(က) ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်၍

(၅၂၉) စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ထပ်တလဲလဲ ဖြစ်နေသော ဘဝနိယာမကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ အဖြစ်အပျက်များကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ်- ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ ကွပ်ကဲ အုပ်ချုပ်သနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားမိခင်က အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော...ဟု မမေးဘဲ မနေနိုင်ပေ။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာ လူသားမျိုးနွယ်က မရပ်မနား မေးကြပြီးဖြစ်သည့် မေးခွန်းများ ရှိလေသည်။ အကြောင်းအပေါင်း မသင့်၍၊ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို သာ၍ စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ဆာငတ်မှုတစ်ခု သာ၍ဖြစ်ပေါ်လေ ဖြစ်သည်။ သိပ္ပံပညာသည် ခဏတာ ကျေနပ်အားရခြင်းနှင့် အသွေးအသား၏ ယာယီပျော်ရွှင်မှုကို ပေးသော်လည်း၊ လူသားကို အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်းနှင့် သူ၏ စိတ်ဝိညာဉ်အတွင်းနက်နက်ရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်မြောက်စေဖို့ လုံလောက်ရန် ဝေးပါသေးသည်။ လူသားမျိုးနွယ်သည် ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး သူ၏ ဦးနှောက်ဖြင့် နားလည်နိုင်သည့် သိပ္ပံပညာအသိကို မိမိ၏နှလုံးသားအား ထုံစေရန်အလို့ငှာ သုံးရုံမျှ အသုံးပြုလေသည်။ သို့ရာတွင် ထိုသို့သော သိပ္ပံပညာအသိသည် လူသားမျိုးနွယ်အား နက်နဲမှုများကို စူးစမ်းလေ့လာခြင်းမှ ရပ်တန့်စေဖို့ မလုံလောက်ပေ။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏အစနှင့် အနာဂတ်တို့ကို မဆိုထားနှင့်၊ စကြဝဠာနှင့် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာရှင် မည်သူဖြစ်သည်ကိုပင် တကယ်ကို မသိပေ။ လူသားမျိုးနွယ်သည် ဤနိယာမအလယ်တွင် မတတ်သာ၍ အသက်ရှင်ရုံမျှ ရှင်လေသည်။ အရာခပ်သိမ်းအလယ်နှင့် ကောင်းကင်တွင် ကမ္ဘာအဆက်ဆက် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောသူ တစ်ဦးသာ ရှိသည့်အတွက်၊ မည်သူမျှ ယင်းကို မလွတ်မြောက်နိုင်သကဲ့သို့ မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူသည် လူသားက မည်သည့်အခါမျှ မရှုမြင်ဖူးသောသူ၊ လူသားမျိုးနွယ်က မည်သည့်အခါမျှ မသိဖူးသူ၊ ၎င်းတည်ရှိခြင်းကို လူသားမျိုးနွယ်က မည်သည့်အခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်- သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားမျိုးနွယ်ကို အသက်ပေးခဲ့သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို တည်ရှိခွင့်ပေးလျက်၊ ထောက်ပံ့ကာ အားဖြည့်ပေးသူ ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်အထိ လမ်းပြပြီးသူ ဖြစ်သည်။ ထို့အပြင် သူတစ်ပါးတည်းသာ လူသားမျိုးနွယ်က ရှင်သန်နေခြင်းအတွက် အားထားသည့်သူ ဖြစ်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ စွဲကိုင်ပြီး၊ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးလေသည်။ သူသည် ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်ပြီး လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူမှာ သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ထံ နေရောင် ဆောင်ကြဉ်းပေးပြီး၊ ညကို ဖွင့်လှစ် ပေးလေသည်။ သူသည် လူသားကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ထောက်ပံ့ပေးရင်း၊ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် သူ၏ အကြံအစည်များမှ အဘယ်သူသည် မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားမျိုးနွယ်ကို မပြီးနိုင်မဆုံးနိုင် ထောက်ပံ့ပေးဖို့ မဆိုထားနှင့်၊ စကြဝဠာကိုပင် မကွပ်ကဲမအုပ်ချုပ်နိုင်ပေ။ သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သတိပြုနိုင်သည်ဖြစ်စေ၊ သတိမပြုနိုင်သည် ဖြစ်စေ၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သင်၏ ကံကြမ္မာကို ဘုရားသခင် ပိုင်းဖြတ်သည်မှာ သေချာပြီး၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမြဲ စွဲကိုင်ထားမည်မှာ သေချာပေသည်။ သူ၏ တည်ရှိခြင်းနှင့် ဩဇာအာဏာတို့သည် လူသား၏ သတိပြုခံရကာ နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေမခံပေ။ သူသာလျှင် လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သိပြီး၊ သူသာလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားမျိုးနွယ်က မိမိ၏မျက်စိဖြင့် မျက်မြင်ကြုံရမည့် အချိန်သည် ကြာမြင့်လိမ့်မည်မဟုတ်သကဲ့သို့၊ ဤသည်မှာ ဘုရားသခင်က မကြာမီ ကျရောက်စေမည့်အချက် ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်ကာ သေဆုံးကြရသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ၎င်းတို့ မှိတ်ကြခြင်း ဖြစ်သည်။ လူသားသည် ထပ်ခါတလဲလဲ ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ဖြစ်သည်။ ထိုအရာအားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အကြံအစည်တို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် မည်သည့်အခါတွင်မျှ မရပ်တန့်ပေ။ ယင်းသည် မရပ်မနား တိုးတက်နေသည်။ သူသည် လူသားမျိုးနွယ်အား သူ၏ တည်ရှိခြင်းကို သိစေလိမ့်မည်၊ သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ကိုးစားစေလိမ့်မည်၊ သူ၏လုပ်ဆောင်ချက်များကို ရှုမြင်စေလိမ့်မည်ဖြစ်ပြီး သူ၏နိုင်ငံတော်သို့ ပြန်လာစေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်ပြီး နှစ်ထောင်ချီကြာ သူ စီမံခန့်ခွဲနေပြီးဖြစ်သည့် အမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

(၅၃၀) အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ စတင်ထုတ်ဖော်လာသည်။ အကြောင်းမှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ သူတို့ကို မည်သို့နည်းလမ်းနှင့် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အဘယ်ကြောင့်ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်လျက် တည်ရှိလာခဲ့ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာပင်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူသားမျိုးနွယ် မပေါ်ပေါက်လာခင် အချိန်က ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို ဖန်ဆင်းရန် သူ၏တန်ခိုးနှင့် သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားတို့အတွက် သင့်တော်သည့် သက်ရှိပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရန် သူ၏ထူးခြားသည့် နည်းလမ်းများကို အသုံးချခဲ့သည်။ သူလုပ်ခဲ့သည့် အရာအားလုံးမှာ မကြာခင်တွင် သူ၏ဇီဝအသက်ကို ရရှိတော့မည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီအချိန်က ဘုရားသခင်၏ သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် ကွဲပြားသည့် သတ္တဝါတို့တွင်၊ မိုးကောင်းကင်၊ အလင်းအိမ်များ၊ ပင်လယ်များနှင့် ကုန်းမြေများကဲ့သို့ ကြီးမြတ်သည့်အရာတို့တွင်၊ တိရစ္ဆာန်များနှင့် ငှက်ကလေးများကဲ့သို့ သေးငယ်သည့်အရာများတွင်၊ ပိုးမွှားများနှင့် အဏုဇီဝရုပ်အမျိုးမျိုးတို့တွင်၊ သာမန်မျက်စိနှင့်မမြင်နိုင်သည့် ဗက်တီးရီးယားအမျိုးမျိုးတို့တွင် ထင်ရှားပြသသည်။ တစ်ကောင်ချင်းစီတိုင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ကိုပေးအပ်ခြင်းခံရပြီး ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဟုန်ထိုးပွားများလာခဲ့ကြကာ တစ်ကောင်ချင်းစီသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေထိုင်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဇီဝအသက်ကို မရရှိခဲ့သော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့သည့် အသက်နှင့် ရှင်သန်တက်ကြွမှုတို့ကို သူတို့၏မတူညီသည့်ပုံစံများနှင့် တည်ဆောက်ပုံများမှတစ်ဆင့် ထင်ရှားပြသခဲ့ကြသည်။ ဖန်ဆင်းရှင်က လူသားတို့ကို ပေးသည့် စကားပြောဆိုနိုင်စွမ်းကို သူတို့မရရှိသော်လည်း သူတို့အသီးသီးသည် ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့ပြီး လူသား၏ ဘာသာစကားနှင့် ကွဲပြားသည့် သူတို့ဘဝကို ထုတ်ဖော်ပြသခြင်း နည်းလမ်းတို့ကို ရရှိခဲ့သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြင်အားဖြင့် လှုပ်ရှားမှုမရှိသည့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် အသက်၏ ရှင်သန်တက်ကြွခြင်းကို ပေးခဲ့ရုံသာမက သူတို့ မည်သည့်အခါမျှ မပျောက်ကွယ်သွားအောင်၊ ထို့ပြင် ဖန်ဆင်းရှင်က ပေးအပ်ခဲ့သည့် ရှင်သန်ရပ်တည်ရေး အခြေခံမူများနှင့် နိယာမတရားများကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပေးနိုင်အောင် သက်ရှိတိုင်းကို မျိုးပွားရန်နှင့် ပွားများရန် အသိစိတ်ကို ပေးအပ်ခဲ့သည်။ ဖန်ဆင်းရှင်က သူ၏သြဇာအာဏာကို အသုံးပြုသည့်ပုံစံက အနုစိတ်၊ သို့မဟုတ် အသေးစိတ် ရှုထောင့်များအပေါ်တွင်သာ တင်းတင်းကျပ်ကျပ်နှင့် စွဲကပ်မထားပေ။ မည်သည့်ပုံစံအပေါ်ကိုမျှ ကန့်သတ်ထားခြင်းမရှိပေ။ သူသည် စကြဝဠာလုပ်ဆောင်မှုများအပေါ်တွင် အုပ်ချုပ်အမိန့်ပေးနိုင်ပြီး အရာအားလုံး၏ သေခြင်းနှင့် ရှင်ခြင်းအပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထားသည်၊ ထို့အပြင် သူ့ကို အစေခံစေရန် အရာအားလုံးကို သူထိန်းသိမ်းနိုင်သည်။ သူသည် တောင်များ၊ မြစ်များနှင့် အင်းအိုင်များ၏ အလုပ်လုပ်ပုံအားလုံးကို စီမံခန့်ခွဲနိုင်ပြီး သူတို့အထဲတွင်ရှိသည့် အရာအားလုံးကို အုပ်ချုပ်နိုင်သည့်အပြင် အရာအားလုံး၏ လိုအပ်ချက်ကိုလည်း ထောက်ပံ့နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပြင် အခြားအရာအားလုံးအတွင်းတွင် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ ထင်ရှားပေါ်လွင်ခြင်းဖြစ်သည်။ ဤကဲ့သို့သောထင်ရှားပေါ်လွင်ခြင်းသည် တစ်သက်တာအချိန်အတွက်တင် မဟုတ်ဘဲ မည်သည့်အခါမျှ ရပ်တန့်မသွားသကဲ့သို့ ပြီးဆုံးမသွားပေ။ ၎င်းကို မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ပြောင်းလဲ၍သော်လည်းကောင်း၊ ထိခိုက်၍သော်လည်းကောင်း မရသကဲ့သို့ မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ဖြည့်စွက်၍သော်လည်းကောင်း၊ လျှော့ချ၍သော်လည်းကောင်း မရပေ။ အကြောင်းမှာ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို မည်သည့်အရာကမျှ အစားထိုး၍မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်ဖန်ဆင်းခံကမျှ အစားထိုး၍ မရနိုင်ပေ။ ဖန်ဆင်းခံမဟုတ်သည့် မည်သည့်အရာကမျှ ရယူနိုင်သည့်အရာ မဟုတ်ပေ။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများနှင့် ကောင်းကင်တမန်တို့ကို ဥပမာအနေနှင့် ကြည့်လော့။ သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်ရန်ဝေးစွ၊ ဘုရားသခင်၏ တန်ခိုးကိုပင် မပိုင်ဆိုင်ပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူတို့မပိုင်ဆိုင်ရသည့် အကြောင်းရင်းမှာ သူတို့သည် ဖန်ဆင်းရှင်၏ အနှစ်သာရကို မပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများနှင့် ကောင်းကင်တမန်တို့ကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့်သူများသည် ဘုရားသခင်၏ကိုယ်စား အချို့အရာများကို လုပ်နိုင်သော်လည်း ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။ သူတို့သည် လူသားများမပိုင်ဆိုင်သည့် တန်ခိုးအချို့ကို ပိုင်ဆိုင်သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်ပေ။ အရာအားလုံးကိုဖန်ဆင်းရန်၊ အရာအားလုံးကို အမိန့်ပေးရန်၊ အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာ ကိုင်စွဲရန် ဘုရားသခင်၏ သြဇာအာဏာကို သူတို့မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ အတုမရှိခြင်းကို မည်သည့်ဖန်ဆင်းခြင်း မခံရသည့်သူကမျှ အစားထိုး၍ မရနိုင်ပေ။ အလားတူပင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကိုလည်း မည်သည့်ဖန်ဆင်းခြင်းမခံရသည့်သူကမျှ အစားထိုး၍မရနိုင်ပေ။ သမ္မာကျမ်းစာထဲတွင် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူအကြောင်းကို သင်ဖတ်ဖူးသလော။ ဘုရားသခင်က သူ၏သတင်းစကားပို့ဆောင်သူများ၊ သို့မဟုတ် ကောင်းကင်တမန်များကို အဘယ်ကြောင့် အရာအားလုံးကို ဖန်ဆင်းရန် မစေလွှတ်ခြင်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ သြဇာအာဏာကို အသုံးချရန်အစွမ်း သူတို့တွင် မရှိကြပေ။ အခြားသတ္တဝါများ အားလုံးကဲ့သို့ပင်၊ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိပြီး အလားတူပင် ဖန်ဆင်းရှင်က သူတို့၏ဘုရားသခင်နှင့် သူတို့၏ အချုပ်အခြာအာဏာရှင်လည်းဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင် သူတို့သည် မြင့်မြတ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ တန်ခိုးကြီးသည်ဖြစ်စေ၊ တန်ခိုးသေးသည်ဖြစ်စေ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်နိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ ထို့ကြောင့် သူတို့ထဲတွင် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို အစားထိုးနိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ သူတို့သည် ဘုရားသခင်ဟု မည်သည့်အခါမျှ အခေါ်ခံရမည်မဟုတ်၊ မည်သည့်အခါမျှ ဖန်ဆင်းရှင် ဖြစ်လာနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် သမ္မာတရားများနှင့် အမှန်တရားများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၃၁) သူဖန်ဆင်းခဲ့ပြီးသည့် အရာခပ်သိမ်းသည် ဖြစ်တည်လာပြီး သူ့နှုတ်ကပတ်တော်များကြောင့် ခိုင်မာစွာ ရပ်တည်လာကာ တဖြည်းဖြည်း စတင်ပြောင်းလဲလာသည်ကို ဘုရားသခင် စောင့်ကြည့်ခဲ့သည်။ ဤအချိန်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များဖြင့် သူပြုလုပ်ခဲ့သည့် အရာအမျိုးမျိုးနှင့် သူပြီးမြောက်ခဲ့သည့် လုပ်ဆောင်ချက်အမျိုးမျိုးတို့အပေါ် ကျေနပ် ခဲ့သလော။ အဖြေက “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏” ဟူ၍ပင် ဖြစ်သည်။ ဤနေရာတွင် သင်တို့ အဘယ်အရာကို တွေ့သနည်း။ “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဆိုသည်မှာ အဘယ်အရာကို ကိုယ်စားပြုသနည်း။ ယင်းက အဘယ်အရာကို အမှတ်သင်္ကေတ ပြုသနည်း။ ယင်းမှာ ဘုရားသခင်၌ သူစီစဉ်ထားခဲ့ပြီး ပြဋ္ဌာန်းထားခဲ့သည့် အရာကို ပြီးမြောက်စေရန်၊ ပြီးမြောက်အောင် သူရည်မှန်းထားခဲ့သည့် ရည်ရွယ်ချက်များကို ပြီးမြောက်စေရန် တန်ခိုးနှင့် ဉာဏ်ပညာ ရှိခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်သည် လုပ်ငန်းတစ်ခုစီကို အပြီးသတ်သည့်အခါတွင် နောင်တရခဲ့သလော။ အဖြေက “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏” ဟူသည်ပင် ဖြစ်နေသေးသည်။ တစ်နည်းပြောရလျှင် သူသည် နောင်တမရခဲ့ရုံမကဘဲ၊ ယင်းအစား ကျေနပ်မှုရရှိခဲ့သည်။ သူနောင်တမရခဲ့ပါ ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်၏ အစီအစဉ်သည် ပြည့်စုံသည်၊ သူ၏တန်ခိုးနှင့် ဉာဏ်ပညာသည် ပြီးပြည့်စုံသည်၊ ဤသို့ပြီးပြည့်စုံမှုမျိုးကို သူ၏ သြဇာအာဏာအားဖြင့်သာလျှင် ပြီးမြောက်စေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူသည် လုပ်ငန်းတစ်ခုကို ထမ်းဆောင်သည့်အခါတွင်၊ ဘုရားသခင်ကဲ့သို့ပင် ထိုအရာကောင်းသည်ဟု မြင်နိုင်သလော။ လူသား ပြုလုပ်သည့် အရာအားလုံးသည် ပြီးပြည့်စုံခြင်းကို ရရှိနိုင်သလော။ လူသားသည် တစ်စုံတစ်ခုကို ထာဝရအပြီးအပြတ် လက်စသတ်နိုင်သလော။ “မည်သည့်အရာမှ ပြီးပြည့်စုံခြင်းမရှိ၊ ပိုမိုကောင်းမွန်ခြင်းသာ ရှိသည်” ဟု လူတို့ ပြောသည့်အတိုင်းပင်၊ လူသားက ပြုလုပ်သည့် မည်သည့်အရာမျှ ပြီးပြည့်စုံခြင်းကို မရရှိနိုင်ပေ။ သူပြုလုပ်ခဲ့ပြီး ရရှိခဲ့သည့် အရာအားလုံးက ကောင်းမွန်သည်ကို ဘုရားသခင် မြင်ခဲ့သောအခါ၊ ဘုရားသခင် ပြုလုပ်သည့် အရာအားလုံးကို သူ၏နှုတ်ကပတ်တော်အားဖြင့် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်က “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ” သောအခါ၊ သူပြုလုပ်ခဲ့ပြီးသည့်အရာ အားလုံးက အစဉ်တည်မြဲသော ပုံသဏ္ဌာန် တစ်ခုကို ဆောင်ယူခဲ့ကြပြီး၊ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ် ခံခဲ့ရကာ သတ်မှတ်ထားသော နေရာ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန် တစ်ခုကို ထာဝရအပြီးအပြတ် ပေးအပ်ခြင်းခံခဲ့ရသည်။ ထိုမျှမက အရာခပ်သိမ်းအလယ်တွင် ၎င်းတို့၏ အခန်းကဏ္ဍနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှု အချိန်အတွင်း သူတို့သွားရမည့် ခရီးကို ဘုရားသခင်က စီမံပေးထားခဲ့ပြီဖြစ်ပြီး ပြောင်းလဲ၍ မရတော့ချေ။ ဤသည်မှာ အရာခပ်သိမ်းအား ဖန်ဆင်းရှင်မှ ပေးအပ်ထားသည့် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေသ ဖြစ်သည်။

“ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဟူသည့် ရိုးရှင်းသော၊ ထိုက်တန်စွာ တန်ဖိုးထားခြင်းမခံရသော၊ မကြာခဏ လျစ်လျူရှုခြင်း ခံရသော ဤနှုတ်ကပတ်တော်တို့မှာ ဘုရားသခင်က သတ္တဝါခပ်သိမ်းကို ပေးအပ်ထားသည့် ကောင်းကင်ဘုံဆိုင်ရာ ဥပဒေသနှင့် ကောင်းကင်ဘုံဆိုင်ရာ အမိန့်ပြန်တမ်းပင် ဖြစ်သည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အခြားသော ပြယုဂ်တစ်ခု၊ ပို၍ လက်တွေ့ကျသည့်အရာ၊ ပို၍ နက်နဲသည့်အရာမျိုး ဖြစ်သည်။ ဖန်ဆင်းရှင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူရရှိရန် ရည်မှန်းထားသည့် အရာအားလုံးကိုရရှိနိုင်ပြီး သူပြီးမြောက်ရန် ရည်မှန်းထားသည့် အရာအားလုံးကို ပြီးမြောက်နိုင်ရုံသာမကဘဲ၊ သူဖန်ဆင်းထားခဲ့သည့် အရာအားလုံးကိုလည်း သူ့လက်ထဲတွင် ထိန်းချုပ်နိုင်ပြီး သူ၏ သြဇာအာဏာအောက်တွင် သူပြုလုပ်ထားခဲ့သည့် အရာခပ်သိမ်းကို အုပ်စိုးနိုင်ခဲ့သည့်အပြင်၊ ခပ်သိမ်းက စနစ်ကျပြီး ပုံမှန်ဖြစ်လေသည်။ အရာခပ်သိမ်းသည်လည်း သူ၏ နှုတ်ကပတ်တော်အားဖြင့် တိုးပွား၊ တည်ရှိပြီး ပျက်စီးသွားကြသည့်အပြင်၊ ၎င်းတို့သည် သူ၏ သြဇာအာဏာအားဖြင့် သူချမှတ်ထားခဲ့သည့် ဥပဒေသအတွင်း၌ တည်ရှိခဲ့ပြီး မည်သည့်အရာမျှ ကင်းလွတ်ခွင့် မရှိပါတကား။ ဤဥပဒေသမှာ ဘုရားသခင်က “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ” သည့် တစ်ခဏချင်းတွင်ပင် စတင်ခဲ့ပြီး၊ ယင်းသည် ဖန်ဆင်းရှင်မှ ရုပ်သိမ်းသည့် နေ့ရက်တိုင်အောင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဖြစ်တည်၊ ဆက်သွားပြီး လည်ပတ်နေမှာပါတကား။ ဖန်ဆင်းရှင်၏ အတုမရှိသော သြဇာအာဏာသည် အရာခပ်သိမ်းကို ဖန်ဆင်းပြီး အရာခပ်သိမ်းကို ဖြစ်တည်လာစေရန် အမိန့်ပေးနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌သာမက၊ အရာခပ်သိမ်းအပေါ် အစိုးရပြီး အချုပ်အခြာအာဏာကို စွဲကိုင်ထားကာ အရာခပ်သိမ်းအပေါ် အသက်ဝင်ခြင်းနှင့် ရှင်သန်တက်ကြွခြင်းကို အပ်နှင်းနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌ပါ ထင်ရှားပြသသည်၊ ထိုမျှမက သူ၏အစီအစဉ်ထဲတွင် သူဖန်ဆင်းမည့် အရာခပ်သိမ်းသည် သူပြုလုပ်ထားသည့် ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော အသွင်သဏ္ဌာန်၊ ပြီးပြည့်စုံသော အသက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြီးပြည့်စုံသော အခန်းကဏ္ဍဖြင့် ထာဝရအပြီးအပြတ် ပေါ်ပေါက် ဖြစ်တည်စေနိုင်သည့် သူ၏ တတ်နိုင်စွမ်း၌လည်း ထင်ရှားပြသလေသည်။ အလားတူပင် ဖန်ဆင်းရှင်၏ အကြံအစည်များသည် မည်သည့် ကန့်သတ်ချုပ်ချယ်မှုမျှ မခံရ၊ အချိန်၊ နေရာ၊ သို့မဟုတ် ပထဝီ အနေအထားတို့၏ ကန့်သတ်ထားခြင်းမရှိသည့် အနေအထား၌လည်း ယင်းက ထင်ရှားပြသပေသည်။ သူ၏ သြဇာအာဏာကဲ့သို့ပင် ဖန်ဆင်းရှင်၏ အတုမရှိသော ဝိသေသလက္ခဏာသည် ကမ္ဘာအဆက်ဆက် မပြောင်းမလဲ တည်မြဲနေမည် ဖြစ်သည်။ သူ၏သြဇာအာဏာသည် သူ၏အတုမရှိသော ဝိသေသလက္ခဏာ၏ ကိုယ်စားပြုချက်နှင့် သင်္ကေတတစ်ရပ် အစဉ်အမြဲ ဖြစ်နေမည်ဖြစ်ပြီး သူ၏ သြဇာအာဏာသည် သူ၏ ဝိသေသလက္ခဏာနှင့် အတူတကွယှဉ်တွဲလျက် ထာဝရတည်ရှိနေမည်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၃၂) ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိသည့်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အသီးသီးကို ခွဲခြားထားပြီး ဘုရားသခင်၏ အလိုအတိုင်း ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးထားလျက်၊ အရာခပ်သိမ်းကို အမိန့်ပေးကာ အဆင့်အတန်း သတ်မှတ်ခဲ့သည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်သည့်အရာကမျှ ဘုရားသခင်ကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံခြင်း မပြုဝံ့ကြပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံ့ကြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

(၅၃၃) ဤလူသားမျိုးနွယ် ဖြစ်တည်မလာမီတွင်၊ စကြဝဠာတည်း ဟူသော ဂြိုဟ်အားလုံး၊ မိုးကောင်းကင်မှ ကြယ်များအားလုံးသည် တည်ရှိနှင့်ပြီးဖြစ်သည်။ ကျယ်ပြန့်သည့်ရှုထောင့်အဆင့်တွင် မိုးကောင်းကင်တွင်ရှိသည့် ဤအစုအဝေးများသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် သူတို့ဖြစ်တည်နေသည့် တစ်လျှောက်လုံး နှစ်ပေါင်းမည်မျှ ကြာပြီဖြစ်သော်လည်း ပုံမှန်လည်ပတ်နေခဲ့သည်။ မည်သည့်ဂြိုဟ်က သီးသန့် မည်သည့်အချိန်တွင် မည်သည့် အရပ်ကိုသွားသည်၊ မည်သည့် ဂြိုဟ်က မည်သည့်အလုပ်ကို လုပ်ပြီး မည်သည့်အချိန်တွင် လုပ်သည်၊ မည်သည့် ဂြိုဟ်က မည်သည့် ဂြိုဟ်ပတ်လမ်းကြောင်းတစ်လျှောက် လည်ပတ်သည်၊ ပြီးလျှင် မည်သည့်အချိန်တွင် ပျောက်ကွယ်သည် သို့မဟုတ် အစားထိုး ခံရသည်- ဤအရာအားလုံးသည် အမှားအယွင်း အနည်းငယ်မျှ မရှိဘဲ ဆက်ဖြစ်နေပေသည်။ ဂြိုဟ်များ၏ တည်နေရာများနှင့် ၎င်းတို့ကြားထဲက အကွာအဝေးအားလုံးက တိကျသည့် ပုံစံများကို လိုက်နာကြသည်၊ အားလုံးကို တိကျသည့်အချက်အလက်နှင့် ဖော်ပြ၍ရသည်။ ၎င်းတို့ ခရီးနှင်သည့် လမ်းကြောင်းများ တစ်လျှောက်၊ ၎င်းတို့၏ လည်ပတ်မှု မြန်နှုန်းနှင့် ပုံစံများ၊ အနေအထား အမျိုးမျိုးဖြင့်၎င်းတို့ရှိသည့်အချိန်- ဤအရာ အားလုံးကို တိကျစွာ တိုင်းတာနိုင်ပြီး အထူးနိယာမများဖြင့် ဖော်ပြနိုင်သည်။ အလွန်ရှည်လျားသည့် ကာလများစွာ ကြာဂြိုဟ်များသည် အနည်းငယ်မျှ သွေဖည်သွားခြင်းမရှိဘဲ ဤနိယာမများကို လိုက်နာခဲ့ကြသည်။ ၎င်းတို့၏ပတ်လမ်းများ သို့မဟုတ် ၎င်းတို့လိုက်နာသည့်ပုံစံများကို မည်သည့်တန်ခိုးကမျှ မပြောင်းလဲနိုင် သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ ရွေ့လျားမှုကို ထိန်းချုပ်သည့် အထူးနိယာမများနှင့် ၎င်းတို့ကို ဖော်ပြသည့် တိကျသည့် အချက်အလက်တို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြင့် ကြိုတင်ပြဌာန်းပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် ဤနိယာမများကို သူတို့ဘာသာ နာခံကြလေသည်။ ကျယ်ပြန့်သည့် ရှုထောင့်အဆင့်တွင်၊ တစ်ချို့သော ပုံစံများ၊ တစ်ချို့ အချက်အလက်များ၊ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် အချို့သော နိယာမများ သို့မဟုတ် ဖြစ်ရပ်များကို ရှာဖွေတွေ့ရှိရန် လူသားတို့အတွက် မခက်ပေ။ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ် မပြုသော်လည်း၊ စကြဝဠာထဲက အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံ သဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်ပြီး မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးကာ ထိန်းချုပ် ထားသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒ ပညာရှင်များ နှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်၌ အရာအားလုံးကို စီစဉ်ညွှန်ကြား နေသည့် အနန္တတန်ခိုးရှင်တစ်ပါး ရှိသည်ကို ဤအချက်က လူသားကို လက်ခံစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အုပ်စိုးကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားစုကမျှ သူ၏ အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ၊ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်သည်ကို လူသားသည် အသိအမှတ်ပြုရပေမည်။ ဤနိယာမတို့ကို လူသားတို့ အပြည့်အဝ နားမလည်နိုင်သကဲ့သို့ ၎င်းတို့သည် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာရှင်တစ်ဦးက သတ်မှတ်ပေးခြင်း ဖြစ်သည်ကိုလည်း ဝန်ခံရပေမည်။ ဤ အရာအားလုံးသည် ကျယ်ပြန့်သည့်အဆင့်တွင် လူသားမျိုးနွယ် သတိပြုနိုင်သည့် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။

အနုစိတ် အဆင့်တွင် ကမ္ဘာမြေကြီးပေါ်၌ လူသားတို့ ရှုမြင်နိုင်သည့် တောင်များ၊ မြစ်များ၊ ကန်များ၊ ပင်လယ်များနှင့် ကုန်းမြေထုများအားလုံး၊ ၎င်းတွေ့ကြုံရသည့် ရာသီဥတုအားလုံး၊ အပင်များ၊ တိရစ္ဆာန်များ၊ အဏုဇီဝရုပ်များနှင့် လူသားများပါဝင်သည့် ကမ္ဘာမြေကြီးပေါ် နေထိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုတို့ကို ခံရကြလေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ အကြံအစည်များနှင့်အညီ ဖြစ်တည်လာသည် သို့မဟုတ် ပျောက်ကွယ်လေသည်၊ ၎င်းတို့၏ တည်ရှိခြင်းကို ထိန်းချုပ် သည့် နိယာမများ ပေါ်ထွက်လာပြီး ၎င်းတို့သည် ထိုနိယာမများနှင့်အညီ ကြီးထွားပြီး ပွားများကြသည်။ မည်သည့်လူသားမျှ သို့မဟုတ် မည်သည့်အရာမျှ ဤနိယာမများ၏ အထက်တွင် မရှိပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ တစ်ခုတည်းသောအဖြေမှာ ဤသို့ဖြစ်၏- ယင်းသည် ဘုရားသခင်၏ အခွင့်အာဏာကြောင့်ဖြစ်သည်။ သို့မဟုတ် တစ်ခြားနည်းနှင့် ပြောရလျှင် ဘုရားသခင်၏ အကြံအစည်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချက်များကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဤနိယာမတွေကို ဖြစ်ပေါ်စေသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏စိတ်ဖြစ်ပေသည်။ ထိုနိယာမများသည် သူ၏ အကြံအစည်များနှင့်အညီ ရွေ့ကာ ပြောင်းလဲပြီး ရွေ့ခြင်းနှင့် ပြောင်းလဲခြင်းအားလုံးသည် သူ၏ အစီအစဉ်အဖို့ဖြစ်ပေါ် သို့မဟုတ် လျော့ပါးပျောက်ကွယ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

