၁၈၈ ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ တစ်ခုတည်းသော ဆန္ဒ
လူသား၏ခေါ်ဖိတ်ချက်အရ၊ လူသား၏အခြေအနေအရ၊
လူသား၌လိုအပ်သောအရာကို ပံ့ပိုးရန် ဘုရားရှင်သည်
ဤတစ်ခါ မှာ လူ့ဇာတိခံယူ ကာ ကြွလာသည်
၁
ဘုရားကြွလာခြင်း မှာ လူသားအယောက်စီသည်
ဘယ်အဆင့်အတန်း၊ အသိုင်းအဝိုင်းကဖြစ်ပါစေ
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုမြင်စေရန်
နှုတ်ကပတ်တော်အားဖြင့် ဘုရားရှိကြောင်းနှင့်
ဘုရားသခင်၏ ထင်ရှားပြခြင်းကို လူသားတို့(သိ)မြင်စေရန်
နှုတ်ကပတ်တော်များအားဖြင့်ဘုရား၏
စုံလင်စေခြင်း အမှုကို လက်ခံရန်ဖြစ်သည်
ဘုရားသခင်မျှော်လင့်သည်မှာ
လူသားတို့သည် သူတို့ရဲ့အတွေးများနဲ့
အယူအဆများကိုပြောင်းလဲကာ
လူသားတို့၏စိတ်နှလုံးအတွင်းဆုံးမှာ
ဘုရား၏ စိတ်သဘောထား ကိုမြဲမြံစွာ ထားရှိရန်ဖြစ်သည်
ဒီအရာကကမ္ဘာမြေကြီးပေါ်မှာ
ဘုရားသခင်ရဲ့တစ်ခုတည်းသောဆန္ဒပင်ဖြစ်သည်။
၂
လူသားတို့ရဲ့သဘာဝမြင့်မြတ်ပါစေ
လူသားတို့ရဲ့အနှစ် က နုံချာပါစေ
သူတို့ အတိတ်က ဘာတွေဘယ်လိုဖြစ်ခဲ့ ပါစေ
ဘုရားသခင်ပဓာနမထားပါဘူး
လူသားတို့သည် သူတို့ရဲ့စိတ်နှလုံးများထဲမှာ ဘုရားသခင်ရဲ့ ပုံရိပ်ကို
အသစ်တစ်ဖန်ပြု ပြင်နိုင်ကြလိမ့်မည် ဟု ကိုယ်တော်မျှော်လင့်သည်
ဘုရားသခင်မျှော်လင့်သည်မှာ
လူသားတို့သည် သူတို့ရဲ့အတွေးများနဲ့
အယူအဆများကိုပြောင်းလဲကာ
လူသားတို့၏စိတ်နှလုံးအတွင်းဆုံးမှာ ဘုရား၏ စိတ်သဘောထား
ကိုမြဲမြံစွာ ထားရှိရန်ဖြစ်သည်
ဒီအရာကကမ္ဘာမြေကြီးပေါ်မှာ
ဘုရားသခင်ရဲ့တစ်ခုတည်းသောဆန္ဒပင်ဖြစ်သည်။
၃
လူသားတို့သည့် လူတို့၏သဘောသဘာဝကို
သိရှိလာပြီးသူတို့သည် သူတို့ရဲ့သဘောထားကို
ပြောင်းလဲမည်ဟုကိုယ်တော်မျှော်လင့်၏။
လူသားတို့သည် ဘုရားသခင်ကို အလွန်အမင်းတောင့်တကြပြီး
သူ့အပေါ် ထာဝရ သံယောဇဉ်ရှိကြမည်ဟု ကိုယ်တော်မျှော်လင့်သည်
ဤသည်မှာလူသားတို့အားဘုရားသခင်တောင်းဆိုသမျှ
အရာအားလုံးပင်ဖြစ်သည်။
ဘုရားသခင်မျှော်လင့်သည်မှာ
လူသားတို့သည် သူတို့ရဲ့အတွေးများနဲ့
အယူအဆများကိုပြောင်းလဲကာ
လူသားတို့၏စိတ်နှလုံးအတွင်းဆုံးမှာ ဘုရား၏ စိတ်သဘောထား
ကိုမြဲမြံစွာ ထားရှိရန်ဖြစ်သည်
ဒီအရာကကမ္ဘာမြေကြီးပေါ်မှာ
ဘုရားသခင်ရဲ့တစ်ခုတည်းသောဆန္ဒပင်ဖြစ်သည်။
ဒီအရာကကမ္ဘာမြေကြီးပေါ်မှာ
ဘုရားသခင်ရဲ့တစ်ခုတည်းသောဆန္ဒပင်ဖြစ်သည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်