သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်နှင့် ကျမ်းစာကြား ဆက်စပ်ပုံကို ကျွန်မ အခု နားလည်ပြီ

3

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ၏) အစဉ်အလာ နည်းလမ်းဖြင့် ယုံကြည်မှုသည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်း ဖြစ်ခဲ့သည်။ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး၊ လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာကျမ်းစာအား ရှင်းလင်းဖော်ပြမှု ဖြစ်ရပေမည်။ ဆိုလိုသည်မှာ၊ သင်က သခင့်ကို ယုံကြည်လျှင်၊ သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သမ္မာကျမ်းစာမှလွဲ၍ သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်ရပေ။ သင်က ထိုသို့ ပြုလုပ်လျှင်၊ ဘုရားသခင်အား သစ္စာဖောက်နေခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။… သမ္မာကျမ်းစာသည် လူများ၏ စိတ်ထဲမှာ ကိုးကွယ်ရာတစ်ခု ဖြစ်လာပြီး၊ ၎င်းသည် သူတို့၏ ဦးနှောက်များထဲ၌ ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ၏ပြင်ပတွင် အမှုပြုနိုင်သည်ကို ၎င်းတို့ တကယ့်ကို ယုံကြည်လက်ခံနိုင်စွမ်း မရှိကြပေ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ ပြင်ပတွင် ရှာတွေ့နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း မရှိကြသည့်အပြင်၊ နောက်ဆုံးသော အမှုအတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာက သွေဖည်လျက် အသစ်တစ်ဖန် စတင်နိုင်ခြင်းကို ယုံကြည်နိုင်စွမ်း သာ၍ပင် မရှိကြပေ။ လူတို့သည် ဤအရာကို မစဉ်းစားရဲကြပေ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပေ။ လူတို့အနေနှင့် ဘုရားသခင်၏ အမှုသစ်ကို လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတားတစ်ခု ဖြစ်လာကာ ဘုရားသခင်၏ ဤအမှုသစ် တိုးချဲ့ရေးအတွက် အခက်အခဲ ဖြစ်လာသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) သမ္မာကျမ်းဆိုတာ ကျွန်မကို ကိုယ့်ယုံကြည်ခြင်းမှာ သခင့်ကို သိအောင် လုပ်ပေးခဲ့တာမျိုးပါ။ ကျွန်မတို့သင်းအုပ်ကလည်း အဲဒါကို ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်ဆိုပြီး အမြဲတမ်း ပြောခဲ့တယ်။ ကျမ်းစာကို ယုံကြည်တာက သခင့်ကို ယုံကြည်တာပဲဆိုပြီး ကျွန်မက ထင်ခဲ့တာ။ ကျမ်းစာစကားတွေကို သခင့်ထက် ပိုပြီး အလေးထားခဲ့တာပါ။ တချို့ကျမ်းပိုဒ်တွေဆို ရိုးအီနေတော့ အချိန်မရွေး ပြောနိုင်ဆိုနိုင်တယ်။ သခင့်ပြောစကားတွေကို လက်တွေ့လုပ်ဆောင်ဖို့ စဉ်းစားတာမျိုးတော့ မရှိခဲ့ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတော့၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေ ဖော်ပြတာကို မြင်မိတဲ့အထိ၊ ဘုရားနဲ့ ကျမ်းစာကြားက ဆက်နွှယ်မှုကို ကျွန်မ နားမလည်ခဲ့ဘူး။ ကိုယ့်ယုံကြည်ခြင်းမှာ ရှိတဲ့ အမှားတွေကို နောက်ဆုံးမှ ပြင်မိခဲ့တာပါ။

ကျွန်မက ကျမ်းစာဖတ်တာ၊ အသင်းတော်ဝတ်ပြုပွဲ တက်တာတွေကို အချိန်ရတိုင်း လုပ်လေ့ရှိတယ်။ သခင့်ကို ပိုပြီး နားလည်အောင်၊ အားတဲ့အချိန်ဆို အွန်လိုင်းမှာ တရားဟောချက်တွေ လိုက်ရှာတယ်။ တစ်ခါတော့ ယူကျုမှာ တော်တော်ကောင်းတဲ့ အသင်းတော်ရုပ်ရှင်တစ်ခု ကြည့်မိတယ်။ နာမည်က နားခိုရာအိမ် ဘယ်မှာလဲ တဲ့။ တော်တော် လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ ဇာတ်ကားထဲမှာ သူတို့ဖတ်ပြတဲ့ နှုတ်ကပတ်တော်တွေကလည်း တကယ်ကို နွေးနွေးထွေးထွေးနဲ့ သြဇာပါတယ်။ ဘယ်က နှုတ်ကပတ်တော်တွေလည်းဆိုတာ သိချင်သွားတာပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် ဖြစ်မှန်းလည်း သိရော၊ အဲဒီဇာတ်ကားကို ထုတ်တဲ့ ဒီအသင်းတော်အကြောင်း ပိုသိအောင်၊ အွန်လိုင်းမှာ ရှာကြည့်တယ်။ ဒါပေမဲ့ နောက်တော့ ဒီအသင်းတော်အကြောင်း မကောင်းတာတွေရေးထားတာ တွေ့တယ်။ အဲဒါတွေက တကယ်ဟုတ်မဟုတ်ဆိုတာလည်း