၃။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတို့ကို ရိုးသားဖို့ရန်နှင့် လူ့ဘဝ၏ မှန်သော လမ်းကြောင်းကို လျှောက်လှမ်းဖို့ တောင်းဆိုလျက်၊ ဧဝံဂေလိတရားကို ဖြန့်ဝေကာ ဘုရားသခင်ကို သက်သေခံကြသည်ထက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြသည်ကို ကျွန်ုပ် မြင်ရသည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီက ဧဝံဂေလိတရားကို ဖြန့်ဝေရာတွင် အသင်းတော်၏ အဆုံးစွန် ရည်မှန်းချက်မှာ တရုတ်ကွန်မြူနစ်ပါတီ အုပ်စိုးမှုကို ဖြုတ်ချဖို့ဖြစ်သည်ဟု ဆိုရင်း သတင်းအချက်လက် ဖြန့်ဖြူးနေကြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ စကားများ မှန်သည်၊ မှားသည်ဆိုသည်ကို ကျွန်ုပ် မည်သို့ သိနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သော်လည်း၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။ လူသား၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်သည် အတွင်းကျကျ ဆက်နွှယ်ပြီး၊ မည်သည့်လူ၊ မည်သည့်နိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ မကင်းလွတ်ကင်းပေ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက၊ ဘုရားသခင်၏ရှေ့သို့ လာရပေမည်။ ဘုရားသခင်သည် သူ၏ နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို အောင်မြင်ကြီးပွားစေပြီး၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သောသူများ အပေါ် ကျဆင်းမှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း ဆောင်ကြဉ်းလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

ဧဝံဂေလိတရားကို ကျယ်ပြန့်စွာ ဖြန့်ဝေခြင်း၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ အမှု၏ ဤအဆင့် စတင်သည့်အချိန်ကတည်းက အဆက်မပြတ် ပြောပြီး ဖြစ်သည်နှင့်အညီ၊ ဘုရားသခင်သည် ခေတ်သစ် တစ်ခုကို စဖို့၊ ခေတ်သစ်တစ်ခုကို မိတ်ဆက်ဖို့နှင့် ခေတ်ဟောင်း တစ်ခုကို အဆုံးသတ်ဖို့ ဤအချိန်တွင် သူ၏ အမှုတော်ကို ဆောင်ရွက်ရန် ကြွလာပြီး ဖြစ်သည်မှာ ယခုအခါ ဤနေရာတွင် ကျွန်ုပ်တို့ တွေ့မြင်နိုင်သည့်၊ ပြီးလျှင် ပြည့်စုံနှင့်ပြီးဖြစ်သည့် အမှန်တရား တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အမှုတော်အသစ်ကို ဆောင်ရွက်နေပြီး၊ ဤနေရာရှိ လူများသည် ဤအမှုတော်အသစ်ကို လက်ခံနှင့်ပြီး ဖြစ်ကာ၊ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တို့မှ ထွက်လာနှင့်ပြီးဖြစ်သည်၊ သမ္မာကျမ်းစာကို မဖတ်တော့ဘဲ၊ ကားတိုင် အောက်တွင် မရှင်သန်တော့ဘဲ၊ ကယ်တင်ရှင် သခင်ယေရှု၏ နာမတော်ကို အော်မခေါ်တော့ဘဲ၊ လက်ရှိအချိန်၏ ဘုရားသခင်၏ နာမတော်ကို အားလုံးတစ်ပြိုင်တည်း ဆုတောင်းပြီး ယခုလက်ရှိ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို လက်ခံကာ ထိုနှုတ်ကပတ်တော်များကို ရှင်သန်မှု၏ အခြေခံသဘောတရားများ၊ နည်းစနစ်များနှင့် လူသားအသက်တာ၏ ရည်ရွယ်ချက်များအဖြစ် မှတ်ယူနေကြသည်။ ဤသဘောတရားအရ၊ ဤနေရာရှိလူများသည် ခေတ်သစ်တစ်ခုကို ဝင်ရောက်နှင့်ပြီးဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် ဤဧဝံဂေလိတရားနှင့် ဤနှုတ်ကပတ်တော်များကို လက်မခံသည့် သာ၍များသောသူများသည် မည်သည့်ခေတ်တွင် ရှင်သန်နေသနည်း။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်တွင် ရှင်သန်နေဆဲဖြစ်သည်။ ယခုအခါ ဤလူများကို ကျေးဇူးတော်ခေတ်ထဲမှ ခေါ်ဆောင်ဖို့နှင့် ခေတ်သစ်ထဲသို့ ၎င်းတို့ကို ဝင်ရောက်စေဖို့မှာ သင်တို့၏ မွေးရာပါတာဝန် ဖြစ်ပေသည်။ ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ နာမတော်ကို ခေါ်ဆိုခြင်းမျှဖြင့်သာ ဤတာဝန်ပေးစေခိုင်းချက်ကို သင် ပြီးမြောက်နိုင်သလော။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော် အနည်းငယ်ကို ဟောကြားရုံမျှဖြင့် လုံလောက်သလော။ သေချာပေါက် မလုံလောက်ပေ။ ဤသည်က သင်တို့အားလုံး ဧဝံဂေလိတရား ဖြန့်ဝေခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျယ်ပြန့်စွာ ပြန့်ပွားစေခြင်း၊ ထိုနှုတ်ကပတ်တော်များကို ရှေ့ဆက် ဖြန့်ဝေပြီး၊ ထိုနှုတ်ကပတ်တော်များ၏ ဆိုက်ရောက်ခြင်းကို တိုးချဲ့ခြင်းတို့နှင့် သက်ဆိုင်သည့် ဝတ္တရားအတွက် တာဝန်ထမ်းယူရန် လိုအပ်ပေသည်။ “ထိုနှုတ်ကပတ်တော်များ ဆိုက်ရောက်ခြင်းကို တိုးချဲ့” ဖို့ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်၏ ဧဝံဂေလိတရားကို ဤနေရာတွင် ရှိသည့် လူများကိုပင် ကျော်လွန်ပြီး ဖြန့်ဝေဖို့ကို ဆိုလိုခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အမှုတော်အသစ်ကို ပို၍များပြားသော လူများ သတိပြုမိအောင် လုပ်ဆောင် ပြီးနောက်၊ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဟောကြားဖို့ကို ဆိုလိုခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အမှုတော်ကို သက်သေခံဖို့နှင့် ၎င်းတို့ကို ခေတ်သစ်ထဲသို့လည်း ခေါ်ဆောင်ဖို့ သင်တို့၏ အတွေ့အကြုံကို အသုံးပြုရန်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သင်တို့ကဲ့သို့ တစ်ထေရာတည်း ဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် အတော်အတန် သိသာထင်ရှား ပေသည်— သူ၏နှုတ်ကပတ်တော်များကို ကြားကာ၊ လက်ခံပြီး၊ ခေတ်သစ်ထဲသို့ သူ့နောက် စတင် လိုက်လျှောက်ပြီးသူများဖြစ်သည့် သင်တို့ကိုသာ သူ ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။ သူက လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြ လိုသည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပြီး၊ ဤသည်မှာ လက်ရှိအချိန်တွင် ဘုရားသခင် နောက်ကို လိုက်နေသောသူတိုင်း နားလည် သဘောပေါက်သင့်သည့် သမ္မာတရားတစ်ခုဖြစ်သည်။ ဘုရားသခင်သည် ခေတ်သစ်ထဲသို့ လူတစ်သိုက် သို့မဟုတ် လူနည်းစုတစ်စုကိုသာ ဦးဆောင်လမ်းပြနေခြင်း မဟုတ်ဘဲ၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ ဤရည်ရွယ်ချက် ပြည့်ဝဖို့ ဧဝံဂေလိတရားကို ကျယ်ပြန့်စွာ ဖြန့်ဝေရန် လိုအပ်ပြီး၊ ထိုသို့ လုပ်ဆောင်ရာတွင် နည်းစနစ် များစွာနှင့် လမ်းကြောင်းများစွာတို့ကို အသုံးပြုဖို့ လိုအပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်