(၅၃၄) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိန့်မြွက်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ သြဇာအာဏာသည် ဤအမှုကို ကွပ်ကဲအုပ်ချုပ်ပြီး ဘုရားသခင်၏ နှုတ်မှ ကတိပေးခဲ့သည့် အချက်သည် တဖြည်းဖြည်း လက်တွေ့အရှိတရား စတင် ဖြစ်လာသည်။ အကျိုးဆက်အနေဖြင့်၊ နွေဦးရောက်လာချိန်တွင် မြက်ပင်များ စိမ်းလန်းလာသကဲ့သို့၊ ပန်းများ ဖူးပွင့်လာသကဲ့သို့၊ သစ်ပင်မှ အဖူးလေးများ ထွက်လာသကဲ့သို့၊ ငှက်များ သီချင်းစတင် သီကျူးသကဲ့သို့၊ ငန်းများ ပြန်လာပြီး ကွင်းပြင်များက လူများနှင့် ဖွေးဖွေးလှုပ်သကဲ့သို့ များစွာတူညီသည့် ပြောင်းလဲမှုများသည် အရာအားလုံးအလယ် စတင်ဖြစ်ပေါ်လာသည်။...နွေဦး ရောက်ရှိခြင်းနှင့်အတူ အရာအားလုံးသည် နုပျိုသစ်လွင်လာပြီး၊ ဤသည်မှာ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက် ဖြစ်သည်။ ဘုရားသခင်က သူ၏ကတိများကို ပြီးမြောက်သည့်အခါတွင်၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးသည် ဘုရားသခင်၏ အတွေးများနှင့်အညီ အသစ်ပြုပြင်ပြီး ပြောင်းလဲကြသည်- မည်သည့်အရာမျှ မကင်းလွတ်ပေ။ ဘုရားသခင်၏နှုတ်မှ ကတိပေးပြီးသော အမှု သို့မဟုတ် ကတိတစ်ခု မိန့်မြွက်လိုက်သည့်အခါတွင်၊ အရာအားလုံးက ယင်း၏ ပြီးပြည့်စုံခြင်းအတွက် အသုံးတော်ခံကြပြီး၊ ယင်း၏ ပြီးပြည့်စုံခြင်းအတွက် ခိုင်းစေခြင်းခံကြရသည်။ ဖန်ဆင်းခံ အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ အခန်းကဏ္ဍကို ဆောင်ရွက်ရင်းနှင့် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းတာဝန်ကို အစေခံရင်း၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် စီစဉ်ညွှန်ကြားကာ စီမံခံရသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သြဇာအာဏာ ထင်ရှားပြသခြင်းဖြစ်သည်။ ဤအရာတွင် မည်သည့်အရာကို သင် မြင်သနည်း။ ဘုရားသခင်၏ သြဇာအာဏာကို သင်မည်သို့ သိသနည်း။ ဘုရားသခင်၏ သြဇာအာဏာအဖို့ အပိုင်းအခြားတစ်ခု ရှိသလော။ အချိန်အကန့်အသတ် ရှိသလော။ ယင်းကို အမြင့်တစ်ခုခု သို့မဟုတ် အလျားတစ်ခုခုအဖြစ် ပြောဆို၍ရနိုင်သလော။ ယင်းကို အရွယ်အစား သို့မဟုတ် ခွန်အားတစ်ခုခုအဖြစ် ပြောဆို၍ ရနိုင်သလော။ လူသား၏ အတိုင်းအတာဖြင့် ယင်းကို တိုင်းတာ၍ရသလော။ ဘုရားသခင်၏ သြဇာအာဏာသည် ပေါ်လိုက်၊ ပျောက်လိုက် မဟုတ်သကဲ့သို့၊ လာလိုက် သွားလိုက် မလုပ်ပေ၊ ပြီးလျှင် သူ၏ သြဇာအာဏာ မည်မျှကြီးမြတ်သည်ကို တိုင်းတာနိုင်သူ မည်သူမျှမရှိပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကောင်းချီးပေးသည့်အခါတွင်၊ အချိန်မည်မျှ ကုန်သွားသည်ကို ပဓာနမထားဘဲ၊ ဤကောင်းချီးမင်္ဂလာသည် ဆက်လက်ဖြစ်ပေါ်မည် ဖြစ်ပြီး ယင်း၏ ဆက်လက်ဖြစ်နေမှုသည် ဘုရားသခင်၏ မခန့်မှန်းနိုင်သည့် သြဇာအာဏာကို သက်သေခံပြီး ဖန်ဆင်းရှင်၏ မငြိမ်းသတ်နိုင်သည့် အသက်အင်အား၏ တစ်ဖန်ပြန်လည် ပေါ်ထွန်းမှုကို မကြာခဏ လူသားမျိုးနွယ်ကို ရှုမြင်ခွင့်ပေးမည် ဖြစ်သည်။ သူ၏သြဇာအာဏာနှင့်ဆိုင်သည့် ပြသမှုတစ်ခုစီသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ထံ ထုတ်ဖော်ပြသထားသည့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များ၏ စုံလင်သော သရုပ်ပြခြင်းဖြစ်သည်၊ ထို့အပြင် သူ၏သြဇာအာဏာဖြင့် ပြီးမြောက်သည့် အရာတိုင်းသည် နှိုင်းယှဉ်၍မရအောင် အလွန်လှပသိမ်မွေ့ပြီး လုံးဝ အပြစ်အနာအဆာ ကင်းသည်။ သူ၏အတွေးများ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ သြဇာအာဏာများနှင့် သူပြီးမြောက်ခဲ့သည့် အမှုအားလုံးသည် မယှဉ်သာအောင် လှပသည့် ပန်းချီကားတစ်ချပ်ဖြစ်ပြီး၊ ဖန်ဆင်းခံများအတွက်၊ လူသားမျိုးနွယ်၏ ဘာသာစကားသည် ယင်း၏ အရေးပါမှုနှင့် တန်ဖိုးကို ရှင်းလင်းစွာပြောဆိုနိုင်စွမ်း မရှိပေ။ ဘုရားသခင်က လူတစ်ဦးကို ကတိတစ်ခု ပြုသည့်အခါတွင်၊ ၎င်းတို့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ကတိကို လက်မခံမီ သို့မဟုတ် လက်ခံပြီးနောက် ၎င်းတို့၏ နောက်ခံအကြောင်း မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့ အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်တွင် ကသောင်းကနင်း ဖြစ်မှုများ မည်မျှကြီးမားသည် ဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်သည့် အရာရာတိုင်းကို ဘုရားသခင်က ကောင်းကောင်း ရင်းနှီးလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီးနောက် အချိန်မည်မျှ ကုန်လွန်သွားသည်ဖြစ်စေ၊ ယင်းသည် သူ့အတွက် ခုလေးတင် မိန့်မြွက်ပြီးဖြစ်သည့်အလား ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူပြုသည့် ကတိတိုင်းကို မျက်ခြေမပြတ် ထိန်းသိမ်းနိုင်ပြီး ပြည့်စုံစေနိုင်သည့် တန်ခိုးနှင့် ထိုသို့သော သြဇာအာဏာရှိပြီး ကတိက မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ၊ လုံး‌ဝ ပြည့်စုံရန် မည်မျှကြာသည်ကို ပဓာနမထားဘဲ၊ ထို့အပြင် ယင်း၏ပြီးမြောက်မှုက ထည့်သွင်းစဉ်းစားသည့် နယ်ပယ်သည်— ဥပမာအားဖြင့်၊ အချိန်၊ မြေမျက်နှာသွင်ပြင်၊ လူမျိုး စသဖြင့်— မည်မျှ ကျယ်ပြန့်သည်ကို ပဓာနမထားဘဲ၊ ဤကတိသည် ပြီးမြောက်ကာ ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ ထို့အပြင် ယင်း၏ ပြီးမြောက်မှုနှင့် ပြည့်စုံမှုသည် သူ့ကို အနည်းငယ်အားစိုက်မှု လိုအပ်စေမည် မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ရန် လုံလောက်သည်ကို သက်သေပြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၃၅) ယနေ့ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားတို့၏ သိပ္ပံသည် တိုးတက်လျက်ရှိသည်ဟု ဆိုနိုင်ပြီး လူသားတို့၏ သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိမှုများသည် အထင်ကြီးစရာကောင်းသည်ဟု ဆိုနိုင်သည်။ လူသား၏ အရည်အချင်းသည် အမြဲတမ်း ကြီးမားသည်ထက် ကြီးမားလာနေသည်ဟု ပြောရမည်ဖြစ်သည်။ သို့ရာတွင် လူသားမျိုးနွယ်က မလုပ်နိုင်သေးသည့် သိပ္ပံဆိုင်ရာ ထိုးဖောက်ကျော်လွှားမှုတစ်ခုရှိနေသည်။ လူသားမျိုးနွယ်သည် လေယာဉ်ပျံများ၊ လေယာဉ်တင် သင်္ဘောများ၊ အက်တမ်ဗုံးများကို ပြုလုပ်ခဲ့သည်။ လူသားမျိုးနွယ်သည် စကြဝဠာထဲကို ထွက်ခဲ့သည်။ လပေါ်တွင် လမ်းလျှောက်ခဲ့သည်။ အင်တာနက်ကို တီထွင်ခဲ့သည်။ နည်းပညာမြင့် ဘဝနေမှုပုံစံနှင့် နေထိုင်ခဲ့ကြသည်။ သို့ရာတွင် လူသားမျိုးနွယ်သည် အသက်ရှိသည့်၊ အသက်ရှူသည့် သတ္တဝါကို ဖန်တီးရန် မတတ်နိုင်ပေ။ သက်ရှိသတ္တဝါတိုင်း၏ ဗီဇအသိစိတ်နှင့် သူတို့အသက်ရှင်နေထိုင်သည့် နိယာမများ၊ သက်ရှိအမျိုးအစားတိုင်း၏ သေခြင်းနှင့်ရှင်ခြင်း စက်ဝန်း- ဤအရာများအားလုံးသည် လူသားတို့၏ သိပ္ပံပညာစွမ်းအားထက် ကျော်လွန်ပြီး၊ ၎င်းတို့ကို သိပ္ပံပညာက မထိန်းချုပ်နိုင်ပေ။ လူသား၏ သိပ္ပံပညာနှင့် မည်မျှကြီးမားသည့် အမြင့်ကို ရယူပြီးဖြစ်ပါစေ ၎င်းတို့သည် ဖန်ဆင်းရှင်၏ မည်သည့်အတွေးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ကြောင်း၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းဆိုင်ရာ ဆန်းကြယ်မှုနှင့် သူ့သြဇာအာဏာ၏ တန်ခိုးတို့ကို ခွဲခြမ်းနိုင်စွမ်း မရှိကြောင်း ဤနေရာတွင် ပြောရပေမည်။ ကမ္ဘာမြေကြီးပေါ်တွင် သမုဒ္ဒရာများ များစွာရှိသည်။ သို့ရာတွင် ၎င်းတို့သည် သူတို့၏နယ်နိမိတ်များကိုကျော်ပြီး ကုန်းမြေပေါ်ကို ၎င်းတို့စိတ်ကြိုက် တစ်ခါမျှမလာဖူးပေ။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့တစ်ခုချင်းစီ၏ နယ်နိမိတ်များကို သတ်မှတ်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်အမိန့်ပေးထားသည့် မည်သည့်နေရာတွင်မဆို ၎င်းတို့နေပြီး ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ၎င်းတို့သည် ကြိုက်သလို မလှုပ်ရှားနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ အချင်းချင်း စည်းမဖောက်နိုင်ကြပေ။ ဘုရားသခင်က ပြောမှသာလျှင် ၎င်းတို့လှုပ်ရှားနိုင်သည်။ ၎င်းတို့သွားသည့်နေရာနှင့် ၎င်းတို့နေသည့်နေရာကို ဘုရားသခင်၏ သြဇာအာဏာအားဖြင့် ပိုင်းခြားသတ်မှတ်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည်မှာ ဘုရားသခင်အပေါ်တွင် မူတည်သည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် တစ်ခုခုကို မည်သို့လုပ်မည်ဆိုသည့်အပေါ်တွင် ဆုံးဖြတ်သတ်မှတ်ရန် အခွင့်အရေးရှိပြီး သူဆန္ဒရှိသည့် နည်းလမ်းအတိုင်း ပြီးမြောက်သည်။ အရာအားလုံး၏ နိယာမက ဘုရားသခင်အပေါ် မူတည်သည်၊ လူသားအပေါ်တွင် မူတည်ခြင်း မရှိသကဲ့သို့ လူသားက ပြောင်းလဲ၍လည်း မရပေ။ ထိုနိယာမကို လူသား၏ အလိုဆန္ဒနှင့် မရွှေ့နိုင်ဘဲ ထိုအစား ဘုရားသခင်၏အတွေးများ၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အမိန့်တို့နှင့် ပြောင်းလဲနိုင်သည်။ ဤသည်မှာ မည်သည့်လူသားမျှ မငြင်းဆိုနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံး၊ စကြဝဠာ၊ ကြယ်များပြည့်နေသည့် ကောင်းကင်၊ နှစ်တစ်နှစ်၏ ရာသီဥတုလေးခု၊ လူသားက မြင်နိုင်သည့်အရာများနှင့် မမြင်နိုင်သည့်အရာများ- စသည်တို့အားလုံးသည် အမှားအယွင်း စိုးစဉ်းမျှမပါဘဲ ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဘုရားသခင်၏ အမိန့်များနှင့်အညီ၊ ဘုရားသခင်၏ ပညတ်ချက်များနှင့်အညီ၊ ဖန်ဆင်းခြင်းအစ၏ နိယာမတို့နှင့်အညီ တည်ရှိသည်၊ လည်ပတ်သည်၊ ပြောင်းလဲသည်။ မည်သည့်လူပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ ၎င်းတို့၏နိယာမများကို မပြောင်းလဲနိုင်ပေ၊ သို့မဟုတ် ၎င်းတို့လည်ပတ်လှုပ်ရှားသည့် ရှိရင်းစွဲလမ်းကြောင်းများကို မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ သြဇာအာဏာကြောင့် ဖြစ်တည်လာကြပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ပျက်စီးကြသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာသက်သက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၃၆) သြဇာအာဏာကိုယ်၌ကို ဘုရားသခင်၏ တန်ခိုးအဖြစ် ရှင်းပြနိုင်သည်။ ပထမဦးဆုံး သြဇာအာဏာနှင့် တန်ခိုးတို့သည် အပြုသဘောဆောင်သည်ကို သေချာပေါက်ပြောနိုင်သည်။ အဖျက်သဘောဆောင်သည့် မည်သည့်အရာနှင့်မျှ ဆက်နွှယ်မှုမရှိပေ။ မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာတစ်ခုနှင့်မျှ ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင်၏ တန်ခိုးက အသက်နှင့် ရှင်သန်တက်ကြွခြင်းရှိသည့် မည်သည့်ပုံစံကိုမဆို ဖန်ဆင်းနိုင်သည်။ ဤသည်ကို ဘုရားသခင်၏ အသက်နှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဘုရားသခင်သည် အသက်ဖြစ်၏။ ထို့ကြောင့် သူသည် သက်ရှိသတ္တဝါအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းကို သက်ရှိသတ္တဝါအားလုံး နာခံရန် ပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်၏နှုတ်မှလာသည့် နှုတ်ကပတ်တော်တို့နှင့်အညီ သက်ရှိဖြစ်လာရန်နှင့် ဘုရားသခင်၏ ကွပ်ကဲအုပ်ချုပ်မှုအားဖြင့် အသက်ရှင်ပြီး မျိုးပွားကြရန် ပြုလုပ်နိုင်သည်။ ယင်းနောက်တွင် ဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံးကို အမိန့်ပေး၍ ကွပ်ကဲအုပ်ချုပ်ကာ ပြောင်းလဲယိမ်းယိုင်ခြင်းဆိုသည်မှာ ထာဝရ မရှိတော့ပေ။ မည်သည့်လူပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထု၌မျှ ဤအရာများ မရှိပေ။ ဖန်ဆင်းရှင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်ပြီး ထိန်းသိမ်းသည်။ ထို့ကြောင့် ၎င်းကို သြဇာအာဏာဟုခေါ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်းဖြစ်သည်။ ဤအတိုင်းပင်၊ “သြဇာအာဏာ” ဆိုသည့် စကားလုံးကိုယ်၌ဖြစ်စေ၊ သို့မဟုတ် ဤသြဇာအာဏာ၏ အနှစ်သာရဖြစ်စေ၊ တစ်ခုချင်းစီတိုင်းက ဖန်ဆင်းရှင်နှင့်သာ ဆက်စပ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဖန်ဆင်းရှင်၏ အတုမရှိသော ဝိသေသလက္ခဏာနှင့် အနှစ်သာရ၏ သင်္ကေတဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ “သြဇာအာဏာ” ဟူသည့် စကားလုံးနှင့် ဆက်စပ်၍ မရပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ၏ အဓိပ္ပာယ်ကောက်ချက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၃၇) “ငါ၏ သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။” ဤသည်မှာ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ပြောခဲ့သည့် မူရင်းနှုတ်ကပတ်တော်များဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သူပြောလိုက်သည်နှင့် လူသား၏ မျက်စိရှေ့တွင် သက်တံတစ်စင်း ပေါ်ပေါက်လာခဲ့ပြီး ယနေ့အထိတိုင်အောင် တည်ရှိနေခဲ့သည်။ ထိုသို့သောသက်တံကို လူတိုင်းမြင်ဖူးသည်။ ယင်းကို သင်မြင်သည့်အခါတွင် မည်သို့ပေါ်လာသည်ကို သင်သိသလော။ သိပ္ပံပညာက ဤအရာကို သက်သေမပြနိုင်ပေ။ သို့မဟုတ် ယင်း၏အရင်းအမြစ်ကို မရှာဖွေနိုင်ပေ။ သို့မဟုတ် ယင်းသည် ဘယ်ဆီဘယ်ဝယ်တွင်ရှိသည်ကို မသတ်မှတ်နိုင်ပေ။ ဤသည်မှာ သက်တံသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင် ထူထောင်ထားသည့် ပဋိညာဉ်၏ သင်္ကေတဖြစ်၍ဖြစ်သည်။ ယင်းသက်တံက သိပ္ပံအခြေခံအကြောင်းရင်းများ မလိုအပ်ပေ။ ယင်းကို လူသားက ပြုလုပ်ထားခြင်း မဟုတ်သကဲ့သို့ လူသားက ပြောင်းလဲနိုင်စွမ်းလည်း မရှိပေ။ ဤသည်မှာ ဖန်ဆင်းရှင်က သူ၏နှုတ်ကပတ်တော်များကို ပြောပြီးနောက်တွင် သူ၏သြဇာအာဏာ ဆက်လက်ဖြစ်တည်နေခြင်းပင် ဖြစ်သည်။ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်နှင့် သူ၏ကတိကို လိုက်နာရန်အတွက် ဖန်ဆင်းရှင်က သူ၏သီးသန့်နည်းလမ်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် သက်တံကို သူအသုံးပြုခြင်းသည် ဖန်ဆင်းရှင်နှင့် ဆက်စပ်ပြီးဖြစ်စေ၊ ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် ဆက်စပ်ပြီးဖြစ်စေ ထာဝရ မပြောင်းလဲဘဲ တည်ရှိနေမည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ပြန်တမ်းနှင့် နိယာမဖြစ်သည်။ ဤအချက်ကိုပြောရမည်။ မပြောင်းလဲနိုင်သည့် ဤနိယာမသည် အရာအားလုံးကို ဘုရားသခင်ဖန်ဆင်းပြီးနောက်တွင် လိုက်ပါလာသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ နောက်ထပ်စစ်မှန်သည့် ထင်ရှားပြသခြင်းဖြစ်သည်။ ထို့အပြင် ဤအချက်ကို ပြောရမည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အကန့်အသတ်မရှိပေ။ သက်တံကို သင်္ကတတစ်ခုအနေနှင့် အသုံးပြုခြင်းက ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ ဆက်လက်တိုးပွားလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို အသုံးပြုပြီး လုပ်ဆောင်သည့် နောက်ထပ်လုပ်ရပ်တစ်ခုဖြစ်ပြီး နှုတ်ကပတ်တော်တို့ကို အသုံးပြု၍ လူသားနှင့်ထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတတစ်ခုလည်း ဖြစ်သည်။ သူသည် လုပ်ဆောင်ရန်အတွက် သူဆုံးဖြတ်ထားခဲ့သည့်အရာအပြင် ထိုအရာအား မည်သည့်ပုံစံနှင့် ပြီးမြောက်အောင်မြင်စေမည်ဆိုခြင်းကို လူသားအား ပြောပြခဲ့သည်။ ဤနည်းလမ်းအားဖြင့် ထိုကိစ္စသည် ဘုရားသခင်၏နှုတ်မှလာသည့် နှုတ်ကပတ်တော်များအရ ပြီးမြောက်သည်။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်သည်။ ဤစကားများကို သူပြောပြီးနောက် နှစ်ထောင်ပေါင်းအချို့ကြာသည့် ယနေ့တွင် ဘုရားသခင်၏ နှုတ်မှပြောဆိုခဲ့သည့် သက်တံကို လူသားတို့ ကြည့်ရှုနိုင်ပါသေးသည်။ ဘုရားသခင်မိန့်မြွက်ခဲ့သည့် ထိုနှုတ်ကပတ်တော်တို့ကြောင့် ယနေ့အထိ ဤအရာက မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ မည်သူမျှ ဤသက်တံကို မဖယ်ရှားနိုင်ပေ။ မည်သူမျှ ယင်း၏နိယာမများကို မပြောင်းလဲနိုင်ပေ။ သက်တံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ တည်ရှိနေသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ အတိအကျပင်ဖြစ်သည်။ “ဘုရားသခင်က သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်ပြီး သူ၏နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ပြီးမြောက်မှုသည် ထာဝရတည်သည်။” ဤနှုတ်ကပတ်တော်တို့က ဤနေရာတွင် ရှင်းလင်းစွာ ထင်ရှားပြသသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ရှင်းလင်းသည့် သင်္ကေတနှင့် ပင်ကိုလက္ခဏာများဖြစ်သည်။ ဤကဲ့သို့သော သင်္ကေတ၊ သို့မဟုတ် ပင်ကိုလက္ခဏာကို မည်သည့်ဖန်ဆင်းခံမျှ မပိုင်ဆိုင်၊ သို့မဟုတ် မည်သည့်ဖန်ဆင်းခံများတွင်မျှ မမြင်ရသကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့် အရာများတွင်လည်း မတွေ့ရပေ။ ယင်းသည် အတုမရှိသည့် ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်သည့် ဝိသေသလက္ခဏာနှင့် အနှစ်သာရကို ဖန်ဆင်းခံများနှင့် ခွဲခြားပေးသည်။ တစ်ချိန်တည်းတွင် ယင်းတို့သည် ဘုရားသခင်မှလွဲ၍ မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်သူများမျှ ကျော်လွန်၍မရသည့် သင်္ကေတနှင့် ပင်ကိုလက္ခဏာများလည်း ဖြစ်သည်။

