၂။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်သည်၊ သူသည် လူကို သန့်စင်စေနိုင်ပြီး ကယ်တင်နိုင်သည့် နှုတ်ကပတ်တော်များကို ဖော်ပြနေသည့် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး၊ သူသည် ဘုရားသခင်၏ အိမ်တော်မှစတင်သည့် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သက်သေခံသည်။ သို့ဆိုလျှင် ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မည်သို့ သတိပြုသင့်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်းဖြစ်သည်ဟု သေချာနိုင်ကြမည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)

“သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲသြဝါဒစာ ၄:၁၂)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြချက်ကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အခါတွင် သူလုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုကို စီမံဆောင်ရွက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည်ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။ လူသည် ဘုရားသခင် ပြောဆိုသော စကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်ပွင့်စေခြင်း အဖြစ် ရှုမြင်ပြီး၊ တမန်တော်များနှင့် ပရောဖက်များ၏စကားများကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော စကားများအဖြစ် မှတ်ယူပါက၊ လူတို့၏အမှား ဖြစ်ပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ လက်တွေ့အကျဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အချုပ်အခြာအာဏာထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်၏ အသက်ဝင်ရောက်မှုတွင် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိပကတိနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏ နေ့စဉ်အသက်တာ၌ သူ၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်းဆီသို့ သူလျှောက်ရမည့် လမ်းကြောင်းအပြင် ကယ်တင်ခြင်း ရရှိဖို့အတွက် ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့ကျိုးနွံနာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်တို့ ပုံမှန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်သည့် သမ္မာတရား စစ်မှန်မှုဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို လွတ်မြောက်ဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် စိတ်ရင်းအတိုင်း စိတ်ရှည်သည့် အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်ပွင့်စေသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ တရားမျှတကာ လှပပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာများအားလုံးကို တိုင်းတာသည့် စံသတ်မှတ်ချက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဘုရားနှုတ်ကပတ်တော်ကိုဖတ်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားခြင်းမှတစ်ဆင့်ဖြစ်ရမည်ဖြစ်ပြီး စမ်းသပ်မှုများစွာ၊ စစ်ဆေးမှု၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းများကို တွေ့ကြုံခြင်းမှတစ်ဆင့်လည်း ဖြစ်ရမည်။ ထိုအခါမှသာ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် ဘုရားသခင်၏ စိတ်သဘောထားကို အမှန်တကယ် သိမြင်မှုတစ်ခုရှိရန် ဖြစ်နိုင်ခြေရှိသည်။ လူအချို့က “လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ငါမမြင်ဖူးဘူး။ ဒါကြောင့် ဘုရားသခင်ကို ငါဘယ်လို သိနိုင်မလဲ။” ဟု ဆိုကြသည်။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သူ၏စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ လူသားများအတွက် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းအပြင် ၎င်းတို့ကို ကယ်တင်ခြင်းအတွက် သူ၏ နည်းလမ်း တို့ကို သင် မြင်နိုင်သည်။...