၅။ ရှန်ဒုံပြည်နယ်၊ ကျောက်ယွမ်မြို့က မေလ ၂၈ ရက်နေ့ မတော်တဆမှုနောက်တွင်၊ တရုတ်ကွန်မြူနစ်ပါတီသည် အိမ်အသင်းတော်များကို တိုက်ခိုက်ဖို့ ၎င်း၏အားထုတ်မှုများကို အရှိန်အဟုန်မြှင့်ခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖိနှိပ်ကာ ဖြိုခွင်းဖို့ လက်နက်ကိုင်ရဲများကို စည်းရုံးသည်အထိပင် လုပ်ဆောင်ခဲ့သည်။ လူများစွာက ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်၍ လူထုသဘောထားကို ပြောင်းလဲပစ်ဖို့ရန် အယောင်ဆောင် ပြစ်မှုတစ်ခုကို လုပ်ကြံဖန်တီးခြင်းအားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို တိုက်ခိုက်ဖို့နှင့် ဖိနှိပ်ဖို့ တရုတ်ကွန်မြူနစ်ပါတီ၏ ကြိုးပမ်းမှုတစ်ခုအဖြစ် ယုံကြည်လျက်၊ ကျောက်ယွမ် မတော်တဆမှုနှင့်ပတ်သက်၍ သံသယများ ဖော်ပြကြပြီးဖြစ်သည်။ ထိုသို့ ဖြစ်သော်လည်း၊ အမှုကို လူသိရှင်ကြား တရုတ်ကွန်ုမြူနစ် တရားရုံးတစ်ခုတွင် စစ်ဆေးခဲ့ကြပြီး၊ အဓိက တရုတ် မီဒီယာ ဌာနများက ထုတ်ပြန်ကြောငြာခဲ့ကြပြီး လူအချို့က တရုတ်ကွန်မြူနစ်ပါတီ ပြောဆိုခဲ့သည့်အရာကို ယုံကြည်ကြလေသည်။ ကျောက်ယွမ် မတော်တဆမှုနှင့် ပတ်သက်၍ သင် မည်သည့်အရာ တွေးထင်သည်ကို ကျွန်ုပ်တို့ ကြားလိုပါသည်။

အဖြေ-

တရုတ်ကွန်မြူနစ်ပါတီက တစ်ဦးတည်း လုပ်ကြံဖန်တီးခဲ့သည့် ရှန်ဒုန်းပြည်နယ် ကျောက်ယွမ်အမှုသည် ထိုအချိန်က တရုတ်နိုင်ငံနှင့် ပြည်ပနှစ်ခုလုံးတွင် ကြီးမားသည့် သက်ရောက်မှုရှိခဲ့ပြီး မသိနားမလည်သည့် လူများစွာက ထိုအရာအားဖြင့် လှည့်ဖြားခြင်းကို ခံခဲ့ရသည်။ သို့သော် ကမ္ဘာလောကသည် အစဉ် ထိုအရာ၏ လှည့်စားခြင်းကို ခံရလိမ့်မည်လား။ ယနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဥပဒေ တရားရုံးများ၏ တရားစီရင်ခြင်းများနှင့် ၎င်း၏ မီဒီယာများ သတင်းပေးပို့ချက်များကို လူမည်မျှက ယုံကြည်ဆဲဖြစ်သနည်း။ လှည့်ဖြားမှုနှင့် ဖုံးကွယ်မှုတို့သည် လုံးဝ ကြာရှည်မခံနိုင်ပါ။ အလိမ်အညာများက အမြဲ အလိမ်အညာများသာ ဖြစ်လိမ့်မည်ဖြစ်ပြီး အမှန်တရား လုံးဝ ဖြစ်မလာနိုင်ပါ။ တရုတ်ကွန်မြူနစ်ပါတီကို နားလည်သည့်သူတိုင်းက တရုတ်နိုင်ငံသည် ကွန်မြူနစ် အာဏာရှင် စနစ်တစ်ခုအားဖြင့် အုပ်စိုးခံရပြီး တရားရေး လွတ်လပ်မှု သို့မဟုတ် စာနယ်ဇင်း လွတ်လပ်မှု မရှိသည်ကို သိနားလည်ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ တရားသူကြီးများသည် လွတ်လပ်မှု မရှိပါ။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရပြောသည့်အတိုင်း ၎င်းတို့ လုပ်ရပြီး၊ အမှုအားလုံးကို အစိုးရ၏ အလိုအတိုင်း