(ဎ) စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းတို့ကို လိုက်စားအားထုတ်ပုံနှင့် ပတ်သက်၍

(၅၀၄) လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို နာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို သက်သေခံရန် သူတောင်းဆို လေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး စစ်မှန်ကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

(၅၀၅) လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။ အတိတ်တွင်၊ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ပြောဆိုရာတွင်၊ အဓိကအားဖြင့် မိမိကိုယ်ကိုယ် မိမိစွန့်လွတ်နိုင်ခြင်း၊ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေခြင်း၊ မိမိ၏ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်းနှင့် ဇာတိ၏လိုလားမှုများကို မိမိထံမှ ဖယ်ရှားနိုင်ခြင်းတို့ကို ရည်ညွှန်းခဲ့ပေသည်- ယင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ ယနေ့တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သည့် ထုတ်ဖော်ခြင်းမှာ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို နာခံခြင်းနှင့် သူ၏အသစ်သောအမှုကို အမှန်တကယ် သိရှိခြင်းဖြစ်သည်ကို အယောက်တိုင်း သိကြပေသည်။ ဤနည်းဖြင့်၊ မိမိတို့ကိုယ်တိုင်၏ အယူအဆများဖြင့် ခြယ်သခြင်းခံခဲ့ရသည့် လူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သော ယခင် သိနားလည်မှုသည် ဖျောက်ဖျက်ပစ်ခံရနိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အား နာခံခြင်းတို့ကို ရရှိနိုင်ကြပေသည်- ဤအရာသည်သာ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

(၅၀၆) လူ့စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရကို သိခြင်းနှင့်သူ၏အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်တို့ ပြောင်းလဲခြင်းများ အားဖြင့်- အခြေခံကျသော ပြောင်းလဲမှုများအားဖြင့် စတင်သည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်ပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ အဆိပ်ခတ်ခြင်းနှင့် နင်းခြေခြင်းကို ခံရခြင်းမှ၊ ၎င်း၏စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို နားမလည်ခြင်း အတိအကျပင် ဖြစ်သည်။ ထိုကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

(၅၀၇) သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။ လူသားသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး ဇာတိပကတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းမခံရသကဲ့သို့၊ ဘုရားသခင်၏ ကွယ်ကာမှုကို မရရှိပါက၊ လူသားသည် ယခင်ထက် ပို၍ အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် သူ ဆန္ဒရှိပါက၊ သူသည် သန့်ရှင်းစေခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းကို ခံရမည်။ ပေတရုက၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာ ဆက်ဆံသည့်အခါ၊ ကျွန်ုပ် ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမသည့်အခါ၊ ကျွန်ုပ်သည် ပို၍ပင် ကြီးမားသော နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်သည် အားနည်းပြီး ဖော်မပြနိုင်လောက်အောင်များသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်ဖြစ်ကာ၊ ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စိတ်ဆန္ဒများကို ကျွန်ုပ် မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ သတ်မှတ်ချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့်၊ ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏၊ သို့သော် ဤနယ်ပယ်ကို ကျွန်ုပ် ကြိုးပမ်းရရှိရန် လိုလားနေပါသည်၊ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရန် ကျွန်ုပ် လိုလားနေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အား ကွယ်ကာမှုကို ဆောင်ကြဉ်းပေးပြီးဖြစ်သကဲ့သို့၊ အကောင်းဆုံးသော ကယ်တင်ခြင်းကို ကျွန်ုပ်အား ပေးလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မှေးမှိန်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကိုယ်တော်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့တွင်၊ ကိုယ်တော်၏ ချစ်ခြင်းသည် ကောင်းကင်တို့ကို ကျော်လွန်ပြီး အခြားအရာအားလုံးအထက်တွင် သာလွန်ထူးကဲ သည်ကို ကျွန်ုပ် သာ၍ပင် မြင်ရပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်သာ မဟုတ်ပါ။ ထို့ထက်ပို၍ပင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အလွန်များစွာ ပေးပြီးဖြစ်သည်။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲနှင့်၊ လူတစ်ဦးတစ်ယောက်မျှ သန့်စင်ခံရမည် မဟုတ်သကဲ့သို့၊ လူတစ်ဦးတစ်ယောက်မျှ ဖန်ဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်မည် မဟုတ်ပါ။”

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

(၅၀၈) သင်သည် စုံလင်စေခြင်းခံရလိုလျှင်၊ ရှေးဦးစွာ ဘုရားသခင်၏ မျက်နှာသာပေးခြင်းခံရရန် လိုသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူထောက်ခံသော သူနှင့် သူ၏စိတ်တော်နှင့် တွေ့သောသူကို စုံလင်စေသည်။ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့စေလိုလျှင် သင်သည် ဘုရားသခင်၏အလုပ်ကို နာခံတတ်သော စိတ်နှလုံး ရှိရမည်၊ သမ္မာတရားကို ကြိုးစားအားထုတ်ပြီး အရာရာ၌ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို လက်ခံ ရပေမည်။ သင်၏လုပ်ဆောင်မှု အားလုံး ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို ခံယူပြီးပြီလော။ သင်၏ ရည်ရွယ်ချက်သည် မှန်ကန်သလော။ သင်၏ ရည်ရွယ်ချက် မှန်ကန်ပါက၊ ဘုရားသခင်က သင့်ကို ချီးကျူးပေမည်၊ သင်၏ရည်ရွယ်ချက် မမှန်ကန်ပါက သင်၏နှလုံးသားတွင် ချစ်မြတ်နိုးသည်မှာ ဘုရားသခင် မဟုတ်ဘဲ၊ ဇာတိပကတိနှင့် စာတန်ဖြစ်ကြောင်း ဤသည်က ပြသသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အရာရာကို စစ်ဆေးခြင်းကို လက်ခံရန် နည်းလမ်းတစ်ရပ် အဖြစ် ဆုတောင်းခြင်းကို အသုံးပြုရမည်။ သင် ဆုတောင်းသောအခါ ငါသည် ကိုယ်တိုင်ကိုယ်ကျ သင်၏ရှေ့တွင် ရပ်မနေသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေပြီး၊ သင် ဆုတောင်းနေသည်ကား ငါကိုယ်တိုင်အပြင် ဘုရားသခင်၏ ဝိညာဉ်တော်ထံကိုပါ ဆုတောင်းနေခြင်း ဖြစ်သည်။ ဤဇာတိပကတိကို အဘယ့်ကြောင့် သင်ယုံကြည်သနည်း။ သူ့ထံတွင် ဘုရားသခင်၏ ဝိညာဉ်တော် ရှိသောကြောင့် သင်ယုံကြည်ခြင်းပင် ဖြစ်သည်။ သူ၌ ဘုရားသခင်၏ ဝိညာဉ်တော်မရှိလျှင် ဤပုဂ္ဂိုလ်ကို သင် ယုံကြည်မည်လော။ ဤပုဂ္ဂိုလ်ကို သင်ယုံကြည်ပါက၊ သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို သင်ကြောက်ရွံ့သည့်အခါ၊ သင်သည် ဘုရားသခင်၏ဝိညာဉ်တော်ကို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းသည် ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းဖြစ်ပြီး ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းသည်လည်း ဘုရားသခင်၏ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ သင်ဆုတောင်းသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်နှင့်အတူရှိပြီး ဘုရားသခင်သည် သင်၏အရှေ့၌ ရှိသည်ကို သင်ခံစားရ၏၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်ဆုတောင်း ပဌနာပြုခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။ သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို လေးလေးနက်နက် ချစ်သည်ဆိုပါက ဘုရားသခင်အား- “ကောင်းကင်၊ မြေကြီးနှင့် ခပ်သိမ်းသော အရာတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် သစ္စာဆိုပါသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် အကျွန်ုပ် ပြုသမျှသော အရာအားလုံးတို့ကို စစ်ဆေး၍ အကျွန်ုပ်ကို အမြဲကာကွယ် စောင့်ရှောက်တော်မူကာ၊ အကျွန်ုပ်ပြုသမျှအရာတို့သည် ကိုယ်တော်၏ မျက်မှောက်တော်၌ တည်စေတော်မူပါ။ အကျွန်ုပ် စိတ်နှလုံးသည် သခင့်ကို ချစ်မြတ်နိုးမှု မရှိတော့ခဲ့သော်၊ သို့မဟုတ် ကိုယ်တော်ကို သစ္စာဖောက်ခဲ့သော်၊ အကျွန်ုပ်ကို ပြင်းထန်စွာ ပြစ်တင်ဆုံးမ၍ ကျိန်ဆဲတော်မူပါ။ ဤကမ္ဘာတွင် သာမက နောင်လာမည့် ကပ်ကမ္ဘာတိုင်အောင် ကျွန်ုပ်ကို ခွင့်လွှတ်တော် မမူပါနှင့်။” ဟု ကျမ်းသစ္စာ ကျိန်ဆိုလော့။ ထိုသို့သော သင် ကျိန်ဆိုဝံ့သလော။ သင်မကျိန်ဆိုဝံ့ပါက သင်သည် သူရဲဘောကြောင်ပြီး၊ သင့်ကိုယ်သင်သာ ချစ်မြတ်နိုးသေးသည်ကို ပြ၏။ သင်တို့၌ ဤစိတ်ဆုံးဖြတ်ချက် ရှိသလော။ ဤသည်မှာ သင်ဆုံးဖြတ်ချက် အစစ်အမှန်ဖြစ်ပါက၊ ဤကဲ့သို့သော ကျိန်ဆိုမှုကို သင်ပြုသင့်သည်။ ထိုသို့ ကျိန်ဆိုရန် သင်သန္နိဌာန် ချထားပြီးပါက၊ သင်၏ စိတ်ဆုံးဖြတ်ချက်ကို ဘုရားသခင်က ဖြည့်စွမ်းပေးလိမ့်မည်။ သင် ဘုရားသခင် ထံသို့ ကျိန်ဆိုမှုတစ်ခုပြုသည့်အခါ၊ သူနားထောင်သည်။ သင်သည် ဒုစရိုက်နှင့် ပြည့်ဝသူလော၊ ဖြောင့်မတ်သူလော ဟူသည်ကို သင်၏ဆုတောင်းခြင်းနှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုများကို တိုင်းတာ၍ ဘုရားသခင် ဆုံးဖြတ်သည်။ ယခု ဤအရာသည် သင်တို့ကို စုံလင်စေသည့် ဖြစ်စဉ်ဖြစ်ပြီး၊ စုံလင်စေခြင်းအပေါ် သင်သည် စစ်မှန်သော ယုံကြည်မှု ရှိလျှင်၊ သင်သည် သင်၏လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်ရှေ့သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံယူလိမ့်မည်၊ အကယ်၍ သင်သည် မအပ်မရာ ပုန်ကန်မှုတစ်ခုခု ကိုလုပ်ပါက၊ သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်ပါက၊ ဘုရားသခင်သည် သင်ကျိန်ဆိုထားသည့်အတိုင်း အကောင်အထည် ဖော်မည်ဖြစ်၍၊ သင်၌ သေပြီးနောက် ထာဝရအပြစ်ဒဏ်ဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ သင်၌ မည်သည့်အရာ ဖြစ်သည် ဖြစ်စေ၊ ဤသည်မှာ သင်ကိုယ်တိုင်၏ လုပ်ဆောင်မှုကြောင့် ဖြစ်သည်။ ထိုကျိန်ဆိုခြင်းကို သင်ပြုခြင်း ဖြစ်သောကြောင့် ကျိန်ဆိုချက်အတိုင်း လုပ်ဆောင်သင့်သည်။ သင်သည် ကျိန်ဆိုခြင်းကို ပြုသော်လည်း၊ မလိုက်နာပါက၊ သေလွန်ပြီးသည့်တိုင် ထာဝရပြစ်ဒဏ်ကို ခံရလိမ့်မည်။ ဤကျိန်ဆိုမှုသည် သင်၏ ကျိန်ဆိုမှုဖြစ်သည့်အတွက်၊ ဘုရားသခင်က သင်၏ကျိန်ဆိုမှုကို အကောင်အထည် ဖော်လိမ့်မည်။ အချို့သောသူများသည် ဆုတောင်းခြင်း အမှုကိုပြုပြီးနောက် “အားလုံးပြီးကုန်ပြီ။ ငါ့ရဲ့ကာမရာဂ လိုက်စားဖို့နဲ့ စားသောက် ပျော်ပါးဖို့ အခွင့်အရေးလေးတော့ သွားပါပြီ၊ ယုတ်မာတာတွေလုပ်ဖို့ အခွင့်အရေးတွေလည်း သွားပါပြီ၊ လောကကြီးမှာ လောကီ တမ်းတခြင်းတွေကို မွေ့လျော်ဖို့ အခွင့်အရေးတွေ သွားပါပြီ” ဟု ညည်းညူကြသည်။ ဤသူများသည် လောကီအရာများနှင့် ဒုစရိုက်အပြစ်ကို ခင်တွယ်နေသေးသောသူများ ဖြစ်ပြီး၊ ထာဝရပြစ်ဒဏ်ကို မလွဲမသွေခံရမည့်သူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

