ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်မျက်မြင်တွေ့ရပြီ

16.02.2022

ကျန်းကျိန့် တောင်ကိုရီးယားနိုင်ငံ

ကျွန်တော်က ကိုရီးယား ပရက်စ်ဘီတေးရီးယန်း အသင်းတော်မှာ ပါဝင်လေ့ရှိခဲ့တယ်။ ကျွန်တော့်သမီးလေး နေမကောင်းတော့ မိသားစုထဲက အယောက်တိုင်း ယုံကြည်သူတွေ ဖြစ်လာကြတယ်။ နောက်ပိုင်းမှာ တစ်နေ့တခြား သူစပြီး သက်သာလာခဲ့တယ်။ သခင်ယေရှုရဲ့ ကရုဏာတော်အတွက် ကျွန်တော်သိပ်ကို ကျေးဇူးတင်မိတယ်။ အဲဒီအချိန်ကစပြီး သခင့်နောက် သစ္စာရှိရှိ လိုက်မယ်၊ သူက တောင်းဆိုပြီး သူ့ကို ဝမ်းမြောက်စေတဲ့ လူစားမျိုးဖြစ်အောင် ကြိုးစားလုပ်မယ်လို့ ကျိန်ဆိုခဲ့တယ်။ ဘယ်လိုပဲ အလုပ်များပါစေ အသင်းတော် ဝတ်ပြုအစည်းအဝေးကို ကျွန်တော် လုံးဝ မပျက်ကွက်ခဲ့ဘူး။ အမြဲ ပေးကမ်းစွန့်ကြဲပြီး အလှူငွေ ပေးခဲ့သလို အသင်းတော် လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ အချိန်အများစုက ကျမ်းစာဖတ်တာ၊ အသင်းတော်ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တာနဲ့ပဲ ကုန်သွားတယ်။ ညစာစားပွဲတွေနဲ့ မိသားစု၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက် အစရှိသူတွေ စီစဉ်တဲ့ မိတ်ဆုံပွဲတွေကို မသွားဖူးသလောက်ပဲ။ အဲဒီအတွက် ကျွန်တော့်ကို သူတို့စိတ်ပျက်ကြတယ်။ မိတ်ဆွေတချို့ဆို ကျွန်တော်ယုံကြည်သူ ဖြစ်လာတဲ့နောက် အရက်နဲ့ ဆေးလိပ်သောက်တာ ရပ်လိုက်ပြီး သူတို့နဲ့ ပါတီမသွားတော့တဲ့အခါ “ဘုရားကျောင်းသွားတာ မင်းအရမ်းကြိုက်လွန်းတယ်၊ ဒီတော့ ပြောပါဦး၊ နေ့တိုင်း ဘုရားကျောင်းသွားတာက မင်းအတွက် ဘာလုပ်ပေးလဲ။ မင်းရဲ့ ဒီယုံကြည်ခြင်းက ဘာအဓိပ္ပာယ်ရှိလို့လဲ” ဆိုပြီး ကျွန်တော့်ကို မခံချင်အောင် ပြောကြတယ်။ အမှန်အတိုင်းပြောရရင် မေးခွန်းတစ်ခုပြီးတစ်ခု တရစပ် အမေးခံရတော့ တကယ်ကို ဘာပြောရမှန်း မသိခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ မေးခွန်းတွေကြောင့် ကျွန်တော် တကယ်ကို စတွေးမိလာတယ်- ငါ့ယုံကြည်ခြင်းက တကယ်ပဲ ဘာအတွက်လဲ။ ငါ့သမီးကို ကုပေးဖို့ ဘုရားကို တောင်းလျှောက်ဖို့လား၊ ငါ့မိသားစုကို ကျန်းမာအောင် ထားဖို့လား။ ယုံကြည်ခြင်းရှိတယ်ဆိုတာ နေ့တိုင်း ကျမ်းစာဖတ်ပြီး ဘုရားကျောင်းသွားတာပဲလားလို့ပေါ့။ ကျွန်တော် တကယ်မသိဘူး။ ဒီမေးခွန်းတွေကို ကျွန်တော့်အသင်းတော်က ဓမ္မဆရာဆီ သွားမေးတယ်။ သူတို့ အဖြေတွေအားလုံးက တော်တော်များများ အတူတူပါပဲ။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းက သခင့်ကယ်တင်ခြင်း ကျေးဇူးတော်အတွက်ဖြစ်တယ်၊ သူပြန်ကြွလာတဲ့အခါ ထာဝရအသက်အတွက် ကျွန်တော်တို့ကို ကောင်းကင်ဘုံထဲ ဆောင်ယူမှာတဲ့။ အဲဒီအဖြေမျိုးက ကျွန်တော့်ရဲ့ စိတ်ရှုပ်ထွေးမှုကို ဖြေရှင်းပေးပုံရပေမဲ့ နောက်ထပ်မေးခွန်းတစ်ခု ပေါ်လာရော- အဲဒါဆိုရင် ကောင်းကင်ဘုံထဲ ကျွန်တော် ဘယ်လိုဝင်ရမှာလဲပေါ့။ သူတို့ပြောတာက “ရောမ ၁၀:၁၀ မှာ ပြောတယ်၊ ‘ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။’ ဒါက ငါတို့အပြစ်တွေကို သခင်ခွင့်လွှတ်ပြီးလို့ ငါတို့ဟာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရတယ်လို့ ဆိုလိုတာ။ ပြီးတော့ သခင်က သူပြန်ကြွလာတဲ့အခါ ငါတို့ကို နိုင်ငံတော်ထဲ တန်းခေါ်ဆောင်သွားမှာ။ ဒီတော့ မင်းမှာ ယုံကြည်ခြင်းရှိသရွေ့ ကောင်းကင်ဘုံထဲ ဝင်ဖို့အရေးကို ပူစရာ မလိုဘူး” တဲ့။ ကျွန်တော် တွေးနေတာက ဘုရားက သန့်ရှင်းတဲ့အပြင် ကျမ်းစာက ပြောတယ်၊ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲသြဝါဒစာ ၁၂:၁၄) သခင်က ကျွန်တော်တို့ကို သန့်ရှင်းဖို့ တောင်းဆိုတယ်၊ ဒါပေမဲ့ ကျွန်တော်က အပြစ်ထဲမှာ အသက်ရှင်နေပြီး သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်နိုင်ဘူး။ ကျွန်တော် ဘယ်လိုဖြစ်ပြီး နိုင်ငံတော်နဲ့ ထိုက်တန်တာလဲ။ သခင်ယေရှုက ကျွန်တော်တို့ကို ပြောခဲ့တယ်၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၉) ဒါပေမဲ့ နေ့စဉ်အသက်တာမှာ၊ ချစ်ဖို့ဆိုတဲ့ အဲဒီရိုးရှင်းတဲ့ သတ်မှတ်ချက်လေးက ဘယ်လောက်ပဲ ကြိုးစားပါစေ ကျွန်တော်မလုပ်နိုင်တဲ့ အရာပဲလေ။ သခင့်ကို ချစ်တာထက် ကိုယ့်မိသားစုကို ကျွန်တော်အများကြီး ပိုချစ်မိပြီး တခြားလူတွေကို တကယ်ပဲ ကိုယ်နဲ့အမျှ မချစ်နိုင်ဘူး။ ကျွန်တော် မိတ်ဆွေတွေနဲ့ မိသားစုက ကျွန်တော့်ကို သရော်တဲ့အခါ သည်းခံ၊ စိတ်ရှည်မဲ့အစား အဲဒီအတွက် မကျေမချမ်းဖြစ်ခဲ့တယ်။ ဟေဗြဲ ၁၀:၂၆ ကလည် ဒီလိုပြောတာ တွေးမိတယ်၊ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။” သခင်တောင်းဆိုတာကို ကျွန်တော်သိခဲ့ပေမဲ့ မလုပ်နိုင်ခဲ့တာလေ။ အပြစ်ထဲမှာ ဆက်အသက်ရှင်နေမိတယ်၊ အပြစ်ရဲ့ အဖိုးအခက သေခြင်းပဲ။ အဲဒါအမှန်ဆိုရင် ကျွန်တော့်ရလဒ်က မယုံကြည်သူတွေနဲ့ တစ်ခုတလေ ကွာခြားမယ်လို့ကို မမြင်တာ။ နိုင်ငံတော်ထဲ ရောက်တာက ဓမ္မဆရာပြောသလောက် မရိုးရှင်းနိုင်ဘူးလို့ ဒါက ကျွန်တော့်ကို တွေးမိစေတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံထဲ ဘယ်လိုဝင်ပြီး ထာဝရအသက် ရနိုင်မလဲဆိုတာ ကျွန်တော်မသိသေးဘူး။ ကျွန်တော့်မှာ လမ်းကြောင်း မရှိသေးဘူး။ ဓမ္မဆရာနဲ့ အသင်းတော်က မိတ်ဆွေတွေကို မေးခွန်းတွေ ဆက်မေးနေမိတယ်၊ ဒါပေမဲ့ တစ်ယောက်ကမှ ရှင်းလင်းတဲ့အဖြေ မရှိကြဘူး။ ဒီထူးဆန်းတဲ့ မေးခွန်းတွေကို ဘာလို့ ရုတ်တရက် မေးတာလဲလို့ပဲ ကျွန်တော့်ကို သူတို့မေးကြပြီး ဒါက ခေတ်အဆက်ဆက် လူတွေ ယုံကြည်ခြင်းကို ကျင့်သုံးခဲ့ပုံဖြစ်တယ်လို့ ပြောကြတယ်။ ကျွန်တော်က ခါတိုင်းလို အကြံအိုက်နေတုန်းပဲ၊ ဒီတော့ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေထဲမှာ အဖြေတစ်ခု ရှိရမယ်လို့ တွေးရင်းနဲ့ ခရစ်ဝင်ကျမ်း လေးကျမ်းလုံးကို ပြန်ဖတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

၂၀၀၈ ခုနှစ်၊ ရက်တစ်ရက်မှာ ဒီကျမ်းချက်တွေကို ဖတ်ရတယ်- “ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅-၂၆) ဒီကျမ်းချက်တွေကို ဖတ်တဲ့အချိန်မှာ ကျွန်တော်အကြံအိုက်သွားတယ်။ ဘာလို့သခင်က သူ့အထဲမှာ အသက်ရှင်ပြီး ယုံကြည်ရမယ်လို့ ပြောခဲ့တာလဲ။ ယုံကြည်သူတွေအနေနဲ့ ကျွန်တော်တို့အားလုံးက သူ့အထဲမှာ အသက်ရှင်ပြီး ယုံကြည်နေကြတာ မဟုတ်လား။ သခင်က ကျွန်တော်တို့ကို အကြောင်းတစ်ခုခုကြောင့် လူသေလို မြင်တာများလားပေါ့။ ကျွန်တော့်အတွက် အဲဒါက မေးခွန်းအများကြီး ဖြစ်စေတယ်။ အတန်ကြာတဲ့အထိ အားတဲ့အချိန်တိုင်း ကျွန်တော် ဒါကို အလေးအနက် အဖြေရှာခဲ့ပေမဲ့ အဲဒါရဲ့ တကယ့်အဓိပ္ပာယ်ကို လုံးဝ သဘောမပေါက်နိုင်ခဲ့ဘူး။ ဓမ္မဆရာနဲ့ တခြားအသင်းသားတွေဆီ မေးခွန်းတွေနဲ့ ကျွန်တော်ထပ်သွားတယ်၊ သူတို့မှာ အဖြေမရှိရုံမက ကျွန်တော့်ကို ရယ်သွမ်းသွေးကြတယ်။ ဒါပေမဲ့ သခင်ပြောတဲ့အရာမှာ ကွယ်ဝှက်ထားပြီး ပိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်တစ်ခုခု ရှိသလိုမျိုး ကျွန်တော် ဆက်ခံစားမိတယ်။

ဒီလိုနဲ့ တစ်ကြိမ်တော့ ရှင်မဿဲခရစ်ဝင်ကျမ်းထဲမှာ ဒါကို ဖတ်ခဲ့ရတယ်- “အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။(ရှင်မဿဲခရစ်ဝင် ၈:၂၁-၂၂)လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ” ဆိုတဲ့ စကားစုကို တွေ့တော့ ကျွန်တော် နည်းနည်း မရှင်းမလင်း ဖြစ်သွားတယ်။ ဘာလို့သခင်က အဲဒီတုန်းက အသက်ရှင်နေတဲ့ လူတွေကို လူသေလို့ ခေါ်ခဲ့တာလဲ။ သခင်က ကျွန်တော်တို့ကို အသက်ရှင်သူလို မြင်ခဲ့တာလား၊ လူသေလို မြင်ခဲ့တာလားလို့ပေါ့။ အပြစ်ရဲ့ အဖိုးအခက သေခြင်းလို့ ကျမ်းစာပြောတာကို တွေးမိတယ်။ ပြီးတော့ ကျွန်တော်က အပြစ်ထဲမှာ အသက်ရှင်နေခဲ့တာလေ။ အဲဒါက “လူသေ” ဆိုပြီး သခင်ဆိုလိုခဲ့တဲ့ အရာများလား။ အဲဒီလိုဆိုရင် ကျွန်တော် ဘယ်လိုအသက်ရှင်လာနိုင်မလဲ၊ ပြီးတော့ နိုင်ငံတော်ထဲကို ဘယ်လိုဝင်နိုင်မလဲဆိုပြီးပေါ့။ ကျွန်တော့်စိတ်ထဲမှာ နားမလည်နိုင်တဲ့ မေးခွန်းတွေ အပြည့်ပဲ။ ဒါပေမဲ့ စိတ်ထဲမှာ ဒီတစ်ခုတော့ ရှင်းလင်းနေခဲ့တယ်- သခင်က ဒီအရာတွေကို ပြောမှတော့ အဖြေက ကျမ်းစာထဲ တစ်နေရာရာမှာ ရှိရမယ်လို့ပေါ့။ ဒါကြောင့် ယုံကြည်ခြင်း မဆုံးရှုံးခဲ့ဘဲ အဖြေကို ဆက်ရှာနေမိခဲ့တယ်။

သခင့်ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။ နှစ်လ၊ သုံးလကြာတော့ သူပြောခဲ့တဲ့ နောက်တစ်ချက်ကို ဖတ်ရတယ်- “ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၅) ဒါကို ဖတ်မိတော့ လူသေတွေဟာ ဘုရားအသံတော်ကို ကြားတဲ့အခါ အသက်ပြန်ရှင်လာကြမှန်း ကျွန်တော့်အတွက် ချက်ချင်း ရှင်းလင်းလာတယ်။ ဒါကျွန်တော်ရှာနေခဲ့တဲ့ အဖြေမှန်း သေချာသွားတယ်။ ဒါပေမဲ့ နည်းနည်း မရှင်းမလင်း ဖြစ်နေတုန်းပဲ၊ ဟိုးအချိန်အကြာကြီးကတည်းက သခင့်အသံကို ကျွန်တော်ကြားခဲ့ပေမဲ့ အပြစ်ရဲ့ ချည်နှောင်မှုတွေကနေ မလွတ်သေးဘူးလို့ တွေးနေမိတုန်း။ ငါက အသက်ရှင်သူလို့ မှတ်ယူလို့ ရလားပေါ့။ “ကြားသောအားဖြင့် အသက်ရှင်ရမည်” ဆိုတာက တကယ်ပဲ ဘာကို ရည်ညွှန်းနေခဲ့တာလဲ။ လူတွေ ဘယ်လို အသက်ရှင်လာကြတာလဲ။ သခင်က သူပြန်ကြွလာတဲ့အခါ ငါတို့ ကြားဖို့လိုတဲ့အရာ နောက်ထပ်ပြောဖို့များ ရှိမှာလား။ အဲဒီလိုဆိုရင် ဘုရားရဲ့ အသံတော်ကို ငါတို့ ဘယ်လိုကြားနိုင်မလဲ။ ဘယ်မှာ ကြားနိုင်မလဲဆိုပြီးပေါ့။ ကျွန်တော်သဘောမပေါက်နိုင်လို့ သခင့်ဆီ ဆုတောင်းခဲ့တယ်၊ “အို သခင်၊ ကိုယ်တော့်အသံတော်ကို သားအမြန်ဆုံး ကြားပါရစေ။ သား သေလူ မဖြစ်ချင်ဘူး။ ကျေးဇူးပြုပြီး အသက်ရှင်စေပါ” လို့ပေါ့။

