မေးခွန်း (၂) ဘုရားအမှုတော်နဲ့ လူရဲ့လုပ်ဆောင်မှုကြားက ခြားနားချက်က ဘာလဲ လူ့ဇာတိခံ ဘုရားသခင်နဲ့ ဘုရားအသုံးပြုတဲ့ လူတွေကြားက ပဓာနကျတဲ့ ခြားနားချက်က ဘာလဲ။

အဖြေ- အစ်ကိုကျောက်ရဲ့မေးခွန်းက တော်တော့်ကို အရေးပါပါတယ် ကျွန်တော်တို့အတွက် ဘုရားကို သိဖို့၊ သူ့ရဲ့ဂုဏ်ဒြပ်နဲ့ အမှုတော်တွေကို နားလည်ဖို့က လုံးဝ လိုအပ်ပါတယ် ကျွန်တော်တို့က ဘုရားအမှုတော်နဲ့ လူရဲ့လုပ်ဆောင်မှုကို မခွဲခြားနိုင်ဘူးဆိုရင် လူ့ဇာတိခံ ဘုရားသခင်နဲ့ ဘုရားအသုံးပြုတဲ့ လူတွေကြားက ပဓာနကျတဲ့ ကွာခြားချက်ကို နားမလည်ရင် ကျွန်တော်တို့ လေးစားအားကျတဲ့လူတွေကို ဘုရားအသုံးပြုတဲ့လူတွေအဖြစ် ထင်မိတတ်သလို လူရဲ့လုပ်ဆောင်မှုကိုလည်း ဘုရားရဲ့အမှုတော်အဖြစ် ထင်မိဖို့ များပါတယ် ကျွန်တော်တို့က လူတွေနောက်ကို လိုက်မိတဲ့အခါ ဘုရားနောက်ကို လိုက်နေတယ်ဆိုပြီး မှားမှားယွင်းယွင်း ထင်တတ်ကြတယ် မှန်တဲ့ လမ်းကနေ သွေဖည်ပြီး ဘုရားကို ဆန့်ကျင်မိနေပြီဆိုတာကို သတိမထားမိကြဘူး ဒါက ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာပါ နှစ်ပေါင်း နှစ်ထောင်ကျော် ကုန်သွားပေမဲ့ လူ့ဇာတိခံ ဘုရားသခင်ရဲ့ ဂုဏ်ဒြပ်နဲ့ အမှုတော်၊ ဘုရားသခင် အသုံးပြုတဲ့လူတွေရဲ့ ဂုဏ်ဒြပ်နဲ့ လုပ်ဆောင်မှုဆိုတာတွေကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်သေးပါဘူး နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က ဒီအကြောင်းကို ဖုံးကွယ်ထားတဲ့ နက်နဲမှုတွေကို ဖွင့်ပြဖို့ ကြွရောက်နေပါပြီ လူ့ဇာတိခံ ဘုရားရဲ့ အမှုတော်နဲ့ ဘုရားအသုံးပြုတဲ့ လူတွေရဲ့ အလုပ်ကြားက ခြားနားချက်အကြောင်းကို ဘုရားသခင်က ဘာပြောလဲဆိုတာ ကြည့်လိုက်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြု၏၊ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အင်အားနှင့် လားရာတိုင်းကို ကိုယ်စားပြုပြီး၊ တမန်တော်များ၏ အလုပ်မှာမူ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်နောက်တွင် ဖြစ်လာပြီး ယင်းမှ လိုက်လုပ်ခြင်းဖြစ်ကာ ခေတ်ကို မဦးဆောင်သကဲ့သို့၊ ခေတ်တစ်ခေတ်လုံးထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လားရာကိုလည်း ကိုယ်စားမပြုပေ။ ၎င်းတို့သည် စီမံခန့်ခွဲမှုအလုပ်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည့် လူလုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အမှုသည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းတစ်ခု ဖြစ်သည်။ လူသား၏ အလုပ်မှာ အသုံးပြုခြင်းခံရသော လူတို့ ဖြည့်ဆည်းသည့် တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်မှု မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

လူ့ဇာတိခံ ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို အစပြုပြီး၊ သူ၏အမှုကို ဆက်လက် လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုတော်အတွင်းတွင် ရှိပြီး၊ ဤနယ်ပယ်ကို လွန်၍ သွားနိုင်စွမ်း မရှိပေ။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့ပါက၊ လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် သိသိသာသာ ကွာခြားပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့မှာမူ မလုပ်ဆောင်နိုင်ကြပေ။ ခေတ်ကာလအသီးသီး၏ အစတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် လူသားကို အသစ်သော အစပြုခြင်းထဲသို့ ခေါ်ဆောင်ဖို့ရန် ကိုယ်တိုင်ကိုယ်ကျ စကားပြောပြီး ခေတ်သစ်ကို အစပြုလေသည်။ သူသည် စကားပြောခြင်း ပြီးဆုံးသောအခါ၊ ဤအရာက သူ၏ဘုရားသဘာဝအတွင်းရှိ ဘုရားသခင်၏အမှု ပြီးမြောက်သည်ကို ညွှန်ပြပေသည်။ ထို့နောက်တွင်၊ လူအားလုံးသည် မိမိတို့၏ အသက်တာ အတွေ့အကြုံများထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသောသူတို့၏ ဦးဆောင်မှုနောက်ကို လိုက်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်)

ဘုရားသခင် ဖော်ပြသည့် အရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည့်အရာဖြစ်ပြီး၊ ဤအရာကို လူသားက မရယူနိုင်ပေ- ဆိုလိုသည်မှာ ယင်းကို လူသား၏ တွေးခေါ်မှုက လက်လှမ်းမမီပေ။ သူသည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်ခြင်း အလုပ်အား ဖော်ပြပြီး ဤသည်မှာ လူသားအတွေ့အကြုံ၏ အသေးစိတ် အချက်အလက်များနှင့် ဆက်နွှယ်မှုမရှိဘဲ၊ ယင်းအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသား ဖော်ပြသည့်အရာသည် သူ၏အတွေ့အကြုံ ဖြစ်သော်လည်း၊ ဘုရားသခင် ဖော်ပြသည်မှာ လူသား လက်လှမ်းမမီသည့် သူ၏ ရှိရင်းစွဲ စိတ်သဘောထားဖြစ်သော သူ၏ဖြစ်တည်မှု‌ ဖြစ်ပေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်၏ဖြစ်တည်မှုနှင့် သက်ဆိုင်၍ ဘုရားသခင်၏ဖော်ပြခြင်းအရ ဆည်းပူးရရှိသည့် ၎င်း၏ ထိုးထွင်းသိမြင်မှုနှင့် အသိပညာ ဖြစ်ပေသည်။ ထိုသို့သော ထိုးထွင်းသိမြင်မှုနှင့် အသိပညာတို့ကို လူသား၏ ဖြစ်တည်မှုဟု ခေါ်ပြီး၊ ၎င်းတို့၏ ဖော်ပြခြင်းနှင့် သက်ဆိုင်သည့် အခြေခံအကြောင်းရင်းမှာ၊ လူသား၏ မွေးရာပါ စိတ်သဘောထားနှင့် အရည်အချင်းတို့ ဖြစ်သည်- ဤသည်မှာ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်း ခေါ်ဆိုရသည့် အကြောင်းရင်း ဖြစ်ပေသည်။...ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကပြောဆိုသော နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းတို့သည် ဝိညာဉ်တော် လုပ်ဆောင်ပြီးသော အမှုကို ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက မတွေ့ကြုံဖူး သို့မဟုတ် မမြင်ဖူးသော်လည်း၊ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်သည့်အတွက် သူသည် သူ၏ဖြစ်ခြင်းကို ဖော်ပြဆဲဖြစ်ပြီး ဝိညာဉ်တော်၏ အလုပ်ကို သူ ဖော်ပြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

