ခေတ်သစ်ဖာရိရှဲတစ်ဦး ဖြစ်လာခြင်း

04.06.2022

၁၉၈၉ မှာ သခင်ယေရှုနောက် ကျွန်မ စလိုက်ခဲ့တယ်။ ဝတ်ပြုအစီအစဉ်တက်ပြီး ကျမ်းစာဖတ်ခြင်းအားဖြင့်၊ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဘုရားက ဖန်ဆင်းခဲ့မှန်း၊ သခင်ယေရှုက စာတန်ရဲ့ လက်ခုပ်ကနေ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ မယုံနိုင်လောက်တဲ့ ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးရင်း၊ ကိုယ်တိုင်လူ့ဇာတိခံပြီး ကားတိုင်မှာ အသေခံခဲ့မှန်း သိခဲ့ရတယ်။ သခင့်အပေါ် ကျွန်မ သိပ်ကျေးဇူးတင်မိတယ်။ အဲဒီနောက်မှာ၊ အလုပ်တစ်ခုကို အတည်တကျလုပ်ရင်းနဲ့ ဧဝံဂေလိ စဝေမျှခဲ့ပြီး၊ ဘုရားကျောင်းသွားတာ၊ ကျမ်းစာဖတ်တာတွေက ကျွန်မဘဝနီးနီး ဖြစ်လာတယ်။ အနှစ်အနည်းငယ်ကြာတော့၊ ဧဝံဂေလိ ပျံ့နှံ့တာ တကယ်မြန်ခဲ့ပြီး၊ မကြာခင် အသင်းတော်သစ် အတော်များများ ကျွန်မတို့ တည်ထောင်ခဲ့ကြတယ်။ ကျွန်မက စီရင်စုနှစ်ခုရဲ့ အလုပ်အတွက် တာဝန်ရှိတဲ့ ခေါင်းဆောင်ရာထူးတစ်ခုဆီကို အရွေးခံခဲ့ရတယ်။ နောက်ဆုံးတော့ အလုပ်ထွက်ပြီး အသင်းတော်အလုပ် အစွမ်းကုန် ကြိုးစားအားထုတ်လိုက်ရတော့တယ်။ နေ့တိုင်းက တကယ်စိတ်ကျေနပ်စရာပါ။

အဲဒီနောက် ၁၉၉၇ ကနေစပြီး၊ ကျွန်မ မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးစုံ စပေါ်လာခဲ့တယ်။ ကျွန်မတို့ ဧဝံဂေလိပြုတာက အဆင်ပြေမနေခဲ့ဘူး၊ မကျန်းမာတာတွေက ဆုတောင်းခြင်းနဲ့ မပျောက်သလို၊ နတ်ဆိုးတွေလည်း ကျွန်မတို့ မနှင်ထုတ်နိုင်ခဲ့ဘူး။ အသိသာဆုံးက ကျွန်မရဲ့ ဒေသနာတွေက ခြောက်ကပ်ကပ်နိုင်ပြီး ထိုးထွင်းအမြင် မရှိဘူး။ သူတို့ ဘာဟောသင့်လဲလို့ လုပ်ဖော် ကိုင်ဖက်တွေက မေးပြီး ကျွန်မက၊ “တကယ်အကျပ်ရိုက်နေရင်၊ ကျမ်းစာသာ ဖတ်လိုက်ပါ”လို့ ပြောခဲ့တာ သတိရတယ်။ အဲဒါ ဖြေရှင်းချက်ဆိုတာမျိုး မဟုတ်မှန်း၊ ညီအစ်ကို မောင်နှမတွေက သူတို့ဘာသာ ကျမ်းစာဖတ်နိုင်လို့ ဖတ်ပြပေးဖို့ မလိုမှန်း ကျွန်မ သိတယ်။ အသင်းသားတွေက ဝိညာဉ်ရေးရာ အာဟာရတစ်ခုမှ မရကြသလို အားနည်းနေကြတယ်။ ကျွန်မတို့က အသင်းသားသစ်တွေ ရမနေရုံမက ရှိရင်းစွဲတွေက အသင်းတော်ကို စွန့်ခွာနေကြတယ်။ တချို့က သူတို့ယုံကြည်ခြင်းကို လုံးဝ စွန့်ကြပြီး လုပ်ဖော်ကိုင်ဖက်တချို့တောင် လောကထဲကို ပြန်ထွက်သွားကြတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မက သခင့်ကို အော်ခေါ်ရင်းနဲ့ စဉ်ဆက်မပြတ် အစာရှောင်၊ ဆုတောင်းနေခဲ့ကြပြီး၊ ဟေနန် စီရင်စုထဲက ဆရာတော်ဆီကိုလည်း ဆက်သွယ်ခဲ့ကြတယ်။ ဒါပေမဲ့ ဘာပဲလုပ်လုပ်၊ အသင်းတော်ရဲ့ ခြောက်ကပ်တဲ့ အခြေအနေကို မပြောင်းလဲနိုင်ခဲ့ကြဘူး။ ကျွန်မ ငြိမ်ငြိမ် မနေနိုင်လောက်အောင်ကို စိတ်လှုပ်ရှားနေခဲ့ပြီး၊ မစားနိုင်၊ မအိပ်နိုင် ဖြစ်ခဲ့ရတယ်။ ကျွန်မတွေးနေမိတယ်၊ ကိစ္စတွေ ဒီလိုဖြစ်နေရင်၊ အရမ်းကို ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရတဲ့ အသင်းတော်တွေအားလုံး အဲဒီလိုနဲ့ပဲ တစ်စစီပြိုလဲသွားနိုင်လား။ အဲဒါဆိုရင် သခင်ပြန်ကြွလာတဲ့အခါ သူ့ကို ကျွန်မ ဘာကိုပြရမှာလဲ။ အဲဒါက ကျွန်မကို အပြစ်သား ဖြစ်စေမှာ မဟုတ်လားပေါ့။ မဟုတ်သေးဘူး၊ တခြားအသင်းတော်တွေကို တစ်ချက်လျှောက်ကြည့်ဖို့ လိုတယ်ပေါ့။

ပထမဆုံး ကျွန်မတို့ ဒေသမှာ ဂုဏ်သတင်းအရှိဆုံး အကြီးအကဲ ဝူဆီ လည်ပတ်ခဲ့ပေမဲ့၊ မပြောင်းလဲတဲ့ အရာတွေကိုပဲ သူ ဟောနေခဲ့တယ်။ အဲဒီနောက် အကြီးအကဲ ဝူရဲ့ အကြံပြုချက်အရ၊ အကြီးအကဲ ယွမ်ကို တွေ့ဖို့ ဘေကျင်းကို သွားခဲ့တယ်။ သူက အလေးစားခံရတဲ့ နောက်ထပ် အကြီးအကဲတစ်ယောက်ပဲ။ သူ့မှာ အသင်းတော်ကို နိုးထစေနိုင်အောင်ဝေမျှဖို့ ဉာဏ်အလင်းပေးတာတစ်ခု သေချာပေါက်ရှိမှာပဲပေါ့။ ဒါပေမဲ့ သူနဲ့ မိတ်သဟာယပြုတဲ့ သုံးရက်တာမှာ၊ သူပြောပြသမျှအကြောင်းက သူ့ကိုယ်ပိုင်ဘဝ၊ သခင့်အတွက် စွန့်လွှတ်တာတွေ သူ လုပ်ခဲ့ပုံ၊ ကွန်မြူနစ်ပါတီက သူ့ကို ဖိနှိပ်ခဲ့ပုံတွေပဲ ဖြစ်နေတယ်။ လုံးဝက ဉာဏ်အလင်းမပေးဘူး။ ဘေကျင်းကို ခရီးထွက်ခဲ့တာ အလဟဿပဲ။ နောက်ပိုင်းမှာ၊ တောင်ကိုရီးယားက ဧဝံဂေလိဆရာ နှစ်ယောက်နဲ့ အစ်မတစ်ယောက်က မိတ်ဆက်ပေးတယ်။ ဧဝံဂေလိက တရုတ်ပြည်ကို နောက်မှ ရောက်တဲ့အတွက် သူတို့မှာ ဝေမျှဖို့ မြင့်မားတာ တစ်ခုခုရှိနိုင်လို့ ကျွန်မတို့ အသင်းတော်တွေအတွက် မျှော်လင့်ချက် ရှိတယ်လို့ ကျွန်မ တွက်ဆမိတယ်။ အရင်အတိုင်း အတူတူပါပဲ၊ ဉာဏ်အလင်းပေးတာ ဘာမှမရှိဘူး။ အဲဒီအချိန်မှာ၊ ကျွန်မ လုံးဝ စိတ်ဓာတ်ကျသွားတယ်။ သခင့်ကို ကျွန်မ အော်ခေါ်မိတယ်၊ “အို သခင်၊ ကျွန်မ ဘာလုပ်သင့်လဲ။ ကျွန်မ သိသမျှကို လုပ်ပြီးပြီ၊ ရှာနိုင်သမျှ လူတိုင်းကို ရှာပြီးပါပြီ။ တကယ်ကို ကြံရာမရဖြစ်မိပါတယ်— ဒီကနေ ဘာဆက်လုပ်ရမလဲ မသိပါဘူး” လို့ပေါ့။

၁၉၉၈ ခုနှစ် နှောင်းပိုင်းမှာ။ ဟေနန်ကနေ အထက်ခေါင်းဆောင် တစ်ယောက်က ဝတ်ပြုပွဲ လုပ်ပေးနေချိန်မှာ၊ သခင် ပြန်ကြွလာပြီလို့ပြောတဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းလို့ခေါ်တဲ့ အသင်းတော်တစ်ပါးကို သူ ပြောခဲ့တယ်။ အဲဒါကိုကြားတော့ ကျွန်မ အံ့အားသင့်မိသလို စိတ်လည်းလှုပ်ရှားမိတယ်။ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်မ နှစ်နဲ့ချီ မျှော်လင့်နေခဲ့တာဖြစ်ပြီး၊ နောက်ဆုံးတော့ အဲဒီနေ့ ရောက်လာခဲ့ပြီ။ ဒါပေမဲ့ စိတ်လှုပ်ရှားနေတုန်းမှာပဲ သူဒီလိုပြောတာ ကြားရတယ်၊ “သခင် ပြန်ကြွလာပြီ၊ အမှုသစ်ကို ပြုနေပြီး၊ နှုတ်ကပတ်တော်သစ်တွေကို ပြောနေတယ်လို့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ပြောတယ်။ သူတို့က ကျမ်းစာကို ဖတ်တောင် မဖတ်တော့ဘူး၊ သခင်က အမျိုးသမီးအနေနဲ့ ပြန်ကြွလာပြီဆိုပဲ”တဲ့။ အဲဒီစကားတွေ သူ့နှုတ်က ထွက်လာတာနဲ့ တစ်ပြိုင်နက်၊ လူအားလုံးကြားမှာ ဆွေးနွေးသံတွေ ညံသွားတယ်။ တချို့က ပြောတယ်၊ “ဘာရယ်။ သခင်ပြန်ကြွလာပြီ ဟုတ်လား။ ကျွန်မတို့ ဘယ်လိုဖြစ်ပြီး မသိခဲ့ရတာလဲ။ သူက အမျိုးသမီးအနေနဲ့ ဘယ်လိုလုပ် ပြန်လာရတာလဲ။ သခင်ယေရှုက အမျိုးသားလေ၊ ဒီတော့ အမျိုးသားအနေနဲ့ သူ ပြန်လာသင့်တယ်”တဲ့။ ပြီးတော့ တချို့က ပြောတယ်၊ “သခင်ယေရှုက သူ့ရဲ့ ပြန်ကြွလာချိန်မှာ နှုတ်ကပတ်တော်သစ်တွေ ပြောပြီး အမှုသစ် ပြုမယ့်အကြောင်း ကျမ်းစာထဲမှာ လုံးဝ မရှိဘူး။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်း ပြောတာက တကယ်ကို မဖြစ်နိုင်တာပဲ”တဲ့။ ကျွန်မ တွေးနေမိတာက သခင်ယေရှု ပြန်ကြွလာခဲ့ပြီး အမှုသစ်ပြုနေတယ်၊ ပြီးတော့ အမျိုးသမီးပုံစံနဲ့ လူ့ဇာတိခံခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ဟာ ကျမ်းစာက တစ်ခါမှ မဖော်ပြခဲ့တဲ့ အရာတစ်ခုပဲလို့ပေါ့။ ဒီတော့ ကျမ်းအခြေပြုချက် တစ်ခုမှမရှိဘဲနဲ့၊ ဘုရားရဲ့ အမှုတော် မဖြစ်နိုင်ဘူးလို့ပေါ့။ ယုံကြည်သူတွေအနေနဲ့၊ ကျမ်းစာကို လိုက်နာရမှာဖြစ်ပြီး၊ အဲဒီကနေ သွေဖည်တဲ့သူ ဘယ်သူမဆိုက ခရစ်ယာန်မဟုတ်ဘူးလို့ပေါ့။ ပြီးတော့ သခင့်ရဲ့ ဆုတောင်းချက်က ပြောတယ်၊ “ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ။” (ရှင်မဿဲခရစ်ဝင် ၆:၉) “အဘ” ဆိုတာက အမျိုးသားကို ရည်ညွှန်းတာ မဟုတ်လား။ ဘုရားက ဘယ်လိုလုပ် အမျိုးသမီးအနေနဲ့ လူ့ဇာတိခံယူရမှာလဲလို့ပေါ့။ ဒါကို ကျွန်မ တွေးဆနေတုန်းမှာပဲ၊ အထက်ခေါင်းဆောင် အော်တာ ကြားရတယ်၊ “အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို လုံးဝ မယုံလိုက်နဲ့။ သူတို့ ပြောတာက ကျမ်းစာနဲ့ မကိုက်ဘူး။ ကျွန်တော်တို့ သွေဖည်မသွားအောင် တစ်ချိန်လုံး နိုးကြားနေမှဖြစ်မှာ။ ခုကစပြီး၊ ခင်ဗျားတို့ သတိထားပြီး ‘မလုပ်ရမဲ့ အရာသုံးခု’ကို လိုက်နာဖို့လိုတယ်။ နားမထောင်ရဘူး၊ မဖတ်ရဘူး၊ ဧည့်မခံရဘူး။ ခင်ဗျားတို့ရဲ့ သိုးတွေကို သူတို့ကို ခိုးခွင့်ပေးလို့ လုံးဝ မရဘူး”တဲ့။ အစည်းအဝေးပြီးတော့ အဲဒီခေါင်းဆောင်နဲ့ ကျွန်မ ခဏလောက် စကားပြောခဲ့တယ်။ သူက ပြောတယ်၊ နှစ်ချို့ယုံကြည်သူတွေနဲ့ ရှာဖွေတာတော်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အများကြီးက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံနှင့်ကြပြီးပြီတဲ့။ ကျွန်မ မရှင်းသလိုဖြစ်သွားလို့၊ သူ့ကို မေးလိုက်တယ်၊ ကျမ်းစာကောင်းကောင်း သိပြီး သူတို့ယုံကြည်ခြင်းမှာ ထက်သန်တဲ့လူတွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆီကို ဘာလို့သွားကြတာလဲ။ သူတို့ သွန်သင်နေကြတာက ဘာလဲလို့ပေါ့။ ရှင်းလင်းတဲ့ အဖြေကို သူတို့ မပေးနိုင်ဘူး။ ကျမ်းစာနဲ့ မကိုက်ဘူး၊ သခင့်ကို ယုံကြည်တာက ကျမ်းစာကို ယုံကြည်တာဖြစ်ပြီး၊ ကျမ်းအခြေပြုချက်မရှိဘဲ ဘာကိုမှ ယုံလို့မရဘူးလို့ပဲ သူ ပြောတယ်။ ပြီးတော့ သူ တကယ်အလေးပေးတာက၊ “ခင်ဗျားက အသင်းတော် ခေါင်းဆောင်ဖြစ်လို့၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေက ခင်ဗျားလက်ထဲမှာ ရှိတယ်။ ခုချိန်မှာ ခင်ဗျား မရှင်းမလင်း ဖြစ်နေလို့ လုံးဝမရဘူး၊ ကျမ်းစာကို လိုက်နာရမယ်။ သခင်က သူ့သိုးတွေကို ခင်ဗျားဆီ အပ်ထားတာဖြစ်ပြီး သူတို့ကို ခင်ဗျား ကာကွယ်ပေးရမယ်။ သိုးတစ်ကောင်တစ်လေကို သူတို့ကို ခိုးခွင့်ပေးလိုက်ရင် သခင့်ဆီ ခင်ဗျား ရှင်းချက်ထုတ်နိုင်မှာ မဟုတ်ဘူး”တဲ့။

