“ချစ်လို့” သီချင်းအကြောင်း မိတ်သဟာယ
(ဓမ္မတေး အဖွဲ့နှင့် မိတ်သဟာယ)

ငါကြားရသည့် သင်တို့ သီဆိုကြသော အသင်းတော် အသက်တာအကြောင်း ဓမ္မတေးသီချင်းများထဲတွင် လက်တွေ့ကျသည့် အတွေ့အကြုံနှင့်ပတ်သက်သော ဓမ္မတေးများ အလွန်နည်းပါးဆဲ ဖြစ်သည်။ ဓမ္မတေးသီချင်း အများစုတွင် အတွေ့အကြုံများက အလွန် ပေါ့တန်သည်။ ထိုဓမ္မတေးများကို သီဆိုခြင်းက လူတို့ကို များစွာ အကျိုးမပြုပေ။ ဓမ္မတေးအချို့သည် စစ်မှန်မှု အနည်းငယ်မျှမရှိဘဲ အနှစ်မဲ့သည့် သဘောတရားသာ ပါဝင်သည်။ ဥပမာအနေဖြင့် “ချစ်လို့”၊ “ဘုရားသခင်က ကျွန်ုပ်တို့ကို အနက်ရှိုင်းဆုံး ချစ်ပေသည်” နှင့် “ထာဝရ ချစ်ခြင်းမေတ္တာ” တို့ကိုကြည့်လော့။ အားလုံးက အနှစ်မဲ့သည်၊ သဘောတရားအရဖြစ်ပြီး နားဝေတိမ်တောင်ဖြစ်သော စကားများတို့ ပါဝင်သည်။ ယင်းတို့သည် လုံးဝ လက်တွေ့မကျပေ။ ဤဓမ္မတေးသုံးပုဒ်အတွက် သီချင်းစာသားများနှင့်ပတ်သက်၍ သင်တို့ အဘယ်သို့ ထင်မြင်သနည်း။ အားလုံးက အဓိပ္ပာယ်မရှိပေ။ လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့်သက်ဆိုင်သည့် စကားများသာ ဖြစ်သည်။ လက်တွေ့ကျသည့် အတွေ့အကြုံနှင့်ဆိုင်သော စကားတစ်ခွန်းတလေ ဘာဆိုဘာမျှ အသားပေးဖော်ပြခြင်း မရှိပေ။ အကြင်သူသည် အတွေ့အကြုံနှင့်ပတ်သက်သည့် ဓမ္မတေးများကိုပင် မရေးသားနိုင်ဘဲ ဘုရားသခင်ကို ချီးမွမ်းသည့် ဓမ္မတေးများကို ရေးသားလိုဆဲဖြစ်လျှင် မနိုင်ဝန်ထမ်းနေခြင်း မဟုတ်လော။ သာမန်လူတစ်ဦးအနေဖြင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သက်သေခံရန်နှင့် သူ၏ အနှစ်သာရကို သက်သေခံရန် ဖြစ်နိုင်သလော။ ဤအရာကို လူမည်မျှက လုပ်ဆောင်နိုင်သနည်း။ သင်သည် ဘုရားသခင်အကြောင်း မည်သည့်အရာကိုမျှ မသိဘဲ ဤအယူအဆများနှင့် စိတ်ကူးများကို စာရွက်တွင် ရေးမှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရနှင့် ကိုက်ညီသလော။ ဘုရားအမှု၏ အမှန်တရားများနှင့် ကိုက်ညီသလော။ ဤအယူအဆများနှင့် စိတ်ကူးများကို လေရှည်ခြင်းသည် ဘုရားသခင်ကို ချီးမွမ်းခြင်း ဖြစ်သလော။ သင်သည် ဘုရားသခင်ကို သိသည့်အသိမရှိလျှင် သင် ရေးသားသည့် သူ့ကိုချီးမွမ်းသော ဓမ္မတေးသီချင်းများသည် လက်တွေ့ကျလိမ့်မည် မဟုတ်။ ထိုအစား သင်၏ ကိုယ်ပိုင် စစ်မှန်သော အတွေ့အကြုံ၊ စစ်မှန်သော အသိအကြောင်းနှင့် ကိုယ်ပိုင်နားလည်မှုတို့ကို ရေးသားသင့်သည်။ လက်တွေ့ကျပြီး ခိုင်လုံသည့်အရာများကို ရိုးရိုးယဉ်ယဉ် ပြောဆိုသင့်သည်။ စကားကြီးစကားကျယ်များနှင့် ချဲ့ကားပြောဆိုခြင်းများကို ရှောင်သင့်သည်။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ ချစ်ခြင်းမေတ္တာ၊ သူ၏ ဂုဏ်အသရေရှိခြင်း၊ သူ၏ ကြီးမြတ်မှု၊ သူ၏ သာလွန်မှုနှင့် သူ၏ တစ်မူထူးခြားခြင်းတို့ကဲ့သို့သော အကြောင်းများ၊ ဤစကားများကို ရေးသားသည်။ ဤအရာများကို သင် အမှန်တကယ် သဘောပေါက်သလော။ သင် နားလည်သလော။ ယင်းတို့ကို သင် နားမလည်ဘဲ ယင်းတို့အကြောင်းကို မရမက ရေးသားနေသေးလျှင် သင်သည် ကြောင်းကျိုးမမြင်ဘဲ ရေးသားနေခြင်း၊ မိမိကိုယ်ကို ကြွားဝါခြင်းနှင့် ကြွားလုံးထုတ်ခြင်းသာ ဖြစ်သည်။ လူတို့က ထိုသို့သော အနှစ်မဲ့သည့် စကားများကို သီဆိုကြသည်နှင့်အမျှ ကြွားဝါရာတွင် သင့်နောက်လိုက်ကြရင်း ၎င်းတို့ လိုက်လံ သီဆိုသောအခါ ထိုအရာက ၎င်းတို့ကို မရှင်းမလင်း ခံစားရစေသည်။ ပြီးလျှင် သီဆိုပြီးသွားသည့်အခါ ထိုအရာက မည်သူ့ကိုမျှ အကျိုးမပြုပေ။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ ဤသည်မှာ လူတို့ကို ကစားခြင်းနှင့် ၎င်းတို့၏ အချိန်ကို ဖြုန်းတီးခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို လှည့်ဖြားခြင်းနှင့် အရူးလုပ်ခြင်း ဖြစ်သည် မဟုတ်လော။ သင် ရှက်စိတ်မခံစားရသလော။

ကြည့်လော့၊ “ချစ်လို့”ဟူသည့် ဓမ္မတေးသီချင်း စာသားများက အဘယ်သို့ဖြစ်သနည်း။ “ချစ်လို့ ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး အစဉ်သဖြင့် ဂရုစိုက်ခဲ့ပြီး သူတို့ကို စောင့်ကြပ်ခဲ့တယ်။” ထိုစာကြောင်းတွင် မှန်ကန်သည့် အရာတစ်ခုတလေ ရှိသလော။ ထိုအရာတစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ချစ်ခြင်းမေတ္တာကြောင့် ဘုရားသခင်က အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည်။ ယင်းမှာ ထိုသို့ မဟုတ်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူက ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ (ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကြောင့် ဖြစ်သည်။) သူ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်မှတစ်ဆင့် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခု၊ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုကို ဆောင်ရွက်ရန်မှာ ဘုရားသခင်၏ အလိုဆန္ဒ ဖြစ်သည်။ ဤအနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်၏ လမ်းကြောင်းက မည်သည့်အရာ ဖြစ်စေ၊ ဘုရားသခင်သည် နောက်ဆုံးတွင် သူ့ကို ကျိုးနွံနာခံနိုင်ပြီး သူ့အတွက် သက်သေခံနိုင်သည့် လူတစ်စု၊ စစ်မှန်သည့် ဖန်ဆင်းခံများနှင့် အရာခပ်သိမ်းပေါ် စစ်မှန်သော အရှင်သခင်များဖြစ်လာနိုင်သည့် လူတစ်စုကို ရရှိလိမ့်မည်။ ဘုရားသခင်က ပထမဆုံး စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုရှိပြီးနောက်တွင် ကမ္ဘာလောကနှင့် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်ဟူသည့် အချက်သည် ချစ်ခြင်းမေတ္တာနှင့် တစ်ခုတလေ ပတ်သက်မှုရှိသလော။ ဤသည်မှာ ဘုရားသခင်၏ အကြံအစည်များထဲမှ တစ်ခုဖြစ်သည်။ သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုအရာသည် လူတို့က ရည်ရွယ်ချက်များနှင့် အစီအစဉ်များ ရှိကြသည့် ပုံစံကဲ့သို့သာ ဖြစ်သည်။ ဥပမာအနေဖြင့် လူတစ်ဦးတစ်ယောက်သည် ဆယ်နှစ်တာ အချိန်ကာလတွင် မန်နေဂျာတစ်ဦးဖြစ်လာပြီး ယွမ် ၁၀၀၀၀၀ ရှာရန် အစီအစဉ်တစ်ခု၊ သို့မဟုတ် ဆယ်နှစ်တာ အချိန်ကာလတွင် ပညာရေးဆိုင်ရာ သင့်တော်သော အရည်အချင်းတစ်ခုခု သို့မဟုတ် မိသားစု ဘဝတစ်ခုခုရှိရန် အစီအစဉ်တစ်ခု ရှိကောင်းရှိနိုင်သည်။ ဤအရာများသည် ချစ်ခြင်းမေတ္တာနှင့် တစ်ခုတလေ ပတ်သက်သလော။ မပတ်သက်ပါ။ နေ့စဉ်ဘဝတွင် လူတို့သည် အဆင့်ကို အခြေခံသည့်၊ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သော အစီအစဉ်တစ်ခု၊ စီမံချက်တစ်ခု၊ ရည်မှန်းချက်တစ်ခု၊ စံသတ်မှတ်ချက်တစ်ခုသာ ရှိကြသည်။ ဘုရားသခင်ကမူ၊ စကြဝဠာနှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးကာ အချုပ်အခြာအာဏာရှိသည်နှင့် တစ်ချိန်တည်းတွင် ကမ္ဘာမြေပေါ်တွင် အစီအစဉ်တစ်ခုရှိပြီး ထိုအစီအစဉ်သည် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခြင်းနှင့် သက်ရှိအရာများအား ဖန်ဆင်းခြင်း ဖြင့် အစပြုလေသည်။ ထို့နောက်တွင် ဘုရားသခင်က လူသားနှစ်ဦးကို ဖန်ဆင်းခဲ့သည်။ ယင်းမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အရာ မဟုတ်လော။ ချစ်ခြင်းမေတ္တာက ထိုသို့သော အစီအစဉ်တစ်ခုကို ဘုရားသခင် ဖြစ်စေခြင်းနှင့် အဘယ်သို့ ဆက်စပ်မှုရှိသနည်း။ ဆက်စပ်မှု ဘာဆိုဘာမျှမရှိပေ။ သို့ဆိုလျှင် သင်တို့၏ အမြင်တွင် “ချစ်လို့ ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး အစဉ်သဖြင့် ဂရုစိုက်ခဲ့ပြီး သူတို့ကို စောင့်ကြပ်ခဲ့တယ်။” ဟူသည့် စကားသည် မှန်ကန်သလော။ ဘုရားသခင်က လူသားမျိုးနွယ်ကို သူ မဖန်ဆင်းမီ အဘယ်သို့ ချစ်နိုင်မည်နည်း။ ထိုသို့သော ချစ်ခြင်းမေတ္တာသည် အနှစ်မဲ့မည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ဖန်ဆင်းခြင်းအား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ဆိုင်သည့် ဆောင်ရွက်ချက်တစ်ခုအဖြစ် သင် သတ်မှတ်သည်။ ယင်းသည် ဘုရားသခင်ကို အသရေဖျက်ခြင်း မဟုတ်လော။ ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဤသည်မှာ ခံစားချက်အရ ဖြစ်လွန်းသည် မဟုတ်လော။ ဤ ခံစားချက်အရ ဖြစ်ခြင်းကို မည်သို့ သရုပ်ဖော်ထားသနည်း။ ဆင်ခြင်တုံတရားမဲ့ခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်က အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်နှင့် သူ၏ အဆင့်သုံးဆင့် အမှုတော်၏ နက်နဲမှုတို့ကို ဖွင့်ပြပြီး ဖြစ်သည်။ သင့်အနေဖြင့် အနည်းငယ် နားလည်ပြီးဖြစ်ကြောင်း၊ ဘုရားသခင်နှင့်ဆိုင်သည့် အပေါ်ယံ သိနားလည်မှုအချို့ရှိကြောင်း တွေးထင်သော်လည်း ဤသည်မှာ တိုက်ရိုက် သိနားလည်မှုတစ်ခုမျှသာ ဖြစ်သည်။ သို့တိုင် ဘုရားသခင်က တစ်စုံတစ်ရာကို လုပ်ဆောင်သည်မှာ၊ အမှုတစ်ခုခုကို ဆောင်ရွက်သည်မှာ သို့မဟုတ် အစီအစဉ်တစ်ခုခု ရှိသည်မှာ ချစ်လို့ဖြစ်ကြောင်း အခိုင်အမာဆိုလျက် သင်သည် အမှုအရာများကို ထိုသို့သော နည်းလမ်းတစ်ခုဖြင့် အဓိပ္ပာယ်ဖွင့်ဆိုဝံ့သည်။ ယင်းမှာ အလွန်မိုက်မဲပြီး ဆင်ခြင်တုံတရားမဲ့လွန်းခြင်းသာ ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် “ချစ်လို့ ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး” ဟူသည့် စကားနှင့်ပတ်သက်၍ မှန်ကန်သည့်အရာ တစ်ခုတလေ ရှိသလော။ (မရှိပါ။ ထိုအရာသည် သမ္မာတရားနှင့် အညီ မဟုတ်ပါ။) သမ္မာတရားနှင့်အညီ ဟုတ်မဟုတ်ဟူသည့် ကိစ္စရပ်ကို ပထမဆုံး ဘေးဖယ်ထားကြစို့။ ထိုအစား တကယ့် အခြေအနေများနှင့် အညီ ဟုတ်မဟုတ် ဟူသည်ကို ကြည့်ကြစို့။ ဤထုတ်ပြန်ချက် လက်တွေ့ကျသည်ဟု သင်တို့ ထင်ကြသလော။ (လက်တွေ့မကျပါ။) ဤသည်မှာ ဖြစ်လိုသည့် အတွေးသာ ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခြင်းသည် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်ခြင်း မရှိ။ ထို့ကြောင့် “ချစ်လို့ ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး” ဟူသည့် စကားသည် အခြေအမြစ်မရှိပေ။ လူ့စိတ်ကူး၏ အထင် သက်သက်ဖြစ်သည်၊ အဓိပ္ပာယ်မဲ့သည်။ သင်သည် ဘုရားသခင်ကို ကြောင်းကျိုးမမြင်ဘဲ ဘောင်ခတ်နေခြင်းဖြစ်သည်။ ယင်းသည် သူ့ကို ပြစ်မှားစော်ကားကာ မလေးစားခြင်း ဖြစ်ပြီး သူ့ကို လူသား ရှုထောင့်အမြင်များနှင့် လူသား စိတ်ကူးများ၊ အယူအဆများဖြင့် သင် တိုင်းတာနေခြင်း ဖြစ်သည်။ ယင်းသည် စံတင်လောက်သော အမှားတစ်ခု၊ ဆင်ခြင်တုံတရားမဲ့ပြီး အရှက်မဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် “ချစ်လို့ ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး” ဟူသည့် စကားရပ်သည် တကယ်ကို ပေါက်ကရစကား ဖြစ်သည်။

ဆက်ကြည့်သွားလျှင် သီချင်းစာသားများက “ဘုရားသခင် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး အစဉ်သဖြင့် ဂရုစိုက်ပြီး သူတို့ကို စောင့်ကြပ်ခဲ့တယ်” ဟူ၍ ဖြစ်သည်။ ဤဓမ္မတေးသီချင်းကို ရေးသားခဲ့သည့်လူက ဤသည်မှာလည်း ချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်ဟု သွယ်ဝိုက်ညွှန်းဆိုနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ချစ်ခြင်းမေတ္တာကြောင့် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်ဟု ပြောခြင်းက မှားယွင်းလျှင် ချစ်ခြင်းမေတ္တာကြောင့် ဘုရားသခင်က လူသားမျိုးနွယ်ကို အစဉ်သဖြင့် ဂရုစိုက်ကာ စောင့်ကြပ်ခဲ့သည်ဟု ပြောခြင်းသည် မှန်ကန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ “၎င်းတို့ကို အစဉ်သဖြင့် ဂရုစိုက်ပြီး စောင့်ကြပ်ရန်”မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ဤအပြုအမူ၏ အနှစ်သာရမှာ အဘယ်နည်း။ တာဝန်ရှိသည့် အပြုအမူတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) မည်သည့်အရာကိုမျှ နားမလည်သည့်၊ စကားမပြောနိုင်သည့်၊ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသကဲ့သို့ မြွေ၏ စုံစမ်းသွေးဆောင်ခြင်းခံရနိုင်သည့် လောလောလတ်လတ် ဖန်ဆင်းခြင်းခံရသော လူသားတစ်ဦးကို ဘုရားသခင် ချစ်နိုင်သလော။ ချစ်ခြင်းမေတ္တာကို ပေးထားပုံ၊ ထိုချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြပုံ၊ ထိုချစ်ခြင်းမေတ္တာ ထင်ရှားပုံ၊ ထိုချစ်ခြင်းမေတ္တာကို ဖော်ပြပုံနှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ဤအရာနှင့်ပတ်သက်၍ တိကျသည့် အသေးစိတ်အချက်အလက် တစ်ခုတလေ ရှိသလော။ မရှိပေ။ ထိုအရာသည် တာဝန်ရှိခြင်း ဖြစ်သည်။ ဤတွင် ပါဝင်သည့် စစ်မှန်သော ခံစားချက်မှာ ဘုရားသခင်၏ တာဝန်ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သဖြင့် သူက ၎င်းတို့ကို စောင့်ကြပ်ရမည်၊ ဂရုစိုက်ကာ ကာကွယ်ပေးပြီး ဦးဆောင်လမ်းပြရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ဖြစ်သည်။ ဤအရာကို သူ လုပ်ဆောင်သည်မှာ ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ပေ။ ဤအရာကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ခြင်းအဖြစ် သင် သရုပ်ဖော်လျှင် သင်သည် ဘုရားသခင်အပေါ် ဆိုးရွားသည့် အထင်လွဲမှုတစ်ခု ရှိပေသည်။ သူ့ကို ဤသို့ သိနားလည်ခြင်းသည် မှန်ကန်တိကျခြင်းမရှိ။ ထိုလောလောလတ်လတ် ဖန်ဆင်းခြင်းခံရသည့် လူသားနှစ်ဦးက မည်သည့်အရာကို သိခဲ့ကြသနည်း။ ဘုရားသခင်က ၎င်းတို့ကို ပေးထားသည့် ဝင်သက်ထွက်သက်လေတစ်ခုထက်ပို၍ အခြား မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ခဲ့ကြပေ။ မည်သည့်အရာကိုမျှ ၎င်းတို့ မသိခဲ့ကြပေ။ ၎င်းတို့သည် အထူးသဖြင့် ဘုရားသခင်ကို သိသောအသိ မရှိခဲ့ကြ။ ဘုရားသခင် အဘယ်သူ ဖြစ်သည်၊ သို့မဟုတ် သူ ဖြစ်သမျှအရာအားလုံးကို ၎င်းတို့ မသိခဲ့ကြသကဲ့သို့ ဘုရားသခင်၏ စကားများအား မည်သို့ အလေးဂရုပြုကာ သူ့ကို ကျိုးနွံနာခံရမည်ဟူသည်ကို မသိခဲ့ကြပေ။ ဘုရားသခင်နှင့် ကင်းကွာခြင်းနှင့် သူ့ထံမှ ပုန်းကွယ်ခြင်းသည် ပြဿနာတစ်ခုဖြစ်သည်ကိုပင် ၎င်းတို့ မသိခဲ့ကြပေ။ သူ့ကို ဤသို့ ငြင်းပယ်ပြီး အတိုက်အခံလုပ်သည့် လူသားမျိုးနွယ်ကို ဘုရားသခင်က အဘယ်သို့ ချစ်နိုင်မည်နည်း။ သူက ၎င်းတို့ကို ချစ်နိုင်သလော။ အနှစ်သာရအနေဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဂရုစိုက်ပြီး စောင့်ကြပ်ကာ ဘုရားသခင် လုပ်ဆောင်သည့်အရာက သူ၏ တာဝန်များထဲမှ တစ်ခုကိုသာ ကိုယ်စားပြုနိုင်သည်။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် အစီအစဉ်တစ်ခုနှင့် ဆန္ဒတစ်ခု ရှိသောကြောင့် သူ ဖန်ဆင်းပြီးဖြစ်သည့် လူသားမျိုးနွယ်ကို သူ စောင့်ကြပ်ကာ ကာကွယ်ရမည်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကွယ်ကာခြင်းနှင့် ဂရုစိုက်ခြင်းတို့သည် ချစ်လို့ဖြစ်သည်ဟု သင်က ပြတ်ပြတ်သားသားနှင့် တွေးတောခြင်းမရှိဘဲ ပြောလျှင် ထိုချစ်ခြင်းမေတ္တာက အားရကျေနပ်မှု မည်မျှ အမှန်တကယ် ဖြစ်ပေါ်စေရမည်နည်း။ လူတို့သည် ၎င်းတို့ကို ဘုရားသခင်က ဤသို့ချစ်ခြင်းနှင့် အမှန်တကယ် ထိုက်တန်ကြသလော။ အနည်းဆုံးအနေဖြင့် လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်ပြီး သူ့ကို့ အစစ်အမှန် ယုံကြည်ကိုးစားရမည်ဖြစ်သည်။ ထို့နောက်တွင်သာ ဘုရားသခင်က ၎င်းတို့ကို ချစ်လိမ့်မည်။ လူတို့က ဘုရားသခင်ကို ချစ်ရမည့်အစား သူ့ကို အတိုက်အခံလုပ်လျှင်၊ သစ္စာဖောက်ပြီး ကားစင်ပင်တင်သတ်ကြလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ၎င်းတို့ ထိုက်တန်ကြသလော။ လူတို့အပေါ် သူ၏ ချစ်ခြင်းမေတ္တာကို ဘုရားသခင်က မည်သည့်အရာအပေါ် အခြေခံထားသနည်း။ အခြေအနေ မည်သို့ဖြစ်စေ ဘုရားသခင်က ၎င်းတို့ကို ချစ်သည်ဟု လူတို့ အမြဲ ပြောကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်ကူးဖြစ်သည်၊ ဖြစ်လိုသော အတွေး ဖြစ်သည်။

ဆက်လက်၍ “ချစ်လို့၊ မြေကြီးပေါ်မှာတွင် လူ့အသက်တာကို လမ်းပြဖို့ တရားတော်တွေနဲ့ ပညတ်ချက်တွေကို ဘုရားသခင် ထုတ်ပြန်။ ချစ်လို့၊ လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ဖို့ ဘုရားသခင်က လူ့ဇာတိခံယူပြီး သူ့အသက်ပေးခဲ့တယ်”ဟူ၍ ဖြစ်သည်။ ဤအရာက အမှုအရာများကို အတော်လေး ပြည့်စုံစွာ အကျဉ်းချုပ်သည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ပညတ်တော်ခေတ်ထိ၊ ထို့နောက် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ရန် ဘုရားသခင် လူ့ဇာတိခံယူသည့် ကျေးဇူးတော်ခေတ်ထိ၊ ဤနယ်နိမိတ်မျဉ်းနှစ်ခုက ဘုရားသခင်၏ အမှုတော် အဆင့်နှစ်ဆင့်ကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြသည်။ ကံအကြောင်းမလှစွာပင် “ချစ်လို့”ဟူသည့် ဤပထမ စကားနှစ်လုံးဖြင့် ဤဓမ္မတေးသီချင်းကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ယင်း၏ သရုပ်ဖော်ခြင်းအတွက် ဦးတည်ထားသော လမ်းညွှန်အဖြစ် အသုံးပြုရန်မှာ အမှားတစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းပြီးနောက်တွင် လူသားမျိုးနွယ်ကို ဦးဆောင်လမ်းပြရန် ပညတ်တရားကို ထုတ်ပြန်ခြင်းဖြစ်စေ၊ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းဖြစ်စေ ဤအရာကို သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၊ သူ၏ အလိုဆန္ဒများနှင့် ပြီးမြောက်ရန် သူ ရည်ရွယ်သည့်အရာကြောင့်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ချစ်လို့ သက်သက်မျှ မဟုတ်ပေ။ လူအချို့က “သို့ဆိုလျှင် ဤအရာများကို ဘုရားသခင် လုပ်ဆောင်ရာတွင် ချစ်ခြင်းမေတ္တာ၏ အစိတ်အပိုင်းများ မရှိဟု သင် ပြောနေခြင်းလော”ဟု ပြောကြသည်။ ယင်းမှာ မှန်သလော။ (မမှန်ပါ။) ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာ၏ အနှစ်သာရရှိသော်လည်း သူ၏ အဆင့်သုံးဆင့် အမှုတော်ကို ဘုရားသခင် လုပ်ဆောင်ခြင်း၏ အနှစ်သာရမှာ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်သည်ဟု သင် ဆိုလျှင် ယင်းမှာ အလွန့်အလွန် မှားယွင်းပေသည်။ ထိုအရာသည် အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်က သူ၏ အဆင့်သုံးဆင့် အမှုတော်ကို လုပ်ဆောင်ရသည့် အဓိက အကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ အလိုဆန္ဒများကြောင့်ဖြစ်ပြီး ဘုရားသခင် ပြီးမြောက်တော့မည့်အရာကြောင့် ဖြစ်သည်။ အရင်းအမြစ်က ဤအရာများတွင် တည်သည်၊ ချစ်ခြင်းမေတ္တာတွင်သာ မဟုတ်ပေ။ သူ၏ အဆင့်သုံးဆင့် အမှုတော် အတောအတွင်းတွင် ဘုရားသခင် ထုတ်ဖော်ပြသည့် စိတ်သဘောထား အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ ပါဝင်သည်မှာ အမှန်ဖြစ်၏။ “ချစ်ခြင်းမေတ္တာ”၏ ခိုင်လုံသော သရုပ်သကန်များမှာ အဘယ်နည်း။ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းဖြစ်သည် မဟုတ်လော။ ပြီးလျှင် သနားကရုဏာ မဟုတ်လော။ ပြီးလျှင် လူတို့အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာ ပေးသနားခြင်း မဟုတ်လော။ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်း မဟုတ်လော။ တရားစီရင်ခြင်းနှင့် ပြစ်ဆင်ဆုံးမခြင်း မဟုတ်လော။ ဤအရာအားလုံး ဖြစ်သည်။ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် စိစစ်ခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း စသည်တို့ အားလုံးက ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဤချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ပြီးပြည့်စုံသည်။ သို့သော် လူတို့က ချစ်ခြင်းမေတ္တာကိုသာ အသားပေးလျက် ဘုရားသခင်၏ အဆင့်သုံးဆင့် အမှုတော်ကို ချစ်လို့ လုပ်ဆောင်ခြင်းအဖြစ် ဘောင်ခတ်လျှင် ဤသည်မှာ တစ်ဖက်သတ်ဖြစ်လွန်း၏။ ဘုရားသခင်ကို ဘောင်ခတ်ခြင်း ဖြစ်သည်။ ဤစာကြောင်းများကို လူတို့ ကြားသည့်အခါ “ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်ပြီး အခြား မည်သည့်အရာမျှ မဟုတ်ပါ”ဟု တွေးကြလိမ့်မည်။ ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုများ ဖြစ်ပေါ်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤဓမ္မတေးသီချင်းက လူတို့ကို ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ အမှန်တကယ် မခေါ်ဆောင်ရုံမက ဆန့်ကျင်ဘက်အနေဖြင့် လူတို့ကို သူ့အား အထင်လွဲစေသည်။ “ချစ်လို့၊ ချစ်လို့”ဟု အမြဲ သီဆိုနေကြလျှင် လူတို့၌ မည်သည့် အခြေအနေမျိုး ဖြစ်ပေါ်လိမ့်မည်နည်း။ ယင်းက မည်သည့် ခံစားချက်မျိုး ဖြစ်ပေါ်စေလိမ့်မည်နည်း။ ဤခံစားချက်များက နောက်ဆုံးတွင် ဘုရားသခင်အပေါ် သိနားလည်ခြင်း ဖြစ်လိမ့်မည်လော၊ သို့မဟုတ် အထင်လွဲခြင်း ဖြစ်လိမ့်မည်လော။ ဤကိစ္စရပ်ကို အပြည့်အဝ နားမလည်နိုင်သည့်တိုင် ဤသို့ စကားပြောကာ သီချင်းဆိုဆဲဖြစ်လျှင် ယင်းမှာ ဖြစ်လိုသည့်အတွေးဖြစ်ကာ သာ၍ပင် ဆင်ခြင်တုံတရား မဲ့ပေသည်။ လူတို့သည် ဖြစ်လိုသည့် အတွေး၊ ဆင်ခြင်တုံတရားမဲ့ခြင်းနှင့် မိမိကိုယ်ကိုနှိမ့်ချခြင်း အခြေအနေတစ်ခုထဲသို့ ကျရောက်သည့်အခါ ယင်းမှာ ဒုက္ခပေးတတ်သည်။ ထိုသို့သော လူတို့သည် ဘုရားသခင်ကို မိမိတို့ စိတ်နှလုံးများတွင် အစစ်အမှန် ချီးမွမ်းနိုင်သလော။ မဖြစ်နိုင်ပေ။ ဤဓမ္မတေးသီချင်းက ဘုရားသခင်ကို အမှန်တကယ် မချီးမွမ်းပေ။ လူတို့ကို လမ်းလွဲစေနိုင်ရုံသာရှိ၏။

