မေးခွန်း (၂) ခရစ်တော်အတုအယောင်တွေက လူတွေကို လှည့်စားတဲ့ဖြစ်ရပ်တွေဟာ နိုင်ငံမျိုးစုံက ဘာသာရေးအသိုင်းအဝိုင်းတွေမှာ ပေါ်ပေါက်နေပါပြီ ကိုရီးယားမှာလည်း ကောင်းကောင်းမဆုံးဖြတ်နိုင်တဲ့သူတွေ အများသား။ ဒီတော့ ခရစ်တော်အတုကို ယုံကြည်ဖို့ လှည့်စားခံရတော့တာပေါ့ ဒါကလည်း သခင်ယေရှုရဲ့ဗျာဒိတ် မှန်ကန်ကြောင်း ပြသတာပဲ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ကျွန်တော့်အမြင်ကတော့ သခင်ဟာ လူ့ဇာတိခံပြီး ပြန်ရောက်နေပြီလို့ ဟောပြောတာတွေအားလုံးဟာ လုံးဝမှားတယ်လို့ ယုံကြည်တယ် လှည့်ဖြားမခံချင်ဘူးဆိုရင် ဒါတွေကို မယုံကြည်သင့်ဘူး

အဖြေ- အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက် သမ္မာတရားများကို စတင်ဖော်ပြခဲ့ချိန် ကစပြီး၊ လူသားများက နိုင်ငံတော်ခေတ် ကာလထဲကို ဝင်ရောက်ခဲ့ပါပြီ။ နိုင်ငံတော်ခေတ်က စတင်နေပါပြီ အကယ်၍ ကျွန်မတို့၏ ဘုရားသခင်အပေါ်ယုံကြည်မှုက ကျေးဇူးတော်ခေတ်တွင်ပဲ ပိတ်မိနေသေးသည်ပါက၊ ကျွန်မတို့ နောက်ကျကျန်နေခဲ့ပါပြီ။ ဘုရားသခင်၏အမှုတော်တွင်လည်း ဖယ်ကြဉ်ခံထားရပါပြီ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အိမ်တော်မှနေ စတင်သည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက်၊ ကိုယ်တော်ရှင်က လျှို့ဝှက်ပြီးကြွရောက်သည့် အချိန်တွင် ခရစ်တော်အတုအယောင်များ၊ လှည့်ဖြားသူတွေ များစွာသည်လည်း တစ်ချိန်တည်းတွင် ရှောင်လွှဲ၍ မရအောင် ပေါ်လာကြမည် ဖြစ်သည်။ ဘုရားသခင်၏အမှုတော်ကို လိုက်ပြီးနှောင့်ယှက်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်အတုအယောင်များ ပေါ်ပေါက်လာချိန်တွင် ဘုရားသခင်က လျှို့ဝှက်စွာနှင့် ရောက်ရှိနေခဲ့ပြီးပါပြီ။ ကျွန်မတို့သာ မသိခြင်း ဖြစ်ပါသည်။ ဤအချိန်တွင် ကျွန်မတို့က ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို မိမိအသိစိတ်နှင့်မိမိ ရှာဖွေစုံစမ်းသင့်ပါသည်။ သို့သော် သခင်ဒုတိယအကြိမ်ပြန်လာခြင်းနှင့် ပတ်သက်၍၊ ခရစ်တော် အတုအယောင်များကို သတိနှင့်တားဆီးခြင်း ကသာ အရေးကြီးဆုံး အလုပ်လို့ ယူဆကြသူများ အများကြီး ရှိနေပါသေးသည်။ သခင် ဒုတိယအကြိမ်ပြန်လာတာကို မည်သို့ လက်ခံမည်၊ ဘုရားသခင်၏ အသံကို နားထောင်ပြီး၊ ပညာဉာဏ် ကြီးသည့် ကညာပျိုများ ဖြစ်အောင် မည်သို့နေမည် တို့ကိုမူ ဂရုမစိုက်ကြပါ။ သူတို့၏ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများ ကိုသာဖက်တွယ်ထားကြသည်။ လူ့ဇာတိခံယူခြင်းအားဖြင့် သခင်ယေရှု ပြန်လာသည်ဆိုသည့် သက်သေခံချက်အားလုံးကို မှားသည်ဟု ထင်မြင်နေကြသည်။ အမှန်မှာမူ သူတို့က သခင်ယေရှု ဟောခဲ့သည့် ပညာဉာဏ်နည်းသည့်ကညာပျိုများ မဟုတ်ပါလား။ ဤသည်မှာ ပြန်လည်ကြွရောက်သည့် သခင်ယေရှုကို ပြစ်တင်ရှုတ်ချတာ မဟုတ်ပါလား။ သခင်ယေရှု ပြန်လာခြင်းကို သူတို့ ယုံကြည်ကြ ပါသလား။ ဤသည်မှာ သခင်ယေရှု၏ ဒုတိယအကြိမ် ပြန်လာခြင်းကို ငြင်းပယ်နေတာ မဟုတ်ပါလား။

