မေးခွန်း (၃) အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်တယ်။ ကိုယ်တော်ဟာ နှုတ်ကပတ်တော်တွေအများကြီး ဖော်ပြထားပြီးဖြစ်တယ်လို့ ခင်ဗျားတို့က သက်သေခံလိုက်ပြီ ဒါပေမဲ့ တောင်ကိုရီးယားမှာတော့ ပြန်ကြွလာတဲ့ သခင်ယေရှုအဖြစ် အယောင်ဆောင်သူတချို့ ရှိနေတယ် သူတို့က မိန့်ဆိုပြောထားတာတချို့ ရှိသလို၊ စာအုပ်တချို့လည်း ရေးထားသေးတယ် တချို့ဆို ယုံကြည်သူနောက်လိုက်တွေတောင် ရထားတာပါ ဒီလို ခရစ်တော်အတုတွေရဲ့စကားတွေကို ဘယ်လိုခွဲခြားမလဲဆိုတာနဲ့ပတ်သက်လို့ ခင်ဗျားတို့ရဲ့အမြင်ကို ကျွန်တော် ကြားချင်ပါသေးတယ်

အဖြေ- ခရစ်တော်အစစ်နဲ့ ခရစ်တော်အတုတွေကို ခွဲခြားတတ်ခြင်းဟာ သခင် ပြန်လည်ကြွရောက်မှုကို လက်ခံနိုင်ခြင်းမှာ အရေးပါပါတယ် ခရစ်တော်အတုနဲ့ ခရစ်တော်အစစ်ကို ခွဲခြားနိုင်တဲ့ သူတွေသာ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံနိုင်ပြီး၊ ကိုယ်တော့်ပလ္လင်ရှေ့မှောက် ချီဆောင်ခံရနိုင်တာပါ ဒီလို မခွဲခြားတတ်တဲ့သူတွေကတော့ ပညာဉာဏ်နည်းတဲ့ကညာပျိုတွေလို့ ဆိုရမှာပဲ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စွန့်ပစ်ဖယ်ရှားခြင်း ခံရမယ့် သူတွေပေါ့ ခရစ်တော်အတုတွေကို သိရှိနိုင်ဖို့ အဓိကသော့ချက်က သူတို့ရဲ့ အနှစ်သာရကို ထွင်းဖောက်ကြည့်တတ်ဖို့ပါပဲ ခရစ်တော်အတုတွေကို မိစ္ဆာဝိညာဉ်တွေက လွှမ်းမိုးထားတဲ့အတွက်၊ သူတို့ရဲ့အနှစ်သာရဟာ မိစ္ဆာဝိညာဉ်တွေပါ ခရစ်တော်အတုတွေမှာ သမ္မာတရားဆိုလို့ ဘာဆိုဘာမှ မရှိပါဘူး သူတို့ရဲ့စကားတွေအားလုံးဟာ အနှစ်သာရမရှိတဲ့၊ အဖြူကို အမည်းလုပ်ထားတဲ့ မုသားစကားတွေပါပဲ သမ္မာကျမ်းစာရဲ့ အဆီအနှစ်တွေကို လူတွေ တန်ဖိုးထားကြပြီး၊ သမ္မာကျမ်းစာရဲ့ ရှုပ်ထွေးနက်နဲမှုကို နားလည်ချင်ကြတယ်ဆိုတာ သူတို့ ကောင်းကောင်း သိတယ် ဒီတော့ အဲဒီ စိတ်အခြေအနေကို သူတို့ အသုံးချကြတာပေါ့ရှင် လူတွေကိုလှည့်စားနိုင်အောင် ထူးဆန်းတဲ့စကားတွေ၊ အဓိပ္ပာယ်မဲ့တဲ့ ငြင်းခုံချက်တွေမျိုးစုံကို သုံးဖို့အတွက် သမ္မာကျမ်းစာကို မမှန်မကန် အဓိပ္ပာယ်ဖော်ပြီး၊ ဆိုလိုရင်းကနေ သွေဖည်အောင် လုပ်ကြတယ် သူတို့ရဲ့အဆိုမှားတွေက အရမ်းထူးဆန်းပြီး၊ ဆန်းသစ်သလို ဖြစ်နေတတ်တယ် သူတို့ရဲ့ သမ္မာကျမ်းစာရှင်းလင်းချက်တွေဟာ အရမ်းခိုင်မာပြီး ရှုပ်ထွေးနက်နဲသယောင် ဖြစ်နေတာပေါ့ရှင် ဒီလိုဖြစ်တိုင်း သူတို့စကားတွေက သမ္မာတရားဖြစ်ပါတယ်လို့ သက်သေခံနိုင်ပါ့မလား ဒါဆို သမ္မာတရားဆိုတာကကော ဘာလဲ သမ္မာတရားဆိုတာ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းပါပဲ သမ္မာတရားဟာ ကောင်းမွန်တဲ့အရာတွေအားလုံးရဲ့တည်ရှိမှုဖြစ်ပြီး၊ ဘုရားသခင်ရဲ့စိတ်သဘောထားကို ကိုယ်စားပြုပါတယ် ဘုရားသခင်ကို လူတွေ သိရှိနိုင်အောင် သမ္မာတရားက ပြုလုပ်ပေးနိုင်တယ်။ သမ္မာတရားဟာ လူတွေရဲ့အသက်တာလည်း ဖြစ်နိုင်တယ် လူတွေကို သန့်စင်ပြောင်းလဲ ကယ်ဆယ်ပေးပြီး၊ ပြီးပြည့်စုံစေပါတယ်။ ခရစ်တော်အတုတွေကတော့ ထူးဆန်းတဲ့စကားတွေ အဓိပ္ပာယ်မဲ့တဲ့ ငြင်းခုံချက်တွေနဲ့ သမ္မာကျမ်းစာကို ရှင်းပြကြတယ်။ ဒါ ဘယ်လိုလုပ် သမ္မာတရား ဖြစ်နိုင်ပါ့မလဲ အဲဒီစကားတွေက လူတွေကို ပြောင်းလဲပြီး ပြီးပြည့်စုံစေလို့လား အဲဒီစကားတွေက ဘုရားသခင်ကို လူတွေ သိရှိနာခံလာအောင် လုပ်ပေးနိုင်လို့လား စာတန်ကို သိမြင်ပြီး ရွံရှာတတ်အောင် လုပ်ပေးနိုင်လို့လား စာတန်ရဲ့လွှမ်းမိုးမှုအမှောင်တိုက်ကနေ လူတွေကို လွတ်မြောက်စေနိုင်လို့လား အဲဒီစကားတွေမှာ လူတွေရဲ့ ဘဝတွေကို တိုးတက်စေတဲ့ လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှုတွေ မရှိဘူးဆိုရင် ဒါတွေကို အတွေးအမှားတွေ၊ အယူမှားတွေ၊ အလိမ်အညာတွေလို့ပဲ သတ်မှတ်ရမှာပေါ့ရှင် ဘုရားသခင်ရဲ့ လုပ်ငန်းတွေဟာ လက်တွေ့ကျပါတယ် နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့အတွက် သမ္မာတရားအားလုံးကို ဖော်ပြပါတယ် ဒီသမ္မာတရားတွေက လူတွေ ဘုရားသခင်ကို သိရှိလာအောင် ကူညီပေးတယ် ကယ်တင်ခြင်း ရရှိဖို့အတွက် လူတွေကို စာတန်ရဲ့လွှမ်းမိုးမှုအောက်က လွတ်မြောက်စေနိုင်တယ် ဘုရားသခင်ကို နာခံဆည်းကပ်သူတွေ ဖြစ်လာစေပါတယ် ဘဝတစ်လျှောက်လုံး စစ်မှန်တဲ့လူသားတစ်ယောက်လို အဓိပ္ပာယ်ပြည့်ဝတဲ့ဘဝကို နေထိုင်တတ်အောင် သင်ကြားပေးတယ် ဒါဟာ ဘုရားသခင်ရဲ့အမှုတော်ပါပဲ တကယ်လို့ လူတွေယုံကြည်နေတာဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဖြစ်တဲ့၊ ခရစ်တော်အစစ်ဆိုရင် ဒီလိုယုံကြည်ပြီး ၈ နှစ်ကနေ ၁ဝ နှစ်အကြာမှာ သမ္မာတရားတွေ အများကြီးကို အလိုလို နားလည်သိမြင်လာပါလိမ့်မယ် ဘုရားသခင်အပေါ် သူတို့ရဲ့ယုံကြည်မှု၊ ချစ်ခြင်းနဲ့ နာခံမှုတွေဟာ တဖြည်းဖြည်းနဲ့ ဆတက်ထမ်းပိုး တိုးတက်လာလိမ့်မယ် သူတို့ရဲ့ဘဝနေထိုင်ပုံဟာလည်း အပြောင်းအလဲတချို့ ရလာပါလိမ့်မယ် လူတစ်ယောက် ယုံကြည်နေတာက ခရစ်တော်နဲ့ စစ်မှန်တဲ့ဘုရားသခင် ဟုတ်မဟုတ်ဆိုတာ၊ ဒီလိုအကျိုးရလဒ်တွေကသာ သက်သေခံနိုင်ပါတယ်ရှင် ခရစ်တော်အတုအယောင်တွေကို ၈ နှစ် ၁ဝ နှစ်လောက်အထိ ယုံကြည်ခဲ့ပြီး၊ သမ္မာတရားဆိုလို့ ဘာမှ မရကြသေးတဲ့လူတွေ အများကြီးရှိပါတယ် စစ်မှန်တဲ့ဘုရားသခင်ဆိုတာ ဘာမှန်း သူတို့ မသိကြဘူး ဒါ့အပြင် သူတို့မှာ ဘုရားသခင်အပေါ် ယုံကြည်မှု၊ ချစ်ခြင်းနဲ့ နာခံတတ်မှုတွေလည်း မရှိကြပါဘူး ဒီလိုလူတွေဟာ လှည့်ဖြားခံလိုက်ရတာ မဟုတ်ဘူးလားရှင်

ခရစ်တော်အတုတွေနဲ့ အမျိုးမျိုးသော မိစ္ဆာဝိညာဉ်တွေဟာ သမ္မာတရားကို မပိုင်ဆိုင်ပါဘူး ပြီးတော့ ဘုရားသခင်ရဲ့အမှုတော်ကိုလည်း မဆောင်ရွက်နိုင်ဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကို ဖော်ပြပါတယ် ဒါတွေကို ခရစ်တော်အတုတွေနဲ့ မိစ္ဆာဝိညာဉ်တွေက မပြောဆိုနိုင်သလို၊ တုပလို့လည်း မရနိုင်ပါဘူး ခရစ်တော်အတုတွေ တတ်နိုင်တာက လူတွေကို လှည့်ဖြားဖို့အတွက် သမ္မာကျမ်းစာကို မူရင်းအဓိပ္ပာယ်ကနေ သွေဖည်ပြီး အဓိပ္ပာယ်ကောက်တာပါပဲ ဒါမှမဟုတ် လူတွေကို ဝမ်းမြောက်စေမယ့် စကားတွေ၊ ကတိတွေ ပေးဖို့အတွက်၊ သခင်ယေရှုရဲ့နာမတော်နဲ့ အယောင်ဆောင်ကြတယ် ဒါပေမဲ့ ဒါတွေဟာ လူတွေရဲ့အသက်တာဝင်ရောက်မှုအတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး ပြီးတော့ လမ်းသစ်တွေကို မဖော်ထုတ်ပေးနိုင်တဲ့အပြင်၊ ခေတ်သစ်တစ်ခုကိုလည်း မဖွင့်လှစ်ပေးနိုင်ပါဘူး ခရစ်တော်အတုအယောင်တွေနဲ့ မိစ္ဆာဝိညာဉ်တွေရဲ့လုပ်ဆောင်မှုအားလုံးဟာ ကြာရှည်မခံနိုင်ပါဘူး ခဏလောက်အကြာမှာ အားလုံး လဲပြိုကျပြီး သူ့ဘာသာ ပျက်စီးဆုံးခန်းတိုင်သွားမှာပါ။ ဒါက အမှန်တကယ်ပါပဲ ဘုရားသခင်ဆီက လာတဲ့ အရာတွေပဲ အောင်မြင် ရှင်သန်ကျန်ရစ်ခဲ့မှာပါ ခရစ်တော်ရဲ့စစ်မှန်တဲ့အမှုတော်ဟာ လူတွေကို ကယ်တင်ခြင်း၊ စုံလင်စေခြင်း အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ် ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်ရွက်ပေးနိုင်သလို၊ ခေတ်တွေကိုလည်း အစပြုနိုင်၊ အဆုံးသတ်ပေးနိုင်ပါတယ် ဒါတွေဟာ ဧကန်မုချဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင် ဖြစ်လို့ပါပဲ ဘုရားသခင် ဖော်ပြထားတဲ့ သမ္မာတရားတွေဟာ ထာဝရ တည်ရှိနေမှာ ဖြစ်ပါတယ်ရှင် ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးသာ ပျက်သုဉ်းသွားမယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကတော့ ပျက်သုဉ်းမှာ မဟုတ်ဘူး

ပြန်လာခဲ့သူ ဘယ်သူပါလဲ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) ခရစ်တော်အတုအယောင်တွေက လူတွေကို လှည့်စားတဲ့ဖြစ်ရပ်တွေဟာ နိုင်ငံမျိုးစုံက ဘာသာရေးအသိုင်းအဝိုင်းတွေမှာ ပေါ်ပေါက်နေပါပြီ ကိုရီးယားမှာလည်း ကောင်းကောင်းမဆုံးဖြတ်နိုင်တဲ့သူတွေ အများသား။ ဒီတော့ ခရစ်တော်အတုကို ယုံကြည်ဖို့ လှည့်စားခံရတော့တာပေါ့ ဒါကလည်း သခင်ယေရှုရဲ့ဗျာဒိတ် မှန်ကန်ကြောင်း ပြသတာပဲ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ကျွန်တော့်အမြင်ကတော့ သခင်ဟာ လူ့ဇာတိခံပြီး ပြန်ရောက်နေပြီလို့ ဟောပြောတာတွေအားလုံးဟာ လုံးဝမှားတယ်လို့ ယုံကြည်တယ် လှည့်ဖြားမခံချင်ဘူးဆိုရင် ဒါတွေကို မယုံကြည်သင့်ဘူး

နောက်တစ်ခုသို့- မေးခွန်း (၄) ရှင် ခုနက မိတ်သဟာယပြုသွားတာထဲမှာ ခရစ်တော်အတုအယောင်တွေက လူတွေကို လှည့်စားဖို့အတွက် သမ္မာကျမ်းကို မှားယွင်းအနက်ဖော်ပြီး၊ အံ့ဖွယ်နိမိတ်လက္ခဏာတွေကို ပြနေကြတယ်ဆိုတာကိုတော့ ကျွန်မ အတော်လေးတော့ ရှင်းသွားပါပြီ ဒါပေမဲ့ မေးချင်တဲ့မေးခွန်းလေးတော့ ရှိသေးတယ် ခရစ်တော်အတုအယောင်တချို့က ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ သူတို့အပေါ် ဆင်းသက်တယ်လို့ ကြွေးကြော်ကြတာ ရှိတယ် ပြန်လာတဲ့ သခင်ယေရှု အယောင်ဆောင်ပြီး လူတချို့ကို လှည့်ဖြားကြတယ် ဒါကိုကော ကျွန်မတို့ ဘယ်လိုခွဲခြားနိုင်မလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။