လူသားနှင့် သူ၏ပဋိညာဉ်ကို ဘုရားသခင်ထူထောင်မှုသည် အလွန်အရေးကြီးသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားဆီကို အချက်အလက်တစ်ခု ဆက်သွယ်ပြောဆိုခြင်းငှာ အသုံးပြုရန်နှင့် သူ့အလိုတော်ကို လူသားကို ပြောပြရန်အတွက် ရည်ရွယ်ထားသည့် အရာဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့် လူသားနှင့် တည်ဆောက်ခဲ့သည့် ပဋိညာဉ်၏ ကတိသင်္ကေတဖြစ်သော လူသားနှင့် ပဋိညာဉ်ကို ထူထောင်ရန် အထူးသင်္ကေတကို အသုံးပြုခြင်းအားဖြင့် ထူးခြားသည့် နည်းလမ်းတစ်ခုကို သူအသုံးချခဲ့သည်။ သို့ဆိုလျှင် ဤပဋိညာဉ်ကို ထူထောင်ခြင်းက ကြီးမြတ်သည့် ဖြစ်ရပ်တစ်ခုလော။ ထို့အပြင် မည်မျှကြီးမြတ်သနည်း။ ဤသည်မှာ ပဋိညာဉ်နှင့်ပတ်သက်၍ အလွန်ထူးခြားသည့်အရာ အတိအကျပင်ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက်၊ သို့မဟုတ် အုပ်စုတစ်ခုနှင့်တစ်ခု၊ သို့မဟုတ် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ထူထောင်ခဲ့သည့် ပဋိညာဉ်မဟုတ်ဘဲ ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်တစ်ရပ်လုံးကြားတွင် ထူထောင်ခဲ့သည့် ပဋိညာဉ်ဖြစ်သည်။ ဤပဋိညာဉ်သည် ဖန်ဆင်းရှင်က အရာအားလုံးကို အဆုံးသတ်သည့်အချိန် မတိုင်ခင်အထိ တည်ရှိနေမည်ဖြစ်သည်။ ဤပဋိညာဉ်ကို အကောင်အထည်ဖော်သူက ဖန်ဆင်းရှင်ဖြစ်ပြီး ထိန်းသိမ်းသူသည်လည်း ဖန်ဆင်းရှင်ပင်ဖြစ်သည်။ အချုပ်ပြောရလျှင် လူသားမျိုးနွယ်နှင့် တည်ဆောက်ခဲ့သည့် သက်တံပဋိညာဉ်တစ်ခုလုံးသည် ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်အကြားက ပြောစကားတို့နှင့်အညီ ရရှိပြီးမြောက်ပြီး ယနေ့အချိန်အထိ ကျန်ရှိဆဲဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံခြင်း၊ နာခံခြင်း၊ ယုံကြည်ခြင်း၊ တန်ဖိုးထားခြင်း၊ သက်သေခံခြင်းနှင့် ချီးမွမ်းခြင်းတို့မှလွဲ၍ ဖန်ဆင်းခံများက အခြားဘယ်အရာကို လုပ်နိုင်ဦးမည်နည်း။ အကြောင်းမှာ ဤကဲ့သို့သော ပဋိညာဉ်မျိုးကို ထူထောင်ရန် တန်ခိုးကို အတုမရှိ ဘုရားသခင်မှလွဲ၍ မည်သူမျှ မပိုင်ဆိုင်သည့်အတွက်ဖြစ်သည်။ အကြိမ်ကြိမ် သက်တံပေါ်လာခြင်းသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင်ရှိသည့် ပဋိညာဉ်ကို လူသားတို့ အာရုံပြုစေရန် ကြေညာခြင်းဖြစ်သည်။ ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်ကြားက ပဋိညာဉ် ဆက်လက်ဖြစ်ပေါ်နေခြင်း၌ လူသားမျိုးနွယ်ကို ဖော်ပြသည့်အရာမှာ သက်တံမဟုတ်သကဲ့သို့ ပဋိညာဉ်ကိုယ်၌လည်း မဟုတ်ဘဲ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သည့် သြဇာအာဏာပင် ဖြစ်သည်။ တစ်ချိန်ပြီးတစ်ချိန် သက်တံပေါ်လာခြင်းက ဖုံးကွယ်ထားသည့် နေရာများတွင် ဖန်ဆင်းရှင်၏ ကြီးမြတ်ပြီး ထူးဆန်းသည့် လုပ်ဆောင်ချက်ကို ဖော်ပြပြီး တစ်ချိန်တည်းတွင် မည်သည့်အခါမျှ ပျောက်ကွယ်မသွားမည့်၊ မည်သည့်အခါမျှ မပြောင်းလဲမည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ အလွန်အရေးကြီးသည့် ထင်ဟပ်မှုပင်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာကို နောက်တစ်မျိုး ပြသခြင်း မဟုတ်ပေလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၃၈) ကမ္ဘာဦးကျမ်း ၁၈:၁၈ တွင်ပါသည့် “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟူသည်ကို ဖတ်ပြီးနောက်တွင် ဘုရားသခင်၏ သြဇာအာဏာကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်မှုကို သင်တို့အာရုံခံစားနိုင်သလော။ ဖန်ဆင်းရှင်၏ ကြီးစိုးမှုကို သင်တို့အာရုံခံစားနိုင်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သေချာမှုရှိသည်။ ဘုရားသခင်က အောင်မြင်မှုအပေါ်တွင် သူ၏ယုံကြည်မှုကို ကိုယ်စားပြုပြီး၊ သို့မဟုတ် သူ၏ယုံကြည်မှုကြောင့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို ပြောခြင်းမဟုတ်ပေ။ ထိုအစား ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ မိန့်မြွက်ချက်များဆိုင်ရာ သြဇာအာဏာ၏ သက်သေဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြည့်စုံစေသည့် ပညတ်ချက်တစ်ခုဖြစ်သည်။ ဤနေရာတွင် သင်တို့ အာရုံစိုက်သင့်သည့် ဖော်ပြချက်နှစ်ခုရှိသည်။ “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုဘုရားသခင်က ပြောသည့်အခါ ဤနှုတ်ကပတ်တော်များထဲတွင် ရှုပ်ထွေးနက်နဲမှုသဘောများ ပါဝင်သလော။ စိုးရိမ်သည့် သဘောများ ပါဝင်သလော။ ကြောက်ရွံ့သည့် သဘောများ ပါဝင်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များထဲတွင် “အမှန်တကယ်ဖြစ်လိမ့်မည်”၊ “ဖြစ်လိမ့်မည်” ဟူသည့် စကားလုံးများကြောင့် လူသားများအတွက် သီးသန့်ဖြစ်ပြီး သူ့ထံ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် ဤသဘောများက ဖန်ဆင်းရှင်နှင့် အဘယ်ဆက်စပ်မှုမျှ မရှိပေ။ အခြားလူများအပေါ် ကောင်းရန်အတွက် ဆန္ဒပြုသည့်အခါတွင် ဤကဲ့သို့သော စကားလုံးများကို မည်သူမျှ သုံးရဲကြမည် မဟုတ်ပေ။ ဤကဲ့သို့သောသေချာမှုမျိုးနှင့် အခြားလူတစ်ယောက်ကို ကြီးမြတ်ပြီး တန်ခိုးနှင့်ပြည့်စုံသည့် လူမျိုးအဖြစ် မည်သူမျှ ကောင်းချီးပေးရဲကြမည် မဟုတ်ပေ။ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်က လူမျိုးအားလုံးက သူ့အားဖြင့် ကောင်းချီးမင်္ဂလာရမည်ဟု မည်သူမျှ ကတိမပေးရဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပိုပြီး သေချာလေလေ၊ သူတို့သည် တစ်ခုခုကို သက်သေခံနေလေလေဖြစ်သည်— ထိုတစ်ခုခုဆိုသည်မှာ မည်သည့်အရာနည်း။ ဘုရားသခင်၌ ဤကဲ့သို့သော သြဇာအာဏာရှိသည့်အကြောင်း၊ ဤအရာများကို သူ၏သြဇာအာဏာနှင့် ပြီးမြောက်စေနိုင်သည့်အကြောင်း၊ ထို့ပြင် ၎င်းတို့၏ ပြီးမြောက်မှုကို ရှောင်လွှဲ၍မရနိုင်သည့်အကြောင်းကို သက်သေပြသည်။ ဘုရားသခင်သည် အာဗြဟံကို ကောင်းချီးပေးသည့်အပေါ်တွင် နည်းနည်းမျှ တုံ့နှေးခြင်းမရှိဘဲ သူ့နှလုံးသားထဲတွင် သေချာခဲ့သည်။ ထို့အပြင် ဤအရာအားလုံးသည် သူ၏နှုတ်ကပတ်တော်အရ ပြီးမြောက်မည်ဖြစ်ပြီး ဤပြီးမြောက်မှုကို ပြောင်းလဲရန်၊ တားဆီးရန်၊ ထိခိုက်ရန်၊ သို့မဟုတ် နှောင့်ယှက်ရန် မည်သည့်သက်ရောက်မှုကမျှ မပြုလုပ်နိုင်ပေ။ မည်သည့်အရာပင် ဖြစ်ပျက်ခဲ့စေကာမူ ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ ပြည့်စုံမှုနှင့် ပြီးမြောက်မှုကို မည်သည့်အရာကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် လွှမ်းမိုးခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့် နှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းသက်သက်ဖြစ်ပြီး လူသား၏ ငြင်းပယ်မှုကို ခွင့်ပြုမည်မဟုတ်သည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် သင်၌ သံသယရှိနေဆဲလော။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏နှုတ်က ပြောသည့် စကားများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ထဲတွင် တန်ခိုးအစွမ်း၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာတို့ရှိသည်။ ဤကဲ့သို့သော တန်ခိုးစွမ်းအား၊ သြဇာအာဏာနှင့် အမှန်တရားကို မလွဲမုချ ပြီးမြောက်အောင်မြင်ခဲ့ခြင်းတို့ကို မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာများကမျှ မရရှိနိုင်ပေ။ ထို့ပြင် မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် ဖန်ဆင်းခံ မဟုတ်သည့် အရာများကမျှ သာလွန်ခြင်း မရှိနိုင်ပေ။ ဖန်ဆင်းရှင်သာလျှင် လူသားမျိုးနွယ်နှင့် ဤကဲ့သို့သော လေသံ၊ လေယူလေသိမ်းနှင့် ပြောနိုင်ပြီး သူ၏ကတိများသည် အချည်းနှီး စကားလုံးသက်သက်၊ သို့မဟုတ် အလဟဿ ဝံ့ကြွားပြောဆိုခြင်းသက်သက် မဟုတ်ဘဲ မည်သည့်လူပုဂ္ဂိုလ်၊ ဖြစ်ရပ်၊ သို့မဟုတ် အရာဝတ္ထုကမျှ သာလွန်၍မရနိုင်သည့် အတုမရှိသြဇာအာဏာ၏ ဖော်ပြချက်ပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၃၉) “သင်၏ အမျိုးအနွယ်ကို ငါတိုးပွားများပြားစေမည်။” ဟု ဘုရားသခင်ပြောခဲ့ချိန်တွင်၊ ဤသည်မှာ သက်တံ ပဋိညာဉ်ကဲ့သို့ ဘုရားသခင်က အာဗြဟံနှင့် ထူထောင်ခဲ့သည့် ပဋိညာဉ်တစ်ခု ဖြစ်သည်၊ ယင်းသည် ထာဝရဖြစ်မြောက်မည် ဖြစ်ပြီး အာဗြဟံထံ ဘုရားသခင်ပြုခဲ့သည့် ကတိတစ်ခုလည်း ဖြစ်သည်။ ဤကတိကို အမှန်တကယ်ဖြစ်လာစေရန် ဘုရားသခင်သာ အရည်အချင်း ပြည့်မီပြီး လုပ်နိုင်စွမ်းရှိသည်။ လူသားက ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ လူသားက လက်ခံသည်ဖြစ်စေ လက်မခံသည် ဖြစ်စေ၊ ပြီးလျှင် လူသားက မည်သို့ မြင်ပြီး မည်သို့ သဘောထားသည်ဖြစ်စေ၊ ဤအရာအားလုံးသည် ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များနှင့်အညီ အသေးစိတ် အတိအကျ ပြီးပြည့်စုံမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏အလိုဆန္ဒ သို့မဟုတ် အယူအဆများ ပြောင်းလဲမှုကြောင့် ပြောင်းလဲသွားမည်မဟုတ်သကဲ့သို့၊ မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာ၌ ပြောင်းလဲမှုကြောင့် ပြောင်းလဲမည်မဟုတ်ပေ။ အရာအားလုံး ပျောက်ကွယ်ကောင်း ပျောက်ကွယ် သွားနိုင်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထာဝရ ကျန်ရှိနေမည်ဖြစ်သည်။ အမှန်တွင်၊ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် ဖန်ဆင်းရှင်၏ တန်ခိုးကို ပိုင်ဆိုင်ကာ သူသည် အရာခပ်သိမ်းနှင့် သက်ရှိ အင်အားစုအားလုံးကို ထိန်းချုပ်သည့်အတွက်၊ အရာအားလုံး ပျောက်ကွယ်သွားသည့်နေ့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ လုံးဝ ပြည့်စုံသည့်နေ့ရက် အတိအကျ ဖြစ်သည်။ သူသည် ဘာမျှမရှိသည့်အရာမှ တစ်စုံတစ်ရာရှိလာဖို့ သို့မဟုတ် တစ်စုံတစ်ရာကို ဘာမျှမရှိဖြစ်လာဖို့ ဖြစ်စေနိုင်ပြီး၊ ရှင်သန်သောအရာမှသည် သေသောအရာအထိ အရာအားလုံး၏ ပြောင်းလဲခြင်းကို သူထိန်းချုပ်သည်။ ဘုရားသခင်အတွက် တစ်စုံတစ်ဦး၏ မျိုးနွယ်ကို ပွားများစေခြင်းထက် မည်သည့်အရာမျှ သာ၍ မရိုးရှင်းနိုင်ပေ။ ဤသည်မှာ လူသားအတွက် နတ်သမီးပုံပြင် တစ်ပုဒ်ကဲ့သို့ ဆန်းပြားပုံရသော်လည်း၊ ဘုရားသခင်အဖို့ သူလုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီး ကတိပေးထားသည့်အရာသည် မဆန်းပြားသကဲ့သို့ နတ်သမီးပုံပြင်တစ်ပုဒ်လည်း မဟုတ်ပေ။ ယင်းထက်၊ ထိုအရာသည် ဘုရားသခင် မြင်နှင့်ပြီးဖြစ်ကာ ဧကန်မုချ ဖြစ်မြောက်ရမည့် အမှန်တရားတစ်ခုဖြစ်သည်။ ဤအရာကို သင်တို့ နားလည်ကြပါသလော။ အာဗြဟံ၏ မျိုးဆက်များက များပြားခဲ့သည်ကို အချက်အလက်များက သက်သေပြသလော။ ၎င်းတို့ မည်မျှ များပြားခဲ့သနည်း။ “မိုးကောင်းကင် ကြယ်များကဲ့သို့ လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှ လည်းကောင်း” ဟု ဘုရားသခင်ပြောခဲ့သကဲ့သို့ များပြားခဲ့သလော။ ၎င်းတို့သည် တိုင်းနိုင်ငံအားလုံး၊ ဒေသအားလုံးအနှံ့၊ ကမ္ဘာလောက ထဲက နေရာတိုင်းကို ပျံ့နှံ့ခဲ့ကြသလော။ ဤအချက်သည် မည်သည့်အရာမှတစ်ဆင့် ဖြစ်မြောက်ခဲ့သနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာအားဖြင့် ပြီးမြောက်ခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောကြားပြီးနောက် နှစ်ကာလ ရာပေါင်း၊ ထောင်ပေါင်းအချို့ကြာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဆက်လက်ပြည့်စုံခဲ့ပြီး၊ အမှန်တရားများ စဉ်ဆက်မပြတ် ဖြစ်လာနေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကြီးမားသောအင်အား၊ ဘုရားသခင်၏ သြဇာအာဏာ၏ သက်သေဖြစ်သည်။ အစအဦးတွင် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ဘုရားသခင်က “အလင်းဖြစ်စေ” ဟု ပြောခဲ့ပြီး အလင်း ရှိခဲ့သည်။ ဤသည်မှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့ပြီး၊ အလွန် တိုတောင်းသော အချိန်အတွင်း ပြည့်စုံခဲ့ကာ၊ ယင်း၏ ပြီးမြောက်မှုနှင့် ပြည့်စုံမှုတွင် ကြန့်ကြာခြင်း မရှိခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သက်ရောက်မှုသည် ချက်ချင်းဖြစ်ခဲ့သည်။ နှစ်ခုလုံးက ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ပြသချက်များဖြစ်သည်၊ သို့ရာတွင် ဘုရားသခင်က အာဗြဟံကို ကောင်းကြီးပေးခဲ့ချိန်တွင်၊ သူ၏ သြဇာအာဏာ၏ အနှစ်သာရ အခြားတစ်ဘက်အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို တိုင်းတာ၍မရဟူသည့် အချက်ကို လူသားအား မြင်ခွင့်ပေးခဲ့သည်၊ ထို့အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ပိုပြီးစစ်မှန်သည့်၊ သာ၍ အလေးထားဖွယ် ကောင်းသောဘက်ကို လူသားအား သူ မြင်ခွင့်ပေးခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၄၀) အာဗြဟံနှင့် ယောဘကို ဘုရားသခင် ကောင်းချီးပေးပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူရှိခဲ့ သည့်နေရာတွင် မနေခဲ့သကဲ့သို့၊ ရလဒ်က မည်သည့်အရာ ဖြစ်မည်ကို မြင်တွေ့ရန် စောင့်ဆိုင်းစဉ် သူ၏ စေတမန်များကို အလုပ် မလုပ်စေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီးလျှင်ပြီးချင်း၊ ဘုရားသခင်၏ သြဇာအာဏာ၏ လမ်းပြမှုအောက်တွင် အရာအားလုံးသည် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို စတင်လိုက်နာကြပြီး၊ ဘုရားသခင်လိုအပ်သည့် ပြင်ဆင်ထားသည့် လူများ၊ အမှုအရာများနှင့် အရာဝတ္ထုများ ရှိခဲ့လေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များ မိန့်မြွက်ခဲ့သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ သြဇာအာဏာကို မြေတစ်ပြင်လုံးအနှံ့ စတင်အသုံးပြုခဲ့ပြီး၊ သူ ဆောင်ရွက်ရန် စီစဉ်ထားသည့် ခြေလှမ်းတိုင်းနှင့် အဓိကအဆင့်အသီးသီး လိုအပ်သည့်အရာ အားလုံးအတွက် သင့်တော်သည့် အစီအစဉ်နှင့် ပြင်ဆင်မှုများကို ပြုလုပ်နေစဉ်တွင်လည်း၊ အာဗြဟံနှင့် ယောဘထံ သူပြုခဲ့သည့် ကတိများကို ပြီးမြောက်ကာ ပြည့်စုံစေရန် လမ်းကြောင်းတစ်ခုကို သူပြင်ဆင်ခဲ့သည်။ ဤအချိန် အတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏ စေတမန်များကို စေခိုင်းခဲ့ရုံသာမက၊ သူဖန်ဆင်းခဲ့သည့် အရာအားလုံးကိုပါ စေခိုင်းခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခဲ့သည့် နယ်ပယ် အတွင်းတွင် စေတမန်များသာ ပါဝင်သည်မဟုတ်ဘဲ၊ သူ ပြီးမြောက်ရန် ရည်ရွယ်ထားသည့် အမှုကို လိုက်နာရန်အလို့ငှာ စေခိုင်းခြင်းခံခဲ့ရသည့် ဖန်ဆင်းခြင်းထဲက အရာအားလုံးပါ ပါဝင်ခဲ့သည်။ ဤအရာတို့သည် ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခဲ့သည့် အတိအကျပုံစံများဖြစ်သည်။ သင်တို့၏ စိတ်ကူးများတွင်၊ အချို့က ဘုရားသခင်၏ သြဇာအာဏာနှင့် ဆိုင်သည့် အောက်ပါသိနားလည်မှု ရှိကောင်း ရှိနိုင်သည်- ဘုရားသခင်က သြဇာအာဏာရှိပြီး၊ ဘုရားသခင်က တန်ခိုးရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် တတိယ ကောင်းကင်တွင် သို့မဟုတ် သတ်မှတ်ထားသည့် နေရာတွင် ရှိနေရန်သာ လိုအပ်ပြီး၊ မည်သည့် သီးသန့်အမှုမျှ လုပ်ဆောင်ဖို့မလိုအပ်သကဲ့သို့၊ ဘုရားသခင်၏ အမှုအလုံးစုံသည် သူ၏အတွေးများထဲ၌ ပြီးပြည့်စုံပေသည်။ အချို့ကလည်း ဘုရားသခင်က အာဗြဟံကို ကောင်းချီး ပေးခဲ့သော်လည်း၊ ဘုရားသခင်က မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မလိုအပ်ခဲ့သကဲ့သို့၊ သူ၏နှုတ်ကပတ်တော်များကို ပြောရုံမျှသည် သူ့အတွက် လုံလောက်သည်ဟုလည်း ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်ပါသလော။ လုံးဝကို မဟုတ်ပေ။ ဘုရားသခင်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း၊ သူ၏သြဇာအာဏာသည် အနှစ်မမဲ့ဘဲ၊ မှန်ကန်ပြီး စစ်မှန်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်မှုနှင့် လက်တွေ့အရှိတရားသည် သူ၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်း၊ အရာခပ်သိမ်းကို သူ၏ ထိန်းချုပ်ခြင်းနှင့် လူသားမျိုးနွယ်ကို သူဦးဆောင်ပြီး စီမံခန့်ခွဲသည့်ဖြစ်စဉ်တွင် တဖြည်းဖြည်း ထုတ်ဖော်ပြပြီး သရုပ်ထင်လေသည်။ လူသားမျိုးနွယ်နှင့် အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ နည်းလမ်းတိုင်း၊ ရှုထောင့်တိုင်း၊ အသေးစိတ်အချက်အလက်တိုင်းနှင့် သူပြီးမြောက်ပြီးဖြစ်သည့် အမှုအားလုံးအပြင်၊ အရာအားလုံးအပေါ် သူ၏သိနားလည်ခြင်း- ဤအရာများအားလုံးသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အနှစ်မဲ့သည့် စကားလုံးများ မဟုတ်သည်ကို အကယ်ပင် သက်သေပြပေသည်။ သူ၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် ပြသခြင်းခံရပြီး စဉ်ဆက်မပြတ် ထုတ်ဖော်ပြထားကာ အရာခပ်သိမ်းတွင် ရှိလေသည်။ သူသည် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ရန်၊ အရာအားလုံးကို အမိန့်ပေးရန်နှင့် အချိန်တိုင်းတွင် အရာအားလုံးကို အုပ်စိုးရန်၊ သူ၏ သြဇာအာဏာနှင့် တန်ခိုးကို အသုံးပြုနေသည့်အတွက်၊ ဤသရုပ်သကန်များနှင့် ဖွင့်ပြခြင်းများသည် ဘုရားသခင်၏ သြဇာအာဏာ၏ စစ်မှန်သော တည်ရှိမှုအကြောင်းကို ပြောဆိုလေသည်။ သူ၏တန်ခိုးနှင့် သြဇာအာဏာတို့ကို ကောင်းကင်တမန်များက အစားထိုး၍ မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စေတမန်များကလည်း အစားထိုး၍ မရနိုင်ပေ။ အာဗြဟံနှင့် ယောဘတို့အပေါ် မည်သည့်ကောင်းချီးမင်္ဂလာများ သူ အပ်နှင်းမည်ကို ဘုရားသခင်ဆုံးဖြတ်ခဲ့သည်- ယင်းမှာ ဘုရားသခင် ဆုံးဖြတ်ရမည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ စေတမန်များသည် အာဗြဟံနှင့် ယောဘထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ကြသော်လည်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ပညတ်ချက်များပေါ် အခြေခံခဲ့ပြီး၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ ထိုနည်းတူ စေတမန်များသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိခဲ့ကြပေသည်။ ဘုရားသခင်၏ စေတမန်များက အာဗြဟံထံသို့ လည်ပတ်ကြသည်ကို လူက မြင်ရပြီး၊ သမ္မာကျမ်းစာ၏ မှတ်တမ်းများတွင် ယေဟောဝါ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ တစ်ခုတစ်လေ လုပ်ဆောင်ခဲ့သည်ကို မျက်မြင်မကြုံတွေ့ ရသော်လည်း၊ အမှန်တွင်၊ တန်ခိုးနှင့် သြဇာအာဏာကို အမှန်တကယ် အသုံးပြုသူမှာ ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး ဤအရာကို မည်သည့်လူကမျှ သံသယထားခွင့်မရှိပေ။ သင်သည် ကောင်းကင်တမန်များနှင့် စေတမန်များက ကြီးမားသည့် တန်ခိုးကို ပိုင်ဆိုင်ပြီး နိမိတ်လက္ခဏာများကို ပြုဖူးသည်ကို သို့မဟုတ် ဘုရားသခင် တာဝန်ပေးစေခိုင်းသည့် အရာတစ်ချို့ ၎င်းတို့ လုပ်ဆောင်ဖူးသည်ကို သင်မြင်ဖူးသော်လည်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေရန်အတွက်မျှ ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပြသခြင်း လုံးဝ မဟုတ်ပေ- အကြောင်းမှာ မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးကိုအုပ်စိုးရန် ဖန်ဆင်းရှင်၏ သြဇာအာဏာ မရှိသည့်အတွက် သို့မဟုတ် မပိုင်ဆိုင်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုကမျှ ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးမပြုနိုင်ပေ သို့မဟုတ် ဖော်ထုတ်ပြသခြင်း မပြုနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၄၁) ဘုရားသခင်သည် သူကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာကို သက်သေပြရန် တစ်ခုခုကို လုပ်ပြနိုင်မည်လော။ ဘုရားသခင်အတွက်၊ ဤသည်မှာ အလွယ်ကလေး ဖြစ်သည်- ယင်းသည် အလွန်လွယ်ကူသောအရာ ဖြစ်ခဲ့သည်။ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သက်သေပြရန် မည်သည့် နေရာ၌မဆို၊ မည်သည့်အချိန်၌မဆို တစ်စုံတစ်ရာကို သူ လုပ်ဆောင်နိုင်သည်၊ သို့သော် ဘုရားသခင်သည် အမှုအရာများကို- အစီအစဉ်တစ်ခုနှင့် အဆင့်တို့ဖြင့်- လုပ်ဆောင်သည့် သူ၏ ကိုယ်ပိုင်နည်းလမ်း ရှိခဲ့လေသည်။ သူသည် အမှုအရာများကို လက်လွတ်စပယ် မလုပ်ဆောင်ခဲ့ဘဲ၊ ယင်းထက် လူသားကို သူ မြင်ခွင့်ပေးမည့် အရာတစ်ခု၊ အဓိပ္ပာယ်နှင့် အမှန်တကယ် ပြည့်လျှမ်းခဲ့သည့် အရာတစ်ခုကိုလုပ်ဆောင်ရန် မှန်ကန်သော အချိန်နှင့် မှန်ကန်သော အခွင့်အရေးကို သူကြည့်သည်။ ဤနည်းဖြင့် သူ၏ဩဇာအာဏာနှင့် သူ၏ ပင်ကိုလက္ခဏာကို သူ သက်သေပြခဲ့သည်။ သို့ဆိုလျှင် လာဇရု၏ ရှင်ပြန်ထမြောက်ခြင်းက သခင်ယေရှု၏ ပင်ကိုလက္ခဏာကို သက်သေပြနိုင်မည်လော။ ကျမ်းစာ၏ အောက်ပါကျမ်းပိုဒ်ကို ကြည့်ကြစို့- “လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် ထွက်လာ၏။” သခင်ယေရှုက ဤအရာကို လုပ်ဆောင်ခဲ့ချိန်တွင်၊ တစ်ခုသာ သူပြောခဲ့သည်- “လာဇရုထွက်၍လာလော့။” ထို့နောက် လာဇရုက သူ့အုတ်ဂူမှ ထွက်လာခဲ့သည်- ဤသည်မှာ သခင် မြွက်ကြားခဲ့သော စကားအနည်းငယ်မျှကြောင့် ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ ဤအချိန်အတောအတွင်းတွင်၊ သခင်ယေရှုသည် ယဇ်ပလ္လင် တစ်ခု မပြင်ဆင်ခဲ့သကဲ့သို့၊ အခြား လုပ်ဆောင်ချက်တို့ကို မလုပ်ဆောင်ခဲ့ပေ။ ဤတစ်ခုသာ သူပြောခဲ့သည်။ ဤသည်ကို နိမိတ်လက္ခဏာတစ်ခုဟု ခေါ်မည်လော၊ အမိန့်တစ်ခုဟု ခေါ်မည်လော။ သို့မှမဟုတ် မှော်ပညာအမျိုးအစား တချို့လော။ အပေါ်ယံအားဖြင့်၊ နိမိတ်လက္ခဏာတစ်ခုဟု ခေါ်၍ရသည် ဟုထင်ရပြီး၊ ခေတ်ပေါ် ရှုထောင့်မှကြည့်ပါက၊ ယင်းကို နိမိတ်လက္ခဏာတစ်ခုဟု သင်တို့ ဧကန် ခေါ်၍ရနိုင်ဆဲ ဖြစ်၏။ သို့သော် ယင်းမှာ ဝိညာဉ်တစ်ခုကို သေခြင်းမှ ပြန်ခေါ်ဖို့ဟု ယူဆရသည့် ပယောဂမျိုးဟု သေချာပေါက် မှတ်ယူ၍မရနိုင်သကဲ့သို့၊ မည်သည့် မှော်ပညာအမျိုးအစားမျှ လုံးဝ မဟုတ်ခဲ့ပေ။ ဤနိမိတ်လက္ခဏာသည် ဖန်ဆင်းရှင်၏ ဩဇာအာဏာနှင့် သက်ဆိုင်သည့် ပုံမှန်အဖြစ်ဆုံးနှင့် သေးငယ်သော ဖော်ပြချက်တစ်ခုဖြစ်သည်ဟု ဆိုရန်မှာ မှန်ကန်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုး ဖြစ်သည်။ လူတစ်ယောက်ကို သေစေရန်၊ သူ၏ ဝိညာဉ်အား သူ၏ကိုယ်ခန္ဓာမှ ထွက်ပြီး မရဏနိုင်ငံကို ပြန်သွားစေရန် သို့မဟုတ် ၎င်း သွားသင့်သည့် အခြားမည်သည့် နေရာကိုမဆို ပြန်သွားစေရန် ဘုရားသခင်၌ ဩဇာအာဏာ ရှိသည်။ လူတစ်ဦး သေဆုံးချိန်နှင့် သေဆုံးပြီးနောက် ၎င်းတို့ သွားမည့်နေရာ- ဤအရာတို့ကို ဘုရားသခင်က သတ်မှတ်သည်။ သူသည် ဤဆုံးဖြတ်ချက်များကို လူသားများ၊ အဖြစ်အပျက်များ၊ အရာဝတ္ထုများ၊ နေရာ သို့မဟုတ် တည်နေရာတို့၏ ကန့်သတ်ထားခြင်းကို မခံရဘဲ အချိန်မရွေး၊ နေရာမရွေး လုပ်ဆောင်နိုင်သည်။ အရာခပ်သိမ်းနှင့် သက်ရှိသတ္တဝါအားလုံး သူ၏ အုပ်စိုးမှုအောက်တွင်ရှိပြီး အရာခပ်သိမ်းသည် သူ၏ နှုတ်ကပတ်တော်နှင့် သူ၏ ဩဇာအာဏာအားဖြင့် မွေးဖွား၊ ရှင်သန်ပြီး ပျက်စီးကြသောကြောင့်၊ ထိုအရာကို သူ လုပ်ဆောင်ချင်ပါက၊ သူ လုပ်ဆောင်နိုင်သည်။ သူသည် လူသေတစ်ဦးကို ပြန်ရှင်စေနိုင်ပြီး၊ ဤသည်မှာလည်း အချိန်မရွေး၊ နေရာမရွေး သူ လုပ်ဆောင်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်တစ်ပါးတည်းသာ ပိုင်ဆိုင်သော ဩဇာအာဏာ ဖြစ်သည်။