သူထွက်သွားပြီးတဲ့နောက်မှာ၊ သူပြောသမျှကို တခြားညီအစ်ကို မောင်နှမတွေဆီ ကျွန်မ ဝေမျှလိုက်တယ်၊ လူစိမ်းတစ်ယောက်ကိုမှ ဧည့်မခံဖို့၊ ခွင့်ပြုချက်မရှိဘဲ အမျိုးတွေကို အသင်းတော်ထဲ ခေါ်မလာဖို့ ပြောရင်းနဲ့ပေါ့။ ထူးခြားတဲ့ အခြေအနေတစ်ခုခုအတွက် ကျွန်မရဲ့ ခွင့်ပြုချက်ကို အရင်ယူရမယ်ပေါ့။ ခြွင်းချက်လုံးဝ မရှိသလို၊ ဒါကို မလိုက်နာတဲ့သူ ဘယ်သူမဆို နှင်ထုတ်ခံရမယ်ပေါ့။ သူတို့ကိုလည်း ပြောလိုက်တယ်၊ အဲဒါ သူတို့ကောင်းဖို့ ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ သူတို့က အသက်တာမှာ မရင့်ကျက်သလို၊ ချင့်ချိန်နိုင်စွမ်းမရှိလို့ လွယ်လွယ် လှည့်စားခံရနိုင်လို့ပဲလို့ပေါ့။ အဲဒီနောက်မှာ၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကနေ လူတွေကို လှန့်ဖို့၊ ခေါင်းဆောင်ခိုင်းတဲ့အတိုင်းပဲ ကောလာဟလတချို့ကို ဖန်တီးလိုက်တယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို မလေ့လာမစစ်ဆေးအောင် ကြိုးစားအားထုတ်ရင်း ကျွန်မ ညီအစ်ကို မောင်နှမတွေကို အစွမ်းကုန် တားခဲ့တယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက၊ ဘာပဲဖြစ်ဖြစ် သူတို့ထဲက တော်တော်များများက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ပြောင်းသွားတယ်။ ကျွန်မ ပိုလို့တောင် သတိဝီရိယရှိလာပြီး၊ သူစိမ်းတစ်ယောက်ယောက်ကများ ယုံကြည်ခြင်းအကြောင်း ပြောရင်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနဲ့သူတို့ ပတ်သက်နေတယ်လို့ သံသယဝင်ခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မ တကယ်ကို သတိထားနေခဲ့တာ၊ ဘယ်သူမဆိုက အရှေ့အရပ်မှ လျှပ်ပြက်ခြင်း တရားဟောဆရာ လုံးဝ ဖြစ်နိုင်တယ်လို့ စိုးရိမ်ခဲ့တယ်။

တစ်ခါ သတိရသေးတယ်၊ စုဝေးပွဲတစ်ခုမှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်း တရားဟောဆရာနဲ့ ဆုံတယ်။ သူက အဲဒီလူပြောတာကို တစ်နေ့လုံး နားထောင်ပြီး သူကြားခဲ့တာကို တကယ်နှစ်သက်ခဲ့တယ်၊ အဲဒီအချိန်မှာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနဲ့ အဆက်အသွယ်ရှိတဲ့သူ ဘယ်သူမဆိုကို နှင်ထုတ်မယ်လို့ ကျွန်မ ပြောခဲ့တာကို သူ ရုတ်တရက် သတိရသွားတယ်။ သူ ဆက်နားမထောင်ရဲတော့လို့၊ ကျွန်မဆီ သတင်းပို့ဖို့ အမြန်ပြန်လာခဲ့တယ်။ တစ်နေ့လုံး သူနားထောင်ခဲ့ပြီး တကယ် ကြိုက်ခဲ့ပေမဲ့၊ လက်မခံရဲဘူး၊ သူ့ကို ကျွန်မ နှင်ထုတ်မှာ ကြောက်တယ်လို့ သူပြောတယ်။ အဲဒါကို ကြားတော့၊ သူ့ကို စိတ်ဆိုးမာန်ဆိုး ကြည့်ပြီး၊ ဒေါသတကြီး ပြောလိုက်တယ်၊ “သူတို့နဲ့ မဆက်သွယ်ဖို့ အကြိမ်ကြိမ် ကျွန်မ ပြောခဲ့ရဲ့သားနဲ့ ရှင်ဘယ်လိုလုပ် ဒါမျိုး လုပ်ရက်ရတာလဲ။ သခင်ယေရှုက အမျိုးသားဖြစ်တာ ကျွန်မတို့ သိသားပဲ၊ ဒါပေမဲ့ သခင်က အမျိုးသမီးအနေနဲ့ ပြန်လာပြီလို့ သူတို့က ပြောကြတယ်။ မမှန်နိုင်မှန်း သိသာနေတာပဲလေ။ အကြာကြီး ရှင်နားထောင်ခဲ့တယ်၊ ကျွန်မ ရှင့်ကို နှင်ထုတ်မှာ မကြောက်ဘူးလား”လို့ပေါ့။ သူက သူ့ကိုယ်သူ အမြန်ရှင်းပြပေမဲ့ ဘာကိုမှ ကျွန်မ လက်မခံခဲ့ဘူး။ ကျွန်မ သူ့ကို ပြောလိုက်တယ်၊ အဲဒီစုဝေးပွဲတွေကို နောက်ထပ် မတက်သင့်ဘူး၊ ကျွန်မပဲ ကိုယ့်ဘာသာ သွားမယ်လို့ပေါ့။ နောက်ပိုင်း အဲဒီစုဝေးပွဲမှာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း လူတွေနဲ့ နောက်ဆုံးမှာ ဆုံလိုက်ရတယ်။ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ အမှုတော်နဲ့ဆိုင်တဲ့ သက်သေခံချက် သူတို့ မျှဝေကြတယ်။ အဲဒီအပေါ် ကျွန်မတို့ စကားရည်လုလို့ရတယ်လို့ ကျွန်မ တွေးနေမိတယ်။ ဒါပေမဲ့ ဟေနန် ဆရာတော် ပြောတာကို ကျွန်မ သတိရသွားတယ်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ဘယ်သူမှ လူကောင်း မဖြစ်နိုင်ဘူးဆိုတာပေါ့။ ဒီတော့ ကျွန်မ ထွက်သွားဖို့ ထလိုက်တယ်။ အဲဒီကအိမ်ရှင်အစ်မက ကျွန်မကို နေပြီး သူတို့ပြောတာ နားထောင်ခိုင်းပေမဲ့၊ ကျွန်မ ဒေါသတွေထွက်လွန်းလို့ သူ့ကို တစ်ဝကြီး ကြိမ်းမောင်းခဲ့တယ်။ ကျွန်မ ပြန်သွားပြီး တခြား လုပ်ဖော်ကိုင်ဖက်တွေကို ပြောလိုက်တယ်၊ အဲဒီစုဝေးပွဲနေရာက လူတချို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို သေချာပေါက် လက်ခံခဲ့ပြီဖြစ်ပြီး၊ သူတို့ကို နှင်ထုတ်ရမယ်လို့ပေါ့။ ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြောလိုက်တယ်၊ သူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့က တခြားညီအစ်ကို မောင်နှမတွေကို ပြောင်းလဲစေခဲ့ရင်၊ ကျွန်မတို့အပြစ်က ပိုလို့တောင် ကြီးမှာဖြစ်ပြီး၊ အဲဒါကို သခင့်ဆီ ကျွန်မတို့ လုံးဝ ရှင်းချက်ထုတ်နိုင်မှာ မဟုတ်ဘူးလို့ပေါ့။

၁၉၉၉ ခုနှစ် မတ်လနှောင်းပိုင်း တစ်ရက်မှာ၊ ယုံကြည်သူရောင်းရင်းဖြစ်တဲ့ ကျွန်မရဲ့ မိတ်ဆွေက ကျွန်မအိမ်မှာနားပြီး၊ သူတို့ အသင်းတော်က တကယ်အဆင်ပြေနေတယ်လို့ ပြောတယ်။ ဘာကိုတွေးရမှန်း ကျွန်မ မသိဘူး။ ကျွန်မတို့ အသင်းတော်က သိပ်အားရစရာမရှိဘဲ တစ်ယောက်မှ မလာတော့ပေမဲ့ သူတို့ကတော့ အဆင်ပြေနေတယ်လေ။ သူတို့လည်း အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနဲ့ ပတ်သက်တာများလားပေါ့။ ဒီအရာအားလုံးကို သဘောပေါက်ချင်လို့၊ သူတို့အသင်းတော် ခေါင်းဆောင်ဖြစ်တဲ့ အစ်မကျင်းကို ကျွန်မ ဖုန်းဆက်လိုက်တယ်။ သူတို့က ကျမ်းစာ မဖတ်တော့ဘဲ၊ ဗျာဒိတ်ကျမ်းထဲ ဖော်ပြထားတဲ့ စာစောင်ကိုပဲ ဖတ်တယ်လို့ အစ်မကျင်းက ပြောတယ်။ သူအဲဒီလိုပြောတာ ကြားတော့ ကျွန်မ စိတ်ဆင်းရဲသွားတယ်။ သူလည်း အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ သူက လူကောင်းတစ်ယောက်၊ ကျမ်းစာနှံ့စပ်ပြီး၊ ယုံကြည်သူတွေနဲ့ပတ်သက်လို့ နာမည်ကောင်းရှိတယ်။ သူသာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပြောင်းသွားခဲ့ရင်၊ တခြားလူတွေလည်း သူ့နောက်လိုက်မှာ သေချာတယ်။ အဲဒီယုံကြည်ခြင်းမှာ သူ့နောက် တခြားလူတွေ လိုက်တာကို ကျွန်မ ကြည့်မနေနိုင်ဘူး။ နောက်နေ့မှာပဲ မြို့ပြင်ကို ကျွန်မ ရထားစီးသွားတယ်။ အဲဒီကိုရောက်တော့ သဘောပေါက်လိုက်တယ်၊ သူနဲ့အတူ ညီအစ်ကို မောင်နှမ ၂၀ကျော်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံသွားပြီဆိုတာကိုပေါ့။ ပြန်လှည့်ဖို့ ကျွန်မ သူ့ကို တိုက်တွန်းပေမဲ့၊ ကျွန်မ ဘာပဲပြောပြော၊ သူအဲဒါကို စွဲမြဲဖို့ ပိုင်းဖြတ်ထားခဲ့တယ်။ မြို့ကို ကျွန်မ ပြန်သွားတော့၊ အစ်မကျင်းနဲ့ တခြားလူတွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံသွားပြီလို့ အသင်းတော်အားလုံးကို အကြောင်းကြားလိုက်တယ်။ ဒါပေမဲ့ ခိုင်မာတဲ့ အမြင်တွေနဲ့ အဲဒီလောက် ထက်သန်တဲ့ ရှာဖွေသူတွေက သူတို့ဆီ ပူးပေါင်းသွားတာ မြင်ရတော့ ညီအစ်ကို မောင်နှမတချို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက နှောင့်ယှက်သလို မခံစားရဘဲ၊ မှန်တဲ့လမ်းခရီး ဖြစ်နိုင်တယ်လို့ စတွေးလာကြတယ်။ သူတို့ထဲက တချို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို တိတ်တဆိတ် စပြီးတောင် ဧည့်ခံလာကြတယ်။ တော်တော် ဘုရားတရားကိုင်းရှိုင်းတဲ့ ကျွန်မသိတဲ့ လုပ်ဖော်ကိုင်ဖက်အပါအဝင်၊ အသင်းသား ၁၀၀ ကျော်က ပူးပေါင်းသွားကြတဲ့ ရှန်ဒုန်က အသင်းတော်တစ်ပါးအကြောင်းလည်း ကြားရတယ်။

အဲဒါ ရှင်သန်ပြီး ကြီးထွားသထက် ဆက်ကြီးထွားနေတာကို တွေ့ခဲ့ရသလို၊ ကျမ်းစာနောကျေနေပြီး ဘုရားတရား ကိုင်းရှိုင်းတဲ့ ရှာဖွေသူတွေဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက် အတော်များများအပါအဝင်၊ ဘာလို့ လူအများကြီးက လက်ခံနေကြလဲဆိုတာ နားမလည်နိုင်ခဲ့ဘူး။ ကျွန်မက သူတို့က လေ့လာစုံစမ်းခွင့်မပေးတဲ့အတွက် တချို့ ညီအစ်ကို မောင်နှမတွေနဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေက ပိုပိုများတဲ့လူတွေက ပါဝင်လာပြီး သူတို့ကို ဘယ်လိုမှ ပြန်ခေါ်လို့မရတဲ့အကြောင်းအရင်းကို မေးနေကြတယ်။ သူတို့ မေးခွန်းနဲ့ ကျွန်မ လုံးဝ အခက်တွေ့သွားတယ်။ ဒါကြောင့်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ဟောသမျှက ဘာဖြစ်ပြီး ဘာက အရမ်းနှစ်သက်စရာ ဖြစ်စေတာလဲ။ သခင်ပြန်ကြွလာခဲ့ပြီဆိုတာ မှန်နိုင်ပါ့မလား။ ဒါပေမဲ့ နောက်တော့ ကျွန်မစဉ်းစားတယ်၊ သခင်က အမျိုးသမီးအနေနဲ့ ပြန်လာတာ မဖြစ်နိုင်သလို၊ ယုံကြည်ခြင်းရှိပေမဲ့ ကျမ်းစာ မဖတ်တာက မမှန်နိုင်ဘူးလို့ပေါ့။ အဲဒီလို သူတို့အသင်းတော် ရှင်သန်တာက ခဏတာပါပဲ— မရှည်ကြာနိုင်ပါဘူးပေါ့။ ဒီတော့ အဲဒါကို ကျွန်မ လေ့လာဖို့၊ တခြားအသင်းသားတွေကို လက်ခံခွင့်ပေးဖို့ လိုလားမနေခဲ့ဘူး။ အဲဒီနောက်မှာ အသင်းတော်ကို ကျွန်မ ပိုပြီး အနီးကပ် စစောင့်ကြည့်လာခဲ့တယ်၊ ညီအစ်ကို မောင်နှမတွေကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကနေ ဝေးဝေးနေခိုင်းမယ်လို့ ပိုင်းဖြတ်ထားတယ်။

