၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ

ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင် ပူပင်ကြောင့်ကြမှုမရှိ စိုးရိမ်စိတ်မရှိ ချမ်းမြေ့စွာအသက်ရှင်သည် ဘုရားရှေ့တွင်။...သင် စာနာစိတ်နဲ့အသိတရား ရှိသူဖြစ်နေလျှင် သင်သည် နွေးထွေးတဲ့အချစ်နှင့် ဂရုစိုက်မှုခံစား မင်္ဂလာကောင်းချီးများခံစား။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “လူအပေါ် ဘုရားအချစ် ကြီးမြတ်တော်မူ”) ဤဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မသီချင်း ကို ကျွန်မ စဆိုသည့်အချိန်တိုင်းတွင်၊ ကျွန်မ၏ အထဲက နိုးကြွလာသည့် ခံစားချက်ကို ဆက်ထိန်းချုပ်ဖို့ ခက်ခဲလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျွန်မ တစ်ချိန်တုန်းက ဘုရားသခင်ကို ရှောင်ဖယ်ပြီး၊ ပုန်ကန်ခဲ့ သောကြောင့် ဖြစ်သည်။ ကျွန်မမှာ အိမ်အပြန်လမ်းကို ရှာမတွေ့နိုင်သည့် ပျောက်သော သိုးတစ်ကောင်လို ဖြစ်ခဲ့ပြီး၊ ဘုရားသခင်၏ အိမ်တော် ဆီသို့ ကျွန်မကို ပြန်လည် ဦးဆောင်လမ်းပြခဲ့သည်မှာ ဘုရားသခင်၏ တည်မြဲသော ချစ်ခြင်း မေတ္တာ ဖြစ်သည်။ အောက်ပါ ဆောင်းပါးထဲတွင်၊ သခင့်၌ ကျွန်မ၏ ညီအစ်ကို မောင်နှမများအပြင်၊ ဘုရားသခင်ထံသို့ ပြန်မသွားကြသေးသည့် မိတ်ဆွေးများနှင့်ပါ ဘုရားသခင်၏ အိမ်တော် သို့ ပြန်ခြင်း နှင့်ဆိုင်သည့် ကျွန်မ၏ အတွေ့အကြုံကို ဝေမျှချင် ပါသည်။

ကျွန်မ၏ မိခင်နှင့် ဖခင်တို့က အမြဲ ရန်ဖြစ်နေကြသောကြောင့် ကလေးတစ်ဦးနေဖြင့် ကျွန်မ နေ့တိုင်း အကြောက်တရားဖြင့် ရှင်သန် ခဲ့ရသည်။ ကျွန်မ အလယ်တန်းကျောင်း ပြီးသည့်နောက်၊ ကျွန်မ မိခင်က အိမ်နီးချင်းတစ်ဦး၏ တိုက်တွန်းမှုဖြင့် သခင်ယေရှုကို စတင် ယုံကြည်ခဲ့ပြီး၊ အသင်းတော်ထဲသို့ သူမ နောက် ကျွန်မ လိုက်ခဲ့သည်။ ထိုအချိန်မှစ၍၊ ဘုရားသခင်က အဖန်ဆင်းခံ သတ္တဝါအားလုံး၏ အရှင် သခင်ဖြစ်ကြောင်းနှင့် လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ဖို့ လူသား အတွက် အပြစ်ဖြေရာယဇ်တစ်ခု ဖြစ်လာဖို့ရန် လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင်က ကားတိုင်ထက်တွင် ကားစင်တင်ခံခဲ့ရကြောင်း တို့ကို ကျွန်မ သိခဲ့သည်- လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အလွန် ကြီးမားလှပေသည်။ သခင့်၏ မေတ္တာဖြင့် လှုံ့ဆော်ခံရလျက်၊ သခင့်ကို လေးလေးနက်နက် ယုံကြည်ရန် နှင့် သူ၏ ချစ်ခြင်းမေတ္တာ အတွက် ပြန်ပေးဆပ်ရန် ကျွန်မ သန္နိဌာန်ချခဲ့သည်၊ ထိုသို့ဖြင့် ဘဝတွင် ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကို ကျွန်မ ရှာတွေ့ခဲ့သည်။ ထို့နောက် တွင်၊ ဝတ်ပြုအစည်းအဝေးများကို ကျွန်မ မကြာခဏ တက်ရောက် ခဲ့သည်၊ သမ္မာကျမ်းစာကို ဖတ်ခဲ့ပြီး သခင့်ကို ချီးမွမ်းခဲ့ကာ၊ အချိန် ကြာလာသည်နှင့်အမျှ ကျွန်မ ပျော်ရွှင်မှု စတင်ခံစားခဲ့သည်။ အထူး သဖြင့် နောက်ဆုံးသောကာလတွင် သခင်သည် မိုးတိမ်စီးလျက် နောက်တစ်ဖန် ကြွလာပြီး ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ထဲ လက်ခံကြိုဆိုလိမ့်မည်ကို သမ္မာကျမ်းစာထဲတွင် ဖတ်ရသည့်အခါ၊ ကျွန်မ၏ စိတ်နှလုံးက မျှော်လင့်ခြင်းနှင့် သာ၍ပင် ပြည့်ခဲ့သည်။ ထို့အပြင် ဝတ်ပြုအစည်းအဝေးများတွင် သင်းအုပ်ဆရာက ဤသမ္မာ ကျမ်းစာ ပိုဒ်များကို ကျွန်မတို့အတွက် မကြာခဏ အသေးစိတ် ရှင်းပြပေးခဲ့သည်။ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) သခင်ယေရှုက ကျွန်မတို့၏ ကောင်းကင်အိမ်တော်ထဲသို့ ကျွန်မတို့ကို လက်ခံကြိုဆိုဖို့ မိုးတိမ်ဖြူ တစ်ခုပေါ် စီးလျက် ဆင်းသက်လိမ့်မည်ဟု သာ၍ပင် ကျွန်မ ယုံကြည် လက်ခံလာခဲ့သည်။

၂၀၀၅ ခုနှစ်တွင်၊ ကျွန်မ ကိုရီးယား လူမျိုးတစ်ဦးနှင့် ဆုံခဲ့ရသည်၊ သူက ကျွန်မ၏ ချစ်သူရည်းစား ဖြစ်လာခဲ့ပြီး သူနှင့်အတူ ကိုရီးယားသို့ ကျွန်မ လိုက်သွားခဲ့သည်။ ဘာသာစကား အတားအဆီးကြောင့်၊ ကိုးရီးယားနိုင်ငံတွင် နေထိုင်သည့်တရုတ်လူမျိုးများ၏ အသင်းတော် တစ်ခုကို ရှာဖို့ ကြိုးစားခဲ့သော်လည်း တစ်ခုမျှ မတွေ့နိုင်ခဲ့ပါ၊ ထို့ကြောင့် ကျွန်မ၏ စိတ်ဝိညာဉ်က အားနည်းသထက် အားနည်းလာခဲ့သည်။ မသိလိုက်ဘဲနှင့်၊ ဘုရားသခင်ထံမှ ကျွန်မ ပို၍ ဝေးကွာလာခဲ့သည်။ ကျွန်မတို့ အိမ်ထောင်ပြုခဲ့ကြသော်လည်း၊ ယဉ်ကျေးမှု ကွာခြားချက်က အလွန်ကြီးမားခဲ့သောကြောင့် ကျွန်မတို့ အတူတကွ နေထိုင်၍ မရနိုင်ခဲ့ပါ၊ ထို့ကြောင့် သိပ်မကြာခင် ကျွန်မတို့ ကွာရှင်းခဲ့ကြသည်။ ကျွန်မ၏ အိမ်ထောင်ရေးတွင် ကျွန်မအတွက် ဝိညာဉ်ရေးရာအရ ကြီးစွာ တုန်လှုပ်မှုတစ်ခု ဖြစ်ခဲ့ပြီး၊ ကျွန်မကို အလွန်နာကျင်စေခဲ့သည်။ နိုင်ငံ ရပ်ခြားမြေတွင် မိတ်ဆွေတစ်ဦး သို့မဟုတ် မိသားစုမရှိ သောကြောင့်၊ ကျွန်မ သာ၍ပင် အထီးကျန်ခဲ့ရသည်။ ကျွန်မ လုပ်နိုင်သမျှမှာ ဘုရားသခင်ထံ တိတ်ဆိတ်စွာ ဆုတောင်းပြီး သူ့ထံသို့ ကျွန်မ၏ စိတ်နှလုံးထဲရှိ ဆင်းရဲဒုက္ခကို ပြန်ပြောပြဖို့သာ ဖြစ်သည်။ ဘုရားသခင် ၏ အိမ်တော်သို့ ကျွန်မ ပြန်သွားနိုင်ဖို့အလို့ငှာ တရုတ် အသင်းတော် တစ်ခုဆီသို့ ကျွန်မကို လမ်းပြဖို့ ဘုရားသခင်ကို ကျွန်မ တောင်းလျှောက် ခဲ့သည်။

