၁၂။ နိုင်ငံတော်ခေတ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်တော်များနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

(၅၉၅) ငါစီစဉ်ထားသော အမှုသည် တစ်ခဏပင် မရပ်နားဘဲ၊ ရှေ့သို့သာ အပူတပြင်း ရှေ့ဆက်မြဲရှေ့ဆက်နေသည်။ နိုင်ငံတော်ခေတ်ထဲသို့ ရွှေ့ပြောင်းပြီးနောက်၊ ပြီးလျှင် သင်တို့ကို ငါ၏လူများအဖြစ် ငါ့နိုင်ငံတော်ထဲသို့ သယ်ဆောင် သွားပြီးနောက်၊ ငါ၌ သင်တို့အပေါ် အခြား တောင်းဆိုမှုများ ရှိပေမည်။ ဆိုလိုသည်မှာ၊ ဤခေတ်ကို ငါအုပ်ချုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သင့်ရှေ့တွင် ငါစတင်ပြဋ္ဌာန်းမည်။

သင်တို့သည် ငါ၏လူများဟု ခေါ်ဆိုခံကြရသည့်အတွက်၊ သင်တို့အနေဖြင့် ငါ့နာမကို ဘုန်းထင်ရှားစေနိုင်သင့်ပေသည်။ ဆိုလိုသည်မှာ စမ်းသပ်မှုအလယ်တွင် သက်သေခံရပ်တည်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ငါ့အား မြှောက်ထိုးပင့်ကော် လုပ်ဖို့နှင့် ငါ့ထံမှ သမ္မာတရားကို ဖုံးကွယ်ထားရန် ကြိုးပမ်းပါက သို့မဟုတ် ငါ့နောက်ကွယ်တွင် သိက္ခာမဲ့သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ပါက၊ ထိုသို့သော လူများသည် ခြွင်းချက်မရှိ မောင်းထုတ်ခံရမည် ဖြစ်ကာ ၎င်းတို့အား ငါကိုင်တွယ်ဖြေရှင်းသည်ကို စောင့်ဆိုင်းရန် ငါ့အိမ်မှ မောင်းထုတ်ခံရမည်၊ ပြီးလျှင် ဖယ်ရှားခံရလိမ့်မည်။ အတိတ်တွင် ငါ့အပေါ် သစ္စာမရှိသကဲ့သို့ သားသမီးတို့၏ ချစ်ခင်မှုမရှိသူ၊ ပြီးလျှင် ယနေ့တွင် ငါ့အား ပွင့်ပွင့်လင်းလင်း ဝေဖန်ရန် တစ်ဖန် ထကြွ သူတို့သည်လည်း ငါ့အိမ်မှ မောင်းထုတ်ခံရလိမ့်မည်။ ငါ၏လူများဖြစ်သော သူတို့သည် ငါ၏ဝန်ထုပ်များကို စဉ်ဆက်မပြတ် စာနာထောက်ထားမှု ပြရမည်ဖြစ်သည့်အပြင် ငါ၏နှုတ်ကပတ်တော်များကို သိရှိဖို့ ကြိုးစားရမည်ဖြစ်သည်။ ဤသို့သော လူများကိုသာ ငါသည် ဉာဏ်ပွင့်လင်းစေမည် ဖြစ်ပြီး၊ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုကို မည်သည့်အခါတွင်မျှ မရင်ဆိုင်ရဘဲ၊ ငါ၏လမ်းပြမှုနှင့် ဉာဏ်ပွင့်လင်းစေခြင်း အောက်တွင် ဧကန်မုချ အသက်ရှင်ကြလိမ့်မည်။ ငါ၏ဝန်ထုပ်များကို စာနာထောက်ထားမှု မပြနိုင်ဘဲလျက်၊ မိမိတို့ကိုယ်တိုင်၏ အနာဂတ်များအတွက် စီစဉ်ခြင်းအပေါ် အာရုံစိုက်သူများ- ဆိုလိုသည်မှာ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ငါ၏ စိတ်နှလုံးကို ကျေနပ်စေရန် ရည်ရွယ်ခြင်း မရှိဘဲ၊ ယင်းထက် ပေးစာကမ်းစာများကို ရှာဖွေသူများ- ၎င်းတို့သည့် မွေးဖွားခဲ့သည့်အချိန်မှ ငါ၏ဝန်ထုပ်များအပေါ် စာနာထောက်ထားမှု ပြဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုသည်ကို ဘာမျှမသိရှိကြလေသောကြောင့်၊ ဤသူတောင်းစားကဲ့သို့သော သတ္တဝါများကို အသုံးပြုဖို့ ငါ လုံးဝ ငြင်းပယ်လေသည်။ ၎င်းတို့သည် ပုံမှန်အသိစိတ်မဲ့သော လူများဖြစ်သည်။ ထိုသို့သောလူများသည် ဦးနှောက် “အာဟာရချို့တဲ့မှု” ကို ခံစားရပြီး “အာဟာရ” တချို့အတွက် အိမ်ပြန်ရန်လိုအပ်သူများ ဖြစ်သည်။ ထိုသို့သော လူများကို ငါမသုံးပေ။ ငါ၏လူများအလယ်၊ အဆုံးတွင် ငါ့ကိုသိကျွမ်းခြင်းသည် အစာစားခြင်းကဲ့သို့ ကျွမ်းကျင်သောလက်ဖြင့် သင် သက်သောင့်သက်သာ လုပ်လေ့ ရှိသော အရာတစ်ခုကဲ့သို့ တရင်းတနှီး ဖြစ်လာဖို့အလို့ငှာ အယောက်တိုင်းသည် တစ်ခဏပင် လုံးဝ မေ့လျော့ခြင်း မရှိသောအရာတစ်ခုဖြစ်သည့် စားခြင်း၊ ဝတ်ခြင်းနှင့် အိပ်ခြင်းကဲ့သို့ ငါ့အား သိကျွမ်းခြင်းကို အဆုံးထိ ကျေပွန်ရမည့် တာဝန်ဝတ္တရားတစ်ခုအဖြစ် အလေးထားရန် လိုအပ် ပေလိမ့်မည်။ ငါပြောဆိုသော နှုတ်ကပတ်တော်များ အတွက်မူ၊ တစ်ခုစီတိုင်းကို အဆုံးစွန် ယုံကြည်မှုနှင့် ခံယူရမည်ဖြစ်ပြီး၊ အပြည့်အဝ စွဲမှတ်ရမည်။ ဝတ်ကျေတန်းကျေ တစ်ဝက်တစ်ပျက် ဆောင်ရွက်ခြင်း ရှိ၍ မဖြစ်ပေ။ ငါ၏နှုတ်ကပတ်တော်များကို အာရုံမစိုက်သောသူ မည်သူမဆိုသည် ငါ့အား တိုက်ရိုက်ခုခံနေခြင်းအဖြစ် မှတ်ယူခံ ရလိမ့်မည်။ ငါ့နှုတ်ကပတ်တော်များကို စားသုံးခြင်း မပြုသောသူ မည်သူမဆို သို့မဟုတ် ယင်းတို့ကို သိရှိရန် မကြိုးစားသောသူ မည်သူမဆိုသည် ငါ့ကို အာရုံစိုက်နေခြင်း မရှိသကဲ့သို့ မှတ်ယူခံရမည်ဖြစ်ပြီး ငါ၏အိမ်တံခါးပြင်ပသို့ တိုက်ရိုက် ဖယ်ရှားခံရလိမ်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယခင်က ငါပြောခဲ့သည့်အတိုင်း၊ ငါအလိုရှိသည်မှာ အရေအတွက်များပြားသော လူများမဟုတ်ဘဲ၊ ထူးကဲသာလွန်မှု ဖြစ်သည်။ လူတစ်ရာတွင် ငါနှုတ်ကပတ်တော်များမှတစ်ဆင့် ငါ့ကို သိနိုင်သူ တစ်ဦးသာရှိပါက၊ ဤသူတစ်ဦးတည်းကို အသိဉာဏ် ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့အပေါ် အာရုံစိုက်ဖို့ အခြားသူအားလုံးကို ငါ လိုလိုလားလား စွန့်ပယ်မည် ဖြစ်သည်။ ဤအရာမှ အရေအတွက်များခြင်း တစ်ခုတည်းက ငါ့ကို ထင်ရှားစေနိုင်ပြီး ငါ့အားဖြင့် အသက်ရှင် နေထိုင်နိုင်သည်ဆိုသည်မှာ သေချာပေါက် မမှန်ကန်သည်ကို သင်တို့ တွေ့နိုင်ပေသည်။ ငါအလိုရှိသည်မှာ (အစေ့အနှံများ မပြည့်ဝသည့်တိုင်) ဂျုံစပါးဖြစ်ပြီး (အစေ့အနှံများမှာ အထင်ကြီးစဖွယ် ပြည့်ဝချိန်တွင်ပင်) တောပင်များ မဟုတ်ပေ။ ရှာဖွေခြင်းကို အရေးမထားဘဲ၊ ယင်းအစား လျော့ရဲသည့် ပုံစံဖြင့် ပြုမူသူများအနေနှင့်မူ၊ မိမိတို့ သဘောအလျောက် ထွက်ခွာသွားသင့်သည်။ ၎င်းတို့သည် ငါ့နာမကို ဆက်လက် ဂုဏ်အသရေပျက်စေမည်စိုး၍၊ ၎င်းတို့ကို ငါနောက်ထပ် မမြင်လိုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၅)