မတွေးတတ်ဘူးလေ။ အချိန်နည်းနည်းယူ စဉ်းစားပြီးတော့မှ၊ တခြားသူတွေ ပြောတာတွေကို မယုံဖို့ ဆုံးဖြတ်လိုက်တယ်။ “ကြားကြားသမျှ မယုံနဲ့” လို့ အဆိုရှိတယ်လေ။ ဒါက အသင်းတော်ကောင်းတစ်ခု ဟုတ်မဟုတ်ဆိုတာ၊ ကိုယ်တိုင် စူးစမ်းကြည့်သင့်တယ်ပေါ့။ ကျွန်မလည်း ဇာတ်ကားနည်းနည်းလောက် ထပ်ပြီး ဒေါင်းလုဒ်လုပ်လိုက်တယ်။ နိုးထခြင်းနဲ့ မျှော်လင့် တောင့်တခြင်း ဆိုတဲ့ ဇာတ်ကားနှစ်ကား ကြည့်ဖြစ်တယ်။ အဲဒါတွေကလည်း တကယ် ခံစားရတယ်။ အဲဒီထဲမှာ ဖတ်ပြတဲ့ နှုတ်ကပတ်တော်တွေက သြဇာအာဏာပြည့်လွန်းတယ်။ တရားဟောချက်တွေလည်း လက်တွေ့ကျလွန်းတယ်။ အသင်းတော်တွေ ခြောက်ကပ်လာတဲ့အကြောင်းတွေ၊ အမှန်တကယ် ကယ်တင်ခံရခြင်းက ဘာလဲဆိုတာတွေ သိလိုက်ရတယ်။ သခင်ယေရှုက နောက်ဆုံးသောကာလမှာ သူ့တရားစီရင်ခြင်းကို လုပ်ဆောင်ဖို့ ပြန်ကြွနေပြီဆိုပြီး အဲဒီဇာတ်ကားတွေထဲမှာ ပြောထားတယ်။ အဲဒါက ဒီ ကျမ်းစာပရောဖက်ပြုချက်ကို ပြည့်စုံစေတာတဲ့၊ “ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာ ပဌမစောင် ၄:၁၇) ကျွန်မ တော်တော် စိတ်လှုပ်ရှားသွားတယ်။ ဇာတ်ကားတွေထဲမှာ ဖတ်ပြတဲ့ အဲဒီနှုတ်ကပတ်တော်တွေကို ပြန်ကြွလာတဲ့ သခင်က မိန့်ဆိုထားတာကိုး။ အဲဒါတွေက သြဇာအာဏာပြည့်လွန်းနေတာကို မအံ့သြတော့ဘူး။ ကျွန်မဘက်က မက်ဆေ့ချ်ပို့လိုက်တော့၊ အသင်းတော်အဖွဲ့ဝင်တချို့နဲ့ အဆက်အသွယ်ရလာတယ်။ သူတို့က ခင်ခင်မင်မင်နဲ့ ရိုးသားကြတယ်။ တရားဟောချက်တွေကလည်း အသိဉာဏ်ဖွင့်ပေးတာတွေပဲ။ သူတို့နဲ့ စကားပြောရတာ သိပ်ကောင်းတယ်။ သူတို့စည်းဝေးပွဲတွေကိုလည်း ကျွန်မ စတက်တယ်။

တစ်ညနေတော့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့ချန်နယ်ကနေ ရုပ်ရှင်တွေ ထပ်ပြီး ဒေါင်းလုဒ်လုပ်မယ်ပေါ့။ တင်ပေးထားတာတွေ လျှောက်ကြည့်ရင်းနဲ့၊ သမ္မာကျမ်းထဲက ထွက်ခဲ့ပါ ဆိုတဲ့ဇာတ်ကားကို သွားတွေ့တယ်။ ကျွန်မ ခေါင်းရှုပ်သွားတယ်။ အဲဒါ ဘာအဓိပ္ပာယ်လဲ။ ဘာဖြစ်လို့ သမ္မာကျမ်းထဲက ထွက်ရမှာလဲ။ သမ္မာကျမ်းမရှိရင်၊ လူတွေက ဘုရားကို ဘယ်လိုလုပ် သိနိုင်၊ ယုံကြည်နိုင်မှာလဲ။ သင်းအုပ်က အမြဲ ပြောတတ်တယ်လေ၊ ကျွန်မတို့ယုံကြည်ခြင်းကို ကျမ်းစာမှာ အခြေခံရမယ်။ အဲဒါကို သွေဖည်တယ်ဆိုတာ အယူမှားပဲတဲ့။ သမ္မာကျမ်းကို ပစ်ပယ်တယ်ဆိုတာ သခင့်ကို သစ္စာဖောက်နေတာ မဟုတ်ဘူးလား။ နောက်ရက်တွေကျတော့၊ ကျွန်မလည်း အသင်းတော်ရဲ့ရုပ်ရှင်တွေ ကြည့်တာ၊ သူတို့ဓမ္မတေးတွေ နားထောင်တာ ရပ်လိုက်တယ်။ လမ်းမှားမှာ ကြောက်တယ်လေ။ ဒါပေမဲ့ မတွေးဘဲလည်း မနေနိုင်ဘူး၊ “အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု ပြန်ကြွလာခြင်းဖြစ်တယ်၊ ငါက ကိုယ်တော့်ကို ငြင်းပယ်မိတယ်ဆိုရင်၊ သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲသွားမှာ မဟုတ်ဘူးလား” ကျွန်မလည်း စိတ်ရှုပ်လွန်းတာနဲ့၊ ဆုတောင်းပြီး ဥပုသ်ယူလိုက်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ တကယ်ပဲ ကိုယ်တော် ပြန်လာခြင်း ဟုတ်မဟုတ်၊ ပြပေးဖို့ သခင့်ကို တောင်းလျှောက်မိတယ်။ ကျွန်မ ဥပုသ်ယူထားတဲ့ ပထမညမှာ ဘုရားသခင်ဆီက ဘယ်လိုစေ့ဆော်မှုမှ မရခဲ့ဘူး။ ဒါနဲ့ ကျမ်းစာထဲ ရှာကြည့်မယ်လို့ စဉ်းစားမိတယ်။ အဲဒီလိုနဲ့ ဗျာဒိတ်ကျမ်း ၁:၈ ကို ဖတ်မိတယ်၊ “ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” ဗျာဒိတ်ကျမ်း ၁၁:၁၆-၁၇ ကိုလည်း ဖတ်မိတယ်၊ “ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ့်လေးပါးတို့သည် ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။” ဒီကျမ်းပိုဒ်တွေမှာ ဘုရားက ကျွန်မကို လမ်းပြဖို့ ကြိုးစားနေတာပဲဆိုပြီး ရုတ်တရက် ခံစားမိတယ်။ နောက်ဆုံးသောကာလမှာ ဘုရားကို “အနန္တတန်ခိုးရှင်” ဆိုပြီး ခေါ်ဝေါ်မယ်လို့ ဗျာဒိတ်ကျမ်းမှာ ပြောတယ်လေ။ အဲဒါ အနန္တတန်ခိုးရှင်ဘုရားသခင် မဟုတ်ဘူးလား။ ဒီလိုတွေ့လိုက်တော့ ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဆက်ပြီး စူးစမ်းချင်သွားတယ်။ သမ္မာကျမ်းထဲက ထွက်ခဲ့ပါ ဇာတ်ကားကိုလည်း ပြီးအောင်ကြည့်မယ်ပေါ့။ ဒါမှ ဘာကိုပြောထားတာလဲဆိုတာ သိမယ်လေ။

