အယောင်ဆောင်ခရစ်တော်များကို သတိထားခြင်းမှ ရရှိခဲ့သည့် သင်ခန်းစာများ

08.02.2023

ကျစ်ကျန်း တရုတ်နိုင်ငံ

ကျွန်တော်က အိမ်တွင်းအသင်းတော်တစ်ခုမှာ တွဲဖက်အမှုဆောင်ပါ။ ၂၀၀၀ခုနှစ် နေ့တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက တွဲဖက်အမှုဆောင်အစည်းအဝေး ကျင်းပတယ်။ သူတို့ကပြောတယ်။ “နောက်ဆုံးသောကာလမှာ အယောင်ဆောင်ခေါင်းဆောင်တွေက လူတွေကို လှည့်စားဖို့ ပေါ်ထွက်လာကြတယ်။ တချို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းဟောကြပြီး သူတို့တရားဟောတာက တော်တော်အဆင့်မြင့်ပုံရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုလို့လည်း သူတို့က ပြောတယ်။ သူတို့ပြောတာ နားမထောင်နဲ့။ သူတို့နဲ့ အဆက်အသွယ်မလုပ်နဲ့။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကလူတွေက သိုးတွေကိုခိုးယူဖို့ အသင်းတော်ထဲကို ဝင်တာကို ကာကွယ်ဖို့ သေချာ ကြိုတင်ကာကွယ်မှုတွေ လုပ်ရမယ်။ ကျမ်းစာက ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ဒီကျမ်းပိုဒ်တွေက သခင်ယေရှုကြွလာခြင်း နိမိတ်လက္ခဏာတွေပဲ။ ယုံကြည်သူတွေကိုလည်း သတိပေးထားတယ်။ နောက်ဆုံးသောကာလမှာ အယောင်ဆောင်ခရစ်တော်တွေက ဘုရားရွေးချယ်ထားတဲ့သူတွေကို လှည့်စားဖို့အတွက် အံ့ဩဖွယ်ရာတွေပြမယ် တဲ့။ ဒီတော့ ကျွန်တော်တို့က ယုံကြည်ခြင်းမှာ ခိုင်မာတဲ့ အုတ်မြစ်ချရမယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားတွေကို နားမထောင်ရဘူး။ မဟုတ်ရင် အယောင်ဆောင်ခရစ်တော်တွေနောက်လိုက်မိရင် သခင့်ကို ကြိုဆိုဖို့ အခွင့်အရေး ဆုံးရှုံးရလိမ့်မယ်” တဲ့။ တွဲဖက်အမှုဆောင်တွေအားလုံးက ဒီကိစ္စကို ဆွေးနွေးကြပြီး သခင်ကြွမလာခင်အထိ သိုးစုတွေကို ကာကွယ်ချင်တယ်လို့ပြောကြတယ်။ ကျွန်တော်လည်း တွေးမိတယ်။ သခင့်ကို ကြိုဆိုရာမှာ အလျင်စလို မလုပ်သင့်ဘူး။ အလှည့်စားမခံရအောင်လို့ အယောင်ဆောင်ခေါင်းဆောင်တွေကို သတိထားသင့်တယ်ပေါ့။ နောက်တစ်နေ့မှာ ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်တွေကို ကျွန်တော် လိုက်လုပ်တယ်။ ကျွန်တော် ဦးဆောင်ရတဲ့ စုဝေးပွဲတွေကို သွားတယ်။ အယောင်ဆောင်ခရစ်တော်တွေကို သတိထားဖို့၊ လူစိမ်းတွေကို လက်မခံဖို့ အထူးသဖြင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်းဟောသူတွေကို လက်မခံဖို့ ယုံကြည်သူတွေကို တိုက်တွန်းတယ်။ သူတို့တွေကအကြီးပိုင်းတွဲဖက်အမှုဆောင်တွေဖြစ်နေရင်တောင် ဘုရားသခင်က အမှုသစ်ကို ပြုဖို့ကြွလာတယ်လို့ဟောရင် လက်မခံသင့်ဘူးပေါ့။ မဟုတ်ရင် အယောင်ဆောင်ခရစ်တော်တွေ လှည့်စားတာခံရသူတွေက သခင့်ကို ယုံကြည်တာ အလကားဖြစ်မှာပဲပေါ့။ အဲဒီအချိန်တုန်းက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားတွေကို လုံးဝ နားမထောင်ဘူးလို့ လူတိုင်းက ပြောကြတယ်။

သုံးလေးလကြာတော့ ကျွန်တော်တို့ ခေါင်းဆောင်တွေကပြောတယ်။ အထက်ပိုင်းအဆင့် တွဲဖက်အမှုဆောင် အစ်ကိုလီနဲ့ အစ်ကိုကျောင်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံသွားပြီတဲ့။ ပြီးတော့ အလှည့်စားမခံရအောင် သူတို့ကို လုံးဝ လက်မခံဖို့ ပြောတယ်။ ကျွန်တော် စဉ်းစားတယ်။ “သူတို့တွေက ကျမ်းစာနဲ့ တော်တော်ကို ရင်းနှီးတဲ့ အထက်ပိုင်းအဆင့် တွဲဖက်အမှုဆောင်တွေပဲ။ ငါတို့ကို အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနဲ့ အဆက်အသွယ်မလုပ်ဖို့ တားတယ်။ ဘယ်လိုလုပ်ပြီး သူတို့က ဒါကို လက်ခံနိုင်ရတာလဲ” ပေါ့။ ကျွန်တော် နားမလည်ခဲ့ဘူး။ ဒါပေမဲ့လည်း သူတို့က ဘာပဲလုပ်လုပ် သခင့်လမ်းကို ကျွန်တော် စောင့်ထိန်းပြီး သိုးစုကို ကာကွယ်ရမယ်ပေါ့။ အဲဒီနောက်တော့ အစ်ကိုလီနဲ့ အစ်ကိုကျောင်ကို လက်မခံဖို့ စုဝေးပွဲတစ်ခုမှာ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော် ပြောလိုက်တယ်။ တစ်နေ့မှာ တွဲဖက်အမှုဆောင်ရှောင်က ကျွန်တော့်အိမ်ကို အစ်ကိုတစ်ယောက်နဲ့ ရောက်လာတယ်။ ကျွန်တော် ချက်ချင်း သတိထားနေလိုက်တာပေါ့။ တွဲဖက်အမှုဆောင်ရှောင်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံပြီးပြီလို့ အထက်ခေါင်းဆောင်တွေက ပြောတယ်။ သူလှည့်စားတာကို ကျွန်တော် ခံပြီး သခင့်ကို သစ္စာဖောက်လို့ မဖြစ်ဘူးပေါ့။ အဲဒါနဲ့ အဲဒီနေ့က သူတို့ ကျွန်တော့်ကို ဘယ်လိုပဲ မိတ်သဟာယဖွဲ့ပါစေ မကြည်တဲ့ပုံစံနဲ့နေပြီး သူတို့ကို လျစ်လျူရှုလိုက်တယ်။ နောက်ဆုံးတော့ သူတို့လည်း ရွေးချယ်စရာမရှိတော့ဘဲ ထွက်သွားရတယ်။ သူတို့ ထွက်သွားတာ ကြည့်ရင်းနဲ့ ကျွန်တော် စိတ်သက်သာပြီး သက်ပြင်းချလိုက်တယ်။ သူတို့လှည့်စားတာမခံရလို့ ကျွန်တော် ကျေနပ်မိတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့အသင်းတော်က အစ်ကိုကျန်းကလည်း ကျွန်တော့်ဆီကို ဧဝံဂေလိဟောဖို့ ရောက်လာတယ်။ ဒါပေမဲ့ ကျွန်တော်က ပုန်းနေပြီး ကျွန်တော့်အမျိုးသမီးကို သူနဲ့ တွေ့ခိုင်းလိုက်တယ်။ ပြီးတော့ လှည့်စားတာ မခံရအောင်လို့ သူ့မိတ်သဟာယကို နားမထောင်ဖို့ ပြောလိုက်တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အသင်းတော် အခြေအနေက ပိုပိုဆိုးလာတယ်။ ကျွန်တော်တို့ တရားဟောဆရာက အပ်ကြောင်းထပ်နေတာတွေပဲ ပြောပြီး အလင်းသစ် မပေးနိုင်ဘူး။ ကျွန်တော်တို့မှာ သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်မှု မရှိတော့ဘူး။ ညီအစ်ကိုမောင်နှမတွေက အသက်ပံ့ပိုးမှုကို မရဘူး။ ဝိညာဉ်ပိုင်းမှာ သူတို့အားလုံးက မှောင်မိုက်တယ်။ ငြိမ်သက်နေပြီး အားနည်းကြတယ်။ စုဝေးပွဲတွေကို မတက်ချင်ကြဘူး။ တက်တဲ့သူတွေအများစုကကျတော့ စည်းကမ်းလိုက်နာတာ သက်သက်ပဲ။ အဓိက ပြောကြတာက မိသားစု၊ အလုပ်၊ ဒါတွေပဲ။ ကျွန်တော်က မရှင်းဘူး။ နဂိုက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုရှိတဲ့ အသင်းတော်က ဘာလို့ ဒီလိုဖြစ်လာသလဲဆိုတာ ကျွန်တော် မသိဘူး။ အကြောင်းရင်းနဲ့ ဖြေရှင်းချက်ကို မသိခဲ့ဘူး။ သခင်ရဲ့ သွန်သင်မှုတွေကို လိုက်နာပြီး သခင်ကြွလာတာကို စောင့်ရမယ်ဆိုတာကိုပဲ သိခဲ့တယ်။