(၅၀၉) ဘုရားသခင်၏ လူသားများကို စုံလင်စေခြင်းတွင် စည်းကမ်းတစ်ခု ရှိသည်။ ယင်းက သင်၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုရှိပြီး သင့်ကို အပျက်သဘောဆောင်သော အခြေအနေများက ခွဲထုတ်နိုင်ရန်၊ သူသည် သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအပိုင်းကို အသုံးပြုလျက်၊ သင်၏ ဝိညာဉ်ကို လွတ်မြောက်မှု ရရှိစေကာ၊ သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်၊ မိမိကိုယ်မိမိသိရန် လိုလားပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် သင့်ကို မုချဧကန် ကောင်းချီးပေးလိမ့်မည်၊ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် သင့်ကိုယ်သင် သာ၍ သိမြင်လာရန်၊ သင့်အတွက်သင် အပြစ်ဝန်ခံရေးအတွက် ပိုမိုလိုလားရန်နှင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို သာ၍ လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီလျက်၊ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း နှစ်ဆပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်း၍ သက်သာရာရမည် ဖြစ်သည်။ ဘုရားသခင်ကို သိမြင်ရန် သာမန်အားဖြင့် အလေးဂရုပြုသောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် အလေးဂရုပြုသောသူနှင့် မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို အလေးဂရုပြုသောသူသည် ဘုရားသခင်၏ အလုပ်ကို မကြာခဏ လက်ခံရရှိနိုင်မည့်အပြင် ကိုယ်တော်၏လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုကိုလည်း မကြာခဏ ရရှိနိုင်ပေမည်။ ထိုကဲ့သို့သောသူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ရပ်တွင် ရှိသော်လည်း၊ သူသည် အသိစိတ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်ဖြစ်စေ၊ အမှုအရာများကို ချက်ချင်းပင် ပြောင်းလဲနိုင်သည်။ လူတစ်ဦးသည် မိမိ၏ အခြေအနေ မှန်နှင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလုပ်ကို သိသည့်အခါတွင် သူ၏စိတ်နေသဘောကို ပြုပြင်ခြင်း အမြဲရရှိနိုင်သည်။ မိမိကိုယ်မိမိသိလိုကာ ပွင့်လင်းရန် လိုလိုလားလား ရှိသူတစ်ဦးသည် သမ္မာတရားကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် ဘုရားသခင်အပေါ် သစ္စာရှိပြီး၊ ဘုရားသခင်ကို သစ္စာရှိသောသူတစ်ဦး၏ ဘုရားသခင်ကို နားလည်ခြင်းသည် နက်နဲသည်ဖြစ်စေ တိမ်သည်ဖြစ်စေ၊ နည်းပါးသည်ဖြစ်စေ၊ များပြားသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်ကို နားလည်သောသူဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ လူသားများ ရရှိသည့်အရာတစ်ခု ဖြစ်သည်၊ ယင်းသည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးအမြတ် ဖြစ်သည်။ ဘုရားသခင်ကို သိရှိသောသူသည် အခြေခံရှိသောသူ ဖြစ်သည်၊ ရူပါရုံရှိသောသူ ဖြစ်သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်၏ လူ့ဇာတိကို အသေအချာသိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏အလုပ်ကိုလည်း အသေအချာသိသည်။ ဘုရားသခင်သည် မည်ကဲ့သို့ လုပ်ဆောင်စေကာမူ၊ မည်ကဲ့သို့ ပြောဆိုစေကာမူ၊ အခြားသူများသည် မည်ကဲ့သို့ အနှောင့်အယှက် ဖြစ်စေကာမူ၊ ထိုသူသည် မားမားမတ်မတ် ရပ်တည်ကာ ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ လူတစ်ဦးသည် ထိုကဲ့သို့ဖြစ်လေလေ၊ သူနားလည်သည့် သမ္မာတရားကို လုပ်ဆောင်နိုင်လေလေ ဖြစ်သည်။ ထိုသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အစဉ် လက်တွေ့လုပ်ဆောင်နေသောကြောင့် ထိုသူသည် ဘုရားသခင်အား သိရှိနားလည်မှုကို ပို၍ ရရှိပြီး ဘုရားသခင်အတွက် ထာဝရ သက်သေခံရန် ပိုင်းဖြတ်ထားသော စိတ်ကိုလည်း ပိုင်ဆိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

(၅၁၀) ဘုရားသခင်ကို ယုံကြည်ရာ၌ အကယ်၍လူတို့သည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲစေလိုလျှင် ထိုသူတို့သည် မိမိတို့ကိုယ်ကိုယ် လက်တွေ့အသက်တာမှ ခွဲခွာခြင်း မပြုရပေ။ လက်တွေ့အသက်တာတွင် သင်သည် သင့်ကိုယ်သင် သိရမည်၊ သင့်ကိုယ်သင် စွန့်လွှတ်ရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံး ရမည်သာမက တဖြည်းဖြည်း ပြောင်းလဲခြင်းကို ရရှိနိုင်ခြင်း မရှိသေးမီတွင် အခြေခံသဘောတရားများ၊ အခြေခံအသိဉာဏ်နှင့် ခပ်သိမ်းသောအမှုအရာတို့၌ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူ နေထိုင်ခြင်း စည်းမျဉ်းစည်းကမ်းများကို လေ့လာရမည်။ သင်သည် စစ်မှန်မှုအတွင်း နက်နက်ရှိုင်းရှိုင်း မသွားဘဲ၊ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ၊ သဘောတရားဆိုင်ရာ အသိပညာကိုသာ စူးစိုက်ပြီး ဘာသာရေး ပွဲလမ်းသဘင်များ ကြားတွင်သာ နေထိုင်မည်ဆိုပါက၊ သင်သည် စစ်မှန်မှုအတွင်း မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်၊ သင့်ကိုယ်သင်နှင့် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ သင်သည် အစဉ်အမြဲ မျက်စိကန်းလျက် အသိပညာ ကင်းမဲ့လျက်ရှိမည်။ ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း အမှုသည် တိုတောင်းသော အချိန်ကာလပြီးနောက် ၎င်းတို့ကို ပုံမှန် လူသားဘဝများအား အသက်ရှင်ခွင့်ပေးဖို့ မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မှားယွင်းသော အယူအဆများနှင့် အယူဝါဒများကို ပြောင်းလဲဖို့လည်း မဟုတ်ပေ။ ယင်းထက်၊ သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲရန်၊ ၎င်းတို့၏ ဘဝနေထိုင်မှု နည်းလမ်းဟောင်း တစ်ခုလုံးကို ပြောင်းလဲရန်နှင့် ၎င်းတို့၏ခေတ်နောက်ကျသော တွေးတောပုံများကို ပြောင်းလဲရန်နှင့် သူ၏စိတ်အမြင်ကို ပြောင်းလဲရန် ဖြစ်သည်။ အသင်းတော်အသက်တာကိုသာ အာရုံစိုက်ခြင်းသည် လူတို့၏ အသက်တာ၏ အကျင့်ဟောင်းများ သို့မဟုတ် ကာလကြာရှည်စွာ သူတို့နေထိုင်ခဲ့ပုံ အဟောင်းများကို ပြောင်းလဲမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ၊ လူတို့သည် လက်တွေ့ဘဝမှ မကင်းကွာရပေ။ ဘုရားသခင်က လူတို့ကို အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် ပုံမှန်လူ့သဘာဝဖြင့် နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် သူတို့၏တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ လူတစ်ဦးသည် အရာရာကို လက်တွေ့ အသက်တာသို့ ဦးတည်ရမည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့သည် လက်တွေ့ဘဝထဲ ဝင်ရောက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် သိနားလည်ခြင်း ရှိမလာနိုင်ပါက၊ ထို့ပြင် လက်တွေ့ဘဝတွင် ပုံမှန်လူ့သဘာဝကို အသက်မရှင်နိုင်ပါက၊ ထိုသူတို့သည် မဖြစ်ထွန်းသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်အား မနာခံသော သူအားလုံးတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် လူ့သဘာဝအကြောင်း ပြောဆိုသော်လည်း နတ်ဆိုးသဘာဝအတိုင်း အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာတရားအကြောင်း ပြောဆိုသော်လည်း ယင်းအစား အယူဝါဒများကိုသာ အသက်ရှင်နေထိုင်သူများ ဖြစ်ကြသည်။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း မနေထိုင်နိုင်သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်၏ ရွံရှာမုန်းတီးမှုနှင့် ငြင်းပယ်မှုတို့ကို ခံရသူများ ဖြစ်သည်။ သင်သည် လက်တွေ့အသက်တာသို့ ဝင်ရောက်ခြင်းကို လေ့ကျင့်ရမည်၊ သင်ကိုယ်တိုင်၏ အားနည်းချက်များ၊ မနာခံမှုများနှင့် မသိနားမလည်မှုများကို သိရမည့်အပြင် သင်၏ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် အားနည်းချက်များကို သိရမည်။ ထိုနည်းဖြင့် သင်၏ အသိပညာသည် သင်၏ လက်တွေ့ အခြေအနေနှင့် အခက်အခဲများနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းသို့သော အသိပညာသည်သာ စစ်မှန်ပြီး သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည် သဘောပေါက်စေမည်ဖြစ်ကာ သင်၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း

(၅၁၁) ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်း- ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှု ဝန်ထုပ် သင့်အပေါ် ဖိစီးလေလေ၊ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့်၊ စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်- နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက၊ မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏အလိုတော်ကို သတိရှိသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို- ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းခံရမည့် သူများဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏အလိုတော်အပေါ် သတိရှိ၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသခင်သည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် ဝမ်းနည်းမှုဖြင့် ပြည့်လိမ့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကိုယ် ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ အချို့သည် ဤအရာကို ယုံကြည်လက်ခံခြင်း မရှိကြသော်လည်း၊ သင် မယုံကြည်ပါက၊ စောင့်သာ ကြည့်လော့။ ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေဖို့သာဖြစ်သည့် လူအချို့ ရှိပေသည်။ ဤနှုတ်ကပတ်တော်များအတွက် သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့