တစ်နှစ်ကြာပြီးနောက် ပရက်စ်ဘီတေးရီးယာန်း အသင်းတော် တစ်ခု ထဲတွင် တရုတ် အမှုတော်ဆောင်လုပ်ငန်းတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့ပြီး၊ ကျွန်မ အလွန့်အလွန် ပျော်ရွှင်ခဲ့ရသည်။ နောက်ဆုံးတွင် အသင်းတော်ထဲ၌ ကျွန်မ နောက်တစ်ဖန် ဘုရားသခင်ကို ချီးမွမ်းနိုင် ပေသည်။ သို့သော် ကျွန်မကို စိတ်ပျက်စေခဲ့သည့်အရာမှာ၊ ကျွန်မတို့ ဝတ်ပြုအစည်းအဝေး ကျင်းပသည့်အခါတိုင်း၊ သင်းအုပ်ဆရာများက ကျွန်မတို့ကို သမ္မာကျမ်းစာ ကျမ်းပိုဒ်များ ဖတ်ပြပြီး ကျွန်မတို့ကို နှုတ်ကပတ်တော် ကျမ်းစာပိုဒ်များ၏ တိုက်ရိုက်အဓိပ္ပါယ်အကြောင်း အနည်းငယ်သာ ရှင်းပြပေးခြင်း ဖြစ်သည်။ သူတို့၏ ဒေသနာများက သိမြင်မှု တစ်ခုတစ်လေမရှိသလို၊ မွေ့လျော်စရာ တစ်ခုတစ်လေလည်း လုံးဝမရှိချေ။ ကျွန်မတို့၏ အသက်တာများအတွက် ၎င်းတို့က ဘာတစ်ခုမျှ မထောက်ပံ့ခဲ့ကြသလို၊ ဝတ်ပြုအစည်းအဝေးများက လုပ်ရိုးလုပ်စဉ်တစ်ခုထက် ဘာမျှမပိုသလို ဖြစ်လာခဲ့သည်။ ဝတ်ပြု အစည်းအဝေးများ အတောအတွင်းတွင်၊ လူအချို့သည် အချင်းချင်း တီးတိုးပြောဆိုနေကြသည်၊ လူတစ်ချို့က သူတို့လက်ကိုင်ဖုန်းများတွင် ဂိမ်းကစားနေကြသည်၊ လူအချို့က အိပ်နေကြသည်၊ အချို့က ထိုနေရာ တွင် ချစ်သူရည်းစား ရှာဖို့သာ ရောက်နေကြပြီး၊ အချင်းချင်း ပွေ့ဖက်ထားသည့် လူတစ်ချို့ပင် ရှိလေသည်။ ကျွန်မ တွေးမိခဲ့သည်- “ဘုရားကျောင်းဆိုတာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေဖို့ နေရာ တစ်ခုဖြစ်တဲ့ ဗိမာန်တော်ပဲ။ ငါတို့က ဒီမှာ ဝတ်ပြုအစည်းအဝေးတွေ တက်ဖို့ လာကြပေမဲ့၊ ဘယ်သူမှ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးသား တစိုးတစိမှတောင် မရှိကြဘူး။ ဘုရားသခင်က သူမြင် တဲ့အရာကို အရမ်း စက်ဆုပ်မိမှာပဲ။ ဒီလောက် ယုတ်ညံ့တဲ့ နေရာ တစ်ခုကို ဘုရားသခင်က စွန့်ပစ်မှာပဲ မဟုတ်လား။” သို့သော် သင်းအုပ် ဆရာများနှင့် တရားဟောဆရာများက ဤအရာအားလုံး ဖြစ်ပျက်နေ သည်ကို သတိမထားမိသည့်အလား ပြုမူခဲ့ကြပြီး၊ ထိုအရာကို သူတို့ လုံးဝ အာရုံမစိုက်ခဲ့ကြပါ။

ကမ္ဘာလောကဖြစ်သည့် ဤဆိုးယုတ်မှု၏ ကြီးမားသည့် ဒယ်စောက်ကြီးထဲတွင် အသက်ရှင်ရင်း၊ အပျော်အပါးမွေ့လျော်သော နည်းလမ်းများကို ကျွန်မ တဖြည်းဖြည်းချင်း စတင်လိုက်စားခဲ့ပြီး ဘုရားသခင်ကို ယုံကြည်သူတစ်ဦးကဲ့သို့ လုံးဝ ပြုမူခြင်းမရှိဘဲ၊ ကျွန်မ၏ မိတ်ဆွေများနှင့်အတူ အားလပ်သည့်အချိန်တွင် မကြာခဏ အရက်သောက်သွားခဲ့သည်။ သို့သော် သခင့်ထံမှ ကျွန်မ၏ စိတ်နှလုံး စတင် တိုး၍ဝေးကွာသည့အချိန်တိုင်းတွင်၊ သူ၏ နှုတ်ကပတ်တော်များ က ကျွန်မ၏ စိတ်နှလုံးထဲ ပေါ်လာခဲ့သည်- “ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည်၍ ငြိမ်ဝပ်ခြင်းကို ရှာတတ်၏။ မတွေ့လျှင် ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည် ဟုဆို၍၊ ရောက်သောအခါ ထိုအိမ်သည် လွတ်လပ်၍ သုတ်သင်ပြင်ဆင် လျက်ရှိသည်ကိုတွေ့သော်၊ မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုး ခုနစ်ယောက်ကိုခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ဆိုး၏။ ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူဖြစ်လတံ့ဟု မိန့် တော်မူ၏။(ရှင်မဿဲခရစ်ဝင် ၁၂: ၄၃-၄၆) ကျွန်မက သခင့်ကို စိတ်ဆိုးစေပြီး၊ ကျွန်မကို စက်ဆုပ် ရွံရှာလာအောင် လုပ်မိမည်ကို ကြောက်စိတ်ဖြင့်၊ သခင့်နှုတ်ကပတ် တော်များက ကျွန်မကို ချုပ်ထိန်းပြီး ကွယ်ကာခဲ့သည်၊ ပြီးလျှင် ထိုနှုတ်ကပတ်တော်များက ကျွန်မ ဘုရားသခင်ထံမှ ခပ်ခွာခွာ ဖြစ်လာခြင်း သို့မဟုတ် လက်မခံနိုင်စရာ တစ်စုံတစ်ခုကို လုပ်မိခြင်း တို့မှ ကျွန်မကို တားဆီးခဲ့သည်။ သခင်၏ စွန့်ပစ်ခံရပြီး ညစ်ညူးသော ဝိညာဉ်များ၏ လက်ထဲသို့ ကျရောက်မည်ကို ကျွန်မ စိုးရွံ့ခဲ့သည်။

၂၀၁၆ ခုနှစ် ခရစ္စမတ်တွင်၊ အသင်းတော်ထဲတွင် စိတ်ဓါတ် တက်ကြွစေဖို့ရန်၊ အသင်းတော်က ရှိုးပွဲတစ်ခု ပြုလုပ်ဖို့ ပါရမီရှိသည့် ညီအစ်ကို မောင်နှမများ အဖွဲ့တစ်ဖွဲ့ကို ရှာတွေ့ခဲ့သည်။ ကျွန်မ ယခင်က လုံးဝမတွေ့ဖူးခဲ့သည့် ညီအစ်မတစ်ဦးက ဘုရားသခင်ကို ချီးမွမ်းခြင်း သီချင်းတစ်ပုဒ် သီဆိုခဲ့သည်- “သမ္မာကျမ်းစာထဲက ဖော်ပြချက် ‘အာဒံသို့ ဘုရား၏ပညတ်’ စိတ်လှုပ်ရှား ကြည်နူးဖွယ်လည်းဖြစ်ပေ ဖော်ပြရေးသားချက်တွင် ပါဝင်တဲ့ လူနဲ့ဘုရားတို့ရဲ့ အလွန်ပြေပြစ်နက်ရှိုင်းလွန်းတဲ့ ဤနှစ်ကိုယ်ကြား ဆက်ဆံရေးတို့လည်း လေးစားအံ့ဖွယ် ကျွန်ုပ်တို့စတင်ခံစားစေတယ်။ ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင် ပူပင်ကြောင့်ကြမှုမရှိ စိုးရိမ်စိတ်မရှိ ချမ်းမြေ့စွာအသက်ရှင်သည် ဘုရားရှေ့တွင် လူကိုစောင့်ရှောက်ထားပြီး သူ့အတောင်တော်အောက်တွင် နေစေ အို...လူတွေရဲ့ ပြောဆိုသမျှ ပြုလေသမျှ ဘုရားနှင့်ပေါင်းစပ်နွယ် ခွဲခြားမရ။ လူသားအား ဘုရား ဖန်ဆင်းချိန် အစဦး၌ လူသားအား ဘုရားရှင် ကွယ်ကာစောင့်ရှောက် အတောင်တော်ရိပ်ရဲ့အောက်၌ ဘယ်လိုတာဝန်ယူစောင့်ရှောက်ခဲ့သလဲ ကွယ်ကာလို့ စောင့်ကြည့်ပေးတယ် လူအပေါ်ဘုရား၏လုပ်ရပ် လူတွေ ကိုးစားယုံကြည်ပြီး သူ့စကားအား နာခံဖို့ ဘုရားမျှော်လင့် ဒီအရာတွေဟာ ဘုရားက လူအား တောင်းတဲ့ ပထမဦးဆုံးအရာ။ ထိုသို့မျှော်လင့်ချက်နဲ့ ဤသို့မိန့်မြွက်ခဲ့သည့်စကား ဥယျာဉ်ထဲ၌ ရှိသမျှအပင်သီးကို သင်တို့စိတ်ကြိုက်စားနိုင်သည် သို့သော် ကောင်းမကောင်းသိကျွမ်းရာအသီးကို အဆိုးနဲ့အကောင်းကို သိကျွမ်းမယ့်အသီးကို သင်သည် လုံးဝမစားရ ထိုသို့ စားသောနေ့မှာပင် သင်သည် အမှန်ပင်သေလိမ့်မည် ဤစကားတို့က ဘုရား၏အလိုဆောင်စကား လူအတွက် သူ့ရဲ့နှလုံးသားမှာ အပူအပင်ရှိကြောင်း သိမြင်စေ။ ဤစကားတို့၌ ဘုရားရှင်၏စိတ်ကို ကျွန်ုပ်တို့တွေ့မြင် သူ့စိတ်အတွင်း ချစ်၍ ဂရုစိုက်မှုနှင့် စိုးရိမ်မှုများ ရှိပါ့မလား ဘုရား၏ချစ်ခြင်းနှင့် ဂရုစိုက်မှုသည် သိမြင်ခံစားနိုင်သောအရာ သင် စာနာစိတ်နဲ့အသိတရား ရှိသူဖြစ်နေလျှင် သင်သည် နွေးထွေးတဲ့အချစ်နှင့် ဂရုစိုက်မှုခံစား မင်္ဂလာကောင်းချီးများခံစား။ ဤအရာတွေကို သင်သိသည့်အချိန်၌ ဘုရားမြတ်ပေါ် ဘယ်လိုပြုမူမည်နည်း သူ့အား ဖက်တွယ်မှာလား သင်၏ လေးစားသမှုအချစ်နဲ့ သင့်နှလုံးသားထဲက ပေါက်ဖွားလာသော လေးစားသမှုတွေနဲ့ သင်သည် သူနှင့်နီးစပ်မည်လား ဤအချက်ကြောင့် ကျွန်ုပ်မြင် ဘယ်မျှကြီးမြတ် ဘုရားအချစ်က လူသားအပေါ် ထိုအရေးကြီးဆုံးအရာထက် ပိုအရေးကြီးတာ လူတွေ ဘုရား၏အချစ်ကို ခံစားသိရှိရနိုင်ခြင်းပင်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “လူအပေါ် ဘုရားအချစ် ကြီးမြတ်တော်မူ”)