(၅၉၆) ငါသည် မည်သူ့ကိုမျှ အလျင်အမြန် အပြစ်မပေးသကဲ့သို့၊ မည်သူ့ကိုမျှ မတရားသဖြင့် မဆက်ဆံပေ- ငါသည် အားလုံးအပေါ် ဖြောင့်မတ်ပေသည်။ ငါ၏သားများကို ငါ ဧကန် ချစ်မြတ်နိုးပြီး၊ ငါ့ကို အာခံသည့် ဆိုးယုတ်သူများကို ငါ ဧကန် မုန်း၏။ ဤသည်မှာ ငါ၏ လုပ်ဆောင်ချက်များ နောက်ကွယ်မှ နိယာမ ဖြစ်သည်။ သင်တို့ အယောက်တိုင်းသည် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၌ ထိုးထွင်းအမြင်အချို့ ရှိသင့်ပေသည်။ အကယ်၍ မရှိခဲ့ပါက၊ သင်တို့သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း ရှိကြလိမ့်မည် မဟုတ်သကဲ့သို့ ငါ၏ ရှေ့တွင် သတိမမူဘဲ ပြုမူကြလိမ့်မည်။ ငါ မည်သည့်အရာ စွမ်းဆောင်ရရှိလိုသည်၊ ငါ မည်သည့်အရာ ပြီးမြောက်လိုသည်၊ မည်သည့်အရာကို ငါ ရယူလိုသည် သို့မဟုတ် ငါ၏ နိုင်ငံတော်သည် မည်သည့် လူစားမျိုးကို လိုအပ်သည် ဆိုသည်တို့ကိုလည်း သင် သိလိမ့်မည်မဟုတ်ပေ။

ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှာ-

၁) သင်တို့ မည်သူဖြစ်ကြပါစေ၊ သင်တို့၏ စိတ်နှလုံးထဲ၌ ငါ့ကို ဆန့်ကျင်ပါက၊ သင်တို့ တရားစီရင်ခံရလိမ့်မည်။

၂) ငါရွေးချယ်ပြီးသောသူများသည် မမှန်ကန်သော အတွေး တစ်စုံတစ်ရာအတွက် ချက်ချင်း ဆုံးမပဲ့ပြင်ခြင်းကို ခံကြရလိမ့်မည်။

၃) ငါ့ကို မယုံကြည်သောသူများကို တစ်ဖက်တွင် ငါထားမည်။ ၎င်းတို့ကို လုံးလုံးလျားလျား အပြစ်ပေးပြီး အမျိုးအစား ခွဲမည့်အချိန်ဖြစ်သည့် တကယ့်အဆုံးထိတိုင် ငါသည် ၎င်းတို့ကို မဆင်မခြင် စကားပြောရန်နှင့် ပြုမူရန် အခွင့်ပေးမည်။

၄) ငါ့ကို ယုံကြည်သောသူများကို ငါသည် အချိန်တိုင်း ကြည့်ရှုစောင့်ရှောက်ပြီး ကွယ်ကာမည်။ ငါသည် ကယ်တင်ခြင်းမှတစ်ဆင့် ၎င်းတို့ကို အချိန်တိုင်း အသက်ကို ထောက်ပံ့ပေးမည်။ ဤလူများသည် ငါ၏ချစ်ခြင်းကို ရကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဧကန်မုချ လဲကျခြင်း သို့မဟုတ် လမ်းပျောက်ခြင်း ရှိလိမ့်မည်မဟုတ်။ ၎င်းတို့၌ ရှိသည့် မည်သည့်အားနည်းချက်မဆိုသည် ယာယီသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ငါသည် ၎င်းတို့၏ အားနည်းချက်များကို သေချာပေါက် အောက်မေ့လိမ့်မည် မဟုတ်။

၅) ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သောသူများ- ဘုရားသခင်တစ်ဆူရှိသည်ကို ယုံကြည်သော်လည်း ခရစ်တော်ကို မရှာဖွေသောသူများ၊ သို့သော် အတိုက်အခံလည်း မလုပ်သောသူများ- ဤသူတို့သည် သနားစရာအကောင်းဆုံး လူစားမျိုးဖြစ်ကြပြီး ငါ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ၎င်းတို့ကို ငါ ရှင်းရှင်းလင်းလင်း မြင်စေမည်ဖြစ်သည်။ ငါ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ငါသည် ထိုသို့သောလူများကို ကယ်တင်ပြီး ပြန်လည်ခေါ်ဆောင်လာမည်။

၆) ငါ၏နာမကို ပထမဦးဆုံး လက်ခံခဲ့ကြသော သားဦးများသည် ကောင်းချီးခံစားရကြလိမ့်မည်။ ငါသည် အကောင်းဆုံး ကောင်းချီးမင်္ဂလာများကို သင်တို့၏ စိတ်နှလုံး ရောင့်ရဲတင်းတိမ်သည်အထိ မွေ့လျော်ခွင့်ပေးရင်း ထိုကောင်းချီးမင်္ဂလာများကို သင်တို့အပေါ် ဧကန်မုချ အပ်နှင်းမည်။ ဤအရာကို မည်သူမျှ တားဆီးဝံ့မည်မဟုတ်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်နှင့်အမျှ ဤအရာအားလုံးကို သင်တို့အတွက် အပြည့်အဝ ပြင်ဆင်ထားပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၆)

