သခင်နှင့် ပြန်လည်ပေါင်းစည်းခဲ့သည်

12.04.2021

ဂျန်းဒင်း၊ အမေရိကန်နိုင်ငံ

ကျွန်တော်က ကတ်သလစ်မိသားစုတစ်စုတွင် မွေးဖွားခဲ့သည်၊ အစောပိုင်းအရွယ်မှ ကျွန်တော့်အမေက သမ္မာကျမ်းစာဖတ်ဖို့ ကျွန်တော့် ကို သင်ပေးခဲ့သည်။ ၎င်းမှာ တရုတ်ကွန်မြူနစ်ပါတီက ပြည်တွင်းစစ် အပြီးနောက် နိုင်ငံတော် တည်ဆောက်နေသည့် အချိန်အတွင်းတွင် ဖြစ်ပြီး၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘာသာတရားအားလုံးကို ဖိနှိပ်နေသည့်အတွက် ကျွန်တော်က နောက်ဆုံးတွင် အသင်းတော်သို့ သွားခွင့်ရပြီး၊ ဒေသနာနားထောင်ခွင့်ရ သည့်အချိန်မှာ ကျွန်တော့် အသက် ၂၀ ရှိလေသည်။ ဘုန်းတော်ကြီးက “ငါတို့ ကတ်သလစ်တွေ ဟာ ငါတို့အပြစ်တွေကို ကောင်းကောင်း မွန်မွန် ဝန်ခံပြီး၊ နောင်တရ ရမယ်။ ငါတို့က ကောင်းမှုလုပ်ရမယ်၊ မကောင်းမှု မလုပ်ရဘူး၊ ပြီးတော့ အမြဲတမ်း ပွဲတော်တက်ရမယ်။ နောက်ဆုံးသောကာလမှာ သခင်က ကြွလာပြီး၊ လူတိုင်းကို တရားစီရင်မယ်၊ ပြီးတော့ လူတိုင်းကို သူတို့အပြုအမူတွေကို အခြေခံပြီး ကောင်းကင်ဘုံဖြစ်ဖြစ်၊ ဒါမှမဟုတ် ငရဲဖြစ်ဖြစ် ပို့မယ်။ အကြီးဆုံးအပြစ်သားတွေက ငရဲမှာ ထာဝရ အပြစ်ဒဏ်ပေးတာကို ခံရမယ်၊ အသေးစားအပြစ်တွေကို ကျူးလွန်တဲ့ သူတွေကတော့ သခင့်ကို သူတို့အပြစ်တွေ ဝန်ခံပြီး၊ နောင်တရသရွေ့ ကောင်းကင်ဘုံကို သွားနိုင်သေးတယ်။ သခင့်ကို မယုံကြည်တဲ့ ဘယ်သူမဆို သူတို့ ဘယ်လောက်ကြီး ကောင်းနေပါစေ ကောင်းကင်ဘုံ ကို ဘယ်တော့မှ မရောက်ဘူး။” ဟု ကျွန်တော်တို့ကို မကြာခဏ ပြောခဲ့သည်။ ဤအရာကို ကျွန်တော်ကြားသည့်အခါတွင်၊ ကတ်သလစ် ယုံကြည်မှုထဲသို့ မွေးဖွားလာရခြင်း၏ ကံကောင်းခြင်း ကျွန်တော့်မှာ ရှိသည်ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့သည်။ ကျွန်တော် ကောင်းကင်ဘုံ သွားပြီး၊ ငရဲတွင် ဒုက္ခမခံရလေအောင် ကျွန်တော့်ရှာဖွေမှုတွင် တည်ကြည်လေးနက်ဖို့၊ ပွဲတော်ကို မကြာခဏ တက်ဖို့၊ သခင့်ထံ ကျွန်တော့် အပြစ်များကို ပို၍ ဝန်ခံပြီး နောင်တရဖို့ မိမိကိုယ်ကို ပြောခဲ့သည်။ ထိုအချိန်မှာ အသင်းတော်ကိုသွားဖို့ နှင့် ပွဲတော်ကို ပုံမှန် ပါဝင်တက်ရောက်ဖို့ သန္နိဌာန်ဖြစ်ပေါ်ခဲ့သည့် အချိန် ဖြစ်သည်။ သခင်က ၂၀၀၀ ခုနှစ်တွင် ပြန်လာမည်ဟုလည်း ထိုအချိန်က ဘုန်းတော်ကြီးက ကျွန်တော်တို့ကို ပြောခဲ့သည်- ကျွန်တော်တို့အားလုံးက ၎င်းကို ကြားရ၍ ရွှင်လန်းအားရပြီး၊ သခင့်ပြန်ကြွလာခြင်းကို စောင့်မျှော်လျက် ကျွန်တော်တို့ ရှာဖွေလိုက်စားမှုတွင် အလွန် စိတ်ထက်သန်လာ ခဲ့ကြသည်။ သို့သော်လည်း ၂၀၀၀ ခုနှစ် ရောက်လာပြီး ကုန်ဆုံးသွား ကာ၊ ကျွန်တော်တို့က သခင့်ပြန်ကြွခြင်း၏ အရိပ်လက္ခဏာတစ်ခုမျှ မတွေ့ခဲ့ပါ။ ကျွန်တော်တို့ ဝတ်ပြုမြဲပရိတ်သတ်တွင် လူများစွာတို့က သူတို့ယုံကြည်မှု ပျောက်ဆုံးပြီး၊ ပွဲတော်တက်သည့်လူ ပိုပို နည်းလာ ခဲ့သည်။ ကျွန်တော်လည်း စိတ်ပျက်ခြင်း အသိစိတ်တစ်ခုကို ခံစားခဲ့ရ သည်၊ သို့သော် အခြားသူများ မည်သည့်အရာ ပြုပါစေ၊ သခင့်၌ ကျွန်တော့် ယုံကြည်မှုသည် တုန်လှုပ်မည် မဟုတ်ဟု ကျွန်တော် ခံစားရသေးသည်။ အကြောင်းမှာ ကျွန်တော် ဒုက္ခရောက်ပြီး၊ သခင်က ကျွန်တော့်ကို ကွယ်ကာသည့်အချိန်တွင်၊ ကျွန်တော် လုံခြုံစွာ ကျဉ်းထဲကျပ်ထဲမှ လွတ်လာခဲ့သော အချိန်များစွာ ရှိခဲ့ကြောင့် ဖြစ်သည်။ သခင့်ကွယ်ကာမှုကြောင့်သာ မဟုတ်ခဲ့ပါက၊ ကျွန်တော်က ကြာမြင့် သည့်အချိန်ကတည်းက သေခဲ့ပြီဖြစ်လိမ့်မည်၊ ထို့ကြောင့် ကျွန်တော်က သခင့်ကို ယုံကြည်မှု ပျောက်ဆုံးရလောက်အောင် အလွန်ကျေးဇူးကန်း ခြင်းမျိုး ဖြစ်မည် မဟုတ်ခဲ့ပါ။

နောက်နှစ်တွင် အမေရိကန်နိုင်ငံသည် “ကမ္ဘာပေါ်မှ ကောင်းကင်ဘုံ” ဖြစ်သည်ဟု ကျွန်တော့် နံဘေးမှ လူများထံမှ ကြားခဲ့ သောကြောင့် ဤနေရာသို့ လာရောက်ဖို့ ပြင်းထန်သည့် လိုအင်ဆန္ဒ တစ်ခု ကျွန်တော့်ထံတွင် ကြီးထွားလာခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ကျွန်တော့် တစ်မိသားစုလုံး အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သော်လည်း၊ ဤနေရာ၏ လက်တွေ့အခြေအနေမှာ ကျွန်တော့် စိတ်ထဲတွင် ပုံဖော်ခဲ့သည့် လှပသောအခြေအနေကဲ့သို့ တစ်စက်မျှ မဟုတ်ပါ။ ပထမပိုင်းတွင် အမေရိကန်နိုင်ငံရှိ အရာအားလုံး က အကျွမ်းတဝင်မရှိသည့် ပုံပေါက်သည်- ကျွန်တော်တို့က သူစိမ်းတစ်ရံဆံဖြစ်သော နယ်မြေတစ်ခုတွင် တစ်နိုင်ငံသားများ ဖြစ်ကြသည်။ သဘာဝပတ်ဝန်းကျင်နှင့် ဥတုရာသီတို့က တရုတ်ပြည် တွင် ကျွန်တော် ကျင့်သားရသည့်အရာနှင့် အလွန်ကွဲပြားခြားနားသည်၊ ပြီးလျှင် မကြာမီ ကျွန်တော် ရုပ်ပိုင်းဆိုင်ရာ အနာရောဂါအချို့ကို စတင်ခံစားခဲ့ရသည်။ ကျွန်တော် မကြာခဏ အားနည်းပြီး၊ နုံးချည့်ကာ၊ အင်အား လုံးလုံး ကင်းမဲ့သော်လည်း