ဓမ္မသီချင်း၏ စာသားတစ်လုံးချင်းနှင့်အတူ၊ ကျွန်မ၏ နှလုံးခုန် သံက ပို၍ပင် မြန်ဆန်လာခဲ့ပြီး စိတ်ခံစားချက် မျက်ရည်များက ကျွန်မ ၏ မျက်လုံးများမှ မရပ်မနား စီးဆင်းခဲ့သည်။ ကျွန်မက ဤလှပသော ပန်းချီကားတစ်ချပ်ထဲတွင် ဘုရားသခင်၏ အဖော်ပြုခြင်းခံရပြီး၊ ဘုရား သခင်၏ အချစ်ခံရကာ၊ ဖန်ဆင်းခြင်းအပေါ် သူ အပ်နှင်းသည့် အရာ ခပ်သိမ်းကို မွေ့လျော်ခံစားနေသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ လေ၊ အလင်းရောင်၊ ရေ၊ စသဖြင့်- အရာရာတိုင်းက ဘုရားသခင်၏ ချစ်ခြင်း မေတ္တာဖြင့် ပြည့်နေသည်။ ကျွန်မတို့အပေါ် ဘုရားသခင် နှင်းအပ်ခဲ့ သည့် အရာရာတိုင်းကို ကျွန်မက နှစ်သက်ခံစားနေခဲ့သော်လည်း ကျွန်မ၏ နှလုံးသားက ဘုရားသခင်ထံမှ တိုး၍ ဝေးကွာခဲ့ပြီး ဖြစ်သည့်အားလျော်စွာ၊ ဤအရာအားဖြင့် ဘုရားသခင် မည်မျှ ဝမ်းနည်းနေခဲ့မည်နည်း။ အထူးသဖြင့်၊ “သင် စာနာစိတ်နဲ့အသိတရား ရှိသူဖြစ်နေလျှင် သင်သည် နွေးထွေးတဲ့အချစ်နှင့် ဂရုစိုက်မှုခံစား မင်္ဂလာကောင်းချီးများခံစား” ဟူသော စကားများက ကျွန်မ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့ကို ဘုရားသခင် အော်ခေါ်နေခြင်းဖြစ်သည်ဟု ခံစားခဲ့ရသည်။ ၂၀၀၇ ခုနှစ် တွင်၊ ကျွန်မ ယောက်ျားနှင့် ကျွန်မ အတူတကွ ဆက်လက် နေထိုင်၍ မရနိုင်တော့သလို၊ အိမ်ဟု ခေါ်ရမည့် နေရာမရှိသည့် အချိန်တွင်၊ ကိုရီးယားနိုင်ငံ၏ ရွှေ့ပြောင်းအမျိုးသမီးများ လူ့အခွင့်အရေး ဌာနကို ကျွန်မအတွက် ဘုရားသခင်က စီစဉ်ပေးခဲ့သည်။ သူတို့က ကျွန်မကို အစားအသောက် နှင့် ခိုလှုံစရာတို့ကို အခမဲ့ထောက်ပံ့ခဲ့ကြပြီး၊ ကျွန်မ အတွက် ရှေ့နေတစ်ဦး ရှာပေးခဲ့ကြသည်။ သူတို့က ကျွန်မ၏ ကွာရှင်းမှု နှင့်ဆိုင်သော ဥပဒေဆိုင်ရာ တရားစွဲဆိုခြင်းကို ကျွန်မ အတွက် အခမဲ့ တာဝန်ယူပေးခဲ့ကြသည်။ ကျွန်မအတွက် နိုင်ငံသားအဖြစ် ခံယူခြင်းကို လျှောက်ဖို့ အချိန်ကျလာသည့်အခါ၊ ပရက်စ်ဘီတေးရီးယန်း အသင်းတော်မှ အမှုတော်ဆောင်တစ်ဦးကို ကျွန်မအတွက် ကုန်ကျစရိတ် ကျခံလှူဒါန်းသူအဖြစ် အစေခံဖို့ ဘုရားသခင်က တို့ထိခဲ့သည်။ ပုံမှန် အားဖြင့် ကိုရီးယားများသည် တစ်စုံတစ်ဦးအတွက် ကုန်ကျ စရိတ်ကျခံ လှူဒါန်းသူတစ်ဦးဖြစ်ဖို့ လိုလားခဲလေသည်၊ အထူးသဖြင့် ကျွန်မက နိုင်ငံခြားသူတစ်ဦး ဖြစ်သည့်အပြင်၊ ထိုသီးခြားအသင်းတော်ကို သုံးကြိမ်၊ လေးကြိမ်မျှသာ ကျွန်မ သွားခဲ့ဖူးလေသည်။ ဤသည်မှာ ဘုရားသခင်၏ ကွယ်ဝှက်ထားသည့် ကူညီမစမှုမှတစ်ဆင့် လုံးလုံးဖြစ် မြောက်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်ကို ကျွန်မ သိခဲ့သည်။ နိုင်ငံသားအဖြစ် ခံယူခြင်းကို လျှောက်သည့် နိုင်ငံခြားသားများအနေဖြင့် ပုံသေ ပိုင်ဆိုင်မှုတန်ဖိုး ဝမ် သန်း ၃၀ ရှိရမည်ဆိုသည့် အချက်လည်း ရှိသော်လည်း၊ ကျွန်မမှာ သုံးသန်းပင် မရှိခဲ့ပါ။ လူဝင်မှု ကြီးကြပ်ရေး ရုံးက ကျွန်မ မိမိကိုယ်ကိုယ် ထောက်ပံ့နိုင်သည်ကို ပြရန် အလုပ် ထမ်းဆောင်ခြင်း သက်သေကို ပေးဖို့ ကျွန်မကို တောင်းဆိုခဲ့ပြီး၊ ထိုအရာများက ကျွန်မအတွက် လုံးဝ မခက်ခဲစေခဲ့ပါ..။ ဘုရားသခင်က ကျွန်မ အလိုအပ်ဆုံးအချိန်တွင် ကျွန်မအတွက် နိမိတ်လက္ခဏာများကို အမြဲဖန်တီးခဲ့ပြီး ယင်းမှာ သူ၏ အချုပ်အခြာအာဏာကို ပြသခြင်း တစ်ခုသာ ဖြစ်သည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာက ကျယ်ပြောပြီး နက်ရှိုင်းသော်လည်း၊ ကျွန်မက အလွန်ပုန်ကန်လွန်းခဲ့သည်။ ဘုရားသခင်ကို အချိန်ကြာမြင့်စွာကတည်းက ကျွန်မ မေ့လျော့ခဲ့ပြီး၊ ဘုရားသခင်၏ အသည်းကို ခွဲခဲ့ပြီးဖြစ်သည်။ ဤဘုရားသခင်ကို ချီးမွမ်းခြင်း ဓမ္မသီချင်းက ကျွန်မ၏ စိတ်ဝိညာဉ်ကို တို့ထိခဲ့ပြီး၊ ကျွန်မ၏ ယုံကြည်ခြင်းကို ပြန်ရယူပြီး အပျော်အပါး လိုက်စားခြင်း လုံးဝ ထပ်မလုပ်ဖို့နှင့် ဘုရားသခင်ကို ပူဆွေးမှုမဖြစ်စေတော့ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့သည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်၊ ကျွန်မ၏ ခေါင်းနှင့် မျက်လုံးများ က ဆိုးဆိုးရွားရွား စတင်နာကျင်လာခဲ့သည်။ ဆေးရုံကို ကျွန်မ သွားခဲ့သော်လည်း၊ ကျွန်မ ခံရသည့် ကုသမှုက အရာမရောက်ခဲ့ပါ။ ကျွန်မတို့ အသင်းတော်ထဲက အစ်မလီသည် သူ၏ မိတ်ဆွေများထဲမှ တရုတုရိုးရာ ဆေးပညာ တတ်ကျွမ်း သောသူတစ်ဦးကို မိတ်ဆက် ပေးခဲ့ပြီး၊ ကုသမှုဆိုင်ရာ ဆေးပတ် အကျိုးသက်ရောက်ဖို့ တစ်ပတ်သာ ကြာမည်ဟု ပြောခဲ့သည်။ ကုသမှုခံယူဖို့ သူမနှင့်အတူ ကျွန်မ လိုက်သွားခဲ့ပြီး၊ ထိုနေ့တွင် တရုတ်ရိုးရာ ဆေးပညာတတ်ကျွမ်းသူ၏ မိတ်ဆွေတစ်ဦးဖြစ်သူ မိသားစု အမည် ဂျင်ဟု အမည်ရသည့် ညီအစ်ကို တစ်ဦးနှင့် ကျွန်မတို့ တွေ့ခဲ့ကြသည်။ သခင့်ထဲက ညီအစ်ကိုတစ်ဦးကို ကျွန်မ ဆုံရမည်ဟု မမျှော်ခဲ့ပါ၊ ပြီးလျှင် ထိုအရာကို ဘုရားသခင်က စီစဉ်ထားခြင်း ဖြစ်ရမည်ဟု ကျွန်မ တွေးခဲ့သည်။ အစ်ကို ဂျင်နှင့်အတူ သမ္မာကျမ်းစာအကြောင်း ကျွန်မတို့ ဆွေးနွေးခွင့်ရခဲ့သည်။ အစ်ကို ဂျင်က သမ္မာကျမ်းစာထဲမှ သတို့သမီးဆယ်ဦး ပုံဥပမာကို ကျွန်မတို့ကို ဖတ်ပြခဲ့သည်။ သူက၊ “ညီမ၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ညီမ မျှော်လင့် စောင့်စားနေလား” ဟု ကျွန်မကို မေးခဲ့သည်။ ကျွန်မက၊ “အင်းပေါ့” ဟု ပြောလိုက်သည်။ ထိုအစ်ကိုက၊ “ဒါဆိုရင် သခင်က ဘယ်လို ပြန်ကြွလာမှာလဲ” ဟု ပြောသည်။ ကျွန်မက တုံ့ဆိုင်းခြင်းမရှိဘဲ၊ “သမ္မာကျမ်းစာက မိုးတိမ်စီးပြီး သူ ကြွလာမယ်လို့ ပြောတယ်” ဟု ပြောလိုက်သည်။ ထိုအစ်ကိုက၊ “ညီမ သိလား။ သခင်က ပြန်ကြွ လာနှင့်ပြီးပြီ” ဟု ပြောလေသည်။ ယင်းကို ကြားသည်တွင် ကျွန်မ အံ့အားသင့်သွားပြီး၊ “မာကု အခန်းကြီး ၁၃ အပိုဒ်ငယ် ၃၂ မှာ၊ ‘ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။’ လို့ ပြောတယ်။ သခင် ဘယ်အချိန်ကြွလာမယ်ဆိုတာ ဘယ်သူမှ မသိဘူး။ အစ်ကိုက သခင်ပြန်ကြွလာပြီ ပြောတယ်၊ ဒါပေမဲ့ အစ်ကို ဘယ်လိုသိတာလဲ” ဟု ပြောလိုက်သည်။ အစ်ကို ဂျင်က ကျွန်မကို တိုက်ရိုက် အဖြေမပေးဘဲ၊ ယင်းအစား သခင့် ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် ကျမ်းစာထဲက ပရောဖက် ပြုချက်အချို့ကို ရှာတွေ့ခဲ့သည်။ ရှင်လုကာ ၁၂: ၄၀ က ပြောတယ်- “ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။” ရှင်လုကာ ၁၇:၂၄-၂၆ က ပြောသည်- “ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။ နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။” ဗျာဒိတ်ကျမ်း ၃:၂၀ က ပြောသည်- “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” ရှင်ယောဟန် ၁၀: ၂၇ က ပြောသည်- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။

