၂။ တရုတ်ကွန်မြူနစ်ပါတီက ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နှင့် ဘုရားသခင်ကို သက်သေခံဖို့ရန် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက လူတို့သည် ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်ကြသည်ဟု ဆိုလျက် အွန်လိုင်းတွင် သတင်းအချက်အလက် ဖြန့်ဖြူးကြပြီးဖြစ်သည်။ အချို့သည် မိမိတို့၏ ဘဝတစ်ခုလုံး အိမ်ထောင်မပြုဘဲလျက်ပင် နေကြသည်။ တရုတ်ကွန်မြူနစ်ပါတီက သင်တို့၏ ယုံကြည်မှုများသည် မိသားစုများကို ဖျက်ဆီးသည်ဟု ဆိုသည်။ တရုတ်ကွန်မြူနစ်ပါတီ ပြောသည့်အရာသည် မှန်ပါသလား။
အဖြေ-
“ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။ ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု မိန့်တော်မူ၏။” (ရှင်လုကာခရစ်ဝင် ၁၈:၂၉-၃၀) “အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၂၆)
“သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃)
“သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။” (ရှင်မာကုခရစ်ဝင် ၁၆:၁၅) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ-“ငါတို့၏ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိခြင်းဖြစ်သဖြင့်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘာသာတရားကို ကိုင်းရှိုင်းသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ကျေပွန်အောင် လုပ်ဆောင်ရာတွင် မိမိတို့၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်ထားရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏ကိုယ်စိတ်နှလုံးတို့မှာ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်အတွက်လည်းမဟုတ်၊ လူသားတို့၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက်လည်း မဟုတ်ပါက၊ ငါတို့၏ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ညှဉ်းဆဲသတ်ဖြတ်ခံ ခဲ့ကြရသောသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်ပေ၊ ငါတို့ကို အရာရာထောက်ပံ့ပေးနေသော ဘုရားသခင်အတွက်ဆိုလျှင်မူ သာ၍ပင် ထိုက်တန်လိမ့်မည် မဟုတ်ချေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”)
Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.