ဇာတ်ကားထဲမှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ တရားဟောဆရာတစ်ယောက်က ဒီလို ပြောပြထားတယ်၊ “ဘုရားသခင်က ကယ်တင်ခြင်းပြုဖို့အတွက်၊ ကျမ်းစာကို သွေဖည်မှာမဟုတ်ဘူး။ ကျမ်းစာမှာ မပါတာမှန်သမျှ အယူမှားပဲဆိုပြီး ဘာသာရေးသမား တော်တော်များများက ပြောကြတယ်။ တကယ်တမ်း ဘယ်ဟာက အရင်ဖြစ်ခဲ့တာလဲ။ ကျမ်းစာလား၊ ဘုရားရဲ့အမှုတော်လား။ အဦးအစအချိန်မှာ ယေဟောဝါဘုရားက အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ ကမ္ဘာကြီးကို ရေလွှမ်းမိုးစေတယ်။ သောဒုံနဲ့ ဂေါမောရမြို့တွေကို မီးနဲ့ ဖျက်ဆီးခဲ့တယ်။ ဘုရားက ဒီအမှုတွေအားလုံး လုပ်ဆောင်နေချိန်မှာ၊ သမ္မာကျမ်းဟောင်းဆိုတာ ရှိခဲ့လို့လား” တဲ့။ ကျွန်မ စိတ်ထဲကတော့၊ “ဒါများ မေးနေသေးတယ်။ ဘုရားက ကမ္ဘာကို ဖန်ဆင်းတာတွေ၊ ရေလွှမ်းမိုးစေတာတွေ၊ သောဒုံနဲ့ ဂေါမောရကို မီးတိုက်ပစ်တာတွေ လုပ်ချိန်တုန်းက သမ္မာကျမ်းဆိုတာ ဘယ်ရှိခဲ့မလဲ” ပေါ့။ သူက ဆက်ပြောထားတယ်၊ “ဘုရားက ဒီအမှုတွေကို ပြုချိန်မှာ၊ ဘာကျမ်းစာမှ မရှိခဲ့ဘူး။ ဦးဆုံးအနေနဲ့ ဘုရားရဲ့လုပ်ဆောင်ချက်ပဲရှိခဲ့တယ်။ အဲဒါတွေ ပြီးသွားတော့မှ ကျမ်းစာထဲ မှတ်တမ်းတင်ခဲ့တာ။ ပြီးတော့ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု အမှုတော်ပြုနေချိန်မှာလည်း၊ သမ္မာကျမ်းသစ်ဆိုတာ မရှိခဲ့ဘူး။ သူ့အမှုတော် ပြီးစီးသွားတဲ့အချိန်ကျမှ၊ သူ့တပည့်တော်တွေက နောက်ပိုင်းမှာ အဲဒါကို ရေးခဲ့ကြတာ။ သေချာတာတော့ သမ္မာကျမ်းဆိုတာ ဘုရားရဲ့လုပ်ဆောင်ချက်နဲ့ပတ်သက်တဲ့ တစ်ခုတည်းသော သမိုင်းမှတ်တမ်းပဲ။ ဘုရားက ကျမ်းစာနဲ့အညီ လုပ်ဆောင်တာမဟုတ်ဘူး။ သူ့ကို အဲဒါနဲ့ မကန့်သတ်ထားဘူး။ ဘုရားရဲ့အမှုတော်ဆိုတာ သူ့ကိုယ်ပိုင်အစီအစဉ်နဲ့ လူသားတွေရဲ့လိုအပ်ချက်တွေပေါ်မှာ အခြေခံထားတယ်။ အဲဒါကြောင့် ဘုရားရဲ့အမှုတော်ကို ကျမ်းစာမှာ ပါတဲ့အတိုင်းပဲဖြစ်မယ်ဆိုပြီး ထင်လို့မရဘူး။ ကျမ်းစာကို အသုံးချပြီး ကိုယ်တော့်အမှုတော်ကို ကန့်သတ်လို့မရဘူး။ ကျမ်းစာအပြင်မှာ ရှိနေသမျှကို အယူမှားတယ်လို့ ပြောလို့မရဘူး။ ဘုရားက သူ့အမှုတော်သူ လုပ်ဆောင်ခွင့်ရှိတယ်။ ကျမ်းစာရဲ့ကန့်သတ်ချက်တွေအပြင်ကနေ လုပ်ဆောင်နိုင်တယ်” တဲ့။

ဒါကို ကြားရတာ ကျွန်မ မျက်စိပွင့်သွားတယ်။ သခင်ယေရှု အမှုတော်ပြုချိန်တုန်းက၊ သမ္မာကျမ်းသစ်ဆိုတာ မရှိခဲ့ဘူးလေ။ သူ့အမှုတော်အားလုံး ပြီးဆုံးသွားတဲ့အချိန်ကျမှ၊ အဲဒီကျမ်းကို တခြားသူတွေက ပြုစုခဲ့ကြတာ။ သမ္မာကျမ်းဆိုတာ တကယ်တော့ ဘုရားရဲ့အတိတ်က အမှုတော်ရဲ့ မှတ်တမ်းတစ်ခုပဲ။ အဲဒါကို ကျွန်မ ဘာလို့ ဟိုအရင်က မစဉ်းစားမိတာလဲ။

ဇာတ်ကားထဲမှာ တရားဟောဆရာနောက်တစ်ယောက်က ဆက်ပြောတယ်၊ “ကျမ်းစာအပြင်မှာ ရှိသမျှကို အယူမှားတယ်လို့ ပြောမယ်ဆိုရင်၊ ဘုရားရဲ့အတိတ်က လုပ်ဆောင်ချက်အားလုံးကို မတရား ရှုတ်ချသလို ဖြစ်မသွားဘူးလား။ သခင်ယေရှု ကြွလာတုန်းက သမ္မာကျမ်းဟောင်းကို အခြေခံပြီး အမှုတော်ပြုခဲ့တာ မဟုတ်ဘူး။ ကိုယ်တော်က အဲဒါထက် အများကြီး ကျော်လွန်သွားတာ။ နောင်တတရားကို သွန်သင်တာတွေ၊ နာမကျန်းသူကို ပျောက်ကင်းစေတာ၊ မိစ္ဆာတွေကို နှင်ထုတ်တာ၊ ဥပုသ်နေ့ကို မထိန်းသိမ်းတာ၊ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် ခွင့်လွှတ်ပေးတာ၊ စသဖြင့်ပေါ့။ အဲဒါတွေက ကျမ်းဟောင်းမှာ ပါတောင် မပါခဲ့ဘူး။ တချို့ဟာတွေဆို ကျမ်းဟောင်းပညတ်တွေနဲ့တောင် ကွဲလွဲတယ်။ အဲဒါဆို သခင်ယေရှုရဲ့အမှုတော်က ဘုရားရဲ့အမှုတော် မဟုတ်ခဲ့ဘူးလို့ ဆိုလိုတာလား။ ယဇ်ပရောဟိတ်တွေ၊ အကြီးအကဲတွေနဲ့ ကျမ်းပြုဆရာတွေ အားလုံးက သခင်ယေရှုရဲ့အမှုတော်နဲ့ သူ့ပြောစကားတွေကို အယူမှားဆိုပြီး ရှုတ်ချခဲ့ကြတယ်။ အဲဒါတွေက ကျမ်းဟောင်းနဲ့ အတိအကျ မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ သူတို့အားလုံး ဘုရားကို ခုခံမိခဲ့ကြတယ်။ သမ္မာကျမ်းအပြင်မှာရှိသမျှ အယူမှားပဲလို့ ယုံကြည်ရင်း၊ လူသားအယူအဆအမှားတွေနဲ့ပဲ ဆက်သွားနေမယ်ဆိုရင်၊ ကျွန်မတို့လည်း သခင်ယေရှုရဲ့အမှုတော်ကို ရှုတ်ချနေသလို ဖြစ်မသွားဘူးလား” တဲ့။