ခရစ်တော်အတုနှင့် အစစ်ကို လူတစ်ယောက် ခွဲခြားပုံမှာ သူ့ရင်ထဲမှာ သမ္မာတရား ရှိမရှိဆိုသည်နှင့် ဖော်ပြပါသည်။ ပြီးတော့ သူက ပညာဉာဏ်ကြီးသည့်ကညာပျိုလား၊ ပညာဉာဏ်နည်းသည့် ကညာပျိုလားဆိုတာကို ဖော်ပြနိုင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ တချို့က ကျမ်းစာထဲက ဒီစာပိုဒ်လေးကို ခရစ်တော် လူ့ဇာတိခံယူခြင်းနှင့် ပြန်လာခြင်းကို ငြင်းဆိုရာမှာ အသုံးပြုကြသည်။ သူတို့က မိမိကိုယ်ကို ဉာဏ်နည်းကြောင်း ပြနေခြင်းသာ ဖြစ်သည်။ ခရစ်တော်အတုနှင့် ခရစ်တော်အစစ်ကို ခွဲခြားဖို့၊ လူတစ်ယောက်မှာ ပထမဆုံး ခရစ်တော်၏ အနှစ်သာရကို သိရပါသည်။ သခင်ယေရှုက လူ့ဇာတိခံယူသည့် ခရစ်တော်ဖြစ်ကြောင်း အားလုံး သိကြသည်။ ပြီးလျှင် ခရစ်တော်က ဘုရားသခင် လူ့ဇာတိခံယူတာဖြစ်ကြောင်း သိကြသည်။ တစ်နည်းပြောရလျှင် ကောင်းကင်ဘုံက ဘုရားသခင်က လူတွေကြားမှာ အမှုဆောင်ရွက်ဖို့ လူသားအဖြစ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ခရစ်တော်က ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းဖြစ်ပြီး၊ ဘုရားဖြစ်ခြင်းအနှစ်သာရကို ပိုင်ဆိုင်ပါသည်။ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ၊ ဘုရားသခင်၏ စိတ်နေသဘောထား၊ ပြီးလျှင် ဘုရားသခင်၏ ပိုင်ဆိုင်မှု၊ ဘုရားသခင်၏ ဝိဉာဉ်တော်ဖြစ်မှု၊ ဤအရာများအားလုံးက ခရစ်တော်မှာ ရုပ်လုံးပေါ်လာသည်။ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့ သံသယကင်းနိုင်တာက ခရစ်တော်က ဝေဝါးသည့် ဘုရားသခင်မဟုတ်ပါ၊ ဖမ်းဆုပ်မရသည့် စိတ်ကူးယဉ် ဇာတ်ကောင် မဟုတ်ပါ။ ခရစ်တော်က စစ်မှန်ပြီး လက်တွေ့ကျသည်၊ ကျွန်မတို့လူသားများ ယုံကြည်အားထား နိုင်ပါသည်။ ခရစ်တော်က ကျွန်မတို့ ယုံကြည်သိရှိ နိုင်သည့် လက်တွေ့ကျသည့် ဘုရားသခင် ဖြစ်ပါသည်။ သခင်ယေရှုက လူများကြားတွင် ထင်ထင်ရှားရှားနှင့် ရှင်သန်ရောက်ရှိ နေသကဲ့သို့ပင်ဖြစ်သည်။ လူသားများကြားတွင် ဦးဆောင်သွန်သင် ညွှန်ကြားနေသကဲ့သို့ ဖြစ်သည်။ ယခုဆိုလျှင် ခရစ်တော်၏ အနှစ်သာရကို သိပြီ၊ ခရစ်တော်အစစ်နှင့် ခရစ်တော်အတုကို ခွဲခြားရသည်မှာ အလွန်လွယ်ကူကြောင်းလည်း သိပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်တွေ၏ စာပိုဒ်လေး တစ်ခုကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု ကြွလာစဉ်က ပြောခဲ့ သည်မှာ- “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) ဟု ဖြစ်သည်။ သခင်ယေရှုက သမ္မာတရားအများအပြားကို ဖော်ပြခဲ့ပါသည်။ သနားကရုဏာနှင့် ပြည့်ဝသည့် စိတ်နေသဘောထားကိုလည်း ဖော်ပြခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ လူသားများအပေါ် ရွေးနှုတ်ခြင်းအမှုတော်ကိုလည်း ပြီးမြောက်စေခဲ့သည်။ သခင်ယေရှု၏အမှုတော်၊ ဖွင့်ဟချက်များနှင့် သူ ဖော်ပြခဲ့သည့် စိတ်နေသဘောထားများက ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့်အသက်ဖြစ်ကြောင်း၊ လုံးလုံးလျားလျား သက်သေခံ နေသည်။ နောက်ဆုံးသောကာလတွင်တော့ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွရောက်လာပြီး၊ မိန့်ဆိုခဲ့ပါသည်- “ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂)) အနန္တတန်ခိုးရှင်ဘုရားသခင်က နှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြထားသကဲ့သို့၊ စာစောင်ကိုလည်း ဖွင့်ခဲ့ပြီးပါပြီ။ ဖြောင့်မတ်ခြင်း အဓိကဖြစ်သည့် စိတ်သဘောထားကို ဖော်ပြနေခြင်းဖြစ်သကဲ့သို့၊ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်း အမှုကို ဆောင်ရွက် နေခြင်းလည်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် အကျင့်ပျက်လူသားများကို ကယ်တင်ခြင်းများကလည်း ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်းကို ထပ်ပြီး သက်သေခံနေ ပြန်သည်။ နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ဖို့၊ ကိုယ်တော် ပြန်လာလိမ့်မည်ဖြစ်ကြောင်းကို သခင်ယေရှုက ဟိုးအရင်ကတည်းက ဗျာဒိတ်ပေးထားခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင်လည်း လူသားအဖြစ်နှင့် လူ့ဇာတိခံ လိမ့်မည်၊ လူသား၏ အသွင်ကိုယူပြီး၊ လူသားတွေ၏ကမ္ဘာကို ကြွရောက်လာမည်၊ အသင်းတော်တွေကို မိန့်ဆိုပြမည် တို့ဖြစ်ပါသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏အမှုတော်က သခင်ယေရှု၏ ဒုတိယအကြိမ် ပြန်လည်ကြွရောက်ခြင်း ဗျာဒိတ်ကို ပြည့်စုံစေခဲ့ပါပြီ။ ဤသည်မှာ ကျွန်မတို့ကို မည်သည့်အရာကိုမြင်နိုင်စေသလဲဆိုလျှင် လူ့ဇာတိ ခံယူသည့် စစ်မှန်သောခရစ်တော်က သမ္မာတရားများနှင့် ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြဖို့၊ ကြွလာနိုင်သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နိုင်သည်။ လူများကို သိမ်းပိုက်နိုင်သည်၊ ကယ်တင်နိုင်သည်၊ သန့်စင်နိုင်သည် တို့ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီး၊ ဘုရားသခင်ကို