၃၄။ ကျွန်မ၏ အယောင်ဆောင်မှုကို ခွာချလိုက်ရသည်မှာ အလွန် နေ၍ကောင်းပေသည်
၂၀၁၈ စက်တင်ဘာလမှာ ကျွန်မ အသင်းတော် ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုအချိန်က ကျွန်မ တော်တော်ပျော်သည်။ ကျွန်မက ညီအစ်ကို မောင်နှမ အများစုထက် ပိုတော်၍ ဤအရာဖြစ်လာခြင်း ဖြစ်ပြီး ကျွန်မ သမ္မာတရားကို လိုက်စားပြီး မိမိတာဝန်များကို ထမ်းဆောင်ရမည်ဟု ခံစားခဲ့ရသည်။ ကျွန်မ၏ ခေါင်းဆောင်မှုက သရုပ်ပြသက်သက်ဖြစ်သည်ဟု လူများကို မထင်စေချင်ခဲ့ပါ။ တစ်နေ့မှာ အဖွဲ့လိုက် အစည်းအဝေးတစ်ခု ကျွန်မ တက်ခဲ့သည်။ အလုပ်အကြောင်း ဆွေးနွေးကြသည့်အခါ၊ ညီအစ်ကို မောင်နှမအချို့က အထူးပြု ကျွမ်းကျင်မှုများအကြောင်း ပြောကြသည်။ ကျွန်မ အနည်းငယ် ပြာသွားသည်။ ယင်းနှင့်ပတ်သက်ပြီး ကျွန်မ သိသည့်အရာ မရှိလုနီးပါး ဖြစ်လေသည်။ သူတို့က ကျွန်မကို မေးခွန်းများမေးကြပြီး ကျွန်မက မဖြေနိုင်လျှင် မည်သို့လုပ်မည်နည်း။ ကျွန်မကို အထင်သေးကြပြီး ကျွန်မက နားမလည်ပါက၊ မည်သို့များ ဦးဆောင်နိုင်မည်နည်းဟု တွေးကြလေမလား။ ကျွန်မ မည်သည့်အရာမှ မပြောဘဲ နေလိုက်ရမည် ဖြစ်သော်လည်း၊ ယင်းမှာ ကျွန်မက အသုံးမကျသည့် ခေါင်းဆောင်တစ်ယောက် ဖြစ်မသွားပါလား။ ကျွန်မ မည်သည့်အရာကို လုပ်နိုင်မည်နည်း။ ကျွန်မ မျောက် မီးခဲကိုင်မိသလိုဖြစ်ပြီး အလွန် စိုးရိမ်နေခဲ့သည်။ အားလုံးက ပြောနေကြသည့်အရာများကို ကျွန်မ နားမလည်ခဲ့ပါ။ သူတို့ ပြောနေကြသည့်အရာများ ပြီးခါနီးတွင် ကျွန်မက “တခြား မေးခွန်းမရှိတော့ရင် အစည်းအဝေးကို ဒီမှာ အဆုံးသတ် လိုက်ကြရအောင်။” ဟု အမြန်ပြောလိုက်သည်။ ကျွန်မ အစည်းအဝေးကနေ ထွက်မသွားမီအထိ စိတ်အေးအေး မနေနိုင်ခဲ့ပါ။ “ဒီအုပ်စုက ပညာရပ်ဆိုင်ရာ ဗဟုသုတတွေ အများကြီးလိုတယ်၊ ပြီးတော့ ငါက အဲဒါနဲ့ပတ်သက်ပြီး ဘာမှမသိဘူး၊ ဒီတော့ အစည်းအဝေးတွေ အများကြီး မသွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်။ သူများတွေက ငါ ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို သိပ်မသိဘူးဆိုတာ သိသွားကြရင်၊ သူတို့က ငါ့ကို သေချာပေါက် အထင်သေးကြမှာပဲ။ အဲဒီလိုဆိုရင် ဘယ်သူက ငါ့ကို အလေးထားတော့မှာလဲ။” ဟု ကျွန်မ စဉ်းစားမိသည်။
နောက် သုံးလေးပတ်အတွင်းမှာ ကျွန်မ အခြားအုပ်စုများကို နေ့တိုင်း သွားတွေ့ခဲ့ပြီး သူတို့ပြဿနာများနှင့် အခက်အခဲများကို ကူညီ ဖြေရှင်းပေးခဲ့သည်။ ကျွန်မတို့၏ အသင်းတော်အသက်တာက တိုးတက်လာခဲ့သည်။ လူတိုင်းက ကျွန်မကို ပံ့ပိုးကြပြီး ထိုအုပ်စုများနှင့် ကျွန်မ တကယ်ကို တွေ့ချင်ခဲ့သည်။ သို့ရာတွင် အထူးပြု ဗဟုသုတများ လိုသည့် အုပ်စုအကြောင်းစဉ်းစားပါက၊ ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်မိသည်။ သူတို့ပြောနေကြသည့် အရာများကို ကျွန်မ မသိမည်ကို ကြောက်သောကြောင့်၊ ကျွန်မ ဆင်ခြေများပေးပြီး သိပ်မသွားခဲ့ပါ။ တစ်ညတွင် ကျွန်မနှင့်အတူ အလုပ်လုပ်သည့် အစ်မတစ်ယောက်က ထိုအုပ်စုက ပြဿနာ အချို့ရှိနေသည်ဟု ပြောသောကြောင့်၊ သူမက အစည်းအဝေး တစ်ခုကို သွားဖို့ ကျွန်မကို ပြောသည်။ ကျွန်မ သိပ်စိတ်မပါဘဲ သဘောတူခဲ့သည်။ သို့ရာတွင် စိတ်ပူနေမိသည်။ “ငါက ပြဿနာကို မဖြေရှင်းနိုင်ရင် တခြားလူတွေက ငါ့ကို အရည်အချင်းမရှိတဲ့ ခေါင်းဆောင်လို့ ပြောကြမှာလား။” ဟု စဉ်းစားမိသည်။ ကျွန်မ ဒုက္ခရောက်နေခဲ့သည်။ နောက်နေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ကျွန်မတို့ မိတ်သဟာယ ဖွဲ့ပြီးသည့်နောက်မှာ ကျွန်မက အခြားသူများ ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတများ မေးကြပြီး ကျွန်မ မဖြေနိုင်လျှင်၊ တုံးအပုံပေါက်နေမည်ကို ကြောက်မိသည်။ ထို့ကြောင့် ကျွန်မ အချိန်ဆွဲထားဖို့အတွက် မိမိကိုယ်ကိုယ် အားတင်းပြီး စကားများ ဆက်ပြောနေခဲ့သော်လည်း၊ ကျွန်မ စိတ်မသက်မသာဖြစ်နေသည်။ ကျွန်မက “ဖြေရှင်းဖို့ လိုတဲ့ တခြားဘာ ပြဿနာတွေရှိသေးလဲ။” ဟု သူတို့ကို မေးလိုက်သည်။ အုပ်စုခေါင်းဆောင်က သူတို့၏ ပြဿနာများနှင့် ဖြေရှင်းချက်များကို ပြောသည်။ သူက ပညာရပ်ဆိုင်ရာ အသုံးအနှုန်းအချို့ စပြောသည့်အချိန်မှာ ကျွန်မ ခေါင်းရှုပ်သွားသည်။ ပြဿနာများက လုံးဝ ဖြေရှင်းခဲ့ပြီးခြင်း ရှိမရှိကို ကျွန်မ မသေချာခဲ့ပါ။ ဖြေရှင်းချက်ကို သူတို့ ရှာမတွေ့ပါက၊ သူတို့၏ တိုးတက်မှုကို ထိခိုက်လိမ့်မည်။ သို့ရာတွင် ကျွန်မက အသေးစိတ် မေးခွန်းများမေးလျှင်၊ သူတို့က ကျွန်မ၏ အမြင်ကို သေချာပေါက်သိချင်ကြမည် ဖြစ်သည်။ သို့ရာတွင် ကျွန်မက မည်သည့်အရာမျှ နားမလည်ဘဲ၊ ယင်းက