မေးခွန်း (၄) အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဖြစ်တယ်၊ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်နေတာဖြစ်တယ်လို့ ခင်ဗျားက သက်သေခံထားတယ် လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို မှတ်မိသိရှိဖို့ဆိုတာ လူတွေအတွက် အခက်ခဲဆုံးပါပဲ တောင်ကိုရီးယားမှာဆိုရင် လူတွေလုပ်ဆောင်ထားတာကို ဘုရားသခင်ရဲ့အမှုတော်လို့ လက်ခံထားကြတဲ့သူ အတော်များများရှိတယ် ခရစ်တော်အတုအယောင်တွေရဲ့လှည့်ဖြားတဲ့စကားတွေကိုတောင် လက်ခံကျင့်သုံးရမယ့် ဘုရားသခင်ရဲ့အမှုတော်လို့ ယူဆကြတဲ့သူတွေ ရှိသေးတယ် ဒီတော့ စာတန်ရဲ့ နောက်လိုက်အဖြစ် လှည့်ဖြားခံကြရတော့တာပေါ့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ လူတွေရဲ့ လုပ်ဆောင်မှုကို ဘယ်လိုခွဲခြားရမလဲဆိုတာ ကျွန်တော်တို့ကို နားလည်အောင် ခင်ဗျားရှင်းပြပေးပါလား ပြီးတော့ လူ့ဇာတိခံယူထားတဲ့ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဘုရားသခင်အသုံးပြုတဲ့ လူသားတွေရဲ့ လုပ်ဆောင်မှုကြားထဲက ခြားနားချက်တွေကိုလည်း သိချင်ပါတယ် သမ္မာတရားရဲ့ ဒီလက္ခဏာသွင်ပြင်ကို ကျွန်တော်တို့ အရေးတကြီး နားလည်ဖို့လိုနေပါတယ်

အဖြေ- ဘုရားသခင်ရဲ့ အမှုတော်နဲ့ လူသားရဲ့ လုပ်ဆောင်မှုဟာ လုံးဝ ခြားနားပါတယ် အသေအချာစူးစမ်းလေ့လာမယ်ဆိုရင် ဒါကို မြင်နိုင်ပါတယ် ဥပမာ၊ သခင်ယေရှုရဲ့ဖွင့်ဆိုချက်နဲ့ အမှုတော်ကို ကြည့်မယ်ဆိုရင် နောက်တစ်ခါ တမန်တော်တွေရဲ့ဖွင့်ဆိုချက်နဲ့ လုပ်ဆောင်ချက်ကို ကြည့်မယ်ဆိုရင် ကွဲပြားမှုက အရမ်းသိသာတယ်ဆိုတာ မြင်ရမှာပါ သခင်ယေရှု ဖွင့်ဆိုပြခဲ့တဲ့ နှုတ်ကပတ်တော်တိုင်းဟာ သမ္မာတရားဖြစ်ပြီး၊ ဩဇာအာဏာ သက်ဝင်ပါတယ် လျှို့ဝှက်နက်နဲမှုများစွာကိုလည်း ဖော်ထုတ်ပြနိုင်တယ်။ ဒါတွေအားလုံးဟာ လူသားတွေ မလုပ်နိုင်တဲ့အရာတွေ ဖြစ်ပါတယ် ဒါကြောင့်ပဲ သခင်ယေရှုကို ဆည်းကပ်သူတွေ တကယ့်ကို အများကြီးရှိနေတာပေါ့ တမန်တော်တွေရဲ့လုပ်ဆောင်မှုကတော့ ဧဝံဂေလိတရားကိုသာ ဖြန့်ဝေပေးနိုင်ပါတယ်။ ဘုရားသခင်အတွက် သက်သေခံပြီး၊ အသင်းတော်ကို အထောက်အပံ့ပြုပေးနိုင်ရုံပါပဲ ရလဒ်တွေကလည်း သိပ်ကို အကန့်အသတ်ရှိပါတယ် ဘုရားသခင်ရဲ့ အမှုတော်နဲ့ လူသားရဲ့ လုပ်ဆောင်မှု ဘယ်လိုခြားနားတယ်ဆိုတာ သိပ်ကို သိသာပါတယ်။ ဒါဆို လူတွေအနေနဲ့ ဒါကို ဘာကြောင့် ခွဲခြားမသိမြင်နိုင်တာလဲ အကြောင်းရင်းက ဘာလဲ ဘာကြောင့်လဲဆိုတော့ အကျင့်ပျက်နေတဲ့လူသားတွေဟာ ဘုရားသခင်ကို မသိမြင်ဘဲ၊ သမ္မာတရားဆိုလို့ ဘာဆိုဘာမှ မပိုင်ဆိုင်လို့ပါပဲရှင် ဒါကြောင့် လူတွေဟာ ဘုရားသခင်ရဲ့အမှုတော်နဲ့ လူသားရဲ့လုပ်ဆောင်မှုကြား ခြားနားချက်ကို မသိမမြင်နိုင်ဖြစ်ရတာပါ ဒါကြောင့်ပဲ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို လူသားရဲ့ လုပ်ဆောင်မှုအဖြစ် အလွယ်တကူ ယူဆကြတာပါဒါကြောင့်ပဲ ကိုယ် ကြည်ညိုလေးစားသူရဲ့လုပ်ဆောင်မှု၊ မိစ္ဆာဝိညာဉ်တွေရဲ့လုပ်ဆောင်မှု၊ ခရစ်တော်အတုအယောင်တွေနဲ့ တမန်တော်တွေရဲ့လုပ်ဆောင်မှုကို ဘုရားသခင်ရဲ့လက်ခံလိုက်နာရမယ့် အမှုတော်အဖြစ် အလွယ်တကူ ယူဆမိကြတာပါ ဒါဟာ သမ္မာတရားခရီးလမ်းကနေ သွေဖည်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်တာပါပဲ လူကို လေးစားကြည်ညိုတာ၊ စာတန်ရဲ့အမိန့်ကို နာခံတာ၊ စာတန်ကို ကိုးကွယ်တာလို့ ယူဆရမှာပါ ဒါဟာ ဘုရားသခင်ရဲ့ စိတ်နေသဘောထားကို ဆိုးဆိုးရွားရွားစော်ကားတဲ့ အမှုဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ဒဏ်ခတ်ခြင်းကို ခံရမှာပါ ဒီလိုလူတွေဟာ ကယ်တင်ခြင်းခံရမယ့် အခွင့်အရေးကို ဆုံးရှုံးရမှာပါရှင် ဒါကြောင့် ရှင့်ရဲ့ မေးခွန်းဟာ သမ္မာတရားခရီးလမ်းကို စူးစမ်းရှာဖွေရာမှာ၊ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သိနားလည်ဖို့မှာ သိပ်ကိုအရေးကြီးပါတယ် အပြင်ပန်းကြည့်ရင်တော့ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဘုရားသခင်အသုံးပြုတဲ့ လူသားရဲ့ လုပ်ဆောင်မှု နှစ်ခုစလုံးဟာ လူသားကပဲ လုပ်ဆောင်ပြောဆိုနေသလို မြင်ရမှာပါ ဒါပေမဲ့ အနှစ်သာရနဲ့ လုပ်ဆောင်မှုရဲ့သဘောသဘာဝကတော့ ကမ္ဘာခြားသလို ကွဲပြားပါတယ် ဒီနေ့မှာဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကြွရောက်လာပြီး၊ အလုံးစုံသောသမ္မာတရားတွေနဲ့ လျှို့ဝှက်နက်နဲမှုတွေကို ဖော်ထုတ်ပြထားပါတယ် ဘုရားသခင်ရဲ့အမှုတော်နဲ့ လူသားရဲ့လုပ်ဆောင်မှုတို့ ခြားနားချက်ကိုလည်း ဖွင့်ဟပြထားပါတယ် အခုဆိုရင် ဘုရားသခင်ရဲ့အမှုတော်နဲ့ လူသားရဲ့လုပ်ဆောင်မှုနဲ့ပတ်သက်လို့ ကျွန်မတို့မှာ အသိပညာနဲ့ ချင့်ချိန်နိုင်စွမ်းတွေ ရှိနေပါပြီ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြည့်ကြရအောင်။

ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြု၏၊ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အင်အားနှင့် လားရာတိုင်းကို ကိုယ်စားပြုပြီး၊ တမန်တော်များ၏ အလုပ်မှာမူ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်နောက်တွင် ဖြစ်လာပြီး ယင်းမှ လိုက်လုပ်ခြင်းဖြစ်ကာ ခေတ်ကို မဦးဆောင်သကဲ့သို့၊ ခေတ်တစ်ခေတ်လုံးထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လားရာကိုလည်း ကိုယ်စားမပြုပေ။ ၎င်းတို့သည် စီမံခန့်ခွဲမှုအလုပ်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည့် လူလုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အမှုသည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းတစ်ခု ဖြစ်သည်။ လူသား၏ အလုပ်မှာ အသုံးပြုခြင်းခံရသော လူတို့ ဖြည့်ဆည်းသည့် တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်မှု မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

လူ့ဇာတိခံ ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို အစပြုပြီး၊ သူ၏အမှုကို ဆက်လက် လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုတော်အတွင်းတွင် ရှိပြီး၊ ဤနယ်ပယ်ကို လွန်၍ သွားနိုင်စွမ်း မရှိပေ။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့ပါက၊ လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်မည် မဟုတ်ပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူ့အနေဖြင့် လုပ်ဖို့ ဖြစ်နိုင်သည့် သူ့တာဝန်၏ အတိုင်းအတာအတွင်းမျှသာ ရှိပြီး၊ ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံ ဘုရားသခင်သာ ကြွကာ သူလုပ်သင့်သောအမှုကို ပြီးစီးနိုင်ပြီး၊ သူ့အပြင် သူ့ကိုယ်စား မည်သူမျှ ဤအမှုကို မလုပ်ဆောင်နိုင်ပေ။ ဟုတ်ပေ၏၊ ငါပြောသော အရာသည် လူ့ဇာတိခံယူခြင်း အမှုနှင့် စပ်လျဉ်း၍ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။...လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် သိသိသာသာ ကွာခြားပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့မှာမူ မလုပ်ဆောင်နိုင်ကြပေ။ ခေတ်ကာလအသီးသီး၏ အစတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် လူသားကို အသစ်သော အစပြုခြင်းထဲသို့ ခေါ်ဆောင်ဖို့ရန် ကိုယ်တိုင်ကိုယ်ကျ စကားပြောပြီး ခေတ်သစ်ကို အစပြုလေသည်။ သူသည် စကားပြောခြင်း ပြီးဆုံးသောအခါ၊ ဤအရာက သူ၏ဘုရားသဘာဝအတွင်းရှိ ဘုရားသခင်၏အမှု ပြီးမြောက်သည်ကို ညွှန်ပြပေသည်။ ထို့နောက်တွင်၊ လူအားလုံးသည် မိမိတို့၏ အသက်တာ အတွေ့အကြုံများထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသောသူတို့၏ ဦးဆောင်မှုနောက်ကို လိုက်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်)

ဘုရားသခင် ဖော်ပြသည့် အရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည့်အရာဖြစ်ပြီး၊ ဤအရာကို လူသားက မရယူနိုင်ပေ- ဆိုလိုသည်မှာ ယင်းကို လူသား၏ တွေးခေါ်မှုက လက်လှမ်းမမီပေ။ သူသည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်ခြင်း အလုပ်အား ဖော်ပြပြီး ဤသည်မှာ လူသားအတွေ့အကြုံ၏ အသေးစိတ် အချက်အလက်များနှင့် ဆက်နွှယ်မှုမရှိဘဲ၊ ယင်းအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသား ဖော်ပြသည့်အရာသည် သူ၏အတွေ့အကြုံ ဖြစ်သော်လည်း၊ ဘုရားသခင် ဖော်ပြသည်မှာ လူသား လက်လှမ်းမမီသည့် သူ၏ ရှိရင်းစွဲ စိတ်သဘောထားဖြစ်သော သူ၏ဖြစ်တည်မှု‌ ဖြစ်ပေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်၏ဖြစ်တည်မှုနှင့် သက်ဆိုင်၍ ဘုရားသခင်၏ဖော်ပြခြင်းအရ ဆည်းပူးရရှိသည့် ၎င်း၏ ထိုးထွင်းသိမြင်မှုနှင့် အသိပညာ ဖြစ်ပေသည်။ ထိုသို့သော ထိုးထွင်းသိမြင်မှုနှင့် အသိပညာတို့ကို လူသား၏ ဖြစ်တည်မှုဟု ခေါ်ပြီး၊ ၎င်းတို့၏ ဖော်ပြခြင်းနှင့် သက်ဆိုင်သည့် အခြေခံအကြောင်းရင်းမှာ၊ လူသား၏ မွေးရာပါ စိတ်သဘောထားနှင့် အရည်အချင်းတို့ ဖြစ်သည်- ဤသည်မှာ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်း ခေါ်ဆိုရသည့် အကြောင်းရင်း ဖြစ်ပေသည်။...ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကပြောဆိုသော နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းတို့သည် ဝိညာဉ်တော် လုပ်ဆောင်ပြီးသော အမှုကို ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက မတွေ့ကြုံဖူး သို့မဟုတ် မမြင်ဖူးသော်လည်း၊ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်သည့်အတွက် သူသည် သူ၏ဖြစ်ခြင်းကို ဖော်ပြဆဲဖြစ်ပြီး ဝိညာဉ်တော်၏ အလုပ်ကို သူ ဖော်ပြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

ဘုရားသခင်လုပ်ဆောင်သော အမှုသည် သူ၏ ဇာတိခန္ဓာ၏ အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ မဟုတ်ပေ။ လူလုပ်သော အလုပ်မှာ သူ၏အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ ဖြစ်သည်။ အယောက်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ပတ်သက်၍ ပြောဆိုကြ၏။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်သော်လည်း၊ လူသည် သမ္မာတရားကို သူ၏ တွေ့ကြုံခြင်းနှင့် ကိုက်ညီသည့် အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏အမှုသည် စည်းမျဉ်းများ မရှိသကဲ့သို့၊ အချိန် သို့မဟုတ် ပထဝီဝင် အကန့်အသတ်များအောက်တွင် မရှိပေ။ သူသည် သူ၏ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ သူ နှစ်သက်သည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူ၏အလုပ်သည် သတ်မှတ်ချက်များနှင့် ဆက်စပ် စဉ်းစားရမည့် အခြေအနေများ ရှိ၏။ ထိုအရာများ မရှိပါက၊ သူသည် အလုပ်လုပ်နိုင်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့်သက်ဆိုင်သော သူ၏အသိပညာ သို့မဟုတ် သမ္မာတရားနှင့်သက်ဆိုင်သော သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်မည်မဟုတ်ပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သည်၊ သို့မဟုတ် လူ၏အလုပ်ဖြစ်သည်ဆိုသည်ကို ပြောရန်၊ သင့်အနေဖြင့် ထိုနှစ်ခုကြားက ကွာခြားချက်များကို နှိုင်းယှဉ်ရုံနှိုင်းယှဉ်ရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

အကယ်၍ လူသားသည် ဤအမှုကို လုပ်ဆောင်ရမည်ဆိုပါက၊ အလွန်အကန့်အသတ်ရှိပေမည်- ယင်းသည် လူသားကို အခြေအနေ တစ်ခုထိ ခေါ်ဆောင်သွားနိုင်မည်ဖြစ်သော်လည်း၊ လူသားကို ထာဝရ ပန်းတိုင်သို့ ခေါ်ဆောင်နိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို မဆုံးဖြတ်နိုင်သကဲ့သို့၊ ထို့အပြင် လူသား၏ အလားအလာများနှင့် အနာဂတ် ပန်းတိုင်ကိုလည်း မသေချာစေနိုင်ပေ။ သို့ရာတွင် ဘုရားသခင် လုပ်ဆောင်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကို ဖန်ဆင်းခဲ့သည့်အတွက်၊ လူသားကို သူဦးဆောင်လမ်းပြ၏။ လူသားကို သူကယ်တင်သည့်အတွက်၊ သူသည် လူသားကို လုံးလုံးလျားလျား ကယ်တင်ပြီး လုံးဝ ရယူလိမ့်မည်။ သူသည် လူသားကို ဦးဆောင်သည့်အတွက်၊ လူသားကို သင့်လျော်သည့် ပန်းတိုင်သို့ ပို့ဆောင်လိမ့်မည်။ ပြီးလျှင် သူသည် လူသားကိုဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲသည့်အတွက်၊ လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် သူတာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် လုပ်ဆောင်သည့် အမှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း)

အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များက ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်မှုကြားက ခြားနားချက်ကို အလွန် ရှင်းလင်းသွားစေပါသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသည့် လူများ၏အနှစ်သာရက ခြားနားသောကြောင့် သူတို့ လုပ်ဆောင်ချက်များကလည်း အလွန်ခြားနား ပါသည်။ လူ့ဇာတိခံ ဘုရားသခင်က အပြင်ပန်းက ကြည့်ပါက သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သည်။ သို့သော်လည်း သူက လူ့ဇာတိမှာ ပေါ်ပေါက်လာသည့် ဘုရားသခင်၏ဝိညာဉ်တော် ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်တော်က ဘုရား၏ သဘာဝ အနှစ်သာရ ရှိပြီး၊ ဘုရားသခင်၏ဩဇာအာဏာ၊ အနန္တတန်ခိုးတော်နှင့် ဉာဏ်ပညာကို ပိုင်ဆိုင်သည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်က သူ့၏အမှုတော်မှာ သမ္မာတရားများကို တိုက်ရိုက်ဖော်ပြနိုင်စွမ်း ရှိပါသည်။ ပြီးလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်နေသဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း ကိုလည်း ဖော်ပြနိုင်သည်။ ခေတ်ဟောင်းတစ်ခုကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခုကို စတင်နိုင်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက် များနှင့် ဘုရားသခင်၏ လူသားအပေါ် သတ်မှတ်ချက်များကို ဖော်ပြရင်း၊ ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်၏ နက်နဲမှုများအားလုံးကိုလည်း ထုတ်ဖော်ပြ နိုင်ပါသည်။ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော် အားလုံးက သမ္မာတရားများဖြစ်ပြီး၊ ၎င်းတို့က လူသား၏အသက်တာ ဖြစ်နိုင်သကဲ့သို့၊ လူသား၏ဘဝအစီအစဉ်ကိုလည်း ပြောင်းလဲပေး နိုင်ပါသည်။ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်က လူများကို သိမ်းပိုက်နိုင်သည်၊ သန့်စင်နိုင်သည်။ စာတန်၏လွှမ်းမိုးမှုကနေ ကယ်တင်ပေး နိုင်ပါသည်။ ပြီးလျှင် လူသားများကို လှပသည့် ခရီးဆုံးတစ်ခုဆီ ပို့ဆောင်ပေးနိုင်သည်။ ဤအမှုတော်၏ အကျိုးတရားက မည်သည့်လူသားမျှ လုပ်ဆောင်နိုင်ခြင်း မရှိပါ။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ အမှုတော်က ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတော် ဖြစ်သည်။ မည်သူကမျှ အစားထိုး၍ မရပါ။ အခြားတစ်ဖက်မှာမူ ဘုရားသခင်အသုံးပြုသည့် လူသား၏ အနှစ်သာရက လူသား ဖြစ်ပါသည်။ သူတို့မှာ လူသားဆန်မှုသာရှိပြီး၊ ခရစ်တော်၏ဘုရားသဘာဝ အနှစ်သာရကို မပိုင်ဆိုင်ပါ။ ထို့ကြောင့် သူတို့က သမ္မာတရားများ ကိုဖြစ်စေ၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖြစ်စေ မဖော်ပြနိုင်ပါ။ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် အမှုတော်ကို အခြေခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူတို့ဘာသာ နားလည်ထားသည့် အသိဉာဏ်နှင့် ဆက်သွယ်ပြောဆို နိုင်ကြသည်။ သို့မဟုတ် သူတို့ကိုယ်ပိုင် အတွေ့အကြုံများ၊ သက်သေခံချက်များကို ပြောဆိုနိုင်ကြသည်။ သူတို့၏အသိဉာဏ်နှင့် သက်သေခံချက်များ ကလည်း သူတို့၏ ကိုယ်ပိုင်နားလည်မှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူတို့၏ ကိုယ်ပိုင် အမြင်များကို ကိုယ်စားပြုသည်။ သူတို့ အသိပညာအဆင့်အတန်း မည်မျှမြင့်မားပါစေ၊ သူတို့စကားများက မည်မျှ တိကျပါစေ သူတို့ပြောသည့်အရာများကို သမ္မာတရားဟု မဆိုနိုင်ပါ။ ဤထက်ပိုပြောရပါက ဘုရားသခင်၏နှုတ်ကပတ်တော်များဟု မဆိုနိုင်ပါ။ ထို့ကြောင့် ဤသည်မှာ လူသား၏အသက်တာ မဖြစ်နိုင်ပါ။ လူသားကို ကူညီထောက်ပံ့ပြုပြင်ပေးမည့် အရာတစ်ခုသာ ဖြစ်နိုင်ပါသည်။ လူများကို သန့်စင်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းဆိုသည့် ရလဒ်များကိုလည်း မစွမ်းဆောင်နိုင်ပါ။ ထို့ကြောင့် ဘုရားသခင် အသုံးပြုသည့် လူများက ဘုရားသခင် ကိုယ်တိုင်ပြုသည့် အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ လူသားတာဝန် ပြည့်မြောက်ဖို့ အတွက် ဘုရားသခင်နှင့် ပေါင်းစည်းဆောင်ရွက် နိုင်စွမ်းသာ ရှိပါသည်။

ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်အကြား ခြားနားချက်နှင့် ပတ်သက်လာပါက အားလုံးအတွက် ပိုပြီး ရှင်းရှင်းလင်းလင်းမြင်နိုင်အောင် ကျွန်မတို့ အစစ်အမှန်ဥပမာတစ်ခု ပေးနိုင်ပါသည်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက နောင်တတရား အကြောင်းကို “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” ကောင်းကင်ဘုံနိုင်ငံတော်၏လျှို့ဝှက်နက်နဲမှုများကို ထုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ ပြီးလျှင် ကိုယ်တော်က လူများကို ရွေးနှုတ်ခြင်းအမှုကို ပြုရင်း၊ လူများ၏ အပြစ်ကို ပေးဆပ်သည့်အနေနှင့် ကားစင်မှာ စီရင်ခြင်းခံခဲ့သည်။ ဤသည်မှာ လူများကို အပြစ်ကနေ ဝန်ခံနောင်တရစေခြင်းဖြစ်ပြီး၊ လူများ၏အပြစ်များကို ခွင့်လွှတ်ပေးခြင်း ဖြစ်ပါသည်။ လူများကို ပညတ်တော် ကျိန်စာနှင့် အပြစ်သားဘဝကနေ ကျေအေးလွတ်မြောက်စေခြင်း ဖြစ်ပါသည်။ သို့မှသာ ဘုရားသခင်၏ ရှေ့မှောက်ကို သွားရောက်ဆုတောင်းလို့၊ ဘုရားသခင်နှင့် စိတ်ချင်း ဆက်သွယ်ခွင့် ရှိလာခြင်းဖြစ်သည်။ ဘုရားသခင်၏ ကြွယ်ဝသည့် ကျေးဇူးတော်နှင့် သမ္မာတရားများကို ခံစားဝမ်းမြောက်ခွင့် ရှိလာကြခြင်းဖြစ်သည်။ ဘုရားသခင်၏ သနားကရုဏာတော် ပြည့်ဝလှသည့် စိတ်နေသဘောထားကိုလည်း မြင်တွေ့စေခြင်း ဖြစ်ပါသည်။ သခင်ယေရှု၏အမှုတော်က ကျေးဇူးတော်ခေတ်ကို စတင်စေခဲ့ပြီး၊ ပညတ်တော်ခေတ်ကို အဆုံးသတ်စေခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်အတွက် ဘုရားသခင်၏အမှုတော် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သခင်ယေရှုက သူ့၏အမှုတော်ကို ပြီးမြောက်သွားသည့် နောက်တွင် သူ့၏တမန်တော်များက သခင်ယေရှု၏ မိန့်မြွက်ချက်များနှင့် အမှုတော်ကို အခြေခံပြီး၊ ကိုယ်တော့် နှုတ်ကပတ်တော်များကို လိုက်နာကျင့်ကြံဖို့အတွက် ဘုရားသခင် ရွေးချယ်ထားသည့် လူများကို ဦးဆောင်လမ်းပြခဲ့ပါသည်။ ကိုယ်တော် ကယ်တင်ခြင်းအကြောင်း သက်သေခံချက်များကို ဖြန့်ဝေပေးရင်း ကမ္ဘာကြီးတစ်ခုလုံးက လူများကို ရွေးနှုတ်ကယ်တင် ပေးသည့် ဧဝံဂေလိတရားကိုလည်း ပျံ့နှံ့စေခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်က တမန်တော်များ၏လုပ်ဆောင်ချက် ဖြစ်သည်။ ဘုရားသခင် အသုံးပြုသည့် လူများ၏လုပ်ဆောင်ချက်ဆိုလည်း ဟုတ်သည်။ ဤသည်မှာ သခင်ယေရှု၏အမှုတော်နှင့် တမန်တော်များ၏ လုပ်ဆောင်ချက်ကြားက အနှစ်သာရအရ ခြားနားချက်ကို မြင်စေပါသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်က လူများကို သန့်စင်ကယ်တင်ဖို့အတွက် အလုံးစုံသောသမ္မာတရားများကို ဖော်ပြခဲ့ပါသည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏နက်နဲမှုများကို ထုတ်ဖော်ပြခြင်း ဖြစ်သကဲ့သို့၊ တရားစီရင်ခြင်း အမှုကို ဘုရားသခင်၏ အိမ်တော်ကနေ စတင် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါသည်၊ လူများကို စာတန်၏ဖျက်ဆီး လွှမ်းမိုးမှုကနေ အလုံးစုံကယ်တင်ပေးခြင်းလည်း ဖြစ်ပါသည်၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော် နှင့် စော်ကား၍မရနိုင်သည့် စိတ်သဘောထားတို့ကိုလည်း လူများကို မြင်စေသည်၊ သို့မှသာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်များသည် အပြစ်ကနေ လွတ်မြောက်နိုင်ပြီး၊ သန့်စင်မှုကို ရနိုင်မည်၊ ပြီးလျှင် ဘုရားသခင်၏ ရယူခြင်းကို ခံရမည် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏အမှုတော်က နိုင်ငံတော်ခေတ်ကို စတင်စေခြင်းဖြစ်ပြီး၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်ခေတ်အတွက် ဘုရားသခင်၏ အမှုတော်ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏အမှုတော်နှင့် နှုတ်ကပတ်တော်ကို အခြေခံထားသည့် ဘုရားသခင် အသုံးပြုသည့် လူများ၏ လုပ်ဆောင်ချက်က ဘုရားသခင် ရွေးချယ်ထားသည့် လူများကို ရေလောင်း လမ်းပြပေးတာဖြစ်ပါသည်။ ဘုရားသခင် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲ ဝင်ရောက်အောင်၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ထဲ ဝင်ရောက်အောင် ဦးဆောင် လမ်းပြပေးခြင်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်တည်ခြင်း ဧဝံဂေလိတရားကို ဖြန့်ဝေရင်း