အစ်ကိုဂျင်က ဖတ်ရှုခြင်း ပြီးသည်နှင့်တစ်ပြိုင်နက်၊ “သူ ကြွလာမဲ့ နေ့ကို ဘယ်သူမှ မသိတာကြောင့် အစ်ကိုတို့ကို မပြတ် နိုးနိုး ကြားကြား ရှိဖို့ သခင်က တောင်းဆိုတယ်။ ဒါပေမဲ့ ပရောဖက်ပြုချက်တွေ ပြောတဲ့အရာအရ၊ သခင် နောက်တစ်ခါ ကြွလာတဲ့အခါ လူသားပုံစံနဲ့ ဖြစ်လိမ့်မယ်။ လူသားဆိုတာ ဘုရားသခင်က လူဖြစ်လာတာဖြစ်ပြီး၊ အဲဒါက ဘုရားသခင်ဟာ လူ့ဇာတိခံတာလို့ ဆိုလိုပါတယ်။ သခင် ကြွလာမယ့် အချိန်အတိအကျကို အစ်ကိုတို့ မသိကြပေမဲ့၊ သူ့ရဲ့ အသံတော်အားဖြင့် သူ့ကို အစ်ကိုတို့ သိရလိမ့်မယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့ သိုးတွေက ဘုရားသခင်ရဲ့ အသံတော်ကို ကြားမှာမို့လို့ပဲ၊ ပြီးတော့ သူတို့ ဘုရားအသံတော်ကို ကြားတဲ့အခါမှာ သူ့နောက်ကို လိုက်ကြလိမ့်မယ်...” ဟု ပြောလေသည်။ ထို့နောက် သခင်ယေရှုက လူဇာတိ၌ ပြန်ကြွလာခဲ့ပြီးပြီဟု သက်သေခံ နေသည့်သူ မည်သူမဆိုသည် အယောင်ဆောင်သူတစ်ဦး ဖြစ်သည်ဟု ပြောခဲ့သည့် ကျွန်မ၏ သင်းအုပ်ဆရာအကြောင်းကို ကျွန်မ တွေးမိခဲ့ သည်။ အစ်ကို ဂျင် ပြောနေသည့်အရာကို ကျွန်မ နောက်ထပ် နားမထောင်နိုင်တော့ပါ၊ ထို့ကြောင့် သင်းအုပ်ဆရာထံသို့၊ “သခင်က လူ့ဇာတိခံ ပြန်ကြွလာပြီးပြီလို့ တစ်ယောက်ယောက်က ကျွန်မကို ပြောနေတယ်။ သူတို့ ဘယ်အသင်းတော်နဲ့ ဆိုင်သလဲ” ဟု ပြောသည့် စာတိုတစ်စောင်ကို ကျွန်မ ပို့လိုက်သည်။ သင်းအုပ်ဆရာက၊ “သူတို့က အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကပေါ့” ဟု ပြောရင်း စာပြန်ခဲ့သည်။ ချက်ချင်း ထွက်သွားဖို့နှင့် သူတို့နှင့် နောက်ထပ် မည်သည့် အဆက် အသွယ်မျှ မလုပ်တော့ရန် ကျွန်မကို သူက ပြောခဲ့သည်။ သူတို့၏ စာအုပ်များကိုလည်း သူက ကျွန်မကို လုံးဝ မဖတ်စေချင်ခဲ့သလို၊ မိစ္ဆာအယူဝါဒများကို မည်သို့ သတိထားရမည်ဆိုသည်နှင့် ပတ်သက် သည့် ဒေသနာအချို့ ကို ကျွန်မဆီ ဆက်ပို့ခဲ့သည်။ သင်းအုပ်ဆရာ ပြောသမျှအရာက မှန်ကန်ရမည်ဟု ကျွန်မ ထင်ခဲ့သည်၊ ထို့ကြောင့် သူတို့၏ မိတ်သဟာယများကို တစ်ဖန် နားမထောင်ရန်နှင့် သူတို့ကို မသိကျိုးကျွန်ပြုလိုက်ရန် ကျွန်မ ဆုံးဖြတ်ခဲ့သည်။

