အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သေခြင်း- ဆဌမဆုံမှတ်

1

များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊ များပြားလှသည့် စိတ်အနှောင့်အယှက်ဖြစ်မှုများနှင့် စိတ်ပျက်မှုများ နောက်တွင်၊ များပြားလှသည့် ပျော်ရွှင်မှုများ၊ ဝမ်းနည်းမှုများ၊ လောကဓံအနိမ့်အမြင့်များ ထို့နောက်တွင်၊ များပြားလှသည့် မမေ့နိုင်သည့် နှစ်များနောက်တွင်၊ ရာသီဥတုများ ခဏခဏ ပြောင်းလဲခြင်းကို ကြည့်ရှုပြီး နောက်၊ သတိမမူမိလိုက်ဘဲ ဘဝတွင် အရေးကြီးသည့် ဘဝမှတ်တိုင်များကို ဖြတ်သန်းရပါသည်။ ထို့နောက် အချိန်တိုအတွင်းမှာပဲ သူသည် သတိပေးသည့် နှစ်များကို ရောက်လာတာ သူ့ကိုယ်သူ တွေ့လိုက်ရပါသည်။ အချိန်၏ အမှတ်အသားတို့သည် သူ့ကိုယ်ခန္ဓာ တစ်ကိုယ်လုံးတွင် တံဆိပ်ခပ်နှိပ်ထားပါသည်။ သူသည် တည့်မတ်စွာ မရပ်နိုင်တော့ပါ။ မှောင်မဲသည့် ခေါင်းကဆံပင်က အဖြူရောင်ပြောင်းပြီ။ တောက်ပပြီး ကြည်လင်သည့် မျက်လုံးများသည် မှေးမှိန်ပြီး ဝေဝါးသွားပြီ။ ချောမွေ့ပြီး ပျော့ပြောင်းသည့် အသားအရေသည် တွန့်ကြေလာပြီး အစက်အပြောက်တွေ ထင်လာပါသည်။ အကြားအာရုံ အားနည်းလာပြီ။ သွားများက လျော့ရဲပြီး ထွက်ကျလာသည်။ သူ့ တုံ့ပြန်မှုက နှောင့်နှေးလာသည်။ သူ့ လှုပ်ရှားမှုက နှေးကွေးလာသည်။ ဤအချိန်တွင် သူသည် သူ၏ငယ်ရွယ်သည့် စိတ်လှုပ်ရှားထက်သန်သည့် နှစ်များကို လုံးဝနှုတ်ဆက်လိုက်ပြီး ဘဝ၏ နေဝင်ဆည်းဆာကို ဝင်ရောက်လာပြီ။ အသက်အရွယ်ကြီးရင့်လာပြီ။ ထို့နောက်တွင်သူသည် လူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ဖြစ်သည့် သေခြင်းကို ရင်ဆိုင်ရပါမည်။

၁။ ဖန်ဆင်းရှင်သာလျှင် လူသား၏ ရှင်ခြင်းနှင့် သေခြင်းစွမ်းအင်ကို ကိုင်ဆောင်သည်

လူတစ်ယောက်၏ မွေးဖွားခြင်းက တစ်ယောက်၏ ယခင်ဘဝအားဖြင့် သတ်မှတ်ထားသည်ဆိုလျှင် သူ့သေခြင်းက ထိုကံတရား၏ အဆုံးကို ညွှန်ပြပါသည်။ တစ်ယောက်၏ မွေးဖွားခြင်းက ဤဘဝတွင် တစ်ယောက်၏ တာဝန်အစဆိုလျှင် သူ့သေခြင်းက ၄င်းတာဝန်၏ အဆုံးကို ညွှန်ပြပါသည်။ ဖန်ဆင်းရှင်သည် လူတစ်ယောက်၏ မွေးဖွားခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများ သတ်မှတ်ပြီး ဖြစ်သည့်အတွက် သူ့၏ သေခြင်း အတွက်လည်း သတ်မှတ်ထားသည့် အခြေအနေများကို စီစဉ်ပြီးဖြစ်ပါသည်။ တစ်နည်းပြောရလျှင် မည်သူမှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်ပါ။ မည်သူ့၏ သေခြင်းမှ မမျှော်လင့်ပဲဖြစ်ခြင်း မဟုတ်ပါ။ မွေးဖွားခြင်းနှင့် သေခြင်းနှစ်မျိုးလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေပါသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အခြေအနေနှစ်ခုလုံးကို ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားပါသည်။ ၄င်းသည် လူတစ်ယောက်၏ ဦးတည်ချက်၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်ပါသည်။ လူတစ်ယောက်၏ မွေးဖွားမှုကို အများကြီးပြောနိုင်သလို လူတိုင်း၏ သေခြင်းသည် ထူးခြားသည့် အခြေအနေ အမျိုးမျိုးအောက်မှာ ဖြစ်ပေါ်ပါလိမ့်မည်။ ဤကဲ့သို့လူတို့၏ မတူညီသည့် သက်တမ်းများနှင့် မတူညီသည့် ပုံစံများ၊ သူတို့သေသည့် အချိန်များ ဖြစ်ပေါ်ပါသည်။ တစ်ချို့လူများက ကျန်းမာ သန်စွမ်းသော်လည်း စောလျှင်စွာ သေဆုံးကြသည်။ တစ်ချို့က အားနည်းပြီး မကြာခဏဖျားနာသော်လည်း အသက်ကြီးသည့်အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးကြသည်။ တစ်ချို့က သဘာဝမဟုတ်သည့် အကြောင်း များကြောင့်သေဆုံးပြီး တစ်ချို့က သဘာဝအလျောက်သေဆုံးကြသည်။ တစ်ချို့က မိမိအိမ်နှင့် အဝေးတွင် သူတို့အသက်ကို အဆုံးသတ်သည်။ တစ်ခြားလူတို့က သူတို့နံဘေးတွင် သူတို့ချစ်ရသူများ နှင့်အတူ မျက်လုံးပိတ်ကြသည်။ တစ်ချို့လူတို့က လေထဲမှာ သေဆုံးကြသည်။ တစ်ခြားလူတို့က ကမ္ဘာမြေကြီးအောက်တွင် သေဆုံးကြသည်။ တစ်ချို့က ရေအောက်တွင် နစ်မြုပ်သည်။ တစ်ချို့က ကပ်ဘေးများထဲတွင် ပျောက်ကွယ်သွားကြသည်။ တစ်ချို့က မနက်တွင်သေသည်။ တစ်ချို့က ညတွင်သေသည်။ လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ အလွန်ကောင်းသည့် ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမှ သူတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပါ။ မည်သူကမှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပါ။ ဤကား လူသား၏ ကံကြမ္မာပါ။ လူသားသည် သူ့အနာဂတ်အတွက် အစီအစဉ်တွေ အမျိုးမျိုးချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမှ သူတို့ မွေးဖွားသည့် ပုံစံနှင့်အချိန်၊ လောကကြီးမှ ထွက်ခွာသွားခြင်းကို မစီစဉ်နိုင်ပါ။ လူတို့က သေခြင်းကို ရှောင်ကြဉ်ပြီး ခုခံဖို့ အကောင်းဆုံးလုပ်ဆောင်ကြသည်။ သို့သော်လည်း သူတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာပါသည်။ သူတို့မည်သည့်အချိန်သေမည်ဆိုတာ သို့မဟုတ် မည်သို့သေမည်ဆိုတာကို မည်သူမှမသိပါ။ မည်သည့်နေရာတွင်ဖြစ်မည်ဆိုတာ ပို၍ပင် မသိပါ။ သေခြင်းနှင့် ရှင်ခြင်း စွမ်းအင်ကို ကိုင်ဆောင်တာက လူသားမျိုးနွယ် မဟုတ်ပါ၊ သဘာဝလောကထဲက အရာမဟုတ်ဘဲ သူ့အခွင့်အာဏာသည် အတုမရှိသည့် ဖန်ဆင်းရှင်ဆိုသည်မှာ သိသာပါသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘောဝလောက၏ နိယာမတစ်ချို့၏ ထုတ်ကုန်မဟုတ်ပါ။ ဖန်ဆင်းရှင် အခွင့်အာဏာ၏ အချုပ်အခြာအာဏာ၏ အကျိုးဆက်များ ဖြစ်ပါသည်။

