မေးခွန်း (၁) ဒါပေမဲ့ သခင်ယေရှုဟာ အဓိကအားဖြင့် သူ့ယုံကြည်သူတွေကို ချီဆောင်ဖို့ ပြန်ကြွလာတယ်လို့ပဲ ကျွန်တော်တို့ ယုံကြည်တယ် သူ့အနေနဲ့ အောင်မြင်သောသူတွေကို ပြုလုပ်ဖို့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ဘုရားက အစ်ကို လင်းကို ပေါ်ပေါက်စေပြီး အသုံးပြုခဲ့တယ် ကျွန်တော်တို့တွေ အောင်မြင်သောသူတွေ ဖြစ်လာအောင် အသစ်ဖြစ်စေဖို့ ပြောင်းလဲစေဖို့ ကိုက်ညီမှုရှိဖို့နဲ့ ဂုဏ်အသရေရှိစေဖို့ သူက ဦးဆောင်ခဲ့တယ် သခင် ပြန်ကြွလာတဲ့အခါ ကျွန်တော်တို့ ဒေသန္တရအသင်းတော်က ပထမဆုံး ချီဆောင်ခံရမှာဖြစ်တယ် ဘုရားကသာ အောင်မြင်သောသူတွေကို ပြုလုပ်နိုင်စွမ်း ရှိတယ်လို့ ခင်ဗျား သက်သေခံခဲ့တယ် ဒါပေမဲ့ ကျွန်တော်တို့က အစ်ကိုလင်းနောက်ကိုလိုက်ပြီး သူ ဦးဆောင်တဲ့ လမ်းကြောင်းကို လျှောက်ရာကတစ်ဆင့် အောင်မြင်သောသူတွေ ဖြစ်လာနိုင်တယ် ပြီးတော့ ကောင်းကင်နိုင်ငံထဲကို ကျွန်တော်တို့ ချီဆောင်ခံရမယ်လို့ ယုံကြပါတယ် ဒါ ဘယ်လိုလုပ် မှားနိုင်မှာလဲ

အဖြေ- အစ်ကို လင်းရဲ့ လမ်းကြောင်းက ခင်ဗျားတို့ကို အောင်မြင်သောသူတွေ ဖြစ်စေမယ်၊ အောင်မြင်သောသူတွေဖြစ်လာဖို့ အစ်ကိုလင်းရဲ့လမ်းကြောင်းအတိုင်း ကျင့်သုံးဖို့ပဲလိုတယ်၊ ပြီးတော့ သခင်ယေရှု ပြန်ကြွလာတာက အဓိကအားဖြင့် ယုံကြည်သူတွေကို ကောင်းကင်နိုင်ငံထဲ ချီဆောင်ဖို့ဖြစ်ပြီး အောင်မြင်သောသူတွေ ပြုလုပ်ဖို့ နောက်ဆုံးသောကာလထဲက တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ခင်ဗျားတို့ ပြောခဲ့ကြတယ် ဒီအတွက် ခင်ဗျားတို့မှာ ကျမ်းစာဆိုင်ရာ အခြေခံထားတာတစ်ခုခု ရှိကြလား သခင်ယေရှုက ဒါကို သက်သေခံခဲ့တဲ့ ပရောဖက်ပြုချက်တစ်ခုခု ရှိရဲ့လား ဘုရားက ကပ်ဘေးမတိုင်ခင်မှာ အောင်မြင်သောသူတွေကို ပြုလုပ်မယ်ဆိုတာ ကျမ်းစာကိုသိတဲ့ ဘယ်သူမဆို သိကြပါတယ် နောက်ဆုံးသော ကာလမှာ ဘုရားသခင်ဟာ တိတ်တဆိတ် ရောက်ရှိဖို့ လူ့ဇာတိဖြစ်လာတယ်၊ အောင်မြင်သောသူတွေကို ပြုလုပ်ဖို့ သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ပါတယ် ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်အတိုင်းပါပဲ “ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။...သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။ ငါသည်အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့။ အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသော သူမည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၃:၇၊ ၁၀-၁၃) ပြီးတော့ ပေတရုသြဝါဒစာ ပထမစောင် ၄း၁၇ မှာ၊ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ” လို့ ပြောထားတယ်။ သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်တွေကို