နောက်တော့ ကျမ်းစာအပြင်မှာရှိသမျှ အယူမှားပဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သူတို့က ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်း ခေတ်က သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့ပါက၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏အမှု၌ ကျင့်သုံးခဲ့လျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန်အတွက် ပေါင်းစည်းကာ လက်တွေ့လုပ်ဆောင်မည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်၌ နောက်ကျနေခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်လျှင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူ ဖြစ်သည်။ ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ယင်း၏ အမှုကို အတည်ပြုရန် လာခဲ့ခြင်း မဟုတ်ပေ။ ယေရှု၏ အမှုမှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် သမ္မာကျမ်းစာကို အခြေခံထားခဲ့ခြင်း ရှိ မရှိ ထည့်သွင်း မစဉ်းစားထားသောကြောင့် ဖြစ်သည်။ ယေရှုသည် ၎င်းအနေနှင့် ပြုအပ်သည့်အမှုကို ဆောင်ရွက်ဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။…အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းလျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဇာတ်ကားထဲက တရားဟောဆရာတွေက ဒါကို ပြောပြတယ်၊ “ကျမ်းစာဆိုတာ ဘုရားသခင် မဟုတ်ဘူး။ ဘုရားအမှုတော် ပထမအဆင့်နှစ်ခုရဲ့ အဖြစ်မှန်မှတ်တမ်းသက်သက်ပဲ။ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်ရဲ့ ဘုရားအမှုတော်အတွက် သက်သေခံချက်တစ်ခုပဲ။ လူသားကို ကယ်တင်တဲ့ ကိုယ်တော့်လုပ်ဆောင်ချက်အားလုံးကို ကိုယ်စားမပြုဘူး။ ကျမ်းစာမှာ ဘုရားနှုတ်ကပတ်တော်တွေကို မှတ်တမ်းတင်ထားတာ နည်းပါးလွန်းတယ်။ ဘုရားရဲ့အသက်စိတ်သဘောထားအကြောင်း အနည်းအကျဉ်းပဲပါတယ်။ အလုံးစုံဖြစ်ခြင်းသဘောကို မပြနိုင်ဘူး။ ဘုရားသခင်ဆိုတာ ဘယ်တော့မှ မအိုဟောင်းဘူး။ အမြဲတမ်း အသစ်ဖြစ်တယ်။ ခေတ်တိုင်းခေတ်တိုင်းမှာ အမှုတော်သစ်ကို လုပ်ဆောင်ပြီး၊ နှုတ်ကပတ်တော်အသစ်တွေ ဟောကြားတယ်။ ဥပမာ၊ သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ အမှုတော်ပြုဖို့ ကြွခဲ့တုန်းက၊ သူ့အမှုတော်သစ်ကို လုပ်ဆောင်ဖို့၊ ကျမ်းဟောင်းကို ကျော်လွန်ခဲ့တာပဲ။ ဘုရားက ကျမ်းစာနဲ့အညီ အမှုတော်မပြုဘူး၊ အဲဒါကို ရည်ညွှန်းတာတောင် မလုပ်ဘူး။ သူ့နောက်လိုက်သူတွေကို လမ်းပြဖို့အတွက်၊ ကျမ်းစာကို မကြည့်ပါဘူး။ ဘုရားရဲ့အမှုတော်က အမြဲတမ်း တိုးတက်နေတာပါ။ ဘုရားက ခေတ်သစ်တစ်ခုကို စပြီး၊ အမှုတော်သစ် ပြုပြီဆိုရင်၊ လူသားကို လမ်းသစ်တစ်ခု ညွှန်ပြပေးတယ်၊ နောက်ထပ် သမ္မာတရားတွေကို ယူဆောင်ပေးတယ်။ ဒါမှ ကျွန်မတို့က အပြည့်အဝ ကယ်တင်ခြင်းကို ရနိုင်ကြမယ်။ ဘုရားက သူ့အမှုတော်ဟောင်းကို အခြေခံပြီး ကျွန်မတို့ကို လမ်းပြတာ မဟုတ်ဘူး။ တစ်နည်းပြောရရင် ဘုရားက သူ့အမှုတော်ကို ကျမ်းစာနဲ့အညီ မလုပ်ဆောင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက ဥပုသ်ရဲ့သခင် ဖြစ်သလို၊ ကျမ်းစာရဲ့သခင်လည်း ဖြစ်တယ်။ အသစ်အသစ်သော အမှုတော်ကို သူ့အစီအစဉ်နဲ့ လူသားရဲ့လိုအပ်ချက်တွေနဲ့အညီ ပြုဖို့အတွက်၊ ဘုရားသခင်ဆီမှာ ကျမ်းစာကို ကျော်လွန်ခွင့်ရှိတယ်။ ခေတ်သစ်တစ်ခုအတွက် ဘုရားရဲ့အမှုတော်ဆိုတာ ခေတ်ဟောင်းရဲ့အမှုတော်နဲ့ ဘယ်တော့မှ မတူညီနိုင်ဘူး။ ဒါကြောင့် ကျမ်းစာကို ပစ်ပယ်တာ အယူမှားပဲလို့ ပြောမယ်ဆိုရင် မှားပါတယ်” တဲ့။

