၄။ သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမထံ ဆုတောင်းသော်လည်း၊ တရုတ်ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လူတစ်ဦးက ဖန်တီးထားခဲ့ခြင်းဖြစ်ပြီး ထိုသူ ပြောသည့်အရာ မည်သည့်အရာကိုမဆို သင်တို့ လုပ်ဆောင်ကြသည်ဟု ဆိုလျက် သတင်း ဖြန့်ဖြူးနေသည်။ သင်က ဤလူသည် ယဇ်ပရောဟိတ်တစ်ပါး၊ ဘုရားသခင် အသုံးပြုသည့် လူတစ်ဦးဖြစ်ပြီး၊ သူသည် အုပ်ချုပ်မှုဆိုင်ရာ အရေးကိစ္စအားလုံးအတွက် တာဝန်ရှိသည်ဟု သက်သေခံသည်။ ယင်းကို ကျွန်ုပ် သဘောမပေါက်နိုင်ပါ- မည်သူကသာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို တည်ထောင်ခဲ့ပါသနည်း။ ယင်း၏ ဇာစ်မြစ်များမှာ အဘယ်နည်း။ ဤအရာကို သင် ရှင်းပြနိုင်ပါသလား။

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

သခင့်ကို ယုံကြည်သူတိုင်းက ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့မှ စတင် ဖြစ်ပေါ်လာသည်ကို သိကြသည်။ ယင်းတို့သည် ဘုရားသခင်၏ အမှုတော်မှ ထွက်ပေါ်ခဲ့ကြပေသည်။ ယေဟောဝါ ဘုရားသခင် ပေါ်ထွန်းခဲ့ကာ၊ သူ၏ အမှုကို ဆောင်ရွက်ခဲ့ပြီး ပညတ်တရားကို ထုတ်ပြန်ကြေငြာခဲ့သောကြောင့် ယုဒဘာသာ ဖြစ်တည်လာခဲ့ပြီး၊ ခရစ်ယာန်ဘာသာမှာ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး၊ ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့သောကြောင့်‌ ဖြစ်တည်လာခဲ့ပေသည်။ ထိုသို့သော ဘာသာတရားများကို မည်သည့် လူသားကမျှ မတည်ထောင်နိုင်ခဲ့ပေ။ ထိုနည်းတူ အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်ကာ သမ္မာတရား များစွာ ဖော်ပြရင်း၊ သူ၏ အမှုတော် ဆောင်ရွက်နေပြီး နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေသောကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဖြစ်တည်လာခဲ့ပေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် သမ္မာတရားမရှိသကဲ့သို့၊ သမ္မာတရားကို အစဉ်ထာဝရ ဖော်ပြနိုင်စွမ်း ရှိမည်မဟုတ်ပေ - ထို့ကြောင့် လူသားတစ်ဦးသည် ထိုသို့သော ကြီးမားသည့် အသင်းတော် တစ်ပါးကို မည်သို့ တည်ထောင်နိုင်ခဲ့မည်နည်း။ တစ်စုံတစ်ဦးက ယုဒဘာသာကို မောရှေက တည်ထောင်ခဲ့ပြီး ခရစ်ယာန်ဘာသာကို ပေါလုက တည်ထောင်ခဲ့သည်ဟု ဆိုပါက၊ သင် ယုံမည်လော။ သင် ဧကန်မုချ ယုံမည်မဟုတ်ချေ။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ လူသားတစ်ဦးအားဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟူသည့် တရုတ်ကွန်မြူနစ်ပါတီ၏ အခိုင်အမာ ပြောဆိုချက်မှာ သာ၍ပင် ဆိုးယုတ်သော စကားဖြစ်သည်၊ ယင်းမှာ လုံးဝ အခြေအမြစ်မရှိပေ။ နောက်ဆုံးသော ကာလအတွင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာ ဖော်ပြပြီးဖြစ်ကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်သူအားလုံးက ယင်းတို့မှာ သမ္မာတရား ဖြစ်သည်ကို အသိအမှတ်ပြုကြသည်။ ဤလူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခြင်းခံရပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြကာ ၎င်းတို့ ယုံကြည်သည့်သူမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်မှာ သေချာပေသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်မှသာ ထွက်ပေါ်နိုင်မည်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အားဖြင့်သာ တည်ထောင်ခဲ့ခြင်း ဖြစ်သည် - ဤအရာနှင့် သက်ဆိုင်၍ သံသယထားစရာမရှိပါ။ သူ့အမှုတော်၏ အချိန်ကာလ အတောအတွင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသုံးပြုကာ ထူထောင်ပေးသည့် လူသားသည် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ရာတွင် ရွေးချယ်ထားသူများကို ဦးဆောင်သူ ဖြစ်သည်။ သို့သော်လည်း အသင်းတော်ကို ဖိနှိပ်ဖို့၊ တိုက်ခိုက်ပြီး မျိုးဖြုတ်ဖို့အလို့ငှာ၊ တရုတ်ကွန်မြူနစ်ပါတီက အသင်းတော်သည် လူတစ်ဦးတစ်ယောက်အားဖြင့် တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုလေသည်။ ဤသည်မှာ ရယ်ဖွယ်ရာ ဖြစ်သည် မဟုတ်လော။ ဤအရာကို တရုတ်ကွန်မြူနစ်ပါတီ ပြောဆိုခြင်း၏ ရည်ရွယ်ချက်မှာ လုပ်ကြံသတင်း ဖြန့်ဖို့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သိက္ခာချပြီး မျိုးဖြုတ်ဖို့ဖြစ်သည်မှာ သက်သေပြရန် မလိုပေ။ သို့သော် တရုတ်ကွန်မြူနစ်ပါတီက ၎င်း လိုချင်သည့်အရာ ရခဲ့သလော။ မရပါ။ ယနေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် ကမ္ဘာ့အနှံ့ နိုင်ငံများစွာကို ရောက်ရှိနှင့်ပြီဖြစ်သည်၊ ယင်းက အောက်ပါအရာကို သက်သေပြပေသည် - အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ လူတစ်ဦးဦးအားဖြင့် တည်ထောင်ထားခဲ့ခြင်းဖြစ်သည်ဟူသည့် ပြောဆိုချက် အားလုံးမှာ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များ၊ မိုက်မဲပြီး မသိနားမလည်သူတို့ကိုသာ လှည့်ဖြားနိုင်စွမ်း ရှိသည့် အကြံအစည်များ ဖြစ်သည်။

ကျေးဇူးတော်ကာလတွင် သခင်ယေရှုသည် ကိုယ်တော်ရှင်၏ နောက်သို့ လိုက်သူများကို ကတိပေးခဲ့သည်မှာ- “ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၃)လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဟုလည်း ဗျာဒိတ်တော်ပေး၏။ နောက်ဆုံးသောကာလတွင် ကိုယ်တော်ရှင်ကိုယ်တိုင် ကတိပေး၍ ကြိုတင် ပြောထားသည့်အတိုင်း ဘုရားသခင်သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်ကို အခြေခံလျက် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သိမ်းပိုက်အုပ်စိုးခြင်း နှင့် နှုတ်ကပတ်တော်ကို သုံး၍ ကယ်တင်ခြင်းအမှုတို့ကို ဆောင်ရွက်ရန် တဖန်ပြန်၍ လူ့ဇာတိခံကာ ကမ္ဘာ့အရှေ့အရပ်- တရုတ်ပြည်- သို့ ဆင်းသက်လာခဲ့၏။ ဤတွင် သမ္မာကျမ်းစာ၏ ဗျာဒိတ်တော်များဖြစ်သည့် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရ” နှင့် “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။” တို့သည်လည်း ပြည့်စုံသွား၏။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် ကျေးဇူးတော်ကာလကို အဆုံးသတ်ကာ နိုင်ငံတော်ကာလကို စတင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားသည် တရုတ်ပြည်မတွင် လျင်မြန်စွာ ပျံ့နှံ့သည်နှင့်အမျှ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ပေါ်ပေါက်လာခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် အချက်အလက်များနှင့် သက်သေပြထားသည့် အတိုင်း နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်အားဖြင့် လုံးဝ ပေါ်ပေါက်လာကာ မည်သည့်လူသားတစ်ဦး၏ တည်ထောင်မှုဖြင့်မျှ ပေါ်ပေါက် လာခြင်း မဟုတ်ပါ။ ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ ရွေးချယ်ခံရသူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမဖြင့် ဆုတောင်းပတ္ထနာပြုခြင်း၊ ကိုယ်တော်ရှင်၏ အမှုတော်ကို နာခံခြင်း၊ ကိုယ်တော်ရှင် ထုတ်ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤရွေးချယ်ခံရသူများသည် နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူသူ ခရစ်တော်၊ လူ့ဇာတိပကတိတွင် ဖြစ်မြောက်သည့် ဝိညာဉ်တော်ဖြစ်သည့် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်မှာ ထင်ရှား ပါသည်။ ပြင်ပသဏ္ဌာန်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သာမန်လူသားတစ်ဦးသာ ဖြစ်သော်လည်း အနှစ်သာရအားဖြင့် ကိုယ်တော်ရှင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်၏။ ကိုယ်တော်ရှင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့သည် ဘုရားဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်ကာ၊ ဘုရားသခင် ကိုယ်တော်တိုင်၏ ပေါ်ထွန်းလာခြင်း ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်ရှင်သည် လူ့ဇာတိခံယူထားသည့် လက်တွေ့ ကျသော ဘုရားသခင်ဖြစ်၏။

၁၉၉၁ ခုနှစ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် ကိုယ်တော်ရှင်၏ အမှုတော်ကို တရုတ်ပြည်တွင် တရားဝင် စတင်ဆောင်ရွက်၏။ ထို့နောက် ကိုယ်တော်ရှင်သည် သန်းပေါင်းများစွာသော နှုတ်ကပတ်တော်တို့ကို ထုတ်ဖော်ပြောဆို၍ နောက်ဆုံးသော ကာလတွင် ဖြုသောပလ္လင်ကြီး၏ စီရင်ခြင်းအမှုကို စတင်၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏အမှုကို လုပ်ဆောင်ပြီး၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိဖြစ်လာနိုင်သည့်အတွက် ထိုသို့သော နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်။ ထို့ကြောင့်၊ အတိတ်ကာလက ပြောဆိုခဲ့သည့်အတိုင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များသည် ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်၏။...အမှုကို ဆောင်ရွက်ဖို့ ဘုရားသခင် မိန့်မြွက်ချက်များ ပြောဆိုရန်မှာ၊ သူသည် လူ့ဇာတိ ခံယူရမည် ဖြစ်သည်။ သို့မဟုတ်ပါက၊ သူ၏အမှုသည် ယင်း၏ရည်မှန်းချက်ကို ပြီးမြောက်နိုင်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း) နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ နောက်ဆုံးသော ကာလ၏ ခရစ်တော်၏ ပေါ်ထွက်လာမှုနှင့် မြွက်ဆိုမှုများကြောင့် အစဉ်အဆက်ထက်ပိုသော သမ္မာတရားကို ဆာငတ် မွတ်၍ ရှာဖွေသူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်အုပ်စိုးခြင်းနှင့် သန့်စင်ခြင်းကို ခံခဲ့ကြကာ ဘုရားသခင်၏ စီရင်ချက်နှင့် ဆုံးမချက်များတွင် ဘုရားသခင် ပေါ်ထွက်လာမှုနှင့် ရွေးနှုတ်သည့်အရှင် တဖန်ကြွလာတော်မူခြင်းကို တွေ့ခဲ့ကြ၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်၊ ပြန်၍ကြွလာသော သခင်ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွက်လာခြင်းနှင့် အမှုတော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ပေါ်ပေါက်လာကာ ကိုယ်တော်ရှင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအောက်၌ ပေါ်ပေါက်လာခြင်းလည်း ဖြစ်၏။ အသင်းတော်ကို နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို စစ်မှန်စွာ လက်ခံသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်း ခံရသူများဖြင့် ဖွဲ့စည်းထား၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင် လုံးဝ တည်ထောင်ထားခြင်းဖြစ်ကာ ကိုယ်တော်ရှင်ကိုယ်တိုင် ဦးဆောင်၍ လမ်းပြခဲ့ခြင်းဖြစ်သည်။ မည်သည့်လူသား တစ်ဦးမျှ တည်ထောင် ခဲ့ခြင်း မဟုတ်ပေ။ ဤအချက်ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ ရွေးချယ်ခံရသူ ခပ်သိမ်းမှ အသိအမှတ်ပြုပြီး ဖြစ်၏။ လူ့ဇာတိခံယူသော ဘုရားသခင်မှ အသုံးပြုသူ မည်သူမဆိုသည် ဘုရားသခင်၏ ရှေးမဆွမှ ခွဲခန့်မှတ်သားခြင်း ခံထားရသူဖြစ်ကာ ယေရှုကိုယ်တိုင် တမန်တော် ဆယ့်နှစ်ပါးကို ရွေးချယ် ခန့်အပ်သည့်အတိုင်း ဘုရားသခင်ကိုယ်တိုင် ခန့်အပ်၍ သက်သေခံထားသူ ဖြစ်၏။ ဘုရားသခင် အသုံးပြုသော သူများသည် ကိုယ်တော်ရှင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသာ ပြုလုပ်၍ ကိုယ်တော်ရှင်၏ ကိုယ်စား ဘုရားသခင်၏ အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ ဘုရားသခင်အားဖြင့် အသုံးပြုခြင်းခံရသူများက အသင်းတော်ကို တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။ ဘုရားသခင်မှ ရွေးကောက်ထားသူများသည်လည်း ၎င်းတို့ကို ယုံကြည်ခြင်း သို့မဟုတ် လိုက်နာခြင်း မရှိပါ။ ကျေးဇူးတော်ကာလ၏ အသင်းတော်များကို ရှင်ပေါလုနှင့် အခြားသော တမန်တော်များမှ တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။ သို့သော် ၎င်းတို့သည် သခင်ယေရှု၏ အမှုတော်မှ ဖြစ်ပေါ်လာပြီး သခင်ယေရှုကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်၏။ အလားတူပင် နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ကိုလည်း ဘုရားသခင် အသုံးပြုသည့် လူသားမှတည်ထောင်ခြင်း မဟုတ်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဘုရားသခင် အသုံးပြုသော လူသားသည် အသင်းတော်များကို ရေလောင်းခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် ဦးဆောင်ခြင်းများ ပြုလျက် လူသား၏တာဝန်ကို ထမ်းဆောင်၏။ ဘုရားသခင် ရွေးကောက်သော သူများကို ဘုရားသခင် အသုံးပြုသောလူသားမှ ဦးဆောင်ခြင်း၊ ရေလောင်းခြင်း၊ ထောက်ပံ့ခြင်းများ ပြုသော်လည်း ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်မှလွဲ၍ မည်သူ့ကိုမျှ ယုံကြည်၍ လိုက်နာခြင်းမရှိဘဲ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကို လက်ခံ၍နာခံ၏။ ဤသည်မှာ မည်သူမျှ ငြင်းဆိုနိုင်ခြင်းမရှိသည့် အချက်ဖြစ်၏။ လူ့ဇာတိခံယူထားသော ဘုရားသခင် ပေါ်ထွက်လာခြင်းနှင့် အမှုတော်တို့ကြောင့် ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးရှိ စစ်မှန်သော ယုံကြည်သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏အသံကို ကြား၍ သခင်ယေရှု ကြွလာခဲ့ပြီး နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း တွေ့ရှိကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန် ပြန်ကြွလာသော သခင်ယေရှုဖြစ်ကြောင်း ၎င်းတို့အားလုံး အတည်ပြုခဲ့ကြ၏။ ထို့ကြောင့် ထိုသူတို့သည် နောက်ဆုံးသောကာလ ကိုယ်တော်ရှင်၏ အမှုတော်ကို