၄။ ပညတ်တော်ခေတ်ထဲက ပရောဖက် ဟေရှာယ၊ ယေဇကျေလနှင့် ဒံယေလတို့ သိရှိစေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံ ဘုရားသခင်က ဖော်ပြသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြား ခြားနားချက်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုခဲ့သည်။ သူသည် ဟေရှာယနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ဒံယေလနှင့် မည်သို့ ကွာခြားသနည်း။ သူသည် ပရောဖက်တစ်ပါး ဖြစ်သလော။ သူသည် ခရစ်တော် ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ၎င်းတို့ကြားတွင် ကွာခြားမှုများမှာ အဘယ်နည်း။ ၎င်းတို့အားလုံးသည် နှုတ်ကပတ်တော်များ ပြောဆိုခဲ့သည့် လူသားများ ဖြစ်ကြပြီး ၎င်းတို့၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ အနည်းနှင့်အများ တူညီလေသည်။ ၎င်းတို့အားလုံးသည် နှုတ်ကပတ်တော်များ ပြောဆိုခဲ့ကြပြီး အမှု ပြုခဲ့ကြသည်။ ဓမ္မဟောင်းကျမ်း၏ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ပြောဆိုခဲ့ကြပြီး၊ ထိုနည်းတူ ယေရှုသည်လည်း ပြောဆိုနိုင်ခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်မှာ အမှု၏သဘောသဘာဝအပေါ် အခြေခံပေသည်။ ဤကိစ္စရပ်ကို ပိုင်းခြားသိမြင်ရန်၊ သင်သည် ဇာတိပကတိ၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစားရမည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ နှုတ်ကပတ်တော်များ၏ အတိမ်အနက် သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစားရမည် မဟုတ်။ ၎င်းတို့၏ အမှုနှင့် လူ့အထဲတွင် ၎င်းတို့အမှု စွမ်းဆောင်ရရှိသည့် အကျိုးသက်ရောက်မှုများကို ဦးစွာပထမ အမြဲ သင် ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက်များ ပြောဆိုခဲ့ကြသည့် ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို မထောက်ပံ့ပေးခဲ့သကဲ့သို့၊ ဟေရှာယ နှင့် ဒံယေလ ကဲ့သို့သောသူများက ရရှိခဲ့သည့် လှုံ့ဆော်မှုများမှာ ပရောဖက်ပြုချက်များမျှသာ ဖြစ်ပြီး၊ အသက်လမ်းခရီး မဟုတ်ခဲ့ပေ။ ယေဟောဝါ၏ တိုက်ရိုက် ဖွင့်ပြခြင်းကြောင့်သာ မဟုတ်ပါက၊ သေမျိုးများအတွက် မဖြစ်နိုင်သည့် ထိုအမှုကို မည်သူမျှ လုပ်ဆောင်နိုင်ပြီး ဖြစ်ခဲ့မည် မဟုတ်ပေ။ ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သည်၊ သို့သော် ထိုသို့သော နှုတ်ကပတ်တော်များသည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို လူသားက ရှာတွေ့နိုင်သည့် အသက်လမ်းခရီး ဖြစ်ခဲ့ပေသည်။ ဆိုလိုသည်မှာ ပထမအနေဖြင့် ယေရှုသည် အသက်ဖြစ်သည့်အတွက် လူသား၏ အသက်ကို သူ ထောက်ပံ့နိုင်ခဲ့သည်။ ဒုတိယအနေဖြင့် သူသည် လူသား၏ သွေဖည်မှုများကို ပြောင်းပြန် ဖြစ်စေနိုင်ခဲ့သည်။ တတိယအနေဖြင့် ခေတ်နှင့်ပတ်သက်၍ ဆောင်ရွက်ရန်အလို့ငှာ သူ၏ အမှုသည် ယေဟောဝါ၏ အမှုကို ဆက်ခံနိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားအတွင်းရှိ လိုအပ်ချက်များကို သဘောပေါက်နိုင်ပြီး လူသား ချို့တဲ့သည့်အရာကို နားလည်နိုင်ခဲ့သည်။ ပဉ္စမအနေဖြင့် သူသည် ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ယင်းမှာ သူ့ကို ဘုရားသခင်နှင့် ခရစ်တော်ဟု ခေါ်ဆိုခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် ဟေရှာယနှင့် သာမက အခြားသော ပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များ၏ အမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက် တစ်ခုအဖြစ် ကြည့်လော့။ ပထမအနေဖြင့် သူသည် လူသား၏အသက်ကို မထောက်ပံ့နိုင်ခဲ့ပေ။ ဒုတိယအနေဖြင့် သူသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အမှုပြုခဲ့ခြင်းဖြစ်ပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ရန် မဟုတ်ခဲ့ပေ။ တတိယအနေဖြင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သူ ဉာဏ်မမီနိုင်ခဲ့ပေ။ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်ထံမှ ဖွင့်ပြချက်များကို တိုက်ရိုက် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းတို့ကို နားထောင်ပြီးလျက်ပင်၊ အခြားသူများက နားလည်မည် မဟုတ်ပေ။ ထိုအနည်းငယ်သော အရာများသည်ပင် သူ၏ နှုတ်ကပတ်တော်များက ပရောဖက်ပြုချက်များထက် မပို၊ ယေဟောဝါ၏ ကိုယ်စား လုပ်ဆောင်ပြီးသည့် အမှု၏ ရှုထောင့်တစ်ခုထက် မပိုခဲ့သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ သို့သော် သူသည် ယေဟောဝါကို အပြည့်အဝ ကိုယ်စားမပြုနိုင်ခဲ့ပေ။ သူသည် ယေဟောဝါ၏ အစေခံ၊ ယေဟောဝါ၏ အမှုထဲက တန်ဆာပလာတစ်ခု ဖြစ်ခဲ့သည်။ သူသည် ပညတ်တော်ခေတ်အတွင်းနှင့် ယေဟောဝါ၏ အမှု နယ်ပယ်အတွင်း၌သာ အမှုပြုခဲ့ခြင်းဖြစ်သည်။ သူသည် ပညတ်တော်ခေတ်ကို ကျော်လွန်၍ အမှုမပြုခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယေရှု၏အမှုသည် ကွာခြား၏။ သူသည် ယေဟောဝါ၏ အမှု နယ်ပယ်ကို ကျော်လွန်ခဲ့သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင်အဖြစ် အမှုပြုခဲ့ပြီး၊ လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ရန် ကားစင်တင်ခြင်းကို ခံခဲ့ရသည်။ ယင်းမှာ သူသည် ယေဟောဝါပြုခဲ့သော အမှု၏အပြင်မှ အမှုအသစ်ကို ပြုခဲ့သည်ဟု ဆိုရပေမည်။ ဤသည်မှာ ခေတ်အသစ်တစ်ခုကို ဖွင့်လှစ်ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် လူသားက စွမ်းဆောင်မရရှိနိုင်သည့် အရာကို ပြောဆိုနိုင်ခဲ့သည်။ သူ၏အမှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းရှိ အမှုဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံး ပါဝင်ပတ်သက်သည်။ သူသည် လူအနည်းငယ်အထဲ၌သာ အမှုမပြုခဲ့သကဲ့သို့ သူ၏အမှုသည် အရေအတွက် ကန့်သတ်ထားသည့် လူများကို ဦးဆောင်ရန်လည်း ရည်ရွယ်ခဲ့သည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားတစ်ဦးအဖြစ် မည်သို့လူ့ဇာတိခံခဲ့သည်၊ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော်သည် ဗျာဒိတ်များကို မည်သို့ပေးခဲ့ပြီး၊ အမှုပြုရန် ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ် မည်သို့ဆင်းသက်ခဲ့သည် ဆိုသည်တို့အတွက်မူ- ဤအရာများသည် လူက မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ဟူသော သက်သေအဖြစ် ဤသမ္မာတရားများက အသုံးတော် ခံဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထိုသို့ဖြင့် လူအဖို့ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအလယ်တွင်သာ ပိုင်းခြားခြင်းကို ပြု၍ရနိုင်ပေသည်။ ဤအရာသည်သာ စစ်မှန်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်တော်နှင့်ဆိုင်သော ကိစ္စရပ်များသည် သင့်အဖို့ မြင်၍မရနိုင်သကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင်သာ ရှင်းရှင်းလင်းလင်း သိနိုင်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိခန္ဓာသည်ပင် အလုံးစုံ မသိနိုင်သောကြောင့်‌ ဖြစ်သည်။ သင်သည် သူလုပ်ဆောင်ပြီးဖြစ်သည့် အမှုမှသာ သူ ဘုရားသခင် ဖြစ်သည်၊ မဖြစ်သည်ကို အတည်ပြု စစ်ဆေးနိုင်သည်။ ပထမအနေဖြင့် သူ၏အမှုမှ သူသည် ခေတ်သစ်တစ်ခု ဖွင့်လှစ်ပေးနိုင်သည်။ ဒုတိယအနေဖြင့် သူသည် လူသား၏ အသက်ကို ထောက်ပံ့ပေးနိုင်ပြီး လိုက်လျှောက်ရမည့် လမ်းကို လူသားအား ပြသနိုင်သည်ကို မြင်နိုင်ပေသည်။ ဤသည်မှာ သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို အခိုင်အမာ သက်သေထူရန် လုံလောက်ပေသည်။ အနည်းဆုံးအနေဖြင့် သူပြုသောအမှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ထို့သို့သောအမှုမှ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏အတွင်း၌ ရှိသည်ကို မြင်နိုင်သည်။ လူ့ဇာတိခံ ဘုရားသခင် ပြုခဲ့သည့်အမှုသည် အဓိကအားဖြင့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးရန်၊ အမှုသစ်ကို ဦးဆောင်ရန်နှင့် နယ်ပယ်သစ် တစ်ခုကို ဖွင့်လှစ်ရန် ဖြစ်ခဲ့သည်နှင့်အားလျော်စွာ၊ ဤအရာများကသာလျှင် သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို အခိုင်အမာ သက်သေထူရန် လုံလောက်ပေသည်။ ထို့ကြောင့် ဤအရာသည် သူ့အား ဟေရှာယ၊ ဒံယေလနှင့် ကြီးမြတ်သော အခြားပရောဖက်များမှ ကွဲပြားခြားနားစေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ ပရောဖက်ပြုချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် ညွှန်ကြားချက်မှလာပေသည်၊ ဤလူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြကာ သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်း၏ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ဤသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် ပရောဖက်ပြုချက် အများအပြားကို ဟောခဲ့ကြသည်။ ယေဟောဝါက သူတို့အထဲတွင် အဘယ်ကြောင့် အလုပ် လုပ်ခဲ့ပါသနည်း။ အဘယ်ကြောင့်နည်းဟုဆိုလျှင် အစ္စရေးလူမျိုးများသည် ဘုရားသခင် ရွေးချယ်သည့် လူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်များ၏ အလုပ်သည် ထိုသူတို့အကြား၌ လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ ပရောဖက်များသည် ထိုသို့သော ဗျာဒိတ်များကို ရရှိနိုင်သည့် အကြောင်းရင်း ဖြစ်သည်။ အမှန်တွင် သူတို့ကိုယ်တိုင်ကိုက သူတို့အားဖော်ပြခဲ့သည့် ဘုရားသခင်၏ ဗျာဒိတ်များကို နားမလည်ခဲ့ကြပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏ နှုတ်မှတဆင့် ထိုဗျာဒိတ်များကို ပြောကြားခဲ့သည်မှာ အနာဂတ်တွင် ထိုဗျာဒိတ်များကို လူတို့ နားလည်နိုင်စေရန်၊ ထိုအရာများသည် အမှန်တကယ်ပင် ဘုရား ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်းကို မြင်နိုင်စေရန်၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်ကြောင်း၊ လူထံမှလာသော အရာများမဟုတ်ကြောင်းကို မြင်နိုင်စေရန်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်ဆိုင်သော အတည်ပြုချက်ကို ၎င်းတို့အားပေးရန် ဖြစ်သည်။ ကျေးဇူးတော်ခေတ် အတွင်း၌မူ၊ ယေရှု ကိုယ်တိုင် သူတို့ကိုယ်စား ဤအမှုအားလုံးကို လုပ်ပေးခဲ့သောကြောင့် လူတို့သည် အနာဂတ်ဟောကြားချက်များကို မဟောကြတော့ပေ။ သို့ဖြစ်လျှင် ယေရှုသည် ပရောဖက်တစ်ဦး ဖြစ်ခဲ့ပါသလော။ ယေရှုသည် ပရောဖက်တစ်ဦး ဖြစ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်သူသည် တမန်တော်များ၏ အလုပ်ကိုပါ လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ ယေရှုသည် အနာဂတ်ကို ဟောကြားခြင်းနှင့် တရားဟောခြင်း နှစ်မျိုးစလုံးကို လုပ်နိုင်ခဲ့ပြီး တိုင်းပြည်အနှံ့တွင် လူများကို သွန်သင်ပေးနိုင်ခဲ့သည်။ သို့သော် ယေရှု လုပ်ဆောင်ခဲ့သည့် အမှုနှင့် ယေရှု ကိုယ်စားပြုခဲ့သည့် ပင်ကိုယ်လက္ခဏာမှာ မတူခဲ့ပေ။ သူသည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ကယ်တင်ရန်၊ လူကို အပြစ်မှ ကယ်တင်ရန် လာခဲ့သည်၊ သူသည် ပရောဖက် တစ်ဦး ဖြစ်ခဲ့သကဲ့သို့ တမန်တော် တစ်ဦးလည်း ဖြစ်သည်၊ ထို့ထက်ပိုသည်မှာ သူသည် ခရစ်တော် ဖြစ်ပေသည်။ ပရောဖက် တစ်ဦးသည် အနာဂတ်ကို ဟောကြားနိုင်သော်လည်း၊ ထိုသို့သော ပရောဖက်ကို ခရစ်တော်ဟု ဆို၍မရပေ။ ထိုစဉ်အချိန်က ယေရှုသည် ပရောဖက်ပြုချက် အများအပြား ပြောဆိုခဲ့သောကြောင့် ယေရှုကို ပရောဖက်တစ်ဦးဟု ခေါ်နိုင်သော်လည်း သူသည် ပရောဖက်တစ်ဦး ဖြစ်သောကြောင့် ခရစ်တော် မဟုတ်ဟု ပြော၍ မရပါ။ အကြောင်းမှာ သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုကာ အမှု၏ အဆင့် တစ်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး ယေရှု၏ ကိုယ်ပိုင်လက္ခဏာသည် ဟေရှာယနှင့် တခြားစီ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ရွေးနုတ်ကယ်တင်သည့်အမှုကို ပြည့်စုံစေရန် လောကသို့ လာခဲ့ခြင်း ဖြစ်သည်။ သူသည် လူသား၏ အသက်အတွက်လည်း ထောက်ပံ့ပေးခဲ့ပြီး ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့ထံသို့ တိုက်ရိုက်လာခဲ့သည်။ သူလုပ်ဆောင်ခဲ့သည့် အမှု၌ ဘုရားသခင်၏ဝိညာဉ်တော်ထံမှ လှုံ့ဆော်ချက်များ သို့မဟုတ် ယေဟောဝါထံမှ လမ်းညွှန်ချက်များ မရှိခဲ့ပါ။ ယင်းအစား၊ ဝိညာဉ်တော်က တိုက်ရိုက် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်— ယင်းက ယေရှုသည် ပရောက်ဖက် တစ်ဦး မဟုတ်ကြောင်းကို သက်သေပြရန် လုံလောက်ပေသည်။ သူလုပ်ဆောင်ခဲ့သည့် အမှုသည် ရွေးနုတ်ကယ်တင်သည့် အမှုဖြစ်သည်။ ယင်းနောက် ဒုတိယအလုပ်မှာ ပရောဖက်ပြုချက် ပြောဆိုခြင်းဖြစ်သည်။ သူသည် ပရောဖက် တစ်ဦး၊ တမန်တော်တစ်ဦး ဖြစ်၏၊ သို့သော် ယင်းထက် သူသည် ရွေးနုတ်ကယ်တင်သောသူ ဖြစ်သည်။ အနာဂတ်ကို ဟောကြားပေးခဲ့သူများသည် ပရောဖက်ပြုချက်ကိုသာ ပြောဆိုနိုင်ခဲ့ကြပြီး တခြား အလုပ်များကို လုပ်ဆောင်ရာ၌ ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုနိုင်စွမ်း မရှိခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က မည်သည့်ကမျှ မလုပ်ကိုင်ခဲ့ဘူးသည့် အလုပ် အများအပြားကို ယေရှု လုပ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ်အား ရွေးနုတ်ကယ်တင်သည့် အလုပ်ကိုလည်း လုပ်ခဲ့သောကြောင့်၊ သူသည် ဟေရှာယကဲ့သို့သောသူများနှင့် မတူခဲ့ပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

အမှု၏ ဤနောက်ဆုံးအဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် စွမ်းဆောင်ရရှိပေသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် လူသည် နက်နဲမှုများစွာနှင့် အတိတ် မျိုးဆက်များတစ်လျှောက် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုတို့ကို နားလည်လာသည်။ နှုတ်ကပတ်တော်မှတစ်ဆင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ခံရသည်။ နှုတ်ကပတ်တော်မှတစ်ဆင့်၊ လူသည် ယခင်မျိုးဆက်များက မည်သည့်အခါမျှ လုံးဝ မဖြေရှင်းဖူးသည့် နက်နဲမှုများအပြင်၊ အတိတ်အချိန်ကာလများမှ ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်နှင့် ၎င်းတို့အလုပ်လုပ်ရာတွင် အသုံးပြုခဲ့သည့် အခြေခံသဘောတရားများကို နားလည်လာသည်။ နှုတ်ကပတ်တော်မှတစ်ဆင့်၊ လူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားအပြင် လူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး၊ သူကိုယ်တိုင်၏ အနှစ်သာရကို သိနားလည်လာသည်။ အမှု၏ ဤအဆင့်များမှတစ်ဆင့်၊ ပြီးလျှင် ပြောကြားခဲ့သော နှုတ်ကပတ်တော်များအားလုံးမှတစ်ဆင့်၊ လူသည် ဝိညာဉ်တော်၏ အလုပ်၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ လုပ်ဆောင်သည့် အမှုနှင့် ထို့ထက်ပင်သာ၍ သူ၏ အလုံးစုံသော စိတ်သဘောထားကို သိလာသည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင်ကျော်ကြာ စီမံခန့်ခွဲခြင်း အမှုနှင့်ဆိုင်သည့် သင်၏ အသိပညာကိုလည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိပေသည်။ သင်၏ ယခင်က အယူအဆများနှင့် ယင်းတို့ကို ဘေးဖယ်ထားရာ၌ သင်၏ အောင်မြင်မှုနှင့်ဆိုင်သော အသိပညာသည်လည်း နှုတ်ကပတ်တော် မှတစ်ဆင့် ကြိုးပမ်းရရှိခဲ့သည်မဟုတ်လော။ ယခင်အဆင့်တွင်၊ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုခဲ့သော်လည်း၊ ဤအဆင့်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မရှိပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အဘယ်ကြောင့် ထုတ်ဖော်မပြသည်နှင့်ဆိုင်သည့် သင်၏နားလည်မှုသည်လည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိသည်မဟုတ်လော။ ထို့ကြောင့် ဤအဆင့်တွင် ပြောဆိုထားသော နှုတ်ကပတ်တော်တို့သည် အတိတ်မျိုးဆက်များမှ တမန်တော်များနှင့် ပရောဖက်များ လုပ်ဆောင်ခဲ့ကြသော အလုပ်ကို ကျော်လွန်သည်။ ပရောဖက်များ ပြောကြားခဲ့ကြသော ပရောဖက်ပြုချက်များသည်ပင်လျှင် ဤရလဒ်ကို မရရှိနိုင်ဖူးပေ။ ပရောဖက်များသည် ပရောဖက်ပြုချက်များကိုသာ ပြောဆိုခဲ့ကြသည်၊ ၎င်းတို့သည် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်ဆိုသည်ကို ပြောဆိုခဲ့ကြသော်လည်း၊ ထိုအချိန်က ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိခဲ့သည့် အမှုကို မပြောဆိုခဲ့ကြပေ။ ၎င်းတို့သည် အသက်ကို အပ်နှင်းရန် မဆိုထားနှင့်၊ လူသားမျိုးနွယ်ကို ၎င်းတို့၏ အသက်တာများတွင် ဦးဆောင်လမ်းပြရန် သို့မဟုတ် လူသားမျိုးနွယ် အပေါ် သမ္မာတရားများ အပ်နှင်းရန် သို့မဟုတ် ၎င်းတို့ထံ နက်နဲမှုများကို ထုတ်ဖော်ပြရန် မပြောဆိုခဲ့ကြချေ။ ဤအဆင့်တွင် ပြောဆိုခဲ့သော စကားများထဲတွင်၊ ပရောဖက်ပြုချက်နှင့် သမ္မာတရားများ ရှိသော်လည်း၊ ဤစကားများသည် အဓိကအားဖြင့် လူသားအပေါ် အသက်ကို အပ်နှင်းရန် အသုံးတော်ခံကြလေသည်။ လက်ရှိ စကားများမှာ ပရောဖက်များ၏ ပရောဖက်ပြုချက်များနှင့် မတူပေ။ ဤသည်မှာ လူ၏ အသက်တာအတွက်၊ လူ၏ အသက် စိတ်သဘောထားကို ပြောင်းလဲရန်ဖြစ်သည့် အမှု၏ အဆင့်တစ်ခု ဖြစ်ပြီး၊ ပရောဖက်ပြုချက်များကို ပြောဆိုခြင်းအတွက် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

အရှေ့သို့- ၃။ သင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်သည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ထားခြင်းဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံခဲ့ရသည့် တစ်စုံတစ်ဦးက ပြောဆိုထားခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်သောသူများ ရှပါသည်။ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသူ တစ်စုံတစ်ဦးက ပြောဆိုသည့် နှုတ်ကပတ်တော်များကြား ခြားနားချက်မှာ မည်သည့်အရာသာ ဖြစ်ပါသနည်း။

နောက်တစ်ခုသို့- ၁။ လတ်တလောတွင် ကမ္ဘာလောကအနှံ့အပြားအရှိ အမျိုးမျိုးသော ဘာသာရေး အသိုင်းအဝိုင်းများတွင် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများ၏ လှည့်ဖြားခြင်း အဖြစ်အပျက်များစွာ ရှိလေသည်။ ဤလှည့်ဖြားခြင်းကို အမှန်တကယ် မည်သည့်အရာဖြစ်သည်ဆိုသည့်အရာအတွက် မမြင်နိုင်ဘဲနှင့်၊ လူများစွာတို့သည် ခရစ်တော် အယောင်ကိုဆောင်သောသူများနောက် လိုက်ကြပြီးဖြစ်ကာ၊ ထိုသို့ဖြင့် သခင်ယေရှု၏ အရောဖက်ပြုချက်ဖြစ်သည့်- “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) ဆိုသည့်အရာကို ပြည့်စုံစေကြလေသည်။ ထို့ကြောင့် သခင်၏ ကြွလာခြင်းအဖြစ် သက်သေခံသူ မည်သူမဆိုသည် မလွဲမသွေ ခရစ်တော်အယောင်ကို ဆောင်သောသူတစ်ဦးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပြီး ၎င်းတို့ကို ရှာဖွေပြီး စုံစမ်းစစ်ဆေးဖို့ရန် မလိုအပ်ပါ။ ဤသို့ ယုံကြည်ဖို့ရန် ကျွန်ုပ်တို့ မှားယွင်းကြပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။