သခင်ယေရှုသည် လာဇရုကို သေခြင်းမှ ပြန်ရှင်စေခြင်း ကဲ့သို့သော အရာများကို လုပ်ဆောင်ခဲ့ချိန်တွင်၊ သူ၏ ရည်မှန်းချက်မှာ လူသားများအတွက် သက်သေပေးရန်နှင့် စာတန်ကို မြင်စေရန်အတွက်ဖြစ်ပြီး လူသားများနှင့် စာတန်ကို လူသားမျိုးနွယ်နှင့် ပတ်သက်သည့်အရာတိုင်း၊ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းတို့ကို ဘုရားသခင် သတ်မှတ်ကြောင်းနှင့် သူသည် လူ့ဇာတိခံယူခဲ့ပြီးဖြစ်သော်လည်း၊ မြင်၍ရနိုင်သည့် ရုပ်ဝတ္ထုလောကအပြင်၊ လူသားများ မမြင်နိုင်သည့် ဝိညာဉ်လောကကိုပါ ကွပ်ကဲအုပ်ချုပ်နေဆဲဖြစ်ကြောင်းကို သိစေရန်ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်နှင့် ပတ်သက်သည့် အရာရာတိုင်းသည် စာတန်၏ ကွပ်ကဲအုပ်ချုပ်မှု အောက်တွင် မရှိသည်ကို လူသားမျိုးနွယ်နှင့် စာတန်က သိကြစေဖို့အလို့ငှာ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာနှင့်ဆိုင်သည့် ဖွင့်ပြခြင်းနှင့် ထုတ်ဖော်ပြသခြင်း ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်၏ လက်ထဲ၌ရှိကြောင်း ကို အရာခပ်သိမ်းထံ သတင်းစကားပေးပို့ရန် ဘုရားသခင်၏ နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သခင်ယေရှု၏ လာဇရုကို သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းသည် လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က သွန်သင်ကာ ညွှန်ကြားသည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်ကို ညွှန်ကြားရန်နှင့် ထောက်ပံ့ရန် သူ၏ တန်ခိုးနှင့် ဩဇာအာဏာကို သူအသုံးပြုသည့် ခိုင်မာသော လုပ်ဆောင်ချက်တစ်ခုဖြစ်ခဲ့သည်။ ယင်းသည် သူသည် အရာအခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်သည်ကို စကားများ အသုံးပြုခြင်းမရှိဘဲ၊ လူသားမျိုးနွယ်အား မြင်ခွင့်ပေးဖို့ ဖန်ဆင်းရှင်အတွက် နည်းလမ်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ သူ့အားဖြင့်မှလွဲ၍ အခြားကယ်တင်ခြင်း မရှိသည်ကို လက်တွေ့ လုပ်ဆောင်ချက်များမှတစ်ဆင့် လူသားမျိုးနွယ်ကို ပြောပြရန် သူ့အတွက် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်ကို ညွှန်ကြားဖို့ သူ အသုံးပြုသည့် ဤတိတ်ဆိတ်သော နည်းလမ်းသည် လူသား၏စိတ်နှလုံးထံ အံ့သြထိတ်လန့်မှုတစ်ခုနှင့် မည်သည့်အခါမျှ ပျောက်ကွယ် မသွားမည့် အသိဉာဏ်ပွင့်လင်းခြင်းကို ဆောင်ကြဉ်းလျက် ထာဝရတည်တံ့ကာ၊ မပျက်ပြယ်နိုင်ပေ။ လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှား စေခဲ့သည်- ဤအရာသည် ဘုရားသခင်၏ နောက်လိုက် တစ်ဦးချင်းစီတိုင်းအပေါ် နက်ရှိုင်းသော သက်ရောက်မှုတစ်ခု ရှိလေသည်။ ဤဖြစ်ရပ်ကို နက်ရှိုင်းစွာ နားလည်သော လူတိုင်း၌ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းအား အမိန့်ပေးနိုင်သည် ဟူသည့် သိနားလည်မှု၊ အမြင်ကို သတ်မှတ်ပေးသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

(၅၄၂) ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ချမှတ်ဆုံးဖြတ်မှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

(၅၄၃) လူတစ်ယောက်၏ မွေးဖွားခြင်းက ထိုလူ၏ ယခင်ဘဝအားဖြင့် လျာထားပြီးဖြစ်သည်ဆိုပါက သူ့သေခြင်းက ထိုကံတရား၏အဆုံး၏ အမှတ်သညာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဤဘဝတွင် ထိုလူ၏ တာဝန်အစဆိုပါက သူ့သေခြင်းက ၎င်းတာဝန်၏အဆုံး၏ အမှတ်သညာဖြစ်၏။ ဖန်ဆင်းရှင်သည် လူတစ်ယောက်၏ မွေးဖွားခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများ ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် သူ့၏သေခြင်း အတွက်လည်း သတ်မှတ်ထားသည့် အခြေအနေများကို စီစဉ်ပြီးဖြစ်သည်မှာ ပြောဖို့မလိုပေ။ တစ်နည်းပြောရလျှင်၊ မည်သူမျှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်၊ မည်သူ၏ သေခြင်းကမျှ ရုတ်တရက် မဟုတ်သကဲ့သို့ မွေးဖွားခြင်းနှင့် သေခြင်းနှစ်ခုလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေ ပေသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အခြေအနေနှစ်ခုလုံးကို ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားပေသည်။ ဤသည်မှာ လူတစ်ယောက်၏ ကံတရား၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားမှုအတွက် ရှင်းပြချက်များစွာ ရှိသည့်အတွက်၊ လူတစ်ယောက်၏ သေခြင်းသည် ယင်း၏ ကိုယ်ပိုင် ထူးခြားသည့် အမျိုးမျိုးသော အခြေအနေများအောက်၌ ဖြစ်ပေါ်ပေလိမ့်မည်။ ဤသည်မှာ လူတို့၏ မတူညီသည့် သက်တမ်းများနှင့် ၎င်းတို့သေသည့် မတူညီသောပုံစံများနှင့် အချိန်များအတွက် အကြောင်းရင်း ဖြစ်သည်။ လူအချို့က ကျန်းမာသန်စွမ်းသော်လည်း စောလျင်စွာ သေဆုံးကြသည်။ အချို့က အားနည်းပြီး မကြာခဏ ဖျားနာသော်လည်း အသက်ကြီးသည့်အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးကြသည်။ အချို့မှာ သဘာဝမဟုတ်သည့် အကြောင်းများကြောင့်သေဆုံးပြီး အချို့က သဘာဝအလျောက်သေဆုံးကြသည်။ အချို့က မိမိအိမ်နှင့် အဝေးတွင် မိမိတို့အသက်ကို အဆုံးသတ်သည်။ တစ်ခြားလူတို့က သူတို့နံဘေးတွင် သူတို့ချစ်ရသူများနှင့်အတူ မျက်လုံးပိတ်ကြသည်။ တစ်ချို့လူတို့က လေထဲမှာ သေဆုံးကြသည်။ တစ်ခြားသူတို့က ကမ္ဘာမြေကြီးအောက်တွင် သေဆုံးကြသည်။ အချို့က ရေအောက်တွင် နစ်မြုပ်သည်။ အချို့က ကပ်ဘေးများထဲတွင် ပျောက်ဆုံးသွားကြသည်။ အချို့က မနက်တွင်သေသည်။ အချို့က ညတွင်သေသည်။...လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ ထူးချွန်ပြောင်မြောက်သော ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပေ။ မည်သူကမျှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပေ။ ဤကား လူသား၏ ကံကြမ္မာပေတည်း။ လူသားသည် သူ့အနာဂတ်အတွက် အစီအစဉ်အမျိုးစုံ ချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမျှ ၎င်းတို့ မွေးဖွားသည့် ပုံစံနှင့် အချိန်၊ လောကကြီးမှ ထွက်ခွာသွားခြင်း ပုံစံနှင့်အချိန်တို့ကို မစီစဉ်နိုင်ပေ။ လူတို့က သေခြင်းရောက်လာခြင်းကို ရှောင်ရှားပြီး ခုခံဖို့ အကောင်းဆုံးလုပ်ဆောင်ကြသော်လည်း ၎င်းတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာဆဲဖြစ်သည်။ ၎င်းတို့ မည်သည့်အချိန်သေမည်နှင့် မည်သို့သေမည်ကို မည်သူမျှ မသိကြဘဲ၊ မည်သည့်နေရာတွင် သေမည်ဆိုသည်ကို သာ၍ပင် မသိပေ။ သိသိသာသာပင်၊ သေခြင်းနှင့်ရှင်ခြင်း၏ တန်ခိုးကို စွဲကိုင်ထားသည်မှာ လူသားမျိုးနွယ် မဟုတ်၊ သဘာဝလောကထဲက သတ္တဝါတစ်ခုမဟုတ်ဘဲ၊ သြဇာအာဏာ အတုမရှိသည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘာဝလောက၏ နိယာမတစ်ခု၏ ရလဒ်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

