်ဆင်းခြင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ ဘုန်းအသရေကို မြင်ကြရလိမ့်မည်။ ဤသည်မှာ သူလုပ်ဆောင်သည့် အမှုဖြစ်သည်။ ကောင်းကင်ဘုံနှင့် မြေကြီးပေါ်ရှိ သူ၏ ဖန်ဆင်းခြင်းအားလုံးသည် သူ၏ဘုန်းအသရေကို မျက်မြင်တွေ့လိမ့်မည် ဖြစ်ပြီး၊ စာတန်ကို အပြတ်အသတ် အနိုင်ယူပြီးသည့်နောက်တွင် သူသည် အောင်နိုင်လျက် ပြန်လာလိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို သူ့အား ချီးမွမ်းခွင့်ပေးမည် ဖြစ်ကာ၊ ထိုသို့ဖြင့် သူ၏ အမှုတွင် နှစ်ဆသော အောင်မြင်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ အဆုံးတွင် လူသားမျိုးနွယ် အားလုံးသည် သူ၏ သိမ်းပိုက်ခြင်းခံရကြလိမ့်မည် ဖြစ်ပြီး၊ ခုခံသည့်သူ သို့မဟုတ် ပုန်ကန်သူ မည်သူမဆိုကို သူဖယ်ရှားပစ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် စာတန်နှင့် သက်ဆိုင်သည့် သူအားလုံးကို သူဖယ်ရှားပစ်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈)
ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သော အမှုသည် လူသားမျိုးနွယ်အကြားတွင် ဘုရားသခင်၏ မြေကြီးပေါ်ရှိ မူလနေရာကို အခြေခိုင်စေခဲ့ပြီး ယင်းနေရာသည် သူရှိနေခဲ့သည့် လေးမြတ်သော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက်သာ သတ်မှတ်ထားခဲ့သည်။ ကနဦးတွင် ဣသရေလပြည်ပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သူ့အမြင်တွင် သင့်လျော်သည့်လူမျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့် ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာ ဖြစ်ပြီး၊ ထိုနေရာရှိ မြေမှုန့်ဖြင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှု အခြေပြုရာနေရာ ဖြစ်သွားသည်။ နောဧ၏ သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များလည်း ဖြစ်ကြသော ဣသရေလ လူမျိုးများသည် ကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူ့အခြေခံအုတ်မြစ် ဖြစ်ခဲ့သည်။
ထိုအချိန်ကာလ၌ ဣသရေလပြည်ရှိ ယေဟောဝါအမှု၏ အရေးပါမှု၊ ရည်ရွယ်ချက်နှင့် အဆင့်များသည် ကမ္ဘာတစ်ခွင်လုံးရှိ သူ၏အမှုကို ဣသရေလပြည်၌ ဗဟိုပြု၍ အစပျိုးနိုင်ရန် ဖြစ်ပြီး၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဆီသို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွားစေရန် ဖြစ်သည်။ ယင်းမှာ စကြဝဠာတစ်လျှောက် သူလုပ်ဆောင်သည့် အခြေခံသဘောတရား ဖြစ်ပြီး၊ စံပုံစံတစ်ခုကို အခြေချ၍ စကြဝဠာရှိ လူအားလုံးသည် သူ၏ဧဝံဂေလိတရားကို လက်ခံရရှိသည့်တိုင်အောင် ထိုစံပုံစံကို ချဲ့ထွင်သွားရန် ဖြစ်သည်။ ပထမဦးဆုံးသော ဣသရေလ လူမျိုးများမှာ နောဧ၏ သားစဉ်မြေးဆက်များ ဖြစ်သည်။ ထိုသူတို့သည် ယေဟောဝါ၏ ဇီဝအသက်သာ ပေးအပ်ခြင်းခံရခဲ့ပြီး၊ ဘဝ၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် နားလည်ရုံမျှသာ ရှိခဲ့သည်၊ သို့သော်လည်း ယေဟောဝါသည် မည်သို့သော ဘုရားသခင် ဖြစ်ကြောင်း၊ သို့မဟုတ် လူသားအတွက် သူ၏အလိုတော်မှာ အဘယ်အရာ ဖြစ်ကြောင်း မသိခဲ့ကြသည့်အပြင်၊ ဖန်ဆင်းခြင်းအားလုံးတို့၏ အရှင်သခင်ကို ၎င်းတို့ မည်သို့ ချစ်ကြောက်သင့်သည်ကို သာ၍ပင် မသိပေ။ လိုက်နာရန်က စည်းမျဉ်းစည်းကမ်းများနှင့် ပညတ်တော်များ ရှိမရှိ သို့မဟုတ် ဖန်ဆင်းခံသတ္တဝါများသည် ဖန်ဆင်းရှင်အတွက် ဆောင်ရွက်ပေးသင့်သည့် တာဝန် ရှိမရှိ တို့အတွက်မူ အာဒံ၏ သားစဉ်မြေးဆက်များသည် ဤအရာများနှင့်ပတ်သက်၍ ဘာမျှမသိခဲ့ကြပေ။ သူတို့သိသမျှမှာ ခင်ပွန်းဖြစ်သူက သူ၏မိသားစုကို ထောက်ပံ့ရန် ချွေးကျအောင် အလုပ် လုပ်သင့်သည်၊ ပြီးလျှင် ဇနီးသည်က သူမခင်ပွန်းကို ကျိုးနွံနာခံသင့်ပြီး ယေဟောဝါ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ် ဆက်လက် တည်တံ့အောင် လုပ်ဆောင်သင့်သည် ဆိုသည်သာ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ယေဟောဝါ၏ဇီဝအသက်နှင့် သူ၏အသက်သာရှိသည့် ထိုကဲ့သို့သော သူတို့သည် ဘုရားသခင်၏ ပညတ်တော်များကို မည်သို့လိုက်နာရမည် သို့မဟုတ် ဖန်ဆင်းခြင်း အားလုံးတို့၏ အရှင်သခင်ကို မည်သို့ ကျေနပ်စေရမည်ကို ဘာမျှ မသိနားမလည်ခဲ့ကြပေ။ ထိုသူတို့၏ နားလည်ခြင်းသည် နည်းပါးလွန်းလှသည်။ ထို့ကြောင့် ၎င်းတို့၏ နှလုံးသားထဲ၌ ကောက်ကျစ်စဉ်းလဲမှု၊ သို့မဟုတ် လိမ်လည်လှည့်ဖြားမှု ဘာမျှမရှိဘဲ၊ သူတို့အကြား၌ မနာလိုဝန်တိုမှုနှင့် အတိုက်အခံဖြစ်မှုတို့ ဖြစ်ခဲသော်ငြားလည်း၊ ယေဟောဝါတည်းဟူသော ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင်နှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် နားလည်မှု ၎င်းတို့တွင် မရှိခဲ့ကြပေ။ လူတို့၏ ဤဘိုးဘေးဘီဘင်များမှာ ယေဟောဝါ၏အရာများကို စားသုံးရန်နှင့် ယေဟောဝါ၏ဥစ္စာများ၌ မွေ့လျော်ရန်သာ သိခဲ့ကြသည်၊ သို့သော် ယေဟောဝါကို မည်သို့ချစ်ကြောက်ရမည်ကို ထိုသူတို့မသိခဲ့ကြပေ၊ ယေဟောဝါသည် ၎င်းတို့အနေဖြင့် ဒူးထောက်ပြီး ဝတ်ပြုကိုးကွယ်သင့်သူ တစ်ဦး ဖြစ်ကြောင်းကိုလည်း မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့ကို ဘုရားသခင်၏ဖန်ဆင်းခံများဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။ အကယ်၍ ထိုကဲ့သို့ ဖြစ်နေပါလျှင်၊ “ယေဟောဝါသည် ဖန်ဆင်းခြင်းအားလုံးတို့၏ အရှင်သခင် ဖြစ်သည်။” နှင့် “လူသားသည် သူ့ကို ထင်ရှားနိုင်စေရန်၊ သူ၏ဘုန်းတော်ကို ထင်ရှားနိုင်စေရန်နှင့် သူ့ကို ကိုယ်စားပြုနိုင်ရန်အလို့ငှာ လူသားကို သူ ဖန်ဆင်းခဲ့သည်။” ဟူသည့် နှုတ်ကပတ်တော်များမှာ အချည်းနှီး ပြောကြားခဲ့ခြင်း ဖြစ်သွားလိမ့်မည် မဟုတ်လော။ ယေဟောဝါကို ချစ်ကြောက်ခြင်း မရှိသည့် လူများသည် သူ၏ဘုန်းတော်အတွက် သက်သေခံချက် တစ်ခု မည်သို့ဖြစ်လာနိုင်မည်နည်း။ ၎င်းတို့သည် ဘုရား ဘုန်းအသရေ၏ သရုပ်သကန်များ မည်သို့ ဖြစ်လာနိုင်ကြမည်နည်း။ သို့ဖြစ်လျှင် “ငါ၏ပုံသဏ္ဌာန်နှင့်အညီ လူသားကို ငါဖန်ဆင်းခဲ့၏။” ဟူသည့် ယေဟောဝါ၏ နှုတ်ကပတ်တော်များမှာ ဆိုးယုတ်သူ စာတန်၏လက်ထဲ၌ လက်နက်တစ်ခု ဖြစ်သွားလိမ့်မည် မဟုတ်လော။ သို့ဖြစ်လျှင် ဤနှုတ်ကပတ်တော်တို့မှာ လူသားကို ယေဟောဝါ၏ဖန်ဆင်းခြင်းအား အရှက်ရစေသည့် အမှတ်လက္ခဏာ တစ်ခု ဖြစ်သွားလိမ့်မည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးသည့်နောက် အမှု၏ ထိုအဆင့်ကို ပြီးမြောက်ရန်အလို့ငှာ ယေဟောဝါသည် အာဒံလက်ထက်မှ နောဧ လက်ထက်တိုင်အောင် လူတို့ကို လမ်းမညွှန်ခဲ့၊ သို့မဟုတ် လမ်းမပြခဲ့ပေ။ ထို့ထက် ရေလွှမ်းမိုးခြင်းက ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သည့်အချိန် နောက်ပိုင်းမှသာ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံတို့ သားစဉ် မြေးဆက်များလည်း ဖြစ်သည့် ဣသရေလလူမျိုးတို့ကို သတ်သတ်မှတ်မှတ် စတင်လမ်းပြပေးခဲ့ခြင်း ဖြစ်သည်။ ဣသရေလပြည်၌ သူ၏ အမှုတော်နှင့် မိန့်မြွက်ချက်များက ဣသရေလပြည် တစ်ဝန်းတွင် ဣသရေလပြည်သူ အားလုံးတို့ကို ၎င်းတို့ အသက်ရှင်နေထိုင်သည်နှင့်အမျှ လမ်းညွှန်ပေးခဲ့သည်၊ ထိုသို့ဖြင့် လူသားသည် သူ့ထံမှ အသက်ကိုရရှိနိုင်ပြီး မြေမှုန့်ထဲမှ ဖန်ဆင်းခံလူသတ္တဝါအဖြစ် ထလာနိုင်ရန် ယေဟောဝါသည် လူသားအထဲသို့ ဇီဝအသက်ကို မှုတ်သွင်းနိုင်သည်သာမကဘဲ၊ လူသားမျိုးနွယ်ကို မီးရှို့ဖျက်ဆီးနိုင်ကာ လူသားမျိုးနွယ်ကို ကျိန်ဆဲနိုင်သည့်အပြင် လူသားမျိုးနွယ်ကို အုပ်စိုးရန် သူ၏လှံတံတော်ကို အသုံးပြုနိုင်သည့်အကြောင်းလည်း ပြသခဲ့သည်။ ယေဟောဝါသည် ကမ္ဘာမြေကြီးပေါ်၌ လူသား၏ဘဝကို လမ်းပြပေးနိုင်သည်သာမက၊ နေ့ညအချိန်နာရီအတိုင်း လူသားတို့ အကြားတွင် စကားပြောနိုင်၊ အမှုပြုနိုင်ကြောင်းကိုလည်း သူတို့တွေ့မြင်ခဲ့ကြသည်။ လူသားသည် သူကောက်ယူခဲ့သည့် မြေမှုန့်မှ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့အပြင် လူသားအား သူဖန်ဆင်းဖြစ်ခဲ့ကြောင်းကို သူ၏ဖန်ဆင်းခံများ သိနိုင်စေရန်အလို့ငှာသာ ထိုအမှုကိုပြုခဲ့ခြင်း ဖြစ်သည်။ ဤမျှသာမက (အမှန်တွင် ဣသရေလပြည်မှ သီးခြားမဟုတ်ဘဲ၊ ထို့ထက် ဣသရေလလူမျိုးထဲမှ ခွဲထွက်လာခဲ့ပြီး အာဒံနှင့်ဧဝတို့မှ ဆင်းသက်လာခဲ့သူများပင် ဖြစ်သော) အခြားသောလူမျိုးများနှင့် တိုင်းနိုင်ငံများသည် ယေဟောဝါ၏ ဣသရေလပြည်မှ ဧဝံဂေလိတရားကို လက်ခံရရှိစေနိုင်ရန် အတွက်၊ စကြဝဠာအတွင်းရှိ ဖန်ဆင်းခံအားလုံးက ယေဟောဝါကို ချစ်ကြောက်နိုင်ကြပြီး သူ့ကိုကြီးမြတ်သည်ဟု လက်ခံနိုင်ကြစေရန်အတွက် သူသည် သူ၏အမှုတော်ကို ဣသရေလပြည်၌ အရင်ပြုခဲ့ခြင်း ဖြစ်သည်။ ယေဟောဝါက ဣသရေလပြည်၌ သူ၏အမှုကို မစတင်ခဲ့ဘဲ၊ ယင်းအစား လူသားကို ဖန်ဆင်းပြီးနောက် လူတို့ကို ကမ္ဘာမြေပေါ်တွင် ပူပင်ကြောင့်ကြမဲ့စွာ အသက်ရှင်နေထိုင်ခွင့် ပြုခဲ့မည်ဆိုပါက၊ လူသား၏ ရုပ်ပိုင်းဆိုင်ရာ သဘာဝကြောင့် (သဘာဝမှာ လူသည် သူမမြင်နိုင်သည့် အရာများကို ဘယ်သောအခါမျှ မသိနိုင်ပေ၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို ဖန်ဆင်းသူသည် ယေဟောဝါ ဖြစ်ကြောင်းကို လူက သိမည် မဟုတ်ဘဲ၊ လူသားအား အဘယ်ကြောင့် ဖန်ဆင်းခဲ့ကြောင်းကို သာ၍ မသိနိုင်ကြောင်းကို ဆိုလိုသည်။) လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါ ဖြစ်သည်ကိုလည်းကောင်း၊ သူသည် ဖန်ဆင်းခြင်းအားလုံးတို့၏ အရှင်သခင် ဖြစ်သည်ကိုလည်းကောင်း လူသားသည် ဘယ်သောအခါမျှ သိမည်မဟုတ်ပေ။ အကယ်၍ ယေဟောဝါသည် လူသားကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်၌ ထားခဲ့ကာ အချိန်ကာလတစ်ခုကြာ လူသားမျိုးနွယ်ကြား၌ ဆက်လက် ရှိနေ၍ သူတို့ကို လမ်းညွှန်ပေးမည့်အစား စွန့်ပစ်၍ထွက်ခွာသွားခဲ့ပါက၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် သုညဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့မည် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးနှင့် သူဖန်ဆင်းထားသည့် အသင်္ချေများလှသော အရာအားလုံးနှင့် လူသားမျိုးနွယ် အားလုံးတို့သည်လည်း သုညဘဝသို့ ပြန်လည်ရောက်ရှိသွားမည့်အပြင် စာတန်၏နင်းခြေခြင်းကို ခံရပြီး ဖြစ်ပေလိမ့်မည်။ ဤနည်းအားဖြင့် “သူ၏ဖန်ဆင်းခံတို့၏အလယ်ဟု ဆိုလိုသည့် ကမ္ဘာမြေကြီးပေါ်၌ သန့်ရှင်းသောနေရာတစ်ခု၊ သူရပ်တည်ရန်အတွက် နေရာတစ်ခု ရှိသင့်သည်။” ဟူသည့် ယေဟောဝါ၏ ဆန္ဒမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် လူသားတို့၏ အသက်တာများတွင် ၎င်းတို့ကို လမ်းပြဖို့နှင့် ၎င်းတို့၏ အထဲမှ ၎င်းတို့ကို စကားပြောဖို့ ၎င်းတို့အလယ်၌ ဆက်လက် ရှိနေနိုင်ခဲ့သည်- ဤသည်အားလုံးတို့မှာ သူ၏လိုအင်ဆန္ဒကို အကောင်အထည်ဖော်ပြီး သူ၏အစီအစဉ်ကို အောင်မြင်စေရန်အတွက် ဖြစ်သည်။ ဣသရေလပြည်၌ သူပြုခဲ့သည့်အမှုမှာ သူ၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်း မတိုင်မီ သူချမှတ်ထားခဲ့သည့် အစီအစဉ်ကို အကောင်အထည် ဖော်ရန်အတွက်သာ ရည်ရွယ်ခဲ့သည်၊ ထို့ကြောင့် ဣသရေလလူမျိုးအထဲ၌ ပထမဦးဆုံး သူလုပ်ဆောင်ခဲ့ခြင်းနှင့် အရာအားလုံးကို သူဖန်ဆင်းခြင်းတို့မှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေဘဲ နှစ်မျိုးလုံးမှာ သူ၏စီမံခန့်ခွဲမှု၊ သူ၏အမှုနှင့် သူ၏ဘုန်းတော်တို့အတွက်ရော လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်ကို ပို၍ နက်နဲစေရန်အတွက်ပါ ဖြစ်သည်။ နောဧခေတ်ပြီးနောက် ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်၏ဘဝကို နှစ်ပေါင်းနှစ်ထောင်တိုင် သူလမ်းပြပေးခဲ့သည်၊ ထိုအချိန်တောအတွင်း ယေဟောဝါတည်းဟူသော ခပ်သိမ်းသော ဖန်ဆင်းခြင်းတို့၏ အရှင်သခင်ကို မည်သို့ချစ်ကြောက်ရမည်၊ မိမိတို့အသက်တာကို မည်သို့ နေထိုင်ရမည်၊ မည်ကဲ့သို့ ဆက်လက်၍ နေထိုင်အသက်ရှင်သွားရမည် စသည်တို့အပြင် အရေးကြီးဆုံးမှာ ယေဟောဝါအတွက် သက်သေတစ်ဦးအဖြစ် မည်သို့ ပြုမူရမည်၊ သူ့ကို မည်ကဲ့သို့ နာခံရမည်နှင့် သူ့ကို မည်ကဲ့သို့ ချစ်ကြောက်ရမည်တို့အပြင် ဒါဝိဒ်နှင့် သူ၏ယဇ်ပုရောဟိတ်များ ပြုခဲ့ကြသကဲ့သို့ သူ့ကို ဂီတဖြင့် မည်သို့ ချီးမွမ်းကြရမည် စသည်တို့ကို နားလည်ဖို့ လူတို့အား ယေဟောဝါက သွန်သင်ပေးခဲ့သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်ခေတ်ရှိ အမှုတော်
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားတွင် “လိုက်နာရန်” ဆိုသည့် စကားစု မပါဝင်ပါ။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉)
ယေဟောဝါ သူ၏အမှုကိုလုပ်ဆောင်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင် ကာလမတိုင်မီ၊ လူသားသည် ဘာတစ်ခုမျှ မသိခဲ့ပေ၊ ထို့ပြင် လူသားမျိုးနွယ်အားလုံးနီးပါးတို့သည် အကျင့်စာရိတ္တပျက်ပြား သွားခဲ့ကြပြီး ရေလွှမ်းမိုးခြင်းဖြင့် ကမ္ဘာကြီးဖျက်ဆီးခံရခြင်းမတိုင်မီအထိ သူတို့၏ နှလုံးသားများ၌ ယေဟောဝါ လုံးဝမရှိသည့်အပြင် သူ၏လမ်းခရီးနှင့် ပို၍ ကင်းကွာနေကြကာ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံခြင်းနှင့် ဖောက်ပြန်ပျက်စီးသည့် အတိုင်းအတာထိ ကျဆင်းသွားခဲ့ကြသည်။ ယေဟောဝါ ပြုမည့်အမှုကို ၎င်းတို့သည် ဘယ်သောအခါမျှ နားမလည်ခဲ့ကြချေ၊ ၎င်းတို့၌ ဆင်ခြင်တုံတရားမရှိ၊ ဗဟုသုတ သာ၍ပင် နည်းပါးပြီး အသက်ရှူတတ်သော စက်များကဲ့သို့ ၎င်းတို့သည် လူသား၊ ဘုရားသခင်၊ ကမ္ဘာမြေကြီးနှင့် အသက် စသည့် အကြောင်းအရာတို့ကို လုံးဝ မသိနားမလည်ခဲ့ကြပေ။ ကမ္ဘာမြေကြီးပေါ်တွင် ၎င်းတို့သည် မြွေကဲ့သို့ပင် ဖြားယောင်းသွေးဆောင်မှု အမျိုးမျိုးကို ပါဝင်ဆောင်ရွက်ကြသည်၊ ထို့အပြင် ယေဟောဝါကို ထိပါးစော်ကားသည့် အကြောင်းအရာ အမြောက်အမြားကိုလည်း ပြောဆိုကြသည်၊ သို့သော်လည်း ထိုသူတို့သည် မသိနားမလည်သည့်အတွက်ကြောင့် ယေဟောဝါသည် ထိုသူတို့ကို ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ပဲ့ပြင်ဆုံးမခြင်းမပြုခဲ့ပေ။ ရေလွှမ်းမိုးခြင်း ပြီးသည့်နောက်မှသာ၊ နောဧ အသက် ၆၀၁ နှစ်ပြည့်သည့်အချိန်တွင်၊ ယေဟောဝါသည် နောဧထံ ထုံးစံတကျ ပေါ်ထွန်းခဲ့ပြီး နောဧနှင့် သူ၏သားသမီးများနှင့်အတူ ရေလွှမ်းမိုးခြင်းမှ အသက်ရှင်ကျန်ရစ်သော ငှက်များနှင့် သားရဲတိရစ္ဆာန်များကိုလည်း ပညတ်တော်ခေတ်ကာလ ကုန်ဆုံးသည်အထိ နှစ်ပေါင်း ၂၅၀၀ ကြာအောင် ဦးဆောင်လမ်းပြလျက်၊ သူနှင့် သူ၏မိသားစုတို့ကို လမ်းပြခဲ့သည်။ သူသည် ဣသရေလပြည်တွင် အလုပ်လုပ်ခဲ့သည်မှာ၊ ဆိုလိုသည်မှာ တရားဝင် အလုပ်လုပ်ခဲ့သည်မှာ စုစုပေါင်း နှစ်ပေါင်း ၂၀၀၀ ရှိပြီး၊ ဣသရေလပြည်တွင်းနှင့် ပြည်ပ၌ တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့သည့်အချိန်မှာ နှစ်ပေါင်း ၅၀၀ ရှိသည့်အတွက် စုစုပေါင်းနှစ်ပေါင်း ၂၅၀၀ ဖြစ်သည်။ ထိုကာလအတောအတွင်း ဣသရေလလူမျိုးတို့အနေဖြင့် ယေဟောဝါကို အစေခံကြရန်အတွက် ဗိမာန်တော်တစ်ဆောင်ကို ၎င်းတို့ဆောက်လုပ်သင့်ကြောင်း၊ ယဇ်ပုရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်လျက်၊ ၎င်းတို့စီးသောဖိနပ်များက ဗိမာန်တော်ကို ညစ်ပေစေပြီး ဗိမာန်တော်ထိပ်မှ ၎င်းတို့အပေါ်သို့မီးကျကာ ၎င်းတို့ မီးလောင်၍သေကုန်ကြမည် စိုးသောကြောင့် အရုဏ်ဦးအချိန်တွင် ဗိမာန်တော်ထဲသို့ ဖိနပ်မပါဘဲ၊ လျှောက်သွားသင့်ကြောင်း ဣသရေလ လူမျိုးတို့ကို သူလမ်းညွှန်ခဲ့သည်။ ထိုသူတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းရွက်ကြပြီး ယေဟောဝါ၏ အစီအစဉ်များကို နာခံခဲ့ကြသည်။ ၎င်းတို့သည် ဗိမာန်တော်ထဲ၌ ယေဟောဝါထံ ဆုတောင်းခဲ့ကြပြီး ယေဟောဝါ၏ ဗျာဒိတ်တော်ကို ရရှိပြီးသည့်နောက်၊ ဆိုလိုသည်မှာ ယေဟောဝါက စကားပြောပြီးသည့်နောက် ၎င်းတို့သည် လူအမြောက်အမြားကို ဦးဆောင်ခဲ့ပြီး ထိုသူတို့ကို ၎င်းတို့၏ ဘုရားသခင်ဖြစ်သော ယေဟောဝါကို ချစ်ကြောက်မှု ပြသင့်ကြောင်း သွန်သင်ခဲ့သည်။ ပြီးလျှင် ဗိမာန်တော်တစ်ဆောင်နှင့် ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်သင့်ကြောင်း ယေဟောဝါက ၎င်းတို့ကို ပြောခဲ့ပြီး၊ ယေဟောဝါ သတ်မှတ်ထားသည့်အချိန်၌၊ ယင်းမှာ ပသခါပွဲနေ့၌ ၎င်းတို့ကို ထိန်းချုပ်ထားပြီး ၎င်းတို့၏နှလုံးသားထဲ၌ ယေဟောဝါကို ချစ်ကြောက်ခြင်း ရှိကြစေရန်အလို့ငှာ ယေဟောဝါကို တည်ခင်းရန် မွေးကင်းစနွားပေါက်နှင့် သိုးငယ်တို့ကို ပြင်ဆင်ပြီး ယဇ်ပလ္လင်ပေါ်တွင် ယဇ်ပူဇော်သက္ကာများအဖြစ် တင်ထားသင့်ကြောင်း မိန့်မှာခဲ့သည်။ ဤပညတ်တော်ကို ၎င်းတို့နာခံခြင်း ရှိမရှိသည် ယေဟောဝါအပေါ် ၎င်းတို့သစ္စာရှိမှုကို တိုင်းတာချက် ဖြစ်လာခဲ့သည်။ ယေဟောဝါသည် သူ့ဖန်ဆင်းခြင်း၏ သတ္တမနေ့ရက် ဖြစ်သည့်နေ့ကိုလည်း ၎င်းတို့အတွက် ဥပုသ်နေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ဥပုသ်နေ့လွန်ပြီး နောက်တစ်နေ့ဖြစ်သည့် ပထမနေ့ကို ၎င်းတို့အနေဖြင့် ယေဟောဝါကို ချီးမွမ်းရန်အတွက်နေ့၊ ယေဟောဝါကို ယဇ်ပူဇော်ပသရန်အတွက်နေ့နှင့်၊ ယေဟောဝါအတွက် တေးဂီတဖြင့် ချီးမွမ်းရန်အတွက်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့၌ ၎င်းတို့သည် ယေဟောဝါ၏ပလ္လင်ပေါ်မှ ယဇ်ပူဇော်သက္ကာများကို စားသုံးနိုင်ကြရန်အလို့ငှာ၊ ယေဟောဝါသည် လူတို့စားဖို့ ယဇ်ပလ္လင်ပေါ်ရှိ ယဇ်ကောင်များကို ခွဲခြမ်းစေရန် ယဇ်ပုရောဟိတ်အားလုံးကို ခေါ်၍စုဝေးစေသည်။ ပြီးလျှင် ၎င်းတို့သည် ကောင်းချီးမင်္ဂလာ ခံစားကြရကြောင်း၊ သူနှင့်အတူ ဝေမျှစားသုံးကြရကြောင်းနှင့် ၎င်းတို့သည် သူ၏ ရွေးကောက်ခြင်းခံရသော လူမျိုးဖြစ်ကြောင်း ယေဟောဝါ ပြောဆိုခဲ့သည် (ယင်းမှာ ဣသရေလလူတို့နှင့် ထားရှိသည့် ယေဟောဝါ၏ပဋိညာဉ်ပင်ဖြစ်သည်)။ ဤအကြောင်းကြောင့်ပင် ယနေ့တိုင်အောင် ဣသရေလလူမျိုးတို့က ယေဟောဝါသည် ၎င်းတို့၏ဘုရားသခင်သာ ဖြစ်ပြီး တစ်ပါးသောအမျိုးသားတို့၏ ဘုရားသခင် မဟုတ်ဟု ပြောဆိုကြခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်ခေတ်ရှိ အမှုတော်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၀)
အဲဂုတ္တုပြည်ထဲမှထွက်ကာ မောရှေနောက်သို့ လိုက်လာကြသော ဣသရေလလူတို့ကို လက်ဆင့်ကမ်းပေးအပ်ရန် ယေဟောဝါသည် မောရှေအတွက် ပညတ်တော်အများအပြားကို ပညတ်တော်ခေတ် ကာလအတွင်း ချပေးခဲ့သည်။ ဤပညတ်တော်များသည် ဣသရေလ လူမျိုးတို့အတွက် ယေဟောဝါပေးအပ်ခဲ့သည့် အရာများဖြစ်ကာ အဲဂုတ္တုလူမျိုးတို့နှင့် ဘာမျှမသက်ဆိုင်ပေ၊ ၎င်းပညတ်တော်များမှာ ဣသရေလလူမျိုးတို့ကို ကန့်သတ်ထိန်းချုပ်ရန်အတွက် ရည်ရွယ်ထားပြီး ဣသရေလလူတို့အပေါ် တောင်းဆိုချက်များ ပြုလုပ်ရန် ၎င်းပညတ်တော်များကို သူအသုံးပြုခဲ့သည်။ ၎င်းတို့သည် ဥပုသ်နေ့ကို စောင့်ထိန်းကြခြင်းရှိမရှိ၊ ၎င်းတို့၏ မိဘများကို ရိုသေကြခြင်း ရှိမရှိ၊ ရုပ်တုဆင်းတုများကို ကိုးကွယ်ကြခြင်း ရှိမရှိ အစရှိသည်တို့မှာ ၎င်းတို့အနေဖြင့် အပြစ်ရှိမရှိ၊ ဖြောင့်မတ်ခြင်းရှိမရှိကို စီရင်သည့် အခြေခံသဘောတရားများ ဖြစ်ခဲ့သည်။ ထိုသူတို့ထဲ၌ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံရသူအချို့ ရှိခဲ့သည်၊ ကျောက်ခဲဖြင့် ပေါက်သတ်ခံရသူအချို့ ရှိခဲ့ပြီး၊ ယေဟောဝါထံမှ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသူအချို့ ရှိခဲ့ပြီးလျှင်၊ ဤအရာအား ၎င်းတို့ ထိုပညတ်တော်များကို နာခံမှုရှိမရှိအပေါ်မူတည်၍ ဆုံးဖြတ်သည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်း မရှိသူတို့သည် ကျောက်ခဲဖြင့် သေသည်အထိ ပေါက်သတ်ခံခဲ့ရသည်။ ဥပုသ်နေ့ကို စောင့်ထိန်းခြင်းမရှိသည့် ယဇ်ပုရောဟိတ်တို့မှာမူ ယေဟောဝါ၏မီးဖြင့် ဒဏ်ခတ်ခံခဲ့ရသည်။ မိမိတို့၏မိဘများကို ရိုသေခြင်း မရှိသူတို့သည်လည်း ကျောက်ခဲဖြင့် သေသည်အထိ ပေါက်သတ်ခံခဲ့ရသည်။ ဤအရာအားလုံးကို ယေဟောဝါက အကြံပြုခဲ့ခြင်း ဖြစ်သည်။ ယေဟောဝါက သူ၏ပညတ်တော်များနှင့် ဥပဒေများကို ချမှတ်ခဲ့သည်မှာ လူတို့၏ အသက်တာ၌ သူဦးဆောင်သည့်အခါ၊ လူတို့သည် သူ၏နှုတ်ကပတ်တော်ကို နားထောင်ပြီး နာခံကြကာ သူ့ကို ပုန်ကန်ခြင်း မပြုကြစေရန် ဖြစ်သည်။ သူ၏အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ်ကို ပို၍ကောင်းမွန်စွာ ချမှတ်နိုင်ရေးအတွက် မွေးကင်းစ လူသားမျိုးနွယ်ကို ဆက်လက် ထိန်းချုပ်ထားရန် ထိုပညတ်တော်များကို သူအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါပြုခဲ့သော အမှုပေါ်မူတည်၍ ပထမခေတ်ကို ပညတ်တော်ခေတ်ဟုခေါ်သည်။ ယေဟောဝါသည် များစွာသော မိန့်မြွက်ချက်များကိုပြုခဲ့ပြီး အမှု အများအပြားကို ပြုခဲ့သော်လည်း၊ မသိနားမလည်သော ဤလူတို့ကို လူဆန်ပုံ၊ အသက်ရှင်နေထိုင်ပုံ၊ ယေဟောဝါ၏ လမ်းခရီးကို သိနားလည်ရန် နည်းလမ်းတို့အား သွန်သင်ပေးလျက်၊ သူ့အနေဖြင့် လူသားတို့ကို အပြုသဘောဖက်မှသာ လမ်းပြခဲ့သည်။ အများဆုံးအနေဖြင့် သူပြုခဲ့သော အမှုသည် သူ၏လမ်းခရီးနှင့် သူ၏ ပညတ်တော်များကို လူတို့ လိုက်လျှောက်စေရန်အတွက် ဖြစ်သည်။ အမှုပြုခဲ့ခြင်းမှာ အနည်းငယ်သာ ဖောက်ပြန်ပျက်စီးနေသော လူများအပေါ်တွင် ဖြစ်သည်။ ထိုအမှုသည် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲရန် သို့မဟုတ် ၎င်းတို့၏ အသက်တွင် တိုးတက်မှုရှိရန်အထိ မကျယ်ပြန့်ခဲ့ပေ။ လူတို့ကို ကန့်သတ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ပညတ်တော်များကို အသုံးပြုခြင်းကိုသာ သူစိတ်ဝင်စားခဲ့သည်။ ထိုအချိန်တုန်းက ဣသရေလလူမျိုးအတွက် ယေဟောဝါသည် ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်မျှသာ ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်တိုင်၊ မီးတိုင်ဖြစ်ခဲ့သည်။ ယေဟောဝါက ၎င်းတို့လုပ်ဆောင်ရန် တောင်းဆိုခဲ့သည့်အရာမှာ ယနေ့ခေတ် လူများမှ သူ၏ပညတ်တော်များနှင့် ဥပဒေများအဖြစ် နားလည်ထားကြသည့်၊ စည်းမျဉ်းစည်းကမ်းများဟုပင် ခေါ်ဆိုနိုင်သည့်အရာများကို နာခံခြင်းသာ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယေဟောဝါပြုခဲ့သည့်အရာမှာ ၎င်းတို့ကို ပြောင်းလဲစေရန်အတွက် ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ၊ လူသား၌ ရှိသင့်ရှိထိုက်သော အရာများကို ပို၍ပေးအပ်ရန်၊ သူကိုယ်တိုင်၏နှုတ်ဖြင့် လူတို့ကို လမ်းညွှန်ပေးရန် ဖြစ်သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံရပြီးနောက် လူသားသည် မိမိ၌ ရှိသင့်သည့်အရာ တစ်ခုမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူဦးဆောင်ခဲ့သော လူတို့အား ၎င်းတို့၏ဘိုးဘေးများဖြစ်ကြသော အာဒံနှင့်ဧဝတို့ထက် သာလွန် သွားစေလျက်၊ ၎င်းတို့အား ကမ္ဘာပေါ်ရှိ ၎င်းတို့၏ဘဝများအတွက် ပိုင်ဆိုင်ထားသင့်သည့်အရာများကို ယေဟောဝါက လူတို့အား ပေးခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ယေဟောဝါ ပေးခဲ့သည့်အရာမှာ အစဦး၌ အာဒံနှင့် ဧဝတို့ကို ကိုယ်တော်ပေးခဲ့သည်ထက် ပို၍သာလွန်သောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဣသရေလပြည်၌ ယေဟောဝါပြုခဲ့သည့် အမှုသည် လူသားမျိုးနွယ်ကို လမ်းပြပေးရန်နှင့် လူတို့သည် မိမိတို့၏ ဖန်ဆင်းရှင်ကို သိမှတ်စေနိုင်ရန်သာ ဖြစ်သည်။ ယေဟောဝါက လူတို့ကို သိမ်းပိုက်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းတို့ မပြုခဲ့ဘဲ၊ ၎င်းတို့ကို လမ်းပြခြင်းသာ ပြုခဲ့သည်။ ဤသည်မှာ ပညတ်တော်ခေတ်၌ ယေဟောဝါပြုခဲ့သည့် အမှုအားလုံး၏ အချုပ်ဖြစ်သည်။ ဤသည်မှာ ဣသရေလတစ်ပြည်လုံး၌ သူပြုခဲ့သောအမှု၏ နောက်ခံသမိုင်း၊ ဖြစ်ရပ်မှန် ဇာတ်ကြောင်း၊ အနှစ်သာရဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ယေဟောဝါ လက်တော်၏ ထိန်းချုပ်မှုအောက်၌ ထားရှိရန် သူ၏အနှစ်ခြောက်ထောင် အမှုတော်၏ အစလည်း ဖြစ်သည်။ ထိုမှနေ၍ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၌ သာ၍များသော အမှုတို့ ပေါ်ထွက်လာခဲ့သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပညတ်တော်ခေတ်ရှိ အမှုတော်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၁)
