အခန်း ၁၈

အသင်းတော်ကို တည်ဆောက်ခြင်းသည် အမှန်အားဖြင့် လုပ်ဆောင်ရန် လွယ်ကူသောအရာ မဟုတ်လိုက်လေခြင်း။ အသင်းတော်ကို တည်ဆောက်ရာတွင် ငါသည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခဲ့ပြီး၊ စာတန်သည် ယင်းကို ဖြိုဖျက်ဖို့ရန် ၎င်းတတ်နိုင်သမျှ အားလုံးကို လုပ်ဆောင်လိမ့်မည်။ သင့်‌ကို တည်ဆောက်စေလိုလျှင် သင်သည် ရူပါရုံတစ်ခုရှိသောသူ ဖြစ်ရမည်၊ ငါ့ကို မှီခိုအားကိုးလျက် အသက်ရှင်ရမည်၊ ခရစ်တော်အတွက် သက်သေခံရမည်၊ ခရစ်တော်ကို ချီးမြှောက်ရမည်ဖြစ်ပြီး ငါ့အပေါ် သစ္စာစောင့်သိရမည်။ သင်သည် ဆင်ခြေများမပေးသင့်ဘဲ၊ ယင်းအစား အကြွင်းမဲ့နာခံကာ မည်သည့် စမ်းသပ်မှုကိုမဆို ကြံ့ကြံ့ခံပြီး၊ ငါ့ထံမှ လာသမျှအားလုံးကို လက်ခံရမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို မည်သို့ပင်ဦးဆောင်သည်ဖြစ်စေ သင်က လိုက်နာရမည်။ သင်၌ တက်ကြွသောစိတ်ဓာတ်နှင့် အမှုအရာတို့ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိရမည်။ သင်သည် လူတို့ကို နားလည်ရမည်ဖြစ်ပြီး ၎င်းတို့၏နောက်သို့ ကြောင်းကျိုးမမြင်ဘဲ မလိုက်ရ။ သင်၏ ဝိညာဉ်မျက်စိများကို တောက်ပနေစေပြီး၊ အရာအားလုံးအ‌ကြောင်းကို စေ့စေ့စပ်စပ် သိထားရမည်။ ငါနှင့်စိတ်တူသောလူတို့သည် ငါ့အတွက် သက်သေခံရမည် ဖြစ်ပြီး၊ စာတန်ကိုတိုက်ရန် အဆုံးအဖြတ်စစ်ပွဲကို ဆင်နွှဲရမည်။ သင်သည် တည်ဆောက်ခံရခြင်းကိုရော တိုက်ပွဲတွင်ပါဝင်ခြင်းကိုပါ ပြုရမည်။ ငါသည် သင်တို့အကြားတွင် ရှိ၏၊ သင်တို့ကို ထောက်မ၏၊ ထို့ပြင် ငါသည် သင်တို့၏ ခိုလှုံရာ ဖြစ်၏။

ပထမဆုံး လုပ်ဆောင်ရမည့်အရာများမှာ သင့်ကိုယ်သင် စင်ကြယ်စေရန်ဖြစ်ပြီး၊ ပြောင်းလဲပြီးသော လူတစ်ဦးဖြစ်လာကာ၊ တည်ငြိမ်သော စိတ်သဘောရှိရန် ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ငါ့ကိုအားထားရမည်။ အိမ်တွင်ရှိသည်ဖြစ်စေ၊ အခြားမည်သည့်ပတ်ဝန်းကျင်မဆိုတွင် ရှိသည်ဖြစ်စေ အခြားသူတစ်ဦးဦးကြောင့် သို့မဟုတ် ဖြစ်ရပ်အချို့ သို့မဟုတ် အကြောင်းကိစ္စအချို့ကြောင့် တုံ့ဆိုင်းခြင်း မရှိစေရ။ ထို့ပြင် သင်သည် မြဲမြံစွာရပ်တည်ရမည်ဖြစ်ပြီး၊ ခါတိုင်းကဲ့သို့ပင် ခရစ်တော်အတိုင်း အသက်ရှင်ရမည်ဖြစ်ကာ ဘုရားသခင်ကိုယ်တော်တိုင်အား ထင်ရှားစေရမည်။ သင့်လုပ်ငန်းဆောင်တာကို လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ပုံမှန်အတိုင်း သင့်တာဝန်များကို ဖြည့်ဆည်းရမည်။ ယင်းကို တစ်ကြိမ်တစ်ခါသာ လုပ်ဆောင်ရမည်မဟုတ်ဘဲ ရေရှည်လုပ်ဆောင်နေရမည်။ ငါ့စိတ်နှလုံးကို သင့်စိတ်နှလုံးကဲ့သို့ မှတ်ယူရမည်၊ ငါ့ရည်ရွယ်ချက်တို့သည် သင်၏အတွေးများ ဖြစ်လာရမည်၊ အခြေအနေတစ်ရပ်လုံးကို ဆင်ခြင်သုံးသပ်ရမည်၊ သင့်အထဲမှ ခရစ်တော်ကို ပေါ်ထွက်လာစေပြီး၊ သင်သည် အခြားသူများနှင့် ညှိနှိုင်းလျက် အစေခံရမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို အမီလိုက်ရမည်ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ ကယ်တင်ခြင်းနည်းလမ်းထဲသို့ သင့်ကိုယ်သင် ခြေစုံပစ်ဝင်ရောက်ရမည်။ သင့်ကိုယ်သင် အမှုအရာများမှ ရှင်းလင်းပြီးနောက် အပြစ်ကင်းစင်ပြီး ပွင့်လင်းသောသူ ဖြစ်စေရမည်။ သင်သည် သင်၏ညီအစ်ကိုမောင်နှမများနှင့် ပုံမှန်မိတ်သဟာယဖွဲ့ရမည်၊ အမှုအရာများကို စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်နိုင်စွမ်းရှိရမည်၊ အချင်းချင်း ချစ်ရမည်၊ သူတို့၏ အားသာချက်များဖြင့် သင်၏ အားနည်းချက်များကို ထိန်းညှိစေလော့၊ ထို့ပြင် အသင်းတော်အတွင်း၌ တည်ဆောက်ခံရရန် ကြိုးပမ်းလော့။ ထိုအခါမှသာ နိုင်ငံတော်တွင် နေရာတစ်ခုကို အမှန်တကယ် ရလိမ့်မည်။

အရှေ့သို့- အခန်း ၁၇

နောက်တစ်ခုသို့- အခန်း ၁၉

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။