ရှက်ဖွယ်ကောင်းနေမည် ဖြစ်သည်။ တော်တော် စဉ်းစားပြီးသည့်နောက် ကျွန်မ မည်သည့်အရာမျှ မပြောခဲ့ပါ။ ထို့နောက်တွင် အစ်မတစ်ယောက်က ပညာရပ်ဆိုင်ရာ ပြဿနာအချို့နှင့်ပတ်သက်သည့်၊ သူ တွေ့ကြုံနေရသည့် အခက်အခဲ အချို့ကို ပြောသည်။ ကျွန်မ ပို၍ပင် ခေါင်းရှုပ်သွားသည်။ သူပြောသည့်အရာက မည်သည့်အရာကို ဆိုလိုသည်ကို ကျွန်မ မမေးရဲခဲ့ပါ။ ကျွန်မက သူမ၏ပြဿနာကို မဖြေရှင်းနိုင်လျှင်၊ ကျွန်မက ခေါင်းဆောင်ကောင်း တစ်ယောက် မဟုတ်ဟု သူမထင်မှာကို ကျွန်မ စိုးရွံ့နေခဲ့သည်။ ကျွန်မ အနည်းငယ် စကားပြောပြီး “ကျွန်မ ဒီ ပြဿနာကို နောက်မှ စူးစမ်းကြည့်မယ်။” ဟု ပြောကာ ပြဿနာကို ရှောင်လိုက်သည်။ အစည်းအဝေးပြီးသည့်နောက်မှာ ကျွန်မ လုံးလုံး ခြေကုန်လက်ပန်း ကျနေခဲ့သည်။ ကျွန်မ အနှစ်သာရ မဲ့သကဲ့သို့ ခံစားခဲ့ရသည်။ ဤအစည်းအဝေးတွင် မည်သည့်အရာကိုမျှ မဖြေရှင်းလိုက်ရပါ။ ကျွန်မက မိမိတာဝန်မှာ ပြီးပြီးရောလုပ်နေခြင်း မဟုတ်ပါလား။ ဤအုပ်စုက ညီအစ်ကို မောင်နှမများက အောင်မြင်မှု သိပ်မရှိသေးသည်ကိုလည်း ကျွန်မသိခဲ့သည်။ သူတို့၏အလုပ်က သိပ်မတိုးတက်ဘဲ၊ ယင်းနှင့်ပတ်သက်ပြီး ကျွန်မလည်း စိတ်ညစ်နေခဲ့ရသည်။ သူတို့က ကျွန်မက ဤအလုပ်ကို နားမလည်ကြောင်းပြောပြီး ကျွန်မကို အထင်သေးကြမည်ကို ကျွန်မ စိုးရွံ့ခဲ့သည်။ အစည်းအဝေးတိုင်းမှာ ကျွန်မ အိုးနင်းခွက်နင်း ပြီးမြောက်ခဲ့သည်။ အလုပ်အခြေအနေကို ကျွန်မ မည်သည့်အခါမျှ အမှန်တကယ် သဘောမပေါက်ခဲ့ဘဲ၊ မည်သည့် တကယ့်ပြဿနာကိမျှ မဖြေရှင်းခဲ့ပါ။ တကယ့်အလုပ် တစ်ခုမျှ မလုပ်ခဲ့ပါ။ ကျွန်မက ဘုရားသခင်ကို လှည့်စားပြီး ညီအစ်ကို မောင်နှမများကို အရူးလုပ်နေခြင်း မဟုတ်ပါလား။ ကျွန်မ စိတ်မသက်မသာ ခံစားရပြီး မိမိကိုယ်ကိုယ် အပြစ်တင်ခဲ့သည်။ ကျွန်မ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး မိမိကိုယ်ကိုယ် သိအောင် ကြိုးစားလာအောင် ကူညီဖို့ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။
တစ်ရက်တွင် ဝတ်ပြုကိုးကွယ်သည့်အချိန်အတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရသည်။ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ဤ ပြဿနာကို ထုတ်ဖော်ပြသည်- ၎င်းတို့သည် ဂုဏ်အဆင့်အတန်းမရှိသော သာမန် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည့်အခါတွင်၊ ၎င်းတို့သည် မည်သူနှင့်မဆို ဆက်ဆံသည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ မာနကြီးခြင်း မရှိသလို စကားပြောသည့်အခါတွင် ပုံစံ သို့မဟုတ် လေသံတစ်မျိုးဖြင့် ပြောဆိုခြင်း မပြုပေ။ ၎င်းတို့သည် သာမန်၊ ပုံမှန်သာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြရုပ်တင်ရန် မလိုပေ။ ၎င်းတို့သည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုမျှ မခံစားရဘဲ ပွင့်လင်းစွာနှင့် လှိုက်လှိုက်လှဲလှဲ မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့သည် ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသည်။ ၎င်းတို့သည် အလွန်ကောင်းသော လူများဖြစ်သည်ဟု အခြားလူတို့ ခံစားရသည်။ သို့ရာတွင် ၎င်းတို့သည် ဂုဏ်အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက်၊ မာနကြီးလာပြီး မည်သူကမျှ ၎င်းတို့ကို အဆက်အသွယ် မလုပ်နိုင်ပေ။ ၎င်းတို့ကို လေးစားထိုက်သည်ဟု ၎င်းတို့က ထင်မြင်ကြပြီး၊ ၎င်းတို့နှင့် သာမန်လူတို့သည် အမျိုးအစားမတူဟု ထင်မြင်ကြသည်- ၎င်းတို့က သာမန်လူတို့ကို အထင်သေးပြီး အခြားလူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ပွင့်လင်းစွာ မိတ်သဟာယမဖွဲ့တော့သနည်း။ ၎င်းတို့သည် ယခုအခါတွင် ဂုဏ်အဆင့်အတန်းရှိပြီး ခေါင်းဆောင်များဖြစ်သည်ဟု ထင်မြင်ကြသည်။ ခေါင်းဆောင်တို့သည် ရုပ်သွင်တစ်မျိုးရှိရမည်၊ သာမန်လူတို့ထက် အနည်းငယ် ပိုမြင့်ရမည်၊ ပြီးလျှင် ဝိညာဉ်ရင့်ကျက်မှု ပိုရှိပြီး ပို၍ တာဝန်ယူနိုင်ရမည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ သာမန်လူတို့နှင့် ယှဉ်လျှင် ခေါင်းဆောင်တို့သည် ပို၍ စိတ်ရှည်ရမည်၊ ပို၍ဒုက္ခခံပြီး အသုံးတော်ခံနိုင်ရမည်၊ မည်သည့်သွေးဆောင်မှုကိုမဆို တောင့်ခံနိုင်ရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ခေါင်းဆောင်တို့သည် ၎င်းတို့၏ မိသားစုဝင်များ မည်မျှ သေဆုံးသည်ဖြစ်စေ မငိုနိုင်ကြ၊ ငိုရမည် ဆိုလျှင်၊ ၎င်းတို့တွင်ရှိသော ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များကို မည်သူမျှ မမြင်နိုင်ရန် အိပ်ရာခင်းများထဲသို့ ငိုရမည် ဟူ၍ပင် ထင်မြင်ကြသည်။ ခေါင်းဆောင်တို့သည် အပျက်သဘောဆောင်လာလျှင် မည်သူ့ကိုမျှ သိခွင့်မပေးရ၊ ယင်းအစား ထိုသို့သောအရာများအားလုံးကို ဖုန်းကွယ်ထားရမည် ဟူ၍ပင် ထင်မြင်ကြသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်ပုံစံဟု ၎င်းတို့ ယုံကြည်ကြသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မ၏ တကယ့် အခြေအနေကို ထုတ်ဖော်ပြသည်။ ကျွန်မ ခေါင်းဆောင် တစ်ယောက် မဖြစ်မီက တစ်ခုခုကို နားမလည်လျှင်၊ တစ်ယောက်ယောက်ကို မေးသည်။ ကျွန်မမှာ ပြဿနာများ၊ အခက်အခဲများရှိပါက၊ အခြားသူများနှင့် ကျွန်မ ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့သည်။ ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီးသည့်နောက်မှာ ကျွန်မက အခြားသူများထက် သာသင့်သည်ဟု ခံစားခဲ့ရသည်။ ညီအစ်ကို မောင်နှမများက ကျွန်မကို ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက်၊ ခေါင်းဆောင် တစ်ယောက်အဖြစ် ကျွန်မ ပြုမူသင့်သည်ဟု ခံစားရသည်။ ကျွန်မက သူတို့ထက်သာဖို့ လိုအပ်ခဲ့သည်၊ အရာရာတိုင်းကို နားလည်ပြီး ဖြေရှင်းနိုင်ဖို့ လုပ်ခဲ့သည်။ ထို့ကြောင့် အုပ်စုလိုက် အစည်းအဝေးများကို ကျွန်မ သွားသည့်အခါ၊ ကျွန်မ ပုံစံတစ်မျိုးနှင့် ပြုမူခဲ့သည်။ သို့ရာတွင် ကျွန်မ နားမလည်သည့် အရာအချို့ ရှိနေသောကြောင့် အခြားသူများက ကျွန်မကို အထင်သေးမည်ကို စိုးရွံ့နေခဲ့သည်။ ကျွန်မ စပြီးတော့ အတုအယောင်လုပ်ပြီး ဟန်ဆောင်နေခဲ့သည်၊ မိမိတာဝန်ကို ခေါင်းရှောင်ခဲ့သည်။ ကျွန်မ၏ အရည်အချင်းကို ပြနိုင်သည့် အလွယ်ဆုံး အလုပ်များရှိသည့် အုပ်စုများဆီကို သွားခဲ့သည်၊ ပြီးလျှင် ကျွန်မ အလုပ်ညံ့ဖျင်းခဲ့ပါက၊ ကျွန်မ သိက္ခာမကျရစေဖို့အလို့ငှာ၊ ခက်ခဲသည့် အလုပ်များကို ရင်ဆိုင်နေရသည့် သို့မဟုတ် ကျွန်မ နားမလည်သည့် ကဏ္ဍများတွင် ပါဝင်ပတ်သက်နေသည့် အုပ်စုများကို ကျွန်မ ရှောင်ခဲ့သည်။ ကျွန်မ သွားခဲ့လျှင်ပင်၊ အဓိပ္ပာယ် မရှိသည့် အကြောင်းအရာများကို အိုးနင်းခွက်နင်းပြောခဲ့သည်။ ထိုအုပ်စုများမှာ တကယ့်ပြဿနာများကို ကျွန်မ ရင်မဆိုင်နိုင်ခဲ့ပါ။ ကျွန်မ၏ မာန်မာနအပေါ်၊ ပြီးလျှင် ခေါင်းဆောင်ဖြစ်ခြင်းအပေါ်ကို ကျွန်မ စိတ်အရမ်းထည့်ထားခဲ့သည်။ ခေါင်းဆောင်များက သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ သူတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ဖို့အလို့ငှာ၊ အလုပ်တာဝန်တစ်ခုစီမှာ ထဲထဲဝင်ဝင် စူးစမ်းလေ့လာဖို့၊ သမ္မာတရားကို ဆွေးနွေးပြောဆိုပြီး ကျွန်မတို့၏ညီအစ်ကို မောင်နှမများ ကြုံတွေ့ရသည့် ပြဿနာများကို ဖြေရှင်းပေးဖို့ ဘုရားသခင်၏ အိမ်တော်က အလိုရှိပါသည်။ ဤသည်က တကယ့်အလုပ်ကို လုပ်ပြီး ဘုရားသခင်၏အလိုတော်ကို ဂရုစိုက်သည်ဟု အဓိပ္ပာယ်ရပါသည်။ ထိုအုပ်စုထဲမှ ညီအစ်ကို မောင်နှမများက အခက်အခဲများ ရင်ဆိုင်နေရသည်ကို ကျွန်မ သိသော်လည်း၊ သူ့တို့၏ ပြဿနာများကို ရင်ဆိုင်ပြီး ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေဖို့ ကျွန်မ ဆန္ဒမရှိခဲ့ပါ။ ကျွန်မက မိမိ၏မာန်မာနကို စွဲကိုင်ထားပြီး မိမိ၏တာဝန်မှာ ပေါ့ဆသည်၊ ပြီးလျှင် ကျွန်မက ဂုဏ်သိက္ခာအတွက်သာ အသက်ရှင်သည်။ ဘုရားသခင့် အိမ်တော်၏ အလုပ်များအားလုံးကို ကျွန်မ မေ့လျော့သွားသည်။ အကျိုးရလဒ်အနေနှင့် ဤအုပ်စုမှာရှိသည့် ပြဿနာများ မပြေလည်ခဲ့ဘဲ တိုးတက်မှုက နှောင့်နှေးသွားခဲ့သည်။ ကျွန်မက တကယ့်အလုပ်များကို မလုပ်ဘဲနှင့် ခေါင်းဆောင်မှု ဂုဏ်ဒြပ်ကို မွေ့လျော်နေသည့် အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်သာ မဟုတ်ပါလား။ ဂုဏ်ဒြပ်နောက်လိုက်ခြင်းသည် ခြေကုန်လက်ပန်း ကျပြီး ကျွန်မ၏စိတ်နှလုံးကို မသက်မသာဖြစ်စေပါသည်။ ယင်းက ဘုရားသခင်၏အိမ်တော်၏အလုပ်ကိုလည်း အနှောင့်အယှက် ဖြစ်စေသည်၊ အားလုံးအတွက် မည်သည့်အကျိုးမှ မရှိသည့် အခြေအနေ ဖြစ်ပါသည်။ ကျွန်မ နောင်တမရခဲ့ပါက၊ မကောင်းမှုများလုပ်နေပြီး ဘုရားသခင်ကို အာခံမိကာ၊ ထိုသို့လုပ်ဆောင်ခြင်းက ဘုရားသခင်က ကျွန်မကို စွန့်ပစ်စေမည် ဖြစ်သည်။ ကျွန်မ ဘုရားသခင်ကို အမြန်ဆုတောင်းပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာဖွေခဲ့သည်။
ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့ပါသည်။ “သင်သည် ဂုဏ်အဆင့်အတန်း မရှိသည့်အခါ သင့်ကိုယ်သင် မကြာခဏ ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး သင့်ကိုယ်သင် သိရှိလာနိုင်သည်။ အခြားလူတို့သည် ဤအရာမှ အကျိုးရှိနိုင်သည်။ သင်သည် ဂုဏ်အဆင့်အတန်းရှိသည့်အခါ၊ သင်၏ အတွေ့အကြုံများမှတစ်ဆင့် အခြားသူတို့အား သမ္မာတရား၏ စစ်မှန်မှုကို နားလည်စေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်စေလျက်၊ သင့်ကိုယ်သင် မကြာခဏ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်ဆဲဖြစ်ပြီး သင့်ကိုယ်သင် သိရှိလာနိုင်ဆဲဖြစ်သည်။ လူတို့သည် ဤအရာမှလည်း အကျိုးကျေးဇူးရရှိနိုင်သည် မဟုတ်လော။ သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင့်၌ ဂုဏ်အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းမှ အခြားသူတို့ ခံစားရမည့်အကျိုးကျေးဇူးမှာ အတူတူပင်ဖြစ်သည်။ ဤသို့ဆိုလျှင် ဂုဏ်အဆင့်အတန်းသည် သင့်အတွက် မည်သို့အဓိပ္ပာယ်ရသနည်း။ ယင်းသည် အမှန်တကယ်တွင် အဝတ်တစ်ထည် သို့မဟုတ် ဦးထုပ်တစ်လုံးကဲ့သို့ အပို၊ အရန်ပစ္စည်းတစ်ခု ဖြစ်သည်။ ယင်းကို အလွန်ကြီးမားသော အရာတစ်ခုအဖြစ် သင် မခံယူသရွေ့ ယင်းသည် သင့်အား မထိန်းချုပ်ထားနိုင်ပေ။ သင်သည် ဂုဏ်အဆင့်အတန်းကို ချစ်ပြီး အရေးကြီးသောအရာတစ်ခုအဖြစ် အစဉ် မှတ်ယူလျက် အထူးအလေးထားလျှင် ယင်း၏ ထိန်းချုပ်မှုအောက်သို့ သင်ရောက်ရှိလိမ့်မည်။ ၎င်းနောက်တွင် သင်သည် သင့်ကိုယ်သင် သိရှိလိုခြင်း မရှိတော့သလို ဖွင့်ဟပြီး ဖော်ထုတ်ပြလိုခြင်း၊ သို့မဟုတ် အခြားလူတို့နှင့် ပြောဆို ဆက်ဆံပြီး သင့်တာဝန်ကို ဖြည့်ဆည်းရန်အတွက် သင်၏ ခေါင်းဆောင်နေရာကို ဘေးဖယ်ထားလိုစိတ် ရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ဤ ဂုဏ်အဆင့်အတန်းကို သင့်ကိုယ်သင်အတွက် ခံယူခဲ့သည် မဟုတ်လော။ ပြီးလျှင် ထိုနေရာကို ဆက်လက်၍သာ ကိုင်စွဲထားပြီး စွန့်လွှတ်လိုစိတ် မရှိဘဲ၊ သင်၏ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့ အခြားလူများနှင့်ပင် ယှဉ်ပြိုင်သည် မဟုတ်လော။ သင်သည် သင့်ကိုယ်သင် ညှဉ်းပန်းနေခြင်းပင် မဟုတ်လော။ သင်သည် သင့်ကိုယ်သင် သေသည်အထိ ညှင်းပန်း၍ အဆုံးသတ်လျှင် အပြစ်တင်စရာ မည်သူရှိမည်နည်း။ သင်သည် ဂုဏ်အဆင့်အတန်း ရှိသည့်အခါတွင် အခြားလူများအပေါ် အထက်စီးဆန်ခြင်းမှ ရှောင်ကြဉ်နိုင်ပြီး၊ ယင်းအစား သင်၏ တာဝန်ကို မည်သို့ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကို အာရုံစိုက်လျက်၊ သင်ပြုသင့်သည့်အရာတိုင်းကို ပြုပြီး သင်လုပ်ဆောင်အပ်သည့် တာဝန်များအားလုံးကို ဖြည့်ဆည်းပြီးလျှင်၊ သင့်ကိုယ်သင် သာမန် ညီအစ်ကိုမောင်နှမကဲ့သို့ မြင်လျှင်၊ သင်သည် ဂုဏ်အဆင့်အတန်း၏ ဖိနှိပ်ချုပ်ချယ်မှုကို ဖယ်ရှားပြီးဖြစ်မည် မဟုတ်လော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်မှာ ကျွန်မတာဝန်များကို ခေါင်းဆောင် တစ်ယောက်အဖြစ် ထမ်းဆောင်ဖို့ ဘုရားသခင်က ချီးမြှောက်လိုက်သည့်အခါ၊ သူက ကျွန်မကို ဂုဏ်ဒြပ်ကို ပေးခြင်းမဟုတ်ဘဲ တာဝန်ပေး စေခိုင်းချက်တစ်ခု၊ တာဝန်ဝတ္တရားတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်ကို ကျွန်မ နားလည်လိုက်သည်။ ပြဿနာများက မည်မျှပဲ ခက်ခဲပါစေ၊ ဖြေရှင်းဖို့အတွက် အပြည့်အဝ စိတ်နှစ်မြှုပ်လုပ်ကိုင်ဖို့ လိုအပ်ပါသည်။ ညီအစ်ကို မောင်နှမများနှင့် ဆက်ဆံသည့်အခါ ကျွန်မ၏ ခေါင်းဆောင်မှု ဂုဏ်ဒြပ်ကို အမှီမပြုသင့်ပါ။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၊ အခက်အခဲများ ထုတ်ဖော်သည့်အချိန်တိုင်းမှာ၊ သို့မဟုတ် ချို့ယွင်းချက်များ ပေါ်ပေါက်သည့်အချိန်တိုင်းမှာ ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံရမည် ဖြစ်ပြီး ရိုးသားဖြောင့်မတ်မှု ရှိရမည်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုနှင့် ချို့ယွင်းချက်များကို အခြားသူများကို မြင်တွေ့ခွင့်ပေးပြီး မိမိကိုယ်ကိုယ် အသေအချာ သိရမည်။ အတုအယောင်လုပ်ခြင်း သို့မဟုတ် ဟန်ဆောင်ခြင်းများ မရှိရပါ။ မိမိ၏ အရှိအတိုင်းနေပြီး မိမိနားလည်သည့်အရာကိုသာ မိတ်သဟာယဖွဲ့သင့်သည်။ ကျွန်မ နားမလည်သည့်အခါ၊ ဖြစ်နိုင်သမျှ အကောင်းဆုံး အတူတကွ အလုပ်လုပ်ဖို့အတွက် သမ္မာတရားကို ရှာဖွေပြီး ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယဖွဲ့ရမည်။ နောက်ပိုင်းမှာ ထိုအုပ်စု၏ ဝတ်ပြုအစည်းအဝေးကို ကျွန်မ သွားခဲ့သည်။ ဤကျွမ်းကျင်မှုနှင့် ပတ်သက်သည့် ပြဿနာများကို ကျွန်မ ကြုံရသည့်အခါ၊ ကျွန်မ၏ အတ္တကို သတိရှိရှိနှင့် စွန့်လွှတ်ခဲ့သည်။ ကျွန်မ နားမလည်သည့်အရာများအကြောင်းကို အခြားသူများကို တက်တက်ကြွကြွနှင့် မေးမြန်းခဲ့ပြီး ရှင်းပြခိုင်းပါသည်။ သူတို့က ကျွန်မကို အထင်မသေးကြပါ။ သူတို့ကလည်း သူတို့၏အလုပ်ရှိ ပြဿနာများနှင့် အခက်အခဲများကို ကျွန်မကို ဖွင့်ဟကြသည်။ သူတို့ ပြောသည့်အခါ၊ ကျွန်မ သေသေချာချာ နားထောင်ပြီး နားလည်ဖို့ ကြိုးစားသည်။ ထိုအချိန်သည် သူတို့ပြဿနာများကို ကျွန်မ အနည်းငယ် သိမြင်လာခဲ့ပြီး သမ္မာတရား၏ အခြေခံသဘောတရားများကို အသုံးပြုပြီး သူတို့ကို မိတ်သဟာယဖွဲ့ပေးခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင်အချိန်များမှာလည်း ဤကျွမ်းကျင်မှုအပိုင်းကို လေ့လာသည်။ အခက်အခဲများ ကြုံရသည့်အခါမှာ၊ သူတို့နှင့်အတူ အဖြေများကိုရှာဖွေကြသည်။ အတူတူ အလုပ်လုပ်ခြင်းအားဖြင့် ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ဖြည့်စွက်ပေးနိုင်ကြသည်။ ကျွန်မတို့ အလုပ်မှာ ပြဿနာများ အများကြီး စပြီး ဖြေရှင်းကြသည်၊ ပြီးလျှင် မိမိ၏တာဝန်မှာ ပို၍ကောင်းသည့် ရလဒ်များ ရလာကြသည်။ ကျွန်မ ပို၍ စိတ်အေးလက်အေးရှိလာပြီး စိတ်သက်သာရာရခဲ့သည်။
သုံးလေးလလောက်ကြာတော့ အသင်းတော်က ကျွန်မအလုပ်၏ နယ်ပယ်ကို ချဲ့လာသည်။ ကျွန်မ အများကြီး သင်ယူရမည်ကို သိခဲ့ပါသည်။ အခက်အခဲများနှင့် ကြုံရသည့်အခါ၊ ဘုရားသခင်ကို ကျွန်မ မကြာခဏ ဆုတောင်းပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး အချို့ လက်တွေ့ကျသည့် ပြဿနာများကို ဖြေရှင်းခဲ့သည်။ ညီအစ်ကို မောင်နှမများက ကျွန်မကို စတင် လက်ခံလာကြပြီး လေးစားလာကြပြီး၊ ထိုခံစားချက်ကို ကျွန်မ ပျော်မွေ့လာသည်။ သတိမထားလိုက်မိဘဲ၊ ကျွန်မ၏ဂုဏ်ဒြပ်ကို ထပ်ပြီး အာရုံစိုက် လာပြန်သည်။ တစ်နေ့မှာ တွဲဖက်အမှုဆောင် အစည်းအဝေး လုပ်နေစဉ်၊ အသင်းတော်တစ်ခု၏ အစည်းအဝေးများက သိပ် မထိရောက်ပါဟု ကျွန်မတို့ ခေါင်းဆောင်က ပြောသည်။ ပြဿနာကို ဖြေရှင်းဖို့အတွက် အသင်းတော်ဆီကို ကျွန်မ သွားဖို့ ကျွန်မ၏ တွဲဖက်အမှုဆောင်က အကြုံပြုသည်။ “ကြည့်ရတာ ငါက သမ္မာတရားရဲ့ စစ်မှန်မှု တချို့ကို ပိုင်ဆိုင်ပြီးတော့၊ ပြဿနာတွေကို ကူပြီး ဖြေရှင်းနိုင်ပုံရတယ်။ တွဲဖက် အမှုဆောင်တွေကြားမှာ ငါက ထင်ပေါ်နေတာပဲ ဖြစ်ရမယ်။ ငါ အလုပ်ကို ကြိုးစားလုပ်ပြီး ငါ ဘာလုပ်နိုင်တယ်ဆိုတာ သူတို့ကို ပြရမယ်။” ဟု ကျွန်မ မိမိဘာသာ စဉ်းစားလိုက်သည်။ ကျွန်မ၏ လွဲမှားသည့် ရည်ရွယ်ချက်၏ အကျိုးရလဒ်အနေနှင့် ဘုရားသခင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အခြေအနေတစ်ခုကို စီစဉ်ခဲ့ပါသည်။ တစ်နေ့မှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် အစ်မလီက အခက်အခဲအချို့ရှိပြီး အနည်းငယ် အပျက်သဘောဆောင်သကဲ့သို့ ဖြစ်နေသည်။ ကျွန်မက ဘုရားသခင်၏နှုတ်ကပတ်တော် နှစ်ပိုဒ်ကို အမြန် ရှာပြီး သူမနှင့် မိတ်သဟာယဖွဲ့ဖို့ ကျွန်မ၏ အတွေ့အကြုံကို အသုံးပြုလိုက်သည်။ ဤသည်က မိနစ် သုံးဆယ်ကျော်လောက် ကြာသွားသော်လည်း၊ သူမအပေါ် မည်သည့်ထိရောက်မှုမျှ ရှိပုံမရပါ။ ကျွန်မ၏ မိတ်သဟာယက ပျင်းစရာကောင်းပြီး မည်သည့်အရာကိုမျှ မဖြေရှင်းပေးပါဟုလည်း ကျွန်မ ခံစားခဲ့ရသည်။ နောက်တော့ အစ်မအန်းက ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ထုတ်ပြသည်၊ ပြီးလျှင် အစ်မလီက စပြီး ခေါင်းညိတ်ရင်းနှင့် ပြုံးလာသည်။ ထိုအချိန်မှာ ကျွန်မ အနည်းငယ် အရှက်ရမိသည်။ အစ်မအန်း ညွှန်ပြသည့် အပိုဒ်က ပို၍ သင့်တော်သည်။ အစ်မလီက ကျွန်မကို မည်သို့ထင်မည်ကို ကျွန်မ တွေးမိသည်။ ကျွန်မက အရည်အချင်း မပြည့်မီသည့် ခေါင်းဆောင်တစ်ဦး ဖြစ်သည်၊ အစ်မအန်းကဲ့သို့ သင့်တော်သည့် ဘုရားသခင်၏နှုတ်ကပတ်တော် ကျမ်းပိုဒ်များဖြင့် မကိုးကားနိုင်သကဲ့သို့ ပြဿနာများကိုလည်း မဖြေရှင်းနိုင်ဟု သူမက ပြောမလား။ ကျွန်မ မချင့်မရဲဖြစ်ပြီး မိတ်သဟာယ မဖွဲ့ချင်တော့ပါ။ သုံးလေးရက်လောက်ကြာပြီးသည့်နောက်မှာ အစ်ကိုကျန်းက သိပ်အဆင်မပြေပါ။ ကျွန်မ ကြိုပြီးတော့ သက်ဆိုင်မှုရှိသည့် ကျမ်းပိုဒ်အချို့ကို ရှာထားပြီး “အစ်မအန်းရှေ့မှာ မျက်နှာရဖို့အတွက် ဒီမိတ်သဟာယ အဆင်ပြေဖို့လိုတယ်။ မဟုတ်ရင်တော့ ဒီအလုပ်ကို ငါ ဘယ်လိုလုပ်နိုင်မှာလဲ။” ဟု တွေးသည်။ အစ်ကိုကျန်းကို ကျွန်မ တွေ့သည့်အခါ၊ ကျွန်မက အရမ်း တက်ကြွပြီး ကြိုတင်ပြင်ဆင်မှုရှိသည်။ ကျွန်မ သိသမျှကို ပြောပြဖို့ ကြိုးစားခဲ့သည်။ မမျှော်လင့်ဘဲနှင့် အစ်ကိုကျန်းက “အစ်မ၊ အစ်မ ပြောတာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ အခြေအနေက မတိုးတက်လာဘူး။ ကျွန်တော် နည်းနည်း ထပ်စဉ်းစားကြည့်ပါရစေ။” ဟု ကျွန်မကို စိတ်မရှည် ဖြစ်ပြီး ပြောသည်။ သူ့စကားများက ကျွန်မကို အံ့အားသင့်စေသည်။ ကျွန်မ မည်သည့်စကားမျှ မပြောနိုင်ဘဲ ထိုနေရာမှာ ရပ်နေသည်။ ကျောက်တုံးတစ်တုံးအောက်မှာ ပြေးပုန်းချင်ခဲ့သည်။ ကျွန်မ အရမ်းကို စိတ်ဒုက္ခရောက်ပြီး “ငါ ဘာဖြစ်နေတာလဲ။ တခြား ညီအစ်ကို မောင်နှမတွေနဲ့ ပြောတုန်းက ဒီလို မဖြစ်တတ်ပါဘူး။ ငါ ဘာလို့ အမှားတွေ ဆက်တိုက် လုပ်မိနေတာလဲ။ ဒီကိစ္စကြောင့် ငါ့ကို သူတို့က အထင်သေးကြတော့မယ်။ ငါက စကားတွေပဲ ပြောပြီး တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုပြီး ပြောကြမှာလား။” ဟု စဉ်းစားမိသည်။ အစည်းအဝေးက မည်သို့ ပြီးသွားသည်ကို ကျွန်မ မေ့သွားသည်။