ဒါပေမဲ့ နောက်တော့ မမျှော်လင့်ဘဲ၊ ဇူလိုင်လမှာ၊ ကျွန်မ တစ်ကိုယ်လုံး စပြီး ရောင်ကိုင်းလာတယ်။ အရမ်းဆိုးလာတဲ့အခါ၊ ဆောင့်ကြောင့်ထိုင်ရင် ပြန်တောင်မထနိုင်ဘူး။ အသင်းသားတွေက ကျွန်မအတွက် အစာရှောင်ပြီး ဆုတောင်းနေခဲ့ကြပေမဲ့ တိုးတက်မှုမရှိခဲ့ဘူး။ သားအိမ်မှာ ကြက်ဥလောက်ကြီးတဲ့ အကျိတ်ရှိတယ်လို့ ဆရာဝန်က ပြောတယ်။ အဲဒါကို ကြားတော့ ကျွန်မလန့်သွားပြီး မျက်ရည်မကျအောင် ထိန်းရင်းနဲ့ အိမ်ကိုပဲ ပြန်သွားခဲ့တယ်။ ကိုယ်ရေးကိုယ်တာ သုံးသပ်မှုတချို့ ကျွန်မ စလုပ်ခဲ့တယ်။ အရမ်းကို ဆိုးဆိုးရွားရွား နေမကောင်းဖြစ်တာက ကျွန်မကို ဘုရားအပြစ်ပေးတာများလားလို့ တွေးမိတယ်။ ဒီကျမ်းပိုဒ်ကိုလည်း တွေးမိတယ်။ “ဧည့်သည် ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။” (ဟေဗြဲ သြဝါဒစာ ၁၃:၁-၂) ဒါပေမဲ့ တစ်လျှောက်လုံး၊ အသင်းတော်ကို ဆက်ပိတ်ပင်နေခဲ့တယ်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းလူတွေကို လက်ခံဖို့ ငြင်းနေပြီး၊ သခင့်ရဲ့ ပြန်ကြွလာခြင်းအကြောင်း သူတို့ ဘာပဲပြောပြော၊ သူတို့စကားနားထောင်ဖို့၊ သူတို့နဲ့ ပတ်သက်ဖို့၊ အသင်းသားတွေကို သူတို့ပြောတာ လေ့လာခွင့်ပေးဖို့ ငြင်းခဲ့တယ်။ အဲဒီလိုပြုမူရင်းနဲ့၊ ကျွန်မ ကျမ်းစာကို သိသိသာသာ ဆန့်ကျင်နေခဲ့တာပဲ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ဟောတဲ့အရာကို ကျွန်မ တကယ်မသိဘဲနဲ့၊ သူတို့နဲ့ ပတ်သက်တဲ့သူ ဘယ်သူကိုမဆိုကျွန်မ သတိပဲထားနေခဲ့မိတာလေ။ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ တကယ် မဆင်မခြင် ဖြစ်ခဲ့တာ ထင်တယ်ပေါ့။ ကျွန်မ သိပ်နေလို့မကောင်းတော့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဆက်ဆန့်ကျင်ဖို့ ဆန္ဒ၊ အင်အား မရှိခဲ့ဘူး။ ကျွန်မ အတော်ကြာ အထီးကျန် အကူအညီမဲ့ပြီး ဘုရားဆီကနေ ဝေးသထက် ဝေးသွားသလို ခံစားနေခဲ့ရတယ်။ သခင့်ဆီ ကျွန်မ အော်ဟစ်ပြီး ဆုတောင်းခဲ့တယ်၊ “သခင်၊ ခုချိန်မှာ ကျွန်မ အရမ်းအားနည်းနေပါတယ်။ ကိုယ်တော် ကျွန်မကို တကယ်စွန့်ပစ်နေပြီလား။ သခင်၊ ကျွန်မအနီးမှာ ကိုယ်တော်ရှိခဲ့တဲ့ အရင်က ပုံစံကို ကျွန်မ ဘယ်လို ပြန်သွားလို့ရနိုင်မလဲ။ သခင်၊ ကိုယ်တော် ဘယ်မှာလဲ။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ကျွန်မဆီ ပြပြီး ကယ်တင်တော်မူပါ”လို့ပေါ့။

ဆိုးရွားတဲ့ ဝေဒနာနဲ့ နေ့တိုင်း ကျွန်မ အချိန်ကုန်ဆုံးနေရပေမဲ့၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းသားတွေက ယုံကြည်ခြင်းအပြည့်နဲ့ တကယ် ဝိညာဉ်ရေးရာ ပျော်ရွှင်နေကြတာကို ကျွန်မ တွေ့ရတယ်။ ပြီးတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အမေက အရမ်းစိတ်ပျက်၊ အားနည်းခဲ့တာ၊ ယုံကြည်ခြင်းကို ဆက်မထိန်းချင်တော့ပေမဲ့၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံပြီးတဲ့နောက်မှာ၊ သေရာကနေ ပြန်ရှင်လာသလိုဖြစ်ခဲ့တာ— သူ အရမ်းလှုပ်ရှားတက်ကြွသွားပုံရတာကို သတိရသွားတယ်။ နေ့တိုင်း မနက် ၅ နာရီ စပြီး သူ အိပ်ရာထတယ်၊ မနက် ၇ နာရီမှာ ဧဝံဂေလိဝေမျှဖို့ ထွက်ပြီး ညနေထိ အိမ်မပြန်ဘူး။ သူ့ယုံကြည်ခြင်းက အရမ်းအားကောင်းတယ်။ သူက လုံးလုံးကို ပြောင်းလဲသွားတာ။ ဒါပေမဲ့ ကျွန်မတို့ အသင်းသားတွေကို ကြည့်လိုက်တော့၊ တချို့က နေမကောင်းဖြစ်တယ်၊ တချို့က ပြိုကွဲသွားကြတယ်။ ဘာအသက်ဝင်မှုမျိုးမှမရှိဘဲ သေပြီး ထုံထိုင်းသွားသလိုပဲ။

ကျွန်မ နားမလည်နိုင်ဘူး။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက မကောင်းဘူး၊ ဘုရားဆီကမဟုတ်ဘဲ၊ လူတစ်ယောက်ဆီက လာတာ၊ ကြာရှည်ခံမှာ မဟုတ်ဘူးလို့ ဆရာတော်က ပြောတယ်။ ဒါပေမဲ့ တကယ်တော့၊ အဲဒါက တစ်ချိန်လုံး ပိုရှင်သန်သထက် ရှင်သန်လာနေတယ်။ အဲဒါက ကျွန်မကို ကျမ်းချက်တစ်ခု တွေးမိသွားစေတယ်။ “ဤအကြံဤအမှုသည် လူ၏အကြံလူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။” (တမန်တော်ဝတ္ထု ၅:၃၈-၃၉) သူတို့မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်မရှိဘူးဆိုရင်၊ လူ့ရဲ့ အားထုတ်မှုနဲ့ပဲ ယုံကြည်ချက်အများကြီး ဘယ်လို တည်ဆောက်ပြီး အဲဒီလို ရှင်သန်နိုင်တာလဲ။ ဘုရားဆီက တကယ်လာတာများ ဖြစ်နိုင်မလား။ အဲဒီလိုဆိုရင်၊ ကျွန်မက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို တိုက်ခိုက်ခြင်းအားဖြင့် ဘုရားကို တိုက်ခိုက်နေတာပဲ။

လုပ်ဖော်ကိုင်ဖက်တချို့က ကျွန်မတို့ကို ဝိညာဉ်ရေး ပြန်လည်ရှင်သန်စေတဲ့ တရားဒေသနာ ဝေမျှဖို့ တစ်ယောက်ယောက်ကို ရှာခိုင်းကြတယ်။ ဒါကို ကြားတော့ ကျွန်မ အရမ်းကို အနေရခက်သွားတယ်။ ကျွန်မ ယုံကြည်သူ ဖြစ်တာ နှစ်ချီခဲ့ပြီဖြစ်သလို၊ ဘုရားတရား ကိုင်းရှိုင်းတဲ့ ရှာဖွေသူလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့တာ။ တစ်ဖက်ပိတ် လမ်းကြောင်းပေါ် တခြားလူတွေကို ဦးဆောင်မိသွားမယ်လို့ လုံးဝ စိတ်မကူးမိခဲ့ဘူး။ အဲဒီအတွက် သခင့်ကို ကျွန်မ ဘယ်လို အဖြေပေးလို့ရနိုင်မှာလဲ။ တစ်ခါတလေ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနဲ့ ပတ်သက်သူတွေကို ကျွန်မ တကယ် စကားသွားပြောချင်တယ်၊ သူတို့ တကယ်ကို ဟောတဲ့ဟာနဲ့ သူတို့ အသင်းသားတွေ ဘာလို့ အရမ်းတက်ကြွကြလဲဆိုတာ ကြည့်ချင်ခဲ့တယ်။

ဩဂုတ်လ ရက်တစ်ရက်မှာ၊ ကျွန်မအိမ်မှာနေဖို့ အစ်မဆုက ညီအစ်ကို နှစ်ယောက်ကို ခေါ်လာခဲ့ပြီး၊ ကျွန်မ သူတို့ကို ထက်ထက်သန်သန် ကြိုဆိုလက်ခံခဲ့တယ်။ စကားမြည်ပြောတော့၊ လူတွေက ဘုရားကို ဘာလို့ ယုံကြည်တယ်ထင်လဲလို့ အစ်ကိုဝမ်က ကျွန်မကို မေးတယ်။ ကျွန်မသူ့ကို ပြောလိုက်တယ်၊ “ကောင်းကင်ဘုံ သွားဖို့၊ ထာဝရအသက်ရဖို့ပေါ့”လို့။ နောက်တော့ သူက မေးတယ်၊ “သူတို့ ကောင်းကင်ဘုံ မရောက်နိုင်ရင်၊ ယုံကြည်ချက် ရှိဦးမယ်လို့ ထင်လား”တဲ့။ “အဲဒါဆိုရင် ဘယ်သူက ယုံကြည်ချက်ရှိမှာလဲ” ကျွန်မပါးစပ်က လွှတ်ခနဲထွက်သွားတယ်။ သူက ပြုံးပြီး ပြန်ပြောတယ်၊ “အဖန်ဆင်းခံတွေအနေနဲ့ ဖန်ဆင်းရှင်ကို ကျွန်တော်တို့ ကိုးကွယ်သင့်တာ ထုံးစံပဲ။ ဘုရားကို ယုံကြည်တာ၊ ချစ်တာက ကျွန်တော်တို့ လုပ်သင့်တဲ့အရာပဲ၊ ကောင်းကင်ဘုံ သွားဖို့အတွက် မဟုတ်ဘူး”တဲ့။ စာကြောင်း နည်းနည်းနဲ့ ကျွန်မ စိတ်နှလုံးကို သူ တန်းထိအောင် ပြောသွားတယ်၊ ပြီးတော့ ကျွန်မ စိတ်လှုပ်ရှားစွာနဲ့ ကျွန်မ သဘောတူခေါင်းညိတ်လိုက်တယ်။ ကျွန်မယုံကြည်တဲ့ နှစ်ကာလတစ်လျှောက်လုံးမှာ၊ အရင်က အဲဒီလိုမျိုး တစ်ခုမှ ကျွန်မ မကြားဖူးဘူး။ အသင်းတော် ခေါင်းဆောင်တွေ၊ တခြား ဂိုဏ်းဂဏက လုပ်ဖော်ကိုင်ဖက်တွေ၊ နိုင်ငံခြားက တရားဟောဆရာတွေဆီကတောင် မကြားဖူးဘူး။ ကျွန်မတို့ ကောင်းချီးခံစားရပြီး ကောင်းကင်ဘုံရောက်ဖို့ လိုက်စားရာမှာ ပါဝင်ဖို့အကြောင်းပဲ သူတို့ ပြောကြတယ်၊ ဒါပေမဲ့ အဲဒီလို နားလည်မှုစစ်စစ်၊ ယုံကြည်ခြင်းနဲ့ ပတ်သက်လို့ အရမ်းမြင့်မားတဲ့ အရာတစ်ခုခုကို ဘယ်သူမှ မဟောခဲ့ဘူး။ ရိပ်ခနဲ မျှော်လင့်ချက် မြင်လိုက်ရသလို ကျွန်မ ရုတ်တရက် ခံစားလိုက်ရတယ်။ အသင်းတော်ထဲက ခြောက်ကပ်မှုကို ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့အကြောင်း သူတို့ကို ချက်ချင်း မေးလိုက်တယ်။

