၁၂၂ အလင်းထဲမှာ အသက်ရှင်ရဖို့ ဘုရားသခင်ကို ချစ်ပါ
၁
ကမ္ဘာကြီး မှောင်မိုက်လို့ အန္တရာယ်များလှတယ်
နောက်ဆုံးသောကာလ၌ ဘုရားနှုတ်ကပတ်တော်သည်
စစ်မှန်တဲ့အလင်းကို ပြတယ်
ငါ နှုတ်ကပတ်တော်ကို စားသုံးခြင်းဖြင့် သမ္မာတရားကို ရတယ်
ကမ္ဘာကြီးထဲ လမ်းမှန်ကို ငါတွေ့တယ်
နှုတ်ကပတ်တော်ကို ကိုယ်တိုင်တွေ့ကြုံခံစားရပြီး အလင်းကို မြင်ရတယ်
သမ္မာတရားဟာစစ်မှန်လွန်းတာ ငါသိတယ်
နှုတ်ကပတ်တော်က လူ့အသက်ပါ
သမ္မာတရားကိုရရှိခြင်းသည် ဘုရားသခင်ကို ဘုန်းကြီးစေတယ်
၂
စစ်ကြောစီရင်ခြင်းနှင့် ဆုံးမခြင်းတို့က အလွန်အဖိုးထိုက်ပေ
စုံစမ်းခြင်းနှင့်စစ်ကြောပြုပြင်ပေးခြင်းက
လူတွေအကြောင်းကို လှစ်ဟဖော်ပြတယ်
ကြီးမားတဲ့ဝေဒနာခံစားခြင်းကြောင့် အပြောင်းအလဲ ရရှိတယ်
သမ္မာတရားအတိုင်း အသက်ရှင်ခြင်းသည် အရင်းအမြစ်
ဘုရားကို မြတ်နိုးခြင်းသည် လက်တွေ့စစ်မှန်သောခံစားမှုပါ
ဘုရားကို မနှစ်သက်တဲ့ နှလုံးသားက ဘုရားအပေါ် သစ္စာမဲ့တယ်
ဘုရာ်ကို စစ်မှန်စွာချစ်တဲ့ စိတ်က သူ၏ချီးမွမ်းခြင်းကို ခံထိုက်တယ်
၃
ယုံကြည်ခြင်းကို အမှီပြုရင်း စုံစမ်းခြင်းများကို ရင်ဆိုင်ဖြတ်သန်းပါ
သမ္မာတရားပေါ် အမှီပြုလို့ သက်သေခံပါ
ခက်ခဲမှုနှင့် စမ်းစစ်မှုများ လူ့စိတ်ရင်းအမှန်ကို ဖော်ပြတယ်
သမ္မာတရားမရှိဘဲ အရာအားလုံး အချည်းနှီး ဖြစ်သွားမှာပါ
ဘုရားသခင်ကို ဝိညာဉ်ရော၊ သမ္မာတရားနဲပါ နာခံပါတယ်
တာဝန်ကို ကောင်းမွန်စွာထမ်းရွက်လို့ သက်သေခံပါတယ်
ဘုရားသခင်ကို ချစ်ရခြင်းသည် အလွန်ပင် အဓိပ္ပာယ်ရှိလှသည်
အလင်းထဲမှာ ငါ ထာဝစဉ် နေရမယ်
အလင်းထဲမှာ ငါ ထာဝစဉ် နေရမယ်