တရားစီရင်ခြင်းသည် ကောင်းကင်နိုင်ငံသို့ ဝင်ရန် သော့ချက်ဖြစ်၏

03.04.2021

ကျွန်တော်က ခရစ်ယာန်မိသားစုမှာ မွေးလာတာပါ။ ကျွန်တော့်အဖေက မကြာမကြာ ပြောတတ်တယ်၊ “သခင့်ကို ယုံကြည်တဲ့အတွက် ငါတို့အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ငါတို့က အပြစ်မရှိတော့ဘူး။ သခင် ကြွလာပြီဆိုရင်၊ ငါတို့ကို ကောင်းကင်နိုင်ငံတော်ဆီ ယူဆောင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျမ်းစာမှာ၊ ‘ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏’ ဆိုပြီး ပြောတယ်” ပေါ့။ (ရောမသြဝါဒစာ ၁၀:၁၀-၁၁) အဲဒါနဲ့ ကျွန်တော်လည်း၊ ငါက ယုံကြည်ခြင်းကြောင့် မှန်ကန်ပြီး ကယ်တင်ခံရတယ်။ ငါက ကောင်းကင်ဘုံကို ရောက်မှာဆိုပြီး နှစ်ပေါင်းများစွာ ယုံကြည်မိခဲ့တယ်။ နောက်တော့ သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကို ဖတ်မိတယ်၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။(ရှင်မဿဲခရစ်ဝင် ၁၈:၃)သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) ဒါတွေနဲ့ ကျွန်တော် တော်တော် ခေါင်းရှုပ်သွားတယ်။ ခမည်းတော်ရဲ့အလိုကို ဆောင်တဲ့လူတွေသာ ကောင်းကင်ဘုံကို ဝင်နိုင်တယ်လို့ သခင်က ပြောတာလေ။ ပြီးတော့ တခြားသူတွေကို မမုန်းဖို့ မနာလိုမဖြစ်ဖို့၊ အချင်းချင်း ချစ်ခင်ကြဖို့ သွန်သင်တယ်။ ကျွန်တော်က ဒီလောက်ထိ မလုပ်နိုင်ခဲ့ဘူးဆိုတာ သိတယ်။ ကိုယ့်အကျိုးအမြတ်အတွက် တစ်ချိန်လုံး လိမ်ညာခဲ့တာလေ။ ညီအစ်ကိုမောင်နှမတွေအပေါ်လည်း တော်တော် သည်းမခံခဲ့ဘူး။ သူများတွေကို မချစ်ခင်တတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပဲ။ အဆင်မပြေတာတွေ ဖြစ်ပြီဆိုရင်၊ ဘုရားသခင်ကို အပြစ်တင်တယ်။ ကျွန်တော်က ဘုရားကို အမှန်တကယ် မချစ်ခင်ခဲ့တာပါ။ သခင့်ပညတ်တော်တွေကို မလိုက်နာနိုင်ခဲ့ဘူး။ ဘုရားအလိုတော်အတိုင်း မလုပ်ဆောင်ခဲ့ဘူးလေ။ ကျွန်တော်က ဘယ်လိုလုပ် ကောင်းကင်ဘုံကို ရောက်နိုင်မှာလဲ။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေက ခေါင်းထဲရောက်လာတယ်၊ “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ကျွန်တော်က အမြဲတမ်း အပြစ်လုပ်လိုက်၊ ဝန်ခံလိုက်နဲ့၊ အပြစ်ထဲ နစ်နေတုန်းပဲလေ။ သခင် ကြွလာရင်၊ ကျွန်တော့်ကို ကောင်းကင်ဆီ ယူဆောင်ပါ့မလား။ ကျွန်တော်လည်း ဒါတွေကို သေချာနားလည်အောင်ဆိုပြီး၊ ကျမ်းစာကို လေ့လာကြည့်တယ်။ အခေါက်ခေါက် ဖတ်ကြည့်တယ်။ ဒါပေမဲ့ အပြစ်နဲ့ ကင်းရှင်းဖို့နည်းလမ်းကို ရှာလို့မတွေ့ဘူး။ ရှင်ပေါလု ပြောခဲ့တာကို စဉ်းစားမိတယ်၊ “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း။” (ရောမသြဝါဒစာ ၇:၂၄) ရှင်ပေါလုတောင် ရှာမတွေ့ခဲ့ဘူးဆိုတော့ ကျွန်တော်ဆို ဘယ်လိုလုပ်မလဲ။ ကျွန်တော်က ငယ်တော့တာ မဟုတ်ဘူး။ ယုံကြည်သူ ဖြစ်လာတာလည်း ကိုယ့်တစ်သက်လောက် ဖြစ်နေပြီ။ ဒါပေမဲ့ ကောင်းကင်ဘုံကို ရောက်ပါ့မလားဆိုတာ မသေချာသေးဘူး ဖြစ်နေတယ်လေ။ ကိုယ့်ကိုယ်ကိုယ် တော်တော် အသုံးမကျဘူးဆိုပြီး၊ လမ်းပျောက်သလို ဖြစ်သွားတယ်။ ကောင်းကင်ဘုံဆီ ရောက်မယ့်လမ်းကို ရှာဖို့၊ နောက်ဆုံးမှာ သခင်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း တွေ့နိုင်ဖို့ဆိုတာတွေကို ကျွန်တော် တော်တော် လိုချင်လာတယ်။ ဒါနဲ့ လူသိများတဲ့ ခရစ်ယာန်လူကြီးပိုင်းတွေကို သူတို့ ဘယ်မှာရှိရှိ လိုက်တွေ့တယ်။ ဒါပေမဲ့ သူတို့လည်း ကျွန်တော့်ကို မကူညီနိုင်ကြဘူး။ တခြားဂိုဏ်းခွဲတွေရဲ့ စည်းဝေးပွဲတွေလည်း တက်ကြည့်တယ်။ ဒါပေမဲ့ သူတို့လည်း အကြောင်းအရာဟောင်းတွေကိုပဲ ပြောကြတာပါ။ ယုံကြည်ခြင်းကြောင့် မှန်ကန်ပြီး ကယ်တင်ခံရတဲ့အကြောင်းပဲပေါ့။ ကျွန်တော် တော်တော် စိတ်ပျက်သွားတယ်။