သက်သေခံပြနိုင်ပါသည်။ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ကိုယ်တော် ဖော်ပြသည့် သမ္မာတရားများ အားလုံးက အကျင့်ပျက်နေသည့် လူသားများ အားလုံးကို မလွဲမသွေ အလုံးစုံသိမ်းပိုက်လိမ့်မည်။ ဘုရားသခင်အပေါ် စစ်မှန်စွာ ယုံကြည်သူ အားလုံးကိုလည်း ဘုရားသခင်၏ပလ္လင်တော်ရှေ့ ခေါ်ဆောင်နိုင် လိမ့်မည်။ ခရစ်တော်က ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို အမှန်တကယ် ပြီးမြောက်စေမည် ဖြစ်သည်။ ယင်းမှာ သေချာသည်။

ခရစ်တော်အတုအယောင်များက ခရစ်တော်ယောင်ဆောင်သည့် မိစ္ဆာဝိညာဉ်များဖြစ်သည်။ သူတို့က လှည့်စားသူများဖြစ်သည်။ ခရစ်တော် အတုအယောင်အများစုက မိစ္ဆာဝိညာဉ် ပူးကပ်နေသူများ ဖြစ်သည်။ မိစ္ဆာဝိညာဉ် မပူးကပ်လျှင်ပင်၊ သူတို့က မိမိကိုယ်ကို အရမ်းအထင်ကြီးနေသည့် ယုတ္တိမရှိသည့် နတ်မိစ္ဆာများဖြစ်ပါသည်။ ထို့ကြောင့်ပင် သူတို့က ခရစ်တော် ယောင်ဆောင်ကြခြင်း ဖြစ်သည်။ ခရစ်တော် ယောင်ဆောင်သည့် အမှုက သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားမှုဖြစ်ပြီး၊ ဒဏ်ခတ်ခံရမည်မှာ အသေအချာဖြစ်သည်။ ခရစ်တော် အတုအယောင်များ၏အနှစ်သာရက မိစ္ဆာဝိညာဉ်များသာ ဖြစ်သောကြောင့် ခရစ်တော်အတုအယောင် များက သမ္မာတရား လုံးဝ မရှိသည့်၊ မိစ္ဆာစစ်စစ်များ ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်တော်အတုများ၏ စကားအားလုံးက မုသားနှင့် အလိမ်အညာများ သာဖြစ်ပြီး၊ လူများယုံကြည်လာအောင် မစွမ်းဆောင်နိုင်ပါ။ ခရစ်တော် အတုအယောင်များ ပြောသမျှ လုပ်သမျှများက စစ်ဆေးစမ်းသပ် မခံနိုင်ပါ။ ထို့အပြင် အွန်လိုင်း ပေါ်တင်ပြီး လူများအားလုံး စုံစမ်းစစ်ဆေးခြင်းကို ခံယူနိုင်ရဲသည့် သတ္တိလည်း မရှိပါ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ခရစ်တော် အတုအယောင်များနှင့် မိစ္ဆာ ဝိညာဉ်များက အမှောင်ကမ္ဘာနှင့် သာဆိုင်ပြီး၊ နေ့၏ အလင်းရောင်ကို ခံနိုင်ရည်မရှိလို့ဖြစ်သည် သူတို့တတ်နိုင်သည်မှာ သာမန်ကာလျှံကာ နိမိတ်လက္ခဏာတချို့ကို လုပ်ပြခြင်းမျှသာဖြစ်သည်။ နေရာအနှံ့တွင် အမှောင်ရိပ်ထဲ ရောက်နေသည့် အသိဉာဏ်နည်းသူများကို လှည့်ဖြားဖို့ ဖြစ်သည်။ ထို့ကြောင့် သေချာတာက ခရစ်တော်ဟု မိမိကိုယ်ကို ပြောပြီး၊ လူများကိုလှည့်စားဖို့အတွက် သာမန်ကာလျှံကာ နိမိတ်လက္ခဏာများ ကိုသာ အားကိုးနေသူတိုင်းက ခရစ်တော် အတုအယောင်များ ဖြစ်ပါသည်။ နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားအားလုံးကို အွန်လိုင်းတွင် တင်ထားပြီးပြီဖြစ်သည့်အတွက် လူသားအားလုံး ပွင့်လင်းစွာ တွေ့မြင်နိုင်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး၊ သမ္မာတရားကို ချစ်မြတ်နိုးသူအားလုံးက