(၅၁၂) လူတစ်ဦးတစ်ယောက်ချင်းစီ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို စုံလင်စေခြင်းခံရခွင့် ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင်ကိုယ်တိုင်ပျက်စီးခြင်းကို သင့်ကို သိစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို တွေ့မည် ဖြစ်သည်၊ ထိုအရာ အားလုံးတို့သည် သင့်ကို စုံလင်စေသည့် နည်းများပေတည်း။ ထို့အပြင် သင့်အတွင်း၌ရှိသည့် အပြုသဘောဆောင်သော အရာအချို့၏ အဆက်မပြတ် လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို ကြိုတင်ဖြည့်ဆည်းမည် ဖြစ်ပြီး၊ ထိုးထွင်းသိမြင်မှုကြီးထွားလာပြီး အမြော်အမြင် ရရှိလာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် အထူးလိုလားပြီး ဆုတောင်းရန် အထူးလိုလားကာ၊ ကြားနာရသည့် ဒေသနာများကို သင်၏အသက်တာနှင့် ဆက်စပ်နိုင်သည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေး၍၊ အပြုသဘောဆောင်သည့် လက္ခဏာထဲရှိသော အရာအချို့ကို သင့်အား နားလည်သဘောပေါက်စေသည်။ ဤသည်မှာ အပြုသဘောဆောင်သော လက္ခဏာထဲတွင် သင့်ကို စုံလင်စေပုံ ဖြစ်၏။ အပျက်သဘောဆောင်သော အခြေအနေများတွင် သင်သည် အားနည်းကာ မတုန်မလှုပ် ရှိသည်။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားရ၏၊ သို့သော်လည်း ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေ့ရန် ကူညီနေသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အပျက်သဘောလက္ခဏာထဲတွင် စုံလင်စေခြင်းခံရခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားကို အပြုသဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်စေနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံခံစားနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံနေရခြင်းကို သင်လိုက်စားမှု ရှိ၊ မရှိအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်စေနေခြင်းကို အမှန်တကယ် ရှာဖွေလျှင်၊ အပျက်သဘောသည် သင့်အား ဆုံးရှုံးမှုကို မခံရစေနိုင်ပေ၊ သို့သော် သာ၍စစ်မှန်သောအရာများကို သင့်ထံယူဆောင်လာနိုင်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည် ဖြစ်သည့်အပြင်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ နားလည်စေနိုင်မည်ဖြစ်ပြီး၊ လူသား၌ ဘာမျှမရှိ၊ လူသားသည် ဘာမှမဟုတ်ဟူသည်ကို သိမြင်စေနိုင်သည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင်၊ သိရှိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ အခြားသူများ၏ အထက်၌ရှိကာ အခြားသူများအားလုံးထက် သာသည်ဟု အမြဲထင်မည် ဖြစ်သည်။ ဤအရာများအားလုံးအားဖြင့် သင်သည် ယခင်ဖြစ်ပွားခဲ့သည့် အရာများအားလုံးသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင် ကာကွယ်စောင့်ရှောက်သည့်အရာများ ဖြစ်သည်ကို သင်သိလာလိမ့်မည် ဖြစ်သည်။ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုင်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

(၅၁၃) လက်ရှိအချိန်တွင်၊ သင်တို့ အဓိက ရှာဖွေသင့်သည့်အရာမှာ အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန်နှင့် သင်တို့အထဲတွင် ဘုရားသခင်၏ ဖြစ်ခြင်း သာ၍ဖြစ်ပေါ်စေဖို့အလို့ငှာ၊ သင် ရင်ဆိုင်ရသည့် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများအားလုံးမှတစ်ဆင့် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ဖြစ်သည်။ သင်သည် ဦးစွာပထမ ဘုရားသခင်၏ အမွေဥစ္စာ ရရှိရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ထံမှ သာ၍များပြားပြီး သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများကို အမွေခံရန် အရည်အချင်း ပြည့်မီလာလိမ့်မည် ဖြစ်သည်။ ဤအရာအားလုံးသည် အခြားအရာများအားလုံးမတိုင်မီ သင်တို့ ရှာဖွေသင့်ပြီး နားလည်သင့်သည့်အရာများ ဖြစ်သည်။ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ သင် ကြိုးစားလေလေ၊ အရာခပ်သိမ်းတွင် ဘုရားသခင်၏လက်ကို သင်မြင်လေလေ ဖြစ်လိမ့်မည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် သင်သည် ကွဲပြားသော ရှုထောင့်များမှတစ်ဆင့်နှင့် ကွဲပြားသော ကိစ္စရပ်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဖြစ်တည်မှုထဲသို့ ဝင်ရောက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ တက်ကြွစွာ ကြိုးစားလိမ့်မည် ဖြစ်သည်။ အပြစ်များကို မကျူးလွန်ခြင်း၊ သို့မဟုတ် အယူအဆများ မရှိခြင်း၊ ရှင်သန်ခြင်းအတွက် ဒဿနမရှိခြင်းနှင့် လူသား အလိုဆန္ဒ မရှိခြင်းမျှကဲ့သို့သော မတုန်မလှုပ်အခြေအနေများဖြင့် သင်သည် ကျေနပ်ရောင့်ရဲ၍ မဖြစ်ပေ။ ဘုရားသခင်သည် လူသားကို နည်းလမ်း အမြောက်အများဖြင့် စုံလင်စေသည်။ သင် ရရှိသောအရာကို သာ၍အလျှံပယ်ဖြစ်စေဖို့ရန် သူသည် သင့်ကို အပြုသဘောဆောင်သော အခြေအနေများဖြင့်သာမက၊ အပျက်သဘောဆောင်သော အခြေအနေများဖြင့်လည်း စုံလင်စေနိုင်ပေသည်။ နေ့ရက်စဉ်တိုင်းတွင် စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ အချိန်အခါများ ရှိပေသည်။ ထိုသို့ အချိန်တစ်ခုကြာ တွေ့ကြုံပြီးနောက်တွင်၊ သင်သည် ကြီးမားစွာ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ ယခင်က သင် မသိနားမလည်ခဲ့သည့် အရာများစွာကို အလိုအလျောက် သင် နားလည်လိမ့်မည် ဖြစ်သည်။ အခြားသူများထံမှ ညွှန်ကြားချက် လိုအပ်လိမ့်မည် မဟုတ်။ သင် မသိလိုက်ဘဲနှင့်၊ သင်သည် အရာခပ်သိမ်းတွင် ဉာဏ်အလင်းပေးခြင်းကို ရရှိပြီး သင်၏ အတွေ့အကြုံများအားလုံးထဲသို့ အသေးစိတ်ကျကျ ဝင်ရောက်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးလိမ့်မည် ဖြစ်သည်။ သင်သည် လက်ဝဲ သို့မဟုတ် လက်ျာဘက်သို့ သွေလွဲမသွားဖို့အလို့ငှာ ဘုရားသခင်သည် သင့်ကို ဧကန်မုချ လမ်းပြလိမ့်မည်ဖြစ်ပြီး၊ ထို့ကြောင့် သင်သည် သူ၏ စုံလင်စေခြင်းထံ လမ်းကြောင်းပေါ်သို့ ခြေချမိလိမ့်မည်ဖြစ်သည်။

...သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် ဆန္ဒရှိပါက၊ ကိစ္စရပ်အားလုံးတွင် မည်သို့ တွေ့ကြုံရမည်ကို သင်ယူရမည်ဖြစ်ပြီး၊ သင်၌ ဖြစ်ပျက်သည့် အရာရာတိုင်း၌ ဉာဏ်အလင်းပေးခြင်းကို ရယူနိုင်ရမည်ဖြစ်သည်။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယင်းသည် သင့်ကို အကျိုးကျေးဇူး ယူဆောင်လာပေးသင့်ပြီး၊ သင့်ကို အပျက်သဘော မဆောင်စေသင့်ပေ။ မည်သို့ဆိုစေ၊ သင်သည် ဘုရားသခင်၏ဘက်တွင် ရပ်နေစဉ် အမှုအရာများကို သုံးသပ်ဆင်ခြင်နိုင်သင့်ပြီး လူသား၏ ရှုထောင့်မှ ၎င်းတို့ကို မစိစစ်သင့်ပေ သို့မဟုတ် မလေ့လာသင့်ပေ (ဤသည်မှာ သင်၏အတွေ့အကြုံ၌ သွေဖည်မှု ဖြစ်ပေမည်)။ သင်သည် ထိုသို့တွေ့ကြုံပါက၊ သင်၏ စိတ်နှလုံးသည် သင့်အသက်တာ၏ ဝန်ထုပ်များဖြင့် ပြည့်နေလိမ့်မည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် လွယ်လင့်တကူ မသွေဖည်ဘဲလျက်၊ ဘုရားသခင်၏ မျက်နှာအလင်းတွင် စဉ်ဆက်မပြတ် အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ရှေ့တွင် တောက်ပသော အနာဂတ်ရှိလေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလွန်များလှစွာသော အခွင့်အရေးများ ရှိပေသည်။ ယင်းသည် သင်တို့အနေဖြင့် ဘုရားသခင်ကို အမှန်ချစ်သောသူတစ်ဦး ဖြစ်၊ မဖြစ်ဆိုသည်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့နှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့၊ ပြီးလျှင် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကိုရရှိရန် သန္နိဌာန်ရှိသည်၊ မရှိသည် ဆိုသည့်အပေါ် အားလုံးမူတည်ပေသည်။ သန္နိဌာန်ရှိရုံမျှသည် မလုံလောက်ပေ။ သင်တို့အနေဖြင့် များစွာသော အသိပညာများ ရှိရမည်၊ သို့မဟုတ်ပါက သင်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းတွင် သင်တို့ အမြဲ သွေဖည်နေကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သင်တို့ တစ်ဦးစီတိုင်းကို စုံလင်စေရန် လိုလားလျက်ရှိ၏။ ယခုအခြေအနေတွင်၊ လူအများစုသည် ဘုရားသခင်၏အမှုကို အလွန်ကြာမြင့်စွာ လက်ခံနှင့်ကြပြီး ဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ အရိပ်ခိုခြင်းမျှထိသာ မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားကြကာ ဇာတိပကတိ၏ သက်သာမှုအနည်းငယ်ကို ၎င်းတို့အား ပေးရန်သာ ဘုရားသခင်ကို အခွင့်ပေးဖို့ လိုလားနေကြသော်လည်း၊ သာ၍များပြီး သာ၍ မြင့်မားသော ထုတ်ဖော်ခြင်းများကို ရရှိရန် လိုလားလျက်မရှိကြပေ။ ဤရာက လူသား၏စိတ်နှလုံးသည် အမြဲ ပြင်ပတွင် ရှိနေသေးသည်ကို ပြသပေသည်။ လူသား၏အလုပ်၊ သူ၏အစေခံခြင်းနှင့် သူ၏ဘုရားသခင်ကိုချစ်ခြင်း နှလုံးသားသည် မစင်ကြယ်မှုများ သာ၍ နည်းပါးသော်လည်း၊ သူ၏ အတွင်းပိုင်း အနှစ်သာရနှင့် မတိုးတက်သော အတွေးခေါ်ခြင်းတို့နှင့် ပတ်သက်သရွေ့၊ လူသားသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို အစဉ်မပြတ် ရှာဖွေနေသေးကာ၊ လူသားကို ဘုရားသခင် စုံလင်စေခြင်း၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များ မည်သည့်အရာများ ဖြစ်နိုင်သည်ကို ဘာမျှအရေးမထားပေ။ ထို့ကြောင့် လူအများစု၏ အသက်တာများသည် အောက်တန်းကျကာ ယိုယွင်းဆဲ ဖြစ်သည်။ ၎င်းတို့၏ အသက်တာများသည် စိုးစဉ်းမျှ ပြောင်းလဲခြင်းမရှိလေပြီ။ ၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းကို အရေးကြီးသည့်ကိစ္စတစ်ခုအဖြစ် လုံးဝမယူမှတ်ကြချေ၊ ယင်းမှာ ၎င်းတို့အနေဖြင့် ဟန်ဆောင်လုပ်ပြနေကြပြီး ဖြစ်ကတတ်ဆန်း နေရင်း၊ မရေရာသော တည်ရှိခြင်းတွင် လွင့်မျောလျက်၊ အခြားသူများအတွက်သာ ယုံကြည်ခြင်း ရှိသည့်အလား ဖြစ်သည်။ သာ၍များပြီး သာ၍ ကြွယ်ဝသော အရာများကို ရရှိရင်း၊ ယနေ့တွင် ဘုရားသခင်၏အိမ်၌ သာ၍ကြီးမြတ်သော ကြွယ်ဝမှုနှင့်ဆိုင်သည့် လူများ ဖြစ်လာရင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို သာ၍ ရရှိရင်း၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်နိုင်သောသူ နည်းပါးပေသည်။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးစားပြီး၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် ကတိပေးထားသည့်အရာကို ရရှိနိုင်ပါက၊ အရာခပ်သိမ်း၌ သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခံရဖို့ ကြိုးစားပြီး၊ နှစ်ကာလများကို အလဟဿ လက်လွတ်မသွားစေပါက၊ ဤသည်မှာ တက်ကြွစွာ ဝင်ရောက်ရန် အကောင်းဆုံးသော လမ်းကြောင်းဖြစ်သည်။ ထိုသို့ဖြင့်သာ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုက်တန်ကာ အရည်အချင်း ပြည့်မီလာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ

(၅၁၄) သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။ စုံလင်စေခြင်းလမ်းကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအား သင်၏နာခံမှုအားဖြင့် ရောက်ရှိလေသည်။ ဘုရားသခင်က မည်သည့်လူအမျိုးအစားအားဖြင့် သင့်ကို စုံလင်စေမည်ကိုလည်းကောင်း၊ သူက မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့် သင့်အား အမှုအရာများကို ရရှိခွင့်ပြုမည် သို့မဟုတ် မြင်ခွင့်ပြုမည်ကိုလည်းကောင်း သင်မသိချေ။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင်၊ သင့်အနေဖြင့် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့ ကြီးမားသော မျှော်လင့်ချက်ရှိကြောင်း ယင်းကပြသသည်။ သင်မလျှောက်လှမ်းနိုင်ပါက၊ သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင်ကင်းမဲ့သော အနာဂတ်ဖြစ်ကြောင်း ယင်းကပြသသည်။ သင်သည် လမ်းမှန်ပေါ်သို့ ရောက်သောအခါ၊ အရာခပ်သိမ်း၌ ဖွင့်ပြမှုကို ရရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသူများကို မည်သည့်အရာ ဖွင့်ပြသည်ဖြစ်စေ၊ သင်သည် သူတို့၏ သိကျွမ်းခြင်းအပေါ် အခြေခံပြီး အမှုအရာများကို သင်ကိုယ်တိုင် ကြုံတွေ့ခံစားရအောင် ဆက်လက်လုပ်ဆောင်လျှင်၊ ဤအတွေ့အကြုံသည် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ သင်သည် ဤအတွေ့အကြုံမှနေ၍ အခြားသူများကို ကူညီထောက်ပံ့နိုင်လိမ့်မည်။ စကားလုံးများ သံယောင်လိုက်ခြင်းအားဖြင့် အခြားသူများကို ကူညီထောက်ပံ့သော သူများသည် မည်သည့်အတွေ့အကြုံမျှ မရှိသောလူတို့ဖြစ်သည်။ သင်ကိုယ်တိုင်၏ တကယ့်အတွေ့အကြုံနှင့် သိကျွမ်းခြင်းအကြောင်းကို စမပြောနိုင်သေးခင်၌၊ သင်သည် အခြားသူများ၏ အလင်းဖွင့်ပြခြင်းနှင့် ဉာဏ်အလင်းပေးမှုအားဖြင့် လက်တွေ့လုပ်ဆောင်နည်းကို တွေ့ရှိရန် သင်ယူရမည်။ ဤအရာက သင်ကိုယ်တိုင်၏ အသက်တာအတွက် သာ၍ ကြီးမားသော အကျိုးကျေးဇူး ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ဆီမှ လာသော အရာမှန်သမျှကို နာခံလျက် ထိုကဲ့သို့ တွေ့ကြုံသင့်သည်။ သင်၏အသက်တာ ကြီးထွားနိုင်စေရန်အတွက် သင်သည် အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး အရာရာ၌ သင်ခန်းစာများကို သင်ယူလေ့လာသင့်သည်။ ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်ခြင်းက အလျင်မြန်ဆုံးသော တိုးတက်မှုကို ဖြစ်စေနိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

(၅၁၅) သင်သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိလျှင်၊ သင်၏ ဇာတိပကတိကို စွန့်ပယ်ဖို့သတ္တိ သင့်မှာရှိလိမ့်မည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး အပျက်သဘော ဆောင်မည် သို့မဟုတ် အားနည်းမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို နာခံနိုင်လိမ့်မည်ဖြစ်ပြီး၊ လူရှေ့သူရှေ့၌ ဖြစ်စေ သို့မဟုတ် တစ်ဦးတည်းသီးသန့်ဖြစ်စေ၊ သင်၏အပြုအမူအားလုံးသည် ဘုရားသခင်အတွက် ရှုချင်စဖွယ်ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသောလူ တစ်ယောက်ဖြစ်ပြီး အရာခပ်သိမ်း၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရလိမ့်မည်။ လူများရှေ့၌ တစ်မျိုး၊ လူတို့နောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သည့် လိမ်လည်လှည့်ဖြားသော လူတို့သည် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရရန် ဆန္ဒမရှိကြပေ။ သူတို့ အားလုံးသည် ထာဝရပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏သားများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် မဟုတ်ဘဲ၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ရွေးချယ်သည့် လူအမျိုးအစား မဟုတ်ပါတကား။ အကယ်၍ သင့်အပြုအမူများနှင့် အမူအကျင့်တို့ကို ဘုရားသခင်၏ရှေ့၌ ပြရန် သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော် ကြည့်ရှုရန် မဖြစ်နိုင်ပါက၊ ယင်းမှာ သင်၌ တစ်ခုခုမှားနေကြောင်း သက်သေဖြစ်သည်။ သင်သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်းကို အရေးစိုက်မှသာ၊ သင်သည် စုံလင်စေခြင်းခံရမည့် လမ်းကြောင်းပေါ်၌ ရပ်တည်နေနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရရန်နှင့် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် သင်အမှန်တကယ် ဆန္ဒရှိလျှင်၊ ညည်းညူသည့်စကား တစ်ခွန်းမျှမဟဘဲ၊ ဘုရားသခင်၏အမှုကို ချင့်တွက်ရန် သို့မဟုတ် အကဲဖြတ်ရန် ဝံ့ရဲခြင်းမရှိဘဲ၊ ဘုရားသခင်၏ အမှုခပ်သိမ်းကို သင်နာခံသင့်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့အတွက် အနည်းဆုံး သတ်မှတ်ချက်များ ဖြစ်ပါသည်။ ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသောသူတို့အတွက် လိုအပ်သော သတ်မှတ်ချက်တစ်ခုက ဤသို့ဖြစ်သည်- အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော နှလုံးသားဖြင့် ပြုမူလုပ်ဆောင်လော့။ အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော နှလုံးသားဖြင့် ပြုမူလုပ်ဆောင်ခြင်း ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ အပြုအမူများနှင့် အမူအကျင့်အားလုံးမှာ ဘုရားသခင်၏ရှေ့၌ ပြ၍ရသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ထို့ပြင် သင်၌ မှန်ကန်သော ရည်ရွယ်ချက်များ ရှိသောကြောင့် သင်၏အပြုအမူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ဘုရားသခင်အား (သို့မဟုတ်) သင်၏ညီအစ်ကို မောင်နှမများအား ပြသရန် မကြောက်ရွံ့ဘဲ၊ ဘုရားသခင်၏ရှေ့၌ သင်သစ္စာဆိုရဲလေသည်။ သင်သည် သင်၏ ရည်ရွယ်ချက်တိုင်း၊ အတွေးတိုင်းနှင့် စိတ်ကူးတိုင်းကို ဘုရားသခင်၏ရှေ့၌ သူစိစစ်ဖို့ရန်အတွက် ပြရမည်။ သင်သည် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်လျှင်၊ သင့်အသက်တာထဲက တိုးတက်မှုမှာ မြန်ဆန်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

(၅၁၆) အကယ်၍ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရလိုပါက- သင်၌ ဒုက္ခခံလိုစိတ်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း၊ သူ၏အလိုတော်ကို နားလည် သဘောပေါက်နိုင်စွမ်း၊ သူ၏ဝမ်းနည်းပူဆွေးခြင်းကို အရေးထားနိုင်စွမ်း အစရှိသည့် အရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ လူတစ်ဦးကို စုံလင်စေခြင်းမှာ မလွယ်ကူဘဲ သင်တွေ့ကြုံရသော စစ်ဆေးခြင်း တစ်ခုစီတိုင်းတွင် သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိုပါက၊ ထိုလမ်းကြောင်းပေါ်သို့ အလောတကြီးထွက်သွားရုံမျှနှင့် မလုံလောက်သည် သာမက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရုံမျှနှင့်လည်း မလုံလောက်ပါ။ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာနိုင်ရန် သင်၌ အရာများစွာကို ပိုင်ဆိုင်ရမည်။ ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်