ဘာပြောလဲဆိုတာရယ် ဖိလဒေလဖိ အသင်းတော်ကို ချီဆောင်ခြင်းရယ် သူ့ရဲ့တရားစီရင်ခြင်းကို ဘုရားအိမ်တော်ကနေ အစပြုရမယ်ဆိုတာရယ် စတာတွေကို ကျမ်းစာက ပရောဖက်ပြုထားတာပါ ဒါက သခင်ယေရှု ပြန်ကြွလာတဲ့အခါ သူ လုပ်ဆောင်မယ့် အရာပဲ နောက်ဆုံးသော ကာလမှာ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ဖို့နဲ့ အောင်မြင်သောသူတွေကို ပြုလုပ်ဖို့အတွက် ဘုရားသခင်က လူ့ဇာတိခံယူပြီး တိတ်တဆိတ် ရောက်ရှိပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ မိန့်မြွက်ချက်ဖြစ်တဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဒါက အသင်းတော်တွေကို သန့်ရှင်းသောဝိညာဉ်တော်က ပြောတဲ့အရာပါ ကွယ်ဝှက်ထားတဲ့ မန္နမုန့်ပါပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ဘုရားရဲ့ နာမအသစ် ဖြစ်ပါတယ် ဖိလဒေလဖိအသင်းတော်က ဘုရားရဲ့ အမည်နာမသစ်ကို ရရှိခဲ့ပြီး ဘုရားပလ္လင်တော်ရှေ့ကို ချီဆောင်ခံခဲ့ရတယ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နာမကို ဆုတောင်းပြီး ခေါ်ဆိုသူတွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်သူတွေ အားလုံးဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအားဖြင့် တရားစီရင်ခံရဖို့ သန့်စင်ခံရဖို့အတွက် ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ကို ချီဆောင်ခံရပါတယ် နောက်ဆုံးမှာ သမ္မာတရားကို သူတို့ရရှိပြီး စာတန်ရဲ့ လွှမ်းမိုးမှုကို အောင်နိုင်မယ်၊ ပြီးတော့ ဘုရားသခင်က သူတို့ကို ရယူပြီး စုံလင်စေမှာဖြစ်တယ် ဒီလူတွေက စစ်မှန်တဲ့ အောင်မြင်သူတွေဖြစ်တယ် နောက်ဆုံးသောကာလမှာ အောင်မြင်သူတွေကို ပြုလုပ်ခြင်း အမှုတော်ကို ဘုရားကိုယ်တော်တိုင် လုပ်ဆောင်လိမ့်မယ်ဆိုတာ ရှင်းပါတယ် သူ့ကို ဘယ်သူမှ အစားထိုးလို့မရဘူး

ဘုရားအိမ်တော်ကနေ အစပြုတဲ့ လူ့ဇာတိခံ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်ကတစ်ဆင့် နောက်ဆုံးသောကာလမှာ အောင်မြင်သောသူတွေကို ပြုလုပ်မှာဖြစ်ပါတယ် ဒါကို ကျမ်းစာထဲမှာ ပရောဖက်ပြုထားသလို အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း တော်တော့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ် အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာပြောလဲဆိုတာကို ကြည့်လိုက်ရအောင်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်သူအားလုံး- တကယ့်အဆုံးတိုင် သူ့ကို သစ္စာစောင့်သိသူအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်၏ ခေတ်ထဲသို့ ဆောင်ကြဉ်း၏။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင်၏ခေတ် မရောက်ရှိမီတွင်၊ ဘုရားသခင်၏ အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာရန်၊ သို့မဟုတ် လူသား၏ဘဝကို စုံစမ်းရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ ပလ္လင်ရှေ့သို့ လာသူတိုင်းကို သန့်စင်ပေးမည် ဖြစ်သောကြောင့်တည်း။ ဤနေ့အထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာကြသူများ ဖြစ်ပြီး၊ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသောလူ တစ်ဦးစီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသူ အယောက်တိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ကြီးစွာသော ဒုက္ခဆင်းရဲခြင်း အလယ်မှ လာသည့် အောင်မြင်သောသူများဖြစ်သည့်၊ အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူထားသည်ဟု ယခင်က ငါပြောပြီး ဖြစ်သည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းတို့က ရယူခံရပြီးသော ဤသူတို့သည်သာ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးသည့်နောက်တွင် အမှန်တကယ် နာခံကြသည်ဟု ဆိုလိုပေသည်။ ဤလူများ၏ ယုံကြည်မှုသည် မရေမရာနှင့် စိတ်ကူး သက်သက်မဟုတ်ဘဲ စစ်မှန်လေသည်။ ၎င်းတို့သည် မည်သည့် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် သဘာဝလွန် ဖြစ်ရပ်များကိုမျှ မမြင်ရသေးပေ။ ၎င်းတို့သည် ခက်ခဲသော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ သို့မဟုတ် နက်နဲသော ထိုးထွင်းသိမြင်မှုများအကြောင်း မပြောကြပေ။ ယင်းအစား ၎င်းတို့သည် လက်တွေ့အရှိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ပြီးလျှင် ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့ ရှိကြသည်။ ထိုသို့သော လူစုသည် ဘုရားသခင်၏ တန်ခိုးကို မြင်သာအောင် လုပ်နိုင်စွမ်း သာ၍ရှိသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်)

ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို တွေ့ကြုံခြင်းကပဲ အောင်မြင်သောသူ ဖြစ်စေတာပါ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားတစ်ဦးအသွင်ယူပြီး တရုတ်ပြည်ကို တိတ်တဆိတ် ရောက်လာပြီးတော့ သူဟာ တရားစီရင်ခြင်းအမှုကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်တယ် အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်မယ့် သမ္မာတရားအားလုံးကို ဖော်ပြပြီးပါပြီ သူဟာ ဘုရားကိုဆန့်ကျင်တဲ့ လူသားမျိုးနွယ်ရဲ့ဆိုးယုတ်တဲ့ သဘာဝကို သူတို့ရဲ့ဖောက်ပြန်ပျက်စီးခြင်းအမှန်တရားနဲ့အတူ တရားစီရင်ပြီး ထုတ်ဖော်ပြတယ် သူဟာ ပုန်ကန်ပြစ်မှားမှုကို သည်းမခံတဲ့ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ စိတ်သဘောထားအပြင် သူ့ရဲ့အနန္တတန်ခိုးနဲ့ ဉာဏ်ပညာကို လူသားမျိုးနွယ်ဆီ ထုတ်ဖော်ပြပါတယ် ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနဲ့ ရိုက်နှက်ဆုံးမခြင်း၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုကို တွေ့ကြုံပြီးတဲ့နောက်မှာ စာတန်က နက်နက်ရှိုင်းရှိုင်း ဖျက်ဆီးထားတဲ့ ကျွန်တော်တို့ဖြစ်တည်မှုရဲ့ အကျည်းတန်မှု၊ အနှစ်သာရနဲ့ အမှန်တရားကို ကျွန်တော်တို့ နားလည်လာတယ် ကျွန်တော်တို့က မာနထောင်လွှားတယ် ကိုယ့်ကိုယ်ကိုယ်မှန်တယ်လို့ ထင်တယ် ရည်မှန်းချက်ကြီးပြီး မျက်ကန်းအကဲဖြတ်ဝေဖန်တာတွေ လုပ်ကြတယ် ကျွန်တော်တို့က တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တယ် ကောက်ကျစ်ပြီး လှည့်ဖြားတတ်တယ် သမ္မာတရားကို စက်ဆုပ်ကြတယ် ကျွန်တော်တို့မှာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အယူအဆတွေ စိတ်ကူးတွေ အပြည့်ပဲ ဘုရားသခင်ကို ကျွန်တော်တို့ အချိန်မရွေး ဆန့်ကျင်ပြီး သစ္စာဖောက်နိုင်တယ် ကျွန်တော်တို့က စာတန်ရဲ့ မျိုးဆက်တွေ၊ ဘုရားကို ဆန့်ကျင်တဲ့ သားသမီးတွေပဲ ဘုရားရဲ့ ကယ်တင်ခြင်းကိုရဖို့နဲ့ ဘုရားရှေ့မှောက်မှာ အသက်ရှင်ဖို့ ကျွန်တော်တို့ လုံးဝမထိုက်တန်ကြဘူး တစ်ချိန်တည်းမှာပဲ ဘုရားရဲ့နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်လို့ ကျွန်တော်တို့အားလုံး တကယ့်ကို သတိပြုမိခဲ့တယ် အဲဒါကို ကျွန်တော်တို့ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သလို အဲဒါကြောင့် ကျွန်တော်တို့ ဒူးထောက်မိကြတယ် ဘုရားသခင်ရဲ့သန့်ရှင်းခြင်းကို ဖျက်ဆီးမရနိုင်ဘူး သူ့ရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့ မရနိုင်ဘူးဆိုတာကို ပိုပြီးနားလည်နိုင်ခဲ့ကြပါပြီ ဒါက ကျွန်တော်တို့ကို ဘုရားသခင်အပေါ် စစ်မှန်တဲ့ကြောက်ရွံ့မှု ဖြစ်စေတယ် ဒါကြောင့် ကိုယ်တော့်ကို နာခံနိုင်ကြတယ် နှုတ်ကပတ်တော်တွေအားဖြင့် နေထိုင်နိုင်ကြတယ် ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း ဖြစ်စဉ်အတွင်းမှာ စာတန်ရဲ့မှောင်မိုက်တဲ့ လွှမ်းမိုးမှုကို အောင်နိုင်တဲ့အကြောင်း ထူးထူးကဲကဲ သက်သေခံချက်အမျိုးမျိုးကို ကျွန်တော်တို့ ပေးကြတယ် အထူးသဖြင့် စီစီပီအစိုးရရဲ့ ရက်စက်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြားမှာ သက်သေခံရပ်တည်ခဲ့ကြသူတွေ ရှိတယ် ဒီအောင်မြင်သူတွေရဲ့ သက်သေခံချက်တွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုရဲ့ အသီးအပွင့်တွေပါပဲ တရုတ်ပြည်မထဲမှာ ဘုရားသခင်က အောင်မြင်သောသူအုပ်စုကို ပြုလုပ်ပြီးပါပြီ ဒါ အမှန်တရားပဲ ဒီသက်သေကို ငြင်းလို့မရပါဘူး အစ်ကိုလင်းက ခင်ဗျားတို့ကို အောင်မြင်သောသူတွေ ဖြစ်စေဖို့ ဒီလမ်းကြောင်းကို ဦးဆောင်ခဲ့တယ်လို့ ခင်ဗျား ပြောခဲ့တယ် ဒီ အစ်ကိုလင်းက နယ်ခံအသင်းတော်မှာ ဆယ်စုနှစ်တွေအများကြီး