ကျွန်မလည်း ဒီကနေ နားလည်သွားတာက၊ ကျမ်းဟောင်းနဲ့ ကျမ်းသစ်ဆိုတာ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်ရဲ့ ဘုရားအမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို မှတ်တမ်းတင်ထားတာပဲ။ ဘုရားရဲ့လုပ်ဆောင်ချက်အားလုံးကို မပြဘူး။ ကျမ်းစာကို ပစ်ပယ်မယ်ဆိုရင်၊ ယုံကြည်တာ မဟုတ်တော့ဘူးဆိုပြီး၊ ကျွန်မက ထင်ခဲ့တာ။ ကျွန်မက ဘုရားသခင်နဲ့ ကျမ်းစာကို တစ်တန်းတည်းထားခဲ့မိတာ မဟုတ်ဘူးလား။ သခင်ယေရှု အမှုတော်ပြုခဲ့တုန်းက၊ သူ့ကို ကျမ်းဟောင်းနဲ့ လမ်းညွှန်ခဲ့တာ မဟုတ်ဘူးလေ။ ကျမ်းစာကို ကျော်လွန်တာ အယူမှားပဲလို့ ပြောမယ်ဆိုရင်၊ ကျွန်မတို့က သခင်ယေရှုရဲ့အမှုတော်ကို ရှုတ်ချနေသလို ဖြစ်မသွားဘူးလား။ သခင်ယေရှု အမှုတော်ပြုနေချိန်မှာ ကျွန်မသာ မွေးခဲ့တယ်ဆိုရင်၊ ကျွန်မလည်း ကိုယ့်လက်ရှိ ယုံကြည်ခြင်းအမှားတွေကို လိုက်နာပြီး၊ ကိုယ်တော့်အမှုတော်ကို ဆန့်ကျင်ခဲ့မိမှာပဲ။ ဘုရားရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ကျမ်းစာထဲ ပါသလောက်ပဲ ရှိတာဆိုပြီး ကန့်သတ်မိတယ်ဆိုရင်၊ ကျွန်မလည်း ဖာရိရှဲတွေလို အမှားလုပ်မိလိမ့်မယ်။ သူတို့က ကျမ်းစာဟောင်းကို အတင်းအကျပ် ဖက်တွယ်ပြီးတော့၊ သခင်ယေရှုကို ရှုတ်ချခဲ့တာလေ။

ဇာတ်ကားထဲက တရားဟောဆရာတွေက နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြတယ်၊ “ငါသင်တို့ကို သွန်သင်နေသည့်အရာမှာ သမ္မာကျမ်းစာ၏ အနှစ်သာရနှင့် အတွင်းပိုင်း အကြောင်းအရာတို့ပင် ဖြစ်သည်။ ငါသည် သင့်အား သမ္မာကျမ်းစာကို မဖတ်ဖို့ သို့မဟုတ် ဟိုဟိုသည်သည် သွားကာ ထိုအရာက တန်ဖိုးမဲ့ကြောင်းကို ကြေညာဖို့ တောင်းဆိုနေခြင်း မဟုတ်ဘဲ၊ သင်၌ သမ္မာကျမ်းစာဆိုင်ရာ မှန်ကန်သည့် အသိပညာနှင့် အမြင် ရှိစေဖို့ရန်သာ ဖြစ်သည်။ အလွန်အကျွံ တစ်ဖက်သတ် မဆန်လေနှင့်။ သမ္မာကျမ်းစာသည် လူသားများက ရေးသားခဲ့သည့် သမိုင်းစာအုပ် ဖြစ်သော်ငြားလည်း၊ ၎င်းသည် ရှေးခေတ် သန့်ရှင်းသူများနှင့် ပရောဖက်များက ဘုရားသခင်အား အစေခံရာတွင် အသုံးပြုခဲ့သည့် အခြေခံသဘောတရား များစွာအပြင်၊ များမကြာမီကတမန်တော်များ ဘုရားသခင်ကို အစေခံရာ၌ အတွေ့အကြုံများကိုလည်း မှတ်တမ်းတင်လေသည်- ယင်းအချက်များ အားလုံးကို ဤလူတို့က အမှန်ပင် မြင်ကာ သိခဲ့ကြပြီး ဤခေတ် လူတို့အတွက် မှန်သော လမ်းခရီးကို လိုက်စားရာတွင် ရည်ညွှန်းချက်အဖြစ် အသုံးချနိုင်ပေသည်။… ဤကျမ်းအုပ်များသည် ခေတ်မမီဆဲ ဖြစ်သည်၊ ခေတ်ဟောင်းနှင့်သာ သက်ဆိုင်ကြဆဲဖြစ်ပြီး၊ ၎င်းတို့သည် မည်မျှပင် ကောင်းမွန်စေကာမူ၊ ကာလတစ်ခု အတွက်သာ သင့်တော်ပြီး၊ ထာ၀ရသင့်တော်သည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် အစဉ်တိုးတက်လျက် ရှိသည့်အတွက်၊ ၎င်းသည် ပေါလုနှင့် ပေတရုတို့၏ ခေတ်၌သာ ရပ်တန့်မသွားနိုင်ခဲ့သကဲ့သို့၊ ယေရှု ကားစင်တင်ခံခဲ့ရသည့် ကျေးဇူးတော် ခေတ်ထဲတွင် ထာဝရ ကျန်ရှိမနေနိုင်ပေ။ သို့ဖြစ်၍၊ ဤစာအုပ်များသည် ကျေးဇူးတော် ခေတ်အတွက်သာ သင့်တော်ပြီး နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်အတွက် မသင့်တော်ချေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများကိုသာ ထောက်မပေးနိုင်ပြီး၊ နိုင်ငံတော်ခေတ်၏ သန့်ရှင်းသူများအတွက်မူ မထောက်မပေးနိုင်ပေ၊ ၎င်းတို့ မည်မျှ ကောင်းစေကာမူ၊ ခေတ်ကုန်သွားပြီဖြစ်ဆဲ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဒါကို ကြားရတော့မှ ကျွန်မ မြင်သွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ကျမ်းစာမှာ ပြောတာတွေကို သေးသိမ်စေခဲ့တာ မဟုတ်ဘူး။ သမ္မာကျမ်းဆိုတာ ဘုရားရဲ့ အတိတ်က အမှုတော်အကြောင်း မှတ်တမ်းတစ်ခုသက်သက်ပဲ။ အဲဒီတုန်းက ကိုယ်တော် ပြုခဲ့တဲ့အမှုတော်နဲ့ လူသားအပေါ် သူက ဘာတွေ တောင်းဆိုခဲ့လဲဆိုတာကို၊ ကျွန်မတို့ နားလည်အောင် ထောက်ကူပေးနိုင်တာပဲရှိတယ်။ ဒါပေမဲ့ ဘုရားက အမှုတော်သစ်ကို