(၅၉၇) ငါသည် ယခု ငါ၏နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကြေညာ၏- အရာခပ်သိမ်းသည် ငါ၏ တရားစီရင်ခြင်းအတွင်းတွင် ရှိသည်၊ အရာခပ်သိမ်းသည် ငါ၏ဖြောင့်မတ်ခြင်းအတွင်းတွင် ရှိသည်၊ အရာခပ်သိမ်းသည် ငါ၏ဘုန်းအာနုဘော်အတွင်းတွင် ရှိပြီး၊ ငါ၏ဖြောင့်မတ်ခြင်းတရားကို အားလုံးအပေါ် ငါလက်တွေ့လုပ်ဆောင်၏။ ငါ့ကိုယုံကြည်သည်ဟု ဆိုကြသော်လည်း၊ စိတ်ထဲတွင် ငါ့ကို ဆန့်ကျင်သောသူများ သို့မဟုတ် စိတ်နှလုံး၌ ငါ့ကိုစွန့်ပစ်သော သူတို့သည် နှင်ထုတ်ခံရလိမ့်မည် ဖြစ်သည်- သို့သော်လည်း ငါ့အတွက်အချိန်ကောင်း ကျရောက်ချိန်မှသာ ဖြစ်လိမ့်မည်။ ငါ့အကြောင်းကို လှောင်ပြောင် ပြောဆိုသူများသည် အခြားသူများ သတိမထားမိသော နည်းလမ်းဖြင့် လှောင်ပြောင်ပြောဆိုခြင်းဖြစ်သော်လည်း၊ ချက်ချင်းသေရလိမ့်မည် (သူတို့သည် စိတ်၊ ခန္ဓာနှင့် ဝိညာဉ်၌ သေဆုံးကြလိမ့်မည်)။ ငါချစ်ခင်သောသူတို့ကို ဖိနှိပ်သောသူ၊ သို့မဟုတ် တမင် အဖက်မလုပ်သော သူတို့သည် ငါ့အမျက်ဖြင့် ချက်ချင်း တရားစီရင်ခြင်းခံရလိမ့်မည်။ ဆိုလိုသည်မှာ ငါချစ်ခင်သောသူတို့ကို မနာလိုဝန်တိုသော လူများနှင့် ငါသည် ဖြောင့်မတ်ခြင်းမရှိဟု ထင်သောလူများသည် ငါချစ်ခင်သောသူတို့၏ တရားစီရင်ခြင်းခံရရန် လွှဲပြောင်းပေးအပ်ခြင်း ခံရလိမ့်မည်။ ကောင်းစွာ ပြုမူနေထိုင်သူ၊ ရိုးဖြောင့်ပြီး၊ ရိုးသားသူ (ဉာဏ်ပညာ ကင်းမဲ့သောသူများ အပါအဝင်) နှင့် ငါ့အား မြဲမြံသော ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံသောသူ အားလုံးသည် ငါ၏နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လေ့ကျင့်ပေးခြင်းကို မဖြတ်သန်းရသေးသူများ၊ ဆိုလိုသည်မှာ ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သည့် ရိုးသားသူများသည် ငါ၏နိုင်ငံတော်တွင် တန်ခိုးအာဏာ ရှိကြလိမ့်မည်။ သို့ရာတွင်၊ ၎င်းတို့သည်လည်း ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီး ကျိုးပဲ့ကြေမွကြရပြီး ဖြစ်သည်။ ၎င်းတို့ လေ့ကျင့်ပေးခြင်းကို မကြုံရသေးသည်မှာ မလွဲဧကန် မဟုတ်ပေ။ ထို့ထက်၊ အယောက်တိုင်းကို ငါ၏အနန္တတန်ခိုးနှင့် ငါ၏ဉာဏ်ပညာအား ငါ ပြသမည်မှာ ဤအရာများမှတစ်ဆင့် ဖြစ်သည်။ ငါ့ကို သံသယရှိသေးသော သူအားလုံးကို ငါ မောင်းထုတ်မည်။ ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ငါအလိုမရှိ (ဤသို့သော အချိန်ကာလမျိုးတွင် ငါ့ကိုသံသယဖြစ်ဆဲရှိသော သူတို့ကို ငါမုန်းတီးသည်)။ ဤစကြဝဠာ တစ်ခုလုံးအနှံ့ ငါပြုသော လုပ်ဆောင်ချက်များအားဖြင့် ရိုးသားသောလူတို့ကို ငါ့ဆောင်ရွက်ချက်များ၏ အံ့သြဖွယ်ဖြစ်ခြင်းကို ငါပြသမည် ဖြစ်ပြီး၊ ထို့နောက်ချက်ချင်း ၎င်းတို့၏ ဉာဏ်ပညာ၊ ထိုးထွင်းသိမြင်မှုနှင့် ချင့်ချိန်နိုင်စွမ်းတို့ကို ကြီးထွားစေမည်။ လိမ်လည် လှည့်ဖြားသော လူတို့ကိုလည်း ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ၏ အကျိုးဆက်အဖြစ် တစ်ခဏတွင်းတွင် ဖျက်ဆီး ခံရစေမည်။ ငါ၏နာမကို ရှေးဦးစွာလက်ခံသည့် သားဦးများအားလုံး (ဆိုလိုသည်မှာ သန့်ရှင်းပြီး၊ အပြစ်ကင်းကာ ရိုးသားသောသူများ) သည် နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဦးစွာပထမ ရရှိသောသူများ ဖြစ်လိမ့်မည်ဖြစ်ပြီး နိုင်ငံတော်ထဲတွင် ရှင်ဘုရင်များကဲ့သို့ စိုးစံကာ တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးများ အားလုံးတို့ကို တရားစီရင်လျက်၊ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးကို ငါနှင့်အတူ အုပ်စိုးရလိမ့်မည်။ (ဤအရာက နိုင်ငံတော်ထဲက သားဦးများ အားလုံးကို ရည်ညွှန်းပြီး အခြားသူများကို မရည်ညွှန်းပေ)။ တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးများအားလုံး အလယ်ရှိ စီရင်ခြင်းခံရပြီး နောင်တရပြီးသော သူတို့သည် ငါ၏နိုင်ငံတော်ထဲ ဝင်ကြမည်ဖြစ်ပြီး ငါ၏လူမျိုး ဖြစ်လာကြလိမ့်မည် ဖြစ်သော်လည်း၊ ခေါင်းမာပြီး၊ နောင်တမရသောသူတို့သည် (ထာဝရပျက်စီးဆုံးရှုံးရန်) အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခြင်းခံရလိမ့်မည်။ နိုင်ငံတော်ထဲက တရားစီရင်ခြင်းသည် နောက်ဆုံးတရားစီရင်ခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းသည် လောကကြီးအား ငါ၏ အကုန်အစင် ဆေးကြောခြင်း ဖြစ်လိမ့်မည်။ ထိုနောက်တွင် မတရားမှု၊ ဝမ်းနည်းခြင်း၊ မျက်ရည်များ၊ သို့မဟုတ် သက်ပြင်းချရခြင်းများ ရှိတော့မည် မဟုတ်ဘဲ၊ ထို့ထက်ပင်ပို၍ ကမ္ဘာလောကလည်း ရှိတော့မည်မဟုတ်ပေ။ အရာရာသည် ခရစ်တော်၏ သရုပ်သကန် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အရာခပ်သိမ်းသည် ခရစ်တော်၏နိုင်ငံတော် ဖြစ်လိမ့်မည်။ ဘုန်းအသရေ ရှိလှတကား။ ဘုန်းအသရေ ရှိလှတကား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၉)

(၅၉၈) ယခုတွင် ငါသည် သင်တို့အတွက် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြဋ္ဌာန်းသည်။ (လူအမျိုးမျိုးတို့ကို အမျိုးမျိုးသော ပြစ်တင်ဆုံးမခြင်းများ သတ်မှတ်ပြီး၊ ၎င်းတို့သည် ပြဋ္ဌာန်းသော နေ့မှ စတင်သက်ရောက်မှုရှိသည်)

ငါသည် ငါ၏ကတိများကို တည်သကဲ့သို့၊ အရာရာသည် ငါ၏လက်ထဲတွင် ရှိ၏- သံသယရှိသူ မည်သူမဆို မုချ အဆုံးစီရင် ခံရလိမ့်မည်။ မည်သည့် စာနာထောက်ထားမှုအတွက်မျှ နေရာမရှိ။ ၎င်းတို့သည် ချက်ခြင်း မျိုးဖြုတ်ခံရလိမ့်မည်၊ ထိုသို့ဖြင့် မုန်းတီးမှုကို ငါ၏နှလုံးသားမှ ဖယ်ရှားပေမည်။ (ယခုအချိန်မှစ၍ အဆုံးစီရင်ခြင်းခံရသူ မည်သူမဆိုသည် ငါ၏နိုင်ငံသားတစ်ဦး ဖြစ်ရမည်မဟုတ်သကဲ့သို့၊ စာတန်၏ သားစဉ် မြေးဆက်တစ်ဦး ဖြစ်ရမည်ကို အတည်ပြုပြီးပြီ ဖြစ်သည်။)

သားဦးများအနေဖြင့်၊ သင်တို့သည် သင်တို့၏အနေအထားများကို ထိန်းသိမ်းထားသင့်ပြီး၊ သင်တို့၏ ကိုယ်ပိုင်တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းသင့်ကာ၊ စပ်စုသောသူများ မဖြစ်သင့်ပေ။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်အတွက် သင်တို့သည် မိမိကိုယ်ကိုယ် ဆက်ကပ်သင့်ပြီး၊ သင်တို့သွားသည့်နေရာတိုင်းတွင် ငါ့အတွက် ကောင်းသောသက်သေခံခြင်းကို ပြုသင့်ကာ၊ ငါ၏နာမကို ဘုန်းထင်ရှားစေသင့်၏။ ရှက်ဖွယ်သော လုပ်ရပ်တို့ကို မကျူးလွန်နှင့်။ ငါ၏သားများနှင့် ငါ၏လူတို့အားလုံးအတွက် ပုံသက်သေ ဖြစ်လော့။ တစ်ခဏမျှပင် အကျင့်တရားမပျက်လေနှင့်။ သင်တို့သည် အယောက်တိုင်းရှေ့တွင် သားဦးများ၏ ပင်ကိုလက္ခဏာဆောင်လျက် အမြဲ ရှိရမည်ဖြစ်ကာ ဖော်လံဖားရမည်မဟုတ်။ ယင်းထက်၊ ခေါင်းမော့လျက် ရှေ့ဆက် ခြေလှမ်းလှမ်းသင့်၏။ ငါ၏နာမကို အရှက်ရစေရန်မဟုတ်ဘဲ၊ ငါ၏နာမကို ဘုန်းထင်ရှားစေကြရန် သင်တို့ကို တောင်းဆိုနေခြင်းဖြစ်သည်။ သားဦးများဖြစ်ကြသောသူတို့ အသီးသီးသည် ၎င်းတို့ တစ်ဦးချင်းကိုယ်တိုင် လုပ်ငန်းတာဝန် ရှိကြပြီး၊ အရာရာတိုင်းကို မလုပ်ဆောင်နိုင်ကြပေ။ ဤသည်မှာ သင်တို့ကို ငါပေးထားသော တာဝန်ဖြစ်ပြီး၊ ထိုတာဝန်ကို ခေါင်းရှောင်ရမည် မဟုတ်။ သင်တို့ကို ငါ ပေးအပ်ထားသည့် အရာကို ဖြည့်ဆည်းရန် သင်တို့သည် မိမိတို့ကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနှင့် အစွမ်းရှိသမျှဖြင့် ဆက်ကပ်ကြရမည်။

ယနေ့မှရှေ့ဆက်၍၊ စကြဝဠာလောကအနှံ့တွင် ငါ၏သားများအားလုံးနှင့် ငါ၏လူမျိုးအားလုံးကို ထိန်းကျောင်းခြင်းတာဝန်အား ဖြည့်ဆည်းဖို့ ငါ၏ သားဦးများထံ အပ်နှံလိမ့်မည်ဖြစ်ပြီး၊ ထိုတာဝန်ကို ဖြည့်ဆည်းဖို့ မိမိတို့၏ နှလုံးသားနှင့် စိတ်တစ်ခုလုံးကို ဆက်ကပ်နိုင်ခြင်း မရှိသူ မည်သူမဆိုအား ငါ ပြစ်တင်ဆုံးမမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း ဖြစ်၏။ ငါသည် ငါ၏သားဦးများအပေါ်တွင်ပင် သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ လျှော့ပေါ့ ပေးလိမ့်မည် မဟုတ်။

ငါ၏သားများနှင့် ငါ၏လူတို့ကြားတွင် ငါ၏သားများထဲမှတစ်ဦးကို လှောင်ပြောင်ကာ စော်ကားသောသူ ရှိပါက၊ ငါ၏ သားဦးများသည် ငါကိုယ်တိုင်အား ကိုယ်စားပြုကြသည့်အတွက် ငါသည် ထိုသူတို့ကို ပြင်းထန်စွာ အပြစ်ပေးမည်။ ငါ၏သားဦးများကို တစ်စုံတစ်ယောက်က ပြုသောအရာသည် ငါ့ကို ပြုခြင်းပင်ဖြစ်၏။ ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ ထဲမှ အပြင်းထန်ဆုံးသောအမိန့် ဖြစ်သည်။ ဤအမိန့်ကို ချိုးဖောက်သော ငါ၏သားများနှင့် ငါ၏လူများထဲမှ မည်သူမဆိုအပေါ် ငါ၏ဖြောင့်မတ်ခြင်းကို ငါ၏သားဦးများ၏ ဆန္ဒများနှင့်အညီ စီရင်ဖို့ ၎င်းတို့ကို ငါအခွင့်ပေးမည်။

ငါ့ကို ပေါ့ပြက်စွာ သဘောထားပြီး ငါ၏အစားအစာ၊ အဝတ်အစားနှင့် အိပ်စက်ခြင်းကိုသာ အာရုံစိုက်သူ၊ ငါ၏အပြင်ပန်း အရေးကိစ္စများကိုသာ အရေးစိုက်လုပ်ဆောင်ပြီး၊ ငါ၏ဝန်ထုပ်ဝန်ပိုးကို အလေးထားခြင်းမရှိသကဲ့သို့၊ ၎င်းတို့ကိုယ်တိုင်၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အာရုံမစိုက်သောသူ မည်သူမဆိုကို ငါသည် တဖြည်းဖြည်း စွန့်ပစ်မည်။ ဤသည်မှာ နားရှိသောသူအားလုံးတို့ကို ညွှန်ကြားခြင်းဖြစ်သည်။

ငါ့အတွက် အစေခံခြင်းကို ပြီးစီးအောင်လုပ်ဆောင်သောသူ မည်သူမဆိုသည် ရေးကြီးခွင်ကျယ်မလုပ်ဘဲ နာခံစွာ ဆုတ်ခွာကြလိမ့်မည်။ သတိထားလော၊ သို့မဟုတ်ပါက ငါသည် သင့်ကို ဖယ်ထုတ်လိမ့်မည်။ (ဤသည်ကား နောက်ဆက်တွဲ အမိန့်တစ်ခုဖြစ်သည်။)

ငါ၏ သားဦးများသည် ယခုမှစ၍ သံလှံတံကို ကောက်ကိုင်ကာ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့ကို အုပ်စိုးရန်၊ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့ကြားတွင် လျှောက်လှမ်းရန်နှင့်၊ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့ကြားတွင် ငါ၏တရားစီရင်မှု၊ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကို ဖော်ဆောင်ရန်၊ ငါ၏ဩဇာအာဏာကို စတင် စီမံဆောင်ရွက်ကြလိမ့်မည်။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်သည် ပြည့်စုံကာ ငါ၏ သားဦးများသည် ငါနှင့်အတူ စိုးစံနိုင်ကြသောကြောင့်၊ ငါ၏သားများနှင့် ငါ၏လူမျိုးတို့သည် ရပ်စဲခြင်းမရှိဘဲ၊ ငါ့ကို ကြောက်ရွံ့လိမ့်မည်၊ ငါ့ကို ချီးမွမ်းလိမ့်မည်၊ ငါ့ကို ကောင်းချီးဩဘာပေးကာ ဘုန်းထင်ရှားစေကြလိမ့်မည်။

ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ ဤအမှု တိုးတက်သည်နှင့်အမျှ ၎င်းတို့ကို သင်တို့အား ငါပြောပြမည်။ အထက်က စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များမှ၊ ငါ၏ အမှုကို လုပ်ဆောင်သည့် ခြေလှမ်းအပြင်၊ မည်သည့်အဆင့်သို့ ငါ၏အမှု ရောက်ရှိပြီးဖြစ်သည်ကို သင်တို့ မြင်ရကြလိမ့်မည်။ ဤသည်မှာ အတည်ပြုချက်တစ်ခု ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈၈)

(၅၉၉) နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် အခန်း)

၁) လူသားသည် မိမိကိုယ်ကိုယ် မကြီးမြတ်စေသင့်သကဲ့သို့၊ မိမိကိုယ်ကိုယ် မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။

၂) ဘုရားသခင်၏အမှုအတွက် အကျိုးရှိသည့်အရာတိုင်းကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတော်တို့ကို ကာကွယ်ရမည်။

၃) ဘုရားသခင်အိမ်တော်ရှိ ငွေ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှု အားလုံးတို့သည် လူသားက ပေးသင့်သည့် လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ လူ၏ လှူဖွယ်ပစ္စည်းများသည် ဘုရားသခင်၏ မွေ့လျော်ခံစားခြင်းအတွက် ဖြစ်သောကြောင့်၊ ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတစ်ပါး မည်သူမျှ ခံစား၍မရပေ။ ဘုရားသခင်သည် ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့်သာ မျှဝေခံစားသည်။ အခြားမည်သူမျှ ယင်းတို့၏ မည်သည့်အစိတ်အပိုင်းကိုမျှ ခံစားရန် အရည်အချင်း မပြည့်မီပေ၊ သို့မဟုတ် ခံစားခွင့် မရှိပေ။ (ငွေကြေးနှင့် မွေ့လျော်ခံစား၍ရသည့် ရုပ်ဝတ္ထုပစ္စည်းများ အပါအဝင်) လူသား၏ လှူဖွယ်ပစ္စည်းများ အားလုံးကို လူကို မဟုတ်ဘဲ၊ ဘုရားသခင်အား ပေးအပ်ခြင်း ဖြစ်ပြီး၊ ထို့ကြောင့် ဤအရာတို့ကို လူသားက မမွေ့လျော်မခံစားသင့်ပေ။ လူသားသည် ယင်းတို့ကို မွေ့လျော်ခံစားခဲ့မည်ဆိုပါက၊ သူသည် လှူဖွယ်ပစ္စည်းများကို ခိုးယူခြင်း ဖြစ်မည်။ ယုဒသည်လည်း သစ္စာဖောက်တစ်ဦး ဖြစ်ခြင်းအပြင်၊ ငွေအိတ်ထဲသို့ ထည့်သည့်အရာကို အခွင့်မရှိဘဲ ယူဆောင်သည့်အတွက်၊ ဤအရာပြုသောသူ မည်သူမဆိုသည် ယုဒ ဖြစ်၏။

၄) လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး၊ ထို့အပြင် စိတ်ခံစားမှုများ ရှိသည်။ ထို့သို့ဖြင့် ဘုရားသခင်ကို အစေခံချိန်တွင် ဆန့်ကျင်ဘက်လိင် အသင်းသား နှစ်ဦးအား အဖော်မပါဘဲ၊ အတူတကွ အလုပ်လုပ်ခြင်းကို လုံးဝ တားမြစ်ထား၏။ ထိုသို့လုပ်ဆောင်နေသည်ကို အမိခံရသူ မည်သူမဆိုသည် ခြွင်းချက်မရှိ ထုတ်ပယ်ခြင်းခံရလိမ့်မည်။

၅) ဘုရားသခင်ကို မဝေဖန်နှင့်၊ ပြီးလျှင် ဘုရားသခင်နှင့် ဆက်နွှယ်သည့် ကိစ္စရပ်များကို သာမန်ကာလျှံကာ မဆွေးနွေးနှင့်။ လူ လုပ်သင့်သည့်အတိုင်း လုပ်ဆောင်လော့၊ လူ ပြောသင့်သည့်အတိုင်း ပြောလော့၊ ပြီးလျှင် ကန့်သတ်ချက်များကို မကျော်လွန်နှင့်၊ စည်းဘောင်များကို မကျူးကျော်နှင့်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့်အရာ တစ်ခုတစ်လေ လုပ်ဆောင်ခြင်းကို ရှောင်ရှားဖို့ သင်၏နှုတ်ကို စောင့်ထိန်းပြီး သင် ခြေလှမ်းလှမ်းရာကို သတိပြုလော့။

၆) လူ ပြုသင့်သောအရာကို ပြုပြီး၊ သင်၏ဝတ္တရားများကို ဆောင်ရွက်ကာ သင်၏ တာဝန်များကို ဖြည့်ဆည်းပြီး၊ သင်၏ တာဝန် စောင့်ထိန်းလော့။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ဘုရားသခင်၏ အမှုအဖို့ သင်၏ ဖြည့်ဆည်းမှုကို သင် ပြုသင့်ပေသည်။ သင် ဖြည့်ဆည်းမှု မပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ဖို့ မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အိမ်ထောင်စုတွင် အသက်ရှင်ဖို့ မသင့်တော်ပေ။

၇) အသင်းတော်၏အလုပ်နှင့် ကိစ္စရပ်များတွင် ဘုရားသခင်ကို နာခံခြင်းမှလွဲ၍ အရာရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူ၏ ညွှန်ကြားချက်များကို လိုက်နာလော့။ အနည်းငယ်မျှသော ချိုးဖောက်မှုကိုပင် လက်ခံ၍မရပေ။ အကြွင်းမဲ့ လေးစားလိုက်နာလော့၊ ပြီးလျှင် အမှန်၊ အမှား မစိစစ်နှင့်။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပေ။ အကြွင်းမဲ့နာခံခြင်းကိုသာ စိတ်ဝင်စားလော့။

၈) ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။

၉) အသင်းတော်၏အလုပ်ကို အမြဲ တွေးလော့။ သင်ကိုယ်တိုင်၏ အသွေးအသား မျှော်လင့်ချက်များကို ဘေးဖယ်လော့၊ မိသားစု ကိစ္စများနှင့်ပတ်သက်၍ တိကျပြတ်သားလော့၊ ဘုရားသခင်၏ အမှုအဖို့ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ပြီး၊ ဘုရားသခင်၏အမှုကို ပထမဦးစားပေးကာ သင်ကိုယ်တိုင်၏ ဘဝကို ဒုတိယထားလော့။ ဤသည်မှာ သန့်ရှင်းသူတစ်ဦး၏ ကျင့်ဝတ်ဖြစ်၏။

