မေးခွန်း (၃) ဘုရားသခင်က အစ်ကိုလင်းကို အသုံးပြုခဲ့တယ်လို့ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမအများစုက ထင်ကြတယ် အစ်ကို လင်းက ဝိညာဉ်ရေးရာ စာအုပ်တွေ အများကြီးရေးပြီး သတင်းစကားတွေအများကြီးကို ကျွန်တော်တို့ကို ပေးခဲ့တယ် သူ့စကားတွေက အသက်အတွက် အာဟာရနဲ့ လမ်းခရီးဖြစ်ခဲ့တယ် ပြီးတော့ ကျမ်းစာထဲက တမန်တော်တွေရဲ့ စာစောင်တွေလို၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ အလင်းပြမှုလက္ခဏာတွေ ရှိခဲ့တယ် ဒီစကားတွေက ကျွန်တော်တို့အဖို့ ကြီးမားတဲ့ အကျိုးကျေးဇူးဖြစ်တယ်၊ အားလုံးက သမ္မာတရားနဲ့ ကိုက်ညီတယ် ဒါပေမဲ့ ခင်ဗျားက ဘုရားသခင် အသုံးပြုတဲ့လူတွေရဲ့ စကားတွေဟာ သမ္မာတရားနဲ့ ကိုက်ညီကောင်း ကိုက်ညီနိုင်ပေမယ့် တကယ့် သမ္မာတရားမဟုတ်ဘူးလို့ ပြောတယ် ဒီတော့ သမ္မာတရားဆိုတာ အတိအကျအားဖြင့် ဘာလဲ

အဖြေ- ဘုရားရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ် ဒါ မေးခွန်းကောင်းတစ်ခုပါပဲ။ ဒါက ကျွန်တော်တို့ သခင့်ကို ယုံကြည်သူအားလုံး နားလည်ထားရမယ့် အဓိကသမ္မာတရားဖြစ်ပါတယ် ဘုရားအသုံးပြုတဲ့လူတွေက ပြောတဲ့ သမ္မာတရားနဲ့ကိုက်ညီတဲ့ စကားတွေဟာ ဘာလို့ သမ္မာတရား မဟုတ်တာလဲဆိုတာကို သိချင်ရင် သမ္မာတရားက အမှန်တကယ် ဘာလဲဆိုတာကို ကျွန်တော်တို့ ပထမဆုံး ရှင်းရှင်းလင်းလင်းဖြစ်ရပါမယ် သမိုင်းတစ်လျှောက်လုံးမှာ သမ္မာတရား ဘာလဲဆိုတာကို အမှန်တကယ် ဘယ်သူမှ မသိကြဖူးပါဘူး ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ဒီလောကထဲကို ကြွလာခဲ့ချိန်မှာ၊ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) လို့ ပြောခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားရဲ့ အဓိပ္ပာယ်အမှန်ကို ဘယ်သူမှ နားမလည်ကြသေးပါဘူး နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ရောက်ရှိလာချိန်မှပဲ သမ္မာတရားရဲ့ နက်နဲမှုတွေက လူသားမျိုးနွယ်ဆီ အပြည့်အဝ ထုတ်ဖော်ပြခံရတာပါ ဒီအကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင် ဘာပြောလဲဆိုတာ ကြည့်ကြရအောင်

သမ္မာတရားသည် လူ့လောကမှ လာသော်ငြားလည်း၊ လူတို့ အလယ်ရှိ သမ္မာတရားကို ခရစ်တော်က လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်ထံမှ ပေါ်ပေါက်ခြင်းဖြစ်ပြီး၊ ဤသည်မှာ လူ တတ်နိုင်စွမ်းသော အရာတစ်ခု မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)

သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏)