၂။ ဖန်ဆင်းရှင်၏ အခွင့်အာဏာကို မသိသူသည် သေရမည်ကို ကြောက်ရွံ့ခြင်း၏ခြောက်လှန့် မှုကို ခံနေရသည်

လူတစ်ယောက်သည် အသက်ကြီးပိုင်းထဲ ရောက်လာသည့်အခါ သူရင်ဆိုင်ရသည့် စိန်ခေါ်မှုက မိသားစုကို ထောက်ပံ့ခြင်း မဟုတ်ပါ၊ သို့မဟုတ် ဘဝတွင် သူ၏ကြီးကျယ်သည့် ရည်ရွယ်ချက်ကို တည်ဆောက်ခြင်း မဟုတ်ပါ။ သူ့ဘဝကို မည်သို့နှုတ်ဆက်မည်၊ သူ့ဘဝ အဆုံးသတ်ကို မည်သို့ရင်ဆိုင်မည်၊ သူ့ကိုယ်ပိုင်ဖြစ်တည်မှု၏ အဆုံးသတ်ကာလကို မည်သို့လုပ်ရမည် စသည်တို့ ဖြစ်ပါသည်။ အပေါ်ယံတွင် လူတို့က သေခြင်းကို သိပ်အာရုံမစိုက်ဟု ထင်ရသော်လည်း ဤအကြောင်းအရာကို စူးစမ်းရှာဖွေခြင်းမပြုဘဲ မည်သူမှ မနေနိုင်ပါ။ သေခြင်း၏ ဝေးကွာသည့်တစ်ဖက်တွင် လူသားတို့ မသိရှိနိုင် သို့မဟုတ် မခံစားနိုင်သည့်၊ သူတို့ လုံးဝမသိသည့် တစ်ခြားကမ္ဘာတစ်ခု တည်ရှိနေ သလောဆိုတာကို မည်သူမှ မသိပါ။ ဤအရာက လူတို့ကို သေခြင်းနှင့် ထိပ်တိုက်လျှင်ဆိုင်ဖို့ ကြောက်လန့်စေသည်။ သူတို့မဖြစ်မနေ ကြုံတွေ့ရမည် ဖြစ်သည့်အတွက် ရင်ဆိုင်ဖို့ ကြောက်ရွံ့ကြသည်။ ဤအရာကို ရှောင်ကြဉ်ဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ထို့ကြောင့် လူတိုင်းက သေခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများနှင့် ပြည့်နေကြပြီး ဤရှောင်ကွင်းလို့မရသည့် ဘဝ၏ အချက်အလက်တစ်ခုကို ပဟေဠိများ ဖြစ်ပေါ်လာပြီး လူတိုင်း၏ နှလုံးသားတွင် အမြဲတမ်းတည်ရှိနေသည့် အရိပ်တစ်ခု ပေါ်ထွက်စေခဲ့သည်။

လူတစ်ယောက်သည် သူ့ကိုယ်ခန္ဓာက ယိုယွင်းပျက်စီးလာသည်ကို ခံစားရသည့်အခါ သေခြင်းနှင့် နီးနေပြီဖြစ်ကြောင်း သိမြင်ခံစားရသည့်အခါ မရောရာသည့် စိုးရိမ်ပူပန်မှု၊ ဖော်ပြလို့မရသည့် ကြောက်ရွံ့ခြင်းတို့ကို ခံစားရသည်။ သေခြင်းကို ကြောက်ရွံ့မှုသည် လူတစ်ယောက်ကို အထီးကျန်ပြီး အကူအညီမဲ့ခြင်းကို ခံစားရအောင် ပြုလုပ်သည်။ ဤအချိန်တွင်သူ့ကိုယ်သူမေးသည်။ လူသားက ဘယ်ကလာ သနည်း။ လူသားသည် ဘယ်ကိုသွားမည်နည်း။ သူ့ဘဝက လေပြေလေးလို သူ့ကိုကျော်ဖြတ်သွားရင်းနှင့် ဤပုံစံနှင့် လူသားက သေမည်လော။ ဤကား လူသား၏ ဘဝအဆုံးကို ညွှန်ပြသည့် ကာလလော။ အဆုံးမှာ ဘဝ၏ အဓိပ္ပါယ်က အဘယ်နည်း။ နောက်ဆုံးတော့ ဘဝက မည်မျှတန်ဖိုးရှိသနည်း။ ကျော်ကြားမှုနှင့် စည်းစိမ်တို့နှင့် ပတ်သက်သလော။ မိသားစုကို ပြုစုပျိုးထောင် ရတာနှင့် ပတ်သက်သလော။ လူတစ်ယောက်က ဤသီးသန့်မေးခွန်းများကို တွေးမိသလောနှင့် မသက်ဆိုင်ဘဲ၊ လူတစ်ယောက်က သေခြင်းကို မည်မျှ နက်နက်နဲနဲ ကြောက်သည်နှင့် မသက်ဆိုင်ဘဲ လူတိုင်း၏ နှလုံးသား နက်ရှိုင်းရာထဲတွင် ဘဝနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်ခြင်းမရှိသည့် ခံစားချက်၊ ဤအရာများနှင့် ရောနှောပြီး လောကကြီးနှင့်ပတ်သက်ပြီး တွယ်တာမှု၊ ထွက်ခွာဖို့ ဆန္ဒမရှိမှုတွေဖြစ်သည့် ဤပဟေဠိများကို စူးစမ်းစစ်ဆေးဖို့ ဆန္ဒတစ်ခု အမြဲတမ်းရှိနေမည်။ လူသား ကြောက်သည့်အရာက အဘယ်အရာနည်းဆိုတာ၊ လူသား စစ်ဆေးချင်တာက အဘယ်အရာနည်းဆိုတာ၊ သူတွယ်တာနေတာက အဘယ်အရာလဲဆိုတာ၊ ဘယ်အရာကို ထားခဲ့ဖို့ ဆန္ဒမရှိသည်ဆိုတာကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မရှင်းလင်းနိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရှာဖွေရင်းနှင့် ကုန်ဆုံးသည့်ဘဝသည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဆုံးရှုံးရလိမ့်မည်

