မေးခွန်း (၅) ပညတ်တော်ခေတ်ရဲ့အမှုတော်ကို လုပ်ဆောင်ခဲ့တာဟာ ဘုရားသခင် အသုံးပြုခဲ့တဲ့ မောရှေအားဖြင့်ဖြစ်ပါတယ်။ ဘုရားသခင်ဟာ နောက်ဆုံးသောကာလ သူ့ရဲ့ တရားစီရင်ခြင်းအမှုတော်တွေကို ဆောင်ရွက်ဖို့ ဘာကြောင့်များ လူသားကို မသုံးတာ ဖြစ်မလဲ။ ပြီးတော့ သူကိုယ်တိုင် ဘာကြောင့် လူ့ဇာတိခံယူပြီး ကြွလာဖို့ လုပ်တာလဲ။

အဖြေ- နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုကို ဘာကြောင့် လူ့ဇာတိခံတဲ့ဘုရားသခင်ကပဲ လုပ်ဆောင်ရမှာလဲ ဘုရားသခင် အသုံးပြုတဲ့လူတွေက ဘာကြောင့် ဒီအမှုကို မလုပ်နိုင်တာလဲ ဒီမေးခွန်းဟာ သိပ်ကိုအရေးကြီးပြီး၊ တကယ့်သော့ချက်လည်းဖြစ်ပါတယ်၊ လူတွေဟာ ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ကို ခေါ်ဆောင်ခံရမှာလား ကယ်တင်ခြင်း ရရှိမှာလား၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်နိုင်မှာလားဆိုတဲ့ အဓိကအကြောင်းအရာနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ဒီမေးခွန်းပေါ်မှာ မိန့်တော်မူထားတာများ စွာရှိပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက အပိုဒ်တချို့ကို ဖတ်ကြည့်ကြရအောင်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍ အရည်အချင်းမပြည့်မီပေ။...လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝ အနိုင်ယူနိုင်ပေသည်။ လူသားကဲ့သို့ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့်နည်းတူ၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက် တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ဤသည်မှာ သူ၏ရှိရင်းစွဲ သန့်ရှင်းမှုနှင့် သူ၏သာမန်ထက်ထူးခြားမှု၏ အမှတ်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကြောင့် လူသားကို တရားစီရင်နိုင်သည့်အတွက်၊ သူသာလျှင် လူသားကို တရားစီရင်ရန် အရည်အချင်းပြည့်မီကာ တရားစီရင်နိုင်သည့် အနေအထားတွင်ရှိသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် မသင့်တော်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သန့်ရှင်းသော ဘုရားဖြစ်ကြောင်းတို့ကို သင် မြင်နိုင်ခဲ့သည်မှာ ဤတရားစီရင်ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။ သင်တို့ကို သူ တရားစီရင်ပြီး သင်တို့အပေါ်သို့ သူ၏ အမျက်ဒေါသကို ပွင့်ထွက်စေသည်မှာ သူ၏ သန့်ရှင်းခြင်းနှင့် သူ၏ ဖြောင့်မတ်ခြင်းတို့ကြောင့် အတိအကျ ဖြစ်ပေသည်။ လူသား၏ ပုန်ကန်မှုကို သူ မြင်သည့်အခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဘုရားသခင် ထုတ်ဖော်ပြနိုင်သောကြောင့်၊ ပြီးလျှင် လူသား၏ အညစ်အကြေးကို ဘုရားသခင် မြင်သည့်အခါ သူ၏ သန့်ရှင်းခြင်းကို သူ ထုတ်ဖော်ပြနိုင်သောကြောင့်၊ ဤသည်မှာ သူသည် သန့်ရှင်းပြီး သန့်ပြန့်သော်လည်း၊ အညစ်အကြေး နယ်မြေထဲတွင် အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ပြသရန် လုံလောက်ပေသည်။ လူတစ်ဦးသည် အခြားသူများနှင့်အတူ ဒုစရိုက်နွံထဲတွင် ပျော်မွေ့နေပြီး၊ သူနှင့်ပတ်သက်၍ သန့်ရှင်းသည့်အရာ ဘာမျှမရှိသကဲ့သို့၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထားမရှိပါက၊ သူသည် လူသား၏ မတရားမှုကို တရားစီရင်ဖို့ရန် အရည်အချင်းမပြည့်မီသကဲ့သို့၊ လူသားနှင့်ဆိုင်သော တရားစီရင်ခြင်းကို ဆောင်ရွက်ဖို့ မသင့်တော်ပေ။ လူတစ်ဦးသည် အခြားတစ်ဦးအား တရားစီရင် မည်ဆိုပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် စော်ကား နေကြသကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။ တစ်ဦးနှင့်တစ်ဦး တန်းတူညီမျှ ညစ်ပတ်ပေနေသော လူတို့သည် ၎င်းတို့နှင့် ထပ်တူထပ်မျှဖြစ်သော သူတို့ကို တရားစီရင်ဖို့ရန် အဘယ်သို့ အရည်အချင်း ရှိနိုင်မည်နည်း။ သန့်ရှင်းသော ဘုရားသခင် ကိုယ်တိုင်သာ ညစ်ပတ်ပေရေသော လူသားမျိုးနွယ်တစ်ခုလုံးကို တရားစီရင်နိုင်ပေသည်။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ တရားစီရင်နိုင်မည်နည်း။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ မြင်နိုင်မည်နည်း၊ ပြီးလျှင် ဤအပြစ်များကို ရှုတ်ချဖို့ရန် လူသားသည် အဘယ်သို့ အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်သည် လူသား၏ အပြစ်များကို တရားစီရင်ဖို့ အရည်အချင်း မရှိပါက၊ သူသည် အဘယ်သို့ ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်နိုင်မည်နည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြ ခံရသည့်အခါ၊ လူတို့ကို တရားစီရင်ဖို့အလို့ငှာ ဘုရားသခင် စကားပြောပြီး၊ ထို့နောက်တွင်သာ သူ သန့်ရှင်းသည်ကို လူတို့ မြင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ)

အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့အတွက် လူ့ဇာတိခံယူခြင်းရဲ့အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း မိန့်ထားတယ်။ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းပြီးပြည့်စုံဖို့အတွက် ဘုရားသခင်ဟာ သမ္မာတရားတွေကိုဖော်ပြခြင်း၊ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်နေသဘောထား၊ ဘုန်းတန်ခိုးကြီးခြင်းနဲ့ ဉာဏ်တော်တွေကို ဖော်ထုတ်ပြခြင်းကတစ်ဆင့် ပျက်စီးယိုယွင်းနေတဲ့ လူသားတွေရဲ့စာတန်သဘောသဘာဝတွေကို စီရင်ခြင်း စာတန်ရဲ့လွှမ်းမိုးမှုထဲကနေ လူသားတွေကိုကယ်တင်ခြင်းနဲ့ လူသားတွေရဲ့ဘဝအစီအစဉ်တွေကို