နောက်တော့ နိုင်ငံခြားသားတွေ ဖွင့်တဲ့ ကျမ်းစာသင်ကျောင်းတစ်ခုမှာ ကျွန်တော် မမျှော်လင့်ဘဲ တက်မိပြန်ရော။ နိုင်ငံခြားသားတွေ ဟောပြောတာက ပိုကောင်းလိမ့်မယ်၊ အဲဒီမှာ အဖြေရှာတွေ့မှာပဲဆိုပြီး ထင်လိုက်တယ်ပေါ့။ ကျွန်တော် အဲဒီမှာ ယုံကြည်စိတ်အပြည့်နဲ့ နှစ်လကျော်လောက် တက်လိုက်တယ်။ ကံမကောင်းချင်တော့၊ သင်းအုပ်က သူ့သင်ခန်းစာတွေကို ကျမ်းစာတွေထဲကပဲ ဖတ်ပြတာ။ အသင်းတော်သမိုင်း၊ ယေရှုရဲ့ဘဝ၊ ဓမ္မသစ်နဲ့ ဓမ္မဟောင်းကျမ်းတွေကို သုံးသပ်ပြတာတွေ စသဖြင့်ပေါ့။ သူက အသက်လမ်းအကြောင်းကို လုံးဝ မဆွေးနွေးဘူး။ တစ်ညနေတော့ ညစာစားပြီးချိန်မှာ ကျွန်တော်လည်း သင်းအုပ်ကို မေးလိုက်တယ်၊ “ကျွန်တော့်ကို အသက်လမ်းအကြောင်း ပြောပြနိုင်မလား” ပေါ့။ သူက ဘာပြောလဲဆိုတော့၊ “ငါတို့ ဒီမှာ သင်တာတွေက အဲဒါပဲလေ။ ငါတို့က ကမ္ဘာမှာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အကြီးဆုံး ဘာသာရေးအဖွဲ့အစည်းပဲ။ သုံးနှစ်ပြည့်သွားရင် မင်းက နိုင်ငံတကာအဆင့် သင်းအုပ်လက်မှတ် ရမယ်။ အဲဒီကျရင် မင်းလည်း တစ်ကမ္ဘာလုံးအနှံ့ ဧဝံဂေလိ ဟောနိုင်ပြီ၊ အသင်းတော်တွေ ထောင်လို့ရပြီ” တဲ့။ ဒါကို ကြားရတာ ကျွန်တော် တကယ် မျှော်လင့်ချက်ကုန်သွားတယ်။ ကျွန်တော်က သင်းအုပ် မဖြစ်ချင်ဘူးလေ။ ကောင်းကင်ဘုံဆီ ဘယ်လိုရောက်နိုင်မလဲဆိုတာပဲ သိချင်တာ။ ဒါနဲ့ မေးမိပြန်ရော၊ “အဲဒီလက်မှတ်က သိပ်ကောင်းတယ်ဆိုရင်၊ ကျွန်တော် အဲဒါကို သုံးပြီး ကောင်းကင်ဘုံကို ရောက်နိုင်လား” ပေါ့။ သင်းအုပ်က ဘာမှ ပြန်မပြောဘူး။ ကျွန်တော်လည်း မေးခွန်းတွေ ဆက်မေးတယ်။ “သင်းအုပ်က ယုံကြည်လာတာ ဆယ်စုနှစ်တွေ တော်တော်များပြီလို့ ကြားတယ်။ သင်းအုပ်ရော ကယ်တင်ခံရပြီလား။ ကောင်းကင်ဘုံကို ရောက်နိုင်ပြီလား” ပေါ့။ သူကလည်း ယုံကြည်မှုအပြည့်နဲ့၊ “ဒါပေါ့ကွ။ ငါက ကောင်းကင်ဘုံကို ရောက်မှာ သေချာတယ်” တဲ့။ ဒါနဲ့ ကျွန်တော်က မေးပြန်ရော၊ “သင်းအုပ်က အဲဒါကို ဘာကိုအခြေခံပြီး ပြောတာလဲ။ သင်းအုပ်က ကိုယ့်ကိုယ်ကိုယ်ချစ်သလို သူများတွေကိုရော ချစ်လား။ အပြစ်ကနေ လွတ်မြောက်ပြီးတော့၊ အခုချိန်မှာ သန့်ရှင်းနေပြီလား။ ကလေးလေးတစ်ယောက်လို ဖြစ်သွားပြီလား။ ကျွန်တော်တို့က အပြစ်မလုပ်မိဘဲမနေနိုင်ဘူး။ သခင့်အဆုံးအမတွေကို တစ်ချိန်လုံး ဆန့်ကျင်မိတတ်ကြတယ်။ နေ့ဘက်ဆို အပြစ်တွေလုပ်ပြီး၊ ညရောက်တော့မှ ကိုယ့်အပြစ်တွေကို ဝန်ခံကြတယ်။ ဘုရားက သန့်ရှင်းတယ်။ ကျွန်တော်တို့လို အပြစ်တွေပြည့်နေတဲ့ လူတွေက ကောင်းကင်နိုင်ငံကို ဝင်ရောက်နိုင်တယ်လို့ ပြောနေတာလား” ပေါ့။ ကျွန်တော်က ဒီမေးခွန်းတွေကို မေးလိုက်တော့၊ သူ့မျက်နှာကြီးက နီမြန်းပြီး၊ တစ်ခွန်းမှကို မပြောတော့ဘူး။ ကျွန်တော်လည်း စိတ်ပျက်သွားတာပေါ့။ ကျောင်းက ထွက်ပြီး၊ အိမ်ပြန်တယ်။