ကိုင်တွယ်ရသည်။ တရုတ် မီဒီယာကိုလည်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ထိန်းချုပ်ထားပြီး၊ ယင်းသည် တရုတ်ကွန်မြူနစ်ပါတီ အာဏာရှင်စနစ်၏ စကားပြောခွက်နှင့် တန်ဆာပလာတစ်ခုသာ ဖြစ်သည်။ ဤသည်မှာ အများ လက်ခံထားကြသည့် အချက်များဖြစ်သည်။ သို့ဆိုလျှင်၊ တရုတ်ကွန်မြူနစ်ပါတီ ဥပဒေ တရားရုံးများရှိ အမှုများမှာ အချက်အလက်များကို လိုရာဆွဲပြောပြီး အမှန်တရားကို မှောက်လှန်သည့် အဓိပ္ပာယ်မရှိသော ဟာသများသက်သက် ဖြစ်သည်မှာ သေချာပေသည်။ သမာသမတ်ကျခြင်း သို့မဟုတ် တရားမျှတမှု လုံးဝ မရှိပါ။ ရှန်ဒုန်ပြည်နယ် ကျောက်ယွမ် ဖြစ်ရပ်၏ လူသိရှင်ကြား စစ်ဆေးခြင်း အတောအတွင်းတွင်၊ သံသယရှိသူများက၊ “ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ ဘယ်တုန်းကမှ အဆက်အသွယ် မရှိဖူးပါဘူး” ဆိုသည်နှင့် “ပြည်နယ်က တိုက်ခိုက်နေတာဟာ ကျောက်ဝေရှန်ရဲ့ ‘အနန္တတန်ခိုးရှင် ဘုရားသခင်’ ပါ၊ ကျွန်တော်တို့ရဲ့ ‘အနန္တတန်ခိုးရှင် ဘုရားသခင်’ မဟုတ်ပါဘူး” ဟု ရှင်းလင်းစွာ ဖော်ပြပြောဆိုခဲ့သည်။ ၎င်းတို့၏ ဝန်ခံချက်များက ၎င်းတို့အနေဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားများ မဟုတ်သကဲ့သို့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကလည်း ၎င်းတို့အား အသိအမှတ်မပြုထားကြောင်း အလွန် ထင်ရှားစေသည်။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် မည်သို့မျှ မပတ်သက်ပါ။ သို့ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီ တရားသူကြီးက ဤအရာကို မကြားချင်ယောင်ဆောင်ပြီး အချက်အလက်များအတိုင်း အမှုကို အဘယ်ကြောင့် မစစ်ဆေးမဆုံးဖြတ်ခဲ့ပါသနည်း။ သက်သေ အထောက်အထား တစ်ခုတစ်လေမျှ မရှိဘဲ၊ တရားသူကြီးက အဘယ်ကြောင့် သံသယရှိသူများ၏ ဝန်ခံချက်များကို ဗြောင်ဗြောင်တင်းတင်း ဆန့်ကျင်ပြီး အချက်အလက်များကို တမင်တကာ လိုရာဆွဲပြောကာ အမှန်တရားကို မှောက်လှန်ပြီး ဤသံသယရှိသူများအား အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားများအဖြစ် မရမက သမုတ်ခဲ့ပါသနည်း။ ယင်းမှာ တရုတ်ကွန်မြူနစ်ပါတီသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အမှုဆင်ကာ မမှန်မကန် စွပ်စွဲဖို့၊ အသင်းတော်ကို ဖိနှိပ်ကာ နှိပ်စက်ပြီး လူထုသဘောထားသည် အသင်းတော်အား ရန်လိုလာစေဖို့ အလိမ်အညာများ လုပ်ကြံဖန်တီးနေခဲ့သည်မှာ သိသာသည် မဟုတ်ပါလား။ ဤသည်မှာ အချက်အလက်များနှင့် ဆန့်ကျင်ခဲ့သည်မဟုတ်ပါလား၊ ဥပဒေကို စော်ကားခဲ့ခြင်း မဟုတ်ပါလား။ ဤသည်တို့မှာ အရှက်မဲ့သော အလိမ်အညာများ ဖြစ်ခဲ့သည် မဟုတ်ပါလား။ ထိုသို့သော တရားစီရင်ချက် တစ်ခုသည် လူများအား သံသယမဖြစ်စေဘဲ အဘယ်သို့ နေနိုင်မည်နည်း။ တရုတ်ကွန်မြူနစ်ပါတီသည် အလိမ်အညာများနှင့် လှည့်ဖြားခြင်းတို့ကို နှစ်နှင့်ချီ ဖြန့်ဝေနေပြီး ဖြစ်သည်။ ၎င်းသည် ယခင်ကထက် တိုး၍ နာမည်ဆိုးနှင့် ကျော်ကြားပြီး အကျင့်ပျက်သည်၊ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သည်။ ၎င်း၏ နာမည်ဂုဏ်သတင်းက အစုတ်စုတ်အပြတ်ပြတ် ဖြစ်နေသည်။ ပြည်တွင်းနှင့် ပြည်ပ နှစ်ခုလုံးတွင်၊ ၎င်း၏ မနှစ်မြို့ဖွယ် အရည်အသွေးက မခံမရပ်နိုင်အောင် ဖြစ်သည်။ ကမ္ဘာ့အနှံ့ ယခင်ထက် သာ၍များသော လူတို့သည် တရုတ်ကွန်မြူနစ်ပါတီကို ယင်း၏ အရှိအတိုင်း မြင်နေကြပြီ ဖြစ်သည်။ မည်သူမျှ တရုတ်ကွန်မြူနစ်ပါတီကို နောက်ထပ် မယုံကြည်တော့ပါ၊ အဘယ့်ကြောင့်ဆိုသော် တရုတ်ကွန်မြူနစ်ပါတီသည် စက်ဆုပ်ဖွယ်ဖြစ်ပြီး ဘုရားမဲ့ နိုင်ငံရေးပါတီတစ်ခု၊ ၎င်း၏ ဆိုးယုတ်မှုနှင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတွင် ကမ္ဘာ့အနှံ့ အနှိုင်းမရှိသည့် နတ်ဆိုးစာတန်နှင့် သက်ဆိုင်သော အဖွဲ့တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီနှင့်သက်ဆိုင်သည့် သိနားလည်မှု ရှိသည့်သူ မည်သူမဆို ၎င်း၏ လုပ်နည်းလုပ်ဟန်နှင့် ရင်းနှီးနိုင်ဖွယ်ရှိသည်။ ဘာသာရေး ယုံကြည်မှု၊ ဒီမိုကရေစီဝါဒ အခြေခံသော အခွင့်အရေး လှုပ်ရှားမှုများ၊ တိုင်းရင်းသား လူနည်းစု ဆန္ဒပြမှုများ၊ အစရှိသည်တို့ကို ပြင်းပြင်းထန်ထန် ဖိနှိပ်သည့် အကြိမ်တိုင်းတွင်၊ ၎င်းက လူထုသဘောထားကို သွေဖည်စေဖို့ နှင့် လူထုကို လှုံ့ဆော်ဖို့ မမှန်ကန်သည့် ဖြစ်ရပ်များကို ဦးစွာ လုပ်ကြံဖန်တီးသည်၊ ထို့နောက်တွင် သွေးထွက်သံယို ဖိနှိပ်မှုကို ဆောင်ရွက်လေသည်။ ဥပမာအနေဖြင့်၊ ၁၉၈၉ ခုနှစ်က ထျန်းနန်းမန်း ရင်ပြင် ဆန္ဒပြမှုများကို ကြည့်ပါ - မူလအားဖြင့် ဤသည်မှာ အကျင့်ပျက်ခြစားမှုကို တိုက်ခိုက်ဖို့နှင့် ဒီမိုကရေစီနှင့် လွတ်လပ်မှုတို့ကို အားပေးဖို့ ကျောင်းသားလှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့သော်လည်း၊ တရုတ်ကွန်မြူနစ်ပါတီက အမည်မသိသူများအား ကျောင်းသားများအဖြစ် အယောင်ဆောင်ပြီး ဆန္ဒပြသူများနှင့် ရောနှောဖို့ ညွှန်ကြားခဲ့ပြီး၊ ထိုနေရာတွင် ၎င်းတို့က လက်သရမ်း ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းနှင့် စစ်တပ်ယာဉ်များကို မှောက်စေခြင်း လုပ်ရပ်များမှတစ်ဆင့် ပရမ်းပတာအခြေအနေများကို ဖန်တီးခဲ့သည်။ ကျောင်းသားများသည် တိုက်ရိုက် ဝေဖန် အပြစ်တင်ခံခဲ့ရပြီး ကျောင်းသား လှုပ်ရှားမှုကို