အစအဦးတွင် ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်း၌ လူသားအား လမ်းပြခြင်းသည် ကလေးသူငယ်၏ ဘဝနေထိုင်မှု ပုံစံကို လမ်းပြခြင်းနှင့် တူသည်။ အစောဆုံး လူသားမျိုးနွယ်သည် ယေဟောဝါ၏ မွေးကင်းစကလေး ဖြစ်၏။ ၎င်းတို့သည် ဣသရေလ လူမျိုးများ ဖြစ်ခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရိုသေလေးမြတ်ရမည် သို့မဟုတ် ကမ္ဘာမြေပေါ်တွင် မည်သို့ အသက်ရှင်ရမည်ကို နားလည်ခြင်း မရှိကြပေ။ ယင်းမှာ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ဆိုလိုသည်မှာ သူသည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည်၊ သို့သော် ယေဟောဝါကို မည်သို့ ရိုသေလေးမြတ်ရမည် သို့မဟုတ် ကမ္ဘာမြေပေါ်တွင် ယေဟောဝါ၏ ပညတ်တရားများကို မည်သို့ လိုက်နာရမည်ကို နားလည်နိုင်ရန် စွမ်းရည်များကို ၎င်းတို့အား သူ မပေးခဲ့ဟု ဆိုရပေမည်။ အစဦးတွင် လူသည် ထိုသို့သော စွမ်းရည်များ မပိုင်ဆိုင်ခဲ့သည့်အတွက်၊ ယေဟောဝါ၏ တိုက်ရိုက် လမ်းပြမှုမရှိဘဲနှင့် မည်သူမျှ ဤအရာကို တိုက်ရိုက်မသိနိုင်ပေ။ လူက ယေဟောဝါသည် ဘုရားသခင် ဖြစ်သည်ကိုသာ သိခဲ့သော်လည်း၊ သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်၊ မည်သည့် အပြုအမူမျိုးကို သူ့ကို ရိုသေလေးမြတ်ခြင်းဟု ခေါ်သည်၊ မည်သည့် စိတ်မျိုးဖြင့် သူ့ကို ရိုသေလေးမြတ်ရမည်၊ သို့မဟုတ် သူ့ကို ရိုသေလေးမြတ်ရာတွင် မည်သည့်အရာကို ပူဇော်ဆက်ကပ်ရမည် ဆိုသည်တို့အတွက်မူ၊ လူသည် လုံးဝ မသိခဲ့ပေ။ လူသည် ယေဟောဝါ ဖန်ဆင်းသော အရာများအားလုံး အလယ်တွင် မွေ့လျော်၍ရသည့် အရာကို မည်သို့ မွေ့လျော်ရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေပေါ်တွင် မည်သည့် ဘဝနေထိုင်မှုပုံစံမျိုးက ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးနှင့် ထိုက်တန်သည် ဆိုသည်အတွက်မူ၊ သူသည် အရိပ်အမြွက် ဘာဆိုဘာမျှ မသိခဲ့ချေ။ ၎င်းတို့ကို ညွှန်ကြားဖို့ တစ်စုံတစ်ယောက် မရှိဘဲနှင့်၊ ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ လမ်းပြဖို့ တစ်စုံတစ်ဦး မရှိဘဲနှင့်၊ ဤလူသားမျိုးနွယ်သည် လူ့သဘာဝနှင့် သင့်လျော်သော ဘဝနေထိုင်မှုပုံစံကို မည်သည့်အခါမျှ မှန်ကန်စွာ နေထိုင်ခဲ့မည် မဟုတ်ဘဲ၊ စာတန်၏ တိတ်တဆိတ် ဖမ်းဆီးခြင်းကိုသာ ခံခဲ့ရပေလိမ့်မည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ယင်းမှာ သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်များဖြစ်သည့် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သော်လည်း၊ သူသည် ၎င်းတို့အပေါ် နောက်ထပ်မည်သည့် အသိဉာဏ် သို့မဟုတ် ဉာဏ်ပညာကိုမျှ မပေးခဲ့ဟု ဆိုရပေမည်။ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်နေနှင့်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် အရာရာတိုင်းနီးပါးကို နားမလည်ခဲ့ပေ။ သို့ဖြစ်ရာ၊ ယေဟောဝါ၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အမှုသည် တစ်ဝက်တစ်ပျက်သာ ပြီးစီးခဲ့ပြီး ပြည့်စုံရန် ဝေးသေးသည်။ သူသည် ရွှံ့စေးမှ လူ၏ပုံစံကိုသာ ပုံသွင်းခဲ့ကာ သူ၏ ဇီဝအသက်ကို မှုတ်သွင်းပေးခဲ့ပြီးဖြစ်သော်လည်း၊ သူ့ကို ရိုသေလေးမြတ်ရန် လုံလောက်သော အလိုဆန္ဒကို လူသားအပေါ် အပ်နှင်းခြင်း မရှိခဲ့ပေ။ အစဦးတွင် လူသည် သူ့ကို ရိုသေလေးမြတ်လိုစိတ်၊ သို့မဟုတ် သူ့ကို ကြောက်ရွံ့စိတ် မရှိခဲ့ပေ။ လူသည် သူ၏နှုတ်ကပတ်တော်များကို မည်သို့နားထောင်ရမည်ကိုသာ သိခဲ့သော်လည်း၊ ကမ္ဘာမြေပေါ်က ဘဝနေထိုင်မှုပုံစံ အတွက် အခြေခံ အသိပညာနှင့် လူသား ဘဝနေထိုင်မှုပုံစံ၏ ပုံမှန်စည်းမျဉ်းများကို မသိခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါသည် လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့ပြီး၊ ခုနှစ်ရက်စီမံကိန်းကို ပြီးစီးခဲ့သော်လည်း၊ လူသားသည် အခွံတစ်ခုသာ ဖြစ်ခဲ့ပြီး၊ လူသားဖြစ်ခြင်း၏ လက်တွေ့အရှိတရား ကင်းမဲ့ခဲ့သည့်အတွက်၊ သူသည် လူသားအား ဖန်ဆင်းခြင်းကို မည်သည့်နည်းနှင့်မျှ မပြီးဆုံးခဲ့ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည်ကိုသာ လူသည် သိခဲ့သော်လည်း၊ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သို့မဟုတ် ပညတ်တရားများအား မည်သို့လိုက်နာရမည်ကို အရိပ်အခြေမျှ သူမသိခဲ့ပေ။ သို့ဖြစ်ရာ လူသားမျိုးနွယ် တည်ရှိလာခဲ့သည့်နောက်တွင် ယေဟောဝါ၏အမှုမှာ ပြီးဆုံးရန် ဝေးသေးပေသည်။ လူသားမျိုးနွယ်အနေဖြင့် ကမ္ဘာမြေပေါ်တွင် အတူတကွ နေထိုင်နိုင်ပြီး သူ့ကို ရိုသေလေးမြတ်နိုင်ကြဖို့အလို့ငှာ၊ သူ၏လမ်းညွှန်မှုဖြင့် ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် ပုံမှန်လူသားဘဝနေထိုင်မှုပုံစံ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်နိုင်ဖို့အလို့ငှာ၊ ၎င်းတို့ကို သူ၏ရှေ့မှောက် လာစေရန် သူ့အနေဖြင့် အပြည့်အဝ လမ်းပြဖို့ လိုအပ်နေဆဲဖြစ်ခဲ့သည်။ ဤနည်းဖြင့်သာ ယေဟောဝါ၏ နာမအောက်တွင် အဓိကအားဖြင့် ဦးစီးဦးရွက်ပြုသော အမှုသည် အပြည့်အဝ ပြီးဆုံးခဲ့ပေသည်၊ ဆိုလိုသည်မှာ ဤနည်းဖြင့်သာ ယေဟောဝါ၏ ကမ္ဘာလောကကို ဖန်ဆင်းခြင်း အမှုသည် အပြည့်အဝ အပြီးသတ်ခဲ့ပေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမိန့်များနှင့် ပညတ်တရားများကို လိုက်နာနိုင်ပြီး၊ ပုံမှန်လူသား ဘဝနေထိုင်မှုပုံစံ၏ လှုပ်ရှားမှုများအားလုံးတွင် ပါဝင်နိုင်ဖို့အလို့ငှာ၊ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးလျက်ဖြင့်၊ သူသည် ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်၏ ဘဝနေထိုင်မှုပုံစံကို နှစ်ထောင်ပေါင်းအချို့ကြာ လမ်းပြခဲ့ရပေသည်။ ထိုအခါမှသာ ယေဟောဝါ၏ အမှုသည် အပြည့်အဝ ပြီးစီးခဲ့ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၂)
ယေရှုပြုခဲ့သောအမှုသည် ထိုခေတ်မှ လူသား၏ လိုအပ်ချက်များ နှင့်အညီ ဖြစ်ခဲ့သည်။ သူ၏တာဝန်သည် လူသားတို့ကို ရွေးနှုတ်ရန်၊ ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ရန်ဖြစ်ရာ၊ သူ၏ စိတ်သဘောထားသည် နှိမ့်ချခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ စိတ်ရှည်ခြင်း၊ သနားကရုဏာ၊ မေတ္တာတို့ဖြင့် အတိပြီးခဲ့၏။ သူသည် အလျှံပယ်များပြားလှသော ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာတို့နှင့် လူတို့ခံစားနိုင်မည့် အရာအားလုံးကို လူသားတို့ထံ ယူဆောင်လာခဲ့၏၊ ၎င်းတို့ခံစားရန် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်း၊ သူ၏သည်းခံခြင်းနှင့် ချစ်ခြင်း၊ သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ကို ၎င်းတို့အား ပေးခဲ့၏။ ယင်းအချိန်၌ လူတို့ကြုံတွေ့ခဲ့ရသည့် အလျှံပယ် များပြားလှသော ခံစားစရာများဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးများ အတွင်းမှ ငြိမ်းချမ်းမှု နှင့် လုံခြုံမှုခံစားချက်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းမှ စိတ်ချ သေချာသော ခံစားချက်၊ ကယ်တင်ရှင်ယေရှုအပေါ် ၎င်းတို့၏ မှီခိုအားကိုးမှု စသည့်အရာအားလုံးတို့သည် ၎င်းတို့ရှင်သန်နေထိုင် ခဲ့သည့်ခေတ်တွင် ပါဝင်ခဲ့၏။ ကျေးဇူးတော်ခေတ်တွင် လူသားသည် စာတန်၏ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဖြစ်သည်၊ ထို့ကြောင့် လူသားအားလုံးတို့အား ရွေးနှုတ်ခြင်း အမှုကို ပြီးမြောက်စေရန်အတွက် အလျှံပယ်ပေါများလှသော ကျေးဇူးတော်၊ အဆုံးမရှိသော စိတ်ရှည် သည်းခံခြင်းတို့ လိုအပ်ခဲ့သည့်အပြင်၊ ထိုမျှမက လူသားတို့၏ အပြစ်များကို ပြေစေရန်အတွက် အကျိုးသက်ရောက်မှုရှိမည့် လုံလောက် ပြည့်စုံသော ယဇ်တစ်ခုကိုလည်း လိုအပ်ခဲ့သည်။ ကျေးဇူးတော်ခေတ်၌ လူသားတို့မြင်ခဲ့ရသောအရာသည် ၎င်းတို့၏ အပြစ်များအတွက် ငါ၏အပြစ်ဖြေရာယဇ်ဖြစ်သည့် ယေရှုသာ ဖြစ်သည်။ ၎င်းတို့သိခဲ့သမျှမှာ ဘုရားသခင်သည် သနားကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း ရှိနိုင်သည် ဟူ၍ဖြစ်ပြီး၊ ၎င်းတို့မြင်ခဲ့သမျှမှာ ယေရှု၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ပင် ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ကျေးဇူးတော်ခေတ်တွင် မွေးဖွားခဲ့သောကြောင့်သာ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် ရွေးနှုတ်ခြင်း မခံရနိုင်မီ၌၊ အကျိုးတရားရရှိစေရန်အလို့ငှာ ၎င်းတို့အပေါ် ယေရှုက အပ်နှင်းထားသော ကျေးဇူးတော်အမျိုးမျိုးတို့ကို မဖြစ်မနေ ခံစားခဲ့ကြရသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ကျေးဇူးတော်ကို ခံစားခြင်းမှတစ်ဆင့် ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ခြင်း ခံရနိုင်သည့်အပြင်၊ ယေရှု၏စိတ်ရှည်သည်းခံမှုကို ခံစားခြင်းမှတစ်ဆင့် ရွေးနှုတ်ခံရမည့် အခွင့်အလမ်းကိုလည်း ရနိုင်ခဲ့ကြလေသည်။ ၎င်းတို့သည် ယေရှု၏ စိတ်ရှည် သည်းခံမှုကြောင့်သာ ယေရှုအပ်နှင်း ထားသည့် ခွင့်လွှတ်ခြင်းကို ရရှိရန်အခွင့်နှင့် အလျှံပယ်ဖြစ်သော ကျေးဇူးတော်ကို ခံစားရန်အခွင့်ကို ရခဲ့ကြခြင်းဖြစ်၏။ ငါသည် ဖြောင့်မတ်သူတို့ကို ရွေးနှုတ်ရန် လာခဲ့ခြင်းမဟုတ်၊ အပြစ်သားတို့ကို ရွေးနှုတ်ရန်၊ အပြစ်သားတို့အနေဖြင့် ၎င်းတို့၏ အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရစေရန် လာခဲ့ခြင်းဖြစ်သည်ဟူ၍ ယေရှုပြောခဲ့သလိုပင် ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံယူ သည့်အခါ ယေရှုသည် တရားစီရင်ခြင်း၊ ကျိန်ဆဲခြင်းနှင့် လူသား၏ ပုန်ကန်ပြစ်မှားခြင်းတို့အား သည်းမခံခြင်းဟူသည့် စိတ်သဘောထားကို ယူဆောင်လာခဲ့မည် ဆိုလျှင်၊ လူသားသည် ရွေးနှုတ်ခံရမည့် အခွင့်အလမ်းကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အပြစ်တို့ဖြင့်သာ ထာဝရပြည့်နှက်လျက် ရှိနေလိမ့်မည် ဖြစ်သည်။ ဤသို့သာဖြစ်ခဲ့လျှင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်သည် ပညတ်တော်ခေတ်၌ ရပ်တန့်သွားခဲ့မည်ဖြစ်ကာ၊ ပညတ်တော်ခေတ်သည် နှစ်ခြောက်ထောင် ရှည်ကြာခဲ့ပေလိမ့်မည်။ လူသား၏ အပြစ်တို့သည်လည်း ပို၍များပြားကာ ပို၍ကြီးလေးလာလိမ့်မည်သာဖြစ်၍၊ လူသားတို့အား ဖန်ဆင်းခြင်းသည် အချည်းနှီးသာ ဖြစ်ခဲ့ပေလိမ့်မည်။ လူသားတို့သည် ယေဟောဝါအား ပညတ်တော်အောက်၌သာ အစေခံနိုင်ကြပေလိမ့်မည်၊ သို့ရာတွင် ၎င်းတို့၏ အပြစ်တို့မှာမူ အဦးအစ ဖန်ဆင်းခံလူသားတို့၏ အပြစ်တို့ထက် ကျော်လွန်သွား မည်သာဖြစ်၏။ ယေရှုသည် လူသားအား ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်လျက်၊ လုံလောက် ပြည့်စုံသော သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို ၎င်းတို့အပေါ် ယူဆောင်လာကာ ချစ်ခင်ခဲ့လေလေ၊ လူသားသည် ယေရှုအားဖြင့် ကယ်တင်ခံရရန်နှင့် ယေရှုက ကြီးစွာသော အဖိုးအခဖြင့် ပြန်ဝယ်ယူခဲ့သည့် ပျောက်သောသိုးသငယ်များ အဖြစ် ခေါ်ဆိုခံရရန် အခွင့်ကို ပို၍ရလေလေဖြစ်၏။ ယေရှုသည် သူ၏နောက်လိုက်တို့ကို ချစ်သောမိခင်တစ်ဦးက မိမိ၏ရင်ဝယ်ရှိ နို့စို့ကလေးငယ်အား ဆက်ဆံသကဲ့သို့ ဆက်ဆံသောကြောင့်၊ စာတန်သည် ဤအမှုတွင် ဝင်ရောက်မစွက်ဖက်နိုင်ခဲ့ချေ။ ယေရှုသည် ၎င်းတို့အပေါ် ဒေါသဖြစ်ခြင်း၊ သို့မဟုတ် မထီမဲ့မြင်ပြုခြင်း မရှိခဲ့ဘဲ၊ နှစ်သိမ့်မှုဖြင့်သာ ပြည့်နှက်ခဲ့၏၊ သူသည် ၎င်းတို့ကြား၌ ဒေါသတကြီးဖြစ်ခြင်း အလျှင်းမရှိခဲ့ဘဲ၊ “အခြားသူတို့အား အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် ခွင့်လွှတ်ရမည်” ဟု ပြောဆိုခဲ့သည်အထိပင် ၎င်းတို့၏ အပြစ်များကို သည်းခံခဲ့ကာ၊ ၎င်းတို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှုတို့ကို မသိကျိုးကျွန်ပြုခဲ့လေသည်။ ထို့ကြောင့် အခြားသူတို့၏ စိတ်နှလုံးတို့သည် သူ၏စိတ်နှလုံးအားဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခဲ့ပြီး ထို့ကြောင့်သာလျှင် လူတို့သည် သူ၏စိတ်ရှည်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို ရခဲ့ကြ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၃)
ယေရှုသည် သူ၏လူ့ဇာတိခံယူခြင်း၌ စိတ်ခံစားမှု လုံးလုံးမရှိခဲ့သော်ငြားလည်း၊ သူသည် သူ၏တပည့်တော်များကို အစဉ်အမြဲ နှစ်သိမ့်ခဲ့၏၊ ၎င်းတို့ကို အထောက်အပံ့ပေးခဲ့၏၊ ၎င်းတို့ကို ကူညီပံ့ပိုးခဲ့၏။ သို့သော် သူ့အနေဖြင့် အမှုမည်မျှကို ပြုခဲ့သည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံခဲ့ရသည်ဖြစ်စေ၊ သူသည် လူတို့အပေါ် လွန်ကဲသော တောင်းဆိုမှုများကို မည်သည့်အခါမျှ မပြုလုပ်ခဲ့ဘဲ၊ ၎င်းတို့၏ အပြစ်များအတွက် အစဉ်အမြဲ စိတ်ရှည်သည်းခံ ခဲ့သောကြောင့်၊ ကျေးဇူးတော်ခေတ်မှ လူတို့သည် သူ့ကို “ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင်ယေရှု” ဟူ၍ အမြတ်တနိုး ခေါ်ဝေါ်ခဲ့ကြသည်။ ယင်းခေတ်ကာလမှ လူအားလုံးတို့အတွက်ကား ယေရှု၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုသာ ဖြစ်ခဲ့၏။ သူသည် လူတို့၏ ပြစ်မှားခြင်းတို့ကို မည်သည့်အခါမျှ မှတ်သားခြင်း မရှိသကဲ့သို့၊ ၎င်းတို့အပေါ် သူ၏ဆက်ဆံမှုမှာလည်း ၎င်းတို့၏ ပြစ်မှားခြင်းများတွင် မည်သည့် အခါမျှ အခြေမတည်ခဲ့ချေ။ ယင်းသည် ကွဲပြားသော ခေတ်တစ်ခု ဖြစ်ခဲ့သောကြောင့်၊ လူတို့အနေဖြင့် ဝလင်စွာစားသောက်နိုင်စေရန် အတွက် များစွာသော အစာအာဟာရတို့ကို လူတို့အပေါ် သူနှင်းအပ်ပေးခဲ့သည်။ သူသည် နာမကျန်းသူကို ပျောက်ကင်းစေခြင်း၊ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း၊ သေသူကို ပြန်ရှင်စေခြင်းအားဖြင့် သူ၏နောက်လိုက်အားလုံးတို့ကို ကျေးဇူးတော်ဖြင့် ပြုမူဆက်ဆံခဲ့၏။ လူတို့အနေဖြင့် သူ့ကို ယုံကြည်နိုင်စေရန်နှင့် သူပြုသမျှအားလုံးမှာ လေးနက်စွာနှင့် စစ်မှန်စွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြင်ကြစေရန်အလို့ငှာ၊ သူသည် ပုပ်ပွနေသော အလောင်းကောင် တစ်ခုကို ထမြောက်စေသည်အထိ ပြုခဲ့၍၊ သူ၏လက်ထဲ၌ သေသူသည်ပင် ပြန်ရှင်နိုင်ကြောင်းကို ၎င်းတို့အား ပြသခဲ့၏။ ဤသို့သောနည်းလမ်းဖြင့် သူသည် တိတ်ဆိတ်စွာ သည်းခံ၍၊ သူ၏ရွေးနှုတ်ခြင်းအမှုကို ၎င်းတို့ကြား၌ ဆောင်ရွက်ခဲ့လေသည်။ ကားတိုင်၌ သံမှိုဖြင့်စွဲရိုက်ခြင်း မခံရမီကပင်၊ ယေရှုသည် လူသားတို့၏ အပြစ်များအတွက် တာဝန်ယူထားပြီးဖြစ်သကဲ့သို့၊ လူသားမျိုးနွယ် အတွက် အပြစ်ဖြေရာယဇ်တစ်ခုလည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကားတိုင်တွင် အဆုံးစီရင်ခြင်း မခံရမီ၌ပင်၊ သူသည် လူသားမျိုးနွယ်ကို ရွေးနှုတ်ရန်အလို့ငှာ ကားတိုင်သို့ သွားရာလမ်းအား ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်သည်။ အဆုံးတွင်မူ ကားတိုင်အလို့ငှာ သူ့ကိုယ်သူ ပေးဆပ်လျက်၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခြင်းခံခဲ့ရပြီး သူသည် သူ၏သနားကရုဏာ၊ ချစ်ခင်ကြင်နာမှုနှင့် သန့်ရှင်းခြင်းအားလုံးတို့ကို လူသားမျိုးနွယ် အပေါ် နှင်းအပ်ခဲ့သည်။ သူသည် ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ ၎င်းတို့အား နောင်တရရန် တိုက်တွန်းခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာ ရှိကြစေရန် သင်ကြားပေးခြင်း၊ သူ၏ခြေလှမ်းများ အတိုင်းလိုက်ကာ ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ကြရန် သင်ကြားပေးခြင်းတို့ဖြင့် လူသားတို့အပေါ် အစဉ်အမြဲ သည်းခံခဲ့၍၊ မည်သည့်အခါမျှ အငြိုးအတေးထားခြင်း မရှိခဲ့ချေ။ ညီအစ်ကို မောင်နှမတို့အတွက် သူ၏ချစ်ခြင်းမေတ္တာသည် မာရိအပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာထက်ပင် ပိုလွန်ခဲ့သည်။ သူပြုခဲ့သောအမှုသည် နာမကျန်းသူကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း တို့အား အမှု၏အခြေခံသဘောအဖြစ် မှတ်ယူလျက်၊ အားလုံးတို့သည် သူ၏ရွေးနှုတ်ခြင်းအတွက် ဖြစ်ခဲ့၏။ သူသည် မည်သည့်နေရာသို့ သွားခဲ့သည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သူအားလုံးတို့ကို ကျေးဇူးတော်ဖြင့် ပြုမူဆက်ဆံခဲ့သည်။ သူသည် ဆင်းရဲသူကို ချမ်းသာစေခဲ့၏၊ ခြေကျိုးသူကို လမ်းလျှောက်နိုင်စေခဲ့၏၊ မျက်ကန်းသူကို မြင်စေခဲ့ပြီး နားမကြားသူကို ကြားစေခဲ့၏။ သူသည် အနိမ့်ကျဆုံး သောသူများ၊ ခိုကိုးရာမဲ့သူများနှင့် အပြစ်သားများကို သူနှင့်အတူ တစ်စားပွဲတည်းထိုင်ရန်ပင် ဖိတ်ခေါ်ခဲ့၏၊ ၎င်းတို့အား မည်သည့်အခါမျှ ရှောင်ဖယ်ခြင်း မရှိဘဲ၊ အစဉ်အမြဲ စိတ်ရှည်သည်းခံခဲ့ပြီး “သိုးထိန်းတစ်ယောက်သည် အကောင်တစ်ရာ ရှိသော သိုးတို့ထဲမှ သိုးတစ်ကောင် ပျောက်ဆုံးသည့်အခါ၊ သူသည် ပျောက်သော သိုးအား ရှာဖွေရန်အတွက် ကိုးဆယ့်ကိုးကောင်ကို ထားရစ်ပေလိမ့်မည်၊ ပြီးနောက် ထိုသိုးအား ရှာတွေ့သည့်အခါ သူသည် ကြီးစွာ ဝမ်းမြောက်ပေလိမ့်မည်” ဟူ၍ပင် ပြောဆိုခဲ့၏။ သိုးမတစ်ကောင်သည် မိမိ၏သိုးငယ်တို့ကို ချစ်သကဲ့သို့၊ သူသည် သူ၏နောက်လိုက်တို့ကို ချစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မိုက်မဲ၍ မသိနားမလည်ကြကာ၊ သူ၏အမြင်တွင် အပြစ်သားများ ဖြစ်ခဲ့ကြ သော်ငြားလည်း၊ ထို့ပြင် လူ့အဖွဲ့အစည်း၏ အနိမ့်ကျဆုံးလူများ ဖြစ်ကြသော်ငြားလည်း၊ သူသည် အခြားသူတို့က စက်ဆုပ်ရွံရှာသည့် ဤအပြစ်သားတို့ကို သူ၏မျက်ရှုပမာအဖြစ် သဘောထား ခဲ့သည်။ သူသည် ၎င်းတို့ကို မျက်နှာသာပေးခဲ့သည့်အတွက်၊ သိုးသူငယ် တစ်ကောင်အား ယဇ်ပလ္လင်ပေါ်တွင် ပူဇော်သကဲ့သို့ သူ၏အသက်ကို ၎င်းတို့အတွက် စွန့်လွှတ်ခဲ့၏။ သူသည် ၎င်းတို့၏ အစေခံကဲ့သို့၊ သူ့အား အသုံးပြုစေ၍ သတ်ဖြတ်စေကာ၊ ၎င်းတို့ထံ အကြွင်းမဲ့ အပ်နှံလျက်ဖြင့်၊ ၎င်းတို့ကြား၌ လှည့်လည်သွားလာခဲ့၏။ သူသည် သူ၏ နောက်လိုက်များအတွက် ချစ်ဖွယ်ကောင်းသော ကယ်တင်ရှင် ယေရှု ဖြစ်ခဲ့သော်လည်း၊ လူတို့အား မြင့်သောနေရာထက်မှ သြဝါဒပေး ကြသည့် ဖာရိရှဲတို့အတွက်မူ၊ သူသည် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုကို မပြသခဲ့ဘဲ၊ စက်ဆုပ်ရွံရှာခြင်းနှင့် မကျေမချမ်းမှု ကိုသာ ပြခဲ့သည်။ သူသည် ဖာရိရှဲတို့ကြား၌ များစွာလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ဘဲ၊ တစ်ခါတစ်ရံမှသာ သြဝါဒပေးခြင်းနှင့် ပြစ်တင်မောင်းမဲခြင်း ပြုခဲ့သည်၊ သူသည် ၎င်းတို့ကြား၌ ရွေးနှုတ်ခြင်းအမှုကို မလုပ်ဆောင်ခဲ့သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ တို့ကိုလည်း မပြုလုပ်ခဲ့ချေ။ သူသည် သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုအားလုံးတို့ကို သူ၏နောက်လိုက်များအပေါ် နှင်းအပ် ပေးခဲ့၏၊ သူ့အား ကားတိုင်တွင် သံမှိုစွဲရိုက်သည့် နောက်ဆုံးအချိန်အထိ ဤအပြစ်သားတို့အတွက် ကြံ့ကြံ့ခံခဲ့ကာ၊ လူသားအားလုံးတို့ကို အပြည့်အဝ ရွေးနှုတ်ခဲ့ပြီးသည်အထိ အရှက်ရခြင်းမှန်သမျှကို ခံစားခဲ့သည်။ ဤသည်မှာ သူ၏အမှုအစုစုပင် ဖြစ်သည်။
ယေရှု၏ရွေးနှုတ်ခြင်းသာ မရှိခဲ့လျှင်၊ လူသားမျိုးနွယ်သည် အပြစ်၌ ထာဝရ ရှင်သန်နေထိုင်ခဲ့ကြမည်ဖြစ်ကာ၊ အပြစ်၏ သားသမီးများ၊ မိစ္ဆာတို့မှ ဆင်းသက်လာသူများ ဖြစ်လာကြ လိမ့်မည်။ ဤသို့သာ ဆက်ဖြစ်ခဲ့သော်၊ ကမ္ဘာလောက တစ်ခုလုံးသည် စာတန် ကျိန်းဝပ်သော နယ်မြေ၊ ၎င်း၏နေထိုင်ရာ အရပ်ဖြစ်လာပေမည်။ သို့ရာတွင် ရွေးနှုတ်ခြင်းအမှုသည် လူသားတို့အပေါ် သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့အား ပြသရန် လိုအပ်ခဲ့၏၊ ယင်းသို့သော နည်းလမ်းအားဖြင့်သာ လူသားမျိုးနွယ်သည် ခွင့်လွှတ်ခြင်းကို ရရှိနိုင်ခဲ့၍၊ အဆုံး၌ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံရရန်နှင့် အပြည့်အဝ ရယူခြင်းခံရစေရန် အခွင့်ကိုလည်း ရနိုင်ခဲ့ကြသည်။ အမှု၏ ဤအဆင့်သာ မရှိခဲ့လျှင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် တိုးတက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ယေရှုသည် ကားတိုင်၌ အဆုံးစီရင်ခြင်း မခံခဲ့ရသော်၊ သူသည် နာမကျန်းသူကိုသာ ပျောက်ကင်းစေ၍ နတ်ဆိုးတို့ကိုသာ နှင်ထုတ် ခဲ့သော်၊ လူတို့သည် ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို လုံးလုံးခံရနိုင်ခဲ့မည် မဟုတ်ချေ။ ယေရှုသည် ကမ္ဘာလောကပေါ်တွင် သူ၏အမှုကိုပြုရင်း ကုန်ဆုံးခဲ့သည့် သုံးနှစ်ခွဲကာလအတွင်း၌၊ သူသည် ရွေးနှုတ်ခြင်းအမှု၏ တစ်ဝက်ကိုသာ ပြီးမြောက်ခဲ့၏၊ ထို့နောက် ကားတိုင်တွင် သံမှိုစွဲရိုက်ခံရခြင်းနှင့် အပြစ်တို့ဖြင့် ပြည့်နှက်သော ဇာတိပကတိပုံသဏ္ဌာန် ဖြစ်လာခြင်းအားဖြင့်လည်းကောင်း၊ နတ်ဆိုးထံ အပ်နှံခံရခြင်းအားဖြင့်လည်းကောင်း၊ သူသည် ကားတိုင်၌ အဆုံးစီရင်ခံရခြင်းအမှုကို ပြီးမြောက်ခဲ့ကာ၊ လူသားမျိုးနွယ်၏ ကံကြမ္မာကို ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ သူ့အား စာတန်၏လက်သို့ လွှဲအပ်ပြီးနောက်မှသာ၊ သူသည် လူသားမျိုးနွယ်ကို ရွေးနှုတ် ခဲ့ခြင်းဖြစ်၏။ သုံးဆယ့်သုံးနှစ်ခွဲ ကြာကာလအတွင်း သူသည် ကမ္ဘာလောကပေါ်၌ လှောင်ပြောင် ခံရခြင်း၊ အသရေဖျက်ခံရခြင်း၊ ပစ်ပယ်ခံရခြင်းတို့ကို ခံစားခဲ့ရကာ၊ သူ၌ ခေါင်းချရန်နေရာ၊ နားခိုရန်နေရာ မရှိသည် အထိဖြစ်ခဲ့ပြီး၊ ထို့နောက်တွင် သန့်ရှင်း၍ အပြစ်ကင်းသော ခန္ဓာဖြစ်သည့် သူ၏ဖြစ်ခြင်းတစ်ခုလုံးသည် ကားတိုင်ထက်၌ သံမှိုစွဲရိုက်ခံရလျက် အဆုံးစီရင်ခြင်းခံခဲ့ရ၏။ သူသည် ရှိရှိသမျှသော ဒုက္ခဆင်းရဲမှန်သမျှကို ကြံ့ကြံ့ခံခဲ့၏။ အာဏာ ရှိသူတို့က သူ့အား ပြက်ရယ်ပြု၍ ကျာပွတ်နှင့်ရိုက်နှက်ခဲ့သလို၊ စစ်သားများ ကလည်း သူ၏မျက်နှာကို တံတွေးနှင့်ပင် ထွေးခဲ့ကြ၏၊ သို့သော် သူသည် ဆိတ်ဆိတ်သာ နေခဲ့၍၊ အဆုံးထိတိုင် ကြံ့ကြံ့ခံခဲ့ကာ၊ သေဆုံးသည်အထိ အကြွင်းမဲ့ နာခံသွားခဲ့ပြီးနောက် လူသားအားလုံး တို့ကို သူရွေးနှုတ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက်မှသာ သူသည် အနားယူခွင့်ရခဲ့သည်။ ယေရှုပြုခဲ့သောအမှုသည် ကျေးဇူးတော်ခေတ် ကိုသာ ကိုယ်စားပြုခဲ့၏၊ ယင်းသည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုခြင်း မဟုတ်သကဲ့သို့၊ နောက်ဆုံးသောကာလ၏ အမှုအတွက် အစားထိုးခြင်းတစ်ခုလည်း မဟုတ်ချေ။ ဤသည်မှာ ရွေးနှုတ်ခြင်းခေတ်ဖြစ်သည့် လူသားမျိုးနွယ် ဖြတ်သန်းခဲ့ပြီးသော ဒုတိယခေတ်ဟူသည့် ကျေးဇူးတော်ခေတ် အတွင်းရှိ ယေရှုအမှု၏ အနှစ်သာရပင် ဖြစ်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၄)
ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ယေရှုသည် လူတို့အလယ် သူ၏အမှုကို လုပ်ဆောင်ရန် လူ့ဇာတိခံခဲ့သည်။ သူ၏အမှုကို သီးခြား မဆောင်ရွက်ခဲ့ဘဲ၊ ယေဟောဝါ၏ အမှုပေါ်တွင် အခြေခံ၍ ဆက်လက် အကောင် အထည်ဖော်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးသည် အမြဲ ရှေ့ဆက် တိုးတက်နေသောကြောင့်၊ ယေရှု၏အမှု အဆုံးသတ်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ခေတ်ဟောင်း ကုန်လွန်သည့်အချိန်တွင်၊ ယင်းကို ခေတ်သစ်တစ်ခုဖြင့် အစားထိုးလိမ့်မည် ဖြစ်ပြီး၊ အမှုဟောင်း ပြည့်စုံသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်မည့် အမှုသစ် ရှိလိမ့်မည်။ ဤလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှုနောက်လိုက်လာသည့် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤလူ့ဇာတိခံယူခြင်းသည် သီးခြား မဖြစ်ပေါ်ပေ။ ယင်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်သည်။ အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် အစပြုသည့် အချိန်တိုင်းတွင်၊ အသစ်သော အစပြုခြင်း ရှိရမည်ဖြစ်ပြီး ယင်းက ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းရမည် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု တည်နေရာနှင့် သူ၏ နာမတော်တို့တွင်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပေသည်။ သို့ဆိုလျှင်၊ လူသားအနေဖြင့် ခေတ်သစ်ထဲတွင် ဘုရားသခင်၏အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ်မရှိပေ။ သို့သော် ဘုရားသခင်သည် လူသား၏ ဆန့်ကျင်မှုကို မည်သို့ ခံရသည်ဖြစ်စေ၊ သူသည် မိမိ၏အမှုကို အမြဲ လုပ်ဆောင်နေပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြဲ ရှေ့သို့ ဦးဆောင်နေပေသည်။ ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ဤလူ့ဇာတိခံယူခြင်းဖြင့် သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၅)
အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက် သောင်တင်နေပါက၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန် မဆိုထားနှင့်၊ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘယ်သောအခါမျှ ဖယ်ရှားလိမ့်မည် မဟုတ်ပေ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲ အသက်ရှင်သော်လည်း၊ ဘုရားသခင်ကို သိရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ကို အခွင့်ပေးသည့် အသက်လမ်းခရီး မရှိကြပါက၊ ၎င်းတို့သည် ကိုယ်တော်၌ ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို မည်သည့်အခါတွင်မျှ အမှန်တကယ် ရရှိလိမ့်မည်မဟုတ်ပေ။ ဤယုံကြည်မှုမျိုးသည် ဧကန်အမှန် သနားစဖွယ် ဖြစ်သည်။ ဤစာအုပ်ကို သင်ဖတ်ပြီးသည့်အခါ၊ နိုင်ငံတော်ခေတ်ထဲက လူ့ဇာတိခံ ဘုရားသခင်၏ အမှု အဆင့်တိုင်းကို သင် တွေ့ကြုံပြီးချိန်တွင်၊ နှစ်ပေါင်းများစွာ သင်၌ ရှိခဲ့သည့် စိတ်ဆန္ဒများသည် နောက်ဆုံးတွင် တကယ်ဖြစ်ပေါ်လာပြီ ဖြစ်သည်ကို သင်ခံစားရပေမည်။ ယခုမှသာ ဘုရားသခင်ကို မျက်နှာချင်းဆိုင် သင် အမှန်တကယ် မြင်တွေ့ရပြီ၊ ယခုမှသာ သူ၏ မျက်နှာကို ကြည့်ရပြီ၊ သူ၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ချက်များကို ကြားရပြီ၊ သူ၏ အမှု၏ ဉာဏ်ပညာကို နားလည်သဘောပေါက်ပြီး သူသည် မည်မျှစစ်မှန်ပြီး အနန္တတန်ခိုးရှင် ဖြစ်သည်ကို အမှန်တကယ် သိရပြီဟု သင်ခံစားရလိမ့်မည်။ ယခင်ခေတ်က လူများ မမြင်ခဲ့ဖူးသကဲ့သို့ မပိုင်ဆိုင်ခဲ့ဖူးသည့် အရာများစွာကို သင် ရရှိပြီးဖြစ်သည်ဟု သင်ခံစားသိလိမ့်မည်။ ဤအချိန်တွင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာဖြစ်သည်ဆိုသည်နှင့် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီဖို့ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိလိမ့်မည်။ ဟုတ်ပေ၏၊ သင်သည် အတိတ်၏ အမြင်များကို တွယ်ဖက်ပြီး ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း အချက်ကို ပယ်ချပါက၊ သို့မဟုတ် ငြင်းပယ်ပါက၊ သင်သည် မည်သည့်အရာမျှ မရရှိဘဲ လက်ချည်းသက်သက် ဖြစ်နေလိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ်ရှိသည်ဟု ကြေညာခံရလိမ့်မည်။ သမ္မာတရားကို နာခံနိုင်ပြီး ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်သော သူတို့သည် ဒုတိယအကြိမ် လူ့ဇာတိခံ ဘုရားသခင်- အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်အောက်တွင် အကျုံးဝင်လိမ့်မည်။ ၎င်းတို့သည် သာ၍ များပြီး သာ၍ မြင့်မားသည့် သမ္မာတရားများအပြင် စစ်မှန်သော အသက်ကို ရရှိရင်း၊ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှုကို လက်ခံနိုင်လိမ့်မည်။ ၎င်းတို့သည် အတိတ်က လူတို့ လုံးဝ မမြင်ဖူးကြသည့် ရူပါရုံကိုလည်း ရှုမြင်ကြရလိမ့်မည်- “ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊ ထိုမီးခွက်ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသော သူတစ်ဦးကိုလည်းကောင်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့လည်းကောင်း၊ မိုဃ်းပွင့်ကဲ့သို့ လည်းကောင်း ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သော သန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။” (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆) ဤရူပါရုံသည် ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံး၏ ဖော်ပြချက်ဖြစ်ပြီး သူ၏စိတ်သဘောထား တစ်ရပ်လုံး ဖော်ပြခြင်းသည် သူ၏ လက်ရှိအချိန် လူ့ဇာတိခံယူခြင်းထဲက ဘုရားသခင်၏ အမှု၏ ဖော်ပြချက်လည်း ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တစ်ပုံတစ်ပင်ထဲတွင် လူသားသည် ယောဟန်တွေ့မြင်ခဲ့သော လူသားမျက်နှာ၏ တိကျသော သရုပ်ဖော်ချက်တစ်ခုဖြစ်သည့် လူသား၏ စစ်မှန်သော မျက်နှာကို သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူအားလုံးအား မြင်ခွင့်ပေးရင်း၊ မိန့်မြွက်ချက်များအားဖြင့် သူ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြလေသည်။ (ဟုတ်ပေ၏၊ ဤအရာ အားလုံးသည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏အမှုကို လက်မခံသော သူများအဖို့ မြင်၍ရနိုင်လိမ့်မည် မဟုတ်ပေ။) ဘုရားသခင်၏ မျက်နှာအစစ်ကို လူတို့၏ ဘာသာစကားကို သုံးလျက် အပြည့်အဝ ရှင်းရှင်းလင်းလင်းပြောဆို၍ မရနိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ မျက်နှာအစစ်ကို လူတို့ထံ ပြသရန် သူ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြသည့် နည်းလမ်းအား အသုံးပြုလေသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကြီးမြတ်လွန်းပြီး လူဘာသာစကားကို အသုံးပြုလျက် အပြည့်အဝ ရှင်းလင်းပြောဆို၍ မရနိုင်သည့်အတွက်၊ လူ၏ ပင်ကိုစိတ်သဘောထားကို နားလည်ပြီးသော သူအားလုံးသည် လူသား၏ စစ်မှန်သော မျက်နှာကို မြင်တွေ့ပြီးဖြစ်သည်ဟု ဆိုရပေမည်။ လူသည် နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံပြီးသည်နှင့် တစ်ပြိုင်နက်၊ မီးခွက်များအလယ် လူသားဟု ပြောသည့်အချိန် ယောဟန်၏ စကားများ၏ စစ်မှန်သော အဓိပ္ပာယ်ကို သိပေလိမ့်မည်- “ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော် သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သော သန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။” ထိုအချိန်တွင်၊ များစွာပြောဆိုပြီးဖြစ်သော ဤသာမန်လူ့ဇာတိသည် သိသိသာသာ ဒုတိယ လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ကို သံသယကင်းစွာ သင်သိလိမ့်မည်။ ထို့ပြင်၊ သင်မည်မျှ ကောင်းချီးခံစားရသည်ကို အမှန်တကယ် သင်ခံစားရလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုယ် ကံအကောင်းဆုံး ဖြစ်သည်ဟု ခံစားရလိမ့်မည်။ ဤကောင်းချီးမင်္ဂလာကို လက်ခံရန် သင် လိုလားလျက် မရှိသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၆)