အိမ်အပြန်လမ်းမှာလည်း၊ စိတ်ဓာတ်တွေ ကျတာပေါ့။ ကိုယ့်နောက်ဆုံးမျှော်လင့်ချက်လေး ပျောက်သွားသလိုမျိုးပဲ။ ကောင်းကင်ဘုံဆီ သွားတဲ့လမ်းကို ဘယ်မှာရှာရမှန်း မသိတော့ဘူး။ အဲဒီအချိန်မှာ မျက်ရည်တွေဝိုင်းနေတဲ့ ကျွန်တော့်အဖေမျက်နှာပဲ စိတ်ထဲ ပေါ်လာတယ်။ ယုံကြည်ခြင်းကြောင့် မှန်ကန်တယ်၊ ကျွန်တော်တို့ သေရင် ကောင်းကင်ဘုံကို ရောက်မယ်ဆိုပြီး သူ့တစ်သက်လုံး ပြောဆိုသွားတာ။ ဒါပေမဲ့ သူ့ခမျာ နောင်တတွေနဲ့ သေသွားရတယ်။ ကျွန်တော်လည်း သခင့်ကို တစ်သက်လုံးနီးပါး ယုံကြည်လာတာ။ လူတွေကို သူတို့သေရင် ကောင်းကင်ဘုံ ရောက်မယ်လို့ပဲ ပြောခဲ့တာ။ ဒါပေမဲ့ အခုကျတော့ ကောင်းကင်နိုင်ငံတော်ဆီ ဘယ်လို ဝင်ရောက်မလဲဆိုတာ ကျွန်တော်လည်း မသိတော့ဘူး။ ကျွန်တော့်အဖေလိုပဲ နောင်တတွေနဲ့ သေရတော့မှာလား။ သခင်ယေရှု ပြောခဲ့တာကိုတော့ ရုတ်တရက် စဉ်းစားမိတယ်၊ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) စိတ်ထဲမှာလည်း၊ “သခင်က သစ္စာနဲ့ပြည့်စုံပါတယ်။ ငါ လက်လျှော့လို့မဖြစ်ဘူး။ ငါ မသေသေးသရွေ့၊ ကောင်းကင်ဘုံဆီ ရောက်မယ့်လမ်းကို ဆက်ရှာနေမယ်” ဆိုပြီး အတွေးဝင်သွားတယ်။ ကျွန်တော်လည်း သခင့်ရှေ့မှောက်မှာ ဆုတောင်းလိုက်တယ်၊ “သခင်၊ အပြစ်နဲ့ ကင်းရှင်းပြီး ကောင်းကင်ဘုံဆီ ရောက်တဲ့လမ်းကို ကျွန်တော် နေရာအနှံ့ လိုက်ရှာလာခဲ့တာပါ။ ဘယ်သူမှ ကျွန်တော့်ကို မကူညီနိုင်ကြဘူး။ ကျွန်တော် ဘာလုပ်သင့်သလဲ၊ သခင်။ ကျွန်တော်က လူတွေကို သူတို့ယုံကြည်ခြင်းမှာ ဆက်ပြီး ခိုင်မာကြဖို့၊ ကောင်းကင်ဆီ ရောက်တဲ့ အဆုံးသတ်တိုင်အောင် ကြံ့ကြံ့ခံကြဖို့၊ နေ့တိုင်း ပြောဆိုပေးတဲ့ တရားဟောဆရာပါ။ ဒါပေမဲ့ အခုတော့ အပြစ်ကို ဖယ်ရှားပြီး ကောင်းကင်ဘုံဆီ ဘယ်လိုဝင်ရောက်မလဲဆိုတာ ကျွန်တော်တောင် မသိတော့ပါဘူး။ ကျွန်တော့်အဖြစ်က အကန်းက အကန်းတွေကို တွင်းထဲကျအောင် လမ်းပြသလို ဖြစ်မနေဘူးလား။ ကောင်းကင်ဘုံဆီ သွားတဲ့လမ်းကို ကျွန်တော် ဘယ်မှာရှာလို့တွေ့နိုင်မလဲ၊ သခင်။ ကျွန်တော့်ကို လမ်းပြပေးတော်မူပါ”

ကျွန်တော် အိမ်ပြန်ရောက်တော့၊ အသင်းတော် တော်တော်များများရဲ့ ခေါင်းဆောင်တွေ၊ အသင်းသားကောင်းတွေက အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ကူးပြောင်းကုန်ပြီလို့ ကြားရတယ်။ သူတို့တရားတွေက သိပ်ကောင်းတယ်၊ အလင်းသစ် ပါတယ်၊ တချို့သင်းအုပ်တွေဆို တော်တော် သဘောကျကုန်တယ် ဆိုပြီး လူတွေက ပြောနေကြတယ်။ ကျွန်တော်လည်း စဉ်းစားတယ်၊ “ငါကျတော့ ဘာလို့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက လူတွေနဲ့ မဆုံမိသေးတာလဲ။ တစ်နေ့နေ့ သူတို့နဲ့ ဆုံရရင် သိပ်ကောင်းမှာပဲ။ ငါက သူတို့ဆီ သွားပြီး ရှာဖွေရမယ်။ သူတို့တရားတွေက ဘာလို့ သိပ်ကောင်းတာလဲ၊ သူတို့က ငါ့ပြဿနာကို ဖြေရှင်းနိုင်လားဆိုတာတွေကို ကြည့်ရမယ်” ပေါ့။

တစ်ရက်ကျတော့ ကျွန်တော့်အသင်းတော်က အစ်ကိုဝမ် ရောက်လာတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့ သူ့ဆွေမျိုးနှစ်ယောက် အလည်ရောက်လာတယ်ဆိုပြီး၊ ကျွန်တော့်ကို လာခဲ့ဖို့ဖိတ်တယ်။ သူ ပြောတာကို ကြားလိုက်ရတာ၊ ကျွန်တော် တော်တော် ဝမ်းသာသွားတယ်။ နှစ်ယောက်သား သူ့အိမ်ကို ကမန်းကတန်း သွားကြတာပေါ့။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးတော့၊ သူတို့ကို ကိုယ့်ပြဿနာအကြောင်း ပြောပြလိုက်တယ်၊ “ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့တာက၊ နှစ်ခြင်းခံယူတယ်ဆိုတာ ကယ်တင်ခံရတာပဲ။ ကိုယ့်စိတ်နှလုံးထဲမှာ ယုံကြည်ပြီး နှုတ်ကနေ အပြစ်ဝန်ခံတယ်ဆိုတာ ယုံကြည်ခြင်းအားဖြင့် မှန်ကန်သွားပြီဆိုတဲ့ သဘောပဲ။ ပြီးတော့ သခင် ကြွလာတဲ့အခါ၊ ကျွန်တော်တို့ကို ကောင်းကင်ဆီ ချီမသွားလိမ့်မယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်က ကောင်းကင်ဘုံကို ရောက်နိုင်မှာလား၊ မရောက်နိုင်ဘူးလားဆိုတာကို ပြီးခဲ့တဲ့ နှစ်တွေမှာ ဇဝေဇဝါဖြစ်လာတယ်။ အဲဒီလောက် မလွယ်နိုင်ဘူးလို့ ထင်တယ်။ ကျမ်းစာမှာ ပြောတယ်လေ၊ ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ’ (ဟေဗြဲသြဝါဒစာ ၁၂:၁၄) အသင်းတော်မှာ ကျွန်တော်ကိုယ်တိုင်ရော ညီအစ်ကိုမောင်နှမတွေရော အမြဲလိုလို အပြစ်လုပ်မိနေတာပါ။ ကျွန်တော်တို့လို အပြစ်ထဲမှာ ရှင်သန်တဲ့လူတွေက ကောင်းကင်ဘုံကို ရောက်နိုင်တယ်လို့ ကျွန်တော်တော့ မထင်ဘူး။ ကောင်းကင်နိုင်ငံတော်ကို ဘယ်လို ဝင်ရောက်နိုင်လဲဆိုတာ ကျွန်တော် အတိအကျ သိချင်တာပါ။ ဒါနဲ့ပတ်သက်ပြီး မိတ်သဟာယပြုပေးနိုင်မလား” ပေါ့။

အစ်မကျိုးဆိုတဲ့ တစ်ယောက်က ပြုံးရင်း ပြောပြတယ်၊ “ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ဆိုတာ ခရစ်ယာန်တိုင်းအတွက် အဓိကပူပန်စရာပါ။ ဒီအကြောင်းကို သခင်ယေရှုက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်၊ ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) သခင် ပြောတာက တော်တော်ရှင်းပါတယ်။ သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ပြီး၊ သူ့အလိုတော်ကို ဆောင်သူတွေသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်။ ကျွန်မတို့က တစ်ကြိမ် ကယ်တင်ခံရတာနဲ့ ထာဝရကယ်တင်ခံရပြီ၊ ကျွန်မတို့က ယုံကြည်ခြင်းကြောင့် မှန်ကန်တဲ့အတွက် သူ့နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုတာတွေ၊ သခင်က လုံးဝ မပြောခဲ့ဘူး။ ယုံကြည်ခြင်းအားဖြင့် မှန်ကန်တယ်ဆိုတာ ရှင်ပေါလု ဖော်ထုတ်ခဲ့တာတစ်ခုပါ။ ရှင်ပေါလုဆိုတာ တမန်တော်သက်သက်ပါ။ ပျက်စီးတဲ့ လူသားတစ်ယောက်ပါပဲ။ သူက ခရစ်တော် မဟုတ်ဘူး။ သူ့စကားတွေက ခရစ်တော်ရဲ့ပြောစကားတွေ မဟုတ်ဘူး။ ကောင်းကင်ဘုံကို ရောက်ဖို့ သူ့စကားတွေကို အားကိုးလို့မရဘူး။ ယေရှုကသာ ကောင်းကင်နိုင်ငံတော်ရဲ့ သခင်၊ အရှင်ဘုရင်ပါ။ သူ့ပြောစကားတွေကသာ သြဇာအာဏာရှိတယ်။ သမ္မာတရားလည်း ဖြစ်တယ်။ လူသားရဲ့အယူအဆတွေက သမ္မာတရားမဟုတ်ဘူး။ ကိုယ်တော့်နိုင်ငံတော်ကို ဝင်ရောက်ဖို့ စံနှုန်းတွေအဖြစ် သတ်မှတ်လို့မရဘူး ဒီကိစ္စမှာ သခင့်ပြောစကားတွေအတိုင်းပဲ လုပ်ဆောင်ရမယ်။ ရှင်ပေါလုရဲ့စကားတွေအတိုင်း လုပ်လို့မရပါဘူး။ အဲဒါပါပဲ” တဲ့။ ပြီးတော့ အစ်မကျိုးက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တွေကို ဖတ်ပြတယ်။ ယုံကြည်ခြင်းကြောင့် မှန်ကန်ပြီး ကယ်တင်ခံရတယ်ဆိုတာ ဘာကိုဆိုလိုလဲ၊ ကယ်တင်ခံရပြီး ကောင်းကင်ဘုံကို ရောက်ရှိတယ်ဆိုတာရော ဘာကိုပြောတာလဲပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂))နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