သူတို့သည် သေခြင်းကို ကြောက်ရွံ့သည့်အတွက် လူတို့သည် အလွန် စိုးရိမ်ပူပန်ကြသည်။ သူတို့သည် သေခြင်းကို ကြောက်ရွံ့သည့်အတွက် သူတို့ လက်မလွတ်နိုင်သည့်အရာ အများကြီးရှိသည်။ သူတို့ သေဖို့ဖြစ်လာသည့်အခါ ဟိုဟိုသည်သည် စိုးရိမ်ပူပန်လာသည်။ သူတို့၏ ကလေးများ၊ သူတို့၏ ချစ်ရသူများ၊ သူတို့၏ ချမ်းသာမှုများကို စိတ်ပူပန်သည်။ စိတ်ပူနေခြင်းအားဖြင့် ဒုက္ခခံစားရတာတွေနှင့် သေခြင်းက သယ်ဆောင်လာသည့် စိုးရိမ်ပူပန်မှုများကို ဖျက်ပစ်လို့ ရမည့်အတိုင်း၊ သက်ရှိတို့နှင့် ရင်းနှီးမှုကို ထိန်းသိမ်းခြင်းအားဖြင့် သူတို့သည် သေခြင်းမှာပါဝင်လာသည့် အကူအညီမဲ့ခြင်းနှင့် အထီးကျန်ဆန်ခြင်းတို့မှ သူတို့ လွတ်မြောက်နိုင်သလိုမျိုး စိုးရိမ်နေကြသည်။ လူသား၏နှလုံးသား အနက်ပိုင်းတွင် မပီပြင်သေးသည့် ကြောက်ရွံ့မှုများ၊ ချစ်ရသူနှင့် ခွဲခွာရမည့် ကြောက်ရွံ့မှု၊ အပြာရောင်ကောင်းကင်ကို ဘယ်သောအခါမှ မကြည့်ရတော့မည့်၊ ရုပ်ဝတ္ထုကမ္ဘာကို ဘယ်သောအခါမှ နောက်တစ်ကြိမ် မကြည့်ရတော့မည့် ကြောက်ရွံ့မှုမျိုး တည်ရှိပါသည်။ သူချစ်ရသည့်သူနှင့် အဖော်လုပ်လေ့ရှိသည့် အထီးကျန်သည့် ဝိညာဉ်သည် သူ့ဆုပ်ကိုင်မှုကို ဖယ်ခွာပြီး မသိမမြင်ရသည့် မနီးစပ်သည့် ကမ္ဘာကို တစ်ယောက်တည်း သွားဖို့ ဆန္ဒမရှိကြပါ။

၃။ အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရှာဖွေရင်းနှင့် ကုန်ဆုံးသည့်ဘဝသည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဆုံးရှုံးရလိမ့်မည်

