မိုးကောင်းကင်သို့ စူးစိုက်ကြည့်နေခြင်းအားဖြင့် သခင့်ကို သင် အမှန်တကယ် ကြိုဆိုနိုင်ပါသလား

21.12.2020

ယုံကြည်သူတွေ တော်တော်များများက ကပ်ဘေးတွေမတိုင်ခင်မှာ သခင်ယေရှု မိုးတိမ်နဲ့အတူကြွလာပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဆီကို ခေါ်ဆောင်ခံရဖို့ စောင့်နေကြတယ်။ ဒါပေမဲ့ ကပ်ဘေးတွေ ထွက်ပေါ်လာတာကို မြင်နေရတဲ့ ဒီတစ်ချိန်လုံးမှာ သခင်ယေရှုက မိုးတိမ်နဲ့အတူ ကြွမလာသေးဘူး။ လူတော်တော်များများရဲ့ ယုံကြည်ခြင်းက ယိမ်းယိုင်လာကြတယ်။ တချို့ကပြောကြတယ်။ သခင် ဘယ်အချိန်ကြွလာမယ်ဆိုတာ သူ့ကိစ္စပဲ။ ငါတို့က စောင့်ဖို့ပဲလိုတယ် တဲ့။ တခြားလူတွေကကျတော့ ကပ်ဘေးတွေမတိုင်ခင်မှာ သူမလာဘူးဆိုရင် ကပ်ဘေးကာလအတွင်း၊ ဒါမှမဟုတ် ပြီးတဲ့နောက်မှာ သူလာမယ်ထင်တယ် လို့ ပြောတယ်။ ဒီ ဖော်ပြချက်တွေက ဘာကိုပြတာလဲ။ သူတို့ရဲ့ ယုံကြည်ခြင်းက အောက်ဆုံးရောက်နေပြီဆိုတာ မပြဘူးလား။ သူတို့က ယုံကြည်ခြင်း ဆုံးရှုံးသွားကြပြီ။ သူတို့က မရှာဖွေ၊ မစူးစမ်းကြဘဲနဲ့ ကပ်ဘေးတွေ ကျလာဖို့ကိုပဲ စောင့်နေကြတာ။ တခြားဘာလုပ်ရမလဲဆိုတာ သူတို့ မသိကြဘူး။ သူတို့က ကောင်းကင်ပေါ်ကို နှစ်တွေကြာတဲ့အထိ စူးစိုက်ကြည့်နေကြပေမဲ့ သခင့်ကို မကြိုဆိုကြသေးဘူး။ ဒါက တကယ် မှန်တဲ့ နည်းလမ်းဟုတ်ရဲ့လား။ သခင့်ကို ကြိုဆိုရာမှာ အရေးပါဆုံးအရာက ဘာလဲ။ သခင်ယေရှုက ဒီလိုပြောခဲ့တာကို ကျွန်တော် သတိရတယ်- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ပြီးတော့ ဗျာဒိတ်ကျမ်းထဲက နေရာတော်တော်များများမှာလည်း ပရောဖက်ပြုခဲ့တယ်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) ဒီကျမ်းပိုဒ်တွေမှာ သခင်ကြွလာခြင်းကို ကြိုဆိုဖို့ အဓိကသော့ချက်က ဝိညာဉ်တော်က အသင်းတော်တွေကို ပြောတဲ့အရာကို ရှာဖွေပြီး ဘုရားအသံတော်ကို နားထောင်ဖို့ပဲဆိုတာကို ပြပါတယ်။ ဘုရားအသံတော်ကို ကြားတဲ့သူတွေက သခင့်ကို ကြိုဆိုကြတယ်။ သူတို့တွေဟာ ပညာရှိသတို့သမီးတွေပဲ။ ဒီ သမ္မာတရားကို အရင်က ကျွန်တော် နားမလည်ခဲ့ဘူး။ ကျွန်တော့်ရဲ့ အယူအဆတွေ၊ စိတ်ကူးတွေအတိုင်းလုပ်ခဲ့ပြီး ကောင်းကင်ကိုပဲ စူးစိုက်ကြည့်နေခဲ့တ။ သခင်ယေရှုက ပြန်လာခဲ့ပြီဖြစ်ပြီးတော့ သမ္မာတရားတွေ အများကြီး ဖော်ပြပြီးပြီဆိုတာကို တစ်ယောက်ယောက်က သက်သေခံတာ ကျွန်တော် ကြားတဲ့အခါမှာ ကျွန်တော် မစူးစမ်း၊ မရှာဖွေခဲ့ဘူး။ သခင့်ကို ကြိုဆိုပြီး ချီဆောင်ခံရဖို့ အခွင့်အရေးကို လွဲချော်လုနီးနီးဖြစ်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ အရင်အသင်းတော်မှာ သင်းအုပ်ဆရာက တမန်တော်ဝတ္ထု ၁:၁၁ အကြောင်းကို အမြဲတမ်းပြောတယ်။ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” တဲ့။ သခင်က သူပြန်ကြွလာတဲ့အခါမှာ မိုးတိမ်နဲ့အတူ ကြွလာမယ်။ ဒါကြောင့် ကျွန်တော်တို့ သတိရှိပြီး သခင့်ကို ဆုတောင်းဖို့လိုတယ်ဆိုပြီး သူက ပြောတယ်။ ကျွန်တော်က နေ့စဉ် သမ္မာကျမ်းစာကို သေချာဖတ်ပြီး ဆုတောင်းတယ်။ သခင်က ဒီ တစ်ရက်ရက်မှာ မိုးတိမ်နဲ့အတူ ကြွလာပြီးတော့ သူ့နိုင်ငံတော်ကို ကျွန်တော့်ကို ခေါ်ဆောင်မယ်လို့ မျှော်လင့်နေတာပေါ့။

တစ်ရက်ကျတော့ သူငယ်ချင်းတစ်ယောက်အိမ်ကို ကျွန်တော် သွားတဲ့အခါမှာ သူက တရုတ်ဆေးပညာ အကြောအဆစ်ကုသမှု ခံယူနေတဲ့အချိန်ဖြစ်နေတယ်။ ကျွန်တော်တို့ စကားပြောကြတော့ အကြောအဆစ်ဆရာဝန် မစ္စတာကျန်းက ခရစ်ယာန်ဖြစ်နေတာကို သိလိုက်ရတယ်။ ဒါနဲ့ ကျွန်တော်တို့ပြောတာ သမ္မာကျမ်းစာအကြောင်း ရောက်သွားတယ်။ အစ်ကိုကျန်းက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်နဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုကို ပြောပြပြီး ကျမ်းစာအပိုဒ်တစ်ပိုဒ်ကို ကိုးကားပြတယ်။ “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃) ပြီးတော့ သူက ပြောတယ်။ “သခင်ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီ။ သူက လူ့ဇာတိနဲ့ ကြွလာခဲ့ပြီး နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့ သမ္မာတရားတွေကို ဖော်ပြပါတယ်” တဲ့။ သခင် ပြန်ကြွလာခဲ့ပြီဆိုတာကို ကျွန်တော်ကြားတော့ ကျွန်တော် စိတ်လှုပ်ရှား အံ့သြသွားပြီး “သခင်ယေရှုပြန်ကြွလာတာ ဘယ်လောက် ကောင်းလိုက်သလဲ။ ငါ နှစ်တွေကြာတဲ့အထိ တစ်ရက်ပြီးတစ်ရက် ဒါကို စောင့်မျှော်နေခဲ့တာ။ နောက်ဆုံးတော့ ကိုယ်တော် ကြွလာပြီ။” ဆိုပြီး တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော် ပျော်နေတုန်းမှာပဲ အစ်ကိုကျန်းက “လူ့ဇာတိနဲ့” လို့ပြောတာကို ရုတ်တရက် သတိထားမိလိုက်တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့် နှလုံးက တဒုံးဒုံးခုန်လာတယ်။ ဘာကြောင့်လဲဆိုတော့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေက အမြဲပြောတယ်လေ။ သခင်က မိုးတိမ်နဲ့အတူ ကြွလာမှာ။ လူ့ဇာတိခံပြီး ကြွလာမယ်ဆိုတဲ့ ဘယ်သတင်းမဆို မှားတယ်။ ကျွန်တော်တို့ ယုံလို့မရဘူး တဲ့။ ကျွန်တော် အစ်ကိုကျန်းကို သတိထားလိုက်တယ်။ ကျွန်တော် ယုံကြည်သူဖြစ်လာတာ နှစ်အတော်ကြာပြီးတော့ ကျမ်းစာကို အများကြီးဖတ်ခဲ့တယ်။ ဒါပေမဲ့ သခင်က လူ့ဇာတိနဲ့ ပြန်ကြွမယ်ဆိုတဲ့အကြောင်း တစ်ခုမှ မတွေ့ဖူးဘူးဆိုတာ စဉ်းစားမိတယ်။ ဒါနဲ့ ကျွန်တော်က ပြောလိုက်တယ်။ “သခင်က လူ့ဇာတိနဲ့ ပြန်ကြွလာပြီဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တမန်တော်ဝတ္ထု ၁:၁၁ မှာပြောတယ်။ ‘အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။’ တဲ့။ ပြီးတော့ ဗျာဒိတ်ကျမ် ၁:၇ မှာ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။’ ဆိုပြီး ပြောထားတယ်။ သခင်က မိုးတိမ်နဲ့အတူ ထွက်ခွာသွားတယ်။ ဒါကြောင့် သူကြွလာတဲ့အခါမှာလည်း မိုးတိမ်နဲ့အတူကြွလာမယ်ဆိုတာ ဒီကျမ်းပိုဒ်တွေကနေ ကျွန်တော်တို့ သိနိုင်ပါတယ်။ သခင်က လူ့ဇာတိခံယူပြီး ပြန်ကြွလာခဲ့ပြီလို့ ခင်ဗျားပြောတာက ကျမ်းစာ ပရောဖက်ပြုချက်တွေနဲ့ ဆန့်ကျင်နေတယ်” ဆိုပြီး ပြောလိုက်တယ်။

အဲဒီမှာ သူက ပြုံးလိုက်ပြီး ကျွန်တော့်ကိုပြောတယ်။ “အစ်ကို၊ ကျမ်းစာက သခင် မိုးတိမ်နဲ့အတူ ကြွလာတာကို ဖော်ပြတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သခင်ကြွလာပုံနဲ့ပတ်သက်ပြီး ပရောဖက်ပြုချက်တစ်မျိုးထဲပဲ ရှိတာမဟုတ်ပါဘူး။ နောက်ဆုံးသောကာလမှာ လူသားအဖြစ်နဲ့ လူ့ဇာတိခံယူပြီး တိတ်တဆိတ်ကြွလာမယ့်အကြောင်း ပရောဖက်ပြုချက်တွေလည်း အများကြီး ရှိပါတယ်။” တဲ့။ တခြားကျမ်းပိုဒ်တွေကို သူက ပြောပြတယ်။ “သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။(ဗျာဒိတ်ကျမ်း ၃:၃)ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။(ရှင်မာကုခရစ်ဝင် ၁၃:၃၂)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) နောက်ပြီးတော့ “ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ပြီးတော့ သူက ဒီကျမ်းပိုဒ်တွေနဲ့ပတ်သက်ပြီး မိတ်သဟာယပြုတယ်။ “သူခိုးကဲ့သို့”၊ “အဘယ်သူမျှမသိ” လို့ ပြောထားတဲ့ ပရောဖက်ပြုချက်တွေက ဘယ်သူမှ မသိဘဲနဲ့၊ သူ့ကို တွေ့ရင်တောင် ဘယ်သူကမှ မမှတ်မိဘဲ သခင်က တိတ်တဆိတ်ကြွလာမယ်လို့ ဆိုလိုတယ်လို့ သူက ပြောတယ်။ ပရောဖက်ပြုချက်တွေမှာ “လူသား” နဲ့ လူသား ကြွလာခြင်းကိုလည်း ဖော်ပြထားတယ်။ “လူသား” လို့ဆိုထားတဲ့ ဘယ်ညွှန်းဆိုချက်မဆို သူဟာ လူကနေ မွေးဖွားတယ်၊ သူဟာ အသွေးအသားနဲ့ဖြစ်ပြီး သာမန်လူ့သဘာဝကို ပိုင်ဆိုင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ သခင်ယေရှုကို ခရစ်တော်၊ လူသားဆိုပြီး ခေါ်တယ်။ အပြင်ပန်းမှာ သူဟာ အားလုံးနဲ့ အတူတူပဲ။ တခြားလူတွေနဲ့အတူ သာမန်လူတစ်ယောက်လိုပဲ စားတယ်။ ဝတ်တယ်။ အသက်ရှင်တယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဒါမှမဟုတ် ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုရဲ့ ဝိညာဉ်ခန္ဓာဖြစ်ခဲ့ရင် သူ့ကို “လူသား” လို့ ခေါ်မှာမဟုတ်ဘူး။ ဒါကြောင့် လူသားပြန်ကြွလာခြင်းကို