၅၄၁ အမှောင်လွှမ်းမိုးမှုကို ဖယ်ရှားရန် ဘုရား၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်လော့ကျူး

၁ အမှောင်၏လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန်၊ ပထမဦးစွာ ဘုရားသခင်ကို သင်သစ္စာစောင့်သိရမည် ဖြစ်ပြီး သမ္မာတရားကို လိုက်စားရန် ပင်ကိုအားဖြင့် စိတ်အားထက်သန်ရမည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် မှန်ကန်သော အခြေအနေတစ်ခု ရှိနိုင်လိမ့်မည်။ မှန်ကန်သော အခြေအနေတွင် အသက်ရှင်ခြင်းသည် အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းအတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်ဖြစ်သည်။ မှန်ကန်သော အခြေအနေ မရှိခြင်းသည် ဘုရားသခင်အား သစ္စာစောင့်သိမှု မရှိခြင်းနှင့် သမ္မာတရားကို ရှာဖွေဖို့ ပင်ကိုအားဖြင့် စိတ်အားမထက်သန်ခြင်း ဖြစ်သည်။ ပြီးလျှင် အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းမှာ စဉ်းစားစရာမလိုပေ။ ငါ၏ နှုတ်ကပတ်တော်များသည် အမှောင်၏လွှမ်းမိုးမှုအောက်မှ လူသား၏ လွတ်မြောက်ခြင်းနှင့်ဆိုင်သည့် အခြေခံအကြောင်းရင်းဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့မလုပ်ဆောင်နိုင်သော လူများသည် အမှောင်၏လွှမ်းမိုးမှု အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်။

၂ မှန်ကန်သော အခြေအနေ တစ်ခုတွင် အသက်ရှင်ရန်ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် အသက်ရှင်ရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိသော အခြေအနေတွင် အသက်ရှင်ရန်၊ သမ္မာတရားကို ရှာဖွေခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရန်၊ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိကိုယ်ကိုယ် အသုံးခံခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားထဲတွင် အသက်ရှင်ရန်နှင့် ဘုရားသခင်ကို စစ်မှန်စွာချစ်ခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရန် ဖြစ်သည်။ ဤအခြေအနေများနှင့် ဤလက်တွေ့အရှိတရားအတွင်းတွင် အသက်ရှင်သောသူများသည် သမ္မာတရား၏ နက်ရှိုင်းမှုထဲသို့ ၎င်းတို့ ဝင်ရောက်သည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး၊ အမှု နက်ရှိုင်းသထက် နက်ရှိုင်းသွားသည်နှင့်အမျှ ၎င်းတို့ ပြောင်းလဲကြလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းခံရသည့် လူများနှင့် ဘုရားသခင်ကို စစ်မှန်စွာ ချစ်သော လူများ သေချာပေါက် ဖြစ်လာကြလိမ့်မည်။

၃ အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးသူများသည် ဘုရားသခင်၏အလိုကို တဖြည်းဖြည်း သေချာအောင် လေ့လာစိစစ်နိုင်ကြပြီး၊ ယင်းကို တဖြည်းဖြည်း နားလည်လာကြလိမ့်မည် ဖြစ်ကာ၊ နောက်ဆုံးတွင် ဘုရားသခင်၏ လူယုံများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ သိုမထားကြသကဲ့သို့၊ သူ့ကို ပုန်ကန်ခြင်း မပြုရုံသာမက၊ ယခင်က ၎င်းတို့ စိတ်စွဲခဲ့ကြသည့် အယူအဆများနှင့် ပုန်ကန်မှုတို့ကိုလည်း သာ၍ပင် မုန်းတီးကြကာ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လေသည်။ ဘုရားသခင် တောင်းဆိုသည့်အရာမှာ လူသားထံမှ တစ်ခုတည်းသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သူ တောင်းဆိုသည့်အရာမှာ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များနှင့် သူ့အတွက် ချစ်ခြင်းမေတ္တာ ပြည့်သော နှလုံးသားတစ်ခုတို့ကို နေရာပေးစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ဖို့၊ ၎င်းတို့ ရှာဖွေသင့်သည့် အရာကို သူ၏နှုတ်ကပတ်တော်များအတွင်းတွင် ရှာဖွေဖို့၊ သူ၏နှုတ်ကပတ်တော်များအတွက် ဘုရားသခင်ကို ချစ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များအတွက် ပြေးဖို့၊ သူ၏ နှုတ်ကပတ်တော်များ အတွက် အသက်ရှင်ဖို့- ဤအရာများသည် လူက စွမ်းဆောင်ရရှိဖို့ ကြိုးပမ်းသင့်သည့် ရည်မှန်းချက်များ ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၄၀ ဘုရား၏ရယူခြင်းကို ခံရရန် အမှောင်လွှမ်းမိုးမှုကို ဖယ်ရှားလော့ကျူး

နောက်တစ်ခုသို့- ၅၄၂ ယနေ့ သမ္မာတရားကို ရှာဖွေတောင့်တသူများအား သမ္မာတရား ပေးအပ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။