ပြောင်းလဲပေးခြင်းအပြင် သမ္မာတရားကို ရဖို့၊ ဘုရားသခင်အပေါ် နားလည်မှု ရရှိလာဖို့နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝတစ်ခုကို နေထိုင်သွားစေဖို့အတွက် လူတွေကို စုံလင်အောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလို လူသားတွေကို ကယ်တင်ခြင်းနဲ့ စုံလင်စေခြင်းအမှုတော်ကို လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးသောကာလမှာ လူသားမျိုးနွယ်များဟာ စာတန်ရဲ့ စိတ်သဘောထားများနဲ့ ပြည့်ပြီး လုံးလုံးကို ပျက်စီးယိုယွင်းနေခဲ့ပြီဖြစ်ပါတယ်။ သူတို့ဟာ ဆိုးဆိုးဝါးဝါးကို စိတ်ကြီးဝင်နေတာ၊ ကောက်ကျစ်စဉ်းလဲပြီး လိမ်ညာလှည့်ဖြားတာ၊ တစ်ကိုယ်ကောင်းဆန်ပြီး အကျင့်ပျက်ဆိုးသွမ်းနေကြတာ ဖြစ်တယ်။ သူတို့အားလုံးဟာ စာတန်ရဲ့အမျိုးအနွယ်တွေ ဖြစ်သွားကြပါပြီ။ သူတို့အားလုံးဟာ ပုံမှန်လူသားတွေမှာရှိရမယ့် လူ့ဂုဏ်သိက္ခာ၊ ကျိုးကြောင်းဆင်ခြင်မှု၊ အကျင့်စရိုက်နဲ့ အသိစိတ်ဆိုတာတွေပါ ပျောက်ဆုံးနေကြပါပြီ။ သူတို့ဟာ လူတွေနဲ့သိပ်မတူတော့ဘဲ ဝိညာဉ်မဲ့ တိရစ္ဆာန်ကြီးတွေလို ဖြစ်နေကြတယ်။ ဒီလို အဆုံးစွန်ပျက်စီး ယိုယွင်းနေတဲ့ အရာကို ကယ်တင်မယ့် ဘုရားသခင်အတွက်တော့၊ လူတွေကို စီရင်ဖို့၊ သိမ်းပိုက်ဖို့၊ သန့်စင်စေဖို့အတွက် နှုတ်ကပတ်တော်တွေကို တိုက်ရိုက်ဖော်ထုတ်ပြဖို့နဲ့ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ ကြီးမြတ်တဲ့ အမျက်ဒေါသရှိတဲ့ စိတ်သဘောထားကို ဖော်ပြဖို့အတွက် ကိုယ်တော်ဟာ လူ့ဇာတိခံယူရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လူတွေဟာ ဘုရားသခင်ရဲ့အသံကို ကြားရုံတင်မကဘူး၊ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ အမျက်ဒေါသကိုပါ မြင်ကြရမှာဖြစ်ပါတယ် ဒီလိုလုပ်ဆောင်မှသာ အကျင့်ပျက်နေတဲ့လူသားတွေကို အလုံးစုံ သိမ်းပိုက်အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှသာလျှင် လူသားများဟာ မြေသို့ခယတဲ့အထိ ဖြစ်မယ်၊ ဘုရားသခင်ကိုကြောက်ရွံ့မယ်၊ နာခံမယ် ပြီးရင် မကောင်းမှုတွေကိုပါ ရှောင်ရှားလာမယ်။ ဒါဟာ လူ့ဇာတိခံ ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုတော်ကနေ ရရှိနိုင်တဲ့ ရလဒ်ပါပဲ။ ဘုရားသခင်လူ့ဇာတိခံယူခြင်းဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖော်ထုတ်ဖို့သက်သက်ပဲ မဟုတ်ဘူး။ အဓိကကတော့ လူတွေအနေနဲ့ ဘုရားသခင် ပေါ်ထွန်းခြင်းနဲ့ ကိုယ်တော့်စိတ်နေသဘောထားကို မြင်စေဖို့ပါ။ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေအပြင် ကိုယ်တော်ရဲ့အနန္တတန်ခိုးနဲ့ ဉာဏ်ပညာကိုလည်း မြင်စေဖို့ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ လူတွေအနေနဲ့ လူသားနဲ့ ဘုရားသခင်ရဲ့တဲတော်ကို တွေ့မြင်စေဖို့၊ လူတွေနဲ့အတူ နေထိုင်နေတဲ့ ဘုရားသခင်ကို မြင်စေဖို့ဖြစ်တယ်။ ဒါ့အပြင် လူတွေကို ဘုရားသခင်ရှေ့မှောက် နေထိုင်တာ၊ ဘုရားသခင်နဲ့အတူ မိတ်သဟာယ ဖွဲ့တာ၊ တိုက်ရိုက်ပြောဆိုတာတို့ကို မြင်စေဖို့ဖြစ်တယ်။ ဒါတွေအားလုံးကို ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းအားဖြင့် ပြီးမြောက်စေတာပါ။ ဒါဟာ တရားစီရင်ခြင်းအမှုတော်ကို ပြုဖို့အတွက် ဘုရားသခင် လူ့ဇာတိခံယူခြင်းရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ပါပဲ။ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့တရားစီရင်ခြင်းအမှုတော်ကို တွေ့ကြုံခံစားမိသူတွေအားလုံးကတော့ ဒီအချက်တွေကို ကိုယ်တိုင်ကိုယ်ကျ နားလည်နိုင်ကြမှာပါ။

ဘုရားသခင်ဟာ နောက်ဆုံးသောကာလ သူ့ရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့ လူတွေကို ဘာကြောင့်မသုံးတာလဲဆိုတာကို လူတော်တော်များများ နားမလည်နိုင်ကြဘူး။ အဓိကအကြောင်းရင်းက လူသားရဲ့အနှစ်သာရက ပျက်စီးနေတဲ့ လူသားမျိုးနွယ်ရဲ့ အနှစ်သာရဖြစ်နေပြီး လူသားမှာ စာတန်ရဲ့ စိတ်နေသဘောထားရှိနေလို့ပဲ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ပဲ့ပြင်ထိန်းကျောင်းမှုအောက် ရှိရုံမက လုံးဝစုံလင်နေဦးတော့၊ သူတို့ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖော်ထုတ်ပြဖို့ မထိုက်တန်သေးပါဘူး။ ဒါ့အပြင် ဘုရားသခင်ရဲ့ စိတ်နေသဘောထား၊ သူ့ရဲ့အနန္တတန်ခိုးနဲ့ ဉာဏ်အမြော်အမြင်၊ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတို့ကို ဖော်ထုတ်ဖို့ သူတို့နဲ့ မထိုက်တန်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က အသုံးပြုတဲ့လူတစ်ယောက်မှာ လူသားအနှစ်သာရသာရှိပြီး၊ ဘုရားသခင်ရဲ့သဘောသဘာဝ မရှိလို့ပဲ။ ဒီတော့ သူဟာ ဘုရားသခင်အနေနဲ့ အမှုတော်ဆောင်ဖို့ အရည်အချင်း မမီဘူး။ သူဘာပဲပြောနေပြောနေ၊ ဘာပဲလုပ်လုပ် ဘုရားသခင်ကိုတော့ သူကိုယ်စားမပြုနိုင်ပါဘူး။ ဒီတော့ သူက လူသားကို ကယ်တင်တဲ့အမှုကို ဆောင်ရွက်လို့ မရဘူး။ ဥပမာအားဖြင့် ပညတ်တော်ခေတ် အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်ဟာ မောရှေကို အသုံးပြုခဲ့တယ်။ မောရှေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ပရောဖက်တစ်ယောက်လိုပဲ ပို့ဆောင်ပေးနိုင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ကိုယ်စား ပြောပါတယ်ဆိုပြီး သူဘာကြောင့် မပြောရဲတာလဲ။ ဘာကြောင့်လဲဆိုတော့ သူဟာ လူ့ဇာတိခံဘုရားမဟုတ်ဘဲ၊ လူသား ဖြစ်နေလို့ပါ။ ဒါဟာ လူ့ဇာတိခံတဲ့ဘုရားသခင်နဲ့ ဘုရားသခင် အသုံးပြုတဲ့လူသားတို့အကြား အခြေခံကျတဲ့ခြားနားချက်ပါပဲ။ ပညတ်တော်ကာလမှာ ဘုရားသခင်ဟာ မောရှေကို အသုံးပြုခဲ့တာကြောင့် နောက်ဆုံးသောကာလ သူ့ရဲ့တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ဖို့ လူသားကို ဘာကြောင့်များ အသုံးမပြုရတာလဲလို့ ခုနတင် တစ်ယောက်က မေးတယ်။။ ပညတ်တော်ကာလအတွင်း အမှုတော်ဆောင်ဖို့အတွက် ဘုရားသခင်က မောရှေကို အသုံးပြုရာမှာ ထူးခြားတဲ့ဆက်စပ်အခြေအနေတစ်ခု ရှိတယ်။ ပညတ်တော် ကာလ အတွင်း စာတန်ကြောင့် လူသားတွေရဲ့ ပျက်စီးယိုယွင်းမှုဟာ အလုံးစုံ မဟုတ်သေးပါဘူး။ ပညတ်တော်ကာလ အမှုတော်က လူသားရဲ့ စိတ်နေသဘောထားကို ပြောင်းလဲဖို့ မဟုတ်ဘူး။ လူတွေရဲ့ဘဝတွေကို လမ်းညွှန်ဖို့အတွက် ပညတ်တော်တွေ၊ ဥပဒေတွေနဲ့ အမိန့်တွေကို ပြဋ္ဌာန်းပေးခဲ့တဲ့ အမှုတော်သာ ဖြစ်တယ်။ ဘုရားသခင်က မောရှေကို အဓိက အသုံးပြုခဲ့တာက ပညတ်တော်တွေနဲ့ ဥပဒေတွေနဲ့ အမိန့်တွေကို ပြဋ္ဌာန်းဖို့၊ ယေဟောဝါဘုရားသခင်ရဲ့ အမိန့်တော်နဲ့ ပညတ်တော်တွေကို လူသားတွေ ဘယ်လို လိုက်နာရမယ် ဆိုတာနဲ့ လူတွေဟာ ဘယ်လိုကိုယ်ကျင့်တရားတွေနဲ့ နေထိုင်သင့်တယ်ဆိုတာကို ပြောပြဖို့ဖြစ်တယ်။ ဒါမှသာ လူတွေက ဘုရားသခင်ရှေ့မှောက် ဘယ်လိုနေထိုင်ရမယ်၊ ဘုရားသခင်ကို ဘယ်လိုကိုးကွယ်ရမယ်ဆိုတာကို နားလည်နိုင်မှာပါ။ အသစ်မွေးဖွားလာတဲ့လူတွေအနေနဲ့ ကမ္ဘာပေါ်မှာ ဘယ်လိုရှင်သန်နေထိုင်ရမယ်ဆိုတာကို သင်ယူတတ်လာအောင် လမ်းပြဖို့ပါပဲ။ ဘုရားသခင်ဟာ မောရှေကို အသုံးပြုရုံနဲ့တင် ဒီအမှုတော်ရဲ့အကျိုးရလဒ်တွေကို ရရှိနိုင်တာဖြစ်တယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ခေတ်ကာလတိုင်းမှာ အမှုတော်ဆောင်ဖို့အတွက် ဘုရားသခင်ဟာ လူ့ဇာတိခံယူတာပဲဖြစ်ဖြစ်၊ လူသားကို အသုံးပြုတာပဲ ဖြစ်ဖြစ် အားလုံးဟာ ဘုရားသခင်ရဲ့စီမံခန့်ခွဲမှုအစီအစဉ်နဲ့ ပျက်စီးယိုယွင်းနေတဲ့ လူသားတွေရဲ့လိုအပ်ချက်တွေအပေါ်မှာပဲ အခြေတည်တယ်။ ကျေးဇူးတော်ကာလ ရွေးနုတ်ခြင်းအမှုတော်နဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ဟာ ကာလတစ်ခုကို စတင်ဖို့နဲ့ ကာလတစ်ခုကို အဆုံးသတ်ဖို့အတွက် အမှုတော်တွေပဲဖြစ်ပါတယ်။ ဒါတွေဟာ လူသားမျိုးနွယ်ကို ရွေးနုတ်တဲ့အမှုတော်နဲ့ ကယ်တင်တဲ့အမှုတော်တို့ ဖြစ်ပြီး လူ့ဇာတိခံဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်ရမှာဖြစ်တယ်။ ဘယ်သူမှ သူ့နေရာကို အစားထိုး မယူနိုင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ရမည်ဖြစ်သည်။ သူ၏အမှုကို စတင်လှုပ်ရှားစေသူမှာ သူဖြစ်ပြီး သူ၏ အမှုကို အဆုံးသတ်သူမှာ သူဖြစ်၏။ အမှုကို စီစဉ်သူမှာ သူဖြစ်ပြီး၊ ယင်းအား စီမံခန့်ခွဲသူမှာ သူ ဖြစ်သည်၊ ထို့ထက်မက အမှုကို အောင်မြင်စေသူမှာ သူပင် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင် ‘ငါသည်အစနှင့် အဆုံးဖြစ်သည်၊ ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်’ ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။ သူ၏ စီမံခန့်ခွဲခြင်းနှင့်ဆိုင်သည့် အမှုနှင့် ဆက်စပ်သမျှကို ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်လေသည်။ သူသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အုပ်ချုပ်သူဖြစ်သည်။ အရာအားလုံးကို ထိန်းချုပ်ထားသူမှာ သူ ဖြစ်သည့်အတွက်၊ မည်သူမျှ ဘုရားသခင်ကိုယ်စား သူ၏အမှုကို မလုပ်ဆောင်နိုင်သကဲ့သို့ သူ၏ အမှုကို မည်သူမျှ အဆုံးမသတ်စေနိုင်ပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းပြီးနောက်၊ သူသည် ကမ္ဘာလောကတစ်ခုလုံးကို သူ၏အလင်းထဲတွင် အသက်ရှင်ဖို့ ဦးဆောင်မည်ဖြစ်ပြီး၊ ခေတ်တစ်ခုလုံးကိုလည်း အဆုံးသတ်လိမ့်မည်၊ ထိုသို့ဖြင့် သူ၏ အစီအစဉ်တစ်ခုလုံးကို အောင်မြင်စေလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁))

ပြန်လာခဲ့သူ ဘယ်သူပါလဲ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဖြစ်တယ်၊ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်နေတာဖြစ်တယ်လို့ ခင်ဗျားက သက်သေခံထားတယ် လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို မှတ်မိသိရှိဖို့ဆိုတာ လူတွေအတွက် အခက်ခဲဆုံးပါပဲ တောင်ကိုရီးယားမှာဆိုရင် လူတွေလုပ်ဆောင်ထားတာကို ဘုရားသခင်ရဲ့အမှုတော်လို့ လက်ခံထားကြတဲ့သူ အတော်များများရှိတယ် ခရစ်တော်အတုအယောင်တွေရဲ့လှည့်ဖြားတဲ့စကားတွေကိုတောင် လက်ခံကျင့်သုံးရမယ့် ဘုရားသခင်ရဲ့အမှုတော်လို့ ယူဆကြတဲ့သူတွေ ရှိသေးတယ် ဒီတော့ စာတန်ရဲ့ နောက်လိုက်အဖြစ် လှည့်ဖြားခံကြရတော့တာပေါ့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ လူတွေရဲ့ လုပ်ဆောင်မှုကို ဘယ်လိုခွဲခြားရမလဲဆိုတာ ကျွန်တော်တို့ကို နားလည်အောင် ခင်ဗျားရှင်းပြပေးပါလား ပြီးတော့ လူ့ဇာတိခံယူထားတဲ့ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဘုရားသခင်အသုံးပြုတဲ့ လူသားတွေရဲ့ လုပ်ဆောင်မှုကြားထဲက ခြားနားချက်တွေကိုလည်း သိချင်ပါတယ် သမ္မာတရားရဲ့ ဒီလက္ခဏာသွင်ပြင်ကို ကျွန်တော်တို့ အရေးတကြီး နားလည်ဖို့လိုနေပါတယ်

နောက်တစ်ခုသို့- မေးခွန်း- လူသားကို နာခံခြင်းနှင့် လူနောက်လိုက်ခြင်းမှာ မည်သည့်အရာ အတိအကျ ဆိုလိုသည်ဆိုသည်နှင့် ဘုရားသခင်ကို နာခံခြင်းနှင့် နောက်လိုက်ခြင်းမှာ မည်သည့်အရာကို အတိအကျဆိုလိုသည်နှင့် ပတ်သက်၍၊ လူအများစုက သမ္မာတရား၏ ဤရှုထောင့်ကို နားမလည်ကြပါ။ ကျေးဇူးပြုပြီး ဤအရာပေါ် ဆွေးနွေးပေးပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။