ဆရာဝန်များကို သွားတွေ့သည့် အချိန်တွင် သူတို့က ကျွန်တော့်မှာ မည်သည့်ပြဿနာကိုမျှ ရှာမတွေ့ ခဲ့ပါ။ ကျွန်တော် အလွန်စိတ်ညစ်သောကြောင့် သခင့်ကွယ်ကာမှုကို ရရှိဖို့ မျှော်လင့်လျက်၊ သခင့်ထံပို၍ ရိုးသားစွာပင် စတင်ဆုတောင်း ခဲ့သည်။ ကျွန်တော်က မပြတ်ဆုတောင်းနေစဉ် ကျွန်တော် ပွဲတော် တက်လို့ရနိုင်မည့် ဘုရားကျောင်း တစ်ခုကို စတင်ရှာဖွေခဲ့ရာ၊ နောက်ဆုံးတွင် တရုတ်ခရစ်ယာန်များအတွက် ဘုရားကျောင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ သို့သော် ဘုရားကျောင်းသို့ အကြိမ်အနည်းငယ် သွားပြီးနောက်၊ ၎င်းက နေ့စဉ် လူ့အဖွဲ့အစည်းတွင် ဖြစ်ပျက်နေသည့် အရာများမှ သိပ်မကွာခြားသည်ကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့ရသည်။ ဝတ်ပြုမြဲလူစု၏ အသင်းသားများသည် အပေါ်ယံအားဖြင့် ဖော်ရွေကြ သော်လည်း၊ သူတို့ အပြန်အလှန် ဆက်ဆံမှုများကို အာဏာနှင့် ငွေကြေးတို့က စိုးမိုးထားလေသည်။ ဘုရားကျောင်းတွင် ဤအခြေအနေကို တွေ့ခြင်းက ကျွန်တော့်အတွက် တကယ့်ကို စိတ်ပျက်စရာကောင်းခဲ့သည်။ ကျွန်တော်က “အိုသခင်၊ ကိုယ်တော် ဘယ်တော့ ပြန်ကြွလာမှာလဲ။ ကိုယ်တော် ပြန်ကြွလာတဲ့အခါ၊ ကောင်းတဲ့သူတွေက ကောက်ကျစ်တဲ့ လူတွေဆီက ခွဲထုတ်ခံရပြီး၊ ကမ္ဘာကြီးက သန့်စင်ခံရမယ်။” ဟု မိမိဘာသာ တွေးမိသည်။ ကျွန်တော်က ပွဲတော်ကို ဆက်တက်နေသေးသော်လည်း၊ ဘုရား ကျောင်းတွင် ဘုရားသခင်၏ မျက်မှောက်တော်ကို မည်သည့်အခါမျှ ခံစားနိုင်စွမ်းမရှိခဲ့ပါ။ ဤအရာက ကျွန်တော့်ကို မကြာခဏ စိတ်ပျက်စေပြီး၊ အားငယ်စေခဲ့သည်၊ ပြီးလျှင် ၎င်းက ကျွန်တော့် ယုံကြည်မှုကို ထိရောက်သော အကျိုးသက်ရောက်မှုရှိစေခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ရက်တစ်ရက်တွင် ကျွန်တော်က ပြည်ပတွင် အလုပ်လုပ်နေစဉ်၊ ကျွန်တော့်ဇနီးထံမှ ဖုန်းခေါ်လာခဲ့သည်။ သူမက “သခင်ပြန်ကြွလာခဲ့ပြီ။ သူက နှုတ်ကပတ်တော်တွေကို မိန့်မြွက်ပြီး၊ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုပြုနေတယ်။ ကျွန်မတို့ ဘုရားသခင်ရဲ့ အမှုတော်အသစ်ကို အတူ လက်ခံနိုင်ဖို့ မြန်မြန်ပြန် လာခဲ့။” ဟု ကျွန်တော့်ကို စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ ဤအရာကို ကြားပြီး၊ ကျွန်တော် အနည်းငယ် သံသယ မဖြစ်ဘဲ မနေနိုင်ခဲ့ပါ။ ကျွန်တော်က “သခင်က ပြန်ကြွလာပြီတဲ့လား။ အဲဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သခင်က ပြန်ကြွလာတဲ့အချိန်မှာ ကမ္ဘာကြီးကို တရား စီရင်ဖို့နဲ့ ကောင်းတဲ့လူတွေကို ဆိုးတဲ့လူတွေဆီက ခွဲထုတ်ဖို့ပဲ ဖြစ်မှာ။ ဒါပေမဲ့ အခုတော့ ကောင်းတဲ့လူနဲ့ ဆိုးယုတ်တဲ့လူတွေက အတူရောထွေးနေတုန်းပဲ၊ ဒါ့ကြောင့် ငါ့မိန်းမက သခင်ပြန်ကြွလာပြီလို့ ဘာဖြစ်လို့ ပြောနေတာလဲ။ သူ့မှာ အခု မတူညီတဲ့ ယုံကြည်မှုစနစ်များ ရှိနေလား။ ငါတို့က ငါတို့တစ်သက်လုံး ကတ်သလစ်တွေ ဖြစ်နေခဲ့ကြတာ၊ ဒီလမ်းကြောင်းကနေ အခု လမ်းလွဲဖို့ မဖြစ်နိုင်ဘူး။” ဟု တွေးခဲ့သည်။ ထို့ကြောင့် ကျွန်တော့် အလုပ်ကို အတတ်နိုင် အမြန်ဆုံးပြီးအောင် လုပ်ပြီး၊ အိမ်ပြန်ခဲ့သည်။

ပြန်လာရာတွင် ကျွန်တော့် ဇနီးကို “သခင်ပြန်ကြွလာပြီဆိုတာ မင်းဘယ်လိုလုပ်သိတာလဲ။ မင်းလမ်းမလွဲသေးပါဘူးနော်၊ ဟုတ်တယ် မဟုတ်လား။ သခင်က တရားစီရင်ခြင်းအမှုပြုဖို့ ပြန်ကြွလာခဲ့ပြီလို့ မင်းက ပြောနေတာ၊ ဒါပေမဲ့ အခု ကောင်းတဲ့လူတွေနဲ့ ဆိုးယုတ်တဲ့ လူတွေက အတူ ရောထွေးနေတုန်းပဲ၊ ဒါ့ကြောင့် သခင်က ပြန်ကြွလာပြီးနှင့်ပြီ ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့က သခင့်ပြန်ကြွ လာခြင်းကို တောင့်တနိုင်ပေမဲ့၊ သခင့်ကိုတော့ သစ္စာမဲ့လို့မရဘူး။” သူမက ကျွန်တော်ပြောတာကို နားထောင်ပြီးနောက်၊ “ရပါတယ်။ စိတ်မပူပါနဲ့။ ကျွန်မလည်း သခင့်ပြန်ကြွလာခြင်းအကြောင်း ခုလေးတင်မှ သိခဲ့တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သခင့်ပြန်ကြွလာခြင်းကို အခု သက်သေခံနေပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားအိမ်တော်က စတဲ့ တရားစီရင်ခြင်းအမှုပြုဖို့ သမ္မာတရားတွေကို ဖော်ပြနေတယ်။ ကျွန်မက အသေးစိတ်ကို မရှင်းသေပေမဲ့၊ အွန်လိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေ အများကြီးကို ဖတ်နေခဲ့တာ၊ ပြီးတော့ အဲဒီနှုတ်ကပတ်တော်တွေအားလုံးက ဘုရားသခင်ရဲ့ အသံဖြစ်တယ်ဆိုတာက ကျွန်မ သေချာတယ်။ သခင်ယေရှုက တစ်ခါက- ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) လို့မိန့်တော်မူခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အတူသွားပြီး အဲဒါကို စုံစမ်းစစ်ဆေးခြင်းအားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင် ဟုတ်မဟုတ်ဆိုတာကို ကျွန်မတို့ လေ့လာတွေ့ရှိနိုင်တယ်လေ။” ဟု စိတ်ရှည်စွာ ပြန်ဖြေခဲ့သည်။ ကျွန်တော့် ဇနီးပြောသည့်အရာက ကျိုးကြောင်းဆီလျော်ပြီး၊ တရားစီရင်ခြင်းအမှုပြုဖို့ သခင်ပြန်ကြွလာခြင်းက သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းနဲ့ ကိုက်ညီသောကြောင့် တစ်ချက်ကြည့််ပြီးနောက်၊ ကျွန်တော် ဆုံးဖြတ်ချက်ချနိုင်ဖို့ ကျွန်တော်က အသင်းတော်ကို သူမနှင့် အတူလိုက်သွားခြင်းက မည်သည့်ထိခိုက်မှုမျှ မရှိဟု တွက်ဆခဲ့ သည်။