အဲဒီနောက်ပိုင်း အသင်းတော် ဝတ်ပြုစည်းဝေးတွေ သွားတဲ့အခါ သခင့်ရဲ့ ပြန်ကြွလာခြင်း၊ ဒါမှမဟုတ် သခင့်အသံတော်နဲ့ ပတ်သက်လို့ သင်းအုပ်ဆရာတွေက သူတို့တရားဒေသနာတွေမှာ တစ်ခုခု ပြောမလားလို့ ကျွန်တော် စပြီး အာရုံစိုက်ခဲ့တယ်။ ကျွန်တော် တကယ်စိတ်ပျက်ခဲ့ရတာက အယူလွဲတာကို သတိထားဖို့၊ ဂရုစိုက်ပြီး စောင့်ဆိုင်းဖို့ပဲ သူတို့ပြောပေမဲ့ သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ပတ်သက်လို့ လုံးဝ ဘာမှမပြာခဲ့တာပဲ။ အသင်းတော်ကို ကြီးကြပ်တဲ့ အဓိက လူတချို့ကိုလည်း ဒီကိစ္စတွေအကြောင်း မေးကြည့်ခဲ့ပေမဲ့ ကျွန်တော် ဒီမေးခွန်းတွေ စဉ်ဆက်မပြတ် မေးတာဟာ ယုံကြည်ခြင်း ကင်းမဲ့လို့ဖြစ်တယ်၊ ကျွန်တော်က သောမလိုပဲ ဖြစ်တယ်လို့ ပြောကြတယ်။ သူတို့ ကျွန်တော့်ကို စပြီး ဝိုင်းကြဉ်ခဲ့ကြတယ်။ နောက်တော့ ကျွန်တော်နဲ့ အမြဲ အဆင်ပြေနေခဲ့တဲ့ တခြားအသင်းသားတွေက စပြီး ခပ်ခွာခွာနေလာကြသလို ကျွန်တော့်ကို ဖယ်ကြဉ်လာကြတယ်။ နောက်ဆုံးမှာ ၁၈ နှစ်ကြာ ပါဝင်ခဲ့တဲ့ အဲဒီအသင်းတော်ကို စွန့်ခွာလိုက်ရတယ်။ ကျော်ကြားတဲ့ သင်းအုပ်ဆရာတွေရဲ့ တရားဒေသနာတွေကနေ ဘုရားရဲ့ အသံတော်ကို ကြားရဖို့ မျှော်လင့်ရင်းနဲ့ CBS နဲ့ CTS ကွန်ရက်တွေက အစီအစဉ်တွေကို ကျွန်တော် တစ်နေ့လုံး ကြည့်နေခဲ့တယ်။ ဒီလို ခြောက်လနီးပါး လုပ်ခဲ့တယ်။ နေ့တိုင်းနီးနီး ၁၀ နာရီ၊ ၁၀ နာရီကျော်ကြာ ဒီအစီအစဉ်တွေကို ကြည့်နေခဲ့တာဗျာ။ တကယ်ကို တရားဒေသနာတွေ အများကြီး ကြားခဲ့တယ်၊ ဒါပေမဲ့ လိုချင်တဲ့ အဖြေတွေ မတွေ့သေးဘူး။ မကြာခင်မှာ သခင် ပြန်ကြွလာတော့မှာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ဂရုစိုက်ပြီး စောင့်ဆိုင်းသင့်တယ်လို့ သူတို့ ပြောတာကိုပဲ ဆက်ကြားနေခဲ့ရတယ်။ ကျွန်တော့်မှာတော့ မေးခွန်းတွေ အပြည့်ပဲ။ သခင်ပြန်လာတော့မယ်လို့ သင်းအုပ်တွေ အားလုံးက ပြောနေကြတယ်၊ ဒါပေမဲ့ ဘယ်တော့လဲ။ ပြီးတော့ သူ့ကို ကျွန်တော်တို့ ဘာလို့ မကြိုကြသေးတာလဲလို့ပေါ့။ အဲဒီရက်တွေမှာ သခင့်ကို ကျွန်တော် စဉ်ဆက်မပြတ် ဆုတောင်းနေခဲ့တာ၊ “သခင်။ သားတစ်သက်တာမှာ ကိုယ်တော့်ကို ကြိုဆိုဖို့၊ ကိုယ်တော့်အသံကို ကြားဖို့ အင်မတန်မျှော်လင့်နေမိရင်း တစ်ချိန်လုံး ကိုယ်တော့်ကို စောင့်ဆိုင်းနေခဲ့တာပါ။ အို သခင်၊ ဘယ်အချိန်မှာ ကိုယ်တော်ကြွလာမှာလဲ။ ကျေးဇူးပြုပြီး ကိုယ်တော့် ကျွန်တော် သားကြားပါရစေ” ဆိုပြီးပေါ့။

၂၀၁၃ ခုနှစ်၊ မတ်လ ရက်တစ်ရက်ကျတော့ ကျွန်တော်တို့ တိုက်အဝင်ပေါက်မှာ ၇၀ ဝန်းကျင်ရှိပုံရတဲ့ သက်ကြီးရွယ်အိုတစ်ယောက်က ချိုဆွန်းအီလ်ဘို သတင်းစာကို မှာယူချင်လားလို့ မေးရင်းနဲ့ ကျွန်တော့်ဆီ လျှောက်လာတယ်။ ကျွန်တော်တွေးနေတာက အခုခေတ် လူတိုင်းမှာ ဖုန်းတွေ၊ ကွန်ပျူတာတွေ ရှိကြတော့ ဘယ်သူသတင်းစာဖတ်လို့လဲပေါ့။ ဒါကြောင့် သူ့ကို တိုတိုပြတ်ပြတ် ငြင်းလိုက်တယ်။ ဒါပေမဲ့ ရက်အတန်ကြာတဲ့အထိ သူကျွန်တော့်ကို တွေ့တိုင်း သတင်းစာမှာဖို့ အမြဲပြောတယ်။ ကျွန်တော်လည်း ငြင်းမြဲငြင်းတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက တစ်လအကြာမှာ အဲဒီဦးလေးနဲ့ ဓာတ်လှေကားမှာ ကျွန်တော်ဆုံမိတယ်။ သူကျွန်တော့်ကို စောင့်နေသလိုမျိုးပဲ။ ကျွန်တော့်ကို မြင်တော့ ပြုံးပြီး နှုတ်ဆက်တယ်၊ ပြီးတော့ သတင်းစာမှာယူဖို့ ပြောလာရော။ ကျွန်တော်တွေးနေမိတာက ဒီလူကြီးက ဘာလို့ ငါ့ကို အချိန်အကြာကြီး သတင်းစာရောင်းဖို့ ကြိုးစားနေတာလဲလို့ပေါ့။ ဖော်ရွေဖို့ ကြိုးစားရင်းနဲ့ပဲ နောက်ဆုံးမှာ လစဉ်ကြေးနဲ့ ဝယ်လိုက်မိတော့တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်အောင့်လောက်တော့ ဖတ်ဖို့ အချိန်မရှိခဲ့ဘူး။ နောက်တော့ မေလအစောပိုင်း တစ်မနက် သတင်းစာရောက်ပြီးတဲ့နောက်မှာ ကျွန်တော်ကိုင်လိုက်ပြီး လုပ်နေကျအတိုင်းပဲ သတင်းခေါင်းစီးတွေကို အမြန် လှန်လှောကြည့်လိုက်တယ်။ အဲဒီမှာ ခေါင်းစီးတစ်ခုက ကျွန်တော့်အတွက် ထင်းနေရော။ အဲဒီမှာ ပြောထားတာက “ပြန်ကြွလာသည့် သခင်ယေရှု— အနန္တတန်ခိုးရှင် ဘုရားသခင်သည် နိုင်ငံတော်ခေတ်တွင် နှုတ်ကပတ်တော်များ ဖော်ပြနေ” တဲ့။ ကျွန်တော်လန့်သွားတယ်— ဘာ။ ပြန်ကြွလာတဲ့ သခင်ယေရှု။ အနန္တတန်ခိုးရှင် ဘုရားသခင်။ နိုင်ငံတော်ခေတ် ဟုတ်လား။ အဲဒါ တကယ်မှန်နိုင်ပါ့မလားပေါ့။ အဲဒီတုန်းက ခံစားချက်တွေ ဗလုံစီထနေခဲ့တာလေ— လူက တကယ်ကို ပူထူသွားတာပဲ။ သခင့်ရဲ့ ပြန်ကြွလာခြင်း သတင်းကို နောက်ဆုံးမှာ တွေ့လိုက်ရတာပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ အဲဒါ သတင်းတုများ ဖြစ်နိုင်မလားလို့ပေါ့။ စာမျက်နှာ အောက်ခြေကို ကြည့်တော့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာရယ်၊ အသင်းတော်ဆီက စာအုပ်တွေရဲ့ နာမည်တချို့ရယ် တွေ့လိုက်ရတယ်။ ဒါကို သေချာစုံစမ်းစစ်ဆေးဖို့ အရေးကြီးတယ်လို့ ခံစားမိရော။ သခင့်ရဲ့ ပြန်လာခြင်းက တကယ်ကို ကြီးမားတဲ့ ကိစ္စဖြစ်တာကိုး။ သတင်းစာပေါ်မှာ တွေ့တဲ့ နံပါတ်ကို ချက်ချင်း ခေါ်လိုက်တယ်။ ညီအစ်မတစ်ယောက်က ဖုန်းပြန်ဖြေတဲ့ အသံကို ကြားရတော့ သူ့ကို ကျွန်တော်မေးလိုက်တယ်။ “ဒီသတင်းစာပေါ်မှာ ပုံနှိပ်ထားတဲ့အရာက တကယ်အမှန်ပဲလားလို့ မေးလို့ရမလား။ သခင်ပြန်ကြွလာပြီးပြီလား။ ဒီစကားတွေက တကယ်ပဲ ဘုရားဆီက နှုတ်ကပတ်တော်တွေလား” လို့ပေါ့။ သူက “အမှန်ပါပဲ” တဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်မကင်မ်နဲ့ ပြာအိုက ကျွန်တော်နဲ့တွေ့ဖို့ ချိန်းလိုက်ပြီး ဘုရားအမှုရဲ့ အဆင့်သုံးဆင့်အကြောင်း ကျွန်တော့်ကို မိတ်သဟာယပြုပေးခဲ့ကြတယ်။ အစ်မကင်မ်က ပြောတယ်၊ “စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို အာဒံနဲ့ ဧဝတို့ ခံခဲ့ရကတည်းက လူဟာ စာတန်ရဲ့ အင်အားစုအောက်၊ အပြစ်ထဲမှာ အသက်ရှင်နေခဲ့တယ်၊ စာတန်ရဲ့ ကစားပြီး ထိခိုက်စေတာ ခံခဲ့ရတယ်။ စာတန်ရဲ့ စိုးမိုးခြယ်လှယ်မှုကနေ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့ ဘုရားက အမှုတော် အဆင့်သုံးဆင့်ကို လုပ်ပြီးပါပြီ၊ အဲဒါတွေက ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နဲ့ နိုင်ငံတော်ခေတ်တွေပါပဲ။ အမှုတော်ရဲ့ မတူညီတဲ့ အဆင့်သုံးဆင့် ရှိပေမဲ့ ဘုရားတစ်ပါးတည်းကပဲ အဲဒါတွေအားလုံးကို လုပ်ခဲ့တာပါ။ ဘုရားအမှုတော်ရဲ့ အဆင့်တစ်ခုစီက ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အတွက် လိုအပ်တဲ့အရာအပေါ် အခြေခံထားတယ်၊ ပိုနက်နဲပြီး မြင့်မားတဲ့ အမှုကို ဆောင်ရွက်ဖို့ အဆင့်တစ်ခုစီက ပြီးခဲ့တဲ့ အဆင့်အပေါ်မှာ တည်ဆောက်ထားတာပါ” တဲ့။ အဲဒီနောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ် သူဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အမှု၏အဆင့် သုံးဆင့်အဖြစ်သို့ ခွဲခြားထားသည်။ မည်သည့်တစ်ခုတည်းကမျှ ခေတ်သုံးခေတ်၏အမှုကို ကိုယ်စားမပြုနိုင်ဘဲ၊ တစ်ခုလုံး၏ အစိတ်အပိုင်း တစ်ခုကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပေ။ ပညတ်တော်ခေတ်တွင် သူ့အလုပ်ကို သူ ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်က ဘုရားသခင်သည် ပညတ်တော် အောက်၌သာ ဘုရားသခင် ဖြစ်နိုင်သည်ဟု သက်သေမပြပေ။ ယေဟောဝါသည် လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်ဖို့ စေခိုင်းလျက်၊ လူသားအတွက် ပညတ်တရားများကို ပြဌာန်းပြီး ပညတ်ချက်များကို ထုတ်ပြန် ကြေညာခဲ့သည်။ သူလုပ်ဆောင်ခဲ့သော အမှုသည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော ဤအမှုသည် ဘုရားသခင်မှာ လူသားအား ပညတ်တော်ကို စောင့်ရှောက်ရန်သာ စေခိုင်းသော ဘုရားသခင်၊ သို့မဟုတ် ဗိမာန်တော်ထဲ၌ ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ ရှိသော ဘုရားသခင်သာ ဖြစ်သည်ဟု သက်သေမပြပေ။ ဤသို့ပြောရန်မှာ မမှန်ကန်ပေ။ ပညတ်တော်အောက် လုပ်ဆောင်သော အမှုသည် ခေတ်တစ်ခေတ်ကိုသာ ကိုယ်စားပြုနိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင်သာ အမှုကို လုပ်ဆောင်ခဲ့ပါက၊ လူသည် ‘ဘုရားသခင်သည် ဗိမာန်တော်ထဲက ဘုရားသခင် ဖြစ်ပြီး၊ ဘုရားသခင်ကို အစေခံရန်အလို့ငှာ ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ် ဝတ်ရုံဝတ်ပြီး ဗိမာန်တော်ထဲသို့ ဝင်ကြရမည်။’ ဟု ပြောလျက်၊ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ပေလိမ့်မည်။ ကျေးဇူးတော်ခေတ်ထဲက အမှုကို မည်သည့်အခါကမျှ မဆောင်ရွက်ခဲ့ဖူးသကဲ့သို့၊ ပညတ်တော်ခေတ်သည် လက်ရှိအချိန်ထိ ဆက်လက် တည်ရှိနေခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် သနားကြင်နာတတ်ပြီး ချစ်ခင်တတ်သည်ကိုလည်း လူက သိလိမ့်မည် မဟုတ်ပေ။ ပညတ်တော်ခေတ်ထဲက အမှုသည် မလုပ်ဆောင်ပြီးခဲ့ဘဲ၊ ယင်းအစား ကျေးဇူးတော်ခေတ်ထဲက အမှုကိုသာ လုပ်ဆောင်ပြီးခဲ့ပါက၊ လူအားလုံး သိကြမည်မှာ ဘုရားသခင်သည် လူသားကို ရွေးနုတ်ရုံသာ ရွေးနုတ်နိုင်ပြီး၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ပေးရုံသာ ခွင့်လွှတ်ပေးနိုင်သော ဘုရားသခင် ဖြစ်သည် ဟူ၍ ဖြစ်သည်။ လူသားက ဘုရားသခင်သည် သန့်ရှင်းပြီး အပြစ်ကင်းသည်၊ ပြီးလျှင် သူသည် လူသားအတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ပြီး ကားစင်တင်ခြင်းခံနိုင်သည်ဟုသာ သိပေမည်။ လူသည် ဤအရာများကိုသာ သိမည်ဖြစ်သော်လည်း၊ အခြားမည်သည့်အရာကိုမျှ နားလည်ခြင်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ ခေတ်အသီးသီးသည် ဘုရားသခင်၏ စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည်။ ပညတ်တော်ခေတ်၌ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်ရှုထောင့်အား ကိုယ်စားပြုသည်၊ ကျေးဇူးတော်ခေတ်၌ မည်သည့်ရှုထောင့်များကို ကိုယ်စားပြုသည်၊ ယခုခေတ်၌ မည်သည့်ရှုထောင့်များကို ကိုယ်စားပြုသည်တို့အတွက်မူ- အဆင့်သုံးဆင့်အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်သည့်အခါတွင်သာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားအလုံးစုံကို ထုတ်ဖော်ပြနိုင်ပေသည်။ လူသည် အဆင့်သုံးဆင့်လုံးကို သိရှိလာသည့်အခါတွင်သာ၊ ယင်းကို အပြည့်အဝ နားလည်နိုင်ပေသည်။ အဆင့်သုံးဆင့်အနက် မည်သည့် အဆင့်ကိုမျှ ချန်လှပ်၍ မရပေ။ သင်သည် ဤအမှု၏ အဆင့် သုံးဆင့်ကို သိရှိလာသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို မြင်ရလိမ့်မည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်က သူ၏အမှုကို ပြီးစီးခဲ့သည်ဆိုသည့်အချက်က သူသည် ပညတ်တော်အောက်က ဘုရားသခင်သာလျှင် ဖြစ်သည်ကို သက်သေမပြသကဲ့သို့၊ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးခဲ့သည် ဆိုသည့်အချက်က ဘုရားသခင်သည် လူသားမျိုးနွယ်ကို အစဉ်ထာဝရ ရွေးနုတ်မည်ဟု မဆိုလိုပေ။ ဤအရာအားလုံးသည် လူက ကောက်ချက်ချသည့် ကောက်ချက်များသာ ဖြစ်ပေသည်။ ကျေးဇူးတော်ခေတ် အဆုံးသို့ရောက်လာလျက်ဖြင့်၊ ဘုရားသခင်သည် ကားတိုင်နှင့်သာ သက်ဆိုင်ပြီး၊ ကားတိုင်တစ်ခုတည်းက ဘုရားသခင်၏ ကယ်တင်ခြင်းကို ကိုယ်စားပြုသည်ဟု သင် ပြော၍မရပေ။ ထိုသို့ပြုရန်မှာ ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း ဖြစ်လိမ့်မည်။ လက်ရှိအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အမှုကို အဓိက လုပ်ဆောင်နေသော်လည်း၊ ဘုရားသခင်သည် လူသားကို သနားကရုဏာ လုံးဝ မရှိသကဲ့သို့၊ သူ ဆောင်ကြဉ်းပြီးသမျှမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သာ ဖြစ်သည်ဟု သင် ပြော၍မရပေ။ နောက်ဆုံးကာလထဲက အမှုသည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်နှင့် အဆုံးသတ်၊ ပြီးလျှင် လူသားမျိုးနွယ်အလယ် ကယ်တင်ခြင်း အမှုအားလုံး၏ အဆုံးသတ်ကို ထုတ်ဖော်ပြရန်အလို့ငှာ၊ ယေဟောဝါနှင့် ယေရှုတို့၏အမှုနှင့် လူတို့ နားမလည်သော နက်နဲမှုအားလုံးကို ဖွင့်ချလေသည်။ နောက်ဆုံးသောကာလထဲက အမှု၏ ဤအဆင့်သည် အရာရာကို အဆုံးတစ်ခုသို့ ဆောင်ကြဉ်းသည်။ ယင်းတို့၏ နက်နဲမှုများအထိ လူသားအား လေ့လာစူးစမ်းခွင့်ပေးပြီး သူ၏ စိတ်နှလုံးထဲတွင် လုံးဝ ရှင်းလင်းသော သိနားလည်မှု တစ်ခု ရှိခွင့်ပေးရန် လူသား နားမလည်သည့် နက်နဲသောအရာ အားလုံးကို ဖြေရှင်းရန် လိုအပ်ပေသည်။ ထိုအခါတွင်သာ လူသားမျိုးနွယ်သည် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ထို့နောက်တွင် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်မည် ဖြစ်သည့်အတွက်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလုံးစုံ နားလည်လာလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) အဲဒီနောက် အစ်မကင်မ်က ကျွန်တော့်ကို နောက်ထပ် မိတ်သဟာယအများကြီး ဝေမျှခဲ့လို့ ဘုရားရဲ့ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်ကို ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နဲ့ နိုင်ငံတော်ခေတ်ဆိုပြီး ခေတ်သုံးခေတ်၊ အဆင့်သုံးဆင့် ခွဲခြားထားတာ ကျွန်တော်သိလိုက်ရတယ်။ ပညတ်တော်ခေတ်မှာ အပြစ်က ဘာလဲဆိုတာကို လူတွေသိအောင် ယေဟောဝါက ပညတ်တရားကို ထုတ်ပြန်ခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရွေးနုတ်ခြင်း အမှုကို အပြီးသတ်ခဲ့တယ်။ ပညတ်တရားအောက်က ရှုတ်ချခြင်းနဲ့ သေခြင်းကနေ ကျွန်တော်တို့ကို လွတ်မြောက်ခွင့်ပေးရင်း၊ အပြစ်ကနေ ကျွန်တော်တို့ကို ခွင့်လွှတ်ရင်းနဲ့ လူသားမျိုးနွယ်အတွက် သူကားစင်တင်ခံခဲ့တယ်။ နိုင်ငံတော်ခေတ်မှာ လူ့အပြစ်ရဲ့အရင်းအမြစ်ကို ဖြေရှင်းဖို့၊ ကျွန်တော်တို့ကို အပြည့်အဝ သန့်စင်၊ ကယ်တင်ပြီး ဘုရားရဲ့နိုင်ငံတော်ထဲ ဆောင်ယူဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်း အမှုပြုနေတယ်။ အမှုတော်ရဲ့ အဆင့်သုံးဆင့်က မတူညီတဲ့ ခေတ်တွေမှာ ဖြစ်ပွားပြီး မတူတဲ့ အရာတွေ ပါဝင်ပေမဲ့ ဘုရားတစ်ပါးတည်းကပဲ အားလုံးကို လုပ်ခဲ့တာ။ တစ်ပါးတည်းရှိတဲ့ ဘုရားက မတူတဲ့ ခေတ်တွေမှာ မတူတဲ့ အလုပ်ကို လုပ်နေတာပါ။ ဒါကို နားလည်ရတာက ကျွန်တော့်အတွက် တကယ်အသိဉာဏ်ပွင့်လင်းစရာပဲ။