နောက်ကလိုက်လာသည့် သံပြိုင်အပိုဒ်ကို ကြည့်ကြစို့။ သံပြိုင်အပိုဒ်၊ ထိုသံပြိုင်အပိုဒ်က ယင်း၏ “ချီးမွမ်းခြင်း”ကို အထွတ်အထိပ်သို့ ရောက်စေသည့် နည်းလမ်းက စက်ဆုပ်စရာ ဖြစ်သည်။ “အို ဘုရားသခင်၊ ကိုယ်တော့်အမှုတော်နဲ့ ကိုယ်တော့်နှုတ်ကပတ်တော်မှာ ထုတ်ဖော်သမျှဟာ ချစ်ခြင်းမေတ္တာပါ”ဟူသည့် စာကြောင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့် ပုံစံဖြင့် မမှန်ကန်သနည်း။ (ထိုအရာက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို ပြဋ္ဌာန်းကြသည်။) မည်သည့်အရာအဖြစ်သို့ ယင်းတို့ကို ထိုအရာက ပြဋ္ဌာန်းသနည်း။ (ချစ်လို့ လုပ်ဆောင်ခြင်းအဖြစ်သို့သာ ဖြစ်သည်။) ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် နှုတ်ကပတ်တော်များအားလုံးက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြသည်။ ယင်းမှာ ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းခြင်းနှင့်လည်းကောင်း သက်ဆိုင်ပေသည်။ ချစ်ခြင်းမေတ္တာသည် စိတ်ခံစားမှု သွင်ပြင်လက္ခဏာတစ်ခု၊ ခံစားချက်တစ်မျိုးထက် မပိုပေ။ ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရ မဟုတ်ပေ။ ချစ်ခြင်းမေတ္တာကို ဘုရားသခင်၏ အနှစ်သာရအဖြစ် သရုပ်ဖော်ခြင်းသည် မှန်ကန်သလော။ ယင်းက ဘုရားသခင်ကို မည်သည့်အရာအဖြစ် မှတ်ယူခြင်း ဖြစ်မည်နည်း။ သူ့ကို အလွယ်တကူ အသုံးချခံရသည့် ပရဟိတဒါနရှင်နှင့် သဘောလွယ်သူတစ်ဦးအဖြစ် မှတ်ယူခြင်း ဖြစ်ပေမည်။ အဆုံးတွင် ဘုရားသခင်၏ အနှစ်သာရသည် မည်သည့်အရာနည်း။ (ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ သနားကရုဏာ၊ မေတ္တာကျေးဇူးတော်၊ အမျက်ဒေါသ၊ သာ၍ စေ့စပ်သည့် အချုပ်ဖော်ပြချက်တစ်ခု ဖြစ်သည်။) ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ကရုဏာနှင့် မေတ္တာကျေးဇူးတော်အပြင် ဘုန်းအာနုဘော်တော်နှင့် အမျက်ဒေါသဟူသည့် ဤအရာအားလုံးသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရကို ကိုယ်စားပြုသည်။ အကြင်သူသည် ဘုရားသခင့် အနှစ်သာရ၏ သွင်ပြင်လက္ခဏာတစ်ခုခုကို တစ်ဖက်သတ် သရုပ်ဖော်လျှင် ယင်းက ကျေးဇူးတော်ခေတ်ရှိ လူတို့အပေါ် တစ်ဖက်သတ်ဆန်သည့် သိနားလည်မှုကို ထင်ဟပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံသည် ၎င်းတို့၏ အသိပညာကဲ့သို့ပင် အကန့်အသတ်ရှိပြီး တစ်ဖက်သတ်ဆန်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အနှစ်သာရအပေါ် ၎င်းတို့၏ သိနားလည်မှုသည် ကျေးဇူးတော်ခေတ်ရှိ ဘုရားသခင်၏ အမှုတော်အပေါ် အခြေခံ၍ ထူးခြားသည့် သွင်ပြင်လက္ခဏာဆောင်ပြီး ၎င်းတို့၏ သရုပ်ဖော်ချက် တစ်ဖက်သတ်ဖြစ်ရခြင်းအတွက် အခြေခံအကြောင်းရင်း ဖြစ်စေသည်။ ဘုရားသခင်၏ အနှစ်သာရကို ဘုရားသခင်၏ အမှုတော် တစ်ပိုင်းတစ်စပေါ် အခြေခံ၍ သရုပ်ဖော်ခြင်းသည် တစ်ဖက်သတ်ဆန်လွန်းသည်။ အမှန်တရားများနှင့် ကိုက်ညီခြင်းမရှိသကဲ့သို့ ဘုရားသခင်၏ အနှစ်သာရမှ အလွန် သွေဖည်လွန်းလှပေသည်။

“အို ဘုရားသခင်၊ ကိုယ်တော့်မေတ္တာက မေတ္တာကျေးဇူးတော်နဲ့ သနားကရုဏာသာ မဟုတ်၊ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းလည်း ပိုလို့တောင် ဖြစ်တယ်”ဟူသည့် ဒုတိယစာကြောင်းကို ကြည့်ကြစို့။ ဤသည်မှာ သဘောတရား ဖြစ်နေဆဲဖြစ်သည်။ စကားက မှန်ကန်သော်လည်း အယူဝါဒဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် ထိုစာကြောင်းကို ထားရှိခြင်းက မည်သည့်အကျိုးမျှမရှိချေ။ ဤစာကြောင်းက သိရှိစေသည့်အရာကို သတိမပြုမိသည့်သူ တစ်ဦးတလေ ရှိသလော။ ဘုရားသခင်က အလွန်များစွာသော အမှုကို ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် လူအများစုက ဤအရာကို တွေ့ကြုံပြီးဖြစ်ကာ သိရှိကြသည်။ ထို့ကြောင့် ဤသည်မှာ အဓိပ္ပာယ်မရှိသကဲ့သို့ အနှစ်မဲ့သည့် စကားဖြစ်ကာ လူတို့ကို တည်ဆောက်ခြင်းက နည်းပါးသည်။ ဆက်ကြည့်သွားလျှင် “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ဟာ အစစ်မှန်ဆုံး မေတ္တာနဲ့ အကြီးမြတ်ဆုံး ကယ်တင်ခြင်းပါ” ဟူ၍ ဖြစ်သည်။ “အကြီးမြတ်ဆုံး ကယ်တင်ခြင်း”က မည်သည့်အရာကို ဆိုလိုသနည်း။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က သာမန် ကယ်တင်ခြင်း မဟုတ်ဘဲ အကြီးမြတ်ဆုံး ကယ်တင်ခြင်းဖြစ်သည်ကို ဆိုလိုသည်။ ဘုရားသခင်က တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို မလုပ်ဆောင်ခဲ့လျှင် လူသားမျိုးနွယ်ကို သူ၏ ရွေးနုတ်ခြင်းက အကြီးမြတ်ဆုံး ကယ်တင်ခြင်း ဖြစ်မည် မဟုတ်လော။ ပညတ်တရားကို သူ၏ ထုတ်ပြန်ခြင်းက အကြီးမြတ်ဆုံး ကယ်တင်ခြင်း ဖြစ်မည်မဟုတ်လော။ သင်သည် ပညတ်တရားများ ထုတ်ပြန်ခြင်းက ကယ်တင်ခြင်း၏ ပထမအဆင့်၊ ကားစင်တင်သတ်ခြင်းက ကယ်တင်ခြင်း၏ ဒုတိယအဆင့်ဖြစ်ပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက အကြီးမြတ်ဆုံး ကယ်တင်ခြင်းဖြစ်သည့်အလား ဘုရားသခင်၏ အဆင့်သုံးဆင့် အမှုတော်ကို အဆင့်များအဖြစ်သို့ ခွဲလိုက်သည်။ ဤသည်မှာ အဓိပ္ပာယ်မရှိသောအရာ မဟုတ်လော။ ဤသို့သော အရာတစ်ခုကို ပြောသည်မှာ သင့်တင့်လျောက်ပတ်သလော။ ထိုအရာ မှန်ကန်သလော။ သင်သည် ဘာသာရေးသမားတစ်ဦးထံ ဤအနှစ်မဲ့သည့်စကားများကို ပြောလျှင် ယင်းတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာကိုမျှ ၎င်းတို့ တွေ့နိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ နားမလည်ကြ။ ၎င်းတို့ထံ သင် ပြောသည့် ဤအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့ ကြားဖူးကြလိမ့်မည်မဟုတ်။ ယင်းတို့ကို သိကြလိမ့်မည် မဟုတ်။ ထိုအရာအားလုံးက အသစ်ဖြစ်သည်၊ မူရင်းဖြစ်ပြီး အတော်လေး ကောင်းသည်ဟု ၎င်းတို့ တွေးထင်ကြလိမ့်မည်။ သို့သော် သမ္မာတရား နားလည်သောသူ တစ်စုံတစ်ဦးထံ ထိုစကားများကိုပင် သင် ပြောလျှင် ဤအရာများက အနှစ်မဲ့သော စကားများနှင့် အကျဉ်းချုပ်ထားသော အယူဝါဒများဖြစ်ကာ တစ်ဦးတလေ၏ ပဓာနကျသော သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သိနားလည်မှု ကင်းမဲ့သည်ကို ၎င်းတို့ ချက်ချင်း သဘောပေါက်ကြလိမ့်မည်ဖြစ်သည်။ ဆက်ကြည့်သွားလျှင် “ကိုယ်တော်ရဲ့ သန့်ရှင်းပြီး ဖြောင့်မတ်တဲ့ မေတ္တာကို ကျွန်ုပ်တို့ သက်သေခံပါမယ်” ဟု ဆိုသည်။ ဤနေရာတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သန့်ရှင်းပြီး ဖြောင့်မတ်သော ချစ်ခြင်းမေတ္တာအဖြစ် သရုပ်ဖော်ထားသည်။ ဓမ္မတေးသီချင်းရေးသူက ဘုရားသခင်၏ အနှစ်သာရက သန့်ရှင်းပြီး ဖြောင့်မတ်ကြောင်း ဖော်ပြရမည့်အစား ဘုရားသခင်က လူကို ချစ်သင့်ကြောင်း ထောက်ခံလျက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သန့်ရှင်းပြီး ဖြောင့်မတ်ကြောင်း ဖော်ပြသည်။ ထိုအရာများက ဆိုလိုသည်မှာ ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မဖော်ပြသင့်သကဲ့သို့ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တော်တို့ကို မဖော်ပြသင့်ဟူ၍ ဖြစ်သည်။ သူ၏ ချစ်ခြင်းမေတ္တာ ဖော်ပြချက်သာ မှန်ကန်ပြီး ထိုချစ်ခြင်းမေတ္တာသည် သန့်ရှင်းကာ ဖြောင့်မတ်သည်။ ထို့နောက် ဆက်တိုက်ဆိုသလို “ကိုယ်တော် ထာဝရချီးမွမ်းခြင်းကို ခံထိုက်တယ်”ဟု ဆိုသည်။ ဓမ္မတေးရေးသူက အဘယ်ကြောင့် ဘုရားသခင်ကို ချီးမွမ်းသနည်း။ လူကို ဘုရားသခင်က ချစ်သောကြောင့်သာ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းကြခြင်း ဖြစ်သည်။ ဤစကားလုံးများ၌ရှိသော ပြဿနာသည် ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤနေရာတွင် ပြဿနာကြီးတစ်ခုရှိသည်ဟု ငါတို့ အဘယ်ကြောင့် ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် ထိုအရာက ကိစ္စရပ်များကို လူသား အယူအဆများနှင့် စိတ်ကူးများအတိုင်း ရှုမြင်ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာက ဘုရားသခင်ကို သိနားလည်ခြင်း ကင်းမဲ့ပြီး သူ့ကို ဘောင်ခတ်ရန် ကြိုးစားသည်။) ဤသည်မှာ ဘုရားသခင်ကို ဘောင်ခတ်ခြင်း ဖြစ်သည်။ သမ္မာတရားကို သိနားလည်ခြင်းမရှိသကဲ့သို့ ဘုရားသခင်အပေါ် စစ်မှန်သည့် အသိကင်းမဲ့သည့်တိုင် အကျဉ်းချုပ်ရန် ကြိုးပမ်းသဖြင့် သင်၏ အကျဉ်းချုပ်ဖော်ပြချက်သည် ဘုရားနှုတ်ကပတ်တော်များနှင့် မကိုက်ညီသကဲ့သို့ သမ္မာတရားနှင့် အလှမ်းဝေးပြီး လူတို့ကို အတော်ကလေးပင် လမ်းလွဲစေသည်။ ဤသည်မှာ ဘုရားသခင်ကို ဝေဖန်သည့် သဘောသက်ရောက်သည်။ ဤဓမ္မတေးသီချင်း၏ ပထမအပိုဒ်ကို သီဆိုခြင်းမှ မည်သည့်အရာကို လူတို့ ရရှိနိုင်သည်ဟု သင် တွေးထင်သနည်း။ (ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများကို သူတို့ ရရှိကြလိမ့်မည်။) မည်သည့် အယူအဆများနည်း။ (ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်ကြောင်းနှင့် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာသာရှိပြီး အခြား မည်သည့်အရာမျှမရှိဟု သူတို့ ယုံကြည်ကြလိမ့်မည်။) လူတို့က ဤသို့ ခံစားခြင်းသည် မည်သည့်အရာ မှားယွင်းသနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက လူတို့ကို ဝန်းရံကာ အတူပါရှိလျက် ၎င်းတို့က ဘုရားမေတ္တာ၏ ထွေးပွေ့မှုတွင် အသက်ရှင်ကြရာတွင် မည်သည့်အရာ မှားယွင်းသနည်း။ လူတို့က ဘုရားသခင်၏ မေတ္တာနှင့် ဂရုစိုက်မှု အပြည့်အဝ မွေ့လျော်ခံစားခြင်းသည် မည်သည့်အရာ မှားယွင်းသနည်း။ (ဘုရားသခင်ကို ဤသို့ သိနားလည်ခြင်းသည် တစ်ဝက်တစ်ပျက် ဖြစ်လွန်းသည်။ အကြောင်းမှာ ဘုရားသခင်၏ စိတ်သဘောထားအတွင်းတွင် ချစ်ခြင်းမေတ္တာသာမဟုတ်ဘဲ အခြားအရာများ ရှိသောကြောင့် ဖြစ်သည်။) တစ်ဝက်တစ်ပျက်သာ ဖြစ်သလော။ တိကျစွာ ပြောရလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုသာ သိရှိခြင်းသည် လူအတွက် အလွန် အနှစ်မဲ့သည်။ ထိုအရာသည် အနှစ်မဲ့ကာ တစ်ဖက်သတ်ဆန်သည့်၊ အယူအဆဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ ခံစားချက်မျိုး ဖြစ်သည်။ ဤအရာကို စဉ်းစားကြည့်လော့။ ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်သည်ဟူသည်ကို ယုံကြည်ခြင်းနှင့် သိခြင်းက လုံလောက်သည်ဟု လူတို့ တွေးထင်လျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံသည့်အခါ စစ်မှန်သော ကျိုးနွံနာခံမှုအား စွမ်းဆောင်ရရှိရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်လော။ (လွယ်ကူမည် မဟုတ်ပါ။) သို့သော် ၎င်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် ရှိကြသည်။ အဘယ်ကြောင့် ကျိုးနွံနာခံရန် မလွယ်ကူမည်နည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဤသို့ သက်သေခံခြင်းသည် လူတို့အား တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် လွှမ်းမိုးလိမ့်မည်လော။ (လွှမ်းမိုးလိမ့်မည် မဟုတ်ပါ။) သို့ဆိုလျှင် ငါ့ကို ပြောလော့၊ မည်သည့် တကယ့် အခြေအနေနှင့် လက်တွေ့ကျသော အခက်အခဲများ ပါဝင်သနည်း။ (ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်သည်ဟု လူတို့ အမြဲ တွေးကြသောကြောင့် နေ့စဉ် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားချင်ကြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က လူတို့အား ဇာတိပကတိဆိုင်ရာ ဆင်းရဲဒုက္ခ ခံစားရစေသည်အခါ ဘုရားသခင်က သူတို့ကို မချစ်ဟု တွေးထင်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံပြီး ကျိုးနွံနာခံရန် သူတို့အတွက် ခက်ခဲလာသည်။) ဆက်ပြောလော့။ အခြားတစ်ခုခု ရှိသေးသလော။ (ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်သည်ဟု လူတို့ ယုံကြည်ကြသောကြောင့် ဘုရားသခင်ကို သူတို့ ပုန်ကန်ကာ သစ္စာဖောက်သည့်အခါ ဘုရားသခင်က သူတို့ကို ချစ်နေဆဲဖြစ်ပြီး သူတို့ကို သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းတို့ကို ပြလိမ့်မည်ဟု ဆုံးဖြတ်ကြလိမ့်မည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် သူတို့သည် နောင်တရဖို့ အားထုတ်ကြလိမ့်မည် မဟုတ်ပါ။) လူတို့သည် ဘုရားသခင်က ၎င်းတို့ကို အထူးသဖြင့် ချစ်ကာ မျက်နှာသာပေးသည်ဟူသည့် ၎င်းတို့ စိတ်ကူးပေါက်ရာ လက်ခံယူဆကြသည့် အခြေအနေတစ်ခုတွင် အမြဲ အသက်ရှင်နေကြလျှင် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်ဟူသည့် အချက်ကို လက်ခံနိုင်ကြသလော။ ဘုရားနှုတ်ကပတ်တော်များတွင် ဖော်ထုတ်ထားသည့် လူ၏ အမျိုးမျိုးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို ၎င်းတို့ လက်ခံနိုင်ကြသလော။ (လက်မခံနိုင်ကြပါ။) ထိုအခြေအနေမှ ကျိုးနွံနာခံသည့် အခြေအနေတစ်ခုဆီသို့ သွားရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် ၎င်းတို့အတွက် ခက်ခဲပေသည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့၏ အပြစ်ဖြေရာယဇ် အမြဲ ဖြစ်လိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့အတွက် ဤအပြစ်ဖြေရာယဇ်သည် ချစ်ခြင်းမေတ္တာ ပုံစံတစ်ခု၊ မကုန်ခမ်းနိုင်သကဲ့သို့ မဆုံးနိုင်သည့် ချစ်ခြင်းမေတ္တာတစ်ခုဖြစ်ကြောင်း ယုံကြည်လျက် ကျေးဇူးတော်ခေတ်တွင် ပိတ်မိရုံသာ ရှိနေနိုင်သည်။ ၎င်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဤသို့ နားလည်လျှင် အကျိုးဆက်က မည်သည့်အရာ ဖြစ်မည်နည်း။ ဘာသာတရားထဲရှိ လူများကဲ့သို့ ဖြစ်ပေမည်။ ၎င်းတို့သည် မိမိတို့ မည်သို့ အပြစ်ပြုသည်ကို ဂရုမစိုက်ကြ။ ညတွင် မိမိတို့၏ ဆုတောင်းချက်များကိုသာ ဆိုကြပြီး၊ မိမိတို့၏ အပြစ်များကို ဝန်ချကာ ထိုမျှနှင့် ပြီးကြသည်။ ဘုရားသခင်က ၎င်းတို့ကို ဆက်လက် ခွင့်လွှတ်လိမ့်မည်ဖြစ်ပြီး သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်ကို ဆက်ပေးသနားလိမ့်မည်ဖြစ်ကာ ကျေးဇူးတော် ပေးလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤအရာက ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိကြောင်း ဝန်ခံရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်၊ ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံကာ သူ၏ ကယ်တင်ခြင်းကို ရရှိနိုင်သည့် အခြေအနေကို ရောက်ရှိရန် ၎င်းတို့အတွက် ခက်ခဲစေသည်။ ဤအခြေအနေတွင် ရှိနေသည့် လူတို့အတွက် ဂယက်ရိုက်မှုက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဘုရားသခင်က အမှုသစ်ကို လုပ်ဆောင်ရန် တစ်ဖန် ကြွလာသည့်အခါ သူ့ကို ၎င်းတို့ အတိုက်အခံလုပ်ကာ ငြင်းပယ်ကြလိမ့်မည်လော။ (ငြင်းပယ်ကြလိမ့်မည်။) သို့ဆိုလျှင် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို ၎င်းတို့ ကြိုဆိုနိုင်ကြလိမ့်မည်လော။ ဘာသာရေးလောကသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို အဘယ်ကြောင့် လက်မခံနိုင်သနည်း။ ဘုရားသခင်အပေါ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် သိနားလည်မှုတစ်ခုကြောင့်သာ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အဆိုးရွားဆုံး ဂယက်ရိုက်မှုတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို မသိလျှင် သူ့ကို ကျိုးနွံနာခံရန် ၎င်းတို့အတွက် အလွန် ခက်ခဲလိမ့်မည်။ ဤအချက်က မည်သည့်အရာကို ပြသနည်း။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်ခြင်း၊ ဘုရားသခင်နှင့် သဟဇာတမဖြစ်ခြင်းသည် ၎င်းတို့၏ ပင်ကို အလေ့အထရှိခြင်း ဖြစ်ကြောင်းကို ပြသည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အချိန်တိုင်း ဆန့်ကျင်နိုင်စွမ်းရှိကြပြီး သမ္မာတရားကို အချိန်တိုင်း ဆန့်ကျင်နိုင်စွမ်း ရှိကြသည်။ လူတို့၏ သဘာဝနှင့် ပင်ကို အလေ့အထရှိခြင်းတို့သည် သမ္မာတရားကို မနှစ်သက်ရန် ဖြစ်သည်။ ၎င်းတို့၏ ပင်ကို အလေ့အထရှိခြင်းက ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်ရန် ဖြစ်သည်။ ထိုသို့သော လူတစ်ဦးက ဘုရားသခင်က ချစ်နိုင်သလော။ (မချစ်နိုင်ပါ။) ၎င်းတို့ကို ဘုရားသခင် ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ၎င်းတို့ ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ ထိုသို့သော လူတစ်ဦးကို ချစ်ရန် ဘုရားသခင်က အားမထုတ်၍ကို နိုင်ပေ။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။