နှစ်နှစ်ကြာတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်တော့်ကို ဟောတဲ့သူတွေ ပိုပိုများလာတယ်။ သူတို့က မိတ်သဟာယဖွဲ့တယ်။ “သခင်ယေရှု ပြောခဲ့သည်မှာ- ‘ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) တစ်စုံတစ်ခုကို ရှာဖွေစူးစမ်းပြီးမှပဲ လမ်းမှန်ဟုတ်သလားဆိုတာ ကျွန်တော်တို့ သိနိုင်ပါတယ်။ မရှာဖွေရင် သခင့်ကို ကျွန်တော်တို့ ဘယ်လို ကြိုဆိုနိုင်မလဲ” တဲ့။ အဲဒီအချိန်တုန်းက သူတို့မှန်တယ်လို့ ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော်က အယောင်ဆောင်ခရစ်တော်တွေက လှည့်စားတာကို ခံရမှာကြောက်တော့ “သခင်က အမှုသစ်ပြုဖို့ကြွလာခဲ့ပြီလို့ ဟောတဲ့ ဘယ်သူကိုမဆို ငါ နားထောင်မှာမဟုတ်ဘူး” လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုနဲ့ ကျွန်တော် နေ့တိုင်းပဲ သူခိုးတွေကို သတိထားနေသလိုမျိုး နေတယ်။ တရားဟောဆရာတွေလာတာ မြင်ရင် ပုန်းတယ်။ ဒါပေမဲ့ သူတို့က ခါတိုင်းလိုပဲ ဧဝံဂေလိဟောဖို့ ကျွန်တော့်အိမ်ကို လာတုန်းပဲ။ ကျွန်တော် စဉ်းစားတယ်။ “ငါ ဘယ်လောက်ပဲ ငြင်းငြင်း သူတို့က လာတုန်းပဲ။ ဘယ်လိုလုပ် သူတို့က ယုံကြည်ခြင်း၊ ချစ်ခြင်းတွေ အများကြီးရှိနေတာလဲ” ပေါ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နည်းနည်းအပြစ်တင်မိတယ်။ သူတို့က လူတွေအတွက် ချစ်ခြင်းတွေ အများကြီးရှိကြပေမဲ့ ငါက သူတို့ကို ဒီလို ဆက်ဆံနေတုန်းပဲ. ဒါက သခင့်အလိုတော်နဲ့ မကိုက်ညီဘူး။ ဒါပေမဲ့လည်း အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားတွေကို နားထောင်လို့မရဘူးလို့ ကျွန်တော်တို့ ခေါင်းဆောင်တွေက ထပ်ခါထပ်ခါ အလေးပေးပြောထားတယ်။ ကျွန်တော် လှည့်စားခံရရင် သခင့်ကို ယုံကြည်တဲ့နှစ်တွေမှာ ကျွန်တော် ဒုက္ခခံခဲ့တာတွေက အလဟဿဖြစ်သွားမှာပဲပေါ့။ သခင့်ရဲ့လမ်းကို ထိန်းသိမ်းပြီး နောက်ထပ် ဧဝံဂေလိကို လုံးဝ လက်ခံလို့ မဖြစ်ဘူးပေါ့။ ဘယ်သူပဲ လာပြီး တရားဟောပါစေ ကျွန်တော် နားမထောင်နိုင်ဘူး။ အဲဒါနဲ့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားတွေကို ရှာဖွေ၊ စူးစမ်းတာ လုံးဝ မလုပ်ခဲ့ဘူး။

