၃၅။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း နေ့ရက်များ

လီမင် စပိန်နိုင်ငံ

သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏ကျူး”) ဘုရား၏ ဤနှုတ်ကပတ်တော်ဓမ္မတေးကို ဆိုရခြင်းသည် ကျွန်တော့်အတွက် အလွန်အမင်း တို့ထိစရာ ဖြစ်သည်။ ကျွန်တော်သည် “ထင်ရှားကျော်ကြားမှုရရှိခြင်းသည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဆိုသည်နှင့် “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည် နိမ့်ရာသို့ စီးဆင်း၏” ဆိုသကဲ့သို့သော စာတန်၏ အဆိပ်များနှင့် အသက်ရှင်လေ့ရှိခဲ့ပါသည်။ စာတန်အားဖြင့် လှည့်စားခံရပြီး ဖျက်ဆီးခံခဲ့ရလျက်၊ ကျော်ကြားမှုနှင့် အဆင့်အတန်းကို ကျွန်တော် စဉ်ဆက်မပြတ် ရှာဖွေခဲ့ပြီး ကျွန်တော့်၏ ကျော်ကြားမှုနှင့် အဆင့်အတန်းကို ဆုံးရှုံးရသည်။ ထိုအရာမှာ အသက်ရှင်ဖို့ နာကျင်ဖွယ်နည်းလမ်းတစ်ခု ဖြစ်သည်။ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော သဘာဝအကြောင်း အနည်းငယ် နားလည်လာခဲ့ပြီး၊ ကျော်ကြားမှုနှင့် အဆင့်အတန်းကို ရှာဖွေခြင်း၏ အနှစ်သာရနှင့် အကျိုးဆက်များအပေါ် ရှင်းလင်းမှုအချို့ ကျွန်တော် ရရှိခဲ့သည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကျိုးနွံအောင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်မှုကို တွေ့ကြုံရသည့်နောက်တွင် ဖြစ်ခဲ့ပါသည်။ နောက်ဆုံးတွင် ကျွန်တော် စတင်နိုးထခဲ့ပြီး နောင်တရခဲ့သည်။ ထိုနည်းဖြင့် ကျွန်တော် နောက်ထပ် အသက်မရှင်ချင်တော့ဘဲ၊ သမ္မာတရားကိုသာ လိုက်စားပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်တော့်တာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့သာ လိုချင်ခဲ့သည်။

ဓမ္မတေးသီချင်းများ ဖန်တီးခြင်းနှင့်ဆိုင်သည့် ကျွန်တော့်တာဝန်ကို စတင်လုပ်ဆောင်ခဲ့သည်မှာ လွန်ခဲ့သည့် ၂၀၁၆ခုနှစ်၏ စက်တင်ဘာလတွင်ဖြစ်သည်ကို ကျွန်တော် မှတ်မိပါသည်။ ထို့နောက်မကြာမီတွင်၊ အဖွဲ့ခေါင်းဆောင်တစ်ဦး ရွေးချယ်ခြင်းကို ဆွေးနွေးဖို့ ကျွန်တော်တို့ ခေါင်းဆောင်က ကျွန်တော်တို့ထံ ရောက်လာခဲ့သည်။ ဤအရာကို ကျွန်တော် ကြားလျှင်ကြားချင်း ကျွန်တော် ပျော်သွားခဲ့ပြီး၊ ကျွန်တော့် စိတ်ထဲတွင် မျှော်မှန်းရသော သင့်တော်သူများကို စတင် ချိန်ဆကြည့်မိခဲ့သည်။ ဤအလားတူ တာဝန်ကို ကျွန်တော်နှင့်အတူ လုပ်ခဲ့သည့် အခြားညီအစ်ကိုမောင်နှမများက ငယ်ရွယ်လွန်းသေးသကဲ့သို့ လုံလောက်အောင် မကျွမ်းကျင်သေးပါ။ ညီအစ်ကိုလီသာ ရှိသည်- သမ္မာတရားအပေါ် သူ၏ မိတ်သဟာယက အတော်လက်တွေ့ကျပြီး၊ အလုပ်အချို့ကို သူနားလည်သည်။ ထို့အပြင်၊ အပြောအဆို အနေအထိုင်ကလည်း တည်ငြိမ်သည်။ သူ အရွေးခံရဖို့ အခွင့်အလမ်းကောင်းသည်ဟု ကျွန်တော်ခံစားခဲ့ရသည်၊ သို့သော် ကျွန်တော်၏ မိတ်သဟာယကလည်း မညံ့သကဲ့သို့၊ ကျွန်တော်သည် အထူးသဖြင့် အသင်အယူ ကောင်းသူတစ်ဦးဖြစ်ကာ အကြောင်းအရာအသစ်များကို အကျွမ်းဝင်ရာတွင် အတော်အတန် မြန်ဆန်သည်။ အကြောင်းအရာတစ်ခုလုံးကို ကြည့်ရာတွင်လည်း ကျွန်တော် တော်ပါသည်။ ထို့ကြောင့် အရွေးခံရဖို့ ကျွန်တော့် အခွင့်အရေးက သူ့ထက် ပိုများသင့်သည်ဟု တွက်ဆမိခဲ့သည်။ သို့သော် အဖွဲ့ထဲ၌ရှိသည့် အယောက်တိုင်းက ထိုတာဝန်နှင့် အစိမ်းသက်သက် ဖြစ်ကြပြီး၊ ကျွန်တော်တို့ အလုပ်အတူလုပ်ကြသည်မှာ မကြာသေးသောကြောင့် အချင်းချင်း သိပ်ပြီး မသိခဲ့ကြပါ။ သူတို့ ကျွန်တော့်ကိုရွေးမည်လားဆိုသည်မှာ မသိရပါ။ ထို့ကြောင့်၊ ကျွန်တော်တို့ အသီးသီး ဖြည့်ဆည်းခဲ့ပြီးသည့် တာဝန်များ၏ ရလဒ်များကို ချင့်တွက်ပြီးနောက် အဖွဲ့ကို ယာယီ ဦးဆောင်ဖို့ တစ်စုံတစ်ဦးကို သတ်မှတ်ဖို့ ခေါင်းဆောင်ကို ကျွန်တော် အကြံပေးခဲ့သည်။ အယောက်တိုင်းက သဘောတူခဲ့ကြသည်။ ကျွန်တော် တိတ်တိတ်လေး ကျေနပ်မိခဲ့သည်။ တာဝန်တွင် အတော်ကောင်းသည့် မှတ်တမ်း ကျွန်တော် ရှိသောကြောင့် ဤလူရွေးပွဲက ကျွန်တော်ရဖို့ သေချာပြီဟု ကျွန်တော် ထင်ခဲ့မိသည်။ နောက်နေ့တွင် စည်းဝေးပွဲကို ယုံကြည်မှုအပြည့်ဖြင့် ကျွန်တော် သွားခဲ့သည်၊ သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာ ညီအစ်ကိုလီ လုံးဝ အရွေးခံခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော် တကယ်ကို စိတ်ပျက်သွားခဲ့သော်လည်း၊ ဣန္ဒြေမပျက်စေရန် စိတ်အနှောင့်အယှက်မဖြစ်သကဲ့သို့ ကျွန်တော် ဟန်ဆောင်ပြီး “ဘုရားရဲ့ကျေးဇူးတော်ပါပဲ။ အခုကစပြီး ကျွန်တော်တို့ တာဝန်တွေ ကျေပွန်အောင် အားလုံးအတူတူ အလုပ်လုပ်ကြတာပေါ့” ဟု ပြောခဲ့သည်။ သို့သော် ရင်ထဲတွင် ကျွန်တော် လုံး၀ လက်မခံနိုင်ခဲ့ပါ။ အိမ်ကို လမ်းလျှောက်ပြန်လာရင်း အားအင် ကုန်ခန်းသကဲ့သို့ ခံစားခဲ့ရသည်။ ထိုကိစ္စကို ကျွန်တော် နားကိုမလည်နိုင်ခဲ့ပါ- “ညီအစ်ကိုလီက ငါ့ထက်သာတာ ဘာရှိလို့လဲ။ ငါ တကယ်ကို လက်မခံနိုင်ဘူး။ ငါ့မှာ သိသိသာသာကြီးကို အရည်အချင်းတွေအများကြီး ရှိတယ်လို့ ထင်မိတယ်။ ဒါကြောင့် ငါ့ကို မရွေးခြင်းအားဖြင့်၊ အားလုံးကို အချည်းနှီး ဖြစ်သွားစေတာ မဟုတ်လား။” ထို့ကြောင့် ကျွန်တော် မိမိကိုယ်ကိုယ် လုံး၀ သက်သေပြရမည်ဖြစ်ပြီး၊ ကျွန်တော် ဘာလဲဆိုသည်ကို အခြားသူများအား ပြရမည်ဟု ခံစားမိခဲ့သည်။ ထို့နောက်တွင် အပေါ်ယံ၌ ကျွန်တော် တည်ငြိမ်ပုံပေါ်ခဲ့သော်လည်း၊ ကျွန်တော့်ကိုယ်ကျွန်တော် ညီအစ်ကိုလီနှင့် တိတ်တိတ်လေး လိုက်ပြိုင်နေမိခဲ့သည်။ သူ့ထက်သာအောင်ဆိုပြီး၊ ကျွန်တော့်အရည်အချင်းတွေကို တိုးတက်ဖို့ သင်ယူလေ့လာခြင်းကို ခေါင်းမဖော်ဘဲ လုပ်ခဲ့သည်။ သူက သင်ယူရာတွင် နှေးကွေးသူတစ်ဦးမှန်း မြင်ခဲ့ရချိန်တွင်၊ ကျွန်တော်က၊ “ကဲ အမှန်တရား ပေါ်လာပြီ။ ခင်ဗျားက တကယ်တော့ သိပ်တော်တာ မဟုတ်ပါဘူး။ အချိန်တန်ရင်၊ ညီအစ်ကိုမောင်နှမတွေအားလုံးကလည်း ဘယ်သူ ပိုတော်လဲဆိုတာ မြင်ကြလိမ့်မယ်” ဆိုရင်း၊ တိတ်တိတ်လေး အောင်ပွဲခံခဲ့သည်။ “လိုအပ်တဲ့အစွမ်းအစ မင်းမှာ ရှိရဲ့လား။ အခု သူတို့က မင်း ဘယ်လိုလူလဲဆိုတာ မြင်လာကြတော့မယ်” ဟု တွေးရင်း၊ သူ လုပ်သည့် သေးငယ်သော အမှားတိုင်းတွင် ကျွန်တော် ပျော်မိခဲ့သည်။ ညီအစ်ကိုလီက တခြားလူများ၏ ပြဿနာများ ဖြေရှင်းပေးသည်ကို စောင့်ကြည့်ရခြင်းက ကျွန်တော့်ကို မနာလိုဖြစ်စေသည်။ ကျွန်တော့်တွင်လည်း ထိုသို့သော လက်တွေ့ကျသည့် အတွေ့အကြုံမျိုး ရှိသည်ဟု ခံစားရပြီး၊ ကျွန်တော် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါက၊ မိတ်သဟာယတွင်လည်း ကျွန်တော် တော်မည်ဟု တွေးထင်ခဲ့သည်။ အထူးသဖြင့် အလုပ်ကိစ္စ ဆွေးနွေးနေချိန်တွင်၊ ညီအစ်ကိုလီက မည်သည့်အရာ အကြံပြုသည်ဖြစ်စေ၊ ကျွန်တော်က ပိုပြီး ပြည့်စုံကာ ထိုးထွင်းအမြင်ရှိသည့် တစ်စုံတစ်ရာကို ပြောဖို့ ကျွန်တော် ကြိုးပမ်းခဲ့သည်။

အစည်းအဝေးတစ်ခုတွင် ဓမ္မတေးသီချင်းတစ်ခုအတွက် စိတ်ကူးများကို ဆွေးနွေးနေခဲ့ကြချိန်တွင် ညီအစ်ကိုလီက တကယ်ကိုကောင်းသည့် အကြံဉာဏ်တစ်ခု ပြုခဲ့သည်ကို ကျွန်တော် မှတ်မိပါသည်။ သို့သော် ထိုအရာကို ကျွန်တော် လက်ခံခဲ့ပါက၊ သူက ကျွန်တော့်ထက် ပိုတော်သည့်ပုံဖြစ်စေမည်မဟုတ်ပါလားဟု တွေးမိခဲ့သည်။ ထိုသို့ဆိုလျှင် ကျွန်တော် အဘယ်သို့ ် ခေါင်းမော့နိုင်တော့မည်နည်း။ ကျွန်တော် ချေပချက်တစ်ခုကို ရှေ့နောက်မစဉ်စားဘဲ ပြောချလိုက်ပြီး၊ မတူတဲ့အကြံဉာဏ်တစ်ခုလည်း ပေးလိုက်သည်၊ သို့သော် အဖွဲ့က သူ၏ စိတ်ကူးကို လုပ်ဆောင်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ယင်းမှာ ပါးကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက သူ့စိတ်ကူးကို တက်တက်ကြွကြွ ဆွေးနွေးကြသည်ကို မြင်ရသည့်အခါ၊ ညီအစ်ကိုလီကို ပို၍ပင် ကျွန်တော် ဆန့်ကျင်မိခဲ့ပြီး၊ နောက်ထပ်နားထောင်ချင်စိတ်လည်း မရှိခဲ့တော့ပါ။ ကျွန်တော် ဖြည့်ဆည်းခဲ့သည့် ယခင်က တာဝန်ကို ကျွန်တော် ပြန်အမှတ်ရမိသည်။ မည်သို့ပင်ဆိုစေ၊ ကျွန်တော်က အဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့ဖူးပြီး၊ ညီအစ်ကိုမောင်နှမများအားလုံးက ကျွန်တော့်ကို လေးစားခဲ့ကြတယ်။ သို့သော် ယခုတွင်၊ ကျွန်တော်က နောက်ထပ် အဖွဲ့ခေါင်းဆောင် မဟုတ်တော့သကဲ့သို့၊ နေရာတိုင်းတွင် အစ်ကိုလီက ကျွန်တော့်ထက် ပိုတော်သည့်ပုံပေါ်နေခဲ့သည်။ ဤအရာ ဖြစ်မည်ကို ကျွန်တော် သိခဲ့မည်ဆိုပါက၊ ကျွန်တော့်တာဝန်ကို ဖြည့်ဆည်းဖို့ ဤနေရာသို့ ကျွန်တော် လာမည်မဟုတ်ပါ။ စုဝေးပွဲပြီသည့်နောက်တွင်၊ ကျွန်တော့်အတွေးများ ယောက်ယက်ခတ်နေခဲ့ပြီး၊ စိတ်ထဲတွင် တကယ်ကို ဝမ်းနည်းနေမိခဲ့သည်။ မှန်ကန်သည့် အခြေအနေတွင် ကျွန်တော် မရှိသည်ကို ရေးတေးတေး သိလျက်၊ ဘုရားသခင်ထံ ဆုတောင်းမိပြီး၊ သူ့နှုတ်ကပတ်တော်များ၏ ဤကျမ်းပိုဒ်က စိတ်ထဲ ရောက်လာခဲ့သည်- “အဖန်ဆင်းခံ သတ္တဝါအသီးသီး၏ စိတ်နှလုံးများထဲက မစင်ကြယ်မှုများနှင့်ဆိုင်သော နက်နဲသည့် အသိပညာတစ်ခု ငါ၌ရှိပြီး၊ သင်တို့ကို မဖန်ဆင်းမီတွင်၊ လူသား စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း တည်ရှိခဲ့သည့် မတရားမှုကို ငါသိနှင့်ပြီးဖြစ်ကာ၊ လူသားစိတ်နှလုံးထဲက လှည့်စားခြင်းနှင့် ကောက်ကျစ်ခြင်းများအားလုံးကို ငါသိခဲ့သည်။ ထို့ကြောင့် လူတို့က မတရားသောအမှုတို့ကို လုပ်ဆောင်သည့်အခါ သဲလွန်စများ လုံးဝမရှိသော်လည်း သင်တို့၏ စိတ်နှလုံးများထဲတွင် သိုထားသော မတရားမှုသည် ငါဖန်ဆင်းခဲ့သော အရာခပ်သိမ်း၏ ပေါများကြွယ်ဝမှုထက် သာလွန်ကြောင်းကို ငါသိနေဆဲဖြစ်၏။ သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွတ်သို့ တက်ကြပြီးဖြစ်သည်။ လူအမြောက်အများ၏ ဘိုးဘေးများဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် အလွန့်အလွန် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေရင်းနှင့် သင်တို့ထက် ပိုသေးငယ်သော လောက်ကောင်များကို ဝါးမျိုရန် ကြိုးပမ်းလျက်၊ လောက်ကောင်များ အားလုံးကြားတွင် ဒေါသတကြီး လျှောက်ရမ်းကြသည်။ သင်တို့သည် သမုဒ္ဒရာအောက်ခြေ၌ နစ်မြုပ်သွားကြသော သရဲတစ္ဆေများထက်ပင် ကျော်လွန်ပြီး သင်တို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားကြကာ ရက်စက် ယုတ်မာတတ်ကြသည်။ သင်တို့သည် လောက်ကောင်များကို မငြိမ်းချမ်းစေသည်အထိ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း၊ အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြပြီးနောက် ပြန်ငြိမ်သွားကြရင်း နောက်ချေး၏ အောက်ခြေတွင် နေထိုင်ကြသည်။ သင်တို့၏နေရာကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ထိုသို့သော ရုန်းကန်လှုပ်ရှားခြင်းမှ သင်တို့ မည်သည့်အရာ ရရှိနိုင်သနည်း။ သင်တို့ စိတ်နှလုံးထဲတွင် ငါ့အတွက် ကြောက်ရွံ့မှု အမှန်တကယ် ရှိခဲ့ပါက၊ ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် တိုက်ခိုက်နိုင် ကြမည်နည်း။ သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာ နိုင်လိမ့်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့) နာမည်နှင့် အကျိုးအမြတ်အတွက် ကျွန်တော့်၏ ယှဉ်ပြိုင်မှုနှင့်ဆိုင်သည့် အကျည်းတန်ခြင်း အားလုံးကို ဘုရားနှုတ်ကပတ်တော်များက ဖော်ထုတ်ခဲ့သည်။ ဤတာဝန်ကို ကျွန်တော် လက်ခံခဲ့ကတည်းက၊ ညီအစ်ကိုမောင်နှမများနှင့် ခေါင်းဆောင်တို့က ကျွန်တော့်ကို အားလုံး အထင်ကြီးဖို့နှင့် အဖွဲ့တွင် ကျွန်တော် ခြေကုပ်တစ်ခု ရနိုင်ဖို့ တစ်စုံတစ်ရာကို စွမ်းဆောင်ရရှိရန် သေမလောက်ဖြစ်လျက်၊ ရည်မှန်းချက်ဖြင့် လောင်မြိုက်နေခဲ့ပြီး ဖြစ်သည်။ လူရွေးခြင်း ဖြစ်စဉ်အတွင်းတွင်၊ ယခင်က ကျွန်တော်တို့ ဖြည့်ဆည်းခဲ့ပြီးဖြစ်သည့် တာဝန်များအပေါ် အခြေခံ၍ ကြားဖြတ်ရွေးချယ်ပွဲလေး ခေါင်းဆောင်ကို လုပ်စေရင်း၊ ကျွန်တော့်၏ ကိုယ်ပိုင်တစ်ပန်းသာမှုအဖို့ ဉာဏ်သုံးဖို့ ကြိုးစားခဲ့သေးသည်။ ညီအစ်ကိုလီ အရွေးခံခဲ့ရချိန်တွင်၊ ကျွန်တော် မနာလိုဖြစ်လာသကဲ့သို့၊ သူ့အပေါ် နိုင်လိုစိတ်ပြင်းသည့် သဘောထားတစ်ခု သိုထားခဲ့သည်။ သူ၏အလုပ်တွင် ပြဿနာအချို့ကို ကျွန်တော် မြင်ချိန်တွင်၊ အသင်းတော်အကျိုးစီးပွားများကို ကျွန်တော် မထိန်းသိမ်းခဲ့ သို့မဟုတ် သူ့ကို ကူညီပေးဖို့ မကြိုးစားခဲ့ဘဲ၊ မကျွမ်းကျင်ခြင်းကြောင့် သူအစားထိုးခံရဖို့အတွက်သာ ဖြစ်ချင်နေခဲ့သည်၊ ယင်းက ကျွန်တော့်ကို အသင်းခေါင်းဆောင်ဖြစ်ခွင့် ရစေမည်ဖြစ်သည်။ လျှို့ဝှက်ကြံစည်ခြင်း၊ နာမည်နှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း အခြေအနေထဲတွင် ကျွန်တော် နစ်မြုပ်ခဲ့ပြီး၊ ကျွန်တော့်လုပ်ရပ်များက အသိစိတ် သို့မဟုတ် အသိတရား လုံး၀ မရှိခဲ့ပါ။ ထိုအရာမှာ တကယ်ကို စက်ဆုပ်ဖွယ်နှင့် အဆိပ်အတောက် ဖြစ်သည်။ ဤအရာကို နားလည်လိုက်ချိန်တွင်၊ ကျွန်တော် အလွန်ဝမ်းနည်းပြီး၊ တကယ်ကို မိမိကိုယ်ကိုယ် အပြစ်တင်ခဲ့မိသည်။ ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းပြီး၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောအားဖြင့် ချည်နှောင်မခံရတော့ဖို့နှင့် ဘောင်ခတ်မခံရတော့ဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကျွန်တော့်ကို လမ်းပြဖို့ သူ့ကို တောင်းလျှောက်ခဲ့သည်။

တစ်ရက်တွင်၊ ဘုရားနှုတ်ကပတ်တော်များ၏ ဤကျမ်းပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရသည်- “သင်တို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့် သင်တို့ အသီးသီးအတွက်၊ သမ္မာတရားကို သင် မည်သို့ နက်နက်နဲနဲ နားလည်ပါစေ၊ သမ္မာတရား လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်လိုလျှင်၊ လက်တွေ့လုပ်ဆောင်ဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ သင်တို့ လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင့် အိမ်တော်၏ အကျိုးများကို တွေးဖို့ရန်နှင့် သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ သင်၏ တစ်ဦးချင်း အကြံ၊ ကြံရွယ်ချက်များ၊ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးများကို ဦးစားပေးလော့- ဤသည်မှာ သင် အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်တာဝန်ကို ထမ်းဆောင်ရာတွင် နာမည်နှင့် အဆင့်အတန်းအတွက် ကျွန်တော့် ဆန္ဒကို လက်လွှတ်ခြင်းနှင့် မည်သို့ပင်ဆိုစေ အသင်းတော်၏ အလုပ်ကို ဦးစားပေးခြင်းနှင့် ကျွန်တော့်၏ တာဝန်ကို တတ်စွမ်းနိုင်သမျှ အကောင်းဆုံး ထမ်းဆောင်ခြင်း ဖြစ်သည့် အခြေခံသဘောတရားနှင့် ဦးတည်ချက်ဆီသို့ ကျွန်တော့်ကို ညွှန်ပြခဲ့သည်။ ထိုအခါမှသာ ကျွန်တော်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းနေမည်ဖြစ်ပြီး၊ လူသားပုံသဏ္ဌာန် အနည်းငယ် ရှိမည် ဖြစ်သည်။ နာမည်နှင့် အဆင့်အတန်းကို ကျွန်တော် ရှာခဲ့ပြီး၊ ကျွန်တော့်၏ အဓိကအလုပ်ကို လျစ်လျူရှုခဲ့ပါက၊ ယင်းမှာ ကျွန်တော့်တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်မည် မဟုတ်ပါ။ ကျွန်တော်က ဘုရားသခင်ကို ခုခံနေမိကာ မကောင်းမှုပြုနေမိမည် ဖြစ်သည်။ ထို့နောက်တွင်၊ ဤအကြောင်းတွေအားလုံးကို စည်းဝေးပွဲတစ်ခုတွင် ညီအစ်ကိုမောင်နှမများအား ကျွန်တော် ဖွင့်ပြောပြီး၊ ကျွန်တော့်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခဲ့သည်။ သူတို့က ကျွန်တော့်ကို အထင်မသေးသွားကြသကဲ့သို့ ညီအစ်ကိုလီနှင့် ကျွန်တော့်ကြားက ထိုတံတိုင်းကြီးလည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် သူ ဖြစ်မြောက်အောင်ဆောင်ရွက်သည့် စည်းဝေးပွဲများတွင် မိတ်သဟာယကို ကျွန်တော် တက်တက်ကြွကြွ ဝေမျှခဲ့ပြီး၊ သူ့အလုပ်တွင် အပြစ်အနာအဆာများ ကျွန်တော် မြင်ခဲ့ချိန်တွင် ကျိတ်မရယ်တော့ပါ။ ထိုအစား၊ အကြံပြုချက်များနှင့် အထောက်အပံ့များ ကျွန်တော် ပေးခဲ့ပြီး၊ သူက ညီအစ်ကိုမောင်နှမများကို ကူညီရင်း သူတို့ပြဿနာများ ဖြေရှင်းပေးသည်ကို မြင်ခဲ့သည့်အချိန်တိုင်းတွင်၊ ယခင်ကဲ့သို့ ကျွန်တော် မနာလိုဖြစ်မလာတော့ဘဲ၊ ဘုရားသခင်၏ အိမ်တော်တွင် ကွဲပြားသည်မှာ ကျွန်တော်တို့၏ ရည်တည်ချက်များမဟုတ်ဘဲ ကျွန်တော်တို့၏ အခန်းကဏ္ဍများဖြစ်သည်ကို ခံစားမိခဲ့သည်။ ကျွန်တော်တို့၏ တာဝန်များကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့ ကျွန်တော် သူနှင့်အတူ အလုပ်သာအတူလုပ်ချင်ခဲ့သည်။ ယင်းကို ကျွန်တော် လက်တွေ့လုပ်ဆောင်သည့်အခါ၊ များစွာပိုပြီး ငြိမ်းအေးသည်ကို ကျွန်တော် ခံစားခဲ့ပြီး၊ နောက်ပိုင်းတွင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ကျွန်တော်မြင်ခဲ့ရသည်။ ကျွန်တော်တို့အဖွဲ့သည် ယခင်က အဆိုးဆုံး ဂီတဆိုင်ရာ အခြေခံအုတ်မြစ်များရှိခဲ့သော်လည်း၊ ပထမဆုံး စပိန်သီချင်းတစ်ပုဒ်ကို အချိန်သိပ်မယူလိုက်ရဘဲ ကျွန်တော်တို့ ထုတ်လုပ်နိုင်ခဲ့ကြပြီး၊ ယင်းကို အခြားညီအစ်ကိုမောင်နှမများက အတော်ကို ကောင်းစွာ လက်ခဲ့ကြသည်။

နှစ်ဝက်ခန့်ကုန်လွန်ခဲ့ပြီး၊ ကျွန်တော် အလုပ်နှင့် ပိုပြီး အကျွမ်းဝင်လာခဲ့သည်။ အလုပ်ကို ကျွန်တော်တို့၏ ဆွေးနွေးနေချိန်တွင် ညီအစ်ကိုမောင်နှမများက ကျွန်တော့်စိတ်ကူးများကို လက်ခံလေ့ရှိကြသည်။ ပြီးလျှင် ကျွန်တော်၏ လစဉ်အဖွဲ့၏အလုပ် အပြောင်းအလဲများကို ကျွန်တော် လုပ်နေကျအတိုင်း အမြဲဦးဆောင်ခဲ့သည်။ နာမည်နှင့် အဆင့်အတန်းအတွက် ကျွန်တော့်၏ လိုအပ်ချက်က လိုချင်တဲ့ဆန္ဒက ကြီးမားစွာ ပြေသွားခဲ့ပြီဖြစ်သည်ကို ကျွန်တော် ခံစားခဲ့ရသည်။ ထို့အပြင်၊ ထိုအချိန်လောက်တွင်ပင် ကျွန်တော်တို့၏ ခေါင်းဆောင်က အလုပ်ကို မောင်းနှင်ဖို့ ကျွန်တော့်ကို အလုပ်ပိုလုပ်စေခဲ့သည်။ ခေါင်းဆောင်၏ ထိုကဲ့သို့ အထင်ကြီးခံရခြင်းက ကျွန်တော်သည် တန်ဖိုးရှိသည့် ပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု ပို၍ပင် ခံစားမိစေခဲ့သည်။ တစ်ချိန်တွင်၊ အပိုဆောင်း အလုပ်ကို လုပ်ပေးဖို့ တစ်စုံတစ်ဦးကို ကျွန်တော်တို့ လိုအပ်ခဲ့ပြီး၊ ထိုအရာမှာ ကျွန်တော်နှင့် သင့်တော်သော်လည်း၊ ကျွန်တော်က စိတ်ထဲတွင် တွက်ချက်မှုများအချို့ ပြုလုပ်ခဲ့သည်- “အဲဒါက ငါ့ကို လူသိများစေမှာ မဟုတ်သလို၊ ငါ့အချိန်တွေ ကုန်လိမ့်မယ်။ ဒီတော့ အဲဒါကို ငါ လုပ်မယ်ဆိုရင်၊ ငါ ရထားတဲ့ အာရုံစိုက်ခံရတာ တစ်ချို့ကို ဆုံးရှုံးသွားနိုင်တယ်။ ဒါပေမဲ့ ညီအစ်ကိုလီ လုပ်မယ်ဆိုရင်တော့၊ ငါက ဒီမှာ အခွင့်အလမ်းပိုရနိုင်မယ်။” ထို့ကြောင့်၊ ကျွန်တော်က ထိုအလုပ်ကို ငြင်းဖို့ ရနိုင်သမျှ ဆင်ခြေတွေ ရှာခဲ့ပြီး၊ အဲဒီအလုပ်ကို ညီအစ်ကိုလီ လုပ်ဖို့ အကြံပြုထောက်ခံခဲ့သည်။ အမှန်မှာ ထိုအချိန်တွင် ကျွန်တော် အပြစ်ရှိကာ နေမထိထိုင်မထိဖြစ်သကဲ့သို့ ခံစားခဲ့ရသည်၊ သို့သော် ကျွန်တော့် ရာထူးကို ကာကွယ်ချင်လျက်၊ ကျွန်တော် ခေါင်းမာမြဲခေါင်းမာခဲ့သည်။ ညီအစ်ကိုလီသည် ထိုအကျွမ်းမဝင်သည့် အလုပ်ကို တာဝန်ယူခဲ့သည်။ အခက်အခဲများစွာ ကြုံရပြီးနောက်တွင် သူ အပျက်သဘောဆောင်လာခဲ့သည်၊ ယင်းက အပြန်အလှန်အားဖြင့် သူ၏ အလုပ်ကို ထိခိုက်ခဲ့သည်။ ဤအရာနှင့်ပတ်သက်၍ ကျွန်တော် ကြားရပြီးသည့်နောက်၊ ကျွန်တော် မိမိကိုယ်ကိုယ် မသုံးသပ်မိသေးပါ။ ညီအစ်ကိုလီက ကျွန်တော်တို့အဖွဲ့ လုပ်သည့် အလုပ်တွင် မကြာခဏ မပါဝင်နိုင်ခဲ့ပါ၊ ထို့ကြောင့် ကိစ္စအများစုက ကြီးကြီးငယ်ငယ် ကျွန်တော့်တာဝန် ဖြစ်လာသည်။ အကျိုးဆက်အနေဖြင့်၊ နာမည်နှင့် အဆင့်အတန်းအတွက် ကျွန်တော့်ဆန္ဒက တိုးသာတိုးလာခဲ့သည်။ ညီအစ်ကိုမောင်နှမများ၏ အလုပ်တွင် ကျွန်တော်တို့၏ တိုးတက်မှုကို ဟန့်တားနေသည့် သွေဖည်မှုများနှင့် အားနည်းချက်များ အချို့ကို ကျွန်တော် တွေ့ခဲ့ရပြီး၊ ဤအရာက ကျွန်တော့်ကို တကယ် စိုးရိမ်ပူပန်မိစေရစ်ခဲ့သည်။ ကျွန်တော်က၊ “ငါက ဒီအလုပ်ကို ကွပ်ကဲသူပဲလေ၊ ဒီတော့ တစ်ခုခု မှားယွင်းသွားရင်၊ ခေါင်းဆောင်က ငါ့ကို ဘယ်လိုထင်မလဲ။ ငါ့ကို အရည်အချင်းမပြည့်သူလို့ မြင်မှာလား”ဟု တွေးမိခဲ့သည်။ ထိုအရာကို တွေးရင်း၊ ကျွန်တော် ဒေါသထွက်ပြီး၊ ညီအစ်ကိုမောင်နှမများကို၊ “ဒါက မင်းတို့တာဝန်ကို လုပ်နေတာတဲ့လား။ အာရုံမစိုက်နိုင်ကြဘူးလား။ တာဝန်ကျေအောင် မလုပ်နိုင်ကြဘူးလား”ဟု မဆူဘဲမနေနိုင်ခဲ့ပါ။ အကျိုးဆက်အနေဖြင့်၊ သူတို့အားလုံးသည် ကျွန်တော့်အားဖြင့် တကယ်ကို ဘောင်ခတ်ခံရသည့် ခံစားချက်ဖြင့် အဆုံးသတ်ခဲ့ရသည်။ နောက်တစ်ကြိမ်တွင်၊ ကျွန်တော်က ကျွန်တော့် တာဝန်ကို ဖြည့်ဆည်းဖို့ ရက်အနည်းငယ် အဝေးတွင်ရှိခဲ့ပြီး၊ ကျွန်တော် ပြန်ရောက်လာသည့်အခါ၊ ညီမတစ်ယောက်က အလုပ်အစီအစဉ်တစ်ခုကို ကျွန်တော်နှင့် အရင်မဆွေးနွေးဘဲ လုပ်ထားသည်ကို တွေ့ခဲ့ရသည်။ ဤအရာက ကျွန်တော့်ကို တကယ် ဒေါသထွက်သွားစေခဲ့သည်။ “ဒါတော့ လွန်လွန်းသွားပြီ။ မင်းက ငါ့ကို နည်းနည်းမှ မလေးစားတာပဲ”ဟု ကျွန်တော် တွေးလိုက်သည်။ ကျွန်တော် သူ့ကို လုံးလုံး ကြိမ်းမောင်းခဲ့သည်။ ထိုအချိန်အတောအတွင်းတွင်၊ အဖွဲ့ထဲတွင် ပြဿနာ တစ်ခုပြီးတစ်ခု စတင်ထွက်ပေါ်လာခဲ့သည်။ တစ်ကြိမ်တွင်၊ ကျွန်တော့်စိတ်ကူးများကို ညီအစ်ကိုမောင်နှမများက သဘောတူလက်မခံခဲ့ကြသကဲ့သို့၊ သူတို့က တုံ့ပြန်ချက်အချို့ကိုပင် ကျွန်တော့်ကို ပေးနေခဲ့ကြသည်။ ထိုအရာမှာ စော်ကားမှုတစ်ခု