အံ့အားသင့်ဖွယ်ရာပင်၊ ၂၀ ရက်နေ့ နေ့လည်တွင်၊ အစ်ကို ဂျင်နှင့် သူ၏ ညီမလေးသည် ကျွန်မ ဆေးကုသမှု ခံယူသည့်နေရာသို့ လာကြ ပြီး၊ သခင့် ပြန်ကြွလာခြင်း၏ အမှုတော်အကြောင်းကို များစွာ ကျွန်မကို ပြောပြခဲ့ကြသည်။ သို့သော်၊ ထိုနေ့နံနက် မကြာသေးမီက ကျွန်မ မိခင်ဆုံးပါးသည့် သတင်းကို ကျွန်မ ရရှိသည့်အပြင်၊ သူတို့ ဟောနေ သည့်အရာကို သံသယအချို့ ရှိနေခြင်းကြောင့်၊ ကျွန်မ သူတို့ ပြောသည့် မည်သည့်အရာကိုမျှ မခံယူနိုင်ခဲ့ပါ။ ဤအရာက သုံးရက်ကြာသွားခဲ့ပြီး၊ ညီအစ်ကို ဂျင်က ကျွန်မကို ဧဝံဂေလိ ဟောပြောခြင်းနှင့် ပတ်သက်ပြီး လက်မလျှော့ခဲ့သည့် ပုံပေါ်ခဲ့သည်။ သို့သော် ကျွန်မ၏ အတွင်းက ဝရုန်းသုန်းကား အခြေအနေကြောင့်၊ ကျွန်မကို စကားမပြောဖို့ သူ့ကို ကျွန်မ ပြောခဲ့သည်။ ကျွန်မက၊ “ထားလိုက်ပါ။ ရှင် ကျွန်မကို ဆက်ပြီး စကားပြောနေရင်၊ ရှင် မသွားရင်လည်း၊ ကျွန်မ သွားမယ်” ဟု ပြောလိုက်သည်။ ကျွန်မ တကယ်ကို နားမထောင်နေခဲ့သည်ကို အစ်ကို ဂျင်က မြင်ပြီး၊ ထွက်သွားဖို့ကလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပါ။ အစ်ကို ဂျင်က ထပ်လာဖို့ ကြိုးစားလိမ့်မည်မဟုတ်ဟု ကျွန်မ ထင်ခဲ့သော်လည်း၊ အံ့အားသင့်ဖွယ်ရာပင် သူက ညီအစ်ကို ချန်ဟု အမည်ရသည့် လူတစ်ဦး ကို သူနှင့်အတူ ခေါ်လာခဲ့ပြီး ကျွန်မကို ဧဝံဂေလိ တရားဆက် ဟောခဲ့သည်။ ကျွန်မ မိမိဘာသာ တွေးခဲ့သည်- “သူက ဘာလို့ ဒီလို ဆက်လုပ်နေတာလဲ။” ကျွန်မ သိက္ခာဆည်ဖို့ရာ၊ သူထိုသို့လုပ်နေသည် ကို သည်းညည်းခံဖို့သာ ကျွန်မ လုပ်နိုင်ခဲ့သည်၊ သို့သော် သူတို့နှင့်အတူ မည်သည့်ဆွေးနွေးမှုကိုမျှ ကျွန်မ ဝင်မပါခဲ့ပါ။ သူတို့အပေါ် ကျွန်မ အေးအေးစက်စက် ပြုမူခဲ့သော်လည်း၊ အစ်ကို ချန်က ကျွန်မကို ဆက်လက် စိတ်ရှည်စွာ ပြောဆိုနေခဲ့သည်။ သူက၊ “သခင်က လောက ထဲကို လူ့ဇာတိခံ ကြွလာပြီး၊ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ဆောင်ရွက်နေပြီ...” ဟု ပြောလေသည်။ သူ မည်မျှ စိတ်ရှည်ပြီး ချစ်ခင်ဖွယ်ကောင်းကာ၊ ကျွန်မကို တရားဟောဖို့ ဒုက္ခ မဖြစ်ဟု သူတွေးခဲ့ပုံတို့ကို မြင်သည့်အတွက်၊ ကျွန်မ တွေးမိခဲ့သည်- “ငါတို့ အသင်းတော်ထဲက လူတွေက ပျော့ညံ့ကြတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာက ပိုပြီး အေးစက်လာပြီ။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်တဲ့လူတွေရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာ တွေက ဘာလို့ အရမ်းကောင်းရတာလဲ။ ငါ့ကို ဧဝံဂေလိ ဖြန့်ဝေရာမှာ သူတို့ရဲ့ အားထုတ်မှုကို လုံ့လထုတ်ဖို့ ထောက်ပံ့တဲ့တန်ခိုးက ဘာလဲ။ သန့်ရှင်းတဲ့ ဝိညာဉ်တော်ရဲ့ အမှုတော်ကြောင့်သာ မဟုတ်ခဲ့ရင်၊ ဒါကို သူတို့ရဲ့ ကိုယ်ပိုင် ခွန်အားနဲ့ ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူး။”

ဤချိန်အတောအတွင်းတွင်၊ ကျွန်မကဲ့သို့ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လေ့လာနေသည့် မိသားစု နာမည် ယန်ဟု အမည်ရသည့် နောက်ထပ် ညီအစ်ကိုတစ်ဦး ရှိပါသည်။ ကျွန်မက အမြဲ အရေးမထားဘဲ၊ အမှုမဲ့အမှတ်မဲ့ နေတတ် သည့် စိတ်နေစိတ်ထားရှိသော်လည်း၊ အစ်ကိုယန် ကတော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လေ့လာဆန်းစစ်မှုတွင် စိတ်အားထက်သန်ခဲ့သည်။ ယခင်က သူ့ကို လူများက အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဧဝံဂေလိ ဟောပြောသည့်အချိန်တွင် သူ ငြင်းပယ်ခဲ့ ဖူးသော်လည်း၊ ယနေ့ တဖန်ပြန်ကြားရခြင်းက ဘုရားသခင် ပေးသည့် အခွင့်အရေးတစ်ခု ဖြစ်ရမည်ဖြစ်သောကြောင့် ယင်းကို လေ့လာ ဆန်းစစ်ရန် သူ လိုလားလာခဲ့သည်ဟု အစ်ကို ယန်က ပြောလေသည်။ ကျွန်မက သင်းအုပ်ဆရာ၏ စကားများကို နားထောင်ဖို့သာ စိတ်ဝင်စား ခဲ့ပြီး၊ သဘောထားကြီးကြီးဖြင့် ရှာဖွေခြင်းကို စိတ်မဝင်စားသည်ကို အစ်ကို ယန်က မြင်ခဲ့သည်။ ကျွန်မအတွက် ကျမ်းပိုဒ်တစ်ခုကို သူက ရှာတွေ့ခဲ့ပြီး၊ ယင်းမှာ ရှင်မဿဲ ၅: ၃-၆ ဖြစ်သည်- “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။...စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြ လတံ့။” သခင့် နှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ရှုပြီးနောက်၊ ကျွန်မ သိချင်ခဲ့သည်- “ဘာလို့ ငါက သခင့်ရဲ့ မျက်မှောက်တော်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်ငြိမ်သက်သက် နေပြီး သမ္မာတရားကို မရှာနိုင်ရတာလဲ။ တကယ်လို့များ သခင် တကယ်ပဲ ပြန်ကြွလာပြီးပြီဖြစ်သလို သူတို့ရဲ့ တရားဟောချက်တွေကို ငါက နားမထောင် ဒါမှမဟုတ် မလေ့လာရင် ငါ နောက်မှာကျန်ခဲ့မှာပဲ မဟုတ်လား။ ငါလည်း နည်းနည်းပိုသဘောထားကြီးသင့်တယ်၊ ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင် စိတ်ကူးတွေအပေါ် အခြေခံပြီး ကျိုးကြောင်း မမြင်ဘဲ ကောက်ချက်ချတာတွေ လုပ်လို့မဖြစ်ဘူး။” ကျွန်မ၏ စိတ်နှလုံးကို တည်ငြိမ်စေပြီး ယင်းကို ရိုးသားစွာ လေ့လာဆန်းစစ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်သည့်အချိန်တွင်ပင်၊ ကျွန်မ၏ အသင်းတော်မှ တရားဟောဆရာက ကျွန်မကို ဆိုင်းမဆင့် ဗုံမဆင့် ဖုန်းခေါ်ဆိုခဲ့ပြီး ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူများနှင့် အတူ ရှိသေးသည်၊ မရှိသေးသည်ကို မေးခဲ့သည်။ ကျွန်မ ရှိသည်ဟု ပြောခဲ့သည်၊ ပြီးလျှင် သင်းအုပ်ဆရာက ကျွန်မကို သူတို့နှင့် အဆက်အသွယ်ရပ်ရန် ထပ်သတိပေးခဲ့သည်။ သင်းအုပ်ဆရာ၏ တိုက်တွန်းမှုက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လေ့လာခြင်းနှင့် ပတ်သက်၍ ကျွန်မမှာ ခုလေးတင်ရှိခဲ့သည့် အတွေးများကို ပပျောက်သွားစေခဲ့သည်။ ကျွန်မက၊ “သင်းအုပ်ဆရာနဲ့ တရားဟောဆရာတွေက ကျွန်မထက် သမ္မာကျမ်းစာ နားလည်မှု အများကြီး ပိုကောင်းပေမဲ့၊ သူတို့က သခင် ပြန်ကြွလာပြီဆိုတာကို အသိအမှတ်မပြုကြဘူး။ ငါ့မှာက သမ္မာကျမ်းစာ နားလည်တာ အရမ်း နည်းပြီး သိမြင်မှု မရှိဘူး၊ ဒါကြောင့် သင်းအုပ်ဆရာနဲ့ တရားဟောဆရာ ပြောတာကိုပဲ ငါ နားထောင်တာ ပိုကောင်းပါ တယ်လေ။” ဟု တွေးမိသည်။ ကျွန်မ ဖုန်း ချလိုက်သည့်အခါ၊ အစ်ကို ဂျန်ကို ကျွန်မက၊ “အစ်ကို ယန်က အဲဒါကို လေ့လာချင်တယ်ဆိုရင်၊ အစ်ကိုတို့နှစ်ယောက် ဆက်ပြီး ဆွေးနွေးနိုင်ပါတယ်။ ကျွန်မတော့ နားမထောင်တော့ဘူး” ဟု ပြောလိုက်သည်။ ထိုကဲ့သို့ပင်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်မ ရုတ်ချည်း တစ်ဖန် ငြင်းပယ်ခဲ့သည်။