အမှုတော်ဆောင်ခဲ့တာပါ ဒါပေမဲ့ ခင်ဗျားတို့အသင်းတော်မှာ အောင်မြင်သောသူတစ်ယောက်ရဲ့ သက်သေခံချက် ထွက်ခဲ့ဖူးလား ဘုရားသခင်ရဲ့အိမ်တော်ကနေ အစပြုတဲ့ တရားစီရင်ခြင်းအမှုကို အစ်ကိုလင်းက လုပ်နိုင်ခဲ့လား သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်တွေဆီ ပြောခဲ့တာတွေကို သူက ပြောခဲ့လား လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်စေတဲ့ စကားတွေကို သူ ပြောခဲ့လား တကယ်တော့ အစ်ကိုလင်းက ကျွန်တော်တို့အားလုံးလိုပဲ ဖောက်ပြန်ပျက်စီးတဲ့ လူတစ်ဦးပါ သူက လူ့ဇာတိခံဘုရား မဟုတ်ဘူး ပြီးတော့ ခရစ်တော်ရဲ့ ဘုရားဖြစ်ခြင်းဂုဏ်ဒြပ်ကို သူမပိုင်ဆိုင်ဘူး ဒါကြောင့် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို သူမပြောဆိုနိုင်သလို လူသားမျိုးနွယ်ကို တရားစီရင်တာနဲ့ သန့်စင်တာ မလုပ်နိုင်ခဲ့ဘူး ဒီတော့ အောင်မြင်သောသူတွေ ဖြစ်လာနိုင်မယ့်လမ်းကို တခြားသူတွေအတွက် သူဘယ်လိုလုပ် ပြပေးနိုင်မှာလဲ သူ ဟောခဲ့တာတွေအားလုံးက အသစ်ပြုပြင်တာတွေ ပြောင်းလဲတာတွေ ကိုက်ညီတာတွေ ဘုန်းထင်ရှားတာတွေ ခင်ဗျားတို့ နှစ်ပေါင်းများစွာ ကြိုးစားပြီးတဲ့နောက်မှာ ခင်ဗျားတို့ရဲ့အသီးအပွင့်တွေက ဘယ်မှာလဲ အစ်ကိုလင်းရဲ့ဩဝါဒတွေက လူရဲ့အယူအဆတွေ စိတ်ကူးတွေနဲ့ ဘယ်လိုပဲကိုက်ညီပါစေ အဲဒါတွေက အခြေခံအားဖြင့် လူသားအယူအဆတွေနဲ့ လူသားရဲ့နားလည်မှုတွေပါ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့သမ္မာတရားနဲ့ လုံးဝဆက်စပ်မှုမရှိပါဘူး ဒါ့အပြင် အစ်ကိုလင်းက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့တရားစီရင်ခြင်းကို ကိုယ်တိုင်မကြုံခဲ့ပါဘူး အစ်ကို လင်း ကိုယ်တိုင်တောင် အောင်မြင်သောသူ ဖြစ်မလာနိုင်ခဲ့ဘူး ဒီတော့ သူက တခြားလူတွေကို အောင်မြင်သောသူတွေ ဖြစ်လာဖို့ ဘယ်လိုလုပ် ပြနိုင်ခဲ့မှာလဲ အစ်ကိုလင်းရဲ့လမ်းကြောင်းက ခင်ဗျားတို့ကို အောင်မြင်သောသူတွေဖြစ်စေမယ်လို့ ခင်ဗျားပြောခဲ့တယ် ဒါက ဘုရားအမှုတော်ရဲ့ လက်တွေ့အရှိတရားနဲ့ လုံးဝကို ဆန့်ကျင်နေပြီး ဘုရားနှုတ်ကပတ်တော်တွေထဲမှာ အခြေပြုထားတာ မရှိဘူး ဒီအယူအဆက လူတွေကို လှည့်စားဖို့နဲ့ ဘုရားသခင်ကို ဆန့်ကျင်ဖို့ပဲ ရှိတာပါ

အောင်မြင်သောသူဆိုတာ ဘာများဖြစ်မလဲ သမ္မာတရားရဲ့ ဘယ်လိုစစ်မှန်မှုတွေကို အောင်မြင်သောသူက ပိုင်ဆိုင်သင့်သလဲ ဘယ်သူမှ ဒါကို ရှင်းရှင်းလင်းလင်း နားမလည်ပါဘူး ကျွန်တော်တို့ လူသား အယူအဆတွေရဲ့ အမြင်ကနေပြောရရင် ကျွန်တော်တို့က သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး သူ့နာမတော်ကို ဖက်တွယ်ထားနိုင်ရင် နောက်ဆုံးမှာ အောင်မြင်သောသူတွေ ဖြစ်လာမယ်ပေါ့ ဒါပေမဲ့ ဒါက လုံးဝမှားနေပါတယ် အောင်မြင်သောသူ ဖြစ်ခြင်းအကြောင်းကို