နောက်တော့ ကျွန်တော့်အသင်းတော်က ညီအစ်ကိုမောင်နှမတွေ အများကြီးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြတယ်။ ကျွန်တော့် အမျိုးသမီးတောင်ပါတယ်။ သူတို့က ကျွန်တော့်ကို ခဏခဏပြောတယ်။ သခင်ယေရှုကို ယုံကြည်တာက ဘုရားရဲ့ ရွေးနုတ်ခြင်းအမှုကို လက်ခံခြင်းသက်သက်ပဲ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုကို အမီမလိုက်ရင် ဘုရားကို အမှန်တကယ်မယုံကြည်ဘူး၊ သိုးသငယ်ရဲ့ခြေလှမ်းတွေနောက်ကို မလိုက်လျှောက်ဘူး တဲ့။ ကျွန်တော် တုန်လှုပ်သွားတယ်။ ဒီနှစ်တွေမှာ အသင်းတော်က ပိုပိုပြီး ခြောက်ကပ်လာတယ်။ လူတော်တော်များများက အပျက်သဘောဆောင်ပြီး အားနည်းတယ်။ သူတို့ ယုံကြည်ခြင်းက အေးစက်တယ်။ တွဲဖက်အမှုဆောင်တွေတောင် စုဝေးပွဲတွေကို မလာဘူး။ အသင်းတော်က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှု မရှိတော့ဘူး။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က လူတွေက ကျွန်တော့်ကို ဧဝံဂေလိတရားဟောနေကြတယ်။ ကျွန်တော်က ဘယ်လောက်ပဲ ငြင်းငြင်း သူတို့က လာတုန်းပဲ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကြောင့်မဟုတ်ရင် သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ချစ်ခြင်းနဲ့ သည်းခံခြင်းရှိမှာလဲ။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက တကယ်ပဲ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုလားပေါ့။ ဒါကို သေသေချာချာသိရဖို့အတွက် ကျွန်တော့်အမျိုးသမီး အိမ်မှာမရှိတဲ့အချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ခိုးဖတ်တယ်။ တစ်နေ့တော့ ဒီအပိုဒ်ကို ကျွန်တော် တွေ့မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်တလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်တော့် စိတ်နှလုံးက နိုးကြွလာတယ်။ ဟုတ်တယ်။ သခင့်ကို ယုံကြည်သူတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ ဆင်ခြင်တုံတရားနဲ့ ရှာဖွေဖို့ အတွက် နှိမ့်ချမှုလည်းရှိသင့်တယ်။ ဘယ်သူ့ကိုမှ အကဲဖြတ်ဖို့၊ ရှုတ်ချဖို့ ကျွန်တော် အရည်အချင်းမပြည့်မီပါဘူး။ နှစ်ကာလတွေတစ်လျှောက်မှာ လူတွေအများကြီးက ကျွန်တော့်ကို ဧဝံဂေလိဟောခဲ့တယ်။ ဘုရားသခင်က အမှုတော်အဆင့်အသစ်တစ်ခု ပြုနေပြီလို့ သက်သေခံကြတယ်။ ဒါပေမဲ့ ကျွန်တော်က လက်မခံခဲ့ဘူး။ ရှာဖွေဖို့အတွက် လုံးဝ နှိမ့်ချမှုမရှိဘူး။ ကျွန်တော့်အယူအဆတွေနဲ့ ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ နှိမ့်ချစွာနဲ့ ရှာဖွေခဲ့သင့်တာပါ။ ဒီစကားတစ်သောင်းထဲက တစ်ခုပဲ ကျမ်းစာနဲ့ ကိုက်ညီရင်တောင် ဒီတစ်သောင်းမြောက်စကားကို ကျွန်တော် ရှာဖွေစူးစမ်းသင့်ခဲ့တယ်။ မငြင်းဆန်သင့်ဘူး။ ကျွန်တော့်အမျိုးသမီးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ သူ့အခြေအနေက သိသိသာသာ တိုးတက်လာတာကိုလည်း ကျွန်တော် တွေးမိတယ်။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နေ့တိုင်းဖတ်တယ်။ စုဝေးပွဲတွေကို တက်တက်ကြွကြွတက်ပြီး ဧဝံဂေလိဟောတယ်။ ကျွန်တော် တွေးမိလာတယ်။ ငါများမှားနေသလားပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်နိုင်သလားပေါ့။ နောက်တစ်ခါ လူတစ်ယောက်က ကျွန်တော့်ကို ဧဝံဂေလိဟောတော့ ကျွန်တော် မငြင်းဆန်ဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်နေ့မှာ အစ်ကိုလင်က ကျွန်တော့်ကို ဧဝံဂေလိဟောဖို့ ထပ်ရောက်လာတယ်။ အဲဒီအချိန်မှာ သူက ကျွန်တော့်ကို မေးတယ်။ “အစ်ကို့ရဲ့ ဝိညာဉ်ရေးရာ အခြေအနေက အခု ဘယ်လိုလဲ” တဲ့။ ကျွန်တော်က အကူအညီမဲ့စွာနဲ့ ပြောလိုက်တယ်။ “ကျွန်တော့်ဝိညာဉ်က မှောင်မိုက်နေတယ်။ တရားတွေ မဟောနိုင်ဘူး။ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေက အာဟာရမရနိုင်ဘူး။ ကျွန်တော်တို့ကို သခင်က ကောင်းကင်နို်ငငံတော်ကို ချီဆောင်တာကို စောင့်နေဖို့ကလွဲပြီး တခြားရွေးစရာမရှိတော့ဘူး” ပေါ့။ အစ်ကိုလင်က ပြောတယ်။ “သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါပေးသောရေကို သောက်သောသူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဘုရားသခင်က အသက်ရဲ့ အရင်းအမြစ်ဖြစ်တယ်။ အဆုံးမရှိဘူး။ မကုန်ခမ်းနိုင်ဘူး။ သခင့်ကို ယုံကြည်သူတွေကို ဆာငတ်ခြင်းမရှိစေဘဲနဲ့ သက်စမ်းရေကနေ ပံ့ပိုးပေးသင့်တယ်။ ဒါပေမဲ့ အခုတော့ အစ်ကိုတရားဟောတာမှာ အလင်းသစ်မရှိဘူး။ ညီအစ်ကိုမောင်နှမတွေတွေက ဝိညာဉ်ရေးမှာ ဆာငတ်တယ်။ ငြိမ်သက်တယ်။ အားနည်းတယ်။ အသင်းတော်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုမရှိတော့ဘူးဆိုတာ သိသာပါတယ်။ ဒါဆို သခင်ပြန်ကြွလာတာကို အစ်ကိုစောင့်နေတာက သခင့်အလိုတော်ဟုတ်သလား။ အစ်ကိုက သခင်စွန့်ပစ်တာကို ခံရမှာမဟုတ်ဘူးဆိုတာ သေချာရဲ့လား” တဲ့။ အစ်ကိုလင်ရဲ့ မေးခွန်းတွေကြောင့် ကျွန်တော် ဆွံ့အသွားတယ်။ သခင့်ကို ဒီလိုနည်းနဲ့ စောင့်နေတာက မှန်ပုံမရဘူး။ ဒါပေမဲ့ ကျွန်တော်က သခင်ယေရှုရဲ့ သွန်သင်မှုတွေကို လိုက်နာနေတာလည်း ဖြစ်တယ်လေ။ အဲဒါနဲ့ ကျွန်တော် ပြောလိုက်တယ်။ “ကျမ်းစာက ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ဒီကျမ်းပိုဒ်နှစ်ပိုဒ်က ရှင်းရှင်းလင်းလင်း ပြောထားတယ်။ နောက်ဆုံးသောကာလမှာ အယောင်ဆောင်ခရစ်တော်တွေ ပေါ်လာတယ်။ သခင်ကြွလာပြီဆိုတဲ့ ဘယ်ပြောဆိုချက်မဆို မှားယွင်းတယ်တဲ့။ ကျွန်တော်က သခင့်သွန်သင်မှုတွေကို နာခံနေတာပဲ။ သူများတွေက သခင်ကြွလာတာကို ဟောတဲ့အခါ ကျွန်တော်က မစုံစမ်းတဲ့အချက်နဲ့ပတ်သက်ပြီး ပြဿနာရှိတာလား” ပေါ့။ အစ်ကိုလင်က ပြောတယ်။ “သခင်ယေရှုက နောက်ဆုံးသောကာလမှာ တစ်ဖန်ကြွလာမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ဒါပေမဲ့ သခင်ကြွလာပြီဆိုတဲ့ ဘယ်ပြောဆိုချက်မဆို မှားယွင်းတယ်လို့ အစ်ကိုကပြောတယ်။ ဒါက သခင့်နှုတ်ကပတ်တော်တွေကို ငြင်းပယ်နေပြီး နောက်ဆုံးသောကာလမှာ သခင်ကြွလာတာကို ငြင်းဆန်ရှုတ်ချနေတာမဟုတ်ဘူးလား။ နောက်ဆုံးသောကာလမှာ သခင်ကြွလာခြင်းအကြောင်းကို စဉ်းစားကြည့်ရအောင်။ အယောင်ဆောင်ခရစ်တော်တွေ ပေါ်လာပြီဆိုတော့ ဒါ ခရစ်တော်က သေချာပေါက် ကြွလာမယ့်သဘောပဲ။ ကျွန်တော်တို့ က အယောင်ဆောင်ခရစ်တော်တွေရန်က မစဉ်းမစား ကာကွယ်နေရင်၊ သခင်ယေရှုက လူ့ဇာတိခံပြီး ပြန်ကြွလာတဲ့အခါ နားထောင်ဖို့၊ ဖတ်ဖို့ ငြင်းဆန်ရင် ကျွန်တော်တို့က သခင်ယေရှုကို တံခါးပိတ်ထားနေတာမဟုတ်ဘူးလား။ ဒီလိုမျိုးဆိုရင် ကျွန်တော်တို့က သခင့်ကို ဘယ်လိုကြိုဆိုနိုင်မလဲ။ နောက်ဆုံးသောကာလမှာ အယောင်ဆောင်ခရစ်တော်တွေကို ရင်ဆိုင်ရပြီးတော့ လှည့်စားခံရတာကို ကြောက်နေရုံနဲ့က အလုပ်ဖြစ်မှာမဟုတ်ဘူး။ အရေးကြီးတာက စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင်ခရစ်တော်တွေကို ပိုင်းခြားသိမြင်အောင် သင်ယူဖို့ပဲ။ ဒါဆိုရင် အယောင်ဆောင်ခရစ်တော်တွေက လှည့်စားတာ မခံရအောင် တားဆီးပေးလိမ့်မယ်” တဲ့။ ဒါ လုံးဝ မှန်တယ်။ သူတို့တွေကို ပိုင်းခြားသိမြင်ဖို့ သင်ယူဖို့က အဓိကပဲ။

