၃။ သင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်သည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ထားခြင်းဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံခဲ့ရသည့် တစ်စုံတစ်ဦးက ပြောဆိုထားခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်သောသူများ ရှပါသည်။ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသူ တစ်စုံတစ်ဦးက ပြောဆိုသည့် နှုတ်ကပတ်တော်များကြား ခြားနားချက်မှာ မည်သည့်အရာသာ ဖြစ်ပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာတရားသည် လူ့လောကကြီးမှ လာသော်ငြားလည်း၊ လူတို့ အကြားထဲမှ သမ္မာတရားသည် ခရစ်တော်မှ လက်ဆင့်ကမ်း ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ မူလအစပြုသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင် ကိုယ်တိုင်မှ မူလအစပြုခြင်းဖြစ်ပြီး၊ ဤသည်မှာ လူ တတ်နိုင်စွမ်းသော အရာတစ်ခု မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချ ထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော်ကိုးကားချက်တစ်ခုလည်း မဟုတ်ပေ၊ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်ပြီး၊ လူသားမှ ကောက်ချက်ချ ထားသော စကားလုံးအချို့မဟုတ်ဘဲ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့်၊ ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်အနေဖြင့် အသက်ထဲသို့ ဝင်ရောက်သည့်အခါတွင် သူ့အတွက် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိခန္ဓာနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏နေ့စဉ်အသက်တာကို စီမံခန့်ခွဲခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူဝါဒတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်း ရရှိဖို့အလို့ငှာ သူဖြတ်ကျော်ရမည့် လမ်းကြောင်း၊ ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့နာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်အနေဖြင့် သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရား၏ လက်တွေ့အရှိတရားဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို ရှောင်တိမ်းဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် မမောမပန်းသော အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်အလင်းပေးသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ ဖြောင့်မတ်ပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများအားလုံးကို တိုင်းတာသည့် စံနှုန်းမှတ်ကျောက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူသားတို့၏ စကားကဲ့သို့ ပြောရန် မဖြစ်နိုင်ပါ။ လူသားတို့၏ စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ်ပြောရန် ပိုဝေးပါသည်။ ဘုရားသခင် အသုံးပြုသောသူသည် ဘုရားသခင် လူ့ဇာတိအဖြစ် ခံယူထားသူ မဟုတ်ပါ။ လူ့ဇာတိအဖြစ်ကို ခံယူထားသော ဘုရားသခင်သည်လည်း ဘုရားသခင် အသုံးပြုသောသူ မဟုတ်ပါ။ ဤတွင် အနှစ်အသာရအားဖြင့် ကွဲပြားမှုတစ်ခု ရှိပါသည်။ ဤစာများကို ဖတ်ပြီးနောက် ယင်းတို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဟု သင်လက်မခံဘဲ ဉာဏ်အလင်းရရှိသူတစ်ဦး၏ စကားများဟုသာ သင်လက်ခံကောင်း လက်ခံနိုင်မည်။ ထိုသို့ဖြစ်လျှင် သင်သည် မသိမှုဖြင့် အလင်းကွယ်နေသူဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဉာဏ်အလင်းရရှိသူတစ်ဦး၏ စကားတို့မှာ အဘယ်ကဲ့သို့ တူနိုင်ပါ မည်နည်း။ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ သည် ခေတ်သစ်တစ်ခုကို စတင်ဖော်ဆောင်ကာ လူသားထု တစ်ရပ်လုံးကို လမ်းညွှန်ခြင်း၊ နက်နဲသောအရာများကို ဖော်ထုတ်ခြင်းနှင့် ခေတ်သစ်တစ်ခုတွင် လူသားများကို ရှေ့ဆောင်လမ်းပြ ပြုခြင်းတို့ကို လုပ်ဆောင်ပါသည်။ သို့သော် လူသားရရှိသော ဉာဏ်ပွင့်ခြင်းမှာမူ ရိုးရှင်းသော အလေ့အကျင့် သို့မဟုတ် ဗဟုသုတပြည့်စုံခြင်းသာ ဖြစ်ပါသည်။ ယင်းက လူသားထု တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုဆီသို့ လမ်းညွှန်နိုင်ခြင်းမရှိပါ၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်နှင့် ပတ်သက်သည့် နက်နဲသောအရာကို ဖော်ထုတ်နိုင်ခြင်းမရှိပါ။ နောက်ဆုံးမှာတော့ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသားဖြစ်သည်။ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူတွင် လူသားအနှစ်သာရရှိသည်။ ဘုရားသခင်ပြောစကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်အလင်းရရှိခြင်း အဖြစ်သာ ရှုမြင်ပြီး တမန်တော်များနှင့် ပရောဖက်များ၏စကားကို ဘုရားသခင်ကိုယ်တိုင်ပြောသော စကားများအဖြစ် မှတ်ယူပါက၊ လူသည် မှားယွင်းပြီ။ မည်သို့ပင်ဖြစ်စေ သင်သည် အမှန်ကို အမှားအဖြစ်သို့ ပြောင်းလဲခြင်း၊ သို့မဟုတ် မြင့်မားသောအရာကို နိမ့်ကျသောအရာအဖြစ် ပြောဆိုခြင်း၊ သို့မဟုတ် လေးနက်သောအရာကို ပေါ့တန်သောအရာအဖြစ် ပြောဆိုခြင်းတို့ လုံးဝမပြုသင့်ပါ၊ မည်သို့ပင် ဖြစ်စေ အမှန်ဖြစ်သည်ဟု သင်သိထားသောအရာကို တမင်သက်သက် ငြင်းဆိုခြင်း ဘယ်သောအခါမျှ မပြုလုပ်သင့်ပါ။ ဘုရားသခင်တစ်ပါး ရှိသည်ဟု ယုံကြည်သူတိုင်းသည် ဤပြဿနာကို မှန်ကန်သော ရှုထောင့်မှ စဉ်းစားသင့်ပြီး သူ၏ ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှ ဘုရားသခင်၏ အမှုသစ်နှင့် သူ၏ နှုတ်ကပတ်တော်အသစ်များကို လက်ခံသင့်သည်။ သို့မဟုတ်ပါက ဘုရားသခင်၏ ပယ်ရှင်းခြင်းကို ၎င်းတို့ ခံရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