မှန်ကန်သည့်လမ်းခရီးကို စုံစမ်းရှာဖွေနေကြပါသည်။ သူတို့ တစ်ယောက်ချင်းစီက ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားဖြင့် တရားစီရင်ခြင်း၊ သန့်စင်ခြင်း၊ စုံလင်စေခြင်းကို လက်ခံဖို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပလ္လင်တော်ရှေ့ကို ပြန်ပြီးသွားရောက်နေကြပါပြီ။ ဤသည်မှာ အားလုံး လက်ခံထားကြသည့် အချက်ဖြစ်သည်။ ခရစ်တော်အတုအယောင်များ ပြောသမျှ လုပ်သမျှများက လူ့ဇာတိခံယူထားသည့် ခရစ်တော်နှင့် လုံးဝကွဲပြား နေပါသည်။ သမ္မာတရားကို နားလည်သူများ အတွက်မူ မြင်ဖို့ သိပ်လွယ်ပါသည်။ ထို့ကြောင့် ခရစ်တော်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ခြင်းဆိုသည့် စံနှုန်းကို အခြေခံပြီး၊ ခရစ်တော်အစစ်နှင့် ခရစ်တော် အတုအယောင်များကို ခွဲခြားခြင်းက အတိကျဆုံး နည်းလမ်းဖြစ်ပါသည်။ ဘုရားသခင်၏သိုးများက ဘုရားသခင်၏ အသံကို နားထောင်ကြသည်လို့ သခင်ယေရှုက တစ်ခါက ပြောခဲ့သည်။ ပညာဉာဏ်ကြီးသည့် ကညာပျိုများက ဘုရားသခင်၏ အသံကို ကြားနိုင်ပါသည်။ ပညာဉာဏ်ကြီးသည့်ကညာပျိုများက မင်္ဂလာဆောင် သတို့သား၏စကားသံထဲက သမ္မာတရားကိုလည်း ရှာဖွေနိုင်ကြပါ လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲကနေ ဘုရားသခင်၏ စိတ်သဘောထားကို ရှာဖွေနိုင်ကြလိမ့်မည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကိုလည်း သိမြင်နိုင်ကြ လိမ့်မည်။ ပြီးလျှင်ဘုရားသခင်၏ရည်ရွယ်ချက်များကိုလည်း မြင်နိုင်ကြ ပါလိမ့်မည်။ ဤသို့နှင့် သူတို့က ဘုရားသခင်၏အမှုတော်ကို လက်ခံနိုင်လာပြီး၊ ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာကြလိမ့်မည်။ သို့ပါက ပညာဉာဏ်နည်းသည့် ကညာပျိုများက အဘယ့်ကြောင့် မင်္ဂလာဆောင်သတို့သား၏စကားသံကို မကြားနိုင်သနည်း။ ပညာဉာဏ် နည်းသည့် ကညာပျိုများက သမ္မာတရားဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း မသိမြင်နိုင်သောကြောင့်၊ ပညာမဲ့ကြပါသည်။ ဘုရားသခင်၏ အသံကို မခွဲခြားနိုင်ပဲ၊ စည်းမျဉ်းများကိုသာ လိုက်နာနိုင် ကြသည်။ ထို့ကြောင့် သူတို့က ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်အားဖြင့် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရလိမ့်မည်။