လုပ်ဆောင်နေပြီ။ ကျမ်းစာက ခေတ်မမီတော့ဘူး။ လူတွေ ဒီနေ့ လိုအပ်တဲ့အရာတွေကို မထောက်ပံ့ပေးနိုင်ဘူး။ အသင်းတော်ရုပ်ရှင် သမ္မာကျမ်းထဲက ထွက်ခဲ့ပါ ကို ပထမဆုံး ကြည့်မိတော့၊ ကျွန်မ ဆန့်ကျင်ခဲ့တယ်။ ကျွန်မ ထင်ခဲ့တာက၊ ကျွန်မတို့ယုံကြည်ခြင်းကို ကျမ်းစာမှာ အခြေခံရမယ်၊ ဘုရားကို ဘယ်လိုယုံကြည်မလဲဆိုတာ သိလာဖို့ အဲဒီနည်းပဲ ရှိတယ်ပေါ့။ ကျမ်းစာကို ပစ်ပယ်တာက ဘုရားကို ပစ်ပယ်တာပဲဆိုပြီး ထင်ခဲ့တာ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း လေ့လာဖို့လည်း ဆန့်ကျင်ခဲ့မိတယ်။ သမ္မာကျမ်းဆိုတာ ဘုရားကို ကိုယ်စားပြုတယ်၊ ယုံကြည်ခြင်းရဲ့ဗဟိုချက်ပဲဆိုပြီး ထင်ခဲ့တာပါ။ ကိုယ့်စိတ်နှလုံးထဲမှာ ကျမ်းစာက ဘုရားရဲ့နေရာကို ယူနေတယ်ဆိုတာ၊ ဒါက ကျွန်မကို ပြလိုက်တာပဲ။ ကျွန်မက ဘုရားကို အမှန်တကယ် ယုံကြည်ခဲ့တာမဟုတ်ဘူး။ ကျမ်းစာကို ယုံကြည်ခဲ့တာ။ ဘုရားနဲ့ ကျမ်းစာက ကျွန်မအတွက် တန်းတူဖြစ်နေတယ်။ ကိုယ်တော့်အမှုတော်ကို ကျမ်းစာနဲ့ပဲ ကန့်သတ်မိတယ်။ အပြင်ကဟာမှန်သမျှ အယူမှားလို့ပဲ ထင်ခဲ့တာပါ။ ကျွန်မက ဘုရားကို ကန့်သတ် စော်ကားနေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မလည်း ဒီအတွေးတွေနဲ့ ပူပန်သွားတယ်။ အဲဒီရုပ်ရှင်ကို ပြတဲ့အတွက် ဘုရားကို လေးလေးနက်နက် ကျေးဇူးတင်မိတယ်။ မဟုတ်ရင် ဆိုးဆိုးရွားရွားအကျိုးဆက်တွေ ဖြစ်ကုန်မှာလေ။

ဇာတ်ကားထဲမှာ ဧဝံဂေလိ မျှဝေတဲ့သူတွေက နောက်ပိုင်းမှာ ပြောထားသေးတယ်၊ “ကျမ်းစာဆိုတာ ထာဝရအသက်ကို မပေးနိုင်ဘူး” တဲ့။ ကျွန်မ အံ့သြသွားတယ်။ ကျမ်းစာကနေ ထာဝရအသက် မရဘူးလား။ အဲဒါ ဖြစ်နိုင်ပါ့မလားပေါ့။ သူတို့ ထပ်ပြောတာကို နားထောင်ကြည့်တယ်။ “အများကြိုက်ယုံကြည်ခြင်းမှာတော့ အဲဒီလိုမပြောဘူး။ ဒါပေမဲ့ ငြင်းမရတဲ့အချက်ပါ။ သခင်ယေရှုက ဟိုးတစ်ချိန်တုန်းက ဖာရိရှဲတွေကို ပြစ်တင်ဝေဖန်ချိန်မှာ ပြောထားခဲ့တယ်၊ ‘ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။’ (ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) ကျမ်းစာတွေထဲမှာ ထာဝရအသက် မရှိဘူးလို့ သခင်ယေရှုက ပြောခဲ့တာပဲ။ ကျမ်းစာတွေဆိုတာ ဘုရားသခင်ကိုပဲ သက်သေခံတာကြောင့်ပါ။ လူတွေက သမ္မာတရားနဲ့ အသက်ကို လိုချင်တယ်ဆိုရင်၊ ကျမ်းစာက လုံးဝ မလုံလောက်ဘူး။ သမ္မာတရားနဲ့ အသက်ကို ခရစ်တော်ကိုယ်တိုင်ဆီကပဲ ရယူရမယ်။ ကျမ်းဟောင်းကို ဖက်တွယ်ခဲ့တဲ့ ဖာရိရှဲတွေကို မှတ်မိကြမှာပါ။ သူတို့က ထာဝရအသက်ကို မရခဲ့ကြဘူး။ သခင်ယေရှုကို ခုခံရှုတ်ချတဲ့အတွက် အပြစ်ဒဏ်ပေးခြင်းပဲ ခံခဲ့ကြရတယ်။ ဒါပေမဲ့ အဲဒီအချိန်က ဘုရားရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ အားလုံးကို လက်ခံပြီး၊ ကျမ်းစာတွေကို မဖက်တွယ်ခဲ့တဲ့ သခင်ယေရှုရဲ့နောက်လိုက်တွေကျတော့ နောက်ဆုံးမှာ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းကို ခံခဲ့ကြရတယ်။ အဲဒါကြောင့် ထာဝရအသက်ကို အမှန်တကယ် ရဖို့ တစ်ခုတည်းသောနည်းလမ်းက ခရစ်တော်နဲ့ ဘုရားရဲ့ခြေလှမ်းတွေနောက် လိုက်ဖို့ပါပဲ။ ကျွန်မတို့က ကျမ်းစာကို မျက်ကန်း လိုက်နာတယ်ဆိုရင်၊ ဘုရားရဲ့သဘောကျမှုကို မရနိုင်တဲ့အပြင်၊ ရှင်ပေါလု ပြောခဲ့တဲ့အတိုင်းပဲ ဖြစ်မယ်၊ ‘ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ ချုပ်ထား၏’ (ဂလာတိသြဝါဒစာ ၃:၂၂) ကယ်တင်ခြင်းကိုလည်း ဆုံးရှုံးကြရလိမ့်မယ်။ ဘုရားသခင်က ခေတ်တိုင်းခေတ်တိုင်းမှာ အမှုတော်သစ်ကို လုပ်ဆောင်တယ်။ ပညတ်တော်ခေတ်မှာ ယေဟောဝါဘုရားသခင်က ပညတ်တော်တွေကို ထုတ်ပြန်ခဲ့တယ်။ ဒါကြောင့် ဘုရားကို ဘယ်လိုမှန်မှန်ကန်ကန် ကိုးကွယ်မလဲ၊ ကမ္ဘာပေါ်မှာ ဘယ်လိုအသက်ရှင်မလဲဆိုတာကို ဣသရေလအမျိုးတွေ သိသွားကြတယ်။ အပြစ်ဆိုတာ ဘာလဲ၊ သူတို့အပြစ်တွေအားလုံးအတွက် အပြစ်ဒဏ်ပေးခံရမယ်ဆိုတာတွေလည်း သူတို့ သိသွားကြတယ်။ ကျေးဇူးတော်ခေတ် ရောက်တော့၊ သခင်ယေရှုက သူ့ကိုယ်သူ စွန့်လွှတ်ပြီး ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ လူတွေအနေနဲ့ ပညတ်အားဖြင့် ကျိန်ဆဲခြင်းက လွတ်ဖို့၊ ခွင့်လွှတ်ခံရဖို့အတွက်၊ အပြစ်ဝန်ခံပြီး နောင်တရဖို့ပဲ လိုခဲ့တယ်။ ဒါပေမဲ့ သခင်ယေရှုရဲ့ရွေးနုတ်ခြင်းဆိုတာ ကျွန်မတို့အပြစ်တွေကိုပဲ ခွင့်လွှတ်ပေးနိုင်တာပါ။ ကျွန်မတို့ရဲ့သဘာဝက အသွေးအသားထဲထိ လွဲမှားနေတုန်းပဲ။ မာနထောင်လွှားတဲ့၊ လှည့်စားတတ်တဲ့၊ ယုတ်ညံ့တဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စာတန်လို စိတ်သဘောထားကို မကြာမကြာ ဖော်ပြတတ်ကြတယ်။ အပြစ်လုပ်ပြီး ဘုရားကို ခုခံမိကြတာချည်းပဲ။ အဲဒါကြောင့် လူသားတွေကို အပြည့်အဝ သန့်စင်ပြီး အပြစ်ကနေ ကယ်တင်ဖို့အတွက်၊ တရားစီရင်ခြင်းကို လုပ်ဆောင်ဖို့ ထပ်ပြီး ကြွလာမယ်ဆိုပြီး သခင်ယေရှုက ပရောဖက်ပြုခဲ့တာပါ။ နောက်ဆုံးသောကာလမှာတော့ အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းကို အခြေခံပြီး၊ သူ့အိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းကို လုပ်ဆောင်တယ်။ ကိုယ်တော်က လူသားကို သန့်စင်ကယ်တင်ဖို့၊ သမ္မာတရားအားလုံးကို ဖော်ပြတယ်။ သူ့ရဲ့စီမံခန့်ခွဲမှုအစီအစဉ်ကို အလင်းပေးတယ်။ ဘယ်လို ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ သန့်ရှင်း၊ ဖြောင့်မတ်တဲ့ သူ့စိတ်သဘောထားကို ဖော်ပြရင်းနဲ့၊ လူသားတွေရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ သဘာဝကို တရားစီရင်ပြီး ဖော်ထုတ်ပြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေက ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင် မိန့်ကြားဖူးခဲ့တာတွေ မဟုတ်ဘူး။ ဒီနှုတ်ကပတ်တော်တွေက ကျွန်မတို့ကို ထာဝရအသက်လမ်း ပေးအပ်နေတဲ့ ဘုရားသခင်ပဲ။ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်လည်း အမှန်တကယ် ဖြစ်လာတယ်၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)”

နောက်တော့ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ပြတယ်။ “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကိုသိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က လက်ခံမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏အတည်ပြုမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ရုပ်သေးနှင့် အကျဉ်းသားပါ ဖြစ်သောကြောင့်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ ဤသည်မှာ ထိုသူတို့၌ရှိသမျှမှာ ပလ္လင်တော်မှစီးဆင်းလာသည့် အသက်ရေအစား နှစ်ထောင်ပေါင်းများစွာ စွဲကပ်ထားသည့် နောက်ကျိသောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။ အသက်ရေကို မရရှိသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ ထိုသို့ဖြစ်ပါက ထိုသူတို့သည် ဘုရားသခင်ကို မည်သို့မြင်နိုင်မည်နည်း။ သင်သည် အတိတ်ကိုစွဲကိုင်ထားရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထားရန်သာ ကြိုးစား၍ ရှိနေသည့် အနေအထားကို ပြောင်းလဲရန်နှင့် သမိုင်းကိုစွန့်ပစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင်အမှု၏ အဆင့်များသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကျယ်ပြန့်၍ တန်ခိုးကြီးမား၏၊ သို့ရာတွင် သင်သည် ထိုင်နေလျက် တုံဏှိဘာဝေသာ ရှိနေကာ ပျက်စီးခြင်းကို စောင့်၏။ သင်၏မိုက်မဲမှုကို စွဲကိုင်လျက် ဘာမျှမလုပ်ဘဲနေ၏။ ဤနည်းအားဖြင့် သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ထင်မှတ်နိုင်မည်နည်း။ သင်စွဲကိုင်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်လျက် မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသူ ဘုရားသခင်အဖြစ် သင်မည်သို့အကြောင်းပြနိုင်မည်နည်း။ သင်၏ အိုဟောင်း၍ အဝါရောင်သန်းနေသော စာအုပ်များရှိ စကားလုံးများသည် ခေတ်သစ်အတွင်း