နောက်ဆုံးသောကာလ၏ အမှုသည် နှုတ်ကပတ်တော်များကို ပြောဆိုရန် ဖြစ်သည်။ နှုတ်ကပတ်တော်များအားဖြင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်၏ နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်ခဲ့သော အပြောင်းအလဲများထက် များစွာ ပိုမို ကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် မကောင်းဆိုးဝါးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူသားထံမှ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူသားအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ကျန်ရှိနေဆဲ ဖြစ်ခဲ့သည်။ လူသည် သူ၏အနာရောဂါမှ ကုသပျောက်ကင်းခဲ့ပြီး သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ၎င်းအတွင်းရှိ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်ဆိုသည်အတွက်မူ၊ ဤအမှုကို လုပ်ဆောင်ဖို့ ရှိသေး၏။ လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။ ယေရှုသည် သူ၏အမှုကို လုပ်ဆောင်နေခဲ့သည့်အချိန်တွင်၊ သူနှင့်ပတ်သက်သည့် လူ၏ အသိပညာသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ လူသားက သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် အမြဲ ယုံကြည်ခဲ့ပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော စေတနာရှိသော အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့က ၎င်းတို့၏ ယုံကြည်ခြင်း ခွန်အားအပေါ် သူ့ဝတ်ရုံ၏ အစွန်းကို ထိတွေ့ခြင်းမှ အနာရောဂါငြိမ်းခဲ့ကြသည်။ မျက်စိကန်းသူ မြင်နိုင်ခဲ့ပြီး သေသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် မိမိကိုယ်ကိုယ်အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်သည့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ရှာဖွေမတွေ့ရှိနိုင်ခဲ့သကဲ့သို့၊ ယင်းကို မည်သို့ စွန့်ပစ်ရမည်ကိုလည်း မသိခဲ့ပေ။ လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ မိသားစုဝင်တစ်ဦး၏ ယုံကြည်ခြင်းက မိသားစုတစ်ခုလုံးအပေါ် ကောင်းချီးမင်္ဂလာဆောင်ကြဉ်းခြင်း၊ နာမကျန်းမှုကို ပျောက်ကင်းစေခြင်း စသည်တို့ကဲ့သို့သော ကျေးဇူးတော်များစွာကို ရရှိခဲ့သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းသော လုပ်ဆောင်ချက်များနှင့် သူ၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို အခြေခံ၍ အသက်ရှင်နိုင်ပါက၊ ၎င်းတို့ကို လက်သင့်ခံ၍ရနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤယုံကြည်သူမျိုးများသာ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ပေသည်၊ ယင်းမှာ ၎င်းတို့ ကယ်တင်ခြင်းခံခဲ့ရသည်ဟု ဆိုလိုခဲ့ပေသည်။ သို့ရာတွင် ဤလူများက ၎င်းတို့၏ တစ်သက်တာတွင် အသက်၏လမ်းခရီးကို လုံးဝ နားမလည်ခဲ့ကြပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှအားလုံးမှာ အပြစ်များကို ကျူးလွန်ပြီးနောက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ၊ အတောမသတ်သော သံသရာစက်ဝိုင်းတစ်ခုထဲတွင် ၎င်းတို့၏ အပြစ်များကို ဝန်ချရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကျေးဇူးတော်ခေတ်တွင် ရှိသော လူ၏အခြေအနေဖြစ်ခဲ့သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီးဖြစ်ပါသလော။ မရရှိပေ။ ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၇)
နောက်ဆုံးသောကာလ၏ အမှုတွင်၊ နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမို တန်ခိုးကြီးမားပြီး၊ နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နှံထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အားလုံးကို ဖော်ထုတ်သည်။ သင်သည် မိမိဘာသာ ထိုအရာများကို သတိပြုမိဖို့ ဖြစ်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ချထားသည့်အခါတွင်၊ သင်သည် အလိုအလျောက် ယင်းတို့ကို ရှာတွေ့လာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည် မဟုတ်သကဲ့သို့၊ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤသည်ကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ဤသည်မှာ ယနေ့ နှုတ်ကပတ်တော်၏ အမှုက ရရှိသည့် ရလဒ် ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရသည်မှာ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့မှတစ်ဆင့် မဟုတ်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်းအားဖြင့်လည်း သူသည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဩဇာအာဏာသည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော် လူသား၏ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်ဆဲ ဖြစ်ပြီး၊ လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သန့်ရှင်းစေခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့နှင့် နှီးနွှယ်ဆဲ ဖြစ်ပေသည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် သန့်စင်စေခြင်းခံရသည့် နောက်မှသာ သူသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ခံရလာနိုင်ပေသည်။ လူသားထဲ နတ်ဆိုးများကို နှင်ထုတ်ပြီး သူသည် ရွေးနုတ်ခံခဲ့ရသည့်နောက်တွင်၊ ဤသည်မှာ သူသည် စာတန်လက်ထဲမှ ဆွဲလုယူခြင်း ခံခဲ့ရပြီး၊ ဘုရားသခင်ထံသို့ ပြန်လာခဲ့သည်ကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်း သို့မဟုတ် ပြောင်းလဲစေခြင်းကို မခံရဘဲနှင့်၊ သူသည် ဖောက်ပြန်ပျက်စီးသော လူအဖြစ် ရှိနေသည်။ လူသားအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သော်လည်း၊ သူသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှ မရှိသကဲ့သို့၊ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။ ဥပမာအားဖြင့်၊ လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ၊ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး၊ လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ မကျိုးနွံမနာခံနိုင်ဆဲ ဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင်၊ သင်၏ လက်များသည် အခြားသူများထက် ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့်၊ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်။”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး၊ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက်၊ ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး၊ လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။ လူသည် သူ၏ မွေးရာပါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း မရှိခဲ့သောကြောင့်၊ ထိုသို့ အော်ဟစ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ လူ့အတွင်း၌ရှိသော မသန့်စင်မှုများ ဖြစ်သည်။ ထိုသို့သော ရှည်ကြာသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ကာလတစ်လျှောက်တွင်၊ လူသည် တင်းမာမှုရှိသော အခြေအနေ တစ်ခုတွင် အသက်ရှင်ခဲ့ရသည်။ ဤအရာအားလုံးကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းပေးမှုဖြင့် စွမ်းဆောင်ရရှိခဲ့သည် မဟုတ်လော။ အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်မှုများမတိုင်မီတွင် သင်သည်လည်း အလွန်ကျယ်လောင်သော အသံဖြင့် ဟစ်အော်ခဲ့သည် မဟုတ်လော။ “နိုင်ငံတော်ထဲသို့ ဝင်ရောက် ကြလော့။ ဤနာမတော်ကို လက်ခံသူအားလုံးတို့သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်။ အားလုံးသည် ဘုရားသခင်၌ ပါဝင်ကြလိမ့်မည်။” အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်မှု ရောက်လာသည့်အခါတွင်၊ သင်သည် မအော်ဟစ်တော့ပေ။ တကယ့်အစတွင်၊ အားလုံးက “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်ကို မည်သည့်နေရာ၌ ထားသည်ဖြစ်စေ၊ ကိုယ်တော်၏ လမ်းကြောင်း ပေးခြင်းခံလျက်၊ ကျွန်ုပ်သည် ကိုယ်တော်ကို ကျိုးနွံနာခံပါမည်။” ဟု ဟစ်အော်ခဲ့ကြသည်။ “မည်သူသည် ငါ၏ ပေါလု ဖြစ်မည်နည်း။” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ၊ လူတို့က “ကျွန်ုပ် ဖြစ်လိုပါသည်။”ဟု ပြောကြသည်။ ထို့နောက် ၎င်းတို့က “ပြီးလျှင် ယောဘ၏ ယုံကြည်ခြင်းကား အဘယ်နည်း။” ဟူသော နှုတ်ကပတ်တော်များကို မြင်ခဲ့ကြပြီး၊ “ကျွန်ုပ်သည် ယောဘ၏ ယုံကြည်ခြင်းကို မိမိဘာသာ ခံယူလိုပါသည်။ ဘုရားသခင် ကျွန်ုပ်ကို စမ်းသပ်တော်မူပါ။” ဟုပြောခဲ့ကြသည်။ အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်မှု ရောက်လာသည့်အခါတွင်၊ ၎င်းတို့သည် ချက်ချင်း လဲပြိုသွားကြပြီး၊ တစ်ဖန် ပြန်မရပ်နိုင်ကြချေ။ ထို့နောက်တွင် ၎င်းတို့၏ စိတ်နှလုံးများထဲက မသန့်စင်မှုများသည် နည်းနည်းချင်း တဖြည်းဖြည်း လျော့လာခဲ့သည်။ ဤအရာကို နှုတ်ကပတ်တော်မှတစ်ဆင့် စွမ်းဆောင်ရရှိခဲ့သည် မဟုတ်လော။ သို့ဆိုလျှင် ယနေ့ သင်တို့ တွေ့ကြုံပြီးသည့် အရာများမှာ နှုတ်ကပတ်တော်မှ တစ်ဆင့် စွမ်းဆောင်ရရှိသော ရလဒ်များ ဖြစ်ပြီး ယေရှု၏ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာ အမှုများနှင့်ဆိုင်သည့် အမှုမှတစ်ဆင့် စွမ်းဆောင်ရရှိခဲ့သည့် အရာများထက်ပင် သာ၍ ကြီးမားသည်။ သင် မြင်သည့် ဘုရားသခင်၏ ဘုန်းသရေနှင့် သင် မြင်သည့် ဘုရားသခင် ကိုယ်တော်တိုင်၏ ဩဇာအာဏာတို့သည် ကားစင်တင်ခံရခြင်းအားဖြင့်၊ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုး များကို နှင်ထုတ်ခြင်းအားဖြင့် မြင်တွေ့ရုံမျှ မြင်တွေ့ရသည်မဟုတ်ဘဲ၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့် သာ၍ပင် ထိုသို့ မြင်တွေ့ရပေသည်။ ဤအရာက ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးတို့သည် နိမိတ်လက္ခဏာများ ပြုခြင်း၊ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သာ ပါရှိသည် မဟုတ်ဘဲ၊ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို သာ၍ ကိုယ်စားပြုနိုင်ပြီး သူ၏ အနန္တတန်ခိုးကို သာ၍ ထုတ်ဖော်ပြပြုနိုင်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၈)
နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် အခြေခံသဘောတရားဖြစ်သည်။ လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို လူတို့ အမှန်တကယ် မြင်နိုင်ဖို့နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ဖို့အလို့ငှာ မတူညီသော ရှုထောင့်များမှ စကားပြောရန် သူသည် လူ့ဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ခြင်း၊ စုံလင်စေခြင်းနှင့် ပယ်ထုတ်ခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်၊ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ အောင်မြင်ခြင်းသို့ ဆောင်ကြဉ်းခံရပေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့ ဖော်ထုတ်ခံရကြသည်၊ ပယ်ထုတ်ခံရပြီး၊ စစ်ကြောခံရကြလေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားကြပြီးဖြစ်သကဲ့သို့၊ ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့အပြင်၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကိုကယ်တင်ရန် သူ၏ ဆန္ဒကို ယုံကြည်လာကြပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရှင်းပြီး သာမန်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး၊ လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင် ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့် အမှုပြုသည်။ သူသာလျှင် ထိုသို့ စကားပြောပြီး၊ လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့်ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင် အသက်ရှင်ကြပြီး၊ သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်လာကြပြီး ဖြစ်သည့် သာ၍ များသော လူများပင် ရှိလေသည်။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး၊ နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ၊ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ၏အမှုကို ပြုရန်နှင့် သူ့အမှု၏ ရလဒ်များကို ရရှိရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အံ့ဖွယ်ရာများကို လုပ်ဆောင်ခြင်းမရှိ သို့မဟုတ် နိမိတ်လက္ခဏာများကို ပြခြင်း မရှိဘဲ၊ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏အမှုကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်လေသည်။ ဤနှုတ်ကပတ်တော်များကြောင့်၊ လူသားသည် အာဟာရ ဖြည့်ခံရပြီး၊ ထောက်ပံ့ခံရကြကာ၊ အသိပညာနှင့် စစ်မှန်သော အတွေ့အကြုံကို ရရှိသည်။ နှုတ်ကပတ်တော်ခေတ်၌၊ လူသည် ထူးခြားစွာ ကောင်းချီးခံစားရပြီး ဖြစ်သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို မခံစားရသကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်၏ အလျှံပယ်သော ထောက်ပံ့မှု သက်သက်ကိုသာ မွေ့လျော်ခံစားရလေသည်။ လူသည် ကျိုးကြောင်းမမြင်ဘဲ၊ ထွက်ရှာခြင်း သို့မဟုတ် ကျိုးကြောင်းမမြင်ဘဲ ခရီးဆက်သွားခြင်း မလိုအပ်ဘဲ၊ သူ၏ သက်သောင့်သက်သာ ဖြစ်ခြင်းအလယ်မှ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ရသည်၊ ဘုရားသခင် ကိုယ်တော်တိုင် သူ၏ နှုတ်ဖြင့် စကားပြောဆိုသည်ကို ကြားရသည်၊ ဘုရားသခင်ထောက်ပံ့ပေးသော အရာကို လက်ခံရရှိပြီး၊ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ သူ၏ အမှု လုပ်ဆောင်နေသည်ကို စောင့်ကြည့်ရလေသည်။ ဤသည်တို့မှာ အတိတ်က လူတို့ မမွေ့လျော် မခံစားနိုင်ခဲ့သောအရာများ ဖြစ်ကြပြီး ၎င်းတို့ မည်သည့်အခါတွင်မျှ မရရှိဖူးသည့် ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၉)
စာတန်၏ နက်ရှိုင်းစွာဖျက်ဆီးခံခဲ့ရသော လူသားမျိုးနွယ်သည် ဘုရားသခင်တစ်ဆူ ရှိသည်ကိုမသိဘဲ ဘုရားသခင်ကို ကိုးကွယ်ခြင်းအား ရပ်စဲခဲ့သည်။ ကနဦးအစ အာဒံနှင့် ဧဝတို့ ဖန်ဆင်းခံရချိန်တွင် ယေဟောဝါ၏ ဘုန်းအသရေနှင့် ယေဟောဝါ၏ သက်သေခံချက်တို့သည် အမြဲရှိနေခဲ့၏။ သို့သော် ဖျက်ဆီးခြင်းခံရပြီးနောက် အယောက်တိုင်းက ဘုရားသခင်ကို ပုန်ကန်ပြီး သူ့ကို ကြောက်ရွံ့ခြင်းအား လုံးဝရပ်တန့်ခဲ့ကြသောကြောင့် လူသားသည် ဘုန်းအသရေနှင့် သက်သေခံချက်တို့ကို ဆုံးရှုံးခဲ့လေသည်။ ဖန်ဆင်းခံများကြားတွင် သက်သေရှိဖို့ရန်အတွက် ယနေ့ သိမ်းပိုက်ခြင်းအလုပ်မှာ သက်သေခံချက်အားလုံးနှင့် ဘုန်းအသရေအားလုံးကို ပြန်လည်ရယူရန်ဖြစ်ပြီး လူသားများအားလုံး ဘုရားသခင်ကို ကိုးကွယ်စေဖို့ဖြစ်သည်။ ဤသည်မှာ ဤလုပ်ငန်းအဆင့်တွင် လုပ်ဆောင်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ လူသားမျိုးနွယ်ကို အတိအကျအားဖြင့် မည်ကဲ့သို့ သိမ်းပိုက်ရမည်နည်း။ လူသားကို အပြည့်အဝ လက်ခံယုံကြည်စေဖို့ ဤအဆင့်၏ နှုတ်ကပတ်တော်များ၏ လုပ်ဆောင်ချက်ကို အသုံးပြုခြင်းဖြင့်၊ သူ့အား လုံးဝယုံကြည်လက်ခံစေရန်အလို့ငှာ ထုတ်ဖော်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် မငဲ့ညာဘဲ ကျိန်ဆဲခြင်းတို့ကို အသုံးပြုခြင်းဖြင့်၊ သူသည် လူသားမျိုးနွယ်၏ မဖြောင့်မတ်ခြင်းနှင့်ညစ်ညမ်းမှုကို သိရှိနိုင်ရန် လူသား၏ပုန်ကန်မှုကို ဖွင့်ပြခြင်းနှင့် သူ၏ခုခံမှုကို တရားစီရင်ခြင်းအားဖြင့်ဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားအား မီးမောင်းထိုးပြရန် ယင်းအရာများကို အသုံးပြုရမည်ဖြစ်သည်။ လူသားကိုသိမ်းပိုက်ပြီး သူ့ကို အပြည့်အဝ လက်ခံယုံကြည်စေသည်မှာ အဓိကအားဖြင့် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်သည်။ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်ကို အဆုံးစွန်သိမ်းပိုက်ခြင်း၏ လမ်းစဉ်ဖြစ်ပြီး သိမ်းပိုက်ခြင်းကို လက်ခံသောသူအားလုံးက သူ၏နှုတ်ကပတ်တော်များ၏ ရိုက်နှက်မှုနှင့် တရားစီရင်မှုကို လက်ခံရမည်ဖြစ်သည်။ ယနေ့စကားပြောခြင်း၏ လုပ်ငန်းစဉ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းစဉ် ဟုတ်ပေသည်။ လူတို့သည် အတိအကျအားဖြင့် မည်သို့ ပူးပေါင်းလုပ်ဆောင်သင့်သနည်း။ ဤနှုတ်ကပတ်တော်များကို စားသောက်ပုံကို သိခြင်းနှင့် ၎င်းတို့ကို နားလည်သဘောပေါက်ခြင်းတို့အားဖြင့် ဖြစ်သည်။ လူတို့ သိမ်းပိုက်ခံရပုံနှင့်ပတ်သက်၍မူ၊ ယင်းသည် လူတို့ ၎င်းတို့ကိုယ်တိုင် ပြုလုပ်နိုင်သည့်အရာ တစ်ခု မဟုတ်ပေ။ သင်ပြုလုပ်နိုင်သည်မှာ ဤနှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ညစ်ညမ်းမှု၊ သင်တို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကို သိရှိလာကာ ဘုရားသခင့်ရှေ့မှောက်တွင် လဲကျကြရန်သာ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီးနောက် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ကာ၊ အကယ်၍ သင်၌ ရူပါရုံရှိပြီး ဤနှုတ်ကပတ်တော်များကို လုံးလုံးလျားလျားနာခံနိုင်လျှင်၊ ထို့အပြင် မည်သည့်ရွေးချယ်မှုကိုမျှ ကိုယ်တိုင် မပြုလုပ်ဘဲနေနိုင်လျှင် သင်သည် သိမ်းပိုက်ခြင်းခံရပြီး ဖြစ်လိမ့်မည်။ ထို့ပြင် ဤနှုတ်ကပတ်တော်များ၏ အကျိုးဆက်ပင် ဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် သက်သေခံချက်ကို အဘယ်ကြောင့် ဆုံးရှုံးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဘုရားသခင်၌ ယုံကြည်ချက်မရှိ၊ လူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာမရှိသည့်အတွက် ဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းဆိုသည်မှာ လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို ပြန်လည်ထိန်းသိမ်းပေးခြင်းဖြစ်သည်။ လူတို့သည် သာမန်လောကဘက်သို့ အမြဲတမ်း ဒရောသောပါး ပြေးလိုကြသည်၊ များပြားလွန်းလှသော မျှော်လင့်ချက်များ သိုထားကြသည်၊ သူတို့၏အနာဂတ်အတွက် အဆမတန် လိုချင်ကြပြီး အလွန်အကျွံတောင်းဆိုချက်များ များစွာရှိကြသည်။ သူတို့သည် သူတို့၏ ဇာတိပကတိအကြောင်း အမြဲတွေးတောနေကြ၏၊ ဇာတိပကတိအတွက် စီစဉ်နေကြပြီး ဘုရားသခင်အပေါ် ယုံကြည်မှုနည်းလမ်း ရှာဖွေရာ၌ လုံးဝစိတ်မဝင်စားကြပေ။ သူတို့စိတ်နှလုံးများသည် စာတန်၏လုယူခြင်းကို ခံကြရပြီးဖြစ်သည်။ ဘုရားအပေါ် သူတို့၏ချစ်ကြောက်ရိုသေခြင်း ပျောက်ဆုံးခဲ့ကြပြီဖြစ်ပြီး သူတို့သည် စာတန်ကို စွဲလမ်းနေကြသည်။ သို့သော် လူသားကို ဘုရားသခင်က ဖန်ဆင်းထားခြင်းဖြစ်သည်။ သို့အတွက်ကြောင့် လူသားက သက်သေခံချက် ဆုံးရှုံးခဲ့ပြီဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ ဘုန်းတော်ကို ဆုံးရှုံးခဲ့ပြီဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အပေါ် လူသား၏ ချစ်ကြောက်ရိုသေခြင်း ဘုန်းအသရေကို ပြန်လည်ထိန်းသိမ်းရန် ဖြစ်သည်။ ဤသို့ဆို၍ ရသည်- ဘဝကို မလိုက်လျှောက်သောသူ များစွာရှိသည်။ လိုက်လျှောက် သူအချို့ ရှိမည်ဆိုလျှင်ပင် အရေအတွက်က လက်တစ်ဆုပ်စာသာ ဖြစ်သည်။ လူတို့သည် သူတို့၏အနာဂတ်အကြောင်းများကိုသာ အာရုံစိုက်နေကြပြီး အသက်ကို အနည်းငယ်မျှ အာရုံစိုက်တတ်ကြသည် မဟုတ်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကာ ခုခံကြပြီး သူ၏နောက်ကွယ်တွင် သူ့ကို ဝေဖန်ကြကာ သမ္မာတရားကို လက်တွေ့ မကျင့်ဆောင်ကြပေ။ ဤလူတို့ကို ယခု လစ်လျူရှုထားသည်။ ဤပုန်ကန်ခြင်း၏သားများကို ယာယီအားဖြင့် မည်သည့်အရာမျှ မပြုသော်လည်း အနာဂတ်၌ သင်သည် ငိုကြွေရင်း၊ အံကြိတ်ရင်းဖြင့် မှောင်မိုက်၌ အသက်ရှင်ရလိမ့်မည်။ အလင်းထဲ၌ အသက်ရှင်ချိန်တွင် သင်သည် ယင်း၏ အဖိုးတန်မှုကို မသိ၊ သို့သော် အမှောင်ည၌ သင်ရှင်သန်နေသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အဖိုးတန်မှုကို သိမည်ဖြစ်ပြီး၊ ထိုအခါ သင် ဝမ်းနည်းလိမ့်မည်။ သင်သည် ယခုအဆင်ပြေနေသော်လည်း သင်ဝမ်းနည်းရမည့်နေ့ရက် ရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာပြီး မှောင်မိုက်သက်ဆင်းကာ အလင်း နောက်ထပ်မရှိတော့သည့်အချိန် သင်၏နောင်တ သိပ်နောက်ကျလိမ့်မည်။ ထိုသို့ဖြစ်ရသည့် အကြောင်းမှာ ပစ္စုပ္ပန်အမှုကို သင်နားမလည်သေးဘဲ ရှိခြင်းကြောင့် ယခုသင်၌ရှိသည့်အချိန်ကို မြတ်နိုးတန်ဖိုးထားဖို့ သင်ပျက်ကွက်သည့်အတွက် ဖြစ်သည်။ စကြဝဠာတစ်ခုလုံးနှင့်ဆိုင်သော အလုပ် စတင်သည်နှင့် တစ်ပြိုင်နက်၊ ဆိုလိုသည်မှာ ယနေ့ ငါမိန့်ဆိုနေသောအရာအားလုံး အမှန်ဖြစ်လာသောအခါ လူများစွာတို့သည် မိမိတို့၏ဦးခေါင်းများကို ကိုင်ကာ မချိတင်ကဲဝေဒနာ မျက်ရည်များ ငိုကြွေးကြလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့သည် ငိုကြွေးခြင်းနှင့် အံကြိတ် ခြင်းတို့ဖြင့် မှောင်မိုက်ထဲသို့ လဲကျခြင်း မဟုတ်သလော။ အသက်ကို အမှန်တကယ် လိုက်စား၍ စုံလင်စေခြင်းခံရသူ အားလုံးကို အသုံးပြုနိုင်ကြသော်လည်း အသုံးပြုရန် မသင့်လျော်သော ပုန်ကန်ခြင်း၏ သားအားလုံးသည် မှောင်မိုက်ထဲသို့ လဲကျကြသည်။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးပြီး မည်သည့်အရာကိုမျှ နားမလည်ဘဲ ရှိကြမည်။ အပြစ်ဒဏ်ထဲသို့ ကျရောက်စေခြင်း ခံရခဲ့သဖြင့်၊ ၎င်းတို့သည် ထိုကဲ့သို့ ရှိုက်ငိုခြင်းဖြင့် ဖိစီးနှိပ်စက်ခံရကြလိမ့်မည်။ သင်သည် အလုပ်၏ ဤအဆင့်၌ အဆင်သင့်ဖြစ်ပြီး သင့်အသက်တာ ရင့်ကျက်ပြီဆိုလျှင် အသုံးပြုခံရရန် သင့်လျော်သောသူ ဖြစ်ပေသည်။ အကယ်၍ သင်သည် အဆင်သင့်မရှိလျှင် အလုပ်၏နောက်တစ်ဆင့်အတွက် သင့်ကိုပြင်ဆင်ထားလျှင်ပင် သင်သည် အသုံးပြုရန် သင့်လျော်မည်မဟုတ်ပေ။ ဤအခြေအနေတွင် သင့်ကိုယ်သင် ပြင်ဆင်ချင်လျှင်ပင် အခွင့်အလမ်း နောက်တစ်ခု ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က ထွက်ခွာသွားပြီး ဖြစ်လိမ့်မည်၊ ယခု သင့်ရှေ့၌ ရှိသော အခွင့်အလမ်းမျိုးကို တွေ့ရန် သင်အဘယ်သို့ သွားနိုင်မည်နည်း၊ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပေးသော စွမ်းဆောင်မှုကို လက်ခံရရှိရန် သင်အဘယ်သို့ သွားနိုင်မည်နည်း။ ထိုအချိန်တွင် ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ စကားပြောနေလိမ့်မည်မဟုတ်၊ သို့မဟုတ် ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။ သင်လုပ်နိုင်သည်မှာ ယနေ့ ပြောလျက်ရှိသည့်အရာကို ဖတ်ရှုနိုင်ခြင်းသာ ဖြစ်လိမ့်မည်။ ထိုအခါ သင်မည်သို့ အလွယ်တကူ နားလည်နိုင်မည်နည်း။ အနာဂတ်ဘဝက ယနေ့ဘဝထက် မည်သို့ ပိုကောင်းနိုင်လိမ့်မည်နည်း။ ထိုချိန်တွင် သင်သည် ငိုကြွေး၍ အံကြိတ်ကာ အသက်ရှင်လျက် သေနေခြင်းကို ခံစားနေရမည် မဟုတ်လော။ ကောင်းချီးမင်္ဂလာများကို သင့်အား ယခု ပေးအပ်လျက်ရှိသော်လည်း ၎င်းတို့ကို မည်သို့မွေ့လျော်ရမည်ကို သင်မသိပေ။ သင်သည် ကောင်းချီးခံစားရခြင်း၌ ရှင်သန်နေသော်လည်း သင်က မသိဘဲ ရှိနေသည်။ ဤအရာက သင်သည် ဝေဒနာခံစားရကိန်း ကြုံရမည်ကို သက်သေထူသည်။ လက်ရှိတွင် လူအချို့က ခုခံကြပြီး၊ အချို့က ပုန်ကန်ကြကာ၊ အချို့က တစ်ခု မဟုတ် တစ်ခု လုပ်ကြသည်။ ငါသည် ယင်းကို ယတိပြတ် လျစ်လျူရှုသည်၊ သို့သော် သင်တို့ပြုနေသည့် အမှုကိစ္စများကို ငါ သတိမထားမိဘူးဟု မထင်လေနှင့်။ သင်တို့၏အနှစ်သာရကို ငါသည် နားမလည်သလော။ အဘယ်ကြောင့် ငါ့ကို တိုက်ခိုက်မြဲ တိုက်ခိုက်နေကြသနည်း။ သင့်အဘို့အလို့ငှာ အသက်နှင့် ကောင်းချီးမင်္ဂလာနောက်သို့ လိုက်လျှောက်ရန် ဘုရားသခင်ကို သင်မယုံကြည်သလော။ သင်ယုံကြည်ခြင်းရှိသည်မှာ သင့်အဘို့လိုငှာ မဟုတ်လော။ ယခုအချိန်၌ ငါသည် စကားပြောဆိုခြင်းအားဖြင့်သာ သိမ်းပိုက်ခြင်းအလုပ်ကို လုပ်ဆောင်နေသည်။ ဤသိမ်းပိုက်ခြင်းအလုပ် အဆုံးသတ်သည်နှင့် သင်၏နိဂုံးသည်လည်း သိသာလိမ့်မည်။ ငါသည် သင့်အား အတိအလင်း ပြောရမည်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၀)