သို့ဖြစ်၍ ကျွန်တော့် ဇနီးနှင့် ကျွန်တော်တို့က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အသင်းသားတစ်ယောက် ဖြစ်သည့် အစ်ကိုကျန်းအိမ်သို့သွားခဲ့သည်။ အစ်ကိုဝမ်၊ အစ်မလီနှင့် အခြား ကတ်သလစ်ရောင်းရင်း အချို့လည်း လာကြသည်။ ကျွန်တော့်မှာ အဖော်များစွာ ရှိသည်ကို မြင်ရခြင်းက ကျွန်တော် များစွာ စိတ်အေးသက်သာ ရှိစေသည်။ ယဉ်ကျေးမှုအရ အာလာပသလ္လာပ အနည်းငယ် ပြောပြီးနောက် ကျွန်တော်တို့ အားလုံး ထိုင်လိုက်ပြီး၊ ကျွန်တော်က ဤအရာကို ညီအစ်ကိုမောင်နှမများကို မေးခဲ့သည်။ “သခင့်ပြန်ကြွလာခြင်းကို ကျွန်တော့် နားလည်သဘောပေါက်မှုကတော့ ဒါပါပဲ။ သခင်က တရားစီရင်ခြင်းအမှုပြုဖို့ ပြန်ကြွလာတဲ့အချိန်မှာ၊ ကောင်းတဲ့သူတွေက ကောက်ကျစ်တဲ့သူတွေ ဆီကနေ ခွဲထုတ်ခံရမယ်၊ အဲဒီနောက်မှာ ကောင်းတဲ့လူတွေက သခင့်အားဖြင့် ကောင်းကင်ဘုံ ထဲကို လက်ခံတာ ခံရမယ်၊ ပြီးတော့ သူနဲ့တွေ့လိမ့်မယ်၊ ကောက်ကျစ်တဲ့သူတွေကတော့ ငရဲကို ပို့ပြီး ပြစ်ဒဏ်ပေးခံရမယ်။ သခင်က ပြန်ကြွလာနှင့်ပြီး၊ တရားစီရင်ခြင်းအမှုပြုနေတယ်လို့ အစ်ကိုတို့က ပြောကြတယ်၊ ဒါ့ကြောင့် ဒါတွေဖြစ်တာ တစ်ခုမှ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး မမြင်ရတာလဲ။” အစ်ကိုဝမ်းက “အစ်ကို၊ ကျွန်တော်လည်း ဒါမျိုး တစ်ထေရာတည်း တွေးဖူးတယ်။ သခင့်ပြန်ကြွလာခြင်းက လူကောင်းတွေက ကောက်ကျစ်တဲ့ လူတွေ ဆီက ခွဲထုတ်ခံရမယ်လို့ ဆိုလိုတာဖြစ်တယ်၊ လူကောင်းတွေက ကောင်းကင်ဘုံမှာ ထာဝရ အသက်ရှင်နေထိုင်ပြီး၊ ကောက်ကျစ်သူတွေ ကတော့ ပြစ်ဒဏ်ပေးခံရမယ်၊ ပြီးတော့ ကျွန်တော်တို့က ဒါဖြစ်တာကို မမြင်ခဲ့တဲ့နောက်တော့ အဲဒါဟာ သခင့်ပြန်မကြွလာသေးဘူးဆိုတာကို သက်သေပြတာလို့ ကျွန်တော် ထင်ဖူးတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဖတ်ပြီးတော့ အဲဒါဟာ ကျွန်တော် တို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေသာ ဖြစ်တယ်ဆိုတာကို ကျွန်တော် နားလည်သဘောပေါက်ခဲ့တယ်-အဲဒါဟာ ဘုရားအမှုတော်ရဲ့ စစ်မှန်မှု မဟုတ်ဘူး။ နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင် ဆောင်ရွက်တဲ့ နည်းလမ်းက ဘုရားသခင် တစ်ပါးတည်းသာ စီစဉ်ပြီး စီမံခန့်ခွဲတဲ့ အရာတစ်ခုဖြစ်တယ်။ ဘုရားသခင်ရဲ့ အမြော်အမြင်ကာ ကောင်းကင်ဘုံကို သာလွန်ပြီး၊ ဘုရားသခင်ရဲ့ မျက်လုံးထဲမှာ လူသားတွေက မြူမှုန်တစ်စလောက် သေးငယ်တယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က ဘုရားအမှုတော်ကို ဘယ်လို နားလည်သဘောပေါက်နိုင်မှာလဲ။ သမ္မာကျမ်းစာထဲမှာ- ‘ထာဝရဘုရား ၏ ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထိုဘုရားနှင့် တိုင်ပင်၍၊ အဘယ်သူ သည် အကြံပေးသနည်း။’ (ဟေရှာယအနာဂတ္တိကျမ်း ၄၀:၁၃) ‘လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက် ကဲ့သို့ ဖြစ်၍၊ ချိန်ခွင်၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာ ရှိ၏။ ကျွန်းတို့သည်လည်း၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ၏။’ (ဟေရှာယအနာဂတ္တိကျမ်း ၄၀:၁၅) လို့ပြောထားတယ်။ ကျွန်တော်တို့ အယောက်စီတိုင်းမှာ ကျွန်တော်တို့ခေါင်းတွေထဲမှာ အတွေးတွေ ရှိတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က ဘုရားအမှုတော်ကို ကျွန်တော်တို့ ကြိုက်သလို မှန်းဆနိုင်ပေမဲ့လည်း၊ ဘုရားသခင်က သူ့အမှုတော်ကို ကျွန်တော်တို့ စိတ်ကူးတဲ့အရာအတိုင်း ဘယ်တော့မှ မဆောင်ရွက်ခဲ့ဘူး။ ဘုရားအမှုတော်ကို ဘောင်ခတ်ဖို့ ကျွန်တော်တို့ရဲ့ စိတ်ကူးတွေကို အသုံးပြုတယ်ဆိုရင်၊ အဲဒါဟာ အင်မတန် မာနထောင်လွှားတာ မဟုတ်ဘူးလား။ ဒါ့ကြောင့် ဘုရားသခင်က သူ့တရားစီရင်ခြင်း အမှုတော်ကို ဘယ်လိုလုပ်လဲ။ ကိုယ်တော်ဟာ ကောင်းတဲ့သူတွေကို ကောက်ကျစ်တဲ့ သူတွေဆီကနေ ဘယ်လို ခွဲထုတ်လဲ။ ကျွန်တော်တို့ နားလည်သဘောပေါက်အောင် ကူညီပေးဖို့ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ချို့ကို ဖတ်ကြရအောင်။ အနန္တတန်ခိုးရှင်ဘုရားသခင်က- ‘တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ရာ၌ ငါ၏ရည်ရွယ်ချက်မှာ အောင်နိုင်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်ရန်မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် မဖြောင့်မတ်ခြင်းကို