ထို့နောက်မှာ အစ်မအန်းနှင့် အတူရှိနေသည့် အချိန်တိုင်းမှာ ကျွန်မ မိမိကိုယ်ကိုယ် အရမ်း သတိထားမိသည်။ တစ်ခါတစ်ရံ သူမ ကျွန်မကို ကြည့်သည့်ပုံစံ သို့မဟုတ် ပြောသည့်ပုံစံက အနည်းငယ် ကြမ်းတမ်းသည်။ “သူက ငါနဲ့ပတ်သက်ပြီး ပြဿနာရှိနေလို့လား။ ငါ့ကို လက်သင့်မခံဘူးလား။” ဟု ကျွန်မ စဉ်းစားမိသည်။ ကျွန်မ နောက်ထပ် အားနည်းချက်များ မပြမိအောင် နောင်ဆိုရင် ဝေးဝေး နေသင့်သည်ဟု ခံစားမိသည်။ ညီအစ်ကို မောင်နှမများရှေ့မှာလည်း ကျွန်မ၏ အသွင်အပြင်ကို ဂရုတစိုက် ထိန်းသိမ်းသည်။ ကျွန်မ တမင်တကာ သူတို့နှင့် ဝေးဝေးနေပြီး သူတို့နှင့် သိပ် စကားမပြောပါ သို့မဟုတ် သူတို့ ပြဿနာများကို မကူညီပေးပါ။ မိမိတာဝန်ကို တာဝန်သိစိတ်ရှိရှိနှင့် ကျွန်မ မလုပ်တော့ပါ။ တဖြည်းဖြည်းနှင့် ကျွန်မ၏ စိတ်နှလုံးမှာ အမှောင်များ စိုးမိုးလာသည်ကို ခံစားရသည်။ အခြားလူများ၏ ပြဿနာများကို ကျွန်မ နားမလည်နိုင်ခဲ့သကဲ့သို့ မဖြေရှင်းနိုင်ခဲ့ပါ။ တစ်ခါတစ်ရံတွင် ကျွန်မ သူတို့နှင့်တွေ့ဖို့ ကြောက်နေသည်။ နေ့ရက်တိုင်းကို ကျွန်မ ဖြစ်သလိုဖြတ်သန်းပြီး ဘုရားသခင်က ကျွန်မကို စွန့်ပစ်ခဲ့ပြီဟု ခံစားခဲ့ရသည်။ အဲဒီအချိန်မှာပဲ နောက်ဆုံးမှာ ကျွန်မ ဘုရားသခင်ကို ဆုတောင်းသည်။ “ဘုရားသခင် ကျွန်မရဲ့ နာမည်ကို ကျွန်မ အမြဲတမ်းထိန်းသိမ်းဖို့ ကြိုးစားနေပြီး အမြဲတမ်း ဟန်ဆောင်နေခဲ့ပါတယ်။ ကိုယ့်တာဝန်အပေါ် တာဝန်သိစိတ် မရှိတော့ပါဘူး။ ကိုယ်တော်က ကိုယ်တော့်မျက်နှာကို ကျွန်မဆီကနေ ပုန်းကွယ်ခဲ့ပါပြီ၊ ဒါက ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းပါ၊ ဒါပေမဲ့ ကျွန်မ ကိုယ်တော့်ကို အားကိုးပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ဆန္ဒရှိပါတယ်။” ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရသည်။ “လူတို့ကိုယ်တိုင်သည် အဖန်ဆင်းခံအရာများ ဖြစ်ကြ၏။ အဖန်ဆင်းခံ အရာများက အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို ရရှိနိုင်ပါသလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ဖြစ်မြောက်စေနိုင်သလော။ မဖြစ်စေနိုင်ပေ။ သို့သော်၊ လူသားများထဲတွင်၊ အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် တတ်ကျွမ်းမှုတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက်၊ သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားမိကြသည်။ သူတို့ မည်မျှတတ်စွမ်းနိုင်သည်ဟု ၎င်းတို့ တွေးထင်ကြပါစေ၊ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ချင်ကြပြီး မြင့်မြတ်သည့် အကျော်အမော် ပုဂ္ဂိုလ်များကဲ့သို့ အယောင်ဆောင်တတ်ကြကာ ချွတ်ယွင်းချက် တစ်ခုမျှမရှိ၊ စုံလင်ပြီး ခြောက်ပြစ်ကင်းသဲလဲစင်သည့်ပုံ ပေါ်ကြ၏။ အခြားသူများ၏ အမြင်တွင်၊ သူတို့သည် ကြီးမြတ်သူ၊ သြဇာတိက္ကမ ကြီးသူ၊ အပြည့်အဝ တတ်စွမ်းနိုင်သူနှင့် မည်သည့်အရာကိုမဆို ဖြစ်မြောက်စေနိုင်သူကဲ့သို့ ယူမှတ်ခံရဖို့ ဆန္ဒရှိကြသည်။ ၎င်းတို့သည် အကြောင်းကိစ္စတစ်ခုတွင် အခြားလူများ၏ အကူအညီကို တောင်းခံလျှင် ၎င်းတို့သည် မစွမ်းဆောင်နိုင်၊ အားနည်းသည်၊ နိမ့်ကျသည် ဆိုသည့်ပုံပေါ်မည်၊ လူတို့သည် ၎င်းတို့အား အထင်သေးကြမည်ဟု ထင်မြင်ကြသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် လှည့်ဖြား၍ ဟန်ပြလိုကြသည်။...ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများသည် အလွန်ပင် မာနထောင်လွှားကြသည်။ အသိစိတ်အားလုံး ပျောက်ဆုံးသွားကြပြီ ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာ သွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန် ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်၊ ကျွန်မက ဘုရားသခင်၏ ဖန်ဆင်းခံများထဲက တစ်ယောက်ဖြစ်သည်ကို နားလည်ခဲ့သည်။ ကျွန်မက အရာအားလုံးကို နားလည်ပြီး ကျွမ်းကျင်တတ်မြောက်ဖို့က မဖြစ်နိုင်ပါ။ သမ္မာတရားနှင့် ပတ်သက်သည်ဖြစ်စေ၊ အထူးပြု ပညာရပ်နှင့် ပတ်သက်သည် ဖြစ်စေ ကျွန်မ နားလည် သဘောပေါက်နိုင်သည့် အရာများက အလွန် အကန့်အသတ်ရှိပါသည်။ အကြောင်းအရာများကို သတိမပြုမိဘဲ အမှားများလုပ်မိခြင်းက သာမန်ဖြစ်သော်လည်း၊ ကျွန်မ မိမိကိုယ်ကိုယ် တကယ် မသိခဲ့ဘဲ၊ မိမိ၏ အားနည်းချက်များကို ဝန်မခံချင်ခဲ့ပါ။ ကျွန်မက ပြည့်စုံချင်သည်၊ မြင့်မားပြီး အစွမ်းထက်ချင်သည်၊ ပြီးလျှင် အခြားလူတစ်ယောက်အနေနှင့် ဟန်ဆောင်ခဲ့ပြီး၊ အခြားလူများက ကျွန်မကို မည်သို့မြင်သည်နှင့်ပတ်သက်၍ အလွန် အာရုံစိုက်ခဲ့သည်။ ထိုအသင်းတော်ကို သွားပြီး သူတို့၏ ပြဿနာများကို ဖြေရှင်းဖို့ ကျွန်မ၏ တွဲဖက်အမှုဆောင်က အကြံပေးသည့်အခါက၊ ကျွန်မမှာ သမ္မာတရား၏ စစ်မှန်မှုရှိခဲ့ပြီး သူတို့ထက်သာသည်ဟု ခံစားခဲ့ရသောကြောင့်၊ ကျွန်မ၏ အရည်အချင်းများကို ပြပြီး မိမိကိုယ်ကိုယ် သက်သေပြချင်ခဲ့သည်။ အစ်မအန်းနှင့် တွဲလုပ်သည့်အခါက၊ ကျွန်မက ခေါင်းဆောင်ဖြစ်ပြီး ပြဿနာများ ဖြေရှင်းဖို့အတွက် ရောက်လာသောကြောင့်၊ အရာရာတိုင်းမှာ ကျွန်မက သူမထက်သာနေသင့်သည်ဟု ထင်မြင်ခဲ့သည်။ အစ်မအန်းက အခြားသူများ၏ ပြဿနာများကို ဖြေရှင်းခဲ့ပြီး ကျွန်မမှာမူ အမှားများလုပ်နေသည်ကို တွေ့ရသည့်အခါ၊ ကျွန်မ နာမည်ပျက်သွားပြီဟု ခံစားရပြီး ထွက်ပြေးချင်ခဲ့သောကြောင့်၊ ကျွန်မ တမင်တကာ အခြားသူများနှင့် ဝေးဝေးနေပြီး မိမိတာဝန်ကို စပြီး ခေါင်းရှောင်လာခဲ့သည်။ အသင်းတော် အသက်တာမှာရှိသည့် ပြဿနာများက ဆက်ဖြစ်နေပြီး ညီအစ်ကို မောင်နှမများ အသက်ဝင်ရောက်မှုကို ရရှိဖို့အတွက် အဟန့်အတားဖြစ်နေသည်။ ကျွန်မ အမြဲတမ်း ဟန်ဆောင်နေရသည့် အကြောင်းရင်းက “လူတို့သည် ၎င်းတို့နှင့်တစ်ခေတ်တည်း မွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်၊” “သစ်တစ်ပင်သည် အခေါက်အတွက် အသက်ရှင်သကဲ့သို့ လူတစ်ဦးသည် သူ၏မျက်နှာအတွက် အသက်ရှင်၏၊” နှင့် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့် နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏၊” တို့ကဲ့သို့ စာတန်၏ အဆိပ်များ၏ ဖျက်ဆီးခြင်းကို ခံရသောကြောင့် ဖြစ်သည်ကို ကျွန်မ သဘောပေါက်ခဲ့သည်။ ကျွန်မ မည်သည့်အုပ်စုမှာ ရှိနေနေ ဟန်ဆောင်နေပြီး ကျွန်မ၏ အားနည်းချက်များကို ဖုန်းကွယ်ဖို့ ကြိုးစားခဲ့သည်။ ကျွန်မ၏ ကောင်းသည့်ဘက်ကိုပဲ လူများကို မြင်စေချင်ပြီး သူတို့စိတ်ထဲမှာ ကောင်းသည့်အမြင်များသာ ကျန်ရစ်ခဲ့စေချင်သည်။ ယင်းက ကျွန်မဘဝကို တန်ဖိုးရှိစေပြီး၊ ဂုဏ်သိက္ခာရှိစေသည်ဟု ထင်ခဲ့သော်လည်း၊ ထိုခံစားချက်က ပျောက်သွားသည့်အခါ၊ ကျွန်မ နာကျင်ပြီး စိတ်ဓာတ်ကျခဲ့ရသည်။ ကျွန်မ မိမိကိုယ်ကိုယ် အမြဲတမ်း သတိထားပြီး အခြားသူများကိုလည်း သံသယဝင်နေခဲ့သည်။ ယင်းက ခြေကုန်လက်ပန်းကျလှသည်။ ဘုရားသခင်က သူ့ကို ချီးမြှောက်ပြီး သက်သေခံဖို့၊ လက်တွေ့ကျသည့် ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့၊ ညီအစ်ကို မောင်နှမများကို ဘုရားသခင်ထံ ခေါ်ဆောင်ဖို့ ကျွန်မတာဝန်ကို ခေါင်းဆောင်တစ်ယောက်အဖြစ် ထမ်းဆောင်ရန် မြှင့်တင်ပေးခဲ့သည်။ သို့ရာတွင် ဘုရားသခင့်အိမ်တော်၏အလုပ်ကို ထိန်းသိမ်းဖို့ ကျွန်မ အကောင်းဆုံး မကြိုးစားခဲ့ပါ။ ထိုအစား ယင်းကို ကြွားဝါဖို့နှင့် အလေးစားခံဖို့ အခွင့်အရေးအဖြစ် ကျွန်မ မှတ်ယူခဲ့သည်။ ကျွန်မ လိုချင်သည့်အရာကို မရသည့်အခါ၊ ကျွန်မ အလုပ်ကို လျစ်လျူရှုခဲ့သည်။ ကျွန်မ၏ သိက္ခာနှင့် ဂုဏ်အဆင့်အတန်း အတက်အကျကိုသာ စဉ်းစားပြီး သမ္မာတရားကို လိုက်စားခဲ့သကဲ့သို့၊ ကျွန်မ၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းခဲ့ပါ။ အကျိုးဆက်အနေနှင့် ဘုရားသခင်က ကျွန်မကို ရွံရှာခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ စိတ်ဝိညာဉ်က မှောင်မိုက်ထဲမှာ နေထိုင်နေခဲ့သည်။ ကျွန်မသည် တကယ့် ပြဿနာများကို မဖြေရှင်းနိုင်ရုံမကဘဲ၊ ကျွန်မ နဂိုက လုပ်နိုင်ခဲ့သည့်အရာများကိုပင် မလုပ်နိုင်ခဲ့ပါ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို ကျွန်မ မျက်မြင်တွေ့ရှိခဲ့ရပါသည်။ ပေါလု၏ သဘာဝက မာနထောင်လွှားပြီး ယှဉ်ပြိုင်တတ်သည်။ သူက ဂုဏ်ဒြပ်နောက်ကို မဆင်မခြင်နှင့် လိုက်လျှောက်ခဲ့ပြီး အလေးစားခံချင်ခဲ့သည်။ လူများကို သူရှေ့ကို ခေါ်ဆောင်ခဲ့ပြီး ဘုရားသခင်ကို အာခံသည့် လမ်းကြောင်းကို စတင်ခဲ့သည်။ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့ဘဲ၊ ဂုဏ်ဒြပ်နောက်ကို မဆင်မခြင်နှင့် လိုက်လျှောက်ခဲ့သည်။ အခြားလူများက ကျွန်မကို မည်သို့မြင်သည်ကို အလွန် ဂရုစိုက်ခဲ့ပြီး၊ သူတို့ကို စည်းရိုးသိမ်းသွင်းပြီး လှည့်စားချင်ခဲ့သည်။ ပေါလုကဲ့သို့ပင်၊ ဘုရားသခင်ကို အာခံသည့်လမ်းကြောင်းကို ကျွန်မ လျှောက်ခဲ့ပါသည်။ ဤသည်ကို ကျွန်မ နားလည်သဘောပေါက်သည့်အခါ၊ ဘုရားသခင်ကို အမြန် ဆုတောင်းပြီး နောင်တရခဲ့သည်။ ကျွန်မ ထပ်ပြီး ဟန်မဆောင်ချင်တော့သကဲ့သို့၊ မိမိ၏ ဂုဏ်ဒြပ်ကို မကာကွယ်ချင်တော့ပါ။ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ချင်သည်။