ဘုရားသခင်က တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ရန်လည်းကောင်း၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရကို ဖော်ထုတ်ရန် အစပြုသည့် အချိန်ကာလမှသည် မျက်မှောက်အချိန်ထိတိုင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြနေပြီး ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန် နှုတ်ကပတ်တော်များစွာကို သူ ပြောဆိုပြီးဖြစ်ကာ ပြင်းထန်သည့် တရားစီရင်ခြင်း နှုတ်ကပတ်တော် များစွာကိုလည်း မိန့်မြွက်ပြီး ဖြစ်သည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စစ်မှန်သော သဘောထားကို သင်တို့ သိမြင်နိုင်ကြသလော။ အဆုံးတွင် လူသားမျိုးနွယ်ကို ဘုရားသခင်က ချစ်သလော၊ သို့မဟုတ် မုန်းသလော။ “ဘုရားသခင်က အာဒံနှင့် ဧဝတို့ကို သားရေဖြင့် လုပ်ထားသည့် အဝတ်အစားများကို ပေးသည့်အချက်မှနေ၍ ဘုရားသခင်က လူတို့ကို ချစ်ကြောင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏ သဘောထားမှာ ချစ်ခြင်းမေတ္တာနှင့် ဆိုင်သည့် သဘောထားဖြစ်ကြောင်းကို ကျွန်ုပ် တွေ့ရှိပြီးဖြစ်သည်။ အမုန်းတရား မရှိပါ”ဟု ပြောသည့် သူအချို့ ရှိသည်။ အမှုအရာများကို ဤသို့ နားလည်သဘောပေါက်ခြင်းက မှန်ကန်သလော။ (မမှန်ပါ။) ထိုအရာနှင့် ပတ်သက်၍ မည်သည့်အရာ မှားယွင်းသနည်း။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အမျိုးမျိုးသော တာဝန်များ၊ အလုပ်များနှင့် ဝတ္တရားများကို ဘုရားသခင်က လူကို ချစ်သောကြောင့်လည်းကောင်း၊ လူက ချစ်ဖွယ်ဖြစ်သောကြောင့်၊ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သောကြောင့်လည်းကောင်း ဘုရားသခင်က လုပ်ဆောင်သည့်အလား ထိုအရာက မှတ်ယူလေသည်။ ဤသည်မှာ အမှုအရာများအပေါ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် သဘောပေါက်နားလည်နည်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် လုပ်ဆောင်သမျှသည် တာဝန်နှင့် ဝတ္တရားမှ လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏ အနှစ်သာရကြောင့်လည်း ဖြစ်သည်။ ဦးစွာ ပထမ သူ၏ အစီအစဉ်ကြောင့်ဖြစ်သည်။ ထို့နောက်တွင် သူ၏ ဝတ္တရားကြောင့် ဖြစ်သည်။ ဤဝတ္တရားကို ဘုရားသခင် ဖြည့်ဆည်းစဉ်တွင် သူ၏ အနှစ်သာရကို ထုတ်ဖော်ပြသကဲ့သို့ စိတ်သဘောထားကို သူ ထုတ်ဖော်ပြသည်မှာ အမှန်ဖြစ်၏။ သို့ဆိုလျှင် သူ၏ စိတ်သဘောထား အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ဘုန်းအာနုဘော်နှင့် ပုန်ကန်ပြစ်မှားမရနိုင်ခြင်း ဖြစ်သည်။ ထိုသို့သော စိတ်သဘောထားနှင့် အနှစ်သာရဖြင့် စာတန်၏ အလွန် ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်နှင့် ထိပ်တိုက်တွေ့ရလျက် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အမှန်ကန်ဆုံး သဘောထားနှင့် အတွေးများမှာ မည်သည့်အရာများ ဖြစ်သင့်သနည်း။ ယင်းတို့မှာ သူက လူသားမျိုးနွယ်ကို အလွန် ချစ်မြတ်နိုးလှသည်မှာ ၎င်းတို့နှင့် မခွဲနိုင်ခြင်းဟူ၍ ဖြစ်သင့်သလော။ (တာဝန်တစ်ခု ပိုဖြစ်သင့်ပါသည်။) သူ၏ တာဝန်သည် သူ၏ အမှုတော် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို အစွန်းရောက်သည်အထိ ချစ်မြတ်နိုးလျက် အလွန်ပင် မေတ္တာထားသည်မှာ သူတို့နှင့် မခွဲနိုင်မခွာရက်ဖြစ်သည်အထိ ဟူ၍ မဟုတ်ပေ။ သူသည် ၎င်းတို့အတွက် ချစ်ခြင်းမေတ္တာဖြင့် မွှန်ထူနေခြင်းမရှိသကဲ့သို့ သူ၏ မျက်ဆန်ကဲ့သို့ ၎င်းတို့ကို တန်ဖိုးထားခြင်းလည်း မရှိပေ။ ထိုသို့သော လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စစ်မှန်သော သဘောထားမှာ ရိုးတွင်းခြင်ဆီထိ စက်ဆုပ်သည့် သဘောထားတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ဤဓမ္မတေးသီချင်းက ရိုးတွင်းခြင်ဆီထိ စက်ဆုပ်ဖွယ်ဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာက လူတို့၏ ဖြစ်ချင်သော အတွေးကို ဖော်ပြသောကြောင့် ဖြစ်သည်။ ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာရှိသည်။ ထို့ကြောင့် လူသည် ချစ်ခင်နှစ်လိုဖွယ်ဖြစ်ပြီး ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သောကြောင့် ဤအရာအားလုံးကို သူ လုပ်ဆောင်ခြင်းဖြစ်သည်ဟု လူတို့က တွေးထင်ကြသည်။ သင်သည် မှားယွင်းပြီး အလွန် စိတ်အလိုလိုက်စွာ တွယ်တာသည်။ ဘုရားသခင်က ဤအရာအားလုံးကို သူ၏အစီအစဉ်နှင့် တာဝန်ကြောင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ပြီးလျှင် ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ဘုရားသခင် ထုတ်ဖော်ပြသည့် စိတ်သဘောထား အနှစ်သာရမှာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်း ဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို ထုတ်ဖော်ပြသည်ဖြစ်စေ၊ ဘုရားသခင်၏ အနှစ်သာရ၌ ချစ်ခြင်းမေတ္တာရှိပြီး လူသားမျိုးနွယ်ကို ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ ရှိရုံကြောင့် ဖြစ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဘုရားသခင်သည် လူတို့ကို သူ၏ ခံစားချက်အရဖြစ်သော အလိုတော်ဖြင့် မချစ်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို သူ မချစ်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို သူ မုန်းသည်။ ဘုရားသခင်က နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်းအမှုကို အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ကို ဖော်ထုတ်ရာတွင် ဘုရားသခင်သည် အဘယ်ကြောင့် ဤသဘောထားရှိသနည်း။ ဤသည်ကို ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားဖြင့် ဆုံးဖြတ်ထားခြင်းဖြစ်သည့်အပြင် လက်တွေ့ကျသည့် ပြဿနာတစ်ခုကို ဤအရာက ဖော်ပြနိုင်ဆဲဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်ကြပြီး စာတန်၏ နောက်လိုက်များနှင့် ကိုးကွယ်သူများသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ ကိုးကွယ်ခြင်းမရှိကြပေ။ ၎င်းတို့သည် သူ၏ ရန်သူများ ဖြစ်ကြ၏။ ဘုရားသခင်က သူ၏ ရန်သူများကို ချစ်နိုင်သလော။ (မချစ်နိုင်ပါ။) ဘုရားသခင်က ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြပြီး ဘုရားသခင်တွင် ချစ်ခြင်းအနှစ်သာရ ရှိသော်လည်း သူသည် ချစ်လို့ ဤအရာအားလုံးကို လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဤအရာအားလုံးကို ဘုရားသခင်က ချစ်လို့ လုပ်ဆောင်သည်ဟု သင် ထင်လျှင် ယင်းမှာ လုံးဝ မှားယွင်းပြီး အရှက်မဲ့သည့် အတွေးတစ်ခုဖြစ်ကြောင်း အမှန်တရားကို သင့်ကို ငါ ပြောနေခြင်းဖြစ်သည်။ ယင်းမှာ သင် တွေးထင်သည့်အရာဖြစ်လျှင် သင်သည် ဘုရားသခင်ကို အသရေဖျက်နေခြင်း ဖြစ်သည်။ မိမိကိုယ်ကို အလွန်ကျေနပ်အားရမနေနှင့်၊ လွန်လွန်ကဲကဲ စိတ်ကူးမယဉ်နှင့်။ လူအချို့က “ဘုရားသခင်သည် ချစ်လို့ ဤအရာအားလုံးကို မလုပ်ဆောင်ခဲ့ပါ။ ထို့ကြောင့် ထိုသဘောအရ ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ မရှိလေသလော”ဟု ပြောကြသည်။ ယင်းမှာ မှန်သလော။ (မမှန်ပါ။) မည်သည့်နေရာတွင် မှားသနည်း။ (ဘုရားသခင်သည် သူ၏ စိတ်သဘောထားတွင် မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာရှိသည်။) ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာရှိသော်လည်း သူသည် လက်လွတ်စပယ် မချစ်ပေ။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ စာတန်၏ အလွန်ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသားမျိုးနွယ်ကို ချစ်ရန် သူ့အတွက် မဖြစ်နိုင်ပေ။ အမှန်တွင် ဘုရားသခင်က ဤလူသားမျိုးနွယ်ကို စက်ဆုပ်ပြီး မုန်းတီးသည်။ လူအချို့က “ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို စက်ဆုပ်ပြီး မုန်းသည့်အတွက် ၎င်းတို့အပေါ် ဤအမှုအားလုံးကို သူ လုပ်ဆောင်သေးသနည်း”ဟု မေးကြသည်။ ဘုရားသခင်တွင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခု ရှိပြီး သူသည် ဤတာဝန်ကို ယူကာ ဖြည့်ဆည်းရန် လိုလားနေသည်။ ထို့ကြောင့် ဤအမှုကို သူ လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး လူက ဝင်ရောက်မစွက်ဖက်နိုင်ပေ။ ဘုရားသခင်တွင် ဤတန်ခိုးအာဏာရှိပြီး ဤစီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးစီးစေရန် ဩဇာအာဏာလည်း ရှိသည်။ ထိုစီမံခန့်ခွဲမှု အစီအစဉ်၏ နောက်ဆုံး အကျိုးခံစားသူမှာ လူသားမျိုးနွယ်ဖြစ်သည်၊ သင်တို့အားလုံး ဖြစ်သည်။ လူက ထိုသို့သော အကျိုးကျေးဇူးများကို ခံစားပြီး ထိုသို့သော ကြီးမားသည့် ကောင်းချီးများကို ရရှိသင့်သည်မှာ အတော်လေး အရေးပါသည့်အရာ ဖြစ်နှင့်နေပေသည်။ ဘုရားသခင်အပေါ် မတောင်းဆိုနှင့်။ “ကိုယ်တော့်ထံတွင် ချစ်ခြင်းမေတ္တာ ရှိသည့်အတွက်ကျွန်ုပ်တို့ကို ကိုယ်တော် ချစ်ရမည်”ဟူ၍ ဖြစ်သည်။ မည်သည့် အကြောင်းရင်းအတွက် သင့်ကို ချစ်ရမည်နည်း။ ဘုရားသခင်က သင့်ကို ရွေးချယ်ပြီးသောကြောင့်လော။ ထိုအရာ မဖြစ်နိုင်ပေ၊ ဖြစ်နိုင်သလော။ သင်၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကြောင့်လော။ သင်နှင့်ပတ်သက်၍ မည်သည့်အရာက အလွန်ချစ်ခင်နှစ်လိုဖွယ်ဖြစ်သနည်း။ ဘုရားသခင်ကို သင် ပုန်ကန်သောကြောင့်လော။ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် သင် ပြည့်နှက်နေသောကြောင့်လော။ ဘုရားသခင်ကို သင် ဆန့်ကျင်သောကြောင့်လော။ အချိန်တိုင်း ဘုရားသခင်ကို သင် အတိုက်အခံလုပ်သောကြောင့်လော။ ဤအရာအားလုံးဖြင့် ဘုရားသခင်က သင့်ကို ချစ်နိုင်သေးသလော။ သူ့ကို အတိုက်အခံလုပ်သောသူတို့ကို ဘုရားသခင် ချစ်နိုင်သေးသလော။ နတ်ဆိုးများနှင့် စာတန်ကို သူ ချစ်နိုင်သေးသလော။ သူ့ကို အတိုက်အခံလုပ်သောသူများကို ဘုရားသခင် ချစ်နိုင်သေးကြောင်းနှင့် နတ်ဆိုးများနှင့် စာတန်ကို သူ ချစ်နိုင်သေးကြောင်း သင် ပြောလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်တို့၏ အမြင်တွင် ဘုရားသခင်သည် နတ်ဆိုးများနှင့် စာတန်ကို ချစ်နိုင်သလော။ သူ၏ ရန်သူများကို ဘုရားသခင် ချစ်နိုင်သလော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် လုပ်ဆောင်သည့်အရာကို ဘုရားသခင်က အရမ်းကာရော ပြုမူသည့် နည်းလမ်းဖြင့် ချစ်နိုင်သလော။ လုံးဝ မချစ်နိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက စည်းမျဉ်းနှင့်ညီသည်။ ထို့ကြောင့် လူ၏ စိတ်ကူးစိတ်သန်းရှိ ဤချစ်ခြင်းမေတ္တာသည် မတည်ရှိပေ။ ထိုအရာသည် ဖြစ်ချင်သည့် အတွေးနှင့် လွန်ကဲသော စိတ်ကူးယဉ်ဆန်သည့် အတွေးသက်သက် ဖြစ်သည်။ ထိုအရာသည် လူ၏ အယူအဆများနှင့် သက်ဆိုင်ပြီး အမှန်တရားများနှင့် လုံးဝ မကိုက်ညီသောကြောင့် ဤနေရာတွင် ထိုအရာကို ငါ ရှင်းရမည်။ ဘုရားသခင်သည် အဘယ်ကြောင့် သင့်ကို မချစ်သနည်း။ (အဘယ်ကြောင့်ဆိုသော် လူ၏ စိတ်သဘောထားက လုံးလုံးလျားလျား ဖောက်ပြန်ပျက်စီးပြီး သူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်သောကြောင့် ဖြစ်သည်။) “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်”ဟူသည်မှာ ကြားရသည်မှာ အဖန်တစ်ရာတေနေပြီဖြစ်သည့် စကားရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကိုဖန်ဆင်းခဲ့ရုံဖြင့် သင့်ကို ချစ်ရမည်လော။ ထိုအရာမှာ မမှန်ကန်ပေ။ ဟုတ်ပါသလော။ ဘုရားသခင်သည် အရာခပ်သိမ်းနှင့် စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းခဲ့သည်။ သူသည် တစ်ခုမကျန် အားလုံးကို သေချာပေါက် ချစ်ရမည်လော။ ဘုရားသခင်က သင့်ကို ချစ်ရန် ရွေးချယ်နိုင်ပြီး သင့်ကို မချစ်ရန်လည်း ရွေးချယ်နိုင်သည်။ ယင်းမှာ ဘုရားသခင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ နောက်ထပ် အမှန်တရားမှာ ဘုရားသခင်ကို သင့်အား ချစ်စေလိုလျှင် သူ၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည့် တစ်စုံတစ်ရာကို သင် လုပ်ဆောင်ရမည်။ သူ၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည့်အရာ တစ်ခုတလေကို သင် လုပ်ဆောင်ပြီးပြီလော။ ဘုရားသခင်ကို နှစ်သက်စေသည့် အပြုအမူ၊ လူ့သဘာဝ သို့မဟုတ် စိတ်သဘောထားတစ်ခု သင် ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ဘုရားသခင်ကို ယုံကြည်သည့် ပထမပိုင်း နှစ်အနည်းငယ်တွင် မဟုတ်ဘဲ နောက်ပိုင်းနှစ်ကာလများတွင် လူအချို့က ဤအပြုအမူအချို့ကို ပြကောင်းပြသနိုင်သည်။ မိမိတာဝန်ကို ထမ်းဆောင်ကာ အလုပ်လုပ်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်ခြင်းများ လျော့နည်းသည်ထက် လျော့နည်းလာခြင်း၊ စည်းမျဉ်းများကို ရှာဖွေနိုင်ခြင်း၊ လိုက်နာပြီး ကျိုးနွံနာခံရန် သင်ယူခြင်းနှင့် ထင်ရာမြင်ရာ မပြုမူမဆောင်ရွက်ခြင်း၊ တစ်စုံတစ်ရာနှင့် ထိပ်တိုက်တွေ့သည့်အခါ စိတ်ကူးများနှင့် အယူအဆများပေါ် အမှီမပြုခြင်း၊ ဘုရားသခင်ထံ ဆုတောင်းကာ ရှာဖွေနိုင်ခြင်း၊ ညီအစ်ကို မောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သူတို့နှင့် မိတ်သဟာယပြုရန် ပို၍ မကြာခဏ ကြိုးစားခြင်းအပြင် သာ၍နှိမ့်ချပြီး စည်းကမ်းတင်းကျပ်သော စိတ်နေစိတ်ထားတစ်ခု ရှိခြင်း၊ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်က ၎င်းတို့ကို ပေးအပ်ထားသည့် အလုပ်နှင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သစ္စာစောင့်သိသည်ဟု ဆို၍မရသော်လည်း စစ်မှန်ရိုးသားမှု အနည်းငယ်နှင့် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှု အနည်းငယ် ရှိခြင်း၊ ပြီးလျှင် သမ္မာတရား လိုက်စားခြင်းကို အာရုံစိုက်နိုင်ခြင်းနှင့် မိမိတို့၏ စိတ်သဘောထားများရှိ အပြောင်းအလဲများကို အာရုံစိုက်နိုင်ခြင်း၊ မိမိတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှုကို သိအောင်လုပ်ရာတွင်လည်းကောင်း၊ မိမိတို့ကိုယ်တိုင်၏ မာနထောင်လွှားမှုနှင့် လှည့်ဖြားမှုတို့ကို သိအောင်လုပ်ရာတွင်လည်းကောင်း၊ ဘုရားသခင် ရှေ့မှောက်တွင် မကြာခဏ ဆုတောင်းရာတွင်လည်းကောင်း၊ ပတ်ဝန်းကျင်ကို စီစဉ်ညွှန်ကြားရန် သူ့ကို တောင်းလျှောက်ရာတွင်လည်းကောင်း၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုကို လက်ခံခြင်းနှင့် မိမိတို့အတွင်းတွင် အပြုသဘောဆောင်သောအရာများ သာ၍ ထားရှိရာတွင်လည်းကောင်း ကနဦးခြေလှမ်းလှမ်းနိုင်ခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ဤအပြုအမူများက တန်ဖိုးရှိသည်။ သို့သော် လူတို့ကို ဘုရားသခင် ချစ်မချစ်နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ မရအရ တောင်းဆိုသင့်ကြသလော။ (မတောင်းဆိုသင့်ပါ။) လူတို့၏ အပြုအမူများက ဤအပြုသဘောဆောင်သော လိုက်စားမှုများ၊ ဤတိုးတက်မှုများ၊ ဤအပြောင်းအလဲများကို ထုတ်ဖော်ပြလျှင် လူ၏ ရှုထောင့်အမြင်မှနေ၍ ယင်းတို့သည် အနည်းငယ် ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး ကျိုးနွံနာခံမှုအချို့ ဖော်ပြခြင်း ဖြစ်သည်။ သို့သော် ဤအပြုအမူများကို ရှိခြင်းသည် သင်တို့၌ တွေ့ရသည့် မျှော်လင့်ချက်သာ ဖြစ်သည်။ ဤမျှော်လင့်ချက်မှာ ဘုရားသခင်၏ အမှုတော်နှင့် ခေါင်းဆောင်မှုမှတစ်ဆင့် လူတို့က အပြုသဘောဆောင်သည့်၊ တက်ကြွပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်တစ်ခု ရှိကြလိမ့်မည်ဖြစ်ကာ တစ်ချိန်တည်းတွင် ဤအပြုအမူများနှင့် ထုတ်ဖော်ခြင်းများက စာတန်ရှေ့တွင် ဘုရားသခင်အတွက် သက်သေခံလိမ့်မည်ဟူ၍ ဖြစ်သည်။ ဤရှုထောင့်မှနေ၍ ဆိုလိုသည်မှာ ဤအရာကို လူသား ရှုထောင့်အမြင်မှ ငါ ကြည့်သည့်အခါ လူတို့တွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း အနည်းငယ် ရှိပေသည်။ သို့သော် ဘုရားသခင်၏ ဝိညာဉ်တော် ရှုထောင့်အမြင်မှ မြင်ရလျှင် ဘုရားသခင်သည် သင်တို့ကို နောက်ဆုံးတွင် ချစ်သလော၊ သို့မဟုတ် မချစ်သလော။ သင်တို့တွင် အတော်အတန် ချစ်ခင်နှစ်လိုဖွယ်ဖြစ်သော သွင်ပြင်လက္ခဏာများ ရှိကြသလော၊ သို့မဟုတ် မရှိကြသလော။ ငါ့ကို သင် မေးလျှင် သင်သည် အလွန်အလှမ်းဝေးနေဆဲ ငါ ပြောရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ အစွမ်းအစ၊ ပါရမီများနှင့် ၎င်းတို့ အသက်ရှင်နေထိုင်ကြသည့် အခြေအနေများပေါ် အခြေခံ၍ လူတို့သည် သာ၍ ကောင်းမွန်စွာ ပြုမူနိုင်သင့်ကြသည်။ အမှန်တွင် သင်တို့ ယခု တွေ့ကြုံ၊ ရရှိပြီး အသိအမှတ်ပြုပြီးသည့်အရာအပြင် သင်တို့ ရရှိပြီးဖြစ်သည့် ပြောင်းလဲမှုများကို သင်၏ အစွမ်းရှိသမျှဖြင့် လိုက်စားလျှင် ငါးနှစ်အတွင်း ရရှိနိုင်ပေသည်။ သို့သော် ဤရလဒ်များကို ရရှိရန် သင့်အနေဖြင့် ဆယ်နှစ်လုံးလုံး အချိန်ကုန်ရပြီး ဖြစ်သည်။ ယင်းမှာ အလွန် ကြာရှည်သည် မဟုတ်လော။ သင်တို့၏ စိတ်များက အနည်းငယ် ထုံထိုင်းကြသည်။ သင်တို့၏ တုံ့ပြန်ချက်များက နှေးကွေးသည်။ သင်တို့၏ လုပ်ရပ်များက နှေးကွေးလေးကန်သည်။ နေရာများစွာတွင် သင်တို့ တစ်ခုတလေ ရရှိသည်မှာ အထက်မှ ချက်ချင်း ပြုပြင်ခြင်း၊ ပဲ့ပြင်ဆုံးမခြင်းနှင့် ကြီးကြပ်ခြင်းတို့မှတစ်ဆင့်သာ ဖြစ်ပေသည်။ ဤအောင်မြင်မှုများကို ခက်ခက်ခဲခဲ ရရှိထားခြင်း ဖြစ်သည်။ လူတို့သည် အဖိုးအခတစ်ခုခုကို ပေးကြပြီးဖြစ်ကာ အကျိုးခံစားရပြီးဖြစ်သည့် ရလဒ်များမှနေ၍ ကြည့်ရှုသည့်အခါ နှစ်သိမ့်မှုအချို့ ပေးနိုင်သည့် လူတို့ အပြုအမူများနှင့် ဖော်ပြချက်များ၏ သွင်ပြင်လက္ခဏာအချို့ ရှိလေသည်။ သို့သော် ထိုအရာများသည် ဘုရားသခင် ပြောဆိုထားပြီးဖြစ်သည့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း စံနှုန်းမှ အလှမ်းဝေးနေဆဲ ဖြစ်သည်။ သင်တို့အားလုံးသည် ယခင်ထက် ယခု သာ၍ ချစ်ဖွယ်ကောင်းသည်ဟု ခံစားကြသလော။ (မခံစားကြပါ။) မခံစားရသေးပေ။ မိမိကိုယ်ကို အနည်းငယ် ဆန်းစစ်ခြင်းဖြင့် သင့်ကိုယ်သင်နှင့်ပတ်သက်၍ သင် မည်သည့်အရာ ထုတ်ဖော်ပြသည်ကို သင် ရှာဖွေတွေ့ရှိလိမ့်မည်။ “အို၊ ကျွန်ုပ်အတွင်းတွင် မသန့်စင်မှု အလွန်များသေးသည်။ တစ်စုံတစ်ရာကို ကျွန်ုပ်တို့ တွေးဆလိုက်သည်နှင့် ကျွန်ုပ်စိတ်ထဲတွင် ဉာဏ်များသော အကြံများ ပေါ်လာပြီး အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် ကျွန်ုပ် လုပ်သည်။ ဤသို့ ကျွန်ုပ် ဖြစ်သလိုလုပ်သည်နှင့်တစ်ပြိုင်နက် ပြဿနာများ တစ်ဖန် ဖြစ်ပေါ်ကာ ယင်းတို့ကို အချိန်ယူစဉ်းစားပြီးနောက်တွင် ထိုဉာဏ်များသော အကြံများ နောက်တစ်ကြိမ် ထွက်လာပြီး တာဝန်ကို နောက်တစ်ကြိမ် သူတစ်ပါးအား ထိုးပေးကာ လူ့အကြိုက်လိုက်သူတစ်ဦးအဖြစ်သို့ ပြန်ရောက်သွားသည်”ဟူ၍ ဖြစ်သည်။ သင် မြင်ရသည့်အတိုင်း တစ်နေ့တာတစ်လျှောက် သင့်ကိုယ်သင် သာမန်ကာလျှံကာ ဆန်းစစ်ခြင်းမျှဖြင့် ဖောက်ပြန်ပျက်စီးခြင်း အတော်များများအား သင် ထုတ်ဖော်ပြခဲ့သည်။ ထို့ကြောင့် သင်နှင့်ပတ်သက်၍ အဘယ်အရာက အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းသနည်း။ သင့်ကို ချစ်ရန် ဘုရားသခင်ကို သင် တောင်းဆိုဆဲဖြစ်သည့်တိုင် သင့်ကိုယ်သင် အထင်သေးသည်။ သင်သည် အလွန်အမင်း တန်ဖိုးမဲ့ကြောင်းနှင့် သင်နှင့်ပတ်သက်သည့် မည်သည့်အရာမျှသည် ချီးမွမ်းခြင်း သို့မဟုတ် အခြားလူတို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်ခြင်းမရှိဟု သင် ခံစားသည်။ လူတို့က သင့်ကိုချစ်ရန် မိမိတို့ကိုယ်တိုင်ပင် အားမထုတ်နိုင်လျှင် ဘုရားသခင်က သင့်ကိုချစ်ရန် အဘယ်သို့ မျှော်လင့်နိုင်မည်နည်း။ ယင်းမှာ ဖြစ်နိုင်မည်လော။ (ဖြစ်နိုင်မည် မဟုတ်ပါ။) ယခု သင်တို့သည် ဤအချက်များကို လုံလောက်စွာ ရှင်းလင်းပြီးဖြစ်သဖြင့် ဤဓမ္မတေးသီချင်းများကို ဖျက်သင့်သည် မဟုတ်လော။ ဖျက်သင့်ပေသည်။ ယင်းသည် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှ စကားများဖြင့်လည်းကောင်း၊ ဘာသာတရားမှ စကားများဖြင့်လည်းကောင်း ပြည့်နေသည်။ သို့ဆိုလျှင် ဤဓမ္မတေးသီချင်းကို သင်တို့ သီဆိုခြင်းသည် အခြားသူတို့အား ကောင်းကျိုးတစ်ခုခု ပြုသလော။ ထိုဓမ္မတေးသီချင်းအား သီဆိုရသည်ကိုလည်းကောင်း၊ နားထောင်ရသည်ကိုလည်းကောင်း သင် နှစ်သက်သလော။ ဤဓမ္မတေးသီချင်းကို သီဆိုခြင်းသည် သမ္မာတရားကို နားမလည်နိုင်စေရုံမက လူတို့ကို ဆုံးဖြတ်ချက်လွဲမှားစေသည်။ ၎င်းတို့၏ အယူအဆများကို မလျော့ပါးသွားစေရုံမျှမက ထိုအယူအဆများကို နက်သည်ထက်နက်လာစေပြီး အားကောင်းလာစေသည်။ ဤအရာက လူတို့ကို ထိခိုက်နစ်နာစေသည် မဟုတ်လော။ ဤဓမ္မတေးသီချင်းကို သီဆိုသည့်အခါ သမ္မာတရားကို နားလည်ရန် သင့်အတွက် သာ၍ ခက်ခဲခြင်းပင် မဟုတ်။ ဘုရားသခင်အပေါ် သင်၏ အယူအဆများနှင့် စိတ်ကူးများအတွင်း အသက်ရှင်ရန် သင့်အတွက် သာ၍ပင် လွယ်ကူလာသည်။ ထိုသို့သော ဓမ္မတေးသီချင်းတစ်ပုဒ်သည် မည်သူကိုမျှ ကောင်းကျိုးမပြုပေ။ ထို့ကြောင့် ဤဓမ္မတေးသီချင်းကို သင်တို့အားလုံး သီဆိုသည်ကို ငါ ကြားသည့်အခါ ငါ၏ စိတ်နှလုံးက အမျက်ဒေါသဖြင့် ပြည့်သွားသည်။ သင်တို့သည် တရားဒေသနာများကို နှစ်များစွာ အချည်းနှီး နားထောင်ခဲ့ကြသည်။ အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များကို အချည်းနှီး ဖတ်ရှုခဲ့ကြသည်။ ယခုတွင်ပင် ဘုရားသခင်၏ စိတ်သဘောထားအပေါ် စစ်မှန်သည့် အသိ သင်တို့တွင် မရှိကြသေး။ သင်တို့ကို အမှန်တကယ် ငါ ပါးနှစ်ကြိမ် ရိုက်လိုက်ချင်သည်။ အဘယ်သူသည် ထိုသို့သော အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်သည့် သီချင်းစာသားများကို ရေးသနည်း။ ပြီးလျှင် သင်တို့က အရူးအမူးစွဲလမ်းမှုဖြင့် သီဆိုကြသေး၏။ သင်တို့တွင် ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝ မရှိကြလေပြီလော။ ငါ့ကို သင်တို့ ပြင်းပြင်းထန်ထန် စိတ်ပျက်စေကြသည်။ သင်တို့သည် ယခုထက်ထိတိုင် သမ္မာတရား စစ်မှန်မှု တစ်ခုမျှ မရရှိဘဲ ယုံကြည်ကြလေပြီ။ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ သို့မဟုတ် ရယ်ဖွယ်ကောင်းမှုများနှင့်ဆိုင်သည့် စကားများကို သင်တို့ ခွဲပင်မခွဲခြားနိုင်ဘဲ ထိုအရာများကို အရင်အတိုင်း သီဆိုကြသေးသည်။ သင်တို့၏ ယုံကြည်ခြင်းမှာ အမှန်တကယ် မရှင်းလင်းသည့် ယုံကြည်ခြင်းတစ်ခုပါတကား။ နောက်ထပ် မည်သည့်အရာကို ငါ ပြောနိုင်မည်နည်း။

“ချစ်လို့” ဟူသည့် ဓမ္မတေး၏ ဒုတိယအပိုဒ်ကို ကြည့်လော့။ “ချစ်လို့ နောက်ဆုံးသောကာလမှာ ဘုရားက လူ့ဇာတိနဲ့ ပြန်ကြွလာပြီး အဆင်းနီတဲ့ နဂါးကြီးရဲ့ နိုင်ငံကို လာခဲ့တယ်။” ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မည်မျှ ကြီးမားခြင်း ဖြစ်မည်နည်း။ လူတို့ကို ချစ်ကာ ကယ်တင်ရန်အလို့ငှာ အဆုံးစွန် အရှက်ရခြင်းကို သူရင်ဆိုင်ခဲ့ရသည့် အဆင်းနီသော နဂါးကြီး၏ နိုင်ငံသို့ လူ့ဇာတိခံကာ ကြွလာရန်အတွက် သင်သည် ဘုရားသခင်အား ချစ်ခြင်းမေတ္တာကြောင့် အရှက်ရခြင်းကို ခါးစီးခံစေခဲ့သည်ဟု တွေးထင်ခြင်းသည် မှန်ကန်သလော။ ဘုရားသခင်သည် ဤအရာအားလုံးကို ချစ်ခြင်းမေတ္တာကြောင့်သာ လုပ်ဆောင်သလော။ သင်သည် ကောင်းသည့်အရာကိုသာ တွေးနေခြင်း ဖြစ်သည်။ ဘုရားသခင်က သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကြောင့် ဤအရာကို လုပ်ဆောင်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် “သူပြောဆိုသည့်အရာသည် အတည်ပြောဆိုခြင်းဖြစ်ပြီး သူပြောဆိုသည့်အရာက ပြီးမြောက်လိမ့်မည်။ ပြီးလျှင် သူလုပ်ဆောင်သည့်အရာသည် ထာဝရတည်တံ့မည်”ဟူသည့် စကားအားဖြင့် အချုပ်ကို ဖော်ပြသည့် အနှစ်သာရတစ်ခု ရှိပေသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာနှင့်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။ အဘယ်သို့ဖြစ်ပြီး ထိုအရာသည် ချစ်ခြင်းမေတ္တာကြောင့် ဖြစ်နိုင်မည်နည်း။ ငါ့ကို ပြောလော့၊ ဤဖောက်ပြန်ပျက်စီးသော လူတို့သည် အဆင်းနီသော နဂါးကြီး၏ နိုင်ငံသို့ ကြွလာရာ၌ ကြီးမားသည့် အရှက်ရခြင်းကို ဘုရားသခင်အား ခံစားစေထိုက်သလော။ (မခံစားစေထိုက်ပါ။) ၎င်းတို့ မထိုက်တန်ပေ။ ၎င်းတို့သည် ပုရွက်ဆိတ်များနှင့် လောက်များထက် သာ၍ ဆိုးသည်။ ၎င်းတို့ မတန်ပေ။ ဘုရားသခင်က ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို သူ၏ ချစ်ခြင်းမေတ္တာ ဆက်လက်ပေးနေရင်း လူ့ဇာတိခံကာ အရှက်ရခြင်းနှင့် စာတန်၏ ညှဉ်းပန်းနှိပ်စက်မှုကို ဆက်လက်ခါးစီးခံရမည်ဟု သင် ဆိုလိုသလော။ ဤသည်မှာ သင် ဆိုလိုသောအရာဖြစ်သလော။ ဤအယူအဆက ရယ်ဖွယ်ရာ ဖြစ်သည်။ အမှန်တွင် ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိဖြင့် ပြန်ကြွလာကာ အဆင်းနီသော နဂါးကြီး၏ နိုင်ငံသို့ ကြွလာသည်ဖြစ်စေ၊ အခြား အမှုတစ်မျိုးမျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရာသည် သူ့အမှုတော်၏ အဆင့်တစ်ခု ဖြစ်သည်။ ထိုအဆင့်က ဤအခြေအနေသို့ ရောက်ပြီးဖြစ်သဖြင့် ဤဘုရားသခင်က ဤသို့ ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို အဘယ်ကြောင့်များ လုပ်ဆောင်သနည်း။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တွင် သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိသူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ဖြစ်သည်။ မည်သည့် ရှုထောင့်မဆိုမှကြည့်လျှင် မည်သည့် နိုင်ငံမှဖြစ်စေ၊ မည်သည့် လူမျိုးနွယ်စုမှဖြစ်စေ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တွင် အမှုတော်၏ ရည်မှန်းချက်၊ အဖြည့်ခံတစ်ခုသာ ဖြစ်သည်။ အဖြည့်ခံတစ်ဦးသည် ဘုရားသခင်က သူ၏ ချစ်ခြင်းမေတ္တာတစ်ခုလုံး ပေးသနားခြင်းနှင့် ထိုက်တန်သလော။ မထိုက်တန်ပေ။ ထိုသို့ ပြောသည်မှာ မှားယွင်းသည်။ ထိုအရာကို ထိုသို့ သရုပ်မဖော်သင့်ပေ။ ဘုရားသခင်တွင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခု ရှိသောကြောင့်လည်းကောင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို သူ ပြီးမြောက်လိမ့်မည် ဖြစ်သောကြောင့်လည်းကောင်း၊ လူသားတစ်ဦးအနေဖြင့် သင်သည် ကြီးမားသည့် ကောင်းချီးမင်္ဂလာဖြစ်သည့် ဤအမှန်တရားကို ခံယူရန် အရည်အချင်းပြည့်မီသည်။ သို့တိုင် သင်က “ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် သူ၏ ချစ်ခြင်းမေတ္တာကြောင့် ဤအရာအားလုံးကို လုပ်ဆောင်ခြင်းဖြစ်သည်”ဟု အရှက်မဲ့စွာ ပြောနေဆဲ ဖြစ်သည်။ ဤသည်မှာ အလွန်ဆိုးရွားသော အမှားတစ်ခု ဖြစ်သည်။ လွဲမှားပြီး အဓိပ္ပာယ်မဲ့သောအရာ စစ်စစ် ဖြစ်သည်။