လူ၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများနှင့် သမ္မာတရားနှင့် သက်ဆိုင်သော သူ၏အသိပညာသည် သီးသန့် အတိုင်းအတာတစ်ခုအတွက်သာ သက်ဆိုင်ပေသည်။ လူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်သာ ဉာဏ်အလင်းပေးခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် လုံးဝ မပြည့်ဝနိုင်သောကြောင့်၊ လူ လျှောက်သော လမ်းကြောင်းသည် လုံးဝ သန့်ရှင်းသော ဝိညာဉ်တော်၏ အလို ဖြစ်သည်ဟု သင်ပြော၍မရပေ။ လူ တွေ့ကြုံနိုင်သည့် အရာအားလုံးသည် ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာ အတွင်းတွင်ရှိပြီး ပုံမှန်လူသား၏စိတ်ထဲက အတွေးများ၏ အပိုင်းအခြားကို မကျော်လွန်နိုင်ပေ။ သမ္မာတရား၏ လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်သူအားလုံးသည် ဤအပိုင်းအခြားအတွင်းတွင် တွေ့ကြုံကြရလေသည်။ သမ္မာတရားကို ၎င်းတို့ တွေ့ကြုံချိန်တွင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူသား အသက်တာ၏ အတွေ့အကြုံတစ်ခု အမြဲဖြစ်၏။ ယင်းသည် ပုံမှန်လူသားအသက်တာမှ သွေဖည်သော တွေ့ကြုံခြင်းနည်းလမ်းတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ လူသား အသက်တာများ အသက်ရှင်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းခံရလျက် သမ္မာတရားကို ၎င်းတို့ တွေ့ကြုံကြရသည်။ ထို့အပြင် ဤသမ္မာတရားသည် လူတစ်ဦးမှတစ်ဦး ကွဲပြားပြီး၊ ယင်း၏နက်ရှိုင်းမှုသည် လူ၏ အခြေအနေနှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားရှာဖွေသူတစ်ဦး၏ ပုံမှန်လူ့အသက်တာဖြစ်ပြီး၊ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူတစ်ဦး လျှောက်သော လမ်းကြောင်းဟု ခေါ်ကောင်းခေါ်ဆိုနိုင်သည်ဟုသာ ဆိုနိုင်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု မဆိုနိုင်ပေ။ ပုံမှန်လူသား အတွေ့အကြုံတွင်၊ လိုက်စားရှာဖွေသော လူတို့သည် မတူညီသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်လည်း တူညီမှုမရှိပေ။ ထို့အပြင် လူတို့တွေ့ကြုံသော ပတ်ဝန်းကျင်များနှင့် ၎င်းတို့ အတွေ့အကြုံ၏ အပိုင်းအခြားများသည် မတူညီသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏စိတ်နှင့်အတွေးများ ရောနှောခြင်းကြောင့်၊ ၎င်းတို့၏ အတွေ့အကြုံသည် မတူညီသော အတိုင်းအတာများထိ ရောနှောလျက်ရှိလေသည်။ လူအသီးသီးသည် ၎င်းတို့၏ ကွဲပြားခြားနားသည့်၊ တစ်ဦးချင်း အခြေအနေများနှင့်အညီ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရား၏ စစ်မှန်သော အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏နားလည်မှုသည် မပြည့်စုံသကဲ့သို့၊ ယင်း၏ ရှုထောင့်တစ်ခု သို့မဟုတ် ရှုထောင့်အချို့သာ ဖြစ်လေသည်။ လူတွေ့ကြုံသော သမ္မာတရား၏ နယ်ပယ်သည် လူအသီးသီး၏ အခြေအနေများနှင့် တစ်ပြေးညီ တစ်ဦးမှတစ်ဦး ကွဲပြားခြားနားလေသည်။ ဤနည်းဖြင့် တူညီသော သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာကို မတူကွဲပြားသော လူများက ဖော်ပြသည့်အခါ ခြားနားကုန်ကြလေသည်။ ဆိုလိုသည်မှာ၊ လူ၏အတွေ့အကြုံသည် အမြဲ အကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို လုံးဝ ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူဖော်ပြသောအရာသည် ဘုရားသခင်၏ အလိုနှင့် အလွန်နီးကပ်စွာ ကိုက်ညီပြီး၊ လူ၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သော စုံလင်စေခြင်းနှင့် အလွန်နီးကပ်နေလျှင်ပင်၊ လူ၏အလုပ်ကို ဘုရားသခင်၏အမှုအဖြစ် မြင်၍ မရနိုင်ပေ။ လူသည် ဘုရားသခင် သူ့ကို ပေးအပ်ထားသည့် အလုပ်ကို လုပ်ဆောင်လျက် ဘုရားသခင်၏အစေခံသာ ဖြစ်နိုင်သည်။ လူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသည့် အသိပညာနှင့် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထွက်ပေါက်ဖြစ်ရန် လူသည် အရည်အချင်းမပြည့်မီသကဲ့သို့ သတ်မှတ်ချက်များကို မပြည့်မီပေ။ သူ၏အလုပ်သည် ဘုရားသခင်၏ အမှုဖြစ်သည်ဟု သူ ဆိုပိုင်ခွင့်မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