ဖြည့်စွက်ပြောရရင်၊ ခရစ်တော်အစစ်နဲ့ ခရစ်တော်အတု ခွဲခြားဖို့ အခြားအချက်တစ်ခုလည်း ရှိသေးတယ် အဲဒါကတော့ “ဘုရားသခင်ဟာ အမှုတော်ကို ဘယ်သောအခါမှ ထပ်တလဲလဲမပြုဘူး” ဆိုတာပါပဲ ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ ဘယ်တော့မှ အိုဟောင်းမသွားပဲ၊ အမြဲတမ်း အသစ်ဖြစ်လို့ပါပဲ ကဲ..အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြည့်ကြရအောင် “အကယ်၍ နောက်ဆုံးသော ကာလတွင် နာမကျန်းသောသူကို ကျန်းမာစေပြီး၊ နတ်ဆိုးများကို နှင်ထုတ်ကာ၊ လူသားအတွက် ကားစင်တင်ခံမည့် ယေရှုနှင့် အတူတူပင်ဖြစ်သော ‘ဘုရားသခင်’ တစ်ပါး ပေါ်ထွက်လာခဲ့မည် ဆိုပါက၊ သမ္မာကျမ်းစာထဲရှိ ဘုရားသခင်၏ ဖော်ပြချက်များနှင့် ထပ်တူထပ်မျှဖြစ်ပြီး လူသားအတွက် လက်ခံရန် လွယ်ကူသော်ငြားလည်း၊ ၎င်း၏ အနှစ်သာရအရ ဘုရားသခင်၏ ဝိညာဉ်တော်က ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ နတ်ဆိုးက ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိသာလျှင် ဖြစ်လိမ့်မည်။ အကြောင်းမှာ သူပြီးပြည့်စုံစေခဲ့ပြီးသော အရာကို မည်သည့်အခါမျှ ထပ်မလုပ်သည်မှာ ဘုရားသခင် အလုပ်၏ အခြေခံသဘောတရား ဖြစ်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ အရမ်းရှင်းလင်းပါတယ်။ ဘုရားသခင်ဟာ တူညီတဲ့အမှုတော်ကို ထပ်တလဲလဲမပြုပါဘူး သခင်ယေရှုက အမှုတော်ပြုဖို့ ရောက်လာခဲ့တုန်းကလိုပေါ့။ ကိုယ်တော်ဟာ ပညတ်တော်ခေတ်ရဲ့အမှုတော်ကို ထပ်ပြီး မလုပ်ခဲ့ဘူးလေ ဒါပေမဲ့ ပညတ်တော်ခေတ်မှာ ပြီးစီးခဲ့တဲ့အမှုတော်ကို အခြေခံပြီး၊ လူသားတွေကို ရွေးနုတ်ကယ်တင်ခြင်းဖြစ်တဲ့ သူ့အမှုတော်ရဲ့နောက်တစ်ဆင့်ကို ဆောင်ရွက်ခဲ့တယ် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး၊ ကျေးဇူးတော်ခေတ်ကို စတင်ခဲ့တာပါရှင် နောက်ဆုံးသောကာလရဲ့အနန္တတန်ခိုးရှင်ဘုရားသခင် ကြွရောက်ခြင်းကလည်း ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပေးပြီး၊ နိုင်ငံတော်ခေတ်ကို စတင်ပါတယ် သခင်ယေရှုရဲ့ရွေးနုတ်ခြင်းအမှုကို အခြေခံပြီး၊ ကိုယ်တော်ဟာ လူသားကို တရားစီရင်ခြင်း၊ သန့်စင်ခြင်းဆိုတဲ့ သူ့အမှုတော်ရဲ့နောက်တစ်ဆင့်ကို ဆောင်ရွက်ခဲ့တာပါ ကယ်တင်ခြင်းအတွက် လိုအပ်တဲ့ သမ္မာတရားအားလုံးကို လူတွေအပေါ် အပ်နှင်းလိုက်တာပါပဲ လူတွေရဲ့အကျင့်ပျက်စိတ်သဘောထားနဲ့ ဆိုးယုတ်တဲ့သဘာဝကို ဖြေရှင်းပေးလိုက်တာပါ လူတွေကို စာတန်ရဲ့လွှမ်းမိုးမှုအောက်ကနေ အလုံးစုံ ကယ်တင်လိုက်တာပါ လူတွေကို သန့်ရှင်းစေပြီး၊ ဘုရားသခင်အားဖြင့် အပြည့်အဝ ရရှိစေတာပါ ဒီလိုနဲ့ပဲ လူတွေကို ကယ်တင်ခြင်းဖြစ်တဲ့ ဘုရားသခင်ရဲ့စီမံခန့်ခွဲခြင်းအမှုဟာ အပြည့်အဝ ပြီးမြောက်ပါလိမ့်မယ် ဒါဟာ ဘာကိုပြသလဲဆိုတော့ ဘုရားသခင်ရဲ့အမှုတော်ဟာ အဆင့်တိုင်းမှာ အမြဲတမ်း ရှေ့ကိုပဲ တိုးတက်နေပြီး၊ ပိုမိုနက်နဲလာတယ်ဆိုတာပါပဲ အမှုတော်ရဲ့ ဘယ်အဆင့်ကိုမှ ထပ်တလဲလဲ မဆောင်ရွက်ပါဘူး ခရစ်တော်အတုအယောင်တွေက လူတွေကိုလှည့်ဖြားဖို့အတွက် သခင်ယေရှု