သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ကောက်နုတ်ချက် (၁)

ဘုရားသခင်ဖော်ပြသော နှုတ်ကပတ်တော်များသည် သမ္မာတရား အမှန်တကယ်ဖြစ်ကြောင်း မြင်လာသောအခါ လူအချို့သည် ဘုရားသခင်ကို ယုံကြည်လာကြသည်။ သို့သော် သူတို့သည် ဘုရားသခင်၏အိမ်တော်သို့ ရောက်ပြီး ဘုရားသခင်သည် သာမန်လူတဦးဖြစ်ကြောင်းကို မြင်သောအခါ သူတို့၏စိတ်နှလုံးများထဲတွင် အယူအဆများ ဖြစ်ပေါ်လာကြသည်။ သူတို့၏စကားလုံးများနှင့် လုပ်ဆောင်မှုများသည် အထိန်းအချုပ်မရှိ ဖြစ်လာကြသည်၊ သူတို့သည် အပျော်အပါး လိုက်စားလာကြပြီး တာဝန်မဲ့စွာ ပြောဆို၍ သူတို့ ဝေဖန်ပြီး အသရေဖျက်ကြသည်။ ဤသည်မှာ ထိုကဲ့သို့သောဆိုးသွမ်းယုတ်မာသည့်လူတို့ကို မြင်သာစေသည့်နည်းလမ်းဖြစ်သည်။ ထိုလူ့သဘာဝ မရှိသော သတ္တဝါများသည် မကောင်းမှုကို မကြာခဏ ပြုကြပြီး အသင်းတော်၏အလုပ်များကို နှောင့်ယှက်ကြသည်၊ သူတို့ထံ ကောင်းကျိုးတစုံတရာ မရောက်နိုင်ပါ။ သူတို့သည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်၍ အသရေဖျက်ကာ ဝေဖန်ကြပြီး စော်ကားကြသည်၊ ပြောင်ပြောင်တင်းတင်း ဘုရားကိုပြစ်မှားကြပြီး ဘုရားနှင့် ဆန့်ကျင်ဘက်ပြုကြသည်။ ထိုကဲ့သို့သောလူများသည် ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူကြရမည့်သူများဖြစ်သည်။ အချို့လူများသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အဆင့်တူဖြစ်ပြီး နှင်ထုတ်ခံရပြီးနောက်တွင် သူတို့သည် ဘုရားသခင်အပေါ် အဆက်မပြတ် ဒေါသထွက်နာကြည်းကြသည်။ သူတို့သည် သူတို့၏အယူအဆများကို ဆက်ဖြန့်ရန်နှင့် သူတို့၏မကျေနပ်ချက်များကို ပြောဆိုထုတ်ဖော်ရန် စုဝေးရသည့် အခွင့်အရေးကို အမိအရ အသုံးချကြသည်။ မည်သည့် ကြမ်းတမ်းသောစကားလုံးများကိုမဆို၊ သို့မဟုတ် သူတို့၏အမုန်းတရားကို ထွက်ပေါက်ပေးသည့် စကားလုံးများကိုပင် မစဉ်းမစားပြောထွက်ကြသည်။ ထိုကဲ့သို့သောလူများသည် မကောင်းဆိုးဝါးများ မဟုတ်လော။ ဘုရားသခင်၏အိမ်တော်မှ ရှင်းလင်းခံရပြီးနောက် သူတို့သည် မိုက်မဲမိသည့် တစ်ခဏအတွင်းတွင် အမှားတခုခုကို ပြောမိလေပြီဟုဆိုကာ နောင်တရကြသည်။ လူအချို့က သူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ "သူတို့က တော်တော် သနားစရာကောင်းတယ်၊ ရင်ထဲကနေ နောင်တရနေကြပါပြီ။ ဘုရားသခင်ကို သူတို့ အကြွေးတင်နေပြီ၊ ဘုရားသခင်ကို သူတို့ မသိဘူးလို့ သူတို့ပြောတယ်၊ ဒါကြောင့် သူတို့ကို ခွင့်လွှတ်လိုက်ကြရအောင်ပါ" ဟု ပြောကြသည်။ ထိုသို့ လွယ်လွယ်နှင့် ခွင့်လွှတ်ပေး၍ ရပါသလား။ ဘုရားသခင်ကို မဆိုထားနှင့်၊ လူများတွင် သူတို့၏ဂုဏ်သိက္ခာ ရှိကြသည်။ ထိုလူများ ဘုရားကိုပြစ်မှား၊ အသရေဖျက်ပြီးနောက် သူတို့ကို ခွင့်လွှတ်ပေးပြီး မိုက်မဲမိတဲ့ တစ်ခဏအတွင်းမှာ သူတို့ အမှားလုပ်မိကြရှာသည်ဟုဆိုသည့် လူအချို့၏စိတ်ထဲတွင် သူတို့သည် နောင်တရသယောင်ရှိကြသည်။ သို့သော် ထိုအချိန်သည် မိုက်မဲမိသည့်တစ်ခဏ ဟုတ်ပါ၏လော။ သူတို့ပြောသည့်စကားတွင် ရည်ရွယ်ချက်တချို့ အမြဲရှိကြသည်၊ သူတို့သည် ဘုရားသခင်ကိုပင် ဝေဖန်အပြစ်တင် ရဲကြပေသည်။ ဘုရားသခင်၏အိမ်တော်က သူတို့ကို အစားထိုးခဲ့သည်၊ ထို့နောက် အဆင့်အတန်း၏အကျိုးကျေးဇူးများကို သူတို့ ဆုံးရှုံးသွားခဲ့သည်။ ဖယ်ရှားခံရမည်ကို ကြောက်ရွံ့သောကြောင့် မကျေနပ်ချက်များစွာကို ပြောဆိုရင်း ခါးသီးစွာ ငိုကြွေးလျက် နောက်ပိုင်းတွင် နောင်တရကြသည်။ ဤသည်က ကောင်းကျိုးတစုံတရာကို ပေးပါသလား။ သင်၏စကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရေကို မြေကြီးပေါ် လောင်းချလိုက်သကဲ့သို့ ပြန်အဖတ်ဆယ်၍မရနိုင်တော့ပေ။ လိုသလို ဆန့်ကျင်တတ်သော၊ ဝေဖန်အပြစ်တင်သော၊ သူ့ကို ပြစ်မှားစော်ကားသော လူများကို ဘုရားသခင်က သည်းခံပါမည်လော။ လျစ်လျူရှုထားလိုက်မည်လော။ ထိုသို့ဆိုလျှင် ဘုရားသခင်တွင် ဂုဏ်သိက္ခာရှိတော့မည် မဟုတ်ပေ။ အချို့လူများက ဆန့်ကျင်ပြီးနောက်တွင် "ဘုရားသခင်၊ ကိုယ်တော်၏အဖိုးတန်သွေးတော်က ကျွန်ုပ်ကို ရွေးနုတ်တော်မူပါသည်။ ကိုယ်တော်က ကျွန်ုပ်တို့ကို လူများအား အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် ခွင့်လွှတ်ရမည်ဆိုသည်။ ကိုယ်တော်သည်လည်း ကျွန်ုပ်အား ခွင့်လွှတ်တော်မူသင့်ပါသည်"ဟု ပြောကြသည်။ အရှက်မဲ့လိုက်လေခြင်း။ လူအချို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ကောလာဟလများကို ဖြန့်ကြသည်၊ သူ့အား အသရေဖျက်ပြီးနောက်တွင် ကြောက်လာကြသည်။ အပြစ်ပေးခံရမည်ကို ကြောက်သည့်အတွက် သူတို့သည် အလျင်အမြန် ဒူးထောက်လျက် "ဘုရားသခင်! ကျွန်ုပ်ကို မထားခဲ့ပါနှင့်။ ကျွန်ုပ်ကို အပြစ်မပေးပါနှင့်၊ ကျွန်ုပ် ဝန်ခံပါသည်၊ ကျွန်ုပ် နောင်တရပါပြီ။ ကိုယ်တော့်ထံ ကျွန်ုပ် အကြွေးတင်နေပါပြီ။ ကျွန်ုပ် မှားခဲ့ပါပြီ"ဟု ဆုတောင်းကြသည်။ ပြောလော့၊ ထိုကဲ့သို့သော လူများခွင့်လွှတ်ခံရနိုင်မည်လော။ ခွင့်မလွှတ်မခံရနိုင်ပါ။ မည်သည့်အတွက်ကြောင့် ခွင့်မလွှတ်နိုင်ရမည်နည်း။ သူတို့ပြုခဲ့ပြီးသော အရာသည် သန့်ရှင်းသောဝိညာဉ်တော်ကို ပုန်ကန်ပြစ်မှားခဲ့ပြီ။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိသော အပြစ်သည် ဤဘဝတွင်သာမဟုတ်၊ နောင်ဘဝအတွက်ပါ မည်သည့်အခါမှ ခွင့်လွှတ်ခံရမည်မဟုတ်ပါ။ ဘုရားသခင်သည် ကတိတည်သည်။ သူ့တွင် ဂုဏ်သိက္ခာ၊ အမျက်ဒေါသနှင့် ဖြောင့်မတ်သော စိတ်သဘောထားရှိသည်။ ဘုရားသခင်သည် လူသားနှင့်တူပြီး တစ်စုံတဦးက သူ့အပေါ် အနည်းငယ် ကောင်းပြရုံနှင့် သူက သူတို့ကျူးလွန်ခဲ့သော ပြစ်မှားမှုများကို ခွင့်လွှတ်ပေးလိမ့်မည်ဟု သင်ထင်သလော။ ထိုသို့ မဟုတ်ပါ။ ဘုရားသခင်ကို သင် ဆန့်ကျင်ပါက သင့်အတွက် ကိစ္စများ အဆင်ပြေချောမွေ့လာမည်လော။ တဒင်္ဂ မိုက်မဲမှုကြောင့် သင် အမှားတစ်ခုခုလုပ်မိပါက၊ သို့မဟုတ် တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို အနည်းငယ်မျှ သင်ထုတ်ဖေါ်ပြမိပါက နားလည်နိုင်ပါသည်။ သို့သော် သင် တိုက်ရိုက် ခုခံကာ ပုန်ကန်ပြီး ဘုရားသခင်အား ဖီဆန်ခြင်းပြုပါက သင် ဘုရားသခင်ကို အသရေဖျက်ကာ ပြစ်မှားစော်ကားပြီး သူ့အကြောင်း ကောလာဟလများ ဖြန့်ပါက သင်သည် လုံးဝဥဿုံ ပျက်စီးခြင်းသို့ ရောက်ပြီဖြစ်သည်။ အဆိုပါလူများ ဆက်လက် ဆုတောင်းရန် မလိုပါ၊ သူတို့သည် အပြစ်ပေးခံရဖို့သာ စောင့်နေသင့်သည်။ သူတို့ကို ခွင့်လွှတ်နိုင်စရာမရှိပါ။ ထိုအချိန်သို့ ရောက်လာသောအခါ "ဘုရားသခင်၊ ကျွန်တော်မျိုးကို ကျေးဇူးပြု၍ ခွင့်လွှတ်တော်မူပါ" ဟု အရှက်မဲ့စွာ မပြောနှင့်။ သင် မည်သို့ အသနားခံပါစေ ပြောရမည်ကို အားနာသော်လည်း အသုံးဝင်လိမ့်မည် မဟုတ်ပါ။ အချို့သော သမ္မာတရားတို့ကို နားလည်သဘောပေါက်ပြီးသည့်နောက်တွင် လူတို့သည် သိလျက်နှင့်ပင် ပြစ်မှားကြလျှင် သူတို့ကို ခွင့်လွှတ်မပေးနိုင်ပေ။ ယခင်က ဘုရားသခင်သည် လူတစ်ဦး၏ ပြစ်မှားမှုများကို သတိမရဟု ဆိုကြသည်။ ယင်းက ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ မပါဝင်သလို ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသည့် အသေးစား ပြစ်မှားမှုများကို ဆိုလိုသည်။ ဤအရာများတွင် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အသရေဖျက်ခြင်းတို့ မပါဝင်ပါ။ သို့သော် သင်သည် တစ်ကြိမ်တစ်ခါမျှပင် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း၊ ဝေဖန်ခြင်း၊ သို့မဟုတ် အသရေဖျက်ခြင်းတို့ကို ပြုလုပ်မိပါက ဤသည်က ချေဖျက်မရနိုင်သည့် ထာဝရ အစွန်းအထင်းတစ်ခု ဖြစ်သွားပါလိမ့်မည်။ လူတို့သည် သူတို့အလိုကျ ဘုရားသခင်ကို ပြစ်မှားစော်ကား၍ စော်ကားလိုကြပြီး ကောင်းချီးများကို ရရန် သူ့ကို အပြည့်အဝ အသုံးချလိုကြသည်။ ကမ္ဘာပေါ်ရှိ မည်သည့်အရာကမှ ထိုမျှ ဈေးမပေါချေ။ ဘုရားသခင်သည် သနားကရုဏာနှင့် ပြည့်စုံ၍ ကြင်နာတတ်သည်၊ သူသည် စေတနာကောင်းသည်၊ သူ့တွင် ကြီးမားကျယ်ပြန့်ပြီး တိုင်းတာ၍ မရနိုင်သော နှလုံးသားတခုရှိသည်။ သူသည် လူတို့၏ ပြစ်မှားမှုများကို သတိရမဘဲ လူတို့၏ အတိတ်မှ ပြစ်မှားမှုများနှင့် ပြုခဲ့ပြီးသော အမှုများအတွက် သင်ပုန်းချေတတ်သည် ဟူ၍ လူတို့သည် အမြဲ ထင်မြင်ကြသည်။ သင်ပုန်းချေခြင်းသည် အသေးအဖွဲ ကိစ္စများအပေါ်တွင် ဖြစ်သည်။ သူ့ကို ပွင့်ပွင့်လင်းလင်း ခုခံပြီး ပြစ်မှားစော်ကားသောသူတို့ကို ဘုရားသခင်သည် ဘယ်တော့မျှ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။