(၅၄၄) ဘုရားသခင်၏ သြဇာအာဏာအောက်တွင် လူတိုင်းသည် သူ့၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုတို့ကို တက်ကြွစွာ သို့မဟုတ် မလှုပ်မယှက် လက်ခံကြသည်။ ဘဝလမ်းကြောင်းပေါ်တွင် မည်မျှပဲ ရုန်းကန်လှုပ်ရှားနေပါစေ၊ ကွေ့ကောက်သည့်လမ်းတွေကို မည်မျှပင် လျှောက်နေရပါစေ၊ အဆုံးတွင် ၎င်းတို့ ဖန်ဆင်းရှင် လမ်းကြောင်းချပေးခဲ့သည့် ကံကြမ္မာ၏ လမ်းကြောင်းထဲသို့ ပြန်သွားရပေလိမ့်မည်။ ၎င်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မကျော်လွှားနိုင်ခြင်းဖြစ်ကာ စကြဝဠာကို သူ့သြဇာအာဏာက ထိန်းချုပ်ပြီး အုပ်စိုးသည့် ပုံစံဖြစ်လေသည်။ အရာအားလုံး၏ ဘဝကို အုပ်စိုးသည့်နိယာမများ၊ နှောင့်ယှက်ခြင်းများ မဖြစ်စေဘဲ လူသားတို့ကို ကြိမ်ဖန်များစွာ ပြန်ဝင်စားခွင့်ပြုသည့်နိယာမများ၊ ကမ္ဘာလောကကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ပုံမှန်လှည့်ပတ်စေပြီး ရှေ့ဆက်စေသည့် နိယာမများအတွက် တာဝန်ရှိသည်မှာ ဤမကျော်လွှားနိုင်ခြင်း၊ ဤထိန်းချုပ်မှုနှင့် အုပ်စိုးမှုပုံစံတို့ပင် ဖြစ်သည်။ ဤအချက်အလက်များ အားလုံးကို သင်တို့ မြင်တွေ့ရပြီး အပေါ်ယံဖြစ်စေ၊ နက်နဲစွာဖြစ်စေ ၎င်းတို့ကို သင်တို့နားလည်ပေပြီ။ သင်၏ နားလည်မှု အတိမ်အနက်က သမ္မာတရားနှင့်သက်ဆိုင်သော သင်တို့၏ အတွေ့အကြုံနှင့် အသိပညာ၊ ဘုရားသခင်နှင့်ဆိုင်သော သင်တို့၏ အသိပညာတို့အပေါ် မူတည်ပေသည်။ သမ္မာတရား၏ စစ်မှန်မှုကို သင်မည်မျှ ကောင်းကောင်းသိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မည်မျှ တွေ့ကြုံခဲ့ရသည်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားကို သင်မည်မျှ ကောင်းကောင်းသိသည်ဆိုသည့် ဤအချက်များအားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု အတိမ်အနက်ကို ကိုယ်စားပြုပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့၏ တည်ရှိခြင်းသည် လူတို့က ဤအရာများအား ကျိုးနွံနာခံခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပါသလော။ သြဇာအာဏာကို ဘုရားသခင် ပိုင်ဆိုင်သည် ဆိုသည့်အချက်က ယင်းကို လူသားမျိုးနွယ်က နာခံခြင်း ရှိမရှိဆိုသည့်အရာအားဖြင့် သတ်မှတ်ထားသလော။ ဘုရားသခင်၏ အခွင့်အာဏာက အခြေအနေများနှင့် မသက်ဆိုင်ပဲ ဖြစ်တည်နေ၏။ အခြေအနေများ အားလုံးတွင်၊ ဘုရားသခင်က လူသားကံကြမ္မာတိုင်းနှင့် အရာအားလုံးကို သူ့၏ အကြံအစည်များနှင့် ဆန္ဒများနှင့်အညီ ပြဋ္ဌာန်းပေးပြီး စီစဉ်လေသည်။ လူသားက ပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဤအရာပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အခွင့်အာဏာသည် သူ့၏ အနှစ်သာရစစ်စစ် ဖြစ်သည့်အတွက် လူသား၏ အလိုဆန္ဒအပေါ် အမှီအခိုလွတ်ကင်းပြီး အချိန်၊ စကြဝဠာနှင့် မြေမျက်နှာသွင်ပြင်တို့ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ။ လူသားက ဘုရား၏ အချုပ်အခြာအာဏာကို သိပြီး လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ယင်းကို လူသားက ကျိုးနွံနာခံနိုင်သည်ဖြစ်စေ မနာခံနိုင်သည်ဖြစ်စေ သုံးသပ်ခြင်းများထဲမှ မည်သည့်အရာကမျှ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သော အမှန်တရားကို အနည်းငယ်မျှ မပြောင်းလဲချေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် လူသားက မည်သို့ သဘောထားရှိပါစေ၊ ယင်းက အရာအားလုံးအပေါ်နှင့် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာအား ဘုရားသခင် စွဲကိုင်သည့်အချက်ကို မပြောင်းလဲနိုင်ပေ။ သင်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်း မရှိလျှင်ပင်၊ သင်၏ကံကြမ္မာကို သူအုပ်ချုပ်ဆဲဖြစ်၏။ သူ့၏ အချုပ်အခြာအာဏာကို သင်မသိနိုင် လျှင်ပင်၊ သူ့၏သြဇာအာဏာက တည်ရှိဆဲဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားသည် လူသား၏ အလိုဆန္ဒနှင့် ကင်းလွတ်ပြီး လူသား၏ နှစ်သက်မှုနှင့် ရွေးချယ်မှုများအရ ပြောင်းလဲခြင်း မရှိပေ။ ဘုရားသခင်၏ သြဇာအာဏာသည် နေရာတိုင်း၊ နာရီတိုင်း၊ အချိန်တိုင်း၌ ရှိလေသည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း သူ့၏ သြဇာအာဏာသည် အစဉ်တည်ပါလိမ့်မည်။ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည့်အတွက် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်ပြီး သူ့၏သြဇာအာဏာသည် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများ၊ စကြဝဠာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် အမှုအရာများ ချုပ်ချယ်ခံရခြင်း သို့မဟုတ် ကန့်သတ်ထားခြင်း မရှိပေ။ အချိန်တိုင်းတွင်၊ ဘုရားသခင်က သူ့၏အခွင့်အာဏာကို စွဲကိုင်သည်၊ သူ့၏ တန်ခိုးအစွမ်းကို ပြသည်၊ သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့၏ စီမံခန့်ခွဲမှုအလုပ်များကို ဆက်လက်လုပ်ဆောင်လေသည်။ အချိန်တိုင်းတွင် သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း အရာအားလုံးကို အုပ်ချုပ်သည်။ အရာအားလုံးအတွက် ထောက်ပံ့သည်။ အရာအားလုံးကို စီစဉ်ညွှန်ကြားလေသည်။ ဤအရာကို ဘယ်သူမှ မပြောင်းလဲနိုင်။ ၎င်းသည် အမှန်တရား ဖြစ်ပေသည်။ ၎င်း၌ ရှေးကတည်းက မပြောင်းလဲသည့်သမ္မာတရား ရှိလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

(၅၄၅) ဘုရားသခင်၏ အခွင့်အာဏာနှင့်ပတ်သက်သည့် သမ္မာတရားများက လူတိုင်း လေးနက်စွာ မှတ်ယူရမည့်၊ ၎င်းတို့ နှလုံးသားနှင့် ကြုံတွေ့ပြီး နားလည်ရမည့် သမ္မာတရားများ ဖြစ်သည်။ ဤသမ္မာတရားများသည် လူတိုင်း၏ ဘဝ၊ လူတိုင်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အပေါ်၊ လူတိုင်းဘဝတွင် ဖြတ်သန်းရမည့် အရေးကြီးသည့် ဆုံမှတ်များအပေါ်တွင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆိုင်သော လူသား၏ အသိပညာနှင့် ဘုရားသခင်၏ သြဇာအာဏာကို ရင်ဆိုင်သည့်အခါ အသုံးပြုသင့်သည့် သဘောထားတို့အပေါ်၊ သဘာဝအလျောက် လူတိုင်း၏ နောက်ဆုံးခရီးပန်းတိုင်အပေါ် ဆက်နွယ်မှု ရှိနေသည့် အတွက်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို သိပြီး နားလည်ဖို့၊ ဘဝတစ်ခုလုံးစာ စွမ်းအင်များ လိုအပ်ပေသည်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အတိအလင်းခံယူသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါ၊ ဘုရားသခင်၏ သြဇာအာဏာ၏ အမှန်တကယ် တည်ရှိခြင်း သမ္မာတရားကို သင်တဖြည်းဖြည်း သိမြင်ပြီး နားလည်လာလိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို သင်လုံးဝ မသိမှတ်သကဲ့သို့ သူ့ အချုပ်အခြာအာဏာကို လုံးဝလက်မခံပါက၊ သင်နှစ်မည်မျှ အသက်ရှင်ပြီးပါစေ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အသိပညာကို အနည်းငယ်ပင် သင်ရရှိမည်မဟုတ်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အမှန်တကယ်သိပြီး နားလည်ခြင်း မရှိလျှင် သင်လမ်းဆုံးကို ရောက်သည့်အခါ ဘုရားသခင်ကို သင်ဆယ်စုနှစ်များစွာ ယုံကြည်ခဲ့သည့်တိုင် သင့်ဘဝအတွက် ပြစရာ ဘာမျှရှိမည်မဟုတ်သကဲ့သို့ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်မျှ အလိုအလျောက် သင် ရှိလိမ့်မည်မဟုတ်။ ဤသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသည့် အရာ မဟုတ်သလော။ ထို့ကြောင့် ဘဝတွင် သင်မည်မျှဝေးဝေး လျှောက်လှမ်းပြီးပါစေ၊ သင်ယခု မည်မျှ အသက်ကြီးနေပါစေ၊ သင်၏ ကျန်ရှိသည့်ခရီးက မည်မျှရှည်လျားပါစေ၊ ပထမဆုံး ဘုရားသခင်၏ သြဇာအာဏာကို သင် သိမှတ်ကာ လေးနက်စွာ ခံယူရမည်။ ပြီးလျှင် ဘုရားသခင်သည် သင်၏ အတုမရှိသည့် အရှင်သခင်ဖြစ်သည် ဆိုသည့်အချက်ကို လက်ခံရမည်။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် ဤအမှန်တရားများအပေါ် ရှင်းလင်းသည့်၊ တိကျသည့် သိမြင်မှုနှင့် နားလည်မှုကို ရယူခြင်းက လူတိုင်းအတွက် မဖြစ်မနေလိုအပ်သည့် သင်ခန်းစာဖြစ်သည်။ ယင်းသည် လူသားဘဝသိရှိခြင်းနှင့် အမှန်တရားကို ရယူခြင်း အတွက် သော့ချက်ဖြစ်သည်။ နေ့စဉ်လူတိုင်း ရင်ဆိုင်ရသည့်၊ မည်သူမှ ရှောင်လွဲမရနိုင်သည့် ဘုရားသခင်ကို သိခြင်းဘဝနှင့် ယင်း၏ အခြေခံသင်ခန်းစာ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤပန်းတိုင်သို့ရောက်ဖို့ ဖြတ်လမ်းက သွားချင်ပါက၊ မဖြစ်နိုင်ဟု ယခု သင့်ကို ငါ ပြော၏။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်တို့ လွတ်မြောက်ချင်ပါက၊ ယင်းသည် ပို၍ပင်မဖြစ်နိုင်ချေ။ ဘုရားသခင်သည် လူသား၏ တစ်ဦးတည်းသော သခင်ဖြစ်သည်။ ဘုရားသခင်သည် လူသားကံကြမ္မာ၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်သည်။ ထို့ကြောင့် လူသားအတွက် သူ့ကိုယ်ပိုင်ကံကြမ္မာကို ပြဋ္ဌာန်းဖို့ မဖြစ်နိုင်။ ယင်း၏ ပြင်ပသို့ ခြေလှမ်းဖို့ သူ့အတွက် မဖြစ်နိုင်ပေ။ လူတစ်ယောက်၏ အရည်အချင်းက မည်မျှပင် ကြီးမားပါစေ၊ အခြားလူများ၏ ကံကြမ္မာကို စီစဉ်ညွှန်ကြားဖို့၊ စီစဉ်ဖို့၊ ထိန်းချုပ်ဖို့ သို့မဟုတ် ပြောင်းလဲဖို့ မပြောနှင့်၊ မလွှမ်းမိုးနိုင်ပေ။ လူသားအတွက် အရာခပ်သိမ်းကို အတုမရှိသည့် ဘုရားသခင် ကိုယ်တိုင်သာ အုပ်စိုးပါသည်၊ လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်သည့် အတုမရှိသော သြဇာအာဏာကို သူသာလျှင် ပိုင်ဆိုင်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင် သာလျှင် လူသား၏ အတုမရှိသည့် အရှင်သခင်ဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာသည် ဖန်ဆင်းခံ လူသားမျိုးနွယ် အပေါ်သာမက မည်သည့်လူသားမျှ မမြင်နိုင်သည့် ဖန်ဆင်းခံ မဟုတ်သော အရာများအပေါ်၊ ကြယ်များအပေါ် စကြဝဠာ အပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထား၏။ ဤသည်မှာ ငြင်း၍မရသည့် အချက်၊ မည်သည့်လူသား သို့မဟုတ် မည်သည့်အမှုအရာကမျှ ပြောင်းလဲ၍မရသည့် အမှန်တကယ် တည်ရှိသော အချက်တစ်ခု ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးက ထူးခြားသည့် ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းများရှိသည်ဟု ယုံကြည်ရင်းနှင့်သင်ကံကောင်းပြီး သင့်လက်ရှိ အခြေအနေများကို ပြောင်းလဲနိုင်သည် သို့မဟုတ် လွတ်မြောက်နိုင်သည်ဟု ထင်မြင်ဆဲဖြစ်ရင်း ၎င်းတို့ပုံစံအတိုင်းရှိသည့် အမှုအရာများကို မကျေမနပ် ဖြစ်နေသေးပါက၊ သင်သည် လူသား၏အားထုတ်မှုနှင့် သင်၏ ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲပြီး ဤနည်းနှင့် အများထက် သာလွန်ပြီး အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရရှိဖို့ ကြိုစားပါက၊ သင်သည် မိမိကိုယ်ကိုယ်အတွက် ကိစ္စရပ်များကို ခက်ခဲအောင် လုပ်နေသည်ဟု သင့်ကို ငါဆို၏။ သင်သည် ပြဿနာကိုသာ ရှာနေခြင်းဖြစ်သည်။ ကိုယ့်သင်္ချိုင်းကိုယ်တူးနေခြင်း ဖြစ်သည်။ တစ်နေ့ အနှေးနှင့် အမြန်ဆိုသကဲ့သို့ မှားယွင်းသည့် ရွေးချယ်မှု သင်လုပ်ခဲ့သည်၊ သင်၏ အားထုတ်မှုများ ဖြုန်းတီးပစ်ခဲ့သည်ကို သင်တွေ့ရှိရလိမ့်မည်။ သင့် ရည်မှန်းချက်၊ ကံကိုဆန့်ကျင်ပြီး ရုန်းကန်လှုပ်ရှားဖို့ သင့်ဆန္ဒ၊ သင်၏ ကိုယ်ပိုင် ပြောင်မြောက်လှသည့် လုပ်ဆောင်မှုများသည် ပြန်လမ်းမရှိသည့် လမ်းသို့ သင့်ကို ပို့ဆောင်ပေးပါလိမ့်မည်။ ဤအတွက် သင်သည် ခါးသီးသည့် အဖိုးအခတစ်ခု သင် ပေးရလိမ့်မည်။ လက်ရှိအချိန်တွင် အကျိုးဆက်များ၏ ပြင်းထန်မှုကို သင် မမြင်သော်လည်း ဘုရားသခင်သည် လူသားကံကြမ္မာ၏ အရှင်သခင်ဖြစ်သည်ဆိုသည့် သမ္မာတရားကို တွေ့ကြုံပြီး ပိုပြီး နက်ရှိုင်းစွာ အသိအမှတ် ပြုလာသည်နှင့်အမျှ ယနေ့ ငါပြောနေသည့်အရာနှင့် ယင်း၏ သက်ရောက်မှုကို သင်တဖြည်းဖြည်း သိမြင်လာလိမ့်မည်။ သင်သည် စိတ်နှလုံးနှင့် ဝိညာဉ်တစ်ခု ဧကန်ရှိ၊ မရှိ၊ သမ္မာတရားကို ချစ်သည့်လူ သင်ဟုတ်၊ မဟုတ်၊ ဆိုသည်တို့မှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် သမ္မာတရားအပေါ် မည်သို့ သဘောထားမျိုး သင် ခံယူသည်ဆိုသည့်အပေါ် မူတည်ပေသည်။ ဤအချက်သည် ဘုရားသခင်၏ သြဇာအာဏာကို သင်အမှန်တကယ် သိပြီး နားလည်ခြင်း ရှိ၊ မရှိဆိုသည်ကို အလိုအလျောက် သတ်မှတ် ပေးသည်။ သင့်ဘဝ၌ ဘုရားသခင်၏ သြဇာအာဏာကို သိမှတ်ပြီး လက်ခံဖို့ နေနေသာသာ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ အစီအစဉ်များအား ဘယ်သောအခါမျှ မခံစားဖူးပါက၊ သင်သည် လုံးဝ တန်ဖိုးမရှိသူ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်ခံယူခဲ့သည့် လမ်းကြောင်းနှင့် သင်ပြုလုပ်ခဲ့သည့် ရွေးချယ်မှုတို့ကြောင့် သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို အမှန်တကယ် ခံရသည့်သူ ဖြစ်လိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ အမှု၌ သူ၏စမ်းသပ်မှုကို လက်ခံနိုင်သူ၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံနိုင်သူ၊ သူ့၏ သြဇာအာဏာကို ကျိုးနွံနာခံပြီး သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံ များကို တဖြည်းဖြည်း ရရှိသောသူတို့သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာ၊ သူ၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုတို့ကို ရရှိပေလိမ့်မည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ကို ဝန်ခံသောသူများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ ထိုသို့သောလူများသာ အမှန်တကယ် ကယ်တင်ခြင်းခံရမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

(၅၄၆) ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက၊ မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ဖြစ်ပေါ်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။ အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