အသုံးပြုခြင်း ခံရသော လူတို့၏ အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော လုံးဝ မှန်ကန်သည့် ဖော်ပြချက် ဖြစ်သည်၊ အသုံးပြုခြင်းခံရသော လူတို့၏ အလုပ်မှာမူ လူသား၏ အမှုအရာများစွာနှင့် ရောနှောနေပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော ဖော်ပြချက်ဖြစ်ဖို့ မဆိုထားနှင့် သူ၏ တိုက်ရိုက်ဖော်ပြချက်ပင် မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

လူသား၏အလုပ်သည် သူ၏အတွေ့အကြုံနှင့် သူ၏ လူ့သဘာဝတို့၏ လက္ခဏာပြသည်။ လူသားပေးသည့်အရာနှင့် သူလုပ်ဆောင်သည့်အလုပ်သည် သူ့ကို ကိုယ်စားပြု၏။ လူသား၏ ထိုးထွင်းသိမြင်မှု၊ လူသား၏ ဆင်ခြင်တုံတရား၊ လူသား၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် သူ၏ ကြွယ်ဝသော စိတ်ကူးစိတ်သန်း အားလုံးသည် သူ၏ အလုပ်တွင် ပါဝင်သည်။ အထူးသဖြင့် လူသား၏ အတွေ့အကြုံသည် သူ့အလုပ်၏လက္ခဏာကို ပြနိုင်ပြီး၊ လူတစ်ဦး အတွေ့အကြုံများသည် သူ့အလုပ်၏ အစိတ်အပိုင်းများ ဖြစ်လာလေသည်။ လူသား၏ အလုပ်သည် သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

ဘုရားသခင်လုပ်ဆောင်သော အမှုသည် သူ၏ ဇာတိခန္ဓာ၏ အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ မဟုတ်ပေ။ လူလုပ်သော အလုပ်မှာ သူ၏အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ ဖြစ်သည်။ အယောက်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ပတ်သက်၍ ပြောဆိုကြ၏။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်သော်လည်း၊ လူသည် သမ္မာတရားကို သူ၏ တွေ့ကြုံခြင်းနှင့် ကိုက်ညီသည့် အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏အမှုသည် စည်းမျဉ်းများ မရှိသကဲ့သို့၊ အချိန် သို့မဟုတ် ပထဝီဝင် အကန့်အသတ်များအောက်တွင် မရှိပေ။ သူသည် သူ၏ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ သူ နှစ်သက်သည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူ၏အလုပ်သည် သတ်မှတ်ချက်များနှင့် ဆက်စပ် စဉ်းစားရမည့် အခြေအနေများ ရှိ၏။ ထိုအရာများ မရှိပါက၊ သူသည် အလုပ်လုပ်နိုင်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့်သက်ဆိုင်သော သူ၏အသိပညာ သို့မဟုတ် သမ္မာတရားနှင့်သက်ဆိုင်သော သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်မည်မဟုတ်ပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သည်၊ သို့မဟုတ် လူ၏အလုပ်ဖြစ်သည်ဆိုသည်ကို ပြောရန်၊ သင့်အနေဖြင့် ထိုနှစ်ခုကြားက ကွာခြားချက်များကို နှိုင်းယှဉ်ရုံနှိုင်းယှဉ်ရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့ မြင်နိုင်တာက လူ့ဇာတိခံ ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဘုရားအသုံးပြုတဲ့ လူတွေရဲ့လုပ်ဆောင်မှု နှစ်ခုလုံးဟာ အပေါ်ယံအားဖြင့် လူရဲ့လုပ်ဆောင်မှုနဲ့ လူရဲ့စကားတွေလို့ ထင်ရပေမဲ့ တကယ်တော့ ပဓာနကျတဲ့ ခြားနားချက်တွေ ရှိတယ်ဆိုတာပါပဲ လူ့ဇာတိခံ ဘုရားသခင်က အပေါ်ယံအားဖြင့် သာမန် ပုံမှန်လူတစ်ဦးလို့ ထင်ရပေမဲ့ တကယ်တော့ သူဟာ ဘုရားရဲ့ဝိညာဉ်တော်က ယူတင်ဝတ်ဆင်တဲ့ ဇာတိပကတိဖြစ်တယ် သူ့ဂုဏ်ဒြပ်က ဘုရားဖြစ်ခြင်းပါပဲ ဒါကြောင့် သူဟာ ဘုရားရဲ့အရာအားလုံးနဲ့ဖြစ်ခြင်း ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ သမ္မာတရားကို တိုက်ရိုက် ဖော်ပြနိုင်စွမ်းရှိတာ ဖြစ်ပါတယ် သူဟာ ဘုရားရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေကို ဖွင့်ပြနိုင်စွမ်းရှိသလို ခေတ်သစ်ကို အစပျိုးပြီး ခေတ်ဟောင်းကို အဆုံးသတ်နိုင်စွမ်းလည်း ရှိတယ် လူသားမျိုးနွယ် တစ်ရပ်လုံးက ဘုရားအမှုတော်နဲ့အတူ ရှေ့ဆက်သွားနေပါတယ် ဘုရားအမှုတော်က ခေတ်တစ်ခေတ်ကို အဆုံးသတ်ပြီး နောက်တစ်ခေတ်ကို အစပျိုးတာနဲ့အညီ လူသားမျိုးနွယ် တစ်ရပ်လုံးက ခေတ်သစ်ထဲကို ရှေ့ဆက်သွားနေပါတယ် ဒါက လူ့ဇာတိခံ ဘုရားရဲ့အမှုတော်ဟာ ခေတ်တစ်ခုလုံးကို ရှေ့ဆက်တိုးတက်အောင် ဦးဆောင်တယ်ဆိုတာ သက်သေပြပါတယ် ဒါပေမဲ့ လူရဲ့လုပ်ဆောင်မှုကတော့ ခေတ်သစ်ကို အစမပျိုးပေးနိုင်သလို ခေတ်ဟောင်းကိုလည်း အဆုံးမသတ်နိုင်ပါဘူး ဒါ့အပြင် နောက်ထပ် ပဓာနကျတဲ့ ကွာခြားချက်ကတော့ လူ့ဇာတိခံ ဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်က သူ့ရဲ့ ဘုရားသဘာဝကို တိုက်ရိုက်ဖော်ပြတာ ဖြစ်ပါတယ် လူသားရဲ့အတွေး စိတ်ကူး ယုတ္တိ ဒါမှမဟုတ် တွေးခေါ်မြော်မြင်မှုတွေနဲ့ စွန်းထင်းမနေပါဘူး လူ့စိတ်ကူးတွေနဲ့ နည်းနည်းလေးမှ ရောနှောမှုမရှိဘဲ ဘုရားဝိညာဉ်တော်ရဲ့ မူလရည်ရွယ်ချက်နဲ့ ပြည့်၀နေတာပါ လူ့ဇာတိခံ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ခုစီတိုင်းဟာ ဩဇာအာဏာနဲ့ တန်ခိုးတွေ ပြည့်လျှံနေတဲ့ သမ္မာတရားဖြစ်ပါတယ် ဒါကြောင့် အဲဒါတွေဟာ လူ့အသက်တာဖြစ်လာနိုင်တယ် လူ့စိတ်သဘောထားကို ပြောင်းလဲစေနိုင်တယ် လူကို သန့်စင်၊ ကယ်တင်ပြီး စုံလင်စေနိုင်တယ် နောက်ဆုံးမှာ လူသားမျိုးနွယ်ကို သူတို့ရဲ့ လှပတဲ့ ခရီးပန်းတိုင်ဆီ ဦးဆောင်လမ်းပြမှာဖြစ်တယ် ဒါပေမဲ့ ဘုရားအသုံးပြုတဲ့ လူတွေကတော့ ဂုဏ်ဒြပ်အရ လူသားပါပဲ လူ့ဇာတိခံဘုရား မဟုတ်ပါဘူး ဒါကြောင့် သူတို့က ခေတ်သစ်ကို အစပျိုးတာ ဒါမှမဟုတ် ခေတ်ဟောင်းကို အဆုံးသတ်တာတွေ မလုပ်နိုင်သလို ခေတ်သစ်ထဲမှာ ရှေ့ကဦးတည်ရာကို လူတွေအတွက် သူတို့က မပြပေးနိုင်ဘူး သူတို့အလုပ်က ဘုရားရဲ့ စီမံခန့်ခွဲမှု မပါဘူး သူတို့က ဘုရားအမှုတော်ရဲ့ အခြေခံအကြောင်းရင်းနဲ့အညီ လူသားရဲ့ ပူးပေါင်းလုပ်ဆောင်မှုအလုပ်ကိုပဲ လုပ်တာပါ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ဘုရားနှုတ်ကပတ်တော်ဆိုင်ရာ အသိပညာကို မိတ်သဟာယပြုကြတာပါ ဒီအတွေ့အကြုံတွေနဲ့ အသိပညာတွေက လူရဲ့ရှိခြင်းနဲ့ ဖြစ်ခြင်းတွေကို ကိုယ်စားပြုတာဖြစ်ပါတယ် ပြီးတော့ ဒါတွေက လူရဲ့စိတ်ကူး ယုတ္တိ တွေးခေါ်မြော်မြင်မှု အတွေ့အကြုံ သင်ခန်းစာတွေနဲ့ စသဖြင့် ပြည့်၀နေပါတယ် ဒီ မိတ်သဟာယအများစုက သမ္မာတရားနဲ့ ကိုက်ညီပြီး လူတွေကို ဝိညာဉ်ရေးအာဟာရ၊ အားပေးမှုနဲ့ အထောက်အကူတွေ ပေးနိုင်ပေမဲ့ ဒါတွေက သမ္မာတရား မဟုတ်သလို လူ့အသက်ဖြစ်ဖို့လည်း မလုံလောက်ပါဘူး လူရဲ့အလုပ်က ဘုရားအမှုတော်နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါမှသာ လူကို သန့်စင်ခြင်း ကယ်တင်ခြင်းနဲ့ စုံလင်စေခြင်းဆိုတဲ့ ရလဒ်ကို ရရှိမှာဖြစ်ပါတယ် ဒါက လူ့ဇာတိခံ ဘုရားရဲ့ အမှုတော်နဲ့ ဘုရား အသုံးပြုတဲ့ လူတွေရဲ့အလုပ်ကြားက ခြားနားချက်ပဲဖြစ်တယ်။

