သိုးသငယ်၏ခြေလှမ်းများနောက် လိုက်ခြင်း

22.08.2020

လူသားသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ်၊ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်သင့်သည်။ သူသည် ‘သိုးသငယ်သွားလေရာရာ အရပ်သို့ နောက်တော်၌ လိုက်သောသူ’ ဖြစ်သင့်သည်။ ဤကဲ့သို့သော လူများသာလျှင် မှန်သော လမ်းကြောင်းကို ရှာဖွေသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများသာ ဖြစ်ကြသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို စုံမှိတ်ပြီး လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလ တစ်ခုစီအတွင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။ ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊ လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။ ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့် ‘ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်’ နှင့် ‘ယေရှုသည် ခရစ်တော်ဖြစ်သည်’ ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သည့် ထိုသူများသာလျှင် နောက်ဆုံး ကောင်းချီးကို ရရှိနိုင်သည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဘုရားရဲ့အမှုတော်နဲ့ သူ့ခြေလှမ်းတွေနောက် လိုက်ဖို့ အရေးကြီးတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်တော်တို့ မြင်နိုင်တယ်။ ကျွန်တော်ဆို ဟိုအရင်က သမ္မာတရားကို နားမလည်တော့၊ ကိုယ့်အထင်တွေကိုပဲ ဖက်တွယ်ခဲ့တာ။ ကျွန်တော်က သခင်ယေရှုရဲ့နာမမှာ ယုံကြည်နေသရွေ့၊ ကိုယ်တော်က သူနဲ့အတူ ကောင်းကင်ဆီ ယူဆောင်မှာပဲဆိုပြီး ထင်နေခဲ့တာ။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို မရှာဖွေခဲ့မိဘူးလေ။ သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲလုနီးပါး ဖြစ်ခဲ့တာပါ။

အဲဒီတုန်းက ၂၀၁၂ ဩဂုတ်လထဲမှာပေါ့။ ကျွန်တော်က ညစာစားပြီးတော့၊ ခုတင်ပေါ်မှာ အေးအေးဆေးဆေး လှဲနေတာ။ ကျွန်တော့်မိန်းမက ကျွန်တော်နဲ့မျက်နှာချင်းဆိုင်မှာ နားကြပ်လေးတပ်ပြီး ထိုင်နေတယ်။ ကျွန်တော် မှတ်မိတယ်။ နားစွဲလောက်တဲ့ သံစဉ်တစ်ခုကို ကျွန်တော် ကြားလိုက်ရတယ်။ ကျွန်တော်လည်း မနေနိုင်တော့၊ “မင်း နားထောင်နေတာ ဘာလဲ” လို့ မေးလိုက်ရော။ သူက “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ဓမ္မတေးတွေ” တဲ့။ ကျွန်တော်လည်း ချက်ချင်း ထထိုင်မိတယ်။ “မင်း ပြောလိုက်တာ အနန္တတန်ခိုးရှင်ဘုရားသခင်လား။ မင်းက သခင်ယေရှုကို သစ္စာဖောက်တာလား” ပေါ့။ သူကလည်း လေသံမာမာနဲ့ ချက်ချင်းပဲ ပြန်ပြောတယ်၊ “ရှင် မသိတာတွေကို မပြောနဲ့။ သခင်ယေရှုက ပြန်ကြွလာပြီ။ သူက ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး၊ နိုင်ငံတော်ခေတ်ကို စလိုက်ပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ။ ဒါကြောင့် ကျွန်မက သခင့်ကို သစ္စာဖောက်နေတာမဟုတ်ဘူး။ သိုးသငယ်ရဲ့ခြေလှမ်းတွေနောက်ကို လိုက်နေတာ။ ကျမ်းစာမှာ ပြောထားတဲ့အတိုင်းပဲ။ ‘သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။’ တဲ့ (ဗျာဒိတ်ကျမ်း ၁၄:၄) သခင်ယေရှု ပေါ်ထွန်းပြီး အမှုတော်ပြုခဲ့တဲ့အချိန်ကို ပြန်စဉ်းစားကြည့်၊ လူတွေအများကြီးက ဗိမာန်တော်ကို စွန့်ခွာပြီး၊ သူ့အမှုတော်ကို လက်ခံခဲ့ကြတာ။ အဲဒီလူတွေကရော ယေဟောဝါဘုရားသခင်ကို သစ္စာဖောက်ခဲ့တာလား။ သူတို့က ယေဟောဝါဘုရားကို သစ္စာဖောက်တာ မဟုတ်ဘူး။ ဘုရားရဲ့အမှုတော်နောက်ကို မီအောင်လိုက်ခဲ့တာ။ သခင်ကလည်း သူတို့အားလုံးကို ကယ်တင်ခဲ့တယ် ပေါ့လေ။ တကယ်တော့ ကျမ်းစာထဲက ပညတ်တွေကို ဖက်တွယ်ပြီး၊ သခင်ယေရှုကို ရှုတ်ချခဲ့တာက ယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေ၊ ဖာရိရှဲတွေပဲ။ သူတို့ကိုယ်သူတို့တော့ ယေဟောဝါဘုရားသခင်ကို ရိုသေကိုင်းရှိုင်းတယ်ပေါ့။ နောက်ဆုံး ဘုရားရဲ့အပြစ်ဒဏ်ပေးခြင်းနဲ့ ကျိန်ဆိုခြင်းကို ခံရတယ်။ ရှင် အဲဒါကို တကယ်ပဲ မသိဘူးလား” တဲ့။ အဲဒီအချိန်မှာ ကျွန်တော်လည်း သူ့ကို ဘယ်လိုချေပရမှန်း မသိဘူး။ ဒါနဲ့ ကျွန်တော်လည်း၊ “သခင်က ငါတို့ကို ကောင်းချီးပေးထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ကိုယ်တော့်နာမနဲ့ လမ်းခရီးကိုပဲ သစ္စာရှိရမယ်။ ကျေးဇူးမသိတတ်လို့ မဖြစ်ဘူး” ဆိုပြီးပြောလိုက်တယ်။ ဒီနောက်တော့ ကျွန်တော် တော်တော် ဒေါသဖြစ်ပြီး၊ ဝုန်းဒိုင်းကြဲမိတယ်။ ကျွန်တော့်မိန်းမကို တားလို့ရအောင်၊ သမီးကို အကျိုးအကြောင်းပြောပြတော့၊ သမီးကလည်း ကျွန်တော့်ဘက်က ပါတာပေါ့။ အဲဒီနောက်ပိုင်းမှာ ကျွန်တော့်မိန်းမက စည်းဝေးပွဲတစ်ခု သွားတက်တော့၊ သမီးကလည်း လိုက်သွားပြီး ပြဿနာရှာလိုက်တယ်။ ဒါကို ကျွန်တော်က အလုပ်ကဆင်းတော့မှ သိတာ။ ဒါနဲ့ ကျွန်တော်လည်း သမီးကို၊ “ဒီနေ့ သမီး လုပ်တာ သိပ်ကောင်းတယ်။ ဆက်လုပ်။ အဖေ အလုပ်သွားနေတုန်းမှာ နင့်အမေကို စောင့်ကြည့်ထား။ သခင်ယေရှုနောက်ကို သူ ပြန်လိုက်လာအောင် အဖေတို့ တစ်နည်းနည်းတော့ ရှာရမယ်” ပေါ့။ ဒါပေမဲ့ သုံးလေးရက်လောက်ကြာတော့၊ သမီးကလည်း ကျောင်းပြန်တက်ရတယ်။ ကျွန်တော့်မိန်းမ စည်းဝေးပွဲတွေ ထပ်သွားမှာကို စိုးရိမ်ရတော့၊ ကျွန်တော့်သား ဆယ်နှစ်လေးကို ချော့ပြီးခိုင်းတယ်။ သူ ကျောင်းကနေ ပြန်ရောက်ရင်၊ သူ့အမေ စည်းဝေးပွဲတွေကို သွားတက်လားဆိုတာ ကြည့်နေဖို့ပေါ့။ ကျွန်တော် နေ့တိုင်း အိမ်ပြန်ရောက်ပြီဆိုရင်၊ သူ့အမေ ဘယ်တွေ သွားတယ်ဆိုတာ သူက ပြန်ပြောတယ်။ ကျွန်တော့်မိန်းမက အလုပ်ကိုပဲ သွားနေတယ်လို့ ကြားရတော့၊ ကျွန်တော် နည်းနည်း စိတ်အေးလာတယ်။ ဒါပေမဲ့ ထူးခြားနေတာတစ်ခု ရှိတယ်။ သူက မာဂျောင် မကစားတော့ဘူး။ အဲဒီအစား အိမ်သန့်ရှင်းရေး လုပ်တယ်။ ခြံထဲက အလုပ်တွေကိုတောင် လုပ်တယ်။ ကျွန်တော်လည်း ဇဝေဇဝါဖြစ်တာပေါ့။ သူက အိမ်အလုပ်ဆို ပစ်ထားပြီး၊ အမြဲတမ်း မာဂျောင်ပဲ ကစားနေတတ်တာ။ သူ့ကို မကစားပါနဲ့လို့ တားမရခဲ့ဘူး။ သူ့ဘာသာ သခင့်ဆီ ဝန်ခံပြီး ဆုတောင်းတာတွေ ရှိပေမဲ့၊ လုံးဝ ပြောင်းလဲခဲ့တာ မဟုတ်ဘူး။ ဒါဆို သူ ဘယ်လိုကြောင့် ပြောင်းလဲသွားတာလဲ။ ကျွန်တော်လည်း မသိခဲ့ဘူး။

