မေးခွန်း (၁) ငါ ယုံကြည်တာကတော့ တို့တွေဟာ သခင်ယေရှုရဲ့နာမတော်နဲ့ သခင်ရဲ့လမ်းခရီးအပေါ် သစ္စာရှိမယ်ဆိုရင် ပြီးတော့ ခရစ်တော်အတုအယောင်တွေနဲ့ မိစ္ဆာပရောဖက်တွေရဲ့လှည့်စားတာကို လက်မခံဘဲ၊ စောင့်မျှော်ရာမှာလည်း သတိရှိကြမယ်ဆိုရင်တော့ သခင်က တို့တွေကို သူ ပြန်ကြွလာတဲ့အခါ သေချာပေါက် ထုတ်ဖော်ပြမှာပဲ ချီဆောင်ခံရဖို့အတွက် သခင့်ရဲ့အသံကို နားထောင်ဖို့ မလိုပါဘူး သခင်ယေရှုက ဒီလိုပြောခဲ့တယ်လေ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ခရစ်တော်အတုအယောင်တွေ၊ မိစ္ဆာပရောဖက်တွေရဲ့လှည့်စားတာတွေကို သတိမထားမိတာလား ပြီးတော့ သခင် ပြန်လာတာကို သက်သေခံတဲ့သူအားလုံးဟာ မှားယွင်းတယ်လို့ ငါတို့ယုံကြည်တယ်။ ငါတို့အနေနဲ့ ရှာဖွေစရာ ဆန်းစစ်စရာမလိုပါဘူး သခင် ဘယ်တော့ပြန်လာမယ်ဆိုတာကတော့၊ သူက တို့တွေကို ထုတ်ဖော်ပြလိမ့်မယ်။ ငါတို့ကို စွန့်ပစ်မှာမဟုတ်တာလည်း သေချာတယ် ဒါက မှန်ကန်တဲ့ဆောင်ရွက်ပုံလို့ ငါတော့ ယုံကြည်တယ် ခင်ဗျားတို့ အားလုံး ဘယ်လိုထင်ကြလဲ။

အဖြေ- နောက်ဆုံးသောကာလမှာ ခရစ်တော်အတုအယောင်များနှင့် မိစ္ဆာ ပရောဖက်များ ရှိလာမည်ဖြစ်ကြောင်း သခင်ယေရှုကိုယ်တိုင် အမှန်တကယ် ဟောကိန်းထုတ်ခဲ့ပါသည်။ ဤသည်မှာ အမှန်ပင် ဖြစ်သည်။ သခင်ယေရှု ကိုယ်တိုင် အကြိမ်တော်တော်များများ သူပြန်လာမည့် အကြောင်းကို ရှင်းရှင်းလင်းလင်း ပရောဖက်ပြု ခဲ့ပါသည်။ ဤအရာကို ကျွန်မတို့ ယုံကြည်နိုင်မည် မဟုတ်ပါလား။ သခင်ယေရှု ပြန်လာခြင်းနှင့် ဆိုင်သည့် ပရောဖက်ပြုချက်များကို စိစစ်ကြသည့်အခါတွင် လူတော်တော် များများက ခရစ်တော် အတုအယောင်များ၊ မိစ္ဆာပရောဖက်များကို သတိထားဖို့ အတွက်ပဲ ဦးစားပေးကြပါသည်။ မင်္ဂလာ သတို့သား ရောက်လာခြင်းကို မည်သို့ကြိုဆိုမည်၊ မင်္ဂလာသတို့သား၏ အသံကို မည်သို့ နားထောင်မည်တို့ကိုမူ လုံးဝမစဉ်းစားကြပါ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ စားပိုးနင့်မည်ကို စိုး၍ မည်သည့်အရာမျှ မစားခြင်းနှင့် တူမနေ ပါလား။ ကိစ္စငယ်များကို ဂရုစိုက်လွန်းပြီး၊ ကိစ္စကြီးများ ကိုမူ မဖြေရှင်းတတ်သကဲ့သို့ ဖြစ်မနေပါလား။ အမှန်မှာမူ ကျွန်မတို့က ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များကို မည်သို့ပင် သတိထားပါစေ၊ သခင် ပြန်လာခြင်းကို ကျွန်မတို့က မကြိုဆိုပါက၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ကို မရောက်နိုင် ပါက၊ ကျွန်မတို့က ဘုရားသခင်၏ ဖယ်ရှားပစ်ပယ်ခြင်း ကိုခံရသည့် မိုက်မဲသည့် သတို့သမီးများပင်ဖြစ်သည်။ သခင့်အပေါ် ကျွန်မတို့ ယုံကြည်ခြင်းက လည်း လုံးဝပျက်စီးသွားပါသည်။ သခင် ပြန်လာခြင်းကို ကျွန်မတို့ ကြိုဆိုနိုင်၏၊ မကြိုဆိုနိုင်၏ ဆိုသည့်အချက်၏ သော့ချက်မှာမူ ကျွန်မတို့က ဘုရားသခင်၏အသံကို ကြားနိုင်၏၊ မကြားနိုင်၏ဆိုသည့် အချက်အပေါ် မူတည်ပါသည်။ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်းကို အသိအမှတ်ပြု နေသရွေ့၊ ကျွန်မတို့အနေနှင့် ဘုရားသခင်၏အသံကို ခွဲခြားရာတွင် အခက်အခဲရှိမည်မဟုတ်ပါ။ သမ္မာတရားကို ကျွန်မတို့ မပိုင်းခြားတတ်ဘဲ၊ ဘုရားသခင်၏ အံ့ဖွယ်နိမိတ်လက္ခဏာများ အပေါ်မှာသာ အာရုံစိုက်နေမည်ပါက ခရစ်တော် အတုအယောင်များ၊ မိစ္ဆာပရောဖက်များ၏ လိမ်လည် လှည့်ဖြားခြင်းကို ခံရမည်မှာ သေချာပါသည်။ အကယ်၍ ကျွန်မတို့ မှန်ကန်သည့် လမ်းကို မရှာဖွေ၊ မစစ်ဆေး ပါက၊ ဘုရားသခင်၏ အသံတော်ကို ကျွန်မတို့ မည်သည့်အခါမျှ ကြားနိုင်မည် မဟုတ်ပါ။ ကျွန်မတို့က သေဖို့နှင့်၊ မိမိကိုယ်ကို ပျက်စီးဖို့ စောင့်နေကြသူများ မဟုတ်ပါလား။ ကျွန်မတို့က သခင့်၏ နှုတ်ကပတ်တော်များကို ယုံကြည်သည်။ ဘုရားသခင်၏သိုးများက ဘုရားသခင်၏အသံကို ကြားပါသည်။ အသိဉာဏ်နှင့်အရည်အချင်းရှိပြီး၊ ဘုရားသခင်၏ အသံတော်ကို ကြားနိုင်သူများက ခရစ်တော်အတုအယောင်များ၊ မိစ္ဆာပရောဖက် များ၏ လှည့်စားခြင်းကို ခံရမည်မဟုတ်ပါ။ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များမှာ သမ္မာတရား မရှိသည့်အတွက်၊ ဘုရားသခင်၏အမှုတော်ကို မလုပ်နိုင်ပါ။ ဤအရာသည် ကျွန်မတို့အနေနှင့် ပူပန်ရမည့် အရာမဟုတ်ပါ။ ရှုပ်ထွေးနေသူများ နှင့် ဦးနှောက်မရှိသည့်သူများကိုမူ ခရစ်တော် အတုအယောင်များ၊ မိစ္ဆာပရောဖက်များက လိမ်လည်လှည့်ဖြား နိုင်လိမ့်မည်။ ပညာရှိသည့် သတို့သမီးများကိုမူ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များ က လှည့်စားနိုင်မည်မဟုတ်။ အဘယ့်ကြောင့်နည်းဆိုသော် သူတို့က ဘုရားသခင်၏ ကာကွယ်မှုနှင့် ဂရုစိုက်မှု ရရှိ၍ဖြစ်သည်။ ဘုရားသခင်က လူသားကိုဖန်ဆင်းသည့်အခါ၊ ပညာရှိသတို့သမီး များက လူသားဝိညာဉ်ကို ရခဲ့ကြသည့် အတွက်၊ ဘုရားသခင်၏အသံတော်ကို ကြားနိုင်ခဲ့ကြပါသည်။ ထိုကဲ့သို့ပင် ဘုရားသခင်က အပ်နှင်းသည့်အတွက်၊ ဘုရားသခင်၏သိုးများက သူ့၏အသံတော်ကို ကြားကြပါသည်။ မိုက်မဲသည့် သတို့သမီးများကသာ သူတို့ကိုယ်သူတို့ ခရစ်တော် အတုအယောင်များ နှင့် မိစ္ဆာ ပရောဖက်များ၏ရန်ကနေ ကာကွယ်ဖို့ပဲ အာရုံစိုက်ပြီး၊ သခင် ပြန်လာခြင်းကို ရှာဖွေစူးစမ်းဖို့ လျစ်လျူရှု ကြပါသည်။ အကယ်၍ သခင် ပြန်လာခြင်းကိုကြိုဆိုဖို့ ဆန္ဒရှိပါက၊ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များ ၏ လှည့်စားခြင်းကို မခံချင် ပါက၊ ခရစ်တော် အတုအယောင်များက လူများကို မည်သို့လှည့်စားသည်ကို ကျွန်မတို့ နားလည်ထားရပါမည်။ အမှန်မှာမူ၊ သခင်ယေရှုက ကျွန်မတို့ကို ခရစ်တော်အတုအယောင်များနှင့် မိစ္ဆာပရောဖက်များ၏ အလေ့အထများ အကြောင်း ပြောထားပြီး သားပင် ဖြစ်ပါသည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၄) သခင်ယေရှု၏နှုတ်ကပတ်တော်များကနေ ကျွန်မတို့ကို ညွှန်ပြသည်မှာ ခရစ်တော် အတုအယောင်များ၊ မိစ္ဆာပရောဖက်များက ဘုရားသခင် ရွေးကောက်ထားသည့်လူများကို လှည့်စားဖို့အတွက်၊ အံ့ဖွယ်နိမိတ် လက္ခဏာများ ဖော်ပြခြင်းကိုသာ အဓိကအားကိုးကြကြောင်း ဖြစ်သည်။ ဤသည်မှာ ခရစ်တော် အတုအယောင်များ၏ လူများကို လှည့်စားခြင်းမှာ အဓိကကျသည့် သရုပ်သကန်ဖြစ်သည်။ ဤနေရာတွင် ကျွန်မတို့ လုံးဝ နားလည်ထားရမှာက ခရစ်တော် အတုအယောင်များက လူများကို လှည့်စားဖို့ အတွက် အံ့ဖွယ်နိမိတ်လက္ခဏာများကို အဘယ့်ကြောင့် သုံးရသနည်း။ အဓိကမှာ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာ ပရောဖက်များတွင် သမ္မာတရား လုံးဝကင်းမဲ့ သောကြောင့်ဖြစ်သည်။ သဘောသဘာဝနှင့် အနှစ်သာရအရလည်း သူတို့က အဆုံးစွန်အထိ ဆိုးယုတ်သည့် မိစ္ဆာဝိညာဉ်များဖြစ်သည်။ ထို့ကြောင့် သူတို့က လူများကို လှည့်စားဖို့အတွက် အံ့ဖွယ် နိမိတ် လက္ခဏာများကို မှီခိုကြရပါသည်။ အကယ်၍ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များက သမ္မာတရားကို ပိုင်ဆိုင်သည်ပါက သူတို့က လူများကို လှည့်စား ဖို့အတွက် အံ့ဖွယ်နိမိတ်လက္ခဏာများကို သုံးမည်မဟုတ်ပါ။ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များက အံ့ဖွယ်နိမိတ်လက္ခဏာ များကို ပြခြင်းမှာ၊ ၎င်းတို့က ထိုမျှသာ လုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ ယင်းကို ကျွန်မတို့ မမြင်နိုင်သေး ပါက၊ ကျွန်မတို့ကို သူတို့ လှည့်ဖြားဖို့ အလွန် လွယ်လိမ့်မည်။ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပါသည်၊ သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ လူများကို လမ်းပြပေးနိုင်၊ အသက်တာကို ပေးနိုင်သူက ခရစ်တော်ဆိုသည့် တစ်ဦးတည်းသာ ဖြစ်ပါသည်။ သမ္မာတရားကို ဖော်ပြနိုင်စွမ်း မရှိသူများက ခရစ်တော် ယောင်ဆောင်သူများ ဆိုသည်မှာ သေချာပါ သည်။ သူတို့က အတုအယောင်များ ဖြစ်သည်။ ဤသည်မှာ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက် များကို ခွဲခြားရာတွင် အခြေခံသဘောတရားပဲ ဖြစ်ပါသည်။ မှန်ကန်သည့်လမ်းကို ရှာဖွေသူများအားလုံးက ဘုရားသခင်၏အသံကို ရှာဖွေစိစစ်ရာတွင် ဤသဘောတရားကို လိုက်နာသင့်ပါသည်။ ဤကဲ့သို့ လုပ်သည့်သူ အတွက် မမှားနိုင်ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ခရစ်တော်အတုအယောင်တွေနှင့် မိစ္ဆာပရောဖက်တွေ၏အလေ့အထတွေကို ဖော်ထုတ်ပြထားပြီးသား ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။...လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း)ဘုရားသခင်၏ အမှုသည် အမြဲ သစ်လွင်ကာ မည်သည့်အခါမျှ အိုဟောင်းမသွားသကဲ့သို့၊ အမှုဟောင်းကို မည်သည့်အခါတွင်မျှ သူ ထပ်မံမလုပ်ဆောင်ဘဲ၊ ယင်းထက် ယခင်က လုံးဝ မလုပ်ဆောင်ဖူးသည့် အမှုကို တစ်ဟုန်ထိုး လုပ်ဆောင်သည့်အတွက်၊ ဘုရားသခင်၏ အမှုသည် မည်သည့်အခါတွင်မျှ လူသား၏ အယူအဆများနှင့် မကိုက်ညီပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း)

ဘုရားသခင်က အမြဲတမ်း အသစ်ဖြစ်ပြီး၊ မည်သည့်အခါမျှ ဟောင်းနွမ်းမသွားကြောင်း၊ ပြီးလျှင် အမှုတော်တစ်ခုတည်းကို မည်သည့်အခါမျှ ထပ်မလုပ်ကြောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောနေ ပါသည်။ ဤသည်မှာ ယေရှုက အမှုတော်ပြုဖို့ လာစဉ်ကကဲ့သို့ ဖြစ်သည်။ သူက ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ပညတ်တော်ခေတ်ကို ကုန်ဆုံးစေခဲ့ပါသည်။ သူက ရွေးနှုတ်ခြင်း အမှုတော်၏အဆင့်တစ်ခုကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ လူများကို အပြစ်ကနေ ကယ်တင်ခဲ့ပါသည်။ သူ့၏အမှုတော် ထိရောက်စေ ဖို့အတွက်၊ အံ့ဖွယ်နိမိတ် လက္ခဏာတချို့ကိုလည်း ပြသခဲ့ပါသည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် ကြွရောက်လာပါပြီ။ သူက နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးပြီး၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့ပါပြီ။ သို့သော် သခင်ယေရှု ပြုခဲ့သည့်အမှုတော်ကို ကိုယ်တော်က ထပ်ပြီးမဆောင်ရွက်ပါ။ ထိုအစား သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုအပေါ် အခြေခံပြီး၊ တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင်၏ အိမ်တော်ကနေ စတင်ဆောင်ရွက်ပါသည်။ ကိုယ်တော်က လူများကို သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းအတွက် အလုံးစုံသော သမ္မာတရားများကို ဖော်ပြပါသည်။ လူများ၏အပြစ်နှင့် ဆိုးယုတ်သည့် စိတ်သဘောထား၏ ရင်းမြစ်ကို ဖြေရှင်းပေးဖို့ဖြစ်သကဲ့သို့၊ လူများအနေနှင့် ဘုရားသခင်အားဖြင့် ရရှိခြင်းခံရအောင်၊ စာတန်၏လွှမ်းမိုးမှုအောက်ကနေ အလုံးစုံကယ်တင် ပေးဖို့လည်း ဖြစ်ပါသည်။ သို့ပါက ခရစ်တော်အတုအယောင်များ ကရော။ သူတို့ကမူ ခရစ်တော်ယောင်ဆောင်ကြသည့် မိစ္ဆာဝိညာဉ်များ ဖြစ်သည်၊ သူတို့က ခေတ်သစ်တစ်ခု ဖွင့်လှစ်ခြင်းအမှုကို လုပ်နိုင်စွမ်း မရှိသကဲ့သို့၊ ခေတ်ဟောင်းတစ်ခုကိုလည်း အဆုံးသတ်နိုင်စွမ်း မရှိပါ။ သူတို့က မစဉ်းစား မချင့်ချိန်တတ်သူများကို လှည့်စားဖို့အတွက် ရိုးရှင်းသည့် နိမိတ်လက္ခဏာတချို့ကို ပြသရင်းနှင့် သခင်ယေရှုကို တုပဖို့သာတတ်နိုင်ပါသည်။ သို့သော် ယေရှု ပြုလုပ်ခဲ့သည့် သေသူကို ရှင်ပြန်ထမြောက်စေခြင်း၊ မုန့်ငါးလုံးနှင့် လူငါးထောင်ကျွေးခြင်း၊ လေနှင့်ပင်လယ်ကို ဆုံးမခြင်းတို့ကိုမူသူတို့ တုပနိုင်စွမ်းမရှိကြပါ။ ယင်းတို့မှာ သူတို့အနေနှင့် လုံးဝလုပ်နိုင်စွမ်း မရှိသော အရာများ ဖြစ်ပါသည်။ အမှန်မှာမူ ခရစ်တော်အတုအယောင်များက ဆိုးယုတ်ပါ သည်။ သူတို့က မိစ္ဆာဝိညာဉ်များဖြစ်ပြီး၊ သမ္မာတရား လည်း လုံးဝ ကင်းမဲ့ပါသည်။ ထို့ကြောင့်လည်း လူများကို လှည့်စားဖို့အတွက် အံ့ဖွယ်နိမိတ်လက္ခဏာများကို မှီခိုနေကြရပါသည်။ သို့မဟုတ် ပါကလည်း သူတို့က ဘုရားသခင် နှုတ်ကပတ်တော်များ ၏လေသံနှင့် တစ်ခါက ဘုရားသခင် မိန့်ဆိုခဲ့သည့် ရိုးရှင်းသည့် နှုတ်ကပတ်တော်များကို တုပရင်းနှင့်သာ လူများကို လှည့်စားပြီး သတိပေးပါသည်။ စစ်မှန်သည့်ခရစ်တော်နှင့် ခရစ်တော် အတုအယောင်တို့ ကို မည်သို့ခွဲခြားမလဲဆိုသည့် သမ္မာတရားနှင့်ပတ်သက်ပါက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့် ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များကနေ ကျွန်မတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်မှာ ခရစ်တော်က ဘုရားသခင် လူ့ဇာတိခံယူခြင်း ဖြစ်ပြီး၊ သူက လူ့ဇာတိတွင်ပေါ်ပေါက်လာသည့် ဘုရားသခင်၏ ဝိညာဉ်ဖြစ်သည်။ တစ်နည်းပြောရရင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏ စိတ်နေသဘောထားအပါအဝင်၊ ဘုရားသခင် ပိုင်ဆိုင်သမျှအရာအားလုံး ဖြစ်ပါသည်။ ဘုရားသခင်၏ ဉာဏ်ပညာက လူ့ဇာတိတွင် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ခရစ်တော်က ဘုရား၏သဘောသဘာဝ အနှစ်သာရ ရှိသကဲ့သို့၊ သမ္မာတရား၏ ပြယုဂ်လည်း ဖြစ်ပါသည်။ သူက နေရာတိုင်းတွင် လူများကို အထောက်အပံ့ပေးဖို့၊ ထိန်းကျောင်းဖို့အတွက် သမ္မာတရားကို အမြဲတမ်း ဖော်ပြနိုင်ပါသည်။ ခရစ်တော်ကသာ လူများကို ရွေးနှုတ်ခြင်း၊ ကယ်တင်ခြင်းအမှုကို ပြုနိုင်ပါသည်။ ဤသည်မှာ ဘယ်သူမျှ မတုပနိုင်သကဲ့သို့၊ ဘယ်သူမှလည်း မငြင်းနိုင်ပါ။ တစ်ဖက်မှာလည်း ခရစ်တော် အတုအယောင်များက မိစ္ဆာဝိညာဉ်များ ပူးကပ်နေသူများ ဖြစ်သည်။ သူတို့က လွန်လွန်ကဲကဲ မောက်မာကြသကဲ့သို့၊ ယုတ္တိလည်း မတန်ကြပါ။ အနှစ်သာရအရ သူတို့က မိစ္ဆာဝိညာဉ်များ၊ နတ်ဆိုးများဖြစ်သည်။ ထို့ကြောင့် မည်သို့ အံ့ဖွယ်နိမိတ်လက္ခဏာများ လုပ်ပြပါစေ၊ သို့မဟုတ် ကျမ်းစာကို မည်သို့ပင် အနက်ပြန်လွဲပါစေ၊ သို့မဟုတ် လေးနက်သည့် အသိပညာနှင့် အယူအဆအကြောင်း မည်သို့ပင် ပြောပါစေ၊ သူတို့က လူများကို လှည့်စားခြင်း၊ ထိခိုက်စေခြင်း၊ ပျက်စီးစေခြင်းသာ ရှိပါသည်။ သူတို့လုပ်သမျှက လူများကို စာရိတ္တမြှင့်တင်ပေးခြင်း တစ်ခုမှမရှိပါ။ သူတို့လုပ်သမျှက လူများ၏ နှလုံးသားများ ပိုပြီးမှောင်မိုက်သွားစေဖို့ဖြစ်သည်။ နောက်ဆုံးတွင် စာတန်၏ဝါးမျိုခြင်း ခံရအောင်၊ လူများကို လျှောက်စရာလမ်း မရှိသည့်အဖြစ်နှင့် ထားခဲ့ကြပါသည်။ ဤကဲ့သို့ မြင်နိုင်ပါသေးသည်။ ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာပရောဖက်များက စာတန်ကနေ ဆင်းသက် ဝင်စားလာခြင်းဖြစ်ပြီး၊ သူတို့က ဘုရားသခင်၏အမှုတော်ကို နှောင့်ယှက်တားဆီးဖို့ ရောက်လာသည့် မိစ္ဆာနတ်ဆိုးများဖြစ်သည်။ ထို့ကြောင့် သူတို့က လှည့်စား ပျက်စီးစေသည့်လူများ မည်မျှပင်များပါစေ၊ သူတို့လည်း မကြာခင်တွင် ပြိုလဲလိမ့်မည်၊ ပျက်စီးကြပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွင် သမ္မာတရားဆိုသည်မှာ တစ်စက်ကလေးမျှ မရှိသောကြောင့် ဖြစ်သည်။ ကျွန်မတို့က စစ်မှန်သည့် ခရစ်တော်နှင့် ခရစ်တော် အတုအယောင်များကြား မည်သို့ခွဲခြားရမည် ဆိုသည့် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ ခရစ်တော်အတုအယောင်များ၏ လှည့်စားခံရမည်ကိုလည်း ကြောက်သည့် အတွက် ဘုရားသခင်၏အသံကို ကြားဖို့၊ သို့မဟုတ် ဘုရားသခင် ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့အတွက် ကျွန်မတို့က မည်သို့မှ ငြင်းဆန်နိုင်မည်မဟုတ်ပါ။

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ခရစ်တော်အတုအယောင်တွေ၊ မိစ္ဆာပရောဖက်တွေရဲ့အနှစ်သာရကို ထုတ်ဖော်ပြတာကြောင့်သာ ကျွန်မတို့အနေနဲ့ ချင့်ချိန်နိုင်စွမ်း ရကြတာပါ တကယ်တမ်းတော့ ခရစ်တော်အတုအယောင်တွေနဲ့ မိစ္ဆာပရောဖက်တွေဟာ သမ္မာတရား လုံးဝမရှိတဲ့ မိစ္ဆာဝိညာဉ်တွေပါပဲ သူတို့က လူတွေကိုလှည့်စားဖို့အတွက် ရိုးရှင်းတဲ့ အံ့ဖွယ်နိမိတ်လက္ခဏာတချို့ကိုပဲ ပြနိုင်ကြတာပါ ကျွန်မတို့က ဒီ သမ္မာတရားကို နားလည်ပြီဆိုရင် ခရစ်တော်အတုအယောင်တွေနဲ့ မိစ္ဆာပရောဖက်တွေရဲ့လှည့်စားတာကို ခံရတော့မှာမဟုတ်ပါဘူး နောက်ထပ်ကော ဘာကျန်ဦးမလဲ။ ဘုရားသခင်က သူ ပြန်လာတဲ့အချိန်မှာ လူတွေကို သေချာပေါက် စေ့ဆော်ပေးလိမ့်မယ်လို့ ဦးလေးက ပြောသေးတယ်နော် တကယ်တော့ လူတော်တော်များများက ဒီလိုယုံကြည်ကြတာပါ သူတို့ဟာ သခင့်ရဲ့လမ်းခရီးနဲ့နာမတော်ကို သစ္စာရှိနေသရွေ့၊ သခင် ကြွလာတဲ့အခါ သူတို့ကို ထုတ်ဖော်ပြလိမ့်မယ် ကောင်းကင်နိုင်ငံတော်ဆီလည်း တိုက်ရိုက်ခေါ်ဆောင်လိမ့်မယ်။ ဘုရားသခင်ရဲ့အသံကို ကြားစရာမလိုဘူးပေါ့လေ ဒါက သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေနဲ့ ရှင်းရှင်းကြီး ဆန့်ကျင်နေတာပါ သခင်ယေရှု ကဒီလိုမိန့်မှာ ခဲ့ပါတယ် “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) သခင်ယေရှုက ရှင်းရှင်းလင်းလင်း ပြောခဲ့တာပါ သခင် ကြွလာတဲ့အခါ၊ နှုတ်ကပတ်တော်တွေကို ဖွင့်ဟလိမ့်မယ်။ ဘုရားသခင်ရဲ့အသံတော်ကို ဖော်ပြလိမ့်မယ် ဘုရားသခင်ရဲ့အသံကို ကြားတဲ့သူ၊ ရှာတဲ့သူ၊ လက်ခံတဲ့သူ အားလုံးဟာ သခင် ပြန်လာခြင်းကို ကြိုဆိုကြမှာဖြစ်ပြီး၊ ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ ခေါ်ဆောင်ခံရမှာပါ သခင် ကြွလာပြီဆိုတဲ့အကြောင်း လူတွေက သက်သေခံကြတာကို ကြားပေမယ့်၊ ကျွန်မတို့က ရှာဖွေမစူးစမ်းဘူးဆိုရင် လုံလောက်ပါ့မလား သခင်က ထုတ်ဖော်ပြလာမှာကို စောင့်နေရုံသက်သက်နဲ့ ဖြစ်နိုင်ပါ့မလား သခင်ကကော ဒါမျိုး လုပ်နိုင်ပါ့မလား သူ ထုတ်ဖော်ပြတာကို စောင့်နေကြဖို့ သခင်က ပြောခဲ့လို့လား သူ မပြောခဲ့ပါဘူး ဒါကြောင့် အဲဒီလိုအမြင်တွေဟာ လမ်းလွဲစေရုံ၊ လှည့်ဖြားရုံသက်သက်ပါပဲ ဆင်ခြင်မှုမရှိတဲ့ အရူးတွေသာ အဲဒါမျိုးတွေ ပြောလိမ့်မယ် တကယ်လို့ ကျွန်မတို့က ဒီအဆိုအတိုင်း၊ သခင် ထုတ်ဖော်ပြတာကို စောင့်နေမယ်ဆိုရင် သေတဲ့အထိ စောင့်နေရုံကလွဲလို့ ဘာမှမရှိတော့ဘူး။ ကိုယ့်ကျရှုံးမှုကို ကိုယ်တိုင်ဖန်တီးသလိုဖြစ်နေမယ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့်ကြရအောင် “ဘုရားသခင်၏ အမှုသစ်သည် မည်သည့်အရာပင် ဖြစ်ပါစေ၊ ၎င်းကို ဗျာဒိတ်များဖြင့် ခိုင်လုံစွာ တင်ပြနိုင်ရမည်ဖြစ်ပြီး၊ ထိုသို့သောအမှု၏ အဆင့်တစ်ခုစီတွင် ‘စစ်မှန်သော’ နှလုံးသားဖြင့် သူ့နောက်လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များ ပြသကြရမည်၊ သို့မဟုတ်ပါက ထိုသို့သောအမှုသည် ဘုရားသခင်၏ အမှုမဖြစ်နိုင်ဟု ယုံကြည်ကြသူ သာ၍ပင် ရှိလေသည်။ လူသားအတွက် ဘုရားသခင်ကို သိရှိလာရန်မှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်နှင့်လေပြီဖြစ်သည်။ လူသား၏ အဓိပ္ပာယ်မရှိသည့် စိတ်နှလုံးနှင့် သူ၏ မိမိဘာသာ ကြီးကျယ်ကာ စိတ်ကြီးဝင်ခြင်း နှင့်ဆိုင်သည့် ပုန်ကန်တတ်သော သဘာဝတို့ အပြင် ယင်းကို ကြည့်ပါက၊ ဘုရားသခင်၏အမှုသစ်ကို လက်ခံရန် သူ့အတွက် သာ၍ပင် ခက်ခဲလာပေသည်။ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက်ဖြစ်သော စေ့စေ့စပ်စပ် စိစစ်ခြင်းကို မပြုသကဲ့သို့၊ ယင်းကို နှိမ့်ချခြင်းဖြင့်လည်း လက်မခံပေ။ ထိုအစား၊ ဘုရားသခင်ထံမှ ဗျာဒိတ်များနှင့် လမ်းပြမှုတို့ကို စောင့်ဆိုင်းနေစဉ် အထင်သေးသော သဘောထားကို သူ ထားရှိခံယူလေ၏။ ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ကာ ခုခံသောသူတို့၏ အပြုအမူဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ လက်ခံခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း) သခင် ကြွလာခြင်းနဲ့ပတ်သက်ပြီး ပြောရရင်တော့ ကျွန်မတို့ မျက်စိမှိတ်ပြီး ကိုယ့် လက်ခံယုံကြည်ချက်နဲ့ စိတ်ကူးတွေကိုတွယ် ဖက်နေမယ်ဆိုရင် ကျွန်မတို့က သမ္မာတရားကို မရှာဖွေဘဲ၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့အသံကို နားထောင်ဖို့ အာရုံမစိုက်ဘဲ၊ ဘုရားသခင်ရဲ့ထုတ်ဖော်ပြခြင်းကိုသာ စောင့်မျှော်တယ်ဆိုရင်တော့ သခင်ပြန် ကြွလာတာကို ဘယ်တော့မှ ကြိုလိုက်ရမှာမဟုတ်ဘူး။ ကျွန်မတို့သိသင့်တာက ကျေးဇူးတော်ခေတ်တုန်းက သခင်ယေရှုရဲ့နောက်လိုက်တပည့်တွေထဲမှာ ထုတ်ဖော်ပြခံရတာကြောင့် ဆည်းကပ်ခဲ့တာပါဆိုတဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး သူတို့အားလုံးလည်း သခင်ယေရှုအပေါ် လူတွေရဲ့သက်သေခံချက်ကို ကြားခဲ့ရတာမျိုး သခင်ယေရှုရဲ့ဖွင့်ဆိုချက်၊ ဟောကြားချက်တွေကို ကြားပြီး၊ သူ့အသံတော်ကို အသိအမှတ်ပြုခဲ့ကြတာမျိုးပါပဲ ဒီလိုနဲ့ သခင့်နောက်တော်ကို လိုက်ခဲ့ကြတာပါ ရှင်ပေတရုက ဘုရားသခင်ရဲ့ထုတ်ဖော်ပြခြင်းကို ခံရပြီး သခင်ယေရှုဟာ ဘုရားသခင်ရဲ့သားတော်၊ ခရစ်တော်ဖြစ်ကြောင်း သိသွားခဲ့ပေမယ့် ဒါက သူ့အနေနဲ့ သခင်ယေရှုနောက်တော်ကိုလိုက်ပြီး တော်တော်လေးကြာမှ ဖြစ်ခဲ့တာပါ သူကိုယ်တိုင်က သခင်ယေရှုရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့်၊ သခင်ယေရှုအကြောင်းကို တချို့တစ်ဝက် သိနေပြီးသားပါ အဲဒီအချိန်ကျမှ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလင်းပြခြင်းကို ရလိုက်တာပါ။ ဒါက အမှန်တကယ်ပါပဲ နောက်ဆုံးသောကာလမှာတော့၊ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ တရားစီရင်ခြင်းအမှုကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်ပါတယ် သူဟာ နှုတ်ကပတ်တော်သန်းပေါင်းများစွာကို ဖော်ပြထားသလို မရေမတွက်နိုင်တဲ့ ဆည်းကပ်သူတွေလည်း ရနေပါပြီ သူတို့အားလုံးဟာ နောက်တော်မလိုက်ခင်မှာ ဘုရားသခင်ရဲ့ထုတ်ဖော်ပြခြင်းကို ရခဲ့ကြလို့မဟုတ်ပါဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆည်းကပ်သူအားလုံးဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ရှာဖွေစူးစမ်းရင်းနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလင်းပြခြင်းကို ရခဲ့ကြတာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ အလုံးစုံသောသမ္မာတရားတွေဖြစ်တယ်လို့ သူတို့ ခံစားမိခဲ့ကြတာပါ ဘုရားသခင်ရဲ့အသံကို အသိအမှတ်ပြုမိကြပြီး၊ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတဲ့အတွက် ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ကို ခေါ်ဆောင်ခံရခဲ့ကြတာပါ ဒါက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကို ပြည့်စုံစေတာ ဖြစ်ပါတယ် “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဒါပေမဲ့ ဘာသာရေးအသိုက်အဝန်းထဲမှာတော့၊ သူတို့ရဲ့ခံယူချက်တွေ၊ စိတ်ကူးတွေကို စွန့်လွှတ်ဖို့ငြင်းဆန်တဲ့လူတွေက ရှိနေပါတယ် သူတို့တွေက သခင့်ရဲ့ထုတ်ဖော်ပြခြင်းကိုပဲ စောင့်နေကြတယ်။ ဘုရားသခင်ရဲ့အသံကို နားထောင်ဖို့ ငြင်းဆန်ကြတယ် အထူးသဖြင့် သင်းအုပ်ဆရာတွေနဲ့ သင်းထောက်တွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအမှုတော်ကို မျက်မြင်တွေ့ရတဲ့အခါ၊ ရှာဖွေမစူးစမ်းတဲ့အပြင် ကောလာဟလတွေကို လုပ်ကြံပြောဆိုကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကိုလည်း အထိတ်တလန့်နဲ့ ဆန့်ကျင်ရှုတ်ချကြတယ် သူတို့က ယုံကြည်သူတွေကိုတောင် လှည့်စားကြတဲ့အပြင်၊ စစ်မှန်တဲ့လမ်းကို မစူးစမ်းမိအောင်လည်း တားဆီးကြပါတယ် ဒီလူတွေကို ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်အားဖြင့်၊ တောမျိုးစေ့တွေ၊ အန္တိခရစ်တွေအဖြစ် ထုတ်ဖော်ပြထားပါတယ် သူတို့တွေဟာ ဘုရားသခင်ရဲ့အမှုတော်အားဖြင့် ထုတ်ဖော်ပြီး ဖယ်ရှားခံရသူတွေပါပဲ တကယ်တော့ ကမ္ဘာပေါ်မှာ အမှုတော်ပြုဖို့အတွက် ဘုရားသခင် လူ့ဇာတိခံယူလိုက်တဲ့ နှစ်ကြိမ်လုံးမှာ၊ ကိုယ်တော်ဟာ ဘယ်သူ့ကိုမှ ကြိုတင်ပြီး ထုတ်ဖော်မပြပါဘူး ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်တာကြောင့်၊ သူ့အမှုတော်အတွက် သူ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ် သူဟာ လူတွေရဲ့ခံယူချက် စိတ်ကူးတွေနဲ့အညီ မလုပ်ဆောင်သလို၊ လူတွေရဲ့အကြံဉာဏ်ကိုလည်း မတောင်းပါဘူး ဘယ်သူ့ကိုမှလည်း ကြိုတင်ပြီး မပြောဆိုပါဘူး