အသင်းတော်ရှိ လူအများစုသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မကြောက်ရွံ့ကြပေ။ ဤသည်က လူအများစုတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်သည့် စစ်မှန်သော သိမြင်မှု မရှိကြကြောင်းကို ပြသည်၊ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရန် သူတို့အတွက် ခက်ခဲလေသည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို သူတို့၏ ယုံကြည်ခြင်းတွင် သူ့ကို ရိုသေလေးမြတ်ခြင်း၊ သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိဘဲ ဘုရားသခင်၏ အမှုတော်က သူတို့၏ ကိုယ်ပိုင် အကျိုးများကို ထိပါးလာသည်နှင့်တစ်ပြိုင်နက် သူတို့ကြိုက်နှစ်သက်ရာ မည်သည့်အရာကိုမဆို ပြောပြီး သူတို့ ပြောဆိုပြီးသောအခါ ထိုအရာသည် အဆုံးသတ်ဖြစ်လိမ့်မည်လော။ ထို့နောက်တွင် သူတို့ပြောသည့်အရာအတွက် နောက်ဆက်တွဲအကျိုးကို သူတို့ခံစားကြရမည်။ ဤသည်က ရိုးရှင်းသော ကိစ္စတခု မဟုတ်ပါ။ လူအချို့က ဘုရားသခင်ကို ပြစ်မှားစော်ကားသောအခါ၊ ဝေဖန်သောအခါ သူတို့၏ စိတ်နှလုံးထဲတွင် သူတို့မည်သည့်အရာ ပြောနေသည်ကို သူတို့ သိသလော။ ဤအရာများကို ပြောသောသူ အားလုံးသည် သူတို့ မည်သည့်အရာပြောသည်ကို သူတို့၏ စိတ်နှလုံးထဲတွင် သိကြသည်။ နတ်ဆိုးစွဲခြင်း ခံထားရသောသူများနှင့် ပုံမှန် မဟုတ်သော အကြောင်းပြချက်ရှိသူများမှအပ ပုံမှန် လူများသည် သူတို့ ပြောနေသည့်အရာကို သူတို့၏ စိတ်နှလုံးထဲတွင် သိကြသည်။ သူတို့ မသိပါဟု သူတို့ ပြောပါက သူတို့သည် လိမ်နေခြင်းဖြစ်သည်။ သူတို့စကားပြောသောအခါ "ကိုယ်တော်က ဘုရားသခင်ဆိုတာ ကျွန်ုပ်သိပါတယ်။ ကိုယ်တော် လုပ်နေတာ မမှန်ဘူးလို့ ကျွန်ုပ်ပြောနေတယ်၊ ဒီတော့ ကိုယ်တော်က ကျွန်ုပ်ကို ဘာများ လုပ်နိုင်မှာလဲ။ ကျွန်ုပ်စကားပြောပြီးသောအခါ ကိုယ်တော်က ဘာပြောမည်နည်း" ဟု သူတို့က စဉ်းစားလေသည်။ သူတို့သည် ဤအရာကို အခြားသူများကို နှောင့်ယှက်ဖို့၊ အခြားသူများကို သူတို့ဘက်သို့ပါအောင် ဆွဲဖို့၊ အခြားသူများကို အလားတူစကားများ ပြောစေဖို့၊ အခြားသူများကို အလားတူလုပ်ရပ်များ လုပ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြသည်။ သူတို့ပြောသည့်အရာသည် ဘုရားသခင်နှင့် ဆန့်ကျင်နေပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနေသည့် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အာခံခြင်းဖြစ်ကြောင်းကို သူတို့ သိကြသည်။ သူတို့ အလေးအနက် စဉ်းစားဆင်ခြင်ပြီးနောက် သူတို့လုပ်ခဲ့သည့်အရာသည် မှားနေသည်ဟု ထင်မြင်မိသည်။ "ကျွန်ုပ် မည်သည့်အရာကို ပြောလိုက်သနည်း။ ထိုအချိန်သည် စိတ်မြန်လက်မြန် လုပ်လိုက်သော တစ်ခဏဖြစ်ပြီး ကျွန်ုပ် အလွန်နောင်တရသည်" ဟူ၍ ဖြစ်လေသည်။ သူတို့၏နောင်တသည် စင်စစ်အားဖြင့် ထိုအချိန်က သူတို့မည်သည့်အရာ လုပ်ခဲ့ကြသည်ကို သူတို့သိခဲ့ကြောင်းကို သက်သေပြသည်။ သူတို့ မသိခဲ့ခြင်း မဟုတ်ချေ။ အကယ်၍ သူတို့သည် စေ့စေ့စပ်စပ် နားမလည်ဘဲ ခဏတာ မသိနားမလည်ဖြစ်ပြီး စိတ်ရှုပ်ထွေးနေခဲ့ခြင်း ဖြစ်သည်ဟု သင်ထင်ပါက ဤသည်မှာ လုံးလုံးလျားလျား မမှန်ပေ။ လူတို့သည် စေ့စေ့စပ်စပ် နားမလည်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်ကို သင် ယုံကြည်ပါက သင့်တွင် အနည်းဆုံး သာမန် ဘဝပေးအသိစိတ် ရှိကို ရှိရမည်။ ဘုရားသခင်ကို ယုံကြည်ရန် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သင့်ပြီး ကြည်ညိုလေးစားသင့်သည်။ သင်သည် ဘုရားသခင်ကို ပြစ်မှားစော်ကား၍မရ၊ သူ့ကို သင့်သ‌ဘောရှိ ဝေဖန်၍မရ၊ သို့မဟုတ် အသရေဖျက်၍ မရချေ။ "ဝေဖန်ခြင်း"၊ "ပြစ်မှားစော်ကားခြင်း"နှင့် "အသရေဖျက်ခြင်း" ဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သင်သိသလော။ သင်တစ်စုံတစ်ခုကို ပြောသောအခါ ဘုရားသခင်ကို ဝေဖန်လိုသည့်သဘောဖြင့် ပြောဆိုနေခြင်း ရှိမရှိကို သင်မသိလေသလော။ လူအချို့သည် သူတို့က ဘုရားသခင်ကို ဧည့်ဝတ်ပြုရာတွင် ပါဝင်ဆောင်ရွက်ဖူးကြောင်း၊ ပြီးနောက် ဘုရားသခင်ကို မကြာခဏ မြင်တွေ့ပြီး ဘုရားသခင်၏ တေ့တေ့ဆိုင်ဆိုင် မိတ်သဟာယပြုခြင်းကို နားထောင်ဖူးကြောင်းဆိုသည့် အချက်ကို အမြဲပြောကြသည်။ သူတို့သည် အမှတ်မထင် တွေ့ဆုံမိသည့် မည်သူနှင့်မဆို ဤအကြောင်းအရာများ အကြောင်းကို ပြောကြသည်။ အပေါ်ယံကိစ္စများကို ရှည်ရှည်ဝေးဝေး ပြောဆိုကြသည်။ သူတို့တွင် စစ်မှန်သော အသိပညာ လုံးဝ မရှိကြပေ။ သူတို့ ဤအကြောင်းအရာများကို ပြောသောအခါ သူတို့တွင် မကောင်းသောရည်ရွယ်ချက်များ မရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများအတွက် ‌စေတနာကောင်းပြီး လူတိုင်းကို အားပေးလိုခြင်း ဖြစ်နိုင်သည်။ သို့သော် သူတို့သည် ဘာကြောင့် ဤအကြောင်းအရာများကို ပြောရန် ရွေးသနည်း။ အကယ်၍ သူတို့သည် ဤကိစ္စကို စိတ်ထက်သန်တက်ကြွစွာ ထည့်သွင်းဆွေးနွေးလာပါက ထိုအခါ အဓိကအားဖြင့် ကြွားရန်နှင့် လူများက သူတို့ကို အထင်ကြီးလာစေရန်စသည့် ရည်ရွယ်ချက်တစ်စုံတစ်ခု သူတို့တွင် ရှိသည်။ သူတို့သည် လူတို့ ယုံကြည်မှုရှိအောင် လုပ်နိုင်ပြီး ဘုရားသခင်ကို လူတို့၏ ယုံကြည်ခြင်းတွင် အားပေးနိုင်ပါက သူတို့သည် လူတို့အား သမ္မာတရားဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ ဖတ်ရွတ်ပြနိုင်သည်။ သို့ဆိုလျှင် အဆိုပါ ပြင်ပ အကြောင်းအရာများ အကြောင်းကို သူတို့ အဘယ်ကြောင့် မလျှော့တမ်း ပြောနေရသနည်း။ သူတို့ ဤအကြောင်းအရာများကို ပြောခြင်း၏ အရင်းအမြစ်က သူတို့တွင် ဘုရားသခင်အတွက် ကြောက်ရွံ့မှု လုံးဝ မရှိခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ပါ။ သူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ထိန်းမနိုင်သိမ်းမရပြုမူပြီး နှုတ်မစောင့်စည်းဘဲ မည်သို့ နေနိုင်သနည်း။ ဘုရားသခင်တွင် ဂုဏ်သိက္ခာရှိသည်။ လူတို့သည် ဤအရာကို သဘောပေါက်လျှင် အဆိုပါကိစ္စများကို သူတို့ ဆက်လက် လုပ်ဆောင်နေဦးမည်လော။ လူတို့စိတ်ထဲတွင် ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်း မရှိပေ။ သူတို့၏ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်များကို ရရန်နှင့် အခြားသူများက သူတို့အား အထင်ကြီးစေရန်ဖြစ်သည့် သူတို့၏ ကိုယ်ပိုင် အကြောင်းပြချက်များအတွက် ဘုရားသခင်သည် မည်သို့ဖြစ်သည်နှင့် ဘုရားသခင်သည် မည်သည့်အရာနှင့် တူသည်ဆိုသည်ကို စိတ်ကူးပေါက်သလို သူတို့ ပြောကြသည်။ ဤသည်မှာ ဘုရားသခင်ကို ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းမျှသာ ဖြစ်သည်။ အဆိုပါလူတို့တွင် သူတို့၏ စိတ်နှလုံးသားထဲ၌ ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်း မရှိချေ။ သူတို့သည် ဘုရားသခင်ကို ခုခံပြီး ပြစ်မှားစော်ကားကြသည့် လူအားလုံးဖြစ်သည်။ သူတို့သည် နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများသာ ဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို နှစ်အနည်းငယ်ကြာ ယုံကြည်ခဲ့ကြသော်လည်း အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက်တွင် သူတို့သည် ယုဒများ ဖြစ်လာကြသည်၊ ဘုရားသခင်ကို ပြစ်မှားစော်ကားရာတွင် အဆင်းနီသော နဂါးကြီး၏ နောက်သို့ပင် လိုက်ကြသေးသည်။ ဘုရားသခင်၏ အမှုတော်ကို ဝေဖန်ပြီး ဘုရားသခင်ကို ရှုတ်ချသည့် အကြောင်းအရာများကို ဘာသာရေးကိုင်းရှိုင်းသော လူများ ပြောသကဲ့သို့ သံယောင်လိုက်ပြောကြရင်း အချို့လူတို့သည် ဧဝံဂေလိတရားကို ဟောကြသည်။ ဤပုံစံမျိုးပြောဆိုခြင်းသည် ဘုရားသခင်ကို ခုခံခြင်းနှင့် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းဖြစ်ကြောင်းကို သူတို့ သိကြသော်လည်း သူတို့သည် မစိုးရိမ်ကြပေ။ သင့်ကြံရွယ်ချက်များက မည်သို့ပင်ဖြစ်စေ ဤနည်းဖြင့် စကားပြောခြင်းသည် မသင့်တော်ချေ။ အခြားအကြောင်းကို သင်မပြောနိုင်သလော။ ဤအကြောင်းအရာများကို သင် အဘယ်ကြောင့် ပြောမှ ဖြစ်မည်နည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ အဆိုပါ စကားမျိုး သင့်ပါးစပ်မှ ထွက်လာပါက သင်သည် ဘုရားသခင်ကို ပြစ်မှားစော်ကားနေခြင်း ဖြစ်သည်။ သင် ထိုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အဆိုပါအကြောင်းအရာများကို ပြောခြင်းသည် သင့်ကို ဘုရားတရား မကိုင်းရှိုင်းသူ ဖြစ်စေသည်။ သင်၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်း လုံးဝ မရှိချေ။ သင်သည် အခြားလူများကို လိုက်လျောပြီး အခြားလူတို့ စိတ်ကျေနပ်စေရန် ဘုရားကို ပြစ်မှားစော်ကားသော စကားများကို ပြောကာ သူတို့ကို သိမ်းသွင်းစည်းရုံးသည်။ သင်သည် ဘုရားတရား မကိုင်းရှိုင်းလိုက်လေခြင်း။ သင်သည် နတ်ဆိုးနှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပင်။ ဘုရားသခင်က သင့်ကို သူ့အား ကစားခြင်း၊ ဝေဖန်ခြင်း၊ သူ့အား ဘောင်ခတ်ခြင်းနှင့် သူ့ကို ပြစ်မှားစော်ကားခြင်းတို့ကို ထင်တိုင်းကြဲ လုပ်ခွင့် ပေးထားသလော။ ထိုသို့ပြုလုပ်ခြင်းသည် အလွန် စိတ်ပျက်ဖွယ်ကောင်းသည်။ သင် အမှားတစ်စုံတစ်ခုကို ပြောမိပြီး ထိုအရာက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပါက ထိုအခါတွင် သင်သည် ပျက်စီးခြင်းသို့ ဆိုက်ရောက်ပြီဖြစ်သည်။ ဤသည်မှာ သေစေလောက်သော ကိစ္စတခုဖြစ်သည်။ "ဘာသာရေးလောကရှိ လူများသည် သင်းအုပ်များနှင့် အကြီးအကဲများ၏ လှည့်စားခြင်းကို ခံနေရပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားကာ ဝေဖန်ပြီး သူ၏ အမှုတော်ကို ရှုတ်ချသည့် အကြောင်းအရာများကို သူတို့အများစုသည် ပြောပြီးကြပြီးဖြစ်သည်။ အချို့လူတို့သည် နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး နောင်တရကြသည်။ သို့ဆိုလျှင် သူတို့သည် ကယ်တင်ခြင်း ခံရမည်လော။ အကယ်၍ သူတို့အားလုံးသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရပါက ကယ်တင်ခြင်းခံရမည့် လူများ အနည်းငယ်မျှသာ ရှိတော့မည်၊ တစ်ယောက်ယောက် ကယ်တင်ခြင်းခံရဖို့ဆိုသည်မှာပင် ခဲယဉ်းလှသည်" ဟု လူအချို့က တွေးထင်ကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါ၊ ဟုတ်သည် မဟုတ်လော။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သူသည် လူတိုင်းကို ဖြောင့်မတ်သည်။ နောဧ၏ နေ့ရက်များတွင် လှေပေါ်သို့ လူရှစ်ယောက်သာ ကယ်တင်ခံရသည်၊ ကျန်သောလူများသည် ဖျက်ဆီးခြင်းခံရသည်။ ဘုရားသခင်သည် မတရားပါဟု သင်ပြောရဲသလော။ လူသားမျိုးနွယ်သည် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေကြသည်။ သူတို့အားလုံးသည် စာတန်နှင့် ဆိုင်သည်၊ သူတို့အားလုံးသည် ဘုရားသခင်ကို ခုခံကြသည်၊ သူတို့သည် အားလုံး ယုတ်ညံ့ပြီး တန်ဖိုးမဲ့ကြသည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်မခံနိုင်ပါက ယခင်ကအတိုင်း ဖျက်ဆီးခြင်း ခံရလိမ့်မည်။ အချို့လူများက သူတို့ကိုယ်သူတို့ ထင်ကောင်းထင်နိုင်သည်။ "အကယ်၍ ကျွန်ုပ်တို့အထဲမှ တစ်ယောက်ကိုမျှ ဘုရားသခင်က မကယ်တင်နိုင်ခဲ့လျှင် ဘုရားသခင်၏အမှုတော်သည် အချည်းနှီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို လူသားမပါဘဲ မကယ်တင်နိုင်ဟု ကျွန်ုပ်ထင်သည်။ အကယ်၍ ဘုရားသခင်က လူသားကို ထားခဲ့ပါက ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ပျောက်ကွယ်သွားလိမ့်မည်" ဟူ၍ ဖြစ်သည်။ သင် မှားနေပြီ။ ဘုရားသခင်သည် လူသား မရှိလျှင်ပင် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အားလုံး ဆက်လက်လုပ်ဆောင်သွားလိမ့်မည်။ လူတို့သည် သူတို့ကိုယ်သူတို့ ပို၍ တန်ဖိုးဖြတ်ကြသည်။ လူတို့သည် သူတို့၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိပေ။ ဘုရားသခင် ရှေ့မှောက်တွင် သူတို့သည် ဘာသာတရား ရိုသေကိုင်းရှိုင်းခြင်း လုံးဝ မရှိကြပေ၊ သူတို့တွင် မည်သည့် ကောင်းစွာ ပြုမူသည့် သဘောထားမျိုးမှ မရှိကြပေ။ အကြောင်းမှာ လူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြပြီး စာတန်နှင့် သက်ဆိုင်သောကြောင့် အချိန်နေရာမရွေး သူတို့သည် ဘုရားသခင်ကို ဝေဖန်နိုင်ကြပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနိုင်ကြသည်။ ဤသည်မှာ ကြောက်စရာကောင်းသော အရာတခုဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည်။

ကောက်နုတ်ချက် (၄)