ထုတ်ဖော်ရန်၊ လူသားကို အပြစ်ဒဏ်ပေးဖို့အတွက် အထောက်အထားရရှိရန်၊ ကောက်ကျစ်စဉ်းလဲသော သူများကို အပြစ်စီရင်ရန်နှင့်၊ ထို့ထက်ပို၍ ရည်ရွယ်ချက်ရှိရှိ နာခံသူများကို စုံလင်စေရန်အတွက် သိမ်းပိုက်ရန်ဖြစ်သည်။ အဆုံးတွင် အားလုံးသည် အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ စုံလင်စေခြင်းခံရသူများမှာ မိမိတို့၏ အတွေးအခေါ်များ၊ အယူအဆများက နာခံမှုနှင့် ပြည့်နေသော သူများပင် ဖြစ်လိမ့်မည်။ ဤသည်မှာ နောက်ဆုံး၌ ဖြစ်မြောက်အောင်ရမည့် အလုပ်ဖြစ်သည်။ ထိုစဉ်တွင် မိမိ၏ လုပ်ဆောင်ချက်တိုင်းက ပုန်ကန်လိုသောသူများသည် အပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်ပြီး၊ ထာဝရ ကျိန်ခြင်းခံသူများအဖြစ် မီးထဲ၌ လောင်ကျွမ်းဖို့ ပို့ခြင်းခံရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) လို့ပြောခဲ့တယ်။ ဘုရားသခင်က ဂျုံစပါးကို တောပင်တွေကနေ၊ သိုးတွေကို ဆိတ်တွေဆီကနေ၊ အစေခံကောင်းတွေကို ကောက်ကျစ်တဲ့အစေခံတွေဆီကနေ တိုက်ရိုက် ခွဲထုတ်ဖို့ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာတယ်ဆိုတဲ့ အယူအဆ ကျွန်တော်တို့မှာ ရှိတယ်။ တခြားနည်းနဲ့ပြောရရင်၊ လူတွေအားလုံးကို သူတို့အမျိုးအစားတွေအတိုင်း အမျိုးအစား သတ်မှတ်ဖို့ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နည်းနည်းတွေး ကြည့်မယ်ဆိုရင်၊ လက်ရှိအချိန်မှာ ကမ္ဘာအနှံ့မှာ ခရစ်ယာန် ၂ ဘီလီယံ ရှိတယ်- ပြီးတော့ သူတို့အားလုံးက ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်မှုရှိပြီး၊ ဘုရားသခင်ကို ချစ်တယ်လို့ ပြောကြတယ်-ဒါ့ကြောင့် ကျွန်တော်တို့က အကောင်းကို အဆိုးကနေ၊ ဖြောင့်မတ်ခြင်းကို ဆိုးယုတ်ခြင်းကနေ ဘယ်လို သိမြင်မလဲ။ အစ်ကိုက ကောင်းမြတ်ပြီး၊ ကျွန်တော်က ဆိုးယုတ်တယ်လို့ ဘုရားသခင်က သတ်မှတ်ရင်၊ ကျွန်တော့်က ကျွန်တော်လည်း လူကောင်းတစ်ယောက် ဖြစ်တယ်လို့ ခံစားရတာကြောင့် အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြဿနာ သေချာပေါက် ရှိမယ်။ ကျွန်တော်က ကောင်းပြီး၊ တခြားတစ်ယောက်ယောက်က ဆိုးယုတ်တယ်လို့ ဘုရားသခင်က သတ်မှတ်ရင်၊ သူတို့မှာလည်း အဲဒါနဲ့ ပတ်သက်ပြီး ပြဿနာရှိမှာပဲ။ ဒါ့ကြောင့် ကျွန်တော်တို့က ဘယ်သူက ကောင်းပြီး၊ ဘယ်သူက ဆိုးယုတ်တယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်တာလဲ။ ကျွန်တော်တို့လူသားတွေက ဒါကို တိုင်းတာဖို့ အခြေခံမူတွေ ဒါမှမဟုတ် စံနှုန်းတွေ မရှိတာကြောင့် ကျွန်တော်တို့ မသိနိုင်ဘူး။ ဘုရားသခင်က အမှုအရာတွေကို ဒီနည်းလမ်းနဲ့ သတ်မှတ်ခဲ့ရင်၊ ကျွန်တော်တို့က သေချာပေါက်ကို ကျိုးနွံနာခံမှာ မဟုတ်သလို၊ ဘုရားသခင်က တရားမမျှတသလို မတရားဘူးလို့ ယုံကြည်ရင်း အဲဒါနဲ့ ပတ်သက်ပြီး အယူအဆတွေ ရှိမှာပဲ။ အဲဒါကြောင့် လူတစ်ယောက်ချင်းစီကို သူ့ကိုယ်ပိုင်အမျိုးအစားအတိုင်း အမျိုးအစားသတ်မှတ်တဲ့ အမှုတော်ကို ဘယ်လို ဆက်နိုင်မှာလဲ။ နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့ သခင်ဟာ၊ အဲဒါက နောက်ဆုံးသောကာလရဲ့ ခရစ်တော်- အနန္တတန်ခိုးရှင် ဘုရားသခင်- ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ သမ္မာတရားတွေကို အသုံးပြုတယ်။ ခရစ်ယာန်တွေ အားလုံးအတွက်၊ ဘယ်သူက ဂျုံးစပါးလဲ၊ ပြီးတော့ ဘယ်သူက တောပင်လဲ၊ ဘယ်သူက ဆိတ်ဖြစ်ပြီး၊ ဘယ်သူက သိုးဖြစ်လဲ၊ ဘယ်သူက အစေခံကောင်းဖြစ်ပြီး၊ ဘယ်သူက ဆိုးယုတ်တဲ့ အစေခံလဲ၊ ဘယ်သူက ပညာရှိ သတို့သမီးလဲ၊ ဘယ်သူက မိုက်မဲတဲ့ သတို့သမီးလဲဆိုတာကို သမ္မာတရားကတစ်ဆင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် ထုတ်ဖော်ခံရတယ်။ ပညာရှိတဲ့သတို့သမီးတွေက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူ တွေဖြစ်ပြီး၊ သမ္မာတရားကို ချစ်တယ်။ တစ်ယောက်ယောက်က ဘုရားကြွလာခြင်းနဲ့ ပတ်သက်ပြီး သက်သေခံနေတာကို သူတို့ကြားတဲ့ အခါမှာ သူတို့က အပြင်ထွက်ပြီး အဲဒါကို ကြိုဆိုတယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်ကို တက်ကြွစွာ စုံစမ်းစစ်ဆေး တယ်။ သူတို့က ဘုရားအသံတော်ကို သတိပြုမိပြီး၊ သူ့ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံတယ်၊ ပြီးတော့ သူတို့က အဆုံးသတ်မှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကတစ်ဆင့် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်း အပြည့်အဝကို ရရှိတယ်။ သူတို့က ကြီးမားတဲ့ ဘေးဒုက္ခတွေကတစ်ဆင့် ဘုရားသခင်ရဲ့ ကွယ်ကာခြင်းကို ရပြီး၊ ကျန်ခဲ့လိမ့်မယ်၊ ပြီးတော့ အဆုံးမှာ ဘုရားသခင်ရဲ့ နိုင်ငံတော် ထဲကို အခေါ်ခံရလိမ့်မယ်။ မတူညီဘူးဆိုတာကို နှိုင်းယှဉ်ပြရရင် မိုက်မဲတဲ့ သတို့သမီးတွေက သမ္မာတရားကို မချစ်ဘူး၊ သူတို့က သူတို့ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကို မလျှော့တမ်း ဖက်တွယ်ထားတယ်၊ ဒါမှမဟုတ် ကောလာဟလတွေကို မလျှော့တမ်း ယုံကြည်ကြတယ်။ သူတို့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို မရှာဖွေသလို၊ စုံစမ်းစစ်ဆေးခြင်းလည်း မရှိဘူး၊ ပြီးတော့ သူတို့ထဲက တစ်ချို့က ဘုရားသခင်ကို အာခံခြင်းနဲ့ ပြစ်တင်ရှုတ်ချခြင်း၊ ပြီးတော့ ဘုရားသခင်ရဲ့ နောက်ဆုံးသာကာလ ကယ်တင်ခြင်းကို ငြင်းပယ်ခြင်းတို့မှာ ဘာသာရေး ခေါင်းဆောင်တွေနောက်ကိုတောင် လိုက်ကြတယ်။ ဒီအကြောင်းအရင်းတွေအားလုံးကြောင့် သူတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အားဖြင့် မကောင်းမှုပြုသူတွေအနေနဲ့ ထုတ်ဖော်ခံရလိမ့်မယ်၊ ပြီးတော့ သုတ်သင်ဖယ်ရှင်းတာ ခံရလိမ့်မယ်။ သူတို့ ကံကြမ္မာက ကြီးမားတဲ့ ဘေးဒုက္ခအတွင်းမှာ ပြစ်ဒဏ်ပေးခြင်းတွေကို ခံရလိမ့်မယ်။ နောက်ဆုံးသောကာလအတွင်းမှာ လူတွေကို သူ့အမျိုးအစားနဲ့သူ သတ်မှတ်ခြင်း ဖြစ်တဲ့ ဘုရားသခင်ရဲ့ အမှုတော်က ကျွန်တော်တို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေအတိုင်း မပြီးသေးဘူးဆိုတာကို ဒါကနေ ကျွန်တော်တို့ တွေ့ရတယ်။ အဲဒီအစား ဘုရားသခင်က လူတွေကို ဖော်ထုတ်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ တရားစီရင်ခြင်း နည်းစနစ်ကို အသုံးပြုတယ်၊ ပြီးတော့ အဆုံးသတ် ရလဒ်က လူတိုင်းဟာ သမ္မာတရားကို သူတို့ လက်ခံသလား၊ အာခံသလား ဆိုတာပေါ်အခြေခံပြီး၊ သူတို့အမျိုးအစားအတိုင်း လုံးလုံးလျားလျား ထုတ်ဖော်ပြီး၊ ခွဲတာကို ခံရတယ်။ ဒါက ဘုရားသခင်ရဲ့ အမြော်အမြင်၊ ဘုရားသခင်ရဲ့ တရားမျှတမှု၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း သေချာပေါက် မဟုတ်ဘူးလား။” ဟု ပြန်ဖြေခဲ့သည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အစ်ကိုဝမ်း၏ မိတ်သဟာယပြုခြင်းတို့ကို နားထောင်ပြီးနောက်၊ ကျွန်တော်တို့ ဘုရားကျောင်းတွင် ဘုန်းတော်ကြီးပြောခဲ့သည့်အရာ ဖြစ်သည့် “သခင်ကြွလာတဲ့အခါမှာ ကောင်းတဲ့သူတွေက ဆိုးတဲ့သူတွေဆီကနေ ခွဲထုတ်ခံရလိမ့်မယ်။” ကို ကျွန်တော် ပြန်သတိရမိပြီး၊ ဤအယူအဆသည် အလွန် မသဲမကွဲဖြစ်ကာ၊ အင်မတန် လက်တွေ့မကျဘဲ၊ ဘုရားအမှုတော်၏ စစ်မှန်မှုနှင့် လုံးဝ မကိုက်ညီပါ။ ကျွန်တော်တို့ အားလုံးက အပြစ်တွင် အသက်ရှင်ကြကာ၊ ကျွန်တော်တို့က အပြစ်ကို ဆက်ကျူးလွန်ပြီးနောက်၊ ဝန်ခံကြသော်လည်း ဤသံသရာမှ မလွတ်မြောက်နိုင်သောကြောင့် မည်သူက အမှန်တကယ် ကောင်းမြတ်သူများ ဖြစ်သနည်း။ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့က မိမိတို့၏ အပြစ်များကို သန့်စင်မခံရသေးပါက၊ ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ခွင့်ရှိပါ့မလား။ ဤအရာကို တွေးရခြင်းက ကျွန်တော့် စိတ်နှလုံးထဲတွင် မီးဖွင့်လိုက်သကဲ့သို့ဖြစ်ပြီး၊ သခင့်ကို သူ့ဦးဆောင်မှုအတွက် ကျွန်တော် ကျေးဇူးတင်မိသည်။ လူများက သမ္မာတရားကို ချဉ်းကပ်ပုံအတိုင်း ကောင်းသည့်သူများကို ဆိုးယုတ်သူများထဲမှ ခွဲခြားခြင်း ဖြစ်သည်ကို ထိုအချိန်က ကျွန်တော် နားလည်သဘောပေါက် ခဲ့သောကြောင့် ဝတ်ပြုစုဝေးပွဲကို ကျွန်တော် အချည်းနှီးသွားခဲ့ခြင်း မဟုတ်ပါ။ ထို့နောက် ဘုရားသခင်က လူများ သမ္မာတရားကို မည်သို့ ချဉ်းကပ်သည့်နည်းအတိုင်း ဘုရားသခင်က ကောင်းမြတ်ခြင်းကို ဆိုးယုတ်ခြင်းမှ ခွဲခြားသည်ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့သည်။ တခြားနည်းဖြင့်ဆိုရသော်၊ လူများက ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင် းတို့ကို လက်ခံပြီး နာခံခြင်းရှိမရှိပေါ်တွင် မူတည်ကာ လူများသည် ကောင်းသောသူ သို့မဟုတ် ဆိုးယုတ်သူဖြစ်ရသည်၊ ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တလုံးတဝတည်း ထင်ရှားပြခံရခြင်း ဖြစ်သည်။ သူ့နှုတ်ကပတ်တော်နှင့် အမှုတော်တို့မှတစ်ဆင့် ဘုရားသခင် က ဂျုံစပါးကို တောပင်များမှလည်းကောင်း၊ သိုးများကို ဆိတ်များထံမှ လည်းကောင်း၊ ပညာရှိသတို့သမီးများကို မိုက်မဲသော သတို့သမီးများ ထံမှလည်းကောင်း၊ စစ်မှန်သည့် ယုံကြည်သူများကို ယုံကြည်သူ အတုအယောင်များမှလည်းကောင်း၊ ပြီးလျှင် သမ္မာတရားချစ်သူများကို သမ္မာတရားမုန်းသူများထံမှလည်းကောင်း ခွဲထုတ်ခဲ့သည်။ ဘုရားသခင် သည် အလွန့်အလွန် အမြော်အမြင်ရှိလွန်းလှသည်။ သို့သော်လည်း သခင်က လူများကို တရားစီရင်ဖို့ ပြန်ကြွလာသည့်အချိန်တွင်၊ သူက တစ်ဦးချင်းစီ စီရင်တော်မူကြောင်း၊ ထိုလူ ကောင်းကင်ဘုံ သို့မဟုတ် ငရဲသို့ သွားမသွားကို သူမဆုံးဖြတ်မီ သီးခြားလူတစ်ဦးချင်းစီ၏ အပြစ်များကိုလည်း စာရင်းပြုစုထားပြီး စီရင်ကြောင်း ဘုန်းတော်ကြီး ပြောသည်ကိုလည်း ကျွန်တော် ပြန်သတိရခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်သည် သူ့နှုတ်ကပတ်တော်များမှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု အနန္တတန်ခိုးရှင် ဘုရားသခင်က ယခုပြောသောကြောင့်၊ လူများကို တရားစီရင်ရန် ဤနှုတ်ကပတ်တော်များကို မည်သို့ အသုံးပြုသနည်း။