၁၀) (သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။ မယုံကြည်သူ ဆွေမျိုးသားချင်းများသည် အသင်းတော်ထဲသို့ အင်တင်တင်ဖြင့် ဝင်သည့်အခါတွင်ပင် ၎င်းတို့ကို စာအုပ်များ ထုတ်ပေးရမည် မဟုတ်သကဲ့သို့၊ အမည်သစ်လည်း မပေးရ။ ထိုသို့သော လူများသည် ဘုရားသခင်၏ အိမ်ထောင်စုနှင့် မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့၏ အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းကို လိုအပ်သည့် မည်သည့်နည်းဖြင့်မဆို ရပ်တန့်စေရမည်။ မကောင်းဆိုးဝါးများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့်၊ အသင်းတော်အပေါ် ဒုက္ခကျရောက်သည်ရှိသော်၊ သင်ကိုယ်တိုင်သည် ထုတ်ပယ်ခြင်း ခံရလိမ့်မည် သို့မဟုတ် သင့်အပေါ် ကန့်သတ်ချက်များ ထားရှိခံရလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤကိစ္စရပ်၌ အယောက်တိုင်းတွင် တာဝန်ရှိသည်၊ သို့သော် သင်သည် မဆင်မခြင် မပြုသင့်သကဲ့သို့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ပြန်ချေပခြင်းများအတွက်လည်း ယင်းကို အသုံးမပြုသင့်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်

(၆၀၀) လူတို့သည် မိမိတို့ ဆောင်ရွက်သင့်သော တာဝန်များစွာကို လိုက်နာရမည်...။ ဤသည်မှာ လူတို့ လိုက်နာသင့်သည့် အရာဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ ဆောင်ရွက်ရမည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ရမည့်အရာကို သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ပါလေ့စေ။ လူသားသည် ယင်းတွင် မည်သည့် အစိတ်အပိုင်းကိုမျှ မလုပ်ဆောင်နိုင်ပေ။ လူက လုပ်ဆောင်သင့်သည့်အရာကို လူသားက လုပ်ဆောင်သင့်သည်၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ယင်းသည် လူသားက လုပ်ဆောင်သင့်ပြီး ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားကို လိုက်နာစောင့်ထိန်းသကဲ့သို့ပင် ပညတ်တော်များအဖြစ် စောင့်ထိန်းလိုက်နာသင့်သည့်အရာသာ ဖြစ်သည်။ ယခုအချိန်သည် ပညတ်တော်ခေတ် မဟုတ်သော်လည်း၊ ပညတ်တော်ခေတ်တွင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များကဲ့သို့ အလားတူညီသည့် လိုက်နာစောင့်ထိန်းသင့်သော နှုတ်ကပတ်တော်များစွာ ရှိနေဆဲ ဖြစ်သည်။ ထိုနှုတ်ကပတ်တော်တို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုအပေါ် အမှီပြုရုံမျှဖြင့် ဆောင်ရွက်ထားခြင်းမဟုတ်ဘဲ၊ လူသားအနေဖြင့် လိုက်နာစောင့်ထိန်းသင့်သည့် အရာတစ်ခု ဖြစ်ပါသည်။ ဥပမာအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အမှုအပေါ် သင့်အနေဖြင့် ဝေဖန်အကဲဖြတ်မှု မပြုသင့်ပေ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသောသူကို သင်သည် မဆန့်ကျင်သင့်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင်၊ သင်၏ နေရာကို ထိန်းသိမ်း ရမည်ဖြစ်ပြီး၊ သောက်စားပျော်ပါးတွင် မမွေ့လျော်ရ။ စကားပြောရာတွင် သင်သည် သင့်တင့်မျှတရမည်ဖြစ်ပြီး၊ သင်၏ စကားများနှင့် လုပ်ရပ်များက ဘုရားသခင်၏ သက်သေပြုခြင်း ခံရသည့် လူနှင့်ဆိုင်သော အစီအစဉ်များကို လိုက်နာရမည်။ ဘုရားသခင်၏ သက်သေခံချက်ကို သင် ရိုသေလေးမြတ် သင့်သည်။ သင်သည် ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များကို လျစ်လျူမရှုသင့်ပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ သဘောသွားနှင့် ရည်မှန်းချက်များကို မတုပရ။ အပြင်ပန်းတွင်၊ သင်သည် ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူအား သိသာထင်ရှားစွာ ဆန့်ကျင်သည့် မည်သည့်အရာကိုမဆို မလုပ်ဆောင်ရ။ အစရှိသည်တို့ဖြစ်သည်။ ဤအရာများသည် လူအသီးသီး လိုက်နာစောင့်ထိန်းသင့်သော အရာများ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေတ်သစ်၏ ပညတ်တော်များ

(၆၀၁) ယနေ့တွင်၊ အောက်ဖော်ပြပါ အရာများထက် မည်သည့်အရာမျှ လူသားအတွက် လိုက်နာစောင့်ထိန်းရန် သာ၍ အရေးမကြီးပေ- သင်သည် သင့်မျက်စိရှေ့တွင် ရပ်နေသော ဘုရားသခင်အား နားပူနားဆာ လုပ်ဖို့ သို့မဟုတ် သူ့ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ဖို့ မကြိုးစားရ။ သင်၏ ရှေ့တွင် ရှိနေသော ဘုရားသခင်၏ ရှေ့မှောက်တွင် ညစ်ညူးမှု သို့မဟုတ် မာနထောင်လွှားသော စကားကို မမြွက်ရ။ သူ၏ ယုံကြည်ကိုးစားမှုကို ရရှိဖို့ ပျားသကာလောင်းသောစကားများနှင့် မျှတသော စကားများဖြင့် သင့်မျက်စိရှေ့ရှိ ဘုရားသခင်ကို မလှည့်စားရ။ ဘုရားသခင်၏ ရှေ့မှောက်တွင် မလေးမခန့် မပြုမူရ။ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသောအရာအားလုံးကို သင် နာခံရမည် ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို အတိုက်အခံ မလုပ်ရ၊ မဆန့်ကျင်ရ သို့မဟုတ် ငြင်းခုံခြင်း မပြုရ။ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော စကားများကို သင့်တော်သည်ဟု သင်မှတ်ယူသည့်အတိုင်း အနက်အဓိပ္ပာယ် ပြန်ဆိုခြင်း မပြုရ။ ဆိုးယုတ်သောသူတို့၏ လှည့်ဖြားတတ်သော အကြံအစည်များထဲသို့ သားကောင်ဖြစ်စေခြင်းကို ရှောင်ရှားရန် သင်၏ နှုတ်ကို စောင့်ထိန်းသင့်သည်။ ဘုရားသခင်က သင့်အတွက် ချမှတ်ထားသော နယ်နိမိတ်များကို ကျူးကျော်ခြင်းအား ရှောင်ရှားဖို့ သင်၏ ခြေလှမ်းများကို စောင့်ကြပ်သင့်သည်။ သင်သည် ကျုးကျော်မိပါက၊ ဤအရာက သင့်ကို ဘုရားသခင်၏ နေရာတွင် ရပ်တည်စေလိမ့်မည် ဖြစ်ပြီး၊ စိတ်ကြီးဝင်ပြီး ဟိတ်ဟန်များသော စကားများကို ဆိုစေလိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို သင် ခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော စကားများကို လက်လွတ်စပယ် သင် မဖြန့်ဝေဘဲ၊ သူတစ်ပါးတို့အား သင့်ကို မလှောင်ပြောင်စေသင့်သကဲ့သို့ နတ်ဆိုးတို့အား သင့်ကို မလှည့်စားစေသင့်ပေ။ ယနေ့၏ ဘုရားသခင်၏ အမှုအားလုံးကို သင်နာခံရမည်။ ယင်းကို သင်နားမလည်လျှင်ပင် အကဲဖြတ်ဝေဖန်ခြင်း မပြုရ။ သင် လုပ်နိုင်သမျှအားလုံးမှာ ရှာဖွေပြီး မိတ်သဟာယပြုရန် ဖြစ်သည်။ ဘုရားသခင်၏ နဂိုမူလ နေရာကို မည်သူမျှ မကျူးကျော်ရ။ ယနေ့၏ ဘုရားသခင်အား လူ၏နေရာမှ အစေခံခြင်းမှလွဲ၍ အခြား မည်သည့် အရာကိုမျှ သင် လုပ်ဆောင်၍မရ။ ယနေ့၏ ဘုရားသခင်အား လူ၏နေရာမှ သင်သည် သွန်သင်၍ မရ- ထိုသို့လုပ်ဆောင်ဖို့ဆိုသည်မှာ ဆုံးဖြတ်ချက်လွဲမှားပေသည်။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူ၏ နေရာတွင် မည်သူမျှ ရပ်တည်၍မရစကောင်း။ သင်၏စကားများ၊ လုပ်ရပ်များနှင့် အတွင်းကျကျ အတွေးများတွင် သင်သည် လူ၏ နေရာတွင် ရပ်တည်ပေသည်။ ဤအရာကို လိုက်နာရမည် ဖြစ်သည်၊ ယင်းသည် လူ၏ တာဝန်ဝတ္တရား ဖြစ်ပြီး၊ မည်သူမျှ ပြောင်းလဲ၍ မရနိုင်။ ပြောင်းလဲဖို့ ကြိုးပမ်းခြင်းသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ရာ ရောက်ပေမည်။ ဤအရာကို အားလုံး သတိရသင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေတ်သစ်၏ ပညတ်တော်များ