တစ်ပတ်တာ ကုသမှုခံပြီးနောက် ကျွန်မ အလုပ်ဆီသို့ ပြန်သွားခဲ့သည်။ ကျွန်မ၏ မိခင် ဆုံးပါးသွားခြင်းကြောင့်၊ ကျွန်မ၏ စိတ်နှလုံးက ဝမ်းနည်းမှုနှင့် မချိတင်ကဲ ဝေဒနာတို့ဖြင့် ပြည့်နေခဲ့ပြီး၊ သူမအကြောင်း ကျွန်မ မရပ်မနား စဉ်းစားနေမိခဲ့သည်။ နေ့တိုင်း အလုပ်မှ အိမ်သို့ ကျွန်မ လာသည့်အချိန်တွင်၊ ကျွန်မ မိခင်၏ ဓါတ်ပုံကို ကြည့်ပြီး သူမကို စကားပြောမိခဲ့သည်။ တစ်နေ့တွင်၊ ကျွန်မ ရုတ်တရက် တွေးမိခဲ့သည်- “ငါက သခင်ကို ယုံကြည်သူတစ်ယောက်ဖြစ်ပြီး အခက်အခဲတစ်ခုခု ဒါမှမဟုတ် အားနည်းချက်တစ်ခုခု ငါ ကြုံရတဲ့အခါတိုင်း၊ ဒီအရာတွေကို သခင့်ဆီ အမြဲ ငါပြောနိုင်တာပဲ။” ထို့နောက်တွင်၊ အခက်အခဲများ ကျွန်မ ကြုံရသည့်အခါတိုင်း၊ သခင့်၏ မျက်မှောက်တော်ထဲသို့ ကျွန်မ လာပြီး၊ ကျွန်မကို နှစ်သိမ့်ပေးဖို့ သခင့်ကို တောင်းလျှောက်ရင်း ဆုတောင်းခဲ့သည်။ သို့သော် ကျွန်မ မည်မျှ ဆုတောင်းပါစေ၊ စိတ်အတွင်း၌ တို့ထိမှု ကျွန်မ လုံးဝမခံစားခဲ့ရပါ။ တစ်ခါတစ်ရံ ဆုတောင်းနေစဉ်တွင် ကျွန်မ အိပ်မောကျသွားတတ်သည်။ ထိုအချိန်တွင် ဆိုးရွားသည့် ပူပန်သောကရောက်သော အခြေအနေ တစ်ခုတွင် ကျွန်မ အသက်ရှင်နေခဲ့သည်မှာ့ ကျွန်မ နောက်က အတိုးဆုံးသော အသံကပင် ကျွန်မကို ပြောမပြနိုင်သည့် ကြောက်ရွံ့မှု ကို ခံစားစေခဲ့သည်။ ကျွန်မ၏ ကြောက်ရွံ့မှုနှင့် အကူအညီမဲ့ခြင်းတွင်၊ သခင့်ကို ကျွန်မ စိတ်အားထက်သန်စွာ ဆုတောင်းခဲ့သည်- “အို သခင်။ ကျွန်မရဲ့ စိတ်နှလုံးက မှောင်မိုက်မှုနဲ့ပြည့်ပြီး၊ ကျွန်မ ကြောက်ရွံ့မှုနဲ့ တုန်လှုပ်နေ ပါတယ်။ တစ်နေရာရာမှာ ကျွန်မ အမှားတစ်ခုများ လုပ်မိနိုင်မလား။ အို သခင်၊ ကိုယ်တော်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ ပြန်ကြွလာပြီးပြီလို့ ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ လူတွေက ကျွန်မကို ပြောနေကြပါတယ်။ အို သခင်။ ကိုယ်တော် တကယ်ပဲ ပြန်ကြွလာပြီး တကယ်ပဲ ကျွန်မကို သူတို့ ပြောတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုရင်၊ ကျွန်မကို အစ်ကို ယန် ဖုန်းခေါ်ဖို့ ဒါမှမဟုတ် စာတိုတစ်ခု ပို့ဖို့ အချိန်တစ်ခုကို သတ်မှတ်ပေးပြီး၊ သင့်တော်တဲ့ အခြေအနေတွေကို ပြင်ဆင်ပေးဖို့ ကိုယ်တော့်ကို ကျွန်မ တောင်းလျှာက်ပါတယ်။ သူတို့ ပြန်လာတဲ့အခါ၊ သူတို့ ဘာပဲပြောပြော၊ ကိုယ်တော်ရဲ့ အမှုတော်သစ်နဲ့ နှုတ်ကပတ်တော်တွေကို နာခံစွာနဲ့ စိတ်အားထက်သန်စွာ လက်ခံတဲ့ စိတ်နှလုံးတစ်ခု ကျွန်မ ရှိမှာပါ။ အဲဒါက ကိုယ်တော့်ရဲ့ အမှုတော် မဟုတ်ရင်၊ ပြီးတော့ သူတို့ ကျွန်မကို ဟောနေတဲ့ သတင်းစကားက မှားယွင်းပြီး လှည့်ဖြားတဲ့အရာဖြစ်ရင်၊ သူတို့ရဲ့ လမ်းကို ပိတ်ဆို့ပေးပြီး နောက်တစ်ခါ သူတို့ ဘယ်တော့မှ ပြန်မလာခွင့်မပေးပါနဲ့။”

အံ့အားသင့်ဖွယ်ရာပင်၊ ဤကဲ့သို့ ကျွန်မ ဆုတောင်းပြီးသည့် နောက်တွင်၊ ကျွန်မ ဆုတောင်းခဲ့သည့်အရာကို ဘုရားသခင်က အတိအကျ ဖြည့်ဆည်းခဲ့သည်။ အစ်ကို ယန်က ကျွန်မကို တကယ် ဖုန်းခေါ်ခဲ့ပြီး၊ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်နေခဲ့သည့် အရာအားလုံးကို သူ့ကို ကျွန်မ ပြောပြခဲ့သည်။ ကျွန်မ၏ နှလုံးသားက ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်မခံခဲ့ဘဲ၊ ကိုယ်တော့်ကို ပုန်ကန်ခဲ့သောကြောင့် မှောင်မိုက်နေခဲ့ခြင်း ဖြစ်သည်ဟု အစ်ကိုယန်က ပြောလေသည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ ဆက်လက် လေ့လာမည်ဟု သူမျှော်လင့်ခဲ့ပြီး၊ ဤတစ်ကြိမ်တွင် သူ၏ အကြံပြုချက်ကို ကျွန်မ မငြင်းပယ်ခဲ့ပါ။

နောက်ပိုင်း မကြာမီတွင်၊ အစ်ကို ယန်က ဧဝံဂေလိ ရုပ်ရှင် တစ်ခုကို ကျွန်မကို ပေးပို့ခဲ့သည်။ ဤရုပ်ရှင်ထဲတွင် ကျွန်မကို သတိပြုမိစေသည့် စကားအချီအချပြောခြင်း စာသား တစ်ခု ရှိလေသည်- “ဘုရားကို ကျွန်မတို့ ယုံကြည်မှတော့ လူကိုမဟုတ်ပဲ ဘုရားကို နာခံ သင့်တယ်။” “အဲဒါမှန်တယ်” ဟု ကျွန်မ တွေးခဲ့သည်။ “ငါ ယုံကြည် တာက ဘုရားသခင် ဖြစ်ပြီး၊ ငါ နားထောင်သင့်တာက ဘုရားရဲ့ နှုတ်ကပတ်တော် ဖြစ်တယ်။ ဒါပေမဲ့ အစ်ကို ဂျင်နဲ့ အစ်ကို ချန် တို့က ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ငါ့ကို ပြောနေတဲ့ အချိန်အတောအတွင်းမှာ၊ အဲဒီအကြောင်းကို သင်းအုပ်ဆရာကို ငါ မေးမြဲမေးနေမိခဲ့တယ်။ သင်းအုပ်ဆရာနဲ့ တရားဟောဆရာတွေ ပြောတဲ့ အရာကို ငါ စုဆောင်းပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော် သစ်ကို စိတ်အားထက်သန်စွာ မလေ့လာမဆန်းစစ်ချင်ခဲ့ဘူး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားမထောင်ချင်ခဲ့ဘူး။ သခင့်ကို ငါ ယုံကြည်ခဲ့ပေမဲ့ ဆုတောင်းခဲ့ဘူး၊ သခင့်ဆီက မရှာဖွေခဲ့ဘူး၊ အဲဒီအစား သင်းအုပ်ဆရာနဲ့ တရားဟောဆရာ ပြောတာကို ကျိုးကြောင်းမမြင်ဘဲ ယုံကြည်အားကိုးခဲ့တယ်။ ငါ ဘယ်လောက် မိုက်မဲလိုက်သလဲ။ သမ္မာကျမ်းစာက၊ ‘လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။’ (တမန်တော်ဝတ္ထု ၅:၂၉) လို့ ပြောတယ်။ သခင့်ကို ငါ ယုံကြည်ခဲ့ပေမဲ့ သူ့ကို နာမခံခဲ့ဘူး။ အဲဒီအစား၊ လူတွေကို ငါ နာခံခဲ့တယ်၊ ဒါကြောင့် ငါက လူတွေကို ယုံကြည်ပြီး လူတွေနောက်လိုက်နေတဲ့ သူတစ်ဦး ဖြစ်မလာဘူးလား။ ဒါက သခင့်ကို အာခံပြီး သစ္စာဖောက်နေတာ မဟုတ်လား။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံဖို့ လိုလားခြင်းမရှိဘဲ၊ ငါက သူ့ကို ဒီလို ဆန့်ကျင်ပုန်ကန်ပြီး အာခံမိပြီဆိုရင်၊ ဒါက ကြောင်းကျိုး မမြင်တဲ့ မိုက်မဲတဲ့သူတစ်ယောက် မဖြစ်သွားဘူးလား။ သခင့်ကို ငါက အပြင်မှာပိတ်ထားမိပြီ မဟုတ်လား။” ထိုအကြောင်းအရင်းကြောင့််၊ ကျွန်မစိတ်နှလုံးထဲ နက်နက်ရှိုင်းရှိုင်း ကျွန်မ နောင်တရမိခဲ့ပြီး မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။