လူ့စကားနှင့်ပြောဆိုသည့်သမ္မာတရားသည် လူသား၏ ဆောင်ပုဒ်မျှသာဖြစ်၏၊ လူသားသည် ၎င်းကို မည်သည့်အခါမျှ အပြည့်အဝ တွေ့ကြုံခံစားရလိမ့်မည် မဟုတ်၊ ထို့အပြင် လူသားသည် ၎င်းအပေါ်အားထားကာ အသက်ရှင်သင့်သည် ဟူသည်ကို မြင်တွေ့နိုင်၏။ သမ္မာတရားတစ်ချက်သည် လူသားတစ်ရပ်လုံးကို နှစ်ပေါင်းထောင်ပေါင်းများစွာ ရှင်သန်နေစေနိုင်သည်။

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။”)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကနေ ကျွန်တော်တို့ မြင်နိုင်သည်မှာ သမ္မာတရားဆိုသည်မှာ ဘုရားသခင် ဆီကလာပြီး ခရစ်တော်၏ ဖော်ပြချက်ကနေ လာခြင်းဖြစ်ကြောင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင် ပြောသည့်စကားအားလုံးက သမ္မာတရားဖြစ်ပါသည်။ ဤသည်မှာ သမ္မာတရားက ဘုရားအသက်၏ အနှစ်သာရ၊ ဘုရား၏ စိတ်သဘောထား၊ ဘုရား၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့် အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်သောကြောင့် ပင်တည်း။ သမ္မာတရားက ထာဝရဖြစ်ပြီး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပါ။ ဘုရား၏ နှုတ်ကပတ်တော်များမှာ သြဇာအာဏာနှင့် တန်ခိုးပါရှိသည်။ ၎င်းတို့က လူကို သန့်စင် ကယ်တင်ပြီး စုံလင်စေနိုင်သည်။ ပြီးလျှင် လူ၏ ထာဝရအသက် ဖြစ်နိုင်သည်။ ထို့ကြောင့် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော် အားလုံးက သမ္မာတရားဖြစ်ပါသည်။ ဘုရား၏ အမှုတော်၊ ထုတ်ဖော်ပြခြင်းများနှင့် သူတင်ကူး စီမံထားခြင်းများ အားလုံးက သမ္မာတရားဖြစ်သည်။ လူသားအနေနှင့် ထိန်းသိမ်းပြီး စောင့်ထိန်း လိုက်နာဖို့အတွက် ဘုရားသခင်က အမိန့်ပေး ချမှတ်ထားသည့် စည်းမျဉ်းများ လူသားဆီက သူ တောင်းဆိုခြင်းများ လူသားကို အသက်ရှင်နေထိုင်ဖို့ အမိန့်ပေးခြင်းများ အားလုံးက သမ္မာတရားဖြစ်ပါသည်။ အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားပြောသည့် စကားတစ်လုံးတိုင်းမှာ ရှာဖွေရမည့် သမ္မာတရားရှိသည်။ သူ့အမှုတော် အဆင့်တိုင်းမှာ သမ္မာတရားများစွာကို ဘုရားသခင်က ဖော်ပြထားပါသည်။ ကျွန်တော်တို့ လူသားများအပေါ် ဘုရားသခင် ပေးသနားသည့် တန်ဖိုးရှိသည့် အသက်က ဤသမ္မာတရားများထဲမှာ ရှိပါသည်။

ဘုရားသခင်က သူ့၏ လူ့ဇာတိခံယူခြင်း နှစ်ကြိမ်အတွင်း ဖော်ပြသည့်အရာများအားလုံးက သမ္မာတရား ဖြစ်ပါသည်။ ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှု၏ စကားများကဲ့သို့ပင် သူ၏ စကားများက လူသားမျိုးနွယ်ကို ဘုရားသခင်၏ စိတ်သဘောထား၊ ချစ်ခြင်းမေတ္တာ နှင့် သန့်ရှင်းသည့် အနှစ်သာရကို သက်သေ ခံခွင့်ပေးသည်။ ၎င်းတို့ကဘုရားသခင်ကို သိရှိဖို့ ကျွန်တော်တို့ကို ကူညီပေးသည့် အဖိုးတန် သမ္မာတရားများအားလုံးဖြစ်ပါသည်။ သခင်ယေရှု၏ ချစ်ခြင်းမေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းနှင့် လူသားမျိုးနွယ်အပေါ် ခွင့်လွှတ်ခြင်းအပြင်၊ လူသားအနေနှင့် ဘုရားသခင်ကို သူတို့၏ စိတ် နှလုံး ဝိညာဉ် အားလုံးနှင့် ချစ်ဖို့၊ သူတို့ကိုယ်သူတို့ ချစ်သကဲ့သို့၊ သူတို့နှင့် စပ်ဆိုင်သူများကို ချစ်ဖို့ လောက၏အလင်းနှင့် လောက၏ဆားဖြစ်ဖို့ဆိုသည့် သခင်ယေရှုက တောင်းဆိုခြင်းများ အားလုံးက အပြုသဘောဆောင်သည့် အရာများဖြစ်ပါသည်။ ၎င်းတို့က သမ္မာတရားဖြစ်ပါသည်။ ၎င်းတို့က ကျွန်တော်တို့ ပိုင်ဆိုင်ရမည့်် အသက်၏ လက်တွေ့အရှိတရားလည်း ဖြစ်ပါသည်။ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်က ကြွရောက်နေပါပြီ။ လူသားမျိုးနွယ်ကို တရားစီရင်ခြင်း သန့်စင်ခြင်း နှင့် စုံလင်စေခြင်းဆိုသည့် သမ္မာတရားအားလုံးကို သူက ဖော်ပြပါသည်။ ဤသမ္မာတရားများက နိုင်ငံတော်ခေတ်မှာ လူသားက ပိုင်ဆိုင်လာရမည့်် အသက်၏ လက်တွေ့အရှိတရား ဖြစ်ပါသည်။ နောက်ဆုံးသောကာလ၏ ခရစ်တော်က ဖြောင့်မတ်ခြင်း ဘုန်းအာနုဘော် အမျက်ဒေါသနှင့် ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်း ဆိုသည့် ဘုရား၏ စိတ်သဘောထားကို ကျွန်တော်တို့ဆီ ထုတ်ဖော်ပြပါသည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆိုင်သည့် နက်နဲမှုများ ဘုရားအမှုတော် အဆင့်သုံးဆင့်၏ နက်နဲမှုများ၊ အမှုတော်အဆင့်အသီးသီး၏ ဂုဏ်ဒြပ်နှင့် အတွင်းပိုင်း သမ္မာတရားအပြင် သူ၏ လူ့ဇာတိခံယူခြင်းဆိုင်ရာ နက်နဲမှု၊ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို ဘုရားသခင်က မည်သို့ လုပ်ဆောင် ကြောင်းနှင့်၊ ခရစ်တော်၏နိုင်ငံတော်က မည်သည့်အရာဖြစ်ကြောင်း တို့ကို သူက ထုတ်ဖော်ပြပါသည်။ လူအမျိုးအစား တစ်ဦးစီတိုင်း၏ ကံကြမ္မာကို ဘုရားက မည်သို့ ထုတ်ဖော်ပြသည်၊ ဘုရားက လူကောင်းကို မည်သို့ ဆုပေးပြီး၊ ဆိုးညစ်သူကို မည်သို့ အပြစ်ပေးကြောင်းတို့ကို သူက ဖွင့်ပြပါသည်။ ဘုရား၏ ဖြောင့်မတ်ခြင်း အဓိပ္ပာယ်၊ ဘုရား၏ သန့်ရှင်းခြင်း အဓိပ္ပါယ်နှင့် နှစ်သက်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းဆိုသည့် ဘုရားစိတ်သဘောထား၏ သင်္ကေတ အဓိပ္ပာယ် တို့ကိုလည်း သူက ထုတ်ဖော်ပြပါသည်။ မည်သည့်အရာက ဖြောင့်မတ်ကြောင်း၊ မည်သည့်အရာက ဆိုးညစ်ကြောင်း၊ မည်သည့်အရာက အပြုသဘောဆောင်ပြီး၊ မည်သည့်အရာက အပျက်သဘော ဆောင်ကြောင်း တို့နှင့် စာတန်အားဖြင့် လူသား၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရနှင့် အမှန်တရားများကို သူက ထုတ်ဖော်ပြသည်။ ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို မည်သို့ ရှောင်ရမည်။ စစ်မှန်သည့်အသက်ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း နှင့် မည်သို့ အဓိပ္ပါယ်ရှိရှိ အသက်ရှင်ရမည့်အကြောင်း စသည်တို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်က လူကို ပြသပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော်တို့ သိနားလည်နိုင်လာစေဖို့အတွက် ဤကဲ့သို့ သမ္မာတရားများနှင့် နက်နဲမှုများအားလုံးကို ကျွန်တော်တို့ဆီ ထုတ်ဖော်ပြထားပါပြီ။ သို့မှသာ ကျွန်တော်တို့က ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လာကြမည်။ ဘုရားကို နာခံပြီး ကိုးကွယ်လာကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ သမ္မာတရားက လူသားမျိုးနွယ် ပိုင်ဆိုင်သင့်သည့် ထာဝရ အသက်လမ်း ဖြစ်ပါသည်။ ဘုရားသခင်၏ သမ္မာတရားအားလုံးကို လက်ခံယုံကြည်ပြီး၊ ၎င်းတို့အားဖြင့် အသက်ရှင်သူများက ထာဝရအသက်ကို ရမည်ဖြစ်သည်။ မည်သည့် သမ္မာတရားကိုမှ လက်မခံသည့်လူများမှာမူ ဧကန်မုချ ပျက်စီးပါလိမ့်မည်။ ထို့ကြောင့် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများအားလုံးက နောက်ဆုံးသောကာလမှာ ခေတ်တစ်ခေတ်ကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်ကို အစပျိုးခြင်းဆိုသည့် ဘုရားသခင်၏ အမှုတော် ဖြစ်ပါသည်။ ဘုရားသခင် အသုံးပြုသည့် လူများက ဘုရားက ကယ်တင်ပြီး စုံလင်စေသူများ ဖြစ်သည်။ ဘုရား၏ အမှုတော်ထဲမှာ သူတို့၏ တာဝန်က ဘုရား၏ အမှုတော်နှင့် အတူပူးပေါင်းလုပ်ဆောင်ဖို့နှင့် ဘုရားရွေးချယ်ထား သူများကို ဦးဆောင်ဖို့ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားနှင့်ကိုက်ညီသည့် သူတို့ ပြောဆိုသည့် မည်သို့ စကားမျိုးမဆိုက သန့်ရှင်းသောဝိညာဉ်တော် အမှုတော်၏ အသီးအပွင့်များ ဖြစ်ပါသည်။ ဤစကားများက ကျွန်တော်တို့အဖို့ အကျိုးပြုသော်လည်း၊ ၎င်းတို့ကို သမ္မာတရားလို့ မခေါ်နိုင်ပါ။ ဘုရား၏ နှုတ်ကပတ်တော်အဖြစ် ယူ၍မရပါ။ အကြောင်းမှာ လူ့စကားများက သမ္မာတရားနှင့်ဆိုင်သည့် သူတို့၏ အသိပညာနှင့် အတွေ့အကြုံများ ကနေ လာခြင်းဖြစ်ပြီး လူသား၏ရှုထောင့် စိတ်ကူးနှင့် သိနားလည်မှုများကို ကိုယ်စားပြုနိုင်သကဲ့သို့ လူသား၏ မစင်ကြယ်မှုများနှင့် မလွဲမရှောင်သာ ရောနှောနေမည်။ ထို့အပြင် သမ္မာတရားနှင့်ပတ်သက်သည့် လူ၏အသိပညာနှင့် အတွေ့အကြုံ များက အကန့်အသတ်ရှိသည်။ သမ္မာတရား၏စစ်မှန်မှုထဲကို မည်မျှ ဝင်ရောက်ပါစေ၊ သူက သမ္မာတရား၏ အနှစ်သာရကို သရုပ်ထင်စေသည်ဟု မဆိုနိုင်သေးသကဲ့သို့ သမ္မာတရားကို အပြည့်အဝ အသက်ရှင်နေထိုင်သည် ဟု ပြော၍မရနိုင်ပါ။ ထို့ကြောင့် သူ အသက်ရှင် နေထိုင်ထားသည့် သမ္မာတရား၏ အကန့်အသတ် ရှိသည့် စစ်မှန်မှုတချို့ကို သူက ဖော်ပြခဲ့သည့်တိုင်၊ သူ့စကားများက သမ္မာတရားနှင့် ကိုက်ညီရုံ ကိုက်ညီခြင်းဖြစ်သည်။ ၎င်းတို့ကို သမ္မာတရားနှင့် တူညီသည့် အဆင့်အတန်းမှာ ထားရမှာမဟုတ်ပါ။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ သမ္မာတရားဖြစ်ပါသည်။ တစ်နည်းပြောရပါက ဘုရားသခင်ကသာ သမ္မာတရား၏ အနှစ်သာရ ကို ပိုင်ဆိုင်ပြီး ဘုရားသခင်က သမ္မာတရားဖြစ်သည် ဟု ဆိုရမည်။ ကျွန်တော်တို့က ဘုရားကို နှစ်များ မည်မျှများများ ယုံကြည်ထားပါစေ၊ ဘုရားရှေ့မှာ ကျွန်တော်တို့က အမြဲတမ်း ကလေးသူငယ်များသာ ဖြစ်ပါသည်။ ဘုရား၏ ပုံသဏ္ဌာန်ကို ကျွန်တော်တို့ လုံး၀ အသက်ရှင်မနေထိုင်နိုင်ပါ။ ထို့ကြောင့် ဘုရားအသုံးပြုသည့်လူများ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိသည့်လူများ၏ စကားများကို သမ္မာတရားနှင့် ကိုက်ညီသည့် စကားများအဖြစ် ယူ၍ရနိုင်ပါသည်။ ၎င်းတို့ကို သမ္မာတရားသက်သက်အဖြစ် မှတ်ယူ၍မရနိုင်ပါ။ ဤသည်မှာ ငြင်း၍ မရသည့် အချက်ဖြစ်ပါသည်။ လူ့စကားများကို သမ္မာတရားဟု ကျွန်တော်တို့ ခေါ်သည့်အခါမှာ ကျွန်တော်တို့က ဘုရားကို ဆန့်ကျင်ပြီး ပြစ်မှား စော်ကားနေကြခြင်းဖြစ်သည်။ ဒီအကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာပြောလဲ ကြည့်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သန့်ရှင်းသောဝိညာဉ်တော် ဉာဏ်အလင်းပေးသည့် နှုတ်ကပတ်တော်ခပ်သိမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်စားပြုခြင်း မရှိဘဲ၊ သမ္မာတရားကိုလည်း ကိုယ်စားပြုခြင်း မရှိ၊ ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်ခြင်းလည်း မရှိပေ။ ထိုသူတို့တွင် သမ္မာတရားအပေါ် နားလည်မှု အချို့နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း အချို့ ရှိသည်ဟုသာ ဆိုနိုင်၏။...လူတိုင်းသည် သမ္မာတရားကို တွေ့ကြုံခံစားနိုင်သော်လည်း ၎င်းတို့အတွေ့အကြုံ၏ အခြေအနေများမှာမူ ကွဲပြားလိမ့်မည်ဖြစ်ကာ၊ တူညီသော သမ္မာတရားထံမှ လူတစ်ဦးစီ ရရှိလိုက်သည့်အရာမှာ ကွဲပြား၏။ သို့သော် လူတိုင်း၏ နားလည်သဘောပေါက်မှုကို ပေါင်းစပ်လိုက်ပြီးသော်မှ သင်သည် ဤသမ္မာတရားတစ်ခုကို အပြည့်အဝ ရှင်းပြနိုင်ဦးမည် မဟုတ်ပေ။ သမ္မာတရားသည် ဤမျှ လေးနက်၏။ သင်ရရှိခဲ့ပြီးဖြစ်သည့်အရာ ခပ်သိမ်းနှင့် သင်၏ နားလည်သဘောပေါက်မှုခပ်သိမ်းတို့သည် သမ္မာတရားအတွက် အစားထိုးသည့်အရာ တစ်ခု မဖြစ်နိုင်ဟု ငါအဘယ်ကြောင့် ဆိုသနည်း။ သင်၏နားလည်သဘောပေါက်မှုကို သင်သည် အခြားသူများနှင့် ဆွေးနွေးသည့်အခါ ၎င်းတို့သည် နှစ်ရက်၊ သုံးရက်မျှ စဉ်းစားပြီးနောက် ဤသည်ကို တွေ့ကြုံခံစားပြီးသွားကြလိမ့်မည် ဖြစ်သော်လည်း လူတစ်ဦးသည် တစ်သက်တာလုံးတွင်ပင် သမ္မာတရားကို အပြည့်အဝ တွေ့ကြုံခံစားနိုင်မည် မဟုတ်ပေ။ လူအားလုံးအတူတကွပင် ဤသည်ကို သေချာစွာ တွေ့ကြုံခံစားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရားသည် အလွန်လေးနက်ကာ သမ္မာတရားကို အပြည့်အဝ၊ ရှင်းလင်းစွာပြောဆိုရေးအတွက် စကားလုံးများကို အသုံးပြုနိုင်ခြင်းရှိမည် မဟုတ်...

သင့်အနေဖြင့် သမ္မာတရား၏ ရှုထောင့်တစ်ခုခု သို့မဟုတ် တစ်ဘက်ဘက်နှင့် ဆိုင်သည့် အတွေ့အကြုံ သို့မဟုတ် အလင်းတစ်စုံတစ်ရာ ရှိကောင်း ရှိနိုင်သော်လည်း၊ အခြားသူများကို ထိုအရာဖြင့် သင် အစဉ်အမြဲ မထောက်ပံ့ပေးနိုင်ပေ၊ ထို့ကြောင့် သင် ရရှိပြီးဖြစ်သည့် ဤအလင်းသည် သမ္မာတရားမဟုတ်ပေ။ ယင်းမှာ လူတို့ လက်လှမ်းမီနိုင်သည့် အဆင့်တစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သင့်တော်သော အတွေ့အကြုံနှင့် သင့်တော်သော သိနားလည်မှု သက်သက်ဖြစ်သည်- သမ္မာတရားနှင့်ဆိုင်သည့် တကယ့်အတွေ့အကြုံနှင့် အသိပညာတစ်ချို့ ဖြစ်သည်။ ဤအလင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်ခြင်းတို့သည် မည်သည့်အခါမျှ သမ္မာတရားကို အစားမထိုးနိုင်ပေ။ လူအားလုံးသည် ဤသမ္မာတရားကို လုံးလုံးလျားလျား တွေ့ကြုံခဲ့ရပြီး ၎င်းတို့၏ အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်မှုအားလုံးကို အတူတကွစုပေါင်းခဲ့လျှင်ပင်၊ ယင်းသည် ထိုသမ္မာတရားတစ်ခု၏ နေရာကို ယူနိုင်လိမ့်ဦးမည် မဟုတ်။...တစ်နည်းဆိုရလျှင်၊ လူသား၏ဘဝသည် အစဉ်အမြဲပင် လူသား၏ဘဝသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ နားလည်သဘောပေါက်ခြင်းသည် သမ္မာတရား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သူ၏ သတ်မှတ်ချက်များနှင့် မည်မျှပင် ကိုက်ညီနိုင်ပါစေ၊ ယင်းသည် မည်သည့်အခါမျှ သမ္မာတရားအတွက် အစားထိုးနိုင်မည် မဟုတ်ဟု ငါဆိုလို၏။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။”) ဘုရားနှုတ်ကပတ်တော်တွေကပဲ သမ္မာတရားဆိုတာ အခု ကျွန်တော်တို့ သိကြပြီ ဘုရားနှုတ်ကပတ်တော်တွေကသာ လူ့အသက်ဖြစ်နိုင်တယ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်နဲ့ လမ်းညွှန်မှုကြောင့်သာ ဘုရားအသုံးပြုတဲ့လူတွေဟာ သမ္မာတရားရဲ့ စစ်မှန်မှုအချို့ကို ပိုင်ဆိုင်ထားကြတယ် အဲဒါကြောင့် အသက်တာထဲ ဝင်ရောက်စေဖို့ ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်သင့်တဲ့ လမ်းကို သူတို့က မျှဝေနိုင်တာဖြစ်တယ် လူတွေကို ဘုရားရှေ့ ခေါ်ဆောင်နိုင်တာဖြစ်တယ် ဘုရားကို သိပြီး နာခံအောင် ကျွန်တော်တို့ကို ဦးဆောင်နိုင်တာဖြစ်တယ် ဆိုတာတွေကို နားလည်ဖို့ လိုပါသေးတယ် ဒါက သန့်ရှင်းသောဝိညာဉ်တော် အမှုတော်ရဲ့ အသီးအပွင့်ပါပဲ ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော် မရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကြီးမြတ်သူတွေက သမ္မာတရားနဲ့ကွဲလွဲဆန့်ကျင်တဲ့ ဟုတ်ယောင်ယောင် သီအိုရီတွေအများကြီးကို ထွက်ပေါ်စေခဲ့ပါတယ် သမ္မာတရား နားမလည်တဲ့လူတွေအဖို့ ဒီစကားတွေက ကျိုးကြောင်းသင့်သလိုဖြစ်ပြီး သမ္မာတရားနဲ့ ကိုက်ညီသယောင်ဖြစ်တယ်၊ ဒါကြောင့် သူတို့က အဲဒါကို အသိအမှတ်ပြုပြီး လက်ခံကြတယ် ဒါပေမဲ့ သူတို့စကားတွေက အနှစ်မဲ့ပြီး စစ်မှန်မှုထဲ အခြေပြုထားတာ မရှိဘူး အားလုံးက လူ့စိတ်ကူးသက်သက်တွေ လူ့အယူအဆတွေဖြစ်ပြီး ကျွန်တော်တို့ကို ဘယ်နေရာမှ ပို့ဆောင်ပေးမှာ မဟုတ်ဘူးဆိုတာတွေကို လူတွေက အနှေးနဲ့အမြန် သိလာကြမှာပါ အဲဒီသီအိုရီတွေထဲက တချို့ဆိုရင် တော်တော် ရယ်စရာကောင်းပြီး သမ္မာတရားကို ဆန့်ကျင်ရပ်တည်နေတယ် ခင်ဗျားတို့ပြောတဲ့ အစ်ကိုလင်းလိုပဲပေါ့ လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ် ဘုရားဝိညာဉ်တော်နဲ့ လူ့ဝိညာဉ်က တစ်ခုတည်းဖြစ်လာဖို့ ရောနှောကြတယ် ဆိုတဲ့ သူ့တရားဟောချက်တွေက အစမှာ လူတွေအများကြီးအဖို့ ကျိုးကြောင်းဆီလျော်သလို ထင်ရတယ် ဒါပေမဲ့ မကြာခင်မှာပဲ သူ့တရားဟောချက်တွေက ရယ်စရာကောင်းပြီး အဓိပ္ပာယ်မဲ့တယ်ဆိုတာ သူတို့ ရှာတွေ့သွားကြတယ် ဒီစကားတွေက သူတို့ကို ဘယ်နေရာကိုမှ မပို့ဆောင်သလို ခိုင်မာမှု လုံးဝ မရှိတာကို သူတို့ တွေ့သွားကြတယ် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်တော်တို့ လက်ခံမယ်၊ ဘုရားနှုတ်ကပတ်တော်ရေကို သောက်ပြီး သမ္မာတရားတချို့ကို နားလည်မယ်ဆိုရင် လူ့စကားက ဘုရားနှုတ်ကပတ်တော် သမ္မာတရားကို ဘယ်လောက်တောင် မမီသလဲဆိုတာ ပိုပြီး နားလည်လာပါလိမ့်မယ် အထူးသဖြင့် အဲဒီ ဘာသာရေးခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်ကျော်တွေရဲ့ စကားတွေက