သမ္မာတရားကို လိုက်စားခြင်း၏ အရေးအကြီးဆုံးသော အပိုင်းမှာ ဘုရားနှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းကို အာရုံစိုက်ရန်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှ လူတစ်ဦး ရရှိနိုင်သည့် ပမာဏသည် ထိုသူ၏ နားလည်နိုင်စွမ်းပေါ်တွင် မူတည်သည်။ လူတိုင်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသော်ငြားလည်း အချို့က စစ်မှန်သော အဓိပ္ပာယ်ကို သဘောပေါက်နိုင်ပြီး ယင်းတို့ထဲတွင် ဉာဏ်အလင်းပွင့်ခြင်းကို ရှာတွေ့နိုင်ကာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသရွေ့ တစ်စုံတစ်ခုကို ရရှိလိမ့်မည် ဖြစ်သည်။ သို့ရာတွင် အခြားလူများမှာမူ ထိုသို့ မဟုတ်ကြချေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတွင် အယူဝါဒများကို နားလည်ခြင်းကိုသာ အာရုံစိုက်ကြသည်။ ဤအရာ၏ ရလဒ်မှာ ဘုရားနှုတ်ကပတ်တော်များကို နှစ်အနည်းငယ်ကြာ ဖတ်ရှုပြီးသည့်နောက်တွင် ၎င်းတို့သည် အယူဝါဒများစွာကို နားလည်သည့်တိုင် ပြဿနာများကို ၎င်းတို့ တွေ့ကြုံရသည့်အခါတိုင်း မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့ သိရှိခဲ့သည့်အရာတစ်ခုမျှ အသုံးမတည့်ပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ လူများအားလုံးသည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုနေလင့်ကစား ရလဒ်များက ကွဲပြားခြားနားသည်။ သမ္မာတရားကို ချစ်သည့်သူများသည် ယင်းကို လက်ခံနိုင်သော်လည်း သမ္မာတရားကို မချစ်သည့်သူများကမူ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုလျှင်ပင် ယင်းကို လက်ခံရန် လိုလားခြင်း မရှိကြပေ။ ၎င်းတို့သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရပါစေ ဘုရားနှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေကြလိမ့်မည် မဟုတ်ချေ။ အတွေ့အကြုံအနည်းငယ် ရှိသူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါတွင် လက်တွေ့ကျသော အမှုကိစ္စအချို့ကို ဆွေးနွေးနိုင်ပြီး သမ္မာတရားနှင့်ပတ်သက်သော ၎င်းတို့၏ လက်တွေ့ကျသော အသိပညာအကြောင်း ပြောနိုင်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်း ဖြစ်သည်။ အတွေ့အကြုံ မရှိသည့်သူများကမူ ဘုရားနှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ နားလည်သဘောပေါက်ကြပြီး အသိပညာနှင့် အတွေ့အကြုံ စိုးစဉ်းမျှ မရှိကြပေ။ ဤအရာကို သမ္မာတရားကို နားလည်ခြင်းဟု မှတ်ယူ၍မရပေ။ ခေါင်းဆောင်အချို့က ၎င်းတို့သည် အထူးသဖြင့် သမ္မာတရားဖြင့် ထောက်ပံ့ပေးရန် အသင်းတော်ကို သွားခြင်းဖြစ်သည်ဟု အခြားသူများကို ၎င်းတို့က မကြာခဏ ပြောကြသည်။ ဤစကားက မှန်ကန်သလော။ “သမ္မာတရားဖြင့် ထောက်ပံ့ပေးရန်” ဟူသည့် စကားများကို ပေါ့တန်စွာ မပြောဆိုသင့်ပေ။ မည်သူက သမ္မာတရားကို ပိုင်ဆိုင်သနည်း။ မိမိသည် သမ္မာတရာ ပံ့ပိုးပေးပါသည်ဟု မည်သူက အခိုင်အမာဆိုဝံ့သနည်း။ ဤအခိုင်အမာပြောဆိုချက်သည် အလွန် ဟိတ်ဟန်များသည် မဟုတ်လော။ ဘုရားသခင်ကို သင်ယုံကြည်ပြီး သူ့နောက်လိုက်သည့်အခါတွင် သင်သည် သမ္မာတရားကို လက်ခံပြီး လိုက်စားသည့်သူတစ်ဦးမျှသာ ဖြစ်ချေ၏။ ဤအရာကို သင်လုပ်ဆောင်နိုင်လျှင် ယင်းမှာ အတော်အတန် ကောင်းမွန်ပြီးသားဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ သမ္မာတရားကို မပိုင်ဆိုင်သောကြောင့် လူတစ်ဦးသည် သမ္မာတရားအချို့ကို နားလည်နိုင်ပြီး သမ္မာတရားနှင့်ပတ်သက်သော အချို့သော အတွေ့အကြုံနှင့် အသိပညာအကြောင်းကို ပြောဆိုနိုင်လျှင်ပင် ထိုသူသည် သမ္မာတရားကို ပံ့ပိုးပေးသည်ဟု ပြော၍မရနိုင်ပေ။ အချို့သော အတွေ့အကြုံနှင့် အသိပညာတို့အကြောင်း ပြောဆိုခြင်းကို သမ္မာတရားဖြင့် ပံ့ပိုးပေးခြင်းဟု အဘယ်သို့များ ခေါ်ဝေါ်နိုင်သနည်း။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရေလောင်းခြင်းအလုပ်ကို ထမ်းဆောင်ခြင်းနှင့် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ အသက်ဝင်ရောက်ခြင်းအတွက် ကူညီရန် အထူးတလည် တာဝန်ရှိခြင်း အဖြစ်သာ သရုပ်ဖော်ပြနိုင်လေသည်။ ၎င်းတို့သည် သမ္မာတရာကို ပံ့ပိုးပေးနေသည်ဟု ပြောဆို၍မရနိုင်ပေ။ လူတစ်ဦးသည် ဝိညာဉ်ရင့်ကျက်မှုအချို့ ရှိလျှင်ပင် ထိုသူသည် အခြားသူများကို သမ္မာတရားဖြင့် ပံ့ပိုးပေးနေသည်ဟု ပြော၍မရနိုင်သေးပေ။ ဤအရာကို လုံးဝ ပြော၍မရနိုင်ပေ။ လူအယောက်မည်မျှသည် သမ္မာတရားကို နားလည်ကြသနည်း။ လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှုသည် သူက သမ္မာတရားဖြင့် ပံ့ပိုးပေးရန် အရည်အချင်းပြည့်ဝစေသလော။ တစ်စုံတစ်ဦးသည် သမ္မာတရားနှင့်ပတ်သက်သော အတွေ့အကြုံနှင့် အသိပညာရှိလျှင်ပင် ထိုသူသည် သမ္မာတရားဖြင့် ပံ့ပိုးပေးနိုင်သည်ဟု ဆို၍မရနိုင်ပေ။ ယင်းကို လုံးဝ ဆို၍မရနိုင်ပေ။ ယင်းမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်မှု မရှိချေ။ အချို့သောလူများသည် ၎င်းတို့က သမ္မာတရားကို များစွာ နားလည်လေသည့်အလား အသင်းတော်ကို ရေလောင်းရာတွင်လည်းကောင်း၊ သမ္မာတရားဖြင့် ပံ့ပိုးပေးရာတွင်လည်းကောင်း ဂုဏ်ယူကြသဖြင့် ရလဒ်အနေဖြင့် ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲနေသည် မဟုတ်လော။ တစ်စုံတစ်ဦးက သမ္မာတရားသည် မည်သည့်အရာ ဖြစ်ကြောင်း သင့်ကို မေးမြန်းပြီး သင်က “ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် ဘုရားနှုတ်ကပတ်တော် ဖြစ်သည်” ဟု ဖြေလျှင် သင်သည် သမ္မာတရားကို နားလည်သလော။ သင်သည် အယူဝါဒ၏ စကားများနှင့် စကားရပ်များကိုသာ ပြောဆိုနိုင်ခြင်း ဖြစ်ပြီး သမ္မာတရားဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်သည့် အတွေ့အကြုံနှင့် အသိပညာ ကင်းမဲ့သောကြောင့် သင်သည် အခြားသူများအား သမ္မာတရားဖြင့် ပံ့ပိုးပေးရန် အရည်အချင်း မပြည့်မီပေ။ ယခုအချိန်တွင် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများအားလုံးသည် အတွေ့အကြုံ ကင်းမဲ့လေသည်။ ၎င်းတို့သည် အစွမ်းအစအနည်းငယ်နှင့် သမ္မာတရားကို လိုက်စားရန် လိုလားမှုတို့သာ ရှိ၏။ ၎င်းတို့သည် ပြုစုပျိုးထောင်ပေးရန်နှင့် လေ့ကျင့်ပေးရန် သင့်တော်သလို တာဝန်များ ထမ်းဆောင်ရာတွင် ဦးဆောင်နိုင်ကြသည်။ ၎င်းတို့က အသိပညာအချို့အကြောင်း မိတ်သဟာယပြုပေးနိုင်လျှင်ပင် ယင်းမှာ ၎င်းတို့က သမ္မာတရားဖြင့် ပံ့ပိုးပေးသည်ဟု မည်သို့များ ဆိုနိုင်သနည်း။ ခေါင်းဆောင်နှင့် အမှုဆောင်အများစုတို့သည် အသိပညာအချို့အကြောင်း ပြောဆိုနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှု ရှိသည်ဟု မဆိုလိုပေ။ အမှန်မှာမူ ၎င်းတို့သည် တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ကြပြီး အပေါ်ယံ အသိပညာအနည်းငယ် ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုပေးရန် လိုလားနေကြပြီး အခြားသူများအတွက် အတော်အတန် အထောက်အကူ ပြုနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရာကို ပံ့ပိုးပေးနေသည်ဟု မဆိုနိုင်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားဖြင့် ပံ့ပိုးပေးနိုင်စွမ်း ရှိကြသလော။ လုံးဝ မရှိကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တရားဟောပြီး အသင်းတော်ကို ရေလောင်းပေးကြသည်။ အရေးအကြီးဆုံးမှာ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိရမည်ဖြစ်ကာ ယင်းသည်သာ အသင်းတော်ကို ၎င်းတို့ အမှန်တကယ် ရေလောင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ယခုအချိန်တွင် ခေါင်းဆောင်နှင့် အမှုဆောင်အများစုသည် လက်တွေ့ကျသော ပြဿနာများစွာကို ဖြေရှင်းနိုင်စွမ်း မရှိကြသေးပေ။ ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာအချို့အပေါ် မိတ်သဟာယပြုပေးနိုင်လျှင်ပင် ၎င်းတို့ပြောသည့် အရာအများစုသည် အယူဝါဒစကားများနှင့် စကားရပ်များသာ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုနှင့်ပတ်သက်၍ ရှင်းလင်းစွာ မိတ်သဟာယမပြုပေးနိုင်သောကြောင့် ပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်သလော။ ခေါင်းဆောင်နှင့် အမှုဆောင်အများစုသည် နားလည်နိုင်စွမ်း အနည်းငယ်သာ ရှိပြီး လက်တွေ့ကျသော အတွေ့အကြုံများစွာ မရှိသေးပေ။ ယင်းမှာ ၎င်းတို့သည် အခြားသူများထက် သမ္မာတရားကို ပိုနားလည်ပြီး သမ္မာတရား စစ်မှန်မှု ပို၍ရှိသည်ဟု ဆိုနိုင်သလော။ ဤသည်ကို မဆိုနိုင်ပေ။ ၎င်းတို့သည် ဤသို့ဆိုရန် စံမမီကြပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပျိုးထောင်ပေးရန် ရည်ရွယ်ချက်သက်သက်ဖြင့် ရာထူးတိုးမြှင့်ခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစ အနည်းငယ်ရှိကာ နားလည်နိုင်စွမ်း အနည်းငယ် ပိုင်ဆိုင်သကဲ့သို့ ၎င်းတို့၏ မိသားစု ပတ်ဝန်းကျင်က သင့်တော်သောကြောင့် ၎င်းတို့ကို လေ့ကျင့်ပေးခွင့် ရှိသည်။ ယင်းမှာ တစ်စုံတစ်ဦးကို ရာထူးတိုးပေးခြင်းသည် ၎င်းအနေဖြင့် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ပြီး သမ္မာတရားဖြင့် ပံ့ပိုးပေးနိုင်သည့်အလား ဆိုလိုခြင်း မဟုတ်ချေ။ သမ္မာတရားကို လိုက်စားသည့်သူများသည် အခြားသူများရှေ့တွင် ဉာဏ်အလင်းပွင့်ခြင်းနှင့် အလင်းတို့ ရရှိသော်လည်း ထိုအလင်းငယ်လေးသည် သမ္မာတရား၏ စံကို မမီပေ၊ ယင်းသည် သမ္မာတရား၏ တစ်စိတ်တစ်ပိုင်း မဟုတ်ဘဲ သမ္မာတရားနှင့် ကိုက်ညီမှု ရှိခြင်းသာ ဖြစ်၏။ ဘုရားသခင် တိုက်ရိုက်ဖော်ပြသည့်အရာသာလျှင် သမ္မာတရားဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများကို ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ဉာဏ်အလင်းပေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းသည်သာလျှင် သမ္မာတရားနှင့် ကိုက်ညီသည်။ သူသည် လူများအား သမ္မာတရားကို တိုက်ရိုက်မပြောပေ။ ထိုအစား သူသည် ၎င်းတို့ ရရှိနိုင်သည့် အလင်းကို ပေးသည်။ ဤအရာကို သင်နားလည်ရမည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များအပေါ် ထိုးထွင်းအမြင်အချို့ ရှိပြီး အတွေ့အကြုံမှ အသိပညာအချို့ ရရှိလျှင် ဤအရာကို သမ္မာတရားအဖြစ် မှတ်ယူ၍ ရသလော။ မရပေ။ အများဆုံးအနေဖြင့် သူသည် သမ္မာတရားနှင့်ပတ်သက်သော နားလည်မှုအချို့ရှိ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်ဆိုင်သော စကားများသည် ဘုရားနှုတ်ကပတ်တော်များကို ကိုယ်စားမပြု၊ သမ္မာတရားကို ကိုယ်စားမပြုသကဲ့သို့ သမ္မာတရားလည်း မဟုတ်ချေ။ အများဆုံးအနေဖြင့် လူတစ်ဦးသည် သမ္မာတရားနှင့်ဆိုင်သော နားလည်မှုအချို့ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အနည်းငယ် ဉာဏ်အလင်းပေးခြင်း ခံရသည်။ လူတစ်ဦးသည် သမ္မာတရားနှင့်ပတ်သက်သော နားလည်မှုအချို့ရှိပြီး ထို့နောက်တွင် အခြားသူများကို ပံ့ပိုးပေးလျှင် သူလုပ်ဆောင်သမျှသည် သူ၏ နားလည်မှုနှင့် အတွေ့အကြုံတို့ဖြင့် အခြားသူများကို ပံ့ပိုးပေးနေခြင်းသာ ဖြစ်သည်။ သူသည် အခြားသူများကို သမ္မာတရားဖြင့် ပံ့ပိုးပေးနေသည်ဟု သင်ဆို၍ မရနိုင်ပေ။ သူသည် သမ္မာတရားအပေါ် မိတ်သဟာယပြုပေးနေသည်ဟု သင်ဆိုလျှင် အဆင်ပြေသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သော သရုပ်ဖော်ချက် ဖြစ်သည်။ ငါ အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ အကြောင်းမှာ သင်မိတ်သဟာယပြုနေသည့် အရာသည် သမ္မာတရားနှင့်ပတ်သက်သည့် သင်၏ နားလည်မှု ဖြစ်သောကြောင့်တည်း။ ယင်းက သမ္မာတရားကိုယ်၌နှင့် မညီမျှပေ။ ထို့ကြောင့် သင်သည် နားလည်မှုနှင့် အတွေ့အကြုံအချို့ကို မိတ်သဟာယပြုပေးနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်သည်။ သင်သည် သမ္မာတရားကို ပံ့ပိုးပေးနေသည်ဟု မည်သို့များ ပြောနိုင်သနည်း။ သမ္မာတရားကို ပံ့ပိုးပေးခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်ချေ။ မည်သူက ဤစာကြောင်းကို ပြောဆိုရန် ထိုက်တန်သနည်း။ ဘုရားသခင်သည်သာလျှင် လူများအား သမ္မာတရားကို ပံ့ပိုးပေးနိုင်စွမ်း ရှိ၏။ လူများသည် ပံ့ပိုးပေးနိုင်စွမ်း ရှိသလော။ သို့ဖြစ်၍ ဤကိစ္စကို သင်သည် ရှင်းလင်းစွာ မြင်ရမည်။ ဤသည်မှာ မှားယွင်းသော စကားများကို အသုံးပြုသည့် ပြဿနာတစ်ရပ်သာ မဟုတ်ဘဲ အဓိကအချက်မှာ သင်သည် အမှန်တရားကို ချိုးဖောက်ခြင်းနှင့် လိုရာဆွဲပြောခြင်းသာ ဖြစ်သည်။ သင်အခိုင်အမာဆိုသည့်အရာမှာ ပုံကြီးချဲ့နေခြင်း ဖြစ်သည်။ လူများသည် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ နားလည်မှုအချို့နှင့် အတွေ့အကြုံ ရှိကောင်း ရှိနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားရှိသည်၊ သို့မဟုတ် ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည်ဟု သင်ဆို၍မရနိုင်ပေ။ ဤအရာကို သင်လုံးဝ ဆို၍မရနိုင်ပေ။ လူများသည် သမ္မာတရားမှ မည်မျှနားလည်ခြင်း ရရှိပါစေ ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည်ဟု မဆိုထားနှင့် သမ္မာတရား၏ အသက်ကို ပိုင်ဆိုင်သည်ဟုပင် သင်မဆိုနိုင်ပေ။ ဤအရာကို သင်လုံးဝ မဆိုနိုင်ပေ။ လူတို့သည် သမ္မာတရား အနည်းငယ်သာ နားလည်ပြီး အလင်းအနည်းငယ်ရှိကြကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းအချို့သာ ရှိကြသည်။ ၎င်းတို့သည် နာခံမှု၏ လက်တွေ့အရှိတရား အချို့နှင့် စစ်မှန်သော ပြောင်းလဲမှုအချို့သာ ရှိလေသည်။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရား ရရှိပြီးဖြစ်သည်ဟု သင်မဆိုနိုင်ပေ။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် လူတို့အား အသက်ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်သည် သူ့ကို အစေခံဖို့နှင့် စိတ်ကျေနပ်စေဖို့အလို့ငှာ လူတို့အား သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို ရရှိဖို့ တောင်းဆိုသည်။ လူတို့သည် သမ္မာတရားကို အမှန်တကယ် ရရှိပြီးဖြစ်သည်အထိ ဘုရားအမှုတော်ကို တွေ့ကြုံခံစားသည့် နေ့ရက်အချိန် ရောက်လာလျှင်ပင် လူများသည် သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ပြောဖို့ မဆိုထားနှင့် လူများသည် သမ္မာတရားနှင့်သက်ဆိုင်သည်ဟုပင် သင်ပြော၍မရသေးပေ။ အကြောင်းမှာ လူတို့သည် အတွေ့အကြုံ နှစ်ပေါင်းများစွာ ထပ်မံရရှိလျှင်ပင် ၎င်းတို့ ရရှိမည့် သမ္မာတရား ပမာဏသည် အကန့်အသတ်ရှိနေပြီး ယင်းမှာ အလွန် ပေါ့တန်သော ပမာဏသာ ဖြစ်သောကြောင့်တည်း။ သမ္မာတရားသည် အနက်ရှိုင်းဆုံးနှင့် အနက်နဲဆုံးသော အရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်သည်။ လူတို့ ဘဝသက်တမ်းတစ်လျှောက် ရရှိနိုင်သည့် သမ္မာတရားသည် အလွန်ပင် နည်းပါးလေသည်။ လူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လုံးလုံးလျားလျား ရရှိနိုင်မည် မဟုတ်ချေ၊ လုံးလုံးလျားလျား နားလည်နိုင်မည် မဟုတ်ချေ၊ သို့မဟုတ် လုံးလုံးလျားလျား အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ချေ။ ဤသည်မှာ လူများသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အစဉ်သဖြင့် ကလေးငယ်များသာ ဖြစ်နေမည်ဟု ဘုရားသခင် ပြောသည့်အချိန်က သူဆိုလိုသည့်အရာ ဖြစ်သည်။