သခင့် မျက်မှောက်တော်ထဲ ကျွန်မ တစ်ဖန် လာခဲ့ပြီး ဆုတောင်းခဲ့သည်- “သခင်ယေရှု ခရစ်တော်ရေ။ ကိုယ်တော်က လူ့ဇာတိခံ ပြန်ကြွလာနှင့်ပြီဖြစ်ပြီး၊ ကိုယ်တော်ဟာ နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တယ်လို့ ပြောပြီး တစ်ယောက်ယောက်က ဧဝံဂေလိ ဟောခဲ့ပါတယ်။ ဒီအရာကို ကိုယ့်ဘာသာ ကျွန်မ သေချာအောင် မလုပ်နိုင်ပါဘူး၊ ဒါပေမဲ့် ကိုယ်တော့် ရဲ့ အသံတော်ကို ကျွန်မ သတိပြုနိုင်အောင်လို့ ကျွန်မကို ဉာဏ်အလင်း ပေးဖို့၊ ကိုယ်တော့်ကို ရှာဖွေပြီး တောင်းလျှောက်ဖို့ ကိုယ်တော့် မျက်မှောက်တော်ကို ကျွန်မ လာဖို့ လိုလားနေပါတယ်။ ကိုယ်တော် တကယ်ပဲ ပြန်ကြွလာပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တယ်ဆိုရင်၊ ကိုယ်တော့်ဆီမှာ ကျွန်မ နောင်တရပြီး ကိုယ်တော့်ရဲ့ အမှုတော်နဲ့ ကယ်တင်ခြင်းကို လက်ခံချင်ပါတယ်။ ကိုယ်တော့်ရဲ့ မျက်မှောက်တော် ထဲကို ကျွန်မကို ပြန်လည်ပို့ဆောင်ဖို့ ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ပါတယ်။” ဆုတောင်းပြီးနောက်တွင်၊ ဝမ်းမြောက်မှုနှင့် စကားဖြင့် ဖော်ပြလို့မရနိုင်သော နှစ်သိမ့်ခံရသည့် ခံစားချက်မျိုးကို ကျွန်မ ခံစားခဲ့ရသည်။ ယင်းမှာ ကျွန်မ အချိန်အတော်ကြာ မခံစားခဲ့ရသည့် အရာတစ်ခု ဖြစ်ပြီး၊ ကျွန်မ၏ ဆုတောင်းချက်များကို သခင် နားညောင်းခဲ့ပြီဖြစ်ကြောင်း၊ ယင်းမှာ သခင်က ကျွန်မကို နှစ်သိမ့်ပေးနေခြင်း ဖြစ်ကြောင်းနှင့်၊ ယင်းမှာ ဘုရားသခင်က ကျွန်မကို ပေးသည့် သက်သေဖြစ်ကြောင်းတို့ကို ကျွန်မ သိခဲ့သည်။ ထိုအရာကို လေ့လာဖို့ ကျွန်မ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဆီ ချက်ချင်းသွားချင်ခဲ့သော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ညီအစ်ကို မောင်နှမများကို ကျွန်မ မည်မျှ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီးဖြစ်သည်ကို တွေးမိခဲ့သောကြောင့်၊ သူတို့၏ အသင်းတော်ဆီ သွားဖို့ ကျွန်မ အလွန်ရှက်ရွံ့မှု ခံစားခဲ့ရသည်။

အကျပ်ရိုက်နေစဉ်အတွင်း၊ အစ်ကို ယန်က ကျွန်မ အချိန် ရှိ မရှိ ဆိုသည်ကို မေးဖို့ ကျွန်မကို ဖုန်းခေါ်ခဲ့ပြီး ကျွန်မအနေဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဆက်လက် လေ့လာဆန်းစစ်နိုင်မည်ဟု သူ မျှော်လင့်ကြောင်း ဆိုလေ သည်။ ကျွန်မ၏ ဒွိဟများအကြောင်းကို သူ့ကို ကျွန်မ ပြောပြခဲ့သည်။ အစ်ကို ယန်က၊ “ပြဿနာမရှိဘူး၊ ဘုရားသခင်ထဲမှာ ကျွန်တော်တို့ ယုံကြည်သူတွေအားလုံးက မိသားစုတစ်စုပဲလေ၊ ပြီးတော့ အဲဒါက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ညီအစ်ကို မောင်နှမ တွေကို လုံးဝ အနှောင့်အယှက် မဖြစ်စေပါဘူး” ဟု ပြောလေသည်။ အစ်ကိုယန်က ဤအရာ ပြောသည်ကို ကျွန်မ ကြားသည့်အချိန်တွင်၊ ကျွန်မ၏ မရင့်ကျက်သော ဝိညာဉ် အသက်တာကို ဘုရားသခင်က နားလည်မှု ပြသနေသည်ကို ကျွန်မ သိခဲ့သည်၊ ထို့ကြောင့် နောက်တစ်နေ့တွင် အစ်ကို ယန်နှင့်အတူ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဆီ ကျွန်မ သွားလိုက်သည်။