ဒါကိုကြားတော့ ကျွန်တော်စိတ်အားတက်သွားတယ်။ သူ့မိတ်သဟာယက အဓိပ္ပာယ်ရှိတယ်။ ကျွန်တော်က မစဉ်းမစားနဲ့ အယောင်ဆောင်ခရစ်တော်တွေကို သတိထားနေပြီး ကြောက်နေရင် နားထောင်ဖို့၊ ရှာဖွေဖို့၊ စုံစမ်းဖို့ ငြင်းဆန်ရင် အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဆိုရင် ကျွန်တော်က ကောင်းကင်နို်ငငံတော်ကို ဝင်ရဖို့ အခွင့်အရေးနဲ့ လွဲမှာမဟုတ်ဘူးလား။ အဲဒါနဲ့ ကျွန်တော် အမြန် မေးလိုက်တယ်။ “ဒါဆို အယောင်ဆောင်ခရစ်တော်တွေကို ကျွန်တော်တို့ ဘယ်လို သိနိုင်မလဲ” ပေါ့။ အစ်ကိုလင်က ပြောတယ်။ “ကျမ်းစာပရောဖက်ပြုချက်က လူတွေအပေါ် သခင်ယေရှုရဲ့ သတိပေးချက်ပါ။ နောက်ဆုံးသောကာလမှာ အယောင်ဆောင်ခရစ်တော်တွေက လူတွေကို လှည့်စားဖို့ ပေါ်ထွက်လာမယ်။ ဒါပေမဲ့ သခင်ယေရှုက ကျွန်တော်တို့ကို ပိုင်းခြားသိမြင်ဖို့ အရေးအပါဆုံးစည်းမျဉ်းတစ်ခုကို ပြောခဲ့တယ်။ အယောင်ဆောင်ခရစ်တော်တွေက နိမိတ်လက္ခဏာတွေပြပြီး လူတွေကို လှည့်စားတယ်ဆိုတာပဲ။ ဒါဆိုရင် နောက်ဆုံးသောကာလ ခရစ်တော်က အံ့ဩဖွယ်ရာတွေမပါဘဲ ကြွလာတယ်ဆိုတာ သိသာသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘုရားအမှုတော်က အမြဲတမ်း အသစ်ဖြစ်တယ်။ ဘယ်တော့မှ မဟောင်းဘူး။ ဘယ်တော့မှ ထပ်ခါထပ်ခါ မလုပ်ဘူး။ အမြဲတမ်း ပိုသစ်ပြီး ပိုမြင့်တဲ့အမှုဖြစ်တယ်။ ခရစ်တော်က တရားစီရင်ခြင်းအမှုကို ပြုဖို့၊ လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ပြီး ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြဖို့အတွက် နောက်ဆုံးသောကာလမှာ ကြွလာပါတယ်။ ဒါပေမဲ့ အယောင်ဆောင်ခရစ်တော်တွေနဲ့ အယောင်ဆောင်ပရောဖက်တွေက ဘုရားရဲ့ အနှစ်သာရကို မပိုင်ဆိုင်ကြဘူး။ သူတို့တွေအားလုံးက ဝိညာဉ်ဆိုးတွေပဲ။ ဒါကြောင့် သူတို့မှာ သမ္မာတရား လုံးဝ မရှိဘူး။ သမ္မာတရားကို မဖော်ပြနိုင်ဘူး။ သူတို့က လူတွေကို လှည့်စားဖို့ သခင့်ကို အတုခိုးပြီး အံ့ဩဖွယ်ရာတွေပြတာပဲ လုပ်နိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရင် နားလည်သွားပါလိမ့်မယ်။ ‘မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။...လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။’” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း) အစ်ကိုလင်က ဆက်ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတတော်တွေက အရမ်းရှင်းပါတယ်. အံ့ဩဖွယ်ရာတွေ လုပ်ရင်း၊ ဖျားနာနေသူတွေကို ကုသရင်း နတ်ဆိုးတွေ နှင်ထုတ်ရင်းနဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ ပြောတဲ့သူတွေက အယောင်ဆောင်ခရစ်တော်တွေဖြစ်ဖို့ သေချာတယ်။ ဘာကြောင့်လဲဆိုရင် သခင်ယေရှုက ဒီလိုအလုပ်မျိုးကို လုပ်ခဲ့ပြီးပြီ။ ဘုရားရဲ့ လုပ်ဆောင်မှုက ထပ်ခါထပ်ခါ မဖြစ်ပါဘူး။ သခင်ယေရှုက အလုပ်လုပ်ဖို့ကြွလာတဲ့အချိန်မှာ သူက ပညတ်တော်ခေတ်ရဲ့ အမှုကို ထပ်မလုပ်ခဲ့ဘူး။ အဲဒီအစား ကယ်တင်ခြင်းအမှုအတွက် ဘုရားရဲ့ အစီအစဉ်အရ၊ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ရွေးနုတ်ခြင်းအမှုကို လုပ်ခဲ့ပါတယ်။ လူသားမျိုးနွယ်အတွက် ထာဝရအပြစ်ဖြေရာယဇ်အဖြစ် ကားတိုင်မှာ သူကိုယ်တိုင် သံနဲ့ ရိုက်ခံခဲ့ရတယ်။ ဒီလိုနဲ့ လူသားမျိုးနွယ်ကို အပြစ်ကနေ ရွေးနုတ်ခဲ့တယ်။ ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို စတင်ခဲ့တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူ့ဇာတိနဲ့ ပေါ်ထွန်းပြီး အလုပ်လုပ်ပါတယ်။ နိမိတ်လက္ခဏာတွေ မရှိပါဘူး။ သခင်ယေရှုရဲ့ လုပ်ဆောင်မှုကို အခြေခံပြီး ပိုမြင့်ပြီး လေးနက်တဲ့ အမှုတော်အဆင့်တစ်ခုဖြစ်တဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို သူ လုပ်ဆောင်တယ်။ အဲဒီမှာ သူက လူတွေရဲ့ အပြစ်တွေကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် သမ္မာတရားကို ဖော်ပြတယ်။ ဘုရားဆီကို ကျွန်တော်တို့ ပြန်သွားနိုင်ပြီး သူ့ရဲ့ နိုင်ငံတော်ဆီကို ခေါ်ဆောင်ခံရဖို့အတွက် ကျွန်တော်တို့ကို အပြစ်ကနေ အပြည့်အဝကယ်တင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုက ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နို်ငငံတော်ခေတ်ကို အစပြုပါတယ်။ ဒီအမှုက သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုနဲ့ မတူဘူး။ ထပ်ပြီးမလုပ်ပါဘူး။ ဒီကနေ ဘုရားသခင်ရဲ့ အမှုက အမြဲတမ်းအသစ်ဖြစ်ပြီး ဘယ်တော့မှ မဟောင်းဘူးဆိုတာ မြင်နိုင်ပါတယ်။ ဒါက ဘုရားအမှုတော်ရဲ့ အသိသာဆုံး လက္ခဏာပဲ။ အသစ်ဖြစ်ခြင်းပေါ့။ ဘုရားအမှုတော်ရဲ့ အဆင့်တိုင်းမှာ ဘုရားက နှုတ်ကပတ်တော်အသစ်တွေ ဖော်ပြတယ်။ ခေတ်သစ်တစ်ခုကို စတင်တယ်။ အဲဒီခေတ်အတွက် သင့်တော်တဲ့ လက်တွေ့လုပ်ဖို့ လမ်းကြောင်းနဲ့ ဦးတည်ချက်ကို ထောက်ပြတယ်။ ဒီနည်းနဲ့ တစ်ဆင့်ချင်း လူတွေက အပြစ်ကနေ အပြည့်အဝကယ်တင်ခံရပြီး ဘုရားနို်ငငံတော်ကို ခေါ်ဆောင်ခံရဖို့ပေါ့။ ဆန့်ကျင်ဘက်အနေနဲ့ အယောင်ဆောင်ခရစ်တော်တွေက သမ္မာတရားကို မဖော်ပြနိုင်ဘူး၊ အမှုသစ်ကို လုံးဝ မလုပ်နိုင်ဘူး။ သေချာပေါက် လူတွေကို သန့်စင်၊ ကယ်တင်မပေးနိုင်ဘူး။ သခင်ယေရှုလုပ်တဲ့ အမှုကိုပဲ အတုခိုးနိုင်တယ်။ လူတွေကို လှည့်စားဖို့အတွက် နိမိတ်လက္ခဏာအသေးစားတွေပဲ ပြနိုင်တယ်။ ဒီသမ္မာတရားရှုထောင့်ကို နားလည်ပြီး ဒီစည်းမျဉ်းကို ကျွမ်းကျင်ပြီဆိုတာနဲ့ အယောင်ဆောင်ခရစ်တော်တွေက လှည့်စားတာ ခံရမှာကို ကျွန်တော်တို့ ကြောက်ဖို့ မလိုတော့ဘူး” တဲ့။