တန်ပြန်တော်လှန်ရေး အဓိကရုဏ်းတစ်ခုအဖြစ် တံဆိပ်တပ်ခံခဲ့ရသည်၊ ထိုသို့ဖြင့် ကျောင်းသားများကို ဖိနှိပ်ခြင်းနှင့် အနည်းဆုံး ကျောင်းသား ထောင်နှင့်ချီ ပစ်ခတ်ခံခဲ့ရသကဲ့သို့၊ တင့်ကားများဖြင့်လည်း နင်းချေခံခဲ့ရသည့် သွေးထွက်သံယို ဖြိုခွင်းခြင်းအတွက် မူမမှန်သော အကြောင်းပြချက်တစ်ခု ပေးခဲ့သည်။ ထိုသို့ဖြင့် တရုတ်ကွန်မြူနစ်ပါတီသည် ကမ္ဘာလောကကို တုန်လှုပ်စေခဲ့ပြီး တရုတ်လူမျိုးများကို ခါးခါးသီးသီး စိတ်ပျက်စေခဲ့သည့် ကျောချမ်းဖွယ်ရာ တိုက်ပွဲတစ်ခု - ထျန်းနန်းမန်း ရင်ပြင် လူအစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ တိဘက်လူမျိုး ဆန္ဒပြပွဲများနှင့် ဆိုင်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုတွင် အလားတူ ဖြစ်ပျက်ခဲ့သည်။ ပထမဦးစွာ မီးလောင်စေခြင်း၊ သတ်ဖြတ်ခြင်း၊ ဓားပြတိုက်ခြင်းနှင့် လုယက်ခြင်းတို့အပါအဝင်၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ဖို့ အမိန့်များနှင့်အတူ၊ ၎င်းက လူတို့အား ဆန္ဒပြသူများနှင့် ရောနှောဖို့ ညွှန်ကြားခဲ့ပြီးနောက်၊ တိဘက်လူမျိုး ပုန်ကန်မှုကို ဖိနှိပ်ခြင်း ကိစ္စများနှင့်ပတ်သက်၍ ဆန္ဒပြသူများအပေါ် သေနတ်ဖြင့်ပစ်ခတ်ရန် စစ်တပ်ကိုလှုပ်ရှားစေခဲ့သည်။ ပြော၍ပင် မကုန်နိုင်ပေ။ ဤအချက်အလက်များမှာ အစိုးရနှင့် သဘောထားကွဲလွဲ ဆန့်ကျင်သူများအား ချေမှုန်းသုတ်သင်ခြင်းအတွက် တရုတ်ကွန်မြူနစ်ပါတီ၏ ခိုင်မာနေသော နည်းစနစ်များနှင့်ဆိုင်သည့် သက်သေ ဖြစ်သည်။ ပထမဦးစွာ ၎င်းက အလိမ်အညာများကို ဖန်တီးသည်၊ အချက်အလက်များကို လိုရာဆွဲပြောပြီး မမှန်ကန်သည့် စွပ်စွဲမှုများ ဖန်တီးပြီးနောက် သွေးထွက်သံယိုများသော ဖြိုခွင်းခြင်းကို ဆောင်ရွက်လေသည်။ အမှန်တွင်၊ ကျောက်ယွမ်အမှုသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လူမဆန်စွာ ဖိနှိပ်ကာ နှိပ်စက်ဖို့အလို့ငှာ တရုတ်ကွန်မြူနစ်ပါတီက လူထုသဘောထားကို သွေဖည်စေရာတွင် အသုံးပြုသည့် အခြေခံကို ဖြစ်ပေါ်စေပြီး ဖြစ်သည်။ ယင်းသည် ဘာသာရေး ယုံကြည်မှုအပေါ် တရုတ်ကွန်မြူနစ်ပါတီ၏ ညှဉ်းပန်းနှိပ်စက်မှုတွင် နောက်ထပ် အလွန်ယုတ်မာသော ပြစ်မှုတစ်ခု ဖြစ်နိုင်သေးသည်။ သို့သော် ဤနှစ်ကာလများတစ်လျှာက်လုံးတွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖိနှိပ်ကာ ညှဉ်းပန်းနှိပ်စက်ပြီးသည့်နောက်၊ တရုတ်ကွန်မြူနစ်ပါတီသည် ယင်းကို အမှန်တကယ် ချေမှုန်းနိုင်ပါသလား။ လွန်ခဲ့သည့် နှစ်များစွာက၊ ယုဒလူမျိုးများသည် သခင်ယေရှုကို