ဘုရားအမှုတော်နဲ့ လူ့အလုပ်အကြောင်း အချက်အလက်တွေကို ဆန်းစစ်ပြီးတဲ့နောက်မှာ ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်ကြမှာပါ သခင်ယေရှု အမှုပြုဖို့ ကြွလာခဲ့တဲ့အချိန်မှာ နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ ဆိုတဲ့ လမ်းခရီးကိုဆောင်ယူခဲ့တယ် အဲဒီအဆင့်မှာ သူက ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို အစပျိုးရင်းနဲ့ လူသားမျိုးနွယ်ကို ရွေးနုတ်တဲ့အမှုတော် လုပ်ဆောင်ခဲ့တယ် ဒါကြောင့် လူသားမျိုးနွယ်ရဲ့ ခေတ်သစ်က ကျေးဇူးတော်ခေတ်နဲ့အတူ အစပြုခဲ့တယ် သခင်ယေရှုက ချစ်ခြင်းမေတ္တာနဲ့ ကရုဏာဆိုတဲ့ သူ့ရဲ့ စိတ်သဘောထားကို ဖော်ပြခဲ့သလို သူ့ရဲ့ အပြစ်ဖြေရာယဇ်ဟာ လူ့အပြစ်တွေကို ဖြေလွှတ်ခွင့်ရစေခဲ့တယ် လူဟာ ပညတ်တရားကို ချိုးဖောက်ခြင်းအတွက် ကျိန်ဆဲခြင်း ဒါမှမဟုတ် ရှုတ်ချခြင်းကို ထပ်ပြီး ခံရတော့မှာမဟုတ်သလို သူတို့အပေါ် ဘုရားသခင် အပ်နှင်းတဲ့ သမ္မာတရားနဲ့ ကျေးဇူးတော်ကို ခံစားဖို့အတွက် ဘုရားဆီကို ဆုတောင်းရင်း ဟစ်အော်ရင်းနဲ့ ဘုရားရှေ့ကို လာဖို့ အရည်အချင်းပြည့်မီခဲ့ကြတယ် ပြီးတော့ သခင်ယေရှုက သူ့အမှုတော် ပြီးဆုံးပြီး ကောင်းကင်ကို တက်ကြွသွားတဲ့နောက်၊သူ့ရဲ့ တပည့်တော်တွေက သခင်ယေရှုအမှုတော်နဲ့ နှုတ်ကပတ်တော်တွေရဲ့ အခြေခံအုတ်မြစ်အပေါ်မှာ လူကို အာဟာရပေးပြီး အစေခံခြင်းအမှုကို လုပ်ဆောင်ခဲ့ကြတယ် ဘုရားရွေးချယ်ထားတဲ့ လူတွေအနေနဲ့ သခင့်နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်စေဖို့ သူ့ပညတ်ချက်တွေကို လိုက်နာစေဖို့ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို ဖြန့်ဝေ သက်သေခံစေဖို့ အသင်းတော်တွေ တည်ထောင်စေဖို့နဲ့ ယုံကြည်သူတွေကို အစေခံစေဖို့ စတာတွေကို ဦးဆောင်လမ်းပြဖို့အတွက် သူတို့တွေက ဘုရားနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ အသိပညာတွေကို မိတ်သဟာယ ပြုခဲ့ကြတယ် သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို သူတို့ရဲ့အခြေခံအုတ်မြစ်အဖြစ် ထားပြီး ဘုရားအမှုတော်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ သူတို့က လူ့တာဝန်ကို ဖြည့်ဆည်းနေခဲ့ကြတာပါ သူတို့ရေးသားခဲ့တဲ့ စာစောင်တွေ၊ သူတို့ပြောခဲ့တဲ့ စကားတွေက တကယ်တော့ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်အပေါ် သူတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ အသိပညာတွေ ဖြစ်ပါတယ် အဲဒါတွေအားလုံးက သမ္မာတရားနဲ့ ကိုက်ညီပါတယ် ဒါပေမဲ့ သခင်ယေရှုရဲ့အမှုတော် နှုတ်ကပတ်တော်တွေနဲ့တော့ တန်းတူထားလို့ မရနိုင်ပါဘူး နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ကြွလာပါပြီ သူက နိုင်ငံတော်ခေတ်ကို အစပျိုးလိုက်ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်လိုက်ပါပြီ နိုင်ငံတော်ခေတ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ အစပြုပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ဘုရားအိမ်တော်ကနေ အစပြုတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ပြီးပါပြီ ဘုရားသခင်ရဲ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုတွေအားလုံးကို ဖွင့်ပြထားပါပြီ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်မယ့် သမ္မာတရားအားလုံးကို ဖော်ပြထားပါပြီ ပြီးတော့ လူသားရဲ့ ပုန်ကန်ပြစ်မှားမှုကို သည်းခံခြင်းမရှိတဲ့ ဘုန်းအာနုဘော်နဲ့ အမျက်ပြည့်ဝတဲ့ သူ့ရဲ့ စိတ်သဘောထားနဲ့အတူ ဘုရားရဲ့ သန့်ရှင်း ဖြောင့်မတ်တဲ့ ဂုဏ်ဒြပ်ကိုလည်း ကျွန်တော်တို့ လူသားတွေဆီ ထုတ်ဖော်ပြထားပါပြီ သူဟာ လူသားမျိုးနွယ်ကို သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ လုံး၀ ကယ်တင်ဖို့ စာတန်ရဲ့လွှမ်းမိုးမှုကနေ ထွက်ပြေးလွတ်မြောက်စေဖို့နဲ့ နောက်ဆုံးမှာ သူတို့ရဲ့ လှပတဲ့ ခရီးဆုံးပန်းတိုင်ဆီ ခေါ်ဆောင်သွားဖို့အတွက် ဒါကို လုပ်ဆောင်တာဖြစ်ပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ဟာ ဘုရားရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေပြီး ခေတ်ဟောင်းတစ်ခုလုံးရဲ့အဆုံးသတ်ကို ဖြစ်ပေါ်စေမှာပါ သူ့ရဲ့နှုတ်ကပတ်တော်တွေအားလုံးက ပြည့်စုံလာပြီး အသီးအပွင့်တွေ ဖြစ်ထွန်းပါလိမ့်မယ် နောက်ဆုံးမှာ လူသားမျိုးနွယ်တစ်ခုလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားအနေနဲ့ အသိအမှတ်ပြုကြလိမ့်မယ် ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေကို ဘယ်လို ပြည့်စုံစေပြီး ခေတ်ရဲ့အဆုံးသတ်ကို ဘယ်လို ဆောင်ကြဉ်းတယ်ဆိုတာ အားလုံး မျက်မြင်တွေ့ကြုံကြရလိမ့်မယ် အနန္တတန်ခိုးရှင်ဘုရားသခင်က အောင်မြင်သောသူအုပ်စုကို ပြုလုပ်ပြီးတဲ့နောက် ကပ်ဘေးမျိုးစုံ ကျရောက်လာလိမ့်မယ် ပြီးတော့ လူသားမျိုးနွယ်အားလုံး ကပ်ဘေးတွေထဲကို ကျပြီး စစ်ဆေးခံကြရမှာပါ အဲဒီနောက်မှာမှ ဘုရားက တိုင်းနိုင်ငံအားလုံးနဲ့ လူမျိုးအားလုံးဆီ ကိုယ့်ကိုယ်ကိုယ် ထင်ရှားစေဖို့အတွက် မိုးတိမ်ပေါ်ကနေ ပွင့်ပွင့်လင်းလင်း ဆင်းကြွလာလိမ့်မယ် ဒါက နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်က ခေတ်တစ်ခေတ်ရဲ့အဆုံးကို ဆောင်ကြဉ်းပြီး ခေတ်သစ်ကို အစပျိုးတယ်ဆိုတာ သက်သေပြပါတယ် ဘုရားသခင် အသုံးပြုတဲ့ လူရဲ့ အလုပ်က အနန္တတန်ခိုးရှင် ဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်အပေါ် အခြေပြုပြီး ဘုရားနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ သူ့ရဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို မိတ်သဟာယပြုဖို့၊ ဘုရားရွေးချယ်တဲ့လူတွေကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုထဲ ဝင်ရောက်စေဖို့အတွက် သမ္မာတရားကို လေ့လာလိုက်စားရာမှာ လမ်းပြရင်း ရေလောင်းပြီး ထိန်းကျောင်းပေးဖို့ နိုင်ငံတော် ရောက်ရှိခြင်းဆိုင်ရာ ဧဝံဂေလိတရားအကြောင်း လောကတစ်ခုလုံး လူသားမျိုးနွယ်အားလုံးဆီ လူသိရှင်ကြား သက်သေခံချက်တွေ ပေးစေအောင် လူတွေကို ဦးဆောင်ဖို့တို့ပါပဲ ဘုရားအသုံးပြုတဲ့လူက လူ့တာဝန်ကို ဖြည့်ဆည်းရင်း ဘုရားအမှုတော်နဲ့အတူ ပူးပေါင်းလုပ်ဆောင်တာလောက်ပါပဲ ဒါက လူ့ဇာတိခံ ဘုရားရဲ့ အမှုတော်နဲ့ ဘုရားအသုံးပြုတဲ့ လူတွေရဲ့အလုပ်ကြားက အဓိက ခြားနားချက်၊ ဘုရားနဲ့ လူရဲ့ ကွဲပြားတဲ့ ဂုဏ်ဒြပ်တွေအားဖြင့် လုံး၀ ပိုင်းခြားထားတဲ့ ခြားနားချက်တစ်ခု ဖြစ်ပါတယ်။

လူ့ဇာတိခံဘုရားရဲ့ အမှုတော်နဲ့ ဘုရားအသုံးပြုတဲ့လူတွေရဲ့ အလုပ်ကြားက ခြားနားချက်ကို ကျွန်တော်တို့ ခုပဲ မိတ်သဟာယပြုခဲ့ကြတယ် အားလုံးပဲ အဲဒီအပေါ်မှာ ရှင်းမယ်လို့ထင်ပါတယ် ဒီတော့ လူ့ဇာတိခံဘုရားသခင်နဲ့ ဘုရားအသုံးပြုတဲ့လူတွေကြားက အဓိကကျတဲ့ ကွာခြားချက်အကြောင်းကို နောက်ထပ် ခြေတစ်လှမ်းတိုးပြီး မိတ်သဟာယပြုကြရအောင် ဒီသမ္မာတရား ရှုထောင့်အကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင် ဘာပြောလဲ ကြည့်ရအောင်။

လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်)

သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားမဆို၏ အထက်၌ရှိပြီး၊ ဘုရားသခင်၏အလုပ်ကို ဆောင်ရွက်နိုင်သည့် မည်သည့်လူသားမဆို၏ အထက်၌လည်း ရှိသည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းကိုယ်ထည် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိပကတိ၌ သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)

ခရစ်တော်၏ ဘုရားသဘောသဘာဝသည် လူအားလုံး အထက်၌ရှိသည်။ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးထဲတွင် သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ဤသြဇာအာဏာသည် သူ၏ဘုရားသဘာဝဖြစ်ပြီး၊ ယင်းမှာ သူ၏ပင်ကိုလက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်တည်မှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်)

ဘုရားသခင်သည် သန့်ရှင်းပြီး၊ ဖြူစင်ကာ စစ်မှန်ပြီး အမှန်တကယ် ဖြစ်သောကြောင့်၊ သူ၏လူ့ဇာတိသည် ဝိညာဉ်တော်မှ လာသည်။ ဤသည်မှာ တိကျသေချာပြီး မငြင်းနိုင်ပေ။ ဘုရားသခင် ကိုယ်တော်တိုင်အတွက် သက်သေခံနိုင်သည်သာမက၊ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းအဖို့ မိမိကိုယ်ကိုယ်လည်း လုံးဝ ဆက်ကပ်နိုင်လေသည်။ ဤအရာများက ဘုရားသခင်၏ အနှစ်သာရ၏ တစ်ဖက်ကို ကိုယ်စားပြုသည်။ လူ့ဇာတိသည် ဝိညာဉ်တော်ထံမှ ပုံသဏ္ဌာန်တစ်ခုဖြင့် လာသည်ဆိုခြင်းမှာ ဝိညာဉ်တော်က မိမိကိုယ်မိမိ ယူတင်ဝတ်ဆင်သည့် လူ့ဇာတိသည် လူသားများ၏ ဇာတိခန္ဓာနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားသည်ဟု ဆိုလိုပြီး ဤကွဲပြားခြားနားချက်သည် ၎င်းတို့၏ ဝိညာဉ်တော်ထဲတွင် အဓိကအားဖြင့် တည်ရှိလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၉))

လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။...

...နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

လူ့ဇာတိခံ ဘုရားသခင်ဆိုတာ လူ့ဇာတိမှာ ပေါ်လာတဲ့ ဘုရားသခင်ရဲ့ဝိညာဉ်တော် ဖြစ်တယ်ဆိုတာကို အနန္တတန်ခိုးရှင်ဘုရားသခင်က သေသေချာချာ ရှင်းထားပါတယ် သူ့မှာ သာမန်လူ့သဘာဝရှိပေမယ့် ဘုရားဖြစ်ခြင်းဂုဏ်ဒြပ်နဲ့ ပြည့်စုံတယ် ဒါပေမဲ့ ဘုရားသခင် အသုံးပြုတဲ့ လူတွေကတော့ လူသားဂုဏ်ဒြပ်ပဲ ရှိကြတယ် သူတို့က လူသားပဲ ဖြစ်နိုင်တယ်၊ ဘုရားဖြစ်ခြင်းဂုဏ်ဒြပ် မရှိနိုင်ဘူး ခရစ်တော်မှာ ဘုရားဖြစ်ခြင်းဂုဏ်ဒြပ်ရှိတယ် ဆိုတာကတော့ ဘုရားသခင်ရဲ့ဝိညာဉ်တော်မှာ ရှိတဲ့ သူ့ရဲ့ပင်ကိုယ်စိတ်နေသဘောထား သူ့ရဲ့ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းဂုဏ်ဒြပ် ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်း ဘုရားသခင်ရဲ့အနန္တတန်ခိုးနဲ့ ဉာဏ်ပညာ ပြီးတော့ ဘုရားသခင်ရဲ့ဩဇာအာဏာနဲ့ တန်ခိုး စတာတွေအားလုံးက လူ့ဇာတိမှာ ပေါ်ပေါက်တယ်လို့ ဆိုလိုတာပါ ဒီဇာတိခန္ဓာဟာ ဘုရားဖြစ်ခြင်းဂုဏ်ဒြပ်ရှိတဲ့ ဇာတိခန္ဓာဖြစ်တယ် လူသားမျိုးနွယ်ကို အမှုပြုပြီး ကယ်တင်ဖို့ ကမ္ဘာမြေပေါ် ကြွရောက်လာတဲ့ ဘုရားသခင်အစစ်အမှန်ပါပဲ ခရစ်တော်မှာ ဘုရားဖြစ်ခြင်းဂုဏ်ဒြပ် ရှိတာကြောင့် အမျိုးမျိုးသောလူတွေ အဖြစ်အပျက်တွေနဲ့ အကြောင်းအရာတွေအပေါ် သူ့ရဲ့စိတ်ခံစားချက်အခြေအနေ သဘောထားတွေ အမြင်တွေနဲ့ ခံယူချက်တွေ ခရစ်တော်ရဲ့အတွေးတွေအားလုံးဟာ သမ္မာတရားပဲဖြစ်ပါတယ် ဒါတွေအားလုံးက ဘုရားသခင်ရဲ့သန့်ရှင်းတဲ့ ဂုဏ်ဒြပ်နဲ့ အသက်တာစိတ်သဘောထားရဲ့ ဖော်ပြချက်တွေပါပဲ ခရစ်တော်ဟာ ဘုရားသခင်ကို လုံးဝကိုယ်စားပြုနိုင်တယ် ဘုရားသခင်ရဲ့အသံတော် စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတွေကို ဘုရားသခင်ရဲ့ထင်ရှားတဲ့လက္ခဏာအားဖြင့် တိုက်ရိုက် ဖော်ပြနိုင်တယ် လူသားအပေါ် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကို အပ်နှင်းနိုင်တယ် ဒါက ဖန်ဆင်းခံလူသားတိုင်းရဲ့ တတ်စွမ်းနိုင်မှုကို ကျော်လွန်ပါတယ် အဲဒါက ဘာကြောင့်လဲဆိုရင် ခရစ်တော်ဟာ ပြည့်စုံတဲ့ ဘုရားသဘောသဘာဝကို ပိုင်ဆိုင်လို့ပါပဲ ဒါကြောင့် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တချို့ကို ရံဖန်ရံခါလောက် ပြောပြနိုင်တဲ့ ပရောဖက်တွေထက် သူဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို အချိန်နေရာမရွေး တိုက်ရိုက် ဖော်ပြနိုင်တယ် ခရစ်တော် ဖော်ပြတဲ့ အရာအားလုံးက သမ္မာတရားဖြစ်သလို ခေတ်သစ်မှာ ဘုရားသခင်ရဲ့အမှုတော် ဖြစ်ပါတယ် သူက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအပေါ် သူ့အသိပညာနဲ့ အတွေ့အကြုံကို မပြောဆိုပါဘူး ခရစ်တော်ဟာ ပြည့်စုံတဲ့ ဘုရားသဘောသဘာဝ ရှိတာကြောင့် လူတွေကို ထောက်ပံ့ဖို့ ရေလောင်းဖို့ ထိန်းကျောင်းဖို့ လူသားတွေအားလုံးကို လမ်းပြဖို့အတွက် သမ္မာတရားကို အချိန်နေရာမရွေး ဖော်ပြနိုင်တယ် ခရစ်တော်ဟာ ပြည့်စုံတဲ့ ဘုရားသဘောသဘာဝ ရှိတာကြောင့် ဘုရားရဲ့ အမှုတော်ကို ဆောင်ရွက်နိုင်တယ်၊ လူသားမျိုးနွယ်ကို ဦးဆောင်နိုင်ပြီး ရွေးနုတ်နိုင်တယ် လူသားမျိုးနွယ်ကို သိမ်းပိုက်၊ ကယ်တင်ပြီး ခေတ်ဟောင်းတစ်ခုလုံးကို အဆုံးသတ်နိုင်တယ် ဒါပေမဲ့ ဘုရားသခင် အသုံးပြုတဲ့ လူတွေကတော့ လူသားဂုဏ်ဒြပ်ပဲ ရှိကြတယ် သူတို့မှာ ဘုရားသဘောသဘာဝ မပိုင်ဆိုင်ဘူး လူသားသက်သက်သာ ဖြစ်တယ် ဒါကြောင့် သူတို့က လူသားရဲ့အလုပ်ကိုပဲ ဆောင်ရွက်နိုင်သလို လူသားရဲ့တာဝန်ကိုပဲ ဖြည့်ဆည်းနိုင်တယ် သူတို့က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု အလင်းပြမှု အမှုတော်နဲ့ စုံလင်ခြင်းတွေကို ပိုင်ဆိုင်ကြပေမဲ့ သူတို့အနေနဲ့ ဘုရားသခင်ရဲ့အမှုတော်မှာ ပူးပေါင်းလုပ်ဆောင်တာ သူတို့ရဲ့အသိပညာနဲ့ အတွေ့အကြုံကို ဖော်ပြတာလောက်ပဲ အလွန်ဆုံး တတ်နိုင်ကြတယ် သူတို့စကားတွေက သမ္မာတရားနဲ့ ကိုက်ညီပြီး တခြားသူတွေကို အများအားဖြင့် အကျိုးပြုကောင်းပြုနိုင်ပေမဲ့ အဲဒါတွေက သမ္မာတရားမဟုတ်သလို၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ တန်းတူမရပ်တည်နိုင်ပါဘူး။ လူ့ဇာတိခံ ဘုရားသခင်က ခေတ်တစ်ခေတ်ကို အစပြုပြီး တစ်ခေတ်ကို အဆုံးသတ်ပေးတဲ့ အမှုကို လုပ်ဆောင်တယ်ဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းရှိရပါမယ်။ သူက သမ္မာတရားကို တိုက်ရိုက် ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်တစ်ခုလုံးကို ဦးဆောင်လမ်းပြနိုင်တယ် ဒါပေမဲ့ ဘုရားသခင် အသုံးပြုတဲ့လူတွေ ဒါမှမဟုတ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော် ရှိတဲ့လူတွေကတော့ အလွန်ဆုံးပြောရရင် လူသားရဲ့တာဝန်ကို ဖြည့်ဆည်းရင်း ဘုရားသခင်ရဲ့အမှုမှာ ပူးပေါင်းလုပ်ဆောင်နေတာလောက်ပါပဲ အလွန်ဆုံးဆိုရင် သူတို့က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့ သူတို့ကိုယ်ပိုင်အသိပညာ အတွေ့အကြုံတွေကို ဖော်ပြနေတာလောက်ပါပဲ သူတို့ပြောတာတွေကလည်း သမ္မာတရားနဲ့ ကိုက်ညီတယ် သူတို့က ဘုရားသခင်အတွက် အချိန်ဘယ်လောက်ကြာကြာ အမှုထမ်းခဲ့ပါစေ ဘယ်လောက်ပဲ ပြောဆိုထားပါစေ သူတို့တွေဟာ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ သူတို့ရဲ့အသိပညာနဲ့ အတွေ့အကြုံကို ဝေမျှနေရုံသက်သက်သာပါပဲ ဘုရားသခင်ကို ချီးမြှောက်ပြီး ဘုရားသခင်အတွက် သက်သေခံနေကြတာလောက်ပါပဲ ဒါက လူ့ဇာတိခံ ဘုရားနဲ့ ဘုရားအသုံးပြုတဲ့ လူတွေ ဒါမှမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော် ရှိတဲ့လူတွေကြားက ပဓာနကျတဲ့ ကွာခြားချက်ဖြစ်ပါတယ်။