မှန်သလို ထင်ရနိုင်ပေမဲ့ အားလုံးဟာ အတွေးမှားတွေပါပဲ အဲဒါတွေက လူတွေကို အမြဲ လှည့်ဖြား ပျက်စီးစေပြီး အန္တရာယ်သာ ပေးနိုင်ပါတယ် ကျွန်တော်တို့က ဘုရားနှုတ်ကပတ်တော်ကို လက်မခံဘဲ ဘုရားအမှုတော်ကို မကြုံရရင် ဘာသာရေးလောကရဲ့ သိုးထိန်းအတုအယောင်တွေနဲ့ အန္တိခရစ်တွေရဲ့ လှည့်ဖြားမှု၊ ချည်နှောင်မှုနဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကနေ ကျွန်တော်တို့ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး စာတန်ရဲ့ မှောင်မိုက်တဲ့ လွှမ်းမိုးမှုတွေကနေလည်း ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေနိုင်မှာ မဟုတ်ဘူး ကျွန်တော်တို့က လူကို ကိုးကွယ်ပြီး လူနောက်လိုက်ပြီဆိုရင် ဘုရားကို ဆန့်ကျင်ပြီး သစ္စာဖောက်တာဖြစ်တယ် ဘာသာရေး သိုးထိန်းအတုအယောင်တွေနဲ့ အန္တိခရစ်တွေနောက် လိုက်ကြသူအားလုံးဟာ ကပ်ဘေးကြီးတွေအတွင်းမှာ ငိုကြွေးပြီး အံကြိတ်နေကြရမယ့်ကိန်း ဖြစ်ပါတယ်

ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) ဘုရားအမှုတော်နဲ့ လူရဲ့လုပ်ဆောင်မှုကြားက ခြားနားချက်က ဘာလဲ လူ့ဇာတိခံ ဘုရားသခင်နဲ့ ဘုရားအသုံးပြုတဲ့ လူတွေကြားက ပဓာနကျတဲ့ ခြားနားချက်က ဘာလဲ။

နောက်တစ်ခုသို့- မေးခွန်း (၄) အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဖြစ်တယ်၊ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်နေတာဖြစ်တယ်လို့ ခင်ဗျားက သက်သေခံထားတယ် လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို မှတ်မိသိရှိဖို့ဆိုတာ လူတွေအတွက် အခက်ခဲဆုံးပါပဲ တောင်ကိုရီးယားမှာဆိုရင် လူတွေလုပ်ဆောင်ထားတာကို ဘုရားသခင်ရဲ့အမှုတော်လို့ လက်ခံထားကြတဲ့သူ အတော်များများရှိတယ် ခရစ်တော်အတုအယောင်တွေရဲ့လှည့်ဖြားတဲ့စကားတွေကိုတောင် လက်ခံကျင့်သုံးရမယ့် ဘုရားသခင်ရဲ့အမှုတော်လို့ ယူဆကြတဲ့သူတွေ ရှိသေးတယ် ဒီတော့ စာတန်ရဲ့ နောက်လိုက်အဖြစ် လှည့်ဖြားခံကြရတော့တာပေါ့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ လူတွေရဲ့ လုပ်ဆောင်မှုကို ဘယ်လိုခွဲခြားရမလဲဆိုတာ ကျွန်တော်တို့ကို နားလည်အောင် ခင်ဗျားရှင်းပြပေးပါလား ပြီးတော့ လူ့ဇာတိခံယူထားတဲ့ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဘုရားသခင်အသုံးပြုတဲ့ လူသားတွေရဲ့ လုပ်ဆောင်မှုကြားထဲက ခြားနားချက်တွေကိုလည်း သိချင်ပါတယ် သမ္မာတရားရဲ့ ဒီလက္ခဏာသွင်ပြင်ကို ကျွန်တော်တို့ အရေးတကြီး နားလည်ဖို့လိုနေပါတယ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။