ပြီးတော့ အစ်မဝမ်က မိတ်သဟာယပြုပေးတယ်၊ “ပညတ်တော်ခေတ် ကုန်ခါနီးမှာ၊ စာတန်က လူသားတွေကို ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ပျက်စီးလာစေတယ်။ လူတွေက ပိုပိုပြီး အပြစ်လုပ်လာကြတယ်။ လူတိုင်းက ပညတ်အရ အသေသတ်ခြင်း ခံရမယ့်ဘေး ဆိုက်လာတယ်။ ဒါကြောင့် သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ ကိုယ်တော်က ကားတိုင်တင်ခံရင်းနဲ့ လူသားရဲ့အပြစ်ဖြေရာယဇ် ဖြစ်လာတယ်။ လူသားရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက သခင့်ကို ယုံကြည်ပြီး သူ့ဆီမှာ အပြစ်ဝန်ခံ နောင်တရရုံနဲ့၊ ကျွန်မတို့အပြစ်တွေက ခွင့်လွှတ်ခံခဲ့ရတယ်။ ကိုယ်တော် ပေးအပ်တဲ့ ကျေးဇူးတော်ကို ခံစားနိုင်ခဲ့ကြတယ်။ ဒါက ပညတ်အောက်မှာ နေထိုင်ခဲ့ကြတဲ့ လူတွေအတွက် ကယ်တင်ခြင်းပါ။ ဒီ ‘ကယ်တင်ခြင်း’ ရဲ့ အဓိပ္ပာယ်က ပညတ်အားဖြင့် စီရင်ကျိန်ဆဲခြင်းကနေ လွတ်မြောက်ပြီး၊ ပညတ်အားဖြင့် နောက်ထပ် စီရင်ခြင်းမခံရတော့ဘူးလို့ ဆိုလိုတယ်။ ‘ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရခြင်း’ ဆိုတာ ဒါပါပဲ တဲ့။ ယုံကြည်ခြင်းကြောင့် မှန်ကန်တယ်ဆိုတာ ကျွန်မတို့က ဖြောင့်မတ်လာတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ ယုံကြည်ခြင်းကြောင့် မှန်ကန်ပြီး ကယ်တင်ခံရတယ်ဆိုတာ ကျွန်မတို့က အပြစ်ကင်းသွားပြီ၊ လုံးဝ သန့်စင်ပြီး အပြည့်အဝ ကယ်တင်ခြင်းကို ရလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ ကောင်းကင်ဘုံကို ရောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း မဟုတ်ဘူး ကျွန်မတို့အပြစ်တွေ ခွင့်လွှတ်ခံလိုက်ရပေမဲ့၊ လွဲမှားတဲ့ သဘာဝနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေက ကျွန်မတို့ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတုန်းပဲ။ ကျွန်မတို့က လိမ်ညာတတ်တုန်းပဲ။ တခြားသူတွေကို မနာလို မုန်းတီးတတ်တုန်းပဲ။ မကြာမကြာ အပြစ်လုပ်ပြီး ဘုရားကို ခုခံတတ်ကြတုန်းပဲ။ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ ပြည့်နှက်ပြီး၊ ဘုရားကို မနာခံ ခုခံတတ်ကြတဲ့ ကျွန်မတို့လို လူတွေက ကောင်းကင်နိုင်ငံတော်ကို ဘယ်လိုလုပ် ဝင်ရောက်နိုင်မှာလဲ အဲဒါကြောင့် သခင်ယေရှုက ပြန်လာဖို့ ကတိတော်ပေးခဲ့တာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာပါပြီ။ ကိုယ်တော်က ကျွန်မတို့ကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြထားတယ်။ ပြီးတော့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ကြအောင်၊ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝတွေနဲ့ စိတ်သဘောထားတွေကို ဖြေရှင်းပေးဖို့၊ အပြစ်ကနေ အပြည့်အဝ ကယ်တင်ပြီး သန့်စင်ပေးဖို့အတွက် တရားစီရင်ခြင်းအမှုကို ပြုနေပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်ဟာ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတာပါ၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ပြီးတော့ ရှင်ပေတရုသြဝါဒစာ ပထမစောင်မှာလည်း ပြောတယ်၊ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာ ပဌမစောင် ၄:၁၇) ကျေးဇူးတော်ခေတ်ရဲ့ ရွေးနုတ်ခြင်းအမှုကို တွေ့ကြုံရတယ်ဆိုတာ၊ ကျွန်မတို့က သခင့်ကျေးဇူးတော်ကိုပဲ ခံစားရပြီး၊ အပြစ်တွေ ခွင့်လွှတ်ခံကြရတာပါ။ အပြစ်နဲ့ ကင်းရှင်းသွားတာမျိုး၊ သန့်စင်ခံရတာမျိုး မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်မတို့က နောက်ဆုံးသောကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံနာခံရမယ်။ အပြစ်ကနေ လွတ်မြောက်ပြီး ထာဝရ ကယ်တင်ခံရဖို့အတွက်၊ အမှန်တကယ် နောင်တရရမယ်၊ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ခံကြရမယ်။ အဲဒီတော့မှ ကပ်ဘေးတွေကို ကျော်လွှားနိုင်ကြမယ်။ ဘုရားသခင်ကလည်း ကျွန်မတို့ကို သူ့နိုင်ငံတော်ဆီ ခေါ်ဆောင်လိမ့်မယ်” တဲ့။