လူ့ဇာတိခံဘုရားသခင်ဟာ ဘုရားဖြစ်ခြင်းဂုဏ်ဒြပ်နဲ့ ပြည့်စုံတယ် ဒါကြောင့် သူ့အမှုတော်နဲ့ နှုတ်ကပတ်တော်ဟာ လူ့အတွေးတွေ အယူအဆတွေ စိတ်ကူးတွေ ယုတ္တိတွေနဲ့ ညစ်ညမ်းမနေပါဘူး အဲဒီအစား ဘုရားသဘောသဘာဝရဲ့အရာအားလုံးနဲ့ဖြစ်ခြင်း ဘုရားသခင်ဝိညာဉ်တော်ရဲ့မူလအဓိပ္ပာယ် စတာတွေကို လူ့ဇာတိခံဘုရားသခင်က တိုက်ရိုက် ဖော်ပြတယ် ကျေးဇူးတော်ခေတ်ကလိုပါပဲ သခင်ယေရှုက ကောင်းကင်နိုင်ငံတော်ရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြခဲ့တယ် နောင်တလမ်းကို ယူဆောင်လာပြီး ချစ်ခင်ကြင်နာမှုနဲ့ သနားကရုဏာဆိုတဲ့ သူ့စိတ်သဘောထားကို ဖော်ပြခဲ့တယ် စသဖြင့်ပေါ့ ဒါတွေအားလုံးက ဘုရားဝိညာဉ်တော်ရဲ့ တိုက်ရိုက်ဖော်ပြချက်တွေ ဖြစ်တယ် ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ ဖြစ်ခြင်းတွေကို သဘာဝကျကျ ထုတ်ဖော်ပြခြင်းတွေပါပဲ ဒါတွေအားလုံးက လူသားရဲ့တွေးခေါ်နိုင်စွမ်းကို ကျော်လွန်နေတာပါ နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်ပြီး စုံလင်စေမယ့် သမ္မာတရားအားလုံးကို ဖော်ပြပါတယ် ဘယ်လို ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သူက ထုတ်ဖော်ပြပြီး သူ့ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေအားလုံးကိုလည်း ဖွင့်ပြပါတယ် ဘုရားရဲ့ လူ့ဇာတိခံယူခြင်း နက်နဲမှုတွေ၊ ဘုရားအမှုတော်နဲ့ လူ့အလုပ်ကြားက ခြားနားချက်၊ ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ ရည်ရွယ်ချက်၊ ဘုရားအမှုတော် အဆင့်သုံးဆင့်ရဲ့ အတွင်းဇာတ်ကြောင်း၊ လူရဲ့ ဖောက်ပြန်ပျက်စီးခြင်း အကြောင်းရင်း၊ လူဟာ ဘုရားရဲ့ကယ်တင်ခြင်းကို ရရှိဖို့ အပြစ်ကနေ ဘယ်လို လွတ်မြောက်သင့်ပုံ လူသားမျိုးနွယ်ရဲ့ အနာဂတ် ကံကြမ္မာ စတာတွေပေါ့ အနန္တတန်ခိုးရှင်ဘုရားသခင် ပြုလုပ်သမျှတိုင်းဟာ ဘုရားသဘောသဘာဝရဲ့ တိုက်ရိုက်ဖော်ပြချက်တွေ ဖြစ်ပါတယ် လူ့အတွေးအခေါ်နဲ့ လက်လှမ်းမမီတဲ့ ဘုရားဝိညာဉ်တော်ရဲ့ မူလအဓိပ္ပါယ်ဖြစ်တယ် လူ့ဇာတိခံဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော် သူ့ရဲ့ဖော်ပြထားတဲ့ စိတ်သဘောထားအရ လူ့ဇာတိခံဘုရားဟာ ဂုဏ်ဒြပ်အားဖြင့် ဘုရားသဘောသဘာ၀ဖြစ်ပြီး သူဟာ တစ်ပါးတည်းဖြစ်တဲ့ ဘုရားကိုယ်တော်တိုင်ကလွဲလို့ အခြားမဟုတ်ဘူးဆိုတာကို သက်သေပြဖို့ လုံလောက်ပါတယ် ဒါပေမဲ့ ဘုရားအသုံးပြုတဲ့လူတွေက သူ့ရဲ့ ဘုရားသဘာဝအမှုတော်ကို ဆောင်ရွက်ရာမှာ အစားထိုးဝင်နိုင်ခြင်း မရှိသလို ဘုရား ဝိညာဉ်တော်ရဲ့ မူလအလိုတော်ကို တိုက်ရိုက် မဖော်ပြနိုင်ပါဘူး သူတို့က ဘုရားအမှုတော်ရဲ့ အခြေခံအုတ်မြစ်အပေါ်မှာ လူသားရဲ့ပူးပေါင်းဆောင်ရွက်မှု အလုပ်ကိုပဲ လုပ်ဆောင်နိုင်တယ် သူတို့ရဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို မျှဝေတာ၊ ဘုရားရွေးချယ်ထားတဲ့ လူတွေကို ဘုရားနှုတ်ကပတ်တော် သမ္မာတရားရဲ့ စစ်မှန်မှုထဲကို ဝင်ရောက်ဖို့ ဦးဆောင်တာ၊ ဘုရားအတွက် သက်သေခံပြီး သူ့ကို အစေခံတာတွေကိုပဲ လုပ်ဆောင်နိုင်တယ်၊ဒါက လူ့တာဝန်ကို ဖြည့်ဆည်းခြင်းပါပဲ လူ့စိတ်က တတ်စွမ်းနိုင်တဲ့ အလုပ်၊ လူသားအနေနဲ့ တွေ့ကြုံနိုင်တဲ့ အလုပ် အခြေခံအားဖြင့် လူရဲ့ရှိခြင်းနဲ့ ဖြစ်ခြင်းဆိုတဲ့ အလုပ်ကိုပဲ သူတို့က လုပ်ဆောင်တယ် လူ့ဇာတိခံဘုရားနဲ့ ဘုရားအသုံးပြုတဲ့လူတွေဟာ ဂုဏ်ဒြပ်အရ ကွဲပြားတာကြောင့် သူတို့ရဲ့ အလုပ်က သဘောသဘာဝအရ လုံးဝ ကွဲပြားပါတယ် ဘုရားဆိုတာ လူနဲ့ ကွဲပြားသလို လူ့ဇာတိခံဘုရားဟာလည်း ဘုရားအသုံးပြုတဲ့လူတွေနဲ့ ကွဲပြားပါတယ် တစ်ဦးက ဘုရားရဲ့ဂုဏ်ဒြပ် ရှိပေမဲ့ ကျန်တစ်ဦးကတော့ ဂုဏ်ဒြပ်အရ လူသားပဲဖြစ်တယ် လူသားဂုဏ်ဒြပ်ရှိသူတွေက လူသားရဲ့အလုပ်ကိုသာ လုပ်နိုင်ပေမဲ့ ဘုရားအဖြစ်တော်ဂုဏ်ဒြပ်ရှိသူကတော့ ဘုရားအလုပ်ကို လုပ်နိုင်တယ် ဘုရားကို ယုံကြည်သူတိုင်း ဒါကို နားလည်ထားရမယ်။

အခု ဘုရားရဲ့ အမှုတော်နဲ့ လူ့အလုပ်ကြား ခြားနားချက် အပြင်၊ လူ့ဇာတိခံ ဘုရားသခင်နဲ့ ဘုရားအသုံးပြုတဲ့ လူတွေကြားက ပဓာနကျတဲ့ ခြားနားချက်ကို ကျွန်တော်တို့ နားလည်ကြပြီ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဘုရားအသုံးပြုတဲ့လူတွေရဲ့ အလုပ်နဲ့ ဘာသာရေးခေါင်းဆောင်တွေ ဘာသာရေးပုဂ္ဂိုလ်ကျော်တွေရဲ့ အလုပ်ကြား ခွဲခြားဖို့ လိုပါသေးတယ် ဒါကလည်း အရမ်းအရေးကြီးပါတယ်။ ဘုရားအမှုတော်နှင့် လူ့အလုပ်ကြား ကျွန်တော်တို့ မခွဲခြားနိုင်ပါက သို့မဟုတ် ဘုရားအသုံးပြုသည့်လူများနှင့် ထိုသူတော်ကောင်း အယောင်ဆောင် ဖာရိရှဲများကြား မခွဲခြားနိုင်ပါက၊ ကျွန်တော်တို့က လူများကို ကိုးကွယ်ခြင်း နှင့် လူနောက်လိုက် ခြင်းများ ဖြစ်တတ်ပြီး လမ်းမှန်ကနေ အလွယ်တကူ သွေဖည်သွားမည်ဖြစ်သည်။ ယင်းမှာ သခင်ယေရှု သူ့အမှုတော်ကို ပြုဖို့ ကြွလာခဲ့စဉ်ကကဲ့သို့ ဖြစ်သွားလိမ့်မည်။ ဂျူးဘာသာထဲက ဘုရားရွေးချယ်ထားသည့် လူအားလုံးက သူ့ကို စွန့်ပယ်ရင်း၊ သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲများနောက် လိုက်သွားကြသည်။ နောက်ဆုံးသောကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ပါသည်။ ဘာသာရေး လောကထဲမှာ သင်းအုပ်များနှင့် ခေါင်းဆောင်များ ခေတ်သစ် ဖာရိရှဲများက နောက်ဆုံးသောကာလ၏ ခရစ်တော်ကို စွန့်ပယ်ကြအောင် ဦးဆောင်ရင်းနှင့် လူများအများကြီးကို လှည့်ဖြားသည်။ ထိန်းချုပ်ပြီး ချုပ်ချယ်ကြသည်။ ဤသည်မှာ ကျွန်တော်တို့ သင်ယူရမည့် ဆိုးရွားသည့် သင်ခန်းစာ ဖြစ်သည်။ ဘုရားသခင်နောက်ကို လိုက်ဖို့ ဘာသာရေး ခေါင်းဆောင်များ၏ အနှစ်သာရကို သိမြင်နိုင်ရမည်။ တစ်နည်းဆိုရပါက သူတို့က သူတော်ကောင်းယောင်ဆောင် ဖာရိရှဲများသာဖြစ်သည်။ သူတို့က သူတို့၏ အယူအဆများ၊ စိတ်ကူးများ၊ ကျိုးကြောင်းဆီလျော်သည့် တွေးခေါ်မြော်မြင်မှုများနှင့်အညီ ကျမ်းစာကို အနက်ပြန်ရင်း သူတို့၏ဆုကျေးဇူးများ ပင်ကိုစွမ်းရည်များအားဖြင့် အလုပ်လုပ် ကြသည်။ သူတို့ တကယ်ဟောသည့်အရာ များက ဓမ္မပညာနှင့် ဆိုင်သည့် သီအိုရီများနှင့် ကျမ်းစာဆိုင်ရာ လေ့လာမှုများ ဖြစ်သည်။ သူတို့က ဘုရား၏ နှုတ်ကပတ်တော်များကို ချီးမြှောက်ပြီး သက်သေခံမည့််အစား ကျမ်းစာထဲက လူများ၏ စကားများကို အနက်ပြန်ခြင်းနှင့် ဟောပြောခြင်းကို အရေးစိုက်ကြသည်။ သူတို့က သခင့်ကို ပြယုဂ်သာသာအဖြစ်ကို ရောက်စေရင်းနှင့် သခင်ယေရှု၏ စကားများကို အစားထိုးဖို့ လူများ၏စကားများကို အသုံးပြုကြသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ဆန့်ကျင်ခြင်း ဖြစ်သည်။ ဘုရားသခင်အပေါ် ဖာရိရှဲများ၏ ဆန့်ကျင်မှု အဓိကအပိုင်းက ဤနေရာတွင် တည်နေခြင်းဖြစ်သည်။ ဘာသာရေး သမားများက ဖာရိရှဲများ၏ ခေါင်းဆောင်မှုထဲ အလှည့်ခံရပြီး သူတို့နောက်ကို စုံလုံးကန်း လိုက်ကြသည်။ သူတို့က ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာသော်လည်း၊ သမ္မာတရား သို့မဟုတ် မည်သို့ အသက်အာဟာရကိုမှ လုံး၀ မရကြပါ။ အဖြစ်နိုင်ဆုံးမှာ သမ္မာကျမ်းစာနှင့် ဆိုင်သည့် အသိပညာတချို့နှင့် ဓမ္မပညာဆိုင်ရာ သီအိုရီများကို ရဖို့လောက်သာ သူတို့ မျှော်လင့်နိုင်သည်။ သူတို့က ပို၍ မာနထောင်လွှားလာသည်။ မိမိကိုယ်ကိုယ် မှန်သည်ထင်ပြီး စိတ်သဘောထားမှာလည်း ပမာမခန့်နှင့် ဘုရားကို ကြောက်ရွံ့မှု နည်းနည်းလေးမှ မရှိကြ။ တဖြည်းဖြည်းနှင့် ဘုရားသခင်က သူတို့၏စိတ်နှလုံးများထဲတွင် သူ့၏အနေအထား ဆုံးရှုံးသွားသည်။ ပြီးလျှင် သူတို့ဘာသာ မသိလိုက်ဘဲ ဘုရားသခင်ကို ဆန့်ကျင်သည့် ဖာရိရှဲများ၏ လမ်းကို လျှောက်မိကြသည်။ အထူးသဖြင့်၊ သမ္မာကျမ်းစာကို အဆက်အစပ်မရှိယူပြီး တလွဲအနက်ပြန်သည့် ဘာသာရေးသမားများနှင့် ပုဂ္ဂိုလ်ကျော်များ အများကြီး ရှိသည်။ လူများကို လှည့်စားဖို့ ထောင်သွင်းဖို့ ခြယ်လှယ်ဖို့အတွက် လူ့အယူအဆများ စိတ်ကူးများနှင့် ကိုက်ညီပြီး သူတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒကို ကျေနပ်စေသည့် အယူလွဲမှားမှုများ အတွေးမှားများကို ဖြန့်ကြသည်။ ဤအယူလွဲမှားမှုများနှင့် အတွေးမှားများကို ဘုရား၏ နှုတ်ကပတ်တော်၊ သမ္မာတရားဟု သဘောထားသည့် လူများအများကြီး ရှိကြသည်။ သူတို့က လမ်းကြောင်းမှားဆီကို ဦးဆောင်လမ်းပြ ခံရခြင်းဖြစ်သည်။ ဤဘာသာရေးသမားများနှင့် နာမည်ကျော်များဟု ခေါ်ကြသူများက ဘုရားသခင်က သူ့၏နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကတစ်ဆင့် ဖော်ထုတ်ထားသည့် အန္တိခရစ်များ ဖြစ်ပါသည်။ ဤ ဘာသာရေးခေါင်းဆောင်ဆိုသူများနှင့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များ၏ အလုပ်က သန့်ရှင်းသော ဝိညာဉ်တော်ဆီက လာခြင်းမဟုတ်မှန်း သက်သေပြဖို့ ဤအချက်များက လုံလောက်ပါသည်။ အမှန်မှာမူ တကယ်တမ်းတော့ ၎င်းတို့မှာ ကျွန်တော်တို့ကို လှည့်စားနေသည့် အန္တရာယ်ပေးနေသည့် ဖာရိရှဲများနှင့် အန္တိခရစ်များ ဖြစ်သည်။ သူတို့အားလုံးက ဘုရားကို ဆန့်ကျင်ရပ်တည်ပြီး သစ္စာဖောက် ကြသည်။ ဘုရားကို ကားတိုင်မှာ နောက်တစ်ကြိမ် သံမှိုရိုက်သည့် သူများက သူတို့ ဖြစ်သည်။ ဘုရားက သူတို့ကို ကျိန်ဆဲထားပါပြီ။