လက်ခံခဲ့ကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိမ်းပိုက်သူ ခပ်သိမ်းသည် ကိုယ်တော်၏ နာမတော်ကို ခံယူကြ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ရွေးကောက်ခံရသူ အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆုတောင်းကြလျက် လိုက်နာ၊ နာခံကာ ကိုယ်တော်ရှင်ကို ဝတ်ပြုကြ၏။ ဘုရားသခင်၏ စီရင်ခြင်း၊ ဆုံးမခြင်းအမှုတော်တို့နှင့် ကြုံတွေ့ပြီးနောက် တရုတ်ပြည်ရှိ ရွေးချယ်ခံရသူများသည် ကိုယ်တော်ရှင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်လာကြပြီး ကိုယ်တော်ရှင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကို တွေ့ခဲ့ပြီဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ထိုသူတို့ လုံးဝသိမ်းပိုက်ခြင်းခံရပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ရှေ့မှောက် လဲကျကာ ဘုရားသခင့်နှုတ်ကပတ်တော်၏ စီရင်ချက်နှင့် ဆုံးမတော်မူချက်တို့ကို နာခံ၍လက်ခံလိုကြ၏။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခဲ့ပြီဖြစ်သည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

အရှေ့သို့- ၃။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတို့ကို ရိုးသားဖို့ရန်နှင့် လူ့ဘဝ၏ မှန်သော လမ်းကြောင်းကို လျှောက်လှမ်းဖို့ တောင်းဆိုလျက်၊ ဧဝံဂေလိတရားကို ဖြန့်ဝေကာ ဘုရားသခင်ကို သက်သေခံကြသည်ထက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြသည်ကို ကျွန်ုပ် မြင်ရသည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီက ဧဝံဂေလိတရားကို ဖြန့်ဝေရာတွင် အသင်းတော်၏ အဆုံးစွန် ရည်မှန်းချက်မှာ တရုတ်ကွန်မြူနစ်ပါတီ အုပ်စိုးမှုကို ဖြုတ်ချဖို့ဖြစ်သည်ဟု ဆိုရင်း သတင်းအချက်လက် ဖြန့်ဖြူးနေကြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ စကားများ မှန်သည်၊ မှားသည်ဆိုသည်ကို ကျွန်ုပ် မည်သို့ သိနိုင်သနည်း။

နောက်တစ်ခုသို့- ၅။ ရှန်ဒုံပြည်နယ်၊ ကျောက်ယွမ်မြို့က မေလ ၂၈ ရက်နေ့ မတော်တဆမှုနောက်တွင်၊ တရုတ်ကွန်မြူနစ်ပါတီသည် အိမ်အသင်းတော်များကို တိုက်ခိုက်ဖို့ ၎င်း၏အားထုတ်မှုများကို အရှိန်အဟုန်မြှင့်ခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖိနှိပ်ကာ ဖြိုခွင်းဖို့ လက်နက်ကိုင်ရဲများကို စည်းရုံးသည်အထိပင် လုပ်ဆောင်ခဲ့သည်။ လူများစွာက ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်၍ လူထုသဘောထားကို ပြောင်းလဲပစ်ဖို့ရန် အယောင်ဆောင် ပြစ်မှုတစ်ခုကို လုပ်ကြံဖန်တီးခြင်းအားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို တိုက်ခိုက်ဖို့နှင့် ဖိနှိပ်ဖို့ တရုတ်ကွန်မြူနစ်ပါတီ၏ ကြိုးပမ်းမှုတစ်ခုအဖြစ် ယုံကြည်လျက်၊ ကျောက်ယွမ် မတော်တဆမှုနှင့်ပတ်သက်၍ သံသယများ ဖော်ပြကြပြီးဖြစ်သည်။ ထိုသို့ ဖြစ်သော်လည်း၊ အမှုကို လူသိရှင်ကြား တရုတ်ကွန်ုမြူနစ် တရားရုံးတစ်ခုတွင် စစ်ဆေးခဲ့ကြပြီး၊ အဓိက တရုတ် မီဒီယာ ဌာနများက ထုတ်ပြန်ကြောငြာခဲ့ကြပြီး လူအချို့က တရုတ်ကွန်မြူနစ်ပါတီ ပြောဆိုခဲ့သည့်အရာကို ယုံကြည်ကြလေသည်။ ကျောက်ယွမ် မတော်တဆမှုနှင့် ပတ်သက်၍ သင် မည်သည့်အရာ တွေးထင်သည်ကို ကျွန်ုပ်တို့ ကြားလိုပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။