လက်ရှိသိမ်းပိုက်ခြင်းအလုပ်သည် လူသား၏ဘဝနိဂုံး အဘယ်အရာဖြစ်လိမ့်မည်ကို ထင်ရှားစေရန် ရည်ရွယ်သည်။ ယနေ့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် နောက်ဆုံးသောကာလ၏ ပလ္လင်ဖြူကြီးရှေ့ တရားစီရင်ခြင်း ဖြစ်သည်ဟု အဘယ်ကြောင့် ပြောခဲ့သနည်း။ သင် ဤအရာကို မမြင်သလော။ သိမ်းပိုက်ခြင်းအလုပ်က အဘယ်ကြောင့် နောက်ဆုံးအဆင့် ဖြစ်သနည်း။ ထိုအရာမှာ လူတန်းစားအသီးသီး မည်သို့ဇာတ်သိမ်းမည်ကို ထင်ရှားစေဖို့ အတိအကျပင် မဟုတ်လော။ ထိုအရာမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သော သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်အတွင်း၊ လူတိုင်းကို မိမိ၏ သရုပ်မှန်အား ပြသခွင့်ပြုပြီး၊ ထိုနောက်တွင် အမျိုးအစားအတိုင်း ခွဲခြားခြင်းခံရစေဖို့ မဟုတ်သလော။ ဤသည်မှာ လူသားမျိုးနွယ်ကို သိမ်းပိုက်သည်ဟု ဆိုသည်ထက်၊ လူအဆင့်အတန်း အသီးသီး အဘယ်သို့ ဇာတ်သိမ်းမည်ကို ပြသည်ဟုဆိုလျှင် ပိုကောင်းလိမ့်မည်။ ဤသည်မှာ လူတို့၏အပြစ်များကို တရားစီရင်ခြင်းနှင့် ၎င်းနောက် လူ့အဆင့်အတန်းများအမျိုးမျိုးကို ဖော်ပြပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ဆိုးယုတ်သည် သို့မဟုတ် ဖြောင့်မတ်သည်ကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်ပြီးသည့်နောက်တွင် အကောင်းအတွက် ဆုလာဘ်ပေးခြင်းနှင့် အဆိုးအတွက် ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ အပြည့်အဝနာခံသောလူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စကြဝဠာတစ်ခုလုံးသို့ ဘုရားသခင်၏အလုပ်အား ဖြန့်ဝေခြင်းဟူသည့် နောက်တစ်ဆင့်၌ နေရာချထားခံကြရမည်၊ သိမ်းပိုက်မခံရသောသူတို့သည် မှောင်မိုက်၌ နေရာချထားခံရမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ ဤသို့ ခွဲခြားသတ်မှတ်ခံရမည်၊ အဆိုးလုပ်သူများသည် နောက်တစ်ဖန် မည်သည့်အခါတွင်မျှ နေ၏အလင်း မရှိဘဲ၊ ဆိုးညစ်မှုနှင့် စုဖွဲ့ခံကြရမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကိုရရှိကာ အလင်းထဲ၌ ထာဝရအသက်ရှင်သွားဖို့ ကောင်းမြတ်မှုနှင့် စုဖွဲ့ခံကြရမည်။ အရာအားလုံးအတွက် အဆုံးသည် နီးလာပြီဖြစ်သည်၊ လူသား၏နိဂုံးကို သူ၏မျက်လုံးများအား ရှင်းရှင်းလင်းလင်း ပြသပြီးဖြစ်ပြီး၊ အရာအားလုံးသည် အမျိုးအစားအတိုင်း ခွဲခြားသတ်မှတ်ခံရလိမ့်မည်။ ထိုသို့ဖြစ်လျှင် လူတို့သည် အသီးသီး အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း၏ မချိတင်ကဲဝေဒနာမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ အရာအားလုံးအတွက် အဆုံးသတ် နီးကပ်လာချိန်တွင် လူပုဂ္ဂိုလ်အမျိုးအစားတိုင်း၏ နိဂုံးအား ဖွင့်ပြပြီး၊ ယင်းကို စကြဝဠာတစ်ခွင်လုံးအား သိမ်းပိုက်ခြင်းအလုပ်အတွင်း၌ (လက်ရှိအလုပ်မှစ၍ သိမ်းပိုက်ခြင်းအလုပ်အားလုံး အပါအဝင်) လုပ်ဆောင်သည်။ လူသားမျိုးနွယ်တစ်ခုလုံး၏ နိဂုံးကို ဖွင့်ပြခြင်းသည် တရားစီရင်ရာပလ္လင်ရှေ့မှောက်တွင် ပြစ်တင်ဆုံးမခြင်း လုပ်ငန်းစဉ်အတွင်းနှင့် နောက်ဆုံးသောကာလ သိမ်းပိုက်ခြင်း လုပ်ငန်းစဉ်အတွင်း၌ လုပ်ဆောင်သည်။ လူတို့အား အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းသည် လူတို့ကို သူတို့၏ မူလအဆင့်အတန်းများသို့ ပြန်ပို့ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းချိန်၌ လူသားတစ်မျိုးတည်းသာ ရှိခဲ့သည်။ တစ်ခုတည်းသော ခွဲခြားမှုမှာ ယောက်ျားနှင့် မိန်းမအကြားသာ ဖြစ်သည်။ ကွဲပြားသော လူအမျိုးအစားများစွာ မရှိခဲ့ပေ။ နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးပြီး နောက်တွင်သာ ကွဲပြားခြားနားသော လူ့အဆင့်အတန်းများ ပေါ်ထွက်လာကြခြင်းဖြစ်ပြီး၊ အချို့က ညစ်ညူးသော နတ်ဆိုးတို့၏ အုပ်စိုးမှုအောက် ရောက်ရှိကြပြီးလျှင်၊ အချို့မှာ ဆိုးယုတ်သောနတ်ဆိုးများ၏ အုပ်စိုးမှုအောက်၊ အသက်လမ်းစဉ်ကို လိုက်လျှောက်သောသူအချို့မှာ အနန္တတန်ခိုးရှင်၏ အုပ်စိုးမှုအောက်တွင် ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် အဆင့်အတန်းများက လူတို့ကြားတွင် တဖြည်းဖြည်း ဖြစ်တည်လာပြီး၊ ဤကဲ့သို့သာလျှင် လူသား၏ ကြီးမားသောမိသားစုအတွင်း၌ လူတို့သည် အဆင့်အတန်းများ ခွဲထွက်လာကြသည်။ လူအားလုံးက ကွဲပြားသော “ဖခင်များ” ရှိလာကြသည်၊ လူသားသည် ပုန်ကန်လွန်းသောကြောင့် အနန္တတန်ခိုးရှင်၏ အုပ်စိုးမှုအောက် လူတိုင်း လုံးလုံးလျားလျားရှိလာသည် မဟုတ်ပေ။ ဖြောင့်မတ်သော တရားစီရင်ခြင်းက လူပုဂ္ဂိုလ်အမျိုးအစားတစ်ခုစီ၏ နဂိုအစစ်အမှန်ကို ဖွင့်ပြပြီး မည်သည့်အရာကိုမျှ ကွယ်ဝှက်မထားပေ။ လူတိုင်း အလင်း၌ မိမိ၏ မျက်နှာအမှန်ကို ပြသသည်။ ဤအခိုက်တွင် လူသည် နဂိုမူလက ဖြစ်ခဲ့သည့်အတိုင်း မဟုတ်တော့ဘဲ သူ၏ဘိုးဘေးများနှင့် နဂိုသဏ္ဍာန်တူညီမှု ပျောက်ကွယ်ခဲ့သည်မှာ ရှည်ကြာခဲ့ပြီ၊ အဘယ့်ကြောင့်ဆိုသော် အာဒံနှင့် ဧဝတို့၏ မရေတွက်နိုင်သော သားစဉ်မြေးဆက်တို့သည် ကောင်းကင်ကနေကို နောက်တဖန်လုံးဝ မသိမမြင်ရဖို့ စာတန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရပြီး၊ လူတို့သည် စာတန်၏ အဆိပ်အမျိုးမျိုးတို့နှင့် ပြည့်နေခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့တွင် သူတို့၏ သင့်လျော်သောခရီးပန်းတိုင်များ ရှိကြသည်။ ထို့ပြင် သူတို့၏ မတူညီသောအဆိပ်များပေါ် အခြေခံပြီး သူတို့ကို အမျိုးအစားအလိုက် အတန်းစားခွဲခြားထားခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ သူတို့ကို ယနေ့ သိမ်းပိုက်ထားသော အတိုင်းအတာအားဖြင့် ခွဲခြားထားခြင်း ဖြစ်သည်။ လူသား၏နိဂုံးသည် ကမ္ဘာမြေဖန်ဆင်းခြင်းကတည်းက ခွဲခန့်မှတ်သားထားခဲ့သည့် အရာတစ်ခု မဟုတ်ပေ။ ဤသည်မှာ အစအဦးတွင် “လူသားမျိုးနွယ်” ဟု စုပေါင်းခေါ်ဝေါ်သည့် အတန်းအစားတစ်ခုသာ ရှိခဲ့သောကြောင့်ဖြစ်သည်။ ပြီးလျှင် အစ၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်း မခံခဲ့ရသည့်အပြင်၊ သူတို့အပေါ် မည်သည့် မှောင်မိုက်မျှ ကျရောက်ခြင်း မရှိဘဲ ဘုရားသခင်၏ အလင်းထဲ၌ လူအားလုံး အသက်ရှင်နေထိုင်ခဲ့ကြသည်။ သို့သော် လူသည် စာတန်၏ ဖျက်ဆီးခြင်းခံခဲ့ရပြီးနောက် လူတို့၏ အတန်းအစားနှင့် အမျိုးအစားအားလုံး ကမ္ဘာမြေတစ်ပြင်လုံးသို့ ပျံ့နှံ့ခဲ့လေသည်— ယောက်ျားနှင့် မိန်းမတို့ဖြင့် ဖွဲ့တည်ထားသော “လူသားမျိုးနွယ်” ဟု စုပေါင်းခေါ်ဝေါ်သည့် မိသားစုမှလာသော လူတို့၏ အတန်းအစားနှင့် အမျိုးအစားများအားလုံးပင် ဖြစ်သည်။ သူတို့အားလုံးကို သူတို့၏ အကြီးရင့်ဆုံး ဘိုးဘေးများ— ယောက်ျားနှင့်မိန်းမ ပါဝင်သည့် လူသားမျိုးနွယ် (၎င်းမှာ သူတို့၏ အကြီးရင့်ဆုံး ဘိုးဘေးများဖြစ်သည့် ကနဦးအစရှိ အာဒံနှင့်ဧဝတို့)- မှ လမ်းလွဲသွားဖို့ သူတို့၏ ဘိုးဘေးဘီဘင်များက ဦးဆောင်ခဲ့ကြသည်။ ထိုအချိန်က ဣသရေလအမျိုးသားများသည်သာ မြေကြီးပေါ် အသက်ရှင်နေထိုင်ဖို့ ယေဟောဝါ ဦးဆောင်နေခဲ့သည့် တစ်ခုတည်းသောလူမျိုး ဖြစ်ခဲ့သည်။ ထို့နောက်တွင် ဣသရေလတစ်ခုလုံးမှ (မူရင်းမိသားစုမျိုးရိုးစုမှဟု ဆိုလိုသည်) ထွက်ပေါ်လာသော လူအမျိုးမျိုးတို့သည် ယေဟောဝါ၏ လမ်းပြမှုကို ဆုံးရှုံးခဲ့ကြသည်။ လူ့လောက၏ ကိစ္စရပ်များကို လုံးဝမသိသည့် ဤအစောပိုင်းလူများသည် နောက်ပိုင်းတွင် သူတို့တောင်းဆိုခဲ့ကြသည့် နယ်မြေများတွင် နေထိုင်ရန် သူတို့၏ဘိုးဘေးများနှင့်အတူ လိုက်သွားခဲ့ကြပြီး ယင်းသည် ယနေ့ထက်တိုင် ဆက်၍ဖြစ်နေသည်။ ထို့ကြောင့် သူတို့သည် ယေဟောဝါထံမှ မည်သို့လမ်းလွဲခဲ့ကြပြီး အမျိုးမျိုးသော ညစ်ညူးသည့် နတ်ဆိုးများနှင့် ဆိုးယုတ်သော ဝိညာဉ်တို့၏ ဖျက်ဆီးခြင်း မည်သို့ခံခဲ့ကြရသည်ကို မသိဘဲ ရှိနေကြဆဲဖြစ်၏။ ကြီးလေးစွာဖျက်ဆီးခံရပြီး ယခုတိုင် အဆိပ်သင့်သောသူတို့၊ အခြေခံအားဖြင့် ကယ်ဆယ်၍မရနိုင်သော သူတို့သည် သူတို့ကို ဖျက်ဆီးခဲ့သော ညစ်ညူးသည့် နတ်ဆိုးများဖြစ်သော သူတို့၏ဘိုးဘေးတို့နှင့် သွားကြရုံမှလွဲ၍ အခြားရွေးချယ်စရာရှိမည် မဟုတ်ပေ။ အခြေခံအားဖြင့် ကယ်ဆယ်၍ရနိုင်သော သူတို့သည် လူသားမျိုးနွယ်၏ သင့်လျော်သော ခရီးပန်းတိုင်သို့ သွားလိမ့်မည်၊ ဆိုလိုသည်မှာ ကယ်တင်ခံရသူနှင့် သိမ်းပိုက်ခံရသူတို့အတွက် သီးသန့်ထားရှိသော အဆုံးသတ်သို့ ဖြစ်သည်။ ကယ်တင်ခြင်းခံရနိုင်သော သူတို့ကို ကယ်တင်ရန်အတွက် အရာအားလုံးကို လုပ်ဆောင်မည်ဖြစ်သည်၊ သို့သော် အရေထူပြီး ကုသ၍မရနိုင်သောသူတို့အဘို့ သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ဆုံးမပြစ်တင်ခြင်း၏ အနက်ဆုံးတွင်းထဲသို့ သူတို့၏ ဘိုးဘေးများနောက်မှ လိုက်ကြဖို့သာ ဖြစ်လိမ့်မည်။ သင်၏နိဂုံးကို အစအဦးကတည်းက ခွဲခန့်မှတ်သားထားခဲ့ပြီး ယခုမှသာ ဖွင့်ပြသည်ဟု မထင်လေနှင့်။ သင်ထိုသို့ထင်လျှင် လူသားမျိုးနွယ်၏ ကနဦးဖန်ဆင်းခြင်းအတွင်း သီးခြားစာတန်အတန်းအစား မဖန်ဆင်းခဲ့သည်ကို သင်မေ့လျော့ပြီလော။ အာဒံ နှင့် ဧဝဖြင့် ဖွဲ့တည်ထားသည့် တစ်ခုတည်းသော လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သည် (ယောက်ျားနှင့် မိန်းမသာ ဖန်ဆင်းခံခဲ့ရသည်ဟု ဆိုလိုသည်) ကို သင်မေ့လျော့ပြီလော။ သင်တို့သည် အစအဦး၌ စာတန်မှ ဆင်းသက်လာသူဖြစ်ခဲ့လျှင် ယင်းမှာ ယေဟာဝါ လူသားကို ဖန်ဆင်းသောအခါ သူ၏ဖန်ဆင်းခြင်း၌ စာတန်အုပ်စုတစ်စု သူထည့်သွင်းခဲ့သည်ဟု ဆိုလိုလိမ့်မည်မဟုတ်လော။ ထိုကဲ့သို့သော အရာတစ်ခုကို သူလုပ်ဆောင်ခဲ့နိုင်မည်လော။ သူသည် မိမိ၏သက်သေခံချက်အဘို့အလို့ငှာ လူသားကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်၊ သူသည် မိမိဘုန်းအသရေအဘို့အလို့ငှာ လူသားကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ သူ့ကို တမင်တကာ ခုခံရန် စာတန်၏နောင်လာနောက်သား လူတန်းစားတစ်ခုကို အဘယ်ကြောင့် သူဖန်ဆင်းမည်နည်း။ ယေဟောဝါသည် ဤကဲ့သို့သော အရာတစ်ခုကို လုပ်ဆောင်ခဲ့နိုင်မည်လော။ အကယ်၍ သူလုပ်ဆောင်ခဲ့လျှင် သူသည် ဖြောင့်မတ်သောဘုရားဖြစ်သည်ဟု မည်သူဆိုနိုင်လိမ့်မည်နည်း။ သင်တို့အချို့သည် အဆုံး၌ စာတန်နှင့်အတူ သွားရလိမ့်မည်ဟု ငါယခုဆိုသောအခါ၊ သင်သည် အစအဦးကတည်းက စာတန်နှင့် ရှိခဲ့သည်ဟု မဆိုလိုပေ၊ ထို့ထက် သင်သည် အလွန်နိမ့်ကျအောင် နစ်မြုပ်ခဲ့ကြသဖြင့် ဘုရားသခင် သင့်ကိုကယ်တင်ဖို့ ကြိုးစားလျှင်သော်မှ ထိုကယ်တင်ခြင်းကို သင်မရယူနိုင်ခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။ သင့်ကို စာတန်နှင့်အတူ မျိုးတူသတ်မှတ်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ဤသည်မှာ သင်သည် ကယ်ဆယ်၍ မရနိုင်သောကြောင့်ဖြစ်ပြီး ဘုရားသခင် သင့်အပေါ် မဖြောင့်မတ်သောကြောင့်မဟုတ်၊ ဘုရားသခင်က သင်၏ကံကြမ္မာကို စာတန်၏ ပြယုဂ်တစ်ခုအဖြစ် တမင်တကာ သတ်မှတ်ပြီးနောက် စာတန်နှင့်အတူ သင့်ကို မျိုးတူသတ်မှတ်ကာ တမင်သက်သက် သင့်ကို ဝေဒနာခံစားစေလို၍ မဟုတ်ပေ။ ထိုအရာသည် သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းကျကျ အမှန်တရားမဟုတ်ပေ။ ထိုအရာသည် သင်ယုံကြည်သည့် အရာဖြစ်လျှင် သင်၏နားလည်သဘောပေါက်မှုက အလွန် တစ်ဖက်သတ်ဆန်လှသည်တကား။ သိမ်းပိုက်ခြင်း၏ နောက်ဆုံးအဆင့်မှာ လူတို့ကို ကယ်တင်ရန်နှင့် လူတို့၏ နိဂုံးများကိုလည်း ထုတ်ဖော်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယင်းသည် တရားစီရင်ခြင်းအားဖြင့် လူတို့၏ ဆုတ်ယုတ်လာမှုကို ထုတ်ဖော်ပြီး ထိုသို့ဖြင့် သူတို့ကို နောင်တရစေကာ ထစေပြီး အသက်နှင့်လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို လိုက်စေရန်ဖြစ်သည်။ ထိုအရာမှာ ထုံပြီး တုံးသော လူတို့၏ စိတ်နှလုံးများကို နှိုးရန်နှင့် တရားစီရင်ခြင်းအားဖြင့် သူတို့၏ အတွင်းပုန်ကန်မှုကို ပြသရန်ဖြစ်သည်။ သို့သော် လူတို့သည် နောင်တမရနိုင်သေးဘဲ၊ လူ့ဘဝ၏ လမ်းကြောင်းအမှန်ကို မလိုက်နိုင်သေးဘဲလျက် ဤဖောက်ပြန်ပျက်စီးမှုများကို မစွန့်ပစ်နိုင်သေးလျှင် သူတို့သည် ကယ်ဆယ်မရနိုင်ဘဲ စာတန်က မျိုချလိမ့်မည်။ ဤသည်မှာ လူတို့ကို ကယ်တင်ရန်နှင့် သူတို့၏ နိဂုံးများကိုလည်း ပြသရန် ဘုရားသခင်၏ သိမ်းပိုက်ခြင်း၏ အရေးပါမှုဖြစ်သည်။ ကောင်းသော နိဂုံးများ၊ မကောင်းသော နိဂုံးများ— ယင်းတို့အားလုံးကို သိမ်းပိုက်ခြင်းအလုပ်အားဖြင့် ထုတ်ဖော်ပြသသည်။ လူတို့ ကယ်တင်ခံရမည် သို့မဟုတ် ကျိန်ဆဲခံရမည် ဟူသည့်အရာသည် သိမ်းပိုက်ခြင်းအလုပ် အတောအတွင်း၌ အားလုံး ထုတ်ဖော်ခံရမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၁)
နောက်ဆုံးသောကာလသည် ခပ်သိမ်းသောအရာကို သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် သတ်မှတ်ခံရမည့်အချိန် ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုလျှင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ အမျိုးအစား သတ်မှတ်နိုင်မည်နည်း။ သင်တို့အကြား လုပ်ဆောင်လျက်ရှိသော အမျိုးအစားသတ်မှတ်ခြင်း အမှုသည် စကြဝဠာတစ်ခွင်လုံး၌ ဤကဲ့သို့သောအလုပ်၏ အစဖြစ်သည်။ ဤနောက်တွင်ကား တိုင်းပြည်များအားလုံးနှင့် လူမျိုးအားလုံးသည်လည်း သိမ်းပိုက်ခြင်းအလုပ်ကို ခံစားရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းရာထဲ၌ရှိသော ပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားစီရင်ရာပလ္လင်ရှေ့၌ ကျိုးနွံကြပြီး အမျိုးအစားအလိုက် သတ်မှတ်ခံရမည်ကို ဆိုလိုသည်။ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ကြုံရခြင်းမှ မလွတ်မြောက်နိုင်သကဲ့သို့ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် သတ်မှတ်ခြင်းကို မလွတ်မြောက်နိုင်ပေ၊ အယောက်တိုင်း အမျိုးအစားသတ်မှတ်ခံရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး၊ ကောင်းကင်နှင့်မြေကြီးအားလုံးတို့သည် သူတို့၏နိဂုံးသို့ ရောက်ရှိပြီ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် လူ၏တည်ရှိမှု၏နောက်ဆုံးသောကာလများမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ထို့ကြောင့် သင်တို့၏ မနာခံမှုလုပ်ရပ်များသည် မည်မျှကြာကြာ ဆက်လက် ရှိနေနိုင်မည်နည်း။ သင်တို့၏ နောက်ဆုံးသောကာလ ရောက်အံ့ဆဲဆဲ ဖြစ်သည်ကို သင်တို့ မမြင်သလော။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေပြီး သူပေါ်ထွန်းလာဖို့ တောင့်တသူတို့အနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ပေါ်ထွန်းသည့် နေ့ရက်ကို မည်သို့ မမြင်နိုင်သနည်း။ ကောင်းမြတ်မှုအတွက် နောက်ဆုံးဆုလာဘ်ကို သူတို့ မည်သို့ မရရှိဘဲ နေနိုင်သနည်း။ သင်သည် ကောင်းသောအမှုကို ပြုသောသူတစ်ဦးလော၊ သို့မဟုတ် ဆိုးယုတ်သောအမှုကို ပြုသောသူတစ်ဦးလော။ သင်သည် ဖြောင့်မတ်သော တရားစီရင်ခြင်းကို လက်ခံပြီးနောက် နာခံသောသူတစ်ဦးလော၊ သို့မဟုတ် ဖြောင့်မတ်သော တရားစီရင်ခြင်းကို လက်ခံပြီးနောက်တွင် ကျိန်ဆိုခြင်း ခံရသောသူလော။ သင်သည် အလင်း၌ တရားစီရင်ရာ ပလ္လင်တော်ရှေ့တွင် အသက်ရှင်သလော သို့မဟုတ် မှောင်မိုက်မှုအလယ် မရဏနိုင်ငံ၌ သင် အသက်ရှင်သလော။ သင်၏နိဂုံးက ဆုလာဘ်ရသောသူတစ်ဦး သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းခံရသူတစ်ဦးဟု အရှင်းလင်းဆုံး သိထားသူကား သင်ကိုယ်တိုင်ပင် မဟုတ်သလော။ ဘုရားသခင်ဖြောင့်မတ်သည်ဟု အရှင်းလင်းဆုံးသိပြီး အနက်ရှိုင်းဆုံး နားလည်သဘောပေါက်သောသူကား သင်ပင် မဟုတ်လော။ ထို့ကြောင့် အမှန်တကယ်အားဖြင့်၊ သင်၏အမူအကျင့်နှင့် သင်၏စိတ်နှလုံးတို့ကား အဘယ်သို့နည်း။ သင့်ကို ယနေ့ ငါသိမ်းပိုက်သည်နှင့်အညီ၊ သင်၏ အပြုအမူက ဆိုးညစ်သည် သို့မဟုတ် ကောင်းမြတ်သည်ဟု သင့်အတွက် ငါရှင်းလင်းဖော်ပြရန် အမှန်တကယ်ပင် လိုအပ်သလော။ ငါ့အတွက် အဘယ်မျှလောက် သင်စွန့်လွှတ်ခဲ့ပြီးသနည်း။ ငါ့ကို အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း သင်ကိုးကွယ်သနည်း။ သင် ငါ့အပေါ် အဘယ်သို့ပြုမူသည်ကို သင်ကိုယ်တိုင် အရှင်းလင်းဆုံးသိသည် မဟုတ်လော။ အဆုံး၌ သင်မည်သို့ အဆုံးသတ်လိမ့်မည်ကို မည်သူမဆိုထက် သင်ပို၍ကောင်းကောင်း သိသင့်သည်။ ငါအမှန်ဆိုသည်ကား ငါသာ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သင့်ကို ဖန်ဆင်းခဲ့သည်၊ သို့သော် သင်တို့ကို ငါ စာတန်လက်သို့ မအပ်ခဲ့သလို သင်တို့ ငါ့ကို ပုန်ကန်ခြင်း သို့မဟုတ် အတိုက်အခံခြင်းအတွက် ငါ၏ ပြစ်ဒဏ်ပေးခြင်းခံရရန်လည်း ငါ ရည်ရွယ်ချက်ရှိရှိ သင်တို့ကို မလုပ်ခဲ့ပေ။ သင်တို့ စိတ်နှလုံးများ အလွန်အမင်း မာကြောပြီး သင်တို့ အမူအကျင့်က အလွန်အမင်း စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသောကြောင့် ဤဘေးဒုက္ခ ဝေဒနာအားလုံး ဖြစ်ကြသည် မဟုတ်လော။ ထို့ကြောင့် သင်တို့ကြုံတွေ့မည့် အဆုံးသတ်ကို သင်တို့ကိုယ်တိုင် ဆုံးဖြတ်သည် မဟုတ်လော။ သင်တို့ မည်သို့ အဆုံးသတ်မည်ကို မည်သူမဆိုထက် သင်တို့စိတ်နှလုံးများထဲ၌ သင်တို့ပိုသိကြသည် မဟုတ်လော။ လူတို့ကို ငါ သိမ်းပိုက်သည့် အကြောင်းရင်းမှာ သူတို့ကို ဖော်ထုတ်ရန်နှင့် သင်အား ကယ်တင်ခြင်းကို ပိုမိုကောင်းမွန်စွာ ယူဆောင်လာရန် ဖြစ်သည်။ သင့်အား ဆိုးယုတ်သောအရာကို လုပ်စေဖို့ သို့မဟုတ် ပျက်စီးခြင်းငရဲထဲသို့ သင့်ကို တမင်တကာ လျှောက်စေဖို့ မဟုတ်ပေ။ အချိန်ကျရောက်လာသောအခါ သင်၏ များစွာသော ဒုက္ခဝေဒနာ၊ သင်၏ ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းအားလုံး— ထိုအရာအားလုံးသည် သင်၏ အပြစ်များကြောင့် ဖြစ်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်ကိုယ်တိုင်၏ ကောင်းမြတ်ခြင်း သို့မဟုတ် သင်ကိုယ်တိုင်၏ ဆိုးယုတ်ခြင်းက သင့်အပေါ် အကောင်းဆုံးသော တရားစီရင်ခြင်း မဟုတ်လော။ ယင်းသည် သင်၏ နိဂုံး ဖြစ်မည့်အရာအတွက် အကောင်းဆုံးသက်သေအထောက်အထား မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၂)
နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကိုပြောရန် ကြွလာပြီး ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ရှုထောင့်မှ၊ လူသား၏ရှုထောင့်နှင့် ဘေးလူတစ်ဦး၏ရှုထောင့်မှ စကားပြောသည်။ သူသည် အချိန်ကာလ တစ်ခုအတွက် နည်းလမ်းတစ်ခုကို အသုံးပြုရင်း၊ မတူကွဲပြားသော နည်းလမ်းများဖြင့် စကားပြောဆိုကာ၊ လူသား၏အယူအဆများကို ပြောင်းလဲရန်နှင့် လူသား၏နှလုံးသားထဲက မရေရာသော ဘုရားသခင်၏ ပုံရိပ်ကို ဖယ်ရှားရန် စကားပြောခြင်း နည်းစနစ်ကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သည့် အဓိကအမှုဖြစ်သည်။ ဘုရားသခင်သည် မကျန်းမာသူများကို အနာငြိမ်းစေဖို့၊ နတ်ဆိုးများကို နှင်ထုတ်ဖို့၊ နိမိတ်လက္ခဏာများပြသဖို့နှင့် လူသားအပေါ် ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများကို အပ်နှင်းရန် ကြွလာပြီးဖြစ်သည်ဟု လူသားက ယုံကြည်သောကြောင့်၊ လူသားက ဘုရားသခင်၏ စစ်မှန်မှုနှင့် ပုံမှန်ဖြစ်ခြင်းနှင့် လူသားက သိနိုင်ဖို့အလို့ငှာနှင့် သူ၏ နှလုံးသားမှ ယေရှု၏ပုံရိပ်ကို ဖယ်ရှားပြီး ဘုရားသခင်၏ ပုံရိပ်အသစ်ဖြင့် အစားထိုးနိုင်ရန်အလို့ငှာ၊ ထိုအမှုအရာများကို လူသား၏ အယူအဆများမှ ဖယ်ရှားဖို့၊ ဘုရားသခင်သည် အမှု၏ဤအဆင့်ကို- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို- ဆောင်ရွက်လေသည်။ လူသား၏အတွင်းရှိ ဘုရားသခင်၏ ပုံရိပ်သည် ဟောင်းလာသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် ရုပ်တုဆင်းတုတစ်ခု ဖြစ်လာလေသည်။ ယေရှုသည် ကြွလာခဲ့ပြီး အမှု၏ အဆင့်ကို ဆောင်ရွက်ခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားမပြုခဲ့ပေ။ သူသည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်ရာအချို့ကို ပြသခဲ့သည်၊ နှုတ်ကပတ်တော်အချို့ ပြောခဲ့ပြီး နောက်ဆုံးတွင် ကားစင်တင်ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့်ဆိုင်သော အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ဘဲ၊ ယင်းထက် ဘုရားသခင်၏ အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အလွန် ကြီးမြတ်ပြီး၊ အလွန် အံ့ဖွယ်ဖြစ်ကာ သူသည် သိနားလည်၍ မရနိုင်သောကြောင့် ဖြစ်ပြီး၊ ခေတ်တိုင်းတွင် ဘုရားသခင်သည် သူ၏ အမှု၏ တစ်စိတ်တစ်ပိုင်းကိုသာ လုပ်ဆောင်သောကြောင့် ဖြစ်သည်။ ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူသား၏ သဘာဝ အနှစ်သာရ၊ ပြီးလျှင် ၎င်း၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖော်ထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ၊ မတော်မတရား ရှေးဆန်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို အသုံးမပြုဘဲ၊ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်ခြင်းတို့ကို မြင်လာစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ဖော်ထုတ်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။ ပညတ်တော်ခေတ်အတွင်းတွင်၊ ယေဟောဝါသည် သူ၏နှုတ်ကပတ်တော်များဖြင့် မောရှေကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခဲ့ပြီး၊ ဣသရေလလူမျိုးများထံ နှုတ်ကပတ်တော်အချို့ ပြောဆိုခဲ့သည်။ ထိုအချိန်တွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သော်လည်း၊ လူသား၏အရည်အချင်းသည် နည်းပါးခဲ့ပြီး လူသား၏အသိပညာကို မည်သည့်အရာကမျှ မပြည့်စုံစေနိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် ဆက်လက်စကားပြောဆိုကာ အမှုပြုခဲ့ရသည်။ ကျေးဇူးတော်ခေတ်တွင် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များထဲမှ တစ်စိတ်တစ်ပိုင်းကို နောက်တစ်ကြိမ် မြင်ခဲ့ရသည်။ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြနိုင်ခဲ့သည်၊ မကျန်းမာသူများကို အနာငြိမ်းစေနိုင်ခဲ့ပြီး နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့ကာ ကားစင်တင်ခံနိုင်ခဲ့သည်၊ ယင်းနောက် သုံးရက်မြောက်နေ့တွင် ရှင်ပြန်ထမြောက်ပြီး လူရှေ့တွင် လူ့ဇာတိဖြင့် ပေါ်ထွန်းခဲ့သည်။ ဘုရားသခင်နှင့် ပတ်သက်၍၊ လူသားသည် ဤအရာထက် ပို၍ မသိပေ။ လူသားသည် ဘုရားသခင်က သူ့ကို ဖော်ပြသလောက် သိပြီး၊ အကယ်၍ ဘုရားသခင်သည် လူသားကို နောက်ထပ် မည်သည့်အရာမျှ မပြသခဲ့ပါက၊ ယင်းမှာ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ ဘောင်ခတ်မှု အတိုင်းအတာ ဖြစ်ပေမည်။ ထို့ကြောင့် သူနှင့်ပတ်သက်သည့် လူသား၏အသိပညာ သာ၍ နက်ရှိုင်းလာနိုင်စေဖို့နှင့် ဘုရားသခင်၏ အနှစ်သာရကို လူသားက တဖြည်းဖြည်း သိလာနိုင်စေဖို့အလို့ငှာ ဘုရားသခင်သည် ဆက်လက် အမှုပြုလေသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြပြီး၊ သင်၏ ဘာသာရေး အယူအဆများကို ဘုရားသခင်၏ စစ်မှန်မှုက အစားထိုးလေသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ ကြွလာသည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏။” ဟူသည့် နှုတ်ကပတ်တော်များကို ပြည့်စုံစေရန် ကြွလာပြီဖြစ်ကာ၊ ဤအရာနှင့်သက်ဆိုင်သည့် စေ့စပ်သေချာသော အသိပညာတစ်ခု သင့်ထံတွင် မရှိပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလအတောအတွင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်လာသည့် အမှု၏အဆင့်တစ်ခုကို ပြီးမြောက်ရန် ရည်ရွယ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ထို့ကြောင့် သင်တို့၏အသိသည် ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ဘုရားသခင် မည်သို့အမှုပြုသည်ဖြစ်စေ၊ ဘုရားသခင်သည် သူ့ကို ဘောင်ခတ်ရန် လူသားကို အခွင့်မပေးပေ။ အကယ်၍ ဘုရားသခင်သည် ဤအမှုကို နောက်ဆုံးသောကာလအတောအတွင်းတွင် မလုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည် နောက်ထပ်ရှေ့ဆက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ကားစင်တင် ခံရနိုင်ပြီး သောဒုံမြို့ကို ဖျက်ဆီးနိုင်သည်၊ ပြီးလျှင် ယေရှုသည် သေရာမှ ရှင်ပြန်ထမြောက်၍ရနိုင်ပြီး ပေတရုထံ ကိုယ်ထင်ပြနိုင်သည်ကိုသာ သင်သိပေမည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာခပ်သိမ်းကို ပြီးမြောက်စေနိုင်သကဲ့သို့၊ လူသားအား သိမ်းပိုက်နိုင်သည်ဟု သင် လုံးဝ ပြောမည် မဟုတ်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခြင်းမှတစ်ဆင့်သာ၊ သင်သည် ထိုသို့သော အသိပညာကို ပြောဆိုနိုင်ပြီး၊ သင် တွေ့ကြုံသည့် ဘုရားသခင်၏ အမှု သာ၍များလေလေ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏အသိပညာသည် သာ၍ နှံ့စပ်လေလေ ဖြစ်လာလိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို သင်၏ အယူအဆများအတွင်း ဘောင်ခတ်လိမ့်မည် မဟုတ်တော့ပေ။ လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်ကို သိရှိလာသည်။ ဘုရားသခင်ကို သိရှိရန် မှန်ကန်သည့် အခြားနည်းလမ်း မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၃)