အစ်ကိုလင်ရဲ့ မိတ်သဟာယကို ကြားပြီးတဲ့နောက်မှာ ကျွန်တော် ရုတ်တရက် သဘောပေါက်သွားတယ်။ “ဘုရားအမှုတော်ရဲ့ လက္ခဏာက အသစ်ဖြစ်ခြင်းပဲ။ ဒါ မှန်တယ်။ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်မှာ ဘုရားပြုခဲ့တဲ့အမှုက လုံးဝ မတူဘူး။ တစ်ခုမှာ သူက လူတွေကို ကမ္ဘာမှာ အသက်ရှင်ဖို့ ဦးဆောင်ပြီး ဥပဒေတွေ၊ ပညတ်တော်တွေကို ထိန်းသိမ်းဖို့ သင်ပေးခဲ့တယ်။ နောက်တစ်ခုမှာတော့ သူဟာ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ဖို့ ကားစင်တင်ခံခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်က သခင်ယေရှုပြုတဲ့အမှုနဲ့ သေချာပေါက် မတူဘူး။ စမှတ်အသစ်တစ်ခုကနေ လုပ်တဲ့ အမှုသစ်ပဲ။ ဒီမိတ်သဟာယက တော်တော် လက်တွေ့ကျတယ်” ပေါ့။ ဒီနေရာရောက်တော့ ကျွန်တော် သူ့ကို ဖွင့်ပြောပြလိုက်တယ်။ “အစ်ကို့မိတ်သဟာယက အရမ်း လက်တွေ့ကျတယ်။ လုံးဝ အပြည့်အဝ နားလည်တယ်။ အယောင်ဆောင်ခရစ်တော်တွေက အမှုသစ်ကို မလုပ်နိုင်ဘူး။ သူတို့တွေက လူတွေကို လှည့်စားဖို့အတွက် နိမိတ်လက္ခဏာတွေပြပြီး ဘုရားရဲ့ အရင်က အမှုကိုပဲ အတုခိုးနိုင်တယ်။ ဒါပေမဲ့ ကျွန်တော် နားမလည်တာ တစ်ခုရှိသေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလ ခရစ်တော်၊ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ ဘယ်လိုသေချာနိုင်မလဲ” ပေါ့။