ဘုရားသခင် တိုက်ရိုက် ဖော်ပြသည့် အရာ မှန်သမျှသည် သမ္မာတရားဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း အားလုံးမှာမူ သမ္မာတရားနှင့် ကိုက်ညီရုံမျှသာ ရှိသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူများကို သူတို့ တစ်ဦးချင်းစီ၏ ဝိညာဉ်အသက်တာနှင့် လျော်ညီစွာ ဉာဏ်အလင်းပေးပြီး၊ ၎င်းတို့ထံ သမ္မာတရားကို တိုက်ရိုက် မဖော်ပြနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သင်နားလည်သဘောပေါက်ရမည့် အရာတစ်ခုဖြစ်သည်။ အချို့သောသူများသည် ထိုးထွင်းသိမြင်မှုအချို့ကို ရရှိ၍ သမ္မာတရား၏ နှုတ်ကပတ်တော်များမှ ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံ၍ နားလည် သဘောပေါက်မှု အချို့ကို ရရှိခဲ့ပါက ဤသည်ကို သမ္မာတရားဟု ထည့်တွက်၍ရသလော။ အကောင်းဆုံး အနေဖြင့် ငါတို့ပြောနိုင်သည်မှာ ၎င်းတို့တွင် သမ္မာတရားအပေါ် နားလည် သဘောပေါက်မှု အချို့ရှိသည်ဟူ၍ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော် ဉာဏ်အလင်းပေးသည့် နှုတ်ကပတ်တော်ခပ်သိမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်စားပြုခြင်း မရှိဘဲ၊ သမ္မာတရားကိုလည်း ကိုယ်စားပြုခြင်း မရှိ၊ ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်ခြင်းလည်း မရှိပေ။ ထိုသူတို့တွင် သမ္မာတရားအပေါ် နားလည်မှု အချို့နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း အချို့ ရှိသည်ဟုသာ ဆိုနိုင်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။” မှ