သက်သေခံပေးခြင်းဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်ခေတ်မှာ ဘုရားသခင် အသုံးပြုသည့်လူများ၏လုပ်ဆောင်ချက် ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့် နှစ်ကြိမ်စလုံး၏အမှုတော်က ခေတ်တစ်ခုကို စတင်ပြီး ခေတ်တစ်ခုကို အဆုံးသတ်ပေးသည့် အမှုတော်ဖြစ်ကြောင်းကို ဤအရာက ပြဆိုပါသည်။ ၎င်းတို့က လူသားအားလုံးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေသည့် အမှုတော်အဆင့် တစ်ခုလည်း ဖြစ်ပါသည်။ ဤသည်မှာ လူများကို ရွေးနှုတ်ပေးသည့် ကယ်တင်ပေးသည့် အမှုတော် ဖြစ်သည်။ လူများကို သန့်စင်ပြီး ကယ်တင်ပေးသည့် အမှုတော်မှာ ဘုရားသခင်ကသာ သမ္မာတရားကို ဖော်ပြနိုင်ကြောင်းကို ဘုရားသခင် လူ့ဇာတိခံယူသည့် နှစ်ကြိမ်စလုံး၏ အမှုတော်က အတည်ပြုပေးနေပါသည်။ ဘုရားသခင်၏ အမှုတော်ကို မည်သည့်လူသားတစ်ဦးကမှ မလုပ်ဆောင်နိုင်ပါ။ လူ့ဇာတိ ခံယူထားသည့် ဘုရားသခင်ကသာ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသည့် နှစ်ကြိမ်လုံးမှာ၊ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟု သက်သေခံခြင်း ဖြစ်ပါသည်။ လူ့ဇာတိ ခံယူထားသည့် ဘုရားသခင်မှ တစ်ပါး၊ အခြားမည်သူကမျှ ဘုရားသခင် ကိုယ်တိုင်၏ အမှုတော်ကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ခေတ်သစ်များကို စတင်ဖို့၊ ခေတ်ဟောင်းများကို အဆုံးသတ်ဖို့ ဆောင်ရွက် နိုင်မည်မဟုတ်ပါ။ ထို့အပြင် လူသားကို ကယ်တင်ဖို့ မည်သည့်နည်းနှင့်မှ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ဘုရားသခင် အသုံးပြုသည့် လူများ၏ လုပ်ဆောင်ချက်က ဘုရားသခင် ရွေးချယ်ထားသည့်လူများကို ဦးဆောင်လမ်းပြဖို့နှင့် လူသားတာဝန်ကို ပြည့်မြောက်စေဖို့လောက်သာ ဘုရားသခင်၏ အမှုတော်နှင့် ချိတ်ဆက် နိုင်ခြင်းဖြစ်သည်။ လူသားက နှစ်ပေါင်းမည်မျှ ဆောင်ရွက်ခဲ့သည် ဖြစ်စေ၊ မိန့်ဆိုမှုများ မည်မျှ များခဲ့သည်ဖြစ်စေ၊ သူတို့ လုပ်ဆောင်ချက်က အပြင်ပန်းကြည့်ပါက မည်မျှ ကြီးကျယ်သည် ဖြစ်စေ၊ အနှစ်သာရမှာမူ လူသား၏ လုပ်ဆောင်ချက်မျှသာ ဖြစ်ပါသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော် နှင့် ဘုရားသခင် အသုံးပြုသည့်လူများ၏ လုပ်ဆောင်ချက်ကြားက အဓိကခြားနားချက် ဖြစ်သည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များက ဘုရားသခင်၏ အမှုတော်နှင့် လူသား၏လုပ်ဆောင်ချက်ကြားက ကြီးမားသည့်ခြားနားချက်ကို သိမြင်စေလိုက်ခြင်းဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က အမှုတော်ကိုပြုသည့်အတွက်၊ သူက သမ္မာတရားများကို ဖော်ပြနိုင်သည်။ ဘုရားသခင်၏ စိတ်သဘာဝ နှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကိုလည်း ဖော်ပြနိုင်ကြောင်း ကို ကျွန်မတို့ အခုမှ သိကြပါပြီ။ ဘုရားသခင်၏အမှုတော်ကို လက်ခံတွေ့ကြုံပါက၊ ကျွန်မတို့က သမ္မာတရားကို နားလည်နိုင်လာမည်ဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်း ဖြောင့်မတ်သည့် စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရ၊ လူများကိုကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ လူများကိုကယ်တင်ဖို့အတွက် ဘုရားသခင်၏ နည်းနာများ၊ လူများအပေါ်ထားသည့် ဘုရားသခင်၏ မေတ္တာ စသည်တို့ကိုလည်း ပို၍ နားလည်နိုင်လာမည်ဖြစ်သည်။ တစ်ချိန်တည်းမှာ စာတန်ကြောင့် ပျက်စီးနေသည့် ကျွန်မတို့၏ အနှစ်သာရ၊ သဘာဝနှင့် စစ်မှန်မှုကိုလည်း နားလည်နိုင်စွမ်း ရှိလာမည် ဖြစ်ပါသည်။ ဤနည်းအားဖြင့် အကျင့်ပျက်နေသည့် ကျွန်မတို့၏ စိတ်သဘောထားက သန့်စင်ပြောင်းလဲနိုင်မှာဖြစ်ပြီး ဘုရားသခင်ထံ စစ်မှန်သည့်ကြောက်ရွံ့ရိုသေမှုကို ဖြစ်ပေါ်စေနိုင် သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း လူသား၏ လုပ်ဆောင်ချက်နှင့် ဘုရားသခင်၏အမှုတော်မှာမူ လုံးဝ ကွဲပြားပါသည်။ လူသားက သမ္မာတရားကို မဖော်ပြနိုင်သည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့၏ ကိုယ်ပိုင် အတွေ့အကြုံများနှင့် အသိဉာဏ်အပေါ်မှာသာ အခြေခံပြီး