ပထမဆုံး အစ်ကိုဝမ်က ပညတ်တော်ခေတ်မှာ ဗိမာန်တော်က ဘာလို့ သိပ်အားရစရာ ကောင်းမလာခဲ့လဲဆိုတဲ့အကြောင်း ပြောပြတယ်။ သူက၊ ပညတ်တော်ခေတ် အစောပိုင်းမှာ၊ အဲဒါက ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်ခဲ့ပြီး၊ အဲဒီအထဲမှာ ဘယ်သူကမှ တစ်ဇွတ်ထိုး မပြုမူဝံ့ခဲ့ဘူး။ ဒါပေမဲ့ ပညတ်တော်ခေတ် အဆုံးကို ရောက်လာတော့၊ အဲဒါက ငွေလဲလှယ်ဖို့၊ ခြံမွေးတိရစ္ဆာန်တွေကို ရောင်းဖို့ နေရာ ဖြစ်လာခဲ့တယ်။ အချိန်အတော်ကြာ ဘုရားရဲ့ ဘုန်းအသရေ ကင်းမဲ့သွားခဲ့တယ်၊ ဓားပြတွင်း၊ မြေရိုင်းမြေကောတစ်ခု ဖြစ်လာခဲ့တယ်။ ဗိမာန်တော်မှာ အစေခံခဲ့ကြတဲ့ ယဇ်ပရောဟိတ် အကြီးအကဲတွေ၊ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ဖာရိရှဲတွေက ဘာသာရေးဓလေ့တွေကို ဆောင်ရွက်ပြီး၊ စည်းမျဉ်းတွေ လိုက်နာဖို့ပဲ လူတွေကို ဦးဆောင်နေခဲ့ကြပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ခဲ့ကြမှန်း ဖာရိရှဲတွေကို သခင်ယေရှုရဲ့ ကြိမ်းမောင်းတဲ့ စကားတွေကနေ တွေ့နိုင်တယ်လို့လည်း ပြောတယ်။ ဘုရားရဲ့ လမ်းခရီးကနေ သူတို့ သွေဖည်ခဲ့ကြတယ်။ အဲဒါကြောင့် သခင်ယေရှုက သူကြွလာချိန်မှာ ဗိမာန်တော်ထဲမှာ အလုပ်မလုပ်ခဲ့ဘဲ၊ ဗိမာန်တော် ပြင်ပမှာ အမှုသစ်ကို ဆောင်ရွက်ခဲ့တာပဲ။ ဗိမာန်တော်ကို စွန့်ခွာပြီး သခင့်ရဲ့ အမှုသစ်နောက် လိုက်ခဲ့ကြသူတိုင်းက ဘဝမှာ အာဟာရနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ရနိုင်ခဲ့ကြတယ်။ သခင့်ရဲ့ ကျေးဇူးတော်က သူတို့နောက်လိုက်လာတယ်။ ဒါပေမဲ့ ပညတ်တော်ကို ဖက်တွယ်ပြီး သခင့်ရဲ့ အမှုသစ်ကို လက်ခံဖို့ ငြင်းခဲ့ကြသူတွေကတော့ အမှောင်ထဲ ကျဆင်းပြီး ပိုအကျင့်ပျက်သထက် အကျင့်ပျက်လာခဲ့ကြတယ်။ ကျမ်းစာက ပြောတဲ့အတိုင်းပါပဲ၊ “ယေဟောဝါ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့၊ မြေပေါ်သို့ ငတ်မွတ်ခြင်းဘေးကြီး ငါစေလွှတ်မည့်ကာလ ရောက်လာပြီ၊ အစာငတ်မွတ်ခြင်းဘေး မဟုတ်သကဲ့သို့ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ သို့သော် ယေဟာဝါ၏ နှုတ်ကပတ်တော်များ ကြားရခြင်းကို ငတ်မွတ်သော ဘေးဖြစ်လိမ့်မည်။” (အာမုတ် အနာဂတ္တိကျမ်း ၈:၁၁) အဲဒီနောက် သူက ဆက်ပြောတယ်၊ ဒီနေ့ ဘာသာရေး လောကလည်း ပညတ်တော်ခေတ်နှောင်းပိုင်းထဲက ဗိမာန်တော် အတိုင်းပဲဖြစ်တယ်။ ခြောက်ကပ်၊ မှောင်မိုက်ပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်သထက် ဖြစ်လာတယ်။ ယုံကြည်သူတွေက ယုံကြည်ခြင်း ပျောက်ဆုံးနေကြပြီး မေတ္တာမဲ့နေကြတယ်၊ ဘာလို့လဲဆိုတော သူတို့ကို ဦးဆောင်တဲ့ ဆရာတွေက သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ကြလို့ပဲ၊ ဒါ့အပြင် ဘုရားအမှုက ရှေ့ကိုတစ်ဆင့် လှမ်းသွားပြီဖြစ်သလို သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ် ပြောင်းလဲသွားပြီ။ ထွက်ပေါက်တွေ့အောင် ဘုရားရဲ့ အမှုသစ်ကို ကျွန်တော်တို့ ရှာရမယ်တဲ့။ အသင်းတော်က အရမ်းအားရစရာမကောင်းတာဟာ သခင်က ကျွန်မတို့ကို စွန့်ပစ်လို့မဟုတ်ဘဲ၊ သူက အမှုသစ်ပြုနေပြီး ကျွန်မတို့က နောက်ကလိုက်မနေခဲ့လို့ဖြစ်မှန်း မြင်အောင် အစ်ကိုဝမ်ရဲ့ မိတ်သဟာယက ကျွန်မကို ကူညီခဲ့တယ်။ သခင့်ရဲ့ မျက်မှောက်တော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရအောင် သူ့ရဲ့ အမှုသစ်ကို ရှာဖွေပြီး၊ ဘုရားရဲ့ ခြေလှမ်းတွေကိုပဲ ကျွန်မတို့ အမှီလိုက်ရမယ်။ ကျွန်မ စပြီး နားလည်လာနေပြီမှန်း တွေ့တော့၊ သူက ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် ဤအချက်အား ပြီးမြောက်စေမည် ဖြစ်သည်- သူသည် စကြဝဠာ တစ်လျှောက်လုံးရှိ လူအားလုံးကို သူ့ရှေ့မှောက်သို့ လာစေကာ ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေလိမ့်မည်ဖြစ်ပြီး၊ အခြားနေရာများရှိ သူ၏ အမှုသည် ရပ်စဲလိမ့်မည်ဖြစ်ကာ လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ယင်းသည် ယောသပ်ကဲ့သို့ ဖြစ်လိမ့်မည်- သူ့ထံ၌ စားစရာများ ရှိသည့်အတွက်၊ အယောက်တိုင်းသည် အစားအစာအတွက် သူ့ထံလာကြပြီး သူ့ရှေ့၌ ဦးညွှတ်ကြသည်။ ငတ်မွတ်ခေါင်းပါးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင် တစ်ပါးတည်းသာ အသက်စမ်းရေတွင်း ဖြစ်သည်၊ လူ၏ မွေ့လျော်မှုအတွက် ထောက်ပံ့သည့် အစဉ်စီးဆင်းသော စမ်းရေတွင်းကို ပိုင်ဆိုင်ကာ လူများသည် သူ့ထံလာပြီး မှီခိုကြလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ”) “ငါ၏ ဘုန်းတော်ကို တွေ့လိမ့်မည်ဟု ၎င်းတို့ တစ်ယောက်တွင်မျှ ယုံကြည်ခြင်းမရှိ၊ ငါသည်လည်း ၎င်းတို့အား အတင်းအကျပ် ခိုင်းမည့်အစား၊ ငါ၏ ဘုန်းတော်ကို လူသားအလယ်မှ ဖယ်ရှားလျက်၊ အခြားကမ္ဘာသို့ ယူဆောင်သွားသည်။ လူသားတို့ နောင်တစ်ကြိမ် နောင်တရသည့်အခါ၊ ငါ၏ဘုန်းတော်ကို ယူဆောင်ကာ ယုံကြည်သူတို့အား ပို၍ပြမည်။ ဤသည်မှာ ငါအမှုပြုသည့် အခြေခံသဘောတရားဖြစ်သည်။ ငါ၏ ဘုန်းတော်သည် ခါနာန်ပြည်မှ စွန့်ခွာသည့်အချိန်ရှိပြီး ရွေးချယ်ထားသူတို့ ထံမှလည်း စွန့်ခွာသည့်အချိန် ရှိသောကြောင့် ဖြစ်၏။ ထို့အပြင် တစ်ကမ္ဘာလုံး မှိန်သွားပြီး အမှောင်ထုအတွင်း သက်ဆင်းသွားစေလျက်၊ တစ်ကမ္ဘာလုံးကို ငါ၏ဘုန်းတော် စွန့်ခွာသည့်အချိန်ရှိသည်။ ခါနာန်ပြည်ပင်လျှင် နေရောင်ကို မမြင်စေရ။ လူသားအားလုံး ယုံကြည်မှု ပျောက်ဆုံး သော်လည်း၊ မည်သူမျှ မွှေးကြိုင်သည့် ခါနာန်ပြည်ကို စွန့်ခွာနိုင်ခြင်းငှာ မစွမ်းချေ။ ငါသည် ကောင်းကင်ဘုံအသစ်နှင့် မြေကြီးအသစ်အတွင်း ဝင်ရောက်သည့်အခါမှ၊ ငါ့ဘုန်းတော်၏ အခြားအစိတ်အပိုင်းကို ယူဆောင်ပြီး ယင်းကို ခါနာန်ပြည်တွင် ဦးစွာဖော်ပြသည်၊ ည၏ ပိန်းပိတ်အောင် မှောင်သော အမှောင်ထုအတွင်း နစ်မြုပ်နေသည့် တစ်ကမ္ဘာလုံး အလင်းသို့ ရောက်ရှိနိုင်စေရန်အတွက် အလင်းရောင် အနည်းငယ်ကို တစ်ကမ္ဘာလုံး၌ ထွန်းလင်းသွားစေသည်။ ငါ၏ ဘုန်းတော်ကို တိုင်းနိုင်ငံတိုင်းတွင် တိုးပွားပြီး အသစ်ပေါ်ထွန်းစေလျက်၊ တစ်ကမ္ဘာလုံးရှိ လူသားများအား အလင်း၏စွမ်းအားမှ ခွန်အားရယူရန် လာရောက်နိုင်သည်။ ပြီးလျှင် ငါသည် လူ့ကမ္ဘာကို ရှေးကာလက လာရောက်ခဲ့ပြီး ငါ၏ဘုန်းတော်ကို ဣသရေလပြည်မှ အရှေ့အရပ်သို့ ယူဆောင်လာခဲ့ကြောင်း လူသားမျိုးနွယ် တစ်ရပ်လုံးကို သိစေမည်။ အကြောင်းမူကား ငါ၏ ဘုန်းတော်သည် အရှေ့အရပ်မှ ထွန်းလင်းပြီး ကျေးဇူးတော်ခေတ်မှ ယနေ့တိုင် ယူဆောင် လာခဲ့သောကြောင့် ဖြစ်သည်။ ငါထွက်ခွာလာသည့်အရပ်သည် ဣသရေလပြည် ဖြစ်လင့်ကစား၊ ထိုနေရာမှ အရှေ့အရပ်သို့ ငါ ရောက်ရှိခဲ့ပေသည်။ အရှေ့အရပ်၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့်အခါမှသာ၊ ကမ္ဘာတစ်ဝန်းရှိ အမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည် ရှေးကာလက ဣသရေလပြည်မှ ထွက်သွား၍ အရှေ့အရပ်တွင် အသစ်တစ်ဖန် ပေါ်ထွန်းလာနေသည်ကို လူသားက တွေ့ရှိမည် ဖြစ်သည်။ ဣသရေလပြည်အတွင်းသို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီးနောက်၊ ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပေ၊ အကြောင်းမူကား ငါ၏အမှုသည် စကြဝဠာတစ်ခုလုံးကို ဦးဆောင်လမ်းပြခြင်း ဖြစ်သည့်အပြင်၊ အရှေ့အရပ်မှ အနောက်အရပ်သို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် ငါသည် အရှေ့အရပ်၌ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့အရပ် သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင်မည် ဖြစ်သောကြောင့်၊ စကြဝဠာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ခါနာန်ပြည်တွင် ငါသည် မိန့်မြွက်ချက်များကို ဆက်လက် ထုတ်ပြန်လေသည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ ကမ္ဘာမြေပြင်တစ်ခုလုံး၌ အလင်းမရှိပေ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ဒုက္ခရောက်နေ၏။ ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထိုနည်းအားဖြင့် ဣသရေလ လူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်စည်းလုံး၍ ပေါင်းသင်းကာ၊ ယင်းကို ရှာဖွေခြင်း မပြုရတော့ရန်အလို့ငှာ၊ ငါသည် ၎င်းတို့ကို အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းကို တစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါ၌ရှိခဲ့သော ဘုန်းတော်ကို မြင်စေမည်။ ရှေးလွန်လေပြီးသော ကာလက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်၊ မရေတွက်နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို သူတို့အား မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏ အရှင်၊ လူတို့တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များ၏ ညှဉ်းပန်းခြင်းခံခဲ့ရသည့်ငါ၏ ရုပ်သွင်အပြည့်အဝကို ကြည့်စေမည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတော်နှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ထုတ်ဖော်ပြလျက်၊ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုပြုပြီး ကြီးစွာသော အမှုကို ဆောင်ရွက်မည်။ ငါသည် ငါ၏ဘုန်းတော်ကို ရှေးကာလက ယူလိုက်ပြီး အရှေ့အရပ်သို့ ယူဆောင်ခဲ့ကာ ယင်းမှာ ယုဒပြည်တွင် မရှိစေတော့ကြောင်း အားလုံး သိစေခြင်းအလို့ငှာ၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကို နှိပ်စက်ညှဉ်းပန်းသည့် လူသားမျိုးနွယ် တစ်ခုလုံးအား ဘုန်းကြီးသော ငါ၏မျက်နှာ အပြည့်အဝ ပြမည်။ အကြောင်းမှာ နောက်ဆုံးသောကာလသည် ရောက်နှင့်ပြီး ဖြစ်သောကြောင့်ပင်တည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်”) ဒါကို ကြားတော့ ကျွန်မ တကယ်အံ့ဩသွားတယ်။ အရမ်း ဩဇာအာဏာ ရှိတာကိုး။ ဘယ်လူသားဆီကမှ လာတာမဖြစ်နိုင်ဘူးလို့ ကျွန်မ သိလိုက်တယ်။ နောက်တော့ သူက မိတ်သဟာယကို ဆက်တယ်၊ သခင်ပြန်ကြွလာပြီဖြစ်ပြီး အမှုသစ်ပြုနေတယ်၊ ဣသရေကနေ သူ့ဘုန်းအသရေကို အရှေ့အရပ်ဆီ ဆောင်ကြဉ်းလာနေတယ်တဲ့။ ဆိုလိုတာက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်က ရှေ့ကို ဆက်နေပြီး၊ ဘုရားအမှုသစ်ကို အမှီလိုက်ပြီး သူ့လက်ရှိ နှုတ်ကပတ်တော်တွေကို လက်ခံသူတွေကပဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်၊ အသက်အတွက် ဘယ်တော့မှ မကုန်တဲ့ အာဟာရ ရေသောက်မြစ်ကို ရနိုင်တယ်။

သခင်ပြန်ကြွလာပြီလို့ အစ်ကို ဝမ်က ပြောတဲ့အချိန်မှာ၊ ဘာသာရေး လောကတစ်ခုလုံးမှာ ဒါကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကပဲ သက်သေခံနေတာ၊ ဒီတော့ သူတို့နဲ့နေမှ ဖြစ်မယ်လို့ ကျွန်မ တွေးမိတယ်။ ကျွန်မ သဘောကွဲလွဲသလိုမျိုး ခံစားခဲ့ရတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းသားတွေက မကောင်းဘူးလို့ ဆရာတော်တွေ ပြောတာ သတိရမိတယ်၊ ဒါပေမဲ့ တွေ့ရသလောက်တော့၊ အဲဒီညီအစ်ကို နှစ်ယောက်က တကယ်ကို သိက္ခာရှိပြီး တည်ကြည်တယ်၊ ပြီးတော့ နွေးထွေးတဲ့ သဘောထား ရှိကြတယ်။ သူတို့ ဝေမျှတဲ့ သတင်းစကားကလည်း တကယ် ဆန်းသစ်ပြီး လက်တွေ့ကျတယ်— သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ရှိတာ သိသာတယ်။ ကျွန်မကို နှစ်နဲ့ချီ မရှင်းမလင်း ဖြစ်စေခဲ့တဲ့ အရာတစ်ခုဖြစ်တဲ့ အသင်းတော် အရမ်း ခြောက်ကပ်ရတဲ့ အကြောင်းရင်းကိုလည်း သူတို့ ရှင်းလင်းခဲ့ကြတယ်လေ။ ကျွန်မ လုံးဝကို လက်ခံယုံကြည်သွားတယ်။ ကျွန်မတွေးမိတယ်၊ အဲဒီနေ့က သူတို့နဲ့ တွေ့ဆုံတာဟာ သခင့်ရဲ့ စေတနာရှိတဲ့ အလိုတော်ကြောင့်ပဲလို့ပေါ့။ ဘာလို့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းသားတွေက အရမ်းကို ယုံကြည်ချက်ပြည့်ပြီး၊ အဲဒါကို လက်ခံပြီးတဲ့နောက်မှာ နောက်ပြန်မလှည့်ကြတာလဲဆိုတာကို သိဖို့ ကျွန်မလည်း သူတို့ပြောတာနားထောင်ပြီး မေးခွန်းတွေ မေးလို့ရနိုင်တယ်လို့ တွက်မိတယ်။ ဒါကြောင့် ကျွန်မ ဆက်ပြီး သူတို့ကို ဘွင်းဘွင်း ရှင်းရှင်း မေးလိုက်တယ်၊ “အစ်ကိုတို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနဲ့ ပတ်သက်မှန်း ကျွန်မ သိပါတယ်။ သခင် ပြန်ကြွလာပြီဖြစ်ပြီး အမှုသစ်ပြုနေတယ်ဆိုတဲ့ ဒီပြောဆိုချက်အတွက် ကျမ်းအခြေပြုချက် တစ်ခုခု ရှိလား။ ဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ အားလုံးက ကျမ်းစာထဲမှာရှိပြီး ယုံကြည်ခြင်းမှာ ကျမ်းစာကို ကျွန်မတို့ လိုက်နာရမယ်။ အစ်ကိုတို့ ပြောနေတာက ကျမ်းစာပြင်ပဖြစ်လို့ ကျွန်မ လက်မခံနိုင်ဘူး”လို့ပေါ့။ အစ်ကိုဝမ်က ပြုံးပြီး ပြောလိုက်တယ်၊ “ကျွန်တော်တို့ယုံကြည်ခြင်းက ကျမ်းစာကို လိုက်နာရမယ်လို့ ညီမပြောတယ်။ ဒီတော့ ကျမ်းအခြေပြုချက်မရှိတဲ့ ဘယ်အမှုကိုမှ သခင်က မလုပ်နိုင်ဘူးလို့ ညီမ ပြောနေတာပဲ။” ကျွန်မက အရမ်းကို ခိုင်ခိုင်မာမာနဲ့၊ “အဲဒါမှန်ပါတယ်” လို့ပြောလိုက်တယ်။ အဲဒီအခါ သူက မေးတယ်၊ “ဘယ်ဟာ အရင်လာလဲ၊ ဘုရားလား၊ ကျမ်းစာလား”တဲ့။ ဒါက ကျွန်မကို သတိလက်လွတ် ဖြစ်သွားစေခဲ့တယ်။ နှစ်နဲ့ချီ ယုံကြည်သူဖြစ်ခဲ့ပေမဲ့ အဲဒီအကြောင်းကို ကျွန်မ လုံးဝ မတွေးမိခဲ့ဘူးလေ။ ကျွန်မ နည်းနည်းစဉ်းစားလိုက်ပြီး ဒါပေါ့၊ ဘုရားအရင်လာတာပေါ့လို့ ပြောလိုက်တယ်။ အစ်ကိုဝမ်က ပြောတယ်၊ “ဟုတ်တယ်။ ကျမ်းစာဆိုတာ ဘုရားအမှုတော်ရဲ့ သမိုင်းဆိုင်ရာ မှတ်တမ်းတစ်ခုပဲ။ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်ထဲက သူ့အမှုတော်ရဲ့ သက်သေခံချက်ပဲ။ ဓမ္မဟောင်းကျမ်းက ဣသရေလနိုင်ငံထဲက ဘုရားရဲ့ အမှုတော်ကို မှတ်တမ်းတင်ပြီး၊ ဓမ္မသစ်ကျမ်းက ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှုရဲ့ အမှုတော်ကို မှတ်တမ်းတင်တယ်။ ဒါကြောင့် ဘုရားအမှုတော် အရင်လာပြီး အဲဒီနောက် ကျမ်းစာက နောက်မှ လာတာ။ ဘုရားအမှုတော်က ကျမ်းစာအပေါ် အခြေပြုတာ မဟုတ်ဘဲ၊ သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ပေါ်အခြေပြုတာပါ”တဲ့။

အဲဒီနောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ် သူဖတ်ပြတယ်။ “ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ယင်း၏ အမှုကို အတည်ပြုရန် လာခဲ့ခြင်း မဟုတ်ပေ။ ယေရှု၏ အမှုမှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် သမ္မာကျမ်းစာကို အခြေခံထားခဲ့ခြင်း ရှိ မရှိ ထည့်သွင်း မစဉ်းစားထားသောကြောင့် ဖြစ်သည်။ ယေရှုသည် ၎င်းအနေနှင့် ပြုအပ်သည့်အမှုကို ဆောင်ရွက်ဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက်ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ နှုတ်ကပတ်တော်များနှင့် အညီလည်း မဆောင်ရွက်ခဲ့ပေ။ သူသည် ဓမ္မဟောင်းကျမ်းက ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ ထိုကျမ်းသည် သူ၏အမှုနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ဂရုမစိုက်ခဲ့ပေ၊ ထို့အပြင် အခြားသူတို့က သူ၏အမှုအကြောင်း မည်သည့်အရာများ သိရှိကြသည်၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ လူအများအပြားတို့က ဓမ္မဟောင်းကျမ်းထဲက ပရောဖက်တို့၏ ကြိုတင်ဟောကိန်းများကို အသုံးပြုပြီး ယေရှုကို ရှုတ်ချခဲ့ကြသော်လည်း၊ သူသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီးလုပ်ဆောင်ခဲ့သည်။ လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)”) ဒီစာပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ၊ အစ်ကိုဝမ်က မိတ်သဟာယပြုတယ်၊ “အမှုပြုဖို့ သခင်ယေရှု ကြွလာခဲ့တုန်းက၊ ကျေးဇူးတော်ခေတ်ရဲ့ အမှုတော်ကို လုပ်ဆောင်ဖို့ ဓမ္မဟောင်းရဲ့ ပညတ်တရားကို သူကျော်လွန်သွားခဲ့တယ်။ လူသားမျိုးနွယ်အတွက် ဥပုသ်ကို မစောင့်ထိန်းခြင်း၊ အကြိမ် ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်ပေးခြင်းတို့လို သတ်မှတ်ချက်သစ်နဲ့ လက်တွေ့လုပ်ဆောင်မှု သစ်တွေ သူ့မှာ ရှိခဲ့တယ်။ ဒါကို ဓမ္မဟောင်း ပညတ်တရားနဲ့ မကိုက်ဘူး၊ သူတို့ကျမ်းစာ ပြင်ပမှာ လုံးဝ ရှိနေတယ်လို့ လူတွေက မြင်ခဲ့ကြတယ်။ ဒါက ဘုရားရဲ့ အမှုတော်ကို ကျမ်းစာက ချုပ်ထိန်းထားလို့မရတာကို ပြတာပဲ။ သူ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ဘယ်လောက် တန်ခိုးရှိပြီး ဩဇာအာဏာရှိမှန်း၊ ဘယ်လူသားကမှ အဲဒါကို မစွမ်းဆောင်နိုင်လို့ ဘုရားဆီက လာတာဖြစ်ရမယ်လို့ သခင်ယေရှုရဲ့ တပည့်တော်တွေက တွေ့တော့၊ သခင့်နောက်ကို သူတို့လိုက်ခဲ့ကြတယ်။ ကျမ်းစာရဲ့စာသားဆိုလိုရင်းအတိုင်း မကန့်သတ်ထားတော့ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရှာခဲ့ကြပြီး ဘုရားခြေလှမ်းတွေနောက် လိုက်ခဲ့ကြတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းမှာ၊ ဘုရားရဲ့ အမှုတော်ကို ကျမ်းစာပေါ်အခြေခံပြီး ဝေဖန်လို့မရဘဲ၊ ဘုရားကို သူ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်အားဖြင့် သိကျွမ်းဖို့လိုတယ်”တဲ့။

သူ့မိတ်သဟာယကို ကျွန်မ ကြားလိုက်ရတော့၊ ကျမ်းစာဆိုတာ ဘုရားအမှုတော်ရဲ့ သမိုင်းမှတ်တမ်းတစ်ခုသာဖြစ်ပေမဲ့ အခြေပြုချက်တစ်ခုမဟုတ်မှန်း မြင်လို့ရတယ်။ နှစ်ကာလတွေတစ်လျှောက်လုံး ကျွန်မက တရားဟောဆရာဖြစ်ခဲ့တာလေ၊ ဒီတော့ ဘုရားနဲ့ ကျမ်းစာကြားက ဆက်နွှယ်မှုကို ဘာလို့ ကျွန်မ နားမလည်ခဲ့တာလဲ။ နေရာအနှံ့မှာလည်း တရားဒေသနာတွေ နားထောင်နေခဲ့တာလေ။ တစ်ယောက်ယောက်က အဲဒီလို ပြောတာကို လုံးဝ မကြားခဲ့ရဘူး။ ဘုရားအမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာ ရှိပြီး၊ အဲဒီကနေ သွေဖည်တာက ယုံကြည်ခြင်းရှိတာ မဟုတ်ဘူးလို့ အမြဲ ကျွန်မ တွေးခဲ့တာ။ ကျွန်မ တကယ်ကို မိုက်မဲခဲ့တာပဲ။ နောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို အစ်ကိုရှီက ဖတ်ပြတယ်။ “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ၏) အစဉ်အလာ နည်းလမ်းဖြင့် ယုံကြည်မှုသည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်း ဖြစ်ခဲ့သည်။ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး၊ လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာကျမ်းစာအား ရှင်းလင်းဖော်ပြမှု ဖြစ်ရပေမည်။ ဆိုလိုသည်မှာ၊ သင်က သခင့်ကို ယုံကြည်လျှင်၊ သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သမ္မာကျမ်းစာမှလွဲ၍ သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်ရပေ။ သင်က ထိုသို့ ပြုလုပ်လျှင်၊ ဘုရားသခင်အား သစ္စာဖောက်နေခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်းမည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)”) “၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်”) အစ်ကိုရှီက မိတ်သဟာပြုခဲ့တယ်၊ “လူအများကြီးက ဘုရားကို ယုံကြည်တယ်လို့ ရိုးရိုးသားသားနဲ့ အခိုင်အမာ ပြောခဲ့ကြပေမဲ့ တကယ်‌တော့ သူတို့က ကျမ်းစာကို ယုံကြတာပဲ။ ဘုရားကို ကျမ်းစာနယ်ပယ်အတွင်းမှာရှိအောင် သူတို့က ဘောင်ခတ်ကြပြီး၊ ဘုရားအမှုတော်ကို ကျမ်းစာရဲ့ စာသားဆိုလိုရင်းတွေနဲ့ နှိုင်းယှဉ်ကြတယ်။ အဲဒီကျမ်းစာနဲ့ မကိုက်တဲ့ ဘယ်အရာကိုမဆို သူတို့ ငြင်းပယ် ရှုတ်ချကြတယ်။ အဲဒါက ဖာရိရှဲတွေနဲ့ ဘယ်လိုများ ကွာခြားလို့လဲ။ ဖာရိရှဲတွေက သခင်ယေရှုရဲ့ အမှုတော်ကို ဓမ္မဟောင်းကျမ်း ပညတ်တရားနဲ့ နှိုင်းယှဉ်ခဲ့ကြသလို၊ အမှုတော်က အဲဒီစည်းဘောင်တွေကျော်တာ သူတို့မြင်တော့၊ သူ့ကို ရှုတ်ချပြီး နောက်ဆုံးတော့ ကားတိုင်မှာ သူ့ကို သံမှိုရိုက်နှက်ခဲ့ကြတယ်။ နာကျင်စရာ သင်ခန်းစာတစ်ခုပဲ။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းမှာ၊ သမ္မာတရားကိုရော၊ ဘုရားရဲ့ခြေလှမ်းတွေကိုပါ ရှာသင့်တယ်။ နောက်ဆုံးသော ကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်တို့ကို အပြစ်ကနေ အပြည့်အဝ သန့်စင်ပေးပြီး၊ ကောင်းကင်နိုင်ငံတော်ထဲ ခေါ်ဆောင်သွားဖို့ တရားစီရင်ခြင်း အမှုပြုရ‌အောင် သမ္မာတရား အများကြီး ဖော်ပြပြီးပြီ။ ဒီအမှုရဲ့အဆင့်က သခင့်ရဲ့ ရွေးနုတ်ခြင်းအမှုထက် ပိုနက်ရှိုင်းပြီး ပိုမြင့်မားသလို၊ ကျမ်းစာရဲ့ နယ်ပယ် ပြင်ပမှာ လုံးဝ ရှိပါတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ဘောင်ခတ်ရင်းနဲ့ ကျမ်းစာရဲ့ တိုက်ရိုက် နှုတ်ကပတ်တော်တွေအပေါ် အခြေခံပြီး ဝေဖန်ရင်၊ ဖာရိရှဲတွေလို အလားတူ အမှားတွေကို လုပ်နေမိတာ ဖြစ်မှာ မဟုတ်လား”တဲ့။

ဘုရားအမှုတော်က ကျမ်းစာကို မကျော်လွန်နိုင်ဘူး၊ ကျမ်းစာမှာ မမှတ်ထားတဲ့ ဘယ်အရာမဆို ဘုရားရဲ့ အမှုမဖြစ်နိုင်ဘူးလို့ ကျွန်မ အမြဲ ထင်ခဲ့တာ။ ဒီနှစ်တွေတစ်လျှောက်လုံး ယုံကြည်ခဲ့တဲ့နောက်မှာ၊ ဘုရားကို ကျမ်းစာနဲ့ ကန့်သတ်ထားသလိုမျိုး ဘယ်လိုဖြစ်ပြီး ကျွန်မ တွေးနိုင်ရတာလဲ။ အဲဒါ မှန်ကန်တဲ့ ယုံကြည်ခြင်းမျိုး မဟုတ်မှန်း ကျွန်မ လုံးဝ သဘောမပေါက်ခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီက သိပ်ကောင်းတဲ့ ကိုးကားချက်တစ်ခု ရှိတယ်။ “၎င်းတို့သည် ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်”) နှုတ်ကပတ်တော်တစ်လုံးစီတိုင်းက ကျွန်မအတွက် အရမ်းစိတ်ထိခိုက်စရာပါ။ ကျမ်းစာကို ဘုရားကိုယ်တိုင်ဖြစ်သလိုမျိုး ကျွန်မ ဘယ်လိုလုပ် သဘောထားနိုင်ရတာလဲ။ အဲဒါ ဘုရားကို ဦးစားပေးတာ ဟုတ်ရဲ့လား။ ကျွန်မက ဘုရားကိုမဟုတ်ဘဲ၊ ကျမ်းစာကို ဂရုစိုက်နေခဲ့တာပဲ။

အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားဟောချက်က ဘယ်လောက် အံဩစရာကောင်းမှန်း ကျွန်မ သဘောမပေါက်ခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မမှာ အဖြေမရသေးတဲ့ မေးခွန်းတွေ အများကြီး ရှိနေတုန်းပဲ။ ကျွန်မ တွက်မိလိုက်တယ်၊ သူတို့ပြောတာ ကျွန်မနားထောင်နေတဲ့အတွက်၊ ကျွန်မလည်း အဖြေတချို့ ရနိုင်တယ်လို့ပေါ့။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ အရမ်းကို စည်းမဲ့ကမ်းမဲ့ ဆက်နေလို့မရတော့ဘူး။ ယုံကြည်ခြင်းအပေါ် အဲဒီညီအစ်ကို နှစ်ယောက်ရဲ့တခြား အမြင်တွေကိုလည်း ကျွန်မ ပိုကြားချင်ခဲ့တယ်။ ဒါကြောင့် ဗျာဒိတ်ကျမ်း ၂၂:၁၈ အကြောင်း သူတို့ကို ကျွန်မမေးလိုက်တယ်။ “ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသော သူအပေါင်းတို့ အားငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ထပ်၍ အသစ်သွင်း၏။ ဤစာစောင် ၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။” ဘုရား ကြွလာခဲ့ပြီ၊ နှုတ်ကပတ်တော်သစ်တွေ ပြောခဲ့ပြီ၊ အမှုသစ်ပြုခဲ့ပြီလို့ သူတို့ ပြောခဲ့တော့၊ အဲဒီကျမ်းချက်ကို ဘယ်လိုရှင်းပြလို့ရမလဲပေါ့။ အစ်ကိုဝမ်က‌ ပြောတယ်၊ “ဒီကျမ်းချက်ထဲက ‘အသစ်သွင်းတယ်’ဆိုတာက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေကို တစ်ခုခုထပ်ဖြည့်တာ၊ နောက်ဆုံးသော ကာလမှာ ဘုရားက ပြန်ကြွလာပြီး ထပ်စကားမပြောမှာကို ဆိုလိုတာ မဟုတ်ဘူး။ ဘုရားက နောက်ဆုံးသော ကာလမှာ ပြန်ကြွလာပြီး ထပ်စကားပြောမှာ မဟုတ်ဘူးဆိုတဲ့ အစ်မရဲ့စိတ်ကူးအတိုင်းဆိုရင်၊ သခင်ယေရှု ဒီလိုပြောခဲ့တာကို စဉ်းစားကြည့်၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) အဲဒါ ဘယ်လိုလုပ် ပြည့်စုံတော့မှာလဲ။ ဗျာဒိတ်ကျမ်းထဲမှာ ဒီလို ခုနစ်ကြိမ် ဖော်ပြထားတယ်၊ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။’ (ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) အဲဒါကို ဘယ်လိုရှင်းပြလို့ ရမှာလဲ။ အစ်မက နောက်ဆုံးသော ကာလထဲက အသင်းတော်တွေဆီ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေ၊ သူဖော်ပြတဲ့ သမ္မာတရားတွေကို ငြင်းပယ်၊ ရှုတ်ချနေတာ မဟုတ်လား။ ကျွန်တော်တို့အားလုံး သိတာက ဘုရားဟာ အသက်ရဲ့ အရင်းအမြစ်၊ အမြဲစီးဆင်းတဲ့ ရှင်သန်ခြင်း အသက် စမ်းရေဖြစ်တယ် ဆိုတာပဲ။ ဒီတော့ ဘုရားရဲ့ အမှုနဲ့ နှုတ်ကပတ်တော်တွေကို ကျမ်းစာနဲ့ ဘောင်ခတ်နေတာက ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတာကိုပဲ ဘုရားက ပြောနိုင်ပြီး အရင်က သူလုပ်ခဲ့တဲ့ အမှုကိုပဲ လုပ်နိုင်တယ်လို့ ပြောနေတာနဲ့ တူမှာပဲလေ။ အဲဒါက ဘုရားကို မလေးစားတာ၊ ဘောင်ခတ်တာ ဖြစ်မှာ မဟုတ်လား။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်က နှုတ်ကပတ်တော် သန်းချီ ပြောပြီးပြီ၊ ပြီးတော့ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုကို ပြုနေတယ်။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။ ‘ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ပြီးတော့ ပေတရုဩဝါဒစာ ပထမစောင်မှာ ပြောထားတယ်၊ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။’ (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) နောက်ဆုံးသော ကာလထဲက ဘုရားရဲ့သမ္မာတရားတွေနဲ့ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို လက်ခံမှသာ ကိုယ့်အပြစ်ရဲ့ဇာစ်မြစ်ကို နားလည်နိုင်ပြီး ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့ကနေ လွတ်နိုင်တယ်၊ အပြစ်လုပ်တာ၊ ဘုရားကို ဆန့်ကျင်တာတွေ ရပ်နိုင်တယ်။ အဲဒီအခါ ဘုရားကို ကျွန်တော်တို့ တကယ် နာခံ၊ ကိုးကွယ်နိုင်ကြပြီး၊ နောက်ဆုံးမှာ သူ့နိုင်ငံတော်ထဲ ဘုရားခေါ်ဆောင်တာ ခံရပြီး လှပတဲ့ ခရီးပန်းတိုင်ကို ရနိုင်ကြတာပါ”တဲ့။ ဒါကိုကြားတော့၊ ကျွန်မ သဘောပေါက်သွားတယ်၊ နောက်ဆုံးသော ကာလမှာ သခင်က နှုတ်ကပတ်တော်သစ်တွေ ပြောပြီး အမှုသစ် ပြုနေတာကို တကယ်ပဲ ကျမ်းစာထဲမှာ ပရောဖက်ပြုထားတယ်ဆိုတာပဲ။ အရင်က၊ ကျမ်းစာကို တကယ်ကောင်းကောင်း သိတယ်လို့ အမြဲထင်ခဲ့ပေမဲ့၊ အတွင်းပိုင်း ဇာတ်ကြောင်းကို ကျွန်မ နည်းနည်းမှ နားမလည်ခဲ့သလို၊ ကျမ်းစာကို ဘယ်လို မှန်မှန်ကန်ကန် ချဉ်းကပ်ရမယ်ဆိုတာ မသိခဲ့မှန်း တွေ့ရတယ်။