အစ်ကိုလင်က ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောတယ်။ “အစ်ကို့မေးခွန်းက ကောင်းတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော်တို့ရှုပ်ထွေးနေတာ အားလုံးကို ဖြေရှင်းပေးနိုင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရင် နားလည်သွားမှာပါ” တဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ အစ်ကိုလင်က မိတ်သဟာယဖွဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဟုတ်မဟုတ် ဆုံးဖြတ်ဖို့အတွက် အပြင်ပန်းပုံစံထက် အနှစ်သာရကို ကြည့်ဖို့လိုတယ်။ ကောင်းကင်ဘုံက ဘုရားသခင်က ကမ္ဘာကို ကြွလာတဲ့အခါ ခရစ်တော်က သာမန် အသွေးအသားကို လွှမ်းခြုံတယ်။ လူသားဖြစ်လာတယ်။ လူတွေကြားမှာ ပေါ်ထွန်းပြီး အမှုပြုတယ်။ အပြင်ပန်းကြည့်ရင် ခရစ်တော်က သာမန်၊ ပုံမှန်လူတစ်ယောက်ပဲ။ သူက သာမန်လူတစ်ယောက်ရဲ့ ဘဝလှုပ်ရှားမှုတွေရှိသလို သာမန်လူတစ်ယောက်ရဲ့ ဝမ်းမြောက်မှု၊ ဝမ်းနည်းမှုတွေလည်းရှိတယ်။ ဝမ်းမြောက်စရာတွေက သူ့ကို ပျော်စေပြီး နာကျင်စရာတွေက သူ့ကို ဝမ်းနည်းစေတယ်။ ဒါပေမဲ့ ခရစ်တော်က ဘယ်လောက် သာမန်၊ ပုံမှန်ဖြစ်တဲ့ပုံပေါ်ပါစေ သူ့ရဲ့ အသက်အနှစ်သာရက လူသားတွေနဲ့ လုံးဝ ကွဲပြားတယ်။ ခရစ်တော်က အသွေးအသား လွှမ်းခြုံထားတဲ့ ဘုရားရဲ့ ဝိညာဉ်ပဲ။ ဘုရားရဲ့ ဝိညာဉ်က ခရစ်တော်ထဲမှာ ရှိနေတယ်။ ခရစ်တော်က လုံးဝ ဘုရားလိုပဲဖြစ်ပါတယ်။ ဒါကြောင့် သူက သမ္မာတရားကို အချိန်မရွေး ဖော်ပြနိုင်တယ်။ လူသားရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ် စိစစ်နိုင်တယ်။ လူတွေကို သူတို့အပြစ်တွေဖယ်ရှားပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ခံရဖို့အတွက် လမ်းကြောင်းနဲ့ ဦးတည်ချက်ကို ညွှန်ပြပေးနိုင်တယ်။ လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ပြီး ကယ်တင်နိုင်ပါတယ်။ ခရစ်တော်ဖော်ပြတဲ့၊ ဖွင့်ပြတဲ့အရာက ဘုရားရဲ့ စိတ်သဘောထားဖြစ်ပြီး ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းဖြစ်ပါတယ်။ သူလုပ်ဆောင်တာက ဘုရားကိုယ်တိုင်ရဲ့ အလုပ်ပဲ။ ဒါတွေက ဘယ်လူသားကမှ မပိုင်ဆိုင်နိုင်တဲ့၊ မရရှိနိုင်တဲ့ အရာတွေပါ။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က ပထမအကြိမ် လူ့ဇာတိခံယူတော့ အပြင်ပန်းမှာ သူက သာမန်၊ ပုံမှန်လူတစ်ယောက်ပဲ။ သာမန်မိသားစုကနေ မွေးဖွားတယ်။ လူမှုအဆင့်အတန်းတွေ၊ မြင့်မားပြီး မြင့်မြတ်တဲ့ပုံစံတွေ မရှိဘူး။ ဒါပေမဲ့ သခင်ယေရှုရဲ့ အနှစ်သာရက ဘုရားပဲ။ သူက ကျွန်တော်တို့ကို ကောင်းကင်နိုင်ငံတော်ရဲ့ ဧဝံဂေလိတရားနဲ့ နောင်တလမ်းကို ပေးခဲ့တယ်။ လူတွေကို ပံ့ပိုးပြီး ဦးဆောင်လမ်းပြဖို့ အချိန်မရွေး၊ နေရာမရွေး သမ္မာတရားတွေကို ဖော်ပြတယ်။ နောက်ဆုံးမှာ လူသားမျိုးနွယ်အတွက် ကားတိုင်မှာ သံရိုက်ခံရပြီး လူတွေအားလုံးကို ရွေးနုတ်ခဲ့တယ်။ ဒီလိုနဲ့ လူတွေရဲ့ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပြီး အသက်ရှင်ပြီး ဆက်လက်ကြီးထွားဖို့ အရည်အချင်းပြည့်မီကြတယ်။ သခင်ယေရှုရဲ့ စကားတွေ၊ လုပ်ဆောင်မှုတွေကို ကြည့်ရင် သူဟာ လူ့ဇာတိခံဘုရား၊ ခရစ်တော်ဖြစ်တယ်ဆိုတာ လုံးဝ သေချာသိနိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုလားဆိုတာ ဆုံးဖြတ်ဖို့အတွက်ကိုလည်း သူ့ရဲ့ စကားတွေ၊ လုပ်ဆောင်မှုတွေကို ကြည့်ရမယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုကို အခြေခံပြီး စကားတွေသန်းချီပြီး ဖော်ပြဖို့ နှစ်ထောင်ချီပြီး ဖုံးကွယ်နေတဲ့ ကျမ်းစာထဲက နက်နဲမှုတွေကို ဖွင့်ပြဖို့ ကြွလာခဲ့တယ်။ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေ၊ အမှုတော်အဆင့်သုံးဆင့်၊ ဘုရားရဲ့ အမည်နာမတွေ စသဖြင့်ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က စာတန်ကြောင့်ဖြစ်တဲ့ လူသားရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အနှစ်သာရနဲ့ သမ္မာတရားကိုလည်း တရားစီရင်ပြီး ဖော်ထုတ်တယ်။ နောင်တနဲ့ ပြောင်းလဲခြင်းလမ်းကြောင်းကို ညွှန်ပြတယ်။ စစ်မှန်တဲ့ နောင်တရပုံ၊ သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ပုံ ဘုရားက ဘယ်သူကိုနှစ်သက်ပြီး ဘယ်သူကို မုန်းတီးတယ်၊ ဘယ်လိုလူမျိုးတွေက ကယ်တင်ခြင်းခံရပြီး ဘယ်လိုလူမျိုးတွေက ဖယ်ရှားခြင်းခံရမယ်။ လူသားမျိုးနွယ်ရဲ့ အဆုံးနဲ့ ခရီးပန်းတိုင်၊ နိုင်ငံတော်ရဲ့ လှပမှုဆိုတာမျိုးတွေပေါ့။ လူတွေမှာ လမ်းကြောင်းတစ်ခုရှိဖို့၊ အပြစ်ရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်နိုင်ဖို့၊ စိတ်သဘောထားပြောင်းလဲမှုကို ရဖို့၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ခံရဖို့အတွက် လူသားမျိုးနွယ် ကယ်တင်ခံရဖို့အတွက် လိုအပ်တဲ့ သမ္မာတရားအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်က ရှင်းပြတယ်။ ဒါက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို လုံးဝ ပြည့်စုံစေပါတယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ပြီးတော့ ဗျာဒိတ်ကျမ်းက ပရောဖက်ပြုချက်လည်း ပြည့်စုံတယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) ဒါကို စဉ်းစားကြည့်ရအောင်။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အားလုံးမှာ ဘယ်သူက ဒီသမ္မာတရားတွေ၊ နက်နဲမှုတွေကို ဖော်ပြနိုင်သလဲ။ လူတွေကို အပြည့်အဝ သန့်စင်ပြီး ကယ်တင်ဖို့အတွက် တရားစီရင်ခြင်းအမှုကို ဘယ်သူက ပြုနိုင်လဲ။ လူတွေရဲ့ ရလဒ်တွေကို ဆုံးဖြတ်ဖို့၊ လူတွေကို လှပတဲ့ ခရီးပန်းတိုင်တစ်ခုပေးဖို့ ဘယ်သူက အရည်အချင်းရှိလဲ။ ဘုရားကလွဲပြီး ဘယ်သူမှ ဒီဩဇာအာဏာနဲ့ တန်ခိုးမရှိဘူး။ နှလုံးသားနဲ့ ဝိညာဉ်ရှိသူတွေက အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတာတွေကို ဖတ်ရတဲ့အခါမှာ လက်ခံယုံကြည်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာ နှလုံးသားထဲကနေ သေချာသိကြတယ်။ ဒါ သံသယရှိစရာမလိုပါဘူး” တဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလခရစ်တော် ပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်မှုက အပြည့်အဝ သက်သေပြပါတယ်။