လူအချို့သည် ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားများနှင့်သက်ဆိုင်သည့် အတွေ့အကြုံနှင့် အသိပညာကိုလည်းကောင်း၊ သမ္မာတရား၏ ရှုထောင့်တိုင်းအပေါ် စေ့စေ့စပ်စပ် နားလည်မှုကိုလည်းကောင်း ပိုင်ဆိုင်ကာ သမ္မာတရားအတိုင်း ပြုမူဆောင်ရွက်နိုင်သည်နှင့် ၎င်းတို့သည် သမ္မာတရားကို ဖော်ပြနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းအားဖြင့် “အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁) ဟု ပေါလုပြောခဲ့သကဲ့သို့ပင် ခရစ်တော်အဖြစ် အသက်ရှင်ခြင်း ဖြစ်လိမ့်မည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထိုအမြင်ရှုထောင့်သည် မှန်ကန်သလော။ ယင်းသည် “လူဘုရားများ” ဟူသည့် ငြင်းခုံချက်ကို နောက်ထပ် ထောက်ခံအားပေးခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ လုံးဝ မှားယွင်း၏။ လူများသည် အမှုအရာတစ်ခုကို နားလည်ရမည်။ သင်သည် သမ္မာတရားနှင့်ဆိုင်သော အတွေ့အကြုံနှင့် အသိပညာ မည်မျှ များပြားပါစေ၊ သို့မဟုတ် သင်သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ပြီးဖြစ်ကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်လျှင်ပင်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်လျှင်ပင်၊ သင်၏ အသက်ဝင်ရောက်မှုသည် မည်မျှ မြင့်မားလာပါစေ၊ သို့မဟုတ် နက်နဲလာပါစေ သင်၏ အသက်သည် လူ့အသက်ဖြစ်နေဆဲဖြစ်ကာ လူသားတစ်ဦးသည် မည်သည့်အခါမျှ ဘုရားသခင် ဖြစ်မလာနိုင်ပေ။ ဤသည်မှာ လူတို့နားလည်ရမည့် အကြွင်းမဲ့အမှန်တရားဖြစ်သည်။ အဆုံးတွင် သင်သည် သမ္မာတရား၏ ရှုထောင့်တိုင်းနှင့် ပတ်သက်၍ အတွေ့အကြုံနှင့် နားလည်မှုကို ရကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံပြီး စုံလင်စေခြင်းခံရသော လူတစ်ဦး ဖြစ်လာလျှင်ပင် သင်သည် သမ္မာတရားနှင့် သက်ဆိုင်သည်ဟု မဆိုနိုင်သေးပေ။ စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို သင်ပြောနိုင်သည်ဆိုလျှင်ပင် သင်သည် သမ္မာတရားကို ဖော်ပြနိုင်သည်ဟု မဆိုလိုပေ။ ယခင်က အကြင်သူတစ်ဦးသည် “အတွင်း၌ ခရစ်တော်၏ အသက်” ရှိကြောင်း ဘာသာရေးအုပ်စုများအတွင်းတွင် ပြောလေ့ရှိခဲ့ကြသည်။ ဤသည်မှာ မှားယွင်းပြီး မရေရာသော စကားတစ်ခုဖြစ်သည်။ လူများသည် ဤအရာကို မပြောတော့သော်လည်း ဤကိစ္စနှင့်ပတ်သက်သည့် ၎င်းတို့၏ နားလည်မှုသည် မရှင်းလင်းပေ။ လူအချို့က “ကျွန်ုပ်တို့သည် သမ္မာတရားကို ရရှိပြီးဖြစ်ကာ ကျွန်ုပ်တို့အတွင်း၌ သမ္မာတရား ရှိသည့်အတွက် ကျွန်ုပ်တို့သည် သမ္မာတရားကို ပိုင်ဆိုင်ပြီး ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် သမ္မာတရားရှိကာ သမ္မာတရားကို ကျွန်ုပ်တို့ ဖော်ပြ၍လည်း ရနိုင်သည်” ဟု တွေးထင်ကြသည်။ ဤသည်မှာလည်း မှားယွင်းသည် မဟုတ်လော။ လူများသည် ၎င်းတို့၌ သမ္မာတရား ရှိမရှိနှင့်ပတ်သက်၍ မကြာခဏ ပြောကြသည်။ ယင်းသည် ၎င်းတို့၌ သမ္မာတရားနှင့်သက်ဆိုင်သော အတွေ့အကြုံနှင့် အသိပညာ ရှိမရှိနှင့် ၎င်းတို့သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့ကိုသာ အဓိကအားဖြင့် ရည်ညွှန်းလေသည်။ လူတိုင်းသည် သမ္မာတရားကို တွေ့ကြုံခံစားကြသော်လည်း လူတစ်ဦးချင်းစီ တွေ့ကြုံခံစားရသည့် အခြေအနေသည် ကွဲပြားခြားနားသည်။ သမ္မာတရားမှ လူတစ်ဦးချင်း ရရှိသည့်အရာသည်လည်း မတူကွဲပြားသည်။ သင်သည် လူတိုင်း၏ အတွေ့အကြုံနှင့် နားလည်မှုတို့ကို စုပေါင်းလိုက်လျှင်ပင် ယင်းက သမ္မာတရား၏ အနှစ်သာရကို လုံးလုံးလျားလျား ထင်ဟပ်ဦးမည် မဟုတ်ချေ။ ယင်းမှာ သမ္မာတရား မည်မျှ နက်ရှိုင်းပြီး နက်နဲပုံဖြစ်၏။ သင်ရရှိပြီးသမျှအရာအားလုံးနှင့် သင်၏နားလည်မှုအားလုံးတို့သည် သမ္မာတရားကို အစားထိုး၍ မရနိုင်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ လူများက သင်၏ အတွေ့အကြုံနှင့် နားလည်မှုအချို့တို့ကို သင်မိတ်သဟာယပြုပေးသည်ကို ကြားပြီးသည့်နောက်တွင် ယင်းကို ၎င်းတို့ နားလည်လိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် လုံးလုံးလျားလျား နားလည်ပြီး ရရှိဖို့အတွက် အချိန်အတော်ကြာအောင် တွေ့ကြုံခံစားဖို့ လိုအပ်မည် မဟုတ်ချေ။ အနည်းငယ်ပို၍ နက်ရှိုင်းသည့် အရာတစ်ခုဖြစ်လျှင်ပင် ၎င်းတို့သည် နှစ်အနည်းငယ်ကြာ အတွေ့အကြုံကို လိုအပ်မည် မဟုတ်ပေ။ သို့ရာတွင် သမ္မာတရား အတွက်မှာမူ လူများသည် ၎င်းတို့၏ သက်တမ်းတစ်ခုလုံးတွင် အားလုံးကို တွေ့ကြုံခံစားမည် မဟုတ်ချေ။ လူတိုင်းကို သင် စုရုံးလိုက်လျှင်ပင် ၎င်းတို့သည် သမ္မာတရားအားလုံးကို တွေ့ကြုံပြီးဖြစ်မည် မဟုတ်ချေ။ သင်တွေ့မြင်ရသည့်အတိုင်းပင် သမ္မာတရားသည် အလွန် နက်ရှိုင်းပြီး နက်နဲလေသည်။ စကားလုံးများသည် သမ္မာတရားကို နှံ့စပ်စွာ ရှင်းပြနိုင်စွမ်း မရှိကြပေ။ လူ့ဘာသာစကားတွင် ဖော်ပြသည့် သမ္မာတရားသည် လူသားတို့၏ စစ်မှန်သော အနှစ်သာရဖြစ်၏။ လူသားတို့သည် ယင်းတို့အားလုံးကို မည်သည့်အခါမျှ တွေ့ကြုံနိုင်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို မည်သည့်အခါမျှ လုံးလုံးလျားလျား အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ လူတို့သည် နှစ်ထောင်ပေါင်းများစွာ အချိန်ကုန်လျှင်ပင် ၎င်းတို့သည် သမ္မာတရား၏ အချက်တစ်ခုကိုပင် လုံးလုံးလျားလျား တွေ့ကြုံပြီးဖြစ်မည် မဟုတ်သောကြောင့် ဖြစ်သည်။ လူတို့သည် နှစ်ပေါင်းမည်မျှ တွေ့ကြုံပါစေ ၎င်းတို့ နားလည်ပြီး ရရှိသော သမ္မာတရားသည် နည်းနေဦးမည်ဖြစ်သည်။ သမ္မာတရားသည် လူသားမျိုးနွယ်၏ ထာဝရအသက်စမ်းရေ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ အရင်းအမြစ်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ခြင်းသည် အဆုံးမရှိသည့် လုပ်ငန်းဆောင်တာတစ်ခု ဖြစ်လေသည်။

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် ပြီးလျှင် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။ သင်၌ အချို့သော အတွေ့အကြုံနှင့် အသိပညာ ရှိခြင်းအားဖြင့်၊ ဤနည်းဖြင့် သင်၌ သမ္မာတရားရှိသည်ဟု ပြောလျှင်၊ သင်သည် သန့်ရှင်းခြင်းကို စွမ်းဆောင်ရရှိပြီးဖြစ်သလော။ သင်သည် ဖောက်ပြန်ပျက်စီးခြင်းကို အဘယ်ကြောင့် ဖော်ပြနေသေးသနည်း။ သင်သည် အဘယ်ကြောင့် မတူညီသောလူအမျိုးအစားများကြားတွင် ခွဲခြားသိမြင်နိုင်ခြင်း မရှိရသနည်း။ သင်သည် အဘယ်ကြောင့် ဘုရားသခင်ကို သက်သေမခံနိုင်ရသနည်း။ သင်သည် သမ္မာတရားအချို့ကို နားလည်လျှင်ပင်၊ ဘုရားသခင်ကို သင် ကိုယ်စားပြုနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားအားဖြင့် သင်အသက်ရှင်နေထိုင်နိုင်သလော။ သမ္မာတရားတစ်ခု၏ သွင်ပြင်လက္ခဏာ အချို့နှင့်စပ်လျဉ်း၍ သင်၌ အတွေ့အကြုံနှင့် အသိပညာအချို့ ရှိကောင်းရှိနိုင်သည်၊ ပြီးလျှင် သင်၏စကား၌ ပို၍နားလည်အောင် ရှင်းပြနိုင်စွမ်းပင် ရှိနိုင်သည်။ သို့သော် လူများကို သင်ထောက်ပံ့ပေးနိုင်သည့်အရာသည် အလွန်အမင်းနည်းပါးပြီး အချိန်ကြာမြင့်စွာ မတည်တံ့နိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏နားလည်မှုနှင့် သင်ရရှိပြီးဖြစ်သည့် အလင်းတို့က သမ္မာတရား၏ အနှစ်သာရကို ကိုယ်စားမပြုသောကြောင့်ဖြစ်သည်၊ ပြီးလျှင် ယင်းက သမ္မာတရား တစ်ခုလုံးကို ကိုယ်စားမပြုပေ။ ယင်းက သမ္မာတရား၏ ဘက်တစ်ဖက်၊ သို့မဟုတ် သေးငယ်သော သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်။ ယင်းက လူသားများသာ စွမ်းဆောင်ရရှိနိုင်သည့် အဆင့်ဖြစ်သည်။ ပြီးလျှင် ယင်းသည် သမ္မာတရား၏ အနှစ်သာရမှ ဝေးကွာနေဆဲဖြစ်သည်။ ဤအလင်းအနည်းငယ်၊ ဉာဏ်အလင်းပေးခြင်း၊ အတွေ့အကြုံနှင့် အသိပညာအနည်းငယ်သည် သမ္မာတရား၏ နေရာကို မည်သည့်အခါမျှ မယူနိုင်ပေ။ လူများအားလုံးက သမ္မာတရားတစ်ခုကို တွေ့ကြုံရာမှတစ်ဆင့် ရလဒ်အချို့ကို စွမ်းဆောင်ရရှိပြီးဖြစ်ကာ ၎င်းတို့၏ အတွေ့အကြုံများနှင့် သိမြင်မှုများ အားလုံးပေါင်းလိုက်လျှင်ပင် ဤသမ္မာတရား၏ စာကြောင်းတစ်ကြောင်းတည်း၏ အလုံးစုံနှင့် အနှစ်သာရကိုပင် လက်လှမ်းမီမည် မဟုတ်ချေ။ အတိတ်တွင် ပြောခဲ့ပြီးဖြစ်သည်၊ “ငါသည် လူ့လောကအတွက် ဤအရာကို ဆိုရိုးတစ်ခုနှင့် အကျဉ်းချုပ်မည်- လူသားတို့အကြားတွင် ငါ့ကို ချစ်သောသူ တစ်ယောက်မျှမရှိပေ။” ဤစာကြောင်းသည် သမ္မာတရားဖြစ်သည်၊ အသက်၏ စစ်မှန်သော အနှစ်သာရဖြစ်သည်၊ အနက်နဲဆုံးသော အရာဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြခြင်း ဖြစ်သည်။ အတွေ့အကြုံ သုံးနှစ်ပြီးသည့်နောက်တွင် သင်၌ အပေါ်ယံ နားလည်မှုလေးတစ်ခု ရှိကောင်းရှိနိုင်ပြီး၊ ခုနစ်နှစ်၊ သို့မဟုတ် ရှစ်နှစ်ပြီးနောက်တွင်၊ သင်သည် အနည်းငယ် ပို၍များသော နားလည်မှု ရှိကောင်းရှိနိုင်သည်။ သို့သော် ဤနားလည်မှုသည် သမ္မာတရား၏ ဤစာကြောင်းအတွက် မည်သည့်အခါမျှ အစားထိုး၍ရမည် မဟုတ်ချေ။ နှစ်နှစ်ကြာပြီးနောက် အခြားလူတစ်ဦး၌ နားလည်မှုအနည်းငယ် ရှိနိုင်သည်၊ သို့မဟုတ် ဆယ်နှစ်ကြာပြီးသည့်နောက် ပို၍များသော နားလည်မှုအချို့ ရှိနိုင်သည်။ သို့မဟုတ် တစ်သက်တာပြီးနောက်တွင် အတော်အတန် မြင့်မားသော နားလည်မှု ရှိနိုင်သည်။ သို့သော် သင်တို့နှစ်ဦးလုံး၏ နားလည်မှုကို စုပေါင်းထားခြင်းက သမ္မာတရား၏ ဤစာကြောင်းကို အစားထိုး၍မရနိုင်ပေ။ သင်တို့နှစ်ဦး စုပေါင်း၍ ထိုးထွင်းအမြင်၊ အလင်း၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှ ရှိနိုင်ပါစေ ဤသမ္မာတရား၏ စာကြောင်းကို မည်သည့်အခါမျှ အစားထိုး၍မရနိုင်ပေ။ ဆိုလိုသည်မှာ လူ့အသက်သည် အစဉ်သဖြင့် လူ့အသက်ဖြစ်ပြီး သင်၏အသိပညာသည် သမ္မာတရား၊ ဘုရားသခင်၏အလိုတော်၊ သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်တို့နှင့် မည်မျှကိုက်ညီပါစေ၊ ယင်းက သမ္မာတရားအတွက် မည်သည့်အခါမျှ အစားထိုး၍မရနိုင်ပေ။ လူများ၌ သမ္မာတရား ရှိသည်ဟု ပြောခြင်းက လူများသည် သမ္မာတရားကို အမှန်တကယ် နားလည်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရား အချို့ကို အသက်ရှင်နေထိုင်ကြောင်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော သိမြင်ခြင်းအချို့ရှိကြောင်းနှင့် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် လူများသည် သမ္မာတရားကို ပိုင်ဆိုင်ပြီးသားဖြစ်သည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ သမ္မာတရားသည် အလွန်နက်နဲသောကြောင့်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ စာကြောင်းတစ်ကြောင်းတည်းကို တွေ့ကြုံဖို့ကိုပင် လူများ၏တစ်သက်တာ အချိန်ကြာမြင့်နိုင်သည်။ ပြီးလျှင် အသက်တာအချို့၊ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာ တွေ့ကြုံပြီးသည့်နောက်တွင်ပင်၊ ဘုရားနှုတ်ကပတ်တော်၏ စာကြောင်းတစ်ကြောင်းကို အပြည့်အဝ မတွေ့ကြုံနိုင်ပေ။ သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း ဖြစ်စဉ်သည် အမှန်တကယ်ပင် အဆုံးမရှိကြောင်းနှင့်၊ တစ်သက်တာ တွေ့ကြုံမှုတွင် လူများသည် သမ္မာတရားမည်မျှကို နားလည်နိုင်သည် ဆိုသည့်အပေါ်တွင် အကန့်အသတ်ရှိကြောင်းတို့မှာ သိသာထင်ရှားပေသည်။ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စာအရ အဓိပ္ပာယ်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ပြောကြသည်။ ဤအရာမှာ အဓိပ္ပာယ်မမဲ့သလော။ အလင်းနှင့် အသိပညာတို့နှင့်ပတ်သက်လျှင် နက်ရှိုင်းသည့် အကြောင်းအရာတစ်ခု ရှိသည်။ ယုံကြည်မှု တစ်သက်တာ၌ လူတစ်ယောက် ဝင်ရောက်နိုင်သည့် သမ္မာတရား စစ်မှန်မှုများသည် နည်းပါးလေသည်။ ထို့ကြောင့် သင်သည် အသိပညာနှင့် အလင်းအချို့ ပိုင်ဆိုင်ရုံမျှဖြင့် သင်သည် သမ္မာတရား စစ်မှန်မှုများ ပိုင်ဆိုင်သည်ဟု အဓိပ္ပာယ်မရပေ။ ဤအလင်းနှင့် အသိပညာတို့၌ သမ္မာတရား၏ အနှစ်သာရ ပါဝင်ပတ်သက်ခြင်း ရှိမရှိကို သင် အဓိက ကြည့်ရမည်။ ဤသည်မှာ အရေးအကြီးဆုံး အရာဖြစ်သည်။ လူအချို့က အနည်းငယ် ရှင်းပြနိုင်သည့်အခါ၊ သို့မဟုတ် အပေါ်ယံ နားလည်မှုအချို့ပေးနိုင်သည့်အခါ သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ခံစားကြရသည်။ ဤအရာက ၎င်းတို့ကို ပျော်ရွှင်စေသဖြင့် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်ကာ၊ စိတ်ကြီးဝင်လာကြသည်။ အမှန်မှာမူ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းမှ ဝေးကွာနေဆဲဖြစ်သည်။ လူများသည် မည်သည့် သမ္မာတရားကို ပိုင်ဆိုင်သနည်း။ သမ္မာတရား ပိုင်ဆိုင်သည့်လူများသည် အချိန်မရွေး၊ နေရာမရွေး လဲပြိုကျနိုင်သလော။ လူများ၌ သမ္မာတရား ပိုင်ဆိုင်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ကို အဘယ်သို့လျှင် အာခံပြီး သစ္စာဖောက်နိုင်သေးသနည်း။ သင်၌ သမ္မာတရားပိုင်ဆိုင်ကြောင်း သင် အခိုင်အမာပြောဆိုကာ၊ ယင်းက သင့်အတွင်းတွင် ခရစ်တော်၏ အသက်ရှိကြောင်းကို သက်သေပြလျှင် ယင်းမှာ လက်ခံနိုင်ဖွယ် မရှိပေ။ သင်သည် သခင်ဖြစ်လာပြီလော၊ သင်သည် ခရစ်တော် ဖြစ်လာပြီလော။ ဤသည်မှာ အဓိပ္ပာယ်မဲ့သော ပြောဆိုချက်ဖြစ်ပြီး လူများက ကောက်ချက်ချသည့်အရာ လုံးလုံးဖြစ်ပေသည်။ ယင်း၌ လူ့အယူအဆများနှင့် စိတ်ကူးများ ပါဝင်သည်။ ပြီးလျှင် ဘုရားသခင်အတွက် ယုတ္တိတန်သော ရပ်တည်ချက် မဟုတ်ချေ။