အဲဒီနောက် ကျမ်းစာကို မှန်ကန်တဲ့ချဉ်းကပ်မှုနဲ့ ပတ်သက်ပြီး အဲဒီညီအစ်ကိုနှစ်ယောက်က မိတ်သဟာယအများကြီး ထပ်ဝေမျှခဲ့ကြတယ်။ ကျွန်မ ဘာကိုမှ သံသယရှိမနေတော့ဘူး။ ဒါပေမဲ့ ကျွန်မအတွက် တကယ်ကို စိတ်မကောင်းစရာလည်း ဖြစ်ခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက်လုံး ယုံကြည်ပြီးတဲ့နောက်မှာ ဘာလို့ ကျွန်မ အရမ်းအလွဲလွဲအချော်ချော်ဖြစ်ခဲ့လဲ မသိဘူး။ ဘုရားကို ယုံကြည်တာက ကျမ်းစာကို ယုံကြည်တာပဲ၊ တခြားဘာကမှ ဘုရားကို ယုံကြည်တာမဟုတ်ဘူးလို့ အမြဲထင်ခဲ့မိတာ။ ဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်အားလုံးက ကျမ်းစာနဲ့ ကန့်သတ်ထားတယ်လို့ ထင်ခဲ့တာ။ ဒါကြောင့် ကျမ်းစာကို ဘုရားထက်တောင် ကြီးမြတ်သလို မြင်ခဲ့မိတာပဲ။ ဘုရားက အမှုသစ်ပြုနေပြီး နှုတ်ကပတ်တော်သစ်တွေ ပြောနေတယ်ဆိုတဲ့ ဘယ်သူ့ပြောဆိုချက်ကိုမဆို ကျွန်မ အာခံ၊ ရှုတ်ချခဲ့ပြီး ရှာဖွေဖို့ ဘာစိတ်ဆန္ဒမှ မရှိခဲ့ဘူး။ ကိုယ့်အယူအဆတွေကိုပဲ တင်းတင်း ဖက်တွယ်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေကို အဲဒါတွေ ရိုက်သွင်းပေးရင်း တခြားလူတွေကို အထင်မှားစေခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မဟောခဲ့တဲ့ တရားဟောချက်က အသင်းသားတွေကို လှည့်ဖြားတဲ့ နည်းလမ်းဖြစ်တယ်၊ သူတို့ကို ထိခိုက်စေခဲ့သလို ခံစားရတယ်။ အဲဒီနောက် ကျွန်မက မသိနားမလည်၊ မိုက်မဲတဲ့ တရားဟောဆရာဖြစ်ခဲ့မှန်း တွေ့လိုက်ရတယ်။ အရင်က တရားဟောဆရာ အများကြီးနဲ့ အဆက်အသွယ်ရှိခဲ့ပြီး သူတို့နဲ့ ကျမ်းစာဆွေးနွေးခဲ့ပေမဲ့၊ အဲဒီညီအစ်ကိုတွေက မိတ်သဟာယပြတဲ့နေရာမှာ အရှင်းလင်းဆုံးပဲ။ ကျွန်မက လွယ်လွယ်ယုံကြည်လက်မခံတတ်တဲ့ တကယ်ကို မာနထောင်လွှားတဲ့သူလေ။ ဒါပေမဲ့ ဒီတစ်ခါတော့ သံသယ မရှိတော့ဘူး။

ကျွန်မ မရှင်းမလင်းဖြစ်သမျှအားလုံး ရှင်းသွားအောင် အရာရာ သူတို့ကို ရှင်းပြခိုင်းဖို့ ကျွန်မ စိတ်ပြင်းပြနေခဲ့တယ်။ သူတို့ကို ကျွန်မပြောလိုက်တယ်၊ “အစ်ကိုတို့ရဲ့ မိတ်သဟာယအားလုံးကို နားလည်ပေမဲ့၊ အရေးကြီးတဲ့ မေးခွန်းတစ်ခု ကျွန်မမှာ ရှိသေးတယ်။ သခင်က အမျိုးသမီးအနေနဲ့ လူ့ဇာတိခံ ပြန်ကြွလာပြီးပြီလို့ အစ်ကိုတို့ ပြောခဲ့တယ်၊ အဲဒါ ကျွန်မလက်မခံနိုင်တဲ့ အရာတစ်ခုပဲ။ သခင်ယေရှုက အမျိုးသားတစ်ယောက် ဖြစ်ခဲ့တာလေ၊ ဒီတော့ အမျိုးသားအနေနဲ့ပဲ ပြန်လာသင့်တာ။” အစ်ကိုဝမ်က ပြောတယ်၊ “ဘုရားက ဝိညာဉ်တော်၊ အကောင်အထည်ပုံစံ၊ ဒါမှမဟုတ် လိင် မရှိတဲ့ ဝိညာဉ်တော် ဖြစ်တယ်။ သူ့အမှုအတွက် လိုအပ်တဲ့အရာကြောင့် သူက လူ့ဇာတိနဲ့ အမှုပြုဖို့ ကြွလာပြီဖြစ်သလို၊ အဲဒါက ဘယ်လိင်ကိုမဆို သူခံယူခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းပဲ။ သူက အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်၊ ဘုရားရဲ့အမှုကို ပြုနိုင်တယ်။ ကျေးဇူးတော်ခေတ်မှာ၊ လူ့ဇာတိခံ ဘုရားက လူသားမျိုးနွယ်ရဲ့ အပြစ်ဖြေယဇ်အဖြစ် အစေခံရင်းနဲ့ ကားစင်တင်ခံခဲ့ရတယ်။ သခင်ယေရှုက အမျိုးသား ဖြစ်ခဲ့ပြီး ကားစင်တင်ခံရာကတစ်ဆင့် လူသားမျိုးနွယ်ကို ရွေးနုတ်နိုင်ခဲ့တယ်။ သခင်ယေရှုသာ အမျိုးသမီးအနေနဲ့ ကြွလာခဲ့ရင်၊ အဲဒီအတိုင်းပဲ ကားစင်တင်ခံလို့ ရနိုင်ဦးမှာပါပဲ။ လူ့ဇာတိနဲ့ သူ့အမှုတော် ပြီးသွားတာနဲ့၊ ဘုရားက ဝိညာဉ်ပုံသဏ္ဌာန်အဖြစ် ပြောင်းသွားမှာဖြစ်လို့၊ အဲဒီအခါ သူက အမျိုးသားဖြစ်မှာမဟုတ်သလို အမျိုးသမီးလည်း ဖြစ်မှာ မဟုတ်တော့ဘူး။ ကျမ်းစာက ပြောတယ်၊ ‘ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်။’ (ကမ္ဘာဦးကျမ်း ၁:၂၇) ဒီကျမ်းချက် ပြောတာက၊ ဘုရားက အမျိုးသားနဲ့အမျိုးသမီးကို သူ့ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခဲ့တယ်ဆိုတာပဲ။ လူယောက်ျားအနေနဲ့ ဘုရားလူ့ဇာတိခံတာက ဘုရားကို ကိုယ်စားပြုနိုင်တယ်။ ဒီတော့ လူမိန်းမအနေနဲ့ သူ့ရဲ့ လူ့ဇာတိခံခြင်းကလည်း ဘုရားကို ကိုယ်စားမပြုနိုင်ဘူးလား။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ဒါက ဘုရားဝိညာဉ်တော်ရဲ့ သွေးသား လူ့ဇာတိခံခြင်းဖြစ်ပြီး၊ ဘယ်ကိစ္စမှာမဆို၊ ဘုရားက သူ့ကိုယ်ပိုင်အမှုကို ဆောင်ရွက်နေတာပဲ။ ဒါဟာ အရင်က ကျွန်တော်တို့ သိခဲ့တဲ့ သမ္မာတရား မဟုတ်ဘူး၊ ဒီတော့ ဘုရားရဲ့ လူယောက်ျားအနေနဲ့ ပထမဆုံး လူ့ဇာတိခံခြင်းကတည်းက၊ လူ့ဇာတိခံ ဘုရားက အမျိုးသားပဲ ဖြစ်နိုင်ပြီး အမျိုးသမီး လုံးဝ မဖြစ်နိုင်ဘူးလို့ တွေးရင်းနဲ့ သူ့ကို လူအများကြီးက ဘောင်ခတ်ခဲ့ကြတယ်”တဲ့။ အဲဒီနောက် အစ်ကိုဝမ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ပြတယ်။ “ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ပုံစံဖြင့် လာခဲ့ပြီး၊ ယခုတစ်ကြိမ် ဘုရားသခင် ကြွလာသောအခါမူ သူ၏ပုံစံသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် သူ၏အမှု၌ အသုံးပြုနိုင်သည်ကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်တစ်ခုချင်းစီတွင် လုပ်ဆောင်ခဲ့သော အမှုသည် ယင်း၏ အရေးပါမှုရှိလေသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရာ၌ တစ်ပါးတည်းသောသားတော်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် ‘သား’ ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားတော်သည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း သူ၏အမှုကို လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်ရာတွင် သူသည် မည်သည့်ချုပ်နှောင်ကန့်သတ်မှုကိုမျှ မခံရဘဲ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ အမှု၏အဆင့်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်”) “အကယ်၍သာ ဤလုပ်ဆောင်မှုအဆင့်သည် နောက်ဆုံးသောခေတ်တွင်မှ ဆောင်ရွက်၍ မပြီးလျှင် ဘုရားသခင်နှင့်ပတ်သက်၍ လူသားမျိုးနွယ် တစ်ရပ်လုံးသည် အမှောင်ထုအရိပ်အောက်တွင် ဖုံးကွယ်ထားခြင်းခံနေရမည် ဖြစ်သည်။ ဤကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ယောက်ျားသည် မိန်းမထက် မြင့်မြတ်သည်ဟု မိမိကိုယ်မိမိ တွေးထင်လိမ့်မည်ဖြစ်ပြီး၊ မိန်းမတို့သည်လည်း မည်သည့်အခါမျှ ခေါင်းဖော်ဝံ့လိမ့်မည် မဟုတ်ချေ၊ ထိုသို့ဆိုလျှင် မိန်းမတစ်ယောက်တလေမျှ ကယ်တင်ခြင်း ခံရလိမ့်မည်လည်း မဟုတ်ပေ။ ဘုရားသခင်သည် ယောက်ျားတစ်ဦးဖြစ်သည်၊ ထို့ပြင် ဘုရားသခင်သည် မိန်းမများကို အစဉ် မနှစ်သက်ဘဲ သူတို့အား ကယ်တင်ခြင်းကို ပေးသနားမည်မဟုတ်ဟု လူတို့က အမြဲယုံကြည်ကြသည်။ ဤသို့သာဆိုလျှင် ယေဟောဝါဖန်ဆင်းခဲ့ပြီး ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရသည့် လူမိန်းမများအနေဖြင့် ကယ်တင်ခံရမည့် အခွင့်အရေးကို ဘယ်သောအခါမျှ မရရှိနိုင်မည်မှာ မှန်နေလိမ့်မည်မဟုတ်လော။ ထို့နောက် ယေဟောဝါအနေဖြင့် လူမိန်းမကိုဖန်ဆင်းခဲ့ခြင်း၊ ဧဝကို ဖန်ဆင်းခဲ့ခြင်းသည် အဓိပ္ပာယ်မရှိ ဖြစ်သွားလိမ့်မည် မဟုတ်လော။ ပြီးလျှင် လူမိန်းမသည် ထာဝရကာလတိုင် ပျက်စီးသွားမည် မဟုတ်လော။ ထိုအကြောင်းကြောင့် နောက်ဆုံးသောကာလရှိ အမှု၏အဆင့်ကို လူမိန်းမကိုသာ မဟုတ်ဘဲ လူသားမျိုးနွယ် အားလုံးကို ကယ်တင်နိုင်ရန်အတွက် လုပ်ဆောင်ပေသည်။ အကယ်၍ ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူခဲ့မည်ဆိုပါလျှင် ယင်းမှာ လူမိန်းမကို ကယ်တင်ရန်အလို့ငှာသာ ဖြစ်လိမ့်မည်ဟု တစ်ဦးဦးက တွေးထင်ပါလျှင် ထိုသူမှာ ဧကန်စင်စစ် မိုက်မဲသောသူပင် ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်”) အဲဒီနောက် သူပြောတယ်၊ “ဘုရားက အမျိုးသားအနေနဲ့ပဲဖြစ်ဖြစ်၊ အမျိုးသမီးအနေနဲ့ပဲဖြစ်ဖြစ် လူ့ဇာတိခံတယ်ဆိုတဲ့အထဲမှာ အဓိပ္ပာယ်ရှိပြီး၊ ကျွန်တော်တို့ရှာဖွေသင့်တဲ့ သမ္မာတရား ရှိတယ်။ ဘုရားက အမျိုးသားအနေနဲ့ နှစ်ကြိမ်လုံး လူ့ဇာတိခံခဲ့ရင်၊ ဘုရားက အမျိုးသားပဲဖြစ်နိုင်တယ်၊ အမျိုးသမီး လုံးဝ မဖြစ်နိုင်ဘူးလို့ လူတွေ ထင်ကြမှာ။ အဲဒါဆိုရင် ဘုရားကို ဘောင်ခတ်နေတာ ဖြစ်မှာ မဟုတ်လား။ နောက်ဆုံးသော ကာလမှာ ဘုရားက အမျိုးသမီးအနေနဲ့ လူ့ဇာတိခံနေတာက အမျိုးသား ခန္ဓာကို ယူသည်ဖြစ်စေ၊ အမျိုးသမီး ခန္ဓာကို ယူသည်ဖြစ်စေ၊ သူ့အနှစ်သာရ လုံးဝ မပြောင်းလဲဘူးဆိုတာကို ပြတယ်— သူက ဘုရားကိုယ်တိုင်ဖြစ်ပြီး သမ္မာတရားကို အမြဲဖော်ပြနိုင်သလို ဘုရားအမှုတော်ကို ဆောင်ရွက်နိုင်တယ်။ ဒါက ဘုရားအပေါ် ပိုမှန်ကန်တိကျတဲ့ နားလည်မှုတစ်ခု ပေးတယ်။ ပြီးတော့ ဘုရားရဲ့ လူ့ဇာတိခံခြင်းက သူဟာ အမျိုးသားတွေအတွက်ပဲ ဘုရားမဟုတ်ဘဲ၊ အမျိုးသမီးတွေအတွက်လည်း ဘုရားဖြစ်မှန်း မြင်အောင် ကူညီပေးတယ်။ နောက်ဆုံးသော ကာလမှာ အမျိုးသားအနေနဲ့ သူထပ်ပြီး လူ့ဇာတိခံခဲ့ရင်၊ အမျိုးသမီးတွေကို အမြဲ အမြင်စောင်းသွားကြမှာပဲ။ ပြီးတော့ ဘုရားက အမျိုးသမီးတွေကို မုန်းတယ်၊ သူတို့ ကယ်တင်မခံရနိုင်ဘူးလို့ ထင်တောင်ထင်သွားကြမှာ။ အဲဒါ နားလည်မှုလွဲတာ ဖြစ်မှာ မဟုတ်လား။ နောက်ဆုံးသော ကာလမှာ အမျိုးသမီးအနေနဲ့ ဘုရားလူ့ဇာတိခံနေတာက လူတွေရဲ့ အယူအဆတွေနဲ့ မကိုက်ပေမဲ့၊ လူတွေရဲ့ ကယ်တင်ခြင်းနဲ့ ဘုရားကို သိနားလည်ခြင်းအတွက် အဓိပ္ပာယ်ရှိပြီး အကျိုးပြုတယ်။ ဒီအရာထဲမှာ ဘုရားမေတ္တာရှိတယ်”တဲ့။