(၆၀၂) ငါမိန့်မြွက်သမျှ ဝါကျတိုင်း၌ သြဇာအာဏာနှင့် တရားစီရင်မှုတို့ ပါဝင်ပြီး၊ ငါ၏နှုတ်ကပတ်တော်များကို အဘယ်သူမျှ မပြောင်းလဲနိုင်ပေ။ ငါ၏နှုတ်ကပတ်တော်များကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် ငါ၏နှုတ်ကပတ်တော်များနှင့်အညီ အမှုအရာများ ပြီးမြောက်ဖို့ သေချာပေသည်။ ဤသည်ကား ငါ၏စိတ်သဘောထား ဖြစ်၏။ ငါ၏နှုတ်ကပတ်တော်များသည် သြဇာအာဏာဖြစ်ပြီး ၎င်းတို့ကို ပြင်ဆင်သူ မည်သူမဆိုသည် ငါ၏ပြစ်တင်ဆုံးမခြင်းကို ပုန်ကန်ပြစ်မှားသောကြောင့် ၎င်းတို့ကို ငါဒဏ်ခတ်ရမည်။ ပြင်းထန်သည့်အခြေအနေများ၌ ၎င်းတို့သည် မိမိတို့၏ အသက်တာများပေါ် ပျက်စီးယိုယွင်းခြင်း ကျရောက်စေကြပြီး မရဏနိုင်ငံသို့ဖြစ်စေ၊ အနက်ဆုံးသော တွင်းထဲသို့ဖြစ်စေ သွားကြလေသည်။ ဤသည်ကား လူသားမျိုးနွယ်ကို ငါကိုင်တွယ်ဖြေရှင်းသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ ယင်းကို ပြောင်းလဲရန် လူသား၌ နည်းလမ်းတစ်ခုမျှ မရှိပေ— ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ ဤအရာကို သတိရလော့။ ငါ၏အမိန့်ကို အဘယ်သူမျှ ပုန်ကန်ပြစ်မှားခွင့်မရှိ။ အမှုအရာတို့ကို ငါ၏အလိုအတော်အတိုင်း လုပ်ဆောင်ရမည်။ ယခင်က ငါသည် သင်တို့အပေါ် သက်ညှာလွန်းခဲ့ပြီး ငါ၏နှုတ်ကပတ်တော်များကိုသာ သင်တို့တွေ့ကြုံခဲ့ကြသည်။ လူများကို ဒဏ်ခတ်ခြင်းနှင့်ပတ်သက်၍ ငါမိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များမှာ ဖြစ်မလာသေးပေ။ သို့သော် ယနေ့မှစ၍ ငါ၏အလိုတော်နှင့် မကိုက်ညီသူ အားလုံးကို အပြစ်ဒဏ်ပေးရန်အတွက် (ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်နွှယ်သော) ကပ်ဘေးများအားလုံးသည် တစ်ခုပြီးတစ်ခု ကျရောက်လာလိမ့်မည်။ ဖြစ်ရပ်မှန်များ ပေါ်ထွန်းလာရမည်- သို့မဟုတ်လျှင် လူတို့သည် ငါ၏အမျက်ဒေါသကို မြင်နိုင်ကြမည်မဟုတ်ဘဲ ကိုယ်ကျင့်တရားများ အကြိမ်ကြိမ် ပျက်ပြားကြလိမ့်မည်။ ဤသည်ကား ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ခုဖြစ်ပြီး၊ ငါ့အမှု၏နောက်တစ်ဆင့်ကို ငါလုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ သင်တို့အနေဖြင့် ပြစ်မှားမှုကျူးလွန်ခြင်းနှင့် ထာဝရပြစ်ဒဏ်ပေးခံရခြင်းကို ရှောင်ရှားနိုင်ရန်အလို့ငှာ ဤအရာကို ငါကြိုတင်ပြောဆိုထားခြင်းဖြစ်၏။ ဆိုလိုသည်မှာ၊ ယနေ့မှစကာ ငါ၏သားဦးများမှလွဲ၍ ခပ်သိမ်းသောလူတို့အား ငါ၏အလိုတော်နှင့်အညီ သင့်တော်သောနေရာများကို ယူစေမည်ဖြစ်ပြီး ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် ငါပြစ်တင်ဆုံးမမည်။ ငါသည် ၎င်းတို့ တစ်ယောက်တလေကိုမျှ လွတ်ငြိမ်းခွင့်ပေးမည်မဟုတ်။ သင်တို့အနေဖြင့် ကိုယ်ကျင့်တရား ထပ်မံပျက်ပြားဝံ့ကြသေးပါက ပျက်ကြည့်ကြလော့။ ပုန်ကန်ဝံ့ကြသေးပါက ထပ်မံပုန်ကန်ကြည့်ကြလော့။ ငါသည် အားလုံးအပေါ် ဖြောင့်မတ်သည်၊ ငါ၌ စိတ်ခံစားချက် တစိုးတစိမျှမရှိဟု ယခင်က ငါပြောဆိုပြီးဖြစ်ကာ၊ ငါ၏စိတ်သဘောထားအား မပြစ်မှားသင့်ကြောင်းကို ဤအရာက ပြသ၏။ ဤသည်မှာ ငါ၏ဇာတိအဖြစ်တော်ဖြစ်၏။ ဤအရာကို အဘယ်သူမျှ မပြောင်းလဲနိုင်။ ခပ်သိမ်းသောသူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ကြားကြပြီး၊ ငါ၏ဘုန်းကြီးသော မျက်နှာထားကိုမြင်ကြ၏။ ခပ်သိမ်းသောသူတို့သည် ငါ့အား လုံးဝအကြွင်းမဲ့နာခံကြရမည်— ဤသည်မှာ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ ငါသည် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ငါသည် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်သည့်အတွက် စကြဝဠာအနှံ့နှင့် မြေကြီးစွန်းရှိ ခပ်သိမ်းသောသူတို့သည် ငါ့အား ချီးမွမ်းပြီး ဘုန်းထင်ရှားစေသင့်ကြ၏။ ငါ၏နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များ၊ ငါ၏စကားနှင့် အပြုအမူများသည် ငါတစ်ပါးတည်းနှင့်သာဆိုင်သည့် ကိစ္စရပ်များဖြစ်ပြီး ရှေးအကျဆုံးသော အချိန်ကာလများမှ ငါပိုင်ဆိုင်ထားသည့် အရာများဖြစ်ကာ ထာဝရတည်ရှိနေမည့် အရာများဖြစ်သောကြောင့် ၎င်းတို့ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၀)