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်သတ်မှတ်ခြင်းတို့ကြောင့် သူ့အမည်တွင် ဘာမှ မရှိခြင်းကနေ စတင်လာသည့် အထီးကျန်နေသည့် ဝိညာဉ်သည် မိဘနှင့် မိသားစုကို ရရှိလာသည်။ လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေး၊ လူသားဘဝကို ကြုံတွေ့ဖို့နှင့် ကမ္ဘာကိုကြည့်ဖို့ အခွင့်အရေးတွေကို ရရှိလာပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်အားဖြင့် ဖန်ဆင်းခြင်း၏ ထူးခြား ဆန်းပြားမှုတွေကို သိရှိဖို့၊ အားလုံးထဲမှာမှ ဖန်ဆင်းရှင်၏ အခွင့်အာဏာကို သိပြီး သက်ရောက်မှု ရှိလာစေဖို့ အခွင့်အရေးတွေကို ရရှိပါသည်။ သို့သော်လည်း လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် မဖမ်းဆုပ်ကြပါ။ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရင်း ဘဝတစ်ခုလုံးနှင့်တန်သည့် စွမ်းအင်များကို သုံးပစ်ကြသည်။ မိသားစုကို ကျွေးမွေးဖို့ ကြိုးစားရင်း လှုပ်ရှားရုန်းကန်ရင်း၊ ချမ်းသာခြင်းနှင့် အဆင့်အတန်း အကြားတွင် အပြန်အလှန် ကူးသန်းသွားလာရင်း အချိန်အားလုံး ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့ သည် မိသားစု၊ ပိုက်ဆံနှင့် ကျော်ကြားမှုများ ဖြစ်သည်။ ဤ အရာတို့ကို ဘဝမှာ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက သူတို့၏ကံကြမ္မာနှင့် ပတ်သက်ပြီး ညည်းညူကြသည်။ သို့သော်လည်း စမ်းသပ်ကြည့်ရှုပြီး နားလည်ဖို့အတွက် အလွန်အရေးကြီးသည့် မေးခွန်းကို သူတို့ လျစ်လျူရှုထားကြဆဲပင်ဖြစ်သည်။ လူသားက အဘယ်ကြောင့်အသက်ရှင်သည်၊ မည်သို့အသက်ရှင်ရမည်၊ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပါယ်က အဘယ်နည်းတို့ဖြစ်ကြသည် စသည်တို့ဖြစ်သည်။ သူတို့၏ဘဝတစ်လျှောက်လုံး နှစ်တွေမည်မျှကြာပါစေ၊ သူတို့၏ ငယ်ရွယ်နုပျိုခြင်း ကုန်ဆုံးသွားသည့်အထိ၊ ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည့်အထိ၊ အောင်မြင်မှုနှင့် စည်းစိမ်က အသက်ကြီးပြီးဖြစ်သည့် ရောဂါများကို မရပ်တန့်နိုင်၊ ပိုက်ဆံက နှလုံးသား၏ ဟာလာဟင်းလင်းဖြစ်မှုကို မဖြည့်ဆည်း ပေးနိုင်ဆိုတာကို သူတို့မြင်သည့်အထိ၊ မွေးဖွားခြင်း နိယာမ၊ အသက်အရွယ်ကြီးခြင်း၊ ဖျားနာခြင်း၊ သေခြင်းတို့ကနေ မည်သူမှ မကင်းလွတ်နိုင်၊ ကံကြမ္မာ၏ စီရင်မှုကနေ မည်သူမှ မလွတ်မြောက် နိုင်ဆိုသည်ကို သူတို့နားလည်သည့်အထိ အောင်မြင်မှုနှင့် စည်းစိမ်တို့ကို သူတို့ အပြေးအလွှား ကြိုးစားရှာဖွေ ကြသည်။ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို သူတို့ရင်ဆိုင်ဖို့ ဖြစ်လာသည့်အခါမှသာ သူတို့သည် လူတစ်ယောက်က ပိုင်ဆိုင်မှုပစ္စည်းများ သန်းချီပြီး ပိုင်ဆိုင်သည့်တိုင်၊ အထူးအခွင့်အရေးများရပြီး အဆင့်မြင့်နေသည့်တိုင်၊ မည်သူမှ သေခြင်းမှ မလွတ်မြောက်နိုင်သည်ကို သူတို့အမှန်တကယ် နားလည်ကြသည်။ လူတိုင်းက သူ၏ သို့မဟုတ် သူမ၏ မူလနေရာကို ပြန်သွားရလိမ့်မည်။ အဘယ်အရာမှမရှိသည့် တစ်ခုတည်းသော ဝိညာဉ်ဖြစ်သည်။ လူတစ်ယောက်က မိဘများ ရှိသည့်အခါ သူ့မိဘများက သူ့အတွက် ဘဝဖြစ်သည်။ လူတစ်ယောက်က ပိုင်ဆိုင်မှုများ ရှိသည့်အခါ ပိုက်ဆံသည် အဓိကအစိတ်အပိုင်းဖြစ်သည်၊ ဘဝတွင် တန်ဖိုးရှိသည့်ပစ္စည်းပဲလို့ ထင်မြင်ကြသည်။ လူတို့ သည် အဆင့်အတန်းရှိသည့်အခါ ထိုအရာအပေါ်မှာ စွဲမြဲစွာ တွယ်ကပ်နေပြီး ဤအရာများအတွက် သူတို့ဘဝကို စွန့်ကြသည်။ လူတို့က ဤကမ္ဘာကို စွန့်ခွာရတော့မည့် အချိန်မှသာ သူတို့ဘဝ၏ အချိန်များကို အသုံးချပြီး ကြိုးစားရှာဖွေခဲ့သည့် ဤ အရာများသည် တစ်ခဏပဲရှိသည့်တိမ်တွေလို၊ သူတို့စွဲကိုင်ထားနိုင်သည့် မည်သည့်အရာမှ မရှိကြောင်း၊ သူတို့နှင့်အတူ ယူသွားနိုင်သည့် မည်သည့်အရာမှမရှိကြောင်း၊ မည်သည့်အရာကမှ သူတို့ကို သေခြင်းကနေ ကင်းလွတ်အောင် မလုပ်နိုင်ကြောင်း၊ အထီးကျန်သည့် ဝိညာဉ်ကို သူ့အပြန်လမ်းမှာ မည်သူကမှ အဖော်လုပ်ပြီး နှစ်သိမ့်မပေးနိုင်ကြောင်း သိမြင်ပြီး၊ အဆိုးဆုံးက မည်သည့်အရာကမှ လူတစ်ယောက်ကို ကယ်တင်ခြင်းပေးပြီး သေခြင်းကို ကျော်လွန်နိုင်ဖို့ မလုပ်ပေးနိုင်ဘူးဆိုတာကို သိမြင်လိုက်ရသည်။ ဤရုပ်ဝတ္ထုလောကတွင် လူတစ်ယောက်ရသည့် အောင်မြင်မှုနှင့် စည်းစိမ်တို့သည် ယာယီစိတ်ကျေနပ်မှု၊ ခဏတာ သာယာမှု၊ အတုအယောင် စိတ်သက်သာစေမှုတို့ကိုပေးပြီး သူ့ကို လမ်းပျောက်စေပါသည်။ ထို့ကြောင့် လူတို့သည် ငြိမ်းချမ်းမှု၊ စိတ်သက်သာရာရမှု၊ နှလုံးငြိမ်းချမ်းမှုတို့ကို လိုလားတောင့်တရင်း လူသားမျိုးနွယ်၏ ကျယ်ပြန့်သည့် ပင်လယ်ကြီးထဲ ယက်ကန်ယက်ကန်ဖြစ်နေရင်း လှိုင်းလုံးများအောက်တွင် ကြိမ်ဖန်များစွာ နစ်မြုပ်ကြရသည်။ သူတို့ဘယ်ကလာသည်၊ အဘယ်ကြောင့်အသက်ရှင်နေသည်၊ ဘယ်ကိုသွားမည် စသည့် နားလည်ဖို့ အလွန်အရေးကြီးသည့် မေးခွန်းများကို လူတို့ အဖြေမထုတ်နိုင်ခင် သူတို့သည် အောင်မြင်မှုနှင့် စည်းစိမ်များအားဖြင့် ဆွဲဆောင်ခံရပြီး၊ လှည့်စားခံရပြီး၊ ဤအရာများနှင့် ထိန်းချုပ်ခံရပြီး ပြောင်းလဲလို့မရဘဲ ဆုံးရှုံးကြရသည်။ အချိန်က ကုန်မြန်လွန်းသည်။ မျက်စိတစ်မှိတ် အတွင်း နှစ်တွေကုန်ဆုံးသွားသည်။ သတိမပြုလိုက်မိခင်မှာ သူ့ဘဝ၏ အကောင်းဆုံး နှစ်များကို နှုတ်ဆက်လိုက်ရသည်။ လူတစ်ယောက်သည် မကြာခင် လောကကြီးမှ ထွက်ခွာရတော့မည့်အချိန်တွင်၊ လောကကြီးတွင်ရှိသည့် အရာအားလုံးသည် အဝေးကို ရွေ့သွားနေသည်ကို တဖြည်းဖြည်း သတိပြုမိသည့်အချိန် ရောက်လာသည့်အခါ၊ သူပိုင်ဆိုင်ခဲ့သည့် အရာ များကို ထပ်ပြီး ကိုင်စွဲမထားနိုင် တော့သည့်အခါ၊ လောကထဲမှာ အခုလေးတင် ထွက်ပေါ်လာသည့် အော်ဟစ်ငိုယိုနေသည့် မွေးကင်းစကလေး တစ်ယောက်ကဲ့သို့ အဘယ်အရာမှ မပိုင်ဆိုင်သေးဘူးဆိုတာကို အမှန်တကယ် ခံစားလိုက်ရသည်။ ဤအချိန်တွင် သူသည် ဘဝမှာ ဘာတွေလုပ်ခဲ့သနည်း၊ အသက်ရှင်ရတာ မည်သို့တန်ဖိုးရှိသနည်း၊ ဘဝက မည်သည့်အဓိပ္ပါယ်လဲ၊ လောကထဲကို အဘယ်ကြောင့် ရောက်လာသနည်းဆိုတာတွေကို ဆင်ခြင်သုံးသပ်ဖို့ ဖြစ်လာရသည်။ ဤအချိန်တွင် နောက်ဘဝ တကယ်ရှိသလော ၊ ကောင်းကင်ဘုံက တကယ်ပဲ တည်ရှိသလော၊ အပြစ်ဒဏ်ခံရခြင်း တကယ်ရှိသလော ဆိုတာတွေကို ပိုပြီးသိချင်လာသည်။ သေခြင်းနှင့် နီးကပ်လာလေ၊ ဘဝဆိုတာ တကယ်တော့ အဘယ်သို့နည်းဆိုတာကို ပိုပြီး နားလည်ချင်လာလေ၊ သေခြင်းနှင့် နီးကပ်လာလေ၊ နှလုံးသားက ဘာမှမရှိသလို ဖြစ်လာလေ၊ သေခြင်းနှင့် နီးကပ်လာလေ၊ အကူအညီမဲ့သလို ပိုပြီး ခံစားရလေ ဖြစ်လာသည်။ ဤကဲ့သို့သေခြင်းကို ကြောက်ရွံ့မှုသည် တဖြည်းဖြည်း ပုံမှန်ကြီးထွားလာသည်။ လူတို့က သေခြင်းနှင့် နီးကပ်လာသည့်အခါ အဘယ်ကြောင့် ဤကဲ့သို့ပြုမူကြသနည်းဆိုသည့် အကြောင်းရင်းနှစ်ချက်ရှိသည်။ ပထမအချက်က သူတို့သည် သူတို့ဘဝမှာ အမှီပြုခဲ့သည့် ကျော်ကြားခြင်းနှင့် ချမ်းသာခြင်းတို့ကို ဆုံးရှုံးရတော့မည်။ လောကမှာ မြင်နိုင်သည့် အရာများအားလုံးကို ထားခဲ့ရတော့မည်။ ဒုတိယအချက်က သူတို့ ကြောက်ရွံ့သည့် သူတို့ရောက်လာမည့်နေရာ၊ ချစ်ခင်ရသည့်သူများနှင့် ကူညီထောက်ပံ့ပေးမည့်သူများ မရှိသည့်နေရာဖြစ်သည့် သူတို့နှင့် မရင်းနှီးသည့်ကမ္ဘာ၊ ဆန်းကြယ်ပြီး မသိမြင်နိုင်သည့် နယ်ပယ်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည်။ ဤအကြောင်းရင်း နှစ်ချက်ကြောင့် သေခြင်းကို ရင်ဆိုင်ရသည့်သူတိုင်းသည် စိတ်မသက်သာမှုကို ခံစားရသည်။ ယခင်က တစ်ခါမှ မကြုံခဲ့ဖူးသည့် ထိတ်လန့်မှုနှင့် အကူအညီမဲ့သည့် ခံစားမှုကို ကြုံတွေ့ကြရသည်။ လူတို့က ဤ နေရာကို အမှန်တကယ် ရောက်လာသည့် အခါမှသာ လူတစ်ယောက် ကမ္ဘာမြေကြီးပေါ်မှာ အခြေချသည့်အခါ သူနားလည်ရမည့် ပထမဆုံးအရာက လူသားက မည်သည့်အရပ်ကနေလာသနည်း၊ လူတွေ အဘယ်ကြောင့် အသက်ရှင်နေသနည်း၊ လူသားကံကြမ္မာကို မည်သူ အုပ်ချုပ်သနည်း၊ လူသားတို့ ဖြစ်တည်မှုအပေါ် မည်သူက အချုပ်အခြာအာဏာရှိပြီး ပံ့ပိုးပေးသနည်း ဆိုတာတွေဖြစ်သည်ကို သိမြင်လာသည်။ လူသား ရှင်သန်ရပ်တည်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံ အချက်အလက်များဖြစ်သည့် ဤအချက်များက ဘဝတွင် စစ်မှန်သည့် တန်ဖိုးရှိသည့် အရာများ ဖြစ်ပါသည်။ မိသားစုကို မည်သို့ထောက်ပံ့ရမည် သို့မဟုတ် ကျော်ကြားမှုနှင့် ချမ်းသာမှုကို မည်သို့ ရယူရမည် စသည်တို့ကို သင်ယူခြင်းမဟုတ်ပါ။ အားလုံးထက်သာအောင် မည်သို့လုပ်ရမည် သို့မဟုတ် ပိုပြီး ချမ်းသာသည့် ဘဝကို မည်သို့နေထိုင်ရမည် ဆိုတာတွေကို သင်ယူခြင်းမဟုတ်ပါ။ မည်သို့ထူးချွန်အောင်နှင့် တစ်ခြားလူတွေထက် အောင်မြင်စွာပြီးမြောက်အောင် မည်သို့လုပ်ရမည်ကို သင်ယူခြင်းက ပို၍ မဟုတ်ပါ။ လူတို့သည် သူတို့၏ ဘဝအချိန် များကို အသုံးချပြီး ကျွမ်းကျင်အောင် သင်ယူခဲ့သည့် ရှင်သန်ရပ်တည်ရေး ပညာအမျိုးမျိုးတို့က ရုပ်ဝတ္ထုဆိုင်ရာ စိတ်သက်သာရာရခြင်း အများကြီး ပေးအပ်နိုင်သော်လည်း နှလုံးသားအတွက် နှစ်သိမ့်မှုနှင့် စစ်မှန်သည့်ငြိမ်းချမ်းမှုတို့ကို ဘယ်သောအခါမှ သယ်ဆောင်မလာပါ။ ဤကဲ့သို့မဟုတ်ဘဲ လူတို့ကို သူတို့၏ ဦးတည်ချက်များ အမြဲတမ်း ဆုံးရှုံးစေသည်။ သူတို့ကိုယ်သူတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသည်။ ဘဝ၏အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတိုင်းကို လွဲချော်စေသည်။ ထို့နောက် ဤအရာများက သေခြင်းကို မည်သို့ သင့်လျော်စွာ ရင်ဆိုင်ရမည်ဆိုတာ၏ အောက်မှာရှိသည့် ပြဿနာတွေကို ဖန်တီးသည်။ ဤနည်းလမ်းနှင့် လူတို့၏ ဘဝများ ပျက်စီးရသည်။ ဖန်ဆင်းရှင်က သူ၏ အချုပ်အခြာအာဏာကို ကြုံတွေ့ပြီး သိရှိဖို့အတွက် လူတိုင်းကို တစ်ဘဝလုံးအတွက် ထိုက်တန်သည့် အခွင့်အလမ်းများ ပေးပြီး လူတိုင်းကို မျှတစွာ ပြုမူဆက်ဆံပါသည်။ သို့သော်လည်း သေခြင်းက နီးကပ်လာသည့် အခါမှသာ၊ သေခြင်း၏ ခြောက်လှန့်မှုက နီးကပ်လာသည့် အခါမှသာ အလင်းကို စတင်မြင်လာသည်။ ထို့နောက်မှာတော့ အလွန်နောက်ကျသွားပါပြီ။

ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ လာပြီး သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်ပါ

လူတို့သည် ပိုက်ဆံနှင့် ကျော်ကြားမှုနောက် လိုက်ရင်း သူတို့၏ဘဝကို ကုန်ဆုံးကြသည်။ သူတို့သည် ဤအရာတွေရှိ နေခြင်းကြောင့် သူတို့ဆက်ပြီးရှင်သန်နိုင်မလိုလို၊ သေခြင်းကနေ လွတ်ကင်းနိုင်သလိုလိုနှင့် ဤအရာများက သူတို့၏ အဓိက အထောက်အပံ့များပဲလို့ တွေးထင်ရင်းနှင့် ဤကောက်ရိုးမျှင်များကို ဆုပ်ကိုင် ကြသည်။ သို့သော်လည်း သူတို့သည် သေခြင်းနှင့် နီးကပ်လာသည့်အခါမှသာ ဤအရာများနှင့် သူတို့ မည်မျှဝေးကွာသနည်း၊ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူတို့မည်မျှ အားနည်းသနည်းသည်၊ သူတို့မည်မျှ လွယ်လွယ် ကျိုးပဲ့ကြေမွသနည်းဆိုတာ၊ ဘယ်ကိုမှ သွားစရာမရှိဘဲ သူတို့မည်မျှ အထီးကျန်ပြီး အကူအညီမဲ့ ဖြစ်နေသည်ကို သိမြင်ကြသည်။ ဘဝသည် ပိုက်ဆံ သို့မဟုတ် ကျော်ကြားမှုနှင့် ဝယ်၍မရနိုင်၊ လူတစ်ယောက်က မည်မျှချမ်းသာပါစေ၊ သူသို့မဟုတ် သူမ၏ အဆင့်နေရာက မည်မျှ မြင့်မြတ်ပါစေ၊ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ လူအားလုံးသည် ညီတူညီမျှ နိမ့်ကျပြီး အရေးမပါဘူးစသည်တို့ကို သူတို့ သိမြင်ကြသည်။ ပိုက်ဆံက ဘဝကို မဝယ်ယူနိုင်၊ ကျော်ကြားမှုက သေခြင်းကို မဖျက်ပစ်နိုင်၊ ပိုက်ဆံ သို့မဟုတ် ကျော်ကြားမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင် ကြောင်းကို သူတို့ သိမြင်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တောင့်တလေဖြစ်သည်။ လူတို့က ဤကဲ့သို့ လိုခံစားရလေ၊ သေခြင်းနီးကပ် လာတာကိုပိုပြီး စိုးရိမ်ပူပန်လေ ဖြစ်ကြသည်။ ဤအချိန်မှသာ သူတို့၏ဘဝကို သူတို့မပိုင်ဆိုင်ပါ၊ သူတို့မထိန်းချုပ်နိုင်ပါ၊ သေခြင်း၊ ရှင်ခြင်းနှင့်ပတ်သက်ပြီး ထိန်းချုပ်နိုင်စွမ်း မရှိပါ၊ ဤ အရာများ အားလုံးကို သူမထိန်းချုပ်နိုင်ခြင်းကို အမှန်တကယ် သိမြင်လာကြသည်။

၄။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ လာပြီး သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်ပါ