ထို့နောက် ကျွန်တော်က ဤမေးခွန်းကို မေးခဲ့ပြီး၊ အစ်ကိုကျန်းက အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်များကို ကျွန်တော့်အား ဖတ်ပြခြင်းအားဖြင့် ထိုမေးခွန်းကို ဖြေခဲ့သည်။ “ဘုရားသခင်သည် မသိလိုက်သည့်အချိန်အချို့တွင် ကမ္ဘာမြေပေါ်သို့ ကြွကောင်းကြွလာနိုင်ပြီး လူသားထံ ပေါ်ထွန်းကာ၊ ပြီးနောက် မည်သူ့ကိုမျှ အလွတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးလျက်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်ကိုယ်ကျ တရားစီရင်မည်ဟု အချို့က ယုံကြည်ကြသည်။ ဤနည်းဖြင့် တွေးထင်သူတို့သည် လူ့ဇာတိခံယူခြင်း အမှု၏ ဤအဆင့်ကို မသိကြပေ။ ဘုရားသခင်သည် လူကို တစ်ယောက်ပြီး တစ်ယောက် တရားမစီရင်သကဲ့သို့၊ တစ်ယောက်ပြီး တစ်ယောက် မစစ်ဆေးပေ။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်မည် မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူ ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အနှစ်သာရသည် အတူတူ ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်း ခံရသည်မှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသား၏အနှစ်သာရနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ အသေးအဖွဲဖြစ်ပြီး အရေးမပါသော အမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုသောအရာဖြစ်ပြီး၊ အထူးသဖြင့် လူတစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ခြင်း မဟုတ်ပေ။ ထို့ထက် ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးနှင့်ဆိုင်သည့် တရားစီရင်ခြင်းကို ကိုယ်စားပြုရန်အလို့ငှာ လူတစ်စုက တရားစီရင်ခြင်း ခံရသည့် အမှုဖြစ်သည်။ လူတစ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအားဖြင့် လူ့ဇာတိဖြင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ ထို့နောက်တွင် ယင်းသည် တဖြည်းဖြည်း ပျံ့နှံ့လေသည်။ ဤသည်မှာ တရားစီရင်ခြင်းအမှု ပြုသည့်ပုံလည်း ဖြစ်သည်။ ဘုရားသခင်သည် လူတစ်မျိုး၊ သို့မဟုတ် လူတစ်စုကို တရားစီရင်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ မဖြောင့်မတ်ခြင်း- ဥပမာအားဖြင့် ဘုရားသခင်ကို လူသား၏ဆန့်ကျင်မှု၊ သို့မဟုတ် လူသား၏ ဘုရားသခင်အပေါ် မကြောက်ရွံ့မှု၊ သို့မဟုတ် ဘုရားသခင်၏အမှုကို လူသား၏ နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ထို့နောက် အစ်ကိုကျန်းက ဤအရာကို ကျွန်တော့်အား မိတ်သဟာယပြုခဲ့သည်။ “ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်အတွင်းမှာ သူက လူတစ်ယောက်ချင်းစီကို တရားစီရင်ဖို့ သူ့ပလ္လင်ဖြူကြီးရှေ့ကို လာဖို့ ခေါ်လိမ့်မယ်ဆိုတဲ့ အယူအဆ ကျွန်တော်တို့မှာ ရှိကြတယ်။ လူတိုင်းက မြေကြီးပေါ်မှာ ဒူးထောက်ရမှာဖြစ်ပြီး၊ သူတို့သက်တမ်းတစ်လျှောက် သူတို့ကျူးလွန် ခဲ့တဲ့ အပြစ်တွေ တစ်ခုချင်းစီကို ဝန်ခံရလိမ့်မယ်၊ အဲဒီနောက်မှာ သူတို့ရဲ့ အပြစ်တွေရဲ့ ပြင်းထန်မှုပေါ် မူတည်ပြီး သူတို့ ကောင်းကင်ဘုံ သွားမလား၊ ငရဲသွားမလားဆိုတာကို ဘုရားသခင်က ဆုံးဖြတ်လိမ့်မယ်။ လူတွေကို ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် နှုတ်နဲ့ အကြမ်းဖက်စော်ကားတာ၊ သူတို့မိဘတွေကို သားသမီးဝတ်ကျေမကျေ ဒါမှမဟုတ် တခြားလူတွေ ဆီက ခိုးတာ ဒါမှမဟုတ် လုယက်တာ တို့လိုမျိုး အပြစ်တွေအတိုင်း ဘုရားသခင်က လူတွေကို တရားစီရင်မယ်လို့ ကျွန်တော်တို့ ယုံကြည် ကြတယ်။ ဒါပေမဲ့ တကယ်တော့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်က ဒီအပြင်ပန်း အပြုအမူတွေ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ချို့ယွင်းချက်တွေနဲ့ မသက်ဆိုင်ဘူး၊ ဒါပေမဲ့ အဲဒီအမှုတော်က အဲဒီအစား လူသားမျိုးနွယ်ရဲ့ ဘုရားသခင်ကို အာခံတဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုချင်းစီကို တရားစီရင်ဖို့ ရည်မှန်းထားတယ်။ ဒီဟာတွေမှာ ကျွန်တော်တို့ရဲ့ မာနထောင်လွှားပြီး၊ ကိုယ့်ဘာသာ ကြီးကျယ်နေတာတွေ၊ ကျွန်တော်တို့ရဲ့ ကလိမ်ကကျစ်ကျတာတွေနဲ့ လည်တာတွေ၊ ကျွန်တော်တို့ရဲ့ အတ္တကြီးတာနဲ့ ယုတ်ညံ့တာတွေ၊ ကျွန်တော်တို့ရဲ့ လောဘနဲ့ ဆိုးယုတ်မှုတွေ နဲ့ စတာတွေလည်း ပါဝင်တယ်။ ကျွန်တော်တို့မှာ ခေတ်နောက်ကျတဲ့ ဘာသာရေးဆိုင်ရာ အယူအဆတွေနဲ့ ကံကျွေးချစနစ် အကြံဉာဏ်တွေ အများကြီးဖြစ်တဲ့ ဘုရားသခင်နဲ့ သဟဇာတမဖြစ်တဲ့ အမြင်ရှုထောင့်တွေလည်း အများကြီးရှိတယ်။ ဒီအရာတွေက ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ အာခံခြင်းရဲ့ အရင်းအမြစ်အားလုံးဖြစ်ပြီး၊ အဲဒါတွေက ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အားလုံးမှာ တူညီတဲ့ ပြဿနာတွေအားလုံးဖြစ်တာကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်က သန့်စင်ပြီးပြောင်းလဲဖို့ ရည်မှန်းထားတဲ့ အရာတွေဖြစ်တယ်။ ဒါ့ကြောင့် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက လူသားမျိုးနွယ်ရဲ့ သဘာဝနဲ့ အနှစ်သာရတို့ကို ထုတ်ဖော်ပြီး၊ ကမ္ဘာပေါ်မှာရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ဝင်တိုင်းက ချွင်းချက်မရှိဘဲ ဒါရဲ့ တစ်စိတ်တစ်ဒေသဖြစ်တယ်။ ဒါမှမဟုတ် တခြားနည်းနဲ့ပြောရရင်၊ ဘုရားရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်က လူသားမျိုးနွယ် တစ်ခုလုံးကို ရည်ရွယ်တာကြောင့် လူတွေကို သီးခြားစီ တရားစီရင်ဖို့ မလိုဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမခြင်း လက်ခံခြင်းအားဖြင့် ကျွန်တော်တို့က သမ္မာတရားတွေ အများကြီးကို နားလည်သဘောပေါက်နိုင်ပြီး၊ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ အနှစ်သာရ၊ သဘာဝ နဲ့ သမ္မာတရားတို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဒါကို လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း အသိအမှတ်ပြုခွင့်ပေးပြီး၊ ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေတဲ့ နှလုံးသားကို ဖြစ်ပေါ်ခွင့်ပေးတယ်၊ ပြီးတော့ ကျွန်တော်တို့က ကိုယ့်ဇာတိခန္ဓာကို သစ္စာဖောက်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဆန္ဒရှိလာအောင် ကိုယ့်ကိုယ်ကိုယ် စပြီးရွံရှာမုန်းတီးလာနိုင်တယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားက တဖြည်းဖြည်းချင် သန့်စင်ပြီး၊ ဘဝနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ အမြင်ရှုထောင့်တွေနဲ့ သဘောထားအမြင်တို့ကလည်း ပြောင်းလဲသွား မယ်။ ကျွန်တော်တို့ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း စအသက်ရှင် နေထိုင်တဲ့အချိန်မှာ၊ ကျွန်တော်တို့က ဘုရားသခင်ကို ဆန့်ကျင်တာနဲ့ အာခံတာ ရပ်တဲ့အခါမှာ၊ အဲဒါတွေအစား သူ့ကို အမှန်တကယ် နာခံ၊ ကြောက်ရွံ့ပြီး၊ မကောင်းမှုကို ရှောင်ကြဉ်တဲ့အခါမှာ၊ အဲဒီနောက်မှာ ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရှာမှာဖြစ်ပြီး၊ ဘုရားသခင်ရဲ့ အလိုတော်နဲ့ သဟဇာတဖြစ်တဲ့ လူတွေဖြစ်လာမယ်။ ဒါက နောက်ဆုံးသောကာလအတွင်းမှာ တရားစီရင်ခြင်းအမှုတော် ပြုဖို့နဲ့ပတ်သက်တဲ့ ဘုရားသခင်ဖော်ပြနေတဲ့ သမ္မာတရားရဲ့ လက်တွေ့အရှိတရားနဲ့ ရည်ရွယ်ချက်ဖြစ်တယ်။”

အစ်ကိုကျန်း၏ မိတ်သဟာယကို နားထောင်ရခြင်းက ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည် မည်မျှ သဘာဝကျပြီး၊ လက်တွေ့ကျကြောင်း အသိစိတ်တစ်ခုဖြင့် ကျွန်တော့်ကို ကျန်ရစ်စေ သည်။ ကျွန်တော်က သူပြောသည့်အရာကို လက်ခံနိုင်စွမ်းရှိခဲ့သည်- ၎င်းက ကျွန်တော့် စိတ်နှလုံးထဲတွင် ကျွန်တော်နှင့် နက်ရှိုင်းစွာ တူညီသောနားလည်သဘောပေါက်မှုကို ရရှိစေခဲ့သည်။ မှန်ပါသည်၊ လူများက မာနထောင်လွှားသည်၊ သူတို့က ကျော်ကြားမှု၊ ကြွယ်ဝမှု နှင့် အဆင့်အတန်းတို့ကို ရှာဖွေကြပြီး၊ သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အမျိုးမျိုးတွင် သူတို့က နစ်မြုပ်ကာ အသက်ရှင်နေကြသည်။ ကျွန်တော်တို့အတွင်းမှာ ညစ်ညမ်းမှုများနှင့် ဖောက်ပြန်ပျက်စီးမှုများအားလုံးကို ဖယ်ရှားပစ်ရန် ဘုရားသခင်က သူ့တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဘုရားသခင်ကို အာခံသည့် ကျွန်တော်တို့ သဘာဝများသည်လည်း ထိုနည်းဖြင့် ပြေလည်သွားပြီး၊ ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက ပြောင်းလဲပြီးနောက်၊ ကျွန်တော်တို့က အမှန်တကယ် ကောင်းမြတ်သူများဖြစ်လာနိုင်သည်။ ဤနည်းလမ်းကို ကြည့်ခြင်းဖြင့် လူသားမျိုးနွယ်ကို တရားစီရင်ဖို့ သခင်ပြန်ကြွလာသည့် အချိန်တွင် လူများတစ်ယောက်ချင်းစီ တရားစီရင်ခံရပြီး၊ သူတို့ တစ်ယောက်ချင်းစီ၏ အပြစ်များ တရားစီရင်ခံရသည်ဟု ဘုန်းတော်ကြီး ပြောခြင်းက လူသားတို့၏ အယူအဆများနှင့် စိတ်ကူးများ သက်သက်သာ ဖြစ်သည်ကို ကျွန်တော်မြင်ရသည်။ ၎င်းမှာ ဘုရားသခင်က သူ့အမှုတော်ကို အမှန်တကယ် ဆောင်ရွက်သည့် နည်းလမ်းနှင့် လုံးလုံး မသက်ဆိုင်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ၏နှုတ်ကပတ်တော်များက သမ္မာတရားများ အမှန်တကယ် ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များသည် အမှန်တကယ်ကို ဘုရားသခင်၏ အသံတော် ဖြစ်သည်။ ထို့နောက် ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို စေ့စေ့စပ်စပ် စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့သည်။