အခုတောင်မှ လူတွေအများကြီးက သိမြင်မှုမရှိကြဘူး။ သူတို့က အဲဒီလှည့်ဖြားတတ်တဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဝိညာဉ်ရေးရာပုဂ္ဂိုလ်တွေကို ဘုရားအသုံးပြုတဲ့လူတွေလို ဆက်ဆံကြတယ် သူတို့တွေရဲ့ မှားယွင်းတဲ့ လှည့်စားတဲ့ စကားတွေကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပြမှု အလင်းပေးမှုအဖြစ် မှတ်ယူကြတာတွေဟာ အဲဒါတွေကို ဘုရားနှုတ်ကပတ်တော် သမ္မာတရားအဖြစ် တလွဲယူကြတဲ့အထိပါပဲ သူတို့က ဘုရားကို နာမည်အရပဲ ယုံကြည်ပြီး တကယ်တမ်းတော့ လူတွေကို ကိုးကွယ်နေတာပါ လူတွေနောက် လိုက်နေကြတာပါ သူတို့နှလုံးသားမှာ ဘုရားသခင်အတွက် နေရာမရှိဘူး သူတို့က ဘုရားရဲ့အဝေးမှာ သွေဖည်ပြီး သစ္စာဖောက်ကြတယ် ဒါကိုလည်း ဘယ်တော့မှ နားမလည်ကြဘူး တော်တော် အသုံးမကျကြတာပါ ဝမ်းနည်းစရာပဲ ဘုရားရဲ့အမှုတော်က ဘာကြောင့် ဘာသာရေးလောကကို ရှင်းပစ်ပြီး စွန့်ပစ်လိမ့်မယ်ဆိုတဲ့ အဓိက အကြောင်းရင်းက ဒါပါပဲ ကျွန်တော်တို့က ဘုရားရဲ့အမှုတော်နဲ့ လူရဲ့အလုပ်ကို လုံး၀ ခွဲခြားမသိမြင်နိုင်ရင် ဒါမှမဟုတ် ဘုရားအသုံးပြုတဲ့လူတွေရဲ့ အလုပ်နဲ့ အဲဒီ သူတော်ကောင်းယောင်ဆောင် ဖာရိရှဲတွေရဲ့ အလုပ်ကြားမှာ မခွဲခြားနိုင်ရင် ဒီဘာသာရေး လူလိမ်တွေနဲ့ အန္တိခရစ်တွေရဲ့ လှည့်စားမှုနဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ဒီလိုသာ တစ်သက်လုံး ကျွန်တော်တို့ ဆက်ယုံကြည်ရင်၊ကျွန်တော်တို့ ဘယ်လောက်ပဲ ကြိုးစားအလုပ်လုပ်ပါစေ အားလုံး အချည်းနှီး ဖြစ်မှာပဲ ပြီးတော့ ဘုရား ချီးမွမ်းတာကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ စာတစ်ပိုဒ် ဖတ်လိုက်ရအောင် “ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် သုတ်သင်ပယ်ရှင်းခံရမည့် သူများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်)

ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) ဒါပေမဲ့ သခင်ယေရှုဟာ အဓိကအားဖြင့် သူ့ယုံကြည်သူတွေကို ချီဆောင်ဖို့ ပြန်ကြွလာတယ်လို့ပဲ ကျွန်တော်တို့ ယုံကြည်တယ် သူ့အနေနဲ့ အောင်မြင်သောသူတွေကို ပြုလုပ်ဖို့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ဘုရားက အစ်ကို လင်းကို ပေါ်ပေါက်စေပြီး အသုံးပြုခဲ့တယ် ကျွန်တော်တို့တွေ အောင်မြင်သောသူတွေ ဖြစ်လာအောင် အသစ်ဖြစ်စေဖို့ ပြောင်းလဲစေဖို့ ကိုက်ညီမှုရှိဖို့နဲ့ ဂုဏ်အသရေရှိစေဖို့ သူက ဦးဆောင်ခဲ့တယ် သခင် ပြန်ကြွလာတဲ့အခါ ကျွန်တော်တို့ ဒေသန္တရအသင်းတော်က ပထမဆုံး ချီဆောင်ခံရမှာဖြစ်တယ် ဘုရားကသာ အောင်မြင်သောသူတွေကို ပြုလုပ်နိုင်စွမ်း ရှိတယ်လို့ ခင်ဗျား သက်သေခံခဲ့တယ် ဒါပေမဲ့ ကျွန်တော်တို့က အစ်ကိုလင်းနောက်ကိုလိုက်ပြီး သူ ဦးဆောင်တဲ့ လမ်းကြောင်းကို လျှောက်ရာကတစ်ဆင့် အောင်မြင်သောသူတွေ ဖြစ်လာနိုင်တယ် ပြီးတော့ ကောင်းကင်နိုင်ငံထဲကို ကျွန်တော်တို့ ချီဆောင်ခံရမယ်လို့ ယုံကြပါတယ် ဒါ ဘယ်လိုလုပ် မှားနိုင်မှာလဲ

နောက်တစ်ခုသို့- မေးခွန်း (၃) ဘုရားသခင်က အစ်ကိုလင်းကို အသုံးပြုခဲ့တယ်လို့ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမအများစုက ထင်ကြတယ် အစ်ကို လင်းက ဝိညာဉ်ရေးရာ စာအုပ်တွေ အများကြီးရေးပြီး သတင်းစကားတွေအများကြီးကို ကျွန်တော်တို့ကို ပေးခဲ့တယ် သူ့စကားတွေက အသက်အတွက် အာဟာရနဲ့ လမ်းခရီးဖြစ်ခဲ့တယ် ပြီးတော့ ကျမ်းစာထဲက တမန်တော်တွေရဲ့ စာစောင်တွေလို၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ အလင်းပြမှုလက္ခဏာတွေ ရှိခဲ့တယ် ဒီစကားတွေက ကျွန်တော်တို့အဖို့ ကြီးမားတဲ့ အကျိုးကျေးဇူးဖြစ်တယ်၊ အားလုံးက သမ္မာတရားနဲ့ ကိုက်ညီတယ် ဒါပေမဲ့ ခင်ဗျားက ဘုရားသခင် အသုံးပြုတဲ့လူတွေရဲ့ စကားတွေဟာ သမ္မာတရားနဲ့ ကိုက်ညီကောင်း ကိုက်ညီနိုင်ပေမယ့် တကယ့် သမ္မာတရားမဟုတ်ဘူးလို့ ပြောတယ် ဒီတော့ သမ္မာတရားဆိုတာ အတိအကျအားဖြင့် ဘာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။