ပြောတာဟာ သခင်ယေရှု လူ့ဇာတိနဲ့ ပြန်ကြွလာတာကို ဆိုလိုတာပါ။ “သခင်က မိုးတိမ်နဲ့အတူ ကြွလာတာက ကမ္ဘာကို လှုပ်ခတ်သွားစေမယ့် အံ့သြဖွယ်ပြသမှုတစ်ခု ဖြစ်မှာ သေချာပါတယ်။ လူတိုင်းက မြေပေါ် ပျပ်ဝတ်ပြီး ဘယ်သူကမှ သူ့ကို ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ သခင်ရဲ့ ဒီ ပရောဖက်ပြုချက်ကို စဉ်းစားကြည့်ပါ။ ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ အဲဒါက ဘယ်လို ပြည့်စုံမှာလဲ” တဲ့ သူက ပြောသေးတယ်။ “ဘုရားသခင်က လူသားအဖြစ် လူ့ဇာတိနဲ့ ပေါ်ထွန်းပြီး အလုပ်လုပ်ရင် ဒီမျိုးဆက်ရဲ့ ငြင်းပယ်တာကိုခံရပြီး ဒုက္ခခံရဖို့ပဲရှိတာပါ။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုတော်ဆောင်တုန်းကလိုပေါ့။ ဘုရားသခင်ရဲ့ အသံကို မကြားနိုင်တဲ့သူ၊ သခင်ယေရှုရဲ့ ဘုရားအနှစ်သာရကို သတိမပြုမိတဲ့သူတွေက သူတို့ရဲ့ အယူအဆတွေကို ဖက်တွယ်ထားပြီး ကိုယ်တော့်ကို ဆန့်ကျင် ရှုတ်ချခဲ့ကြတယ်။ နောက်ဆုံးမှာ ကိုယ်တော့်ကို ကားစင်တင်ခဲ့ကြတယ်။ ဒီတော့ ဒီ ပရောဖက်ပြုချက်တွေမှာ လူသား ကြွလာခြင်း၊ သူခိုးကဲ့သို့၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည် လို့ ပြောတဲ့အခါမှာ ဒါတွေအားလုံးက သခင်က လူသားအဖြစ် တိတ်တဆိတ်နဲ့ လူ့ဇာတိနဲ့ ပြန်ကြွလာတာကို ရည်ညွှန်းတာပါ။” တဲ့။ ဒီမိတ်သဟာယက ကျွန်တော့်အတွက် တကယ်ကို အံ့သြစရာဖြစ်ခဲ့တယ်။ သခင်က လူသားအဖြစ်နဲ့ အမှုတော်ဆောင်ဖို့ ပြန်ကြွလာခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်တွေအများကြီးရှိတယ်လို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျွန်တော် စဉ်းစားမိတယ်။ “ငါ ကျမ်းစာကို ခဏခဏဖတ်ပြီးတာတောင် ဒါကို ဘယ်လိုဖြစ်ပြီး တစ်ခါမှ မမြင်ဖူးတာလဲ။ သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေက ကျမ်းစာအကြောင်းပြောတဲ့အချိန်တွေမှာ ဒါတွေကို ဘာလို့ တစ်ခါမှ မပြောခဲ့တာလဲ” ပေါ့။ သူတို့က ဒီအကြောင်း တစ်ခါမှ မပြောဘူး။ အစ်ကိုကျန်း ဟောခဲ့တဲ့အကြောင်းအရာက အဆင့်မြင့်ပြီးတော့ ကျမ်းစာနဲ့ပတ်သက်ပြီး ငြင်းလို့မရတဲ့ ထူးခြားတဲ့ နားလည်မှုတစ်ခုရှိတယ်ဆိုတာ ကျွန်တော် ဝန်ခံခဲ့ရတယ်။ ဒါပေမဲ့ ကျမ်းစာက သခင် မိုးတိမ်နဲ့အတူကြွလာတာကို တကယ်ပြောထားပြီး သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေက တခြားဟာတွေက အကုန်မှားတယ်လို့ အမြဲတမ်းပြောတာကို စဉ်းစားမိတယ်။ သူတို့က ကျမ်းစာကို ကောင်းကောင်းသိထားတော့ နားလည်မှုလွဲတာ မဖြစ်နိုင်ဘူးလို့ တွေးမိတယ်။ ဒါပေမဲ့ အစ်ကိုကျန်းရဲ့ မိတ်သဟာယကလည်း ကျမ်းစာနဲ့ ကိုက်ညီနေတယ်။ ကျွန်တော် ဘာကိုစဉ်းစားရမှန်း တကယ်ကို မသိခဲ့ပါဘူး။ နားကိုမလည်နိုင်ခဲ့တာပါ။ ပြီးတော့ အဲဒါကို စဉ်းစားကြည့်လေလေ စိတ်မသက်မသာဖြစ်လေလေပဲ။ သူ့မိတ်သဟာယကို တကယ်နားထောင်နေတာကို ရပ်လိုက်ပြီး အကြောင်းတစ်ခုပြပြီး ထွက်လာခဲ့တယ်။

ကျွန်တော် အိမ်ပြန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့် စိတ်ခံစားချက်က မရှင်းသေးဘူး။ အစ်ကိုကျန်းရဲ့ မိတ်သဟာယက ကျွန်တော့်ခေါင်းထဲမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေတယ်။ ကျွန်တော် စိတ်ပူမိတယ်။ “သခင်က တကယ်ကို ပြန်ကြွလာပြီး ငါက မစူးစမ်းကြည့်ဘူးဆိုရင် သူ့ကို ကြိုဆိုဖို့ အခွင့်အရေးကို ငါ လွဲချော်သွားမှာမဟုတ်ဘူးလား။” ပေါ့။ ဒါပေမဲ့ ကျမ်းစာမှာ ကိုယ်တော်က မိုးတိမ်နဲ့အတူ ကြွလာမယ်လို့ ဖော်ပြထားပြီး ဘုန်းကြီးတွေကလည်း အဲဒီလိုပြောထားတာကို စဉ်းစားမိပြန်တယ်။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းမှာ လမ်းလွဲသွားမှာကို စိုးရိမ်မိတယ်။ ဒါ ပေါ့သေးသေးကိစ္စမဟုတ်ဘူးဆိုတာ ကျွန်တော် သိခဲ့တယ်။ အဲဒီနောက်မှာ အစ်ကိုကျန်းက ကျွန်တော့်ကို သူ့အသင်းတော်ဆီလာဖို့ သုံးလေးခါလောက် ဖိတ်တယ်။ ကျွန်တော်က ဒွိဟဖြစ်နေပြီး မဆုံးဖြတ်နိုင်ခဲ့ဘူး။ အိမ်မှာ ကိစ္စတစ်ခုပေါ်လာလို့ဆိုပြီး