(၅၁၇) စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းဆိုသည်မှာ အဓိကအားဖြင့် လူတစ်ဦး၏သဘာဝဗီဇ ပြောင်းလဲခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇနှင့် သက်ဆိုင်သည့် အခြင်းအရာများကို အပြင်ပန်း အပြုအမူများမှ မမြင်နိုင်ပေ၊ ယင်းတို့မှာ သူ၏ ဖြစ်တည်ခြင်းဆိုင်ရာ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဆိုလိုသည်မှာ၊ ယင်းတို့သည် လူတစ်ယောက်၏ ဘဝအပေါ် သဘောထားနှင့် သူ၏စံနှုန်းများ၊ သူ၏ဝိညာဉ်အတွင်းကျကျရှိ အရာများနှင့် သူ၏အနှစ်သာရတို့ တိုက်ရိုက် ပါဝင်သည်။ လူတစ်ဦးသည် သမ္မာတရားကို လက်မခံနိုင်ပါက၊ သူသည် ဤကဏ္ဍများတွင် ပြောင်းလဲခြင်း ကြုံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရခြင်း၊ သမ္မာတရားထဲ အပြည့်အဝ ဝင်ရောက်ခြင်း၊ ရပ်တည်မှု နှင့် ဘဝတို့နှင့် သက်ဆိုင်သည့် မိမိ၏ စံနှုန်းများနှင့် မိမိ၏သဘောထားအမြင်များကို ပြောင်းလဲခြင်း၊ မိမိ၏ အမြင်ရှုထောင့်များကို ဘုရားသခင်၏ အမြင်ရှုထောင့်များနှင့် ချိန်ညှိခြင်း၊ ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်လာခြင်းနှင့် ဆက်ကပ်အပ်နှံနိုင်လာခြင်းတို့အားဖြင့်သာ မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲပြီဟု ဆိုနိုင်ပေမည်။ သင် ကြိုးပမ်းမှု အနည်းငယ် စိုက်ထုတ်သည်ဟု ထင်ရကောင်းထင်နိုင်သည်၊ ဒုက္ခဆင်းရဲများကို ရင်ဆိုင်ရာတွင် သင် ကြံ့ကြံ့ခံနိုင်ကောင်းခံနိုင်သည်၊ အထက်မှ အစီအစဉ်များကို သင် လုပ်ဆောင်နိုင်စွမ်း ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် သင့်ကို သွားစေသော မည်သည့်နေရာကိုမဆို သင် သွားကောင်း သွားနိုင်သော်လည်း ၎င်းတို့မှာ အပြုအမူနှင့်ဆိုင်သော အသေးစား အပြောင်းအလဲများသာ ဖြစ်ပြီး၊ သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် ယူဆဖို့ မလုံလောက်ပေ။ သင်သည် လမ်းကြောင်းများစွာကို လျှောက်လှမ်းနိုင်ပြီး ဒုက္ခဆင်းရဲများစွာကို ခံစားရ၍ ကြီးစွာသော အရှက်တကွဲဖြစ်ခြင်းကို သည်းခံကောင်း သည်းခံနိုင်မည်၊ သင်သည် ဘုရားသခင်နှင့် အလွန်နီးကပ်သည်ဟု ခံစားရပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ် အမှုတစ်ခုခု ပြုကောင်းပြုနေနိုင်သည်။ သို့သော်လည်း သင်၏အယူအဆများနှင့် မကိုက်ညီသော အရာတစ်စုံတစ်ခုကို ဘုရားသခင်က သင့်ကို လုပ်ဆောင်ဖို့ စေခိုင်းသည့်အခါ၊ သင်သည် ကျိုးနွံနာခံဆဲ ရှိကောင်းရှိလိမ့်မည်မဟုတ်၊ ယင်းထက်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံရင်း၊ သူ့ကို ဝေဖန်ကာ ဆန့်ကျင်ကန့်ကွက်သည်အထိပင် ဆင်ခြေများရှာကောင်း ရှာလိမ့်မည်ဖြစ်သည်။ ဤအရာသည် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်ပေလိမ့်မည်။ ဤအရာက သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သော သဘာဝဗီဇ ရှိနေသေးကြောင်းနှင့် မည်သည့် ပြောင်းလဲခြင်း ကိုမျှ သင်မခံရသေးကြောင်းကို ပြသပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

(၅၁၈) မိမိ၏ စိတ်သဘောထားတွင် ပြောင်းလဲမှု စွမ်းဆောင်ရရှိခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ ယင်းမှာ အပြုအမူတွင် ပြောင်းလဲမှု အနည်းငယ် ရှိခြင်း၊ သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာအချို့ ရရှိခြင်း၊ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ပတ်သက်သည့် မိမိ၏ အတွေ့အကြုံအကြောင်းကို အနည်းငယ် ပြောပြနိုင်ခြင်း သို့မဟုတ် အချို့ကို ပြောင်းလဲခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းခံရပြီးနောက် အနည်းငယ် နာခံတတ်လာခြင်းတို့ကိုသာ မဆိုလိုပေ။ ဤအရာများသည် တစ်ဦးတစ်ယောက်၏ အသက်စိတ်သဘောထား၌ အသွင်ပြောင်းလဲမှုကို မဖြစ်စေပေ။ ဤအရာကို အဘယ်ကြောင့် ငါ ပြောသနည်း။ သင့်အနေဖြင့် အတော်အတန် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သော်လည်း၊ သင်သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးပေ။ သင်သည် တစ်ခဏမျှ သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုနှင့် အလေးပေးသော အခြေအနေတစ်ခုတွင် ရှိကောင်း ရှိနေသောကြောင့် သို့မဟုတ် သင်၏ လတ်တလော အခြေအနေများက သင့်ကို မဖြစ်မနေလုပ်စေသောကြောင့်၊ ဤနည်းဖြင့် သင် ပြုမူသည်မှာ ဖြစ်ကောင်းဖြစ်မည်။ ထို့အပြင်၊ သင်၏ စိတ်အခြေအနေ တည်ငြိမ်ပြီး သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုချိန်တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်နိုင်၏။ သင်သည် စမ်းသပ်မှုများကို ကြုံနေခဲ့ပြီး ယင်းတို့ကို ယောဘ သို့မဟုတ် ဘုရားသခင်က သေခိုင်းခဲ့သည့် ပေတရု ခံစားခဲ့ရသကဲ့သို့ ခံစားနေခဲ့ရပါက၊ သင်က၊ “ကိုယ်တော်ကို သိရှိပြီးနောက် ကျွန်ုပ် သေခဲ့လျှင်ပင်၊ အဆင်ပြေပါမည်။” ဟု ပြောနိုင်မည်လော။ စိတ်သဘောထား ပြောင်းလဲခြင်းသည် နေ့ချင်းညချင်း မဖြစ်ပေါ်သကဲ့သို့၊ သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် သင်သည် ယင်းကို ပတ်ဝန်းကျင်တိုင်း၌ လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသည်မှာ အသေအချာပင်ဖြစ်သည်။ ဤအရာမှာ လူသား၏ သဘာဝနှင့် သက်ဆိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေသည့်အလား ထင်ကောင်းထင်ရမည် ဖြစ်သော်လည်း၊ လက်တွေ့တွင် သင်သည် ထိုသို့ လုပ်ဆောင်နေသည်ကို သင်၏ လုပ်ဆောင်ချက်များ၏ သဘောသဘာဝက ညွှန်ပြခြင်း မရှိပေ။ များစွာသောလူတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်ကို စွန့်ပစ်နိုင်ကာ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ခြင်းကဲ့သို့သော အပြင်ပန်း အပြုအမူများအချို့ ရှိကြသည်၊ ထို့ကြောင့် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ သို့သော်လည်း ဘုရားသခင်က ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု အသိအမှတ် မပြုပေ။ သင် လုပ်ဆောင်သမျှတိုင်းသည် နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ အကြောင်းရင်းရှိပြီး၊ ရောနှောနေပါက၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သင်သည် အပေါ်ယံ အပြုအမူကို ပြသခြင်းသက်သက် ဖြစ်သည်။ အတိအကျဆိုပါက သင်၏ အပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံကောင်းခံရမည်၊ ယင်းသည် သူ၏ ချီးမွမ်းခြင်း သို့မဟုတ် အောက်မေ့သတိရခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို ဆက်လက်၍ ခွဲစိတ်လေ့လာပါက၊ သင်သည် မကောင်းမှုကို ပြုလျက်နေပြီး သင်၏အပြုအမူသည် ဘုရားသခင်ကို ဆန့်ကျင်လျက်ရှိ၏။ အပြင်ပန်းတွင် သင်သည် တစ်စုံတစ်ရာကို ကြားဖြတ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မရှိသည့်အပြင် သမ္မာတရားတစ်ခုတစ်လေကို အမှန်တကယ် ထိခိုက်စေခြင်း သို့မဟုတ် ချိုးဖောက်ခဲ့ဖူးခြင်းမရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသော်လည်း၊ သင်၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သက်ဆိုင်လျက်ရှိသည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင်၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ယင်းမှာ သင်၏ လုပ်ရပ်များက လူသား၏ စိတ်ကူးနှင့် လူသား ရည်ရွယ်ချက်များဖြင့် ကိုက်ညီခြင်းရှိ မရှိ သို့မဟုတ် ယင်းတို့သည် သင်၏ အကြိုက်နှင့် ကိုက်ခြင်း ရှိ မရှိနှင့်သက်ဆိုင်သည့် လူသား အမြင်တစ်ခုအပေါ် မတည်မှီပေ။ ထိုကဲ့သို့သော အရာများသည် အရေးမကြီးချေ။ အမှန်မှာ သူ၏ အလိုတော်နှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များက သမ္မာတရား လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာမျှ မှန်ကန်တိကျ၏။ စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းသည့်အပြင် လွယ်လည်း မလွယ်ကူပေ။ ယခု ဤအရာကို သင်တို့ နားလည်ပါသလော။ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုတစ်လေ သင်တို့ ရှိပါသလော။ ပြဿနာတစ်ခု၏ အနှစ်သာရနှင့် ပတ်သက်လာသည့်အခါ၊ ယင်းကို သင်တို့ နားလည်ကောင်း နားလည်မည်မဟုတ်။ သင်တို့၏ ဝင်ရောက်မှုသည် လွန်ကဲစွာ အပေါ်ယံဖြစ်လေပြီ။ သင်သည် အရုဏ်တက်မှ နေဝင်ဆည်းဆာထိတိုင် စောစောထပြီး နောက်ကျအိပ်ရာဝင်လျက် တစ်နေတာလုံး ပြေးလွှားသော်လည်း၊ သင်၏ အသက်စိတ်သဘောထားတွင် အသွင်ပြောင်းလဲမှုကို သင် မရရှိသေးသကဲ့သို့၊ ထိုသို့သော အသွင်ပြောင်းလဲခြင်းက မည်သည့်အရာ ပါဝင်သည်ကို သင် သဘောမပေါက်နိုင်ပေ။ ဤအရာက သင်၏ ဝင်ရောက်မှုသည် ပေါ့တန်လွန်းခြင်းကို ဆိုလိုသည်မဟုတ်လော။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းကို ရရှိခြင်းနှင့်ပတ်သက်၍ လုပ်ဆောင်ဖို့ အနှစ်သာရနှင့် နက်ရှိုင်းသော အရာများကို သိကောင်းသိမည်မဟုတ်ပေ။ ယင်းက သင်၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