ဒီအစ်မရဲ့မိတ်သဟာယက ကျွန်တော့်ကို တကယ် မျက်စိဖွင့်ပေးလိုက်တာပါ။ ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရပြီး ကောင်းကင်ဘုံကို ရောက်တယ်ဆိုတဲ့ ထင်မြင်ချက်က ကျွန်တော်တို့စိတ်ကူးသက်သက်ပဲ။ သခင့်နှုတ်ကပတ်တော်တွေနဲ့ ဆန့်ကျင်နေတယ်။ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တာပါ၊ အပြစ်ကို ဖျောက်ဖျက်ပေးတဲ့ အမှုတော် မဟုတ်ဘူး။ ဒါကြောင့် လွဲမှားတဲ့ သဘာဝက ကျွန်တော်တို့မှာ ဆက်ရှိနေတယ်။ အပြစ်လုပ်မိပြီး ကိုယ်တော့်ကို ခုခံမိနေကြသေးတယ်။ ကိုယ့်ဇာတိပကတိကို ဘယ်လိုပဲ စွန့်လွှတ်စွန့်လွှတ်၊ ကိုယ့်ခန္ဓာကို ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ်၊ ဒီလောက်နှစ်တွေ ကြာတဲ့အထိ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ကနေ လုံးဝ မလွတ်နိုင်ခဲ့တာ အံ့သြစရာမဟုတ်ဘူး။ လွဲမှားတဲ့ ကျွန်တော့်သဘာဝကြောင့်၊ ဘုရားရဲ့အမှုတော်သစ်ကို မတွေ့ကြုံသေးတာကြောင့်ဆိုတာ ပေါ်သွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်တော်တို့ရဲ့ လွဲမှားတဲ့သဘာဝကို အမြစ်ဖြတ်ပေးဖို့၊ ကျွန်တော်တို့ကို သန့်စင်ပေးပြီး အပြည့်အဝ ကယ်တင်ပေးဖို့အတွက်၊ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်တာပါ။ ကျွန်တော်တို့လိုအပ်တာက ဒါပါပဲ။ ဝမ်းသာစရာ ကောင်းလွန်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးသောကာလမှာ ဘုရားက ဘယ်လို တရားစီရင် သန့်စင်ပေးတယ်ဆိုတာ ကျွန်တော် မသိဘူးလေ။ ဒါနဲ့ အဲဒီအစ်မတွေကို မေးကြည့်တော့၊

အစ်မဝမ်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ပြတယ်၊ “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ပြီးတော့ သူက ဒီမိတ်သဟာယကို ပြုပေးတယ်၊ “နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်မတို့ကို တရားစီရင် သန့်စင်ပေးဖို့ သမ္မာတရားကို ဖော်ပြပါတယ်။ လူသားရဲ့ ဆိုးယုတ်တဲ့သဘာဝနဲ့ ဘုရားကို ခုခံတတ်တဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြတယ်။ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ အဖြစ်မှန်တွေကို ထုတ်ဖော်ခြင်းတွေကတစ်ဆင့် ကျွန်မတို့က စာတန်ကြောင့် ဘယ်လောက် ပျက်စီးနေလဲဆိုတာ မြင်ကြရတယ်။ ကျွန်မတို့က သဘာဝအရ မာနထောင်လွှားတယ်၊ လိမ်ညာတတ်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်။ ယုတ်မာတတ်တယ်၊ လောဘကြီးပြီး ပြိုင်ဆိုင်တတ်ကြတယ်။ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေက ကျွန်မတို့အသွေးအသားထဲမှာ အပြည့်ပဲ။ လူသားလို့တောင် မထင်ရသလောက်ပဲ။ ဒီ အကျင့်ပျက် စိတ်သဘောထားတွေနဲ့ ထိန်းချုပ်ခံထားရတော့၊ ကျွန်မတို့က ဘုရားကို ခုခံပုန်ကန်တာမျိုး လုပ်မိကြတာပါ။ ဥပမာ၊ ကျွန်မတို့ အလုပ်လုပ် ဟောပြောကြပြီဆိုရင် သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရအောင်လို့၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်ပြီး ကြွားတတ်ကြတယ်။ ကိုယ့်အကျိုးအတွက်ဆို ဘာမဆို လုပ်တော့တာပဲ။ အချင်းချင်း ဂုဏ်အတွက် ပြိုင်ဆိုင်တယ်။ ကျိတ်ကြံကြတယ်။ ကိုယ့်ထက်သာတဲ့လူတိုင်းကို မနာလိုမုန်းတီးကြတယ်။ ကိုယ်တော့်နိုင်ငံတော်ကို ဝင်ရဖို့နဲ့ ကောင်းချီးတွေ ရဖို့အတွက်ပဲ ကိုယ့်ကိုယ်ကိုယ် အသုံးခံကြတယ်။ တစ်ခုခု အဆင်မပြေတော့ဘူးဆိုတာနဲ့ ဘုရားကို အပြစ်တင်ပြီး အထင်မှားကြရော တဲ့။ ဘုရားရဲ့တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုဆိုတာ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို မြင်ခွင့်ပေးတာပါ။ အဲဒီတော့မှ ဆိုးယုတ်တဲ့ ကျွန်မတို့သဘာဝကို အမှန်တကယ် မုန်းတီးပြီး၊ နောင်တရလာကြတယ်။ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိလာကြတယ်။ နောက်တော့ ဘုရားသခင်ဆီမှာ နောင်တရမိကြတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း နည်းနည်းလေး သိလာကြတယ်။ ဘုရားကို ကြောက်ရွံ့ပြီး နာခံလာမိကြတယ်။ ကိုယ့်ဇာတိပကတိကို အသိရှိရှိ စွန့်လွှတ်နိုင်ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်နိုင်ကြတယ်။ မှန်ကန်တဲ့ ဖန်ဆင်းခံတွေအဖြစ် ကိုယ့်တာဝန်ကို ကျေပွန်နိုင်ကြတဲ့အပြင်၊ လူသားပုံသဏ္ဌာန်တစ်ခုနဲ့ အသက်ရှင်နေထိုင်နိုင်လာကြတယ် တဲ့။ ဒါတွေအားလုံးကို တွေ့ကြုံလိုက်ရပြီဆိုရင်၊ စာတန်ကြောင့် ကျွန်မတို့ ဆိုးဆိုးဝါးဝါး ပျက်စီးနေတာတွေ၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို လက်ခံရမယ်ဆိုတာတွေ ခံစားမိကြတယ်။ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို သန့်စင်ရမယ်၊ ဘုရားကို ခုခံမိနေလို့မဖြစ်ဘူး၊ ဒါကပဲ ဘုရားရဲ့နိုင်ငံတော်ဆီ ဝင်ရောက်တဲ့ တစ်ခုတည်းသောလမ်းဆိုတာတွေကို သိသွားကြတယ်။”