အဲဒီနောက် အနန္တတန်ခိုးရှင် ဘုရားသခင်က လူတွေကို သူ့ရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တွေကတစ်ဆင့် သန့်ရှင်းစေပုံနဲ့ပတ်သက်လို့ အစ်မပြာအိုက မိတ်သဟာယပြုပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သူဝေမျှခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) နောက်တော့ အစ်မပြာအိုက ကျွန်တော့်ကို ပြောပြတယ်၊ “လူတွေကို တရားစီရင်ပြီး သန့်ရှင်းစေဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို သုံးတယ်။ ကျမ်းစာရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြပြီး ဘုရားရဲ့ အမှုတော်ကို သက်သေခံတဲ့ နှုတ်ကပတ်တော်သန်းချီကို သူဖော်ပြပြီးပြီ၊ အဲဒါတွေက လူ့ရဲ့ အပြစ်နဲ့ပြည့်ခြင်း အရင်းအမြစ်နဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ဖော်ထုတ်ပေးတယ်။ တချို့က စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနဲ့ အသက်ဝင်ရောက်မှု အကြောင်းဖြစ်ပြီး တချို့က လူတွေရဲ့ ရလဒ်ကို ဆုံးဖြတ်တဲ့ အကြောင်း စသည်ဖြင့် ဖြစ်တယ်။ အားလုံးက သမ္မာတရားဖြစ်ပြီး ဘုရားဆီက လာတယ်။ ဒါက ကျွန်မတို့ကို ဘုရားရဲ့ ဖြောင့်မတ်၊ သန့်ရှင်းတဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ ဉာဏ်ပညာကို ပြပါတယ်။ သူ့နှုတ်ကပတ်တော်တွေကို ဖတ်တဲ့သူ ဘယ်သူမဆိုက အဲဒါတွေရဲ့ ဩဇာအာဏာနဲ့ တန်ခိုးကို ခံစားနိုင်တယ်။ အားလုံးကို ဘုရားက မြင်ပြီး ဘုရားကပဲ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို အလုံးစုံ သိတယ်။ ဘုရားက ကျွန်မတို့ရဲ့ အတွေးတိုင်း၊ ရှုထောင့်အမြင်၊ စိတ်ကူးတိုင်းနဲ့ ဖောက်ပြန်ပျက်စီးတဲ့ အခြေအနေတိုင်းကို လုံးဝရှင်းလင်းပြီး လက်တွေ့ကျတဲ့ ဝေါဟာရတွေနဲ့ ဖော်ထုတ်တယ်။ လူသားမျိုးနွယ်ရဲ့ အပြစ်နဲ့ပြည့်ခြင်း၊ ဘုရားကို ဆန့်ကျင်ခြင်းတွေကို အရင်းအမြစ်ကနေ အပြည့်အဝ ဖြေရှင်းရင်း ဒီဖောက်ပြန်ပျက်စီးခြင်းရဲ့ အဖြစ်အနေကိုလည်း ထုတ်ဖော်ပြီး စိတ်ဖြာလေ့လာတယ်” တဲ့။ သူက ပြောသေးတယ်၊ “ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်၊ ထုတ်ဖော်ပြခြင်းနဲ့ စစ်ဆေးခြင်းတွေကတစ်ဆင့် ကိုယ့်ရဲ့ ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားအပေါ် သိနားလည်မှုတချို့ ကျွန်မတို့ ရကြတယ်။ အဲဒီအခါ ကျွန်မတို့ ဘယ်လောက်မာနထောင်လွှားတယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်တယ်၊ ကျွန်မတို့ ပြောသမျှ၊ လုပ်သမျှတိုင်းက ဖောက်ပြန်ပျက်စီးခြင်းမှာ အခြေခံပြီး လူသားသဏ္ဌာန်ကို နည်းနည်းမှ အသက်ရှင်မနေထိုင်ကြမှန်း မြင်ရတယ်။ နာမည်နဲ့ အဆင့်အတန်းအတွက် တိုက်ခိုက်နေတာ၊ ကျိတ်ကြံခြင်း၊ လိမ်ညာပြီး လှည့်စားခြင်းတွေမှာ ပါဝင်တာ၊ မနာလို၊ မုန်းတီးနေတာ၊ ဘုရားကို ကျိုးနွံနာခံခြင်း မရှိဘဲ ယုံကြည်မှုရှိတာ၊ လွန်ကဲတဲ့ ဆန္ဒတွေနဲ့ ပြည့်နေတာ၊ စမ်းသပ်မှုတွေ၊ အခက်အခဲတွေ ကြုံတော့ ဘုရားကို အပြစ်တင်ပြီး ခုခံနေတာတွေအားလုံးက ဥပမာတွေပဲ။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် သမ္မာတရားတချို့ကို ကျွန်မတို့ နားလည်ပြီး အပြုသဘောနဲ့ အပျက်သဘောဆောင်တာတွေကြားမှာ ချင့်ချိန်နိုင်စွမ်း ရကြတယ်။ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ ပတ်သက်လို့လည်း ပိုသိလာကြတဲ့အပြင် တဖြည်းဖြည်းနဲ့ ဘုရားကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံလာကြတယ်။ ကျွန်မတို့ နောင်တရနိုင်တယ်၊ သူ့ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး သူ့နှုတ်ကပတ်တော်တွေကို ဆောင်ရွက်နိုင်ကြတယ်” တဲ့။ ပြီးတော့ ဒီလိုလည်း ပြောတယ်၊ “ကျွန်မတို့ကို ဖော်ထုတ်နေတဲ့ ဘုရားနှုတ်ကပတ်တော်မရှိရင် ဆုတောင်းခြင်းနဲ့ ဝန်ချခြင်းကို အားကိုးရုံနဲ့ သုံးသပ်မှုကနေ အဲဒီသိနားလည်မှုကို လုံးဝ ရမှာမဟုတ်ဘူး၊ ကျွန်မတို့ရဲ့ အပြစ် အရင်းအမြစ်ကို ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ အတွေ့အကြုံကတစ်ဆင့် ဘုရားရဲ့ တရားစီရင်ခြင်းက လူ့အတွက် သူ့ရဲ့ အစစ်မှန်ဆုံး ချစ်ခြင်းနဲ့ အကောင်းဆုံး ကယ်တင်ခြင်း ဖြစ်မှန်းလည်း မြင်ရတယ်။ အဲဒီလက်တွေ့ကျတဲ့ အမှုတော် မရှိဘဲနဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက လုံးဝ သန့်စင်ခံရမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုကို လက်ခံတာက နိုင်ငံတော်ထဲဝင်ဖို့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်တယ်” တဲ့။ နောက်တော့ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ဆိုင်တဲ့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ သက်သေခံချက်အကြောင်း ပြောပြတယ်။ အားလုံးက သိပ်လက်တွေ့ကျတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်က ဝိညာဉ်ရေးရာမှာ ကျွန်တော်လိုအပ်တဲ့အရာ အတိအကျဖြစ်မှန်းအပြင် ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုက လူတွေကို တကယ်ပြောင်းလဲပြီး သန့်စင်စေသလို၊ နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဘုရားရဲ့ တရားစီရင်ခြင်းကို လက်ခံခြင်းပဲ ဖြစ်မှန်း ပြောလို့ရပါတယ်။