လူတို့ သမ္မာတရားကို နားလည်ကြောင်းနှင့် ယင်းကို ၎င်းတို့၏ အသက်ကဲ့သို့ အသက်ရှင်ကြကြောင်း ပြောသည့်အခါ၊ ဤ “အသက်”က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့ စိတ်နှလုံးထဲတွင် သမ္မာတရားက အဆုံးစွန် အုပ်စိုးသည့်သဘော ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ၎င်းတို့ အသက်ရှင်နိုင်သည့် သဘော ဖြစ်ပြီး ယင်းမှာ ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ စစ်မှန်သောအသိပညာနှင့် သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော သိနားလည်မှုတစ်ခု ရှိကြသည်ကို ဆိုလိုပေသည်။ လူတို့သည် ဤအသစ်သောအသက်ကို ၎င်းတို့အတွင်းတွင် ပိုင်ဆိုင်ကြသည့်အခါ ယင်းကို ဘုရားနှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းမှ လုံးလုံးလျားလျား ရရှိပေသည်။ ယင်းကို ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး သမ္မာတရားနယ်ပယ်အတွင်း ၎င်းတို့ အသက်ရှင်ခြင်းအားဖြင့် ရယူရပေသည်။ လူတို့ အသက်တွင် ပါရှိသမျှမှာ ၎င်းတို့၏ အသိပညာနှင့် သမ္မာတရားအပေါ် အတွေ့အကြုံ ဖြစ်သည်။ ယင်းမှာ ထိုအသက်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ထိုနယ်ပယ်ကို မကျော်လွန်ချေ။ ဤသည်မှာ သမ္မာတရားနှင့် အသက်ကို ရရှိခြင်းအကြောင်း ပြောဆိုနေချိန်တွင် ရည်ညွှန်းနေသည့် အသက် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရားအားဖြင့် အသက်ရှင်နိုင်ခြင်းသည် သမ္မာတရား၏ အသက်က လူများ၏အတွင်း၌ ရှိခြင်း မဟုတ်သကဲ့သို့ သမ္မာတရားကို ၎င်းတို့၏ အသက်အဖြစ် ၎င်းတို့ ပိုင်ဆိုင်ပါက ၎င်းတို့သည် သမ္မာတရား ဖြစ်လာပြီး ၎င်းတို့၏ အတွင်း အသက်က သမ္မာတရား၏အသက် ဖြစ်လာခြင်း မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် အသက်ဖြစ်သည်ဟု ပို၍ပင် ပြော၍မရနိုင်ပေ။ နောက်ဆုံးတွင် ၎င်းတို့၏ အသက်သည် လူသား၏ အသက်ဖြစ်နေဆဲဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များဖြင့် သင်အသက်ရှင်နိုင်ပြီး သမ္မာတရား၏ အသိပညာ ပိုင်ဆိုင်ပါက၊ ပြီးလျှင် ဤအသိပညာက သင့်အတွင်းတွင် အမြစ်တွယ်လာပြီး သင်၏ အသက်ဖြစ်လာကာ အတွေ့အကြုံမှတစ်ဆင့် သင်ရရှိပြီးဖြစ်သည့် သမ္မာတရားက သင့်တည်ရှိခြင်း၏ အခြေခံဖြစ်လာပါက၊ ဤဘုရားနှုတ်ကပတ်တော်များအားဖြင့် သင် အသက်ရှင်ပါက၊ မည်သူမျှ ယင်းကို မပြောင်းလဲနိုင်သကဲ့သို့ စာတန်က သင့်ကို မလှည့်စားနိုင်၊ မဖောက်ပြန်မပျက်စီးစေနိုင်ပါက၊ သင်သည် သမ္မာတရားနှင့် အသက်ကို ပိုင်ဆိုင်ပြီးဖြစ်လိမ့်မည်။ ယင်းမှာ၊ သင်၏ အသက်တာသည် သမ္မာတရား ပါရှိရုံမျှသာ ရှိပေသည်၊ ဆိုလိုသည်မှာ သမ္မာတရားအပေါ် သင်၏ သိနားလည်မှု၊ အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်ခြင်းနှင့် မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအရာများဖြင့် သင် အသက်ရှင်လိမ့်မည်ဖြစ်ပြီး ယင်းတို့၏ နယ်ပယ်ကို ကျော်လွန်၍ သင် သွားလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်ပြီး ထိုသို့သောလူများမှာ ဘုရားသခင်က သူ၏ အမှုတော်ဖြင့် နောက်ဆုံးတွင် ရရှိချင်သည့် အရာ ဖြစ်သည်။ သို့သော် သမ္မာတရားကို လူတို့ မည်မျှကောင်းစွာ နားလည်သည်ဖြစ်စေ၊ ၎င်းတို့၏ အနှစ်သာရသည် လူသားမျိုးနွယ်၏ အနှစ်သာရတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် လုံးဝ နှိုင်းယှဉ်မရနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သမ္မာတရားနှင့် ဆိုင်သော ၎င်းတို့၏ အတွေ့အကြုံသည် ထာဝရ ဖြစ်နေဆဲ ဖြစ်ပြီး ၎င်းတို့အတွက် သမ္မာတရားကို လုံးလုံးလျားလျား အသက်ရှင်နေထိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သောကြောင့် ဖြစ်ပေသည်။ ၎င်းတို့သည် လူသားတို့ ကြိုးပမ်းရရှိနိုင်သည့် အလွန်အမင်း နည်းပါးသော သမ္မာတရားအနည်းငယ်ကိုသာ အသက်ရှင်နေထိုင်နိုင်ကြသည်။ သို့ပါက ၎င်းတို့သည် ဘုရားအဖြစ်သို့ မည်သို့ ပြောင်းလဲနိုင်မည်နည်း။

ဘုရားသခင်သည် လူတစ်စုကို ပို၍ကောင်းမြတ်သော ဘုရားများနှင့် ပို၍ နိမ့်ကျသော ဘုရားများအဖြစ် ကိုယ်တော်တိုင် စုံလင်စေခဲ့လျှင် ယင်းမှာ ပရမ်းပတာ ဖြစ်ကုန်မည် မဟုတ်လော။ ထို့အပြင် ထိုသို့သောအရာသည် မဖြစ်နိုင်သလို အဓိပ္ပာယ်မဲ့လေသည်။ ယင်းမှာ လူသား၏ ရယ်ဖွယ်ကောင်းသော စိတ်ကူးဖြစ်သည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့ပြီးနောက်တွင် လူသားကို ဖန်ဆင်းခဲ့သည်။ ဤသို့အားဖြင့် လူသားသည် သူ့ကို နာခံပြီး ကိုးကွယ်မည် ဖြစ်သည်။ လူသားကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် အဓိပ္ပာယ်အရှိဆုံး လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားသခင်သည် လူကိုသာ ဖန်ဆင်းခဲ့သည်။ သူသည် ဘုရားများကို မဖန်ဆင်းခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်သော်လည်း ယင်းမှာ သူက ဘုရားတစ်ပါးကို ဖန်ဆင်းခြင်းနှင့် မတူညီပေ။ ဘုရားသခင်သည် သူ့ကိုယ်သူ ဖန်ဆင်းခဲ့ခြင်း မဟုတ်ပေ။ သူသည် သူ၏ကိုယ်ပိုင် အနှစ်သာရရှိပြီး ယင်းမှာ ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဘုရားသခင်ကို မသိကြသောကြောင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုသင့်သည်။ လူများသည် သမ္မာတရားကို မကြာခဏ ရှာဖွေမှသာလျှင် သမ္မာတရားကို နားလည်နိုင်သည်။ လူတို့သည် မိမိတို့၏ စိတ်ကူးများကို အခြေခံ၍ အဓိပ္ပာယ်မဲ့သောအရာများကို မပြောသင့်ပေ။ ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်၍ အတွေ့အကြုံ အနည်းငယ်မျှ သင်ရှိပြီး၊ သမ္မာတရားအပေါ် စစ်မှန်သည့် အတွေ့အကြုံနှင့် အသိပညာဖြင့် အသက်ရှင်နေပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တဖြည်းဖြည်း သင်၏ အသက်ဖြစ်လာလိမ့်မည်။ သို့သော်၊ သမ္မာတရားသည် သင်၏ အသက်ဖြစ်သည် သို့မဟုတ် သင် ဖော်ပြနေသည့်အရာသည် သမ္မာတရားဖြစ်သည်ဟု သင် ပြောဆို၍ မရနိုင်သေးပေ။ ယင်းမှာ သင်၏ ထင်မြင်ချက်ဖြစ်ပါက၊ သင်သည် မှားယွင်းပေသည်။ သင်သည် သမ္မာတရား၏ သီးခြားရှုထောင့်တစ်ခုနှင့်ပတ်သက်၍သာ အတွေ့အကြုံ အချို့ရှိပါက ဤအရာကိုယ်၌က သင် သမ္မာတရား ပိုင်ဆိုင်ခြင်းကို ကိုယ်စားပြုနိုင်သလော။ ဤအရာကို သမ္မာတရားကို ရရှိခြင်းအဖြစ် မှတ်ယူနိုင်သလော။ သင်သည် သမ္မာတရားကို အကုန်အစင် ရှင်းပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာခပ်သိမ်းနှင့် ဖြစ်ခြင်းတို့ကို သမ္မာတရားမှ သင် ရှာဖွေတွေ့ရှိနိုင်သလော။ ဤအကျိုးတရားများကို စွမ်းဆောင်မရရှိပါက၊ ဤအရာက သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုခုကို တွေ့ကြုံခြင်းမျှကို သမ္မာတရားအား ရရှိခြင်းအဖြစ် ပြော၍ရဖို့မဆိုထားနှင့်၊ သမ္မာတရားကို အမှန်တကယ် သိနားလည်ခြင်း၊ သို့မဟုတ် ဘုရားကို သိကျွမ်းခြင်းအဖြစ် ယူဆ၍မရနိုင်ကြောင်း သက်သေပြပေသည်။ အယောက်တိုင်းသည် သမ္မာတရား၏ ရှုထောင့်တစ်ခုနှင့် နယ်ပယ်တစ်ခုနှင့်သာ ပတ်သက်သည့် အတွေ့အကြုံ ရှိသည်။ ၎င်းတို့၏ အကန့်အသတ်ရှိသော နယ်ပယ်အတွင်းတွင် ထိုအရာကို ၎င်းတို့ တွေ့ကြုံကြပြီး သမ္မာတရား၏ မရေမတွက်နိုင်သော ရှုထောင့်များကို ထည့်သွင်း မစဉ်းစားနိုင်ပေ။ လူတို့သည် သမ္မာတရား၏ မူရင်းအဓိပ္ပာယ်ကို အသက်ရှင် နေထိုင်နိုင်ကြသလော။ သင်၏ အတွေ့အကြုံ အနည်းငယ်သည် မည်မျှနှင့် ညီမျှသနည်း။ ကမ်းခြေတစ်ခုက သဲတစ်ပွင့်သာဖြစ်၏၊ သမုဒ္ဒရာထဲက ရေတစ်စက်တည်း ဖြစ်၏။ ထို့ကြောင့် သင်၏ အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် ထိုအသိပညာနှင့် ထိုခံစားချက်များက မည်မျှအဖိုးတန်နိုင်ပါစေ၊ ယင်းတို့ကို သမ္မာတရားအဖြစ် ယူမှတ်၍ မရနိုင်သေးပေ။ ယင်းတို့ကို သမ္မာတရားနှင့် ကိုက်ညီသည်ဟုသာ ပြော၍ရနိုင်သည်။ သမ္မာတရားသည် ဘုရားသခင်ထံမှလာပြီး၊ သမ္မာတရား၏ အတွင်းကျကျ အဓိပ္ပာယ်နှင့် စစ်မှန်မှုများသည် အလွန်ကျယ်ပြန့်သည့် အပိုင်းအခြားကို ခြုံငုံပြီး မည်သူမျှ နားမလည်နိုင်၊ သို့မဟုတ် မချေပနိုင်ပေ။ သင်သည် သမ္မာတရားနှင့် ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှု ရှိပါက၊ သမ္မာတရားအချို့ကို သင် သိနားလည်လိမ့်မည်၊ ဤစစ်မှန်သည့် သိနားလည်မှုများကို မည်သူကမျှ ချေပနိုင်လိမ့်မည်မဟုတ်သကဲ့သို့၊ သမ္မာတရား စစ်မှန်မှုများပါရှိသည့် သက်သေခံချက်များသည် အစဉ်အမြဲ ယုတ္တိတန်သည်။ ဘုရားသခင်သည် သမ္မာတရား စစ်မှန်မှုများ ပိုင်ဆိုင်သူများကို ချီးမွမ်းသည်။ သမ္မာတရားကို သင် လိုက်စားပြီး၊ ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံရန် ဘုရားသခင်အပေါ် မှီခိုနိုင်ပြီး၊ မည်သည့် ပတ်ဝန်းကျင်တွင်ရှိပါစေ သမ္မာတရားကို သင်၏ အသက်အဖြစ် သင် လက်ခံနိုင်ပါက၊ သင်သည် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်သည်၊ ရှင်ကျန်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိလိမ့်မည်။ လူတို့ ရရှိသည့် အနည်းငယ်မျှသည် သမ္မာတရားနှင့် ကိုက်ညီသော်လည်း၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်သည်ဟု ဆိုနိုင်ဖို့မဆိုထားနှင့် ဤသည်မှာ သမ္မာတရားဖြစ်သည်ဟု ဆို၍မရနိုင်ပေ။ လူတို့ ရရှိပြီးဖြစ်သည့် အလင်းအနည်းငယ်မျှသည် မိမိတို့ကိုယ်တိုင်၊ သို့မဟုတ် နယ်ပယ်တစ်ခုခုအတွင်းရှိ အချို့သောအခြားသူတို့အတွက်သာ သင့်လျော်ပေသည်။ သို့သော်လည်း မတူညီသော အတိုင်းအတာတစ်ခုအတွင်း သင့်လျော်မည်မဟုတ်ပေ။ လူတစ်ဦး၏အတွေ့အကြုံသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ ယင်းသည် အလွန် နည်းပါးဆဲဖြစ်၏၊ ထို့ပြင် ၎င်းတို့၏ အတွေ့အကြုံသည် သမ္မာတရား၏ နက်ရှိုင်းမှုသို့ မည်သည့်အခါမျှ ရောက်လိမ့်မည်မဟုတ်ပေ။ လူတစ်ဦး၏အလင်းနှင့် လူတစ်ဦး၏နားလည်မှုကို သမ္မာတရားနှင့် မည်သည့်အခါမျှ နှိုင်းယှဉ်၍ရနိုင်မည်မဟုတ်ပေ။