ဘုရားက ဘာပြောလဲ ကြည့်ရအောင် ဗျာဒိတ်ကျမ်း ၁၄း၄-၅ မှာ ပြောထားတဲ့အတိုင်းပါပဲ၊ “ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။(ဗျာဒိတ်ကျမ်း ၁၄:၄-၅) ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာပြောလဲ ကြည့်ရအောင် “‘အောင်မြင်သောသူများ’ အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က ‘အောင်မြင်သောသူ’ တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်)ဘေးအန္တရာယ်မတိုင်မီ စုံလင်စေခြင်းခံရသောသူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ခရစ်တော်အပေါ် ကိုးစားလျက် အသက်ရှင်ကြသည်၊ သူ့အဖို့ သက်သေခံကြပြီး၊ သူ့ကို ချီးမြှောက်ကြလေသည်။ ၎င်းတို့သည် ခရစ်တော်၏ အောင်နိုင်သော သားယောက်ျားများနှင့် စစ်သည်ကောင်းများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားရဲ့နှုတ်ကပတ်တော်ကနေ ကျွန်တော်တို့ မြင်နိုင်တာက အောင်မြင်သောသူတွေဆိုတာ သိုးသငယ်ရဲ့ခြေလှမ်းတွေကို နီးနီးကပ်ကပ် လိုက်တဲ့သူတွေ နောက်ဆုံးသောကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်းတွေကို တွေ့ကြုံခြင်းအားဖြင့် သမ္မာတရားကို နားလည်လာပြီး ဘုရားကို သိလာတဲ့သူတွေ၊ ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့သူတွေ ဖြစ်တယ်ဆိုတာပါပဲ ခရစ်တော်က ဘာကိုပဲပြောပြော ဒါမှမဟုတ် ဘယ်လိုနည်းလမ်းနဲ့ပဲ အမှုပြုသည်ဖြစ်စေ သူတို့တွေက သူ့ကို လုံး၀ နာခံမှာဖြစ်တယ် ဘုရားအပေါ် သူတို့ရဲ့သစ္စာရှိမှုက အကြွင်းမဲ့ဖြစ်ပြီး တုနှိုင်းမဲ့ဖြစ်လိမ့်မယ် စီစီပီအစိုးရရဲ့ ရက်စက်တဲ့ ညှဉ်းပန်းနှိပ်စက်မှု အခြေအနေတွေကို ရင်ဆိုင်ရပေမဲ့လည်း ဘုရားရဲ့ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် သူတို့တာဝန်ကို ထမ်းဆောင်ရင်း ဘုရားရဲ့နှုတ်ကပတ်တော်တွေကို သူတို့က ဆက်ပြီး စားသောက်ကြတယ် သူတို့ကို စမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေတစ်လျှောက်လုံးမှာ သူတို့က မညည်းညူသလို ဘုရားအတွက် ကောင်းမွန်စွာ ထူးကဲစွာ သက်သေခံရင်းနဲ့ ဘုရားကို သေတဲ့အထိ နာခံကြလိမ့်မယ် ဒီလူတွေကသာ နောက်ဆုံးသောကာလ ဘုရားရဲ့အမှုတော်ကတစ်ဆင့် ပြုလုပ်ခံရတဲ့ အောင်မြင်သောသူတွေ ဖြစ်ပါတယ် သူတို့တွေက ဗျာဒိတ်ကျမ်းထဲမှာ ပရောဖက်ပြုထားတဲ့ အောင်မြင်သော သားယောက်ျား တစ်သိန်းလေးသောင်းလေးထောင်ပဲ ဖြစ်တယ် ညီအစ်ကိုလင်း ဦးဆောင်တဲ့ လမ်းကြောင်းကို လိုက်ခြင်းအားဖြင့် လူဟာ အောင်မြင်သောသူတွေ ဖြစ်လာနိုင်တယ်လို့ ခင်ဗျား ပြောခဲ့တယ် မေးပါရစေဦး ညီအစ်ကိုလင်းနောက်ကို နှစ်တွေအများကြီးလိုက်ခဲ့ပြီး သူ့ရဲ့ကျမ်းစာဆိုင်ရာ အသိပညာတွေနဲ့ ဓမ္မပညာတွေကို နေ့နေ့ညည နားထောင်ခဲ့ကြတဲ့ ခင်ဗျားတို့မှာ ဘုရားရဲ့အမှုတော်နဲ့ သူ့ရဲ့စိတ်သဘောထားအကြောင်းကို ဘယ်လို အသိပညာတွေ ရှိကြလဲ လူသားမျိုးနွယ်ကို စာတန်က ဘယ်လို ဖောက်ပြန်ပျက်စီးစေတယ်ဆိုတာ နားလည်ရဲ့လား စာတန်ရဲ့ ဆိုးညစ်တဲ့ သဘာဝနဲ့ ဂုဏ်ဒြပ်ကို ထွင်းဖောက်မြင်ကြပြီလား ဘုရားသခင်အပေါ် စီစီပီအစိုးရရဲ့ အစွန်းရောက် ဆန့်ကျင်မှုနဲ့ ရှုတ်ချမှုတွေကို နားလည်ရဲ့လား ခင်ဗျားတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ ဂုဏ်ဒြပ်တွေကို အမှန်တကယ် သိနားလည်ရဲ့လား ဇာတိပကတိနဲ့ စာတန်ရဲ့ လွှမ်းမိုးမှုကို ခင်ဗျားတို့ အောင်နိုင်ပြီးပြီလား ဘုရားသခင်ကို ခင်ဗျားတို့ တကယ် နာခံပြီး ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြရဲ့လား ဘုရားရဲ့ ပင်ကို စိတ်သဘောထားအကြောင်းကို ခင်ဗျားတို့ ဘယ်လောက် နားလည်ထားလဲ လူ့ဇာတိခံ ဘုရားသခင်က သမ္မာတရားကို ဖော်ပြရင် ခင်ဗျားတို့က ဘုရားရဲ့အသံကို ကြားပြီး သူ့အမှုတော်ကို နာခံလာနိုင်ပါ့မလား ခင်ဗျားတို့မှာ သမ္မာတရားရဲ့ ဒီလိုစစ်မှန်မှုတွေ တစ်ခုမှမရှိရင် ဘယ်လိုလုပ်ပြီး အောင်မြင်သောသူတွေလို့ ခေါ်နိုင်မှာလဲ ဘုရားကို မသိတဲ့ လူတွေအားလုံးဟာ ဘုရားရဲ့ လူ့ဇာတိခံခြင်းအားဖြင့် ဖော်ထုတ်ခံထားရပြီ ဖြစ်ပါတယ် ဘုရား ပြောဆိုထားတဲ့ သမ္မာတရားတွေဟာ သမ္မာတရားကို မနှစ်သက်သူအားလုံးကို ထုတ်ဖော်ထားပါပြီ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံသူတွေဟာ ဘုရားကို မသိကြဘူး သူတို့တွေက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တယ် စာတန်ရဲ့သားသမီးတွေပဲ ဖြစ်ပါတယ် သူတို့ကို ဘယ်လိုလုပ်ပြီး အောင်မြင်သူတွေလို့ ခေါ်နိုင်မှာလဲ သူတို့အနေနဲ့ အောင်မြင်သောသူတွေ ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး

ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) ရှင် ခုနက မိတ်သဟာယပြုသွားတာထဲမှာ ခရစ်တော်အတုအယောင်တွေက လူတွေကို လှည့်စားဖို့အတွက် သမ္မာကျမ်းကို မှားယွင်းအနက်ဖော်ပြီး၊ အံ့ဖွယ်နိမိတ်လက္ခဏာတွေကို ပြနေကြတယ်ဆိုတာကိုတော့ ကျွန်မ အတော်လေးတော့ ရှင်းသွားပါပြီ ဒါပေမဲ့ မေးချင်တဲ့မေးခွန်းလေးတော့ ရှိသေးတယ် ခရစ်တော်အတုအယောင်တချို့က ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ သူတို့အပေါ် ဆင်းသက်တယ်လို့ ကြွေးကြော်ကြတာ ရှိတယ် ပြန်လာတဲ့ သခင်ယေရှု အယောင်ဆောင်ပြီး လူတချို့ကို လှည့်ဖြားကြတယ် ဒါကိုကော ကျွန်မတို့ ဘယ်လိုခွဲခြားနိုင်မလဲ

နောက်တစ်ခုသို့- မေးခွန်း (၂) ဘုရားအမှုတော်နဲ့ လူရဲ့လုပ်ဆောင်မှုကြားက ခြားနားချက်က ဘာလဲ လူ့ဇာတိခံ ဘုရားသခင်နဲ့ ဘုရားအသုံးပြုတဲ့ လူတွေကြားက ပဓာနကျတဲ့ ခြားနားချက်က ဘာလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။