အကြောင်းပြချက်ပေးလိုက်ပြီး ပြီးသွားခဲ့တယ်။ ဒါပေမဲ့ ဒါဟာ သခင့်အလိုတော်နဲ့မညီဘူးလို့ ခံစားရပြီး စိတ်က မငြိမ်းချမ်းနိုင်ခဲ့ဘူး။ ကျွန်တော် သခင့်ကို ဆုတောင်းပြီး ကျွန်တော့်ကို ပိုင်းခြားသိမြင်နိုင်မှု ပေးဖို့၊ လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်သုံးလေးရက်ကြာတော့ အစ်ကိုကျန်းက ကျွန်တော့်ကိုတွေ့ဖို့ ကျွန်တော့်အိမ်ကိုရောက်လာတော့ အံ့သြခဲ့ရတယ်။ အစ်ကိုကျန်းကို ခဏခဏ ငြင်းခဲ့တဲ့အပေါ် ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိခဲ့တယ်။ အဲဒါနဲ့ ကျွန်တော့်ပြဿနာကို သူ့ကို ပြောပြလိုက်တယ်။ “အစ်ကိုကျန်း သခင်က လူသားအဖြစ်နဲ့ တိတ်တဆိတ် လူ့ဇာတိနဲ့ ပြန်ကြွလာမယ့်အကြောင်းအစ်ကိုပြောခဲ့တာက ကျမ်းစာနဲ့ ကိုက်ညီပုံပါပဲ။ ဒါပေမဲ့ ကျွန်တော် နားမလည်တာ တစ်ခုရှိတယ်။ သခင်က မိုးတိမ်နှင့်တကွ ကြွလာလိမ့်မယ်လို့ ကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဗျာဒိတ်ကျမ်းမှာ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) ဆိုပြီး ဖော်ပြထားတယ်။ သခင်က အစ်ကိုပြောသလို လူ့ဇာတိနဲ့ ပြန်လာခဲ့ပြီဆိုရင် ကိုယ်တော်က မိုးတိမ်နှင့်တကွကြွလာပြီး လူတိုင်းက မြင်ကြမယ်လို့ပြောထားတဲ့ ဒီပရောဖက်ပြုချက်က ဘယ်လို ပြည့်စုံမှာလဲ။ ဒါက ကွဲလွဲမနေဘူးလား။” ဆိုပြီး ပြောလိုက်တယ်။

အစ်ကိုကျန်းက ပြုံးပြီး ပြန်ပြောတယ်။ “သခင်ပြန်ကြွလာခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေအားလုံးက ပြည့်စုံမှာပါ။ ကွဲလွဲတာမရှိပါဘူး။ ဖြစ်ရပ်တွေက အစီအစဉ်လိုက်ရှိနေတာပါ။ ဘုရားသခင်က အရင်ဆုံး လူသားအဖြစ် တိတ်တဆိတ် လူ့ဇာတိခံယူတယ်။ ပြီးတော့ နောက်ပိုင်းမှာ တိမ်ပေါ်မှာ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းတယ်။ ဘုရားသခင်က လူ့ဇာတိနဲ့ တိတ်တဆိတ်လုပ်ဆောင်နေတုန်းမှာ သူဟာ ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ သမ္မာတရားတွေကို ဖော်ပြတယ်။ ဘုရားရဲ့ အသံတော်ကို ကြားပြီး နောက်ဆုံးသောကာလ ဘုရားရဲ့အမှုတော်ကို လက်ခံသူတွေဟာ ဘုရားရဲ့ ပလ္လင်တော်ရှေ့မှာ ချီဆောင်ခံရတဲ့ ပညာရှိသတို့သမီးတွေဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တရားစီရင်ခြင်းကို သူတို့လက်ခံပြီး ဘုရားသခင်က သူတို့ကို ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်သောသူတွေအဖြစ် ပြုလုပ်ပါတယ်။ အဲဒီနောက်မှာ ကောင်းတဲ့လူတွေကို ဆုချီးမြှင့်ပြီး ဆိုးယုတ်တဲ့သူတွေကို အပြစ်ဒဏ်ခတ်ရင်းနဲ့ ကပ်ဘေးတွေကို ကျရောက်စေတယ်။ ကပ်ဘေးတွေ ပြီးသွားတာနဲ့ ဘုရားသခင်က မိုးတိမ်ပေါ်မှာ ပွင့်ပွင့်လင်းလင်းပေါ်လာမှာဖြစ်ပြီး အဲဒီနောက်မှာ နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင် ရှုတ်ချတဲ့သူတွေအားလုံးက သူတို့ ရှုတ်ချခဲ့တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ တခြားမဟုတ်ဘဲ ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာကို မြင်ကြရမယ်။ သူတို့ဟာ သူတို့ရင်ဘတ်ကို ထုရိုက်ကြပြီး ငိုကြွေးကြမယ်။ အံသွားခဲကြိတ်ကြလိမ့်မယ်။” “ဒါက ဗျာဒိတ်ကျမ်းထဲက ဒီ ပရောဖက်ပြုချက်ကို ပြည့်စုံစေလိမ့်မယ်။ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) ဆိုပြီး ပြောပြတယ်။” အဲဒီနောက်မှာ သူက ကျွန်တော့်ကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ ဖတ်ပြတယ်။ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။...ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ အစ်ကိုကျန်းက ပြောတယ်။ “သခင်ကြွလာခြင်းကို စောင့်တဲ့အခါမှာ ကျွန်တော်တို့ဟာ ပညာရှိ သတို့သမီးတွေဖြစ်ကြပြီး ဘုရားရဲ့အသံတော်ကို နားထောင်ရမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုပြီး လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ပေးတဲ့ သမ္မာတရားတွေအားလုံးကို ဖော်ပြပါတယ်။ ဒါကို ကျွန်တော်တို့ စူးစမ်းရှာဖွေပြီး ဒါတွေက သမ္မာတရားလား၊ ဘုရားအသံတော်ဟုတ်သလားဆိုတာသိရဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရပါမယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကိုယ့်အယူအဆတွေအပေါ် အမှီမပြုသင့်ပါဘူး။” တဲ့။ သူက ပြောသေးတယ်။ “ဂျူးဘာသာဝင် ဖာရိရှဲတွေက သူတို့ရဲ့ အယူအဆတွေကို အမှီပြုပြီး မေရှိယကိုပဲ မစဉ်းမစားနဲ့ စောင့်မျှော်နေကြတယ်။ သခင်ယေရှု ဖော်ပြခဲ့တဲ့ သမ္မာတရားတွေကို သူတို့ မရှာဖွေကြဘူး။ ကိုယ်တော့်ကို သူတို့ ဆန့်ကျင်ရှုတ်ချပြီး ကားတိုင်မှာ သံနဲ့ရိုက်ခဲ့ကြတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားကို သူတို့ ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်ရဲ့ ကျိန်ဆဲခြင်းကို သူတို့ ခံခဲ့ကြရတယ်။ ကျွန်တော်တို့ကလည်း သခင်ဟာ မိုးတိမ်နဲ့အတူကြွလာမှာဖြစ်ပြီး တခြားဟာတွေအားလုံးက မှားတယ်လို့ ဆက်ပြီးခံယူနေရင်းနဲ့ သခင်ကြွလာခြင်းကို စူးစမ်းရာမှာ ကိုယ့်အယူအဆတွေအတိုင်းသွားနေရင်၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ဆန့်ကျင်ရှုတ်ချဖို့ ဘုန်းကြီးတွေနဲ့အတူပူးပေါင်းနေရင် ကျွန်တော်တို့ဟာ ဖာရိရှဲတွေလုပ်ခဲ့တဲ့အမှားကို လုပ်မိနေမှာဖြစ်ပြီး သိပ်ဆိုးဝါးတဲ့ အပြစ်ကို ကျူးလွန်မိမှာပါ။ အဲဒါဆိုရင် ကျွန်တော်တို့ဟာ ငိုကြွေးပြီး အံသွားခဲကြိတ်ကြရမယ်။ ဒါပေမဲ့ သိပ်နောက်ကျသွားလိမ့်မယ်။” ဆိုပြီး ပြောပြတယ်။

သူမိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ သခင်ကြွလာခြင်းက အဆင့်အလိုက်ဖြစ်ပေါ်တယ်ဆိုတာကို ကျွန်တော် နားလည်သွားခဲ့တယ်။ ကိုယ်တော်က အရင်ဆုံး လူ့ဇာတိနဲ့ သူ့ရဲ့တရားစီရင်ခြင်းအမှုကိုလုပ်ဆောင်ပြီး အောင်မြင်သောသူတစ်စုကို ပြုလုပ်တယ်။ အဲဒီနောက်မှာ မိုးတိမ်နဲ့အတူ ပွင့်ပွင့်လင်းလင်းနဲ့ ကြွလာတယ်။ သခင်ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက်တွေက တစ်ခုပြီးတစ်ခု ပြည့်စုံလာမှာပါ။ ဒီအချိန်မှာ ကျွန်တော် အရမ်းမိုက်မဲပြီး မမြင်မကန်းဖြစ်ခဲ့တယ်လို့ ခံစားရတယ်။ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး သမ္မာကျမ်းစာကို နားမလည်ခဲ့ဘဲ ဘုန်းကြီးတွေနောက်၊ ကိုယ့်အယူအဆနောက်ကိုပဲ လိုက်ခဲ့တယ်။ သခင့်အသံတော်ကိုကြားပြီး သူ့ကို ကြိုဆိုဖို့ အားမထုတ်ခဲ့ဘူး။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အစ်ကိုကျန်းကို ကျွန်တော်နဲ့ ခဏခဏ ဧဝံဂေလိတရားဝေမျှဖို့ ဘုရားသခင်က လုပ်ဆောင်ခဲ့တယ်။ ဒီလိုမဟုတ်ရင်တော့ ကိုယ့်စိတ်ကူးတွေအပေါ် ဖက်တွယ်နေပြီး သခင်ပြန်ကြွလာခြင်းကို ကျွန်တော် လွဲချော်သွားမှာပဲ။ အဆုံးမှာ ကျွန်တော် ဖယ်ရှားခံရမယ်။ အစ်ကိုကျန်းကို ကျွန်တော် ပြောခဲ့တယ်။ “ဘုရားသခင်ရဲ့ အမှုတော်က ဘယ်လောက် ဉာဏ်ပညာရှိပြီး လက်တွေ့ကျတယ်ဆိုတာ အစ်ကို့ရဲ့ မိတ်သဟာယက ကျွန်တော့်ကို ပြခဲ့ပါတယ်။ ဟုတ်တယ်။ လူ့ဇာတိခံ ဘုရားသခင်က တိတ်တဆိတ် အလုပ်လုပ်ဖို့ ကြွလာတာဟာ တကယ်ကို ကျွန်တော်တို့အတွက် ကယ်တင်ခြင်းပါပဲ။ ဒါပေမဲ့ ကျွန်တော်နားမလည်တာတစ်ခု ရှိသေးတယ်။ သခင်က လူ့ဇာတိခံပြီး ပြန်ကြွလာမယ်လို့ အစ်ကိုက သက်သေခံတယ်နော်။ လူ့ဇာတိခံတယ်ဆိုတာ တကယ်တမ်းက ဘယ်လိုမျိုးလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ တကယ်ပဲ လူ့ဇာတိဖြစ်တဲ့ ဘုရားလို့ ဘယ်လို သေချာသိနိုင်တာလဲ။” လို့ မေးလိုက်တယ်။