သင့်ကို မည်သို့ချီဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ၎င်းတို့သည် သင့်ကိုမည်သို့ဦးဆောင်လမ်းပြနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်သွားနိုင်မည်နည်း။ သင့်လက်ထဲတွင် ကိုင်ထားသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်ပြီး အသက်ပေးနိုင်သည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းချက်များမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်သော အရာများသာဖြစ်ပြီး သင့်ကိုစုံလင်စေရန် လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ရန်ဝေးစွ လူ့အသက်တာကို သင်သိရန် ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားလုံးများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကိုပြန်လည်စဉ်းစားရန် အကြောင်းရင်းတစ်ရပ် မပေးပေလော။ အတွင်းတွင် ပါရှိသည့် နက်နဲသောအရာများအား သင့်ကို နားလည်ခွင့် မပေးပေလော။ ဘုရားသခင်ကိုတွေ့ရန် သင်ကိုယ်တိုင် ကောင်းကင်ဘုံသို့ သင့်ကိုယ်သင် ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ပါးမှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံအတွင်းသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်စိတ်ကူးယဉ် နေတုန်းပင်လော။ ဤသို့ဆိုပါက သင်၏စိတ်ကူးယဉ်ခြင်းကို ရပ်တန့်၍ ယခုမည်သူအမှုထမ်းနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်သည့်အမှုအား ထမ်းဆောင်နေသူကို ကြည့်ရန် ငါအကြံပြု၏။ ဤသို့မပြုပါက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ဘဲ အသက်ကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ တရားဟောဆရာတွေက ဒါကို ထပ်ပြောပါတယ်၊ “ကျွန်မတို့က ကိုယ့်ယုံကြည်ခြင်းမှာ ကျမ်းစာကိုပဲ ဖက်တွယ်ပြီး၊ ဘုရားရဲ့ နောက်ဆုံးသောကာလ မိန့်မြွက်ချက်တွေကို လက်မခံဘူးဆိုရင်၊ ဘုရားရဲ့အသက်စမ်းရေနဲ့ အာဟာရပေးခြင်းကို ဘယ်တော့မှ ခံရနိုင်မှာ မဟုတ်ဘူး။ ဘုရားရဲ့တရားစီရင်ခြင်း မရှိရင်၊ ကျွန်မတို့အနေနဲ့ အပြစ်လုပ်ပြီး ဝန်ခံလိုက်မယ်ဆိုတဲ့ သံသရာဆိုးထဲက မလွတ်နိုင်ဘူး။ အပြစ်ရဲ့အချုပ်အနှောင်တွေကို မလွတ်မြောက်ဘဲနဲ့၊ ကောင်းကင်နိုင်ငံတော်ထဲ ဘယ်လိုလုပ် ဝင်နိုင်ကြမှာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်ခံခြင်းအားဖြင့်သာ၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ အာဟာရပေးခြင်းကို ခံရနိုင်တယ်။ သမ္မာတရားကို သိနိုင်တယ်၊ ဖောက်ပြန်ပျက်စီးမှုတွေကနေ လွတ်မြောက်ပြီး၊ သန့်စင်ခံရနိုင်တယ်။ အဲဒီတော့မှ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ရောက်နိုင်ကြတာပါ” တဲ့။

ကျွန်မလည်း ကြည့်ရင်း နားထောင်ရင်းနဲ့၊ ပိုပြီး အသိဉာဏ်ပွင့်သွားတယ်။ ဒီမိတ်သဟာယက လက်တွေ့ကျတယ်လေ။ ထာဝရအသက်ဆိုတာ ကျမ်းစာထဲမှာမရှိဘူး။ ကျမ်းစာက ဘုရားကို သက်သေခံချက်သက်သက်ပဲ။ အဲဒါက ဘုရားကို ကိုယ်စားမပြုပါဘူး။ ကယ်တင်ခြင်းအမှုကိုလည်း အစားထိုးမပေးနိုင်ဘူး။ ခရစ်တော်ကသာ သမ္မာတရားဖြစ်တယ်၊ လမ်းခရီးဖြစ်တယ်၊ အသက်လည်း ဖြစ်ပါတယ်။ ခရစ်တော်ကသာ သမ္မာတရားနဲ့ အသက်ကို အမှန်တကယ် ပေးနိုင်တာပါ။ နောက်ဆုံးသောကာလရဲ့ခရစ်တော် ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားကို ကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြတာပါ။ ကျွန်မက တော်တော် မိုက်ခဲ့တာလေ။ ကျမ်းစာကို မစွန့်နိုင်ခဲ့ဘူး။ ဘုရားရဲ့အသံကို ကြားအောင်၊ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး အဓိပ္ပာယ်မရှိတဲ့ ကိုယ့်ထင်မြင်ချက်တွေကို စွန့်လွှတ်အောင်၊ လမ်းပြပေးတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မ အများကြီး ကျေးဇူးတင်ခဲ့မိတယ်။ နောက်ဆုံးမှာ ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့တယ်လေ။

သက်ဆိုင်သည့် အကြောင်းအရာ