နောက်ရက်အနည်းငယ်အတွင်းမှာ ဘာလို့ ဘာသာရေး လောကက ခုချိန်မှာ အရမ်းခြောက်ကပ်ပြီး သင်းအုပ်ဆရာတွေရဲ့ တရားဒေသနာတွေက ငြီးငွေ့စရာ ဖြစ်ရတယ်ဆိုတာကိုလည်း ညီအစ်မတွေက ပြောပြတယ်။ ကျမ်းစာနောက်ကွယ်က တကယ့် ဇာတ်ကြောင်း၊ ဘုရားရဲ့ လူ့ဇာတိခံယူခြင်း နက်နဲမှုတွေနဲ့ အဓိပ္ပာယ်တွေလည်း ရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ အများကြီးပါဝင်ပြီး နက်နဲမှုတွေ အများကြီးအတွက် ကျွန်တော့်အမြင်ကို ပွင့်သွားစေသလို ခံစားခဲ့ရတယ်။ အဲဒါကို စစ်ဆေးလေ့လာပြီးတဲ့နောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ကျွန်တော် ပျော်ပျော်ကြီး လက်ခံခဲ့တယ်။

ဒီညီအစ်မတွေက ဘုရားနှုတ်ကပတ်တော် စာအုပ်နှစ်အုပ် ပေးခဲ့တယ်။ အိမ်ရောက်တော့ တစ်အုပ်ကို ကျွန်တော်ဖွင့်ကြည့်တယ်၊ သိုးသငယ် ဖွင့်သည့် စာစောင်။ ပထမဆုံး ကျွန်တော် မြင်တာက နိဒါန်းမှာရှိတဲ့ ဘုရားနှုတ်ကပတ်တော် တချို့ပဲ- “များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့် ညီညွတ်ရန် ၎င်းတို့ မည်သည့်အရာ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် ‘ဘုရားသခင်’ ဆိုသည့် စကားလုံးနှင့် ‘ဘုရားသခင်၏ အမှု’ ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားနှုတ်ကပတ်တော်တွေက အသေးစိတ်ပြီး လက်တွေ့ကျသလို ဘုရားကို ယုံကြည်ခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ပြတယ်။ ကျွန်တော်တို့အနေနဲ့ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်နိုင်အောင်၊ သမ္မာတရားကို ရပြီး ဘုရားကို သိနိုင်အောင် ယုံကြည်ခြင်းက ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်ကို တွေ့ကြုံခြင်း လိုအပ်တာကို သဘောပေါက်ခဲ့ရတယ်။ အဲဒါကသာ စစ်မှန်တဲ့ ယုံကြည်ခြင်းပဲ။ ယုံကြည်ခြင်းဆိုတာ နေ့တိုင်း ဆုတောင်းပြီး ဘုရားကျောင်း အများကြီး သွားတာလို့ ကျွန်တော်ထင်လေ့ရှိခဲ့တာလေ။ ဝမ်းနည်းစရာက ယုံကြည်ခြင်းရဲ့ လမ်းကြောင်းမှန်ပေါ် ကျွန်တော်ရောက်နေလားဆိုတာကို လုံးဝ သဘောမပေါက်ခဲ့ဘူး။ ဒီတော့ အဲဒီအချိန်ထိ တစ်လျှောက်လုံး စမ်းတဝါးဝါးဖြစ်နေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ ကျွန်တော့်ယုံကြည်ခြင်းမှာ အရင်က လျှောက်ခဲ့တဲ့ လမ်းကြောင်းဟာ လုံးဝ မှားမှန်း အတွေးပေါက်သွားတယ်။ နောက်‌တော့ မာတိကာမှာ “သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော” ဆိုတဲ့ ခေါင်းစဉ်ကို တွေ့ခဲ့တယ်။ ခေါင်းစဉ်ကို စိတ်ဝင်စားသွားတော့ ချက်ချင်း လှန်လှောလိုက်တယ်။ အဲဒီမှာ ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေ ရှိတယ်။ “ဘုရားသခင်သည် လူကို ဖန်ဆင်းခဲ့သည်၊ သို့သော် ထို့နောက်တွင် လူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသည်မှာ လူတို့သည် ‘လူသေများ’ ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့်၊ သင်ပြောင်းလဲ ပြီးသည့်နောက်တွင်၊ သင်သည် ဤ ‘လူသေများ’ ကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်တော့ပေ။ လူတို့၏ဝိညာဉ်များကို အသက်ပြန်ရှင်စေကာ ပြန်လည် မွေးဖွားစေသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ပြီး၊ လူတို့၏ ဝိညာဉ်များ ပြန်လည်မွေးဖွားသောအခါ ၎င်းတို့သည် အသက်ရှင်ခြင်းတို့ ရောက်ကြပြီးဖြစ်လိမ့်မည်။ ‘လူသေ’ နှင့်ပတ်သက်၍ ငါပြောဆို သည့်အခါတွင်၊ ဝိညာဉ်မရှိသည့် အလောင်းကောင်များ၊ ၎င်းတို့အတွင်း၌ ၎င်းတို့၏ ဝိညာဉ်များ သေဆုံးပြီးသောလူများကို ငါရည်ညွှန်းနေခြင်းဖြစ်သည်။ လူတို့၏ဝိညာဉ်များကို အသက်ပြန်ရှင်သောအခါတွင်၊ သူတို့သည် အသက်ရှင်ခြင်းသို့ ရောက်လာကြသည်။ ယခင်ကဆိုခဲ့သော သန့်ရှင်းသူများမှာ အသက်ရှင်ခြင်းသို့ ရောက်ပြီးဖြစ်သောလူများ၊ စာတန်၏ စွမ်းအားအောက်တွင် ရှိခဲ့ကြသော်လည်း၊ စာတန်ကို အနိုင်ယူခဲ့သောသူများကို ရည်ညွှန်းပေသည်။...

...‘လူသေတို့’ သည် ဘုရားသခင်ကို ဆန့်ကျင်ကာ ပုန်ကန်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် ဝိညာဉ်၌ ထုံထိုင်းသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသကဲ့သို့၊ ဘုရားသခင်ကို သစ္စာစောင့်သိခြင်း စိုးစဉ်းမျှ မရှိသောသူများ ဖြစ်ကြကာ၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သော သူများ ဖြစ်ကြပြီး စာတန်၏အသုံးချခြင်းကို ခံကြရလေသည်။ လူသေများသည် သမ္မာတရားကို ဆန့်ကျင်ရာ၌ ရပ်တည်ခြင်းအားဖြင့်၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအားဖြင့်၊ ပြီးလျှင် နိမ့်ကျခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ မလိုမုန်းထားခြင်း၊ ရိုင်းစိုင်းခြင်း၊ လှည့်ဖြားခြင်းနှင့် မသိမသာ အန္တရာယ်ပေးခြင်းအားဖြင့် မိမိတို့ကိုယ်ကိုယ် ထင်ရှားစေကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြလျှင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အသက်ရှင်ကြသော်လည်း၊ လမ်းလျှောက်နေသည့် အသက်ရှူနေကြသော အလောင်းကောင်များ ဖြစ်ကြသည်။ လူသေတို့သည် ဘုရားသခင်ကို လုံးဝ နာခံခြင်းငှာ တတ်စွမ်းနိုင်ဖို့မပြောနှင့်၊ ဘုရားသခင်ကို ကျေနပ်စေခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ကြပေ။ ၎င်းတို့သည် သူ့ကို လှည့်ဖြားရုံသာ လှည့်ဖြားနိုင်သည်၊ သူ့ကို ပြစ်မှားစော်ကားနိုင်ပြီး သစ္စာဖောက်နိုင်ကာ၊ ၎င်းတို့အသက်ရှင်သည့်နည်းလမ်းဖြင့် ၎င်းတို့ ပေါက်ဖွား စေသည့်အရာအားလုံးသည် စာတန်၏သဘာဝကို ထုတ်ဖော်ပြလေသည်။ လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်နှင့် ဘုရားသခင်ကို သက်သေခံရန်၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်ခံရမည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံ ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ထိုမှသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိမည်ဖြစ်ကာ အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရပြီးဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် ဆက်ကပ်ရန် လိုလားနေကြပြီး မိမိတို့၏ အသက်ကို စွန့်ရန် ပျော်ရွင်ကြကာ၊ ဘုရားသခင်အတွက် မိမိတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံထားကြမည်ဖြစ်သည်။ အသက်ရှင် သူများသည် ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်သည် အရှက်ရနိုင်မည်။ အသက်ရှင်သူများကသာ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေနိုင်ကြသည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ကြပြီး၊ အသက်ရှင်သူများသာ စစ်မှန်သောလူများ ဖြစ်ကြပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒီစာပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ ဒါဟာ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်ရှာနေခဲ့တဲ့ အဖြေမှန်း စိတ်နှလုံးထဲမှာ သိလိုက်တယ်။ “သေတယ်”၊ “ရှင်တယ်” ဆိုတာ ဘာကိုဆိုလိုမှန်း နောက်ဆုံးမှာ သိသွားတယ်။ အာဒံနဲ့ ဧဝကို ဘုရားဖန်ဆင်းခဲ့တုန်းက ဘုရားကို သူတို့နာခံနိုင်ခဲ့ကြတယ်၊ သူ့ကို ပေါ်လွင်စေပြီး ဘုန်းထင်ရှားစေနိုင်ခဲ့တယ်။ သူတို့က ဝိညာဉ်တွေရှိတဲ့ အသက်ရှင်တဲ့ လူတွေဖြစ်ခဲ့ကြတယ်။ နောက်တော့ ဘုရားကို သူတို့သစ္စာဖောက်အောင် စာတန်က သွေးဆောင်ခဲ့တော့ စာတန်ရဲ့ တန်ခိုးအောက်၊ အပြစ်ထဲမှာ သူတို့ စအသက်ရှင်လာကြတယ်။ အဲဒါက ကျွန်တော်တို့ထဲမှာ စိမ့်ဝင်နေတဲ့ စာတန်ရဲ့ အဆိပ်မျိုးစုံနဲ့ လူသားမျိုးနွယ်ဟာ ပိုဖောက်ပြန်သည်ထက် ဖောက်ပြန်လာခဲ့ပုံပါပဲ။ ဘုရားကို ငြင်းပယ်ရင်း၊ သူ့ကို ပစ်ပယ်၊ ဆန့်ကျင်ရင်းနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို အသက်ရှင်နေထိုင်ရင်း အပြစ်ထဲကို ကျွန်တော်တို့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ကျဆင်းသွားကြတယ်။ ကျွန်တော်တို့က အစမှာ ဘုရားသခင် ဖန်ဆင်းခဲ့တဲ့ပုံလို မဟုတ်ကြတော့ဘူး။ အပြစ်ထဲမှာနဲ့ စာတန်ရဲ့ တန်ခိုးအောက်မှာ အသက်ရှင်ကြသူတိုင်းကို လူသေလို ဘုရားက မြင်တယ်။ လူသေတွေဟာ စာတန်နဲ့ဆိုင်ပြီး ဘုရားကို ဆန့်ကျင်ကြတယ်။ သူ့ရဲ့ နိုင်ငံတော်နဲ့ သူတို့ မထိုက်တန်ကြဘူး။ အသက်ရှင်သူတွေက ဘုရားရဲ့ ကယ်တင်တာ ခံရသူတွေ ဖြစ်တယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်ခံရတယ်။ အပြစ်၊ စာတန်ရဲ့ အင်အားစုတွေကို သူတို့စွန့်ပစ်ပြီး ဘုရားကို ပုန်ကန်၊ ဆန့်ကျင်တာ ရပ်လိုက်ကြတယ်။ ဘုရား ဘယ်လိုစကားပြောပြီး အမှုပြုပါစေ သူတို့နားထောင်၊ နာခံနိုင်ကြတယ်။ အသက်ရှင်သူတွေက ဘုရားကို သက်သေခံပြီး ဘုန်းထင်ရှားစေနိုင်သလို သူတို့ဟာ ဘုရားရဲ့ လက်ခံမှုကို ရပြီး သူ့နိုင်ငံတော်ထဲ ဝင်နိုင်တဲ့ တစ်ဦးတည်းသော သူတွေပဲ ဖြစ်တယ်။ အသက်ရှင်သူ ဖြစ်လာဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကို ကျွန်တော်တို့ လက်ခံပြီး သူ့ရဲ့ တရားစီရင်ခြင်းကို တွေ့ကြုံရပါမယ်။ နောက်ဆုံးမှာ သန့်စင်ခံလာရပြီး ကိုယ့်ရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားကို ပြန်ရလာရမှာပါ၊ ဖန်ဆင်းရှင်ကို နာခံပြီး ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ရမှာဖြစ်သလို ဘုရားကို ကြောက်ရွံ့ပြီး သက်သေခံရမှာပါ။ ဒါဟာ တကယ်ကို အသက်ပြန်ရှင်လာတဲ့သူ၊ နိုင်ငံတော်ထဲကို ဝင်နိုင်ပြီး ထာဝရအသက်ရနိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ သခင့်ရဲ့ ဒီစကားက ဘာကို ဆိုလိုသလဲဆိုတာ ကျွန်တော် တကယ်နားလည်သွားတယ်။ “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅-၂၆) ဆိုလိုတဲ့သဘောက အဲဒါပဲ။ အဲဒါတွေ အားလုံးကို နားလည်လိုက်တာနဲ့ ကျွန်‌တော့်စိတ်နှလုံး အားတက်သွားသလို ခံစားခဲ့ရတယ်။