(၅၁၉) လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ စိတ်အားသန်မှုရှိခြင်းသည် ၎င်းတို့ကို သြဝါဒနှင့် စည်းမျဉ်းများကို လိုက်နာကာ လိုက်လျှောက်နိုင်စေရုံသာ ဖြစ်သည်၊ သမ္မာတရား မရှိသောသူများသည် အခြေအမြစ်ရှိသော ပြဿနာများကို ဖြေရှင်းရန် မဖြစ်နိုင်ကြသကဲ့သို့၊ အယူဝါဒက သမ္မာတရား၏ နေရာကိုမယူနိုင်ပေ။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများမှာ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြပြီး၊ ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို စွန့်ပယ်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို ဖော်ပြပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကအရာမှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့်၊ မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ၊ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့်၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ လူသား၏ နေရာမှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ကျိုးကြောင်းဆီလျော်စွာ မည်ကဲ့သို့ ပြုမူပုံ၊ မည်ကဲ့သို့ တာဝန်သိတတ်ပုံ၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ကို သာမက၊ မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ဤသည်မှာ ဤကဲ့သို့သော လူများသည် အတော်အတန် ယုတ္တိတန်သည်ဟု ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်း ကြုံပြီးသောသူများသည် လူသား ပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်ကြလေသည်။ ၎င်းတို့သည် အမြဲတစေ သမ္မာတရားနှင့်အညီ အမှုအရာများကို ပြောဆိုနိုင်ပြီး၊ မြင်တွေ့နိုင်သည်၊ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ အကြောင်းအရာများ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး၊ သမ္မာတရား အခြေခံသဘောတရားများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ၊ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ အမှန်တကယ် ပြောင်းလဲပြီးသော သူများသည် အပေါ်ယံအဆင့်တစ်ခုတွင် ၎င်းတို့ကိုယ်ကိုယ် အခြေအနေ ကောင်းပုံရစေရန် မည်သည့်အရာများကို လုပ်မည့်အပေါ် အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်ကြီးမားသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း၊ ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား အမြောက်အမြား ရှိသည်မှာ သေချာပြီး၊ အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ ကိုယ်ကျင့်တရားကောင်းသော လုပ်ဆောင်ချက်များဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရား မပိုင်ဆိုင်သောသူများသည် စိတ်သဘောထား၌ မည်သည့် ပြောင်းလဲမှုမျှ လုံးဝ စွမ်းဆောင်မရရှိသေးပေ။ စိတ်သဘောထားပြောင်းလဲခြင်း ဟူသည်မှာ ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူ့သဘာဝရှိခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ယင်းမှာ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာနှင့် သမ္မာတရားနှင့်ဆိုင်သည့် သိနားလည်ခြင်းကို ရရှိခြင်း၏ အကျိုးဆက်အနေဖြင့် လူတစ်ဦး၏ သဘာဝအတွင်းရှိ ဆိုးယုတ်သော အဆိပ်အတောက်အချို့ ပြောင်းလဲသော ဖြစ်ရပ်များကို အဓိကအားဖြင့် ရည်ညွှန်းသည်။ ဆိုလိုသည်မှာ ထိုဆိုးယုတ်သော အဆိပ်အတောက်များမှာ သန့်စင်ခြင်းကို ခံရပြီး၊ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ထိုသို့သော လူတို့အတွင်း၌ အမြစ်တွယ်ကာ ၎င်းတို့၏ အသက်ဖြစ်လာပြီး၊ ၎င်းတို့၏ ဖြစ်တည်ခြင်း၏ တကယ့် အခြေခံအုတ်မြစ် ဖြစ်လာခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် အသစ်သောလူများ ဖြစ်လာကြပြီး၊ ထိုသို့ဖြင့် စိတ်သဘောထား အသွင်ပြောင်းလဲခြင်းကို တွေ့ကြုံကြလေသည်။ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်း ဆိုသည်မှာ လူတို့၏ အပြင်ပန်း စိတ်သဘောထား ယခင်ကထက် ပို၍ အောက်ကျို့တတ်ခြင်း၊ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း၊ ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း၊ ယခုအခါ အခြားသူများကို နားထောင်နိုင်ခြင်းစသည်တို့ကို မဆိုလိုပေ၊ ဤ အပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲက အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော အခြေအနေများနှင့် ဖော်ပြချက်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာ၍ အတွင်းမှ စာတန်နှင့်ဆိုင်သော အဆိပ်အတောက်များ ဖယ်ရှင်းခြင်း ခံရပြီး၊ ၎င်းတို့၏ ရှုထောင့်အမြင်များ လုံးလုံးလျားလျား ပြောင်းလဲပြီးဖြစ်ကာ ၎င်းထဲမှ တစ်ခုမျှ လောကအရာနှင့် မကိုက်ညီပေ။ ဤလူများသည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များနှင့် အဆိပ်အတောက်များကို ၎င်းတို့ ဖြစ်သည့်အတိုင်း ရှင်းလင်းစွာ မြင်နိုင်ကြသည်၊ ၎င်းတို့သည် ဘဝ၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝတန်ဖိုးများ ပြောင်းလဲကြပြီး ဖြစ်ကာ၊ ဤသည်မှာ အခြေခံအကျဆုံး အသွင်ပြောင်းလဲခြင်းမျိုး ဖြစ်သည့်အပြင်၊ စိတ်သဘောထား၌ ပြောင်းလဲခြင်း၏ အနှစ်သာရ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

(၅၂၀) ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ခံရရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့်အခါ သင် အသိအမှတ်ပြုပြီး ဤနှုတ်ကပတ်တော်များကို နာခံ၏၊ သင်သည် မည်သည့် ဆင်ခြေမျှ ပေးခြင်းမရှိ သို့မဟုတ် စံရွေးဖို့ ကြိုးစားခြင်းမရှိဘဲ၊ ထိုအရာတို့ကို အကြွင်းမဲ့ သင် လက်ခံပြီး ကိုယ်တော်ပြောသည့် အရာပေါ် အခြေခံ၍ သင်သည် မိမိကိုယ်ကိုယ် သိရှိလာပေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းအား ဆိုလိုသည့်အရာ ဖြစ်သည်။ ကိုယ်တော် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင်၏စိတ်နှလုံးကို သူ၏ မိန့်မြွက်ချက်များက မည်မျှစူးဝင်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ သူသည် သမ္မာတရားကို ရရှိနိုင်ပြီး သူ၏ စိတ်သဘောထား ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို မချစ်သော သူတို့သည် သင့်တင့်လျောက်ပတ်သော လူသားသဘာဝ ရှိနိုင်ကြလျှင်ပင်၊ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါတွင်၊ ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်ကြပြီး၊ ယင်းကို အလေးအနက် မထားကြချေ။ ၎င်းတို့အနေဖြင့် ကောင်းသော လုပ်ဆောင်ချက် အနည်းငယ် လုပ်ဆောင်နိုင်စွမ်းရှိကြပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံနိုင်ကြကာ စွန့်လွှတ်နိုင်စွမ်း ရှိကြသော်လည်း၊ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ၎င်းတို့ မရရှိနိုင်ကြချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

(၅၂၁) စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ထုတ်ဖော်ခြင်းနှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီး၊ မိမိကိုယ်ကိုယ် စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို စွန့်လွှတ်ပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ ကျိုးနွံနာခံဖို့ အလိုဆန္ဒ ရှိပြီးနောက်တွင်၊ ပေတရု၏ လမ်းကြောင်းပေါ် သင် စတင်ပြီး ခဲ့လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်မပါဘဲနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မပါဘဲ၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်ကိုယ် သစ္စာမဖောက်နိုင်ကြသောကြောင့် ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲပေလိမ့်မည်။ ပေတရု၏ စုံလင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်ခြင်းသည် အဓိကအားဖြင့် စိတ်ဆုံးဖြတ်ထားခြင်း၊ ယုံကြည်ချက် ရှိခြင်းနှင့် ဘုရားသခင်ကို ကိုးစားခြင်းတို့အပေါ် တည်မှီပေသည်။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျိုးနွံနာခံရမည်။ အရာခပ်သိမ်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမပါဘဲ လုပ်ဆောင်၍ မရပေ။ ဤအရာများသည် အဓိက ရှုထောင့်များဖြစ်သည်၊ ယင်းထဲမှ မည်သည့်အရာကိုမျှ ချိုးဖောက်၍ မရပေ။ အတွေ့အကြုံမှတစ်ဆင့် မိမိကိုယ်ကိုယ် သိရှိခြင်းသည် အလွန် ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိဘဲနှင့်၊ ထိုအရာထဲသို့ ဝင်ရောက်ဖို့ အလွန်ခက်ခဲပေသည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ မိမိကိုယ်ကိုယ် သိရှိခြင်းနှင့် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် အာရုံစူးစိုက်ရမည်။ ပေါလု၏ လမ်းကြောင်းသည် အသက်ကို ရှာဖွေခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းအပေါ် အာရုံစိုက်ခြင်း လမ်းကြောင်းတစ်ခုမဟုတ်ပေ။ သူသည် အထူးသဖြင့် အမှုကို လုပ်ဆောင်ခြင်း၊ ယင်း၏လွှမ်းမိုးမှုနှင့် အရှိန်အဟုန်အပေါ် အာရုံစိုက်ခဲ့၏။ သူ၏ အရင်းခံအကြောင်းရင်းမှာ သူ၏ အလုပ်နှင့် ဆင်းရဲဒုက္ခခံစားခြင်း အတွက် အလဲအလှယ်အနေဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့နှင့် ဘုရားသခင်ထံမှ ဆုလာဘ်များရရှိဖို့ ဖြစ်သည်။ ဤအရင်းခံ အကြောင်းရင်းသည် မှားယွင်း၏။ ပေါလုသည် အသက်အပေါ် အာရုံမစိုက်ခဲ့သကဲ့သို့၊ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိခြင်းအပေါ် အရေးထားမှုတစ်ခုတစ်လေမျှ မရှိခဲ့ပေ။ သူသည် ဆုလာဘ်များအပေါ်သာ အာရုံစိုက်ခဲ့သည်။ သူသည် မှားယွင်းသည့် ရည်မှန်းချက်ပန်းတိုင်များ ရှိခဲ့သောကြောင့်၊ သူ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းသည်လည်း အမှန်ပင် မှားယွင်းခဲ့လေသည်။ ဤအရာကို သူ၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော သဘာဝအားဖြင့် ဖြစ်ပေါ်စေခဲ့ပေသည်။ သိသိသာသာပင်၊ ပေါလုသည် မည်သည့် သမ္မာတရားကိုမှ မပိုင်ဆိုင်ခဲ့သကဲ့သို့၊ သူသည် မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိခဲ့ပေ။ လူတို့ကို ကယ်တင်ခြင်းနှင့် ပြောင်းလဲခြင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲ၏။ သူ၏ နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ လူတို့အထဲ၌ အသွင်ပြောင်းလဲသော စိတ်သဘောထားများနှင့် ဘုရားသခင်ကို သိရှိနိုင်စွမ်း၊ သူ့ကို ကျိုးနွံနာခံနိုင်စွမ်းနှင့် ပုံမှန်နည်းလမ်းဖြင့် သူ့ကို ကိုးကွယ်နိုင်စွမ်း တို့ကို ပိုင်ဆိုင်ခြင်း၏ ရလဒ်ကို ရရှိဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ အမှုတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ ပေါလု၏ ရှာဖွေခြင်း နည်းလမ်းသည် ဘုရားသခင်၏ အလိုကို တိုက်ရိုက် ချိုးဖောက်ပြီး ဘုရားသခင်၏ အလိုနှင့် ဆန့်ကျင်ပေသည်။ ယင်းသည် ဘုရားသခင်၏အလိုကို လုံးဝ ဆန့်ကျင်ပေသည်။ သို့သော်၊ ပေတရု၏ ရှာဖွေခြင်း နည်းလမ်းသည် ဘုရားသခင်၏ အလိုနှင့် လုံးဝ ကိုက်ညီခဲ့သည်၊ ယင်းသည် လူသားများထဲ၌ ရရှိဖို့ ဘုရားသခင် ဆန္ဒရှိသည့် ရလဒ် အတိအကျ ဖြစ်ပေသည်။ ထို့ကြောင့် ပေတရု၏ လမ်းကြောင်းသည် ကောင်းချီးခံစားရပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိလေသည်။ ပေါလု၏ လမ်းကြောင်းသည် ဘုရားသခင်၏ အလိုကို ချိုးဖောက်မှုတွင် ရှိသောကြောင့်၊ ဘုရားသခင်သည် ယင်းကို စက်ဆုပ်ကာ ကျိန်ဆဲလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

(၅၂၂) လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး အခက်အခဲမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးပင် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ နောင်တရဖို့ အလွန် နောက်ကျခဲ့ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