လူများသည် ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်၍ အတွေ့အကြုံအချို့ရှိကာ သမ္မာတရားအချို့နှင့် ဘုရားအလိုတော်အနည်းငယ်ကို နားလည်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သော အသိပညာအချို့ ရှိပြီး ၎င်းတို့၏ စိတ်သဘောထားသည် အနည်းငယ်သော ပြောင်းလဲမှုကို ကြုံတွေ့ရပြီးဖြစ်ကာ သန့်စင်ခြင်း ခံရပြီးဖြစ်သည့်အခါ ၎င်းတို့သည် လူပုဂ္ဂိုလ်ဖြစ်သည်၊ ဖန်ဆင်းခံ လူသားတစ်ဦးဖြစ်သည်ဟုသာ ဆိုနိုင်ဆဲဖြစ်သော်လည်း ဤသည်မှာ ဘုရားသခင် ရရှိရန် ဆန္ဒရှိသည့် သာမန်လူမျိုး အတိအကျပင် ဖြစ်လေသည်။ ဤသို့ဆိုလျှင် သင်သည် မည်သို့သော လူစားမျိုးဖြစ်သနည်း။ လူအချို့က “ကျွန်ုပ်သည် သမ္မာတရားကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်သည်” ဟု ပြောကြသည်။ ထိုအရာကို ပြောခြင်းမှာ သင့်တော်မည် မဟုတ်ပေ။ သင်က “ကျွန်ုပ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရကာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံပြီးသော လူတစ်ယောက်ဖြစ်သည်။ ကျွန်ုပ်သည် နောက်ဆုံးတွင် သမ္မာတရားကို နားလည်ပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံထားရသော လူတစ်ဦးမျှသာ ဖြစ်သည်” ဟုသာ ပြောနိုင်သည်။ သင်က “ကျွန်ုပ်သည် သမ္မာတရားကို ပိုင်ဆိုင်သော လူတစ်ဦးဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များအားလုံးကို ကျွန်ုပ် တွေ့ကြုံပြီး နားလည်ပြီးသား ဖြစ်သည်။ ဘုရားသခင် ပြောသည့်အရာမှန်သမျှ၏ အဓိပ္ပာယ်ကိုလည်းကောင်း၊ ထိုနှုတ်ကပတ်တော်များကို ပြောခဲ့သည့် ဆက်စပ်အကြောင်းအရာနှင့် အခြေအနေများကိုလည်းကောင်း ကျွန်ုပ် သိသည်။ ကျွန်ုပ် အားလုံးကို သိသည်။ ဤသည်မှာ ကျွန်ုပ်သည် သမ္မာတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုသလော” ဟု ပြောခဲ့လျှင် သင်သည် တစ်ဖန်မှားယွင်းမည် ဖြစ်ပေသည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ရှိခြင်းနှင့် ထိုနှုတ်ကပတ်တော်များမှ အလင်းအချို့ ရရှိခြင်းသည် သင့်အား သမ္မာတရားကို ပိုင်ဆိုင်သည့်သူတစ်ဦး မဖြစ်စေပေ။ အယူအဆအချို့ကို နားလည်ပြီး ဆွေးနွေးနိုင်ရုံသာ ရှိသည့်သူများသည် ထိုသို့အခိုင်အမာဆိုရန် သာ၍ပင် အရည်အချင်းမပြည့်မီပေ။ လူများသည် ဘုရားသခင်၏ ရှေ့မှောက်တွင်လည်းကောင်း၊ သမ္မာတရား၏ ရှေ့မှောက်တွင်လည်းကောင်း မည်သည့်နေရာကို ယူသင့်ကြောင်း၊ လူများသည် မည်သည့်အရာများဖြစ်ကြောင်း၊ လူ၏ အတွင်းရှိ အသက်သည် မည်သည့်အရာဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အသက်သည် မည်သည့်အရာဖြစ်ကြောင်းတို့ကို ရှင်းရှင်းလင်းလင်း နားလည်ရမည်။ လူ၏ အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကို လူများ နားလည်ရမည်။ လူအချို့သည် ဘုရား၏အမှုကို ရက်အနည်းငယ် တွေ့ကြုံကာ နှုတ်ကပတ်တော်အချို့နှင့် အယူဝါဒ စကားရပ်အချို့ကို နားလည်ပြီးသည့်နောက်တွင် သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ၎င်းတို့က ခံစားကြရသည်။ ဤသည်တို့မှာ မာနအထောင်လွှားဆုံးလူများဖြစ်ပြီး ၎င်းတို့သည် အသိစိတ် ကင်းမဲ့ကြသည်။ လူများသည် မိမိတို့ကိုယ်ကို အမှန်တကယ် နားလည်ပြီး လူသားမျိုးနွယ်ကို သိလာစေရန်အတွက်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ လူများသည် အဆုံး၌ စုံလင်စေခြင်း ခံရပြီးနောက်တွင် မည်သည့်အဆင့်ကို ၎င်းတို့ရရှိနိုင်သည်ကိုလည်းကောင်း၊ ယင်းတို့ကို ကိုင်တွယ်ပြီး အမည်တပ်ရန် မည်သည့်နည်းလမ်းက သင့်တော်သော နည်းလမ်း ဖြစ်သည်ကိုလည်းကောင်း နားလည်နိုင်ရန်အတွက် ဤကိစ္စကို စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်။ လူတို့သည် ဤအရာများကို သိသင့်ပြီးစိတ်ကူးယဉ်ခြင်းများ၌ မမွေ့လျော်သင့်ပေ။ လူများအနေဖြင့် ကျင့်ကြံပြုမူပုံတွင် ပို၍ လက်တွေ့ကျသည်မှာ ပို၍ ကောင်းသည်။ ထိုနည်းအားဖြင့် ၎င်းတို့သည် အနည်းငယ် ပို၍ တည်ငြိမ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည့် လူအချို့သည် မိမိတို့၏ အိပ်မက်များကို အစဉ်သဖြင့် လိုက်စားပြီး ဘုရား၏ အသက်နှင့် ပုံသဏ္ဌာန်တော်တို့အတိုင်း အစဉ်သဖြင့် အသက်ရှင်နေထိုင်လိုသည်။ ဤသည်မှာ လက်တွေ့ကျသလော။ လူများသည် ဘုရားသခင်၏ အသက်ကို အစဉ်သဖြင့် ပိုင်ဆိုင်လိုကြသည်။ ဤသည်မှာ အန္တရာယ်ရှိသောအရာ ဖြစ်သည်မဟုတ်လော။ ယင်းမှာ လူသားတို့၏ မာနထောင်လွှားသော ရည်မှန်းချက်ဖြစ်ပြီး စာတန်၏ မာနထောင်လွှားသော ရည်မှန်းချက်ကဲ့သို့ပင် ဖြစ်လေသည်။ လူအချို့သည် အသင်းတော်တွင် အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ပြီးသည့်နောက်တွင် “အဆင်းနီသောနဂါးကြီး အာဏာမရှိတော့လျှင် ကျွန်ုပ်တို့သည် ဘုရင်များဖြစ်လာပြီး အာဏာကိုင်စွဲသင့်သလော။ ကျွန်ုပ်တို့ တစ်ယောက်ချင်းစီတိုင်းသည် မြို့မည်မျှကို ထိန်းချုပ်သင့်သနည်း” ဟု စတင်တွေးတောကြသည်။ လူတစ်ဦးသည် ထိုသို့သော အရာများကို ဖွင့်ချပြနိုင်လျှင် ယင်းမှာ ဆိုးရွားပေသည်။ အတွေ့အကြုံမရှိသော လူများသည် အယူအဆများအကြောင်း ပြောပြီး စိတ်ကူးယဉ်မှုများကို မွေ့လျော်လိုကြသည်။ ၎င်းတို့သည် ထိုသို့လုပ်ဆောင်သည့်အခါတွင် ထက်မြက်သည်ဟုပင် ခံစားကြရသည်မှာ ၎င်းတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် အောင်မြင်မှု ရရှိပြီးဖြစ်သည့်အလား၊ ၎င်းတို့သည် ခရစ်တော်နှင့် ဘုရားသခင်ကဲ့သို့ အသက်ရှင်သန်နေသည့်အလားပင် ဖြစ်သည်။ ၎င်းတို့အားလုံးသည် ပေါလု၏ တပည့်တော်များဖြစ်ပြီး ပေါလု၏ လမ်းကြောင်းကို လျှောက်နေကြသည်။ ၎င်းတို့သည် စွဲမြဲစွာ နောင်တမရပါက ဤလူများအားလုံးသည် အန္တိခရစ်များဖြစ်လာကြမည် ဖြစ်ပြီး ပြင်းထန်သော အပြစ်ဒဏ်ကို ခံစားကြရမည်။

ကောက်နုတ်ချက် (၆)