အဲဒီနောက်မှာ နောက်ထပ် ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်ဖတ်ရတယ်၊ ခေါင်းစဉ်က ဒီလိုပါ။ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” တဲ့။ အဲဒါက ကျွန်တော့်စိတ်ထဲ တကယ် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ခဲ့တာ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒါက ကျွန်တော့်အပေါ် တကယ်ကို ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်။ သိပ်ဩဇာအာဏာရှိပြီး အစွမ်းတန်ခိုးရှိတယ်၊ ဒီစကားတွေက ဘုရားဆီကပဲ လာတာ ဖြစ်နိုင်မယ်လို့ ခံစားမိခဲ့တယ်။ သခင်ယေရှု ဒီလိုပြောခဲ့တာကို သတိရမိသွားတယ်၊ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) ဟုတ်တယ်။ ဘုရားကလွဲလို့ နိုင်ငံတော်ရဲ့ တံခါးကို ဘယ်သူကများ အုပ်စိုးနိုင်မှာတဲ့တုံး။ ထာဝရအသက် လိုချင်ရင် နောက်ဆုံးသော ကာလ ခရစ်တော် ယူဆောင်လာခဲ့တဲ့ ထာဝရအသက်လမ်းကို ကျွန်တော်တို့ လက်ခံရမယ်။ အဲဒါက ပြန်ကြွလာတဲ့ သခင်ယေရှု ဖော်ပြတဲ့ သမ္မာတရားကို ဆိုလိုတာပဲ။ အဲဒါက နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ ပြည့်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ နိုင်ငံတော်ထဲဝင်ဖို့ လမ်းကြောင်း ရှာတွေ့နိုင်တာ ကျွန်တော် သိပ်ကံကောင်းတယ်လို့ ခံစားရတယ်။ တကယ်စိတ်လှုပ်ရှားမိတာ။ ဘုရားနှုတ်ကပတ်တော်တွေကို ငတ်ပြတ်နေသူအတွက် အစာလိုမျိုး ကျွန်တော်ဖတ်တယ်၊ ကျွန်တော့်အပေါ် အဲဒီလို နက်ရှိုင်းတဲ့ သက်ရောက်မှု ရှိခဲ့တာပါ။ ဖတ်လေလေ၊ အဲဒါတွေက သမ္မာတရားဖြစ်တယ်၊ သင်းအုပ်ဆရာ၊ ဒါမှမဟုတ် ဓမ္မပညာရှင် တစ်ပါးပါးဆီက လာတာ မဖြစ်နိုင်ဘူးလို့ သိလေလေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ရဲ့ ခြေဦးတည့်ရာ သွားနေပြီး ဆာလောင်နေတဲ့ ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးခဲ့တာ။ သတင်းစာတွေ ရောင်းနေခဲ့တဲ့ ဟိုဦးလေးကို ပြန်တွေးမိတယ်။ လစဉ်ကြေး ဝယ်ဖို့ သူကျွန်တော့်ကို ဆက်ပြောခဲ့တာလေ။ အဲဒါကြောင့် နောက်ဆုံးမှာ ဘုရားအသံကို ကျွန်တော်ကြားခဲ့ရတာပါ။ သူ့ကို ကျွန်တော် ကျေးဇူးတင်ချင်ပေမဲ့ သူ့ကို နောက်ထပ် လုံးဝ ရှာမတွေ့နိုင်ခဲ့ဘူး။ နောက်တော့ အဲဒါကို ခွင့်ပြုခဲ့တာ ဘုရားရဲ့ အံ့ဖွယ်လုပ်ဆောင်ချက်တွေဖြစ်မှန်း ကျွန်တော်သဘောပေါက်သွားတယ်။ အဲဒီလူက မှာယူဖို့ ကျွန်တော့်ကို ပြောနေခဲ့တာလေ၊ အဲဒါကြောင့် ဘုရားအသံကို ကြားခွင့်ရပြီး သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုခွင့်ရခဲ့တာပဲ။ အဲဒါ ကျွန်တော့်အတွက် ဘုရားရဲ့ လမ်းပြမှုနဲ့ ချစ်ခြင်းပါပဲ။ ဘုရားကို တကယ်ကျေးဇူးတင်မိတယ်။ ကျွန်တော့်ဘဝတစ်သက်တာမှာ ဘုရားရဲ့ အသံကို ကြားနိုင်ပြီး သူ့ရဲ့ ပေါ်ထွန်းခြင်းကို မျက်မြင်ကြုံတွေ့နိုင်ခဲ့တာ ကျွန်တော်အင်မတန်ကောင်းချီးရတယ်လို့ ခံစားရတယ်။ ဒါဟာ ဘုရားရဲ့ ကရုဏာနဲ့ ကျေးဇူးတော်ပါ၊ ဒီထက်မက ကျွန်တော့်အတွက် သူ့ရဲ့ ကယ်တင်ခြင်းပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

a

နောက်တစ်ခုသို့- ကျွန်တော် အိမ်ပြန်ခဲ့ပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မြူများရှင်းလင်းသွားပြီး ကောင်းကင်နိုင်ငံတော်သို့ လမ်းကြောင်းကို ကျွန်တော် ရှာတွေ့ခဲ့သည်

ချန်းအိုင်း၊ တရုတ်ပြည်နယ်ကျွန်တော် ငယ်ငယ်ကတည်းက သခင့်အပေါ် ကျွန်တော့် မိဘများ၏ ယုံကြည်မှုနောက်သို့ ကျွန်တော် လိုက်လျှောက်ခဲ့ပြီး၊ ယခု...

စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာရာတွင် ကျွန်မ တွေ့ကြုံခဲ့ရသည့်အရာ

ဖလောရမ့်စ် အင်ဒိုနီးရှားနိုင်ငံ ကလေးဆိုတော့ ကိုယ့်မိဘတွေ သခင့်ကိုယုံကြည်ကြတဲ့အတိုင်းပဲ ကျွန်မ လိုက်ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ...

သခင်သည် အရှေ့တိုင်းတွင် ပေါ်ထွန်းခဲ့ပြီ

ကျီယူကျန်း၊ တရုတ်ပြည်တစ်နေ့တွင် ကျွန်မညီမက မြောက်ပိုင်းမှ ပြန်ရောက်နေပြီး၊ ကျွန်မကို အရေးကြီးသည့် တစ်စုံတစ်ခု ပြောရန်ရှိသည်ဟု ပြောဖို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။