(၅၂၃) လူတို့သည် စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ ခြေချသောအခါတွင်၊ ၎င်းတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲနိုင်စွမ်းရှိလာသည်။ ထို့အပြင်၊ ၎င်းတို့၏ အသက်တာသည် ဆက်လက်ကြီးထွားပြီး၊ သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ၎င်းတို့ တဖြည်းဖြည်း ဝင်ရောက်ကြလေသည်။ ၎င်းတို့သည် လောကနှင့် သမ္မာတရားကို မလိုက်စားသောသူ အားလုံးအား စက်ဆုပ်ရွံရှာ နိုင်ကြ၏။ အထူးသဖြင့် မိမိတို့ကိုယ်ကိုယ် စက်ဆုပ် ရွံရှာကြသည်၊ သို့သော် ထို့ထက်ပို၍၊ မိမိတို့ကိုယ်ကိုယ် ရှင်းလင်းစွာ သိရှိကြလေသည်။ ၎င်းတို့သည် သမ္မာတရားဖြင့် အသက်ရှင်ရန် လိုလားနေကြပြီး၊ သမ္မာတရားကို လိုက်စားဖို့ကို မိမိတို့၏ ရည်မှန်းချက် ဖြစ်စေကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဦးနှောက်မှ ဖြစ်ပေါ်သော အတွေးများအတွင်းတွင် အသက်ရှင်ဖို့ လိုလားလျက် မရှိကြသကဲ့သို့၊ လူသား၏ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မှတ်ယူခြင်း၊ မောက်မာခြင်းနှင့် မိမိကိုယ်ကိုယ် စိတ်ကြီးဝင်ခြင်းတို့ကို စက်ဆုပ်ရွံရှာမှု ခံစားရလေသည်။ ၎င်းတို့သည် အားကောင်းသည့် ရည်မွန်သော အသိစိတ်ဖြင့် စကားပြောဆိုကြသည်၊ ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာဖြင့် အမှုအရာများကို ကိုင်တွယ်ကြပြီး၊ ဘုရားသခင်ကို သစ္စာစောင့်သိကာ နာခံကြလေသည်။ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း ဖြစ်စဉ်တစ်ခုကို တွေ့ကြုံရပါက၊ ၎င်းတို့သည် မတုန်မလှုပ် ဖြစ်ခြင်း သို့မဟုတ် အားနည်းခြင်း ဖြစ်လာကြရုံသာမက၊ ဘုရားသခင်ထံမှလာသော ဤပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအတွက် ကျေးဇူးတင်ရှိတတ်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း မပါဘဲ၊ မဖြစ်နိုင်သကဲ့သို့ ယင်းသည် ၎င်းတို့အား ကွယ်ကာသည်ကို ၎င်းတို့ ယုံကြည်ကြလေသည်။ ၎င်းတို့သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ဆာလောင်မှုကို ဖြည့်ဆည်းရန် မုန့်ကိုရှာဖွေခြင်းတို့နှင့်ဆိုင်သည့် ယုံကြည်ခြင်းကို မလိုက်စားကြပေ။ ဇာတိပကတိနှင့်ဆိုင်သော တစ်ခဏတာ ပျော်ရွှင်မှုများကိုလည်း ၎င်းတို့ မလိုက်စားကြချေ။ ဤသည်မှာ စုံလင်စေခြင်းခံရသူတို့၌ ဖြစ်ပေါ်သည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)

(၅၂၄) အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ဖြည့်ဆည်းစဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုသို့သော လူတို့အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်သည်၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်၊ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားများထံ သူ၏ဖွင့်ပြချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ၎င်းတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရုရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ယင်းသည် စုံလင်စေခြင်းခံရသည့် လမ်းကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရသည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ရခြင်း လမ်းကြောင်း ဖြစ်၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက်ဖြစ်လာပြီး ထိုအခါမှသာ သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

(၅၂၅) လူတို့သည် ဘုရားသခင်၏ စိတ်နေသဘောထားအား စစ်မှန်သောနားလည်ခြင်းရှိပြီး သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအား လှိုက်လှိုက်လှဲလှဲချီးမွမ်းခြင်းကို ပေးနိုင်ပါက၊ သူတို့သည် သူ့ကို စစ်မှန်စွာ သိပြီး သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ဆိုလိုပေသည်။ ထိုအခါမှသာ သူတို့သည် အလင်းထဲတွင် အသက်ရှင် နေထိုင်သည်။ လူ၏ လောကအမြင်နှင့် ဘဝအမြင်တို့ ပြောင်းလဲသည်နှင့်တစ်ပြိုင်နက်မှသာ၊ အခြေခံကျသော အသွင်ပြောင်းလဲခြင်းကို ကြုံရပေသည်။ လူတစ်ဦးတွင် ဘဝရည်မှန်းချက်တစ်ရပ်ရှိပြီး သမ္မာတရားနှင့်အညီ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူသည့်အခါ၊ လူတစ်ဦးသည် ဘုရားသခင်အား လုံးဝ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နေထိုင်သည့်အခါ၊ လူတစ်ဦးသည် ငြိမ်းချမ်းမှု ခံစားရပြီး သူ၏ စိတ်ဝိညာဉ် အတွင်းနက်နက်နေရာများအထိ အလင်းပေးခြင်းခံရသည့်အခါ၊ လူတစ်ဦး၏နှလုံးသားတွင် အမှောင်ထုကင်းမဲ့သည့်အခါ၊ ပြီးလျှင် လူတစ်ဦးသည် လုံးဝ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် ချုပ်ထိန်းမခံရသည့်အခါ၊ ထိုအခါမှသာ သူသည် စစ်မှန်သော လူ့အသက်တာကို နေထိုင်ပြီး၊ ထိုအခါမှသာ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာပေသည်။ ထို့အပြင် သင်၏ ပိုင်ဆိုင်မှုထဲက ခပ်သိမ်းသော သမ္မာတရားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ကိုယ်တော်တိုင်ထံမှ လာပြီးဖြစ်ပေသည်။ စကြဝဠာတစ်ခွင်လုံးနှင့် ခပ်သိမ်းသောအရာတို့အပေါ် အုပ်ချုပ်သူ— အမြင့်ဆုံးသောဘုရားသခင်— သည် သင့်ကို မှန်ကန်သော လူ့အသက်တာကို အသက်ရှင်နေထိုင်နေသည့် စစ်မှန်သော လူတစ်ဦးအဖြစ် သဘောကျ၏။ မည်သည့်အရာသည် ဘုရားသခင်၏နှစ်သက်သဘောကျခြင်းထက် သာ၍အဓိပ္ပာယ်ရှိနိုင်မည်နည်း။ ဤသည်မှာ သမ္မာတရားကို ပိုင်ဆိုင်ခြင်း၌ ရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

(၅၂၆) ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် လူသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို လိုက်စားဖို့ မဆိုထားနှင့်၊ အသက်နှင့်ဆိုင်သည့် အမှုကိစ္စများအကြောင်းကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို မလိုက်စားလျှင်၊ သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားလျှင်၊ သူသည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်သည် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏အမှုကို သင် နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ အရေးပါမှုနှင့် ဤအမှုကို လူသားအပေါ် အဘယ်ကြောင့် လုပ်ဆောင်ရသည်ကို နားလည်ရမည်။ သင် လက်ခံနိုင်ပါသလော။ ဤပြစ်တင်ဆုံးမခြင်းမျိုးအတောအတွင်းတွင်၊ သင်သည် ပေတရုကဲ့သို့ တူညီသည့်အတွေ့အကြုံနှင့် အသိပညာတို့ကို စွမ်းဆောင် ရရှိနိုင်သလော။ အကယ်၍ သင်သည် ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားပါက၊ ပြီးလျှင် သင့်စိတ်သဘောထား၌ ပြောင်းလဲမှုများကို သင် လိုက်စားပါက၊ သင်သည် စုံလင်စေခြင်းခံရဖို့ အခွင့်အရေး ရှိပေသည်။

စုံလင်စေခြင်းခံရမည့်သူများအတွက်၊ သိမ်းပိုက်ခံရခြင်းနှင့် ဆိုင်သော အမှု၏ ဤအဆင့်သည် မရှိမဖြစ် ဖြစ်သည်။ လူသည် သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်မှသာ၊ သူသည် စုံလင်စေခြင်း အမှုကို တွေ့ကြုံနိုင်ပေသည်။ သိမ်းပိုက်ခံရခြင်း အခန်းကဏ္ဍကိုသာ ဆောင်ရွက်ခြင်းတွင် ကြီးမားသော တန်ဖိုးမရှိပေ၊ ယင်းသည် သင့်အား ဘုရားသခင် အသုံးပြုခြင်းအတွက် သင့်တော်စေလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်ကို မလိုက်စားသကဲ့သို့၊ မိမိကိုယ်ကိုယ်၌ ပြောင်းလဲမှုနှင့် အသစ်ပြုပြင်ခြင်းတို့ကို မလိုက်စားသည့်အတွက်၊ ဧဝံဂေလိတရား ဖြန့်ဝေရာတွင် သင်၏ အခန်းကဏ္ဍကို သင် လုံးဝ ဆောင်ရွက်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် စစ်မှန်သော ဘဝ အတွေ့အကြုံ မရှိပေ။ ဤအဆင့်ဆင့်ဖြစ်သော အမှုအတောအတွင်းတွင်၊ တစ်ချိန်က သင်သည် အစေခံသူတစ်ဦးအဖြစ်နှင့် အဖြည့်ခံတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် သင်သည် ပေတရုအဖြစ် မလိုက်စားသကဲ့သို့၊ သင်၏ လိုက်စားမှုသည် ပေတရု စုံလင်စေခြင်းခံခဲ့ရသည့် လမ်းကြောင်းအတိုင်း မဟုတ်ပါက၊ သင့်စိတ်သဘောထား၌ အလိုအလျောက် ပြောင်းလဲမှုကို သင်တွေ့ကြုံရလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် စုံလင်စေခြင်းခံရခြင်းကို မလိုက်စားသည့် သူတစ်ဦးဖြစ်ပါက၊ သက်သေခံပြီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်က “ဘုရားသခင်၏ ဤအဆင့်ဆင့်ဖြစ်သော အမှုတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို လက်ခံပြီးဖြစ်ကာ၊ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားအား မည်သို့ စုံလင်စေသည်ကို ကျွန်ုပ်သိလာရပြီးဖြစ်ပါသည်၊ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သော အမှုကို ကျွန်ုပ်ရရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် အသိပညာကို ကျွန်ုပ်သိရှိပြီးဖြစ်ကာ သူ၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ရောက်လာပြီးဖြစ်ကာ ကျွန်ုပ်ထံ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော် ဆောင်ကြဉ်းပြီးဖြစ်သည်။ ကျွန်ုပ်ကို ကွယ်ကာကာ သန့်စင်စေပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပါ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပြီးဖြစ်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ကြမ်းတမ်းသော နှုတ်ကပတ်တော်များ ကျွန်ုပ်အပေါ်သို့ မရောက်လာခဲ့ပြီးဖြစ်ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိရှိနိုင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည် ကယ်တင်ခံရပြီးဖြစ်နိုင်မည် မဟုတ်ပါ။ ယနေ့တွင် ကျွန်ုပ်မြင်ရသည်- ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ထိုက်သောကြောင့်၊ သတ္တဝါတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သောအရာများ အားလုံးကို မွေ့လျော်ရသည်သာမက၊ သာ၍ အရေးကြီးသည်မှာ၊ သတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းတို့ကိုလည်း မွေ့လျော်သင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် သတ္တဝါ တစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပြင်၊ ကြီးစွာသော မေတ္တာ ရှိပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို လုံးဝ ရရှိနိုင်စွမ်းမရှိသော်လည်း၊ ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်း ရှိလေပြီ၊ ဤတွင် ကျွန်ုပ် ကောင်းချီးခံစားရပါသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းကို တွေ့ကြုံရသည့်သူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်း ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ပြောဆိုသော အသိပညာဖြစ်ပါသည်။ ထိုသို့သော လူများသည် ပေတရုနှင့်တူကြပေသည်။ ပေတရုကဲ့သို့ တူညီသော အတွေ့အကြုံများ ရှိကြသည်။ ထိုသို့သော လူများသည် အသက်ကို ရရှိပြီးသူများ၊ အမှန်တရားကို ပိုင်ဆိုင်သော သူများလည်း ဖြစ်သည်။ ၎င်းတို့သည် တကယ့်အဆုံးထိ တွေ့ကြုံသောအခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းအတောအတွင်းတွင် ၎င်းတို့သည် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လုံးဝ ဧကန်မုချ ဖယ်ရှားကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံရကြလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