ဒါတွေကို ကြားပြီးတော့ ကျွန်တော့် စိတ်အားတက်ပြီး တို့ထိခြင်းခံရတယ်။ ကျွန်တော် အဲဒီအစ်ကိုကို ပြောလိုက်တယ်။ “အစ်ကို့မိတ်သဟာယကြောင့် စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင်ခရစ်တော်တွေကို ကျွန်တော် ခွဲခြားသိနိုင်ပြီ။ ဘယ်သူက ခရစ်တော်လဲဆိုတာကို ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ သိပြီ။ ခရစ်တော်က ဘုရားရဲ့ အနှစ်သာရရှိတယ်။ သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားရဲ့အမှုကို လုပ်နိုင်တယ်။ လူတွေကို သန့်စင်ကယ်တင်နိုင်တယ်။ ဒါပေမဲ့ အယောင်ဆောင်ခရစ်တော်တွေက ဘုရားသခင် လူ့ဇာတိခံယူခြင်းမဟုတ်ဘူး။ ဘုရားအနှစ်သာရကို မပိုင်ဆိုင်ဘူး။ ဒီတော့ သမ္မာတရားကို မဖော်ပြနိုင်ဘူး။ လူတွေကို ကယ်တင်ခြင်းအမှုကို မပြုနိုင်ဘူး။ ဘုရားသခင်ရဲ့ အရင်က အမှုကို အတုခိုးပြီး နိမိတ်လက္ခဏာတွေပြပြီးတော့ပဲ လူတွေကို လှည့်စားနိုင်တယ်” ပေါ့။ ကျွန်တော် ဒီလိုပြောတာကို ကြားပြီး အစ်ကိုလင်းက ရိုးရိုးသားသားပြောတယ်။ “ကျေးဇူးတော်ပဲ။ အစ်ကိုက ဒီလိုနားလည်နို်ငတာက တကယ်ကို ဘုရားရဲ့ သနားကရုဏာနဲ့ ကျေးဇူးတာ်ပဲ။ လူ့ဇာတိခံဘုရားသခင်က ပေါ်ထွန်းပြီး အလုပ်လုပ်တဲ့အခါမှာ လူဘယ်နှယောက်က သူ့ကို ငြင်းဆန်ရှုတ်ချပါစေ လူသားမျိုးနွယ်တစ်ခုလုံးက သူ့ကို ငြင်းပယ်ရင်တောင် သူက ဘုရားဖြစ်ဆဲ၊ ခရစ်တော်ဖြစ်ဆဲပဲ။ အယောင်ဆောင်ခရစ်တော်တွေက သူတို့ကိုယ်သူတို့ ဘယ်လိုသက်သေခံပါစေ သူတို့ က အယောင်ဆောင်ဖြစ်ပြီး ရပ်တည်နိုင်ခြင်းမရှိပါဘူး” တဲ့။ အစစ်အမှန်က အယောင်ဆောင်မဖြစ်နိုင်ဘူး။ အယောင်ဆောင်က အစစ်အမှန်မဖြစ်နိုင်ဘူး။ ဒါ ဘယ်သူမှ မပြောင်းလဲနိုင်တဲ့ အချက်ပဲ။

နောက်တော့ အစ်ကိုလင်းက ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ပြတယ်။ အဲဒီအပိုဒ်ကြောင့် ဘုရားသခင်ရဲ့ အမှုတော်အဆင့်သုံးဆင့်ရဲ့ နက်နဲမှုကို ကျွန်တော် နည်းနည်းနားလည်သွားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ ကျွန်တော် ပိုပြီးတော့တောင် သေချာသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ယေရှုသည် လူတို့အလယ် သူ၏အမှုကို လုပ်ဆောင်ရန် လူ့ဇာတိခံခဲ့သည်။ သူ၏အမှုကို သီးခြား မဆောင်ရွက်ခဲ့ဘဲ၊ ယေဟောဝါ၏ အမှုပေါ်တွင် အခြေခံ၍ ဆက်လက် အကောင် အထည်ဖော်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးသည် အမြဲ ရှေ့ဆက် တိုးတက်နေသောကြောင့်၊ ယေရှု၏အမှု အဆုံးသတ်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ခေတ်ဟောင်း ကုန်လွန်သည့်အချိန်တွင်၊ ယင်းကို ခေတ်သစ်တစ်ခုဖြင့် အစားထိုးလိမ့်မည် ဖြစ်ပြီး၊ အမှုဟောင်း ပြည့်စုံသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်မည့် အမှုသစ် ရှိလိမ့်မည်။ ဤလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှုနောက်လိုက်လာသည့် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤလူ့ဇာတိခံယူခြင်းသည် သီးခြား မဖြစ်ပေါ်ပေ။ ယင်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်သည်။ အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် အစပြုသည့် အချိန်တိုင်းတွင်၊ အသစ်သော အစပြုခြင်း ရှိရမည်ဖြစ်ပြီး ယင်းက ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းရမည် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု တည်နေရာနှင့် သူ၏ နာမတော်တို့တွင်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပေသည်။ သို့ဆိုလျှင်၊ လူသားအနေဖြင့် ခေတ်သစ်ထဲတွင် ဘုရားသခင်၏အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ်မရှိပေ။ သို့သော် ဘုရားသခင်သည် လူသား၏ ဆန့်ကျင်မှုကို မည်သို့ ခံရသည်ဖြစ်စေ၊ သူသည် မိမိ၏အမှုကို အမြဲ လုပ်ဆောင်နေပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြဲ ရှေ့သို့ ဦးဆောင်နေပေသည်။ ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ဤလူ့ဇာတိခံယူခြင်းဖြင့် သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) အစ်ကိုလင်က မိတ်သဟာယဖွဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ လူသားမျိုးနွယ်ကိုကယ်တင်တဲ့ ဘုရားရဲ့ အမှုတော်က သုံးဆင့်ရှိတယ်ဆိုတာကို သိရတယ်။ ဒီအဆင့်တွေက သီးခြားတည်ရှိနေတာမဟုတ်ဘူး။ တစ်ခုချင်းစီကို အရင်အမှုကို အခြေခံပြီး လုပ်တယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဒီအဆင့်တွေက ပိုနက်နဲပြီး မြင့်လာတယ်။ ဒီလိုနဲ့ အဆုံးမှာ လူတွေက အပြစ်ကနေ အပြည့်အဝကယ်တင်ခံရပြီး ဘုရားရဲ့ နိုင်ငံတော်ထဲကို ခေါ်ဆောင်ခံရတယ်။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကမ္ဘာပေါ်မှာ အသက်ရှင်ရာမှာ ဦးဆောင်ဖို့ ပညတ်တော်တွေ ပြဌာန်းတယ်။ အပြစ်က ဘာလဲဆိုတာ၊ ယေဟောဝါဘုရားသခင်ကို ဘယ်လိုကိုးကွယ်ရမယ်ဆိုတာ သင်ပေးတယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က လူတွေကို နောင်တလမ်းကို ပေးဖို့အတွက် လူ့ဇာတိခံကြွလာတယ်။ ကားစင်တင်ခံခြင်းအမှုကို ပြုခဲ့ပြီး လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခဲ့တယ်။ ကျွန်တော်တို့ အပြစ်တွေကို ခွင့်လွှတ်ခဲ့တယ်။ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံရတဲ့အခွင့်ကိုပေးတယ်။ ဒါကြောင့် ကျွန်တော်တို့က ပညတ်တော်ရဲ့ စီရင်ခြင်းမခံရတော့ဘူး။ ဒါပေမဲ့ သခင်ယေရှုရဲ့ အမှုတော်က ရွေးနုတ်ခြင်းအမှု၊ လူသားရဲ့ အပြစ်တွေကို ခွင့်လွှတ်ခြင်းအမှုသက်သက်ပဲ။ ကျွန်တော်တို့ရဲ့ အပြစ်ပြုတဲ့သဘာဝက မဖြေရှင်းရသေးဘူး။ အပြစ်ထဲမှာ၊ စာတန်ရဲ့ စွမ်းအားအောက်မှာ အသက်ရှင်နေကြတုန်းပဲ။ နိုင်ငံတော်ခေတ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်က ပေါ်ထွန်းပြီး အလုပ်လုပ်တယ်။ လူတွေကို အပြည့်အဝ သန့်စင်၊ ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုတယ်။ စာတန်ရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်နိုင်ပြီး ဘုရားနို်ငငံတော်ကို ဝင်နိုင်ဖို့အတွက်ပေါ့။ ဒီကနေ ဘုရားအမှုတော်အဆင့်တိုင်းက လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေကို အခြေခံတယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒီအဆင့်တွေက လုံးဝ ထပ်ခါထပ်ခါ မဖြစ်ဘူး။ တစ်ခုနဲ့ တစ်ခု မဆန့်ကျင်ဘူး။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ရယူခြင်းကို ကျွန်တော်တို့ အပြည့်အဝခံရဖို့အတွက် ကျွန်တော်တို့ကို အပြစ်ကနေ အပြည့်အဝ ကယ်တင်ဖို့ပဲ။ ဒီအမှုတော်အဆင့်သုံးဆင့်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးပဲ။ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နောက်ဆုံးအဆင့်ပဲ။ လူတွေက နောက်ဆုံးသောကာလ ခရစ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို လက်မခံရင် ဘုရားနိုင်ငံတော်ကို ဝင်ရဖို့ ဘယ်တော့မှ အရည်အချင်းပြည့်မီမှာမဟုတ်ဘူး” တဲ့.