လောက၌ရှိသည့် ငါ့အလုပ်၏ရည်ရွယ်ချက်များကို လူအားလုံး သိဖို့လိုသည်၊ တစ်နည်းအားဖြင့်ဆိုလျှင် ငါ့အလုပ်ကို ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌ အဆုံးတွင် ငါရယူလိုသည့်အရာနှင့် ဤအလုပ်တွင် မည်သည့်အဆင့်အထိ အောင်မြင်အောင် လုပ်ဆောင်ရမည်ကို လူအားလုံး နားလည်ဖို့လိုသည်။ လူတို့သည် ငါနှင့်အတူ ယနေ့တိုင် လျှောက်လှမ်းလာခဲ့ပြီးနောက် ငါ့အလုပ်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်လျှင် ၎င်းတို့သည် ငါနှင့်အတူ အချည်းနှီး လျှောက်လှမ်း နေခဲ့ကြခြင်းပင်ဖြစ်သည် မဟုတ်လော။ လူတို့သည် ငါ့နောက်သို့ လိုက်လျှင် ငါ့အလိုကို သိသင့်သည်။ ငါသည် မြေကြီးပေါ်၌ အလုပ်လုပ်လျက် ရှိသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်ပြီး၊ ယနေ့ထက်ထိတိုင်အောင် ငါသည် ဤနည်းလမ်းအတိုင်း ငါ၏အမှုကို ဆက်လက်လုပ်ဆောင်နေသေးသည်။ ငါ့အမှုထဲတွင် ပါဝင်သည့် စီမံကိန်းများမှာ များပြားလှသော်လည်း ယင်း၏ ရည်ရွယ်ချက်သည် မပြောင်းမလဲ ရှိနေသေး၏။ ငါသည် လူသားကို တရားစီရင်လိုစိတ်၊ ပြစ်တင်ဆုံးမလိုစိတ်တို့နှင့် ပြည့်နေသော်လည်း၊ ဥပမာအားဖြင့် ငါပြုသမျှမှာ လူသားကို စုံလင်စေပြီးသောအခါ၌ သူ့ကိုငါ ကယ်တင်ဖို့နှင့် ငါ၏သတင်းကောင်းကို ပိုမိုဖြန့်ဝေနိုင်ဖို့နှင့် ငါ၏အမှုကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံးအကြား၌ ချဲ့ထွင်ဖို့အတွက် ဖြစ်နေသေးသည်။ ထို့ကြောင့် လူများစွာ ပိုမိုတုန်လှုပ် ချောက်ချားလျက်ရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်သည့် ယနေ့ခေတ် အချိန်တွင် ငါသည် ငါ၏အမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်အတွက် လုပ်ရမည့် အမှုကို ငါသည် ဆက်လုပ်လျက်ရှိသည်။ လူသားသည် ငါပြောသည့် အရာကို စိတ်ကုန်နေပြီဖြစ်သော်လည်း၊ ငါ၏အမှု၌ ပါဝင်ပတ်သက် လိုစိတ် သူ့တွင် လုံးဝမရှိသော်လည်း၊ ငါသည် ငါ၏တာဝန်ကို ဆက်လက်လုပ်ဆောင်လျက်ပင် ရှိသေးသည်။ အဘယ်ကြောင့်ဆိုသော် ငါ့အမှု၏ရည်ရွယ်ချက်သည် မပြောင်းလဲသည့်အပြင် ငါ၏မူလ အစီအစဉ်သည်လည်း ပျက်စီးမည် မဟုတ်သောကြောင့်ဖြစ်သည်။ ငါ၏တရားစီရင်ခြင်း၏အလုပ်သည် လူသားအား ငါ့အပေါ်၌ ပိုမို နာခံလာအောင် ထောက်ကူပေးဖို့အတွက်ဖြစ်ပြီး ငါ၏ ပြစ်တင် ဆုံးမမှု၏အလုပ်သည် လူသားအနေနှင့် ပို၍ ထိထိရောက်ရောက် ပြောင်းလဲစေနိုင်ဖို့ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏ စီမံခန့်ခွဲမှုအတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့် အရာတစ်ခုကိုမျှ ငါမလုပ်ဖူးပေ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံပြင်ပမှ လူမျိုးအားလုံးကို ဣသရေလလူမျိုးများ ကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ ယင်းတို့ကို လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ထိုသို့အားဖြင့် ဣသရေလနိုင်ငံပြင်ပရှိ နယ်မြေများ၌ ငါခြေကုပ်ယူနိုင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှုဖြစ်သည်၊ ယင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် ငါလုပ်ဆောင်နေသော အမှုဖြစ်သည်။ ယခုသော်မှ လူများစွာက ငါ၏စီမံခန့်ခွဲမှုကို နားမလည် ကြသေးပေ။ ဤကဲ့သို့သောအရာများကို သူတို့စိတ်မဝင်စားကြဘဲ၊ သူတို့၏အနာဂတ်နှင့် သူတို့၏ပန်းတိုင်များကိုသာ အရေးစိုက်ကြ သောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောသည်ဖြစ်စေ သူတို့သည် ငါလုပ်သည့်အမှုကို စိတ်ဝင်စားခြင်း မရှိကြဆဲပင်ဖြစ်သည်။ စိတ်ဝင်စားမည့်အစား သူတို့၏ အနာဂတ်ပန်းတိုင်များကိုသာ အထူးသီးသန့်အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အမှုကို မည်သို့ချဲ့ထွင်နိုင်မည်နည်း။ ငါ၏သတင်းကောင်းသည် ကမ္ဘာအနှံ့ မည်သို့ပျံ့နှံ့နိုင်မည်နည်း။ ငါ၏အမှုကို ချဲ့သောအခါ၌ ငါသည် သင်တို့ကို ကွဲပြားစေမည်ဖြစ်ပြီး၊ ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်ဖြစ်ကြောင်းကို သင်တို့သိသင့်သည်။ ကမ္ဘာအနှံ့၌ ငါ၏သတင်းကောင်း ပျံ့နှံ့စေဖို့အတွက်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအထိ ရောက်ဖို့အတွက်၊ လူကြီးများနှင့်ကလေးများတို့ တူညီစွာ ငါ၏နာမတော်ကို ထင်ရှားစေဖို့နှင့် လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏နှုတ်များက ငါ၏သန့်ရှင်းသော နာမတော်ကို ချီးမြှောက်ကြစေဖို့ဖြစ်သည်။ ဤနောက်ဆုံးသော ခေတ်တွင် ငါ၏နာမတော်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌ ထင်ရှားခြင်းရှိစေရန်၊ ငါ၏လုပ်ဆောင်ချက်များကိုလည်း တစ်ပါးအမျိုးသားများ မြင်ကြစေရန်၊ ထို့ပြင် ငါ၏ လုပ်ဆောင်ချက်များကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်ကြစေရန်ဖြစ်ပြီး၊ ငါ၏နှုတ်ကပတ်တော်များသည် မကြာမီ အမှန်တကယ် ဖြစ်လာစေရန်ဖြစ်သည်။ ငါသည် ဣသရေလ လူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်လည်းဖြစ်ပြီး၊ ငါကျိန်ဆဲ ခဲ့ဖူးသည့် လူမျိုးများ၏ ဘုရားသခင်ပင် ဖြစ်ကြောင်းကို လူအားလုံးကို ငါသိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူအားလုံးကို မြင်စေမည်။ ဤသည်မှာ ငါ၏အကြီးမြတ်ဆုံးသော အမှုဖြစ်သည်။ နောက်ဆုံးသော ကာလအတွက် ငါ့အမှုအစီအစဉ်၏ ရည်ရွယ်ချက်ဖြစ်သည်။ ထို့အပြင် နောက်ဆုံးသောကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အမှုလည်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ကျွန်ုပ်တို့ ပြုမူကြသည်။ နိုင်ငံရေးများတွင် ကျွန်ုပ်တို့ မပါဝင်ကြသကဲ့သို့ နိုင်ငံရေး လှုပ်ရှားမှုများ တစ်ခုတစ်လေတွင် မပါဝင်ကြပေ။ သူ့ကို ယုံကြည်သူများအား ဘုရားသခင် တောင်းဆိုသည့် အနည်းဆုံးသော အရာမှာ ပထမဦးဆုံးအနေဖြင့် သမ္မာတရားကို ကျွန်ုပ်တို့ လိုက်စားကာ လက်တွေ့လုပ်ဆောင်ပြီး၊ အပြင်လောက၏ ဆိုးယုတ်သော ရေပန်းစားမှုများနောက် လိုက်ကာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် လုပ်ဆောင်သည့် မကောင်းမှုကို မကျုးလွန်ဖို့ ဖြစ်သည်။ ကျွန်ုပ်တို့၏ လုပ်ရပ်များက အခြားသူများအဖို့ အကျိုးရှိ ရမည်ဖြစ်သည်၊ ကျွန်ုပ်တို့အနေဖြင့် အလင်းနှင့် ဆား ဖြစ်ရမည်။ ထို့အပြင်၊ ဖန်ဆင်းခံများဖြစ်သည်နှင့်အညီ၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရင်းနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရင်း၊ ဘုရားသခင်၏ အလိုတော်နောက် လိုက်ရမည် ဖြစ်သည်။ ဘုရားသခင်က ကယ်တင်ခြင်းဖြင့် ကျွန်ုပ်တို့ကို ကျေးဇူးပြုပြီး ဖြစ်သည့်အတွက်၊ ဘုရားသခင်ကို မယုံကြည်ကြသူများ၊ ဘုရားသခင်ကို မသိသေးသူများနှင့် စာတန်၏ အုပ်စိုးမှုအောက် အသက်ရှင်ကြသေးသည့် သူများအားလုံးက စစ်မှန်သော လမ်းခရီးကို လေ့လာဆန်းစစ်ဖို့၊ သမ္မာတရားကို လက်ခံဖို့၊ သမ္မာတရားကို ရရှိဖို့၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ချွတ်ခါချဖို့နှင့် ဘုရားသခင်အားဖြင့် ကယ်တင်ခံရဖို့ ဘုရားသခင် ရှေ့မှောက် လာနိုင်ကြဖို့အလို့ငှာ၊ ဧဝံဂေလိကို ဖြန့်ဝေကာ ဘုရားသခင်ကို သက်သေခံရန်မှာ ကျွန်ုပ်တို့၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ဖြစ်ပြီး ကျွန်ုပ်တို့ လုပ်ဆောင်သည့် ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ဧဝံဂေလိကို ကျွန်ုပ်တို့ ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းသည် နိုင်ငံရေးနှင့် မည်သို့မျှ မပတ်သက်ပေ - ယင်းတွင် နိုင်ငံရေး ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်မှုများ မပါဝင်သကဲ့သို့၊ အစိုးရတစ်ခုခု သို့မဟုတ် နိုင်ငံရေး ပါတီတစ်ခုခုကို ဖြုတ်ချခြင်းအလို့ငှာ လုပ်ဆောင်ခြင်း မဟုတ်ပေ။ ယင်းကို လူတို့က ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံနိုင်ပြီး သန့်ရှင်းစေခြင်းခံရကာ ကယ်တင်ခံရနိုင်ဖို့အလို့ငှာ၊ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ စောင့်ရှောက်ခြင်းခံရကာ၊ ကွယ်ကာခြင်းနှင့် ကောင်းချီးပေးခြင်းခံရလျက်၊ နောက်ဆုံးတွင် မှောင်မိုက်ကာ ဆိုးယုတ်သော လွှမ်းမိုးမှုများကို လွတ်မြောက်နိုင်ပြီး အလင်းတွင် အသက်ရှင်နိုင်ကြဖို့အလို့ငှာ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းအလို့ငှာ လုံးလုံးလျားလျား လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်းကို လက်ခံနိုင်ဖို့အလို့ငှာ လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ကျွန်ုပ်တို့ ခေါ်ဆောင်ကြသည့်အခါ၊ နိုင်ငံရေး တောင်းဆိုချက်များကို ပြုလုပ်နေကြခြင်း မဟုတ်ချေ။ သူ ရွေးချယ်ထားသောသူများ ထကြွပြီး တရုတ်ကွန်မြူနစ်ပါတီကို ဖြုတ်ချရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မတောင်းဆိုပေ။ ဘုရားသခင် ဖော်ပြသမျှမှာ သမ္မာတရားသာ ဖြစ်သည်၊ ယင်းတို့သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်၊ ယင်းတို့သည် လူများကို ကယ်တင်သည့်၊ ပြောင်းလဲစေသည့်၊ စုံလင်စေပြီး ဘုရားသခင်ကို သိရှိကာ သူ့ကို နာခံဖို့ လူတို့ကို အခွင့်ပေးသည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ကျွန်ုပ်တို့ လုပ်ဆောင်သမျှသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအပေါ် အခြေခံပေသည်။ ကျွန်ုပ်တို့၏ အသင်းတော်သည် မည်သည့် နိုင်ငံရေး လှုပ်ရှားမှုများတွင်မျှ လုံးဝ မပါဝင်ဖူးသကဲ့သို့၊ နိုင်ငံရေး ဆောင်ပုဒ် တစ်ခုတစ်လေမျှ မရှိချေ။ အသင်းတော် အသက်တအတိုင်း အသက်ရှင်ခြင်းတွင် သမ္မာတရားကို ရရှိခြင်း၊ ဘုရားသခင်ကို နာခံခြင်း၊ စစ်မှန်သည့် လူသားတစ်ဦး၏ ပုံသဏ္ဌာန် အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်အားဖြင့် ကယ်တင်ခံရခြင်းတို့အလို့ငှာဖြစ်သည့် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းနှင့် မိမိကိုယ်ကို သိရှိခြင်းတို့ထက် ပို၍ မည်သည့်အရာမျှ မပါဝင်ပေ။ ထို့အပြင် နိုင်ငံရေးကို ကျွန်ုပ်တို့ အနည်းငယ်မျှ စိတ်မဝင်စားပေ။ နိုင်ငံရေးမှာ သမ္မာတရားဖြစ်ဖို့ မဆိုထားနှင့်၊ အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်။ နိုင်ငံရေးက လူတို့ကို ကယ်တင်ခံရနိုင်စေဖို့ မဆိုထားနှင့်၊ လူတို့ကို သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ မပေးနိုင်ပေ။ အရာရှိလောကသည် လူတို့ကို သာ၍ ဆိုးယုတ်ကာ သာ၍သာ ဖောက်ပြန်ပျက်စီးစေသည်မှာ အားလုံးမြင်သာပေသည်။ ထို့ကြောင့် ဘုရားသခင်၌ ယုံကြည်ခြင်းကသာ လူတို့ကို သာ၍ ကောင်းဖို့ ပြောင်းလဲစေနိုင်ပြီး၊ သာ၍ ကြီးမြတ်သည့် လူ့သဘာဝ၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့ကို ပေးနိုင်သည်မှာ ကျွန်ုပ်တို့အဖို့ သိသာထင်ရှားသည့်အတွက်၊ ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် နိုင်ငံရေး၌ ကျွန်ုပ်တို့ လုံးဝ မပါဝင်ဖူးချေ။ လူတို့အနေဖြင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လိုက်စားပါက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ ချွတ်ခါချနိုင်လိမ့်မည်ဖြစ်ကာ စစ်မှန်သည့် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်လိမ့်မည်မှာ သံသယ ဖြစ်စရာ မရှိပေ - ယင်းမှာ ဘုရားသခင်၌ မိမိ၏ ယုံကြည်ခြင်းတွင် ကယ်တင်ခြင်း ကြိုးပမ်းရရှိခြင်းအတွက် စံနှုန်း အတိအကျ ဖြစ်ပေသည်။

ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ ဘုရားသခင်သာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးက ဖန်ဆင်းရှင်ကို သိနိုင်ကြကာ ဖန်ဆင်းရှင် ရှေ့မှောက်သို့ လာပြီး စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ ဧဝံဂေလိတရားကို ကျွန်ုပ်တို့ ဖြန့်ဝေပြီး ဘုရားသခင်ကို သက်သေခံကြသည်။ ဤသည်မှာ လူသား၏ ကောင်းချီးမင်္ဂလာ လမ်းကြောင်းဖြစ်သည့်အပြင်၊ လူသား၏ ကယ်တင်ခြင်း လမ်းကြောင်း ဖြစ်သည်။ ယနေ့ ကမ္ဘာလောကသည် ယခင်ကထက် သာ၍ မှောင်မိုက်ကာ ဆိုးယုတ်ပြီး လူသားမျိုးနွယ်သည် ယခင်ထက် သာ၍ ဖောက်ပြန်ပျက်စီးကြလေသည်။ ကမ္ဘာလောကသည် ကျဆင်းနေပြီး ကိုယ်ကျင့်တရားများက ဆုတ်ယုတ်နေသည်။ လူသားမျိုးနွယ်အနေဖြင့် ဤကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုပါက၊ ဘုရားသခင်ကို ယုံကြည်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့ လက်ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရား ရရှိရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ ကမ္ဘာလောက၏ အမှောင်၊ မကောင်းမှုနှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းတို့နှင့် သက်ဆိုင်သည့် ပြဿနာများသည် အရင်းအမြစ်ထိ ပြေလည်သွားလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြင့်၊ ဧဝံဂေလိတရားဖြန့်ဝေခြင်းသည် လူမှုအဖွဲ့အစည်း၏ တည်ငြိမ်မှုနှင့် လူသားမျိုးနွယ်၏ ပျော်ရွှင်ခြင်းအတွက် ပဓာနကျလေသည်။ လူသားမျိုးနွယ်အတွက် စစ်မှန်သော ပျော်ရွှင်ခြင်း စွမ်းဆောင်ရရှိဖို့နှင့် လူမှုအဖွဲ့အစည်းအတွက် ကြာရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိဖို့ နည်းလမ်းတစ်ခုသာ ရှိပြီး ယင်းမှာ ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်းကို လက်ခံဖို့ ဖြစ်သည်။ ဤအရာမှလွဲ၍ လမ်းကြောင်းမရှိပေ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နိုင်ငံရေးသမားတစ်ဦး၊ စာရေးဆရာ သို့မဟုတ် အတွေးအခေါ်သမား တစ်ဦးအပေါ် သင်၏ မျှော်လင့်ချက်များကို ပုံချလိုက်သင့်သည်ဟု မဆိုထားနှင့်၊ မည်သည့် နိုင်ငံကိုဖြစ်စေ၊ မည်သည့် နိုင်ငံရေးပါတီကိုဖြစ်စေ သင် မျှော်လင့်ရမည်မဟုတ်။ ဤအရာမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် မတတ်နိုင်စွမ်းလောက်အောင် ဖြစ်ပေသည်။ ဖန်ဆင်းရှင်၊ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်သည်သာ လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့၏ ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့် ဘုရားသခင်အဖို့ သက်သေခံခြင်းသည် လူသားမျိုးနွယ်အဖို့ အဆုံးစွန် အကျိုးရှိသည်၊ ယင်းသည် လူသားမျိုးနွယ်နှင့် လူ့အဖွဲ့အစည်းက လိုအပ်သည့်အရာ ဖြစ်ပြီး လုံးဝ တရားမျှတပေသည်။ သာ၍ အဓိပ္ပာယ်ရှိသည့် အရာ မည်သည့်အရာမျှ မရှိပေ။ တရားမျှတခြင်းနှင့်ဆိုင်သည့် အသိတရား၊ ဆင်ခြင်တုံတရားနှင့် အသိစိတ် ပိုင်ဆိုင်ထားသူအားလုံးသည် ကျွန်ုပ်တို့၏ ဧဝံဂေလိဖြန့်ဝေခြင်းကို အားပေးကာ ကျွန်ုပ်တို့၏ ရှုထောင့်အမြင်ကို သဘောတူလိမ့်မည်ဟု ယုံကြည်ပေသည်။

ဧဝံဂေလိကို ကျွန်ုပ်တို့ စတင်ဖြန့်ဝေပြီး ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို သက်သေခံသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ လက်ခံသောကြောင့်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်တို့ နားလည်ပြီး ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို သေချာကြသောကြောင့် ဖြစ်သည်။ ဧဝံဂေလိ ဖြန့်ဝေရာတွင်၊ လူတို့အနေဖြင့် စစ်မှန်သော လမ်းခရီးကို လက်ခံကာ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်အားဖြင့် ကယ်တင်ခံရနိုင်ဖို့အလို့ငှာ၊ ကယ်တင်ခြင်းဆီသို့ မှန်သော လမ်းကြောင်းကို လူတို့နှင့်အတူ ကျွန်ုပ်တို့ မျှဝေခံစားနေကြခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပြီး ကျွန်ုပ်တို့၏ အစစ်မှန်ဆုံးသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ကျွန်ုပ်တို့ ဟောပြောသည့် နောက်ဆုံးသော ကာလ၏ နိုင်ငံတော် ဧဝံဂေလိတရားသည် လူသားအဖို့ အဆုံးစွန် အကျိုးရှိပေသည်။ သို့သော်လည်း အာဏာရ ပါတီတစ်ခုအနေဖြင့်၊ တရုတ်ကွန်မြူနစ်ပါတီသည် လူတို့အတွက် စစ်မှန်သည့် တန်ဖိုး တစ်ခုတစ်လေကိုဖြစ်စေ၊ တကယ့် ပြဿနာများ ဖြေရှင်းနိုင်ခြင်းနှင့် ၎င်းတို့အား ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ဆောင်ကြဉ်းပေးခြင်းတို့ကိုဖြစ်စေ မစွမ်းဆောင်နိုင်ရုံသာမက၊ လုံးဝ အသိစိတ်မဲ့လျက်၊ ကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်စက်ရင်း၊ ဖမ်းဆီးရင်းနှင့် စော်ကားရင်း၊ ယင်း၏ တာဝန်ဝတ္တရားများတွင်လည်း ပေါ့လျော့ပေသည်။ ဤသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်သည့်၊ မလျော်ကန်သော စက်ဆုပ်စရာဖြစ်သည် မဟုတ်လော။ ကောင်းကင်ဘုံ၏ အလိုနှင့် လူတို့၏ စိတ်နှလုံးနောက် လိုက်ခြင်းအစား၊ တရုတ်ကွန်မြူနစ်ပါတီသည် အဘယ်ကြောင့် မကောင်းမှုကို အမွန်အမြတ်ထားပြီး ဖြောင့်မတ်ခြင်းကို ဆန့်ကျင်ရသနည်း။ ဤအရာတွင်၊ လူ့သဘာဝ ကင်းမဲ့သည် မဟုတ်လော။ ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင်၊ ဘုရားသခင် ရွေးချယ်ထားသော လူများစွာသည် ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းများနှင့် ဇာတိပကတိ၌ မွေ့လျော်မှုများကို ဘေးဖယ်ထားနိုင်ကြသည်။ စူးရှအေးစိမ့်သော လေတိုက်ခြင်းနှင့် သည်းကြီးမည်းကြီးရွာသော မိုးရွာခြင်း၊ ခါးသီးသော အအေးဒဏ်နှင့် လောင်မြိုက်သော အပူဒဏ်တို့ကို ဖြတ်၍၊ ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ဆက်လက် ဖြန့်ဝေကြသည်။ နာကျင်စရာ စော်ကားမှုများ ရှိသော်ငြားလည်း၊ လူတို့ ငြင်းပယ်၊ ရိုက်နှက်ကာ ၎င်းတို့ကို ကျိန်ဆဲသော်လည်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်းတို့ကို ခံရသော်လည်း၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့ မဆုတ်မနစ် လုပ်ဆောင်ကြသည်။ ၎င်းတို့ကို လုပ်ဆောင်ဖို့ ပန်ကြားထားသည့် ၎င်းတို့ လုပ်ဆောင်နိုင်သည့် အရာတိုင်းကို တတ်နိုင်သရွေ့ လုပ်ဆောင်ကြပြီး၊ ယင်းကို လူတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ထိုလူတို့အား တာဝန်သိစွာနှင့် ထောက်ထားကြင်နာစွာ ဆက်ဆံကြသည်။ စစ်မှန်သော လမ်းခရီးကို သိသော်လည်း ယင်းကို မဟောပြော၊ သက်သေမခံရသေးပါက၊ ကျွန်ုပ်တို့ စိတ်မအေးနိုင်သကဲ့သို့၊ ဤသည်မှာ လူတို့အဖို့ တရားမျှတမည် မဟုတ်ပေ။ ထို့ကြောင့်၊ ကျွန်ုပ်တို့ လုပ်ဆောင်သမျှမှာ လူတို့အား စစ်မှန်သော လမ်းခရီးနှင့် နောက်ဆုံးသော ကာလ၏ ကယ်တင်ခြင်း လမ်းကြောင်းကို သိစေရင်း၊ ဧဝံဂေလိ ဖြန့်ဖို့နှင့် ဘုရားသခင်ကို သက်သေခံဖို့သာ ဖြစ်သည်။ ကျွန်ုပ်တို့၏ ဧဝံဂေလိ ဖြန့်ဝေခြင်းသည် လူထု တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ခြင်း ဖြစ်ဖို့ မဆိုထားနှင့်၊ နိုင်ငံရေးနှင့် ပတ်သက်မှုတစ်ခု လုံးဝ မဟုတ်ပေ။ ထိုအစား၊ ယင်းသည် ကောင်းသော လုပ်ဆောင်ချက်များကို တင်ကြိုပြင်ဆင်ခြင်း ဖြစ်သည်၊ ယင်းမှာ လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်၏ ရှေ့မှောက် လာနိုင်ပြီး၊ ဘုရားသခင်၏ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းတို့ကို လက်ခံရန်အလို့ငှာ၊ ကြီးမားသည့် ကပ်ဘေးများ၌ ရှင်ကျန်ခြင်းနှင့် လူသားအတွက် ဘုရားသခင် ပြင်ဆင်ပြီးဖြစ်သည့် လှပသည့် ခရီးပန်းတိုင်သို့ ဝင်ရောက်ဖို့အလို့ငှာ လုံးလုံး ဖြစ်ပေသည် - ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

အရှေ့သို့- ၂။ တရုတ်ကွန်မြူနစ်ပါတီက ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နှင့် ဘုရားသခင်ကို သက်သေခံဖို့ရန် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက လူတို့သည် ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်ကြသည်ဟု ဆိုလျက် အွန်လိုင်းတွင် သတင်းအချက်အလက် ဖြန့်ဖြူးကြပြီးဖြစ်သည်။ အချို့သည် မိမိတို့၏ ဘဝတစ်ခုလုံး အိမ်ထောင်မပြုဘဲလျက်ပင် နေကြသည်။ တရုတ်ကွန်မြူနစ်ပါတီက သင်တို့၏ ယုံကြည်မှုများသည် မိသားစုများကို ဖျက်ဆီးသည်ဟု ဆိုသည်။ တရုတ်ကွန်မြူနစ်ပါတီ ပြောသည့်အရာသည် မှန်ပါသလား။

နောက်တစ်ခုသို့- ၄။ သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမထံ ဆုတောင်းသော်လည်း၊ တရုတ်ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လူတစ်ဦးက ဖန်တီးထားခဲ့ခြင်းဖြစ်ပြီး ထိုသူ ပြောသည့်အရာ မည်သည့်အရာကိုမဆို သင်တို့ လုပ်ဆောင်ကြသည်ဟု ဆိုလျက် သတင်း ဖြန့်ဖြူးနေသည်။ သင်က ဤလူသည် ယဇ်ပရောဟိတ်တစ်ပါး၊ ဘုရားသခင် အသုံးပြုသည့် လူတစ်ဦးဖြစ်ပြီး၊ သူသည် အုပ်ချုပ်မှုဆိုင်ရာ အရေးကိစ္စအားလုံးအတွက် တာဝန်ရှိသည်ဟု သက်သေခံသည်။ ယင်းကို ကျွန်ုပ် သဘောမပေါက်နိုင်ပါ- မည်သူကသာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို တည်ထောင်ခဲ့ပါသနည်း။ ယင်း၏ ဇာစ်မြစ်များမှာ အဘယ်နည်း။ ဤအရာကို သင် ရှင်းပြနိုင်ပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။