ဘုရား၏ရယူခြင်းကို ခံရရန် အမှောင်လွှမ်းမိုးမှုကို ဖယ်ရှားလော့ကျူး
၁ အမှောင်လွှမ်းမိုးမှုဆိုသည်မှာ အဘယ်နည်း။ “အမှောင်လွှမ်းမိုးမှု” ဆိုသည်မှာ စာတန်၏စွမ်းအားဖြစ်သည်၊ လူတို့၏ လှည့်ဖြားခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း၊ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ဖြစ်သည်၊ စာတန်၏စွမ်းအားဆိုသည်မှာ သေခြင်းတရား၏ ရောင်ဝါလက္ခဏာရှိသော လွှမ်းမိုးမှုတစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်။ စာတန်၏အုပ်စိုးမှုအောက်၌ နေကြသော ထိုသူအားလုံးတို့သည် ပျက်စီးကိန်းကြုံရလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ခြင်းရှိလာပြီးနောက် သင်သည် အမှောင်လွှမ်းမိုးမှုမှ မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။ သင်သည် ဘုရားသခင်ကို ရိုးသားစွာ ဆုတောင်းပြီးနောက် သင်သည် သင်၏စိတ်နှလုံးကို သူ့အား အပြည့်အဝ အပ်နှံသည်။ ထိုအချိန်တွင် သင့်စိတ်နှလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် လှုပ်ရှားသည်၊ သင်သည် သင့်ကိုယ်သင် အပြည့်အဝအပ်နှံလိုပြီး ထိုအခိုက်အတန့်လေးတွင် သင်သည် အမှောင်လွှမ်းမိုးမှုမှ လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။ လူသားလုပ်သမျှ အလုံးစုံသည် ဘုရားသခင်ကို ကျေနပ်နှစ်သိမ့်စေခြင်းဖြစ်ပြီး ဘုရားသခင်၏ လိုအပ်ချက်များနှင့် အံဝင်ဂွင်ကျဖြစ်နေပါက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း နေထိုင်သူတစ်ဦးဖြစ်ပြီး သူသည် ဘုရားသခင်၏ စောင့်ရှောက်ကာကွယ်မှုအောက်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။
၂ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကျင့်သုံးနိုင်ဘဲ သူ့ကို အစဉ်လိမ်ညာနေခြင်း၊ သူ့အား စဉ်းစားဆင်ခြင်မှုတွင် သာမန်ကာလျှံကာ ပုံစံဖြင့် ပြုမူဆောင်ရွက်ခြင်းနှင့် သူ၏တည်ရှိမှုကို မယုံကြည်ခြင်းတို့ရှိပါက ထိုကဲ့သို့သော လူများအားလုံးသည် အမှောင်လွှမ်းမိုးမှုအောက်တွင် နေထိုင်နေသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိသေးသော လူများအားလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြသည်။ ဆိုလိုသည်မှာ သူတို့အားလုံး အမှောင်လွှမ်းမိုးမှုအောက်တွင် နေထိုင်ကြသည်။ ဘုရားသခင်၌ မယုံကြည်သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်လျက်ရှိသည်။ ဘုရားသခင်တည်ရှိမှုကို ယုံကြည်သောသူများပင်လျှင် ဘုရားသခင်၏ အလင်းအတွင်းနေထိုင်ခြင်း ဖြစ်ချင်မှ ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကိုယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း နေထိုင်သည်ဟု မဆိုနိုင်ဘဲ သူတို့သည် ဘုရားသခင်ကို နာခံမှုရှိနိုင်သူများ ဟုတ်ချင်မှဟုတ်မည် ဖြစ်သောကြောင့်ဖြစ်သည်။
၃ ဘုရားသခင်၏ ချီးမြှောက်ခြင်းကို သင်လိုချင်ပါက သင်သည် ပထမဦးစွာ စာတန်၏ အမှောင်လွှမ်းမိုးမှုမှ လွတ်မြောက်ရမည်၊ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ဖွင့်ပြီး ဘုရားသခင်ကို အပြည့်အဝ ဦးတည်ရမည်။ သင်လက်ရှိလုပ်နေသော အရာများကို ဘုရားသခင်က ချီးမွမ်းပါသလော။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ဆက်ကပ်ထားပြီးပြီလော။ သင်လုပ်ဆောင်ပြီးခဲ့သော အရာများသည် ဘုရားသခင်က သင့်ကို အလိုရှိသော အရာများဖြစ်သလော။ ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီပါသလော။ အချိန်တိုင်းတွင် သင်သည် သင့်ကိုယ်သင် စစ်ဆေးရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ စားသောက်ခြင်းကို အာရုံစူးစိုက်ရမည်၊ သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ချထားရမည်၊ သူ့ကို ရိုးသားစွာ ချစ်မြတ်နိုးရမည်၊ နောက်ပြီး သင့်ကိုယ်သင် ဘုရားသခင်အတွက် သစ္စာရှိစွာ အသုံးခံရမည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို အမှန်စင်စစ် ရလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “
အမှောင်လွှမ်းမိုးမှုမှ ရုန်းထွက်ပါ၊ သို့ပြုလျှင် သင်သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်း ခံရလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။