နောက်တစ်ကြောင်းကို ကြည့်လော့။ “ချစ်လို့၊ ဘုရားသခင်က ငြင်းပယ်ခြင်းနဲ့ အသရေဖျက်ခြင်းတို့ကို ခါးစီးခံတော်မူပြီး ကြီးမားတဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အတိဒုက္ခတွေကို ခံစားရတယ်။” ယင်းသည် မှန်ကန်သလော။ “ဘုရားသခင်က ငြင်းပယ်ခြင်းနဲ့ အသရေဖျက်ခြင်းတို့ကို ခါးစီးခံတော်မူပြီး ကြီးမားတဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အတိဒုက္ခတွေကို ခံစားရတယ်။” မည်သည့်အရာကို သူ ခါးစီးခံရသည်ဖြစ်စေ၊ သူ၏ စိတ်နှလုံးထဲတွင်ရှိသည့် အတွေး၊ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်မှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ ဘုရားသခင်တွင် သာ၍ ကြီးမားသော ရည်မှန်းချက်တစ်ခု ရှိသော်လည်း၊ ဤအရာအားလုံးကို လူသားမျိုးနွယ်အတွက် ဆက်ကပ်ခြင်းတစ်ခုအဖြစ်၊ ချစ်ခြင်းမေတ္တာ ပူဇော်မှုတစ်ခုအဖြစ် သူ လုပ်ဆောင်ခြင်း မဟုတ်ပေ သို့မဟုတ် ဖောက်ပြန်ပျက်စီးသည့်၊ သူ့ကို ရန်လိုပြီး သူ့ကို ရန်သူတစ်ဦးအဖြစ် မှတ်ယူသည့် ဤလူသားမျိုးနွယ်အတွက် သူ၏ အလုံးစုံကို ပေးနေခြင်း မဟုတ်ပေ။ ဤအကြောင်းရင်းအတွက် မဟုတ်ပေ။ လူအချို့က “ဘုရားသခင်က ဤအမှုအားလုံးကို လူသားမျိုးနွယ်အတွက် ချစ်ခြင်းမေတ္တာဖြင့် မလုပ်ဆောင်သည့်အတွက်လည်းကောင်း၊ ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်းနှင့် အတိဒုက္ခတို့ကို သူ၏ ခါးစီးခံခြင်းသည် အမှန်တကယ်တွင် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဖြစ်သဖြင့်လည်းကောင်း ဘုရားသခင်သည် လူ၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်ပါ”ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့်နေရာတွင် မှားသနည်း။ သင်တို့ စဉ်းစားသည့်အရာကို ငါ့ကို ပြောလော့။ (ဘုရားသခင်သည် ဤအမှုအားလုံးကို သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် လုပ်ဆောင်ခြင်းဖြစ်သော်လည်း အမှန်တကယ်တွင် ဤဖြစ်စဉ်၌ လူတို့သည် အကျိုးကျေးဇူးကို ခံစားရသည်၊ သမ္မာတရားအချို့ကို နားလည်လာကြပြီး အပြောင်းအလဲ အချို့ကို စွမ်းဆောင်ရရှိကြသည်။) ထိုမျှသာလော။ ငါ့ကို ပြောလော့။ ဘုရားသခင်က သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကို ခံစားကာ ကြီးမားသည့် ဖိနှိပ်မှုနှင့် အတိဒုက္ခတို့ကို ခါးစီးခံသည်ဟူသည့် အချက်သည် အပြုသဘောဆောင်သည့်အရာတစ်ခုလော သို့မဟုတ် အပျက်သဘောဆောင်သည့်အရာတစ်ခုလော။ (အပြုသဘောဆောင်သည့်အရာတစ်ခု ဖြစ်ပါသည်။) ဘုရားသခင်က သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကို ခံစားကာ ကြီးမားသည့် ဖိနှိပ်ခြင်းနှင့် အတိဒုက္ခတို့ကို ခါးစီးခံသည်။ ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် အပြုသဘောဆောင်သည့် အရာတစ်ခုဖြစ်ရသည်ကို သင်တို့ သိကြသလော။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ပါဝင်သည့် အကြောင်းအရာမှာ အဘယ်နည်း။ (စာတန်ကို အနိုင်ယူကာ လူတို့ကို စာတန်၏ အကျဉ်းသားဖြစ်ခြင်းမှ လမ်းပြခေါ်ဆောင်ရန်ဖြစ်သည်။) စာတန်သည် အဘယ်သို့ ရှုံးနှိမ့်ရမည်နည်း။ တိကျသည့် အကြောင်းအရာမှာ အဘယ်နည်း။ တိကျသည့် အလုပ် စီမံကိန်းမှာ အဘယ်နည်း။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း ဖြစ်သည်။ ယင်းမှာ မရေရာသောအရာ မဟုတ်၊ ဟုတ်သလော။ စာတန်ကို အနိုင်ယူခြင်းသည် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ တိကျသော အကြောင်းအရာ၊ ဆိုလိုသည်မှာ ဘုရားသခင့် အမှုတော်၏ တိကျသော စီမံကိန်းမှာ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဖြစ်သည်။ လူသား ဝေါဟာရအားဖြင့်၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း ကိစ္စသည် တရားသော အကြောင်းတရားတစ်ခုလော၊ သို့မဟုတ် မတရားသော အကြောင်းတရားတစ်ခုလော။ (တရားသော အကြောင်းတရားတစ်ခု ဖြစ်သည်။) တရားသော အကြောင်းတရားတစ်ခု ဖြစ်၏။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန် ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းအပြင်၊ နာကျင်မှုနှင့် အရှက်ရခြင်း မျိုးစုံတို့ကို ခါးစီးခံခြင်းသည် ဘုရားသခင်အတွက် မှားယွင်းသလော။ (မမှားယွင်းပါ။) ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်လော။ ထိုအရာသည် တစ်ကိုယ်ကောင်းဆန်သလော။ (တစ်ကိုယ်ကောင်းမဆန်ပါ။) သို့ဆိုလျှင် ထိုအရာကို သင်တို့ သေသေချာချာ မရှင်းပြနိုင်ကြသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ထိုမျှ ရှင်းလင်းပြီး သိသာထင်ရှားသော ကိစ္စရပ်များကို သင်တို့က မရှင်းပြနိုင်ကြပေ။ ထိုအစား ယင်းတို့ကို ကြောင်းကျိုးမမြင်စွာ အနက်ပြန်ပြီး ယင်းတို့နှင့်ပတ်သက်၍ ထင်ရာမြင်ရာ ထင်မြင်ချက် ပေးကြသည်။ ဤသည်မှာ မိုက်မဲမှုနှင့် မသိနားမလည်မှု အထွတ်အထိပ်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော်သည် ကြီးကျယ်ခမ်းနားသော စီမခံကိန်းတစ်ခုဖြစ်ပြီး ဤတိကျသည့် စီမံကိန်း၏ အသေးစိတ်အချက်များတွင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း ပါဝင်သည်။ လူအချို့က “ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် အလိုဆန္ဒများကို ဖြည်ဆည်းရန်၊ သူ၏ အစီအစဉ်ကို ပြီးပြည့်စုံစေရန်အလို့ငှာ လူသားမျိုးနွယ်ကို ကယ်တင်သည်။ ဘုရားသခင်က ဤအရာအားလုံးကို သူ ကိုယ်တိုင်အတွက် လုပ်ဆောင်ပြီး လူသားမျိုးနွယ်အတွက် မဟုတ်ပါ။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်သည် မဟုတ်လော”ဟု ပြောကြသည်။ တစ်ကိုယ်ကောင်းဆန်သလော။ (တစ်ကိုယ်ကောင်းမဆန်ပါ။) အဘယ်ကြောင့် တစ်ကိုယ်ကောင်းမဆန်သနည်း။ ဘုရားသခင် ဆောင်ရွက်နေသည့် လုပ်ရပ်သည် အပြုသဘောဆောင်ပြီး အဓိပ္ပာယ်ရှိသည်။ ထိုအရာသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်မှု၊ ခရီးပန်းတိုင်၊ အဆုံးသတ်နှင့် နောင်ကာလရှိ ဖြစ်တည်မှုတို့အတွက် အလွန့်အလွန် အဖိုးတန်ကာ အဓိပ္ပာယ်ရှိသည်။ ဤအချက်အများအရ ဘုရားသခင်အတွက် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးပြည့်စုံစေရန် ဤအရာအားလုံးကို ခါးစီးခံပြီး ဤအရာအားလုံးကို ပေးရန်မှာ တစ်ကိုယ်ကောင်းဆန်သလော။ (တစ်ကိုယ်ကောင်းမဆန်ပါ။) ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်များက ကောင်းမြတ်ပြီး နှစ်သက်ဖွယ်ဖြစ်ကာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထို့ကြောင့် သူ၏ ရည်ရွယ်ချက်များ အထမြောက်ဖို့အတွက် ဘုရားသခင်ကို တစ်ကိုယ်ကောင်းဆန်သည်ဟု ပြော၍ မရပေ။ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် ဤလုပ်ရပ်မှ၊ သူ စီစဉ်ခဲ့သည့် ဤလုပ်ရပ်မှ ကြည့်လျှင်ပင် ဘုရားသခင်၏ အနှစ်သာရကို မြင်နိုင်ပြီး သူ၏ နှလုံးသားက လှပကာ ကောင်းမြတ်သည်ကို မြင်နိုင်သည်။ ဤလူသားမျိုးနွယ်က အကျင့်ပျက်လာပြီး ဖြစ်သော်လည်း စာတန်နောက်သို့ ၎င်းတို့ လိုက်ကြပြီးဖြစ်ကာ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြည့်ဝကြသော်လည်း ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်းတို့ဖြင့် ပြည့်ကြသော်လည်း၊ ပြစ်မှားစော်ကားခြင်းနှင့် ရန်လိုခြင်းတို့ဖြင့် ပြည့်ကြသော်လည်း ဘုရားသခင်က လူသားမျိုးနွယ်ကို စိတ်ရှည်စွာနှင့် လုံးဝ လက်လျှော့ခြင်းမရှိဘဲ ကယ်တင်နိုင်ဆဲဖြစ်သည်။ ဤအရာအားလုံးသည် မည့်သည့်အရာမှ အရင်းခံသနည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ သူ၏ အလိုဆန္ဒမှ အရင်းခံပေသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်သလော။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ အကြီးမားဆုံးနှင့် အဆုံးစွန် အကျိုးခံစားရသူ ဖြစ်သည်။ သင်တို့အားလုံးသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားပြီးဖြစ်သည့် ကတိတော်များ၊ ကောင်းချီးများနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တို့ကို အဓိက သယ်ဆောင်သူနှင့် အမွေဆက်ခံသူများ ဖြစ်သည်။ ထို့ကြောင့် ငါ့ကို ပြောလော့၊ ဘုရားသခင်သည် တစ်ကိုယ်ကောင်းဆန်သလော။ (တစ်ကိုယ်ကောင်းမဆန်ပါ။) ဘုရားသခင်သည် တစ်ကိုယ်ကောင်းမဆန်ပေ။ သို့သော် ဘုရားသခင်သည် ဤအရာအားလုံးကို ချစ်လို့သာ လုပ်ဆောင်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤနေရာတွင် လူတို့ နားလည်သင့်သည့် အရေးပါမှု၊ တန်ဖိုးနှင့် သမ္မာတရားများမှာ နက်နဲလွန်းလှ၏။ ထိုအရာသည် အဘယ်သို့ဖြစ်ပြီး နည်းငယ်မျှသော ချစ်ခြင်းအတွက်သာ ဖြစ်နိုင်မည်နည်း။ ချစ်ခြင်းမေတ္တာသည် စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခု၊ စိတ်ခံစားမှုများနှင့် ခံယူချက်များတွင် ပေါ်လွင်သည့် အပိုင်းအစတစ်ခုသာ ဖြစ်သည်။ အလုံးစုံ မဟုတ်ပေ။ သို့သော် ဘုရားသခင်က သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဆောင်ရွက်သည့် အမှုတွင်လည်းကောင်း၊ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်စဉ်တွင်လည်းကောင်း၊ အမှန်တကယ် ထုတ်ဖော်ပြထားသည်မှာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံး ဖြစ်သည်။ ပြီးလျှင် သူ၏ စိတ်သဘောထားသည် ချစ်ခြင်းမေတ္တာမျှသာ မဟုတ်၊ ဆိုလိုသည်မှာ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာမျှသာ မဟုတ်ပေ။ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ခြင်းအမင်္ဂလာများအပြင် အခြားသွင်ပြင်လက္ခဏာများလည်း အမြောက်အမြား ပါဝင်သည်။ ခိုင်မာစွာ ပြောရလျှင် ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရတို့ တဖြည်းဖြည်း ပေါ်လွင်ပြီး လူတို့ထံ မြင်သာစေသည်မှာ သူ၏ အဆင့်သုံးဆင့် အမှုတော်အတွင်းတွင် ဖြစ်သည်မှာ အမှန်ဖြစ်၏။ သို့သော် လူတို့သည် ယင်းတို့ကို အသိအမှတ်မပြုနိုင်ကြဘဲ “ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သောကြောင့် ဤအရာအားလုံးကို လုပ်ဆောင်လေပြီ”ဟုပင် ပြောဆိုကြသည်။ လူတို့ စွဲကိုင်သည့် “ချစ်ခြင်းမေတ္တာ” နှင့်ပတ်သက်သော အယူအဆသည် အဘယ်ကြောင့် အလွန် အချိုးမကျဖြစ်သနည်း၊ အလွန် စက်ဆုပ်ဖွယ် ဖြစ်သနည်း။ ဘုရားသခင်၏ ထိုသို့သော အဓိပ္ပာယ်ရှိသည့် အမှု၊ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် အဆုံးသတ်တို့အပေါ် ထိုမျှ ကြီးမားသည့် သက်ရောက်မှုရှိသော အမှုကို သေးငယ်သည့် ခံစားချက်တစ်ခုဖြစ်သည့် ချစ်ခြင်းမေတ္တာမျှအဖြစ် သတ်မှတ်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အသရေဖျက်ခြင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ လေးနက်ပြီး စဉ်းစဉ်းစားစားလုပ်သော အားထုတ်မှုများကို အသရေဖျက်ခြင်းတစ်ခု မဟုတ်လော။

နောက်တစ်ကြောင်းက “ချစ်လို့၊ ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်နဲ့အတူ နှိမ့်ချစွာနဲ့ ကွယ်ဝှက်စွာ အသက်ရှင်တယ်”ဟူ၍ ဖော်ပြသည်။ ဤနေရာတွင် သီချင်းရေးသူက ဤအရာကိုလည်း ချစ်လို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဘုရားသခင်သည် သူ၏ အမှုတော်အတွက် လိုအပ်သောကြောင့် ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ အဘယ်သို့ဖြစ်ပြီး ချစ်လို့ ဖြစ်နိုင်မည်နည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် ချစ်ခြင်းဖြင့် ၎င်းတို့နှင့်အတူ အသက်ရှင်သည်ဆိုသည်နှင့် ၎င်းတို့အတွက် ချစ်ခြင်းမေတ္တာဖြင့် သူ နှိမ့်ချကာ ကွယ်ဝှက်သည်ဆိုသည်တို့မှာ အဓိပ္ပာယ်ရှိသလော။ ဘုရားသခင်ကို အလွန် စိတ်မရှည်ဖြစ်စေပြီး ၎င်းတို့နှင့်အတူ အသက်ရှင်ဖို့ လိုလားစေရန်နှင့် လူ့ဇာတိပင် ခံလာစေကာ နှိမ့်ချပြီး ကွယ်ဝှက်စေရန်မှာ လူသားမျိုးနွယ်သည် အဘယ်မျှလောက်သာ ဆွဲဆောင်မှုရှိပြီး ချစ်ခင်ဖွယ် ဖြစ်ရမည်နည်း။ ဤသည်တို့မှာ အမှန်တရားများလော။ (မဟုတ်ပါ။) အမှန်တရားများမှာ အဘယ်နည်း။ (ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကြောင့် သမ္မာတရားကို ဖော်ပြကာ လူတို့ကို ကယ်တင်ရန် လူ့ဇာတိခံ၊ နှိမ့်ချပြီး ကွယ်ဝှက်ကာ ကမ္ဘာမြေသို့ ကြွလာသည်။) သဘောတရားအားဖြင့် ထိုအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကြောင့် ဖြစ်သည်။ လူတို့၏ အမြင်တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် ပတ်သက်၍ ဘုရားသခင်၏ နှိမ့်ချပြီး ကွယ်ဝှက်သော ဘဝသည် ဘုရားသခင်ကို အလွန် ပျော်ရွှင်စေသည်၊ သူသည် နေ့စဉ် ဝမ်းမြောက်ခြင်းခံစားလျက်၊ အတော်လေး သက်သောင့်သက်သာရှိစွာ အသက်ရှင်နေထိုင်ပြီး လူ၏လှုပ်ရှားမှုတစ်ခုစီတိုင်းကို စောင့်ကြည့်ရင်းနှင့် ၎င်း၏ အပြုအမူများနှင့် ထုတ်ဖော်ခြင်းများကို စောင့်ကြည့်ရင်း အတော်လေး ရောင့်ရဲကျေနပ်သည်ဟု ထင်ရသည်။ ဤသည်မှာ ဖြစ်သည့်ပုံစံလော။ (မဟုတ်ပါ။) အမှန်တွင် အဘယ်သို့ ဖြစ်သနည်း။ (ဘုရားသခင်သည် သူ၏ အမှုတော်က တောင်းဆိုသောကြောင့် ဤအရာကို လုပ်ဆောင်ပါသည်။) သူ၏ အမှုတော်က တောင်းဆိုသောကြောင့်ဟူသည်မှာ သဘောတရား ဖြစ်သည်။ အမှန်တွင် လူသားမျိုးနွယ်နှင့်အတူ အသက်ရှင်ခြင်းက ဘုရားသခင်ကို ဝမ်းမြောက်ခြင်း ဆောင်ကြဉ်းပေးသလော။ ပျော်ရွှင်ခြင်း ဆောင်ကြဉ်းပေးသလော။ ကြည်နူးမှု ဆောင်ကြဉ်းပေးသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဘုရားသခင်က အဘယ်သို့ ခံစားသင့်သနည်း။ ဥပမာအနေဖြင့် သင်တို့အားလုံးက ဘုရားသခင်ကို ယုံကြည်ကြပြီး သင့်တို့ကိုယ်သင်တို့ အတော်လေး တည်ကြည်သည်ဟု ခံစားရသည်။ သို့သော် လူရည်လည်သော လူငယ်များ၊ လူရမ်းကားများ၊ လူဆိုးလူတေများနှင့် မြေအောက်လူမိုက်များနှင့်အတူ နေ့စဉ် ၎င်းတို့ပြောသည့် စကားများကို ပြောလျက်၊ တစ်ပုံစံတည်းသော အစားအစာ စားသောက်ကာ တစ်ပုံစံတည်းသော အရာများကို လုပ်ဆောင်လျက် အသက်ရှင်နေထိုင်ရမည်ဆိုလျှင် သင်တို့ အဘယ်သို့ ခံစားမည်နည်း။ (မနှစ်မြို့ဘဲ စက်ဆုပ်မိမည်။) မုဒိမ်းကောင်များ၊ လူသတ်သမားများနှင့်အတူ နေထိုင်ရမည်ဆိုလျှင် မည်သည့် စိတ်အခြေအနေတွင် သင်တို့ ရှိကြမည်နည်း။ (အော်ဂလီဆန်ပါမည်။) ထို့ကြောင့် အော်ဂလီဆန်သည့်အရာကို သင်တို့ သိကြသည်။ သို့ဆိုလျှင် ငါ့ကို ပြောလော့၊ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် အသက်ရှင်ခြင်းကို ပျော်ရွှင်နိုင်သလော။ သူ ဝမ်းမြောက်နိုင်သလော။ (ဝမ်းမမြောက်နိုင်ပါ။) ပျော်ရွှင်ခြင်းလည်းမရှိ၊ ဝမ်းမြောက်ခြင်းလည်း မရှိပေ။ သို့ဆိုလျှင် ချစ်ခြင်းမေတ္တာသည် မည်သည့်နေရာမှ လာမည်နည်း။ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း သို့မဟုတ် ကြည်နူးခြင်း လုံးဝ မရှိလျှင် သူ့အတွက် သူ့ကိုယ်သူ ချစ်သည့်အတိုင်း လူတို့ကို ချစ်ရန်၊ ၎င်းတို့ကို မခွဲရက်အောင် အလွန်ချစ်ရန်မှာ ဆန်ကျင်ကွဲလွဲမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းတွင် ဟန်ဆောင်မှု အရိပ်လက္ခဏာတစ်ခု မရှိသလော။ အမှန်တရားက အတိအကျ မည်သည့်အရာသာ ဖြစ်သနည်း။ ပျော်ရွှင်မှုမရှိခြင်း၊ ကြည်နူးမှုမရှိခြင်းနှင့် ဝမ်းမြောက်မှုမရှိခြင်းတို့အပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် အသက်ရှင်ရင်း ဘုရားသခင်က အမှန်တကယ် မည်သည့်အရာ ခံစားသင့်သနည်း။ (နာကျင်မှုဖြစ်သည်။) နာကျင်မှု၊ ဤသည်မှာ အလွန်သေချာသော ခံစားချက်တစ်ခု ဖြစ်သည်။ အခြားတစ်ခုခု ရှိသေးသလော။ (မနှစ်မြို့ခြင်းဖြစ်သည်။) မနှစ်မြို့ခြင်း၊ ယင်းသည် နောက်ထပ် ခံစားချက်ဖြစ်သည်။ အခြားတစ်ခုခု ရှိသေးသလော။ (လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် မုန်းတီးခြင်း။) မုန်းတီးခြင်း၊ စက်ဆုပ်ခြင်းနှင့် အလွန်မုန်းတီးစက်ဆုပ်ခြင်းဖြစ်သည်။ အစစ်မှန်ဆုံးသော ခံစားချက်လည်းရှိသည်။ ယင်းမှာ အထူးသဖြင့် အတူရှိနေခြင်း၊ စကားစမြည်ပြောဆိုခြင်း၊ အတူတကွ အလုပ်လုပ်ခြင်းနှင့် ပေါင်းဖော်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် အသက်ရှင်ခြင်းသည် အလွန့်အလွန် အရှက်ရခြင်းတစ်ခုကဲ့သို့ ခံစားရသည်။ ထိုသို့သော အရေးကိစ္စများ၏ အခြေအနေတစ်ခုတွင်၊ ထိုသို့သော ဆက်တိုက် အခြေအနေတစ်ခုတွင် သာမန်လူတစ်ဦးက ချစ်ခြင်းမေတ္တာ ရှိနိုင်ဦးမည်ဟု သင် ထင်သလော။ (မထင်ပါ။) ၎င်းတို့ မချစ်နိုင်ပေ။ ချစ်ခြင်းမေတ္တာ ကင်းမဲ့မှုဖြင့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြမည်နည်း။ (စွန့်ခွာမည်။) စွန့်ခွာခြင်းသည် အလိုဆန္ဒတစ်ခုဖြစ်သည်၊ စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ သို့သော် အမှန်တရားများကို ရင်ဆိုင်ရမည်ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤလူများကို ပြောင်းလဲရန် အားထုတ်မှုများ ပြုလုပ်သင့်သည် မဟုတ်လော။ (ပြုလုပ်သင့်ပါသည်။) ဤကဲ့သို့သော လူသားမျိုးနွယ်အတွက် ထောက်ပံ့ပေးခြင်း၊ သွန်သင်လေ့ကျင့်ပေးခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ တစ်ခါတစ်ရံ ဆုံးမပဲ့ပြင်ခြင်း စသည်တို့ကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်။ ဤသည်မှာ လိုအပ်ပြီး ဘေးချိတ်ထား၍ မရပေ။ သို့သော် ထိုသို့သော လုပ်ရပ်များသည် ချက်ချင်း ရလဒ်များ ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (၎င်းတို့ကို ရှည်ကြာသည့် အချိန်ကာလတစ်ခုကြာ ပြုပြင်ရမည်၊ တရားစီရင်ကာ ပြစ်တင်ဆုံးမရမည်။) ရှည်ကြာသည့် အချိန်ကာလတစ်ခုကြာ လူတို့ကို ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းသည် လွယ်ကူသလော။ ဤအရာကို လုပ်ဆောင်ရန် ဘုရားသခင်က မည်သည့်အရာကို သည်းညည်းခံရမည်နည်း။ (အရှက်ရခြင်းနှင့် နာကျင်မှုဖြစ်သည်။) ဘုရားသခင်သည် မယုံကြည်နိုင်လောက်သော စိတ်ရှည်မှုဖြင့် အလုပ်လုပ်သည်။ ဤစိတ်ရှည်ခြင်းက မည်သည့်အရာကို ဆောင်ကြဉ်းသနည်း။ နာကျင်မှုကို ဆောင်ကြဉ်းသည်။ ထို့ကြောင့် ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် အသက်ရှင်သောအခါ သူ၏ စိတ်နှလုံးတွင် ဝမ်းမြောက်ခြင်းဖြစ်စေ၊ ပျော်ရွင်မှုဖြစ်စေ မရှိပေ။ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းမရှိဘဲ သူ၏ စိတ်နှလုံးတွင် လူတို့အတွက် ချစ်ခြင်းမေတ္တာ ရှိနိုင်သလော။ သူသည် ၎င်းတို့ကို ချစ်ရန် အားမထုတ်နိုင်ပေ။ သို့ဆိုလျှင် သူ၏ အမှုတော်ကို မည်သို့ သူ လုပ်ဆောင်နိုင်သနည်း။ မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ဖြစ်သနည်း။ သူသည် သူ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံဘုရားသခင်၏ အမှုတော်ဖြစ်၏။ ထိုအရာသည် ဤသဘောသဘာဝဖြင့် ဖြစ်သည်။ မိမိတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် မိမိ မြင်ပြီးသောအရာ၊ သိသောအရာ၊ ပြောသင့်ပြီး မိမိ၏ အစွမ်းကုန် လုပ်ဆောင်သင့်သောအရာ အားလုံးကို အပြည့်အဝ ပြီးမြောက်ရန်ဖြစ်သည်ကို ဆိုလိုသည်။ ဤအရာကို မိမိတာဝန်အား ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဟု ခေါ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အဘယ်ကြောင့် ဖြစ်နိုင်သနည်း။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်တွင် ဤတာဝန်ပေးစေခိုင်းချက်နှင့် တာဝန်ရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်တွင် လူသားမျိုးနွယ်အတွက် ဤဝန်ထုပ်ရှိသည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် မည်သည့် လူစားမျိုးနှင့် ဖောက်ပြန်ပျက်စီးသော လူစားမျိုးများဖြင့် သူ အသက်ရှင်သည်ဖြစ်စေ ဤသည်မှာ အရေးကိစ္စများ၏ အခြေအနေ ဖြစ်သည်။ ဤအရေးကိစ္စများ၏ အခြေအနေက မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ထိုအရာသည် ဘုရားသခင်က ပျော်ရွှင်မှုဖြစ်စေ၊ ဝမ်းမြောက်မှုဖြစ်စေ မရှိသကဲ့သို့ အရှက်ရခြင်းကို သူ သည်းညည်းခံရမည့် အခြေအနေ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူသည် လူသား ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုမျိုးစုံကို မမောနိုင်မပန်းနိုင် ထပ်တလဲလဲ ခါးစီးခံရမည်။ ဤအရာအားလုံးကို ခါးစီးခံနေစဉ်တွင် သူသည် မမောနိုင်မပန်းနိုင်အောင် သူ ပြောသင့်သည့်အရာကို ပြောပြီး သူ လုပ်သင့်သည့်အရာကိုလည်း လုပ်ရမည်။ လူတို့ နားမလည်သည့်အရာများကို သူ သေသေချာချာ ရှင်းပြရမည်ဖြစ်ပြီး အပြစ်များကို တမင်တကာ ကျုးလွန်သောသူတို့ကို သူက ပဲ့ပြင်ဆုံးမမှုအချို့၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုအချို့ကို ပေးရမည်။ ဘုရားသခင် လုပ်ဆောင်သည့် ဤအရာအားလုံးသည် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်းကောင်း၊ သူ့အမှုတော်၏ အဆင့်များနှင့်လည်းကောင်း ဆက်စပ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ တိကျသော အမှုတော်နှင့် သာ၍ပင် ပတ်သက်သည်မှာလည်း အမှန်ဖြစ်၏။ တိုတိုပြောရလျှင် ထိုအရာသည် ဘုရားသခင်၏ ကိုယ်ပိုင် တာဝန်များနှင့် ပတ်သက်သည်။ ဘုရားသခင် လုပ်ဆောင်သည့် ဤအရာအားလုံးသည် သူ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဖြစ်သည်။ သူ၏ တာဝန်ကို ဖြည့်ဆည်းနေစဉ် သူ ထုတ်ဖော်သည့်အရာမှာ သူ၏ အနှစ်သာရနှင့် စိတ်သဘောထားဖြစ်သည်။ သို့ဆိုလျှင် လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရ၊ ဆိုလိုသည်မှာ ဤသာမန်လူ၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်သနည်း။ အထူးသဖြင့် နောက်ဆုံးသောကာလ၌ ဤအမှုတော်အဆင့်ကို လုပ်ဆောင်ရာတွင် နိမိတ်များနှင့် အံ့ဖွယ်အမှုများကို သူ မထင်ရှားစေသကဲ့သို့ မည်သည့် ထူးဆန်းသောတန်ခိုးကိုမျှလည်း သူ မပြပေ။ သူ လုပ်ဆောင်နိုင်သမျှမှာ လူတို့အား ၎င်းတို့ ပိုင်ဆိုင်ပြီး နားလည်သင့်သည့် သမ္မာတရားများကို ပြောပြခြင်း ဖြစ်သည်။ လူတို့ကိုယ်တိုင်က သတိမထားမိနိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သူ ဖော်ထုတ်သည်။ သို့မှသာ ထိုအရာကို ၎င်းတို့ သိရှိပြီး သတိပြုမိကောင်း သတိပြုမိနိုင်ကြမည်ဖြစ်ကာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် အနှစ်သာရနှင့် တကယ့် အမှန်တရားများကို ၎င်းတို့ သိရှိကောင်းသိရှိနိုင်မည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် စစ်မှန်သော နောင်တရရှိနိုင်ကာ မှန်ကန်သည့် လမ်းကြောင်းသို့ ခေါ်ဆောင်ခြင်းခံရနိုင်ရန်အလို့ငှာ ဖြစ်သည်။ လူတို့သည် စစ်မှန်စွာ နောင်တရနိုင်သည့်အခါ၊ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ သမ္မာတရား စစ်မှန်မှုထဲသို့ ၎င်းတို့ ဝင်ရောက်ပြီး ကယ်တင်ခြင်း ရရှိမည့် မျှော်လင့်ချက်ကို ရရှိကာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်နှင့်တာဝန် ပြီးမြောက်ပေသည်။ လူတို့သည် လမ်းကြောင်းမှန်ပေါ် ရောက်သည်နှင့်တစ်ပြိုင်နက် ကျန်သည့်အရာမှာ ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို လက်ခံရရှိရန် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော် အဆုံးသတ်၏။ သူ၏ တာဝန်များ ကောင်းမွန်စွာ ပြည့်စုံရကာ သူ၏ အမှုတော် ပြီးစီးသည်။ သင်တို့ကို လမ်းကြောင်းမှန်ပေါ် ခေါ်ဆောင်လျက် လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါ ထိုအရာမှာ သူ၏ အမှုတော်သည် ပြီးစီးပြီး သင်တို့အပေါ် မည်သည့် ဝတ္တရားမျှမရှိတော့ဟု ဆိုလိုသည်။ ဝတ္တရားမရှိခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် ဤလူများနှင့်အတူရှိကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း၊ အယူအဆများ၊ ပုန်ကန်မှု၊ အတိုက်အခံလုပ်ခြင်းနှင့် ငြင်းပယ်ခြင်း စသည်တို့ကဲ့သို့သော အရာများကို ခါးစီးခံရန် မလိုအပ်တော့ဟု ဆိုလိုသည်။

ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ ရှုထောင့်အမြင်မှဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့် တိကျသော အမှုတော်၏ ရှုထောင့်အမြင်မှဖြစ်စေ တစ်ခုခုသည် ချစ်လို့သာ လုပ်ဆောင်ခြင်း ဖြစ်သလော။ မည်သည့်အရာမျှ ချစ်လို့လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားမျိုးနွယ်ကို တစ်နည်းနည်းဖြင့် ကောင်းကင်ဘုံမှ စောင့်ကြည့်လေ့လာပြီး ကမ္ဘာမြေပေါ်ရှိ လူ့ဇာတိခံ ဘုရားသခင်၏ ရှုထောင့်အမြင်ကလည်း တစ်ခုတည်း ဖြစ်လုနီးပါး တူညီပေသည်။ “ဖြစ်လုနီးပါး”ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ ကမ္ဘာမြေပေါ်ရှိ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ လူ့သဘာဝကြောင့်၊ တစ်နေရာတည်းတွင် ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့်အတူ သူ၏ အတူယှဉ်တွဲနေထိုင်ကြောင့်၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကဲ့သို့ပင် သူသည်လည်း လူသား၏ အပြင်ပန်း အရည်အသွေး ရှိသောကြောင့်လည်း လူသားမျိုးနွယ်၏ အားချက်ကို အတော်လေး ပိုမို စာနာသော ရှုထောင့်အမြင်မှ ကြည့်နိုင်လေသည်။ သို့ဖြစ်၍ လူ့ဇာတိခံ ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ယှဉ်လျှင် အနည်းငယ် သာ၍ သဟဇာတဖြစ်သော ပုံစံတစ်ခုဖြင့် လူတို့နှင့်အတူ အသက်ရှင်နေထိုင်နိုင်သည်။ ဤသို့ ကြည့်သည့်အခါ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့လျှင် သင်တို့အားလုံး ယခု ဤနေရာတွင် ထိုင်နေကြမည်လော။ ထိုင်နေမည်မဟုတ်။ ဤအရာအားလုံးသည် ဘုရားအမှုတော်၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ထိုအရာသည် ထိုမျှ ကြီးမားသော အဖိုးအခကို သူ ပေးပြီး မိမိကိုယ်တိုင် လုပ်ဆောင်ရန် ဤနေရာသို့ ကြွလာရသည့် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ကောင်းကင်ဘုံမှ စကားပြောရမည်ဆိုလျှင် တစ်နည်းအားဖြင့် အကွာအဝေး ကွာဟမှုကြောင့် သူ၏ စကားများကို ကြားဖို့ ၎င်းတို့အတွက် အဆင်ပြေမည်မဟုတ်ပေ။ နောက်တစ်နည်းအားဖြင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကျယ်ပြန့်ပြီး မြားမြောင်သော မိန့်မြွက်ချက်များကို ပေးထားသဖြင့် သူသည် ထိုသို့သော ပုံစံဖြင့် ကောင်းကင်ဘုံမှ စကားပြောရမည်ဆိုလျှင် မည်သည့် ရှုထောင့်အမြင် သို့မဟုတ် မည်သည့် ရှုထောင့်မှ သင်ကြည့်ပါစေ ထိုအရာသည် သင့်တော်မည် မဟုတ်ပေ။ ထို့ကြောင့် တစ်ခုတည်းသော အကောင်းဆုံး ရွေးချယ်မှုနှင့် လူသားမျိုးနွယ်အတွက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်အတွက် အကျိုးအရှိဆုံးသော ရွေးချယ်မှုမှာ ဘုရားသခင် လူ့ဇာတိခံယူရန် ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်းသည် အမှုတော်ကို လုပ်ဆောင်ရန် တစ်ခုတည်းသော ရွေးချယ်မှုနှင့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဤအမှုကို ဆောင်ရွက်နိုင်သူ၊ ဤအမှုကို ဆောင်ရွက်နိုင်စွမ်းရှိသူနှင့် ဤရလဒ်များကို စွမ်းဆောင်ရရှိနိုင်သူမှာ လူ့ဇာတိခံ ဘုရားသခင်သာ ရှိသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြောဆိုသည့် ဤစကားများကို အရေအတွက်အရ သင် ကြည့်လျှင် အလွန်များစွာ မိန့်မြွက်ထားပြီးဖြစ်သည်။ လူ့ဇာတိခံယူခြင်း နည်းလမ်းမရှိဘဲနှင့် အဘယ်သို့ အလွန်များစွာ သိရှိစေနိုင်မည်နည်း။ ဘုရားသခင်သည် မိုးခြိမ်းသံပုံစံဖြင့် ကောင်းကင်ဘုံမှ စကားပြောရမည်ဆိုလျှင် ဆိုးယုတ်သော လူတို့ကို သူ တရားစီရင်ပြီး ရှုတ်ချသည့်အခါတိုင်းတွင် လူမည်မျှ သေကြေကြမည်နည်း။ များစွာ ရှင်ကျန်မည် မဟုတ်ပေ။ ဘုရားသခင်သည် လေပွေအတွင်းမှ သို့မဟုတ် မီးလျှံများအတွင်းမှ စကားပြောရမည်ဆိုလျှင် ဤစကားများကို သူ ပြော၍မပြီးမီတွင် လေပွေများနှင့် မီးများ မည်မျှ ဖြစ်ပေါ်ရမည်နည်း။ ဤလုပ်နည်းကိုင်နည်းကြောင့် လူသားမျိုးနွယ်အားလုံး ထိတ်လန့်ကြမည်ဖြစ်သည်။ စကားပြောသည့် ဤနှစ်ကာလများနောက်တွင် လူ့ဇာတိခံ ဘုရားသခင်၏ စကားများသည် လူသားမျိုးနွယ်၏ ပုံမှန် ဘဝကို ထိခိုက်လေပြီလော။ လုံးဝ မထိခိုက်ပေ။ တစ်လောကလုံးက ဂရုမစိုက်သကဲ့သို့ အနည်းငယ်မျှ ထိခိုက်ခြင်းလည်း မရှိပေ။ ဤအရာက လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်သည့် အမှု၏ ရည်ရွယ်ချက်ကို လုံးဝ စွမ်းဆောင်ရရှိသည်။ လူ့ဇာတိခံ ဘုရားသခင် မရှိဘဲနှင့် ဤအမှုတော်သည် ဧကန်အမှန် မဖြစ်နိုင်ပေ။ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော် ကိုယ်၌က သိုဝှက်မှု ရှိသည်။ တစ်လောကလုံးနှင့် လူသားမျိုးနွယ်အားလုံးက ထိုအရာကို သိရှိရန် ဘုရားသခင် အလိုမရှိပေ။ ဘုရားသခင်၏ ရွေးချယ်ခြင်း မခံရသည့် ထိုတစ်ပါးအမျိုးသားများက သိရှိရန် သူ အလိုမရှိပေ။ သူသည် ဤစကားများကို ကွယ်ဝှက်သည့် အခြေအနေဖြင့်သာ ဖော်ပြနိုင်သည်။ ထို့ကြောင့် လူ့ဇာတိခံယူခြင်း နည်းလမ်းကို ခံယူကျင့်သုံးခြင်းက အဓိပ္ပာယ်အရှိဆုံး ဖြစ်သည်။ အမြော်အမြင်အရှိဆုံး နည်းလမ်းလည်း ဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိခံယူခြင်းအားဖြင့်သာ ထိုအရာသည် သိုဝှက်မြဲ သိုဝှက်နေနိုင်သည်။ သူ၏ လူ့ဇာတိခံယူခြင်းက လူသားမျိုးနွယ် လက်ခံနိုင်သည့် နည်းလမ်းနှင့် ပုံစတစ်ခုဖြင့်၊ လူသား ဘာသာစကားဖြင့် လူသားမျိုးနွယ်ကို သမ္မာတရား ထောက်ပံ့ပေးလျက် လူသားမျိုးနွယ်ကဲ့သို့ပင် တစ်နေရာတည်းတွင် အသက်ရှင်ခြင်းသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သာ စွမ်းဆောင်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထိုအရာကို လူသားမျိုးနွယ်က ဉာဏ်မမီနိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ ကြီးမားသော စီမံခန့်ခွဲမှု အစီအစဉ်နှင့် ဆက်စပ်သည်။ ထိုမျှ ကြီးမားသော ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ချစ်လို့သာ လုပ်ဆောင်ခြင်းအဖြစ် လူက တစ်ဖက်သတ် ဖော်ပြလျှင် အမှန်တရားများနှင့် ဆန့်ကျင်လျက် အလွန် ရိုးရှင်းပြီး အမှန်တကယ် လျော်ကန်မည်မဟုတ်ပေ။ တိုတိုပြောလျှင် လုပ်ဆောင်ထားသည့် အမှုတော်၏ အကြောင်းအရာက မည်သည့်အရာဖြစ်စေ၊ ဤတစ်ကြိမ် ဘုရားသခင်က လူ့ဇာတိခံယူသည့် ဤပုံစံသည် ကမ္ဘာလောက အနှံ့အပြားနှင့် လူသားမျိုးနွယ်အားလုံးထဲတွင် ဧကန်အမှန် အတန်ကြီးသော ဂယက်ရိုက်ခြင်းတစ်ခု ဖြစ်စေပြီးဖြစ်ကာ သိသာထင်ရှားသော သက်ရောက်မှုတစ်ခု ရှိပြီးဖြစ်သည်။ ယင်းက ဤအမှန်တရားသည် မည်မျှကြီးမားသော အဖြစ်အပျက် ဖြစ်သည်ကိုသာ ပြသပေသည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အမှန်တရားနှင့် ပုံစံတို့သည် ၎င်းတို့ကိုယ်၌က ကမ္ဘာလောကတစ်ခုလုံးနှင့် ဘာသာရေး အသိုင်းအဝိုင်းတစ်ခုလုံးတွင် အငြင်းပွားစရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူသားမျိုးနွယ် ရန်လိုသည့်၊ လူသားမျိုးနွယ်က ရှုတ်ချကာ ငြင်းပယ်ပြီး လူသားမျိုးနွယ်က နားလည်သဘောပေါက်ကာ စိတ်ကူးရန် အခက်ခဲဆုံးသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ဘုရားသခင်က ဤနည်းဖြင့် အမှုပြုနိုင်ခြင်းသည် သူ၏ ဉာဏ်ပညာ၊ သူ၏ တန်ခိုး၊ သူ၏ အနန္တတန်ခိုးနှင့် သူ၏ ဩဇာအာဏာတို့ကို ပြသည်။ အသေးအဖွဲဖြစ်သော ချစ်ခြင်းမေတ္တာတစ်ခုခုအတွက် သို့မဟုတ် အရေးမပါလှသော ကိစ္စရပ်တစ်ခုခု သို့မဟုတ် နှမ်းစေ့လောက် သေးငယ်သည့် အကြောင်းရင်းတစ်ခုခုအတွက် လုပ်ဆောင်ထားခြင်း လုံးဝ မဟုတ်ပေ။ ဆိုလိုသည်မှာ ဘာသာရေး လောကတစ်ခုလုံး၊ နိုင်ငံရေး လောကတစ်ခုလုံး၊ လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် စကြဝဠာတစ်ခုလုံးကို လှုပ်ခါနိုင်သည့် အကြီးစား အဖြစ်အပျက်တစ်ခုသည် ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် အလိုဆန္ဒကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော် တတိယအဆင့်၏ အကြီးမားဆုံးသော ရူပါရုံဖြစ်သည်။ လူတို့ နားလည်၊ သိရှိပြီး သဘောပေါက်သင့်သည့် အကြီးမားဆုံးသော ရူပါရုံ ဖြစ်သည်။ ဤရူပါရုံကို သင်က “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်သည်။ ကြည့်ပါ၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာကြောင့် တစ်ကြိမ် လူ့ဇာတိခံယူကာ ကျွန်ုပ်တို့အတွက် ကားစင်တင်ခံခဲ့ရနှင့်ပြီးဖြစ်၍ ဤအကြိမ်တွင် သူသည် ကျွန်ုပ်တို့ကို ချစ်ရန် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ကြွလာပြီဖြစ်သည်”ဟူသကဲ့သို့ အဓိပ္ပာယ်ဖွင့်ရုံမျှဖွင့်လျှင် ဤသည်မှာ ကြီးလေးသော အမှားတစ်ခု မဟုတ်လော။ ထိုမျှကြီးမားသော ဘုရားသခင်၏ အမှုတော် ရူပါရုံကို ချစ်လို့ လုပ်ဆောင်ခြင်းအဖြစ် သတ်မှတ်ခြင်းသည် အလွန် အပေါ်ယံဆန်လွန်းသည်။ ဘုရားသခင်ကို သင် မသိလျှင် ရှိစေတော့။ သို့သော် သင်၏ နှုတ်ကို အမြန်ပိတ်လော့။ အဓိပ္ပာယ်မရှိသည့်အရာကို မပြောနှင့်။ ပြီးလျှင် အယူအဆများကို ကြုံရာကျပန်း မဖော်ပြနှင့်။ ယခင်က သင်တို့ကို ငါ ပြောပြီးဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရနှင့်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော် ရူပါရုံနှင့်လည်းကောင်း ဆက်စပ်သည့် မည်သည့်အရာမဆိုအတွက် လူတို့သည် မဆင်မခြင် မဝေဖန်သင့်၊ ထင်ရာမြင်ရာ ကောက်ချက်များမချသင့် သို့မဟုတ် အမှုမဲ့အမှတ်မဲ့ ဘောင်မခတ်သင့်ပေ။ သင် နားမလည်လျှင် နားမလည်ကြောင်းသာ ဝန်ခံလော့။ အနည်းငယ် သင် နားလည်လျှင် “ဤမျှသာ ကျွန်ုပ် နားလည်သည်။ ကျွန်ုပ် ထင်ရာမြင်ရာ ဘောင်မခတ်ဝံ့သလို ထိုအရာ မှန်သလောဟူသည်ကို ကျွန်ုပ် မသိပါ”ဟု အမြန် ပြောလော့။ သင့်အနေဖြင့် ဤရှင်းပြချက်နှင့် ရှင်းလင်းချက် အမျိုးအစားများကို ဖြည့်စွက်ရမည်။ စဉ်းစားချင့်ချိန်ခြင်းမရှိဘဲ စကားမပြောနှင့်။ စဉ်းစားချင့်ချိန်ခြင်းမရှိဘဲ စကားပြောလျှင် သေးငယ်သည့် အတိုင်းအတာအားဖြင့် အခြားလူများကို နားလည်မှုလွဲခြင်းများ ပေးကာ ဆုံးဖြတ်ချက်လွဲမှားစေလျက် သင် မမှန်မကန် လွှမ်းမိုးနိုင်သည်။ ကြီးမားသော အတိုင်းအတာအနေဖြင့် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကောင်း ပြစ်မှားမိနိုင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် လူသားမျိုးနွယ်ကို ဘုရားသခင် ကယ်တင်သည့် ထိုမျှ ကြီးမားသော အမှုတော်ကို ချစ်ခြင်းမေတ္တာအဖြစ်၊ ချစ်လို့ လုပ်ဆောင်ခြင်းအဖြစ် သင် သရုပ်ဖော်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သောအရာ ပြောဆိုခြင်း မဟုတ်လော။ ဤအရာကို ပြောသည့်လူတို့သည် ပါးရိုက်ခံရသင့်သလော။ (ခံရသင့်ပါသည်။) အဘယ်ကြောင့် ပါးရိုက်ခံရသင့်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် စဉ်းစားခြင်းမရှိဘဲ စကားပြောခြင်း ဖြစ်သောကြောင့်၊ ဆက်စပ်အကြောင်းအရာမရှိဘဲ အမှုအရာများကို မှတ်ယူခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာသည် မာနထောင်လွှားသော စိတ်သဘောထားကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့သည် မဟုတ်လော။ သူ့ကို သင် မြင်ပြီးပြီလော။ သူ၏ စိတ်သဘောထားကို သင် နားလည်သလော။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရူပါရုံနှင့်ပတ်သက်သော သမ္မာတရားကို ရှင်းလင်းစွာ သို့မဟုတ် စေ့စေ့စပ်စပ် မရှင်းပြနိုင်ပေ။ သို့တိုင် ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့ကို သင် အဓိပ္ပယ်ဖွင့်ဆိုဝံ့သည်။ ဤသည်မှာ အဆုံးစွန် ရဲတင်းခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော ကြီးမားသည့် ကိစ္စရပ်တစ်ခုကို သတ်မှတ်ရန် “ချစ်ခြင်းမေတ္တာ”ဟူသည့် စကားလုံးကို သင် သုံးဝံ့သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းသည် ကြီးမားသည့် ပြစ်မှားခြင်းတစ်ခု ဖြစ်သလော။ ဧကန်အမှန်ဖြစ်၏။ လူအချို့က၊ “ကျွန်ုပ် မသိပါ။ နားလည်းမလည်ပါ”ဟု ပြောကြသည်။ မှန်ပေ၏။ စဉ်းစားချင့်ချိန်ခြင်းမရှိဘဲ သင် စကားမပြောသင့်သည်မှာ သင်သည် နားမလည်သကဲ့သို့ သိလည်း မသိသောကြောင့်လည်းကောင်း၊ သင်သည် မသိနားမလည်သကဲ့သို့ မိုက်မဲသောကြောင့်လည်းကောင်း အတိအကျဖြစ်၏။ သာမန်လူတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အရေးကိစ္စများကို ထင်ရာမြင်ရာ ဝေဖန်နိုင်သလော၊ သို့မဟုတ် သာမန်ကာလျှံကာ ကောက်ချက်ချနိုင်သလော။ တစ်စုတစ်ဝေးတည်း စုစည်းထားသည့် လူသားမျိုးနွယ်တစ်ရပ်လုံးက ဘုရားသခင်၏ အရေးကိစ္စများကို အသေအချာ ရှင်းပြနိုင်မည် မဟုတ်သည့်တိုင် သင်တစ်ဦးတည်းက ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အမှုတော်နှင့် သူ၏ အနှစ်သာရတို့ကို စကားတစ်လုံးမျှ သို့မဟုတ် နှစ်လုံးမျှဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချင်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤဓမ္မတေးသီချင်းနှင့်ပတ်သက်၍ ဆိုးရွားသော ပြဿနာတစ်ခု ရှိပေသည်။ ယင်းသည် မပြတ်သားသော၊ အနှစ်မဲ့သော၊ ပြစ်မှားစော်ကားသော စကားများနှင့် ပြည့်ရုံသာမက အရေးအကြီးဆုံးမှာ ယင်းသည် လူတို့ကို လွဲမှားစွာ ဆုံးဖြတ်စေနိုင်သည်၊ အထင်အမြင်မှားစေနိုင်ပြီး ၎င်းတို့၏ အယူအဆများတွင် ပိတ်မိစေနိုင်သည်။ ဤဓမ္မတေးသီချင်းက ဖြစ်စေသည့် ဆိုးရွားသော အကျိုးဆက်များကို ထောက်သော် ယင်းကို ထိန်းသိမ်း၍ရနိုင်သလော။ လုံးဝ မရနိုင်ပေ။ ဖျက်ရမည်ဖြစ်သည်။

ဆက်လက်၍ “ချစ်လို့၊ ဘုရားသခင်က သမ္မာတရား ဖော်ပြပြီး ထာဝရအသက်လမ်းခရီးကို ယူဆောင်လာတယ်။” ဤစကားများက အမှုအရာများကို ဘောင်ခတ်သည့် ပုံစံသည် စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆက်ဖော်ပြသည်မှာ “ချစ်လို့၊ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ စာတန်ဆန်တဲ့ သဘာဝကို သူ့နှုတ်ကပတ်တော်နဲ့ တရားစီရင်ပြီး ဖော်ထုတ်တယ်” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် ပြင်းထန်သည့် စကားများကို ဘုရားသခင် ဖော်ပြသည့်အခါ လူကို ဘုရားသခင် ချစ်သောကြောင့်လော၊ သို့မဟုတ် လူကို ဘုရားသခင် စက်ဆုပ်ကာ မုန်းသောကြောင့်လော။ (လူကို ဘုရားသခင်က စက်ဆုပ်ကာ မုန်းသောကြောင့် ဖြစ်သည်။) ဘုရားသခင်က လူကို စက်ဆုပ်သည်။ သို့ဆိုလျှင် ဤသည်မှာ သူ၏ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ (ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ဖြစ်သည်။) မှန်ပေ၏။ ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ပေ။ အမှုအရာများကို ထိုသို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် လူတို့အတွက် ယုံမှားမိစေပြီး အထင်လွဲစေသည် မဟုတ်လော။ ဤပြောဆိုချက်တွင် သမ္မာတရားနှင့်ဆိုင်သော လက်တွေ့ကျသည့် အသိပညာတစ်ခုတလေ ရှိသလော။ ဤသည်မှာ ပုံပျက်ပြီး တစ်ဖက်သတ်ဖြစ်သော သိနားလည်မှု၊ အဓိပ္ပာယ်ကောက်လွဲခြင်း၊ မှားယွင်းသော သိနားလည်မှုတစ်ခု ဖြစ်သည်။ စာကြောင်းသည် တလွဲသရုပ်ဖော်ခြင်းတစ်ခု ဖြစ်သည်။ ထို့နောက် “ချစ်လို့၊ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ဖို့ ကျွန်ုပ်တို့ကို စစ်ကြောတယ်၊ စစ်ဆေးပြီး ပြုပြင်တယ်”ဟူသည်ကို ကြည့်လော့။ ဤသည်မှာ ပြီးခဲ့သည့် စာကြောင်းကဲ့သို့ပင် ပြဿနာတူသည် မဟုတ်လော။ (တူပါသည်။) ပြဿနာမှာ အတူတူပင် ဖြစ်သည်။ ဆက်လက်၍ အောက်ဘက်တွင် “အို ဘုရားသခင်၊ ကိုယ်တော့်အမှုတော်နဲ့ ကိုယ်တော့်နှုတ်ကပတ်တော်မှာ ထုတ်ဖော်သမျှဟာ ချစ်ခြင်းမေတ္တာပါ”ဟူ၍ ဖြစ်သည်။ တစ်ဖန် ဤသည်မှာ ဘုရားသခင်ကို ဘောင်ခတ်ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင် ထုတ်ဖော်ပြသည်မှာ မည်သည့်အရာဖြစ်သနည်း။ သူ၏ သန့်ရှင်းခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းအပြင် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ ဘုရားသခင်တွင် အမျက်ဒေါသနှင့် ဘုန်းအာနုဘော်အပြင် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ ရှိသည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာကြောင့်သာ ဖြစ်သည်ဟု အဘယ်ကြောင့် ပြောနိုင်ရသနည်း။ ဤဘောင်ခတ်မှုသည် အလွန် စက်ဆုပ်ဖွယ်ဖြစ်ပြီး ထင်ရာမြင်ရာဖြစ်လွန်းသည်။ ထိုအရာသည် မာနထောင်လွှားမှုအားဖြင့် ဖြစ်သည် မဟုတ်လော။ စာရေးသူ ရှင်းပြပြီး အကျဉ်းချုပ်နေသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များက ထုတ်ဖော်ပြသည့် စိတ်သဘောထား အနှစ်သာရနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ထို့နောက် အရာရာသည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟု ပြောသည်။ ယင်းမှာ ဆီလျော်ခြင်းမရှိရုံမက လွဲချော်ကာ မှားလည်း မှားယွင်းပေသည်။ ယင်းသည် လုံးဝ တလွဲသရုပ်ဖော်ခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် စိတ်ခံစားမှုတစ်ခုဖြစ်ပြီး လုပ်ဆောင်ချက် သို့မဟုတ် အပြုအမူတစ်ခုအဖြစ်လည်း ဆောင်ရွက်နိုင်သော်လည်း ဘုရားသခင်၏ အဓိက အနှစ်သာရ မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို လက်လွတ်စပယ် မချစ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စာတန်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် သူ၏ ရန်သူများကိုပင် ချစ်သည်ထိ အလွန် အလျှံပယ်ဖြစ်သဖြင့် ထိုအတွက် နေရာအလုံအလောက်မရှိသည်မှာ ဖြစ်နိုင်မည်လော။ ထိုသို့ ဖြစ်သလော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စည်းမျဉ်းများမဲ့သည် မဟုတ်။ စည်းမျဉ်းနှင့်ညီသည်။ သူသည် အပြုသဘောဆောင်သည့်အရာများကို ချစ်ပြီး အပျက်သဘောဆောင်သည့် အရာများနှင့် ဆိုးယုတ်သောအရာများကို မုန်းသည်။ ငါ့ကိုပြောလော့၊ သူ့ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောလူတို့ကို ဘုရားသခင် ချစ်သလော။ မိမိတို့တာဝန်များကို သစ္စာစောင့်သိစွာ လုပ်ဆောင်သူများကို သူ ချစ်သလော။ သူ့ကို ကျိုးနွံနာခံတတ်သောသူတို့ကို သူ ချစ်သလော။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရရှိခြင်းမှတစ်ဆင့် စစ်မှန်သည့် နောင်တရှိသောလူများ၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုရှိပြီး မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင်ကို အမှန်တကယ် ချစ်သောလူများကို ဘုရားသခင် ချစ်သလော။ လူတို့သည် သမ္မာတရားကို နားလည်ပြီး မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မုန်းကြလျှင် ၎င်းတို့၏ “မုန်းတီးခြင်း”သည် အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင် ချစ်သလော။ (ချစ်ပါသည်။) သမ္မာတရားကို လက်ခံနိုင်သောသူတို့သည် အပြုသဘောဆောင်သော လူများဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သောသူတို့သည် သာ၍ပင် အပြုသဘောဆောင်ကြသည်။ ဘုရားသခင်ချစ်သောသူတို့မှာ အပြုသဘောဆောင်သောလူများ ဖြစ်သည်။ နတ်ဆိုးများနှင့် စာတန်ကို သူ မုန်းသည်။ သူ ကျိန်ဆဲပြီး အပြစ်ပေးသောသူတို့မှာ ဆိုးယုတ်သောလူများသာ ဖြစ်သည်။ သို့သော် ဘုရားသခင် ချစ်သောသူတို့မှာ ရိုးသားသောလူများ၊ သမ္မာတရားကို လိုက်စားသော လူများသာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စည်းမျဉ်းနှင့်ညီ၏။ စည်းမျဉ်းများမဲ့သည် မဟုတ်ပေ။ လူအချို့အတွက် ဘုရားသခင်သည် သနားကရုဏာထားခြင်းသာ ဖြစ်သည်။ ယင်းမှာ သူသည် ထိုလူများကို ချစ်သည်ဟု မဆိုလိုပေ။ ဤအရာများကို ရှင်းလင်းစွာ နားလည်ရမည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကြောင်းကျိုးမမြင်ဘဲ အဓိပ္ပာယ်ဖွင့်ဆို၍ မရပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှုမဲ့အမှတ်မဲ့ ပြောဆိုခြင်းနှင့် ကြောင်းကျိုးမမြင်ဘဲ အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဧကန်မုချ ဘုရားသခင်ကို ဝေဖန်ကာ ပြစ်မှားစော်ကားခြင်းဖြစ်သည်။

ဆက်လက်ကြည့်သွားသည့်အခါ “အို ဘုရားသခင်၊ ကိုယ်တော့်မေတ္တာက မေတ္တာကျေးဇူးတော်နဲ့ သနားကရုဏာသာ မဟုတ်၊ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းလည်း ပိုလို့တောင် ဖြစ်တယ်”ဟု ဆိုရန်မှာ မှန်ကန်သလော။ (သဘောတရားအားဖြင့် မှန်ကန်သော်လည်း လက်တွေ့မကျပါ။) သဘောတရားအားဖြင့် ပြဿနာမရှိသော်လည်း ဤအရာကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ချိတ်ဆက်ရန်မှာ များစွာ ချဲ့ကားလွန်းသောအရာတစ်ခု ဖြစ်သည်။ ဤစကားလုံးများကို မမှန်ကန်ဟု မယူဆသင့်သော်လည်း မှန်ကန်သည်ဟုလည်း မယူဆသင့်ပေ။ ယင်းတို့သည် ထုတ်ဖော်ပြောရန် လိုအပ်ရုံမျှသာရှိသည့် အဓိပ္ပာယ်မရှိသောအရာ ဖြစ်သည်။ အောက်သို့ ဆက်သွားလျှင်၊ “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ဟာ အစစ်မှန်ဆုံး မေတ္တာနဲ့ အကြီးမြတ်ဆုံး ကယ်တင်ခြင်းပါ”ဟူ၍ ဖြစ်သည်။ ယင်းကို သင်တို့အားလုံး အဘယ်သို့ ထင်သနည်း။ (ထိုစာကြောင်းသည် မမှန်ပါ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အကြီးမားဆုံး ကယ်တင်ခြင်းအဖြစ် သက်သေပြသည်။ အမှန်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းတွင် ဤအရာများသာ ပါဝင်သည်မဟုတ်ပါ။) ဘုရားလူ့ဇာတိခံယူခြင်း၏ ကားစင်တင်ခံရခြင်းနှင့် လူသားမျိုးနွယ်၏ အပြစ်များအားလုံးအတွက် သူ၏အပြစ်ဖြေခြင်းနှင့် သယ်ဆောင်ခြင်းတို့သည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ မဟုတ်သလော။ ယင်းတို့သည် အကြီးမားဆုံးသော ကယ်တင်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ယှဉ်လျှင် မည်သည့်အရာသည် “အကြီးမြတ်ဆုံး” ဖြစ်သနည်း။ အမှန်တွင် လေးနက်သော စိစစ်မှုအရ ဤပြောဆိုချက်သည် မှန်ကန်တိကျခြင်းမရှိ၊ သင့်တော်ခြင်းမရှိသကဲ့သို့ အလွန် တင်းကျပ်စွာ ဘောင်ခတ်လွန်းလှသည်။ ထိုအရာကို ဖော်ပြထားသည့်ပုံစံအတိုင်း မဖော်ပြသင့်ပေ။ ဘုရားသခင် လုပ်ဆောင်သမျှက ချစ်ခြင်းမေတ္တာ ဖြစ်သည်ဟု မပြောသင့်ဘဲ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လူတို့အပေါ် အပြုသဘောဆောင်သော အကျိုးတရားတစ်ခု ရှိကြောင်းနှင့် လူတို့အတွက် ကယ်တင်ခြင်းနှင့် သနားကရုဏာသာဖြစ်ကြောင်း ပြောဆိုရန်မှာ မှန်ကန်ပေသည်။ အဘယ်ကြောင့်ဆိုသော် အားလုံးကို လူသားမျိုးနွယ်အတွက် လုပ်ဆောင်ထားခြင်းကြောင့် ဖြစ်သည်။ “အများဆုံး”မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သည်ဟု သင် ပြောပြီး အမြင့်ဆုံးအဆင့်ထိ ချီးမြှောက်လျှင် ဤသည်မှာ မမှန်ပေ။ “အများဆုံး” ဖြစ်သည့်အရာတစ်ခုသည် နှိုင်းယှဉ်စရာမရှိဘဲ တစ်ခုတည်းရှိရမည်။ ဘုရားသခင်၏ အခြားအမှုတော်နှင့် ယှဉ်ကြည့်လျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို “အများဆုံး”အဖြစ် ပြော၍မရပေ။ တစ်ခါက ဓမ္မတေးသီချင်းတစ်ပုဒ်ကို တစ်စုံတစ်ဦးကရေးပြီး သီချင်းစာသားများထဲမှ တစ်ကြောင်းမှာ “ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သူ၏ သနားကြင်နာမှုနှင့် ကရုဏာတော်ထက် ကျွန်ုပ် သာ၍ နှစ်သက်သည်” ဟူ၍ ဖြစ်သည်။ ဤစကားလုံးများသည် မှန်ကန်သလော၊ မမှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းတို့နှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ (ယင်းတို့က ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့ကို ရာထူးဂုဏ်သိမ်အဆင့်ဆင့်သို့ ခွဲခြားကြသည်။) အမှန်တွင် ဤပြောဆိုချက်က မှန်ကန်ပြီး ယင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီးနောက်တွင် လူတို့၏ စစ်မှန်သော အတွေ့အကြုံဖြစ်သည်။ ဤစစ်မှန်သော အတွေ့အကြုံအတွက် နောက်ခံမှာ အဘယ်နည်း။ ဤနေရာတွင် အဖြစ်အပျက်တစ်ခု ရှိ၏။ တိတိကျကျပြောရလျှင် ဘုရားသခင်၏ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့ကို တစ်စုံတစ်ဦးက မွေ့လျော်ခံစားသည့်အခါ ကျေးဇူးတော်ကိုသာ ၎င်းက ရရှိနိုင်သည်။ မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းက မည်သည့်အခါတွင်မျှ အသိအမှတ်မပြုနိုင်သကဲ့သို့ ယင်းတို့ကို လုံးဝ မဖယ်ရှားနိုင်ပေ။ ၎င်းတို့ လုပ်နိုင်သမျှမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံကာ များစွာသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို ကြံ့ကြံ့ခံရန် ဖြစ်သည်။ ထိုနောက်တွင်မှ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ဖယ်ရှားရန် အားထုတ်နိုင်သည်။ ထို့ကြောင့် ဤအကြောင်းပြချက်ပေါ်တွင်လည်းကောင်း၊ ဤဆက်စပ်အကြောင်းအရာဖြင့်လည်းကောင်း ဤသည်မှာ လူတို့ဖြစ်လာကြသည့် သိနားလည်မှု ဖြစ်သည်။ ထိုအရာသည် တိကျမှန်သည်၊ အမှန်တရားများနှင့် ကိုက်ညီပြီး အယူအဆဆိုင်ရာ ဆင်ခြင်တွေးခေါ်မှုစနစ် မဟုတ်ပေ။ ဤဓမ္မတေးသီချင်းသည် အပြုသဘောဆောင်သော်လည်း ထိုအရာကို သင်တို့တစ်ဦးမျှ မမြင်နိုင်ပေ။ သင်တို့သည် အမှန်တကယ် ပိုင်းခြားသိမြင်နိုင်စွမ်းမဲ့ကြသည်။ ဤပိုင်းခြားသိမြင်နိုင်စွမ်းကင်းမဲ့ခြင်းက မည်သည့်အရာကို အတည်ပြုသနည်း။ ဤကင်းမဲ့ခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်။ “ချစ်လို့”ဟူသည့် ဓမ္မတေးသီချင်းသည် အဓိပ္ပာယ်မရှိသောအရာနှင့် ပြည့်နေသည်။ လက်တွေ့မကျပေ။ ငါ မနှစ်သက်သကဲ့သို့ ထိုဓမ္မတေးသီချင်း၏ စကားတစ်လုံးကို သီဆိုရန် ငါ ငြင်းပယ်သည်။ ထိုအရာကို အင်မတန် ကြီးမားသော စိတ်ထက်သန်မှုနှင့် ကူးစက်စေခြင်းဖြင့် သီဆိုရန်မှာ သင်တို့အားလုံး ဝိညာဉ်ရင့်ကျက်မှုတွင် သေးနုပ်လိုက်လေခြင်းပါတကား။ သင်တို့သည် မည်သည့်အရာကိုမျှ သဘောမပေါက်နိုင်ကြသကဲ့သို့ လူတို့ ဝင်ရောက်သင့်သည့် သမ္မာတရားများကိုပင် သင်တို့ နားမလည်ကြ။ သို့တိုင် ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အပေါ် သင်တို့ မှတ်ချက်ပေးလိုကြသေးသည်။ ဤသည်မှာ အသိစိတ်မဲ့ခြင်း မဟုတ်လော။ မဆင်မခြင် စကားပြောဝံ့သည့် အသိစိတ် မရှိသောလူတို့သည် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်တာဝန်များကို အာရုံစိုက်နေခြင်းမရှိကြချေ။ ၎င်းတို့သည် စိုးစဉ်းမျှ လက်တွေ့မဆန်ကြပေ။