(၅၄၇) လူသားမျိုးနွယ်နှင့် စကြဝဠာ၏ကံကြမ္မာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အတွင်းကျကျ ရစ်ပတ်နေပြီး ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် မခွဲမခွာ ချည်နှောင်ထားသည်။ အဆုံး၌ ၎င်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာမှ ခွဲထုတ်မရချေ။ ဆွဲခွာလို့မရပေ။ အရာအားလုံး၏ နိယာမများတွင်၊ လူသည် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် သူ၏ အချုပ်အခြာ အာဏာကို နားလည်လာသည်၊ အရာခပ်သိမ်း၏ ရှင်သန်ရေး စည်းမျဉ်းများဖြင့်၊ သူသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို သတိပြုမိလာသည်၊ အရာခပ်သိမ်း၏ ကံကြမ္မာများတွင်၊ ဖန်ဆင်းရှင်က သူ၏ သြဇာအာဏာကို အသုံးချပြီး ၎င်းတို့ကို ထိန်းချုပ်သည့် နည်းလမ်းများကို သူကောက်ချက်ချလာသည်။ ပြီးလျှင် လူသားများနှင့် အရာအားလုံး၏ ဘဝစက်ဝန်းများတွင် လူသားသည် အရာအားလုံးနှင့် သက်ရှိအားလုံးတို့အတွက် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို အမှန်တကယ် တွေ့ကြုံလာရပြီး၊ ထိုစီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်တို့သည် ကမ္ဘာမြေကြီးနှင့်ဆိုင်သည့် နိယာမများ၊ စည်းမျဉ်းများ၊ အလေ့အထများ၊ အခြားတန်ခိုးစွမ်းအားများနှင့် အင်အားစုများအားလုံးကို မည်သို့ အစားထိုးသည်ကို အမှန်တကယ် မျက်မြင်တွေ့ရှိလာရသည်။ ဤအချက်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာသည် အဘယ်ဖန်ဆင်းခံကမျှ ချိုးဖောက်၍မရ၊ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ခဲ့သည့် အဖြစ်အပျက်နှင့် အမှုအရာများကို မည်သည့် အင်အားစုကမျှ ကျူးကျော်၍မရ သို့မဟုတ် ပြောင်းလဲ၍မရသည်ကို လူသားမျိုးနွယ်အား လက်ခံစေသည်။ လူသားနှင့် အရာအားလုံးသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ပြီး မျိုးပွားခြင်းက ဤမြင့်မြတ်သည့် နိယာမများနှင့် စည်းမျဉ်းများ၏ အောက်တွင်ဖြစ်သည်။ ဤကား ဖန်ဆင်းရှင် အခွင့်အာဏာ၏ စစ်မှန်သည့် ပြယုဂ်မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