ကားတိုင်တွင် သံမှိုရိုက်ခြင်းအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ကျိန်ခြင်းခံခဲ့ရပြီး မကြုံစဖူး ၎င်းတို့ တိုင်းနိုင်ငံပျက်စီးခြင်းကို ခံစားခဲ့ရသည်။ ဘုရားသခင်ကို ၎င်း၏ ကသုတ်ကရက်နိုင်သော ဆန့်ကျင်ခြင်းနှင့် ခရစ်ယာန်များကို လူမဆန်သည့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကြောင့်၊ ရောမအင်ပါယာသည်လည်း ဘုရားသခင် စေလွှတ်သည့် ကပ်ရောဂါဖြင့် ဖျက်ဆီးခံခဲ့ရသည်။ ဤအရာအားလုံးမှာ အမှန်တရားများ ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဆန့်ကျင်ခြင်းနှင့် ရှုတ်ချခြင်းအတွက် ဘုရားသခင်၏ ကျိန်ခြင်းနှင့် အပြစ်ပေးခြင်းတို့ကို မလွတ်မြောက်နိုင်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်း ဖြစ်သည် - “ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)

အရှေ့သို့- ၄။ သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမထံ ဆုတောင်းသော်လည်း၊ တရုတ်ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လူတစ်ဦးက ဖန်တီးထားခဲ့ခြင်းဖြစ်ပြီး ထိုသူ ပြောသည့်အရာ မည်သည့်အရာကိုမဆို သင်တို့ လုပ်ဆောင်ကြသည်ဟု ဆိုလျက် သတင်း ဖြန့်ဖြူးနေသည်။ သင်က ဤလူသည် ယဇ်ပရောဟိတ်တစ်ပါး၊ ဘုရားသခင် အသုံးပြုသည့် လူတစ်ဦးဖြစ်ပြီး၊ သူသည် အုပ်ချုပ်မှုဆိုင်ရာ အရေးကိစ္စအားလုံးအတွက် တာဝန်ရှိသည်ဟု သက်သေခံသည်။ ယင်းကို ကျွန်ုပ် သဘောမပေါက်နိုင်ပါ- မည်သူကသာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို တည်ထောင်ခဲ့ပါသနည်း။ ယင်း၏ ဇာစ်မြစ်များမှာ အဘယ်နည်း။ ဤအရာကို သင် ရှင်းပြနိုင်ပါသလား။

နောက်တစ်ခုသို့- ၆။ သင်က နောက်ဆုံးသော ကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်း ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်နှင့်ဆိုင်သည့် တရားစီရင်ခြင်း၊ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းတို့အတွက် သမ္မာတရားအားလုံးကို ဖော်ပြနေသည်ဟု သက်သေခံသည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီက သင်တို့ ယုံကြည်သည့် “အနန္တတန်ခိုးရှင် ဘုရားသခင်”သည် သာမန်လူတစ်ဦးသာ ဖြစ်သည်ဟု အခိုင်အမာ ဆိုသည်။ တရုတ်ကွန်မြူနစ်ပါတီက ဤလူ၏မိသားစု နောက်ခံနှင့် ပတ်သက်၍ အရာရာတိုင်းကို သိရှိပြီး ဤလူ၏ ဓါတ်ပုံ၊ အမည်နှင့် မိသားစု လိပ်စာတို့ကိုပင် အွန်လိုင်းတွင် တင်ထားပြီးဖြစ်သည်။ ကျွန်ုပ် ဤအရာကို ရှင်းရှင်းနားမလည်နိုင်ပါ- တရုတ်ကွန်ုမြူနစ်ပါတီ ပြောသည့်အရာငည် မှန်ပါသလား သို့မဟုတ် မှားပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။