ဒီလိုနည်းနဲ့အမှုတော်ဆောင်ရွက်တဲ့အတွက် ဘုရားသခင်ဟာ လူတိုင်းအတွက် မျှတပါတယ် ဒါဟာ ကိုယ်တော်ရဲ့မျှတပြီး ဖြောင့်မတ်တဲ့ စိတ်သဘောထားကို လုံးဝ ထင်ရှားစေတာဖြစ်ပါတယ် ဒါ့အပြင် ဘုရားသခင်ရဲ့ဉာဏ်ပညာကို သူ့အမှုတော်မှာ ပြသလိုက်တာပါပဲ ဘုရားသခင်ရဲ့ သိုးတွေက ဘုရားသခင်ရဲ့အသံကိုကြားလိမ့်မယ်။ သမ္မာတရားကိုချစ်တဲ့သူတွေ၊ သမ္မာတရားကို ငြီးငွေ့နေသူတွေ ထက်မြက်သူ၊ တုံးအသူတွေနဲ့ ကောင်းတဲ့သူ၊ ဆိုးယုတ်သူတွေကို ထုတ်ဖော်ပြဖို့အတွက် ဘုရားသခင်ဟာ လက်တွေ့ကျတဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို အသုံးပြုပါတယ် သခင်ယေရှု ပြောခဲ့တာက “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲခရစ်ဝင် ၅:၃)ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြ လတံ့။(ရှင်မဿဲခရစ်ဝင် ၅:၆)စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။(ရှင်မဿဲခရစ်ဝင် ၅:၈) ဘုရားသခင်ထံမှာ ယုံကြည်တဲ့သူတွေဟာ နှိမ့်ချသင့်တယ်၊ ဖြောင့်မတ်ခြင်းကို ဆာငတ် သင့်တယ်။ ယေရှု တောင်းဆိုခဲ့သလို စိတ်နှလုံးလည်း ဖြူစင်သင့်ပါတယ် ပညာရှိတဲ့ သတို့သမီးများလို ကျွန်မတို့ဟာ ဘုရားသခင်ရဲ့အသံတော်ကိုသာ အာရုံစိုက်နားထောင်သင့်တယ်။ ကျွန်မတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ သမ္မာတရားတွေကို ရှာဖွေစူးစမ်းသင့်ပါတယ် ဒီနည်းအားဖြင့်သာ သိုးသငယ်ရဲ့မင်္ဂလာ စားပွဲကို တက်ရောက်နိုင်မှာပါ တကယ်လို့ ကျွန်မတို့က ခရစ်တော်အတုအယောင်တွေကိုပဲ မျက်ကန်းသဘောနဲ့ သတိထားပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေမစူးစမ်းဘူးဆိုရင် သခင့်ရဲ့ထုတ်ဖော်ပြခြင်းကိုပဲ ဆက်ပြီးစောင့်နေတယ်ဆိုရင် ကျွန်မတို့ဟာ မိုက်မဲတဲ့ မျက်ကန်းသတို့သမီးတွေ ဖြစ်နေကြပါပြီ။ ဖယ်ရှားခံရခြင်းကို ကိုယ့်ဘာသာ လုပ်ယူမိကြပါလိမ့်မယ်

စောင့်လို့နေ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) ကျွန်တော်ဆိုရင် မနေ့ညက အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်။” ဒါလေးက ဘုရားသခင်နှုတ်ကပတ်တော်ထဲက သိပ်ကောင်းတဲ့စာပိုဒ်တစ်ခုပါပဲ။ အရမ်းလက်တွေ့ကျတယ်၊ အရမ်းလည်း အရေးပါပါတယ်။ အကျင့်ပျက်နေတဲ့လူသားတွေဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံပြီး ကယ်တင်ခြင်းကို ဘာကြောင့် မဖြစ်မနေရယူရမယ်ဆိုတာနဲ့ပတ်သက်ရင်၊ ဒါက လူတွေအနေနဲ့ အရေးတကြီး နားလည်ရမယ့် သမ္မာတရားရဲ့လက္ခဏာတစ်ခုပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို နောက်ထပ်ဆွေးနွေးပေးပါဦး။

နောက်တစ်ခုသို့- မေးခွန်း (၂) ခရစ်တော်အတုအယောင်တွေက လူတွေကို လှည့်စားတဲ့ဖြစ်ရပ်တွေဟာ နိုင်ငံမျိုးစုံက ဘာသာရေးအသိုင်းအဝိုင်းတွေမှာ ပေါ်ပေါက်နေပါပြီ ကိုရီးယားမှာလည်း ကောင်းကောင်းမဆုံးဖြတ်နိုင်တဲ့သူတွေ အများသား။ ဒီတော့ ခရစ်တော်အတုကို ယုံကြည်ဖို့ လှည့်စားခံရတော့တာပေါ့ ဒါကလည်း သခင်ယေရှုရဲ့ဗျာဒိတ် မှန်ကန်ကြောင်း ပြသတာပဲ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ကျွန်တော့်အမြင်ကတော့ သခင်ဟာ လူ့ဇာတိခံပြီး ပြန်ရောက်နေပြီလို့ ဟောပြောတာတွေအားလုံးဟာ လုံးဝမှားတယ်လို့ ယုံကြည်တယ် လှည့်ဖြားမခံချင်ဘူးဆိုရင် ဒါတွေကို မယုံကြည်သင့်ဘူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။