လူတစ်ယောက် မွေးဖွားသည့် အချိန်ခဏတွင် အထီးကျန်သည့် ဝိညာဉ်တစ်ခုသည် ကမ္ဘာမြေကြီးပေါ်က ဘဝအတွေ့အကြုံ၊ ဖန်ဆင်းရှင် သူ့အတွက် စီစဉ်ပေးထားသည့် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို ကြုံတွေ့ရမှုတို့ စတင်ပါသည်။ ပြောစရာမလိုပါ။ ၄င်းသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ရရှိဖို့၊ သူ့ အခွင့်အာဏာကို သိဖို့နှင့် ကိုယ်တိုင် တွေ့ကြုံရဖို့၊ ဤလူအတွက်၊ ဝိညာဉ်အတွက်၊ သိပ်ကောင်းသည့် အခွင့်အလမ်းဖြစ်ပါသည်။ လူတို့သည် ဖန်ဆင်းရှင်က သူတို့အတွက် ချမှတ်ပေးခဲ့သည့် ကံကြမ္မာ၏ နိယာမအောက်တွင် နေထိုင်ကြပြီး အသိစိတ်ရှိသည့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်သည့် သူများအတွက် ကမ္ဘာပေါ်မှာ သူတို့၏ ဆယ်စုနှစ်များစွာ၏ လမ်းကြောင်းများပေါ်တွင် ဖန်ဆင်းရှင်၏ အခွင့်အာဏာကိုသိပြီး သူ့၏ အချုပ်အခြာအာဏာကို နားလည်သိမြင်ဖို့က ခက်ခဲသည့်အရာ မဟုတ်ပါ။ ထို့ကြောင့် လူသား၏ ကံကြမ္မာအားလုံးသည် ကြိုတင်သတ်မှတ် ထားသည်၊ အသက်ရှင်ခြင်း၏ အဓိပ္ပါယ်ကို နားလည်ဖို့၊ ခြုံငုံသိမြင်နိုင်ဖို့ သူသို့မဟုတ် သူမ၏ ဆယ်စုနှစ်များစွာရှိသည့် ဘဝအတွေ့အကြုံများမှတစ်ဆင့် လူတိုင်းသိမြင်နိုင်ဖို့ အလွန်လွယ်ကူမည်။ တစ်ချိန်တည်းတွင် ဤ ဘဝသင်ခန်းစာများကို လက်ခံပြီး ဘဝက ဘယ်ကနေလာသည်၊ နှလုံးသားက အဘယ်အရာကို အမှန်တကယ် လိုအပ်သည်၊ ဘယ်အရာက မှန်ကန်သည့် ဘဝလမ်းကြောင်းကို လမ်းညွှန်ပေးမနည်း၊ လူသားဘဝ၏ တာဝန်နှင့် ပန်းတိုင်က အဘယ်အရာတွေဖြစ်ရမည်ဆိုတာကို တဖြည်းဖြည်း နားလည်လာပါ လိမ့်မည်။ ဖန်ဆင်းရှင်ကို မကိုးကွယ်လျှင်၊ သူ့အုပ်စိုးမှုအောက်ကို မလာလျှင်၊ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ဝိညာဉ်က ဖန်ဆင်းရှင်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မည့် အခါ၊ သူ့နှလုံးသားသည် အကန့်အသတ်မရှိသည့် စိုးရိမ်မှုများ၊ စိတ်မသက်မသာမှုများ ပြည့်နေမည်ကို တဖြည်းဖြည်းနှင့် သိမြင်လာပါလိမ့်မည်။ လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် ဆယ်စုနှစ်များစွာ တည်ရှိခဲ့ပြီး လူသားဘဝက မည်သည့်အရပ်ကလာသည်ဆိုတာကို မသိသေးလျှင်၊ လူသားကံကြမ္မာက ဘယ်သူ့လက်ထဲမှာ ရှိသည်ဆိုတာကို သတိမပြုမိသေးလျှင်၊ သူသို့မဟုတ် သူမသည် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်မဆိုင်နိုင်ဖြစ်မှာ မဆန်းပါ။ ဘဝတွင် ဆယ်စုနှစ်များစွာ ဖြတ်သန်းပြီးနောက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိမြင်မှုကို ရရှိခဲ့သည့် လူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအပေါ်မှာ မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် အမှန်တကယ် အတွေ့ကြုံရှိ၊ နားလည်မှုရှိပြီး ဘဝအပေါ် လေးနက်သည့်အသိပညာရှိသည့် လူတစ်ယောက် ဖြစ်ပါသည်။ ထို့နောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို လိုက်လျှောက်နိုင်သည့်သူ ဖြစ်ပါသည်။ ဤလိုလူမျိုးသည် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်နေ့တစ်နေ့မှာ သူ့ဆီကို ပြန်သွားလိမ့်မည်ဆိုတာကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာအာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ အခွင့်အာဏာအားဖြင့် ကြိုတင်သတ်မှတ် ထားသည်ကို နားလည်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဤ အရာများကို အမှန်တကယ် နားလည်သိမြင်လာသည့်အခါ သေခြင်းကို မျက်စိ စုံမှိတ်ပြီး စိုးရိမ်ပူပန်ပြီး ဆန့်ကျင်ရုန်းကန်နေမည့်အစား သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ ရုပ်ဝတ္ထုဆိုင်ရာ ပိုင်ဆိုင်မှုတွေကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်။ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာ နာခံနိုင်သည်။ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်သည်။ ဘဝသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံပြီး သူ့၏ အခွင့်အာဏာကို သိမြင်လာရဖို့ အခွင့်အလမ်းတစ်ရပ်လို့ ထင်မြင်လျှင်၊ ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် သူ့တာဝန်ကို လုပ်ဆောင်ပြီး သူ့၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်ရေးအနေနှင့် သူ့ဘဝကို မြင်လျှင် သူသည် ဘဝအပေါ်မှာ သေချာပေါက် မှန်ကန်သည့်အမြင် ရှိပါသည်။ ဖန်ဆင်းရှင်က ကောင်းကြီးပေးပြီး လမ်းညွှန်သည့် ဘဝကို နေထိုင်ပါလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲမှာ လျှောက်လှမ်းပါလိမ့်မည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိပြီး သူ့အုပ်စိုးမှုအောက်ကို လာလိမ့်မည်။ သူ့၏ ထူးခြားသည့်လုပ်ဆောင်မှုနှင့် သူ့၏ အခွင့်အာဏာအတွက် မျက်မြင်သက်သေ ဖြစ်လာပါမည်။ ပြောစရာမလိုပါ။ ဤလိုလူမျိုးကို ဖန်ဆင်းရှင်က သေချာပေါက် ချစ်ပြီး လက်ခံလိမ့်မည်။ ထို့နောက် ဤလိုလူမျိုးကသာ သေခြင်းနှင့်ပတ်သက်ပြီး တည်ငြိမ်သည့် စိတ်သဘောကို စွဲကိုင်ထားနိုင်မည်။ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ပျော်ရွှင်စွာနှင့် ကြိုဆိုနိုင်ပါမည်။ ယောဘက သေခြင်းနှင့်ပတ်သက်လို့ ဤကဲ့သို့သော သဘောထားမျိုးကို ကိုင်ဆောင်ခဲ့တာ သိသာပါသည်။ သူသည် ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်ပါသည်။ သူ့ဘဝခရီးကို ချောမွေ့သည့် နိဂုံးချုပ်ကို သယ်ဆောင်လာပြီးနောက်၊ ဘဝတွင် သူ့တာဝန်ကို ပြီးပြည့်စုံစေခဲ့ပြီးနောက်မှာ ဖန်ဆင်းရှင်ဆီကို သူပြန်သွားခဲ့သည်။