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။ အတွေ့အကြုံအနည်းငယ် ရှိခြင်းသည် သမ္မာတရား ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု သင်ဆိုပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုနိုင်သလော။ သင့်အနေဖြင့် သမ္မာတရား၏ ရှုထောင့်တစ်ခုခု သို့မဟုတ် တစ်ဘက်ဘက်နှင့် ဆိုင်သည့် အတွေ့အကြုံ သို့မဟုတ် အလင်းတစ်စုံတစ်ရာ ရှိကောင်း ရှိနိုင်သော်လည်း၊ အခြားသူများကို ထိုအရာဖြင့် သင် အစဉ်အမြဲ မထောက်ပံ့ပေးနိုင်ပေ၊ ထို့ကြောင့် သင် ရရှိပြီးဖြစ်သည့် ဤအလင်းသည် သမ္မာတရားမဟုတ်ပေ။ ယင်းမှာ လူတို့ လက်လှမ်းမီနိုင်သည့် အဆင့်တစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သင့်တော်သော အတွေ့အကြုံနှင့် သင့်တော်သော သိနားလည်မှု သက်သက်ဖြစ်သည်- သမ္မာတရားနှင့်ဆိုင်သည့် တကယ့်အတွေ့အကြုံနှင့် အသိပညာတစ်ချို့ ဖြစ်သည်။ ဤအလင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်ခြင်းတို့သည် မည်သည့်အခါမျှ သမ္မာတရားကို အစားမထိုးနိုင်ပေ။ လူအားလုံးသည် ဤသမ္မာတရားကို လုံးလုံးလျားလျား တွေ့ကြုံခဲ့ရပြီး ၎င်းတို့၏ အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်မှုအားလုံးကို အတူတကွစုပေါင်းခဲ့လျှင်ပင်၊ ယင်းသည် ထိုသမ္မာတရားတစ်ခု၏ နေရာကို ယူနိုင်လိမ့်ဦးမည် မဟုတ်။ အတိတ်က ပြောခဲ့ပြီးသည်နှင့်အညီ၊ “ငါသည် လူ့လောကအတွက် ဤအရာကို ဆိုရိုးတစ်ခုနှင့် အကျဉ်းချုပ်မည်- လူသားတို့အကြားတွင် ငါ့ကို ချစ်သောသူ တစ်ယောက်မျှမရှိပေ။” ဤသည်မှာ သမ္မာတရား၏ထွက်ဆိုချက် ဖြစ်၏၊ ယင်းသည် အသက်၏ စစ်မှန်သောအနှစ်သာရ ဖြစ်သည်။ ဤသည်မှာ အမှုအရာများထဲမှ အလေးနက်ဆုံးအရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ သင်သည် ထိုအရာကို ဆက်လက် တွေ့ကြုံခံစားနိုင်ပြီး သုံးနှစ်ကြာ သင် ကြုံတွေ့ခံစားပါက သင်၌ ထိုအရာနှင့် သက်ဆိုင်သော အပေါ်ယံ သိနားလည်မှုတစ်ခု ရှိလိမ့်မည်။ သင်သည် ထိုအရာကို ခုနှစ်နှစ် သို့မဟုတ် ရှစ်နှစ်ကြာ ကြုံတွေ့ပါက ထိုအရာနှင့် သက်ဆိုင်သည့် သိနားလည်မှု သင် သာ၍ရရှိလိမ့်မည်၊ သို့သော် သင်ရရှိသည့် မည်သည့် သိနားလည်မှုမဆိုသည် သမ္မာတရား၏ထွက်ဆိုချက်တစ်ခုကို ဘယ်သောအခါမျှ အစားထိုးနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအရာကို နှစ်အနည်းငယ် တွေ့ကြုံပြီးနောက်၊ အခြားလူတစ်ဦးသည် သိနားလည်မှုအနည်းငယ်မျှ ရရှိကောင်း ရရှိလိမ့်မည်၊ ထို့နောက် ထိုအရာကို ဆယ်နှစ်ကြာ ကြုံတွေ့ပြီးနောက် အနည်းငယ် သာ၍ နက်နဲသော သိနားလည်မှု ရရှိလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် တစ်သက်တာ တွေ့ကြုံပြီးနောက်တွင် နောက်ထပ် သိနားလည်မှုအချို့ကို ရရှိကြလိမ့်မည်၊ သို့သော် သင်တို့ ရရှိသည့် သိနားလည်မှုကို သင်တို့နှစ်ဦးလုံးက ပေါင်းစပ်ပါက၊ ထိုအခါတွင်ပင် သင်တို့နှစ်ဦးစလုံး၌ နားလည်မှုမည်မျှ၊ အတွေ့အကြုံမည်မျှ၊ ထိုးထွင်းသိမြင်မှုမည်မျှ၊ အလင်းမည်မျှ၊ သို့မဟုတ် ပုံသက်သေမည်မျှ ပိုင်ဆိုင်ပါစေ- ထိုအရာအားလုံးသည် သမ္မာတရား၏ ယင်းထွက်ဆိုချက်တစ်ခုကို အစားမထိုးနိုင်သေးပေ။ ငါသည် ဤအရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ လူသား၏ဘဝသည် အစဉ်အမြဲပင် လူသား၏ဘဝသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ နားလည်သဘောပေါက်ခြင်းသည် သမ္မာတရား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သူ၏ သတ်မှတ်ချက်များနှင့် မည်မျှပင် ကိုက်ညီနိုင်ပါစေ၊ ယင်းသည် မည်သည့်အခါမျှ သမ္မာတရားအတွက် အစားထိုးနိုင်မည် မဟုတ်ဟု ငါဆိုလို၏။ သမ္မာတရားကို လူတို့ ရရှိပြီဟုဆိုခြင်းမှာ လက်တွေ့အရှိတရားအချို့ကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သမ္မာတရားနှင့်သက်ဆိုင်သော သိနားလည်မှုအချို့ ၎င်းတို့ ရရှိပြီ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ စစ်မှန်သော ဝင်ရောက်မှုအချို့ ရရှိပြီ၊ ၎င်းတို့နှင့်ပတ်သက်၍ စစ်မှန်သောအတွေ့အကြုံအချို့ ၎င်းတို့ ရှိကြပြီး၊ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်းသည် လမ်းမှန်ပေါ်၌ ရှိသည်ကို ဆိုလိုသည်။ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုမျှသည် လူတစ်ဦးအတွက် တစ်သက်တာလုံး ကြုံတွေ့ရန် လုံလောက်ပေသည်၊ လူတို့သည် ထိုအရာကို အသက်တာများစွာ သို့မဟုတ် ထောင်စုနှစ်ပေါင်း များစွာပင် အတွေ့အကြုံရမည် ဆိုလျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားတစ်ခုကို လုံးဝနှင့် စေ့စေ့စပ်စပ် ကြုံတွေ့နိုင်လိမ့်ဦးမည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။” မှ