ဖြစ်သည်ဟုသာ ကျွန်တော် ခံစားခဲ့ရပြီး၊ ကျွန်တော့် ဒေါသက ထောင်းခနဲ ထွက်ခဲ့သည်။ ကျွန်တော်က၊ “မင်းတို့အားလုံးက တခြားတွေးကြပုံရတော့လည်း၊ မင်းတို့ သင့်တော်တယ်လို့ မြင်သလိုသာ လုပ်ကြ။ ကိစ္စတွေး အမှားအယွင်း ဖြစ်တဲ့အခါ၊ အဲဒီအတွက် မင်းတို့ တာဝန်ယူရမယ်နော်”ဟု ပြောခဲ့သည်။ တကျည်ကျည်ပြောပြီးသည့်နောက်၊ နားလည်ရခက်သည့် ကြောက်စိတ်ဝင်ခြင်းနှင့် မိမိကိုယ်ကိုယ် အပြစ်တခြင်းတစ်ခု ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော်က ညီအစ်ကိုမောင်နှမများကို အမြဲ ဒေါသထွက်ရင်း၊ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုအတွင်း ရှင်သန်နေခဲ့ပြီးဖြစ်ပုံအကြောင်းကို ကျွန်တော် တွေးမိခဲ့သည်။ ဘုရားသခင်က ထိုအရာကို လက်ခံပါ့မည်လား။ ထို့နောက် ကျွန်တော်က၊ “ငါက အဲဒါကို ငါ့တာဝန်အတွက် လုပ်နေတာ မဟုတ်ဘူးလား။ ငါတို့ထဲမှာ ဖောက်ပြန်ပျက်စီးမှု နည်းနည်းလောက်ကိုမှ မထုတ်ပြဖူးတဲ့သူ ရှိလို့လား”ဟု တွေးမိခဲ့သည်။ ကျွန်တော် မိမိကိုယ်ကိုယ် စစ်မှန်စွာ မဆင်ခြင်မိခဲ့သေးပါ။ နောက်နေ့တွင်၊ ဘတ်စကက်ဘော ကစားရင်း၊ ကျွန်တော့်ခြေချင်းဝတ် အဆစ်လွဲသွားခဲ့သည်။ ခြေချင်းဝတ်က ပူဖောင်းလို ဖောင်းကားလာပြီး တကယ်ကို နာကျင်လာခဲ့သည်။ ကျွန်တော် လမ်းမလျှောက်နိုင်ခဲ့ပါ၊ သို့မဟုတ် ကျွန်တော့်တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုဖြစ်သည်ကို ကျွန်တော် အလွန် သတိပြုမိလာခဲ့ပြီး၊ ထို့နောက်တွင်မှ ကျွန်တော် မိမိကိုယ်ကိုယ် စဆင်ခြင်မိခဲ့သည်။ ထိုတစ်ချိန်လုံးတွင်၊ ကျွန်တော်သည် မာနထောင်လွှားရင်းနှင့် ညီအစ်ကိုမောင်နှမများကို ကြိမ်းမောင်းရင်း၊ နာမည်နှင့် အဆင့်အတန်းကို ရှာဖွေနေခဲ့ပြီး ဖြစ်သည်။ ကျွန်တော့်စိတ်ထဲတွင် ရုပ်ရှင်ဇာတ်ကားတစ်ခုကဲ့သို့ တစ်ကွက်ချင်း ပေါ်လာခဲ့သည်။ ကျွန်တော် မိမိကိုယ်ကိုယ် မုန်းတီးမိခဲ့ပြီး၊ အဘယ်ကြောင့် ကျွန်တော် လုံးဝ မပြောင်းလဲခဲ့သေးသနည်း။ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ခုခံခြင်းများမှ ကျွန်တော် မိမိကိုယ်ကိုယ် အဘယ်ကြောင့် မထိန်းသိမ်းနိုင်သနည်းဟု တွေးမိခဲ့သည်။

ရက်အနည်းငယ်ကြားပြီးနောက်တွင်၊ ညီအစ်ကို မောင်နှမအချို့က ကျွန်တော့်ကို လာကြည့်ကြပြီး၊ ဘုရားအလိုတော်နှင့်ပတ်သက်၍ မိတ်သဟာယပြုခဲ့ကြသည်။ အထူးသဖြင့် ကျွန်တော့်အခြေအနေကို ကိုင်တွယ်ဖြေရှင်းသည့် ကိုယ်တော့်နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြခဲ့ကြသည်- “လူအချို့က မိမိတို့ထက် ပိုတော်သည့် တစ်စုံတစ်ဦးကို တွေ့လျှင်၊ ၎င်းတို့ကို သူတို့ ဖိနှိပ်ကြသည်၊ ၎င်းတို့အကြောင်း ကောလဟလတစ်ခုကို စတင်ကြသည်၊ သို့မဟုတ် အခြားလူတို့က ထိုသူတို့အပေါ် အထင်မကြီးကြစေဖို့နှင့် မည်သူမျှ အခြားတစ်ဦးတစ်ယောက်မျှထက် မတော်ဖို့ရန်အလို့ငှာ မသမာသော နည်းလမ်းအချို့ကို အသုံးပြုကြသည်၊ သို့ဆိုလျှင် ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ခြင်းအပြင်၊ ကောက်ကျစ်ခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် အန္တရာယ်များခြင်းတို့နှင့်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ပြီး၊ ဤလူများသည် မိမိတို့၏ ရည်မှန်းချက်များ မရမချင်း မရပ်တန့်ကြပေ။ ဤသို့ သူတို့ အသက်ရှင်ကြသော်လည်း သူတို့သည် ကြီးမြတ်ပြီး ကောင်းမြတ်သည့်လူများဖြစ်သည်ဟု ထင်မှတ်ကြသေး၏။ သို့သော် သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားများ ရှိကြပါသလော။ ပထမဦးစွာ၊ ဤကိစ္စရပ်များ၏ သဘောသဘာဝများနှင့်ဆိုင်သည့် ရှုထောင့်အမြင်မှနေ၍ ပြောရ လျှင်၊ ဤနည်းဖြင့် ပြုမူသည့် လူများသည် မိမိတို့ နှစ်သက်သည်အတိုင်း လုပ်ဆောင်နေကြခြင်းသက်သက် မဟုတ်လော။ ဘုရားသခင့် မိသားစု၏ အကျိုးများကို ၎င်းတို့ စဉ်းစားကြပါသလော။ ဘုရားသခင်၏ မိသားစု၏အမှုတော်က ဆုံးရှုံးမှု ခံစားရပါစေ၊ မိမိတို့၏ ခံစားချက်များကိုသာ ၎င်းတို့ စဉ်းစားကြပြီး မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ ရရှိလိုကြသည်။ ဤသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ကြရုံသာမက၊ တစ်ကိုယ်ကောင်းဆန်ကြပြီး စက်ဆုပ်စရာလည်း ဖြစ်ကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ လုံးဝအရေးမထားကြသလို၊ ဤကဲ့သို့သော လူတို့သည် ဧကန်မုချ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မပိုင်ဆိုင်ကြပေ။ ဤသည်မှာ အပြစ်ကိုသိခြင်း မရှိဘဲ၊ စိုးရိမ်ပူပင်ခြင်းတစ်ခုတစ်လေ မရှိဘဲ၊ စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် ပူပန်မှု မရှိသလို အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သူတို့လုပ်ချင်သည့်အရာတိုင်းကို လုပ်ဆောင်ပြီး လက်လွတ်စပယ် ပြုမူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော လူများ ရင်ဆိုင်ရသည့် အကျိုးဆက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ဒုက္ခရောက်ကြလိမ့်မည်၊ ဟုတ်ပါသလော။ သက်သက်သာသာ ပြောရမည်ဆိုလျှင်၊ ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားတတ်ကြပြီး သစ္စာဖောက်ဖျက် တတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင်၊ ပဓာနကျသည့် ပြဿနာမှာ ထိုသို့သော လူများ၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စိုးစဉ်းမျှပင် မကြောက်ရွံ့ကြချေ။ ဘုရားသခင်ကို သူတို့ မကြောက်ပါ၊ မိမိတို့ကိုယ်ကိုယ် အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်၏ လက္ခဏာသွင်ပြင်တိုင်းကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဆုံးဖြစ်ပြီး အရေးမပါဆုံးဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်ခုတစ်လေမျှ မရှိပါ။ ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို မကြောက်ရွံ့သောသူများက သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို ရရှိထားကြသလော။ (မရရှိထားကြပါ။) ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားအင်အတော်များများ အသုံးပြုကြကာ ပျော်ရွှင်မြူးထူးစွာ သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးတော်ခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ အခြေခံသဘောတရားနှင့် ရည်ရွယ်ချက်တို့မှာ ကိုယ်ကျိုးအတွက် ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ်များအားလုံးကို ကာကွယ်ရန် ကြိုးစားနေကြခြင်းသာ ဖြစ်သည်။ ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ ဘုရားသခင်ကို မကြောက်ရွံ့သောသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မာနထောင်လွှားကြသည် မဟုတ်လော။ ၎င်းတို့သည် စာတန် ဖြစ်ကြသည်မဟုတ်လော။ မည်ကဲ့သို့သော အရာများက ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသလော။ တိရစ္ဆာန်များကို ဘေးဖယ်ထားပါက၊ ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်း မရှိသောသူများ အားလုံးတွင် နတ်ဆိုးများ၊ စာတန်၊ ကောင်းကင်တမန်မင်းနှင့် ဘုရားသခင်ကို ဖက်ပြိုင်သောသူများ ပါဝင်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဘုရားသခင်၏ ပြင်းထန်သည့် နှုတ်ကပတ်တော်များက ကျွန်တော့်ကို တကယ်ကို ထိခိုက်ခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း လုံး၀ ကင်းမဲ့လျက်၊ အလွန် မာနထောင်လွှားခဲ့သည်၊ တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး၊ ကောက်ကျစ်ခဲ့သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ ထိုအပိုဆောင်း အလုပ်ကို တစ်စုံတစ်ဦးက တာဝန်ယူဖို့ လိုအပ်ခဲ့ချိန်တွင်၊ ထိုအလုပ်အတွက် ကျွန်တော် အတော်ကို ကောင်းကောင်းသင့်တော်သည်ကို အပြည့်အဝ သိခဲ့သော်လည်း၊ ကျွန်တော့်နာမည်နှင့် အဆင့်အတန်းကို ထိန်းသိမ်းဖို့ မျှမျှတတ လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်၍ မည်သည့်အရာမျှ မစဉ်းစားခဲ့ပါ၊ ယင်းက ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်စေခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများ၏ အလုပ်နှင့်ပတ်သက်၍ ကျွန်တော်တို့၏ တိုးတက်မှုကို ဟန့်တားသည့် ကိစ္စများကို မြင်ခဲ့ချိန်တွင်၊ ပြဿနာများကို ဖြေရှင်းဖို့ သူတို့နှင့်အတူ ကျွန်တော် အလုပ်မလုပ်ခဲ့ပါ။ ထိုအစား၊ ကျွန်တော့်ကို သူတို့က ဆွဲချနေကြပြီး၊ ကျွန်တော်၏ ထင်ပေါ်ဖို့ အခွင့်အရေးကို ထိခိုက်နေခဲ့သည်ဟု ထင်ခဲ့သည်၊ ထို့ကြောင့် ကျွန်တော့်ရာထူးကို အသုံးချပြီး သူတို့ကို ကြိမ်းမောင်းခဲ့ကာ သူတို့အားလုံးသည် ဘောင်ခတ်ခံရသကဲ့သို့ ခံစားခဲ့ကြရပြီး၊ စိတ်ဆင်းရဲခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ခဲ့ကြရသည်။ သူတို့အကြံပေးချက်များကိုလည်း ကျွန်တော် လက်မခံခဲ့ပါ။ ကျွန်တော်က သုန်သုန်မှုန်မှုန် ဖြစ်သွားခဲ့သည်၊ ဒေါသ ထွက်ခဲ့ပြီး၊ အသင်းတော်၏အလုပ်ကို မည်သို့ ထိခိုက်သွားနိုင်သည်ကို မည်သို့မျှ ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ၊ ကျွန်တော့်၏ တာဝန်ကို လုပ်ဆောင်ရာတွင် ကျွန်တော့်၏ ခံပြင်းမှုများကို ထွက်ပေါက်ဖွင့်ပေးခဲ့သည်။ အမှန်တွင်၊ ကျွန်တော်သည် စစ်မှန်သည့် မည်သည့် ပါရမီမျှ မရှိခဲ့ပါ။ ကျွန်တော့်မှာ ရှိသမျှအားလုံးမှာ ဂီတတွင် အနည်းငယ် စိတ်ဝင်စားခြင်းနှင့် စိတ်အားထက်သန်မှု အချို့သာ ဖြစ်ခဲ့သည်- သို့သော် ကျွန်တော့်အနေဖြင့် ပညာသားပါပါနှင့် သမ္မာတရားကို ကျွန်တော့်၏ လိုက်စားမှုတွင် တိုးတက်နိုင်ဖို့အလို့ငှာ ဤအခွင့်အရေးကို ပေးရလောက်အောင် ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်စုံခဲ့ပါသည်။ သို့သော်၊ ထိုအရာကို တန်ဖိုးထားရမည့်အစား၊ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်အတွက် ခေါင်းမာမာဖြင့်သာ ကျွန်တော် ကြိုးပမ်းခဲ့သည်။ ကျွန်တော့်တာဝန်ကို လုပ်နေကြောင်း လူသိလူထင် လုပ်ပြနေခဲ့စဉ်တွင် ကျွန်တော့်ကို ရှေ့ရောက်ဖို့ ကူညီမည့် တန်ဆာပလာများအဖြစ် ကျွန်တော်၏ ညီအစ်ကို မောင်နှမများကို အသုံးချရင်း၊ ကျွန်တော့် ကိုင်ပိုင် အကျိုးစီးပွားများကို ကျွန်တော်လိုက်စားမိခဲ့သည်။ ကျွန်တော်သည် လူ့သဘာဝ လုံး၀ ကင်းမဲ့နေခဲ့ပါသည်။ ကျွန်တော့်လုပ်ရပ်များအားလုံးတွင်၊ မကောင်းမှုကို ကျွန်တော် လုပ်ဆောင်နေခဲ့ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိနေခဲ့သည်။ ယင်းမှာ ဘုရားသခင်အတွက် စက်ဆုပ်စရာနှင့် ရွံရှာဖွယ် ဖြစ်ခဲ့သည်။ ယင်းကို နားလည်လိုက်ခြင်းက ကျွန်တော့်ကို ကြောက်လန့်သွားစေခဲ့ပြီး၊ ကျွန်တော် မိမိကိုယ်ကိုယ် အပြစ်တင်မှုများ ခံစားခဲ့ရသည်။ မျက်ရည်များဖြင့် ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့ပါသည်- “အို ဘုရားသခင်၊ ကျွန်တော် အရမ်းကို မှားသွားပါပြီ။ ကိုယ်တော့်ကို ပုန်ကန်နေတာတွေ၊ ဖက်ပြိုင်မိနေတာတွေ ဆက်ပြီး မဖြစ်ချင်ပါဘူး။ ပြီးတော့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် ကျွန်တော် ဆက်ပြီး မကြိုးပမ်းချင်ပါဘူး။ ကျွန်တော် နောင်တရဖို့ အသင့်ပါပဲ။”