အောက်သို့ ဆက်သွားလျှင် “ကိုယ်တော်ရဲ့ သန့်ရှင်းပြီး ဖြောင့်မတ်တဲ့ မေတ္တာကို ကျွန်ုပ်တို့ သက်သေခံပါမယ်၊ ပြီးတော့ ကိုယ်တော် ထာဝရချီးမွမ်းခြင်းကို ခံထိုက်တယ်”ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် ထာဝရချီးမွမ်းခြင်းနှင့် ထိုက်တန်ကြောင်း လိုအပ်သည်မှာ အမှန်ဖြစ်သော်လည်း ဤသည်မှာ သူ့ကို လူတို့ သိရှိသည့်နည်းလမ်းဖြစ်လျှင် ဘုရားသခင်ကို ချီးမွမ်းခြင်းအဖြစ် ယူဆ၍ရနိုင်သလော။ တစ်စုံတစ်ဦးကို ဘုရားသခင်က မချစ်၊ သူသည် ၎င်းကို အဆုံးစွန်ထိ စက်ဆုပ်ကာ မုန်းသည်ဆိုပါစို့။ သို့သော်ငြားလည်း ဤလူက ဘုရားသခင်ကို ချစ်ကာ ချီးမွမ်းနိုင်လျှင် ဝိညာဉ်ရင့်ကျက်မှုအချို့နှင့် ဘုရားသခင်အပေါ် စစ်မှန်သည့် အသိအချို့ ရှိ၏။ “ကိုယ်တော်ရဲ့ သန့်ရှင်းပြီး ဖြောင့်မတ်တဲ့ မေတ္တာကို ကျွန်ုပ်တို့ သက်သေခံပါမယ်၊ ပြီးတော့ ကိုယ်တော် ထာဝရချီးမွမ်းခြင်းကို ခံထိုက်တယ်”ဟူသည့် စာကြောင်းတွင် “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ”ကို မည်သည့် နာမဝိသေသနတို့က အထူးပြုနေကြသနည်း။ “သန့်ရှင်းသော”နှင့် “ဖြောင့်မတ်သော”တို့ ဖြစ်သည်။ ဓမ္မတေးသီချင်းရေးသူက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အဓိပ္ပာယ်ဖွင့်ဆိုရန် ဘုရားသခင်၏ အနှစ်သာရကို အသုံးပြုလျက်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဖြောင့်မတ်ပြီး သန့်ရှင်းသော ချစ်ခြင်းမေတ္တာဖြစ်သည်ဟု ဆိုလျက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မည်မျှကြီးမားမည်ကို ယုံကြည်ခြင်းအား ကြည့်လော့။ ဤသည်မှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည် မဟုတ်လော။ လူတို့သည် ယေဘုယျ ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန် လိုလားခြင်းမရှိကြသကဲ့သို့ သနားကရုဏာနှင့်ပြည့်စုံသော ချစ်ခြင်းမေတ္တာကို သို့မဟုတ် လူတို့ကို ချစ်ခင်မြတ်နိုးခြင်းဖြစ်သည့် ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားခြင်း မရှိကြချေ။ ဘုရားသခင်၏ သန့်ရှင်းပြီး ဖြောင့်မတ်သော ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားသည့်အခါတွင်သာ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းကြပြီး ဤသည်မှာ ဘုရားသခင်က ထာဝရ ချီးမွမ်းခြင်းနှင့် ထိုက်တန်သည့် ၎င်းတို့ ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ မှန်သလော။ အမှန်တရားမှဖြစ်စေ၊ ကျိုးကြောင်းဆီလျော်သော တွေးခေါ်မြော်မြင်မှုမှဖြစ်စေ ဤပြောဆိုချက် အလွန်မှားယွင်း၏။ တကယ်ကို အဓိပ္ပာယ်မရှိသောအရာ ဖြစ်သည်။ ထိုအရာသည် စိတ်ရောဂါရှိသည့် လူတစ်ဦးက လူတို့ကို အထင်အမြင်မှားစေရန် များစွာသောစကားလုံး တစ်လုံးတစ်ထွေးကြီးကို ရေရွတ်နေခြင်း ဖြစ်သည်။ ဤသည်မှာ လောကီကမ္ဘာဖြစ်သည်ဟု သင် ထင်သလော။ ကမ္ဘာလောကတွင် ဆိုးယုတ်ပြီး ညစ်ညူးသော ဝိညာဉ်မျိုးစုံနှင့် စရိုက်မျိုးစုံနှင့် စိတ်အနှောင့်အယှက်ပေးသော ကလိမ်ကကျစ်တို့အပြင် ကျွမ်းကျင်မှု၊ စကားပြောကောင်းခြင်း အနည်းငယ်ရှိသည့်သူများ သို့မဟုတ် ရိုင်းပျမှုရှိသောသူအားလုံးသည် မိမိတို့၏ ထင်းရှူးသေတ္တာများပေါ်တက်ပြီး ဖျော်ဖြေဝံ့ကြသည်။ သို့သော် ဘုရားအိမ်တော်၌ သမ္မာတရားက ဩဇာအာဏာ စွဲကိုင်သည်။ ထိုမှင်စာများကို စင်ပေါ်မှဆွဲထုတ်ရမည်ဖြစ်သည်။ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ရမည်ဖြစ်သည်။ လူတိုင်းက ၎င်းတို့ကို ပွင့်ပွင့်လင်းလင်း ပိုင်းခြားသိမြင်ကာ သရုပ်ဖော်နိုင်ရန်အလို့ငှာ ၎င်းတို့၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများအားလုံးကို စိတ်ဖြာလေ့လာဆွေးနွေးရမည်ဖြစ်သည်။ ထိုအရာကို ယခု ကြည့်လိုက်ပါက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အဘယ်အရာနည်း။ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းဖြစ်သည်ဟု သင် ပြောလျှင် ယင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဤအရာများသာ မဟုတ်ပါ။) သို့ဆိုလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အဘယ်အရာနည်း။ (တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအပြင် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့လည်း ရှိသည်။ ဤအရာအားလုံးက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏နှလုံးသားနှင့် စိတ်တွင်၊ သူ၏ ခံစားချက်များ၊ သူ၏ အနှစ်သာရနှင့် သူ၏ လုပ်ဆောင်ချက်များတွင် ရှိသည်။ ယင်းကို သင် အသေအချာ ရှင်းပြနိုင်သလော။ သို့တိုင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းအဖြစ် သင် ပြောသေးသည်။ ထိုအရာကို ထိုသို့ သင်အဓိပ္ပာယ်ဖွင့်ဆိုဝံ့သည်။ သင် အရှက်မရှိ မျက်နှာပြောင်လိုက်လေခြင်းပါတကား။ သူ့ကို ချီးမွမ်းရန် ထိုသို့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် သင်၏ အသုံးပြုခြင်းကို ဘုရားသခင်က လက်ခံသလော။ (လက်မခံပါ။) အဘယ်ကြောင့် လက်မခံသနည်း။ (အဘယ်ကြောင့်ဆိုသော် သူ့ကို ပြစ်မှားစော်ကားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။) ဘုရားသခင်သည် စက်ဆုပ်မိပြီး သင်သည် အင်မတန်၊ အဆုံးစွန် အဓိပ္ပာယ်မဲ့သောအရာကို ပြောနေခြင်း ဖြစ်သည်။ သင်၏ ကြောင်းကျိုးမမြင်သော ချီးမွမ်းခြင်းက အချည်းနှီးဖြစ်ပြီး ထိုအရာကို ဘုရားသခင် နှစ်သက်အားရခြင်းမရှိပေ။ လူသားမျိုးနွယ်၏ ချီးမွမ်းခြင်းကို ဘုရားသခင် လိုအပ်ခြင်းသည် ထိုမျှ မကြီးမားပေ။ ထိုအရာကို သူ လိုအင်ဆန္ဒမရှိ။ သူသည် သက်သောင့်သက်သာ အသက်ရှင်နေထိုင်ရန် သို့မဟုတ် ယုံကြည်စိတ်ချမှုရှိရန်အလို့ငှာ လူ၏ ချီးမွမ်းခြင်း လိုအပ်သည်ဟူသကဲ့သို့ မဟုတ်။ သူ့ထံတွင် ဤလိုအပ်ချက် ရှိသလော။ (မရှိပါ။) ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်၊ လူသားမျိုးနွယ်ကို ကောင်းသော ခရီးပန်းတိုင်တစ်ခု ပေးရန်ဖြစ်ပြီး နောက်တစ်ခေတ်တွင် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် အမှုအချို့ကို သူ လုပ်ဆောင်သည်။ ရည်ရွယ်ချက်မှာ လူတို့၏ ချီးမွမ်းခြင်းကို ရရှိရန် မဟုတ်။ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော ရလဒ်များထဲမှ တစ်ခုမှာ လူသားမျိုးနွယ်က သူ့ကို ချီးမွမ်းခြင်း ပူဇော်ဆက်ကပ်ကြခြင်းသာ ဖြစ်သည်။ သို့သော် လူတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုများရှိကာ သူ့ကို ကြောင်းကျိုးမမြင်ဘဲ ချီးမွမ်းကြလျှင် ထိုအရာကို ဘုရားသခင် ခွင့်ပြုလိမ့်မည် မဟုတ်သကဲ့သို့ လက်ခံလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ချီးမွမ်းခြင်းက သူ့အတွက် များစွာ အရေးပါလွန်းသည်ဟု ခံစားရန်အလို့ငှာ လူတို့သည် အလွန် စိတ်အလိုလိုက်လွန်းကြလျှင် ယင်းသည် အဓိပ္ပာယ်ကောက်လွဲခြင်းတစ်ခု မဟုတ်လော။ လူသားမျိုးနွယ်တွင် ဘုရားသခင်အတွက် ဤချီးမွမ်းခြင်း အနည်းငယ်နှင့် ဤသက်သေခံချက် အနည်းငယ် ရှိသောကြောင့်၊ ဘုရားသခင်သည် အလွန် တို့ထိခံစားရသည်ဟု ၎င်းတို့ တွေးထင်ကြသော်လည်း အမှန်တွင် သူသည် လုံးဝ တို့ထိခံစားရခြင်း မရှိပေ။ ဤသည်မှာ ဘုရားသခင် ထိုက်တန်သည့်အရာ မဟုတ်လော။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်သောအရာ ဖြစ်သည်။

ဆက်ကြည့်သွားလျှင် “ချစ်လို့၊ ကျွန်ုပ်တို့ သမ္မာတရားနဲ့ အသက်ကို ရရှိအောင် ဘုရားသခင်က လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာဝတ္ထုတွေကို အသုံးပြုတယ်”ဟူ၍ ဖြစ်သည်။ ဤစာကြောင်း မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုအရာနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ “ချစ်လို့”ဟူသော စကားလုံး ဖြစ်သလော။ အရာရာသည် ပထမ စကားလုံးနှစ်လုံးကြောင့်ဖြစ်သည်။ ယင်းတို့သည် အလွန် ဆုံးဖြတ်ချက်မှားစေပြီး အထင်အမြင်မှားစေသဖြင့် လူတို့ကို အမှန်နှင့် အမှားကြား မခွဲခြားနိုင်ဖြစ်စေလျက် ၎င်းတို့၏ စိတ်များကို နားဝေတိမ်တောင်ဖြစ်စေသည်။ ရှေ့ဆက်၍၊ “ချစ်လို့”ဟူသော စကားလုံးများကို တလွဲ အသုံးမပြုနှင့်။ ဤစကားလုံးနှစ်လုံးနောက်တွင် ရှိသည့် စကားများဖြစ်သော “ကျွန်ုပ်တို့ သမ္မာတရားနဲ့ အသက်ကို ရရှိအောင် ဘုရားသခင်က လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာဝတ္ထုတွေကို အသုံးပြုတယ်”ဟူသည့် စကားများက မှန်သည်။ ထိုသို့သော အကြောင်းအရာက ဘုရားသခင်၏ အမှုတော်တွင် တည်ရှိသည်။ သို့သော် ဤအရာကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအဖြစ် သရုပ်ဖော်ရန်မှာ မှားယွင်းပေမည်။ ထိုအရာသည် ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ဩဇာအာဏာနှင့် ဘုရားသခင်၏ ဉာဏ်ပညာဖြစ်သည်။ ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ပေ။ တိတိကျကျပြောရလျှင် ယင်းမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်သာ မဟုတ်ပေ။ ဘုရားသခင်သည် သူကယ်တင်လိုသည့် လူသားမျိုးနွယ်အတွက် အစေခံမှုပေးရန် လူအားလုံး၊ အဖြစ်အပျက်အားလုံးနှင့် အမှုအရာအားလုံးကို စုစည်းဖို့ ဤတန်ခိုးရှိသည်။ သူသည် သူကယ်တင်လိုသည့် လူသားမျိုးနွယ်ကို အစေခံရန်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အစေခံရန် အရာခပ်သိမ်းနှင့် အမှုကိစ္စအားလုံးကို စုစည်းပြီး ဤအရာ၏ နောက်ဆုံး အကျိုးခံစားရသူမှာ လူသားမျိုးနွယ် ဖြစ်သည်။ လူတို့က သမ္မာတရားနှင့် အသက်ကို ရရှိကြသည်။ ထိုအရာသည် ချစ်ခြင်းမေတ္တာကြောင့်သာ ဖြစ်သည်ဟု သင် ဆိုလျှင် ဘုရားသခင်၏ ဉာဏ်ပညာ၊ ဩဇာအာဏာနှင့် တန်ခိုးတို့သည် မတည်ရှိတော့လေသလော။ ထိုအရာသည် ချစ်ခြင်းမေတ္တာကြောင့်သာဖြစ်သည်ဟု ပြောခြင်းသည် မမှန်ပေ။ ထို့ကြောင့် ထိုသို့သော ပြောဆိုချက်ကို ဇောင်းပေးပုံနှင့် ထားရှိပုံတို့သည်လည်း မှားယွင်းသည်သာ ဖြစ်သည်။ ယင်းတို့အားလုံး မှားယွင်းသည်ဟု ပြောဆိုခြင်းမှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းတို့သည် သမ္မာတရားနှင့်အညီ မဟုတ်ပေ။ လွဲချော်သည့် နည်းလမ်းဖြင့် ပြောဆိုထားခြင်း ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား စစ်မှန်မှု မဟုတ်။ ပြီးလျှင် လူတို့ တွေ့ကြုံသည့် သမ္မာတရား၏ လက်တွေ့ကျသော ဘက်ခြမ်း မဟုတ်ကြပေ။

နောက်တစ်ကြောင်းကို ကြည့်သည့်အခါ “ချစ်လို့၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်တို့ကို စာတန်ရဲ့ စွမ်းအားကနေ လွတ်မြောက်စေပြီး ကယ်တင်ခြင်း ရစေတယ်” ဟူ၍ ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသလော။ “ချစ်လို့”ဟူသော စကားလုံးနှစ်လုံးက မသင့်လျော်သော အကြောင်းပြချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ ဤသည်မှာ ဘုရားသခင့်အမှုတော်၏ ရလဒ်ဖြစ်သည်နှင့်အမျှ “ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်တို့ကို စာတန်ရဲ့ စွမ်းအားကနေ လွတ်မြောက်စေပြီး ကယ်တင်ခြင်း ရစေတယ်”ဟူသည့် စကားရပ်နှင့်ပတ်သက်၍ မည်သည့်အရာမျှ မမှားယွင်းပေ။ သို့သော် အဘယ်ကြောင့် ဓမ္မတေးသီချင်းရေးသူက “ချစ်လို့”ဟူသည့်စကားများကို ရှေ့တွင် အမြဲ ဖြည့်စွက်ရမည်နည်း။ ဤအရာမှ မည်သည့် သင်ခန်းစာကို သင်တို့ သင်ယူကြလေပြီနည်း။ ဘုရားသခင်၏စိတ်သဘောထား အနှစ်သာရအပေါ် မှတ်ချက်ပေးခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း သို့မဟုတ် ဘောင်ခတ်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်သည် အထူးသဖြင့် ဂရုစိုက်ကာ နှိမ့်ချခြင်းနှင့် ဆင်ခြင်မြော်တွေးခြင်း သဘောထားတစ်ခုကို ခံယူရမည်။ သင့်အနေဖြင့် မထိန်းမသိမ်းနိုင်လောက်အောင် ပြင်းထန်သော မဟုတ်တရုတ်စကားကို ပြောနိုင်စွမ်းရှိလျှင်၊ သင် ပြောသမျှတိုင်းသည် အဓိပ္ပာယ်မရှိသောအရာနှင့် အနှစ်မဲ့သော စကားများ၊ ယုံတမ်းစကားနှင့် ပြစ်မှားစော်ကားခြင်းတို့ဖြစ်လျှင် ဘုရားသခင်၏ စိတ်သဘောထားကို သင် ပုန်ကန်ပြစ်မှားမိလိမ့်မည်ဖြစ်ပြီး သူ့အား သင့်ကို စက်ဆုပ်ကာ မုန်းစေလိမ့်မည် ဖြစ်သည်။ အနည်းငယ် တိကျလုံလောက်မှုမရှိစွာ ပြောရလျှင် ဘုရားသခင်၏ အနှစ်သာရနှင့် ယှဉ်သည့်အခါ ဘုရားသခင်အပေါ် လူ၏ သိမြင်မှုသည် သမုဒ္ဒရာထဲက ရေစက်တစ်စက် သို့မဟုတ် ကမ်းခြေပေါ်မှ သဲတစ်ပွင့်သာဖြစ်သည်ဟု ပြော၍ ရနိုင်သည်။ ထိုနှစ်ခုကြားက ကွာဟချက်သည် ကြီးမားပြီး လူတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများကို သမ္မာတရားအဖြစ် ထင်ရာမြင်ရာ သဘောထားကာ ယင်းတို့ကို စကားများအဖြစ်သို့ ဖန်တီးလျက် အမှုအရာများကို ဘောင်ခတ်ဝံ့ဆဲဖြစ်ကာ သဘောရှိ ကောက်ချက်များ ချဝံ့ကြသေးလျှင် အကြီးစား ပြဿနာတစ်ခု ရှိလိမ့်မည်။ ယင်းသည် မည်သည့် အကြီးစား ပြဿနာ ဖြစ်သနည်း။ (ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းဖြစ်သည်။) ဘုရားသခင်ကို ပြစ်မှားစော်ကားရန်မှာ သဘောသဘာဝအားဖြင့် ဒုက္ခပေးပြီး ဆိုးရွားသည်။ သင်၏ ခံစားချက်အရဖြစ်သော အလိုဆန္ဒအရ ဘုရားသခင်ကို ပြစ်မှားစော်ကားလိုခြင်း မရှိလျှင် သင်တို့အားလုံးကို ငါ ယခုတင် ပြောပြီးဖြစ်သည့်အရာကို သင် စွဲမြဲစွာ လိုက်နာသင့်သည်။ ဆိုလိုသည်မှာ သတိထားပြီး သင်တို့၏ လျှာများကို သတိချပ်သင့်သည်။ မိမိ၏လျှာကို သတိချပ်ရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဘုရားသခင်နှင့်ပတ်သက်၍ သဘောရှိ မှတ်ချက်မပေးနှင့်၊ သူ့ကို ဘောင်မခတ်နှင့်။) မှန်ပေ၏။ ရူပါရုံများ ပါဝင်သည့် ကိစ္စရပ်များအတွက် “ရူပါရုံများ ပါဝင်ခြင်း”သည် ယေဘုယျ ဖော်ပြချက်တစ်ခုသာ ဖြစ်သည်။ သာ၍ တိကျစွာပြောရလျှင် ထိုအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ အမှုတာ်နှင့် စိတ်သဘောထား အနှစ်သာရတို့ ပါဝင်သည့် ကိစ္စရပ်များနှင့် ဆက်စပ်သည်။ ထို့ကြောင့် ဤရူပါရုံများနှင့် ဆက်စပ်သည့် ကိစ္စရပ်များအပေါ် သတိရှိစွာ ပြောဆိုပြီး ပြုမူဆောင်ရွက်လော့၊ ပြီးလျှင် ထင်ရာမြင်ရာ ဘောင်မခတ်နှင့်၊ မဝေဖန်နှင့်။ လူအချို့က “ယင်းမှာ ငါ တွေးထင်သည့်အရာသာ ဖြစ်သည်”ဟု ပြောကြသော်လည်း သင့်အနေဖြင့် ထိုအရာက ယင်းကဲ့သို့သာဖြစ်သည်ဟု တွေးထင်ခြင်းသည် တိကျမှန်ကန်သလော။ မာနထောင်လွှားကာ မိမိကိုယ်ကို မှန်သည်ဟု မမှတ်ယူလွန်းနှင့်။ သင် တွေးထင်သည့်အရာက မှန်ကန်တိကျခြင်းမရှိသကဲ့သို့ သင်သည် အဓိပ္ပာယ်မရှိသောအရာကို ပြောနေဆဲဖြစ်ကာ အမှုအရာများကို ထင်ရာမြင်ရာ ဘောင်ခတ်ဆဲဖြစ်လျှင် ယင်းမှာ ဝေဖန်ခြင်း၊ ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ပြီးလျှင် သင်သည် မိမိထင်သည်ထက် သာ၍ ရရှိကောင်းရရှိနိုင်သည်။ လူအချို့သည် ဤအရာကို မခံယူနိုင်ဘဲ “ယင်းမှာ ကျွန်ုပ် မြင်သည့်ပုံစံသာ ဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို စကားပြောခွင့်မပေးလျှင် ကျွန်ုပ်ကိုယ်ကျွန်ုပ် ဟန်ဆောင်ရန် ကိုယ်တော် စေခိုင်းနေခြင်း ဖြစ်သည်”ဟု ပြောကြသည်။ ယင်းသည် အဘယ်သို့ဖြစ်ပြီး သင့်ကိုယ်သင် ဟန်ဆောင်ရန် စေခိုင်းခြင်း ဖြစ်ရသနည်း။ ထိုအရာသည် သင့်ကို သတိထားရန်နှင့် သေသေချာချာ မစဉ်းစားထားသကဲ့သို့ မှန်မမှန်စစ်ဆေးရန် မကြိုးစားခဲ့သည့် မည်သည့်အရာကိုမဆို မပြောဆိုရန် သင့်ကို အကြံပေးနေခြင်း ဖြစ်သည်။ သင်၏ အကျိုးအတွက် ဖြစ်သည်။ သင့်၏ ကွယ်ကာမှုအတွက် ဖြစ်သည်။ သင် တွေးထင်သည့်အရာ မှားယွင်းလျှင် သင် ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် အကျိုးဆက်များက မည်သည့်အရာဖြစ်လိမ့်မည်ကို သင် သိသလော။ သင်၏ စကားများအတွက် သင် တာဝန်ခံရလိမ့်မည် ဖြစ်သည်။ အန္တိခရစ်ဖြစ်သောသူ မည်သူမဆို မကောင်းမှုများစွာ ကျူးလွန်မိပြီး ဖြစ်ကာ ၎င်းတို့အတွက် နောက်ဆုံး အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လေပြီနည်း။ မိမိတို့၏ လုပ်ဆောင်ချက်များအတွက် ၎င်းတို့ တာဝန်ခံရပြီးဖြစ်ကာ အသင်းတော်က ၎င်းတို့ကို ကိုင်တွယ်ရပြီးဖြစ်သည်။ ထို့ကြောင့် သင့်ထံတွင် စိတ်ကူးတစ်ခု သို့မဟုတ် သိနားလည်မှုတစ်ခုခုရှိလျှင် ထိုအရာကို မပြောမီ မှန်မမှန်စစ်ဆေးခြင်းက အကောင်းဆုံး ဖြစ်သည်။ ထိုအရာကို ဆောင်းပါးတစ်ပုဒ်အဖြစ် မရေးသားနိုင်မီ ထိုအရာမှသည် စာသားအဖြစ် သို့မဟုတ် ဓမ္မတေးသီချင်းတစ်ပုဒ်အဖြစ် ရေးဖွဲ့သီကုံးခြင်း မပြုနိုင်မီ လုံလောက်သော အဖြစ်မှန် အခြေခံနှင့် အယူအဆဆိုင်ရာ ထောက်ပံ့မှု သင်လိုအပ်သည်။ သင့်ထံတွင် မလုံလောက်သော အချက်များနှင့် အယူအဆဆိုင်ရာ ထောက်ပံ့မှုရှိလျှင် သင် သက်သေပြလိုသည့် အချက်များ သို့မဟုတ် “သမ္မာတရား”အဖြစ် သင် ယုံကြည်သည့်အရာများသည် အလွန် လက်တွေ့မကျပေ။ ယင်းတို့သည် အနှစ်မဲ့သော သဘောတရားများနှင့် အထင်အမြင်မှားစေသော စကားများသာ ဖြစ်သည်။ သင်သည် ရဲတင်းစွာ အဆင်အခြင်မဲ့ပြီး ပြစ်မှားစော်ကားသော စကားများကို ပြောနေသည်ဟုသာ ဆိုနိုင်ပေမည်။

ဘုရားသခင်၏ သူ၏ အမှုတော် အစမှသည် ယခုထက်ထိတိုင် အလွန်များသော သမ္မာတရားများကို ဖော်ပြပြီးဖြစ်ကာ လူတို့၏ အမျိုးမျိုးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် လူတို့၏ အမျိုးမျိုးသော လိုအပ်ချက်များပါဝင်သည့် နှုတ်ကပတ်တော်များ အလွန်များ၏။ ဤအရာအားဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ လူတို့၏ အတွေ့အကြုံ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် လူတို့၏ သိမြင်မှုနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် လူတို့၏ သိမြင်မှုတို့ ပါဝင်သည့် အကြောင်းအရာများအကြောင်းကို ရေးသား၍ရနိုင်သည့် ဓမ္မတေးသီချင်းများ အလွန်များသည်ဟု ဆိုလိုသည်။ သင် အတွေ့အကြုံရှိသည့် မည်သည့်သွင်ပြင်လက္ခဏာအကြောင်းကိုမဆို သင် ရေးသားနိုင်သည်။ သင့်ထံတွင် အတွေ့အကြုံမရှိလျှင် ကြုံရာကျပန်း မရေးနှင့်။ သင့်ထံတွင် အတွေ့အကြုံရှိသော်လည်း ဓမ္မတေးသီချင်းများရေးသားရာတွင် မတော်လျှင် မရေးသားမီ လမ်းညွှန်မှု ရရှိရန် ဓမ္မတေးသီချင်းများကို သိနားလည်သည့် တစ်စုံတစ်ဦးအား သင် ရှာဖွေနိုင်သည်။ ဓမ္မတေးသီချင်းများကို နားမလည်သည့် လူတို့သည် နေရာဖြည့်ဖို့သက်သက်ဖြင့် ယင်းတို့ကို မဆင်မခြင် ရေးသားခြင်းအား သေချာပေါက် ရှောင်ကြဉ်သင့်သည်။ ဓမ္မတေးသီချင်းများ ရေးသားသည့် လူတို့သည် အတွေ့အကြုံရှိရမည်ဖြစ်ပြီး စည်းမျဉ်းများကိုလည်း သဘောပေါက်ရမည်။ ရေးသားထားသည့် ဓမ္မတေးသီချင်းက လူတို့အတွက် အသုံးဝင်နိုင်ရန်အလို့ငှာ ၎င်းတို့အနေဖြင့် ရိုးသားစစ်မှန်စွာ စကားပြောရမည်ဖြစ်ပြီး လက်တွေ့ကျသည့် စကားများကို ပြောရမည်။ ဓမ္မတေးသီချင်းအချို့သည် လုံးဝ လက်တွေ့မကျဘဲ လူတို့အတွက် မည်သည့်အရာမျှ မလုပ်ဆောင်ပေးသည့် စကားများနှင့် အယူဝါဒများသာဖြစ်သည့် အရာများကို ပြောဆိုသည်။ ဤဓမ္မတေးသီချင်းမျိုးကို မရေးသားခြင်းက ပိုကောင်းသည်။ လူအချို့သည် ဓမ္မတေးသီချင်းများကို ရေးသားပြီး အခြားလူတို့ကို မွမ်းမံစေကာ ထိုဓမ္မတေးသီချင်းများကို မွမ်းမံသောသူတို့သည် အတွေ့အကြုံမရှိကြဘဲ ဟန်ဆောင် အတွေ့အကြုံနှင့် စာပေ ပါရမီသာ ရှိကြသည်။ ဤသည်မှာ လှည့်ဖြားခြင်း မဟုတ်လော။ ၎င်းတို့တွင် မိမိတို့ကိုယ်ပိုင် အတွေ့အကြုံ မရှိကြသည့်တိုင် အခြားသူတို့အတွက် ဓမ္မတေးသီချင်းများကို မွမ်းမံလိုကြသေး၏။ ၎င်းတို့တွင် မိမိကိုယ်ကို သိသည့်အသိ ကင်းမဲ့သည်။ ထို့ကြောင့် အတွေ့အကြုံ သို့မဟုတ် စစ်မှန်သည့် အသိပညာ မရှိသောသူတို့သည် ဓမ္မတေးသီချင်းများကို လုံးဝ မရေးသားသင့်ပေ။ တစ်နည်းအားဖြင့် ၎င်းတို့သည် မည်သူ့ကိုမျှ မည်သည့် ကောင်းကျိုးမျှ လုံးဝ ပြုလိမ့်မည် မဟုတ်သကဲ့သို့ နောက်တစ်နည်းအားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အရူးလုပ်နေမိကြလိမ့်မည်။

ဓမ္မတေးသီချင်းများကို သီဆိုခြင်းသည် တစ်စိတ်တစ်ဒေသအားဖြင့် ဘုရားသခင်ကို ချီးမွမ်းရန် ဖြစ်ပြီး တစ်စိတ်တစ်ဒေသအားဖြင့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းနှင့် မိမိကိုယ်ကို သုံးသပ်ဆင်ခြင်ခြင်းတွင် ပါဝင်ရန်ဖြစ်ကာ ထိုအရာမှ မိမိကိုယ်ကို အကျိုးခံစားခွင့်ပေးခြင်း ဖြစ်သည်။ ဓမ္မတေးသီချင်းတစ်ပုဒ်တွင် တန်ဖိုးရှိမရှိဆိုသည်အတွက် အဓိကသော့ချက်သည် သီချင်းစာသားများက လူတို့ကို အကျိုးပြုကာ ကောင်းကျိုးဖြစ်စေခြင်း ရှိမရှိဟူသည်တွင် တည်ရှိသည်။ ကောင်းမွန်သည့် အတွေ့အကြုံဆိုင်ရာ ဓမ္မတေးသီချင်းတစ်ပုဒ်ဖြစ်လျှင် လူတို့ကို ကောင်းကျိုးပြုပြီး အသုံးဝင်သည့် စကားလုံးများစွာ ထိုဓမ္မတေးသီချင်းတွင် ရှိလိမ့်မည်။ အသုံးဝင်သည့် စကားလုံးများက မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင်၏ အတွေ့အကြုံတွင် တစ်စုံတစ်ရာကိုသင် ကြုံရသည့်အချိန်တိုင်းတွင် သင် စဉ်းစား၍ရသည့် သီချင်းစာသားများကို ရည်ညွှန်းသည်။ ဤစကားလုံးများက သင့်ကို လမ်းညွှန်မှုနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေးသည်။ လက်တွေ့ကျသည့် အတွေ့အကြုံများမှလာသော ဤစကားလုံးများမှ သင် ရပ်တည်သင့်သည့်နေရာ၊ သင် ခံယူသင့်သည့် သဘောထား၊ သင် ခံယူသင့်သည့် ရပ်တည်ချက်၊ သင်ရှိသင့်သည့် ယုံကြည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်းတို့ကို ရှာတွေ့နိုင်ရန်အလို့ငှာ ယင်းတို့က သင့်အား အကူအညီ၊ လှုံ့ဆော်အားပေးမှုနှင့် လမ်းပြမှုတစ်ခုခု ပေးနိုင်သည် သို့မဟုတ် အလင်းတစ်ခုခု ပေးနိုင်သည်။ သို့မဟုတ် ထိုစကားလုံးများမှနေ၍ သင်၏ ကိုယ်ပိုင် လွဲချော်ခြင်းများ၏ သွင်ပြင်လက္ခဏာတစ်ခုခုကို သင် သတိပြုမိနိုင်ပြီး သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အခြေအနေ၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ချက် သို့မဟုတ် သင်၏ အတွေးများနှင့် စိတ်ကူများ၏ သွင်ပြင်လက္ခဏာတစ်ခုခုကို သတိပြုမိနိုင်သည်။ ဤအရာအားလုံးသည် လူတို့အတွက် အထောက်အကူ ဖြစ်၏။ အဘယ်ကြောင့် လူတို့အတွက် အထောက်အကူ ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သမ္မာတရားနှင့် ကိုက်ညီပြီး လူတို့၏ အတွေ့အကြုံများနှင့် သဘောပေါက်နားလည်မှုများ ဖြစ်သောကြောင့် ဖြစ်သည်။ သင်၏ ဘဝ အတွေ့အကြုံအတွက် အကျိုးရှိနိုင်သည့်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းနှင့် စပ်လျဉ်း၍ သင့်ကို အကူညီပေး၊ လမ်းညွှန်၊ ဉာဏ်အလင်းပေးနေနိုင်သည့် သို့မဟုတ် သတိပေးနေနိုင်သည့် သီချင်းစာသားများတွင် အမှန်တကယ် လက်တွေ့ကျသည့် အရာများရှိလျှင် ဤစကားလုံးများက တန်ဖိုးရှိပြီး လက်တွေ့ကျပေသည်။ အချို့သော သီချင်းစာသားများက ရိုးရိုးယဉ်ယဉ် ဖြစ်သော်လည်း လက်တွေ့ကျသည်။ အချို့သော သီချင်းစာသားများကို ကျကျနန ရေးသားကောင်းရေးသားထားခြင်း မရှိနိုင်ပေ။ ယင်းတို့သည် ကဗျာလင်္ကာ သို့မဟုတ် စကားပြေနှင့် တူကောင်းမတူနိုင်သကဲ့သို့ အားလုံးက အရပ်သုံးစကားနှင့် စိတ်ရင်းအတိုင်းစကားတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုစကားလုံးများက သမ္မာတရား သိနားလည်ခြင်းကို ဖော်ပြလျှင်၊ သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံတစ်ခုကို သိရှိစေလျှင် သင့်အတွက် တည်ဆောက်စရာဖြစ်သည်၊ လက်တွေ့ကျပြီး တန်ဖိုးရှိပေသည်။ ယခုတွင် သင်တို့၌ ရှိသည့်အကြီးမားဆုံး အခက်အခဲမှာ မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့ မသိကြခြင်းဖြစ်သည်။ သီချင်းစာသားများက အနှစ်မဲ့သည့် စကားများ၊ သို့မဟုတ် စကားများနှင့် အယူဝါဒများ ဟုတ်မဟုတ် သင်တို့ မသိမြင်နိုင်ကြ။ သီဆိုသည့် မည်သည့် စကားလုံးမဆိုက သင်တို့အတွက် အဆင်ပြေသည်။ သီချင်းစာသားများက လက်တွေ့ကျခြင်း ရှိမရှိ၊ ယင်းတို့တွင် သမ္မာတရား အလင်းရှိမရှိ၊ လူတို့အတွက် ကောင်းကျိုးတစ်ခုတလေ ရှိမရှိ၊ သို့မဟုတ် သင်တို့အတွက် အကျိုးကျေးဇူး တစ်ခုတလေ ရှိမရှိဟူသည်တို့ကို သင်တို့ မတွေးဆကြ။ ဤစဉ်းစားဆင်ခြင်ခြင်းတစ်ခုမျှ စိတ်ထဲမပေါ်လာပေ။ ပြီးလျှင် သီဆိုပြီးနောက်တွင် သီချင်းစာသားများက အတော်လေး ကောင်းမွန်ပြီး နှစ်လိုဖွယ်ကောင်းသည်ဟု သင် တွေးထင်ဆဲဖြစ်သည်။ သို့သော် သင့်အပေါ် ထိုသီချင်းစာသားများက မည်သို့ သက်ရောက်မှုမျိုးရှိမည်ကို သင် မသိ။ ဤသည်မှာ ပိုင်းခြားသိမြင်နိုင်စွမ်းမဲ့သည့် လူတစ်ဦး မဟုတ်လော။

“ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟုခေါ်သည့် ဓမ္မတေးသီချင်းတစ်ပုဒ် ရှိပြီး ထိုဓမ္မတေးသီချင်းတွင်ရှိသည့် စာကြောင်းတိုင်းသည် လက်တွေ့ကျသော အတွေ့အကြုံမှလာသည့် နားလည်သဘောပေါက်မှုတစ်ခု ဖြစ်သည်။ ထိုဓမ္မတေးသီချင်းသည် လူတို့အတွက် ကြီးမားသည့် အကူအညီ ဖြစ်သည်။ ထိုဓမ္မတေးသီချင်းကို သင်တို့ တစ်ဦးတလေက ကြားဖူးကြသလော။ သီချင်းစာသားများ ကောင်းလေ၊ လူတို့၏ အသက်တာများအတွက် သာ၍ တည်ဆောက်စရာဖြစ်လေ၊ ယင်းတို့ကို လက်ခံရန် သင်တို့ မလိုမလားဖြစ်လေ ဖြစ်သည်။ သင်တို့သည် ထိုသီချင်းစာသားများကို မကြည့် သို့မဟုတ် အလေးတစ်ခုမျှ မထားကြပေ။ ဤကောင်းမွန်သည့် အရာများကို သင်တို့ တန်ဖိုးမထားကြ။ တန်ဖိုးရှိသည့် တစ်စုံတစ်ရာကို မည်သို့ ထိန်းသိမ်းရမည်ကို သင်တို့ မသိကြ။ ထိုအရာကို သင်တို့ ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် သင်တို့၏ လက်ထဲမှ ထိုအရာ လွတ်ထွက်သွားသည်။ သင်တို့အားလုံး အမှန်တကယ် ချွတ်ခြုံကျကာ သနားဖွယ်ဖြစ်လိုက်လေခြင်းပါတကား။ ဤဓမ္မတေးသီချင်းကို စုဝေးပွဲများအတောအတွင်းတွင် အကြိမ်များစွာ ငါ အကြံပြုပြီးဖြစ်သည်။ ထိုသို့သော ဓမ္မတေးသီချင်းများကို ပုံမှန် သီဆိုခြင်းသည် သင်တို့၏ ဝင်ရောက်မှုအပေါ်သို့လည်းကောင်း၊ ဘုရားသခင်၌ သင်တို့၏ ယုံကြည်ခြင်း ကြီးထွားမှုအပေါ်သို့လည်းကောင်း၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံခြင်းကို သင်တို့ ရရှိခြင်းအပေါ်သို့လည်းကောင်း ပံ့ပိုးပေးသည့် သက်ရောက်မှုတစ်ခု ရှိသည်။ ဤသက်ရောက်မှုများက အတိုင်းမသိ ဖြစ်သည်။ ဤသည်မှာ တန်ဖိုးရှိသော ဓမ္မတေးသီချင်းတစ်ပုဒ်ဖြစ်သည်။ ထို့ကြောင့် ငါ အကြံပြုသည့်တိုင် သင်တို့တစ်ဦးကမျှ မသီဆိုကြ။ မည်သည့်အရာက စစ်မှန်မှုဖြစ်ပြီး မည်သည့်အရာက စကားများနှင့် အယူဝါဒများသာဖြစ်သည်ကို သင်တို့ မသိကြသေး။ ထို့ကြောင့် ဤဓမ္မတေးသီချင်းများကို ပို၍ မကြာခဏ သင်တို့ သီဆိုရန် လိုအပ်ပြီး အမှန်တကယ် ခံစားရန် လိုအပ်သည်။ ဤတစ်ခုကို ငါတို့ စိစစ်ကြစို့။

ဓမ္မတေးသီချင်း၏ ပထမဆုံး စာကြောင်းက “ဘုရားသခင်ကို ချစ်ဖို့ ရွေးချယ်လျက်၊ သူအလိုရှိသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်ထံမှ ယူသွားခွင့်ပေးသည်”ဟု ဖော်ပြသည်။ မည်သည့်အရာကို ယူသွားသနည်း။ လူတစ်ဦး၏ အဆင့်အတန်း၊ လူတစ်ဦး၏ မိသားစု၊ လူတစ်ဦး၏ ပုံရိပ်နှင့် လူတစ်ဦး၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။ ယောဘအပေါ် ကျရောက်သည့် စစ်ဆေးမှုများ၏ အရိပ်လက္ခဏာများမှာ အဘယ်အရာများဖြစ်ခဲ့သနည်း။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ (ယောဘ၏ ဥစ္စာပစ္စည်းနှင့် သူ၏ သားသမီးများကို သူ ယူဆောင်သွားခဲ့သည်။) ဘုရားသခင်သည် သူ့ထံမှ အရာရာကို ယူဆောင်သွားခဲ့ပြီး တစ်ခဏချင်းတွင် သူသည် မည်သည့်အရာမျှ မရှိသကဲ့သို့ သူ၏ တစ်ကိုယ်လုံးက အနာစိမ်းများဖြင့် ဖုံးသွားခဲ့သည်။ ဤအရာကို ခံစားခွင့်ကို ပိတ်ပင်ခြင်းဟု ခေါ်သည်။ ခိုင်လုံစွာပြောရလျှင် ခံစားခွင့်ပိတ်ပင်ခြင်းဖြစ်ပြီး ဤလုပ်ရပ်၏ ယေဘုယျ ခြုံငုံသုံးသပ်ချက်မှာ ဘုရားသခင်က ယောဘကို စစ်ဆေးလိုခဲ့ခြင်း ဖြစ်သည်။ ထိုအရာသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး စမ်းသပ်မှုတွင်ရှိသည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်များထဲမှ တစ်ခုမှာ ခံစားခွင့်ပိတ်ပင်ခြင်း ဖြစ်သည်။ ဆက်ဖတ်သွားလျှင် “ဝမ်းနည်းမှု အနည်းငယ်မျှ ရှိသော်လည်း၊ ညည်းညူခြင်း စကားလုံး ကျွန်ုပ် မပြော။” ယင်းသည် လူသား သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) “ဝမ်းနည်းမှု အနည်းငယ်ရှိ။” သင်တို့၏ အမြင်တွင် လူတို့သည် ၎င်းတို့ထံမှ ဘုရားသခင် သိမ်းယူသည့်အခါ အခက်တွေ့ကြသလော။ (အခက်တွေ့ကြပါသည်။) ၎င်းတို့ အခက်တွေ့ကြသည်။ ၎င်းတို့ စိတ်ဆင်းရဲကြသည်၊ ဝမ်းနည်းကြသည်၊ ကူကယ်ရာမဲ့ကြပြီး စိတ်ပျက်အားငယ်ကြသည်။ ၎င်းတို့ ငိုကြွေးချင်ကြသည်၊ ဝုန်းဒိုင်းကြဲကာ ပုန်ကန်ချင်ကြသည်။ ဤဝမ်းနည်းခြင်းအတွက် အသေးစိတ်အချက်များစွာရှိသည်။ ထို့ကြောင့် ဤစကားသည် လက်တွေ့ကျသလော။ (လက်တွေ့ကျပါသည်။) “ညည်းညူခြင်း စကားလုံး ကျွန်ုပ် မပြော။” လူသည် ညည်းညူခြင်းတစ်ချက်မျှ မရှိဘဲနေသလော။ မဖြစ်နိုင်ပေ။ သို့သော် လူတို့သည် ဤကဲ့သို့ တရိပ်ရိပ် ကြိုးပမ်းရန် လိုအပ်သည်။ ဤအရာကို ၎င်းတို့ တွေ့ကြုံရန် လိုအပ်ပြီး ဤသဘောထားမျိုး ခံယူရန် လိုအပ်သည်။ ဤစကားလုံးများတွင် လူတို့အတွက် အပြုသဘောဆောင်သော လမ်းညွှန်မှုတစ်ခုခု ပါရှိသလော။ (ပါရှိပါသည်။) “ညည်းညူခြင်း စကားလုံး ကျွန်ုပ် မပြော။” ညည်းညူမှုများ မရှိခြင်းသည် လူတို့ ဖြစ်သင့်သည့်ပုံစံ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ညည်းညူမှုများ မရှိသင့်ပေ။ လူတို့တွင် ညည်းညူမှုများရှိလျှင် မိမိတို့ကိုယ်ကို သိရှိပြီး ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူသင့်ကြပေ။ ၎င်းတို့ ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို လူ၏ ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်သည်။ လူတို့သည် မညည်းညူသင့်ပေ။ ညည်းညူခြင်းသည် ဘုရားသခင်၏ အမှုနှင့် စမ်းသပ်မှုများကို ပုန်ကန်ခြင်းတစ်မျိုးဖြစ်ပြီး စစ်မှန်သော ကျိုးနွံနာခံခြင်း မဟုတ်ပေ။ နောက်တစ်ကြောင်းက “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့်၊ လူသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ထိုက်တန်ပေ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်မှာ အမှန်တရားတစ်ခုဖြစ်သော်လည်း ဤအမှန်တရားကို ၎င်းတို့ အသိအမှတ်မပြုလျှင် ဤစကားကို ၎င်းတို့ ပြောဆိုနိုင်သလော။ ထိုအရာကို လူတို့က အသိအမှတ်မပြုလျှင် ထိုအရာကို ဝန်ခံကြလိမ့်မည် မဟုတ်။ ၎င်းတို့ ဝန်မခံလျှင် ထိုသို့သောစကားများကို ၎င်းတို့ပြောကြလိမ့်မည် မဟုတ်။ ထို့ကြောင့် ဤစာကြောင်းသည် လူတို့၏ စစ်မှန်သော အတွေ့အကြုံမှ ဆင်းသက်လာပေသည်။ “လူသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ထိုက်တန်ပေ” ဟူသည့် စကားရပ်သည် အတော်လေး ရိုးရှင်ပုံရသော်လည်း ယင်း၏ သွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသဖြင့် ၎င်းတို့က ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်ကြကာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် ထိုက်တန်ကြသည်ဟူ၍ ဖြစ်၏။ ထိုအရာတွင် မည်မျှ ဆင်းရဲဒုက ပါဝင်ပါစေ ထိုက်တန်သည်။ ဘုရားသခင် လုပ်ဆောင်သမျှအားလုံး မှန်ကန်သည်။ ဤစကားလုံးများက လက်တွေ့ကျသလော။ (လက်တွေ့ကျပါသည်။) ဤသည်မှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လိုလိုလားလားလက်ခံနေစဉ်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် လူတို့အတွက် ကယ်တင်ခြင်းဖြစ်ကြောင်းနှင့် ဘုရားသခင်က ဤသို့ ပြုမူဆောင်ရွက်သင့်ကြောင်း အသိအမှတ်ပြုနေစဉ်တွင်ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိခြင်းအပေါ် လုံးဝ စိတ်ခံစားချက်အရအရဖြစ်သော အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဤသည်မှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ဘုရားသခင်၏ အမှုပြုခြင်း နည်းလမ်းအပေါ် ကျိုးနွံနာခံသည့် သဘောထားတစ်ခု ဖြစ်သည်။ လူတို့သည် ဤသဘောထားမျိုး ရှိသင့်ကြသလော။ (ရှိသင့်ပါသည်။) ဧကန်အမှန် ရှိသင့်ကြ၏။ ထို့ကြောင့် ဤဓမ္မတေးသီချင်းကို သီဆိုပြီးနောက်တွင် လူတို့ကို အကျိုးပြုသလော။ (ပြုပါသည်။) မည်သည့်အကျိုးကျေးဇူးကို ယူဆောင်လာသနည်း။ ဤစကားလုံးများကို သင် မသီဆိုလျှင် ဤအမှန်တရားကို သင် သိလိမ့်မည် မဟုတ်။ မည်သည့် အမြင်မျိုး သင် စွဲကိုင်သင့်သည်၊ သင် မည်သို့ ကျိုးနွံနာခံသင့်သည်၊ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျိုးနွံနာခံကာ လက်ခံရန် မည်သည့် သဘောထားမျိုး သင် ခံယူသင့်သည်ဟူသည်တို့ကို သင် သိမည်မဟုတ်ပေ။ သို့သော် ဤဓမ္မတေးသီချင်းကို သင် သီဆိုပြီး ယင်း၏ သီချင်းစာသားများကို တွေးဆလျှင် စကားလုံးများ မည်မျှ ကောင်းမွန်လှသည်ကိုလည်းကောင်း၊ ယင်းတို့ မှန်ကန်သည်ကိုလည်းကောင်း သင် ခံစားမိလိမ့်မည်။ သင်က ထိုစကားများကို “အာမင်”ဟု ဆိုနိုင်ပြီး ယင်းတို့သည် အတွေ့အကြုံမှ အရင်းခံသည်ကို အသိအမှတ်ပြုနိုင်ပေသည်။ ယင်းတို့သည် အဆင့်မြင့်သည့် စကားများဟု ထင်ရသလော။ (မထင်ရပါ။) သို့သော် ယင်းတို့သည် သင့်ကို တက်ကြွပြီး အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခုကို ပေးလျက် အပြုသဘောဆောင်သည့် လမ်းညွှန်မှုကို ယူဆောင်ပေးသည်။ သင့်ထံတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ရှိကြောင်းကို သင် တွေ့ရှိပြီး ဘုရားသခင်က သင့်ကို တရားစီရင်ကာ ပြစ်တင်ဆုံးမသည့်အခါ ယင်းတို့က သင့်အား မှန်ကန်သည့် ရှုထောင့်အမြင်နှင့် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ပေးလိမ့်မည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့်အခါ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့ လက်ခံသင့်ကြောင်းကို ဦးစွာပထမ သင် အသိအမှတ်ပြုရမည်။ ပြောစရာ တစ်ခုမျှ မရှိ။ ဘုရားသခင်နှင့် မငြင်းခုံနှင့်။ သူ၏ ရည်ရွယ်ချက်များကို သင် နားလည်နိုင်သည်ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ ဦးစွာ သင် ကျိုးနွံနာခံရမည်။ အဘယ်သူသည် သင့်အား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိစေခဲ့သနည်း။ အဘယ်သူသည် သင့်အား ဘုရားသခင်ကို အတိုက်အခံဖြစ်စေခဲ့သနည်း။ သင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးခံခြင်း ခံထိုက်သည်။ ဤကျိုးနွံနာခံခြင်းသည် မည်သည့်နေရာမှ လာသနည်း။ ဤသည်မှာ လက်တွေ့ကျသော လမ်းကြောင်းတစ်ခု မဟုတ်လော။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။ တစ်ဦးတစ်ယောက်က ဤသီချင်းစာသားများကို သီဆိုပြီးနောက်တွင် မည်သို့ ခံစားမည်နည်း။ ယင်းတို့သည် အလွန် လက်တွေ့မကျသလော။ ယင်းတို့သည် ကမ္ဘာတုန်လောက်သောအရာ သို့မဟုတ် ထိုမျှအဆင့်မြင့်သောအရာ မဟုတ်။ အတော်လေး သာမန်ဖြစ်သော်လည်း အဖြစ်မှန်တစ်ခုကို သိရှိစေပြီး တစ်ချိန်တည်းတွင် ဤဓမ္မတေးသီချင်းကို သီဆိုသူအားလုံးအား လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ပေးသည်။ ယင်းတို့ကို လှပစွာ ပြင်ဆင်ရေးသားထားခြင်း မရှိနိုင်သော်လည်း လက်တွေ့ကျလေသည်။

နောက်တစ်ကြောင်းကို ကြည့်သည့်အခါ “ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားဖြစ်ပေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အဓိပ္ပါယ် ကောက်လွဲ၍မဖြစ်။” ဤစကားသည် မှန်ကန်သလော။ (မှန်ပါသည်။) ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှန်ကန်သနည်း။ လူအချို့က “‘ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားဖြစ်ပေ’၊ ယင်းသည် သိသာထင်ရှားနေသည် မဟုတ်လော။ အယူဝါဒ မဟုတ်လော”ဟု ပြောကြသည်။ ဤစာကြောင်းက “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အဓိပ္ပါယ် ကောက်လွဲ၍မဖြစ်”ဟူသည့် နောက်တစ်ကြောင်းအတွက် အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်သည်။ ဤစကားရပ်သည် အဘယ်သို့ ဖြစ်လာသနည်း။ မည်သည့် စိတ်နေစိတ်ထားနှင့် မည်သည့် အခြေအနေက ထိုအရာကို ဖြစ်ပေါ်စေသနည်း။ (ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို လူတို့ အမှန်တကယ် ယုံကြည်လျှင် ဘုရားသခင်ကို သူတို့ အဓိပ္ပာယ်ကောက်လွဲကြလိမ့်မည် မဟုတ်ပါ။) ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကြောင်း သင် ခံယူထားသဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အဓိပ္ပာယ်ကောက်မလွဲသင့်ပေ။ သို့ဆိုလျှင် အထင်လွဲမှု ဖြစ်ပေါ်လျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကို အလျင်အမြန် ဘေးဖယ်ပြီး သမ္မာတရား ရှာဖွေလော့။ အယူဝါဒအရ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင် သိသည့်တိုင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အဓိပ္ပာယ်ကောက်လွဲသေးလျှင် ဤတွင် အမှားမှာ မည်သည့်နေရာတွင် ရှိသနည်း။ (သမ္မာတရားကို လက်မခံခြင်း ဖြစ်သည်။) ယင်းမှာ မှန်၏။ ထို့ကြောင့် လူတို့သည် ကျိုးနွံနာခံတတ်သင့်ကာ ဘုရားသခင် ရည်ရွယ်ချက်များကို အဓိပ္ပာယ်ကောက် မလွဲသင့်ပေ။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကြောင်း သင် ခံယူထားသဖြင့်၊ ဤသည်မှာ သင် နားလည်သည့် သဘောတရားတစ်ခု ဖြစ်သဖြင့် တကယ့် အဖြစ်အပျက်များ သင့်အပေါ် ကျရောက်သည့်အခါ အဘယ်ကြောင့် ဘုရားသခင်၏ စိတ်နှလုံးကို သင် အဓိပ္ပာယ်ကောက်လွဲသနည်း။ ဤအရာက သင်သည် ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ဟူသည့် အချက်ကို အမှန်တကယ် လက်မခံသေးကြောင်း သက်သေပြသည်။ သို့ဆိုလျှင် ဤစာကြောင်းက အရိပ်အမြွက်တစ်ခုအဖြစ် အသုံးခံသည် မဟုတ်လော။ ထိုအရာက သင့်ကို မည်သည့်အရာ အဆိုပြုသနည်း။ (ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်ရမည်၊ ဤအချက်ကို ခိုင်မာစွာ ကျွန်ုပ်တို့ အသိအမှတ်ပြုရပါမည်။) ဘုရားနှုတ်ကပတ်တော် မှန်ကန်သည်ကို၊ သမ္မာတရား ဖြစ်သည်ကို သင် ယုံကြည်ရမည်။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ကြောင်း သင် ခံယူထားသည့်အတွက် အဖြစ်အပျက်များ သင့်အပေါ် ကျရောက်သည့်အခါ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ်ဖြစ်စေ၊ ရည်မှန်းချက်အဖြစ်ဖြစ်စေ မခံယူနှင့်။ ထိုအစား ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သင် ကြည့်ရမည်။ ထို့အပြင် ဘုရားသခင်က သင့်ကို စစ်ဆေးလိုသည်မှာ အမှန်တရားဖြစ်သလော။ (ဟုတ်ပါသည်။) ထိုအရာ အမှန်တရားဖြစ်သည်ကို သင် ထိန်းသိမ်းလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အဓိပ္ပာယ်ကောက်လွဲနိုင်သလော။ ထိုသို့သော စကားရပ်များကို သင်က “ဘုရားသခင်က ကျွန်ုပ်ကို ရှုတ်ချတော့မည်လော။ ကျွန်ုပ် ရှုတ်ချခြင်းခံရလျှင်၊ အပြစ်ပေးခြင်းခံရလိမ့်မည်လော။ ဘုရားသခင်က ကျွန်ုပ်ကို သဘောမကျစရာအဖြစ် မြင်ပြီး ဖျက်ဆီးလိမ့်မည်များ ဖြစ်သလော”ဟူသကဲ့သို့ စိတ်ထဲတွင် သင် တွေးဆသည်ဆိုပါစို့။ ဤအရာများက အထင်လွဲခြင်းများသာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့သည် အထင်လွဲခြင်းများသာ ဖြစ်၏။ ထို့ကြောင့် “ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားဖြစ်ပေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အဓိပ္ပါယ် ကောက်လွဲ၍မဖြစ်” ဟူသည့် စာကြောင်းသည် သင်တို့အားလုံးကို တစ်စုံတစ်ရာ နားလည်သဘောပေါက်စေသည် မဟုတ်လော။ သင်တို့အနေဖြင့် သင်တို့၏ အထင်လွဲခြင်းများမှ လွတ်မြောက်ကာ သင့်ကို ဘုရားသခင်ပေးသည့် စမ်းသပ်မှုများ၊ သူ၏ တရားစီရင်ခြင်းနှင့် သူ၏ ပြစ်တင်ဆုံးမမှုတို့ကို လက်ခံသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လက်ခံခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များ မှန်ကန်ကြောင်း၊ သမ္မာတရား ဖြစ်ကြောင်း သင်၏ ခိုင်မာသော အသိအမှတ်ပြုခြင်း ဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး မှားယွင်းသူများမှာ ၎င်းတို့ ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မှန်းဆရန် ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကို အသုံးပြု၍ မရပေ။ ဘုရားသခင်သည် မှားယွင်းခြင်းမရှိ။ ဘုရားသခင် မှားယွင်းခြင်းမရှိဟု သက်သေပြထားသဖြင့် လူတို့သည် သူလုပ်ဆောင်သည့်အရာအားလုံးကို လက်ခံသင့်ကြပေသည်။

ဆက်ဖတ်သွားလျှင် “မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရာတွင် အလွန် မသန့်စင်မှုများစွာ မကြာခဏ ကျွန်ုပ် ရှာတွေ့ပေ။” ဟူ၍ဖြစ်သည်။ ဤမသန့်စင်မှုကို မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် မည်သို့ ခွဲခြားသိမြင်သနည်း။ (လူတို့က သူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည့်အခါတွင် ဖြစ်သည်။) လူတို့က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည့်အခါတွင် ခွဲခြားသိမြင်ရခြင်း ဖြစ်သည်။ ဤသည်မှာ ယင်း၏ တစ်ဖက်ခြမ်းဖြစ်သည်။ ဘုရားသခင်က လူတို့ကို စစ်ဆေးသည့်အခါ၊ လူတို့အတွက် သူ စီစဉ်သည့် အခြေအနေများက ၎င်းတို့ အကြိုက် မဟုတ်သည့်အခါ ၎င်းတို့က “ငါ့ကို ဘုရားသခင် မချစ်တော့သလော။ ဘုရားသခင်သည် ဖြောင့်မတ်သည် မဟုတ်လော။ ဤအရာကို လုပ်ဆောင်ရာတွင် သူ ဖြောင့်မတ်သည် မဟုတ်လော။ သူ၏ လုပ်ရပ်များက သမ္မာတရားနှင့် မကိုက်သကဲ့သို့ သူသည် လူတို့၏ အခက်အခဲများကို ထောက်ထားခြင်းမရှိပါ”ဟု မကြာခဏ တွေးကြသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံ၊ ဘုရားသခင်နှင့် စပ်လျဉ်းသည့် အတွေးများ၊ အယူအဆများ၊ ရှုထောင့်များနှင့် သံသယများ ဖြစ်ပေါ်လျက်၊ ဘုရားသခင်အပေါ် အမြဲ ကျိတ်ကြံစည်နေကြသည်။ ဤအရာများက မသန့်စင်မှုများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာလည်း လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ညွှန်ပြသောအရာတစ်ခု ဖြစ်သည်။ နောက်တစ်ကြောင်းဖြစ်သည့် “ငါ၏ အစွမ်းရှိသမျှဖြင့် မကြိုးပမ်းလျှင်၊ စုံလင်စေခြင်းခံရဖို့ ခက်ခဲကောင်းခက်ခဲနိုင်သည်”တွင် ဤစကားလုံးများသည် ဓမ္မတေးသီချင်းရေးသူ၏ အတွေးများဖြစ်သည်။ ယင်းတို့ကို ဆင်ခြင်သုံးသပ်မှုမှတစ်ဆင့် သူ သတိပြုမိခဲ့ခြင်း ဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင် မသန့်စင်မှုနှင့်ပတ်သက်၍ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမရှိ၊ ဘုရားသခင်ကို အမြဲ အထင်လွဲနေပြီး သူက သမ္မာတရားဖြစ်ကြောင်း နှုတ်ဖြင့်သာ အသိအမှတ်ပြုသော်လည်း အဖြစ်အပျက်များ သင့်အပေါ် ကျရောက်သည့်အခါ သင်၏ ကိုယ်ပိုင် အယူအဆများကို မရမက ဖက်တွယ်ထားသည်၊ ဘုရားသခင်ကို ပုန်ကန်သည်၊ သူနှင့်ပတ်သက်၍ ညည်းညူသည်၊ သူ့ကို အဓိပ္ပာယ်ကောက်လွဲပြီး သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံပေ။ ဤအရာများကို သင် လက်မလွတ်လျှင် စုံလင်ခြင်းခံရဖို့ သင့်အတွက် အလွန် ခက်လိမ့်မည်။ ဆိုလိုသည်မှာ စုံလင်စေခြင်းခံရဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် သမ္မာတရားကို လက်မခံနိုင်သောကြောင့် ဖြစ်သည်။ သင်၏ အမြင်တွင် ဤသီချင်းစာသားများအတွက် လက်တွေ့ကျသော ဘက်ခြမ်း ရှိသည် မဟုတ်လော။ (ရှိပါသည်။) ဤဓမ္မတေးသီချင်း၏ စာကြောင်းတိုင်းတွင် အခြေအနေများကို လူတို့ အမှန်တကယ် တွေ့ကြုံသည့်အခါ ဖြစ်ပေါ်သည့် တကယ့် အခြေအနေများနှင့်ဆိုင်သည့် အသုံးအနှုန်းနှင့် ဖော်ပြချက်များ ပါဝင်သည်။