တစ်ည ကျွန်တော် နိုးလာတော့၊ လိုက်ကာမှာ မီးရောင်လေးလင်းနေတာ တွေ့တယ်။ အဲဒီအလင်းရောင်က ဘယ်က လာသလဲဆိုတာ တွေးမရဘူး။ သေချာကြည့်တော့မှ ကျွန်တော့်မိန်းမရဲ့စောင်အောက်ကနေ လင်းနေတာ။ ကျွန်တော်လည်း “သူ ဘာတွေများ လုပ်နေလဲ” ပေါ့။ ဒါနဲ့ ခုတင်ပေါ်ကနေ အသံမထွက်အောင် ဆင်းပြီး၊ သူ့ဘက်ကို တိတ်တိတ်လေး သွားတယ်။ စောင်ခြုံအောက်ကို ချောင်းကြည့်လိုက်တော့၊ သူက ဓာတ်မီးလေးနဲ့ စာအုပ်ဖတ်နေတာဗျ။ ကျွန်တော် စဉ်းစားတယ်၊ “သူက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်နေတုန်းပဲလား။ အဲဒီစာအုပ်ကို ဖတ်နေတုန်းပဲ။ သူ ဒီလို ဖတ်ချင်လောက်အောင် အဲဒီထဲမှာ ဘာတွေပါလို့လဲ။ ကျွန်တော်က ကန့်ကွက်တာတောင်၊ သူက ဘာဖြစ်လို့ ဆက်ပြီး ခိုင်ခိုင်မာမာ ယုံကြည်နေတာလဲ” ပေါ့။ ကျွန်တော် နားမလည်နိုင်ခဲ့ဘူးလေ။ သူ အိမ်ကို ပစ်ထားပြီး၊ မာဂျောင် ကစားရတာကိုပဲ ကြိုက်ခဲ့တာတွေကို ကျွန်တော် ပြန်စဉ်းစားကြည့်တယ်။ “ဘယ်လိုဖြစ်သွားတာလဲ။ အဲဒီစာအုပ်ကပဲ သူ့ကို ပြောင်းလဲပေးလိုက်တာလား” ပေါ့။ နောက်တော့ ကျွန်တော် စဉ်းစားမိတယ်၊ “ဟုတ်ပြီ၊ အဲဒီထဲမှာ ဘာတွေရေးထားလဲဆိုတာ ငါ သိအောင်လုပ်ရမယ်” ပေါ့။ တစ်ရက်တော့ ကျွန်တော့်မိန်းမက မနက်စာစားပြီး အပြင်ထွက်သွားတဲ့အချိန်မှာ၊ အဲဒီစာအုပ်အကြောင်း ခေါင်းထဲ ပြန်ပေါ်လာရော။ ကျွန်တော်လည်း ရှိသမျှ ဗီရိုတွေ၊ အံဆွဲတွေထဲ လိုက်ရှာတယ်။ နေရာအနှံ့လိုက်ရှာလည်း ရှာလို့မတွေ့ဘူး။ နောက်တော့ သူက အဝတ်အစားတွေကြားထဲ ဝှက်ထားတာဖြစ်မယ်လို့ စဉ်းစားမိတယ်။ ထင်တဲ့အတိုင်း အဲဒီမှာ တွေ့တာပဲ။ စာအုပ်ကို ဆွဲထုတ်လိုက်တော့ ကတ်ထူဖုံးနဲ့၊ ခပ်ထူထူစာအုပ်ပေါ့။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏။ ဖွင့်ကြည့်ရင်းနဲ့ အဲဒီထဲက အခန်းတစ်ခန်းကို ကျွန်တော် စိတ်ဝင်စားသွားတယ်။ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” ပြီးတော့ ကျွန်တော် အစအဆုံး အကုန်ဖတ်ပြီးသွားတဲ့အချိန်မှာ၊ စာပိုဒ်တစ်ခုကြောင့် တော်တော် စိတ်လှုပ်ရှားသွားတယ်။ “လူမျိုးအားလုံး၊ နိုင်ငံအားလုံးနှင့် စက်မှုလုပ်ငန်း အားလုံး၏ လူများကို ဘုရားသခင်၏ အသံအား နားထောင်ရန်၊ ဘုရားသခင်၏ အမှုကို ရှုစားရန်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို အာရုံစိုက်ရန်၊ ဘုရားသခင်ကို အသန့်ရှင်းဆုံး၊ ဂုဏ်အသရေ အရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားမျိုးနွယ်အလယ် တစ်ခုတည်းသော ကိုးကွယ်ဆည်းကပ်ရာ ဖြစ်စေဖို့နှင့် အာဗြဟံ၏ သားစဉ်မြေးဆက်များက ယေဟောဝါ၏ ကတိတော်များအောက်၌ အသက်ရှင်ခဲ့ကြသကဲ့သို့ပင်၊ ပြီးလျှင် ပထမဦးစွာ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့်ဧဝတို့က ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင် ခဲ့သကဲ့သို့ပင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်ခွင့်ပေးရန် ငါ တိုက်တွန်း၏။ ဘုရားသခင်၏အမှုသည် ကြီးမားသော လှိုင်းလုံးတစ်ခုကဲ့သို့ ရှေ့သို့ တစ်ဟုန်ထိုးတက်လေသည်။ မည်သူကမျှ သူ့ကို မထိန်းနိုင်သကဲ့သို့ မည်သူကမျှ သူ၏ ချီတက်ခြင်းကို မရပ်တန့်စေနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ရှာဖွေကာ ဆာငတ်သောသူတို့သာ ဘုရားသခင်၏ ခြေလှမ်းများနောက်လိုက်နိုင်ပြီး၊ သူ၏ကတိကို ရရှိနိုင်ပေသည်။ ထိုသို့မဟုတ်သူများသည် ပြင်းထန်သော ဘေးဒုက္ခနှင့် အလွန် ထိုက်တန်သည့် အပြစ်ပေးခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။” ကျွန်တော် စဉ်းစားကြည့်တယ်၊ “ဒီစကားတွေက တော်တော် ဩဇာရှိလွန်းတယ်။ ဘယ်လူသားမှ ဒါတွေကို ပြောဆိုနိုင်မှာမဟုတ်ဘူး။ ဒါတွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ပြောစကားတွေများလား။ ငါ့မိန်းမ ပြောတာတော့၊ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ၊ သူ့ကို ယုံကြည်တာက သိုးသငယ်ရဲ့ခြေလှမ်းတွေနောက် လိုက်တာပဲ။ အဲဒါ အမှန်ဆိုရင်တော့၊ သူ့ကို ပိတ်ပင်နေတာက ဘုရားကို ခုခံနေသလို ဖြစ်သွားမှာပေါ့။ အဲဒါဆို ငါက ဖာရိရှဲတွေလို ဖြစ်မသွားဘူးလား ပေါ့။ ဖာရိရှဲတွေက ပညတ်ကို ဖက်တွယ်ပြီး၊ သခင်ယေရှုကို လက်မခံခဲ့ဘူး။ ကိုယ်တော့်ကို ရူးရူးမိုက်မိုက် ရှုတ်ချတဲ့အပြင်၊ နောက်ဆုံး သူ့ကို ကားတိုင်တင်တဲ့ကိစ္စမှာပါ ပါကုန်တော့၊ ဘုရားက သူတို့အားလုံးကို ကျိန်ဆိုခြင်းပြုခဲ့တယ်” ကျွန်တော် စဉ်းစားတယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ပဲ သခင် ပြန်လာခြင်း ဖြစ်တယ်ဆိုရင်၊ ငါက ဘုရားရဲ့အမှုတော်သစ်ကို ဆန့်ကျင်မိနေတော့ အပြစ်ကျူးလွန်နေတာ မဟုတ်ဘူးလား။ အကျိုးဆက်တွေက မတွေးဝံ့စရာပဲ” ပေါ့လေ။ နောက်တော့ စာအုပ်ထဲမှာ ပြောထားတာကို သတိရသွားတယ်၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ရှာဖွေကာ ဆာငတ်သောသူတို့သာ ဘုရားသခင်၏ ခြေလှမ်းများနောက်လိုက်နိုင်ပြီး၊ သူ၏ကတိကို ရရှိနိုင်ပေသည်။” စဉ်းလည်း စဉ်းစားတယ်၊ “ငါတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို ရမ်းသန်းပြီး ဝေဖန်နေလို့မဖြစ်ဘူး။ ငါ ဒီစာအုပ်ကို သေချာဖတ်ပြီး စူးစမ်းသင့်တယ်” ပေါ့။

အဲဒီအချိန်ကစပြီး၊ အိမ်မှာ ကျွန်တော့်မိန်းမ မရှိတဲ့အချိန်တိုင်း၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ဖတ်တော့တာပဲ။ တစ်ခါတော့ သူ့အလုပ်မှာ အချိန်ပိုဆင်းရမယ်လို့ ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း ကိုယ့်အလုပ်ကို စောစောသိမ်းပြီး၊ အိမ်ကို စက်ဘီးနဲ့ အမြန်ပြန်တာ။ ဒါမှ စာအုပ် ဖတ်ဖို့ အချိန်ပိုရမယ်လေ။ အဲဒီအချိန်မှာပဲ ဒီကျမ်းပိုဒ်ကို မြင်မိတယ်၊ “အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏ သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များ အားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှု အောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။” “ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်း တစ်ခု ဖြစ်ပျက်ရန် လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒါကို ဖတ်မိတော့၊ ကျွန်တော့်မိန်းမ ပြောတာတွေ အမှန်ဖြစ်နိုင်လားဆိုပြီး တွေးကြည့်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်က သခင်ယေရှုရဲ့အမှုတော်ကို အခြေခံထားပြီး လုပ်ဆောင်ခဲ့တာလား။ ကျေးဇူးတော်ခေတ်ရဲ့အမှုတော်ကို တကယ်ပဲ ရှေ့ဆက်စေခဲ့တာလား။ ဒီစာအုပ်ကြောင့် ကျွန်တော့်မှာ သိချင်စိတ်တွေ၊ အာသီသတွေ ပြင်းပြလာတယ်။ အချိန်ရတိုင်း စာအုပ်ကို ခိုးခိုးပြီး ဖတ်တယ်။

တစ်ရက်မှာ ကျွန်တော် ဖတ်လိုက်မိတဲ့ကျမ်းပိုဒ်တစ်ခုကို အခု မျှဝေပေးချင်ပါတယ်။ “နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒါက တော်တော် လက်တွေ့ကျတယ်လို့ ကျွန်တော် မြင်တယ်။ နောက်တော့ ကျွန်တော် စဉ်းစားကြည့်တယ်၊ ကျွန်တော် ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံးမှာ၊ အပြစ်ဝန်ခံလိုက် အပြစ်ပြန်လုပ်လိုက်နဲ့ အမြဲတမ်းဖြစ်နေတယ်။ အပြစ်ကနေ အမှန်တကယ် မလွတ်မြောက်ခဲ့ဘူး။ ကောင်းကင်နိုင်ငံတော်ကို ဝင်ရပါ့မလားဆိုတာ မသေချာခဲ့ဘူးလေ။ ကျွန်တော် စဉ်းစားတယ်၊ “ဒီမှာပြောထားတာတွေက အမှန်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ ငါ့ယုံကြည်ခြင်းမှာ အဆင့်တစ်ခု ပျောက်နေပြီး သခင့်အမှုတော်ကို လက်ခံရုံနဲ့ မလုံလောက်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ” ပေါ့။ အဲဒီစာအုပ်ကို ဖတ်မိလေလေ၊ အဲဒီမှာ သမ္မာတရား ပါတယ်လို့ ခံစားမိလေလေပဲ။ ဒါတွေက ဖန်တီးယူလို့ရတာမျိုး မဟုတ်ဘူးလေ။ အဲဒါတွေက တကယ်ပဲ ဘုရားသခင်ကိုယ်တော်တိုင်ဆီကလား။ အဲဒီအတွေးက ကျွန်တော့်ကို လှုံ့ဆော်လိုက်တယ်။ စာအုပ်ကိုလည်း ပိုပြီးတော့ ဖတ်မိတယ်။

နောက်တော့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော် ထပ်ပြီး မဆန့်ကျင်တော့တာကို ကျွန်တော့်မိန်းမက သတိထားမိသွားရော။ သူကလည်း နောက်ကွယ်မှာ ခိုးမဖတ်တော့ဘူး။ တစ်ခါတလေဆို ကျွန်တော် ကြားအောင်၊ အသံကျယ်ကျယ် ထုတ်ဖတ်တယ်။ တစ်ရက် ကျွန်တော် အိမ်ပြန်ရောက်တော့၊ သူက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နေတယ်။ ကျွန်တော် ဝင်လာတာမြင်တော့၊ သူက ဝမ်းသာအားရနဲ့၊ “လီကျုံး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လာဖတ်ကြည့်စမ်းပါ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတာ နောက်ဆုံးသောကာလမှာ ဘုရားရဲ့မိန့်မြွက်ချက်တွေပဲ။ ဟိုအရင် ကျွန်မတို့ လုံးဝ နားမလည်ခဲ့တဲ့ သမ္မာတရားတွေအားလုံးကို ထုတ်ဖော်ပြထားတာ။ ကျွန်မ ရှင့်ကို နည်းနည်း ဖတ်ပြမယ်” ဆိုပြီး ပြောတယ်။ ကျွန်တော့်စိတ်ထဲကတော့၊ “ငါလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်နေတာ နင့်လောက်တော့ ရှိနေပြီ” ပေါ့။ ကျွန်တော်က ဘာမှမကန့်ကွက်တော့၊ သူလည်း စာအုပ်ကောက်ကိုင်ပြီး၊ စဖတ်တော့တာပဲ။ “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။” “တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။” “ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်တော်က ကျွန်တော့်မိန်းမကို ဒါတွေနဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြခိုင်းတယ်။ သူ တော်တော်အံ့သြသွားတယ်။ ဒါပေမဲ့ ကျွန်တော့်ကို မိတ်သဟာယပြုပါတယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းဆိုတာ သခင်ယေရှုကို ယုံကြည်ခြင်းပဲ။ တကယ်တော့ ယေဟောဝါ၊ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ တစ်ပါးတည်းသော ဘုရားပဲ။ ဘုရားသခင်က မတူညီတဲ့ခေတ်တွေမှာ မတူညီတဲ့အမှုတော်ကို လုပ်ဆောင်တယ် ပေါ့။ ပညတ်တော်ခေတ်မှာ ယေဟောဝါဘုရားသခင်က အစောပိုင်း လူသားမျိုးနွယ်ကို ကမ္ဘာမြေပေါ်က သူတို့ဘဝတွေအတွက် လမ်းပြပေးဖို့ ပညတ်ကို ထုတ်ပြန်ခဲ့တယ်။ ဒီတော့ လူတွေက အပြစ်ဆိုတာ ဘာလဲ၊ ဘုရားကို ဘယ်လိုချီးမွမ်းမလဲဆိုတာ သိသွားကြတယ်။ ဒါပေမဲ့ ပညတ်တော်ခေတ်အကုန်မှာ၊ ဘယ်သူကမှ ပညတ်ကို မလိုက်နာတော့ဘူး။ အပြစ်ကျူးလွန်တာတွေ ပိုများလာတော့၊ လူတွေအားလုံး အသေသတ်ခြင်း ခံရမယ့်ကိန်း ဆိုက်လာတာပေါ့။ ကျေးဇူးတော်ခေတ် ရောက်မှ၊ ဘုရားသခင်က လူ့ဇာတိခံယူပြီး၊ လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ခဲ့တယ်။ သနားကရုဏာနဲ့ ချစ်ခြင်းဆိုတဲ့ သူ့စိတ်သဘောထားကို ပြခဲ့တယ်။ လူတွေအပေါ် ကျေးဇူးတော် ကြဲချခဲ့တယ်။ နောက်ဆုံး အပြစ်ဖြေရာယဇ်အနေနဲ့ ကားတိုင်မှာ သံမှိုစွဲခံခဲ့ရတယ်။ ကျွန်မတို့ အပြစ်လုပ်မိပြီဆိုရင်၊ ဝန်ခံနောင်တရဖို့ပဲ လိုတယ်။ ဘုရားက အပြစ်ဖြေပေးတယ်။ ဒါပေမဲ့ သခင်ယေရှုက ကျွန်မတို့ရဲ့ အပြစ်တွေကိုပဲ ရွေးနုတ်ပေးခဲ့တာ။ အပြစ်လုပ်တတ်တဲ့ သဘာဝက ဖြေရှင်းမခံရသေးဘူး။ အမြဲတမ်း လိမ်ညာပြောပြီး အပြစ်မကျူးလွန်ဘဲ မနေနိုင်ကြသေးဘူး။ ကျွန်မတို့က မာနထောင်လွှားတယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတယ်။ ကြွားဝါရတာကို သဘောကျတယ်။ ပေးဆပ်တာတွေ ဆင်းရဲဒုက္ခခံတာတွေ ရှိကြတဲ့ ယုံကြည်သူတွေတောင်မှ ကောင်းကင်နိုင်ငံတော်ဆိုတဲ့ ကောင်းချီးတွေကို ရဖို့အတွက် လုပ်ကြတာ။ ဆင်းရဲဒုက္ခ ကြီးကြီးမားမားတွေဖြစ်ဖြစ်၊ တကယ့်ကပ်ဘေးနဲ့ဖြစ်ဖြစ် ကြုံပြီဆိုရင်၊ ကျွန်မတို့က သခင့်ကို အပြစ်တင်လိုက်တာပဲ။ ကိုယ်တော့်ကို သစ္စာတောင် ဖောက်ကြတယ်။ ဘုရားရဲ့လုပ်ဆောင်ချက်က ကိုယ့်အယူအဆတွေနဲ့ ကွဲလွဲပြီဆိုရင်၊ ကိုယ်တော့်ကို ဝေဖန်ရှုတ်ချကြတယ်။ ဆန့်ကျင်တာတောင် ရှိတယ်။ ဘုရားသခင်က သန့်ရှင်းပါတယ်၊ ဒါဆိုရင် ကျွန်မတို့လို အပြစ်လုပ်တတ်သေးတဲ့၊ ဘုရားကို ဆန့်ကျင်တတ်သေးတဲ့ လူတွေက ကောင်းကင်နိုင်ငံကို