၅။ ယောဘ၏ ဘဝတွင် ကြိုးစားအားထုတ်မှု များနှင့် အကျိုးအမြတ်ရရှိမှု များကြောင့် သေခြင်းကို သူ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သည်

ယောဘ၏ ဘဝတွင် ကြိုးစားအားထုတ်မှု များနှင့် အကျိုးအမြတ်ရရှိမှု များကြောင့် သေခြင်းကို သူ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သည်

ယောဘအကြောင်း ရေးထားသည့် ကျမ်းပိုဒ်တွင်- “ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘ ၄၂:၁၇) ဤတွင် ယောဘက သေဆုံးသွားသည့်အခါ နောင်တရခြင်းများ မရှိပါ။ နာကျင်မှုမခံစားရဘဲ ဤ ကမ္ဘာမှ သဘာဝအလျောက် ထွက်ခွာသွားခဲ့သည်ဟု ဆိုလိုပါသည်။ ယောဘက သူအသက်ရှင်နေစဉ်အတွင်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်ကို လူတိုင်း သိပါသည်။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကို ချီးကျူးသည်။ လူတွေက ဒါတွေကို သတိရကြသည်။ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူ အဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ဖို့ ထိုက်တန်ပါသည်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်အချိန်များအတွင်း သူသည် ယခင် ကထက် ပိုပြီး တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ညီညွတ်မျှတသည့်၊ ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့်၊ ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့် ဘုရားသခင်က သူ့ကို ကိုယ်ထင်ပြပြီး သူနှင့်တိုက်ရိုက် စကားပြောခဲ့သည်။ ထို့ကြောင့် သူအစစ်ဆေးခံရပြီး နောက်ပိုင်းနှစ် များတွင် ယောဘသည် ဘဝတန်ဖိုးကို ပိုပြီးစစ်မှန်သည့် နည်းလမ်းနှင့် နားလည်ပြီး အသိအမှတ်ပြုခဲ့သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လေးနက်သည့် နားလည်မှုကို ရယူနိုင်ခဲ့သည်။ ဖန်ဆင်းရှင်က သူ့ကောင်းချီးများကို မည်သို့ပေးအပ်ပြီး မည်သို့ပြန်လည်ယူဆောင်သည် ဆိုသည့်အပေါ်မှာ ပိုပြီးတိကျ သေချာသည့် အသိပညာကို ရခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် ယောဘကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့ ပိုကောင်းသည့် နေရာတစ်ခုကို ချပေးရင်း ယခင်ကထက် ပိုကြီးမားသည့် ကောင်းချီးများကို ယောဘ အား ချပေးသနားခဲ့ကြောင်း သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။ ထို့ကြောင့် ယောဘက သူအသက်အရွယ် ကြီးရင့်လာပြီး သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူပိုင်ဆိုင်သည့် ပစ္စည်းများနှင့် ပတ်သက်၍ စိတ်ပူပန်မှုမဖြစ်ရန် သေချာပါသည်။ သူ့မှာ စိုးရိမ်ပူပန်မှုမရှိခဲ့ပါ။ နောင်တရခြင်းတွေ မရှိပါ။ သေခြင်းကိုလည်း မကြောက်တော့ပါ။ ဘုရားသခင်ကို ကြောက်ရွံ့သည့်၊ မကောင်းမှုကို ရှောင်ကြဉ်သည့် နည်းလမ်းများနှင့် သူ့ဘဝတစ်ခုလုံး လျှောက်လှမ်းခဲ့၍ သူ၏အဆုံးသတ်အတွက် စိုးရိမ်ပူပန်စရာ အကြောင်းမရှိခဲ့ပါ။ ယောဘက သူ၏သေခြင်းကို ရင်ဆိုင်ရသည့်အခါ ပြုလုပ်ခဲ့သည့် နည်းလမ်းများအားလုံးနှင့် ယနေ့ လူမည်မျှက ပြုလုပ်နိုင်ပါသနည်း။ ဤလိုရိုးရှင်းသည့် အပြင်ပန်း အပြုအမူမျိုးကို အဘယ်ကြောင့် မည်သူကမှ မထိန်းသိမ်းနိုင်သနည်း။ အကြောင်းပြချက်က တစ်ခုပဲရှိသည်။ ယောဘက ကိုယ်ပိုင် ကြိုးစား အားထုတ်သည့် ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နာခံမှုတို့နှင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ် များတွင်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့နှင့် ဖြတ်သန်းခဲ့သည်၊ သူ၏ နောက်ဆုံးသော နှစ်များတွင် ရှင်သန်ခဲ့သည်။ သူ့ဘဝ၏ နောက်ဆုံးဆုံမှတ်ကို တွေ့ဆုံခဲ့သည်။ ယောဘက မည်သည်တို့ကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝ တွင် သူ၏ ကြိုးစားအားထုတ်မှုနှင့် ပန်းတိုင်က ပျော်ရွှင်ခဲ့ပြီး မနာကျင်ခဲ့ရပါ။ ဖန်ဆင်းရှင်က သူ့ကို ချပေးသနားခဲ့သည့် ကောင်းချီးနှင့် ချီးမြှောက်ခြင်း တို့ကြောင့်သာမဟုတ်ဘဲ ပိုအရေးကြီးသည့် သူ၏ ကြိုးစားအားထုတ်မှုနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တဖြည်းဖြည်း အမှန်တကယ် နားလည်ခြင်းနှင့် သိမြင်ခြင်းတို့ကြောင့် ဖြစ်သည့်အပြင် ဖန်ဆင်းရှင်၏ သက်ရောက်မှုတစ်ခုအနေနှင့် သူ့အချိန်ကာလအတွင်းတွင် ယောဘကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အံ့သြစရာကောင်းသည့် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ ယှဉ်တွဲရပ်တည်မှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာ အချိန်များကြောင့်၊ ဖန်ဆင်းရှင်၏ အလိုကိုသိခြင်းကနေ လာသည့် စိတ်သက်သာရာရခြင်းနှင့် ပျော်ရွှင်မှုများကြောင့်၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည်ဖြောင့်မတ်သည် ဆိုတာတွေကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကြည်ညိုမှုများကြောင့် ဖြစ်ပါသည်။ ယောဘက မည်သည့်ဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ရသည့် အကြောင်းက သေပြီးသည့်အခါ သူသည် ဖန်ဆင်းရှင်၏နေရာကို ပြန်ရမည်ကို သိသည့်အတွက် ဖြစ်သည်။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့၏ အသက်ကို ပြန်ယူမည့်အဖြစ်ကို ညီမျှသည့်နှလုံးသားနှင့် ရင်ဆိုင်ဖို့၊ ဒါ့အပြင် ဖန်ဆင်းရှင်၏ရှေ့ တွင် အထောက်အပံ့ မလိုပဲ အပြစ်ကင်းစွာ ရပ်နိုင်ဖို့ကို ဖြစ်စေခဲ့တာက ဘဝတွင် သူ့၏ကြိုးစားအားထုတ်မှုများနှင့် ရရှိမှုများ ဖြစ်ပါသည်။ ယောဘပိုင်ဆိုင်ခဲ့သည့် ပျော်ရွှင်မှုမျိုးကို ဤ နေ့ခေတ်လူတို့ ရယူနိုင်ပါသလော။ သင်တို့ ဤကဲ့သို့လုပ်နိုင် ပါသလော။ ဤနေ့ခေတ်လူတို့တွင် ယောဘကဲ့သို့ အဘယ်ကြောင့်ပျော်ရွှင်စွာ မနေနိုင်ကြသနည်း။ သေခြင်းကို ကြောက်ရွံ့ခြင်း၏ ဒုက္ခမှ အဘယ်ကြောင့် မလွတ်မြောက်နိုင်သနည်း။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ လူအချို့တို့က ကြောက်သေးများပါကုန်ကြသည်။ တစ်ချို့က တဆတ်ဆတ်တုန်ကြသည်။ မူးမေ့ကြသည်။ ကောင်းကင်ဘုံနှင့် လူသားတို့နှင့် ဆင်တူသမျှကို တိုက်ခိုက်သည်။ ငိုကြွေးမြည်တမ်းခြင်း ပင် ပြုလုပ်ကြသည်။ ၄င်းတို့သည် သေခြင်းနီးကပ်လာသည့်အခါ ဖြစ်ပေါ်သည့် ရုတ်တရက် တုံ့ပြန်မှုများ မဟုတ်ပါ။ လူတို့က ဤကဲ့သို့ အရှက်ရစေသည့် ပုံစံများပြုမူကြခြင်းသည် အဘယ်ကြောင့်နည်းဆိုလျှင် သူတို့နှလုံးသား အတွင်းပိုင်းထဲတွင် သေခြင်းကို ကြောက်ရွံ့သည့်အတွက်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ အစီအစဉ်တွေအပေါ် ရှင်းလင်းစွာသိမြင်မှု၊ အသိအမှတ်ပြုမှု မရှိသည့်အတွက်၊ ဤအရာ များကို အမှန်တကယ် လိုက်လျှောက်ဖို့ ပိုဝေးသွားပြီး လူတို့ သည် သူတို့၏ ကိုယ်ပိုင်ကံကြမ္မာ၊ သူတို့၏ကိုယ်ပိုင် အသက်ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ်ဖို့ အရာအားလုံးကို သူတို့ဖာသာ စီစဉ်အုပ်ချုပ်ဖို့သာ အလိုရှိကြသည့်အတွက် ဖြစ်ပါသည်။ ထို့ကြောင့် လူတို့က သေခြင်းကို ကြောက်ရွံ့မှုမှ ဘယ်သောအခါမှ မလွတ်မြောက်နိုင်ခြင်းသည် မထူးဆန်းပါ။