ဤသည်မှာ သူ၏ နှုတ်ကပတ်တော်များကို လူသားများက ရေးသားခဲ့ခြင်းမဟုတ်ဘဲ၊ ဘုရားသခင် ကိုယ်တော်တိုင်က ဖော်ပြခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က သူ၏ ကိုယ်ပိုင်စကားများနှင့် သူ့စိတ်နှလုံး၏အသံကို ဖော်ပြနေခြင်း ဖြစ်သည်။ ဤအရာတို့ကို သူ၏စိတ်နှလုံးမှလာသော စကားများဟူ၍လည်း ခေါ်ဆိုနိုင်သည်။ အဘယ်ကြောင့် သူ၏စိတ်နှလုံးမှလာသော စကားများဟု ခေါ်ဆိုသနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုနှုတ်ကပတ်တော်များသည် စိတ်ထဲက ထုတ်ပြန်ထားခြင်းဖြစ်ပြီး သူ၏စိတ်သဘောထား၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ စိတ်ကူးများနှင့်အတွေးများ၊ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်ကို သူ၏ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များကို ဖော်ပြသောကြောင့် ဖြစ်သည်။...ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် ကြမ်းတမ်းသော စကားလုံးများ၊ နူးညံ့သိမ်မွေ့ပြီး အရေးထားသော စကားလုံးများအပြင် လူသား၏ ဆန္ဒများနှင့် တစ်ထပ်တည်းမကျသည့် အမြင်သစ်ပေးသော စကားလုံးအချို့ ပါဝင်သည်။ အကယ်၍ သင်သည် အမြင်သစ်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက၊ ဘုရားသခင်သည် အတော် ခက်ထန်သည်ဟု သင်ခံစားကောင်းခံစားရလိမ့်မည်။ အကယ်၍ သင်သည် နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက၊ ဘုရားသခင်သည် သိပ်ဩဇာအာဏာမရှိဟု သင်ခံစားကောင်း ခံစားရလိမ့်မည်။ ထို့ကြောင့် သင်သည် ထိုအရာများကို ရှေ့နောက်စကားအဆက်အစပ် မရှိဘဲ မယူရပေ။ ယင်းထက်၊ ရှုထောင့်မျိုးစုံမှ ကြည့်မြင်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် ကရုဏာကြီးမားသော ရှုထောင့်မှ စကားပြောပြီး၊ ထိုအခါ လူတို့သည် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာကို မြင်ကြသည်။ တစ်ခါတစ်ရံ သူသည် အလွန် တင်းကျပ်သော ရှုထောင့်မှ စကားပြောပြီး၊ ထိုအခါ လူတို့သည် သူ၏ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းခံမည်မဟုတ်သည်ကို လည်းကောင်း၊ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် သူ၏ ရှေ့မှောက်သို့လာရန် မထိုက်တန်သည်ကို လည်းကောင်း၊ လူတို့သည် ယခု ဘုရားသခင်၏ရှေ့မှောက်သို့ လာခွင့်ရသည်မှာ သူ၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်ကိုလည်းကောင်း မြင်ကြသည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်းမှ၊ ပြီးလျှင် သူ့အမှု၏ အရေးပါမှုတွင် သူ၏ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် သူနှင့် မည်သည့် တိုက်ရိုက် အဆက်အသွယ်မျှမရှိဘဲနှင့်ပင် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်ကြဆဲဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ဤတစ်ကြိမ်တွင် ဘုရားသခင်သည် ဝိညာဉ်ခန္ဓာအားဖြင့် မဟုတ်ဘဲ အလွန်သာမန်ဖြစ်သော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ပြီး ဇာတိပကတိသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမန်ဖြစ်သော ဇာတိပကတိဖြစ်သည်။ သူ့ကို ကြည့်လိုက်လျှင် သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် သမ္မာတရားဖြစ်သည့် ဘုရားနှုတ်ကပတ်တော် အားလုံး၏ ပြယုဂ်ဖြစ်၏။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုကို တာဝန်ယူထမ်းဆောင်သူဖြစ်ပြီး လူသားက ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို နားလည်သဘောပေါက်ရမည့် ဖော်ပြချက်လည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ပန်းတိုင်ကို မြင်ရဖို့ လိုအင်ဆန္ဒ ကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် လျှို့ဝှက်ချက်များဖြစ်သော ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်ဆီသို့ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ဆီသို့ သင်၏လမ်းပြဖြစ်သည်။ ဤသာမန်ဇာတိပကတိသည် လူသားအဖို့ ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲမှုများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိပကတိ မဟုတ်သည်ကို သင် မြင်တွေ့စေဖို့ ထောက်ကူပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ‌နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် စောင့်ရှောက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့ မီးလျှံတစ်ခုအလား သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားကရုဏာကို ပြနေကြောင်း သိနိုင်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို ပို၍ပင် နားလည်သဘောပေါက်နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မြေကြီးပေါ်တွင် လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ ကျိုးနွံနာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူ၍ ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ

ဘုရားသခင်သည် သူ၏ အမှုကို ပြုဖို့ ကမ္ဘာမြေသို့ ကြွလာချိန်တွင်၊ လူသား မြင်သမျှမှာ သဘာဝလွန်ဖြစ်ရပ်များ ဖြစ်သည်။ သူ၏အမှုနှင့် သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ နားမလည်နိုင်စရာနှင့် မရနိုင်သည့်အရာဖြစ်သည်အတွက် မိမိတို့၏ မျက်စိများဖြင့် မြင်သည့်အရာနှင့် မိမိတို့၏နားများဖြင့် ကြားသည့်အရာတို့သည် အားလုံး သဘာဝလွန်များ ဖြစ်ကြလေသည်။ ကောင်းကင်မှ တစ်စုံတစ်ရာကို မြေကြီးပေါ်သို့ ဆောင်ယူလာပါက၊ ယင်းမှာ သဘာဝလွန်သည့်အရာမှလွဲ၍ မည်သည့်အရာ ဖြစ်နိုင်မည်နည်း။ လူသားအဖို့ နားမလည်နိုင်သကဲ့သို့ ဉာဏ်မမီနိုင်သည့် နက်နဲမှုများဖြစ်သော၊ အလွန်တရာမှ ၎င်းတို့သည် အလွန် အံ့ဖွယ်ရာနှင့် ဉာဏ်အမြော်အမြင်ရှိလှသော၊ ကောင်းကင်နိုင်ငံတော်၏ နက်နဲမှုများကို ကမ္ဘာမြေသို့ ဆောင်ယူခဲ့သည့်အခါ- ၎င်းတို့အားလုံးသည် သဘာဝလွန်အရာများ ဖြစ်ကြသည် မဟုတ်လော။...