ထို့နောက်တွင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်မိခဲ့သည်- “လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်မှ ဤထုတ်ဖော်ပြခြင်းက လူတို့ကို ဖောက်ပြန်ပျက်စီးစေဖို့ စာတန်၏ စက်ဆုပ်ဖွယ် နည်းလမ်းနှင့် ကျော်ကြားမှု၊ အကျိုးအမြတ်တို့ကို အသုံးပြုသည့် ဆိုးယုတ်သော ရည်ရွယ်ချက်တို့နှင့်ဆိုင်သည့် သိနားလည်မှုအချို့ကို ကျွန်တော့်ကို ပေးခဲ့သည်။ စာတန်သည် လူတို့ကို ဘုရားသခင်အား သစ္စာဖောက်စေကာ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံမှ ဝေးကွာစေရင်း၊ ဤနည်းဖြင့် လူတို့ကို ချည်နှောင်ကာ ထိခိုက်စေပါသည်။ နာမည်နှင့် အဆင့်အတန်းတို့သည် လူတို့ကို အယုံသွင်းဖို့ စာတန် အသုံးပြုသော တန်ဆာပလာများ ဖြစ်သည်။ ကျွန်တော် ငယ်ငယ်ကတည်းက စာတန်၏ လွှမ်းမိုးမှုနှင့် သင်ကြားမှုတွေကို ခံခဲ့ရပြီး “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်၊” ဆိုသည်နှင့် “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။” ဆိုသကဲ့သို့သော စာတန်၏ အတွေးအခေါ်များဖြင့် လှည့်စားခံခဲ့ရသည်။ ထိုအရာများကို ကျွန်တော့်၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆောင်ပုဒ်များအဖြစ် ကျွန်တော် ခံယူခဲ့ပြီး ဖြစ်သည်။ ကျွန်တော် ပိုမို မာနထောင်လွှားသထက် ထောင်လွှားလာခဲ့ပြီး၊ မည်သည့်အဖွဲ့တွင်မဆို ကျွန်တော့်ကို တခြားသူများက လေးစားဖို့ အဆင့်အတန်းအတွက် အမြဲပြိုင်ဆိုင်ခဲ့သည်။ ယုံကြည်သူတစ်ဦး ဖြစ်လာခဲ့သည့်နောက်တွင်ပင်၊ ကျွန်တော်သည် သမ္မာတရားကို လိုက်စားမည့်အစား၊ နာမည်နှင့်အဆင့်အတန်းကို လိုက်စားဆဲ ဖြစ်သည်။ အခြားသူများနှင့် ယှဉ်ကာ တုပြိုင်ဖို့၊ ကျွန်တော့်၏ ကိုယ်ပိုင် ကျွမ်းကျင်မှုများ တိုးတက်ဖို့ အလုပ်ကြိုးစားရင်း၊ ဤအရာများအတွက် ကျွန်တော့်တာဝန်တွင် ဆင်းရဲဒုက္ခခံစားကာ အဖိုးအခ ပေးခဲ့ရသည်။ တစ်စုံတစ်ရာကို ကျွန်တော် စွမ်းဆောင်ရရှိသည့်အချိန်တိုင်းတွင် ကျွန်တော် တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲဟု တွေးမိခဲ့သည်၊ ထို့ကြောင့် ညီအစ်ကိုမောင်နှမများကို မောက်မာစွာ ကျွန်တော် ဆူပူကြိမ်းမောင်းမိခဲ့သည်။ ကျွန်တော်သည် တကယ်ကို သည်းမခံနိုင်လောက်အောင် မာနထောင်လွှားပြီး၊ စိတ်ကြီးဝင်ခဲ့ပါသည်။ ကျွန်တော် ရှင်သန်ခဲ့ပုံတွင် လူသားပုံသဏ္ဌာန် တစ်ခုတစ်လေ ဘာဆိုဘာမျှ မရှိခဲ့ပါ။ နာမည်နှင့် အဆင့်အတန်းကို ရရှိဖို့ ခေါင်းမဖော်နိုင်အောင် လုပ်ဆောင်ရင်း၊ ဆိုးယုတ်သည့် အတွေးအခေါ်များဖြင့် ကျွန်တော် ရှင်သန်နေခဲ့သည်။ အခြားသူများကို ကျွန်တော် နာကျင်စေရုံသာမက၊ ဘုရားသခင်အဖို့ စက်ဆုပ်ဖွယ်ဖြစ်ခဲ့သည့် အခြားအရာများစွာကိုလည်း ကျွန်တော် လုပ်ဆောင်ခဲ့သည်။ ကျွန်တော့်၏ အပြစ်များနှင့် မကောင်းသည့် လုပ်ရပ်များဖြင့်၊ တွေ၊ အသင်းတော်၏အလုပ်ကိုလည်း ထိခိုက်စေခဲ့သည်။ နာမည်နှင့် အဆင့်အတန်းက ကျွန်တော့်ကို များစွာ ထိခိုက်စေပြီဖြစ်သည်။ ထိုနောက်တွင်မှ၊ “ထင်ရှားကျော်ကြားမှု ရရှိခြင်း၊” “တခြားသူတွေထက် သာလွန်ခြင်း၊” ကဲ့သို့သော ဆိုးယုတ်သည့် အတွေးအခေါ်များမှာ အတွေးမှားများ ဖြစ်ပြီး၊ ဤအလိမ်အညာများဖြင့် ရှင်သန်ခြင်းက ဘုရားသခင်ကို ပုန်ကန်ကာ ခုခံစေပြီး နောက်ဆုံးတွင် သူ၏ အပြစ်ပေးခြင်းကို ခံရစေလျက်၊ နောက်ထပ် ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်မှုဆီသို့သာ ဆိုက်ရောက်စေသည်ကို ကျွန်တော် သိခဲ့သည်။ ဤအရာအားလုံးကို ကျွန်တော် နားလည်မိချိန်တွင်၊ ကျွန်တော်သည် နာမည်နှင့် အဆင့်အတန်းတို့ကို မည်သည့်ပင်ဖြစ်စေ ကျွန်တော် ဖက်တွယ်ထားရမည့် အသက်သွေးကြောတွေအဖြစ် သဘောထားဖို့ အလွန် မျက်စိကန်းပြီး မသိနားမလည်ခဲ့သည်ကို ကျွန်တော် ခံစားခဲ့ရသည်။ နာမည်နှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် ဘုရားသခင်နှင့် ဆန့်ကျင်ရာကို သွားသည့် လမ်းကြောင်းတစ်ခု ဖြစ်မှန်းလည်း ကျွန်တော် မြင်ခဲ့ပါသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်တော် ဆုတောင်းပြီး နောင်တရခဲ့သည်။ ထို့နောက်တွင်၊ ကျွန်တော့်တာဝန်၌ ထိုအရာများကို လိုက်စားခြင်းအကြောင်း တွေးမိသည့်အခါတိုင်းတွင်၊ ကျွန်တော် တကယ်ကို ကြောက်လန့်မိခဲ့သည်၊ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းပြီး၊ ဇာတိပကတိကို စွန့်လွှတ်ခဲ့ပါသည်။ ထို့အပြင်၊ ကျွန်တော့်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ရင်း၊ ညီအစ်ကိုမောင်နှမများထံ ကျွန်တော် ရင်ဖွင့်ခဲ့သည်။ အချိန်အချို့ကြာပြီးသည့်နောက်တွင်၊ နာမည်နှင့် အဆင့်အတန်းနောက် လိုက်ဖို့ စိတ်ဆန္ဒများစွာ ကျွန်တော် လျော့နည်းသွားသည်ကို ခံစားရပြီး၊ အတွင်းပိုင်းငြိမ်သက်ခြင်း အသိစိတ်တစ်ခု ကျွန်တော် စရှိခဲ့သည်။