၆။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းအားဖြင့်သာ သူ့ဆီကို ပြန်လာနိုင်သည်

ဘုရားရှိခိုးကြောငျး

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏အစီအစဉ်ကို ရှင်းလင်းသည့် သိမြင်မှုနှင့် အတွေ့အကြုံမရှိသည့်အခါ ကံကြမ္မာနှင့် သေခြင်းအပေါ် သိမြင်မှုက သေချာပေါက် ရောထွေးနေပါလိမ့်မည်။ လူတွေသည် ဤအရာအားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပါ။ သူတို့အပေါ်တွင် ဘုရားသခင်သည် အချုပ်အခြာအာဏာကို ကိုင်ဆောင်ပြီး ထိန်းချုပ်သည်ကို သတိမပြုမိကြပါ။ ဤလို အချုပ်အခြာ အာဏာကို ဖယ်ထုတ်ပစ်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ လူသားသည် မတတ်နိုင်ဆိုသည်ကို သတိမပြုမိကြပါ။ ထို့ကြောင့် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါမှာ သူတို့၏ နောက်ဆုံးစကားများ၊ စိုးရိမ်မှုများနှင့် နောင်တများသည် အဆုံးမရှိပါ။ သူတို့သည် အလွန်များသည့် ဝန်ထုပ်ဝန်ပိုးများ၊ အလိုမပြည့်မှုများ၊ ရှုပ်ထွေးမှုများနှင့် လေးလံနေ ပါသည်။ ဤ အရာအားလုံးက သူတို့အား သေခြင်းကို ကြောက်ရွံ့စေပါသည်။ ဤကမ္ဘာတွင် မွေးဖွားလာသည့် လူတိုင်းအတွက် သူတို့၏ မွေးဖွားခြင်းက လိုအပ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပါ။ မည်သူမှ ဤအဖြစ်ကို မကျော်လွန်နိုင်ပါ။ လူတစ်ယောက်က ဤကမ္ဘာကမှ နာကျင်မှုမရှိဘဲ ထွက်ခွာဖို့ ဆန္ဒရှိလျှင်၊ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို အလိုမပြည့်မှုများ၊ စိုးရိမ်မှုများ မပါဘဲနှင့် ရင်ဆိုင်နိုင်လိုသည်ဆိုလျှင် တစ်ခုတည်းသော နည်းလမ်းက နောင်တရခြင်းများ မဖြစ်ဖို့ပါ။ နောင်တများ မပါဝင်ဘဲ ထွက်ခွာဖို့ တစ်ခုတည်းသော နည်းလမ်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့၊ သူ့၏အခွင့်အာဏာကိုသိဖို့၊ ဤအရာများကို လိုက်လျှောက်ဖို့ ဖြစ်ပါသည်။ ဤနည်းနှင့်သာ လူသား၏ ပြဿနာများ၊ မကောင်းမှုများ၊ စာတန်၏ ချည်နှောင်မှုများ ကနေ အဝေးမှာ နေနိုင်ပါသည်။ ဤ နည်းနှင့်သာ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုနှင့် ကောင်းကြီးပေးမှုကို ခံရသည့် ယောဘ၏ဘဝလို အသက်ရှင်နိုင်ပါသည်။ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့်ဘဝ၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့်ဘဝ၊ ရိုးသားပြီး ပွင့်လင်းသည့်ဘဝအတိုင်း အသက်ရှင်နေထိုင်နိုင်ပါသည်။ ဤနည်းနှင့်သာ ဖန်ဆင်းရှင်၏ စမ်းသပ်ပိတ်ပင်မှုကိုခံရဖို့ ယောဘကဲ့သို့ လိုက်လျှောက်ပြီး ဖန်ဆင်းရှင်၏ ကိုင်တွယ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို လိုက်လျှောက်နိုင်ပါသည်။ ဤနည်းနှင့်သာ သူ့ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ၏ချီးမြှောက်ခြင်းကို ရရှိနိုင်ပါသည်။ ယောဘကဲ့သို့ သူ့အသံကိုကြားပြီး သူပေါ်ထွက်လာတာကို မြင်ရမည်ဖြစ်သည်။ ဤနည်းနှင့်သာ ယောဘကဲ့သို့ နာကျင်မှုမရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ၊ နောင်တတမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံးနိုင်ပါသည်။ ဤနည်းနှင့်သာ ယောဘကဲ့သို့ အလင်းထဲတွင် အသက်ရှင် နေထိုင်နိုင်ပါသည်။ လူတိုင်း၏ ဘဝဆုံမှတ်များကို အလင်းထဲတွင် ဖြတ်သန်းနိုင်ပါသည်။ ခရီးကို ချောမွေ့စွာနှင့် အလင်းထဲတွင် ပြီးဆုံးနိုင်ပါသည်။ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပါသည်။ ဖန်ဆင်းခံတစ်ယောက်အနေနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့၊ သင်ယူဖို့နှင့် သိမြင်လာဖို့ အသက်ရှင်နိုင်ပြီး အလင်းထဲတွင် သေဆုံးနိုင်ပါသည်။ ဖန်ဆင်းခံလူသား အနေနှင့် ဖန်ဆင်းရှင်၏နံဘေးတွင် အမြဲတမ်းရပ်တည်ပြီး သူ့၏ချီးမြှောက်ခြင်းကို ခံနိုင်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

သက်ဆိုင်သည့် အကြောင်းအရာ