မျက်မှောက်ခေတ်တွင် လူ့ဇာတိခံဘုရားသခင်မှ လုပ်ဆောင်သည့် အမှုကို စဉ်းစားကြည့်လော့။ ယင်း၏ မည်သည့်ရှုထောင့်သည် သဘာဝလွန်ဖြစ်ရပ် မဟုတ်သနည်း။ သူ၏ နှုတ်ကပတ်တော်များသည် သင့်အဖို့ နားမလည်နိုင်စရာဖြစ်ပြီး မရရှိနိုင်သည့်အရာဖြစ်ကာ သူ လုပ်ဆောင်သည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်ပေ။ သူ နားလည်သည့် အရာကို လူသားက နားမလည်နိုင်သကဲ့သို့၊ သူ၏ အသိပညာအနေနှင့် အဘယ်ကလာသည်ကို လူသားက မသိပေ။ “ကျွန်ုပ်သည်လည်း ကိုယ်တော်ကဲ့သို့ပင် ပုံမှန်လူသား ဖြစ်၏၊ သို့သော် ကိုယ်တော် သိသည့်အရာကို ကျွန်ုပ်မသိသည်မှာ အဘယ်ကြောင့်နည်း။ ကျွန်ုပ်သည် အသက်ပိုကြီးရင့်၍ အတွေ့အကြုံလည်း သာ၍ ကြွယ်ဝ၏၊ သို့တိုင် ကျွန်ုပ်မသိသောအရာကို ကိုယ်တော်က အဘယ်သို့ သိနိုင်သနည်း။” ဟု ဆိုသော သူအချို့ ရှိ၏။ လူသားနှင့် ပတ်သက်သရွေ့ ဤအရာအားလုံးသည် လူသားမှ မရရှိနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထို့နောက်၊ “ဣသရေလတွင် ဆောင်ရွက်ခဲ့သည့် အလုပ်ကို မည်သူကမျှ မသိကြပါ၊ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူများကပင် ရှင်းပြချက် မပေးနိုင်ပါ။ ကိုယ်တော်က အဘယ်ကြောင့် သိပါသနည်း” ဟူ၍ ဆိုသည့် သူများရှိပေသည်။ ဤအရာအားလုံးသည် သဘာဝလွန်ကိစ္စရပ်များ မဟုတ်ပါသလော။ အံ့ဖွယ်အရာများနှင့်ဆိုင်သည့် အတွေ့အကြုံ သူ၌ မရှိသော်လည်း အရာအားလုံးကို သူသိ၏။ သူသည် သမ္မာတရားကို အဆုံးစွန် အခက်အခဲမရှိ ပြောဆို၊ ဖော်ပြသည်။ ဤသည်မှာ သဘာဝလွန်ဖြစ်ရပ် မဟုတ်လော။ သူ၏ အမှုသည် လူ့ဇာတိက ကြိုးပမ်းရရှိနိုင်သည်ထက် ပိုလွန်ပေသည်။ ယင်းသည် အသွေးအသား ခန္ဓာရှိသည့် လူသားတိုင်း၏ အတွေးက ကြိုးပမ်း၍မရရှိနိုင်သကဲ့သို့ လူ့စိတ်၏ ဆင်ခြင်တုံတရားအဖို့ လုံးဝ စိတ်ကူးကြံစည်၍ ရနိုင်သောအရာ မဟုတ်ပေ။ သူသည် ဘယ်သောအခါမျှ ကျမ်းစာကို မဖတ်ဖူးသော်လည်း၊ ဣသရေလ၌ ဘုရားသခင်၏ အမှုကို သူနားလည်သည်။ သူသည် မြေကြီးပေါ်တွင် ရပ်၍ စကားပြောသော်လည်း၊ တတိယကောင်းကင်နှင့်ဆိုင်သည့် နက်နဲမှုများကို သူ ပြောဆိုလေသည်။ လူသားသည် ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ “ဤသည်မှာ တတိယကောင်းကင်ဘုံ၏ ဘာသာစကား မဟုတ်လော” ဟူသည့် ခံစားချက်က သူ့ကို လွှမ်းမိုးပေလိမ့်မည်။ ဤအရာအားလုံးသည် သာမန်လူသားတစ်ဦး ရရှိနိုင်စွမ်းရှိသည့်အရာထက် ကျော်လွန်နေသည့်ကိစ္စများ ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

လူ၏အလုပ်တွင် သူ့အတွေ့အကြုံ၏ အရိပ်လက္ခဏာများစွာ ရှိသည်။ လူ ဖော်ပြသည့် အရာသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည်လည်း သူ၏ဖြစ်ခြင်းကို ဖော်ပြသည်၊ သို့ရာတွင် သူ၏ ဖြစ်ခြင်းသည် လူ၏ဖြစ်ခြင်းနှင့် ကွာခြားသည်။ လူ၏ ဖြစ်ခြင်းသည် လူ၏အတွေ့အကြုံနှင့် အသက်တာတို့ကို (လူ၏ အသက်တာတွင် သူတွေ့ကြုံသည့်အရာ၊ သို့မဟုတ် ကြုံဆုံရသည့်အရာ၊ သို့မဟုတ် သူ့တွင်ရှိသော လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များ) ကိုယ်စားပြုပြီး မတူကွဲပြားသော ပတ်ဝန်းကျင်များတွင် နေထိုင်သည့် လူများသည် မတူကွဲပြားသော ဖြစ်တည်မှုများကို ဖော်ပြလေသည်။ သင်သည် လူမှုအဖွဲ့အစည်းနှင့်သက်ဆိုင်သော အတွေ့အကြုံများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် သင်၏မိသားစုအတွင်း သင် အမှန်တကယ်အသက်ရှင်ပြီး တွေ့ကြုံပုံကို သင်ဖော်ပြသောအရာတွင် တွေ့နိုင်သည်၊ လူ့ဇာတိခံ ဘုရားသခင်က လူမှုရေး အတွေ့အကြုံများ ရှိ၊ မရှိဆိုသည်ကိုမူ သူ၏အမှုတွင် သင် မတွေ့နိုင်ပေ။ သူသည် လူ၏အခြေအမြစ်ကို ကောင်းမွန်စွာ သိရှိပြီး၊ လူအမျိုးအစားအားလုံးနှင့် သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှု အမျိုးအစားအားလုံးကို သူ ထုတ်ဖော်ပြနိုင်သည်။ သူသည် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကို ဖော်ပြရာတွင် သာ၍ပင် တော်လေသည်။ သူသည် လောကီဆန်သော လူများအလယ်တွင် အသက်မရှင်ဘဲ၊ သူသည် သေမျိုးများ၏သဘာဝနှင့် လောကီဆန်သော လူများ၏ ဖောက်ပြန်ပျက်စီးမှုအားလုံးကို သိရှိလေသည်။ ဤသည်မှာ သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူသည် လူသား သဘာဝကို အပြည့်အဝ နားလည်သောကြောင့်၊ လောကနှင့် ဆက်ဆံမှုမရှိသော်လည်း၊ ကမ္ဘာကြီးနှင့် ဆက်ဆံသည့် စည်းမျဉ်းများကို သူသိ၏။ သူသည် လူ့မျက်လုံးက မမြင်နိုင်သကဲ့သို့၊ လူ့နားများက မကြားနိုင်သည့် ယနေ့နှင့် အတိတ်နှစ်ခုလုံးထဲက ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိလေသည်။ ဤအရာတွင် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များမဟုတ်သော ဉာဏ်ပညာနှင့် လူတို့ နားလည်သဘောပေါက်ရန် ခက်ခဲသော အံ့ဖွယ်ရာများပါဝင်သည်။ ဤသည်မှာ လူတို့ထံ ဖွင့်ဟလျက်ရှိပြီး လူတို့ထံမှလည်း ကွယ်ဝှက်လျက်ရှိသည့် သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူဖော်ပြသည့်အရာသည် သာမန်ထက်လွန်ကဲသော လူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ၊ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ ဖြစ်သည်။ သူသည် ကမ္ဘာလောကသို့ ခရီးမထွက်သော်လည်း၊ ယင်းနှင့်သက်ဆိုင်သည့် အရာရာတိုင်းကို သိသည်။ သူသည် အသိပညာ သို့မဟုတ် ထိုးထွင်းသိမြင်မှုမရှိသည့် “လူမျောက်ဝံများ” နှင့် အဆက်အသွယ်ရှိသော်လည်း၊ အသိပညာထက်မြင့်သကဲ့သို့ ကြီးမြတ်သော လူသားများ၏ စကားများ၏ အထက်တွင်ရှိသည့် စကားများကို ဖော်ပြလေသည်။ သူသည် လူ့သဘာဝမရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ အစဉ်အလာများနှင့် အသက်ကို နားမလည်သည့် ထူကာ ထုံအသော လူတစ်စုအတွင်းတွင် အသက်ရှင်သော်လည်း၊ သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ရန် စေခိုင်းနိုင်သကဲ့သို့၊ တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ ယုတ်ညံ့ကာ နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် အသွေးအသားရှိသည့် မည်သည့်လူမဆို၏ ဖြစ်ခြင်းထက် မြင့်မားသည့် သူ၏ ဖြစ်ခြင်း ဖြစ်ပေသည်။ သူ့အတွက် သူလုပ်ဆောင်ရန်လိုအပ်သော အလုပ်ကိုလုပ်ရန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို အကုန်အစင် ထုတ်ဖော်ပြရန် ရှုပ်ထွေးကာ၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေး အသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေးချေ။ သူ၏အမှုနှင့် နှုတ်ကပတ်တော်များသည် လူသား၏ ပုန်ကန်မှုကိုသာ ဖော်ပြပြီး၊ လူကို လောကနှင့်ဆက်ဆံရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများကို မထောက်ပံ့ပေးချေ။ သူသည် လူကို အသက်ဖြင့် ထောက်ပံ့ချိန်တွင်၊ လူ့အဖွဲ့အစည်း သို့မဟုတ် လူ၏မိသားစုကို လေ့လာစုံစမ်းရန် မလိုအပ်ပေ။ လူကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် သူ၏ ဇာတိခန္ဓာနှင့် သက်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူ၏ ပုန်ကန်မှုကို အချိန်ကြာမြင့်စွာ သိရှိကာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို စက်ဆုပ်ပြီးနောက် လူ၏မဖြောင့်မတ်မှုနှင့်သက်ဆိုင်သည့် သူ၏ ထုတ်ဖော်ပြခြင်း ဖြစ်ပေသည်။ သူပြုသော အမှုအားလုံးသည် လူ့ထံသို့ သူ၏စိတ်သဘောထားကို ထုတ်ဖော်ပြရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန် ရည်ရွယ်ပေသည်။ သူသာလျှင် ဤအမှုကို လုပ်ဆောင်နိုင်၏။ ယင်းသည် အသွေးအသားနှင့် လူတစ်ဦးက စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ငါ့ကို တစ်ချိန်က ယေဟောဝါဟု ခေါ်ဆိုခဲ့ကြသည်။ လူတို့က ငါ့ကို မေရှိယဟုလည်း သိခဲ့ကြပြီး လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ ယနေ့တွင် ငါသည် လူများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းကျက်သရေတို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်မှသည် ယနေ့ထိတိုင် လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူတို့ထံ ပေါ်ထွန်းသော်လည်း လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက် လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံများ မြောက်မြားစွာသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးခံစားရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် တောက်လောင်နေသော နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင် ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်။ ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်သည် မဟုတ်၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ထိုအစား ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ ဖန်ဆင်းခံအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

ဘုရားသခင်သည် ငါတို့ လုပ်သင့်သည့်အရာနှင့်ပတ်သက်၍ ငါတို့အား သတိပေးဆုံးမရန် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုလျက်၊ တစ်ချိန်တည်းမှာပင် သူ၏ စိတ်နှလုံးအသံတော်ကို ဖော်ပြလျက် သူ၏ မိန့်မြွက်ချက်များကို ဆက်လက် မိန့်ကြားလေသည်။ သူ၏ နှုတ်ကပတ်တော်များသည် အသက် အစွမ်းတန်ခိုးကို သယ်ဆောင်သည်၊ ငါတို့ လိုက်လျှောက်သင့်သည့် လမ်းခရီးကို ပေးပြီး သမ္မာတရားက မည်သည့်အရာ အတိအကျ ဖြစ်သည်ကို ငါတို့အား သဘောပေါက်နားလည်စေသည်။ ငါတို့သည် သူ၏နှုတ်ကပတ်တော်များ၏ ဆွဲဆောင်ခြင်းကို စတင်၍ ခံရကာ သူ၏ စကားပြောသည့် လေသံနှင့် ပြောဟန်တို့ကို ငါတို့ စတင်အာရုံစိုက်ကြပြီး မသိစိတ်၏ စေ့ဆော်မှုအရ မထင်ရှားသော ဤပုဂ္ဂိုလ်၏ စိတ်နှလုံး အသံကို စတင်၍ မှတ်သားထားကြသည်။ သူသည် ငါတို့ကိုယ်စား အရိုးကြေကြေ၊ အရည်ခမ်းခမ်း အလုပ်လုပ်သည်၊ ငါတို့အတွက်ကြောင့် အအိပ်ပျက်ခံပြီး အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်လျက် ညည်းညူသည်။ ငါတို့၏ ခရီးပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ပြီးလျှင် ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းက သူ၏စိတ်နှလုံးမှ မျက်ရည်များနှင့် သွေးများကို ကျစေသည်။ မည်သည့်သာမန်လူတစ်ဦးမျှ ဤသို့သော ဖြစ်ခြင်းနှင့် အရာအားလုံးကို မပိုင်ဆိုင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားတစ်ဦးကမျှ ယင်းတို့ကို မပိုင်ဆိုင်နိုင်ပေ သို့မဟုတ် မရရှိနိုင်ပေ။ သူ့တွင် မည်သည့် သာမန်လူကမျှ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ ရှိပြီး သူ့ချစ်ခြင်းမေတ္တာသည် မည်သည့်ဖန်ဆင်းခံတစ်ဦးမျှ မရှိသည့်အရာတစ်ခုဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးအခေါ်အားလုံးကို မသိနိုင်၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို နောကျေအောင် သိရှိခြင်း၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း၊ သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ကိုယ်စား ဤကဲ့သို့ ငါတို့ကို စကားပြောပြီး ငါတို့အပေါ်၌ အမှုပြုခြင်းတို့ကို မပြုလုပ်နိုင်ချေ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာတို့ကို ပိုင်ဆိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် သူ့အထဲ၌ အလုံးစုံ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်သကဲ့သို့ အလင်းကို မဆောင်ကြဉ်းပေးနိုင်ပေ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းမှ ယနေ့အထိ ဘုရားသခင်က ဖွင့်ပြခြင်း မရှိသော နက်နဲမှုများကို ထုတ်ဖော်မပြသနိုင်ပေ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ ချုပ်နှောင်ခြင်းနှင့် ငါတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ သူသည် ဘုရားသခင်၏ စိတ်နှလုံးသား အသံတော်၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖော်ပြလေသည်။ သူသည် ခေတ်သစ်တစ်ခု၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်၊ မြေကြီးသစ်နှင့် အမှုတော်သစ်တို့ကို ဆောင်ကြဉ်းပေးတော်မူခဲ့သည်၊ သူသည် ငါတို့အား မျှော်လင့်ချက်ကို ယူဆောင်လာပေးခဲ့ပြီး ကျွန်ုပ်တို့ ဖြတ်သန်းခဲ့ရသော မရေရာသည့် ဘဝကို အဆုံးသတ်စေကာ ငါတို့၏ ဖြစ်ခြင်းတစ်ခုလုံးအား ကယ်တင်ခြင်းသို့ သွားရာလမ်းကို အပြည့်အဝ ရှုမြင်ဖို့ ထောက်ကူခဲ့လေသည်။ သူသည် ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို သိမ်းပိုက်ပြီး ဖြစ်ကာ ငါတို့၏ စိတ်နှလုံးများကို ရရှိပြီးဖြစ်သည်။ ထိုအခိုက်အတန့်မှစ၍ ငါတို့၏ စိတ်နှလုံးသည် အသိတရားဝင်လာခဲ့ပြီး ငါတို့၏ ဝိညာဉ်သည်လည်း ပြန်လည်နိုးထလာသကဲ့သို့ ဖြစ်ခဲ့၏။ ဤသာမန်၊ အရေးမပါသောသူ၊ ငါတို့၏အလယ်၌ နေထိုင်ပြီး ငါတို့ ကာလကြာရှည်စွာ စွန့်ပယ်ခဲ့သော ဤသူသည်၊ ငါတို့ အိပ်သည်ဖြစ်စေ နိုးသည်ဖြစ်စေ အစဉ်သတိရလျက် နေ့ရောညပါ တောင့်တနေခဲ့သော သခင်ယေရှုပင် မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူဖြစ်၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

အရှေ့သို့- ၁။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဟူ၍ ဖြစ်သည်။ သခင် ပြန်ကြွလာချိန်တွင်၊ သူသည် သူ၏ မိန့်မြွက်ချက်များကို ပြောဆိုပြီး သူ၏ သိုးများကို သွားရှာဖွေလိမ့်မည်ဖြစ်သည်။ သခင်၏ ပြန်ကြွလာခြင်းကို စောင့်ဆိုင်းခြင်းအဖို့ အရေးကြီးသည်မှာ ဘုရားသခင်၏ အသံတော်ကို ရှာဖွေခြင်းဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်နှင့် လူ၏ အသံတို့ကြား မခွဲခြားနိုင်ကြပါ။ ကျေးဇူးပြုပြီး ဤအရာနှင့်ပတ်သက်၍ ကျွန်ပ်တို့နှင့်အတူ မိတ်သဟာယပြုပါ။

နောက်တစ်ခုသို့- ၃။ သင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်သည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ထားခြင်းဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံခဲ့ရသည့် တစ်စုံတစ်ဦးက ပြောဆိုထားခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်သောသူများ ရှပါသည်။ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသူ တစ်စုံတစ်ဦးက ပြောဆိုသည့် နှုတ်ကပတ်တော်များကြား ခြားနားချက်မှာ မည်သည့်အရာသာ ဖြစ်ပါသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။