နောက်ပိုင်းတွင်၊ အသင်းတော်က ခေါင်းဆောင်တစ်ဦး ရွေးနေချိန်တွင်၊ မဲပေးနေချိန်အတွင်းတွင် နာမည်နှင့် အဆင့်အတန်းအတွက် ကျွန်တော့်၏ စိတ်ဆန္ဒက နောက်တစ်ကြိမ် ခေါင်းထောင်လာခဲ့ပြီး အတွင်းတိုက်ပွဲ ဖြစ်ပေါ်ခဲ့သည်- “ညီအစ်ကိုလီအတွက် မဲပေးသင့်လား၊ ငါ့ကိုယ်ငါ မဲပေးသင့်လား။ ငါ့ကိုယ်ငါ မဲပေးမယ်ဆိုရင်၊ ငါက ပြဿနာတွေကို သမ္မာတရားနဲ့ မိတ်သဟာယပြု ဖြေရှင်းပေးတာမျိုး သိပ်မကျွမ်းကျင်ဘူး။ သူ့ကို မဲပေးမယ်ဆိုရင်တော့၊ တကယ်လို့ သူ အရွေးခံလိုက်ရရင်၊ တခြားလူတွေက ငါ့ကို ဘယ်လိုမြင်ကြမလဲ”ဟူ၍ ဖြစ်သည်။ နာမည်နှင့် အဆင့်အတန်းကို ကျွန်တော် တစ်ဖန် ရှာနေခဲ့မိသည်ကို နားလည်လိုက်ပြီး၊ ထိုအတွေးမျိုးသည် အမှန်တကယ် အကျည်းတန်သည်ကို ခံစားခဲ့ရသည်။ ထိုအတွေးများကို စွန့်လွှတ်ရင်းနှင့် ကျိန်ဆဲရင်း၊ ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းခဲ့သည်။ နောက်ပိုင်းတွင်၊ ဘုရားနှုတ်ကပတ်တော်များ၏ နောက်ထပ် ကျမ်းပိုဒ်တစ်ခုက စိတ်ထဲ ရောက်လာခဲ့သည်- “သင်၏စိတ်သည် ပိုမိုမြင့်မားသောအဆင့်ကို မည်သို့ရရှိရမည် သို့မဟုတ် သင့်ကို အခြားသူများက သဘောကျစေရန် သူတို့ရှေ့၌ မည်သည့်အရာ ပြုလုပ်ရမည်ဟူသည့် အတွေးများနှင့် ပြည့်နှက်နေပါက၊ သင်သည် လမ်းမှားပေါ် ရောက်နေသည်။ ယင်းက သင်သည် စာတန်အတွက် အမှုအရာများ လုပ်ဆောင်နေသည်၊ သင်သည် အစေခံနေသည်ကို ဆိုလိုသည်။ အကယ်၍ သင်၏ စိတ်က သင်သည် လူသားတစ်ဦးနှင့် သာ၍ သာ၍ တူလာဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီဖို့၊ သူ့ကို ကျိုးနွံနာခံနိုင်ပြီး သူ့ကို ကြောက်ရွံ့နိုင်စွမ်းရှိဖို့၊ ပြီးလျှင် သင်ပြုလုပ်သမျှ အရာတိုင်း၌ ထိန်းချုပ်မှုကို ပြသပြီး သူ၏ စိစစ်ခြင်းကို လက်ခံနိုင်စွမ်းရှိဖို့အလို့ငှာ မည်သို့ ပြောင်းလဲရမည်ဆိုသည့် အတွေးများနှင့် ပြည့်ပါက၊ သင်၏အခြေအနေသည် ပို၍ပို၍ ကောင်းမွန်လာမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်သောသူတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် လမ်းကြောင်းနှစ်ခုရှိလေသည်- တစ်ခုက လူတစ်ဦးကိုယ်တိုင်၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် အစီအစဥ်များကို ဖြည့်ဆည်းလျက် အပြုအမူကိုသာ အသားပေးသည်၊ ဤသည်မှာ စာတန်၏ရှေ့မှောက်တွင် အသက်ရှင်ခြင်းနှင့် ၎င်း၏အုပ်စိုးမှုအောက်တွင် အသက်ရှင်ခြင်းဖြစ်သည်။ အခြားသောလမ်းကြောင်းက ဘုရားသခင်အား ကြောက်ရွံ့ပြီး မိမိ၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့အလို့ငှာ ဘုရားသခင်၏အလိုတော်ကို မည်သို့ ဖြည့်ဆည်းရမည်၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ မည်သို့ဝင်ရောက်ရမည်၊ ဘုရားသခင်ကို မည်သို့နာခံရမည်၊ သူ့အပေါ် နားလည်မှုလွဲမှားခြင်းများ သို့မဟုတ် မနာခံမှု မည်သို့မထားရှိရမည်ကို အလေးထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်ယူ စဉ်းစားရင်း၊ သူ ကြည့်ရှုသည်မှာ လူတွေ၏ လုပ်ရပ်များထဲက ရည်ရွယ်ချက်များနှင့် ရှုထောင့်အမြင်များဖြစ်သည်ကို ကျွန်တော် နားလည်ခဲ့ရသည်- ဤအရာများက အမှန်တကယ် အရေးကြီးပါသည်။ ကျွန်တော့်၏ တွန်းအားက နာမည်၊ အဆင့်အတန်းနှင့် ကျွန်တော့်ကို အခြားသူများ အထင်ကြီးစေဖို့ ဆန္ဒဖြစ်ပါက၊ ယင်းမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လမ်းကြောင်းတစ်ခု ဖြစ်မည်ဖြစ်ပြီး၊ ကျွန်တော့်ကို သမ္မာတရားဆီသို့ သို့မဟုတ် ဘုရားသခင်၏ စုံလင်စေခြင်းဆီသို့ မည်သည့်အခါတွင်မျှ ဦးဆောင်မည် မဟုတ်ပါ။ ကျွန်တော်၏ ရည်ရွယ်ချက်များကို ပြုပြင်ဖို့ ကျွန်တော် လိုလားလာနေခဲ့ပြီး၊ အသင်းတော်၏ ခေါင်းဆောင်အဖြစ် ကျွန်တော် အရွေးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံဖို့ပြီး ကျွန်တော့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့ ကျွန်တော် အဆင်သင့်ဖြစ်ခဲ့ပါသည်။ နောက်ပိုင်းတွင်၊ မဲပေးဖို့ အချိန်ရောက်လာသည့်အခါ၊ စည်းမျဉ်းများကို ကျွန်တော် ချိန်ဆပြီး၊ ညီအစ်ကိုလီအတွက် မဲပေးဖြစ်ခဲ့ပါသည်။ နောက်ဆုံးတွင်၊ အသင်းတော်ခေါင်းဆောင်အဖြစ် အစေခံဖို့ သူ အရွေးခံခဲ့ရသည်။ ထိုအရာနှင့် ပတ်သက်၍ ကျွန်တော် အဆင်ပြေပါသည်။ ကျွန်တော် အရွေးမခံခဲ့ရသော်လည်း၊ နောက်ဆုံးတွင် သမ္မာတရားကို ကျွန်တော် လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပြီး ထိုသို့ဖြင့် နာမည်နှင့် အဆင့်အတန်း၏ အချုပ်အနှောင်များကို စွန့်ပစ်လိုက်နိုင်သောကြောင့်၊ ကျွန်တော် နောင်တများ မရှိခဲ့ပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းတို့မှ အတွင်းပိုင်း ငြိမ်သက်ခြင်းနှင့် တည်ငြိမ်ခြင်းတို့ကိုလည်း ကျွန်တော် ခံစားခဲ့ရပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့က တကယ်ကို ကျွန်တော့်အတွက် ကယ်တင်ခြင်းဖြစ်သည်ကို တွေ့ကြုံခဲ့ရပါသည်။

အရှေ့သို့- ၃၄။ ကျွန်မ၏ အယောင်ဆောင်မှုကို ခွာချလိုက်ရသည်မှာ အလွန် နေ၍ကောင်းပေသည်

နောက်တစ်ခုသို့- ၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။