(၅၄၈) ဘုရားသခင်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း၊ သူသည် သူ၏လုပ်ဆောင်မှုများ၌ အလွန် တင်းကျပ်ပြီး စည်းကမ်းရှိကာ သူ၏ကတိကို တည်လေသည်။ သူ၏ တင်းကျပ်မှုနှင့် သူ၏ လုပ်ဆောင်ချက်များ၏ အခြေခံသဘောတရားများက ဖန်ဆင်းရှင်၏ ပုန်ကန်ပြစ်မှား၍ မရခြင်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ကျော်လွန်၍မရခြင်းကို ပြသသည်။ သူသည် အထွတ်အထိပ် သြဇာအာဏာကို ပိုင်ဆိုင်ထားပြီး အရာအားလုံးသည် သူ၏အုပ်စိုးမှုအောက်တွင်ရှိသော်လည်း၊ ပြီးလျှင် သူသည် အရာအားလုံးကို အုပ်စိုးရန် တန်ခိုးရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့်အခါတွင်မျှ သူကိုယ်တိုင်၏ အစီအစဉ်ကို ထိခိုက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုဖူးသကဲ့သို့၊ သူ၏သြဇာအာဏာကို အသုံးပြုသည့် အချိန်တိုင်းတွင်၊ ယင်းသည် သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများနှင့် အတိအကျ ကိုက်ညီပြီး သူ့နှုတ်မှ ပြောဆိုထားခဲ့သည့်အရာနောက် အတိအကျ လိုက်ကာ သူ၏ အစီအစဉ်နှင့်သက်ဆိုင်သည့် အဆင့်များနှင့် ရည်မှန်းချက်များနောက် လိုက်လေသည်။ ဘုရားသခင်အုပ်စိုးသည့် အရာခပ်သိမ်းသည်လည်း ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုထားသည့် အခြေခံသဘောတရားများကို လိုက်နာကြပြီး မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သူ၏ သြဇာအာဏာ၏ အစီအစဉ်များမှ မလွတ်ကင်းသကဲ့သို့၊ သူ၏သြဇာအာဏာ အသုံးပြုထားသည့် အခြေခံသဘောတရားများကို ၎င်းတို့ မပြောင်းလဲနိုင်သည်ကို ပြောစရာမလိုပေ။ ဘုရားသခင်၏ အမြင်တွင်၊ ကောင်းချီးခံစားရသည့်သူများသည် သူ၏ သြဇာအာဏာက ဖြစ်ပေါ်စေသည့် ကောင်းမွန်သည့် အခွင့်အလမ်းများကို ရရှိကြပြီး ကျိန်ဆဲခံရသူများမှာ ဘုရားသခင်၏ သြဇာအာဏာကြောင့် ၎င်းတို့၏ အပြစ်ပေးခြင်းကို ရရှိကြပေသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အချုပ်အခြာအာဏာ အောက်တွင်၊ မည်သည့်လူ သို့မဟုတ် မည်သည့်အရာမျှသည် သူ၏သြဇာအာဏာ အသုံးပြုခြင်းမှ မကင်းလွတ်သကဲ့သို့၊ သူ့သြဇာအာဏာကို အသုံးပြုထားသည့် အခြေခံ သဘောတရားများကိုလည်း မပြောင်းလဲနိုင်ပေ။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အကြောင်းရင်းတစ်ခုတစ်လေ၌ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ၊ အလားတူစွာ၊ သူ၏ သြဇာအာဏာကို အသုံးပြုသည့် အခြေခံသဘောတရားများသည် မည်သည့်အကြောင်းရင်းအတွက်မျှ မပြောင်းလဲပေ။ မိုးကောင်းကင်နှင့် မြေကြီးသည် ကြီးစွာသော ကသောင်းကနင်း ဖြစ်မှုများကို ကြုံရနိုင်သော်လည်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ အရာအားလုံး ဆိတ်သုဉ်းပျောက်ကွယ်သွားနိုင်သော်လည်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်။ ဤသည်မှာ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သကဲ့သို့ ပုန်ကန်ပြစ်မှား၍မရနိုင်သည့် သြဇာအာဏာ၏ အနှစ်သာရဖြစ်ပြီး ဖန်ဆင်းရှင်၏ တကယ့် အတုမရှိခြင်း ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၄၉) စာတန်က ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ရဲသည့်အပြင် ဘုရားသခင်၏ အမိန့်များနှင့် အထူးမိန့်ကြားချက်များကို သေချာနားထောင်ပြီး နာခံခဲ့သည်။ ၎င်းတို့ကို မည်သည့်အခါမျှ သူမဖီဆန်ဝံ့ပေ။ ထို့ပြင် ဘုရားသခင်၏ အမိန့်များကိုလည်း ထင်သလို မပြောင်းလဲဝံ့ပေ။ ဤအရာတို့သည် ဘုရားသခင်က စာတန်အတွက် ချမှတ်ထားသည့် အကန့်အသတ်များဖြစ်သည်။ ထို့ကြောင့် စာတန်က ဤအကန့်အသတ်များကို မည်သည့်အခါမျှ မကျော်ဖြတ်ရဲပေ။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်း မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ သက်သေခံခြင်းတစ်ခု မဟုတ်ပေလော။ ဘုရားသခင်အပေါ် မည်သို့ပြုမူရမည်၊ ဘုရားသခင်ကို မည်သို့မြင်ရမည်ဆိုသည်နှင့်ပတ်သက်၍ စာတန်၌ လူသားမျိုးနွယ်ထက် ပိုရှင်းလင်းသည့် နားလည်မှုရှိသည်။ ထို့ကြောင့် ဝိညာဉ်လောကတွင် စာတန်က ဘုရားသခင်၏ သြဇာအာဏာနှင့် ဂုဏ်ဒြပ်ကို အလွန်ရှင်းရှင်းလင်းလင်းမြင်ပြီး ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်းနှင့် သူ၏သြဇာအာဏာနောက်က အခြေခံမူများကို လေးလေးနက်နက် စာတန်သဘောပေါက်သည်။ ဤအရာများကို စာတန်သည် လုံဂဝလျစ်လျူမရှုရဲသကဲ့သို့ မည်သည့်နည်းနှင့်မျှ မချိုးဖောက်ရဲပေ၊ သို့မဟုတ် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်သည့်အရာ တစ်ခုမျှ မလုပ်ရဲပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သည့်နည်းလမ်းနှင့်မျှ သူစိန်မခေါ်ရဲပေ။ စာတန်၏သဘာဝမှာ ဆိုးယုတ်ပြီး မာနထောင်လွှားသော်လည်း သူသည် ဘုရားသခင်က သူ့အတွက် ချမှတ်ထားသည့် နယ်နိမိတ်များနှင့် အကန့်အသတ်များကို တစ်ခါမျှ မဖြတ်ကျော်ရဲပေ။ နှစ်သန်းပေါင်းများစွာအကြာထိ ဤနယ်နိမိတ်များကို တိတိကျကျ သူလိုက်နာခဲ့သည်။ ဘုရားသခင်ပေးအပ်သည့် ခိုင်းစေမှုနှင့် အမိန့်တိုင်းကို သူလိုက်နာပြီး မည်သည့်အခါမျှ ဘောင်မကျော်ဝံ့ခဲ့ပေ။ စာတန်သည် အန္တရာယ်ရှိသော်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ထက် သူက ပိုပါးနပ်သည်။ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို သူသိပြီး သူ၏ ကိုယ်ပိုင်နယ်နိမိတ်များကို သူသိသည်။ စာတန်၏ “ကျိုးနွံနာခံသည့်” အပြုအမူများမှတစ်ဆင့် ဘုရားသခင်၏သြဇာအာဏာနှင့် တန်ခိုးတို့သည် စာတန်ကျော်လွန်၍မရနိုင်သည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ထုတ်ပြန်ချက်များဖြစ်ကြောင်းကို မြင်နိုင်ပြီး၊ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သြဇာအာဏာ အတိအကျကြောင့်သာ အရာအားလုံးသည် အစီအစဉ်တကျ ပြောင်းလဲပြီး ပွားများခြင်းဖြစ်ကြောင်း၊ ဤအမိန့်ကို နှောင့်ယှက်နိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ၊ ထို့ပြင် ဤနိယာမကို ပြောင်းလဲနိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ ဘုရားသခင်တည်ထောင်ထားသည့် လမ်းကြောင်းအတွင်း၌ လူသားတို့ အသက်ရှင်ပြီး မျိုးပွားနိုင်ခြင်းဖြစ်ကြောင်း မြင်နိုင်သည်- အကြောင်းမှာ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏လက်မှလာပြီး ဖန်ဆင်းရှင်၏ အမိန့်နှင့် သြဇာအာဏာမှ လာသည့်အတွက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၅၀) စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော ရှုထောင့်များနှင့်စပ်ဆိုင်သည့် သူ၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို အလွန်စိတ်ဝင်စားစေခဲ့သည်။ စာတန်အနေဖြင့် နိမိတ်လက္ခဏာများကို ပြသနိုင်စွမ်းရှိပြီး လူသားတို့အတွက် မဖြစ်နိုင်သည့် အရာများကို လုပ်နိုင်စွမ်းရှိသောကြောင့် ဘုရားသခင်ကဲ့သို့ သြဇာအာဏာကို စာတန်ပိုင်ဆိုင်သည်ဟု ယုံကြည်သည့် မိုက်သောလူ အများအပြားပင်ရှိသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းအပြင် မိမိတို့၏နှလုံးသားထဲတွင် စာတန်အတွက်လည်း နေရာတစ်နေရာ ချန်ထားကာ စာတန်ကို ဘုရားအနေနှင့်ပင် ကိုးကွယ်ကြသည်။ ဤလူများသည် သနားစရာကောင်းသကဲ့သို့ စက်ဆုပ်ရွံ့ရှာဖွယ်လည်း ကောင်း၏။ သူတို့၏ မသိနားမလည်မှုကြောင့် သနားစရာကောင်းပြီး သူတို့၏ မိစ္ဆာဒိဌိအယူနှင့် ပင်ကိုဆိုးယုတ်သည့်အနှစ်သာရကြောင့် စက်ဆုပ်ရွံ့ရှာဖွယ်သည်။ ဤနေရာတွင် သြဇာအာဏာက အဘယ်အရာဖြစ်သည်၊ မည်သည်အရာကို သင်္ကေတပြုသည်၊ အဘယ်အရာကို ကိုယ်စားပြုသည်ဆိုခြင်းအား သင်တို့ကို အသိပေးရန် လိုအပ်သည်ဟု ငါခံစားရသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဘုရားသခင်ကိုယ်တော်တိုင်က သြဇာအာဏာဖြစ်ပြီး ဘုရားသခင်၏သြဇာအာဏာသည် သူ၏ကြီးစိုးမှုနှင့် အနှစ်သာရကို သင်္ကေတပြုသည်။ ထို့ပြင် ဘုရားသခင်ကိုယ်တော်တိုင်၏ သြဇာအာဏာသည် ဘုရားသခင်၏ ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို ကိုယ်စားပြုသည်။ ဤသို့ဖြစ်သောကြောင့် စာတန်အနေဖြင့် သူကိုယ်တိုင်က ဘုရားဖြစ်သည်ဟု ပြောရဲသလော။ အရာအားလုံးကို သူဖန်ဆင်းထားပြီး အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာကို သူကိုင်ဆောင်ထားသည်ဟု စာတန်ပြောရဲသလော။ မည်သို့လျှင် ပြောရဲမည်နည်း။ အကြောင်းမှာ သူသည် အရာအားလုံးကို ဖန်ဆင်းရန် မတတ်စွမ်းနိုင်ခြင်းကြောင့်ဖြစ်သည်။ ယနေ့အထိ ဘုရားသခင်ဖန်ဆင်းခဲ့သည့်အရာ တစ်ခုကိုမျှ သူမပြုလုပ်ခဲ့ဖူးပေ။ အသက်ရှိသည့်အရာ တစ်ခုကိုမျှ တစ်ခါမျှ သူမဖန်ဆင်းဖူးပေ။ အကြောင်းမှာ သူ့ထံ၌ ဘုရားသခင်၏ သြဇာအာဏာ မရှိသောကြောင့်ဖြစ်သည်။ သူသည် ဘုရားသခင်၏ ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာကို မည်သည့်အခါမျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဤသည်ကို သူ၏အနှစ်သာရဖြင့် သတ်မှတ်ထားသည်။ သူသည် ဘုရားသခင်ကဲ့သို့ တန်ခိုးရှိသလော။ မည်သို့ရှိမည်နည်း။ စာတန်၏ လုပ်ရပ်များနှင့် စာတန်ဖော်ပြသည့် နိမိတ်လက္ခဏာများကို မည်သို့ခေါ်ကြသနည်း။ တန်ခိုးလော။ သြဇာအာဏာဟု ခေါ်၍ရနိုင်သလော။ မည်သို့ရနိုင်မည်နည်း။ စာတန်က မကောင်းမှုရေစီးကြောင်းကို ညွှန်ကြားပြီး ဘုရားသခင့်အမှု၏ ရှုထောင့်တိုင်းကို နှောင့်ယှက်ကာ ထိခိုက်စေပြီး ကြားဝင်သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းအချို့တွင် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အလွဲသုံးစားပြုလုပ်ခြင်း၊ သေမင်းအရိပ်လွှမ်းမိုးသည့် ချိုင့်ဝှမ်းဆီကို လျှောက်သွားစေရန် လူသားကို စာရိတ္တပျက်ပြားအောင်၊ ဘုရားသခင်ကို ငြင်းပယ်အောင် မျှားခေါ်ခြင်းနှင့် လှည့်စားခြင်းတို့မှလွဲ၍ စာတန်သည် လူသား၏ အောက်မေ့မှု၊ ချီးကျူးမှု၊ သို့မဟုတ် ချစ်ခင်မြတ်နိုးမှုတို့နှင့် အနည်းငယ်မျှပင် ထိုက်တန်သည့် အရာတစ်ခုခု လုပ်ခဲ့ဖူးသလော။ စာတန်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများ၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်မည် မဟုတ်လော။ အကယ်၍ စာတန်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများ၏ အန္တရာယ်ပြုခြင်းကို ခံထားရပြီးဖြစ်မည် မဟုတ်လော။ အကယ်၍ စာတန်အနေဖြင့် တန်ခိုးနှင့် သြဇာအာဏာကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်က ဘုရားသခင်ကို စွန့်ပစ်ပြီး သေခြင်းကို အားထားကြပြီးဖြစ်မည် မဟုတ်လော။ စာတန်၌ သြဇာအာဏာ၊ သို့မဟုတ် တန်ခိုးမရှိသည့်အတွက် သူလုပ်သည့်အရာအားလုံး၏ အနှစ်သာရနှင့် ပတ်သက်၍ ငါတို့အနေဖြင့် မည်သို့ကောက်ချက်ချသင့်သနည်း။ စာတန်လုပ်ဆောင်သည့် အရာအားလုံးက လိမ်လည်လှည့်စားမှုသက်သက်သာ ဖြစ်သည်ဟု အနက်ဖွင့်သည့်သူများရှိသည်။ သို့ရာတွင် ဤကဲ့သို့သော အနက်ဖွင့်ချက်က သိပ်မသင့်တော်ဟု ငါမြင်သည်။ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေသည့် သူ၏ဆိုးယုတ်သည့် လုပ်ဆောင်ချက်များက လိမ်လည်လှည့်စားမှုသက်သက်ပင်လော။ စာတန်က ယောဘကို နှိပ်စက်သည့် ဆိုးယုတ်သော အင်အားနှင့် ယောဘကို နှိပ်စက်ပြီး ဝါးမျိုရန် သူ၏ခက်ထန်သောဆန္ဒတို့ကို လိမ်လည်လှည့်စားမှုသက်သက်ဖြင့် ရရှိနိုင်ခြေ မရှိပေ။ အတိတ်ကို ပြန်ကြည့်ပါက တောင်ကုန်းများ၊ တောင်များတွင် ပြန့်ကျဲနေသည့် ယောဘ၏ တိရစ္ဆာန်အုပ်များသည် ချက်ချင်းပင် ကွယ်ပျောက် သွားခဲ့ကြသည်။ ယောဘ၏ ကြီးမားသည့် စည်းစိမ်သည် တစ်မုဟုတ်ချင်းပင် ပျောက်ကွယ်သွားသည်။ ဤအရာတို့ကို လိမ်လည်လှည့်စားမှုသက်သက်နှင့် ရရှိနိုင်မည်လော။ စာတန်လုပ်သည့်အရာအားလုံး၏ သဘာဝသည် ထိခိုက်စေရန်၊ ကြားဝင်နှောင့်ယှက်ရန်၊ ဖျက်ဆီးရန်၊ အန္တရာယ်ပြုရန်၊ ဆိုးယုတ်ခြင်း၊ မလိုမုန်းထားတတ်ခြင်းနှင့် မှောင်မိုက်ခြင်းတို့ကဲ့သို့ အဖျက်သဘောဆောင်သည့် ဝေါဟာရများနှင့် ဆက်နွှယ်ပြီး ကိုက်ညီသည်။ ထို့ကြောင့် မဖြောင့်မတ်ဘဲ ဆိုးယုတ်သည့် အရာအားလုံး ဖြစ်ပေါ်ခြင်းသည် စာတန်၏ လုပ်ရပ်များနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေပြီး စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရနှင့် ခွဲခြား၍မရပေ။ စာတန်က မည်မျှပင် “အစွမ်းထက်” ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော သူ၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို သူဖောက်ပြန်ပျက်စီးစေပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို သူခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံက မည်မျှပင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ သူမချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ သူအုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ သူအုပ်စိုးသည့်၊ သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်နှင့် ဆန့်ကျင်သည့်အချက်ကို ပံ့ပိုးခြင်းဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၅၁) စာတန်သည် ယောဘကို တပ်မက်သည့် မျက်လုံးများနှင့် ကြည့်နေသော်လည်း ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲနှင့် သူသည် ယောဘ၏ ကိုယ်ခန္ဓာမှ အမွှေးတစ်မျှင်ကိုပင် မထိရဲပေ။ စာတန်သည် ပင်ကိုသဘောအားဖြင့် ဆိုးယုတ်ပြီး ရက်စက်သော်လည်း ဘုရားသခင်က သူ၏အမိန့်ကို ထုတ်ပြန်ပြီးနောက်တွင် စာတန်သည် ဘုရားသခင်၏အမိန့်ကို လက်ခံရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် စာတန်သည် ယောဘနှင့်ပတ်သက်ပါက သိုးများကြားထဲက ဝံပုလွေကဲ့သို့ ထိန်းမနိုင်သိမ်းမရဖြစ်နေသော်လည်း ဘုရားသခင်က သူ့အတွက် ပြင်ဆင်ထားသည့် အကန့်အသတ်များကို မမေ့ဝံ့ပေ။ ဘုရားသခင်၏ အမိန့်များကို သူမဖောက်ဖျက်ရဲပေ။ ထို့ပြင် သူလုပ်လေသမျှတွင် စာတန်သည် ဘုရားသခင့်နှုတ်ကပတ်တော်၏ အခြေခံမူများနှင့် အကန့်အသတ်များမှ မယိမ်းယိုင်သွားရဲပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည် မဟုတ်လော။ ဤအချက်မှ စာတန်သည် ယေဟောဝါဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်ကိုမဆို မချိုးဖောက်ဝံ့သည်ကို မြင်နိုင်သည်။ စာတန်အတွက် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်တိုင်းက အမိန့်ဖြစ်ပြီး၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမနှင့် ဘုရားသခင့်သြဇာအာဏာ၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ဘုရားသခင့်နှုတ်ကပတ်တော်တိုင်း၏ နောက်တွင် ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်သူများ၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို မနာခံဘဲ ဆန့်ကျင်သည့်သူများအတွက် ဘုရားသခင်၏ အပြစ်ဒဏ်ကို ညွှန်ပြနေသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်လျှင် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်ခြင်းနှင့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များအား လက်ခံရမည်ဆိုသည်ကို စာတန်က ရှင်းရှင်းလင်းလင်းသိသည်။ ဤအကျိုးဆက်များက မည်သည့်အရာများနည်း။ ပြောစရာမလိုပေ။ ဤအရာတို့သည် သူ့အတွက် ဘုရားသခင်၏ အပြစ်ဒဏ်ပင်ဖြစ်သည်။ ယောဘအပေါ် စာတန်၏ လုပ်ရပ်များသည် လူသားကို စာတန်ဖောက်ပြန်ပျက်စီးစေခြင်း၏ ပုံစံအသေးစားမျှသာဖြစ်သည်။ စာတန်က ဤလုပ်ရပ်များကို လုပ်ဆောင်နေသည့်အခါတွင် စာတန်အပေါ် ဘုရားသခင် ချမှတ်ထားသည့် အကန့်အသတ်များနှင့် သူထုတ်ထားသည့် အမိန့်များသည် စာတန်လုပ်သည့် အရာတိုင်း၏ နောက်ကွယ်မှ အခြေခံမူများ၏ ပုံစံအသေးစားမျှသာဖြစ်သည်။ ထို့အပြင် ဤကိစ္စတွင် စာတန်၏တာဝန်နှင့် အဆင့်နေရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်ထဲက သူ၏တာဝန်နှင့် အဆင့်နေရာ၏ ပုံစံအသေးစားမျှသာဖြစ်ပြီး ယောဘကို သွေးဆောင်ရာ၌ စာတန်၏ ဘုရားသခင်အပေါ် အပြည့်အဝနာခံခြင်းက ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်တွင် ဘုရားသခင်ကို စာတန်က နည်းနည်းမျှ မဆန့်ကျင်ရဲခြင်း၏ ပုံစံအသေးစားမျှသာဖြစ်သည်။ ဤပုံစံအသေးစားများက သင်တို့ကို မည်သည့်သတိပေးချက်များ ပေးသနည်း။ စာတန်အပါအဝင် အရာအားလုံးထဲတွင် ဖန်ဆင်းရှင်ချမှတ်ထားသည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို ကျော်လွန်နိုင်သည့် မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုမျှ မရှိပေ။ ထို့ပြင် ဤကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို ချိုးဖောက်ရဲသည့် မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုမျှ မရှိပေ။ အကြောင်းမှာ ဖန်ဆင်းရှင်က မနာခံသည့်သူများအပေါ် ချမှတ်သည့် ပြစ်ဒဏ်ကို မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ ပြောင်းလဲနိုင်ခြင်းသော်လည်းကောင်း၊ လွတ်မြောက်နိုင်ခြင်းသော်လည်းကောင်း မရှိသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်သာလျှင် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ပြန်တမ်းများကို တည်ထောင်နိုင်သည်။ ဖန်ဆင်းရှင်သာလျှင် ဤအရာတို့ကို အကျိုးသက်ရောက်မှုရှိအောင် ပြုလုပ်ရန် တန်ခိုးရှိသည်။ ဖန်ဆင်းရှင်၏ တန်ခိုးကိုသာ မည်သည့်ပုဂ္ဂိုလ်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုကမျှ မကျော်လွန်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာဖြစ်ပြီး ဤသြဇာအာဏာသည် အရာအားလုံးထက် သာလွန်သည်။ ထို့ကြောင့် “ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး စာတန်က နံပါတ်နှစ်ဖြစ်သည်” ဟု ပြောရန် မဖြစ်နိုင်ပေ။ အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်သည့် ဖန်ဆင်းရှင်မှလွဲပြီး အခြားဘုရားမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၅၂) စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဖျက်ဆီးနေသည်။ စာတန်သည် ပြောပြ၍မရနိုင်သည့် မကောင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကို လှည့်စားခဲ့သည်။ အလွန်ယုတ်မာသည့် ပြစ်မှုများကို ကမ္ဘာတွင် ကျူးလွန်ခဲ့သည်။ လူသားကို နှိပ်စက်ခဲ့သည်။ လှည့်စားခဲ့သည်။ ဘုရားသခင်ကို ဆန့်ကျင်ရန် သွေးဆောင်ခဲ့သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို ထိခိုက်ပျက်ပြားစေသည့် ဆိုးယုတ်သည့် လုပ်ရပ်များကို ထပ်ခါတလဲလဲ သူကျူးလွန်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးနှင့် သက်ရှိသတ္တဝါတို့သည် ဘုရားသခင် ချမှတ်ထားသည့် စည်းမျဉ်းနှင့် နိယာမများကို ဆက်လက်လိုက်နာစောင့်ထိန်းကြသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် နှိုင်းယှဉ်လိုက်လျှင် စာတန်၏ ဆိုးယုတ်သည့် သဘာဝနှင့် ထကြွသောင်းကျန်းမှုတို့က အလွန်အကျည်းတန်သည်။ အလွန်ရွံစရာကောင်းပြီး စက်ဆုပ်ဖွယ်ကောင်းသည်။ အလွန်သေးငယ်ပြီး အားနွဲ့သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးကြားတွင် စာတန်သည် လျှောက်လှမ်းသော်လည်း ဘုရားသခင်အုပ်ချုပ်သည့် လူများ၊ အရာဝတ္ထုများ၊ ပစ္စည်းများတွင် ပြောင်းလဲမှု အနည်းငယ်ကိုပင် သူမပြဋ္ဌာန်းနိုင်ပေ။ နှစ်ထောင်ပေါင်းအချို့ ကုန်ဆုံးပြီးနောက် လူသားမျိုးနွယ်သည် ဘုရားသခင် ချပေးသနားခဲ့သည့် အလင်းနှင့် လေကို မွေ့လျော်ခံစားနေဆဲပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းခဲ့သည့် ဇီဝအသက်ကို အသက်ရှူဆဲပင် ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ ငှက်များ၊ ငါးများနှင့် ပိုးမွှားများကို မွေ့လျော်ခံစားနေဆဲဖြစ်ပြီး ဘုရားသခင်ပေးအပ်ခဲ့သည့် အရာအားလုံးကို မွေ့လျော်ခံစားနေဆဲဖြစ်သည်။ နေ့နှင့်ညသည် အချင်းချင်း အဆက်မပြတ် အစားထိုးနေဆဲဖြစ်သည်။ ရာသီဥတုလေးခုသည် ယခင်ကဲ့သို့ပင် လှည့်ပတ်နေဆဲဖြစ်သည်။ ကောင်းကင်တွင်ပျံနေသည့် ငန်းများသည် ဤဆောင်းရာသီတွင် ထွက်ခွာကြပြီး နောက်နှစ်နွေဦးတွင် ပြန်လာဆဲဖြစ်သည်။ ရေထဲက ငါးများသည် သူတို့၏အိမ်ဖြစ်သည့် မြစ်များနှင့် အင်းအိုင်များကို မည်သည့်အခါမျှ မစွန့်ခွာပေ။ ပုစဉ်းရင်ကွဲများသည် နွေနေ့ရက်များတွင် ကျယ်လောင်စွာ သီချင်းဆိုကြသည်။ မြက်ထဲတွင်ရှိသည့် ပုရစ်များက ဆောင်းဦးရာသီတွင် တိုက်ခတ်သောလေနှင့်အတူ အချိန်မီ တီးတိုးသီဆိုနေကြသည်။ ငန်းများသည် ငန်းအုပ်အဖြစ် စုစည်းကြပြီး လင်းယုန်များက သီးသန့်နေထိုင်ကြသည်။ ခြင်္သေ့အုပ်များက အမဲလိုက်ခြင်းဖြင့် မိမိတို့ကိုယ်မိမိ အားဖြည့်သည်။ သမင်ကြီးများသည် မြက်နှင့် ပန်းပွင့်များမှ ရှောင်ဖယ်မသွားပေ။...အရာအားလုံးထဲမှ သက်ရှိသတ္တဝါ အမျိုးအစားတိုင်းသည် ထွက်ခွာပြီး ပြန်လာသည်။ ပြီးနောက် ပြန်ထွက်ခွာကြပြန်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေသည်။ သို့ရာတွင် မပြောင်းလဲသည့်အရာမှာ သူတို့၏ ဗီဇအသိစိတ်များနှင့် ရှင်သန်ရပ်တည်နေရေး နိယာမများပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ထောက်ပံ့မှုနှင့် အာဟာရဖြည့်ပေးမှုအောက်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ဗီဇအသိစိတ်များကို မည်သူမျှ မပြောင်းနိုင်ပေ။ မိမိတို့၏ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းများကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။ အရာအားလုံးကြားတွင် နေထိုင်သည့် လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် လှည့်စားခြင်းကို ခံရသော်လည်း လူသားသည် ဘုရားသခင်ပြုလုပ်ထားသည့် ရေ၊ ဘုရားသခင်ပြုလုပ်ခဲ့သည့် လေနှင့် ဘုရားသခင်ပြုလုပ်ထားသည့် အရာအားလုံးကို စွန့်လွှတ်နိုင်ခြင်း မရှိပေ။ လူသားသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤနေရာတွင် နေထိုင်ပြီး ပွားများဆဲဖြစ်သည်။ လူသားမျိုးနွယ်၏ ဗီဇအသိစိတ်များက မပြောင်းလဲပေ။ လူသားသည် မြင်နိုင်ရန်အတွက် သူ၏မျက်လုံး၊ ကြားရန်အတွက် သူ၏နားများ၊ စဉ်းစားရန်အတွက် သူ၏ဦးနှောက်၊ နားလည်ရန်အတွက် သူ၏နှလုံးသား၊ လမ်းလျှောက်ရန်အတွက် သူ၏ခြေထောက်နှင့် ခြေဖဝါး၊ အလုပ်လုပ်ရန်အတွက် သူ၏လက်များစသည့် ဤအရာများကို အားကိုးဆဲပင် ဖြစ်သည်။ ဘုရားသခင်၏ ထောက်ပံ့မှုများ မပြောင်းမလဲဘဲ ရှိနေမှုကို လက်ခံနိုင်စေရန် လူသားအပေါ် ဘုရားသခင်ချပေးသနားခဲ့သည့် ဗီဇအသိစိတ်များ၊ ဘုရားသခင်နှင့် လက်တွဲလုပ်ဆောင်ရန်အတွက် လူသားအသုံးပြုသည့် စွမ်းရည်များ မပြောင်းလဲပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် လူသားမျိုးနွယ်၏ စွမ်းရည်သည် မပြောင်းလဲသေးပေ။ လူသားမျိုးနွယ်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များ မပြောင်းလဲပေ။ သူတို့၏ဇာစ်မြစ်များကို ရှာဖွေရန်အတွက် လူသားမျိုးနွယ်၏ ဆန္ဒသည် မပြောင်းလဲပေ။ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လူသားတို့ တောင့်တခြင်းက မပြောင်းလဲပေ။ ဤအရာများသည် ဘုရားသခင်၏ သြဇာအာဏာအောက်တွင်နေထိုင်သည့်၊ စာတန်က ဖြစ်ပေါ်စေသည့် သွေးစွန်းသည့် ပျက်စီးမှုများကို ကြံ့ကြံ့ခံခဲ့ရသည့် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေများဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ဖိနှိပ်မှုကို ခံရသော်လည်း ဖန်ဆင်းခြင်းအစက အာဒံနှင့်ဧဝတို့ကဲ့သို့ မဟုတ်တော့ပေ။ ထိုအစား အသိပညာ၊ ထင်မြင်ယူဆချက်၊ အယူအဆများစသည့် ဘုရားသခင်ကို ရန်မူလိုသည့် အရာများနှင့် ပြည့်နေပြီး စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားနှင့် ပြည့်နေသည်။ ဘုရားသခင်၏ အမြင်တွင်မူ လူသားမျိုးနွယ်သည် သူဖန်ဆင်းခဲ့သည့် ယခင်က လူသားမျိုးနွယ်ဖြစ်နေဆဲပင်ဖြစ်သည်။ လူသားတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းကို ခံနေရဆဲဖြစ်ပြီး ဘုရားသခင်ပြင်ဆင်ထားသည့် လမ်းကြောင်းအတွင်းတွင် အသက်ရှင်နေထိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည့် လူသားမျိုးနွယ်သည် လှုပ်ရွနေသည့် အစာအိမ်နှင့်၊ အတန်ငယ်နှေးကွေးသည့် တုံ့ပြန်မှုများနှင့်၊ ယခင်ကဲ့သို့ မကောင်းတော့သည့် မှတ်ဉာဏ်များနှင့်၊ အနည်းငယ် အသက်ကြီးလာပြီး အညစ်အကြေးတို့နှင့် ဖုံးလွှမ်းနေခြင်းမျှသာဖြစ်သည်- သို့သော်လည်း လူသား၏ အသုံးဝင်မှုနှင့် ဗီဇအသိစိတ်အားလုံးတို့သည် လုံးဝ ထိခိုက်မှုမရှိပေ။ ဤသည်မှာ ဘုရားသခင်ကယ်တင်ရန် ရည်မှန်းသည့် လူသားမျိုးနွယ်ဖြစ်သည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ခေါ်သံကို ကြားရန်၊ ဖန်ဆင်းရှင်၏ အသံတော်ကို ကြားရန်သာလိုပြီး ဤအသံ၏ အရင်းအမြစ်ကိုရှာရန် သူသည် မတ်တပ်ရပ်ပြီး အပြေးအလွှား သွားလိမ့်မည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်ကို တွေ့ရန်သာလိုပြီး သူသည် သူ့ကိုယ်သူ ဘုရားသခင်ထံတွင် အပ်နှံရန်အတွက် အားလုံးကို ဂရုမစိုက်တော့ဘဲ အရာအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် သူ၏ဘဝကိုပင် ချပေးလိမ့်မည်။ လူသားမျိုးနွယ်၏ နှလုံးသားက ဖန်ဆင်းရှင်၏ လှိုက်လှဲသော နှုတ်ကပတ်တော်များကို နားလည်သည့်အခါတွင် လူသားမျိုးနွယ်သည် စာတန်ကို ငြင်းပယ်ပြီး ဖန်ဆင်းရှင်ထံပါးသို့ လာလိမ့်မည်။ လူသားမျိုးနွယ်သည် သူ၏ကိုယ်ခန္ဓာက အညစ်အကြေးများကို လုံးဝဆေးကြောပြီးသည့်အခါတွင်၊ ဖန်ဆင်းရှင်၏ ထောက်ပံ့ခြင်းနှင့် အာဟာရဖြည့်ပေးခြင်းကို နောက်တစ်ကြိမ် ထပ်၍ရရှိသည့်အခါတွင် လူသားမျိုးနွယ်၏ မှတ်ဉာဏ်တို့သည် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ဤအချိန်တွင် လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်ကို အမှန်တကယ် ပြန်လာပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၅၅၃) ဘုရားသခင်၏ သြဇာအာဏာကို လူသားက တုပ၍မရပေ။ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို လူသားက အယောင်ဆောင်၍မရပေ။ သင်သည် ဘုရားသခင်ပြောသည့် လေသံအတိုင်း တုပနိုင်စွမ်းရှိသော်လည်း ဘုရားသခင်၏ အနှစ်သာရကိုမူ မတုပနိုင်ပေ။ ဘုရားသခင်၏နေရာတွင်ရပ်ပြီး ဘုရားအဖြစ် အယောင်ဆောင်နိုင်သော်လည်း ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အရာများကို မည်သည့်အခါမျှ သင်လုပ်ဆောင်နိုင်မည်မဟုတ်ပေ၊ ထို့ပြင် သင့်အနေဖြင့် အရာအားလုံးကို မည်သည့်အခါမျှ အုပ်စိုးပြီး အမိန့်ပေးနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏အမြင်တွင် သင်သည် သေးငယ်သည့် ဖန်ဆင်းခံတစ်ခုသာ ထာဝရဖြစ်နေမည်ဖြစ်သည်။ သင်၏ကျွမ်းကျင်မှုနှင့် အရည်အချင်းက မည်မျှကြီးမားပါစေ၊ သင့်တွင် ဆုကျေးဇူးများ မည်မျှပင်ရှိပါစေ၊ သင်၏ အရာအားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင်ရှိသည်။ သင်သည် မထီတရီ စကားအချို့ကို ပြောနိုင်သော်လည်း ဤအချက်က သင့်တွင် ဖန်ဆင်းရှင်၏ အနှစ်သာရရှိသည်ဟု မပြနိုင်သကဲ့သို့ ဖန်ဆင်းရှင်၏ သြဇာအာဏာကို သင်ပိုင်ဆိုင်သည်ဟုလည်း မဖော်ပြပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရများဖြစ်သည်။ ဤအရာများသည် သင်ယူထားခြင်းမဟုတ်သကဲ့သို့ အပြင်မှ ထည့်သွင်းထားခြင်းလည်း မဟုတ်ပေ။ ထိုအစား ဘုရားသခင် ကိုယ်တော်တိုင်၏ ရှိရင်းစွဲ အနှစ်သာရများ ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံကြားတွင်ရှိသည့် ဆက်နွှယ်မှုကို မည်သည့်အခါမျှ ပြောင်းလဲ၍ မရနိုင်ပေ။ ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

အရှေ့သို့- ၁၁။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- (ခ) ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။