ဘယ်လိုလုပ် ဝင်နိုင်မှာလဲ ဆိုပြီး ရှင်းပြတယ်။ အဲဒါကြောင့် နောက်ဆုံးသောကာလမှာ သူ ပြန်လာပြီး၊ တရားစီရင်ခြင်းအမှု ပြုမယ်လို့ သခင်ယေရှုက ကတိပေးခဲ့တာ။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာပြီ။ သခင်ယေရှုရဲ့အမှုတော်ကို အခြေခံပြီးတော့၊ ဘုရားအိမ်တော်ကနေ အစပြုတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့အတွက် သမ္မာတရားတွေကို ဖော်ပြနေတယ်။ ကိုယ်တော်က ကျွန်မတို့ရဲ့ လွဲမှားတဲ့သဘာဝနဲ့ ယိုယွင်းမှုတွေကို သန့်စင်ပေးဖို့ လာခဲ့တာပဲ။ အဲဒါကြောင့် ကျွန်မတို့တွေ အပြည့်အဝ ကယ်တင်ခံရပြီးတော့၊ အပြစ်ကနေ လွတ်မြောက်လိမ့်မယ်။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတာပါ၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ဘုရားက မတူညီတဲ့ခေတ်တွေမှာ မတူညီတဲ့အမှုတော်ကို မတူတဲ့နာမတော်တွေနဲ့ လုပ်ဆောင်တယ်ဆိုပေမဲ့၊ အဲဒါတွေအားလုံးကို တစ်ပါးတည်းသော ဘုရားသခင်က လုပ်ဆောင်တာပါ။ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နဲ့ နိုင်ငံတော်ခေတ်ဆိုတာတွေက တစ်ခုထက် တစ်ခု ပိုပြီးလေးနက်လာတဲ့ သူ့အမှုတော်ရဲ့ အဆင့်သုံးဆင့်ပဲ။ အဆင့်တိုင်းက ရှေ့ကအဆင့်ကို အခြေခံပြီးတော့ ဆက်ပြီးလုပ်ဆောင်တာ။ အဆင့်အားလုံးက အခိုင်အမာ ဆက်စပ်နေတယ်။ အဆင့်သုံးခုပေါင်းလိုက်မှ လူသားကို ကယ်တင်နိုင်တာ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ ယုံကြည်တာက သခင်ယေရှုကို သစ္စာဖောက်နေတာ မဟုတ်ဘူး။ ဘုရားအမှုတော်ရဲ့ခြေလှမ်းတွေနောက် လိုက်နေတာ၊ သခင့်ကို ကြိုဆိုနေတာပါ” တဲ့။

သူ မိတ်သဟာယပြုပြီးတော့၊ ကျွန်တော်တို့ ဗီဒီယိုတစ်ခု ကြည့်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့၊ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းမှသည် ယနေ့ထိတိုင်၊ လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံအားလုံးသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း၊ နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင်၊ ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ဖြစ်သည်သာမက၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ အဖန်ဆင်းခံ သတ္တဝါအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒါကို ကြည့်ပြီးတော့၊ ကျွန်တော့်စိတ်နှလုံးက ကြည်လင်သွားတယ်။ ယေဟောဝါ၊ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ တစ်ပါးတည်းသော ဘုရားသခင်က မတူညီတဲ့ခေတ်တွေမှာ မတူညီတဲ့အမှုကို ပြုထားတာဖြစ်မှန်း ကျွန်တော် မြင်သွားတယ်။ ပညတ်တော်ခေတ်မှာ ယေဟောဝါဘုရားရဲ့ အမှုတော်က ပညတ်ကို ထုတ်ပြန်ဖို့၊ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ အမှုတော်က လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ဖို့၊ အခု နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်က လူသားကို