အမှု၏ ဤနောက်ဆုံးအဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် စွမ်းဆောင်ရရှိပေသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် လူသည် နက်နဲမှုများစွာနှင့် အတိတ် မျိုးဆက်များတစ်လျှောက် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုတို့ကို နားလည်လာသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ခံရသည်။ နှုတ်ကပတ်တော်မှတစ်ဆင့်၊ လူသည် ယခင်မျိုးဆက်များက မည်သည့်အခါမျှ လုံးဝ မဖြေရှင်းဖူးသည့် နက်နဲမှုများအပြင်၊ အတိတ်အချိန်ကာလများမှ ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်နှင့် ၎င်းတို့အလုပ်လုပ်ရာတွင် အသုံးပြုခဲ့သည့် အခြေခံသဘောတရားများကို နားလည်လာသည်။ နှုတ်ကပတ်တော်မှတစ်ဆင့်၊ လူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားအပြင် လူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး၊ သူကိုယ်တိုင်၏ အနှစ်သာရကို သိနားလည်လာသည်။ အမှု၏ ဤအဆင့်များမှတစ်ဆင့်၊ ပြီးလျှင် ပြောကြားခဲ့သော နှုတ်ကပတ်တော်များအားလုံးမှတစ်ဆင့်၊ လူသည် ဝိညာဉ်တော်၏ အလုပ်၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ လုပ်ဆောင်သည့် အမှုနှင့် ထို့ထက်ပင်သာ၍ သူ၏ အလုံးစုံသော စိတ်သဘောထားကို သိလာသည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင်ကျော်ကြာ စီမံခန့်ခွဲခြင်း အမှုနှင့်ဆိုင်သည့် သင်၏ အသိပညာကိုလည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိပေသည်။ သင်၏ ယခင်က အယူအဆများနှင့် ယင်းတို့ကို ဘေးဖယ်ထားရာ၌ သင်၏ အောင်မြင်မှုနှင့်ဆိုင်သော အသိပညာသည်လည်း နှုတ်ကပတ်တော် မှတစ်ဆင့် ကြိုးပမ်းရရှိခဲ့သည်မဟုတ်လော။ ယခင်အဆင့်တွင်၊ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခဲ့သော်လည်း၊ ဤအဆင့်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မရှိပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အဘယ်ကြောင့် ထုတ်ဖော်မပြသည်နှင့်ဆိုင်သည့် သင်၏နားလည်မှုသည်လည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိသည်မဟုတ်လော။ ထို့ကြောင့် ဤအဆင့်တွင် ပြောဆိုထားသော နှုတ်ကပတ်တော်တို့သည် အတိတ်မျိုးဆက်များမှ တမန်တော်များနှင့် ပရောဖက်များ လုပ်ဆောင်ခဲ့ကြသော အလုပ်ကို ကျော်လွန်သည်။ ပရောဖက်များ ပြောကြားခဲ့ကြသော ပရောဖက်ပြုချက်များသည်ပင်လျှင် ဤရလဒ်ကို မရရှိနိုင်ဖူးပေ။ ပရောဖက်များသည် ပရောဖက်ပြုချက်များကိုသာ ပြောဆိုခဲ့ကြသည်၊ ၎င်းတို့သည် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်ဆိုသည်ကို ပြောဆိုခဲ့ကြသော်လည်း၊ ထိုအချိန်က ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိခဲ့သည့် အမှုကို မပြောဆိုခဲ့ကြပေ။ ၎င်းတို့သည် အသက်ကို အပ်နှင်းရန် မဆိုထားနှင့်၊ လူသားမျိုးနွယ်ကို ၎င်းတို့၏ အသက်တာများတွင် ဦးဆောင်လမ်းပြရန် သို့မဟုတ် လူသားမျိုးနွယ် အပေါ် သမ္မာတရားများ အပ်နှင်းရန် သို့မဟုတ် ၎င်းတို့ထံ နက်နဲမှုများကို ထုတ်ဖော်ပြရန် မပြောဆိုခဲ့ကြချေ။ ဤအဆင့်တွင် ပြောဆိုခဲ့သော စကားများထဲတွင်၊ ပရောဖက်ပြုချက်နှင့် သမ္မာတရားများ ရှိသော်လည်း၊ ဤစကားများသည် အဓိကအားဖြင့် လူသားအပေါ် အသက်ကို အပ်နှင်းရန် အသုံးတော်ခံကြလေသည်။ လက်ရှိ စကားများမှာ ပရောဖက်များ၏ ပရောဖက်ပြုချက်များနှင့် မတူပေ။ ဤသည်မှာ လူ၏ အသက်တာအတွက်၊ လူ၏ အသက် စိတ်သဘောထားကို ပြောင်းလဲရန်ဖြစ်သည့် အမှု၏ အဆင့်တစ်ခု ဖြစ်ပြီး၊ ပရောဖက်ပြုချက်များကို ပြောဆိုခြင်းအတွက် မဟုတ်ပေ။ ပထမအဆင့်မှာ ယေဟောဝါ၏ အမှုဖြစ်ခဲ့သည်- သူ၏ အမှုမှာ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို ကိုးကွယ်ရန် လူသားအတွက် လမ်းကြောင်းတစ်ခု ပြင်ဆင်ပေးရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကမ္ဘာမြေပေါ်ရှိ အမှုအတွက် မူလနေရာတစ်ခုကို ရှာတွေ့ဖို့ အစပြုခြင်း အမှု ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ယေဟောဝါက ဣသရေလ လူမျိုးတို့ကို ဥပုသ်နေ့အား စောင့်ထိန်းရန်၊ ၎င်းတို့၏ မိဘများကို ရိုသေရန်နှင့် အချင်းချင်း ငြိမ်းချမ်းစွာ အသက်ရှင်ရန် သွန်သင်ပေးခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လူတို့သည် လူကို မည်သည့်အရာဖြင့် ဖွဲ့စည်းထားသည်ကို နားမလည်ခဲ့သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ အသက်ရှင်ရမည် နားမလည်ခဲ့သောကြောင့် ဖြစ်သည်။ သူ့အတွက် အမှု၏ ပထမအဆင့်အတွင် လူသားမျိုးနွယ်အား ၎င်းတို့၏ အသက်တာများကို အသက်ရှင်နေထိုင်ရာတွင် လမ်းပြရန် လိုအပ်ခဲ့ပေသည်။ ယေဟောဝါက ၎င်းတို့ကို ပြောကြားသည့်အရာအားလုံးအား လူသားမျိုးနွယ်က ယခင်က မသိရှိခဲ့ကြသေးပေ သို့မဟုတ် ၎င်းတို့၏ ပိုင်ဆိုင်မှုတွင် မရှိခဲ့သေးပေ။ ထိုအချိန်က ဘုရားသခင်သည် ပရောဖက်များစွာကို ပရောဖက်ပြုချက်များ ပြောဆိုရန် ပျိုးထောင်ပေးခဲ့ပြီး၊ ၎င်းတို့အားလုံးသည် ယေဟောဝါ၏ လမ်းပြမှုအောက်တွင် ထိုသို့ လုပ်ဆောင်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုထဲက အချက်တစ်ချက်သာ ဖြစ်သည်။ ပထမဆင့်တွင်၊ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့သောကြောင့်၊ သူသည် လူမျိုးနွယ်စုနှင့် တိုင်းနိုင်ငံအားလုံးကို ပရောဖက်များမှ တစ်ဆင့် ညွှန်ကြားခဲ့သည်။ ယေရှုသည် သူ၏ အချိန်ကာလတွင် အမှုပြုခဲ့ချိန်တွင်၊ သူသည် မျက်မှောက်ခေတ်လောက် စကားမပြော ခဲ့ချေ။ နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏ အမှုနှင့်ဆိုင်သော ဤအဆင့်ကို အတိတ် ခေတ်များနှင့် မျိုးဆက်များတွင် မည်သည့်အခါမျှ မလုပ်ဆောင်ဖူးသေးပေ။ ဟေရှာယ၊ ဒံယေလနှင့် ယောဟန်တို့သည် ပရောဖက်ပြုချက်များစွာ ပြောဆိုခဲ့သော်လည်း၊ ၎င်းတို့၏ ပရောဖက်ပြုချက်များသည် ယခု ပြောဆိုသော နှုတ်ကပတ်တော်များနှင့် လုံးဝ ခြားနားသည်။ ၎င်းတို့ ပြောဆိုခဲ့သည့်အရာများမှာ ပရောဖက်ပြုချက်များသာ ဖြစ်သော်လည်း၊ ယခု ပြောဆိုသော နှုတ်ကပတ်တော်များမှာ ထိုသို့မဟုတ်ပေ။ ငါသည် ယခု ငါ ပြောဆိုသည့်အရာအားလုံးကို ပရောဖက်ပြုချက်များအဖြစ် ပြောင်းလဲခဲ့မည်ဆိုပါက၊ သင်တို့ နားလည်နိုင်မည်လော။ အကယ်၍ ငါပြောဆိုသော အရာသည် ငါမရှိတော့သည့်နောက် ကိစ္စရပ်များ ဖြစ်သည်ဆိုပါက၊ သင် မည်သို့ သိနားလည်မှု ရရှိနိုင်မည်နည်း။ နှုတ်ကပတ်တော်၏ အမှုသည် ယေရှု၏ အချိန် သို့မဟုတ် ပညတ်တော်ခေတ်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ အချို့က “ယေဟောဝါသည်လည်း သူ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလတွင် နှုတ်ကပတ်တော်များ ပြောဆိုခဲ့သည် မဟုတ်လော။ ယေရှုသည် အနာရောဂါ ပျောက်ကင်းစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခြင်းအပြင် သူအမှုပြုနေခဲ့သည့် ထိုအချိန်တွင် နှုတ်ကပတ်တော်များကိုလည်း ပြောဆိုခဲ့သည် မဟုတ်လော။” ဟု ပြောကောင်းပြောပေမည်။ ပြောဆိုသည့်အရာများအကြားတွင် ခြားနားချက်များရှိသည်။ ယေဟောဝါ မိန့်မြွက်ခဲ့သည့် နှုတ်ကပတ်တော်များ၏ အနှစ်သာရမှာ အဘယ်နည်း။ သူသည် လူသားမျိုးနွယ်ကို ကမ္ဘာမြေပေါ်၌ ၎င်းတို့၏ အသက်တာများအား နေထိုင်ရာတွင်သာ လမ်းပြနေခဲ့သည်၊ ယင်းသည် အသက်တာထဲက ဝိညာဉ်ရေးရာ ကိစ္စရပ်များ မပါဝင်ခဲ့ပေ။ ယေဟောဝါ စကားပြောဆိုသည့်အခါ၊ ယင်းသည် နေရာတကာရှိ လူတို့ကို ညွှန်ကြားရန် ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ “ညွှန်ကြားသည်” ဆိုသည့်စကားမှာ တိကျပြတ်သားစွာနှင့် တိုက်ရိုက် အမိန့်ပေးသည်ကို ဆိုလိုပါသည်။ သူသည် လူကို အသက် မထောက်ပံ့ခဲ့ပေ။ ယင်းထက် သူသည် လူကို လက်ဖြင့် ဆောင်ယူခဲ့ပြီး သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်ကိုသာ ပုံဆောင်ဝတ္ထုနည်းလမ်းသိပ်မပါဘဲ သွန်သင်ခဲ့သည်။ ဣသရေလတွင် ယေဟောဝါပြုခဲ့သည့် အမှုသည် လူသားကို ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပဲ့ပြင်ဆုံးမရန် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ပေးရန် မဟုတ်ခဲ့ပေ၊ ယင်းမှာ လူသားကို လမ်းပြရန် ဖြစ်သည်။ ယေဟောဝါက တောထဲတွင် မန္နမုန့်ကို စုဆောင်းရန် သူ၏ လူတို့ကို ပြောဖို့ မောရှေကို အမိန့်ပေးခဲ့သည်။ နေမထွက်မီ နံနက်တိုင်းတွင်၊ ၎င်းတို့သည် ထိုနေ့ ၎င်းတို့အတွက် စားလောက်ရုံမျှသာ မန္နမုန့်များကို စုကြရသည်။ မန္နမုန့်များသည် မှိုတက်ကုန်မည် ဖြစ်သည်နှင့်အမျှ နောက်နေ့ထိ သိမ်းဆည်းထား၍ မရနိုင်ပေ။ သူသည် လူတို့ကို ဩဝါဒမပေးခဲ့ပေ သို့မဟုတ် ၎င်းတို့၏ သဘာဝများကို မဖော်ထုတ်ခဲ့သကဲ့သို့ ၎င်းတို့၏ စိတ်ကူးများနှင့် အတွေးများကိုလည်း မဖော်ထုတ်ခဲ့ပေ။ သူသည် လူတို့ကို မပြောင်းလဲခဲ့ဘဲ ၎င်းတို့၏ အသက်တာများကို နေထိုင်အသက်ရှင်ရာတွင် ၎င်းလမ်းပြခဲ့သည်။ ထိုအချိန်က လူတို့သည် ကလေးသူငယ်များအလား မည်သည့်အရာကိုမျှ နားလည်ခြင်း မရှိသကဲ့သို့၊ အခြေခံ သဘာဝလှုပ်ရှားမှုနှင့် ကျိုးကြောင်းဆက်စပ်သော အခြေခံ လှုပ်ရှားမှုအချို့ကိုသာ လုပ်နိုင်စွမ်းရှိခဲ့ကြသည်၊ ထို့ကြောင့် ယေဟောဝါသည် လူထုတို့ကို လမ်းပြရန် ပညတ်တရားများကိုသာ ထုတ်ပြန်ကြေငြာခဲ့သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၄)
ဘုရားသခင်သည် မတူညီသော ခေတ်များနှင့်အညီ၊ သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီး သူ၏ အမှုကို လုပ်ဆောင်သည်၊ ပြီးလျှင် မတူညီသော ခေတ်များတွင် မတူညီသော နှုတ်ကပတ်တော်များကို ပြောဆိုလေသည်။ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာပေ၊ သို့မဟုတ် အမှုတစ်ခုတည်းကို ထပ်မလုပ်ဆောင်ပေ၊ သို့မဟုတ် အတိတ်၏ အမှုအရာများကို တသသ လွမ်းဆွတ်မနေပေ။ သူသည် အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသော ဘုရားသခင်ဖြစ်သကဲ့သို့၊ နေ့စဉ် နှုတ်ကပတ်တော်သစ်များကို သူပြောဆိုလေသည်။ သင်သည် ယနေ့ လိုက်နာသင့်သည့်အရာကို လိုက်နာသင့်သည်။ ဤသည်မှာ လူ၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ မျက်မှောက်ခေတ်တွင် လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ အလင်းနှင့် နှုတ်ကပတ်တော်ကို ဗဟိုပြုရန်မှာ အရေးကြီးပေသည်။ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာသကဲ့သို့၊ သူ၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ပေါ်လွင်စေဖို့ မတူကွဲပြားသော ရှုထောင့်များစွာမှ စကားပြောနိုင်လေသည်။ သူသည် ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောသည် ဖြစ်စေ၊ လူ၏ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘေးလူတစ်ဦး၏ ရှုထောင့်မှ စကားပြောသည်ဖြစ်စေ- ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး၊ သူ စကားပြောဆိုသည့် လူ၏ရှုထောင့်ကြောင့် သူသည် ဘုရားသခင် မဟုတ်ဟု သင်ပြော၍ မရနိုင်ပေ။ ဘုရားသခင် စကားပြောဆိုသည့် မတူညီသော ရှုထောင့်များ၏ အကျိုးဆက်အနေဖြင့် လူအချို့ကြားတွင် အယူအဆများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့သော လူများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာမရှိသကဲ့သို့၊ သူ၏ အမှုနှင့်ဆိုင်သည့် အသိပညာမရှိပေ။ ဘုရားသခင်သည် ရှုထောင့်တစ်ခုမှ အမြဲစကားပြောပါက၊ လူသည် ဘုရားသခင်နှင့် ပတ်သက်သော စည်းမျဉ်းများ ချမှတ်မည် မဟုတ်လော။ ဘုရားသခင်သည် လူကို ထိုသို့ပြုမူဖို့ ခွင့်ပြုနိုင်မည်လော။ မည်သည့် ရှုထောင့်မှ ဘုရားသခင် စကားပြောသည်ဖြစ်စေ၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် သူသည် ရည်ရွယ်ချက်ရှိ၏။ ဘုရားသခင်သည် ဝိညာဉ်တော်၏ ရှုထောင့်မှ အမြဲစကားပြောခဲ့မည်ဆိုပါက၊ သင်သည် သူနှင့် ထိတွေ့နိုင်မည်လော။ ထို့ကြောင့် သင့်ကို သူ၏ နှုတ်ကပတ်တော်များ ထောက်ပံ့ပေးဖို့နှင့် လက်တွေ့အရှိတရားထဲသို့ သင့်ကို လမ်းပြဖို့ရန် သူသည် တစ်ခါတစ်ရံတွင် ဘေးလူတစ်ဦး၏ ရှုထောင့်မှ သင့်ကို စကားပြောပေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် သင့်တင့်လျောက်ပတ်သည်။ အတိုချုပ် ပြောရလျှင်၊ ထိုအရာအားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ဤအရာကို သင် သံသယမထားသင့်ပေ။ သူသည် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် မည်သည့် ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ သူသည် အမြဲ ဘုရားသခင် ဖြစ်ပေလိမ့်မည်။ ဤသည်မှာ မပြောင်းနိုင်သော အမှန်တရားဖြစ်သည်။ သူ မည်ကဲ့သို့ အမှုပြုသည် ဖြစ်စေ၊ သူသည် ဘုရားသခင် ဖြစ်နေဆဲဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ပြောင်းလဲလိမ့်မည်မဟုတ်။ ပေတရုသည် ဘုရားသခင်ကို အလွန်ချစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့် ကိုက်ညီသော လူတစ်ဦး ဖြစ်ခဲ့သော်လည်း၊ ဖြစ်တည်မှု၏ အနှစ်သာရသည် ဖြစ်သည့်အတိုင်းရှိပြီး လုံးဝ မပြောင်းလဲနိုင်သည့်အတွက်၊ ဘုရားသခင်သည် ပေတရုကို သခင် သို့မဟုတ် ခရစ်တော်အဖြစ် မမြင်ခဲ့ပေ။ သူ၏ အမှုတွင်၊ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာသော်လည်း၊ သူ၏ အမှုကို ထိရောက်စေရန်နှင့် သူနှင့်ဆိုင်သည့် လူသား၏ အသိပညာကို နက်နဲလာစေရန် မတူညီသော နည်းစနစ်များကို အသုံးပြုလေသည်။ သူ၏ အမှုပြုခြင်း နည်းစနစ်တိုင်းက လူသားအား သူ့ကို သိဖို့ ကူညီသကဲ့သို့၊ လူကို စုံလင်စေဖို့အလို့ငှာ ဖြစ်ပေသည်။ မည်သည့် အမှုပြုခြင်း နည်းစနစ်ကို ဘုရားသခင် အသုံးပြုသည်ဖြစ်စေ၊ အသီးသီးသည် လူသားကို တည်ဆောက်ပေးဖို့နှင့် စုံလင်စေဖို့အလို့ငှာ ဖြစ်သည်။ သူ၏ အမှုပြုခြင်း နည်းစနစ်များထဲမှတစ်ခုသည် အလွန်ကြာမြင့်သည့် အချိန်ကာလတစ်ခု ကြာရှည်ခံကောင်း ခံနိုင်သော်လည်း၊ ဤသည်မှာ ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းကို ဖေးမဖို့အလို့ငှာ ဖြစ်ပေသည်။ ထို့ကြောင့် သင်၏ စိတ်နှလုံး၌ သံသယမရှိသင့်ပေ။ ဤအရာများအားလုံးသည် ဘုရားသခင်၏ အမှု၏ အဆင့်များ ဖြစ်ပြီး ယင်းတို့ကို သင်တို့ နာခံရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၅)
ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုဖို့ ကမ္ဘာမြေသို့ ကြွလာပြီး ဖြစ်သည်။ သင် ထိတွေ့ရသည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်၊ သင်မြင်သောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သင်ကြားသောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သင်လိုက်နာသောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သင် ကြုံတွေ့သောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ပြီး၊ ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်းသည် လူသားကို စုံလင်စေရန် အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသကဲ့သို့၊ အထူးသဖြင့် အတိတ်က ယေရှု လုပ်ဆောင်ခဲ့သည့် အမှုကို မလုပ်ဆောင်ပေ။ ၎င်းတို့သည် ဘုရားသခင် ဖြစ်ပြီး နှစ်ဦးလုံးက လူ့ဇာတိ ဖြစ်သော်လည်း၊ ၎င်းတို့၏ အမှုတော်များက မတူကြပေ။ ယေရှုကြွလာခဲ့ချိန်တွင်၊ သူသည်လည်း ဘုရားသခင့်အမှု၏ တစ်စိတ်တစ်ပိုင်းကို လုပ်ဆောင်ခဲ့ပြီး၊ နှုတ်ကပတ်တော် အချို့ကို ပြောဆိုခဲ့သည်- သို့သော် သူ ပြီးမြောက်ခဲ့သည့် အဓိကအမှုမှာ အဘယ်နည်း။ သူ အဓိက ပြီးမြောက်ခဲ့သည့်အရာမှာ ကားစင်တင်ခံရခြင်း အမှု ဖြစ်သည်။ သူသည် ကားစင်တင်ခံရခြင်းအမှုကို ပြည့်စုံစေရန်နှင့် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ဖို့ရန် အပြစ်ရှိသော လူ့ဇာတိ ပုံသဏ္ဌာန် ဖြစ်လာခဲ့ပြီး၊ အပြစ်ဖြေရာယဇ်အဖြစ် သူအစေခံခဲ့သည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အပြစ်အားလုံးအတွက် ဖြစ်သည်။ ဤသည်မှာ သူ ပြီးမြောက်ခဲ့သည့် အဓိကအမှုဖြစ်သည်။ နောက်ဆုံးတွင် သူသည် နောက်မှလာကြသူများကို လမ်းပြရန် ကားတိုင်လမ်းကို ထောက်ပံ့ပေးခဲ့သည်။ ယေရှုကြွလာခဲ့ချိန်တွင်၊ အဓိကအားဖြင့် ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေရန် ဖြစ်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သည့် ဧဝံဂေလိတရားကို လူသားထံ ယူဆောင်လာခဲ့သည့်အပြင်၊ ကောင်းကင် နိုင်ငံတော်သို့ သွားရာလမ်းကြောင်းကိုလည်း ပေါက်ဖွားစေခဲ့သည်။ အကျိုးဆက်အနေဖြင့် နောက်မှရောက်လာကြသူများ အားလုံးက၊ “ကားတိုင်လမ်းကို ငါတို့ လျှောက်သင့်ပြီး ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သင့်ကြ၏။” ဟုပြောခဲ့ကြသည်။ မှန်ပေ၏၊ အစတွင် ယေရှုသည်လည်း လူသားကို နောင်တရစေရန်၊ အပြစ်များကို ဝန်ခံစေရန် အခြားသော အမှုကို လုပ်ဆောင်ခဲ့ပြီး နှုတ်ကပတ်တော်အချို့ကို ပြောဆိုခဲ့သည်။ သို့သော် သူ၏ အမှုတော်မှာ ကားစင်တင်ခံရခြင်း ဖြစ်ဆဲဖြစ်ပြီး၊ လမ်းခရီးအကြောင်း ဟောပြောခြင်းဖြင့် သူ ကုန်လွန်ခဲ့သည့် သုံးနှစ်ခွဲသည် နောက်ပိုင်းတွင်ရောက်လာမည့် ကားစင်တင်ခံရခြင်းအတွက် ပြင်ဆင်ခြင်း ဖြစ်ခဲ့သည်။ ယေရှု ဆုတောင်းခဲ့သည့် အကြိမ်အချို့သည်လည်း ကားစင်တင်ခံရခြင်းအတွက် ဖြစ်သည်။ သူ အသက်ရှင်နေထိုင်ခဲ့သည့် ပုံမှန်လူတစ်ဦး၏ အသက်တာနှင့် ကမ္ဘာမြေ၌ သူ အသက်ရှင်ခဲ့သည့် သုံးဆယ့် သုံးနှစ်ခွဲကာလသည် အဓိကအားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ပြည့်စုံစေခြင်းအတွက် ဖြစ်သည်။ ယင်းတို့သည် ဤအမှုကို လက်ခံ ဆောင်ရွက်ရန် သူ့ကို ခွန်အားပေးဖို့ ဖြစ်ခဲ့ပြီး၊ ယင်း၏ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ကားစင်တင်ခံရခြင်း အမှုကို သူ့ထံ အပ်နှံခဲ့သည်။ ယနေ့တွင် လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့်အမှုကို ပြီးမြောက်စေလိမ့်မည်နည်း။ ယနေ့တွင် ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာခြင်း” နှင့်ဆိုင်သည့် အမှုကို ပြည့်စုံစေရန်၊ လူကို စုံလင်စေဖို့နှင့် နှုတ်ကပတ်တော်ဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် နှုတ်ကပတ်တော်၏ စစ်ဆေးမှုကို လူသားအား လက်ခံစေဖို့ နှုတ်ကပတ်တော်ကို အသုံးပြုရန် လူ့ဇာတိခံလာပြီးဖြစ်ပေသည်။ သူ၏နှုတ်ကပတ်တော်များဖြင့်၊ သူသည် သင့်ကို ထောက်ပံ့မှု ရရှိစေပြီး အသက်ကို ရရှိစေသည်။ သူ၏ နှုတ်ကပတ်တော်များဖြင့် သင်သည် သူ၏အမှုနှင့် လုပ်ဆောင်ချက်များကို မြင်ရသည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် စစ်ဆေးရန် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ထိုသို့ဖြင့် အခက်အခဲကို သင် ခံစားရပါက၊ ယင်းသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် အချက်အလက်များဖြင့် အမှုမပြုဘဲ နှုတ်ကပတ်တော်များဖြင့် အမှုပြုသည်။ သူ၏ နှုတ်ကပတ်တော်သည် သင့်အပေါ် ရောက်လာပြီးနောက်တွင်သာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်းတွင် အမှုပြုနိုင်ပြီး၊ သင့်အား နာကျင်မှု ခံစားစေနိုင်သည် သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာ သင့်ကို လက်တွေ့အရှိတရားထဲသို့ ခေါ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာ သင့်ကို စုံလင်စေနိုင်စွမ်းရှိသည်။ ထို့ကြောင့်၊ ဤအရာကို အနည်းဆုံး သင်နားလည်ရမည်- နောက်ဆုံးသောကာလ အတွင်းတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုသည် အဓိကအားဖြင့် လူတိုင်းကို စုံလင်စေဖို့နှင့် လူသားကို လမ်းပြဖို့ သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုခြင်း ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးသည် နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပေ။ လူအချို့က ဘုရားသခင်ကို ခုခံသည့် အချိန်များ ရှိသည်။ ဘုရားသခင်က သင့်ကို အလွန် စိတ်ပင်ပန်းခြင်းမဖြစ်စေပေ၊ သင်၏ ခန္ဓာသည် ပြစ်တင်ဆုံးမခြင်းမခံရသကဲ့သို့၊ အခက်အခဲကို သင် မခံစားရပေ- သို့သော် သူ၏ နှုတ်ကပတ်တော် သင့်အပေါ် ရောက်လာပြီး သင့်ကို စစ်ဆေးသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် သင့်အတွက် မခံမရပ်နိုင်စရာ ဖြစ်ပေသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ အစေခံသူများ၏ အချိန်ကာလအတွင်းတွင်၊ ဘုရားသခင်သည် လူသားကို အနက်ဆုံးသော တွင်းထဲသို့ ပစ်ချဖို့ ပြောခဲ့သည်။ လူသားသည် အနက်ဆုံးသော တွင်းထဲသို့ အမှန်တကယ် ရောက်ရှိခဲ့ပါသလော။ လူသားကို စစ်ဆေးဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းမျှမှတစ်ဆင့်၊ လူသည် အနက်ဆုံးသော တွင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ အတောအတွင်းတွင်၊ ဘုရားသခင်သည် လူ့ဇာတိခံယူချိန်တွင်၊ အရာအားလုံးကို ပြီးမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းသွားစေဖို့ အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုလေသည်။ သူ၏ဖြစ်ခြင်းကို သူ၏ နှုတ်ကပတ်တော်များထဲ၌သာ သင်မြင်နိုင်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌သာ သင် မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ကမ္ဘာမြေသို့ကြွချိန်တွင်၊ နှုတ်ကပတ်တော်များကို ပြောဆိုခြင်းမှလွဲ၍ အခြားမည်သည့်အမှုကိုမျှ သူမလုပ်ဆောင်ပေ- ထို့ကြောင့် အချက်အလက်များကို မလိုအပ်ပေ။ နှုတ်ကပတ်တော်များက လုံလောက်ပေ၏။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် အဓိကအားဖြင့် ဤအမှုကို လုပ်ဆောင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များထဲ၌ သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား ရှုမြင်ခွင့်ပေးဖို့၊ သူသည် မိမိကိုယ်ကိုယ် မည်သို့ နှိမ့်ချစွာ ကွယ်ဝှက်သည်ကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား မြင်ခွင့်ပေးဖို့နှင့် သူ၏အလုံးစုံကို သူ၏နှုတ်ကပတ်တော်များထဲ၌ လူသားအား သိခွင့်ပေးဖို့ ကြွလာပြီး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အားလုံးသည် သူ၏နှုတ်ကပတ်တော်များထဲတွင်ရှိ၏။ သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ် ဖြစ်ခြင်းသည်လည်း သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤအရာတွင် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့် နည်းစနစ် များစွာကို သင့်အား မြင်စေခြင်း ဖြစ်ပေသည်။ ဤအချိန်အတောအတွင်း ဘုရားသခင်၏ အမှုအများစုသည် လူသားကို ပံ့ပိုးပေးခြင်း၊ ထုတ်ဖော်ပြခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ ဖြစ်ပေပြီ။ ဘုရားသခင်သည် လူတစ်ဦးကို ပေါ့ပေါ့တန်တန် မကျိန်ဆဲသကဲ့သို့၊ သူကျိန်ဆဲသည့်အခါတွင်ပင် ၎င်းတို့ကို သူ ကျိန်ဆဲသည်မှာ နှုတ်ကပတ်တော်မှတစ်ဆင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသည့် ဤခေတ်၌၊ ဘုရားသခင်က မကျန်းမာသူများကို ကျန်းမာစေပြီး နတ်ဆိုးများကို တစ်ဖန် နှင်ထုတ်ခြင်းကို မြင်ရဖို့ မကြိုးစားကြနှင့်၊ ပြီးလျှင် နိမိတ်လက္ခဏာများကို စဉ်ဆက်မပြတ် ရှာဖွေခြင်းအား ရပ်တန့်လော့- အဓိပ္ပာယ်မရှိပေ။ ထိုနိမိတ်လက္ခဏာများသည် လူသားကို မစုံလင်စေနိုင်ပေ။ ရှင်းရှင်းပြောရလျှင်- လူ့ဇာတိရှိသော ဘုရားသခင် ကိုယ်တိုင်စင်စစ်သည် မဆောင်ရွက်ပေ။ သူသည် စကားသာ ပြောဆိုလေသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန် နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သင့်ကို ကျွေးမွေးရန်နှင့် ရေလောင်းပေးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အမှုပြုရန်လည်း နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ သူ၏ လက်တွေ့အရှိတရားကို သင့်အား သိစေဖို့ အချက်အလက်များအစား နှုတ်ကပတ်တော်များကို သူအသုံးပြုလေသည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ဤပုံစံကို သင် သိမြင်နိုင်စွမ်းရှိပါက၊ အပျက်သဘောဆောင်ဖို့ ခက်ခဲပေသည်။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံစိုက်မည့်အစား အပြုသဘောဆောင်သော အရာများအပေါ်၌သာ သင်တို့ အာရုံစိုက်သင့်သည်- ဆိုလိုသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ၊ သို့မဟုတ် အချက်အလက်များ ပေါ်ထွန်းသည်ဖြစ်စေ၊ မပေါ်ထွန်းသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏ နှုတ်ကပတ်တော်များမှ အသက်ကို ရရှိစေပြီး၊ ဤသည်မှာ နိမိတ်လက္ခဏာအားလုံး၌ အကြီးမြတ်ဆုံးဖြစ်ကာ၊ ထို့ထက်ပင်သာ၍ ယင်းသည် ငြင်း၍မရနိုင်သော အချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိဖို့ အကောင်းဆုံးသော သက်သေအထောက်အထားဖြစ်ပြီး နိမိတ်လက္ခဏာများ ထက်ပင် သာ၍ကြီးမြတ်သော နိမိတ်လက္ခဏာတစ်ခု ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသာလျှင် လူသားကို စုံလင်စေနိုင်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၆)