သူ့ မိတ်သဟာယကို နားထောင်ပြီးတော့ ကျွန်တော့်စိတ်နှလုံးက ပိုပြီးတော့တောင် အားတက်လာတယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အမှုတော်အဆင့်သုံးဆင့်ကို လုပ်ဆောင်တယ်ဆိုတာ အခု ကျွန်တာ် သိသွားတယ်။ အဆင့်တစ်ခုစီတိုင်းက အရင်တစ်ခုထက်ပိုပြီး နက်နဲတယ်။ နောက်ဆုံးမှာ လူတွေကို အပြစ်ကနေ ကယ်တင်ပေးတယ်။ ဒီလို မိတ်သဟာယက ကျမ်းစာနဲ့ အမှန်တရား နှစ်ခုလုံးနဲ့ ကိုက်ညီတယ်။ သခင့်ကို ကျွန်တော် နှစ်တွေအများကြီး ယုံကြည်ခဲ့ပေမဲ့ ဒီလိုတရားဒေသနာကို တစ်ခါမှ မကြားဖူးဘူး။ ဘယ်သင်းအုပ်ဆရာ၊ တရားဟောဆရာကမှ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ဘုရားအမှုတော်ကို အရမ်း နှံ့နှံ့စပ်စပ် ရှင်းမပြခဲ့ဘူး။ ကျွန်တော်ကိုယ်တိုင်ရဲ့ မာနထောင်လွှားမှုနဲ့ ကျွန်တော့် ခေါင်းဆောင်တွေ၊ တွဲဖက်အမှုဆောင်တွေရဲ့ အတွေးမှားတွေကို မစဉ်းမစား ယုံကြည်ခဲ့တာတွေကို မုန်းမိတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်တော် သုံးလေးနှစ်ကြာအောင် ငြင်းပယ်နေခဲ့တာပဲ။ ကျွန်တော် အရမ်းကို မသိနားမလည်ခဲ့ဘူး။ ဒီလိုမျိုးနဲ့ဆိုရင် သခင့်ကို ကြိုဆိုပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ဖို့ ကျွန်တော့် အခွင့်အရေးကို ဆုံးရှုံးရမှာပဲ ပေါ့။ အဲဒါနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် ဆက်ပြီးတော့ ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တယ်. အစ်ကိုလင်က မပြန်ခင်မှာ ကျွန်တော့်ကို ဘုရားနှုတ်ကပတ်တော်စာအုပ်တစ်အုပ်ပေးတယ်။

အဲဒီနောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် ဆာငတ်စွာနဲ့ ဖတ်တယ်. သမ္မာတရားတွေ၊ နက်နဲမှုတွေအများကြီး နားလည်လာတယ်။ ကျွန်တော် ဖတ်လေလေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်၊ နောက်ဆုံးသောကာလ ခရစ်တော်ပေါ်ထွန်းခြင်းဖြစ်တယ်ဆိုတာကို ယုံကြည်လေလေပဲ။ အဲဒီကတည်းက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်တော် တရားဝင် လက်ခံခဲ့တယ်။ သခင့်ကို ကြိုဆိုရတာ ပျော်လည်းပျော်တယ်။ ရှက်လည်းရှက်မိတယ်။ အရင် သုံးလေးနှစ်မှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ခဏခဏ ဧဝံဂေလိဟောခဲ့ကြတယ် ဒါပေမဲ့ ကျွန်တော် ခေါင်းမာနေခဲ့တယ်။ ရှာဖွေစူးစမ်းတာ မလုပ်ရုံမကဘဲ သူတို့ကို ရန်သူတွေလို ဆက်ဆံခဲ့တယ်။ အသင်းတော်ကိုတောင် ပိတ်ဆို့ပြီး သူများတွေက သခင့်အသံကို ကြားပြီး သခင့်ကို ကြိုဆိုတာကိုတောင် ပိတ်ပင်ခဲ့တယ်။ ကျွန်တော်က မကောင်းမှုလုပ်နေခဲ့တာပဲ။ သခင်ယေရှုပေါ်ထွန်းပြီး အလုပ်လုပ်တဲ့အချိန်မှာ ဖာရိရှဲတွေက ယုံကြည်သူတွေ သခင့်နောက်လိုက်တာကို ပိတ်ပင်ဖို့အတွက် သခင်ယေရှုကို အတိုက်အခံလုပ်ပြီး ရှုတ်ချတဲ့ အတွေးမှားမျိုးစုံကိုဖြန့်ခဲ့တယ်။ ကျွန်တော်လုပ်ခဲ့တာက ဖာရိရှဲတွေနဲ့ ဘာမှ မကွာဘူး။ ဘုရားက ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးခံရဖို့ ကျွန်တော် တကယ် ထိုက်တန်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော့် ပြစ်မှားမှုတွေကို အမှတ်မထားပါဘူး။ နောက်ဆုံးမှာ ဘုရားအသံကို ကျွန်တော် ကြားတဲ့အထိ ကျွန်တော့်ကို ဧဝံဂေလိဟောဖို့ ညီအစ်ကိုမောင်နှမတွေကို ခဏခဏ စေလွှတ်ခဲ့တယ်။ ကျွန်တော့်အတွက် ဘုရားရဲ့ ချစ်ခြင်းနဲ့ သနားကရုဏာက ကြီးမားလွန်းတယ်။ ကျွန်တော် အသိစိတ်နဲ့ ဆင်ခြင်တုံရားရှိရမယ်။ သခင်ကြွလာခြင်းကို တောင့်တပေမဲ့ ကောလာဟလတွေရဲ့ လှည့်စားတာခံရသူတွေကို ဘုရားရဲ့ ဧဝံဂေလိကို ဟောရမယ်။ ဒါမှ သူတို့ကို ဘုရားအိမ်တော်ကို ခေါ်ဆောင်နိုင်ပြီး ဘုရားရဲ့ နှလုံးသားကို နှစ်သိမ့်နိုင်မယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်ကို ဖော်ထုတ်သည့် သုံးသပ်ချက်တစ်ခု

ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ ခုနှစ်၊ မေလလယ်မှာ ခေါင်းဆောင်ဖြစ်တဲ့ အစ်မချန်က ကျွန်မကို စကားလာပြောပြီး အစ်မလုအကြောင်း အများကြီးသိထားလား၊...

အလှည့်အပြောင်း

ဝမ်ရှင်း တောင်ကိုရီးယားနိုင်ငံ ကျွန်မမှာ ပျော်ရွှင်စရာ မိသားစု ရှိနေကျဖြစ်ပြီး ကျွန်မယောက်ျားက ကျွန်မအပေါ် တကယ်ကောင်းခဲ့တယ်။ တော်တော်လေး...

ကျွန်မ အဆင့်အတန်းကို အသည်းအသန် မလိုက်စားတော့ပါ

ကျွန်မက ဂုဏ်သရေနဲ့ အဆင့်အတန်းကို အရမ်းတပ်မက်တဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။ ငယ်ငယ်ကတည်းက ထင်ပေါ်ပြီး ထူးချွန်ဖို့ အားထုတ်ခဲ့တယ်။ “အရာရှိတွေက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။