အစ်ကိုကျန်းက ကျွန်တော့်ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အပိုဒ်တချို့ ဖတ်ပြတယ်။ “‘လူ့ဇာတိခံယူခြင်း’ သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိကပတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို အကောင်အထည်ဖော်သော ဇာတိပကတိဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ ‘အကောင်အထည်ဖော်ခံရခြင်း’ ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိပကတိထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ အကောင်အထည်ဖော်ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။ သူ၏ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝ ဖြစ်စေ နှစ်ခုလုံးသည် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုကို ကျိုးနွံနာခံလေသည်။ ခရစ်တော်၏အနှစ်သာရမှာ ဝိညာဉ်တော် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပေသည်။ ဤအနှစ်သာရသည် သူကိုယ်တိုင်၏ အမှုကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ ပြီးလျှင် သူကိုယ်တိုင်၏ အမှုကို ဖျက်ဆီးမည့် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်ဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ သူကိုယ်တိုင်၏ အလိုနှင့် ဆန့်ကျင်သည့် မည်သည့် စကားကိုမျှ တစ်ကြိမ်တစ်ခါမျှ သူ မိန့်မြွက်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်)

ပြီးတော့ အစ်ကိုကျန်းက ပြောတယ်။ “ယုံကြည်သူတွေအနေနဲ့ ကျွန်တော်တို့အားလုံးက သခင်ယေရှုဟာ လူ့ဇာတိခံယူတဲ့ ဘုရားဖြစ်တယ်ဆိုတာ သိကြတယ်။ ဒါပေမဲ့ လူ့ဇာတိခံယူခြင်းနဲ့ပတ်သက်ပြီး ဘယ်သူကမှ သမ္မာတရားကို အမှန်တကယ် မသိကြဘူး။ အခု နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော်တို့ကို သမ္မာတရားနဲ့ လူ့ဇာတိခံယူခြင်း နက်နဲမှုကို ဖွင့်ပြခဲ့တယ်။ လူ့ဇာတိခံယူခြင်းဆိုတာ လူသားမျိုးနွယ်ကြားမှာ အလုပ်လုပ်ဖို့အတွက် ကြွလာတဲ့ သာမန်လူသား ခန္ဓာလွှမ်းခြုံထားတဲ့ ဘုရားရဲ့ ဝိညာဉ်ပဲဆိုတာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ လူ့ဇာတိခံဘုရားက သာမန်လူတစ်ယောက်အတိုင်းပါပဲ။ သူက သဘာဝလွန်ပုံစံနဲ့ မတူဘူး။ လူတိုင်းလိုပဲ စားတယ်။ နေထိုင်တယ်။ သူ့မှာ သာမန်လူတစ်ယောက်လို စိတ်ခံစားချက်တွေရှိပြီးတော့ သူ့ကို လူတွေက ချဉ်းကပ်နိုင်ပါတယ်။ ဒါပေမဲ့ လူ့ဇာတိခံဘုရားရဲ့ အနှစ်သာရက မြင့်မြတ်တယ်။ ဒါကြောင့် ခရစ်တော်က သမ္မာတရားကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်တာပါ။ သူက ဘုရားသခင်ရဲ့ စိတ်သဘောထား၊ ဉာဏ်ပညာ၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ဖော်ပြတယ်။ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အမှုတော်ကို ဆောင်ရွက်တယ်။ ဒါက ဘယ်လူသားမှ မလုပ်ဆောင်နိုင်တဲ့ အရာတစ်ခုပါ။ အပြင်ပန်းမှာ လုံးဝ သာမန်ပုံစံရှိပြီး လူသားတွေကြားမှာ တကယ့်ဘဝကို နေထိုင်ခဲ့တဲ့ သခင်ယေရှုလိုပါပဲ။ ဒါပေမဲ့ သခင်ယေရှုက သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး လူသားမျိုးနွယ်ကို နောင်တလမ်းကို ပေးအပ်ခဲ့တယ်။ လူတွေရဲ့ အပြစ်တွေကို ခွင့်လွှတ်ခဲ့ပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားဖြစ်တဲ့ ချစ်ခြင်း၊ ကြင်နာခြင်းနဲ့ သနားညှာတာခြင်းကို ဖော်ပြခဲ့တယ်။ နိမိတ်လက္ခဏာတွေ၊ အံ့သြဖွယ်ရာတွေများစွာကိုလည်း သူ ပြသခဲ့တယ်။ လူ ၅၀၀၀ ကို မုန့်ငါးလုံး၊ ငါးနှစ်ကောင်နဲ့ ကျွေးတာမျိုး၊ လေနဲ့ ပင်လယ်ကို ငြိမ်စေတာမျိုး၊ သေသူကို အသက်ရှင်စေတာမျိုးနဲ့ တခြားဟာမျိုးတွေပေါ့။ ဒါက ဘုရားရဲ့ သြဇာအာဏာနဲ့ ဘုန်းတန်ခိုးကို ဖွင့်ပြခဲ့တယ်။ အဆုံးမှာ သခင်ယေရှုဟာ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်ဖို့အတွက် ကားစင်တင်ခံခဲ့ရတယ်။ ဒါက သခင်ယေရှုရဲ့ လုပ်ဆောင်မှုနဲ့ စကားတွေက ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ လုပ်ဆောင်မှုနဲ့ နှုတ်ကပတ်တော်တွေပဲဆိုတာ၊ သူဟာ လူ့ဇာတိနဲ့ ဘုရားဖြစ်တယ်ဆိုတာ ပြပါတယ်။” အစ်ကိုက ဆက်ပြောတယ်။ “အဲဒါကြောင့် လူ့ဇာတိခံ ဘုရားသခင်ကို သတိပြုမိဖို့ အပြင်ပန်းပုံစံကို ကြည့်လို့မရဘူး။ ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ရမယ်။ ခရစ်တော်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော်တို့ကို သမ္မာတရား၊ ဘုရားသခင်ရဲ့ စိတ်သဘောထား၊ ဘုရားသခင်ရဲ့ ဉာဏ်ပညာ၊ အနန္တတန်ခိုးရှိခြင်း နဲ့ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ပြသပါတယ်။ ဒါတွေဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားရဲ့ လုပ်ဆောင်မှုနဲ့ နှုတ်ကပတ်တော်တွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ သေချာစေနိုင်တဲ့ ပုံစံပါပဲ။” တဲ့။

