၁၈၉ လူ့ဇာတိ၌ လုပ်ဆောင်ခြင်းဖြင့်သာ လူသားတို့ကို ဘုရားသခင် ပိုင်ဆိုင်နိုင်
၁
လက်တွေ့ကျသောဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်
လူသား၏အားနည်းချက်နှင့်ပုန်ကန်မှုတွေကို စီရင် ထုတ်ဖော်သည်
ထိုအခါ လူတို့သည် သူတို့လိုအပ်သောအရာကို လက်ခံရရှိကြ၏
ဒီလူ့လောကသို့ ဘုရားရောက်ရှိကြောင်းကို သူတို့ တွေ့မြင်ကြသည်
လက်တွေ့ကျသော ဘုရားသခင်၏အမှုတော်ဟာ
လူသားအားလုံးကို စာတန်အုပ်စိုးမှုမှ ကယ်တင်ရန်၊
ညစ်ညမ်းမှု၊ စာတန်ဖျက်ဆီးခဲ့သောစိတ်ထားများမှ
ကယ်တင်ရန် ရည်ရွယ်သည်
ဘုရားသခင်၏လက်ထဲရောက်ရှိခြင်းဆိုသည်မှာ သူ့ကို လူ၏
စံနမူနာအဖြစ် မှတ်ယူလိုက်လျှောက်ခြင်းပင်
လက်တွေ့ကျသော ဘုရားသခင်၏နောက်ကို လိုက်၊
သာမန်လူ့သဘာဝအတိုင်း ရှင်သန်၊
ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အမိန့်တော်ကို စောင့်ထိန်း၊
သူပြောသောအရာကို အပြည့်အဝလိုက်နာပြီး
ဘုရားသခင် တောင်းဆိုသောအရာကို စွမ်းဆောင်လျှင်
ဘုရားသခင် ပိုင်ဆိုင်ခြင်း ခံရမည်
၂
ဘုရားသခင်သည် လူ့ဇာတိခံယူကာ
သူ၏လုပ်ဆောင်မှုတို့ကို လူတွေကို တွေ့မြင်စေသည်
လူသားများ ဘုရားကိုထိတွေ့ ကြည့်ရှု နိုင်ရန်၊
သိကျွမ်းလာနိုင်စေရန် သူ့ ဝိညာဉ် လူ့ဇာတိခံယူခဲ့သည်
ထိုလက်တွေ့နည်းလမ်းဖြင့်သာ
ဘုရားသခင်သည် လူသားတို့ကို စုံလင်စေသည်
ဘုရားသခင်၏အလိုတော်နဲ့အညီ မိမိဘဝကို လျှောက်လှမ်းပြီး
ဘုရားသခင်၏စိတ်တော်အတိုင်း လိုက်နာသူတို့သည်
ဘုရားသခင် ပိုင်ဆိုင်သောသူများ ဖြစ်သည်
၃
ဘုရားသခင်ဟာ ကောင်းကင်ဘုံကနေသာ မိန့်ကြားပြီး
လောကသို့ မဆင်းကြွခဲ့ရင် လူသားများ ဘုရားသခင်ကို ဘယ်လိုသိနိုင်မလဲ
စကား(များ)ဖြင့်သာဆိုလျှင် နှုတ်ကပတ်တော်ကို စစ်မှန်စွာ မသိ(ရှိ)နိုင်။
လူသားများ သူ့အား မြင်တွေ့၊ ထိတွေ့ပြီး
ဘုရား၏ပိုင်ဆိုင်ခြင်းခံနိုင်ရန် ဘုရားဆင်းကြွခဲ့ပြီ
ဘုရားသခင်၏လက်ထဲရောက်ရှိခြင်းဆိုသည်မှာ သူ့ကို လူ၏
စံနမူနာအဖြစ် မှတ်ယူလိုက်လျှောက်ခြင်းပင်
လက်တွေ့ကျသော ဘုရားသခင်၏နောက်ကို လိုက်၊
သာမန်လူ့သဘာဝအတိုင်း ရှင်သန်၊
ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အမိန့်တော်ကို စောင့်ထိန်း၊
သူပြောသောအရာကို အပြည့်အဝလိုက်နာပြီး
ဘုရားသခင် တောင်းဆိုသောအရာကို စွမ်းဆောင်လျှင်
ဘုရားသခင် ပိုင်ဆိုင်ခြင်း ခံရမည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်