ညီအစ်ကို မောင်နှမများသည် ကျွန်မက လမ်းကြောင်းဆီ ပြန်သွားသည့် လမ်းအား ရှာတွေ့ခဲ့သည်ကို မြင်သည့်အခါ ပျော်ရွှင် ခဲ့ကြသည်။ သခင်ယေရှုက နောက်ဆုံးသော ကာလတွင် သမ္မာတရားကို ဖော်ပြဖို့နှင့် ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော် ကို ဆောင်ရွက်ဖို့ ပြန်ကြွလာပြီးဖြစ်သည်ကို သူတို့က စနစ်တကျ သက်သေခံခဲ့ကြသည်။ နောက်ဆုံးသော ကာလထဲက လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်အပြင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအဖို့ လူ့ဇာတိခံခြင်း၏ အရေးပါမှု တို့ကိုလည်း သူတို့က မိတ်သဟာယပြု ပေးခဲ့ကြသည်။ ထို့နောက်တွင်၊ “နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ဟုဆိုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများက ကျွန်မထံ မိတ်သဟာယပြုခဲ့ကြပြီး သူတို့ သက်သေခံခဲ့ကြသည့် သမ္မာတရားများအကြောင်းကို ကျွန်မ သေချာ စဉ်းစားခဲ့သည်။ နောက်ဆုံးသော ကာလတွင် သခင် ပြန်ကြွလာသည့် နည်းလမ်းနှစ်မျိုးရှိသည်ကို ကျွန်မ နားလည်ခဲ့ရသည်၊ ၎င်းတို့ထဲက တစ်မျိုးမှာ ကွယ်ဝှက်လျက် ဆင်းကြွခြင်းဖြစ်ပြီး နောက်တစ်မျိုးမှာ ံ သခင်၏ လူပုံအလယ်တွင် ကြွလာခြင်း ဖြစ်သည်။ ယခုအခါတွင်၊ ဘုရားသခင်၏ အိမ်တော်မှ အစပြုသော လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်က သခင့်၏ ကွယ်ဝှက်လျက် ကြွဆင်းလာခြင်း အမှုတော် အမှန်ပင် ဖြစ်လေသည်။ လူ့ဇာတိခံ ဘုရားသခင်က လူသားမျိုးနွယ်ကြား ပြန်ကြွလာပြီး ဖြစ်သောကြောင့်၊ သူ၏ ပုံသဏ္ဍာန်မှာ သာမန်လူတစ်ဦး၏ ပုံသဏ္ဍာန်ဖြစ်ပြီး သူက ဘုရားသခင် ဖြစ်သည်ကို သူ့ကို ကြည့်ခြင်းမျှဖြင့် မည်သူမျှ မပြောနိုင်ပါ။ သူ၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာကို မည်သူမျှ မသိသလို၊ ဤအရာကို လူတို့ထံမှ လျှို့ဝှက်ထိန်းသိမ်းထားပေသည်။ ဘုရားသခင်၏ အသံတော်ကို ခွဲခြားနိုင်သောသူတို့သာ သူ့ကို သိလိမ့်မည်၊ လက်ခံလိမ့်မည်ဖြစ်ပြီး သူ့နောက်လိုက်လိမ့်မည်။ ယင်းမှာ သခင်ယေရှုက၊ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဟု ပြောသည့်အတိုင်းသာ ဖြစ်သည်။ ဘုရားသခင်၏ အသံတော်ကို သတိမပြုမိသော သူတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို သာမန်လူတစ်ဦးကဲ့သို့ သေချာပေါက် ဆက်ဆံလိမ့်မည်။ ဘုရားသခင်နောက်လိုက်ဖို့ သူတို့က ငြင်းပယ်လိမ့်မည်၊ အာခံလိမ့်မည်ဖြစ်ပြီး ငြင်းဆန်လိမ့်မည်ဖြစ်သည်၊ ဂျူးလူမျိုး ဖာရိရှဲတို့က ၎င်းတို့၏ အချိန်ကာလတုန်းက လုပ်ဆောင်ခဲ့ကြသကဲ့သို့ပင် ဖြစ်သည်။ သခင်ယေရှုကို သူတို့က မြင်ခဲ့ကြသော်လည်း သူ၏ ကိုယ်ပိုင်လက္ခဏာကို မသိခဲ့ကြသလို၊ သခင့်ကို ကျိုးကြောင်းမမြင်ဘဲ ရှုတ်ချခဲ့ကြသည်။ မျက်မှောက်အချိန် သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ကွယ်ဝှက်သော အမှုတော် အဆင့်ဖြစ်သည်။ လူတို့ကို တရားစီရင်ဖို့၊ သန့်စင်စေဖို့နှင့် စုံလင်စေဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်က နှုတ်ကပတ်တော်ကို ဖော်ပြသည်။ ကပ်ဘေးများမတိုင်မီ၊ လူတစ်စုကို အောင်မြင်သောသူများ အဖြစ်သို့ သူ ပြုလုပ်လိမ့်မည်ဖြစ်ပြီး၊ ဤအောင်မြင်သော လူစု စုံလင်အောင်ပြုပြီးသည်နှင့် တစ်ပြိုင်နက်၊ လူ့ဇာတိခံ ဘုရားသခင်၏ ကွယ်ဝှက်ပြီး ကြွဆင်းလာခြင်း အမှုတော်က အဆုံးသတ်သို့ ရောက်လာလိမ့်မည်ဖြစ်သည်။ ဘေးဒုက္ခများ စတင်သည့် အခါ၊ ဘုရားသခင်က ကောင်းမြတ်သောသူတို့ကို ဆုလာဘ်ပေးပြီး ဆိုးသော သူတို့ကို ပြစ်ဒဏ်ပေးလိမ့်မည်၊ ပြီးလျှင် တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးတို့အလယ်တွင် သူ ပေါ်ထွန်းလိမ့်မည် ဖြစ်သည်။ ထိုအချိန် တွင်၊ “ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၀)ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) ဟု ကျမ်းစာက ပြောသည့်အတိုင်း ပင်၊ သခင် လူပုံအလယ်တွင် ကြွလာမည့် ပရောဖက်ပြုချက်များက ပြည့်စုံလိမ့်မည်ဖြစ်သည်။ ဤသည်မှာ မိုးတိမ်ပေါ် သခင် ဆင်းကြွလာ သည့်အခါ မြေကြီးသားအမျိုးမျိုးတို့အားလုံး ငိုကြွေးမြည်တမ်းကြမည့် အကြောင်းရင်း ဖြစ်သည်။ ဤအချိန်တွင်၊ ကျွန်မ၏ စိတ်နှလုံးက သိမြင်မှုဖြင့် ရုတ်တရက် ပြည့်သွားခဲ့ပြီး၊ သခင့်၏ ကွယ်ဝှက်သော ကြွဆင်းလာခြင်းနှင့်ဆိုင်သည့် အမှုတော်က ကျွန်မတို့အတွက် ကြီးမြတ်သော ကယ်တင်ခြင်း ဖြစ်သည်ကို ကျွန်မ မြင်ခဲ့ရသည်။ သခင့်၏ ကွယ်ဝှက်သော ကြွဆင်းလာခြင်း ကာလအတောအတွင်း ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းကို လက်ခံခြင်းအားဖြင့်သာ ကျွန်မတို့ သန်စင်ခံရနိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ပေ သည်။ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းကို ကျွန်မတို့ ယခု လက်မခံလျှင်၊ မိုးတိမ်းများစီးလျက် သူ လူပုံအလယ်သို့ ကြွလာ သည့်အခါ ကျွန်မတို့က သခင့်ကို အာခံခဲ့သည့်သူများ ဖြစ်လာကြပြီး ဖြစ်လိမ့်မည်၊ ပြီးလျှင် ကျွန်မတို့ ဧကန်မုချ ငိုကြွေးကြလိမ့်မည်ဖြစ်ကာ အံသွားခဲကြိတ်ကြလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က၊ “အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။” ဟု ပြောသည့်အတွက်၊ ကျွန်မတို့၏ နောင်တက အလွန် နောက်ကျသွားလိမ့်မည်ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက နက်နဲမှုများအားလုံးကို ဖွင့်ဟ ပြီး ရှုထောင့်မျိုးစုံဖြင့် သမ္မာတရားကို ရှင်းပြသည်- ကျွန်မ၏ အမြင်များ ပွင့်သွားခဲ့ပြီး၊ ထို့နောက်တွင် ကျွန်မ၏ စိတ်နှလုံးနှင့် နှုတ်စကားဖြင့် ကျွန်မ ယုံကြည်လက်ခံခဲ့သည်။ နောက်နေ့များတွင်၊ နောက်ဆုံးသောကာလထဲက ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို ညီအစ်ကို မောင်နှမများနှင့်အတူ ဖတ်ရှုဖို့ ဘုရားကျောင်းသို့ ကျွန်မ ပုံမှန်သွားခဲ့သည်။ ဓမ္မသီချင်းများကို ကျွန်မတို့ နားထောင်ကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ညီအစ်ကို မောင်နှမများက အားလုံးထုတ်လုပ်ထားသည့် သီချင်း ဗီဒီယို များ၊ ဘုရားနှုတ်ကပတ်တော် ရွတ်ဖတ်ခြင်းများ ဗီဒီယိုများနှင့် ဧဝံဂေလိ ရုပ်ရှင်များကို ကျွန်မတို့ ကြည့်ရှုခဲ့ကြသည်။ ဝတ်ပြုအစည်းအဝေးတိုင်း တွင် သစ်လွင်သော အရာတစ်ခုခုကို ကျွန်မ ရရှိခဲ့သည်ဟု ခံစားခဲ့ရပြီး နှိုင်းမရအောင် ပျော်ရွှင်မှုခံစားခဲ့ရသည်။ အထူးသဖြင့် ဧဝံဂေလိ ရုပ်ရှင်များထဲတွင်၊ ညီအစ်ကို မောင်နှမများက ကိစ္စရပ်တိုင်းကို အင်မတန် အသေးစိတ်ကျကျနှင့် ရှင်းလင်း ပြတ်သားမှုဖြင့် မိတ်သဟာယပြုခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ သခင့်ကို ကျွန်မ ယုံကြည်မှုထဲတွင် သိုထားခဲ့သည့် သံသယများနှင့် မရှင်းလင်းမှု အားလုံးက နည်းနည်းချင်းစီ ပြေလည်သွား ခဲ့လေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က တကယ်ပင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မ မြင်ခဲ့သည်။ ကျွန်မကို ပို၍ပင် စိတ်လှုပ်ရှားစေခဲ့သည့်အရာမှာ၊ အသင်းတော်ကို ကျွန်မ ပါဝင်ပြီးနောက် သုံးရက်အကြာတွင်၊ ၂၀၁၆ ခုနှစ် ခရစ္စမတ်၌ ဇာတ်စင်ပေါ်တွင် ချီးမွမ်းခြင်းသီချင်းကို တင်ဆက် ခဲ့သည့် ညီအစ်မကို ကျွန်မ တွေ့ခဲ့ရလေသည်။ သူသည်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့ပြီးဖြစ်သည်။ သိုးသငယ်၏ ခြေလှမ်းများကို အမှီလိုက်ဖို့၊ တောမှ ကောင်းမြတ်သော ခါနန်ပြည်ကို ရောက်ဖို့နှင့် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာဖို့၊ ဘုရားသခင်၏ အသက်နှုတ်ကပတ်တော်၏ အလျှံပယ်ရှိခြင်းနှင့် ထောက်ပံ့မှုတို့ကို ပျော်မွေ့ဖို့ ကျွန်မတို့ကို ဦးဆောင် ခဲ့သည်မှာ ဘုရားသခင်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းပေး ခြင်း ဖြစ်ခဲ့သည့်အတွက်၊ ဘုရားသခင်ကို ကျွန်မ အမှန်ပင် ကျေးဇူးတင်မိ ပါသည်။

ဘုရားသခင်၏ အိမ်တော်သို့ ကျွန်မ ပြန်လာနိုင်ခဲ့သည်မှာ ဘုရားသခင်ထံမှ အထူး ကြင်နာသနားမှုကြောင့် ဖြစ်သည်ဟု ကျွန်မ ထင်မြင်မိသည်။ ကျွန်မ၏ ပုန်ကန်တတ်သော သဘာဝကို ထောက်ဆ လျှင်၊ ဘုရားသခင်၏ ဦးဆောင်မှုနှင့် လမ်းပြမှု သို့မဟုတ် ဘုရားသခင် ၏ နှုတ်ကပတ်တော်ကို ကျွန်မဆီ မိတ်သဟာယပြုရာတွင် ညီအစ်ကို မောင်နှမများ၏ စိတ်ရှည်သည်းခံခြင်းမရှိဘဲ သခင့်၏ ပြန်ကြွလာခြင်း ကို ကျွန်မ မည်သို့ ကြိုဆိုနိုင်ခဲ့မည်နည်း။ ကျွန်မအတွက် ဘုရားသခင် ၏ ချစ်ခြင်းမေတ္တာက အမှန်ပင် အလွန်ကြီးမြတ်သည်မှာ ဖော်ပြဖို့ မဖြစ်နိုင်သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ဓမ္မသီချင်းများမှတဆင့် ဘုရားသခင်ကို ချီးမွမ်းခြင်းကို သီဆိုပြီး အနန္တတန်ခိုးရှင် ဘုရားသခင် နောက် မဆုတ်မနစ်သာ ကျွန်မ လိုက်ချင်ပါသည်။

အရှေ့သို့- ၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

နောက်တစ်ခုသို့- ၄၁။ မေလ ၂၈ ကျောက်ယွမ်အမှုက မိသားစုကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

၁၂။ သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ဂျင်းမို၊ မလေးရှား၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။