နိုင်ငံတော်ခေတ် အစပြုသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များကို စတင် ထုတ်လွှတ်လေသည်။ အနာဂတ်တွင် ထိုနှုတ်ကပတ်တော်များ တဖြည်းဖြည်း ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ ထိုအချိန်၌ လူသားသည် အသက်တာ၌ ကြီးထွားရင့်ကျက်လိမ့်မည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြရန် နှုတ်ကပတ်တော်ကို ဘုရားသခင် အသုံးပြုခြင်းသည် သာ၍ စစ်မှန်ပြီး၊ သာ၍ လိုအပ်ကာ၊ ယနေ့သည် နှုတ်ကပတ်တော်ခေတ်ဖြစ်ပြီး လူသား၏ ယုံကြည်ခြင်း၊ စိတ်ဆုံးဖြတ်ချက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ လိုအပ်သည့်အတွက်၊ လူသား၏ ယုံကြည်ခြင်းကို စုံလင်စေဖို့အလို့ငှာ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ အသုံးမပြုပေ။ နောက်ဆုံးသောကာလနှင့်ဆိုင်သည့် လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် လူသားအတွက် အစေခံရန်နှင့် ပံ့ပိုးပေးရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုခြင်းဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များ ပြောဆိုခြင်း ပြီးသည့်နောက်တွင်သာ ယင်းတို့ စတင်ပြည့်စုံလိမ့်မည်ဖြစ်သည်။ လူ့ဇာတိအဆင့်၌ သူရှိချိန်တွင်၊ သူ၏နှုတ်ကပတ်တော်များ မပြည့်စုံနိုင်သောကြောင့်၊ သူ စကားပြောဆိုသည့်အချိန်ကာလအတွင်းတွင်၊ သူ၏ နှုတ်ကပတ်တော်များသည် မပြည့်စုံပေ။ ဤသည်မှာ လူသားက ဘုရားသခင်သည် လူ့ဇာတိ ဖြစ်ပြီး၊ နာမ်ဝိညာဉ်မဟုတ်သည့်ကို မြင်နိုင်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ လက်တွေ့အရှိတရားကို လူသားက မိမိကိုယ်တိုင်၏ မျက်စိဖြင့် ရှုမြင်နိုင်ရန် အလို့ငှာ ဖြစ်သည်။ သူ၏ အမှု ပြီးပြည့်စုံသည့်တစ်နေ့တွင်၊ ကမ္ဘာမြေပေါ်၌ သူပြောဆိုသင့်သည့် နှုတ်ကပတ်တော်များအားလုံးကို ပြောဆိုပြီးသောအခါတွင်၊ သူ၏ နှုတ်ကပတ်တော်များ စတင်ပြည့်စုံလိမ့်မည် ဖြစ်သည်။ ယခုအချိန်သည် ဘုရားသခင် ပြောဆို၍ မပြီးသေးသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းခေတ် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေပေါ်၌ သူ၏နှုတ်ကပတ်တော်များ ပြောဆိုနေဆဲ ဖြစ်သည်ကို သင်မြင်သောအခါတွင်၊ သူ၏ နှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို မစောင့်နှင့်။ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များ ပြောဆိုခြင်းကို ရပ်သည့်အချိန်နှင့် ကမ္ဘာမြေပေါ်၌ သူ၏ အမှုပြီးစီးသွားချိန်သည် သူ၏ နှုတ်ကပတ်တော်များ စတင်ပြည့်စုံမည့် အချိန်ဖြစ်လိမ့်မည်။ ကမ္ဘာမြေပေါ်၌ သူ ပြောဆိုသည့် နှုတ်ကပတ်တော်များတွင်၊ တစ်နည်းအားဖြင့် အသက် ထောက်ပံ့ခြင်းရှိပြီး၊ နောက်တစ်နည်းအားဖြင့်၊ ပရောဖက်ပြုချက်- ဖြစ်လာမည့် အရာများ၊ လုပ်ဆောင်မည့် အရာများနှင့် မပြီးမြောက်ရသေးသည့် အရာများနှင့်ဆိုင်သည့် ပရောဖက်ပြုချက်- ရှိလေသည်။ ယေရှု၏ နှုတ်ကပတ်တော်များထဲတွင်လည်း ပရောဖက်ပြုချက် ရှိပေသည်။ တစ်နည်းအားဖြင့်၊ သူသည် အသက်ကို ထောက်ပံ့ပေးခဲ့ပြီး၊ နောက်တစ်နည်းအားဖြင့်၊ သူသည် ပရောဖက်ပြုချက်ကို ပြောဆိုခဲ့သည်။ ယနေ့တွင် လူ၏ ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်သောအရာနှင့် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာတို့အကြား အလွန်ကြီးမားသည့် ခြားနားချက် တစ်ခု ရှိသောကြောင့်၊ နှုတ်ကပတ်တော်များနှင့် အချက်အလက်များကို တစ်ချိန်တည်းတွင် ဆောင်ရွက်ခြင်းနှင့်ဆိုင်သည့် ပြောဆိုဆွေးနွေးမှု မရှိပေ။ ဘုရားသခင်၏အမှု ပြီးပြည့်စုံသည်နှင့်တစ်ပြိုင်နက်၊ သူ၏နှုတ်ကပတ်တော်များ ပြည့်စုံလိမ့်မည် ဖြစ်ပြီး၊ နှုတ်ကပတ်တော်များ နောက်တွင် အချက်အလက်များ လိုက်လာမည်ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ နောက်ဆုံးသောကာလ အတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်၌ နှုတ်ကပတ်တော်နှင့် သက်ဆိုင်သည့်အမှုတော်ကို ဆောင်ရွက်ပြီး၊ ထိုသို့ နှုတ်ကပတ်တော်၏ အမှုတော်ကို ဆောင်ရွက်ရာတွင်၊ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အခြားကိစ္စများကို ဂရုမစိုက်ပေ။ ဘုရားသခင်၏ အမှု ပြောင်းလဲသည်နှင့်တစ်ပြိုင်နက်၊ သူ၏ နှုတ်ကပတ်တော်များ စတင် ပြည့်စုံလိမ့်မည် ဖြစ်သည်။ ယနေ့တွင် သင့်ကို စုံလင်စေရန် နှုတ်ကပတ်တော်များကို ဦးစွာပထမ အသုံးပြုလေသည်။ စကြဝဠာတစ်ခွင်လုံးတစ်လျှောက် ဘုန်းအသရေကို သူ ရရှိချိန်တွင်၊ သူ၏ အမှု ပြီးပြည့်စုံလိမ့်မည်- ပြောဆိုသင့်သည့် နှုတ်ကပတ်တော်များအားလုံး ပြောဆိုပြီးဖြစ်လိမ့်မည်ဖြစ်ကာ နှုတ်ကပတ်တော်အားလုံး ဖြစ်ရပ်မှန်များ ဖြစ်လာပြီးဖြစ်လိမ့်မည်။ လူသားမျိုးနွယ်အနေဖြင့် သူ့ကို သိကျွမ်းဖို့အလို့ငှာနှင့် သူ၏ ဖြစ်ခြင်းကို လူသားမျိုးနွယ်က မြင်ကာ သူ၏ နှုတ်ကပတ်တော်မှ သူ၏ ဉာဏ်ပညာနှင့် သူ၏ အံ့ဖွယ်လုပ်ဆောင်ချက်များကို မြင်နိုင်ဖို့အလို့ငှာ၊ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သော အမှုတော်ကို လုပ်ဆောင်ရန် ကမ္ဘာမြေသို့ ကြွလာပြီ ဖြစ်သည်။ နိုင်ငံတော်ခေတ်အတွင်းတွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သိမ်းပိုက်ဖို့ရန် အဓိကအားဖြင့် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ အနာဂတ်တွင် သူ၏ နှုတ်ကပတ်တော်သည် ဘာသာတရားတိုင်း၊ နယ်မြေအကန့်တိုင်း၊ နိုင်ငံတိုင်း၊ ဂိုဏ်းဂဏတိုင်း အပေါ်သို့လည်း ရောက်လာလိမ့်မည်။ သိမ်းပိုက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်က ဩဇာအာဏာနှင့် တန်ခိုး သယ်ဆောင်သည်ကို လူအားလုံးအား မြင်စေဖို့ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြု၏- ထို့ကြောင့် ယနေ့တွင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ရင်ဆိုင်ရခြင်း ဖြစ်သည်။
ဤခေတ်၌ ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များသည် ပညတ်တော်ခေတ်အတွင်း ပြောဆိုခဲ့သော နှုတ်ကပတ်တော်များမှ ကွဲပြားခြားနားပြီး၊ ထိုနည်းတူ ၎င်းတို့သည် ကျေးဇူးတော်ခေတ် အတွင်း ပြောဆိုခဲ့သော နှုတ်ကပတ်တော်များမှလည်း ကွဲပြားပေသည်။ ကျေးဇူးတော်ခေတ်၌ ဘုရားသခင်သည် နှုတ်ကပတ်တော်နှင့် ဆိုင်သောအမှုကို မလုပ်ဆောင်ခဲ့ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန် ကားစင်တင်ခံရခြင်း အမှုကိုသာ ဖော်ပြခဲ့သည်။ ကျမ်းစာက ယေရှု အဘယ်ကြောင့် ကားစင်တင်ခံရမည်ဆိုသည်နှင့် ကားတိုင်ပေါ်၌ သူခံခဲ့ရသည့် ဆင်းရဲဒုက္ခ၊ ပြီးလျှင် လူသားသည် ဘုရားသခင်အတွက် မည်သို့ ကားစင်တင်ခံခဲ့ရသင့်သည် ဆိုသည်တို့ကိုသာ ဖော်ပြခဲ့သည်။ ထိုခေတ်အတွင်းတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးသည် ကားစင်တင်ခံရခြင်းကို ဗဟိုပြုခဲ့သည်။ နိုင်ငံတော်ခေတ်အတွင်းတွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကိုယုံကြည်သူများ အားလုံးကို သိမ်းပိုက်ရန် နှုတ်ကပတ်တော်များကို ပြောဆို၏။ ဤသည်မှာ၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း” ဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို လုပ်ဆောင်ရန် နောက်ဆုံးသောကာလ၌ ကြွလာပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ စစ်မှန်သော အရေးပါမှုကို ပြီးမြောက်စေဖို့ ကြွလာပြီးဖြစ်ပေသည်။ သူသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုပြီး၊ အချက်အလက်များ ပေါ်ထွန်းခြင်း ရှိခဲပေသည်။ ဤသည်မှာ နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်က နှုတ်ကပတ်တော်များကို ပြောဆိုသောအခါ၊ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်းဖြစ်ပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိထဲသို့ ကြွလာခြင်းဖြစ်သည်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍...။” ဤအရာ (လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်းအမှု) သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြီးမြောက်မည့် အမှုဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်း ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေသို့ကြွလာရမည်ဖြစ်ကာ သူ၏ နှုတ်ကပတ်တော်များကို လူ့ဇာတိ၌ ထင်ရှားစေရမည် ဖြစ်သည်။ ယနေ့ လုပ်ဆောင်ပြီးသောအရာ၊ အနာဂတ်တွင် လုပ်ဆောင်ပြီးမည့်အရာ၊ ဘုရားသခင်က ပြီးမြောက်စေမည့်အရာ၊ လူသား၏ နောက်ဆုံး ခရီးပန်းတိုင်၊ ကယ်တင်ခံရမည့်သူများ၊ ဖျက်ဆီးခံရမည့်သူများ၊ စသည်ဖြင့်- အဆုံးတွင် စွမ်းဆောင်ရရှိသင့်သည့် ဤအမှုအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်ကာ၊ အားလုံးသည် နှုတ်ကပတ်တော်က လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေဖို့ အလို့ငှာ ဖြစ်သည်။ ယခင်က ထုတ်ပြန်ခဲ့သည့် စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များနှင့် အခြေခံဥပဒေသများ၊ ဖျက်ဆီးခံရမည့်သူများ၊ ငြိမ်သက်ခြင်း ချမ်းသာခြင်းထဲသို့ ဝင်ရောက်ကြမည့်သူများ- ဤနှုတ်ကပတ်တော်များအားလုံး ပြည့်စုံရမည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလအတောအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က အဓိကအားဖြင့် ပြီးမြောက်သည့် အမှု ဖြစ်သည်။ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သား ထားသောသူများသည် မည်သည့်နေရာနှင့် သက်ဆိုင်ကြောင်း၊ ဘုရားသခင် ရှေးမဆွက ခွဲခန့်မှတ်သားထားခြင်း မခံရသောသူများသည် မည်သည့်နေရာနှင့် ဆိုင်ကြောင်း၊ သူ၏လူများနှင့် သူ၏သားများကို မည်ကဲ့သို့အမျိုးအစား ခွဲခြားသတ်မှတ်လိမ့်မည်ဖြစ်ကြောင်း၊ ဣသရေလနိုင်ငံကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အဲဂုတ္တုပြည်ကို မည်သည့်အရာ ဖြစ်လိမ့်မည်ဖြစ်ကြောင်းတို့ကို သူသည် လူတို့အား နားလည်စေလေသည်- အနာဂတ်တွင်၊ ဤနှုတ်ကပတ်တော်များတစ်ခုစီတိုင်း ပြည့်စုံလိမ့်မည်။ ဘုရားသခင့်အမှု၏ ခြေလှမ်းများသည် အရှိန်မြင့်လာနေ၏။ ခေတ်တိုင်းတွင် မည်သည့်အရာ လုပ်ဆောင်ရမည်၊ နောက်ဆုံးသောကာလ အတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်ရမည် ဆိုသည်နှင့်၊ ဆောင်ရွက်ရမည့် သူ၏အမှုတော်တို့ကို လူသားထံ ထုတ်ဖော်ပြရန် နည်းလမ်းများအဖြစ် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ ဤနှုတ်ကပတ်တော်များ အားလုံးသည် နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်ထွန်းခြင်း၏ တကယ့် အရေးပါမှုကို ပြီးမြောက်စေရန်အလို့ငှာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၇)
ဘုရားသခင်သည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးအနှံ့ လုပ်ဆောင်သည်။ သူ့ကို ယုံကြည်သူအားလုံးသည် သူ၏ နှုတ်ကပတ်တော်ကို လက်ခံရမည်ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်ကို စားသောက်ရမည်ဖြစ်သည်။ ဘုရားသခင် ပြသော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ခြင်းဖြင့် မည်သူမျှ ဘုရားသခင်၏ ရယူခြင်းကို မခံရနိုင်ပေ။ ခေတ်အဆက်ဆက်တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အမြဲ အသုံးပြုခဲ့သည်။ ထို့ကြောင့် သင်တို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၌သာ သင်တို့၏အာရုံကို မစိုက်သင့်ဘဲ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးပမ်းသင့်ပေသည်။ ဓမ္မဟောင်း ပညတ်တော်ခေတ်တွင် ဘုရားသခင်က နှုတ်ကပတ်တော်အချို့ ပြောဆိုခဲ့ပြီး၊ ကျေးဇူးတော်ခေတ်၌ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်။ ယေရှုသည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးနောက်တွင်၊ နောက်ပိုင်း တမန်တော်များနှင့် တပည့်တော်များသည် လူတို့အား ယေရှု ထုတ်ပြန်ခဲ့သည့် ပညတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ဦးဆောင်ခဲ့ပြီး၊ ယေရှု ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် အခြေခံသဘောတရားများအတိုင်း တွေ့ကြုံစေခဲ့သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ရန် သို့မဟုတ် လူသား ယုံကြည်လက်ခံ လာစေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ဤအရာက ဘုရားသခင်၏တန်ခိုးကို မထင်ရှားစေနိုင်ပေ။ အကယ်၍ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ပြသပါက၊ ဘုရားသခင်၏ စစ်မှန်မှုကို ထင်ရှားစေဖို့ခက်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားကို စုံလင်စေဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို မစုံလင်စေဘဲ၊ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ယင်းနောက်တွင် လူသား၏ အကြွင်းမဲ့ နာခံခြင်းနှင့် ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိကို ရရှိပေသည်။ ဤသည်မှာ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်း နည်းလမ်းအား အသုံးမပြုပေ- သူသည် လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ အမျိုးမျိုးသော အမှုပြုနည်းများစွာကို အသုံးပြုလေသည်။ စစ်ဆေးခြင်းဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်စေ၊ ပြုပြင်ခြင်းဖြစ်စေ၊ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ဘုရားသခင်သည် လူကို စုံလင်စေဖို့နှင့် လူကို ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာကို ပေးဖို့ရန် များစွာသော ရှုထောင့်အမျိုးမျိုးမှ စကားပြောဆိုလေသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ချိန်တွင် လူသားကို ပြည့်စုံစေသောအခါ၊ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့ အရည်အချင်း ပြည့်မီပေလိမ့်မည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာပြီး သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်ကို နာခံနိုင်သည့်အခါတွင်၊ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်သည့်အခါ၊ ဘုရားသခင်နှင့် ပတ်သက်သည့် မည်သည့်အယူအဆမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် သင်သည် ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်ကို အကြွင်းမဲ့ နာခံနိုင်စွမ်းမရှိချေ- ဤအခြေအနေတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရန် အရည်အချင်း ပြည့်မီသည်ဟု သင်ထင်ပါသလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်တွင်၊ ယင်းမှာ လူသားကို ဘုရားသခင် အပြစ်ပေးသည့်အချိန်ဖြစ်ပြီး၊ ခေတ်ပြောင်းလဲသည့် အချိန်လည်း ဖြစ်သည့်အပြင်၊ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အမှုကို ပုံမှန် ဆောင်ရွက်နေအချိန်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်းသည် သူ့အတွက် အလွန် ရိုးရှင်းလွယ်ကူသော်လည်း၊ ယင်းမှာ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အခြေခံသဘောတရား မဟုတ်သကဲ့သို့၊ လူသားကို ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်မှန်းချက်လည်း မဟုတ်ပေ။ လူသားက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်ခန္ဓာသည် လူသားထံ ပေါ်ထွန်းခဲ့မည်ဆိုပါက၊ လူအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြမည် မဟုတ်လော။ ကြီးစွာသော ဒုက္ခဆင်းရဲခြင်း အလယ်မှ လာသည့် အောင်မြင်သောသူများဖြစ်သည့်၊ အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူထားသည်ဟု ယခင်က ငါပြောပြီး ဖြစ်သည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းတို့က ရယူခံရပြီးသော ဤသူတို့သည်သာ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးသည့်နောက်တွင် အမှန်တကယ် နာခံကြသည်ဟု ဆိုလိုပေသည်။ ဤလူများ၏ ယုံကြည်မှုသည် မရေမရာနှင့် စိတ်ကူး သက်သက်မဟုတ်ဘဲ စစ်မှန်လေသည်။ ၎င်းတို့သည် မည်သည့် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် သဘာဝလွန် ဖြစ်ရပ်များကိုမျှ မမြင်ရသေးပေ။ ၎င်းတို့သည် ခက်ခဲသော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ သို့မဟုတ် နက်နဲသော ထိုးထွင်းသိမြင်မှုများအကြောင်း မပြောကြပေ။ ယင်းအစား ၎င်းတို့သည် လက်တွေ့အရှိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ပြီးလျှင် ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့ ရှိကြသည်။ ထိုသို့သော လူစုသည် ဘုရားသခင်၏ တန်ခိုးကို မြင်သာအောင် လုပ်နိုင်စွမ်း သာ၍ရှိသည် မဟုတ်လော။ နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်၏ အမှုသည် စစ်မှန်သော အမှုဖြစ်သည်။ ယေရှု၏ ခေတ်အတောအတွင်းတွင်၊ ယေရှုသည် လူသားကို စုံလင်စေရန်မဟုတ်ဘဲ၊ လူသားကို ရွေးနုတ်ဖို့ ကြွလာခဲ့ပေသည်၊ ထို့ကြောင့် သူသည် လူတို့ သူ့နောက်ကိုလိုက်စေရန် နိမိတ်လက္ခဏာအချို့ကို ပြသခဲ့လေသည်။ သူသည် အဓိကအားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ပြည့်စုံစေဖို့ ကြွလာခဲ့သည့်အတွက်၊ နိမိတ်လက္ခဏာများ ပြခြင်းသည် သူ၏အမှုတော်၏ အစိတ်အပိုင်း တစ်ခု မဟုတ်ခဲ့ပေ။ ထိုသို့သော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် သူ၏အမှုကို ထိရောက်စေရန် လုပ်ဆောင်သည့် အလုပ်ဖြစ်ခဲ့သည်။ ယင်းတို့သည် အပိုအလုပ်ဖြစ်ခဲ့ပြီး၊ ခေတ်တစ်ခေတ်လုံး၌ အမှုကို ကိုယ်စားမပြုခဲ့ပေ။ ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်းတွင်၊ ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခဲ့သည်- သို့သော် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုသည် စစ်မှန်သော အလုပ်ဖြစ်ပြီး ယခုတွင် သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဧကန်မုချ ပြမည်မဟုတ်ပေ။ အကယ်၍ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူပြခဲ့ပါက၊ သူ၏ တကယ့်အမှုသည် ဖရိုဖရဲ ဖြစ်သွားမည် ဖြစ်ပြီး သူသည် နောက်ထပ် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အသုံးပြုဖို့ ပြောသော်လည်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုလည်း ပြသခဲ့ပါက၊ ယင်းက လူသားသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ရှိ မရှိဆိုသည်ကို ရှင်းလင်းသွားစေနိုင်မည်လော။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သောအရာများကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ လူသား၏အတွင်းတွင် ဘာသာတရား အလွန်များလှ၏။ ဘုရားသခင်သည် လူသားအတွင်းရှိ ဘာသာရေး အယူအဆများအားလုံးနှင့် သဘာဝလွန် အမှုအရာများကို ထုတ်ပစ်ဖို့နှင့် ဘုရားသခင်၏ လက်တွေ့အရှိတရားကို လူသားအား သိစေဖို့၊ နောက်ဆုံးသောကာလတွင် ကြွလာပြီးဖြစ်သည်။ စိတ်ကူးသက်သက်ဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးထားသော ဘုရားသခင်တစ်ပါး၏ ပုံရိပ်ကို- တစ်နည်းအားဖြင့် လုံးဝ မတည်ရှိသည့် ဘုရားသခင်တစ်ပါး၏ပုံရိပ်ကို ဖယ်ရှားရန် ဘုရားသခင် ကြွလာပြီးဖြစ်သည်။ ထို့ကြောင့် ယခု တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာမှာ သင့်အတွက် လက်တွေ့အရှိတရားနှင့်ဆိုင်သည့် အသိပညာတစ်ခု ရှိဖို့ ဖြစ်သည်။ သမ္မာတရားသည် အရာရာကို ကျော်လွန်၏။ ယနေ့တွင် သမ္မာတရား မည်မျှကို သင် ပိုင်ဆိုင်သနည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသောသူအားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဆိုးယုတ်သော ဝိညာဉ်များသည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ကြသည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဘုရားသခင်၌ လူသား၏ ယုံကြည်မှုတွင်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများထက်၊ လူသားရှာဖွေသော အရာမှာ သမ္မာတရားဖြစ်ပြီး၊ သူ လိုက်စားသောအရာမှာ အသက်ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သင့်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၈)
ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်နှင့်မသက်ဆိုင်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်က ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို လုပ်ဆောင်ခဲ့ပြီး၊ လူများ နားမလည်သည့် အရာများစွာက မိန့်ကြားခဲ့သည်။ ယင်းသည် ထိုစဉ်တုန်းက သူသည် မည်သည့် ရှင်းပြချက်မျှ မပေးခဲ့၍ ထိုသို့ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူခွဲခွာသွားခဲ့သည့်နောက် နှစ်အချို့အကြာတွင် မဿဲက သူ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ပြုစုခဲ့ပြီး အခြားသူများကလည်း လူသား၏ဆန္ဒအလျောက် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြသည်။ ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ရန် လာခဲ့ခြင်းဖြစ်သည်- ယင်းသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန်သည့်အမှုကို ပြီးဆုံးအောင်လုပ်ဆောင်ရန် ဖြစ်သည်။ ထို့ကြောင့် ယေရှု ကားစင်တင်သတ်ခြင်းခံခဲ့ရပြီးသည်နှင့် သူ၏အမှုမှာ လုံးဝ အဆုံးသတ်သွားခဲ့သည်။ သို့သော် လက်ရှိအဆင့်ဖြစ်သည့် သိမ်းပိုက်ခြင်းအလုပ်တွင် သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ မြောက်မြားစွာ ရှိရမည်ဖြစ်သည်။ ယေရှုနှင့် ယေဟောဝါတို့၏ အမှု၏ နက်နဲရာများကိုလည်း ထုတ်ဖော်ရပေမည်၊ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် ရှင်းလင်းမှု ရှိနိုင်ကြမည်ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသောကာလသည် ဘုရားသခင်၏အလုပ်၏အဆုံး၊ ဤအလုပ်၏ နိဂုံးကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အမှု၏ ဤအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနှုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်ပြီး၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်းတစ်ခုလုံးကို နားလည်လျက် ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားရန်၊ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံး၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် သင်၏ သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်လက်ခံမှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်ရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကိုစေ့စပ်သေချာစွာ နားလည်လာစေလိမ့်မည်။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ အလုပ်ကိုပါ နားလည်လာလိမ့်မည်ဖြစ်သည်၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် မြင်လိမ့်မည် ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်အဆင့်တွင် ယေရှုသည် အဘယ်ကြောင့် အဆုံးသတ်သည့် အလုပ်ကို မလုပ်ဘဲ ထွက်ခွာသွားခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ယေရှုအလုပ်၏အဆင့်သည် အဆုံးသတ်ခြင်းအလုပ် မဟုတ်ခဲ့၍ ဖြစ်သည်။ သူသည် ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရသည့်အချိန်တွင် သူ၏ နှုတ်ကပတ်တော်များသည်လည်း အဆုံးသတ်ခဲ့သည်၊ ကားတိုင်ပေါ် အသက်စွန့်ခဲ့ပြီးသည့်နောက် သူ၏ အလုပ်မှာ လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့သည်။ လက်ရှိအဆင့်မှာ ကွဲပြားခြားနားသည်- နှုတ်ကပတ်တော်များကို အဆုံးတိုင်အောင် မိန့်ကြားပြီးသွားလျက် ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ရပ်လုံး ပြီးဆုံးသွားမှသာ သူ၏အလုပ်သည် ပြီးဆုံးလိမ့်မည်ဖြစ်သည်။ ယေရှု၏ လုပ်ဆောင်ချက်အဆင့်တွင် ထုတ်မပြောခဲ့သည့် သို့မဟုတ် အပြည့်အဝ မမိန့်ကြားခဲ့ဘဲ ကျန်ရစ်ခဲ့သည့် နှုတ်ကပတ်တော်များ မြောက်မြားစွာ ရှိခဲ့သည်။ သို့သော် ယေရှု၏ သာသနာမှာ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့်သာသနာ မဟုတ်သည့်အတွက် သူသည် မိန့်ကြားပြီးခဲ့သည့်အရာများ သို့မဟုတ် မမိန့်ကြားခဲ့သည့်အရာများကို အမှုမထားဘဲ၊ ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရပြီးနောက်တွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အမှု၏ ထိုအဆင့်မှာ အဓိကအားဖြင့် ကားတိုင်ပေါ် အသက်စွန့်ဖို့ရန်အတွက်ဖြစ်ပြီး ယနေ့အဆင့်နှင့် မတူချေ။ အလုပ်၏ လက်ရှိဤအဆင့်မှာ အဓိကအားဖြင့် ပြီးဆုံးစေရန်၊ အားလုံး ဖြေရှင်းရန်နှင့် အလုပ်အားလုံးကို နိဂုံးချုပ်ရန် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ အလုပ်အားလုံးကို အဆုံးသတ်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုခြင်းဖြင့် အထမြောက်ပြီး ဖြစ်သည့်အတွက်၊ နှုတ်ကပတ်တော်များကို ၎င်းတို့၏အဆုံးထိ မြွက်ကြားမပေးလျှင် ဤအမှုနိဂုံးချုပ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်က ယေရှုသည် လူသားနားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို ဆောင်ရွက်ခဲ့သည်။ သူသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသူ၊ သူတို့၏ နားလည်ခြင်းသည် မှားနေသော်ငြားလည်း သူတို့က မှန်ကန်သည်ဟု ယုံကြည်နေကြပြီး သူတို့ မှားနေကြောင်းကို မသိရှိကြသောသူ အများအပြား ရှိနေကြဆဲပင် ဖြစ်သည်။ နောက်ဆုံးအဆင့်သည် ဘုရားသခင်၏ အမှုကို စုံလင်သော အဆုံးသတ်တစ်ခုသို့ ဆောင်ကြဉ်းပေးမည် ဖြစ်ပြီး ယင်း၏နိဂုံးကို စီစဉ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ ယွင်းမှားပြီး အဓိပ္ပာယ်မဲ့သည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ အမှားပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထို့သို့ဖြစ်သည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသတ်လိမ့်မည်။ ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀၀၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံးဝ အဆုံးသတ်လိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အရည်အသွေးကောင်းသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်က တပည့်တော်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပေ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည်ထမြောက်ခဲ့သည့် နောက်တွင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်ပြီး၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲ အမှုသည် များစွာ ပိုမို လွယ်ကူလာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူပြီးလျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံးဝ အဆုံးသတ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၃၉)