အရှေ့သို့- ၂။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်သည်၊ သူသည် လူကို သန့်စင်စေနိုင်ပြီး ကယ်တင်နိုင်သည့် နှုတ်ကပတ်တော်များကို ဖော်ပြနေသည့် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး၊ သူသည် ဘုရားသခင်၏ အိမ်တော်မှစတင်သည့် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည်ဟု သက်သေခံသည်။ သို့ဆိုလျှင် ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ မည်သို့ သတိပြုသင့်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်းဖြစ်သည်ဟု သေချာနိုင်ကြမည်နည်း။

နောက်တစ်ခုသို့- ၄။ ပညတ်တော်ခေတ်ထဲက ပရောဖက် ဟေရှာယ၊ ယေဇကျေလနှင့် ဒံယေလတို့ သိရှိစေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံ ဘုရားသခင်က ဖော်ပြသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြား ခြားနားချက်မှာ အဘယ်နည်း။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ အဘယ်ကြောင့် မတူညီသည့် အမည်နာမတော်များ ရှိသနည်း။ ဘုရားသခင်၏ နာမတော်များ၏ အဓိပ္ပာယ်များမှာ အဘယ်နည်း။

၁) မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ အဘယ်ကြောင့် မတူညီသည့် အမည်နာမတော်များ ရှိသနည်း။ ဘုရားသခင်၏ နာမတော်များ၏ အဓိပ္ပာယ်များမှာ အဘယ်နည်း။...

ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူထားသော ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းကို အလိုအပ်ဆုံးဖြစ်သည် ဆက်စပ်သော ဘုရားသခင်၏...

သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူကစုစည်းထားခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။

၃) သမ္မာကျမ်းစာကို ဘုရားသခင်ကမဟုတ်ဘဲ လူသားက စုစည်းထားခြင်းဖြစ်သည်၊ သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ ကိုးကားရန်...

ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြားတွင် အဓိကကျသည့် ကွဲပြားမှုများက အဘယ်အရာများ ဖြစ်သနည်း။

၁) ဘုရားသခင်၏အမှုတော်နှင့် လူသား၏လုပ်ဆောင်မှုကြားတွင် အဓိကကျသည့် ကွဲပြားမှုများက အဘယ်အရာများ ဖြစ်သနည်း။ ဆက်စပ်သော ဘုရားသခင်၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်