သမ္မာတရားနဲ့ တရားစီရင်ပြီး သန့်စင်ပေးဖို့ပဲ။ ဘုရားသခင်က လူသားမျိုးနွယ်ကို လူသားရဲ့လိုအပ်ချက်တွေနဲ့အညီ၊ ဒီအဆင့်သုံးဆင့်နဲ့ ကယ်တင်မှာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်၊ သူ့ကို လက်ခံတာက သိုးသငယ်ရဲ့ခြေလှမ်းတွေနောက် လိုက်တာပဲဆိုတာကို ကျွန်တော့်စိတ်နှလုံးထဲမှာ သေချာသွားတယ်။ စိတ်ထဲမှာလည်း တကယ်ကို ထက်ထက်သန်သန်နဲ့၊ ကျွန်တော့်မိန်းမကို ပြောလိုက်တယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို မင်း ယုံကြည်တာက သခင်ယေရှုကို သစ္စာဖောက်တာ မဟုတ်မှန်း ငါ နားလည်ပါပြီ ပေါ့။ ငါလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်နေတာ ကြာပါပြီ” ပေါ့။

သူ အံ့ဩသွားတယ်ဗျ။ ပြီးတော့၊ “ဘယ်အချိန်ကတည်းက ဖတ်နေတာလဲ။ ကျွန်မ လုံးဝ မသိပါလား” ဆိုပြီး ပြောတယ်။ ကျွန်တော့်မှာ ချက်ချင်း ပြန်မဖြေနိုင်ဘူး။ ရှက်ရှက်နဲ့ ခေါင်းငုံ့ပြီး ပြောလိုက်ရတယ်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို မင်း စပြီး လိုက်လျှောက်တဲ့အချိန်မှာ၊ ငါက မင်းကို ပိတ်ပင်ရုံမကဘူး၊ ကလေးတွေကိုပါ စောင့်ကြည့်ခိုင်းခဲ့တာ။ ငါ အခုတော့ အဲဒါကို တကယ် နောင်တရတယ်။ အဲဒီလုပ်ရပ်က ဘုရားကို ခုခံတာ၊ သူ့ကို ဆန့်ကျင်ခဲ့တာ။ ဒါပေမဲ့ ဘုရားက သနားကရုဏာနဲ့ပြည့်စုံပါတယ်။ ငါ့ကို သူ့နှုတ်ကပတ်တော်တွေဆီ လမ်းပြခဲ့တာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ သခင် ပြန်လာခြင်းဖြစ်တယ်၊ သူက ငါတို့စောင့်မျှော်နေတဲ့သူ ဖြစ်တယ်ဆိုတာ၊ ငါ အခု သေချာပါပြီ။ ငါလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို တရားဝင် လက်ခံပါပြီ” ပေါ့။ အဲဒီညရောက်တော့ ကျွန်တော် တော်တော် စိတ်လှုပ်ရှားနေတယ်။ ဆုတောင်းနေရင်းနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နာမတော်ကို ခေါ်နေမိတယ်၊ “ကျွန်တော့်ကို ရွေးကောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဘုရားသခင်။ ကိုယ်တော့်ခြေလှမ်းတွေနောက် လိုက်ပါပြီး၊ သိုးသငယ်ရဲ့စားသောက်ပွဲကို တက်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကောင်းကင်နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အမှန်တကယ် တည်လေသည်

ချန်းဘို၊ တရုတ်ပြည် ကျွန်မတို့ ယုံကြည်သူများတွင်ရှိသည့် အကြီးမားဆုံးသော တောင့်တမှုက ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့နှင့် သခင်က...

သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ဂျင်းမို၊ မလေးရှား၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက...

ဘာသာတရားထဲတွင် သမ္မာတရားကို မရရှိနိုင်

မိန်ရှမ်း ထိုင်ဝမ် ကလေးအနေနဲ့ ကိုယ့်မိဘတွေနောက်လိုက်ပြီး သခင့်ကို ကျွန်မ ယုံကြည်ခဲ့သလို၊ ကိုယ့်ယုံကြည်မှုကို ထက်ထက်သန်သန် လိုက်စားခဲ့တယ်။...

သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။