နောက်ဆုံးသောကာလ၌ ဖန်ဆင်းရှင်သည် ဤနှုတ်ကပတ်တော်များအားလုံးကို လူသိရှင်ကြား မိန့်ဆိုခဲ့ပြီး၊ လူအမျိုးအစား အားလုံးကိုလည်း ဖော်ထုတ်ခဲ့၏။ ယခုအခါ လူအမျိုးအစား အားလုံးသည် သမ္မာတရားကိုလည်းကောင်း၊ မှန်သော လမ်းခရီးကိုလည်းကောင်း၊ ဖန်ဆင်းရှင်၏ မိန့်မြွက်ချက်များကိုလည်းကောင်း ရင်ဆိုင်မိကြပေပြီ။ အမျိုးမျိုးသော သဘောထားများနှင့် အမြင်များသည်လည်း ပေါ်ထွက်လာကြသည်။ တချို့သော ထင်မြင်ချက်များနှင့် အမြင်များမှာ အဓိပ္ပာယ်မဲ့သည့်ဘက်သို့ ယိမ်းယိုင်ကြ၏။ တချို့မှာ မိမိကိုယ်ကိုယ် အမှန်ထင်၍ မာနထောင်လွှားခြင်းများ ဖြစ်၏။ တချို့မှာ ရှေးရိုးစွဲ၍ ရိုးရာ ယဉ်ကျေးမှုကို လိုက်နာစောင့်ထိန်းပြီး ဆိုးရွားလေသည်။ တော်တော်များများမှာမူ စဉ်းစားဉာဏ်မဲ့၊ မသိနားမလည်ခြင်းများ ဖြစ်၏။ သမ္မာတရားနှင့် အပြုသဘောဆောင်သော အကြောင်းအရာများကို သာမန်ကာလျှံကာ ဝေဖန်ရင်း၊ မဆင်မခြင် ပြစ်တင်ရှုတ်ချလျက်၊ သမ္မာတရားအပေါ် မုန်းတီးပြီး ရန်လိုကာ ခွေးရူးများကဲ့သို့ သွေးရူးသွေးတန်းဖြင့် ဒေါသတကြီး ရမ်းကြသည့် လူအချို့ပင် ရှိလေသည်။ ၎င်းတို့သည် သမ္မာတရား၏ အပြုသဘောဆောင်သော မည်သည့် အကြောင်းအရာ၊ ဖော်ပြချက်ကိုမဆို လက်လွတ်စပယ် ဝေဖန်ရှုတ်ချကြပြီး၊ ထိုအကြောင်းအရာတို့သည် မှန်သလော၊ မှားသလောဆိုသည်ကိုလည်းကောင်း၊ သမ္မာတရား ပါရှိ သလောဆိုသည်ကိုလည်းကောင်း ခွဲခြားရန်လည်း အားမထုတ်ကြပေ။ ဤလူများသည် တိရစ္ဆာန်များ၊ နတ်ဆိုးများ ဖြစ်ကြ၏။ လူသားတို့သည် သမ္မာတရားနှင့် မှန်သော လမ်းခရီးကို ရင်ဆိုင်တွေ့ရသည့်အခါ၊ ၎င်းတို့၏ အမြင်ကျဉ်းသော၊ ခေါင်းမာသော၊ မလိုက်လျောသော၊ မာနထောင်လွှားသော၊ ဆိုးယုတ်သော အကျည်းတန်မှုကို ထုတ်ဖော်ပြသသည့် အမျိုးမျိုးသော အမြင်များ ရှိကြ၏။ သင်တို့သည် သမ္မာတရား၏ အချို့အရာများကို ရှာဖွေနေစဉ်တွင် ဤအရာမှ သင်တို့ သိမြင်တတ်ရန်၊ သင်တို့၏ ထိုးထွင်းအမြင် ကျယ်ပြန့်စေရန်အတွက် သင်ယူကြရမည်။ ဤအခြင်းအရာတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံကြသေးသော၊ မယုံကြည်ကြသော သူတို့တွင် ပေါ်လွင်သည်ဆိုလျှင်၊ သင်တို့ကိုယ်တိုင်တွင်လည်း ဤအခြင်းအရာများ ထုတ်ဖော်ပြကြသလော။ တစ်ခါတရံ၌ ယင်းအခြင်းအရာများကို သင်တို့ ထုတ်ဖော်ပြပုံမှာ ကွဲပြားနေသလို၊ ယင်းအခြင်းအရာများကို သင်တို့ ပြောဆိုပုံမှာလည်း ကွဲပြား၏။ သို့သော် မယုံကြည်သူများတွင် ပေါ်လွင်သည့် စိတ်သဘောထားများသည် သင်တို့ထံတွင်လည်း အမှန်တကယ် ပေါ်လွင်၏။ အချို့သောလူများက သခင်ယေရှုကို လက်ခံမိကြချိန်တွင်၊ သခင်ယေရှုကို လက်မခံကြသည့် ကမ္ဘာကြီးပေါ်ရှိ လူတိုင်းအား နိမ့်ကျသည်ဟု ၎င်းတို့ ယုံကြည်ကြပုံနှင့် အတူတူပင်ဖြစ်သည်။ ထိုလူများက သခင်ယေရှု၏ ကားတိုင် ကယ်တင်ခြင်းကို လက်ခံလိုက်ပြီဖြစ်ရာ ၎င်းတို့က သာလွန်သော လူပုဂ္ဂိုလ် ဖြစ်သည်ဟု ယုံကြည်ကြပြီး၊ လူတိုင်းအပေါ် အထင်အမြင်သေးကြ၏။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ထိုးထွင်းဉာဏ်ကင်းမဲ့၏၊ အမြင်ကျဉ်းလွန်းကြ၏၊ အလွန်အမင်း မာနထောင်လွှားကာ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်ခြင်းဖြစ်၏။ ၎င်းတို့သည် အခြားသူများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြနေသည်ဟု မြင်ကြသော်လည်း ထို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့လည်း ပြသနေသည်ကို ၎င်းတို့ မမြင်ကြချေ။ သို့ဆိုလျှင် သင်တို့သည်လည်း ဤအခြင်းအရာများကို ထုတ်ဖော်ပြကြသလော။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးသည် တိကျစွာ တူညီကြသည်နှင့်အမျှ သင်တို့၌လည်း မုချ ထုတ်ဖော်ပြသကြ၏။ ထို့ပြင် ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်း၊ သူ့အမှုတော်၏ လိုအပ်ချက်များနှင့် သူ၏ ကြိုတင်ပြဋ္ဌာန်းခြင်းကြောင့်သာ၊ လူပုဂ္ဂိုလ် အမျိုးအစားတိုင်း၏ သဘာဝ အနှစ်သာရများ၊ လိုက်စားမှုများနှင့် တောင့်တမှုများတွင် ခြားနားချက်တစ်ခု ရှိနေခြင်းဖြစ်သည်။ လူအချို့တွင် စိတ်နှလုံးဖြစ်စေ၊ ဝိညာဉ်ဖြစ်စေ၊ မရှိကြ။ ၎င်းတို့သည် ယုံကြည်ခြင်းကို နားမလည်သော လူသေများနှင့် လူ့တိရစ္ဆာန်များ ဖြစ်၏။ ဤလူများသည် လူသားမျိုးနွယ် အားလုံးထဲတွင် အောက်တန်းအကျဆုံး ဖြစ်ကာ၊ လူသားများအဖြစ် မှတ်ယူ၍မရနိုင်ချေ။ ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံသော သူတို့သည် သမ္မာတရားကို ပို၍ သိနားလည်ခြင်း ရှိကြ၏၊ ၎င်းတို့၏ ထိုးထွင်းဉာဏ်နှင့် ဘုရားသခင်အပေါ် သိနားလည်ခြင်းမှာ ပို၍ ကြီးမား၏၊ ၎င်းတို့၏ အယူအဆများနှင့် အမြင်များသည် အဆင့် တစ်ခုစာ ပိုမြင့်၏။ ခရစ်ယာန်ဘာသာကို ယုံကြည်သော သူတို့သည် ယေဟောဝါထံတွင် ပညတ်တော် လိုက်နာကြသော ယုံကြည်သူများထက် ဘုရားသခင်အပေါ် ပို၍ ကြီးမားသော သိနားလည်ခြင်းနှင့် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းများနှင့် လုပ်ဆောင်ချက်အပေါ် ပို၍ ကြီးမားသော အသိပညာ ရှိကြသကဲ့သို့၊ အမှုတော်၏ တတိယအဆင့်ကို လက်ခံသော သူတို့သည် ခရစ်ယာန်ဘာသာထဲရှိ ယုံကြည်သောသူများထက် ဘုရားသခင်အပေါ် ပို၍ ကြီးမားသော သိနားလည်ခြင်း ရှိကြ၏။ ဘုရားအမှုတော်၏ အဆင့်တစ်ခုစီမှာ ပြီးခဲ့သည့်အဆင့်ထက် ပို၍ မြင့်မားသောကြောင့်၊ လူတို့၏ သိနားလည်ခြင်းမှာလည်း ဧကန်မုချ ပို၍ ပို၍ ကြီးမားလာမည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် သင့်အနေဖြင့် ထိုအခြင်းအရာကို အခြားနည်းလမ်းဖြင့် ကြည့်မည်ဆိုလျှင်၊ အမှုတော်၏ ဤအဆင့်ကို လက်ခံပြီးနောက် သင်တို့ထံတွင် ပေါ်လွင်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘာသာတရားထဲရှိ လူများတွင် ပေါ်လွင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အနှစ်သာရအရ အတူတူပင် ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ သင်တို့သည် အမှုတော်၏ ဤအဆင့်ကို လက်ခံထားပြီးကြခြင်း၊ တရားဒေသနာအများအပြားကို ကြားနာထားခြင်း၊ သမ္မာတရား အများအပြားကို နားလည်ထားခြင်း၊ မိမိ၏ သဘာဝ အနှစ်သာရအပေါ် စစ်မှန်သော သိနားလည်မှု ရရှိထားခြင်းနှင့် သမ္မာတရားကို လက်ခံကာ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် အချို့သောနေရာများတွင် အမှန်တကယ် ပြောင်းလဲသွားခြင်းတို့သာ ဖြစ်သည်။ ထို့ကြောင့် ဘာသာတရားထဲရှိ လူများက ထုတ်ဖော်ပြသည့် အပြုအမူကို သင်တို့ တစ်ဖန် ကြည့်သည့်အခါ၊ ၎င်းတို့သည် သင်တို့ထက် ပို၍ ဖောက်ပြန်ပျက်စီးသည်ဟု သင်တို့ ထင်မိကြ၏။ သို့သော် အမှန်တကယ်၌ သင်တို့အား ၎င်းတို့နှင့် ယှဉ်တွဲလျက်ထားမည်ဆိုပါက၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် လူတို့၏ သဘောထားများမှာ အတူတူပင်ဖြစ်ကြောင်း သင်တို့ မြင်ပေလိမ့်မည်။ သင်တို့အားလုံးသည် အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် သင်တို့၏ နှစ်ခြိုက်မှုများအတိုင်း ပြုမူကြခြင်းဖြစ်ကာ သင်တို့၏ ပျက်စီးသော စိတ်သဘောထားများမှာ အတူတူပင် ဖြစ်သည်။ အကယ်၍ ၎င်းတို့က အမှုတော်၏ ဤအဆင့်ကို လက်ခံထားကြမည်၊ ဤ တရားဒေသနာများကို ကြားနာထားပြီး၊ ဤသမ္မာတရားများကို နားလည်ထားမည်ဆိုလျှင်၊ သင်တို့နှင့် ၎င်းတို့ကြား၌ ခြားနားချက် များစွာရှိလိမ့်မည် မဟုတ်။ သင်သည် ဤအကြောင်းအရာမှတစ်ဆင့် မည်သည်ကို မြင်နိုင်သနည်း။ သမ္မာတရားသည် လူတို့ထံ ပြောင်းလဲခြင်း ယူဆောင်ပေးကြောင်း၊ ဘုရားသခင် မိန့်ဆိုသော ဤနှုတ်ကပတ်တော်များနှင့် သူ ဟောကြားသော ဤတရားဒေသနာများသည် လူသားမျိုးနွယ် အားလုံးအတွက် ကယ်တင်ခြင်းဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်အားလုံး လိုအပ်သည့် အကြောင်းခြင်းရာများလည်း ဖြစ်ကြောင်းတို့ကို မြင်နိုင်၏။ ထိုအရာများအားလုံးသည် သီးခြား လူအုပ်စုတစ်ခု၊ လူမျိုးစုတစ်ခု၊ လူအတန်းအစားတစ်ခု သို့မဟုတ် သီးခြား အသားအရောင်ရှိသော လူတို့ကိုသာ ဖြည့်ဆည်းပေးရန် ရည်ရွယ်သည်မဟုတ်။ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်ကာ ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရများနှင့်ပတ်သက်လျှင် ခြားနားချက် ကြီးကြီးမားမား မရှိပေ။ ၎င်းတို့၏ အသားအရောင်၊ လူမျိုး၊ ၎င်းတို့ ကြီးပြင်းရာ ပတ်ဝန်းကျင်နှင့် လူမှုစနစ် မတူညီကြခြင်း၊ သို့မဟုတ် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု၊ လူမှုရေးနောက်ခံနှင့် ၎င်းတို့ ရရှိသည့် ပညာရေးတို့တွင် အနည်းငယ်သော ကွာခြားချက်များ ရှိနေခြင်းမျှသာ ဖြစ်၏။ သို့သော် ဤအရာများမှာ အပြင်ပန်းသွင်ပြင်များသာ ဖြစ်သည်။ လူသားမျိုးနွယ်အားလုံးသည် စာတန်တစ်ဦးတည်းကြောင့် ဖောက်ပြန်ပျက်စီးကြပြီးဖြစ်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝအနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် မိန့်ဆိုသော ဤနှုတ်ကပတ်တော်များနှင့် သူ လုပ်ဆောင်သော ဤအမှုတော်သည် သီးခြားလူမျိုးစုတစ်ခု သို့မဟုတ် သီးခြားနိုင်ငံတစ်ခုခုမှ လူတို့ကို ရည်ရွယ်သည် မဟုတ်၊ ထိုထက် လူသားမျိုးနွယ် အားလုံးကို ရည်ရွယ်ခြင်းဖြစ်၏။ ယဉ်ကျေးမှုနှင့် အမျိုးမျိုးသော လူမျိုးစု နောက်ခံများတွင်ဖြစ်စေ၊ ၎င်းတို့ ရရှိသည့် ပညာရေးတွင်ဖြစ်စေ ခြားနားချက်များ ရှိနေသည့်တိုင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ဘုရားသခင်၏ အမြင်၌ အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားအမှုတော်၏ အဆင့်တစ်ခုကို နေရာတစ်ခုတွင် လုပ်ဆောင်သော်လည်း၊ နေရာတိုင်း ပြောင်းလဲခြင်း အကျိုးသက်ရောက်စေကာ၊ လူသားမျိုးနွယ်အားလုံးနှင့် သက်ဆိုင်လေသည်။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်နိုင်ကာ အထောက်အပံ့ပေးနိုင်၏။ “ဥရောပသားများနှင့် တခြားနိုင်ငံများမှ လူများသည် အဆင်းနီသော နဂါးကြီးထံမှ ဆင်းသက်လာသူများ မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်က လူသားများအားလုံးဆိုးဆိုးဝါးဝါး ဖောက်ပြန်ပျက်စီးနေသည်ဟု ပြောခြင်းက သင့်တော်ခြင်းမရှိသည် မဟုတ်ပါလား” ဟူ၍ လူအချို့က ဆိုကြ၏။ ဤစကားတို့သည် မှန်သလော။ (ထိုစကားများသည် မမှန်ပါ။ လူသားများအားလုံးသည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခံရပြီးဖြစ်သည့် တူညီသော သဘာဝအနှစ်သာရ ရှိပါသည်။) မှန်ပေ၏၊ “အဆင်းနီသော နဂါးကြီးဆီမှ ဆင်းသက်လာသူများ” ဆိုသည်မှာ လူမျိုးစုတစ်ခု၏ လူများအတွက် အမည်တစ်ခုသာ ဖြစ်သည်။ ဤအမည် ရှိကြသော လူများနှင့် ဤအမည်မရှိကြသော လူများတွင် ခြားနားသော အနှစ်သာရများ ရှိကြသည်ဟု မဆိုလိုပေ။ အမှန်တွင် ၎င်းတို့၏ အနှစ်သာရများမှာ တူညီနေဆဲ ဖြစ်သည်။ လူသားမျိုးနွယ်အားလုံးသည် နတ်ဆိုးကြီး၏ လက်အောက်တွင် ရှိနေ၏၊ ၎င်းတို့အားလုံးသည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးကြပြီး ဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝ အနှစ်သာရများမှာလည်း အတူတူပင် ဖြစ်လေ၏။ ယခုအခါ တရုတ်လူမျိုးတို့သည် ဘုရားသခင် မိန့်ဆိုသော ဤနှုတ်ကပတ်တော်များကို ကြားရသည့်အချိန်၌ ပုန်ကန်၊ ခုခံကြ၏။ ၎င်းတို့တွင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ ရှိကြ၏။ ဤသည်တို့မှာ ၎င်းတို့ ထုတ်ဖော်ပြသော အရာများဖြစ်၏။ ဤနှုတ်ကပတ်တော်များကို အခြားလူမျိုးတစ်ခု၏ လူများထံ ထပ်မံ ပြောဆိုသည့်အခါ၊ ၎င်းတို့သည်လည်း စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ ပုန်ကန်ခြင်းများ၊ မာနထောင်လွှားမှုများ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်ခြင်းများနှင့် ခုခံခြင်းများကိုပင် ထုတ်ဖော်ပြကြ၏။ တစ်ထေရာတည်း တူညီကြလေသည်။ လူသားမျိုးနွယ် အားလုံးသည် လူမျိုးနှင့် ယဉ်ကျေးမှုနောက်ခံ မည်သို့ပင် ရှိစေကာမူ၊ ဘုရားသခင် ဖော်ထုတ်သော ဖောက်ပြန်ပျက်စီးသည့် လူသားများ၏ အပြုအမူကိုသာ ပြကြလေသည်။