(၆၀၃) ငါ၏ တရားစီရင်ခြင်းသည် အယောက်တိုင်းထံသို့ ရောက်လာသည်၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များသည် အယောက်တိုင်းကို တို့ထိပြီး ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ ဇာတိအဖြစ်တော်ကို အယောက်တိုင်းထံ ထုတ်ဖော်ပြထားသည်။ ဤသည်မှာ ငါ၏ ဝိညာဉ်တော်၏ ကြီးသောအမှု အတွက် အချိန်ဖြစ်သည် (ဤအချိန်တွင် ကောင်းချီးခံစားရမည့် သူများနှင့် ဘေးဥပဒ်ကြုံရမည့် သူများကို တစ်ဦးနှင့်တစ်ဦး ခွဲခြားထားပေသည်)။ ငါ၏ နှုတ်ကပတ်တော်များကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကောင်းချီး ခံစားရမည့် သူများနှင့် ဘေးဥပဒ် ကြုံရမည့်သူများကို ငါခွဲခြားပြီး ဖြစ်သည်။ ဤအရာသည် လုံးဝ ရှင်းလင်းပြတ်သားပြီး တစ်ချက်ကြည့်ရုံဖြင့် အားလုံးကို ငါမြင်နိုင်၏။ (ငါ၏ လူသားသဘာဝနှင့် စပ်လျဉ်း၍ ဤအရာကို ငါဆိုနေခြင်းဖြစ်သည်၊ ထို့ကြောင့် ဤနှုတ်ကပတ်တော်များသည် ငါ၏ ကြိုတင်ပြဌာန်းထားခြင်းနှင့် ရွေးကောက်ခြင်းတို့အား ကွဲလွဲဆန့်ကျင်ခြင်း မရှိပေ။) မသန့်ရှင်းသော နေရာများနှင့် အဓမ္မအမှုနှင့် ပြည့်သော တိုင်းပြည်များအားလုံး မတည်ရှိတော့ဘဲ ငါ၏ နှုတ်ကပတ်တော်များ၏ အကျိုးဆက်အဖြစ် ဗလာနတ္ထိအဖြစ်သို့ မီးရှို့ဖျက်ဆီးခြင်းကို ခံရဖို့အလို့ငှာ၊ ငါသည် နေရာတိုင်းကို စောင့်ကြည့်ကာ သန့်ရှင်းစင်ကြယ်စေရင်း တောင်များ၊ မြစ်များနှင့် အရာအားလုံးကြား၊ စကြဝဠာ အာကာသဟင်းလင်းပြင်များအနှံ့ လှည့်လည်သွားလာ၏။ ငါ့အတွက်၊ အရာခပ်သိမ်းသည် လွယ်ကူ၏။ အကယ်၍ ယခုအချိန်သည် ကမ္ဘာမြေကြီး၏ ပျက်စီးခြင်းအတွက် ငါကြိုတင်စီရင် ထားသော အချိန်ဖြစ်ခဲ့ပါက၊ နှုတ်ကပတ်တော် တစ်လုံးကို မိန့်မြွက်ခြင်းဖြင့် ကမ္ဘာမြေကြီးကို ငါဝါးမျိုနိုင်ပေသည်။ သို့ရာတွင်၊ ယခု အချိန်မကျသေးပေ။ ငါ၏ အစီအစဉ် အနှောင့်အယှက် မဖြစ်စေရန်နှင့် ငါ၏ စီမံခန့်ခွဲမှုကို အနှောင့်အယှက်မခံရဖို့အလို့ငှာ ဤအမှုကို ငါမပြုမီ အရာခပ်သိမ်းသည် အဆင့်သင့်ရှိရမည် ဖြစ်သည်။ ဤအရာကို မည်သို့ အကျိုးသင့် အကြောင်းသင့် ပြုရမည်ကို ငါသိသည်- ငါ၌ ငါ၏ ဉာဏ်ပညာ ရှိပြီး ငါ၌ ငါ၏ ကိုယ်ပိုင် အစီအစဉ်များ ရှိ၏။ လူတို့သည် လက်ချောင်း တစ်ချောင်းကိုမျှ မရွှေ့ရ။ ငါ၏ လက်၌ အသေသတ်ခြင်းကို မခံရရန် သတိပြုလော့။ ဤအရာ၌ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ထည့်သွင်းစဉ်းစားနှင့်ပြီးဖြစ်သည်။ ဤအရာမှ၊ နှစ်ဖက်ရှိသည့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအပြင် ၎င်းတို့ နောက်ကွယ်ရှိ အခြေခံသဘောတရားများ၏ ပြင်းထန်မှုကို မြင်နိုင်ပေသည်- တစ်ဘက်တွင် ငါသည် ငါ၏ အလိုနှင့်မကိုက်ညီသောသူနှင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူအားလုံးကို အသေသတ်သော်ငြားလည်း၊ အခြားတစ်ဘက်တွင် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူအားလုံးကို ငါ၏ အမျက်ဒေါသဖြင့် ကျိန်ဆဲပေသည်။ ဤရှုထောင့်နှစ်ခုသည် မရှိမဖြစ်ဖြစ်သကဲ့သို့၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ နောက်ကွယ်က စီရင်ဆုံးဖြတ်ခွင့် အာဏာရှိသော အခြေခံ သဘောတရားများ ဖြစ်သည်။ လူတစ်ဦး မည်မျှ သစ္စာရှိနိုင်သည်ကို ပဓာနမထားဘဲ၊ အယောက်တိုင်းသည် စိတ်ခံစားချက် မပါဘဲ ဤအခြေခံသဘောတရား နှစ်ခုအရ ကိုင်တွယ်ခြင်းခံရပေသည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း၊ ငါ၏ဘုန်းအာနုဘော်နှင့် မြေကြီးနှင့်သက်ဆိုင်သော အရာအားလုံး၊ လောကနှင့်သက်ဆိုင်သော အရာအားလုံးနှင့် ငါ၏ အလိုနှင့်မကိုက်ညီသော အရာအားလုံးကို မီးရှို့ဖျက်ဆီးမည့် ငါ၏ အမျက်ဒေါသတို့ကို ပြသရန်အတွက် လုံလောက်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ဝှက်ထားလျက်ရှိနေသော နက်နဲမှုများရှိပြီး၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ပြထားသည့် နက်နဲမှုများလည်း ရှိ၏။ ထို့ကြောင့်၊ လူသား၏အယူအဆများအရနှင့် လူသားစိတ်ထဲတွင် ငါ၏ နှုတ်ကပတ်တော်များသည် အစဉ် နားမလည်နိုင်စရာဖြစ်ပြီး၊ ငါ၏ စိတ်နှလုံးသည် အစဉ် ဉာဏ်မမီနိုင်ဖွယ်ဖြစ်သည်။ ဆိုလိုသည်မှာ လူသားများကို ၎င်းတို့၏ အယူအဆများနှင့် အတွေးတို့မှ ငါ မောင်းထုတ်ရမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အရေးကြီးဆုံးသော ကိစ္စ ဖြစ်သည်။ ငါ၏ သားဦးများကို ရယူရန်နှင့် ငါ ပြုလိုသော အရာများကို ဖြစ်မြောက်စေရန် ဤနည်းဖြင့် ငါ လုပ်ဆောင်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၃)

(၆၀၄) လောကဟောင်း ဆက်လက် တည်ရှိနေသရွေ့၊ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန် ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)

အရှေ့သို့- (ဃ) အရာခပ်သိမ်းတို့အတွက် အသက်၏ အရင်းအမြစ်အဖြစ် ဘုရားသခင်နှင့် ပတ်သက်၍

နောက်တစ်ခုသို့- ၁၃။ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ တိုက်တွန်းချက်များ၊ နှစ်သိမ့်မှုများ၊ သတိပေးချက်များနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။