(၅၂၇) ငါလိုချင်သည်မှာ ပေတရုကဲ့သို့သော လူများ၊ စုံလင်အောင်ပြုခံရခြင်းကို လိုက်စားသော လူများဖြစ်၏။ ယနေ့၏ သမ္မာတရားကို တမ်းတပြီး ရှာဖွေသူများအား ထိုသမ္မာတရားကို ပေးထားပေသည်။ ဤကယ်တင်ခြင်းကို ဘုရားသခင်အားဖြင့် ကယ်တင်ခံရဖို့ တမ်းတသူများကို ပေးထားကာ၊ သင်တို့၏ ရယူခြင်းခံရဖို့သာ မရည်ရွယ်ပေ။ ယင်း၏ ရည်ရွယ်ချက်မှာ သင်တို့သည် ဘုရားသခင်၏ ရယူခြင်း ခံရနိုင်ကြဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်က သင်တို့ကို ရယူနိုင်ဖို့အလို့ငှာ သင်တို့က ဘုရားသခင်ကို ရယူပေသည်။ ယနေ့တွင် ငါသည် သင်တို့အား ဤနှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်ကာ သင်တို့သည် ယင်းတို့ကို ကြားရပြီးဖြစ်သကဲ့သို့၊ သင်တို့သည် ဤနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်ကြပေသည်။ အဆုံးတွင် ဤနှုတ်ကပတ်တော်များကို သင်တို့ လက်တွေ့လုပ်ဆောင်သည့် အချိန်သည် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် သင်တို့ကို ငါရယူပြီးဖြစ်သည့် အခိုက်အတန့် ဖြစ်လိမ့်မည်။ တစ်ချိန်တည်းတွင်၊ သင်တို့သည် ဤနှုတ်ကပတ်တော်များကိုလည်း ရရှိပြီးဖြစ်လိမ့်မည်၊ ဆိုလိုသည်မှာ သင်တို့သည် ဤအထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ သင်တို့သည် သန့်ရှင်းစေခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်စွမ်းမရှိပါက သို့မဟုတ် စုံလင်စေခြင်းကို ခံရပြီးသော သူတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်စွမ်း မရှိပါက၊ သင်သည် သမ္မာတရား မရှိသောကြောင့်၊ ဆိုလိုသည်မှာ သင်သည် ယေဟောဝါ၏ ဇီဝအသက်မရှိသကဲ့သို့၊ ထိုသို့ဖြင့် သင်သည် ဝိညာဉ်မရှိသော လူသေတစ်ဦး ဖြစ်သောကြောင့်၊ လူသားတစ်ဦး မဟုတ်ဘဲ၊ လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင်၊ သားရဲတစ်ကောင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သိမ်းပိုက်ခံရပြီးနောက် သက်သေခံရန် ဖြစ်နိုင်သော်လည်း၊ သင်ရရှိသည်မှာ ကယ်တင်ခြင်း အနည်းငယ်သာဖြစ်ပြီး၊ သင်သည် ဝိညာဉ်ပိုင်ဆိုင်သည့် သက်ရှိတစ်ဦး ဖြစ်မလာသေးပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို သင်တွေ့ကြုံရပြီး ဖြစ်သော်လည်း၊ အကျိုးဆက်အနေဖြင့် သင်၏စိတ်သဘောထားက အသစ်ပြုပြင်ခြင်းမခံရပေ သို့မဟုတ် ပြောင်းလဲခြင်းမရှိပေ။ သင်သည် ယခင်ပုံစံအတိုင်း ရှိဆဲဖြစ်ပြီး၊ သင်သည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ကာ သန့်ရှင်းစေခြင်း မခံရသေးပေ။ စုံလင်စေခြင်းကို ခံရပြီးသူများသာ တန်ဖိုးရှိပြီး၊ ဤကဲ့သို့သော လူများသည်သာ စစ်မှန်သော အသက်ကို ရရှိကြပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

(၅၂၈) အစေခံခြင်းနှင့်ဆိုင်သော သင်၏အနာဂတ်လမ်းကြောင်းတွင်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သို့ ပြည့်စုံစေနိုင်သနည်း။ အရေးကြီးသော အချက်တစ်ချက်မှာ အသက်တာထဲ ဝင်ရောက်မှု ရရှိရန် အားထုတ်ဖို့၊ စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို ရရှိရန် အားထုတ်ဖို့နှင့် သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ဝင်ရောက်ခြင်းကို ရရှိရန် အားထုတ်ဖို့ဖြစ်သည်- ဤသည်မှာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်းဆီသို့သွားရာ လမ်းကြောင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိသူများ ဖြစ်ကြသော်လည်း၊ မည်သည့် စေခိုင်းချက်တာဝန်မျိုးနည်း။ ဤအရာသည် အမှု၏ နောက်တဆင့်နှင့် ဆက်နွှယ်နေ၏။ အမှု၏ နောက်တစ်ဆင့်သည် စကြဝဠာတစ်ခွင်လုံးအနှံ့ ဆောင်ရွက်သည့် သာ၍ကြီးမားသော အမှုဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင်တို့အား သူ၏ အနာဂတ်အမှုအတွက် နမူနာများ ဖြစ်စေလျက်၊ အနာဂတ်တွင် ဘုရားသခင်သည် သူ၏ အမှုမှတစ်ဆင့် သူ၏ ဘုန်းအသရေကို ရရှိခြင်း၏ သက်သေ အမှန်တကယ် သင် ဖြစ်လာဖို့အလို့ငှာ သင်၏ အသက်တာ စိတ်သဘောထား၌ ပြောင်းလဲမှုများကို ယနေ့ သင် ရရှိအောင် အားထုတ်သင့်ပေသည်။ သင့်အနေဖြင့် ဘုရားသခင်၏ အသုံးပြု‌ခြင်း ခံရနိုင်ကာ သူ့အတွက် သက်သေခံနိုင်ဖို့အလို့ငှာ၊ ယနေ့ ရရှိအောင် အားထုတ်ခြင်းသည် အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းခြင်းအတွက် လုံးလုံးလျားလျား ဖြစ်သည်။ ဤအရာကို သင်၏ ရရှိအောင်အားထုတ်မှု၏ ရည်မှန်းချက်ဖြစ်စေပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင် ရရှိနိုင်လိမ့်မည် ဖြစ်သည်။ သင်၏ ရရှိအောင်အားထုတ်မှု ရည်မှန်းချက်ကို မြင့်မားစွာ သင်ချမှတ်လေလေ၊ သင်သည် စုံလင်ခြင်းခံရနိုင်လေလေ ဖြစ်သည်။ သမ္မာတရားနောက် သင် လိုက်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်လေလေ ဖြစ်သည်။ သင်၏ ရရှိအောင် အားထုတ်မှုတွင် သင် အားအင် စိုက်ထုတ်လေလေ၊ သင်သည် ရရှိလေလေ ဖြစ်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို ၎င်းတို့၏အတွင်းပိုင်း အခြေအနေအရ စုံလင်စေသည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရဖို့ သို့မဟုတ် သူ၏ စုံလင်စေခြင်းခံရဖို့ လိုလားခြင်းမရှိ၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ဇာတိပကတိကိုသာ ဘေးကင်းစေချင်ပြီး မည်သည့် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်ကိုမျှ မခံစားစေချင်ဟု ဆိုကြသည်။ လူအချို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လိုလားခြင်း မရှိကြသော်လည်း၊ အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းရန် လိုလားနေကြ၏။ ထိုသို့ဆိုပါက၊ ဘုရားသခင်သည် သင်၏ဆန္ဒကိုလည်း ခွင့်ပြုမည် ဖြစ်သည်။ သင် မည်သည့်အရာကို ရရှိအောင် အားထုတ်ပါစေ၊ ဘုရားသခင်သည် ဖြစ်စေလိမ့်မည်။ ထို့ကြောင့်၊ လက်ရှိအချိန်တွင် သင်သည် မည်သည့်အရာကို ရရှိအောင် အားထုတ်နေသနည်း။ စုံလင်ခြင်းခံရခြင်းလော။ သင်၏ ယခုလက်ရှိ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် ဘုရားသခင်၏ စုံလင်ခြင်းခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်း အတွက်လော။ သင့်အနေဖြင့် သင်၏ နေ့စဉ်အသက်တာတွင် မိမိကိုယ်မိမိ ထိုသို့ စဉ်ဆက်မပြတ် စဉ်းစားဆင်ခြင်ရမည် ဖြစ်သည်။ သင်သည် တစ်ခုတည်းသော ရည်မှန်းချက်ကို ရရှိအောင် သင်၏စိတ်နှလုံး ရှိသမျှဖြင့် အားထုတ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေမည် ဖြစ်သည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းသည် ၎င်းတို့၏ ရရှိအောင် အားထုတ်ခြင်းအားဖြင့် ရရှိပေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခြင်းတို့ကို သင် ဆာငတ်လေလေ၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလေလေ ဖြစ်သည်။ သင်သည် ရှာဖွေရန်ပျက်ကွက်လေလေ ဖြစ်ပြီး၊ အပျက်သဘောဆောင်က နောက်ဆုတ်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အလမ်းများကို သင် ပိတ်ပင်လေလေ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်ခြင်းခံရရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ရယူခြင်းခံရန် သင် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏အသုံးပြုခြင်းခံရန် ဆန္ဒရှိသလော။ သင်တို့သည် စကြဝဠာနှင့် အရာခပ်သိမ်းတို့က ဘုရားသခင်၏လုပ်ဆောင်ချက်များ သင်တို့အထဲ၌ ထင်ရှားသည်ကို မြင်နိုင်ကြဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်အားဖြင့် စုံလင်ခြင်းခံရရန်၊ ဘုရားသခင်၏ ရယူခြင်းခံရရန်နှင့် ဘုရားသခင်၏အသုံးပြုခြင်းကိုခံရန်အတွက် အရာရာကို လုပ်ဆောင်ခြင်းကို လုပ်ဆောင်သင့်ကြပေသည်။ သင်တို့သည် အရာခပ်သိမ်းထဲတွင် ဆရာတစ်ဆူ ဖြစ်ပြီး၊ ရှိသမျှ အရာအားလုံးအလယ်တွင်၊ သင်တို့သည် ဘုရားသခင်အား သက်သေခံချက်နှင့် ဘုန်းအသရေတို့ကို သင်တို့မှတစ်ဆင့် မွေ့လျော်ခံစားခွင့် ပေးကြလိမ့်မည်- ဤသည်မှာ သင်တို့သည် မျိုးဆက်များအားလုံးထဲမှ ကောင်းချီးမင်္ဂလာအခံစားရဆုံး ဖြစ်သည်ဆိုသည့် သက်သေဖြစ်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

အရှေ့သို့- (ဍ) စာတန်၏ စွမ်းအားကို ဖယ်ရှားပုံနှင့် ကယ်တင်ခြင်းကို ရရှိပုံတို့နှင့် ပတ်သက်၍

နောက်တစ်ခုသို့- ၁၁။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။