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အယူအဆတွေကို ဖွင့်ချလိုက်တယ်။ လူယောက်ျားနဲ့ လူမိန်းမနှစ်ယောက်လုံးကို ဘုရားဖန်ဆင်းခဲ့တယ်လို့ ကျွန်မ ပြောရုံပြောခဲ့တာ။ အမျိုးသမီးပုံစံ သူယူဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ စဉ်းစားခဲ့မိတဲ့ အကြောင်းအရင်းကို တွေးမိတယ်။ ကျွန်မ ဘယ်လိုဖြစ်ပြီး အရမ်းမသိနားမလည် ဖြစ်နိုင်ရတာလဲ။ အဲဒီအချိန်မှာ ကျွန်မအတွက် အစ်ကိုဝမ်က နောက်ထပ်အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ပေးတယ်။ “ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်၊ ဝိညာဉ်တော်၊ ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ သို့မဟုတ် အရာခပ်သိမ်းကို လွှမ်းခြုံသော ဝိညာဉ်တော်ဖြစ်ရုံမျှမက၊ လူသားတစ်ဦး- သာမန်လူတစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်း ဖြစ်၏။ သူသည် အမျိုးသားဖြစ်သည်သာမက၊ အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများထံ မွေးဖွားကြရာတွင် တူညီကြပြီး၊ တစ်ဦးက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူပြီး အခြားတစ်ဦးသည် ဝိညာဉ်တော်ထံမှ တိုက်ရိုက် ဆင်းသက်သော်လည်း၊ လူသားတစ်ဦးထံ မွေးဖွားသည်ဆိုရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်၏အမှုကို ဘုရားသခင်၏လူ့ဇာတိက ဆောင်ရွက်ရာတွင် ဆင်တူကြပြီး၊ တစ်ဦးက ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်သော်လည်း အခြားတစ်ဦးက သိမ်းပိုက်ခြင်း အမှုကို ဆောင်ရွက်ရာတွင် မတူညီကြချေ။ နှစ်ဦးလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် မေတ္တာနှင့် ကရုဏာတို့ဖြင့် ပြည့်နေသော ရွေးနုတ်ရှင်ဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျက်ဒေါသနှင့် တရားစီရင်ခြင်းတို့ဖြင့် ပြည့်နေသည့် ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ခဲ့သည့် ဦးစီးချုပ်ဖြစ်သော်လည်း၊ အခြားတစ်ဦးသည် သိမ်းပိုက်ခြင်း အမှုကို ပြီးမြောက်သည့် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ အခြားတစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော လူ့ဇာတိဖြစ်သော်လည်း၊ အခြားတစ်ဦးသည် ရွေးနုတ်ခြင်းကို ပြီးစီးစေပြီး အမှုကို ဆက်လက် ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ်မရှိသည့် လူ့ဇာတိဖြစ်သည်။ နှစ်ဦးလုံးသည် ဝိညာဉ်တော်တစ်ခုတည်း ဖြစ်သော်လည်း၊ ကွဲပြားသော လူ့ဇာတိများတွင် နေထိုင်ကာ ကွဲပြားသော နေရာများတွင် မွေးဖွားခဲ့ကြပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြား၏။ သို့သော်၊ ၎င်းတို့၏အမှုအားလုံးသည် မည်သည့်အခါမျှ ကွဲလွဲခြင်းမရှိဘဲ၊ နှစ်ဦးနှစ်ဖက် လိုက်ဖက်ကြပြီး၊ တစ်ချိန်တည်း ပြောဆို၍ရသည်။ နှစ်ဦးလုံးသည် လူများဖြစ်သော်လည်း၊ တစ်ဦးသည် သားယောက်ျားလေး ဖြစ်ကာ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။ ဤနှစ်များစွာကြာ၊ လူတို့ မြင်ထားသည့်အရာမှာ ဝိညာဉ်တော်ဖြစ်သည်သာမက၊ လူယောက်ျား လူသားတစ်ဦး ဖြစ်သည်သာမက၊ လူ့အယူအဆများနှင့် မကိုက်ညီသည့် အရာများစွာလည်း ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် ငါ့ကို မည်သည့်အခါတွင်မျှ အပြည့်အဝ နားမလည်နိုင်ကြပေ။ ၎င်းတို့သည် ငါ တည်ရှိသော်လည်း အရိပ်ပမာ အိပ်မက်တစ်ခုလည်း ဖြစ်သည့်အလား ငါ့ကို ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်မြဲ ဖြစ်နေကြသည်၊ ယင်းမှာ ယနေ့ထက်ထိ၊ လူတို့က ဘုရားသခင် အဘယ်အရာဖြစ်သည်ကို မသိကြသေးသည့် အကြောင်းရင်း ဖြစ်သည်။ သင်သည် ငါ့ကို ရိုးရှင်းသည့် ဝါကျတစ်ကြောင်းတည်းဖြင့် အမှန်တကယ် အကျဉ်းရုံးဖော်ပြနိုင်သလော။ ‘ယေရှုသည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဘုရားသခင်သည်လည်း ယေရှုမှလွဲ၍ အခြားမဟုတ်’ ဟု သင် အမှန်တကယ် ဆိုဝံ့သလော။ ‘ဘုရားသခင်သည် ဝိညာဉ်တော်မှလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဝိညာဉ်တော်သည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်’ ဟု သင်သည် ဆိုဝံ့သလောက် အမှန်တကယ် အလွန်ရဲဝံ့သလော။ ‘ဘုရားသခင်သည် လူ့ဇာတိကို ဆင်မြန်းထားသည့် လူသားတစ်ဦးသာ ဖြစ်သည်’ ဟု ဆိုရန် စိတ်သက်သောင့်သက်သာရှိသလော။ ‘ယေရှု၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ကြီးမြတ်သော ပုံသဏ္ဌာန်ဖြစ်သည်’ ဟု အခိုင်အမာဆိုရန် သတ္တိ သင်၌ အမှန်တကယ် ရှိသလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ပုံသဏ္ဌာန်ကို စေ့စပ်သေချာစွာ ရှင်းပြရန် သင်၏ စကားပြောကောင်းခြင်းကို သင် အသုံးပြုနိုင်သလော။ ‘ဘုရားသခင်သည် သူ၏ သဏ္ဌာန်နှင့်အညီ အမျိုးသမီးများ မဟုတ်ဘဲ အမျိုသားကိုသာ ဖန်ဆင်းခဲ့သည်’ ဟု သင် အမှန်တကယ် ပြောဝံ့သလော။ သင်သည် ဤသို့ပြောပါက၊ ငါရွေးချယ်သည့်အထဲတွင် အမျိုးသမီး ရှိမည်မဟုတ်ဘဲ၊ အမျိုးသမီးများသည် လူသားမျိုးနွယ်၏ အတန်းအစားတစ်ခု သာ၍ပင် ဖြစ်မည် မဟုတ်ပေ။ ယခုတွင် ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင် အမှန်တကယ် သိပြီလော။ ဘုရားသခင်သည် လူသားတစ်ဦးလော။ ဘုရားသခင်သည် ဝိညာဉ်တစ်ပါးလော။ ဘုရားသခင်သည် အမှန်တကယ် အမျိုးသား တစ်ဦးလော။ ငါ လုပ်ဆောင်ရမည့် အမှုကို ယေရှုသာ ပြီးစီးစေနိုင်သလော။ ငါ၏အနှစ်သာရကို အချုပ်ဖော်ပြရန် အထက်ပါအနက် တစ်ခုကိုသာ သင်ရွေးချယ်ပါက၊ သင်သည် အလွန့်အလွန် မသိနားမလည်သည့် သစ္စာစောင့်သည့် ယုံကြည်သူတစ်ဦး ဖြစ်ပေလိမ့်မည်။ ငါသည် တစ်ကြိမ် တစ်ခါတည်းသာ လူ့ဇာတိခံ ခန္ဓာအဖြစ် အမှုပြုခဲ့ပါက၊ သင်သည် ငါ့ကို ဘောင်ခတ်မည်လော။ ငါ့ကို အကြည့်တစ်ချက်ဖြင့် သင်သည် အမှန်တကယ် လုံးလုံးလျားလျား နားလည်နိုင်မည်လော။ သင်၏ တစ်သက်တာအတွင်း သင်နှင့် ထိတွေ့ခဲ့သည့် အရာအပေါ် အခြေခံ၍ ငါ့ကို သင် အမှန်တကယ် လုံးဝ အကျဉ်းရုံးဖော်ပြနိုင်သလော။ ငါသည် ငါ၏ လူ့ဇာတိခံခြင်းနှစ်ခုလုံးတွင် တူညီသည့် အမှုကို ပြုခဲ့ပါက၊ သင်တို့သည် ငါ့ကို မည်သို့ သဘောပေါက်မည်နည်း။ သင်တို့သည် ငါ့ကို ကားတိုင်ပေါ် အစဉ်အမြဲ သံမှိုရိုက်လျက် ထားရစ်မည်လော။ ဘုရားသခင်သည် သင် အခိုင်အမာဆိုသလောက် ရိုးရှင်းသလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း”) ဒီစကားတွေက ကြားလိုက်တာနဲ့ ကျွန်မကို တို့ထိသွားတယ်။ ဘုရားက အရာခပ်သိမ်းကို ပြည့်စေတဲ့ အရာခပ်သိမ်း တတ်စွမ်းနိုင်ပြီး နေရာတိုင်းရှိတဲ့ နာမ်ဝိညာဉ်ဖြစ်တယ်လို့ ကျွန်မ အမြဲပြောခဲ့တယ်၊ ဒီတော့ သူ့ကို ဘယ်လိုလုပ် ဘောင်ခတ်နိုင်ရတာလဲ။ ပထမအကြိမ်မှာ အမျိုးသားအနေနဲ့ သူ လူ့ဇာတိခံခဲ့တယ်၊ ဒီတော့ ဒီတစ်ခါ အမျိုးသမီးအနေနဲ့ ကြွလာဖို့က သူ့အတွက် လုံးဝ ပုံမှန်ပဲ မဟုတ်လား။ အမျိုးသားအနေနဲ့၊ ဒါမှမဟုတ် အမျိုးသမီးအနေနဲ့ သူ လူ့ဇာတိခံတဲ့အခါ၊ ဘုရားကို ကိုယ်စားပြုတယ်— သမ္မာတရားကို သူဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်နိုင်တယ်။ တကယ်တော့ အဲဒါ တကယ်ရိုးရှင်းပါတယ်၊ ဒီတော့ ကျွန်မက ဘာလို့ နက်နဲမှုကြီးအနေနဲ့ အဲဒါကို မြင်ခဲ့တာလဲ။ စဉ်းစားလေ၊ ကျွန်မ ဘယ်လောက်မှားခဲ့မှန်း တွေ့ရလေပဲ။ ဘုရားကို ကျွန်မ တကယ်မသိခဲ့တာပါ။ ဒါပေမဲ့ သူ့ကို ကျွန်မ အမြဲ ဘောင်ခတ်ပြီး ကန့်သတ်နေခဲ့မိတယ်။ အရမ်းကို မလျော်ကန်ခဲ့တာပဲ။

နောက်တော့ အစ်ကိုရှီက မိတ်သဟာယပြုပေးတယ်၊ “ဘုရားရဲ့ လူ့ဇာတိခံခြင်းလားဆိုတာ ဆုံးဖြတ်ဖို့၊ သော့ချက်က သူ့မှာ ဘုရားအနှစ်သာရရှိပြီး သမ္မာတရား ဖော်ပြနိုင်လားဆိုတာ ကြည့်ဖို့ပဲ၊ လိင် ဒါမှမဟုတ် အပြင်ပန်း သဏ္ဌာန်ပေါ် အခြေခံဖို့ မဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။’ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) ဘုရားနှုတ်ကပတ်တော်တွေက သိပ်ရှင်းတယ်။ သမ္မာတရားကို ဖော်ပြတဲ့သူ၊ လမ်းခရီးကို ပြပြီး အသက်ပေးတဲ့သူက လူ့ဇာတိနဲ့ ဘုရားဖြစ်ပါတယ်။ သခင်ယေရှုက လူ့ဇာတိနဲ့ အမှုပြုဖို့ ကြွလာခဲ့ချိန်မှာ၊ သာမန်လူနဲ့ တူခဲ့တယ်— သူက လက်သမား သားဖြစ်ခဲ့တယ်။ အဲဒီအကြောင်းရင်းအတွက်နဲ့ သူက ဘုရားဖြစ်တာကို လူအများကြီးက အသိအမှတ်မပြုခဲ့ကြဘူး။ အဲဒါဆိုရင် ဘာလို့ လူအတော်များများက သခင်ယေရှုနောက်လိုက်ခဲ့ကြလဲ။ ဘာလို့လဲဆိုတော့ သူ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ဘယ်လူသားကမှ မစွမ်းဆောင်နိုင်ခဲ့လို့ပဲ။ သမ္မာတရားကို သူဖော်ပြနိုင်ခဲ့ပြီး နောင်တလမ်းကို ပေးနိုင်ခဲ့တယ်။ သူက လူသားမျိုးနွယ်အတွက် ချစ်ခြင်းမေတ္တာ၊ ကရုဏာနဲ့ ရွေးနုတ်ခြင်း ဖြစ်ခဲ့တယ်။ ဘယ်သူကမှ အဲဒီအရာတွေကို မပိုင်ဆိုင်ခဲ့ဘူး၊ အဲဒါတွေအားလုံးကို မလုပ်နိုင်ခဲ့ဘူး။ ဒီတော့ သခင်ယေရှုက လူ့ဇာတိခံ ဘုရားဖြစ်ခဲ့တယ်။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်က ကြွလာပြီဖြစ်ပြီး အပြင်ပန်းမှာ သာမန်လူနဲ့ တူပေမဲ့၊ သမ္မာတရားအများကြီး သူဖော်ပြပြီးပြီဖြစ်သလို၊ နောက်ဆုံးသော ကာလရဲ့ တရားစီရင်ခြင်းကို လုပ်ဆောင်နေတယ်။ အောင်မြင်သူတစ်စုကို သူ သိမ်းပိုက်ပြီး စုံလင်စေနှင့်ပြီးပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ဆီ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး၊ ထာဝရအသက်လမ်းကို ဆောင်ကြဉ်းရင်းနဲ့ အဲဒီလို ကြီးမြတ်တဲ့ အမှုကို ပြုပြီး တစ်လောကလုံးကို တုန်လှုပ်သွားစေပြီဖြစ်တယ်။ ဒါတွေက ဘယ်လူသားကမှ မစွမ်းဆောင်နိုင်တဲ့ အရာတွေပဲ။ ကျွန်တော်တို့ ထည့်စဉ်းစားသမျှက လူ့ဇာတိခံခြင်းရဲ့ လိင်ဖြစ်ပေမဲ့ ဘုရားဖော်ပြတဲ့ သမ္မာတရားတွေ မဟုတ်ရင်၊ အဲဒါ အရမ်းကို မိုက်မဲတာပဲ၊ ပြီးတော့ ဖာရိရှဲတွေရဲ့ ဘုရားကို အာခံတဲ့အမှားကို လုပ်နေမိတာပဲ”တဲ့။