ဒီမိတ်သဟာယတွေကို ကြားလိုက်ရတော့ ကျွန်တော့်ရင်ထဲမှာ ရှင်းသွားတယ်။ ကျွန်တော်တို့က ကျေးဇူးတော်ခေတ်ရဲ့ ရွေးနုတ်ခြင်းအမှုကိုပဲ လက်ခံပြီးတော့၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်မခံဘူးဆိုရင်၊ သခင့်ကို တစ်သက်လုံး ယုံကြည်ကြတယ်ဆိုရင်တောင်၊ အပြစ်က ကျွန်တော်တို့ကို အမြဲတမ်း ချုပ်နှောင်နေဦးမှာပဲ။ ဘုရားအလိုကို ဘယ်တော့မှ လုပ်ဆောင်မိမှာမဟုတ်ဘူး၊ ဘုရားရဲ့နိုင်ငံတော်ကိုလည်း ဝင်ရောက်ကြမှာမဟုတ်ဘူး။ သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှု ပြုနေတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်တဲ့ တစ်ခုတည်းသောလမ်းပါပဲ။ ကျွန်တော်က ကောင်းကင်နိုင်ငံဆီ ဝင်တဲ့လမ်းကို နေရာအနှံ့ နှစ်ပေါင်းများစွာ ရှာခဲ့တာပါ။ နောက်ဆုံးကျမှပဲ ရှာတွေ့သွားတယ်။ ဝမ်းသာလွန်းလို့ မျက်ရည်တောင်လည်ခဲ့တယ်။ ကျွန်တော် တောင့်တလာတဲ့ ဆန္ဒက ပြည့်သွားပြီလေ။ ဒါက ဘုရားရဲ့အသံတော်ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှုပါပဲ။ သခင်ယေရှု ဖွားမြင်ပြီးချိန်မှာ၊ ရှစ်ရက်သား ရှိသေးတဲ့ သူ့ကို မြင်လိုက်ရတော့ ရှုမောင်က ဝမ်းသာအားရဖြစ်ခဲ့ရတယ်လေ။ ကျွန်တော်လည်း ကိုယ့်တစ်သက်တာမှာ ဘုရားရဲ့အသံတော်ကို ကြားပြီး၊ သခင့်ကို ကြိုဆိုနိုင်တယ်ဆိုတော့ ရှုမောင်ထက်ကို ပိုပြီး ပျော်မိတယ်၊ ပိုပြီး ကောင်းချီးပေးခံရသလို ခံစားမိပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော် သိပ်ပြီး ကျေးဇူးတင်မိတာပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျမ်းစာကို ယုံကြည်ခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တူသလား

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...

ကောင်းကင်နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အမှန်တကယ် တည်လေသည်

ချန်းဘို၊ တရုတ်ပြည် ကျွန်မတို့ ယုံကြည်သူများတွင်ရှိသည့် အကြီးမားဆုံးသော တောင့်တမှုက ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ဖို့နှင့် သခင်က...

ဘုရားသခင်တွင် တိကျသောလိင် ရှိပါသလား၊ အနက်ပြန်ခြင်းအသစ်ကို ကျွန်တော် ရှာဖွေတွေ့ရှိသည် (အပိုင်း ၂)

ဘိုအဲန်း၊ ဘရာဇီးလ်နိုင်ငံ ထံမှ “ခမည်းတော်” နှင့် “သားတော်” ၏ နက်နဲမှုသည် နောက်ဆုံးတွင် ထုတ်ဖော်ပြခံရသည် ဤသမ္မာတရားကို ကျွန်တော်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။