နောက်တစ်ခါ ညီအစ်ကို မောင်နှမများနှင့် တွေ့သည့်အခါ၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ဖို့ ကျွန်မ ကြုံတွေ့ခဲ့သည့်အရာကို သူတို့ကို ပြောပြချင်ခဲ့သော်လည်း၊ ကျွန်မ ပြောမထွက်နိုင်ခဲ့ပါ။ ကျွန်မက အသင်းတော်ခေါင်းဆောင်ဖြစ်ပြီး သူတို့အလုပ်ကို ကြီးကြပ်ရမည် ဖြစ်သည်။ ကျွန်မက သူတို့ကို မကောင်းသည့်အရာများ အပါအဝင် အားလုံးပြောပြလိုက်ပါက၊ ကျွန်မက သမ္မာတရားကို မလိုက်စားသည့်သူ၊ ကျွန်မက ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ မသင့်တော်သည့်သူဖြစ်သည်ဟု သူတို့က ထင်ကြမလား။ ကျွန်မ စိတ်ထဲမှာ လွန်ဆွဲနေသည်။ ထိုအချိန်မှာ ကျွန်မက ထပ် ဟန်ဆောင်ပြီး ကျွန်မ နာမည်ကို ထိန်းသိမ်းဖို့ ကြိုးစားနေသည်ကို သတိပြုမိခဲ့သည်။ ကျွန်မက ဂုဏ်အဆင့်အတန်းကို ထပ်ခါထပ်ခါ တန်ဖိုးထားနေသည်ကို ကျွန်မ တွေးမိသည်၊ ယင်းက ဘုရားသခင်၏အိမ်တော်၏အလုပ်ကို အနှောင့်အယှက် ဖြစ်စေပြီး ကျွန်မကို လမ်းမှားပေါ် ရောက်စေသည်။ ကျွန်မ စိတ်နှလုံးက ကြောက်ရွံ့မှုများနှင့် ပြည့်နေခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ စဉ်းစားမိသည်။ “သင်ကိုယ်တိုင်၏ ဂုဏ်သတင်း၊ ကိုယ့်ကိုယ်ကိုယ်လေးစားမှု၊ ဂုဏ်အဆင့်အတန်းတို့အတွက် မည်သည့်အရာကိုမဆို ဖုံးကွယ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် လှည့်ကွက်များသုံးခြင်းတို့ကို ပြုလုပ်စရာမလိုပေ။ သင် ပြုလုပ်သော မည်သည့်အမှားမဆိုတွင်လည်း ဤသဘောအတိုင်းပင်ဖြစ်သည်။ ဤကဲ့သို့သော အကျိုးမရှိသည့် အလုပ်သည် မလိုအပ်ပေ။ သင်သည် ယင်းကို မလုပ်ဆောင်လျှင် လွယ်ကူစွာ၊ ပင်ပန်းခြင်းကင်းစွာ အသက်ရှင်နိုင်လိမ့်မည်ဖြစ်ပြီး အလင်းထဲတွင် အပြည့်အဝ ရှိနေလိမ့်မည်ဖြစ်သည်။ ဤသို့သောလူတို့သည်သာ ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ စိတ်နှလုံးကို လင်းလက်စေပြီး စိတ်ဓာတ်ခွန်အားရစေသည်။ ဤပတ်ဝန်းကျင်မှာ ရှိခြင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အလမ်း ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ကျွန်မ၏ တကယ့်အရှိအတိုင်းကို ဖုန်းကွယ်ပြီး မိမိ၏ဂုဏ်ဒြပ်ကို ကာကွယ်မနေနိုင်တော့သောကြောင့်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှု အားလုံးနှင့် ကျွန်မ သင်ယူခဲ့ရသည့် သင်ခန်းစာများကို ညီအစ်ကို မောင်နှမများနှင့် မျှဝေခဲ့သည်။ ဤမိတ်သဟာယမှ ကျွန်မတို့အားလုံး အကျိုးအမြတ်တစ်ခုခုရခဲ့ပြီး အချင်းချင်း ပိုရင်းနှီးလာခဲ့သည်။ အလုပ် ပြဿနာများ အကြောင်းလည်း ပြောခဲ့ကြပြီး အချင်းချင်း၏ အားသာချက်များကို အသုံးပြုခြင်းအားဖြင့် ကျွန်မတို့တာဝန်မှာရှိသည့် အမှားများကို ပြုပြင်နိုင်ခဲ့သည်။ အချိန်အနည်းငယ်လောက် ကြာပြီးသည့်နောက် ဤအသင်းတော်မှာရှိသည့် ပြဿနာများက ပြေလည်သွားခဲ့သည်။ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကလည်း တိုးတက် လာခဲ့ပြီး သူတို့၏ တာဝန်များကို တက်တက်ကြွကြွနှင့် စတင် လုပ်ဆောင်ခဲ့ကြသည်။ ထို့နောက်မှာ ကျွန်မ တာဝန်ကို ထမ်းဆောင်သည့်အခါ၊ တစ်ခါတစ်ရံတွင် ဂုဏ်ဒြပ်နှင့် ပတ်သက်သည့် အတွေးများ၏ ချည်နှောင်ခြင်းကို ခံရသော်လည်း၊ သတိရှိရှိနှင့် ဘုရားသခင်ကို ကျွန်မ ဆုတောင်းနိုင်ခဲ့သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားနိုင်ခဲ့သည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို ပွင့်လင်းစွာ ပြောဆိုနိုင်ခဲ့သည်။ တဖြည်းဖြည်းနှင့် ကျွန်မ၏ ဂုဏ်ဒြပ်ကို အရမ်း အာရုံစိုက်ခြင်းကို ရပ်တန့်နိုင်ခဲ့သည်။ ထိုအချိန်ကတည်းကစပြီး ဟန်ဆောင်ခြင်း မရှိဘဲ၊ ပွင့်လင်းစွာ ဆက်ဆံခြင်းအားဖြင့် ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် အဆင်ပြေပြေနေနိုင်ခဲ့သည်။ အယောင်ဆောင်ခြင်းများ မရှိသည့်အခါ၊ သမ္မာတရားကို ကျွန်မ လိုက်စားနိုင်ပြီး တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်နိုင်ခဲ့ပါသည်။ ဤသည်မှာ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၏ အကျိုးရလဒ်ပါပဲ။ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။