ဆွေးနွေးနိုင်၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသည့်တိုင် ဘုရားသခင် ရွေးချယ်ထားသူများကို ကူညီထောက်ပံ့ လမ်းပြပေးရုံလောက်သာ တတ်နိုင်၍ ဖြစ်ပါသည်။ ဤသည်မှာ မည်သည့်အရာကိုပြလဲဆိုပါက လူတစ်ယောက်က ဘုရားသခင်၏ လက်ခံမှု ရရှိခဲ့ပါက သူတို့၏လုပ်ဆောင်ချက်က ဘုရားသခင်၏အမှုတော်ကို ချိတ်ဆက် ဆောင်ရွက်ဖို့ နှင့် လူသားတာဝန်ကို ပြည့်မြောက်စေဖို့သာ ဖြစ်ကြောင်းကို ဖော်ပြနေပါသည်။ အကယ်၍ လူတစ်ယောက်က ဘုရားသခင်က အသုံးပြုသည့် လူမဟုတ်၊ ထိုလူမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိပါက၊ ထိုသို့သော လူများက လူသား၏အစွမ်းအစ၊ ပါရမီနှင့် ကျော်ကြားမှုကို မြှင့်တင်သူ သက်သက်သာ ဖြစ်ပါသည်။ သမ္မာကျမ်းစာကို ရှင်းပြသည့်တိုင် သမ္မာကျမ်းစာထဲက လူသား၏ စကားများကို ချီးမြှောက်နေခြင်းသာ ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစားထိုးပြီး၊ ချွတ်ချော်သွားစေပါသည်။ ဤကဲ့သို့ လူများ၏လုပ်ဆောင်ချက်က ဖာရိရှဲများ၏ လုပ်ဆောင်ချက်သာဖြစ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်သည့်လုပ်ဆောင်ချက် ဖြစ်သည်။ လူသား၏ လုပ်ဆောင်ချက်က အဓိကအားဖြင့် ဤအခြေအနေနှစ်ရပ်ထဲမှာ ကျရောက်ပါသည်။ လူသား၏လုပ်ဆောင်ချက်နှင့် ဘုရားသခင်၏ အမှုတော်ကြားမှာ မည်သို့ အကြီးမားဆုံးခြားနားချက် ရှိရှိ၊ ဤသည်မှာ လူသား၏ လုပ်ဆောင်ချက်သာ ဖြစ်ပါက လူသားကို သန့်စင်ကယ်တင်ပေးမည့်် အကျိုးရလဒ် ရှိမည် မဟုတ်ပါ။ ဘုရားသခင်၏ အမှုတော်မှာမူ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားကို သန့်စင်ကယ်တင်ပါသည်။ ဤသည်မှာ အမှန်တရားဖြစ်ပါသည်။ ဤနေရာတွင် ကျွန်မတို့ အဓိကပြောနေသည့်အချက်မှာမူ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင် အသုံးပြုသူများ၏ လုပ်ဆောင်ချက်ကြားက ခြားနားချက် ဖြစ်ပါသည်။ ဘုရားသခင်က အသုံးပြုခြင်းမရှိသည့် ဘာသာရေး ခေါင်းဆောင်များ၏ ဆောင်ရွက်ချက်များ မှာမူ အခြားကိစ္စတစ်ခု ဖြစ်ပါသည်။

ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ ဆောင်ရွက်ချက်က ထိုမျှအထိ သိသိသာသာ ခြားနားမှုရှိပါသည်။ သို့ပါက ကျွန်တော်တို့က ဘုရားသခင်ကို ယုံကြည်နေသည့် အချိန်တွင် အဘယ့်ကြောင့် လူသားကို လိုက်နာကိုးကွယ်နေဆဲ ဖြစ်ရသနည်း။ သူတို့ ကိုးကွယ်သူများ၏ လုပ်ဆောင်ချက်ကို ဘုရားသခင်၏အမှုတော်အဖြစ် လက်ခံသူများ အဘယ့်ကြောင့် အများကြီးရှိနေသေးသနည်း။ ဝိညာဉ်ရေးရာ အထင်ကရပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များ၏ လုပ်ဆောင်ချက် ကဲ့သို့ပင် ဖြစ်သည်။ ခရစ်တော်အတုအယောင်များ၊ မိစ္ဆာဝိညာဉ်များ၏ လှည့်ဖြားမှုကိုလည်း ဘုရားသခင်၏အမှုတော်အဖြစ် လက်ခံသူများ အဘယ့်ကြောင့် ရှိနေသနည်း။ အဖြေက ကျွန်တော်တို့က သမ္မာတရားကို မပိုင်ဆိုင်ဘဲ၊ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်ကို ခွဲခြားနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရကို ကျွန်တော်တို့ မသိ။ ပြီးလျှင် သမ္မာတရားကို မည်သို့ ခွဲခြားစိစစ်ရမည်၊ မည်သည့်အရာများက သမ္မာတရားနှင့်ကိုက်ညီသည် တို့ကိုလည်း မသိကြပါ။ ဘုရားသခင်၏အသံနှင့် လူသား၏ ဖွင့်ဆိုချက်များကို ခွဲခြားသိမြင်နိုင်ခြင်း မရှိကြပါ။ ထို့အပြင် ကျွန်တော်တို့ အားလုံးက စာတန်၏ဖျက်ဆီးခြင်း ခံထားရပြီး၊ အသိပညာနှင့် အစွမ်းအစများကို ကိုးကွယ်နေမိကြသည်။ ထို့ကြောင့် လူသားဆီကလာသည့် သမ္မာကျမ်းစာလာ အသိဉာဏ်များ၊ ဘာသာရေးကျင့်ထုံးများနှင့် ဓမ္မပညာ အယူအဆများကို သမ္မာတရားအဖြစ် အလွယ်တကူ လက်ခံမိကြ ခြင်းဖြစ်သည်။ သမ္မာတရားနှင့် မသက်ဆိုင်သည့်၊ လူသားဆီကလာသည့် ဤအရာများကို လက်ခံခြင်းက ကျွန်တော်တို့အသိဉာဏ်ကို တိုးကောင်း တိုးစေနိုင်သော်လည်း ကျွန်တော်တို့ ဘဝအသက်တာအတွက်မူ မည်သို့အထောက်အပံ့မှ မပေးပါ။ ထို့အပြင် ဘုရားသခင်ကို သိမြင်ကြောက်ရွံ့ခြင်းဆိုသည့် အကျိုးတရားများကိုလည်း ရနိုင်မည် မဟုတ်ပါ။ ဤသည်မှာ ငြင်းမရသည့် အမှန်တရား ဖြစ်ပါသည်။ ထို့ကြောင့် လူသားက မည်မျှ အလုပ်လုပ်ပါစေ၊ မည်မျှ ပြောဆိုပါစေ၊ မည်မျှ ကြာမြင့်အောင် လုပ်ဆောင်ပါစေ၊ သူ့အလုပ်က မည်မျှ ကြီးကျယ်ပါစေ ဤသည်မှာ လူသားကို သန့်စင်ကယ်တင်ပေးမည့်် ရလဒ်ကို ပြည့်မြောက်စေမည် မဟုတ်ပါ။ လူသား၏ ဘဝမှာမူ ပြောင်းလဲမည် မဟုတ်ပါ။ ဤသည်မှာ လူသား၏ လုပ်ဆောင်ချက်က ဘုရားသခင်၏ အမှုတော်ကို မည်သည့်အခါမျှ အစားထိုးနိုင်မည် မဟုတ်ကြောင်း ပြနေပါသည်။ ဘုရားသခင်၏ အမှုတော်ကသာ လူသားကို ကယ်တင်နိုင်ပါသည်။ ဘုရားသခင်၏ အမှုတော် သက်တမ်းက မည်မျှပင် တိုတောင်းသည်ဖြစ်စေ၊ ကိုယ်တော် ဖွင့်ဟပြသည့် နှုတ်ကပတ်တော်များက မည်မျှပင် အကန့်အသတ် ရှိသည်ဖြစ်စေ၊ ခေတ်တစ်ခုကို စတင်ပြီး၊ ခေတ်တစ်ခုကို အဆုံးသတ် ပေးနိုင်ဆဲသာ ဖြစ်သည်။ လူများကို ရွေးနှုတ်ကယ်တင်ခြင်းဆိုသည့် အကျိုးတရား များကို ရနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်ကြားက သိသာသည့် ခြားနားချက် ဖြစ်ပါသည်။ ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်ချက် ကြားက ခြားနားချက်ကို ကျွန်တော်တို့ နားလည်သည့်အချိန်ကျမှသာ လူသားကို မျက်စိစုံမှိတ်လိုက်နာ ကိုးကွယ်ခြင်းက ကင်းလွတ်ပြီး ခရစ်တော် အတုအယောင်များနှင့် အန္တိခရစ်များ၏ ထိန်းချုပ် လှည့်ဖြားမှုကို သိရှိငြင်းပယ်လာနိုင်မည် ဖြစ်ပါသည်။ ဤနည်းနှင့် ကျွန်တော်တို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံ နာခံနိုင်လာပြီး၊ ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိဖို့အတွက်၊ ဘုရားသခင်၏တရားစီရင်ခြင်း၊ သန့်စင်ခြင်းများကို ရလာနိုင်မည် ဖြစ်ပါသည်။ လူသားက ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်ကို မခွဲခြားနိုင်ပါက ခရစ်တော် အတုအယောင်များနှင့် အန္တိခရစ်များ၏ ထိန်းချုပ်လှည့်ဖြားမှုကနေ လွတ်မြောက်နိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍နှင့် ကျွန်တော်တို့က ဘုရားသခင်ကို အမည်ခံသဘော ယုံကြည်ခြင်းသာဖြစ်ပြီး လက်တွေ့မှာမူ လူသားကို ယုံကြည်နေခြင်း၊ လူသားနောက်ကို လိုက်နေခြင်း၊ ကိုးကွယ်နေခြင်း ဖြစ်သည်။ တစ်နည်းပြောရပါက စံပြုထားသည့် လူများကို ကိုးကွယ်နေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်၊ သစ္စာဖောက်ဖျက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ လမ်းခရီးများ၏ အမှားကို သိမြင်ဖို့ ငြင်းပယ်နေဆဲဖြစ်ပါက အဆုံးတစ်နေ့မှာ ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကိုခံရပြီး၊ ဘုရားသခင်၏ စိတ်နေသဘောထားကို စော်ကားခြင်းအမှုအတွက် ဘုရားသခင်၏ ဖယ်ရှားသုတ်သင်ခြင်းကို ခံရမည် ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် ပယ်ထုတ်ခံရမည့် သူများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်)

ပြန်လာခဲ့သူ ဘယ်သူပါလဲ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) ဘုရားသခင်က အစ်ကိုလင်းကို အသုံးပြုခဲ့တယ်လို့ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမအများစုက ထင်ကြတယ် အစ်ကို လင်းက ဝိညာဉ်ရေးရာ စာအုပ်တွေ အများကြီးရေးပြီး သတင်းစကားတွေအများကြီးကို ကျွန်တော်တို့ကို ပေးခဲ့တယ် သူ့စကားတွေက အသက်အတွက် အာဟာရနဲ့ လမ်းခရီးဖြစ်ခဲ့တယ် ပြီးတော့ ကျမ်းစာထဲက တမန်တော်တွေရဲ့ စာစောင်တွေလို၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ အလင်းပြမှုလက္ခဏာတွေ ရှိခဲ့တယ် ဒီစကားတွေက ကျွန်တော်တို့အဖို့ ကြီးမားတဲ့ အကျိုးကျေးဇူးဖြစ်တယ်၊ အားလုံးက သမ္မာတရားနဲ့ ကိုက်ညီတယ် ဒါပေမဲ့ ခင်ဗျားက ဘုရားသခင် အသုံးပြုတဲ့လူတွေရဲ့ စကားတွေဟာ သမ္မာတရားနဲ့ ကိုက်ညီကောင်း ကိုက်ညီနိုင်ပေမယ့် တကယ့် သမ္မာတရားမဟုတ်ဘူးလို့ ပြောတယ် ဒီတော့ သမ္မာတရားဆိုတာ အတိအကျအားဖြင့် ဘာလဲ

နောက်တစ်ခုသို့- မေးခွန်း (၅) ပညတ်တော်ခေတ်ရဲ့အမှုတော်ကို လုပ်ဆောင်ခဲ့တာဟာ ဘုရားသခင် အသုံးပြုခဲ့တဲ့ မောရှေအားဖြင့်ဖြစ်ပါတယ်။ ဘုရားသခင်ဟာ နောက်ဆုံးသောကာလ သူ့ရဲ့ တရားစီရင်ခြင်းအမှုတော်တွေကို ဆောင်ရွက်ဖို့ ဘာကြောင့်များ လူသားကို မသုံးတာ ဖြစ်မလဲ။ ပြီးတော့ သူကိုယ်တိုင် ဘာကြောင့် လူ့ဇာတိခံယူပြီး ကြွလာဖို့ လုပ်တာလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။