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူသားမျိုးနွယ်အားလုံးတွင် ရှိကြ၏။ ယင်း စိတ်သဘောထားများသည် ခြားနားချက်များထက် တူညီချက်များက ပိုများကာ၊ သိသာထင်ရှားသော ကွဲပြားခြင်းများ မရှိဘဲလျက်၊ အားလုံး အတူတူပင်ဖြစ်သည်။ ဘုရားသခင် မိန့်ဆိုသော ဤနှုတ်ကပတ်တော်များနှင့် သူ ဖော်ပြသော သမ္မာတရားများသည် လူမျိုးတစ်ခု၊ နိုင်ငံတစ်ခု၊ သို့မဟုတ် လူအုပ်စုတစ်ခုတည်းကိုသာ ကယ်တင်သည် မဟုတ်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်၏။ ဤအခြင်းအရာသည် သင်တို့အား မည်သည်ကို ပြဆိုသနည်း။ လူသားမျိုးနွယ်ထဲတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို မကြုံရသေးသကဲ့သို့ မတူညီသော လူတန်းစားတစ်ခု သို့မဟုတ် လူအမျိုးအစားတစ်ခုတွင် ပါဝင်သောသူ တစ်ဦးတလေ ရှိသလော။ ဘုရားသခင် အချုပ်အခြာအာဏာကို မခံစားရသောသူ တစ်ဦးတလေ ရှိသလော။ (မရှိပါ။) ငါ မိန့်ဆိုသော ဤစကားများ၏ အဓိပ္ပာယ်မှာ အဘယ်သို့နည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးအပေါ် အုပ်စိုးသကဲ့သို့၊ လူသားမျိုးနွယ်အားလုံးကိုလည်း တစ်ဆူတည်းသော ဘုရားသခင်က ဖန်ဆင်းခဲ့၏။ မည်သည့် လူမျိုးအုပ်စုဖြစ်စေ၊ မည်သည့် လူအမျိုးအစားဖြစ်စေ၊ ၎င်းတို့ မည်မျှ အရည်အချင်းရှိသည်ဖြစ်စေ၊ အားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းသာ ဖြစ်၏။ လူသား၏အမြင်၌ တချို့သောလူတို့မှာ တခြားသူများထက် ထူးခြားကာ သာလွန်နေကြ၏။ သို့သော် ဘုရားသခင်၏အမြင်၌မူ ၎င်းတို့မှာ အတူတူပင်ဖြစ်သည်။ လူသားတိုင်းသည် ဘုရားသခင်၏ အမြင်၌ တူညီနေသည်သာ ဖြစ်၏။ ဤအခြင်းအရာကို မည်သည့်နေရာတွင် သင် မြင်ရသနည်း။ အသားအရောင်နှင့် ဘာသာစကား ကွဲပြားချက်များမှာ အပြင်ပန်းသွင်ပြင်များမျှသာ ဖြစ်၏။ သို့သော် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့၏ သဘာဝအနှစ်သာရများမှာ အတူတူပင်ဖြစ်သည်။ ဤသည်ကား ထိုအခြင်းအရာ၏ အမှန်တရား ဖြစ်၏။ ဆိုးယုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် မည်သည့်လူသားမျိုးနှင့်မဆို ရင်ဆိုင်တွေ့ရသည့်အခါတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အကျိုးရလဒ်များကို စွမ်းဆောင်ရရှိနိုင်ကြ၏။ ထိုနှုတ်ကပတ်တော်တို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရည်ရွယ်ခြင်းဖြစ်ကာ လူသားမျိုးနွယ်အားလုံး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးနိုင်၏။ ဤအရာက ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ ယင်းတို့သည် လူသားများကို သန့်စင်၊ ကယ်တင်ရန် အထောက်အပံ့ ပေးနိုင်သည်ကိုလည်းကောင်း ပြသပေသည်။ ဤအရာကို ငြင်းပယ်၍မရနိုင်ပေ။ ယခု နောက်ဆုံးသောကာလတွင် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များသည် ကမ္ဘာကြီး၏ နိုင်ငံများနှင့် လူမျိုးများအားလုံးဆီသို့ အနှံ့အပြား ပျံ့နှံ့နှင့်ပြီး ဖြစ်သည်။ ဤသည်မှာ အမှန်ပင်ဖြစ်၏။ ထို့ပြင် လူသား၏ တုံ့ပြန်မှုမှာ မည်သို့ ရှိလေပြီနည်း။ (တုံ့ပြန်မှုများမှာ အမျိုးစုံ ရှိနေပြီဖြစ်သည်။) သို့ဆိုလျှင် ဤတုံ့ပြန်မှုမျိုးစုံတို့သည် လူသား၏ အနှစ်သာရနှင့် ပတ်သက်၍ မည်သည်ကို ညွှန်ပြသနည်း၊ သို့မဟုတ် ထင်ဟပ်လေသနည်း။ လူသား၏ သဘာဝအနှစ်သာရမှာ အတူတူပင်ဖြစ်ကြောင်း၊ ၎င်းတို့၏ တုံ့ပြန်မှုများမှာ သခင်ယေရှု အမှုပြုရန် ကြွလာခဲ့ချိန်က ဖာရိရှဲများနှင့် ယုဒလူများကဲ့သို့ အတူတူပင် ဖြစ်ကြောင်းတို့ကို ပြသနေ၏။ ၎င်းတို့သည် သမ္မာတရားကို မနှစ်သက်ခြင်း ရှိကြ၏၊ ဘုရားသခင်နှင့်ပတ်သက်သော စိတ်ကူးစိတ်သန်းများ၊ အယူအဆများဖြင့် ပြည့်နှက်နေကြပြီး၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုမှာ မရေရာသော စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအတွင်းတွင် တည်ရှိနေ၏။ လူသားမျိုးနွယ်သည် ယေဘုယျအားဖြင့် ဘုရားသခင်ကို မသိကြဘဲ၊ အတိုက်အခံလုပ်ကြ၏။ ဘုရား၏နှုတ်ကပတ်တော်များကို ကြားကြားချင်း၌ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ သို့မဟုတ် ၎င်းတို့၏ သဘာဝအနှစ်သာရတွင် ပင်ကိုအားဖြင့် ပြသသော အမှုအရာများမှာ ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်းနှင့် ရန်လိုခြင်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့အားလုံးတွင် တူညီစွာ ရှိနေသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင် ဖော်ပြသော သမ္မာတရားများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ အပျက်သဘောဆောင်သော သဘောထားများနှင့် အမြင်များသည် ဖောက်ပြန်ပျက်စီးသော လူသား၏ သဘာဝအနှစ်သာရမှ ပေါ်ထွက်လာခြင်း ဖြစ်ကာ၊ ဤ လူသားမျိုးနွယ်၏ သဘောထားကို ထင်ဟပ်သောအရာလည်း ဖြစ်၏။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှာ သခင်ယေရှု ကြွရောက်ခဲ့ချိန်၌ ဘုရားသခင်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများတွင် ရှိခဲ့သည့် အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အတူတူပင် ဖြစ်သည်။ ထိုအရာများသည် မပြောင်းလဲသေးပေ။ ဘာသာတရားထဲတွင် ရှိသောသူတို့သည် နှစ်ပေါင်း ၂၀၀၀ ကြာ ကားတိုင်ကို ထမ်းလာခဲ့ကြ၏၊ သို့သော် ၎င်းတို့သည် အနည်းငယ်မျှ မပြောင်းလဲဘဲ အရင်အတိုင်း ဆက်ရှိနေကြ၏။ လူတို့သည် သမ္မာတရားကို မရရှိသေးသော အချိန်၌၊ ဤသည်တို့မှာ ၎င်းတို့တွင် အလိုအလျောက် ပြသသော၊ ၎င်းတို့ထံမှ ပင်ကိုအားဖြင့် ထွက်ပေါ်သောအရာများ ဖြစ်ကြ၏။ ဤသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားပင် ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားလျှင်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြုပြင်နိုင်မည်လော။ (မပြုပြင်နိုင်ပါ။) ၎င်းတို့သည် အချိန်မည်မျှ ကြာအောင် ယုံကြည်ပြီးသည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားပါက၊ ၎င်းတို့၏ ​ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနိုင်ကြလိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်တွင် ဖာရိရှဲတို့သည် သခင်ယေရှုကို ဒေါသတကြီး ခုခံရှုတ်ချကာ၊ သူ့ကို ကားတိုင်တွင် သံမှိုစွဲခဲ့ကြ၏။ ယခုအခါ ဘာသာရေးလောကမှ သင်းအုပ်များ၊ အကြီးအကဲများ၊ ဘုန်းတော်ကြီးများနှင့် သင်းထောက်များသည် ဖာရိရှဲများ လုပ်ခဲ့ကြသည့်အတိုင်း လူ့ဇာတိခံယူသော ဘုရားသခင်အား ဒေါသတကြီး ခုခံရှုတ်ချနေဆဲ ဖြစ်သည်။ အကယ်၍ လူတစ်ဦးတစ်ယောက်သည် ၎င်းတို့ကြား သွားကာ၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည်ဟု သက်သေခံမည်ဆိုလျှင်၊ ထိုသူသည် ဖမ်းဆီးခံရပြီး ကွပ်မျက်ခံရနိုင်ကောင်း၏။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည်လည်း အဓိက ဘာသာတရားတိုင်း၏ ဝတ်ပြုရာ နေရာများသို့ တရားဟောရန် သွားရောက်မည်ဆိုလျှင်၊ ၎င်းတို့သည် သူ့အား ကားတိုင်တွင် သံမှိုစွဲခြင်း သို့မဟုတ် အာဏာရှိသူများထံ အပ်နှံခြင်းကို ဧကန်မုချ လုပ်ကြဦးမည်သာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားတို့၏ သဘာဝအနှစ်သာရများမှာ အားလုံး အတူတူပင် ဖြစ်သောကြောင့်၊ ၎င်းတို့သည် သူ့ကိုလုံးဝ သက်ညှာလိမ့်မည် မဟုတ်။ ဤစကားများကို သင်တို့ ကြားရသည့်အခါ စိတ်ထဲတွင် တုံ့ပြန်မှုတစ်ခုခု ရှိကြသလော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာသော်လည်း သမ္မာတရားကို အတိုင်းအတာတစ်ခုထိ လိုက်စားခြင်းမရှိသေးသော သူတို့သည် အတော်ပင် စိုးရိမ်ဖွယ်ကောင်းသည်ဟု ထင်ကြသလော။ (အနည်းငယ် ထင်မိပါသည်။) အလွန် စိုးရိမ်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်၏။ သမ္မာကျမ်းနှင့် ကားတိုင်သင်္ကေတကို ကိုင်ဆောင်ခြင်း၊ ပညတ်တရားကို အားကိုးခြင်း၊ ဖာရိရှဲတို့၏ အဝတ်အစားများ သို့မဟုတ် ယဇ်ပုရောဟိတ်တို့၏ ဝတ်ရုံများကို ဝတ်ဆင်ခြင်းနှင့်၊ ဗိမာန်တော်များတွင် ဘုရားသခင်အား လူသိရှင်ကြား အတိုက်အခံလုပ်၊ ရှုတ်ချခြင်း၊ ဤအရာများသည် ဘုရားသခင်ကို ယုံကြည်သော သူများက နေ့ခင်းကြောင်တောင်၌ပင် ပြုလုပ်ကြသော အရာများ မဟုတ်လော။ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ၊ ခုခံကြသော လူတို့သည် မည်သည့်နေရာ၌ ရှိသနည်း။ ဝေးဝေး ကြည့်စရာ မလိုပေ။ ဘုရားသခင်ကို ယုံကြည်သူများထဲတွင် သမ္မာတရားကို လက်မခံသကဲ့သို့ သမ္မာတရားကို ငြီးငွေ့သော မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်သူတစ်ယောက်၊ အန္တိခရစ်တစ်ယောက်၊ ဖာရိရှဲတစ်ယောက် ဖြစ်ပေသည်။

လူတို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ထိုသမ္မာတရားကို မရရှိနိုင်ကြလျှင်၊ ၎င်းတို့သည် ဘုရားသခင်ကို ဘယ်သောအခါမှ သိကြလိမ့်မည်မဟုတ်။ လူတို့သည် ဘုရားသခင်ကို မသိသောအခါ၊ ဘုရားသခင်အပေါ် အမြဲ ရန်လိုခြင်း ဆက်ရှိနေကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ သင်၏စိတ်နှလုံးက ဘုရားသခင်ကို ချစ်ခင်ရန် နှလုံးသွင်းအရ မည်မျှ ဆန္ဒရှိသည်ဖြစ်စေ၊ သူ့အား အတိုက်အခံလုပ်ရန် မည်မျှ မလိုလားသည်ဖြစ်စေ၊ အချည်းနှီးသာ ဖြစ်၏။ ဤသည်မှာ လူတို့၏ သဘာဝက ဆုံးဖြတ်သည့် အမှတ်တမဲ့ အခြေအနေတစ်ခု ဖြစ်လေရာ၊ ဆန္ဒရှိရုံ သို့မဟုတ် မိမိကိုယ်ကို ချုပ်ထိန်းချင်ရုံဖြစ်ခြင်းသည် အချည်းနှီးသာ ဖြစ်၏။ ထို့ကြောင့် သင်သည် သမ္မာတရားရှိသော လူတစ်ယောက် ဖြစ်လာအောင် အားထုတ်ရမည်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို အားထုတ်ရမည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပစ်ရမည်၊ သမ္မာတရား စစ်မှန်မှုများအတွင်းသို့ ဝင်ရောက်ရမည်၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်ရရှိရမည်။ ဤသည်မှာ မှန်သောလမ်းကြောင်း ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးကြီးဆုံး အပိုင်းမှာ သမ္မာတရားကို လိုက်စားခြင်းဖြစ်ကြောင်း သင်တို့စိတ်နှလုံးထဲ၌ သိရမည်။ သမ္မာတရားကို လိုက်စားသည့်အခါ သင့်အနေဖြင့် စတင် လုပ်ဆောင်သင့်သည့် ကဏ္ဍများနှင့်စပ်လျဉ်း၍ လက်တွေ့လုပ်ဆောင်မှုအချို့အပြင်၊ မည်သည့်အရာကို လုပ်ဆောင်ရန် လိုအပ်သည်၊ မိမိတာဝန်များကို မည်သို့ ချဉ်းကပ်ရမည်၊ မိမိအနီးအနားရှိ လူအမျိုးအစားတိုင်းကို မည်သို့ ချဉ်းကပ်ရမည်၊ အမှုအရာတိုင်း၏ အကြောင်းကိစ္စခပ်သိမ်းကို မည်သို့ ချဉ်းကပ်ရမည်၊ ယင်းတို့ကို ချဉ်းကပ်သည့်အခါ မည်သည့်အမြင်ကို ခံယူသင့်သည်၊ မည်သည့် လုပ်နည်းကိုင်နည်းသည် သမ္မာတရားစည်းမျဉ်းများနှင့် အညီဖြစ်သည်ကိုလည်း သဘောပေါက်ရမည်။ သင်သည် သမ္မာတရားကို မရှာဖွေ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို နားမလည်သကဲ့သို့၊ စည်းမျဉ်းများကိုသာ လိုက်လျှောက်နိုင်စွမ်းရှိကာ အမှုအရာများကို ထိုစည်းမျဉ်းများအတိုင်း၊ တွေးခေါ်ဆင်ခြင်မှု၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်းသာ သတ်မှတ်နိုင်စွမ်းရှိပါက၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းသည် မှားယွင်းပြီး၊ ဘုရားသခင်ကို သင် ယုံကြည်ခဲ့သည့် နှစ်ကာလများတွင် သင်သည် စည်းမျဉ်းများကိုသာ အတိအကျ လိုက်နာပြီးဖြစ်သော်လည်း၊ သမ္မာတရားကို နားမလည်သေးသကဲ့သို့ စစ်မှန်မှုလည်း မရှိသေးသည်ကိုသာ သက်သေပြပေသည်။ စည်းမျဉ်းများ လိုက်လျှောက်ခြင်းနှင့် အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့်အညီ နေထိုင်ခြင်းသည် သင့်အတွက် ခက်ခဲ ပင်ပန်းဖွယ်ရာ ကောင်းသော်လည်း၊ ယင်းသည် အချည်းနှီး အားထုတ်မှုသာ ဖြစ်ကာ ဘုရားသခင်သည် သင့်အား အနည်းငယ်မျှ ချီးမွမ်းလိမ့်မည် မဟုတ်။ ခက်ခဲ ပင်ပန်းရခြင်းမှာ နည်းပင် နည်းသေး၏။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ သို့မဟုတ် တရားဒေသနာများကို ကြားနာပြီး မိတ်သဟာယပြုသည့်အခါ၊ ဝိညာဉ်ရေးရာ သိနားလည်ခြင်းနှင့် စစ်မှန်သော သဘောပေါက်ခြင်း ရှိပါက၊ သင့်အနေဖြင့် တွေ့ကြုံရလေလေ ပို၍ နားလည်ကာ ရရှိလေလေ ဖြစ်လိမ့်မည်။ သင် နားလည်သော အရာများမှာလည်း စစ်မှန်၍ သမ္မာတရားနှင့် အညီချည်းသာ ဖြစ်လိမ့်မည်။ ထို့နောက် သင်သည် သမ္မာတရားကို ရရှိကာ၊ အသက်ကိုလည်း ရရှိပြီးဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက် သင် ရရှိပြီး နားလည်ထားသော အရာများမှာ ဩဝါဒနှင့် စည်းမျဉ်းများနှင့် ဆိုင်သည့်အရာ၊ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် သက်ဆိုင်သည့်အရာများ၊ သင့်ကို ချည်နှောင်သော စည်းမျဉ်းစည်းကမ်းများသာ ဖြစ်နေသေးပါက၊ သင်သည် လုံးလုံး အဆုံးသတ်ပေပြီ။ ဤသည်မှာ သင်သည် သမ္မာတရားကို မရရှိသေးကြောင်း၊ သင့်တွင် အသက် မရှိကြောင်းကို သက်သေပြ၏။ သင့်အနေဖြင့် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ အယူဝါဒ စကားများနှင့် စကားရပ်များကို မည်ရွေ့မည်မျှ ဟောပြောနိုင်သည်ဖြစ်စေ၊ သင်သည် အဓိပ္ပာယ်မဲ့ပြီး ယောင်ချာချာ လူတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်သည်။ ထိုသို့ ဆိုရသည်မှာ နားဝင်မချိုလှသော်လည်း၊ အမှန်ပင် ဖြစ်၏။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာသောလူ အများအပြား ရှိကြသော်လည်း၊ သမ္မာတရားနှင့် ခရစ်တော်သည် ဘုရားသခင်၏ အိမ်တော်၌ တန်ခိုးအာဏာ စွဲကိုင်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ပိုင်သအုပ်စိုးကြောင်းကို ၎င်းတို့ မသိကြပေ။ ဤသို့သော လူများသည် မည်သည့် သိနားလည်ခြင်းမျှ မရှိကြဘဲ၊ မျက်မမြင်များလောက်သာ ဖြစ်ကြ၏။ အချို့ကမူ ဘုရားသခင်သည် လူတို့ကို တရားစီရင်ကာ ပြစ်တင်ဆုံးမကြောင်း၊ လူအုပ်စုတစ်ခုကို စုံလင်စေသော်လည်း၊ အခြားသော လူအများအပြားကို ဖယ်ရှားကြောင်း မြင်ကြသောကြောင့်၊ ဘုရားသခင်၏ ချစ်ခြင်းနှင့် သူ၏ ဖြောင့်မတ်ခြင်းကိုပင် သံသယ ရှိကြ၏။ ဤသို့သော လူများသည် နားလည် သဘောပေါက်နိုင်စွမ်း တစ်ခုတလေ ရှိကြသလော။ ၎င်းတို့တွင် သိနားလည်ခြင်း တစ်ခုတလေ ရှိကြသလော။ ၎င်းတို့သည် နားလည်နိုင်စွမ်း လုံးဝ မရှိသည့် မိုက်မဲသောလူများ ဖြစ်သည်ဟု ဆို၍ ရပေသည်။ မိုက်မဲသော လူများသည် အမှုအရာများကို ယုတ္တိမရှိသော သိနားလည်မှုဖြင့် အမြဲတစေ ကြည့်တတ်၏။ သမ္မာတရားကို နားလည်သော သူတို့သာလျှင် အမှုအရာများကို မှန်ကန်တိကျစွာ၊ အချက်အလက်များနှင့် လျော်ညီစွာ ရှုမြင်နိုင်ကြလေသည်။

အရှေ့သို့- မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- သမ္မာတရားအား ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်

သင်တို့သည် မိမိပြုလုပ်သမျှအရာခပ်သိမ်း၌ ဖြောင့်မတ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း ရှိမရှိနှင့် မိမိ၏အပြုအမူများအားလုံးကို ဘုရားသခင်က...

လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

သင်တို့သည် ဘုရားသခင့် အမှု၏ ရူပါရုံကို သိလာရမည်ဖြစ်ပြီး သူ့အမှု၏ ယေဘုယျ ဦးတည်ချက်ကို သဘောပေါက်လာရမည်။ ဤသည်မှာ အပြုသဘောဆောင်သော...

သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို...

သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

ဘုရားသခင်အား ယုံကြည်မှုနှင့် ပတ်သက်လာလျှင် သမ္မာကျမ်းစာကို မည်သို့ ချဉ်းကပ် ရမည်နည်း။ ၎င်းသည် အခြေခံကျသည့် မေးခွန်း တစ်ရပ်ဖြစ်သည်။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။