နောက်တစ်ကြောင်းဖြစ်သည့် “ယနေ့ အခက်အခဲများစွာ ရှိသော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားဖို့မှာ အထူးအခွင့်အလမ်း ဖြစ်ပေ”ဟူသည်ကို ကြည့်ကြစို့။ ဤနေရာတွင် အခက်အခဲများသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်လည်းကောင်း၊ ဂုဏ်အသရေနှင့်လည်းကောင်း ဆက်စပ်နေသည်။ ဤသည်မှာ တကယ့်အတွေ့အကြုံမှ ပေါက်ဖွားသည့် အရာတစ်ခု မဟုတ်လော။ လူတစ်ဦး၏ တကယ့် လုပ်ရပ်များနှင့် အတွေ့အကြုံများမှ ဖြစ်ပေါ်သည့် စစ်မှန်သော ယုံကြည်ခြင်းနှင့် သဘောထားတစ်မျိုး ဖြစ်သည် မဟုတ်လော။ ဤစကားလုံးများကို မမျှော်လင့်ဘဲ ဖန်တီးထားခြင်း မဟုတ်ပေ။ ယင်းတို့သည် စိတ်နေစိတ်ထားတစ်ခု၊ ပတ်ဝန်းကျင်တစ်ခု၊ အဖြစ်အပျက်တစ်ခု၏ နောက်ခံဖြစ်ရပ်မှ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ဤသဘောထားကို သင် အဘယ်သို့ ထင်မြင်သနည်း။ လူတို့သည် အခက်အခဲများကို ကြံ့ကြံ့ခံကြပြီး ဤအခက်အခဲများက လူတို့အား မိမိတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားကို ခံစားခွင့်မပေးဘဲ အခြား အခက်အခဲများကြားတွင် ကြီးမားသည့် စိတ်ဆင်းရဲမှုတစ်ခု ဖြစ်စေလျက် ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို ဆုံးရှုံးမှု ဖြစ်စေသည်။ သို့သော် ဤမျှထိ လုပ်ဆောင်ပြီးဖြစ်သဖြင့် ၎င်းတို့သည် စစ်မှန်သော ယုံကြည်မှုနှင့် ဘုရားသခင်နှင့်ဆိုင်သော သိမြင်မှုတို့ ဖြစ်ပေါ်ကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားခြင်းဖြစ်ကြောင်း၊ ဘုရားသခင်ထံမှ အထူး မျက်နှာသာပေးခြင်း ဖြစ်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို ခက်ခဲစေခြင်း မဟုတ်ကြောင်း ၎င်းတို့ ခံစားမိကြသည်။ ထိုအရာသည် ဂုဏ်ယူစရာတစ်ခုဖြစ်ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို ချစ်ခြင်းဖြစ်သောကြောင့် ဘုရားသခင်က ထိုသို့ ၎င်းတို့ကို ခံစားခွင့်မပေးဘဲထားကာ စစ်ဆေးလျက်၊ ထိုသို့ ၎င်းတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမလျက် ဤသို့ အမှုပြုခြင်းဖြစ်သည်ဟု တွေးကြသည်။ ဤသည်မှာ လူတို့တွင် ရှိသင့်သည့် လက်တွေ့ဘဝ ဆက်စပ်အကြောင်းအရာမှ ဖြစ်ပေါ်သည့် စစ်မှန်သော၊ အပြုသဘောဆောင်သော စိတ်အခြေအနေတစ်ခု ဖြစ်သည်။ မည်သည့် လူစားမျိုးက “ယနေ့ အခက်အခဲများစွာ ရှိသော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားဖို့မှာ အထူးအခွင့်အလမ်း ဖြစ်ပေ”ဟု ပြောမည်နည်း။ “ချစ်လို့”ဟူသည့် ဓမ္မတေးသီချင်းရေးသည့် လူစားမျိုး မဟုတ်ပေ။ ၎င်းတို့ ပြောနိုင်သမျှမှာ နားဝေတိမ်တောင်ဖြစ်သော၊ အနှစ်မဲ့သည့် စကားများ၊ ကြီးကျယ်သော စကားရပ်များနှင့် ဆောင်ပုဒ်များ ဖြစ်သည်။ ၎င်းတို့က “ယနေ့ အခက်အခဲများစွာ ရှိသော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားဖို့မှာ အထူးအခွင့်အလမ်း ဖြစ်ပေ”ဟု ပြောနိုင်ကြမည်လော။ ၎င်းတို့သည် ထိုစကားများကို လှိုက်လှိုက်လှဲလှဲ ပြောနိုင်ကြမည်လော။ ပြောနိုင်မည် မဟုတ်။ ၎င်းတို့ ပြောသမျှမှာ အနှစ်မဲ့သည့် စကားများ၊ ချဲ့ကားထားသော စကားများနှင့် လူတို့ နားထောင်ရန် လိုလားသည့် စကားများဖြစ်ပြီး အဆုံးတွင် ဓမ္မတေးတစ်ပုဒ်အဖြစ် အတူတကွ စုစည်းပြင်ဆင်ပြီး မိမိတို့ကိုယ်ကို အတော်လေး စွမ်းဆောင်နိုင်ကာ လိမ္မာပါးနပ်သည်ဟု တွေးထင်ကြလေသည်။ ငါ၏ အမြင်တွင် ထိုသီချင်းစာသားများတွင်ရှိသည့် စကားတစ်လုံးမျှသည် မည်သည့် တန်ဖိုးမျှ မရှိပေ ယင်းတို့သည် အဓိပ္ပာယ်မဲ့သော အရာချည်းသာဖြစ်သည်။ ယင်းတို့ကို ဖျက်ပစ်သင့်ပြီး အနာဂတ်တွင် ထိုသို့သော ဓမ္မတေးသီချင်းများကို မည်သူကိုမျှ သီဆိုခွင့်မပေးသင့်ပေ။ သင်တို့ သီဆိုလိုလျှင် စစ်မှန်သည့်၊ အူလှိုက်သည်းလှိုက်ဖြစ်သော စကားများပါရှိသည့် “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသကဲ့သို့သော ဓမ္မတေးသီချင်းများကို သီဆိုသင့်သည်။ ဤစကားလုံးများသည် လူတို့အတွက် တည်ဆောက်စရာ ဖြစ်ကြ၏။

ပထမအပိုဒ်၏ နောက်ဆုံး စာကြောင်းက “အခက်အခဲမှတဆင့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် သင်ယူမိ” ဟု ဖော်ပြသည်။ ဆိုလိုသည်မှာ လူတို့ကို ကျိုးနွံနာခံခြင်း သွန်သင်ပေးသည်မှာ အခက်အခဲ ဖြစ်သည်။ ထို့နောက် “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟု ဖော်ပြသည်။ ဤစာကြောင်းသည် အကြောင်းအရာနှင့် အမှန်တကယ် ဆီလျော်သည်။ ဤသည်မှာ ဤအရာအားလုံးကို ကြုံတွေ့ခြင်းအားဖြင့် ရရှိသည့် နောက်ဆုံး သိနားလည်ခြင်းနှင့် အတွေ့အကြုံ ဖြစ်သည်။ အတိအကျဆိုရလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့ကို ကယ်တင်ရန် ဖြစ်သည်။ လူတို့ နားလည်သင့်သည့်အရာမှာ လူတို့အတွက် ဘုရားသခင်၏ စိတ်နှလုံးသည် အကောင်းဆုံးဖြစ်ပြီး သူ လုပ်ဆောင်သမျှတိုင်းက ၎င်းတို့အတွက် အကျိုးရှိသည်ဟူ၍ ဖြစ်၏။ သူ လုပ်ဆောင်သည့်အရာသည် လူတို့ကို သောကရောက်စေရန် သို့မဟုတ် စိတ်အနှောင့်အယှက်ပေးရန် မဟုတ်ဘဲ ထို့ထက် ၎င်းတို့ကို သန့်စင်စေရန် ဖြစ်သည်။ ယင်းမှာ ဓမ္မတေးသီချင်းရေးသူက လှိုက်လှိုက်လှဲလှဲ ပြောနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ မည်သည့် စိတ်နှလုံးမျှသည် ဘုရားသခင်၏ စိတ်နှလုံးထက် သာ၍ မကောင်းပေ။ ဤသည်မှာ လူ့သဘာဝနှင့်ဆိုင်သော အသုံးအနှုန်း ဖြစ်သည်။ အတွေ့အကြုံနှင့် သိနားလည်မှု ပမာဏ တစ်ခုခုမရှိဘဲ၊ ဘုရားသခင်၏ အမှုတော်၊ လူတို့ကို ကယ်တင်သည့် သူ၏ နည်းလမ်း၊ ဤတိကျသည့် အသေးစိတ် အချက်များနှင့်ဆိုင်သည့် အတွေ့အကြုံနှင့် သိနားလည်မှုမရှိဘဲ တစ်စုံတစ်ဦးက “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသကဲ့သို့သော စကားများကို ပြောဆိုနိုင်သလော။ လုံးဝ မမြွက်ဆိုနိုင်ပေ။ “အခက်အခဲမှတဆင့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် သင်ယူမိ”ဟူသည့် စကားရပ်ကို တစ်ဖန် ကြည့်လော့။ ဤစာကြောင်းတွင် လက်တွေ့ကျသည့် ဘက်ခြမ်း ရှိသလော။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးနောက်တွင် လူတို့ ရရှိသည့် သို့မဟုတ် အကျိုးခံစားရသည့် အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အခက်အခဲမှာ အဘယ်နည်း။ ထိုအရာသည် စားဖို့ အလုံအလောက် မရှိခြင်း၊ ဝတ်ဖို့ အလုံအလောက်မရှိခြင်း၊ သို့မဟုတ် ထောင်ဒဏ်နှင့်ဆိုင်သည့် အခက်အခဲများကို တွေ့ကြုံခြင်းတို့အား ဆိုလိုသလော။ ထိုအရာသည် ဤပုံစံများဖြင့် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို မရည်ညွှန်းပေ။ ထို့ထက် သမ္မာတရား၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် အပင်ပန်းခံသော ဂရုစိုက်ခြင်းနှင့် စပ်လျဉ်း၍ လူတို့က ၎င်းတို့၏ စိတ်နှလုံးများတွင် တွေ့ကြုံသည့် ရုန်းကန်ကြိုးစားမှုတစ်ခု ဖြစ်သည်။ ဤအရာကို တွေ့ကြုံပြီးနောက်တွင် လူတို့သည် ၎င်းတို့၏ မျှော်လင့်ချက်အရ ၎င်းတို့၏ စိတ်နှလုံးထဲတွင် များစွာ ဆင်းရဲဒုက္ခခံစားရပြီးဖြစ်သည်ဟု ခံစားကြသည်။ နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ သိနားလည်သွားကြသည်၊ ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံသင့်ကြောင်း သိကြသည်၊ ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံရမည်ကို သင်ယူကြပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာနှင့်ဆိုင်သည့် နက်ရှိုင်းသော အတွေ့အကြုံတစ်ခုကို ဆည်းပူးရရှိကြကာ ထို့နောက်တွင်မှ ၎င်းတို့က၊ “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟု ပြောနိုင်ကြလေသည်။ လူအများစုသည် ထိုသို့သော စာကြောင်းတစ်ကြောင်းကို မပြောဆိုနိုင်ကြပေ။ ဤဓမ္မတေးသီချင်းကို ငါနှစ်သက်သည်။ ဤဓမ္မတေးသီချင်းမျိုးကို ငါ နှစ်သက်သည်။ ဤဓမ္မတေးသီချင်းကို သင်တို့ မကြာခဏ သီဆိုလျှင် သင်တို့အတွက် လုံးဝ အထောက်အကူ ဖြစ်လိမ့်မည်။ ထိုအရာတွင်ရှိသည့် စာကြောင်းတိုင်းသည် သင်တို့၏ နေ့စဉ်အသက်တာတွင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် ချုပ်ထိန်းသော သက်ရောက်မှုတစ်ခု ရှိသည်။ သင်တို့၏ လက်တွေ့ကျသော အတွေ့အကြုံနှင့် သမ္မာတရား စစ်မှန်မှုထဲသို့ သင်တို့၏ ဝင်ရောက်မှုအတွက် လမ်းညွှန်လည်းဖြစ်သလို အကူအညီတစ်ခုလည်း ဖြစ်သည်။ သင်တို့အားလပ်သည့်အခါ ဤတေးသီချင်းစာသားများကို မကြာခဏ ပိုမို၍ ဖတ်ရှုခြင်းသည် သင်တို့အတွက် ကောင်းလိုက်လေခြင်းပါတကား။ အခြေအနေ သို့မဟုတ် ဆက်စပ်အကြောင်းအရာ တစ်ခုခုအားဖြင့် မြွက်ဆိုထားခြင်းမရှိသည့် စာကြောင်းတစ်ခုတလေ ဤဓမ္မတေးသီချင်းတွင် ရှိသလော။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုခုထဲသို့ ဝင်ရောက်ခြင်း မပါဝင်သည့် စာကြောင်းတစ်ခုတလေ ရှိသလော။ စာကြောင်းတိုင်းတွင် ပါဝင်သည်။ ယင်းတို့တစ်ခုမျှ အနှစ်မဲ့သော စကားများ မပါရှိပေ။ “ဘုရားသခင်ကို ချစ်ဖို့ ကျွန်ုပ် ရွေးချယ်ခဲ့သော်လည်း ကျွန်ုပ်၏ ချစ်ခြင်းက ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် ရောပေသည်”ဟူသည့် နောက်ဆုံး စာကြောင်းအနည်းငယ်ကို ကြည့်လော့။ ဘုရားသခင်ကို ချစ်ရန် ရွေးချယ်ခြင်းသည် ကျယ်ပြန့်သည့်၊ ယေဘုယျဖြစ်သည့်၊ အယူအဆဆိုင်ရာ စကားတစ်ခု ဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်း၊ မိမိတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အတွက် မိမိ၏ အသက်တာကို အသုံးခံခြင်းဟု အမှန်တကယ် ဆိုလိုသည်။ ယင်းကို ဤနေရာတွင် “ဘုရားသခင်ကိုချစ်ဖို့”ဟူသည့် စကားရပ်ဖြင့် အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြထားသည်။ လူတို့က ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများဖြင့် ရောနေဆဲဖြစ်သည်ဟု ခံစားကြသည်။ မိမိတို့ကိုယ်ကို သိရှိခြင်းနှင့် သမ္မာတရားနှင့်ဆိုင်သော အတွေ့အကြုံ တစ်ခုမျှမရှိဘဲ အဘယ်သူသည် ထိုသို့သော စကားရပ်တစ်ခုကို ပြောဆိုနိုင်မည်နည်း။ သင်တို့ မုချ ပြောဆိုနိုင်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထိုအတွေ့အကြုံ ကင်းမဲ့ကြသောကြောင့် ဖြစ်သည်။ ဆက်လက်၍ “ပေတရု၏ စိတ်ဝိညာဉ်ကဲ့သို့ စိတ်ဝိညာဉ်တစ်ခု ရရှိဖို့ ကျွန်ုပ်ကြိုးပမ်းရမည်”ဟု ဆိုသည်။ ဓမ္မတေးသီချင်းရေးသူ၏ ရည်မှန်းချက်မှာ ပေတရုကဲ့သို့ဖြစ်ရန် ဖြစ်သည်။ သင်တို့သည်လည်း စံအမှတ်တစ်ခုနှင့် ရည်မှန်းချက်တစ်ခု သတ်မှတ်ပြီးဖြစ်သည်။ သင်တို့သည်လည်း ပေတရုကဲ့သို့ ဖြစ်လိုကြသည်။ ထို့ကြောင့် သင်တို့၏ လမ်းကြောင်းမှာ အဘယ်နည်း။ သင်တို့သည်လည်း ကြိူးပမ်းရမည်ဖြစ်သည်။ သို့သော် “ကျွန်ုပ်၏ ချစ်ခြင်းက ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် ရောပေသည်”ဟူသည့် စကားရပ်ကို သင်တို့ ပြောဆိုနိုင်သလော။ သင်၏ ချစ်ခြင်းမေတ္တာက သင်၏ကိုယ်ပိုင် စိတ်ကူးများဖြင့် ရောခြင်းသည် မည်သည့်အရာ ဆိုလိုသည်ကိုပင် သင်မသိလျှင် ပေတရု၏ စိတ်ဓာတ်ကဲ့သို့သော စိတ်ဓာတ်တစ်ခုကို သင် မည်သို့ ရရှိလိမ့်မည်နည်း။ ဤစကားရပ်အတွက် လက်တွေ့ကျသော အမြင်တစ်ခု ရှိ၏။ ဆက်ဖတ်သွားလျှင် သာ၍ပင်ကောင်းသည်။ “ကျွန်ုပ်၏ ချစ်ခြင်းကို ဘုရားသခင် မည်သို့ လက်ခံပါစေ၊ ကျွန်ုပ်၏ တစ်ခုတည်းသော စိတ်ဆန္ဒက ကိုယ်တော့်ကို စိတ်ကျေနပ်ဖို့ပင်။” ဤသည်မှာ လူတို့က အခက်အခဲများနှင့် စမ်းသပ်မှုများ တွေ့ကြုံပြီးနောက်တွင် မိမိတို့ကိုယ်ကို တောင်းဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်သည့် သဘောထားတစ်ခု၊ ဘုရားသခင်ကို ကျိုးနွံနာခံကာ သမ္မာတရားကို လိုက်စားသည့် သဘောထားတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဆောင်ခြင်းသည် မိမိစွမ်းဆောင်ရရှိနိုင်သည့် အတိုင်းအတာကို ပဓာနမထားဘဲ မိမိ၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိပြီးခြင်း ဖြစ်သည်။ ဤစကားလုံးများအတွက် လက်တွေ့ကျသည့် အမြင်တစ်ခု ရှိသည်။ ယင်းတို့ကို ဖတ်ရှုပြီးနောက်တွင် သင်တို့ ခွန်အားရကာ လှုံ့ဆော်ခြင်းခံရသလော။ (လှုံ့ဆော်ခြင်းခံရပါသည်။) ယင်းတို့ကို ဖတ်ရှုပြီးနောက်တွင် လူတို့ကို ရည်မှန်းချက်တစ်ခု၊ တွန်းအားတစ်ခု၊ ဦးတည်ချက်တစ်ခု ပေးသည်။ တစ်ခါတစ်ရံ လူတို့က ၎င်းတို့ မည်သို့ ပြုမူဆောင်ရွက်သည်ဖြစ်စေ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်းမရှိဟု ခံစားပြီး အပျက်သဘောဆောင်ခြင်းထဲသို့ ထိုးကျသွားသည်။ သို့သော် ဤစကားများကို ၎င်းတို့ ဖတ်ရှုကာ လူတို့အပေါ် ဘုရားသခင် များစွာ မတောင်းဆိုသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က “ငါလုပ်ဆောင်ရမည့်အရာဟူသမျှမှာ ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ အခြား မည်သည့်အရာကိုမျှ ငါ မတောင်းဆိုပါ။ ငါ၏ ဇာတိပကတိဆိုင်ရာ လိုအင်ဆန္ဒများနှင့် နှစ်သက်မှုများကို လက်လွှတ်ရန်နှင့် ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်ဆောင်ရန်သာ ငါ ကြိုးစားသည်။ ယင်းမှာ လုံလောက်သည်”ဟူ၍ တွေးတောကြသည်။ အဆုံးတွင် အားလုံးက “ယနေ့ အခက်အခဲများစွာ ရှိသော်လည်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားဖို့မှာ အထူးအခွင့်အလမ်း ဖြစ်ပေ။ အခက်အခဲမှတဆင့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် သင်ယူမိ။ ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသည့် စကားလုံးများကသာ အဓိကအကျဆုံးဖြစ်ပေသည်။ ဤစကားလုံးများက အတော်လေး လက်တွေ့ကျပေသည်။

ခြုံကြည့်သော် “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ” ဟူသည့် ဓမ္မတေးသီချင်းသည် စစ်မှန်သော အတွေ့အကြုံကို ပြောသည်။ ဘုရားသခင်၏ အမှုတော်၊ သူ၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် စမ်းသပ်မှုများကို တွေ့ကြုံပြီးနောက်တွင် လူတို့သည် ကျိုးနွံနာခံရန် သင်ယူကြသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာကြပြီး သူ၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍ မကောင်းသည်ကို သိကြသည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်သော သွင်ပြင်လက္ခဏာတစ်ခုဖြစ်ပြီး လူတို့ တွေ့ကြုံသည့်အရာ ဖြစ်သည်။ လူတို့ အသိအမှတ်ပြုသင့်သည့်အရာလည်း ဖြစ်သည်။ သင်တို့သည် လက်တွေ့ကျသော အတွေ့အကြုံနှင့်လည်းကောင်း၊ အသိပညာနှင့်လည်းကောင်း သက်ဆိုင်သည့် ဤသီချင်းစာသားများကို သံစဉ်ညှိကာ မကြာခဏ သီဆိုလျှင် ယင်းတို့က သင်တို့ကို ကောင်းကျိုးများစွာ ပြုလိမ့်မည်။ တစ်နည်းအားဖြင့် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော ဓမ္မတေးသီချင်းများကို သီဆိုခြင်းသည် လူတို့အား သမ္မာတရားကို သာ၍နားလည်ရန်နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ သာ၍ လျင်မြန်စွာ ဝင်ရောက်ရန် ကူညီနိုင်သည်။ နောက်တစ်နည်းအားဖြင့် စစ်မှန်မှုရှိသည့် လူတို့ ရေးသားထားသော ဤအတွေ့အကြုံဆိုင်ရာ ဓမ္မတေးသီချင်းများကို သီဆိုခြင်းအားဖြင့် သင်တို့၏ အတွေ့အကြုံနှင့် သိနားလည်မှုတို့ သာ၍ လျင်မြန်စွာ တိုးတက်လိမ့်မည်။ ဤသည်တို့မှာ လူတို့တွင် အတွေ့အကြုံအချို့ရှိပြီးနောက် ချရေးထားသည့် ထိုးထွင်းအမြင်များနှင့် သိနားလည်မှုများဖြစ်ပြီး ယင်းတို့တွင် လူတို့ ရှိသင့်သည့် လမ်းကြောင်းနှင့် ဝင်ရောက်မှု ဦးတည်ချက်တို့လည်း ပါဝင်သည်။ ယင်းတို့သည် သင်တို့အတွက် ရရှိနိုင်သော အသင့်ပြင်ဆင်ထားသည့်အရာ ဖြစ်ပြီး သင်တို့အဖို့ ကြီးမားသော အကူအညီ ဖြစ်လိမ့်မည်။ ထိုသို့သော အတွေ့အကြုံဆိုင်ရာ သီချင်းစာသားများကို တွဲဖက်ရန် တေးဂီတကို သင်တို့ အဘယ်ကြောင့် မရေးသားကြသနည်း။ အဘယ်ကြောင့် အနှစ်မဲ့သည့်၊ လက်တွေ့မကျသကဲ့သို့ ရိုးအီနေသော သီချင်းစာသားများအတွက် တေးဂီတကို သင်တို့ အမြဲ ရေးဖွဲသီကုံးကြသနည်း။ သင်တို့သည် အလွန် ပိုင်းခြားသိမြင်ခြင်း မရှိကြ၊ မည်သည့်အရာက ကောင်းမွန်သည့် ဓမ္မတေးသီချင်းတစ်ပုဒ် ဖြစ်စေသည်ကို သင်တို့ မသိကြ။ သင်တို့ အလွန် စိတ်ပျက်ဖွယ်ဖြစ်လှပါတကား။ ဤအတွေ့အကြုံဆိုင်ရာ ဓမ္မတေးသီချင်းများက လူတို့ကို အလွန် ကောင်းကျိုးများစွာ ပြု၏။ ဤလက်တွေ့ကျသော စကားလုံးများကို ပုံမှန် သီဆိုခြင်းက ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို သိသာစွာ အကူအညီပေးလျက် ယင်းတို့ကို မိမိ၏ စိတ်နှလုံးတွင် စွဲထင်ကျန်စေသည်။ သင်တို့သည် ကျေးဇူးတော်ခေတ်၏ အဆင့်များဖြစ်သည့် ဘုရားသခင်၏ ကျေးဇူးတော်၊ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏ ကောင်းချီးများအပြင်၊ သူ၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ချီးမွမ်းခြင်းတွင် အစဉ်အမြဲ ပိတ်မိနေလျှင် သမ္မာတရား စစ်မှန်မှုထဲသို့ သင်တို့ တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်နိုင်လိမ့်မည်လော။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် အခြေအနေတို့သည် အလွန် သနားစရာကောင်းလောက်အောင် သေးငယ်နေသည်၊ အပေါ်ယံ အဆင့်တစ်ခုတွင် အမြဲ ပိတ်မိနေသည်။ သင်တို့ကို လမ်းပြရန် ကောင်းမွန်သည့် ဓမ္မတေးသီချင်းအချို့ မရှိဘဲ သမ္မာတရား စစ်မှန်မှုထဲသို့ သင်တို့ဘာသာ ဝင်ရောက်ရန် အလွန် ပင်ပန်းရလိမ့်မည်။ “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသည့် ဓမ္မတေးသီချင်းကို ကြည့်လော့၊ သင်၏ အားလပ်ချိန်တွင် ဤဓမ္မတေးသီချင်းကို ဆုတောင်းရင်းဖြင့်ဖတ်ရှုလော့။ ယင်းတွင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် သင့်ကို လမ်းပြကာ ကူညီမည့် လမ်းကြောင်းတစ်ခု ပါရှိ၏။ သင့်အနေဖြင့် မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခုရှိရန်အလို့ငှာ မှန်ကန်သည့် ဦးတည်ချက်တစ်ခုကို သင့်အား ပေးနိုင်သည်။ မှန်ကန်သည့် ရှုထောင့်အမြင်အချို့မှာ အဘယ်နည်း။ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့်၊ လူသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ထိုက်တန်ပေ။” ဤသည်မှာ လူတို့ ရှိသင့်သည့် မှန်ကန်ပြီး ဖြူစင်သော ရှုထောင့်အမြင်မျိုးဖြစ်သည် မဟုတ်လော။ ထို့အပြင် “ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားဖြစ်ပေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အဓိပ္ပါယ် ကောက်လွဲ၍မဖြစ်”ဟူသည့် စကားများသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဧကန်အမှန်ပင် ယင်းတို့ကို သင် လက်ခံရမည်။ ယင်းတို့ကို သင် စိတ်ဝင်စားကာ တွေ့ကြုံရမည်ဖြစ်ပြီး အဖြစ်အပျက်များ သင့်အပေါ် ကျရောက်သည့်အခါ နင်းလျှောက်ရမည့် လမ်းကြောင်းတစ်ခု သင့်အတွက် ရှိလိမ့်မည်။ ဤစကားလုံးများသည် သင်၏ လုပ်ရပ်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် ဦးတည်ချက်တစ်ခု ဖြစ်လာလိမ့်မည်။ ထို့နောက် “ငါ၏ အစွမ်းရှိသမျှဖြင့် မကြိုးပမ်းလျှင်၊ စုံလင်စေခြင်းခံရဖို့ ခက်ခဲကောင်းခက်ခဲနိုင်သည်”ဟူသည့်အရာ ရှိသည်။ ဤအရာကလည်း မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခုကို ကိုယ်စားပြုသည်။ “အခက်အခဲမှတဆင့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် သင်ယူမိ။ ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသည်မှာ အဘယ်သို့နည်း။ ဤသည်မှာ ရှိသင့်သည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) သေချာစွာ ကြည့်လော့။ ဤနေရာတွင် စာကြောင်းတစ်ကြောင်းမျှသည် အနှစ်မဲ့သော စကား သို့မဟုတ် စကားများနှင့် အယူဝါဒများသက်သက် မဟုတ်ပေ။ အားလုံးက စစ်မှန်သည့် အတွေ့အကြုံမှ ပေါက်ဖွားလာသော သိနားလည်မှုနှင့် ထိုးထွင်းအမြင်တို့ကို ပြောသည်။ ယခုလေးတင်က “ချစ်လို့” ဟူသော ဓမ္မတေးသီချင်းနှင့် ယှဉ်ကြည့်လျှင် မည်သည့်အရာက လက်တွေ့ကျသည်ဟု သင်တို့ ထင်သနည်း။ လက်တွေ့ကျသည့်အရာကို ထိန်းသိမ်းသင့်စဉ်တွင် အနှစ်မဲ့သည့်အရာကို ဖယ်ရှားရှင်းလင်းကာ စွန့်ပစ်သင့်ပေသည်။ ထိုအရာကို အားမပေးသင့်ပေ။ အချို့က “ထိုဓမ္မတေးသီချင်းများ သီဆိုရသည်ကို ကျွန်ုပ် ကျင့်သားရလာပြီးဖြစ်သည်။ ယင်းတို့သည် ကျွန်ုပ်၏ စိတ်နှလုံးထဲ ဝင်ရောက်ပြီးဖြစ်ကာ ယင်းတို့မရှိဘဲ ကျွန်ုပ် မနေနိုင်ပါ”ဟု ပြောကြသည်။ ယင်းတို့မရှိဘဲ သင် မနေနိုင်လျှင် ဆက်၍ ဆက်သီဆိုပါလေ။ အနှစ်နှစ်ဆယ်ကြာ သီဆိုပြီးနောက်တွင် သင် မည်သည့်အရာ ရရှိပြီးဖြစ်သည်၊ သမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်ခြင်း ရှိမရှိဟူသည်တို့ကို ငါ ကြည့်မည်။ “ဘုရားသခင်၏ စိတ်နှလုံးထက် မည်သည့် စိတ်နှလုံးမျှ သာ၍မကောင်းပေ”ဟူသည့် ဓမ္မတေးသီချင်းကို သင် သီဆိုလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သီဆိုပြီးသည်နှင့် သင်၏ စိတ်နှလုံးကို ဆွဲဆောင်လိမ့်မည်။ တစ်လ သို့မဟုတ် နှစ်လ သီဆိုပြီးနောက်တွင် သင်၏ အခြေအနေသည် အတိုင်းအတာတစ်ခုထိ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ ယင်း၏ စကားလုံးများကို လှိုက်လှိုက်လှဲလှဲ သင် အမှန်တကယ် လက်ခံလျှင် သင်၏ အတွင်းပိုင်း အခြေအနေ ကွဲပြားလိမ့်မည် ဖြစ်ကာ ထိုအခြေအနေကို သင် လုံးဝ ပြောင်းလဲစေပြီး ဖြစ်လိမ့်မည်။ အနှစ်မဲ့သည့် သဘောတရားများနှင့် အဓိပ္ပာယ်မဲ့သော အရာများနှင့်ဆိုင်သည့် ထိုဓမ္မတေးသီချင်းများကို သင့်တစ်ဘဝလုံး သီဆိုနိုင်သည်။ သို့သော် ထိုအရာက အသုံးဝင်လိမ့်မည် မဟုတ်။ ထိုအနှစ်မဲ့ပြီး အပေါ်ယံဆန်သော ဓမ္မတေးသီချင်းများကို သီဆိုခဲ့ကြပြီး မိမိတို့ တစ်ဘဝလုံး သီဆိုသော်လည်း သမ္မာတရား မရရှိခဲ့ကြသည့် ကျေးဇူးတော်ခေတ်တွင်ရှိသော လူများကဲ့သို့ပင် ထိုအရာသည် အချိန်ဖြုန်းခြင်းတစ်ခုသာ ဖြစ်သည်။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

အရှေ့သို့- မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။