ပြသခဲ့တဲ့ သာမန် အံ့ဖွယ်နိမိတ်လက္ခဏာတွေလောက်ကိုပဲ တုပနိုင်ပေမယ့် အဓိကကျတဲ့ နိမိတ်လက္ခဏာတွေဖြစ်တဲ့ သခင်ယေရှု သေရွာက ထမြောက်တာ မုန့်ငါးလုံး၊ ငါးနှစ်ကောင်တည်းနဲ့ လူ ၅ဝဝဝ ကို ဝအောင်ကျွေးမွေးနိုင်တာမျိုးကိုတော့ ခရစ်တော်အတုအယောင်တွေနဲ့ မိစ္ဆာဝိညာဉ်တွေက ဘယ်တော့မှ လုပ်ဆောင်နိုင်မှာမဟုတ်ဘူးရှင့် ဒါ့အပြင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကိုလည်း ခရစ်တော်အတုအယောင်တွေက ဘယ်တော့မှ တုပနိုင်မှာမဟုတ်ဘူး ခရစ်တော်အတုတွေရဲ့အနှစ်သာရဟာ မိစ္ဆာဝိညာဉ်တွေ၊ နတ်ဆိုးတွေ ဖြစ်နေတာကြောင့်ပါပဲ ခရစ်တော်အတုအယောင်တွေမှာ သမ္မာတရားမရှိပါဘူး။ လူတွေကို လိမ်ညာလှည့်စားပြီး ရှုပ်ထွေးစေတာပဲ ရှိတယ်

ပြန်လာခဲ့သူ ဘယ်သူပါလဲ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) ငါ ယုံကြည်တာကတော့ တို့တွေဟာ သခင်ယေရှုရဲ့နာမတော်နဲ့ သခင်ရဲ့လမ်းခရီးအပေါ် သစ္စာရှိမယ်ဆိုရင် ပြီးတော့ ခရစ်တော်အတုအယောင်တွေနဲ့ မိစ္ဆာပရောဖက်တွေရဲ့လှည့်စားတာကို လက်မခံဘဲ၊ စောင့်မျှော်ရာမှာလည်း သတိရှိကြမယ်ဆိုရင်တော့ သခင်က တို့တွေကို သူ ပြန်ကြွလာတဲ့အခါ သေချာပေါက် ထုတ်ဖော်ပြမှာပဲ ချီဆောင်ခံရဖို့အတွက် သခင့်ရဲ့အသံကို နားထောင်ဖို့ မလိုပါဘူး သခင်ယေရှုက ဒီလိုပြောခဲ့တယ်လေ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ခရစ်တော်အတုအယောင်တွေ၊ မိစ္ဆာပရောဖက်တွေရဲ့လှည့်စားတာတွေကို သတိမထားမိတာလား ပြီးတော့ သခင် ပြန်လာတာကို သက်သေခံတဲ့သူအားလုံးဟာ မှားယွင်းတယ်လို့ ငါတို့ယုံကြည်တယ်။ ငါတို့အနေနဲ့ ရှာဖွေစရာ ဆန်းစစ်စရာမလိုပါဘူး သခင် ဘယ်တော့ပြန်လာမယ်ဆိုတာကတော့၊ သူက တို့တွေကို ထုတ်ဖော်ပြလိမ့်မယ်။ ငါတို့ကို စွန့်ပစ်မှာမဟုတ်တာလည်း သေချာတယ် ဒါက မှန်ကန်တဲ့ဆောင်ရွက်ပုံလို့ ငါတော့ ယုံကြည်တယ် ခင်ဗျားတို့ အားလုံး ဘယ်လိုထင်ကြလဲ။

နောက်တစ်ခုသို့- မေးခွန်း (၃) အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်တယ်။ ကိုယ်တော်ဟာ နှုတ်ကပတ်တော်တွေအများကြီး ဖော်ပြထားပြီးဖြစ်တယ်လို့ ခင်ဗျားတို့က သက်သေခံလိုက်ပြီ ဒါပေမဲ့ တောင်ကိုရီးယားမှာတော့ ပြန်ကြွလာတဲ့ သခင်ယေရှုအဖြစ် အယောင်ဆောင်သူတချို့ ရှိနေတယ် သူတို့က မိန့်ဆိုပြောထားတာတချို့ ရှိသလို၊ စာအုပ်တချို့လည်း ရေးထားသေးတယ် တချို့ဆို ယုံကြည်သူနောက်လိုက်တွေတောင် ရထားတာပါ ဒီလို ခရစ်တော်အတုတွေရဲ့စကားတွေကို ဘယ်လိုခွဲခြားမလဲဆိုတာနဲ့ပတ်သက်လို့ ခင်ဗျားတို့ရဲ့အမြင်ကို ကျွန်တော် ကြားချင်ပါသေးတယ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။