မေးခွန်း (၄) ရှင် ခုနက မိတ်သဟာယပြုသွားတာထဲမှာ ခရစ်တော်အတုအယောင်တွေက လူတွေကို လှည့်စားဖို့အတွက် သမ္မာကျမ်းကို မှားယွင်းအနက်ဖော်ပြီး၊ အံ့ဖွယ်နိမိတ်လက္ခဏာတွေကို ပြနေကြတယ်ဆိုတာကိုတော့ ကျွန်မ အတော်လေးတော့ ရှင်းသွားပါပြီ ဒါပေမဲ့ မေးချင်တဲ့မေးခွန်းလေးတော့ ရှိသေးတယ် ခရစ်တော်အတုအယောင်တချို့က ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ သူတို့အပေါ် ဆင်းသက်တယ်လို့ ကြွေးကြော်ကြတာ ရှိတယ် ပြန်လာတဲ့ သခင်ယေရှု အယောင်ဆောင်ပြီး လူတချို့ကို လှည့်ဖြားကြတယ် ဒါကိုကော ကျွန်မတို့ ဘယ်လိုခွဲခြားနိုင်မလဲ

အဖြေ- ဒါကို ခွဲခြားဖို့ သိပ်လွယ်ပါတယ်ရှင် ခရစ်တော်ဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ဝိဉာဉ်တော်ဟာ လူ့သွေးသားအသွင်နဲ့ ပုံပေါ်နေတာ ဖြစ်ပါတယ် ဘုရားသခင်ရဲ့ဝိညာဉ်တော်က ကိုယ်တော့်ဆီကို နောက်ပိုင်းကျမှ လာရောက်ကိန်းဝပ်တာ မဟုတ်ပါဘူး ခရစ်တော်ဟာလည်း အဲဒီအတိုင်းပဲ မွေးဖွားခဲ့တာပါ။ မွေးလာတဲ့အချိန်ကတည်းက ခရစ်တော်ဖြစ်နေတာပါ ခရစ်တော်အဖြစ် မွေးဖွားလာပြီး၊ ခရစ်တော်အဖြစ်နဲ့ပဲ ထာဝရဆက်ရှိနေမှာပါ ခုနပြောသလို မွေးဖွားလာတာ မဟုတ်ဘူးဆိုရင်တော့၊ ဘယ်တော့မှ ခရစ်တော် ဖြစ်မှာမဟုတ်ဘူး ဒါကြောင့် သခင်ယေရှုဟာ မွေးဖွားကတည်းက ခရစ်တော် ဖြစ်ခဲ့တာပါ သန့်ရှင်းသောဝိညာဉ်တော်က သူ့အပေါ် ကိန်းဝပ်သွားတဲ့ နောက်ပိုင်းကျမှ ခရစ်တော်ဖြစ်တာ မဟုတ်ပါဘူး သခင်ယေရှု နှစ်ခြင်းမင်္ဂလာခံယူတုန်းက သန့်ရှင်းသောဝိညာဉ်တော်ဟာ ကိုယ်တော့်အပေါ်ကို ချိုးငှက်တစ်ကောင်လို ကိန်းဝပ်ခဲ့ပါတယ်။ အထက်ဘဝဂ်က အသံတစ်ခုက ဆိုတယ်- “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။(ရှင်မဿဲခရစ်ဝင် ၃:၁၇) ဒါဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့သက်သေဖြစ်ပါတယ်။ သခင်ယေရှုဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်ဆိုတာ လူတွေသိအောင်ပေါ့ အဲဒီအချိန်ကစလို့ သခင်ယေရှုဟာ ကျေးဇူးတော်ခေတ်အတွက် အမှုတော်ကို တရားဝင် စတင်ဖြည့်ဆည်းခဲ့တာပါ နောက်ဆုံးသောကာလရဲ့လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာလည်း သူဟာ ခရစ်တော်ဖြစ်ကြောင်း၊ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဖြစ်ကြောင်း သက်သေခံဖို့အတွက် သမ္မာတရားတွေကို ဖော်ပြပါတယ် ခရစ်တော်ရဲ့အနှစ်သာရဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ပါတယ် ဒါကြောင့် ခရစ်တော်က အမှုတော်ပြုဖို့လာတဲ့အခါ၊ သမ္မာတရားတွေကို သေချာပေါက် ဖော်ပြမှာပါပဲ ဒါပေမဲ့ ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ သူတို့အပေါ် ကိန်းဝပ်နေတယ်လို့ ကြွေးကြော်တဲ့ ခရစ်တော်အတုအယောင်တွေကတော့ ဘယ်လို သမ္မာတရားမျိုးကိုမှ ဖွင့်ဟနိုင်မှာ မဟုတ်ပါဘူး သူတို့ဟာ လူတွေကိုလှည့်စားဖို့အတွက် ခရစ်တော်ယောင်ဆောင်ထားတဲ့ မိစ္ဆာဝိညာဉ်တွေဖြစ်တယ်ဆိုတာ ဒါက လုံလောက်တဲ့သက်သေပါပဲ ဒါကြောင့် ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ သူတို့မှာ ကိန်းဝပ်နေတယ်လို့ လှည့်ဖြားကြွေးကြော်ကြတဲ့ ခရစ်တော်အတုတွေဟာ တကယ်တော့ မိစ္ဆာဝိညာဉ်တွေရဲ့ပူးကပ်မှု ခံနေရတာပါ။ ဒါဟာ အမှန်တကယ်ပါပဲရှင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောကြားသလိုပေါ့- “ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး ‘ငါသည် ဘုရားဖြစ်သည်’ ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။...သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။...သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁))

ကိုယ့်ဘာသာ ခရစ်တော်လို့ ပြောရုံနဲ့ ခရစ်တော်ဖြစ်တာမှမဟုတ်တာ လူသားတွေကို တရားစီရင်ဖို့ ကယ်တင်ဖို့အတွက် အလုံးစုံသောသမ္မာတရားတွေကို မဖော်ပြနိုင်ရင် ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို မဆောင်ရွက်နိုင်ရင် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခုကို မစတင်နိုင်ရင် ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် ခရစ်တော်လို့ ကြွေးကြော်နေပါစေ၊ အဲဒီလူဟာ အယောင်ဆောင်တစ်ယောက်ပါပဲ နောက်ဆုံးသောကာလရဲ့လူ့ဇာတိခံ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားတွေကို တရားစီရင်ဖို့ သန့်စင်ဖို့အတွက် အလုံးစုံသောသမ္မာတရားတွေကို ဖော်ပြပါတယ် တရားစီရင်ခြင်းအမှုကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်ပါတယ် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး၊ နိုင်ငံတော်ခေတ်ကို စတင်ရင်းနဲ့ပေါ့ရှင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကို ဖော်ပြတာတွေဖြစ်ပါတယ် ဒါဟာ လူသားအားလုံး ဆောင်ယူထားသင့်တဲ့ ဘဝအသက်တာ အရှိတရားဖြစ်ပါတယ် အကျင့်ပျက်လူသားရဲ့ ဘုရားသခင်အပေါ် ဆန့်ကျင်မှု၊ သစ္စာဖောက်မှု ပြဿနာတွေအားလုံးကို ဒါကပဲ ဖြေရှင်းပေးနိုင်ပါတယ် ကျွန်မတို့အနေနဲ့ ဘုရားသခင်ရဲ့အမှုတော်၊ သူ့ရဲ့စိတ်နေသဘောထားနဲ့အနှစ်သာရကို နားလည်ဖို့အတွက် ဒါတွေဟာ သိပ်ကိုအရေးကြီးပါတယ်။ အဖိုးတန်တဲ့အရာ ဖြစ်ပါတယ် ဘုရားသခင်ရဲ့အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ရဲ့နက်နဲမှုတွေ၊ ဘုရားသခင်ရဲ့အဆင့်သုံးဆင့်အမှုတော်ရဲ့အတွင်းသဘောနဲ့ အနှစ်သာရတွေကို အနန္တတန်ခိုးရှင်ဘုရားသခင်က ဖော်ထုတ်ပြထားပါတယ် စာတန်ဟာ လူတွေကို ဘယ်လိုအကျင့်ပျက်စေတယ် ပြီးတော့ ဘုရားသခင်ဟာ လူတွေကို တစ်ဆင့်ချင်း ဘယ်လိုကယ်တင်တယ်ဆိုတာအပြင် ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုရဲ့ မရှိမဖြစ်လိုအပ်မှုနဲ့ အရေးပါတဲ့အဓိပ္ပာယ်ကိုလည်း ဖော်ထုတ်ပြထားပါတယ် လူသားတွေဟာ သူတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝကို ဘယ်လိုဖြေရှင်းရမယ်၊ စာတန်ရဲ့ လွှမ်းမိုးမှုက လွတ်မြောက်ပြီး ဘယ်လို ကယ်တင်ခံခြင်းကို ရရှိမယ်၊ ကောင်းကင်ဘုံမှာရှိတော်မူတဲ့ အဘရဲ့အလိုတော်ကို ဖော်ဆောင်နိုင်သူတစ်ဦးအဖြစ် ဘယ်လိုရောက်ရှိနိုင်တယ် ဘယ်လိုလူမျိုးတွေကို