ကျေးဇူးတော်ခေတ်သည် ယေရှု၏ နာမဖြင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏နာမကို စတင်၍ သက်သေခံခဲ့ပြီး၊ ယေဟောဝါ၏ နာမကို ထပ်မံပြောဆိုခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် အဓိကအားဖြင့် ယေရှု၏ နာမအောက်တွင် အလုပ်သစ်ကို လက်ခံ ဆောင်ရွက်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သက်သေခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့လုပ်ခဲ့သော အလုပ်သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမအောက်တွင် အဓိကအားဖြင့် ဦးစီးဦးရွက်ပြုခဲ့သော အလုပ် အဆုံးသတ်သို့ ရောက်ခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ ဤအချိန်မှစ၍ နောင်တွင်၊ ဘုရားသခင်၏ နာမသည် ယေဟောဝါ မဟုတ်တော့ချေ။ ယင်းအစား သူ့ကို ယေရှုဟုခေါ်ပြီး ဤနေရာမှစတင်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမအောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို စားသောက်ကြဆဲဖြစ်ပြီး၊ ပညတ်တော်ခေတ်၏ အမှုအတိုင်း အရာရာကို လုပ်ဆောင်ဆဲဖြစ်သည့်လူများ— သင်တို့သည် စည်းမျဉ်းများကို ကျိုးကြောင်းမမြင်ဘဲ လိုက်နာနေသည် မဟုတ်လော။ သင်သည် အတိတ်တွင် တွယ်ငြိကြသည် မဟုတ်သလော။ သင်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ ရောက်ရှိပြီးဖြစ်သည်ကို သိကြသည်။ ယေရှုလာသောအခါ သူ့ကို ယေရှုဟု ခေါ်လိမ့်ဦးမည်မှာ ဖြစ်နိုင်သလော။ ယေဟောဝါသည် ဣသရေလလူမျိုးတို့ကို မေရှိယကြွလာလိမ့်မည်ဖြစ်သော်လည်း၊ သူ ကြွလာသည့်အခါ သူ့ကို မေရှိယဟုမခေါ်ဘဲ ယေရှုဟုခေါ်လိမ့်မည်ဟု ပြောခဲ့သည်။ ယေရှုက သူ တစ်ဖန် ကြွလာမည်ဖြစ်ပြီး၊ သူသည် ထွက်ခွာခဲ့သည့်အတိုင်း ရောက်ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။ ဤအရာများမှာ ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်ခဲ့သည်၊ သို့သော် သင်သည် ယေရှုထွက်ခွာသွားသည့် လမ်းကို မြင်ခဲ့ပါသလော။ ယေရှုသည် ဖြူသောမိုးတိမ်ကို စီးလျက် ထွက်ခွာခဲ့သော်လည်း၊ သူသည် လူအများကြား ကိုယ်တိုင်ကိုယ်ကျ မိုးတိမ်ဖြူစီးကာ ပြန်လာလိမ့်မည်မှာ ဖြစ်နိုင်သလော။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက သူ့ကို ယေရှုဟုခေါ်ဆဲ ဖြစ်မည် မဟုတ်လော။ ယေရှု တဖန် ကြွလာသောအခါ ခေတ်သည် ပြောင်းနှင့်ပြီး ဖြစ်လိမ့်မည်၊ ထို့ကြောင့် သူ့ကို ယေရှုဟု ခေါ်နိုင်ဦးမည်လော။ ဘုရားသခင်ကို ယေရှုနာမဖြင့်သာ သိ၍ရနိုင်သည်မှာ ဟုတ်ပါသလော။ ခေတ်သစ်တွင် သူသည် နာမသစ်ဖြင့် အခေါ်ခံရနိုင်သည် မဟုတ်လော။ လူပုဂ္ဂိုလ် တစ်ဦး၏ ရုပ်လွှာနှင့် သီးသန့် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုနိုင်ပါသလော။ ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် သူသည် တူညီသော အမှုကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူသည် မည်သို့ အဟောင်းကို ဖက်တွယ်ထားနိုင်မည်နည်း။ ယေရှုနာမကို ရွေးနုတ်ခြင်းအမှုအတွက် ခံယူထားခြင်းဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသောအခါ ထိုနာမဖြင့်ပင် သူ အခေါ်ခံရဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဦးမည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမသည် ဘုရား၏အမှုကို ကိုယ်စားပြုရန်သာ လိုအပ်၏။ သို့ဖြစ်ရာ၊ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် သင့်လျော်သည့် မည်သည့် နာမကိုမဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်အသီးသီးသည် နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။ ကျေးဇူးတော်ခေတ် အဆုံးတွင်၊ နောက်ဆုံးသောခေတ် ရောက်ရှိပြီးဖြစ်ကာ ယေရှုသည် ကြွလာနှင့်ပြီးဖြစ်သည်။ သူ့ကို အဘယ်သို့ ယေရှုဟု ခေါ်နိုင်ဦးမည်နည်း။ သူ့အနေဖြင့် လူများအလယ်တွင် ယေရှု၏ ပုံသဏ္ဌာန်ကို မည်သို့ ခံယူနိုင်ဦးမည်နည်း။ ယေရှုသည် နာဇရက်လူတစ်ဦး၏ ပုံရိပ်ထက် မပိုသည်ကို သင်မေ့သွားပြီလော။ ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနုတ်သူသာ ဖြစ်သည်ကို သင်မေ့သွားပြီလော။ သူသည် နောက်ဆုံးသော ကာလတွင် သိမ်းပိုက်ခြင်းနှင့် လူကို စုံလင်စေခြင်းအမှုကို မည်သို့ ဆောင်ရွက်နိုင် မည်နည်း။ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် ထွက်ခွာသွားသည်— ဤသည်မှာ အမှန်တရား ဖြစ်သည်- သို့သော်လည်း သူသည် မည်သို့ လူများအလယ်တွင် ဖြူသော မိုးတိမ်ကိုစီးလျက် ပြန်လာပြီး ယေရှုဟု အခေါ်ခံရဆဲ ဖြစ်နိုင်မည်နည်း။ သူသည် ဖြူသော မိုးတိမ်စီးကာ အမှန်တကယ် ရောက်ရှိခဲ့ပါက၊ လူသားသည် သူ့ကို အဘယ်သို့ မမှတ်မိနိုင် ရမည်နည်း။ ကမ္ဘာတစ်ဝန်းရှိ လူများအားလုံးက သူ့ကို မှတ်မိမည် မဟုတ်လော။ ထိုသို့ဖြစ်ပါက ယေရှုတစ်ပါးတည်းသာ ဘုရားသခင် ဖြစ်မည် မဟုတ်လော။ ထိုသို့ဖြစ်ပါက ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ယုဒတစ်ယောက်၏ သွင်ပြင်မျိုး ဖြစ်မည်ဖြစ်သည့်အပြင်၊ ထာဝရ တစ်ပုံစံတည်း ဖြစ်ပေမည်။ ယေရှုက သူထွက်ခွာသွားသကဲ့သို့ ပြန်ကြွလာမည်ဟု ပြောခဲ့သော်လည်း၊ သူ၏နှုတ်ကပတ်တော်များ၏ မှန်ကန်သော အဓိပ္ပာယ်ကို သင်သိပါသလော။ ဤသင်တို့အုပ်စုကို သူပြောပြသည်မှာ ဖြစ်နိုင်သလော။ သင်သိသမျှအားလုံးမှာ သူထွက်ခွာခဲ့သည့်အတိုင်း မိုးတိမ်ကိုတစ်ခု စီးလျက် သူ ရောက်ရှိလိမ့်မည် ဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင်က သူ၏အမှုကို မည်သို့ လုပ်ဆောင်သည်ကို သင်အတိအကျ သိပါသလော။ သင်သည် အမှန်တကယ် မြင်နိုင်သည်ဆိုပါက၊ ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ ရှင်းပြ ရမည်နည်း။ သူပြောခဲ့သည်မှာ- နောက်ဆုံးသောကာလတွင် လူသား ကြွလာသောအခါ၊ သူကိုယ်တိုင် သိလိမ့်မည်မဟုတ်၊ ကောင်းကင်တမန်များ သိလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံရှိ စေတမန်များ သိလိမ့်မည်မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် အားလုံးက သိလိမ့်မည်မဟုတ်။ ခမည်းတော်သည်သာလျှင် သိလိမ့်မည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်သာလျှင် သိလိမ့်မည် ဟူ၍ ဖြစ်သည်။ လူသားကိုယ်တိုင်ပင် မသိသော်လည်း၊ သင်သည် မြင်နိုင် သိနိုင်သလော။ အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင်မျက်စိများဖြင့် သိရှိကာ မြင်နိုင်စွမ်းရှိခဲ့မည်ဆိုပါက၊ ဤစကားလုံးများကို အချည်းနှီး ပြောမိပြီးဖြစ်လိမ့်မည် မဟုတ်လော။ ထိုအချိန်က ယေရှု အဘယ်အရာ ပြောခဲ့သနည်း။ “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။ လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။...ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” ထိုနေ့ရက် ရောက်လာသည့်အခါ၊ လူသား ကိုယ်တိုင်က သိလိမ့်မည် မဟုတ်ပေ။ လူသားဆိုသည်မှာ လူ့ဇာတိခံ ယူသော ဘုရားသခင်၊ ပုံမှန်နှင့် သာမန်လူတစ်ဦးကို ဆိုလိုသည်။ လူသား ကိုယ်တိုင်ပင် မသိသောကြောင့် သင်သည် မည်သို့ သိနိုင်မည်နည်း။ ယေရှုက သူသည် ထွက်ခွာသွားခဲ့ပြီးသည့်အတိုင်း သူ ရောက်ရှိလိမ့်မည်ဟု ပြောခဲ့သည်။ သူရောက်ရှိမည့် အချိန်ကို၊ သူကိုယ်တိုင်ပင်လျှင် မသိ၊ သို့ဖြစ်ရာ သူသည် သင့်ကို ကြိုတင်အသိပေးနိုင်သလော။ သင်သည် သူ၏ ရောက်ရှိခြင်းကို မြင်နိုင်သလော။ ယင်းသည် ရယ်စရာ ပြက်လုံးတစ်ခု မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၀)
ကမ္ဘာမြေသို့ ဘုရားသခင် ကြွလာသည့်အကြိမ်တိုင်းတွင် သူ၏ နာမ၊ သူ၏ လိင်၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အမှုတို့ကို ပြောင်းလဲသည်။ သူသည် သူ၏ အမှုကို ထပ်မလုပ်ပေ။ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသော ဘုရားသခင် ဖြစ်သည်။ ယခင်က သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ယေရှုဟု ခေါ်ခဲ့သည်။ ဤအကြိမ် သူ တစ်ဖန်ကြွလာသည့်အခါတွင် သူ့ကို ယေရှုဟု ခေါ်နိုင်သေးသလော။ ယခင်က သူကြွလာသောအခါ၊ သူသည် ယောက်ျားဖြစ်သည်။ ဤအကြိမ်တွင်လည်း သူသည် ယောက်ျား တစ်ဖန် ဖြစ်နိုင်ပါသလော။ ကျေးဇူးတော်ခေတ်အတွင်း သူ ကြွလာချိန်တွင် သူ၏ အမှုမှာ လက်ဝါးကားတိုင်တွင် သံမှိုရိုက်နှက်ခံရဖို့ ဖြစ်သည်။ သူ တစ်ဖန်ကြွလာသည့်အခါတွင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ဆဲ ဖြစ်နိုင်သလော။ သူသည် လက်ဝါးကားတိုင်တွင် တစ်ဖန် သံမှိုရိုက်နှက်ခံရနိုင်သလော။ ယင်းသည် သူ၏ အမှုကို ထပ်လုပ်ခြင်း ဖြစ်မည် မဟုတ်လော။ ဘုရားသခင်သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်မသိသလော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ပြောသူများရှိသည်။ ယင်းမှာ မှန်ပေ၏၊ သို့သော် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ရည်ညွှန်းပေသည်။ သူ၏ နာမနှင့် အမှုတွင် ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမပြပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ မည်သည့်အခါမှ ပြောင်းလဲလိမ့်မည်မဟုတ်။ အကယ်၍ သင်က ဘုရားသခင်၏ အမှုသည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်မည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်းကိုသာ သင်သိသော်လည်း၊ ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အမှုသည် မပြောင်းလဲပါက၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး ဦးဆောင်လျှင် ဦးဆောင်နိုင်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ပါက၊ သူ ခေတ်နှစ်ခေတ်၏ အမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။ သူ၏ အမှုသည် ရှေ့ဆက်တိုးတက်ရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ ယင်းမှာ သူ၏ စိတ်သဘောထားကို လူသားထံ တဖြည်းဖြည်း ထုတ်ဖော်ပြပြီး ထုတ်ဖော်ပြသည့်အရာမှာ သူ၏ ပင်ကို စိတ်သဘောထား ဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ကွယ်ဝှက်ထားခဲ့သည်၊ သူသည် လူသားထံ သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်မပြခဲ့သကဲ့သို့၊ လူသည် သူနှင့်သက်ဆိုင်သည့် အသိပညာ တကယ်ကို မရှိခဲ့ပေ။ ဤအရာကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြရန် သူ၏ အမှုကို အသုံးပြုသည်၊ သို့သော် ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားက ခေတ်တိုင်းတွင် ပြောင်းလဲသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုသည် အမြဲ ပြောင်းလဲနေသောကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားသည် စဉ်ဆက်မပြတ် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းထက်၊ သူ၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များ မတူကွဲပြားသောကြောင့်၊ လူသားက သူ့ကို သိနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို အလုံးစုံ ယူဆောင်ပြီး၊ တစ်ဆင့်ပြီးတဆင့် လူသားထံ ဖော်ထုတ်ပြပေသည်။ သို့သော်လည်း ဤသည်မှာ ဘုရားသခင်သည် မူလက မည်သည့် သီးသန့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ကုန်လွန်သည့် ခေတ်များနှင့်အတူ သူ၏ စိတ်သဘောထား တဖြည်းဖြည်း ပြောင်းလဲသည့် သက်သေ လုံးဝ မဟုတ်ပေ- ထိုသို့သော သိနားလည်မှုတစ်ခုသည် မှားယွင်းပေမည်။ ဘုရားသခင်သည် သူ၏ ပင်ကိုဖြစ်ပြီး သီးသန့်ဖြစ်သော စိတ်သဘောထားကို- သူ၏ ဖြစ်ခြင်းကို— ခေတ်များ ကုန်လွန်သွားသည်နှင့်အညီ လူသားထံ ထုတ်ဖော်ပြသသည်။ ခေတ်တစ်ခေတ်၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို မဖော်ပြနိုင်ပေ။ သို့ဖြစ်ရာ “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိ။” ဆိုသည့် စကားများမှာ သူ၏ အမှုကို ရည်ညွှန်းပြီး “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည့် စကားများမှာ ဘုရားသခင်၏ ပင်ကိုအားဖြင့် အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းပေသည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် နှစ်ခြောက်ထောင်အမှုကို အချက်တစ်ခုပေါ် မတည်နိုင်ပေ သို့မဟုတ် အသက်မဲ့သော စကားလုံးများဖြင့် ယင်းကို ဘောင်မခတ်နိုင်ပေ။ ယင်းမှာ လူ၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူ စိတ်ကူးသလောက် ရိုးရှင်းခြင်း မရှိသကဲ့သို့၊ သူ၏ အမှုသည် မည်သည့် ခေတ်တစ်ခုတွင်မျှ စွဲကျန်မနေနိုင်ပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမအဖြစ် အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမအောက်တွင်လည်း သူ၏ အမှုကို လုပ်ဆောင်နိုင်သေး၏။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် ရှေ့သို့ ဦးတည်ချက်ဖြင့် အမြဲ တိုးတက်နေသည့် လက္ခဏာတစ်ခု ဖြစ်သည်။
ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန် ဖြစ်လာလိမ့်မည်မဟုတ်ပေ။ စာတန်သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်လာလိမ့်မည်မဟုတ်။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့ဖွယ်ဖြစ်ခြင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှုအတွက်မူ၊ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့်အတွက်၊ ယင်းသည် ရှေ့သို့ ဦးတည်ချက်တစ်ခုဖြင့် အစဉ်အမြဲ တိုးတက်နေသည်၊ အစဉ်အမြဲ ပိုမို နက်ရှိုင်းနေပေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမ အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူ၏ ဖန်ဆင်းခြင်းများကို သူ၏ အသစ်သော အလိုနှင့် အသစ်သော စိတ်သဘောထားကို မြင်ခွင့်ပေးလေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားသစ် ဖော်ပြချက်ကို မမြင်နိုင်ကြပါက၊ ၎င်းတို့သည် သူ့ကို ကားတိုင်တွင် သံမှိုဖြင့် ထာဝရ ရိုက်နှက်မိကြမည် မဟုတ်လော။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ် သတ်မှတ်လိုက်မည် မဟုတ်လော။ ဘုရားသခင်သည် ယောက်ျားတစ်ဦး အဖြစ်သာ လူ့ဇာတိ ခံယူလာခဲ့ပါက၊ လူများသည် သူ့ကို ယောက်ျားအဖြစ်၊ လူယောက်ျားများ၏ ဘုရားသခင်အဖြစ်၊ သတ်မှတ်လိုက်ကြမည် ဖြစ်ပြီး၊ သူ့ကို မိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။ ထိုအခါ ယောက်ျားများက ဘုရားသခင်ကို ယောက်ျားများကဲ့သို့ တူညီသော လိင်ရှိသည်၊ ဘုရားသခင်သည် ယောက်ျားများ၏ ခေါင်းဆောင်ဖြစ်သည်ဟု ယူဆကြပေမည်- သို့သော် မိန်းမများနှင့်သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု ဖြစ်သည် မဟုတ်လော။ ဤကိစ္စရပ်သည် မှန်ကန်ပါက၊ ဘုရားသခင် ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောက်ျားများသာ ဖြစ်မည်ဖြစ်ပြီး၊ မိန်းမတစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ မဖန်ဆင်းခဲ့ဘဲ၊ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးကို သူ၏ သဏ္ဌာန်အတိုင်း ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်သာ မဟုတ်— မိန်းမများ၏ ဘုရားသခင်လည်း ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် အမှု၏ အသစ်သော အဆင့်တစ်ခုသို့ ဝင်ရောက်သည်။ သူသည် သူ၏စိတ်သဘောထားကို ပို၍ပင် ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ယေရှု၏ အချိန်ကာလနှင့် သက်ဆိုင်သည့် ကရုဏာတရားနှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်လိမ့်မည်မဟုတ်ပေ။ အမှုသစ်ကို လက်ရှိ လုပ်ဆောင်နှင့်ပြီ ဖြစ်သည့်အတွက်၊ ဤအမှုသစ်သည် စိတ်သဘောထားအသစ်နှင့်အတူ ပါရှိလိမ့်မည်။ ထို့ကြောင့်၊ ဤအမှုကို ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက- ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ဘဲ၊ ယင်းအစား လူသည် သူနှင့်ဆက်သွယ်ဖို့ နည်းလမ်း မရှိခဲ့စေဖို့အလို့ငှာ ဝိညာဉ်တော်က မိုးကြိုးမှတစ်ဆင့် တိုက်ရိုက် စကားပြောခဲ့ပါက၊ လူသည် သူ၏စိတ်သဘောထားကို သိနိုင်ပါမည်လော။ အမှုကို လုပ်ဆောင်ခဲ့သည်မှာ ဝိညာဉ်တော် တစ်ပါးတည်းဖြစ်ပါက၊ လူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိလာဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင် လူ့ဇာတိခံယူလာချိန်တွင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာပြီး သူက သူ၏စိတ်သဘောထား အလုံးစုံကို လူ့ဇာတိမှတစ်ဆင့် ဖော်ပြသည့်အခါတွင်သာ၊ လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မိမိတို့၏ ကိုယ်ပိုင်မျက်စိများဖြင့် ရှုမြင်နိုင်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူများအလယ်တွင် အမှန်တကယ်နှင့် စစ်မှန်စွာ အသက်ရှင်သည်။ သူသည် အမှန်တကယ်ရှိ၏။ လူသည် သူ၏စိတ်သဘောထားကို အမှန်တကယ် ထိတွေ့နိုင်သည်၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို ထိတွေ့နိုင်သည်။ ဤနည်းဖြင့်သာ လူသည် သူ့ကို အမှန်တကယ် သိရှိလာနိုင်သည်။ တစ်ချိန်တည်းတွင် “ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်ဖြစ်သလို မိန်းမများ၏ ဘုရားသခင်လည်းဖြစ်သည်။” ဆိုသည့် အမှုကိုလည်း ဘုရားသခင် ပြီးပြည့်စုံစေပြီးဖြစ်ကာ လူ့ဇာတိ၌ သူ၏ အမှုအလုံးစုံကို ပြီးမြောက်စေပြီးဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၁)
သူ၏ စီမံခန့်ခွဲမှု အလုံးစုံတစ်လျှောက် ဘုရားသခင်၏ အမှုသည် လုံးဝ ရှင်းလင်းပေသည်။ ကျေးဇူးတော်ခေတ်သည် ကျေးဇူးတော်ခေတ်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလသည် နောက်ဆုံးသော ကာလ ဖြစ်သည်။ ခေတ်အသီးသီးတွင် ဘုရားသခင်သည် ထိုခေတ်ကို ကိုယ်စားပြုသည့် အမှုကို လုပ်ဆောင်သည့်အတွက် ခေတ်အသီးသီး ကြားတွင် သိသာသော ခြားနားမှုများ ရှိသည်။ နောက်ဆုံးသော ကာလ၏ အမှုကို လုပ်ဆောင်ပြီးရန်အတွက်၊ ခေတ်ကို အဆုံးသတ်သို့ ရောက်စေမည့် လောင်ကျွမ်းမှု၊ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ဒေါသအမျက်နှင့် ဖျက်ဆီးမှုများ ရှိရမည် ဖြစ်သည်။ နောက်ဆုံးသောကာလသည် နောက်ဆုံးခေတ်ကို ရည်ညွှန်း၏။ နောက်ဆုံးခေတ် အတွင်းတွင်၊ ဘုရားသခင်သည် ခေတ်ကို အဆုံး မသတ်လိမ့်မည်လော။ ခေတ်ကို အဆုံးသတ်ရန်၊ ဘုရားသခင်သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းကို သူနှင့်အတူ ယူဆောင်ရမည်။ ထိုနည်းဖြင့်သာ သူသည် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်သည်။ ယေရှု၏ ရည်ရွယ်ချက်မှာ လူသားအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန်၊ ဆက်လက် အသက်ရှင်ရန်နှင့် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုဖြင့် ဆက်လက်တည်ရှိစေနိုင်ရန် အလို့ငှာ ဖြစ်ခဲ့သည်။ လူသားသည် ဆိုးယုတ်ခြင်းထဲသို့ သူ၏ ကျဆင်းခြင်းအား ရပ်တန့်ရန်နှင့် မရဏနိုင်ငံနှင့် ငရဲတွင် ဆက်လက်အသက်မရှင်ဖို့အလို့ငှာ သူသည် လူကို အပြစ်မှ ကယ်တင်ခဲ့ပြီး၊ လူအား မရဏာနိုင်ငံနှင့် ငရဲတို့မှ ကယ်တင်ခြင်းအားဖြင့် ယေရှုသည် လူကို ဆက်လက် ရှင်သန်နေထိုင်ရန် အခွင့်ပေးခဲ့သည်။ ယခုတွင် နောက်ဆုံးသော ကာလသည် ဆိုက်ရောက်ပြီဖြစ်သည်။ ဘုရားသခင်သည် လူကို အမြစ်ဖြတ်သုတ်သင်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို လုံးဝ ဖျက်ဆီးလိမ့်မည်၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို အသွင်ပြောင်းလဲလိမ့်မည်ဖြစ်သည်။ ဤအကြောင်းရင်း အတွက်၊ အတိတ်က ကြင်နာသနားတတ်ပြီး ချစ်ခင်သော စိတ်သဘောထားဖြင့် ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ရန် သို့မဟုတ် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အား အကျိုးဖြစ်ထွန်းခြင်းသို့ ဆောင်ကြဉ်းရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ခေတ်တိုင်းသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အထူးကိုယ်စားပြုခြင်းတစ်ခုကို အသားပေးပြီး၊ ခေတ်တိုင်းသည် ဘုရားသခင် လုပ်ဆောင်သင့်သည့် အမှု ပါဝင်လေသည်။ ထို့ကြောင့် ခေတ်အသီးသီးတွင် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သော အမှုတွင် သူ၏ စစ်မှန်သော စိတ်သဘောထား ဖော်ပြချက်ပါဝင်ပြီး၊ သူ၏ နာမနှင့် သူလုပ်ဆောင်သော အမှုနှစ်ခုလုံးသည် ခေတ်နှင့်အတူ ပြောင်းလဲလေသည်- ယင်းတို့သည် အားလုံး အသစ်ဖြစ်ကြ၏။ ပညတ်တော်ခေတ်အတွင်းတွင် လူသားမျိုးနွယ်အား လမ်းပြခြင်းအမှုကို ယေဟောဝါ၏ နာမအောက်တွင် လုပ်ဆောင်ခဲ့ပြီး၊ အမှု၏ပထမအဆင့်ကို ကမ္ဘာမြေပေါ်တွင် အစပျိုးခဲ့သည်။ ဤအဆင့်တွင် အမှုသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တည်ဆောက်ခြင်း၊ ဣသရေလလူမျိုးတို့ကို လမ်းပြရန်နှင့် ၎င်းတို့အလယ်တွင် အလုပ်လုပ်ရန် ပညတ်တရားကို အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလလူမျိုးတို့ကို လမ်းပြခြင်းအားဖြင့်၊ သူသည် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအတွက် အခြေစိုက်ရာတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ ထိုအခြေစိုက်ရာ မှနေ၍ သူသည် သူ၏အမှုကို ဣသရေလကို ကျော်လွန်၍ တိုးချဲ့ခဲ့သည်၊ ယင်းမှာ နောင်မျိုးဆက်များက ယေဟောဝါသည် ဘုရားသခင်ဖြစ်ပြီး၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သကဲ့သို့၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါဖြစ်သည်ကို တဖြည်းဖြည်း သိရှိလာကြဖို့အလို့ငှာ၊ ဣသရေလမှစတင်လျက် သူသည် သူ၏အမှုကို အပြင်ဖက်သို့ ချဲ့ထွင်ခဲ့သည်ဟု ဆိုရပေမည်။ သူသည် သူ၏အမှုကို ဣသရေလလူတို့မှတစ်ဆင့် ၎င်းတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကြက်သည်။ ဣသရေလနယ်မြေသည် ကမ္ဘာမြေပေါ်တွင် ယေဟောဝါအမှု၏ ပထမဆုံး သန့်ရှင်းသောနေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေပေါ်တွင် အမှုပြုဖို့ ဘုရားသခင် ပထမဆုံး သွားရောက်ခဲ့သောနေရာမှာ ဣသရေလနယ်မြေတွင် ဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အမှု ဖြစ်သည်။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင် ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကရုဏာ၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက်ခြင်းနှင့် သဘောထားကြီးခြင်းတို့ ဖြစ်ပြီး သူလုပ်ခဲ့သော အမှုအများအပြားမှာ လူသားကို ရွေးနုတ်ခြင်းအလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ စိတ်သဘောထားသည် သနားကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့်၊ ဘုရားသခင်သည် လူကို ကိုယ်နှင့်အမျှ ချစ်မြတ်နိုးလွန်းလှသည်မှာ သူသည် မိမိ၏ အလုံးစုံဖြင့် မိမိကိုယ်ကိုယ် ပူဇော်ခဲ့သည်အထိဖြစ်ခဲ့သည်ကို ပြသရန်အလို့ငှာ လူသားအတွက် ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရသည်။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ဘုရားသခင်၏ နာမမှာ ယေရှုဖြစ်သည်၊ ယင်းမှာ ဘုရားသခင်သည် လူကို ကယ်တင်ခဲ့သော ဘုရားသခင်ဖြစ်ခဲ့ပြီး၊ သူသည် သနားကရုဏာနှင့်ပြည့်စုံသော ချစ်မြတ်နိုးတတ်သော ဘုရားသခင် ဖြစ်ခဲ့သည်ဟု ပြောရပေမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏သနားကရုဏာနှင့် သူ၏ကယ်တင်ခြင်းသည် လူတစ်ဦးချင်းစီနှင့်အတူ ပါရှိသည်။ ယေရှု၏ နာမနှင့် သူ၏ မျက်မှောက်ကို လက်ခံခြင်းအားဖြင့်သာ၊ လူသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိနိုင်သည်၊ သူ၏ကောင်းချီးမင်္ဂလာ၊ သူ၏ကြီးမားကာ များပြားလှသော ကျေးဇူးတော်များနှင့် သူ၏ ကယ်တင်ခြင်းတို့ကို ရရှိနိုင်သည်။ ယေရှု၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့်၊ သူ့နောက်လိုက်သော သူအားလုံးသည် ကယ်တင်ခြင်းကို ရရှိခဲ့ကြပြီး၊ မိမိတို့၏ အပြစ်များမှာ ခွင့်လွှတ်ခြင်းခံခဲ့ကြရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့် ကျေးဇူးတော်ခေတ်၏ အမှုကို အဓိကအားဖြင့် ယေရှု၏ နာမအောက်တွင် လုပ်ဆောင်ခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်ကို ယေရှုဟု ခေါ်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သည့် အသစ်သော အမှု၏ အဆင့်ကို လက်ခံဆောင်ရွက်ခဲ့ပြီး၊ သူ၏ အမှုသည် ကားစင်တင်ခံရခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ဤသည်မှာ သူ၏ အမှု အလုံးစုံ ဖြစ်သည်။ သို့ဖြစ်ရာ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် ဘုရားသခင်၏ နာမဖြစ်ခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် ယေရှု၏ နာမသည် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင် သူ၏ နာမမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်— လူကို လမ်းပြရန်၊ လူကို သိမ်းပိုက်ရန်နှင့် လူကို ရရှိရန်နှင့် နောက်ဆုံးတွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းရန် သူ၏တန်ခိုးကို အသုံးပြုသော အနန္တတန်ခိုးရှင် ဖြစ်သည်။ ခေတ်တိုင်းတွင် သူ၏ အမှု အဆင့်တိုင်းတွင် ဘုရားသခင်၏ စိတ်သဘောထားသည် ထင်ရှားမြင်သာပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၂)
