၁၉၀ ဘုရားသခင်၏ အမှုတော်ကို သိပါသလား
၁
လူ့ဇာတိ၌ ဘုရားသခင်၏အမှုတော်သည်
ခမ်းနားဆန်းကြယ်မှုလည်း မရှိ၊ လျို့ဝှက်ဆန်းကြယ်မှုလည်း မပါ
တစ်နှင့်တစ်ပေါင်း နှစ်ပမာ သဘာဝကျ ပြီးမှန်ကန်သည်
ဝှက်ထားမှုမရှိ၊ လှည့်စားခြင်းကင်းမဲ့သည်
လူတို့ မြင်တွေ့သမျှ သည် အစစ်အမှန်ဖြစ်သကဲ့သို့
အမှန်တရားနှင့်
သူတို့ ရရှိသောအသိအမြင်သည်လည်း အစစ်အမှန်ဖြစ်သည်
အမှုပြီးဆုံးသောအချိန်၌
သူတို့ ဘုရားအကြောင်း သိမြင်မှု ပြန်ဆန်းသစ်လိမ့်မည်
ဘုရားကို အမှန်တကယ် ရှာဖွေသော
သူတို့၏အယူအဆအားလုံး ကွယ်ပျောက်လိမ့်မည်
ထိုအချက်သည် တရုတ်လူမျိုးအပေါ်
ဘုရားအမှုတော်မြတ်၏ အကျိုးရလဒ်သာမဟုတ်
ဘုရားသခင်၏ လူသားအားလုံး သိမ်းပိုက်ခြင်းအမှုကို
ထင်ဟပ်စေသည်
ဘုရား၏လူသားအားလုံး သိမ်းပိုက်ခြင်းအမှုကို ထင်ဟပ်စေသည်
၂
ထိုဇာတိအားဖြင့် ဘုရား၏အမှုတော်နဲ့
ဘုရားသခင်နဲ့စပ်ဆိုင်သောအရာအားလုံးသည်
အခြားသောအရာများထက်
သူ၏သိမ်းပိုက်ခြင်းအမှုကို အကျိုးပြုသည်
ထိုအရာတို့သည် ဘုရားသခင်၏အမှုကို ယနေ့၊
နောင်ကာလ အကျိုးဖြစ်စေလိမ့်မည်
ထိုဇာတိသည် လူသားအားလုံး သိမ်းပိုက်၍ ရရှိပိုင်ဆိုင်လိမ့်မည်
လူသားများအတွက် ဘုရားသခင်ကို မျက်မှောက်ပြု၊
နာခံပြီး သိနားလည်ခြင်းထက် ကောင်းသောအမှု မရှိပါ
ဘုရားကို အမှန်တကယ် ရှာဖွေသော
သူတို့၏အယူအဆအားလုံး ကွယ်ပျောက်လိမ့်မည်
ထိုအချက်သည် တရုတ်လူမျိုးအပေါ်
ဘုရားသခင် အမှုတော်မြတ်အကျိုးရလဒ်သာမဟုတ်
ဘုရားသခင်၏ လူသားအားလုံး သိမ်းပိုက်ခြင်းအမှုကို
ထင်ဟပ်စေသည်
ဘုရား၏ လူသားအားလုံး သိမ်းပိုက်ခြင်းအမှုကို ထင်ဟပ်စေသည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်