အယောင်ဆောင် ခရစ်တော်တွေကို သတိထားဖို့အကြောင်း အသင်းတော် အများကြီးက နှစ်နဲ့ချီ ပြောနေကြပေမဲ့၊ လူတစ်ယောက်က လူ့ဇာတိခံ ဘုရား ဟုတ်မဟုတ် ခွဲခြားဖို့နည်းလမ်းကို ဘယ်သူမှ သေသေချာချာ မရှင်းပြနိုင်ပုံကို တွေးမိတယ်။ ဒီသမ္မာတရားရဲ့ ရှုထောင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ကပဲ ရှင်းနိုင်တယ်။ ကျွန်မ လုံးဝ ယုံကြည်လက်ခံသွားတယ်။ အပြစ်ရှိသလိုလည်း တကယ်ခံစားရတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ယုံကြည်သူဖြစ်ခဲ့ပြီး ကျမ်းစာကို အများကြီး ဖတ်ခဲ့ပေမဲ့၊ သခင့်ကို ဘယ်လိုသိမှတ်ရမယ်မှန်းတောင် မသိခဲ့ဘူးလေ။ ကျွန်မက လူ့ဇာတိခံ ဘုရားဟာ အမျိုးသမီး မဖြစ်နိုင်ဘူးလို့ ယူဆနေရင်း အပြင်ပန်းကြည့်ပြီး ဝေဖန်တတ်တဲ့ လောကီ လူတစ်ယောက်လိုပဲ။ ကျွန်မက ကျေးဇူးတော်ခေတ်ထဲမှာ မွေးခဲ့ရင်၊ ဖာရိရှဲတွေလိုပဲ သခင်ယေရှုကို ရှုတ်ချခဲ့မိမှာပဲ။ အဲဒီနောက်မှာ ကျွန်မတို့ အများကြီး ထပ်မိတ်သဟာယပြုခဲ့ကြတယ်၊ ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုတွေ၊ သူ့အမှုတော်ရဲ့ အဆင့်သုံးဆင့်၊ လူကို သန့်စင်၊ ကယ်တင်ဖို့ နောက်ဆုံးသော ကာလမှာ သူ့ရဲ့ တရားစီရင်ခြင်း အမှုကို ပြုပုံနဲ့ နောက်ထပ်အကြောင်းအရာတွေ အပါအဝင်ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်၊ သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲလို့ ကျွန်မ ပိုသေချာလာတယ်။ ဘုရားထက် တခြားဘယ်သူကမှ သမ္မာတရားရဲ့ ဒီနက်နဲမှုတွေကို ထုတ်ဖော်မပြနိုင်ဘူး။ ဘယ်သူကမှ တခြားလူတွေကို သန့်စင်ပြီး မကယ်တင်နိုင်သလို၊ လူတွေရဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်ကို မဆုံးဖြတ်နိုင်ဘူး။ ကျွန်မအမြင် တကယ် ပွင့်သွားတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံပြီးတဲ့နောက် အဲဒီညီအစ်ကို မောင်နှမတွေ ပြန်မလာကြတာ အံ့ဩစရာ မဟုတ်ဘူးပဲ။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ သမ္မာတရားကို ရှာတွေ့ပြီး ဘုရားရဲ့အသံကို ကြားခဲ့ကြတာပဲ။ သခင့်ပြန်ကြွလာခြင်းကို သူတို့ ကြိုဆိုခဲ့ကြပြီးပြီ။ ဘုရားရဲ့ ခြေလှမ်းကို ရှာတွေ့ပြီး သိုးသငယ်ရဲ့ မင်္ဂလာစားပွဲတော်ကို တက်ပြီးတဲ့နောက်မှာ ဘယ်သူက ထွက်သွားချင်တော့မှာပဲ။ အဲဒါ မိုက်မဲရာကျမှာပဲ။ အဲဒီနှစ် တွေသာ ကုန်သွားတယ်။ ကျွန်မ စောစောစီးစီး လေ့လာခဲ့ပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ပြောစရာရှိတာကို နားထောင်ခဲ့ရင်၊ နာကျင်မှုကနေ စောစော လွတ်မြောက်ပြီး ရှင်သန်တဲ့ အသက်ရေကို မွေ့လျော်နိုင်ခဲ့မှာ။ ကျွန်မအရမ်း ကျိုးကြောင်းမမြင်၊ မိုက်မဲ့ခဲ့တာပဲ၊ ဆရာတော်တွေရဲ့ အဓိပ္ပာယ်မရှိတာတွေကိုပဲ မဆင်မခြင် နားထောင်နေခဲ့မိတာ။ တကယ်ကို မာနထောင်လွှားခဲ့တာ၊ ကျမ်းစာကို ခေါင်းမာမာ ဖက်တွယ်ခဲ့မိတာပဲ။ ပြီးတော့ ကျွန်မရဲ့ မှားယွင်းတဲ့ အယူအဆတွေနဲ့ ညီအစ်ကို မောင်နှမတွေကို အယူသွင်းခဲ့တယ်၊ ဘုရားရဲ့ အမှုသစ်ကို ကျွန်မနဲ့အတူ ငြင်းပယ်၊ ရှုတ်ချစေရင်းနဲ့ပေါ့။ သခင့်ရဲ့ ပြန်ကြွလာခြင်းကို မကြိုဆိုအောင် တခြားလူတွေကို တားခဲ့မိတယ်။ အဲဒါက ဖာရိရှဲတွေကို ပြစ်တင်မောင်းမဲဖို့ သခင်ယေရှု ပြောခဲ့တဲ့ အရာတစ်ခုကို သတိရစေတယ်။ “အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၃) ကျွန်မက ဖာရိရှဲတွေလို တစ်ထေရာတည်း ပြုမူနေခဲ့မိတာပဲ၊ ကောင်းကင်နိုင်ငံတံခါးကို ပိတ်နေခဲ့တာ၊ သွားလည်းမသွား၊ တခြားလူတွေကိုလည်း ဝင်ခွင့်ပေးမနေခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေကို တကယ် ထိခိုက်စေခဲ့တယ်— မကောင်းမှုကြီးတစ်ခုပဲ။

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်လုပ်ခဲ့မိတဲ့ ဆိုးရွားတဲ့ အရာအားလုံးကို စဉ်းစားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တကယ် မုန်းမိတယ်။ ပြီးတော့ မီးဖိုချောင်ထဲ သုတ်ခြေတင်ပြီး ငိုချလိုက်မိတယ်။ အဲဒီနောက် နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော ‘ရတနာများ’ ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော ‘နှိမ်နင်း၍မရသည့် သူရဲကောင်းများ’ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ ‘အလေးထားအပ်ပြီး မချိုးဖောက်အပ်သော’ တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ ‘ဘုရင်များ’ ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားနဲ့၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက်နိုင်ကြပါတကား။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်”) ဘုရားရဲ့ ပြင်းထန်တဲ့ စကားတွေက ကျွန်မနှလုံးကို ဓားတစ်စင်းလို တန်းထိသွားတယ်။ စကားလုံးတိုင်းက ကျွန်မအပေါ် တရားစီရင်ခြင်းတစ်ခုလို ခံစားရတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး၊ အသင်းတော်ထဲမှာ ဘယ်သူရဲ့ ယုံကြည်ခြင်းကမှ ကျွန်မထက်မသာဘူး၊ ကျွန်မက ဘုရားတရား အကိုင်းရှိုင်းဆုံး ယုံကြည်သူလို့ ထင်ခဲ့တာ။ အသင်းတော်ထဲမှာ ဘုရင့်ဩဇာအာဏာ ရှိသလိုမျိုး ကိုယ်လုပ်ခဲ့တဲ့ စွန့်လွှတ်စတေးမှုတွေကို ကိုယ်ရေးကိုယ်တာ အရင်းအနှီးလို သဘောထားခဲ့တယ်။ သေးသေး ကြီးကြီး အရာရာကို ကျွန်မ အဆုံးအဖြတ်ပေးခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက သခင့်ကို ယုံကြည်ပြီး ကျမ်းစာဖတ်ကြပေမဲ့၊ ကျွန်မက သူတို့ နားထောင်ရတဲ့သူ ဖြစ်ခဲ့တယ်။ သခင့်ကို ကြိုဆိုခြင်းအကြောင်း ကိုယ့်အယူအဆတွေကို ထိန်းသိမ်းတာနဲ့ပတ်သက်လို့ တကယ်တင်းကျပ်ခဲ့ပြီး၊ အဲဒါကိုလေ့လာရာကနေ ညီအစ်ကို မောင်နှမတွေကို ထိန်းသိမ်းဖို့ သူတို့ကို ကျွန်မ ခြိမ်းခြောက်ခဲ့တယ်။ အသင်းတော်ကို လုံးဝ ပိတ်လိုက်တယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနဲ့ ပတ်သက်သူတိုင်းကို လက်ခံဖို့ အသင်းသားတွေက အရမ်းကြောက်ခဲ့ကြသလို၊ သူတို့ပြောတာကို နားမထောင်ရဲခဲ့ကြဘူး။ တချို့က သူတို့ပြောတာကို တကယ်ကြိုက်ပေမဲ့ စကားဆုံးအောင် ပြောခွင့်မပေးရဲကြဘူး။ သူတို့ကို ကျွန်မနှင်ထုတ်မှာ ကြောက်ခဲ့ကြတာ။ ကျွန်မက လူတွေကို သခင့်ကို ကြိုဆိုခြင်းကနေ တားဆီးတဲ့ ဆိုးယုတ်တဲ့ အစေခံမှန်း တွေ့ခဲ့ရတယ်။ ခေတ်သစ် ဖာရိရှဲတစ်ယောက် ဖြစ်ခဲ့တာပါ။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိခဲ့ပြီး ဘုရားက ကျွန်မကို မမာမကျန်းဖြစ်လာခွင့်ပေးရင်းနဲ့ ဆုံးမပဲ့ပြင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ နောက်မလှည့်သေးဘူး၊ ကိုယ့်အယူအဆတွေကိုပဲ သမ္မာတရား ဖြစ်သလိုမျိုး ဆက်ထိန်းသိမ်းနေမိခဲ့တာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လေ့လာစစ်ဆေးဖို့ အားထုတ်မှု လုပ်မဲ့အစားပေါ့။ ကျွန်မ မာနထောင်လွှားလိုက်လေခြင်းပါပဲ။ အသင်းတော်ထဲလူတိုင်းကို ကျွန်မကို နားထောင်စေတယ်၊ ကိုယ့်စိတ်ကူးတွေကို သမ္မာတရားကို သဘောထားစေခဲ့တယ်။ ဘုရားနေရာမှာ ရပ်ဖို့ ကျွန်မ ကြိုးစားနေခဲ့တာပဲ။ အဲဒါက အန္တိခရစ်လို၊ ကောင်းကင်တမန်မင်းလိုပဲ မဟုတ်လား။ ယုံကြည်သူဖြစ်ခဲ့တဲ့ နှစ်ကာလတွေ အားလုံးနောက်မှာ၊ ဘုရားကို ကျွန်မ မသိသေးသလို၊ သူ့ကို တိုက်ခိုက်နေမိတုန်းပဲ။ ဒါပေမဲ့ ကျွန်မကို တိုက်ရိုက် အပြစ်ပေးမဲ့အစား၊ ကျွန်မရဲ့ ဆိုးယုတ်တဲ့ လမ်းကြောင်းကို ကျန်းမာရေး ပြဿနာနဲ့ သူ ရပ်တန့်ခဲ့ပြီး၊ အဲဒီနောက် အဲဒီညီအစ်ကို နှစ်ယောက်ကို ကျွန်မနဲ့ ဧဝံဂေလိလာဝေမျှစေခဲ့တယ်။ ဘုရားရဲ့ ကရုဏာ၊ ကယ်တင်ခြင်းနဲ့ ကျွန်မ တကယ် မထိုက်တန်ခဲ့ဘူး။ ကျွန်မ ကျေးဇူးတင်စိတ်နဲ့ ပြည့်သွားပြီး၊ အဲဒါကို သဘောပေါက်တဲ့အချိန်မှာ ဘုရားကို အရမ်းအကြွေးတင်သလို ခံစားခဲ့ရတယ်။ ငိုကြွေးရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဘုရားရှေ့ ပျပ်ဝပ် ဆုတောင်းခဲ့တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မရဲ့ လုပ်ရပ်တွေက ကိုယ်တော့်ရဲ့ ရှုတ်ချခြင်း၊ ကျိန်ဆဲခြင်းနဲ့ တကယ်ထိုက်တန်ခဲ့ပါတယ်။ ဒီလောကမှာ ကျွန်မ အသက်မရှင်ထိုက်ပါဘူး။ ကိုယ်တော် ကျွန်မကို ကယ်တင်ခဲ့ပြီး ကိုယ်တော့်အသံကို ကြားခြင်းနဲ့ ကျေးဇူးပြုခဲ့တယ်။ ဘုရားသခင်၊ မကောင်းမှု အများကြီး ကျွန်မ လုပ်ခဲ့မိပြီး ကိုယ်တော့် ကရုဏာကို တောင်းလျှောက်ဖို့ ကျွန်မ မထိုက်တန်ပါဘူး။ ကျွန်မရဲ့အပြစ်တွေအတွက် အပြစ်ဖြေဖို့၊ ပြစ်မှားမှုတွေအတွက် ဖာထေးဖို့ အခွင့်အရေး ပေးဖို့ပဲ ကျွန်မ တောင်းလျှောက်ပါတယ်။ ကိုယ်တော်ရဲ့ ပျောက်ဆုံးတဲ့ သိုးတွေ ကိုယ်တော့် အိမ်တော်ဆီ သူတို့လမ်းကို ပြန်ရှာတွေ့ပြီး ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို ရရှိအောင် ဧဝံဂေလိ ဝေမျှဖို့ ဘယ်အဖိုးအခကိုမဆို ကျွန်မ ပေးဖို့ လိုလားလျက်ရှိပါတယ်။”

အချိန်အတော်ကြာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဆာငတ်တဲ့သူလို အငမ်းမရဖတ်ပြီး၊ အရင်က လုံးဝ မသိခဲ့တဲ့ သမ္မာတရား အများကြီးကို သင်ယူခဲ့ရတယ်။ လူ့ဇာတိခံခြင်းက ဘာဖြစ်တယ်၊ ဘုရားကို ယုံကြည်ခြင်းက ဘာဖြစ်တယ်၊ ဘုရားကို အစေခံခြင်းက တကယ် ဘာဖြစ်တယ်ဆိုတာတွေလိုမျိုးပေါ့။ ဒါ့အပြင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၊ ဘုရားကို ဘယ်လို တကယ်ချစ်ပြီး ကျေနပ်စေရမယ်ဆိုတာနဲ့ နောက်ထပ် အကြောင်းအရာတွေကိုလည်း သင်ယူခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းခြင်းနဲ့ အာဟာရအားလုံးကနေ အများကြီး ရလိုက်သလို ကျွန်မ ခံစားခဲ့ရတယ်။ သိုးသငယ်ရဲ့ မင်္ဂလာစားပွဲတော်ကို ကျွန်မ တကယ် တက်ရောက်နေခဲ့တာပဲ။ ဒါဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်၊ သူကိုယ်တိုင်ကိုယ်ကျ ပြနေတဲ့ လမ်းပဲလို့ ကျွန်မ သေချာလာခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ကျန်းမာရေး ပြဿနာက အစအနမရှိဘဲ ဒီအတိုင်း ပျောက်သွားတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ အလုပ်လုပ်ရာကတစ်ဆင့်၊ အဓိက လုပ်ဖော်ကိုင်ဖက် ကိုးယောက်နဲ့ အဖွဲ့ခေါင်းဆောင် အယောက် ၃၀ ကျော်ကို‌ ဘုရားရှေ့ ကျွန်မ လာစေခဲ့တယ်။ အဲဒီနောက် ပိုများတဲ့ စစ်မှန်တဲ့ ယုံကြည်သူတွေက ဘုရားရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ရနိုင်အောင် ဧဝံဂေလိကို စဖြန့်ပြီး ကိုယ့်တာဝန်ကို စလုပ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း နှစ်)

န်မတို့ဟာ ဘုရားသခင်ရဲ့အလိုတော်ကို လုပ်ဆောင်တဲ့လူတွေ ဖြစ်လာချင်တယ်ဆိုရင် နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအလုပ်ကို ကျွန်မတို့ အရင်ဆုံး လက်ခံရမယ်ဆိုတာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တကယ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပါတယ်။

အပြစ်မှ သန့်စင်ခံရဖို့လမ်းကို ကျွန်မ တွေ့ခဲ့ပြီ

“စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။