သူ့ရဲ့ မိတ်သဟာယက ကျွန်တော့်ကို နည်းနည်း ရှင်းလင်းသွားစေတယ်။ ခရစ်တော်ဟာ သာမန်လူတစ်ယောက်နဲ့တူတယ်။ ကြီးမြတ်တာ၊ သဘာဝလွန်ဖြစ်တာမဟုတ်ဘူး။ ဒါပေမဲ့ သူ့မှာ ဘုရား အနှစ်သာရရှိတယ်။ သာမန်လူ့ဇာတိလွှမ်းခြုံထားတဲ့ ဘုရားရဲ့ ဝိညာဉ်ဖြစ်တယ်ဆိုတာ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးတဲ့နောက်မှာ ဒီသမ္မာတရားတွေနဲ့ နက်နဲမှုတွေကို ကျွန်တော် နားမလည်ခဲ့ဘူး။

အစ်ကိုကျန်းက ဆက်ပြီး မိတ်သဟာယဖွဲ့တယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော်တို့ကို သမ္မာတရားတွေအားလုံးနဲ့ လူ့ဇာတိခံယူခြင်းရဲ့နက်နဲမှုကို ဖွင့်ပြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ဒီ နှုတ်ကပတ်တော်တွေကို မပြောခဲ့ဘူးဆိုရင် ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်း နောက်ကွယ်က အမှန်တရားကို အမှန်တကယ် နားလည်ခြင်းမရှိဘဲနဲ့ သခင့်ကိုပဲ ထာဝရ ယုံကြည်နေနိုင်ပြီးတော့ ဘယ်သူကမှ ဖော်ထုတ်နိုင်မှာမဟုတ်ဘူး။” “အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ သခင်ယေရှုက အတူတူပါပဲ။ အပြင်ပန်းမှာ သူတို့နှစ်ယောက်လုံးက လုံးဝ သာမန်ပုံစံပဲ။ ပုံမှန်မဟုတ်တာ ဘာမှမရှိသလိုမျိုးပေါ့။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ပေးတဲ့ သမ္မာတရားတွေ အားလုံးကို ဖော်ပြတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ အိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတယ်။” ဆိုပြီးတော့ မိတ်သဟာယဖွဲ့တယ်။ ပြီးတော့ သူက ပြောတယ်။ “ဘုရားသခင်ရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်နဲ့ သူ့အမှုတော်ရဲ့ ရည်ရွယ်ချက်ရဲ့ နက်နဲမှုတွေ၊ လူကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားသခင်ရဲ့ အမှုတော် အဆင့်သုံးဆင့်ရဲ့ ပန်းတိုင်နဲ့ အရေးပါမှုတွေ၊ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုနဲ့ ဘုရားသခင်ရဲ့ အမည်နာမ၊ သမ္မာကျမ်းစာ နောက်ကွယ်က ဇာတ်လမ်း၊ စာတန်က လူသားမျိုးနွယ်ကို ဘယ်လို ဖျက်ဆီးတယ်ဆိုတာတွေ၊ စာတန်ကြောင့်ဖြစ်တဲ့ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရားနဲ့ အနှစ်သာရ၊ လူတွေ ဘုရားကို ဆန့်ကျင်ပြီး အပြစ်ပြုနေရခြင်း အရင်းအမြစ်၊ လူသားမျိုးနွယ်ကို အပြည့်အဝသန့်စင်ပြီး ကယ်တင်ဖို့အတွက် ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်တယ်၊ ဘုရားသခင်က လူတွေကို သူတို့အမျိုးအစားအလိုက် ဘယ်လို စီစဉ်တယ်၊ ဘုရားက လူတိုင်းရဲ့ ပန်းတိုင်ရဲ့ ရလဒ်တွေကိုကို ဘယ်လို သတ်မှတ်တယ်ဆိုတာတွေနဲ့ တခြားဟာတွေကိုလည်း သူ ဖွင့်ပြပြီးခဲ့ပြီ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုမှာ ဘုရားသခင်ဟာ ဘယ် ပုန်ကန်ပြစ်မှားမှုကိုမှ လက်မခံတဲ့ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အပြည့်အဝ ဖွင့်ပြပါတယ်။” တဲ့။ ဒီနေရာမှာ အစ်ကိုကျန်းက ကျွန်တော့်ကို မေးတယ်။ “ဘုရားသခင်က လွဲပြီး ဘယ်သူက ဘုရားရဲ့ အစီအစဉ်ရဲ့ နက်နဲမှုကို ဖွင့်ပြနိုင်လဲ။ ဘယ်သူက သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ဖော်ပြနိုင်လဲ။ လူကို ထာဝရ သန့်စင်ပြီး ကယ်တင်ဖို့အတွက် တရားစီရင်ခြင်းအမှုကို ဘယ်သူက လုပ်နိုင်လဲ။” တဲ့။ ကျွန်တော်က “ဘုရားသခင်ပဲ လုပ်နိုင်တယ်ဆိုတာ သိသာပါတယ်” လို့ပြောလိုက်တယ်။ သူက သဘောတူတယ်။ “ဟုတ်တယ်” တဲ့။ လူ့ဇာတိနဲ့ ဘုရားသခင်ကသာ ဒီလို လက်တွေ့ကျတဲ့ နည်းလမ်းနဲ့ လူကို ကယ်တင်ဖို့အတွက် အလုပ်လုပ်ပြီး စကားပြောနိုင်ပါတယ်။ ဒါဟာ လူသားအနေနဲ့ လူ့ဇာတိအသွင်ရှိတဲ့ ဘုရားသခင်က လုပ်ဆောင်တဲ့ အမှုပါ။ တဲ့။ လူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်ပြီး သူ့ရဲ့ အမှုတော်ကို ကြုံတွေ့ရလေလေ၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေအားလုံးက သမ္မာတရားဖြစ်ပြီး ဘုရားသခင်ရဲ့ အသေံတာ်ဖြစ်တယ်ဆိုတာ သူတို့ သေချာလေလေပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ မိန့်ဆိုချက်တွေက သူဟာ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တယ်၊ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင် ပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတာ လုံလောက်တဲ့ သက်သေပါပဲ။

ဒီအချိန်မှာ ကျွန်တော် တော်တော် စိတ်လှုပ်ရှားနေတယ်။ ကျွန်တော်က “အစ်ကို ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းက သမ္မာတရားရဲ့ အကြီးမြတ်ဆုံး နက်နဲမှုဆိုတာ အခု ကျွန်တော် နားလည်ပြီ။” “လူ့ဇာတိနဲ့ ဘုရားသခင်ဟာ အဓိကအားဖြင့် သမ္မာတရားအားလုံးကို ဖော်ပြပြီး ဘုရားသခင်ရဲ့ အမှုတော်ကို လုပ်ဆောင်တယ်။ ဒါကြောင့် သခင့်ကို ကြိုဆိုဖို့အတွက် ဘုရားသခင်ရဲ့ အသံတော်ကို ကျွန်တော်တို့ နားထောင်ဖို့ သိပ်အရေးကြီးပါတယ်။ သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားရဲ့ အမှုတော်ကို လုပ်ဆောင်နိုင်သူ ဘယ်သူမဆို လူ့ဇာတိနဲ့ ဘုရားသခင်ဖြစ်တယ်။ ဘုရားသခင်ရဲ့ အသံတော်ကိုကြားပြီး သူ့ရဲ့အမှုတော်သစ်ကို လက်ခံခြင်းအားဖြင့် သခင့်ကို ကျွန်တော်တို့ ကြိုဆိုပြီး သခင့်ရှေ့မှောက်ကို ခေဏဆောင်ခြင်း ခံကြရပါတယ်။” ဆိုပြီး ပြောလိုက်တယ်။ သူကပြောတယ်။ “အစ်ကိုရဲ့ နားလည်သဘောပေါက်ခြင်းက လုံးဝ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပြမှုကြောင့်ပါပဲ။” တဲ့။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်တော် ငြင်းပယ်ခဲ့တဲ့ အချိန်တွေ အကုန်လုံးကို ကျွန်တော် ပြန်တွေးပြီး တော်တော်ကို အမြင်ပိတ်ခဲ့ပြီး မိုက်မဲခဲ့လို့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမဲ့ သခင့်ကို မသိခဲ့ဘူး။ အဲဒီအစား ကိုယ့်အယူအဆကို ဖက်တွယ်ခဲ့တယ်။ သခင့်ကို ကြိုဆိုဖို့အတွက် သခင့်အသံတော်ကို ကြားဖို့ မကြိုးစားဘဲ သခင် မိုးတိမ်နဲ့အတူ ကြွလာဖို့ကို မိုက်မဲစွာနဲ့ စောင့်မျှော်နေခဲ့တယ်။ တစ်ယောက်ယောက်က သခင်က ပြန်ကြွလာပြီ၊ သမ္မာတရားတွေကို ဖော်ပြနေပြီး နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုနေတယ်လို့ သက်သေခဲ့တာကို ကြားတဲ့အချိန်မှာ ကျွန်တော် မစူးစမ်းခဲ့ဘူး။ သခင့်ကို တံခါးပိတ်ထားလုနီးပါး ဖြစ်ခဲ့ပါတယ်။ နောက်တော့ ဒီ သမ္မာတရားတွေ အားလုံးနဲ့ နက်နဲမှုတွေကို ဖော်ပြတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ပြန်ကြွလာခဲ့တဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ၊ လူ့ဇာတိနဲ့ ဘုရားဖြစ်တယ်ဆိုတာ ကျွန်တော် လုံးဝ သေချာသွားခဲ့တယ်။ ကျွန်တော် တကယ်ကို ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ကျွန်တော့်ရဲ့ ပုန်ကန်မှုကြောင့် ဘုရားသခင်က ကျွန်တော့်ကို မစွန့်လွှတ်ဘဲ ဘုရားသခင်ရဲ့ အသံတော်ကို ကျွန်တော် ကြားနိုင်ပြီး သိုးသူငယ်ရဲ့ ခြေလှမ်းကို အမီလိုက်နိုင်ဖို့အတွက် ဧဝံဂေလိတရားကို ကျွန်တော့်ကို ထပ်ခါထပ်ခါဝေမျှဖို့ အစ်ကိုကျန်းကို နှိုးဆော်ခဲ့တယ်။ ဒါ တကယ်ကို ဘုရားသခင်က ကျွန်တော့်ကို အကန့်အသတ်မရှိတဲ့ ချစ်ခြင်းမေတ္တာ ပြသနေတာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ဂျင်းမို၊ မလေးရှား၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက...

မြူများရှင်းလင်းသွားပြီး ကောင်းကင်နိုင်ငံတော်သို့ လမ်းကြောင်းကို ကျွန်တော် ရှာတွေ့ခဲ့သည်

ချန်းအိုင်း၊ တရုတ်ပြည်နယ်ကျွန်တော် ငယ်ငယ်ကတည်းက သခင့်အပေါ် ကျွန်တော့် မိဘများ၏ ယုံကြည်မှုနောက်သို့ ကျွန်တော် လိုက်လျှောက်ခဲ့ပြီး၊ ယခု...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။