“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမသည် ဘုရားသခင်၏ စိတ်သဘောထားကို အလုံးစုံဖြင့် ကိုယ်စားပြုနိုင်မည်လော။ ယင်းသည် ဘုရားသခင်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့်၊ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုနိုင်ပြီး၊ အခြားနာမ မရှိနိုင်ဟု လူကဆိုပါက၊ ဤစကားလုံးများသည် ဧကန်အမှန် ပြစ်မှားစော်ကားခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှု နာမတစ်ခုတည်းသာ သူ၏အလုံးစုံဖြင့် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမ အများအပြားဖြင့် ခေါ်ဆို၍ ရကောင်းရနိုင်သော်လည်း၊ ဤနာမများအကြားတွင် ဘုရားသခင်၏ အရာအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြပေးနိုင်သော နာမတစ်ခုမျှမရှိ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားက ကြွယ်ဝလွန်းသည်မှာ လူသား၏ သူ့ကို သိရှိနိုင်စွမ်းအား တကယ်ကို ကျော်လွန်သည့်အတွက် ဤနာမ အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ လူသားသည် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုလျက်၊ ဘုရားသခင်ကို အပြည့်အဝ အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် မဖြစ်နိုင်ပေ။ လူသားမျိုးနွယ်ထံတွင် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ ၎င်းတို့သိသမျှအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် အကန့်အသတ်ရှိသော ဝေါဟာရသာ ရှိသည်- ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ အထွတ်အထိပ်ဖြစ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော စသဖြင့် ဖြစ်သည်။ စကားလုံးများ များလှပေစွ။ ဤအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ပြီး ဖြစ်သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြနိုင်စွမ်း မရှိချေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူများစွာက ၎င်းတို့၏ စိတ်နှလုံးများထဲက စိတ်အားထက်သန်မှုကို သာ၍ ကောင်းစွာ ဖော်ပြနိုင်သည်ဟု တွေးထင်ခဲ့ကြသည့် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင် ကြီးမြတ်လွန်းလှပေစွ။ ဘုရားသခင် သန့်ရှင်းလွန်းလှပေစွ။ ဘုရားသခင်သည် အလွန် ချစ်မြတ်နိုးဖွယ်ဖြစ်ပေစွတကား။ ယနေ့တွင် ဤသို့သော လူသား ပြောဆိုမှုများသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း၊ လူသည် မိမိတို့ကိုယ်ကိုယ် ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်သည် အမည်တစ်ခုမျှ မရှိပေ၊ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဖြစ်တည်မှုသည် အလွန် အလျှံပယ်ဖြစ်ပြီး၊ လူသား၏ ဘာသာစကားသည် ခြွတ်ခြုံကျလွန်းသောကြောင့် ဖြစ်သည်။ သီးခြား စကားတစ်လုံး၊ သို့မဟုတ် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုဖို့ စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမကို ပုံသေထား၍ ရနိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန် သန့်ရှင်းလွန်းသော်လည်း၊ သင်သည် ခေတ်သစ်အသီးသီးတွင် သူ၏နာမကို ပြောင်းလဲရန် ခွင့်မပြုဘဲနေမည်လော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အမှုကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန်အလို့ငှာ ထိုခေတ်နှင့် သင့်တော်သော နာမကို အသုံးပြုပေသည်။ ထိုခေတ်ထဲက သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတစ်ခုဖြစ်သည့် သီးသန့် နာမကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့သော်ငြားလည်း ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး ဘုရားသခင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးသော လူများစွာသည် ဤသီးသန့်နာမတစ်ခုသည် ဘုရားသခင်ကို သူ၏အလုံးစုံဖြင့် ကိုယ်စားပြုနိုင်စွမ်းရှိသည်ဟု ခံစားကြရသည်- အလိုလေး၊ ဤသည်မှာ ကူကယ်ရာမဲ့ပါသည်တကား- ထို့ကြောင့် လူသည် ဘုရားသခင်ကို မည်သည့် နာမဖြင့်မျှ ခေါ်ဆိုခြင်းမပြုတော့ဘဲ၊ သူ့ကို “ဘုရားသခင်” ဟုသာ ခေါ်ကြလေသည်။ ယင်းမှာ လူသည် ဘုရားသခင်ကို မည်သို့ရှင်းပြရမည်ကို မသိသည့်အတွက်၊ လူ၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နေသည့်တိုင် ကွဲလွဲခြားနားခြင်းများနှင့်လည်း ဝန်းရံခံနေရသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် အလွန်အလျှံပယ်ဖြစ်သည်မှာ ယင်းကို ဖော်ပြနိုင်သည့်နည်းလမ်း အကယ်ကို မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားကို အကျဉ်းချုပ်နိုင်သည့် တစ်ခုတည်းသော နာမ မရှိသကဲ့သို့၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နာမ မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်က၊ “အတိအကျအားဖြင့် ကိုယ်တော်သည် မည်သည့်နာမတော်ကို သုံးသနည်း။” ဟု ငါ့ကို မေးပါက၊ “ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။” ဟု ၎င်းတို့ကို ငါပြောမည်။ ယင်းသည် ဘုရားသခင်အတွက် အကောင်းဆုံး နာမ ဖြစ်သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို အကောင်းဆုံး အချုပ်အားဖြင့် ဖော်ပြနိုင်ခြင်း မဟုတ်လော။ ဤသို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ နာမကို ရှာဖွေရန် လုံ့လများစွာ စိုက်ထုတ်နေကြသနည်း။ နာမတစ်ခုအတွက်၊ အစာမစား အိပ်လည်းမအိပ်ဘဲ၊ အဘယ်ကြောင့် ဦးနှောက်ခြောက်အောင် စဉ်းစားသင့်သနည်း။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက်သည် ရောက်လာလိမ့်မည်- သူသည် ဖန်ဆင်းရှင်သက်သက် ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုသည် အဆုံးသတ်သို့ ရောက်ရှိလာပြီး ဖြစ်ကာ၊ ယင်းနောက်တွင် သူ၏နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် နာမများ အားလုံးသည် အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာခပ်သိမ်း ရောက်လာချိန်တွင်၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် နာမတစ်ခုကို သူသည် အဘယ်သို့ လိုအပ်သေးသနည်း။ သင်သည် ယခု ဘုရားသခင်၏ နာမကို ရှာဖွေနေဆဲလော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲဖြစ်သလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲလော။ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း အပြစ်ကို သင်ခံနိုင်သလော။ ဘုရားသခင်သည် မူလအစက နာမ မရှိခဲ့သည်ကို သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရမည့် အမှုရှိခဲ့ပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရမည်ဖြစ်သောကြောင့်၊ သူသည် နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်နာမဖြင့် ခေါ်သည်ဖြစ်စေ- ယင်းကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ယင်းကို ဆုံးဖြတ်ပေးရန် သူသည်- သူ၏ဖန်ဆင်းခြင်းထဲမှ တစ်ဦးဖြစ်သည့်- သင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် နာမသည် လူသားမျိုးနွယ်၏ ဘာသာစကားဖြင့် လူက နားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ကိုက်ညီသည့် နာမဖြစ်သော်လည်း၊ ဤနာမသည် လူက ခြုံငုံမိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးရှိသည်၊ သူ့ကို ဘုရားသခင်ဟုခေါ်သည်၊ သူသည် အလွန်အမြော်အမြင်ရှိသည့်၊ အလွန်ချီးမြှောက်ခြင်းခံရသည့်၊ အလွန်အံ့သြဖွယ်ကောင်းသည့်၊ အလွန်နက်နဲပြီး အနန္တတန်ခိုးနှင့် အလွန်ပြည့်စုံသည့် ကြီးမြတ်သော တန်းခိုးရှိသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ဟုသာ သင်ပြောနိုင်ပြီးနောက်၊ နောက်ထပ်ပို၍ သင်ဘာမျှမပြောနိုင်ပေ။ ဤနည်းနည်းလေးမှာ သင်သိနိုင်သမျှအကုန် ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် ယေရှုဟူသည့် နာမမျှက ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုနိုင်ပါသလော။ နောက်ဆုံးသောကာလ ရောက်ရှိလာချိန်တွင်၊ အမှုပြုသူမှာ ဘုရားသခင် ဖြစ်နေဆဲဖြစ်သော်လည်း၊ ယင်းသည် မတူညီသည့် ခေတ်တစ်ခု ဖြစ်သည့်အတွက်၊ သူ၏နာမ ပြောင်းလဲရပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၃)
ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာခဲ့ချိန်တွင်၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ညွှန်ကြားမှုအောက်တွင် ဖြစ်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလိုရှိသည့်အတိုင်း သူ လုပ်ဆောင်ခဲ့ပြီး၊ ဓမ္မဟောင်း ပညတ်တော်ခေတ်အရ သို့မဟုတ် ယေဟောဝါ၏ အမှုအရ မဟုတ်ခဲ့ပေ။ ယေရှုလာရောက် လုပ်ဆောင်သည့် အမှုသည် ယေဟောဝါ၏ ပညတ်တရားများ သို့မဟုတ် ယေဟောဝါ၏ ပညတ်ချက်များကို လိုက်နာရန် မဟုတ်ခဲ့သော်လည်း၊ ယင်းတို့၏ ရင်းမြစ်မှာ တစ်ခုတည်းဖြစ်ပြီး တူညီပေသည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ယေရှု၏နာမကို ကိုယ်စားပြုခဲ့ပြီး၊ ယင်းသည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုအတွက်မူ၊ ယင်းသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး၊ ပညတ်တော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ၎င်းတို့၏အမှုမှာ မတူကွဲပြားသည့် ခေတ်များထဲက ဝိညာဉ်တော်တစ်ဦးတည်း၏ အမှု ဖြစ်ခဲ့သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ကျေးဇူးတော် ခေတ်ကိုသာ ကိုယ်စားပြုနိုင်ခဲ့ပြီး၊ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုသည် ဓမ္မဟောင်း ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုနိုင်ခဲ့သည်။ ယေဟောဝါသည် ဣသရေလနှင့် အဲဂုတ္တုမှလူများနှင့် ဣသရေလတိုင်းပြည် အလွန် တိုင်းနိုင်ငံများအားလုံး၏ လူများကိုသာ လမ်းပြခဲ့သည်။ ဓမ္မသစ် ကျေးဇူးတော်ခေတ်ထဲက ယေရှု၏ အမှုသည် သူက ခေတ်ကို လမ်းပြခဲ့သည်နှင့်အမျှ ယေရှု နာမအောက်တွင်ရှိသည့် ဘုရားသခင်၏ အမှုဖြစ်သည်။ ယေရှု၏အမှုက ယေဟောဝါ၏ အမှုကိုအခြေခံခဲ့သည်၊ သူသည် မည်သည့် အမှုသစ်ကိုမျှ စတင်ခဲ့ခြင်းမရှိသကဲ့သို့၊ သူလုပ်ဆောင်ခဲ့သမျှ အားလုံးသည် ယေဟောဝါ၏ စကားများအတိုင်း၊ ယေဟောဝါ၏ အမှုနှင့် ဟေရှာယ၏ ပရောဖက်ပြုချက်များ အတိုင်းဖြစ်သည်ဟု သင်ပြောပါက၊ ယေရှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ဖြစ်မည် မဟုတ်ပေ။ ဤနည်းဖြင့် သူ၏အလုပ်ကို သူလုပ်ဆောင်ခဲ့ပါက၊ သူသည် တမန်တော်တစ်ဦး သို့မဟုတ် ပညတ်တော်ခေတ်၏ အမှုတော်ဆောင်တစ်ဦး ဖြစ်ခဲ့ပြီးပေမည်။ ယင်းသည် သင်ပြောသည့်အတိုင်း ဖြစ်ပါက၊ ယေရှုသည် ခေတ်တစ်ခေတ်ကို စတင်ဆောင်ရွက်နိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ အခြားမည်သည့် အမှုကိုမျှလည်း လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပေ။ ထိုနည်းတူစွာ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ယေဟောဝါမှတစ်ဆင့် အဓိကအားဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ယေဟောဝါမှတစ်ဆင့် ကလွဲ၍ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည့် အမှုသစ်ကိုမျှ လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပေ။ ယေရှု၏ အမှုကို ဤနည်းဖြင့် နားလည်ဖို့ဆိုသည်မှာ လူသားအတွက် မှားယွင်း၏။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့် ဟေရှာယ၏ ပရောဖက်ပြုချက်များအရ လုပ်ဆောင်ခဲ့သည်ဟု လူက ယုံကြည်ပါက၊ ယေရှုသည် လူ့ဇာတိခံ ဘုရားသခင်လော သို့မဟုတ် ပရောဖက်များထဲမှ တစ်ဦး ဖြစ်ခဲ့ပါသလော။ ဤအမြင်အရ၊ ကျေးဇူးတော်ခေတ် ရှိမည် မဟုတ်သကဲ့သို့၊ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ကျေးဇူးတော် ခေတ်ကို ကိုယ်စားမပြုနိုင်ဘဲ၊ ဓမ္မဟောင်း ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုနိုင်ခဲ့သည့်အတွက် ယေရှုသည်လည်း ဘုရားသခင်၏ လူ့ဇာတိခံခြင်း ဖြစ်မည် မဟုတ်ပေ။ ယေရှုသည် အမှုသစ် လုပ်ဆောင်ရန်၊ ခေတ်သစ်တစ်ခုကို စတင်ရန်၊ ဣသရေလ တိုင်းပြည်တွင် ယခင်က လုပ်ခဲ့သည့်အမှုကို ကျော်လွှားရန်နှင့် ဣသရေလတိုင်းပြည်တွင် ယေဟောဝါ လုပ်ခဲ့သည့် အမှုနှင့်အညီ မဟုတ်ဘဲ သို့မဟုတ် သူ၏ စည်းမျဉ်းဟောင်းများနှင့် အညီမဟုတ်ဘဲ သို့မဟုတ် မည်သည့် စည်းမျဉ်းစည်းကမ်းနှင့်မျှ ကိုက်ညီခြင်းမရှိဘဲ၊ ယင်းထက် သူလုပ်သင့်သည့် အမှုသစ်ကို လုပ်ဆောင်ရန် သူ၏ အမှုကို ဆောင်ရွက်ဖို့ ကြွလာခဲ့ချိန်တွင်သာ ခေတ်သစ်တစ်ခေတ် ရှိနိုင်ပေသည်။ ဘုရားသခင် ကိုယ်တိုင် ခေတ်တစ်ခုကို စတင်ရန် ကြွလာပြီး၊ ဘုရားသခင် ကိုယ်တိုင်ပင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းရန် ကြွလာပေသည်။ လူသည် ခေတ်ကို အစပြုခြင်းနှင့် ခေတ်ကို အဆုံးသတ်ခြင်း အမှုကို လုပ်ဆောင်နိုင်စွမ်းမရှိချေ။ ယေရှုသည် သူကြွလာပြီးနောက် ယေဟောဝါ၏အမှုကို အဆုံးသတ်သို့ မဆောင်ကြဉ်းခဲ့ပါက၊ ယင်းမှာ သူသည် လူသားတစ်ဦးမျှသာဖြစ်ခဲ့ပြီး၊ ဘုရားသခင်ကို ကိုယ်စားပြုနိုင်စွမ်းမရှိသည့် သက်သေ ဖြစ်ခဲ့ပေမည်။ အတိအကျအားဖြင့် ယေရှုကြွလာခဲ့ပြီး ယေဟောဝါ၏အမှုကို အဆုံးသတ်ခဲ့သောကြောင့်၊ ယေဟောဝါ၏ အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည့်အပြင်၊ သူကိုယ်တိုင်၏ အမှုကို ဆောင်ရွက်ခဲ့သောကြောင့်၊ ယင်းက ဤသည်မှာ ခေတ်သစ်တစ်ခုဖြစ်ပြီး ယေရှုသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်ကို သက်သေပြပေသည်။ ၎င်းတို့သည် အမှု၏ ကွဲပြားစွာ မတူသော အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့ကြပေသည်။ အဆင့်တစ်ဆင့်ကို ဗိမာန်တော်ထဲတွင် ဆောင်ရွက်ခဲ့ပြီး၊ အခြားတစ်ခုကို ဗိမာန်တော်ပြင်ပတွင် ဆောင်ရွက်ခဲ့သည်။ အဆင့်တစ်ခုက လူသား၏ အသက်တာကို ပညတ်တော်အတိုင်း ဦးဆောင်ရန်ဖြစ်ခဲ့ပြီး၊ အခြားတစ်ခုမှာ အပြစ်ဖြေရာယဇ်တစ်ခုကို ပူဇော်ရန်ဖြစ်ခဲ့သည်။ အမှု၏ ဤအဆင့် နှစ်ဆင့်သည် ထင်ထင်ရှားရှား ကွဲပြားကြသည်။ ဤအရာက ခေတ်သစ်ကို ခေတ်ဟောင်းမှ ခွဲခြားလိုက်ပြီး၊ ယင်းတို့သည် မတူညီသည့် ခေတ်နှစ်ခေတ်ဖြစ်သည်ဟု ပြောရန် လုံးဝမှန်ပေသည်။ ၎င်းတို့ အမှု၏ တည်နေရာသည် ကွဲပြားခဲ့ပြီး၊ ၎င်းတို့ အမှု၏ အကြောင်းအရာလည်း ကွဲပြားခဲ့သကဲ့သို့၊ ၎င်းတို့ အမှု၏ ရည်မှန်းချက်သည်လည်း ခြားနားကြသည်။ ထိုသို့ဖြင့် ယင်းတို့ကို ခေတ်နှစ်ခေတ်အဖြစ် ခွဲခြား၍ရနိုင်ပေသည်- ဓမ္မဟောင်းနှင့် ဓမ္မသစ်ဟူ၍ ဖြစ်သည်၊ ယင်းမှာ ခေတ်သစ်နှင့် ခေတ်ဟောင်းများဟု ပြော၍ရပေသည်။ ယေရှု ကြွလာခဲ့ချိန်တွင် သူသည် ဗိမာန်တော်ထဲသို့ မသွားခဲ့ပေ၊ ယင်းက ယေဟောဝါ၏ခေတ် အဆုံးသတ်ခဲ့ပြီးဖြစ်သည်ကို သက်သေပြပေသည်။ ဗိမာန်တော်ထဲက ယေဟောဝါ၏ အမှုသည် ပြီးစီးပြီးဖြစ်ကာ တစ်ဖန်လုပ်ဆောင်ရန် မလိုအပ်တော့သကဲ့သို့၊ ယင်းကို တစ်ဖန် လုပ်ဆောင်ခြင်းသည် ထပ်ကျော့ခြင်း ဖြစ်မည်ဖြစ်သောကြောင့်၊ သူသည် ဗိမာန်တော်ထဲသို့ မဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဗိမာန်တော် ပြင်ပတွင် အမှုသစ်တစ်ခုကို စတင်ရင်းနှင့် လမ်းကြောင်းသစ်ကို စတင်ရင်း၊ ဗိမာန်တော်ကို စွန့်ခွာခြင်းအားဖြင့်သာ၊ သူသည် ဘုရားသခင်၏ အမှုကို အထွတ်အထိပ်သို့ ဆောင်ကြဉ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ အမှုကို လုပ်ဆောင်ရန် သူသည် ဗိမာန်တော်မှ ထွက်မသွားခဲ့ပါက၊ ဘုရားသခင်၏ အမှုသည် ဗိမာန်တော်၏ အခြေခံအုတ်မြစ်များပေါ်တွင် တန့်သွားပေမည်ဖြစ်ပြီး၊ အသစ်သော ပြောင်းလဲမှု တစ်ခုတစ်လေမျှ လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယေရှုကြွလာခဲ့ချိန်တွင် သူသည် ဗိမာန်တော်ထဲသို့ မဝင်ရောက်သကဲ့သို့၊ သူ၏အမှုကို ဗိမာန်တော်ထဲတွင် မလုပ်ဆောင်ခဲ့ပေ။ သူသည် သူ၏ အမှုကို ဗိမာန်တော်ပြင်ပတွင် လုပ်ဆောင်ခဲ့ပြီး၊ တပည့်တော်များကို ဦးဆောင်ရင်း၊ သူ၏အမှုကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခဲ့သည်။ သူ၏အမှုကို လုပ်ဆောင်ရန် ဗိမာန်တော်မှ ဘုရားသခင်၏ ထွက်ခွာခြင်းက ဘုရားသခင်တွင် အသစ်သော အစီအစဉ်တစ်ခု ရှိခဲ့သည်ကို ရည်ရွယ်ခဲ့ပေသည်။ သူ၏ အမှုမှာ ဗိမာန်တော်ပြင်ပတွင် ဦးစီးဦးရွက်ပြုရန်နှင့် ယင်း၏ အကောင်အထည်ဖော်ခြင်း ပုံစံတွင် ဘောင်ခတ်မခံရသည့် အမှုသစ်ဖြစ်ဖို့ ဖြစ်ခဲ့ပေသည်။ ယေရှု ရောက်ရှိလျှင်ရောက်ရှိချင်း၊ ဓမ္မဟောင်းခေတ်အတွင်းရှိ ယေဟောဝါ၏ အမှုကို အဆုံးသတ်သို့ သူဆောင်ကြဉ်းခဲ့သည်။ ၎င်းတို့ကို မတူညီသည့် နာမနှစ်မျိုးဖြင့် ခေါ်ဆိုခဲ့သော်လည်း၊ အမှု၏ အဆင့်နှစ်ဆင့်လုံးကို ပြီးမြောက်စေသည်မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့သည့် အမှုသည်လည်း အလျဉ်မပြတ်သည့်အမှု ဖြစ်သည်။ နာမက မတူညီသကဲ့သို့၊ အမှု၏ အကြောင်းအရာ ကွဲပြားသည်နှင့်အမျှ၊ ခေတ်သည် မတူညီခဲ့ပေ။ ယေဟောဝါ ကြွလာခဲ့ချိန်တွင်၊ ယင်းမှာ ယေဟောဝါ၏ ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှု ကြွလာခဲ့သည့်ချိန်တွင် ယေရှု၏ခေတ် ဖြစ်ခဲ့သည်။ ထို့ကြောင့် ကြွလာခြင်းအသီးသီးနှင့်အတူ၊ ဘုရားသခင်သည် နာမတစ်ခုဖြင့် အခေါ်ခံရသည်၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုပြီး၊ လမ်းကြောင်းသစ်တစ်ခုကို စတင်လေသည်။ ပြီးလျှင် လမ်းသစ်အသီးသီးပေါ်တွင် သူသည် နာမသစ်တစ်ခုကို ခံယူသည်၊ ယင်းက ဘုရားသခင်သည် အမြဲအသစ်ဖြစ်ပြီး မည်သည့်အခါတွင်မျှ အိုဟောင်းမသွားသကဲ့သို့၊ သူ၏ အမှုသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် မည်သည့်အခါမျှ တိုးတက်မှု မရပ်စဲသည်ကို ပြပေသည်။ သမိုင်းသည် အမြဲ ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အမှုသည် အမြဲ ရှေ့သို့ရွေ့လျားနေသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် တိုးတက်မြဲတိုးတက်နေရမည်ဖြစ်သည်။ နေ့ရက်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းကြောင်းသစ်များကို စတင်ရမည်၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမားသည့် အမှုသစ်ကို စတင်ရမည်ဖြစ်ပြီး၊ ဤအရာများနှင့်အတူ နာမအသစ်များနှင့် အမှုသစ်ကို ယူဆောင်လာရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၄)
“ယေဟောဝါ” ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုသည့် အတောအတွင်း ငါခံယူခဲ့သောနာမ ဖြစ်ပြီး ယင်းမှာ လူသားအပေါ် သနားညှာတာနိုင်သူ၊ လူသားကို ကျိန်ဆဲနိုင်ပြီး၊ လူသား၏ဘဝကို လမ်းပြပေးနိုင်သည့် ဣသရေလလူမျိုးများ (ဘုရားသခင် ရွေးချယ်ထားသောလူမျိုး)၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်သော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင် ဖြစ်သည်။ “ယေရှု” သည် ဧမာနွေလဖြစ်ပြီး၊ ယင်းက ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသည့်၊ သနားခြင်းကရုဏာဖြင့် ပြည့်ဝသကဲ့သို့ လူသားကို ရွေးနုတ်သည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး၊ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော အမှု၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။ ယင်းမှာ ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင် ဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လတ်တလော ခေတ်တွင် ယုဒလူမျိုးများမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့သည် ယေဟောဝါကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ယေဟောဝါထံ ယဇ်ပူဇော်ခြင်းများ ပြုကြပြီး၊ ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်လျက် ယေဟောဝါအား အစေခံကြသည်။ ၎င်းတို့ မျှော်လင့်သော အရာမှာ ယေဟောဝါ၏ ပြန်လည် ပေါ်ထွန်းခြင်း ဖြစ်သည်။ ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ရှင် ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို အပြစ်မှရွေးနုတ်ခဲ့သည့် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ယင်းမှာ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်၌ ပြုခဲ့သော ရွေးနုတ်ခြင်း အမှုကြောင့် ဖြစ်တည်လာခဲ့သည်ဟု ဆိုရပေမည်။ ကျေးဇူးတော်ခေတ်၏ လူများကို ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခံရခွင့်ပေးရန် ယေရှု၏ အမည်နာမ ဖြစ်တည်လာခဲ့ကာ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ရွေးနုတ်ခြင်းအတွက် သီးသန့် နာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို ရည်ညွှန်းပေသည်။ ယေဟောဝါဟူသော အမည်နာမသည် ပညတ်တရားအောက်တွင် အသက်ရှင်ခဲ့ကြသည့် ဣသရေလ လူမျိုးတို့အတွက် သီးသန့် အမည်နာမ ဖြစ်သည်။ ခေတ်အသီးသီးနှင့် အမှု၏ အဆင့်အသီးသီးတွင်၊ ငါ၏နာမသည် အခြေအမြစ်ကင်းမဲ့ခြင်း မရှိဘဲ၊ ကိုယ်စားပြုသည့် အဓိပ္ပာယ် ပါဝင်ပေသည်။ အမည်နာမ အသီးသီးက ခေတ်တစ်ခုကို ကိုယ်စားပြုသည်။ “ယေဟောဝါ” သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုပြီး၊ ဣသရေလလူမျိုးများက ၎င်းတို့ ကိုးကွယ်သော ဘုရားသခင်ကို ခေါ်သည့် ချီးမြှောက်သော အမည်နာမ ဖြစ်သည်။ “ယေရှု” သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ် အတွင်း ရွေးနုတ်ခံခဲ့ရသူ အားလုံး၏ ဘုရားသခင်၏နာမ ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို လူသားက တောင့်တဆဲ ဖြစ်ပြီး၊ ယုဒပြည်တွင် ခံယူခဲ့သော ရုပ်သွင်ဖြင့် ကြွလာရန် သူ့ကို မျှော်လင့်ဆဲ ဖြစ်ပါက၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးသည် ရွေးနုတ်ခြင်းခေတ်၌ ရပ်တန့်သွားပြီးဖြစ်မည် ဖြစ်ကာ၊ နောက်ထပ် မည်သို့မျှ တိုးတက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော ကာလသည် မည်သည့်အခါမျှ ရောက်ရှိမည် မဟုတ်သကဲ့သို့၊ ခေတ်သည် မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်ယေရှုသည် လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်ရှိ အပြစ်သားအားလုံး အတွက် ယေရှု၏နာမကို ငါခံယူခဲ့ခြင်း ဖြစ်သော်လည်း၊ ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို အဆုံးသတ်တစ်ခုဆီသို့ ငါဆောင်ကြဉ်းမည့် နာမ မဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော မတူကွဲပြားသည့် ခေတ်များကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံ၌ ငါ့ကို ကိုယ်စားမပြုပေ။ ကမ္ဘာမြေပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ၎င်းတို့သည် မတူကွဲပြားသော ခေတ်များအတွင်း ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့် နောက်ဆုံးခေတ်- နောက်ဆုံးသော ကာလ၏ ခေတ်- ရောက်ရှိသည့်အခါ၊ ငါ၏အမည်နာမသည် တစ်ဖန် ပြောင်းလဲလိမ့်မည်။ ငါ့ကို မေရှိယဟု ခေါ်ဖို့ မဆိုထားနှင့်၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် ခေါ်မည်မဟုတ်၊ ငါ့ကို တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်ကြမည် ဖြစ်ပြီး၊ ဤအမည်နာမအောက်တွင် ငါသည် ခေတ်ကာလ တစ်ခုလုံးကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည် ဖြစ်သည်။ ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်မှသည် ယနေ့ထိတိုင် လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်သည် မဟုတ်၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၅)
ကယ်တင်ရှင်သည် နောက်ဆုံးသောကာလအတွင်းတွင် ရောက်ရှိပြီး၊ ယေရှုဟု ခေါ်ဆိုခြင်းခံရဆဲဖြစ်ကာ၊ တစ်ဖန် ယုဒပြည်တွင် မွေးဖွားပြီး၊ ထိုနေရာတွင် အမှုပြုခဲ့ပါက၊ ဤအရာက ငါသည် ဣသရေလလူမျိုးကိုသာ ဖန်ဆင်းခဲ့ပြီး၊ ဣသရေလလူမျိုးကိုသာ ကယ်နုတ်ခဲ့ကာ တစ်ပါးအမျိုးသားများနှင့် ငါမည်သို့မျှ မသက်ဆိုင်သည်ကို သက်သေပြမည် ဖြစ်သည်။ ဤအရာက “ငါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော သခင်ဖြစ်၏။” ဟူသော ငါ၏နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်မည် မဟုတ်လော။ ငါသည် ဣသရေလ လူမျိုးတို့၏ ဘုရားသခင်မျှသာ မဟုတ်ဘဲ၊ အဖန်ဆင်းခံ သတ္တဝါ အားလုံး၏ ဘုရားသခင်ဖြစ်သောကြောင့်၊ ယုဒပြည်ကို ငါ စွန့်ခွာခဲ့ပြီး တစ်ပါးအမျိုးသားတို့အလယ်တွင် ငါ၏ အမှုကို ပြုပေသည်။ ငါသည် ဣသရေလ အမျိုးတို့၏ ဘုရားသခင်၊ ယေဟောဝါဖြစ်သည်သာမက၊ ထို့အပြင် တစ်ပါးအမျိုးသားတို့အလယ်ရှိ ငါ၏ ရွေးချယ်ခြင်း ခံရသူအားလုံး၏ ဖန်ဆင်းရှင် ဖြစ်သောကြောင့်၊ နောက်ဆုံးသောကာလ အတွင်းတွင် တစ်ပါးအမျိုးသားများအလယ် ငါ ပေါ်ထွန်းပေသည်။ ဣသရေလ၊ အဲဂုတ္တုနှင့် လေဗနွန်တို့ကို ငါ ဖန်ဆင်းခဲ့သည်သာမက၊ ဣသရေလ အလွန် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အားလုံးတို့ကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာကြောင့် ငါသည် ခပ်သိမ်းသော အဖန်ဆင်းခံ သတ္တဝါများ အားလုံး၏ အရှင်သခင်ဖြစ်သည်။ ဣသရေလကို ငါ့အမှု၏ အစပြုရာ အဖြစ်မျှသာ ငါအသုံးပြုခဲ့သည်၊ ယုဒနှင့် ဂါလိလဲပြည်များကို ငါ၏ ရွေးနုတ်ခြင်း အမှုနှင့်ဆိုင်သော အမာခံနယ်မြေများအဖြစ် အသုံးပြုခဲ့ပြီး၊ ယခုတွင် ခေတ်တစ်ခေတ်လုံးအား အဆုံးသတ် တစ်ခုသို့ ဆောင်ကြဉ်းရန် အခြေပြုရာအဖြစ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကို ငါ အသုံးပြုပေသည်။ ငါသည် ဣသရေလပြည်၌ အမှု၏ အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့သည် (ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် ဖြစ်သည့် ဤအမှုအဆင့်နှစ်ဆင့်)၊ ပြီးလျှင် ဣသရေလ အလွန်ရှိ တိုင်းပြည်များတစ်လျှောက် နောက်ထပ်အမှု၏ (ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်) အဆင့်နှစ်ဆင့်ကို ငါ ဆောင်ရွက်နေပြီး ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အလယ်တွင် ငါသည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်မည် ဖြစ်ပြီး၊ ခေတ်ကိုလည်း နိဂုံးချုပ်မည် ဖြစ်သည်။ လူသားသည် ငါ့ကို ယေရှုခရစ်တော်ဟု အမြဲခေါ်သော်လည်း၊ နောက်ဆုံးသော ကာလအတွင်းတွင် ခေတ်သစ်တစ်ခုကို ငါအစပြုပြီးဖြစ်သကဲ့သို့၊ အမှုသစ်တစ်ခုကို စတင်ပြီးဖြစ်သည်ကို လူသားက မသိရှိသကဲ့သို့၊ လူသည် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို သဲသဲမဲမဲ ဆက်လက် စောင့်ဆိုင်းမည်ဆိုပါက၊ ဤကဲ့သို့သော လူများကို ငါ့ကို မယုံကြည်သောသူများဟု ငါ ခေါ်မည်။ ၎င်းတို့သည် ငါ့အား မသိကျွမ်းသော လူများဖြစ်ပြီး ငါ၌ ၎င်းတို့၏ ယုံကြည်မှုသည် မှားယွင်းပေသည်။ ထိုသို့သော လူများသည် ကယ်တင်ရှင်ယေရှု ကောင်းကင်မှ ကြွရောက်ခြင်းကို တွေ့မြင်နိုင်ကြမည်လော။ ၎င်းတို့ စောင့်ဆိုင်းသည်မှာ ငါ၏ ကြွရောက်ခြင်း မဟုတ်ဘဲ၊ ယုဒရှင်ဘုရင်၏ ကြွရောက်ခြင်းသာ ဖြစ်သည်။ မသန့်စင်သော ဤအိုဟောင်းသည့် ကမ္ဘာလောကကို အမြစ်ဖြတ်ချေမှုန်းရန် ငါ့ကို ၎င်းတို့ မတမ်းတကြဘဲ၊ ယင်းအစား၊ ၎င်းတို့ ရွေးနုတ်ခြင်းခံရမည် ဖြစ်သည့် ယေရှု၏ ဒုတိယကြိမ်မြောက် ပြန်ကြွလာခြင်းအား တမ်းတနေကြပေသည်။ ၎င်းတို့သည် ဤညစ်ညမ်းပြီး မဖြောင့်မတ်သည့် နယ်မြေမှ လူသားမျိုးနွယ်အားလုံးကို ယေရှု နောက်တစ်ကြိမ် ရွေးနုတ်ပေးခြင်းကို မျှော်လင့်စောင့်စားနေကြပေသည်။ ထိုသို့သောလူများသည် နောက်ဆုံးသော ကာလ၌ ငါ၏အမှုကို ပြီးစီးစေသည့်သူများ အဘယ်သို့ ဖြစ်လာနိုင်ကြမည်နည်း။ လူသားသည် ယခင်က ငါ လုပ်ဆောင်ပြီးဖြစ်သည့် အမှုကို လေးစားရုံမျှ လေးစားပြီး၊ သို့မဟုတ် မြတ်နိုးရုံမျှ မြတ်နိုးပြီး၊ ငါသည် အမြဲ သစ်လွင်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို ၎င်းတို့ မသိကြသည့်အတွက်၊ လူသား၏ စိတ်ဆန္ဒများသည် ငါ၏အလိုဆန္ဒများကို ဖြည့်ဆည်းနိုင်စွမ်းမရှိပေ၊ သို့မဟုတ် ငါ၏ အမှုကို ပြီးမြောက်စေနိုင်စွမ်း မရှိပေ။ လူသားက ငါသည် ယေဟောဝါ ဖြစ်ပြီး ယေရှုဖြစ်သည်ကိုသာ သိပြီး၊ ငါသည် လူသားမျိုးနွယ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည့် နောက်ဆုံးသော ကာလနှင့် သက်ဆိုင်သူ ဖြစ်သည်ကို အရိပ်အမြွက်မျှ မသိရှိချေ။ လူသားက တမ်းတပြီး သိရှိသည့်အရာအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများမှ လာပြီး ၎င်းတို့ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်နိုင်သည့်အရာမျှသာ ဖြစ်သည်။ ယင်းက ငါလုပ်ဆောင်သော အမှုနှင့် မကိုက်ညီဘဲ၊ ယင်းနှင့် သဟဇာတလည်း မဖြစ်ပေ။ ငါ၏အမှုကို လူသား၏ စိတ်ကူးများအတိုင်း စီမံဆောင်ရွက်ခဲ့မည်ဆိုပါက၊ ယင်းသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ လူသားမျိုးနွယ်သည် မည်သည့်အချိန်တွင် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်နိုင်မည်နည်း။ ပြီးလျှင် ငါသည် ဥပုသ်နေ့ဖြစ်သည့် သတ္တမမြောက်နေ့ရက်ထဲသို့ အဘယ်သို့ ဝင်ရောက်နိုင်မည်နည်း။ ငါသည် လူသား၏ ရည်ရွယ်ချက်များအတိုင်း မဟုတ်ဘဲ- ငါ၏ အစီအစဉ်အတိုင်းနှင့် ငါ၏ ရည်ရွယ်ချက်အတိုင်း အမှုပြုပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်