ဘုရားသခင်ဟာ ကယ်တင်ပြီး၊ ဘယ်လိုလူမျိုးတွေကို ရှင်းလင်းပစ်တယ်၊ ဘယ်လိုလူမျိုးတွေကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်ဆောင်ပြီး၊ လူကောင်းနဲ့ လူဆိုးကို ဘယ်လိုခွဲခြားမယ်ဆိုတာတွေ လူတစ်ဦးစီရဲ့အဆုံးသတ်ကို ဘုရားသခင်က ဘယ်လိုအဆုံးအဖြတ်ပေးတယ်ဆိုတာတွေ စသဖြင့်၊ ဒါတွေအားလုံးကို အနန္တတန်ခိုးရှင်ဘုရားသခင်က ဖော်ထုတ်ပြထားတာပါ လူသားရဲ့ကယ်တင်ခံရခြင်းနဲ့ စုံလင်စေခြင်းတို့နဲ့ပတ်သက်တဲ့ နက်နဲမှုတွေ၊ သမ္မာတရားတွေကို လူသားတွေ သိအောင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က ဖွင့်ဟပြထားတာပါ ဒါက သခင်ယေရှုရဲ့ဗျာဒိတ်ကို ပြည့်မြောက်စေပါတယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ဟာ နိုင်ငံတော်ခေတ်ရဲ့အမှုတော် ဖြစ်ပါတယ် မှောင်မိုက်ကြမ်းတမ်းတဲ့ ဒီ ကမ္ဘာအိုကြီးကို အဆုံးသတ်စေတဲ့ အမှုတော်လည်း ဖြစ်တယ် အနန္တတန်ခိုးရှင်ဘုရားသခင် ဆောင်ရွက်ထားတဲ့ အမှုတော်နဲ့ ဖော်ပြထားတဲ့ သမ္မာတရားတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်၊ သခင်ယေရှု ဒုတိယအကြိမ်ပြန်လာခြင်းဖြစ်တယ်ဆိုတာ အပြည့်အဝ သက်သေပြတယ်

ပြန်လာခဲ့သူ ဘယ်သူပါလဲ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်တယ်။ ကိုယ်တော်ဟာ နှုတ်ကပတ်တော်တွေအများကြီး ဖော်ပြထားပြီးဖြစ်တယ်လို့ ခင်ဗျားတို့က သက်သေခံလိုက်ပြီ ဒါပေမဲ့ တောင်ကိုရီးယားမှာတော့ ပြန်ကြွလာတဲ့ သခင်ယေရှုအဖြစ် အယောင်ဆောင်သူတချို့ ရှိနေတယ် သူတို့က မိန့်ဆိုပြောထားတာတချို့ ရှိသလို၊ စာအုပ်တချို့လည်း ရေးထားသေးတယ် တချို့ဆို ယုံကြည်သူနောက်လိုက်တွေတောင် ရထားတာပါ ဒီလို ခရစ်တော်အတုတွေရဲ့စကားတွေကို ဘယ်လိုခွဲခြားမလဲဆိုတာနဲ့ပတ်သက်လို့ ခင်ဗျားတို့ရဲ့အမြင်ကို ကျွန်တော် ကြားချင်ပါသေးတယ်

နောက်တစ်ခုသို့- မေးခွန်း (၁) ဒါပေမဲ့ သခင်ယေရှုဟာ အဓိကအားဖြင့် သူ့ယုံကြည်သူတွေကို ချီဆောင်ဖို့ ပြန်ကြွလာတယ်လို့ပဲ ကျွန်တော်တို့ ယုံကြည်တယ် သူ့အနေနဲ့ အောင်မြင်သောသူတွေကို ပြုလုပ်ဖို့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ဘုရားက အစ်ကို လင်းကို ပေါ်ပေါက်စေပြီး အသုံးပြုခဲ့တယ် ကျွန်တော်တို့တွေ အောင်မြင်သောသူတွေ ဖြစ်လာအောင် အသစ်ဖြစ်စေဖို့ ပြောင်းလဲစေဖို့ ကိုက်ညီမှုရှိဖို့နဲ့ ဂုဏ်အသရေရှိစေဖို့ သူက ဦးဆောင်ခဲ့တယ် သခင် ပြန်ကြွလာတဲ့အခါ ကျွန်တော်တို့ ဒေသန္တရအသင်းတော်က ပထမဆုံး ချီဆောင်ခံရမှာဖြစ်တယ် ဘုရားကသာ အောင်မြင်သောသူတွေကို ပြုလုပ်နိုင်စွမ်း ရှိတယ်လို့ ခင်ဗျား သက်သေခံခဲ့တယ် ဒါပေမဲ့ ကျွန်တော်တို့က အစ်ကိုလင်းနောက်ကိုလိုက်ပြီး သူ ဦးဆောင်တဲ့ လမ်းကြောင်းကို လျှောက်ရာကတစ်ဆင့် အောင်မြင်သောသူတွေ ဖြစ်လာနိုင်တယ် ပြီးတော့ ကောင်းကင်နိုင်ငံထဲကို ကျွန်တော်တို့ ချီဆောင်ခံရမယ်လို့ ယုံကြပါတယ် ဒါ ဘယ်လိုလုပ် မှားနိုင်မှာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။