ဤအရာကို ကျွန်တော် စုံစမ်းစစ်ဆေးနေစဉ်တွင်၊ နောဧနေ့များ ရောက်လာကြပြီ၊ မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ နှင့် လူအပေါ် ဘုရားအချစ် ကြီးမြတ်တော်မူ တို့အပြင် ဘုရားအချစ် ကြီးမြတ်တော်မူ ကဲ့သို့သော ဘုရားနှုတ်ကပတ်တော်၏ ဓမ္မသီချင်းဆိုင်ရာ ဗီဒီယိုတစ်ချို့အပါအဝင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် ဧဝံဂေလိ ရုပ်ရှင်များစွာကို ကြည့်ခဲ့ သည်။ ကျွန်တော်က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် များစွာကိုလည်း ဖတ်ရှုပြီး၊ သမ္မာတရား၏ ရှုထောင့်များစွာနှင့် ပတ်သက်ပြီး ညီအစ်ကိုမောင်နှမများ မိတ်သဟာယပြုခြင်းကို နားထောင်ခဲ့သည်။ ဤအရာက အနန္တတန်ခိုးရှင်ဘုရားသခင်သည် အမှန်တကယ်ပင် သခင်ယေရှုဖြစ်ကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင် သည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်ပြီး၊ ကျွန်တော် တို့ စောင့်မျှော်နေခဲ့သော ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း၊ သည်ကို စိတ်ပိုင်းဖြတ်ဖို့ ကျွန်တော့်ကို ကူညီပေးခဲ့သည်။ ကျွန်တော်က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို အလွန်ပျော်ရွှင်စွာ လက်ခံခဲ့သည်။

အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ပြီးကတည်းက ကျွန်တော်က တခြား ညီအစ်ကိုမောင်နှမများဖြင့် ဝတ်ပြုစုဝေးပွဲများ မကြာခဏ တက်ရောက်နေခဲ့သည်၊ သို့မဟုတ် သူတို့နှင့် ဒေသနာ နားထောင်နေခဲ့သည်။ နေ့စဉ်နေ့တိုင်းသည် ကျွန်တော့်အတွက် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝပြီး၊ ကျွန်တော်က ဝိညာဉ်ရေးရာ ထောက်ပံ့မှု ရရှိနေသည်ဟု ခံစားရသည်။ ကျွန်တော်က သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မှနေလာသည့် နှစ်သိမ့်မှုကို ကျွန်တော် နှစ်သက်ခံစားခဲ့ပြီ၊ ပို၍ပို၍ များပြားသော သမ္မာတရားတို့ စတင်နားလည်လာခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် တွင် ညီအစ်ကိုမောင်နှမများအားလုံးက အချင်းချင်း အလွန်နွေးထွေးပြီး၊ ရိုးသားကြကာ၊ မည်သူမျှ တစ်စုံတစ်ယောက်ကိုမျှ လှည့်စားဖို့ မကြိုးစားခဲ့ပါ၊ သို့မဟုတ် သူတို့ ဆက်ပြီးသတိထားဖို့ မကြိုးစားခဲ့ပါ။ လူတိုင်းက ရိုးရှင်းပြီး၊ ပွင့်လင်းကာ၊ ရိုးသားကြသည်။ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူတို့ထုတ်ဖော်လျှင်၊ သူတို့က ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် သူတို့ကိုယ်သိလာ နိုင်ပြီး၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေကြသည်။ ဤအရာက ခရစ်တော်၌ တစ်ခုတည်းသော စစ်မှန်သည့် ညီအစ်ကိုမောင်နှမ ဖြစ်သည်ကို ကျွန်တော်ခံစားရသည်။ ကျွန်တော်က အထူးသဖြင့် ဓမ္မသီချင်းနှင့် ဆိုင်သော ဗီဒီယို၊ သီချင်းရုပ်ရှင်များ၊ ကခုန်သည့် ဗီဒီယိုများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် ဧဝံဂေလိရုပ်ရှင်များအားဖြင့် အထူးသဖြင့် သဘောကျခဲ့သည်။ ယင်းတို့က သမ္မာတရားကို မြင့်ရာတွင်ထားပြီး၊ ဘုရားသခင်နှင့် သူ့နောက်ဆုံးသောကာလအမှုတော်ကို သက်သေခံခဲ့သည်။ ဤအရာ အားလုံးက လူများအနေဖြင့် ဘုရားသခင်ကို ကျိုးနွွံနာခံပြီး ကိုးကွယ်ဖို့ နှင့် အသင်းတော်သည် ဘုရားသခင်က သူ့အမှုတော်ကို ဆောင်ရွက်သည့် နေရာတစ်ခုဟု ကွန်တော် ခံစားခဲ့ရသည်။ မြင်တွေ့ခြင်း၊ ကြားခြင်းနှင့် ဤသက်သေများအားလုံးကို ကျွန်တော့် စိတ်နှလုံးအတွင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်သည် ဘုရားသခင်က သူ့သိုးအုပ်စုကို ကိုယ်တိုင် အာဟာရပေးပြီး သိုးထိန်း သည့် စစ်မှန်သည့် အသင်းတော်တစ်ခုဖြစ်ခဲ့သည်။ ကျွန်တော်က ဘုရားအိမ်တော်ကို ဝင်ရောက်နိုင်စွမ်းရှိပြီး၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် အသက်တာတစ်ခုကို အသက်ရှင်ရခြင်းသည် ဘုရားသခင်အားဖြင့် ထူးခြားစွာ ချီးမြောက်ခံရခြင်းဖြစ်သည်။ ကျွန်တော် အမှန်တကယ်ပင် အလွန်ကံကောင်းပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကျွန်ုပ်မျက်မြင်တွေ့ရပြီ

ကျန်းကျိန့် တောင်ကိုရီးယားနိုင်ငံ ကျွန်တော်က ကိုရီးယား ပရက်စ်ဘီတေးရီးယန်း အသင်းတော်မှာ ပါဝင်လေ့ရှိခဲ့တယ်။ ကျွန်တော့်သမီးလေး နေမကောင်းတော့...

ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။